𝕚𝕕𝕠𝕝 𝕃𝕒𝕪

𝕚𝕕𝕠𝕝 𝕃𝕒𝕪

😍Follow me❤️Thank you😍
❤️❤️....❤️❤️

26/03/2024

💞💞💞

Photos from 𝕚𝕕𝕠𝕝 𝕃𝕒𝕪's post 15/03/2024
Photos from 𝕚𝕕𝕠𝕝 𝕃𝕒𝕪's post 13/03/2024

ထိုင်ရောက်နေတဲ့နော်

13/03/2024
13/03/2024

Hello

Photos from ประธานฮ่าง's post 24/07/2023
13/07/2023

အဆုံးထိကြည့်ပ့

13/07/2023

တစ်ပွဲစားကြီး မောင်စံမှဲ့နှင့် သင်္ချိုင်းစောင့် မဖဲဝါတို့ ဖြစ်ပေါ်လာပုံ ဇာတ်ကြောင်း
--------------------------------------------------------------------
ခေတ်ကာလကား ကုန်းဘောင်မင်းဆက် ၏ ခုနစ်ဆက်မြောက် ဘကြီးတော်မင်း (စစ်ကိုင်းမင်းသား) လက်ထက် တွင်ဖြစ်သည်။မဖဲဝါ သည်ပြည်မြို့ ဇာတိဖြစ်ပြီးမွေးချင်း မှာမောင်နှမနှစ်ယောက်တည်း သာရှိသည်။အစ်ကိုဖြစ်သူ မောင်ကြံဆစ် သည်ပြည်မြို့စား ထံတွင် စာရေးတော်ကြီး အဖြစ်အမှုတော် ထမ်းလျှက်ရှိပြီး ဘွဲ့အမည်မှာ မင်းရဲဒိဗ္ဗဖြစ်သည်။မိဘနှစ်ပါးလုံး မရှေးမနှောင်း ကွယ်လွန်သွားပြီးနောက် အစ် ကိုဖြစ်သူမောင်ကြံဆစ်နှင့် အတူနေထိုင်လျှက် ရှိပြီး အစ်ကိုဖြစ်သူအား မိဘ သဖွယ်အားကိုးနေထိုင်ရရှာလေသည်။အစ်ကိုဖြစ်သူမှာနှမအား ချစ်လွန်းသော်လည်းသောက်စား မူးယစ်တတ်ပြီး မကြာခဏ ဆိုသလိုခိုက်ရန်ဖြစ် ပွား တတ်လေ့ ရှိသည်။ မောင်ကြံဆစ် သည်သေ သောက်ခြင်းမှ အစပြုပြီး ခိုးသားဓါးမြများနှင့် လက်ပွန်းတစ်တီးနေထိုင် လာရာမှနောက်ဆုံးတွင်ပြည်မြို့စားအား ပုန်ကန်တော်လှန်ပြီး မင်းပြစ်မင်းဒဏ် သင့်လေတော့သည်။မောင်ကြံဆစ်မှ မဖဲဝါအား”နှမရေ။ အမောင်တို့ ထွက်ပြေးမှဖြစ်တော့မယ်။ ပြည်မှာ ဆက်နေရင် အသတ် ခံရ လိမ့်မယ်”ဟုပြောပြီး ထို ညချင်းပင်လှေငယ်လေး တစ်စီးဖြင့် ဧရာဝတီမြစ်ကြောင်း အတိုင်း စုန်ပြေး ကြလေ သည်။မြစ် ကြောင်း အတိုင်း စုန်ပြေး လာရင်းချောင်းမြောင်း၊ အင်းအိုင်ပေါများကာ သစ်ပင်များ အုံ့ဆိုင်း ထူထပ်သော လူနေ နည်းပါးသည့်ဒေသ တစ်ခုသို့ရောက်လာကြသည်။ထိုဒေသရှိ အထောင်ရှားခဲ ရွာလေး တွင်မောင်နှမနှစ်ယောက် သည် မထင်မရှား လူဆင်းရဲ အသွင်ဖြင့်မောင်ကြံ ဆစ် သည်မောင်စံမှဲ့ ဟုလည်းကောင်း၊ မဖဲဝါသည် မသဲအူ ဟုလည်းကောင်း အမည်ပြောင်းလွဲ ၍ ဇာတ်မြုပ်နေ ထိုင်ကြလေတော့ သည်။မောင်စံမှဲ့ တဖြစ်လဲမောင်ကြံဆစ် သည် မင်းမှုထမ်း အဖြစ်သာနေထိုင်ခဲ့သူ ပီပီ မည်သည့် အလုပ်မှ မလုပ် တတ် သဖြင့် တံငါအလုပ်၊ အင်း အလုပ်သာ လုပ်ကိုင် စားသောက်နေလေသည်။ထို့အတူ မသဲအူ တဖြစ်လဲ မဖဲဝါ ခမျာလည်း အကိုဖြစ်သူ လုပ်ကိုင်သော အင်းအလုပ်အား မနှစ်မြို့သော် လည်း မရှောင်လွှဲနိုင်သော ကံကြမ္မာကြောင့် မလွှဲမရှောင်သာ လုပ်ကိုင်ကြရရှာသည်။မောင်နှမနှစ်ယောက်မှာ အကုသိုလ် လုပ်ငန်းဖြင့် အကျိုးပေးသည် ဆိုရ မလောက်ပင် အချိန်ကာလ မကြာညောင်း ဘဲ အထောင်ရှားခဲ ရွာ တွင်ကြေးရတတ် စာရင်းဝင်ဖြစ်လာချေတော့သည်။မောင်စံမှဲ့ မှာ နဂိုကပင်သောက်သောက် စားစားနေထိုင်သူ တစ်ဦးဖြစ်သည့် အားလျော်စွာ အင်းသူကြီး ဘဝ သို့ရောက်သွားချိန် တွင် အရက်ကလေး တမြမြနှင့် စိတ်ကြမ်းလူကြမ်း အဖြစ်နောင်တ မဲ့စွာနေ ထိုင်နေ သည်။နှမဖြစ်သူ မသဲအူ ခမျာချောမောလွန်းသည့် ရုပ်ရည်ကြောင့် ရွာခံ သူဌေးသူကြွယ် သားများက သဘော ကျနှစ်သက်သည့် တိုင် အစ်ကိုဖြစ်သူမောင်စံမှဲ့ကြောင့် အနားကပ်ဝံ့သူ မရှိရှာချေ။သူတို့မောင်နှမနှစ်ဦး အတွက် ကံဆိုးမိုးမှောင် ကျမည့်နေ့ရောက်လာချေပြီ။ မသဲအူသည် သည်းသည်း မည်းမည်း ရွာနေသော မိုး ကောင်း ကင်ကြီး ကိုမော့ကြည့်နေရင်း”သြော်၊ ငါ့မောင်ကြီး အိမ်ပြန် မလာဘဲ အင်းစောင့် တဲလေးမှာနေနေတာ သုံးရက်တောင် ရှိပါပေါ့လား ။နေထိုင် မှကောင်းရဲ့လား မသိ။ ငါလိုက် သွားဦးမှ ပါဘဲလေ။သွားလက်စ နဲ့ ငါးထည့်ဖို့တောင်းတွေပါ ယူသွားဦးမှ”ဟု စိတ်ထဲ ကတွေးမိပြီး အစ်ကို ရှိရာ အင်းထဲ သို့လှေ ကလေးလှော်ခတ်ရင်း ထွက်သွားလေသည်။အင်းထဲ အရောက် အစ်ကိုဖြစ်သူအား မတွေ့ရဘဲသောက် စား လက်စ အရက်ဝိုင်း ကိုသာတွေ့လိုက်ရသဖြင့် မသဲအူ ပင့်သက် တစ်ချက် ရှိုက်မိလေသည်။”မောင်ကြီးလည်း မိုးရွာထဲ ဘယ်များသွား ပြန်ပါလိမ့်။ သူပြန် မလာ ခင် ငါလည်း ငါးတွေဖော်ပေးထားမှ ပါလေ”ဟုတွေးပြီး တဲအနီးမှမြုံး ကိုသွားဖော်နေလေသည်။ထိုအချိန်မောင်စံမှဲ့ မှာမြုံးဖော်လိုက်တိုင်း ငါးများ နည်းနည်းနေသဖြင့် မကောင်းဆိုးဝါး ယူစားသည်ဟု ယူ ဆပြီးဒေါသူပုန် ထနေသည်။ မိုးကလည်း ရွာ လူကလည်း မူးနေချိန် တဲ အနီးမြုံးထဲက ငါးများကို ယူနေသော မကောင်းဆိုးဝါး ကိုတွေ့လိုက်ရ သဖြင့်လက်ထဲ ပါသည့် ကိုင်းခုတ် ဓါးဖြင့် လွှဲကာလွှဲကာ ခုတ်လိုက်တော့ သည်။အမူးပြေလာတဲ့ အချိန်မှမောင်စံမှဲ့ တစ်ယောက် ခမျာနှမကို မကောင်းဆိုးဝါး အမှတ်နှင့်ခုတ်သတ်မိကြောင်း သိလေပြီး ချုံးပွဲချ ငိုပွဲဆင်လေတော့သည်။မသဲအူ ခမျာ အစ်ကိုဖြစ်သူ ငမူး၏ ဓါးချက်ကြောင့် သေပွဲဝင်ရ ရှာပြီးနောက် အစ်ကိုဖြစ်သူမှာ နဂိုကထက် ပင် စိတ်ကြမ်း လူကြမ်းနှင့် အရက်သာ ဖိသောက်နေလေသည်။လုပ်ငန်းတူ အင်းသမား များက စိတ် ပြေပျောက်ရန် အလို့ငှာ ဒဂုံမြို့ ရှိရွှေတိဂုံ တပေါင်းပွဲတော် သို့ခေါ် သွား ကြရာ မှ မောင်စံမှဲ့၏ အကုသိုလ် မည်မျှကြီးကြောင်း လူသိကုန်ကြသည်။ ဖြစ်ပုံမှာ ရွှေတိဂုံစေတီတော်ကြီး အား ကျန်သူများမှ ရိုသေစွာ ဦးချကန်တော့ကြစဉ် မောင်စံမှဲ့ ကယောင်ကြောင်ကြောင်နှင့်မတ်တပ်ရပ်နေလေသည်။ထိုတွင် အတူ ဘုရားလာသူများ ကမောင်စံမှဲ့ အားစေတီတော်မြတ်ကြီး ကို ဦးချရန်ပြောဆိုမှ မောင်စံမှဲ့ ခမျာရွှေတိ ဂုံစေတီတော်မြတ်ကြီးအား မမြင်တွေ့ရသဖြင့် ဦးမချခြင်းဖြစ်ကြောင်း သိကြလေသည်။မောင်စံမှဲ ၏ အကုသိုလ် ကား ကြီးမားလေစွ။ သိဂုတ္တရ ကုန်းတော်ပေါ်ရောက်ပြီးလေ မှ စေတီတော်မြတ် ကြီး အား မမြင်မတွေ့ရ သဖြင့်ဘေးမှ လူအပေါင်းမှာ အံ့သြတုန်လှုပ် ကြကုန်သည်။ မောင်စံမှဲ့ လည်း ရှက် သည့်စိတ် ၊ကြောက်သည့်စိတ် တို့ကြောင့်ရွာသို့ ချက်ချင်းပြန်လာလေသည်။နဂိုကပင် မိုက်တိ မိုက်ကန်း၊ တဇွတ်ထိုး သမား တဇောက်ကန်း ပီပီရွှေတိဂုံစေတီတော် အတွက် ရည်မှန်း ထား သည့်ရွှေဆိုင်းများ အား မိမိ အင်းအလယ်ရှိ တိုင်ထိပ်တွင်ရွှေချ လိုက်လေသည်။ရွာရှိ လူများကား မောင်စံမှဲ့နှင့် မသဲအူ တို့ အကြောင်းပြော မဆုံးနိုင်ဖြစ်ပြီး သနားကြ၊ သံဝေဂရကြဖြစ် ကုန်တော့ သည်။ မသဲအူ ခမျာ မှာတော့ အစိမ်းသူရဲ အဖြစ် မကျွတ်မလွတ်ဖြစ်နေရာမှ ရွာဦးကျောင်းမှ ဆရာတော်အား အိပ်မက်ပေးပြီးနေစရာမရှိ၊ ဝတ်စရာ နတ္ထိနှင့် ဒုက္ခရောက်နေကြောင်း အသနားခံလေ သည်။ဆရာတော် မှာလည်း သူတို့မောင်နှမဖြစ်စဉ်ကို သိတော်မူ ထားသည့် သူတော် ကောင်း ပီပီ မသဲအူ အား အထောင်ရှားခဲ သုဿ န် တွင်နေထိုင်ခွင့်ပေးလိုက်လေသည်။ထိုအချိန်မှ စ၍ မသဲအူသည် အထောင်ရှားခဲ သုဿ န်တွင် ငယ်စဉ် ကပင် သူ အလွန်နှစ်ခြိုက်သည့် အဝါရောင် ဝတ်စုံကို စွဲစွဲမြဲမြဲ ဝတ်ဆင်၍ သုဿ န်စောင့် အဖြစ်နေထိုင်ခွင့် ရသွားရှာလေသည်။မသဲအူအား အကြောင်း တိုက်ဆိုင်၍တွေ့ရှိ သူများမှ ဆရာတော်အား လာရောက်လျှောက် ထား ရာမှ ဆရာတော် လည်း မောင်စံမှဲ့နှင့် မသဲအူ တဖြစ်လဲမောင်ကြံဆစ်နှင့် မဖဲဝါ တို့ ဘဝ ဇာတ်ကြောင်းအားပြောပြ လိုက်လေသည်။မဖဲဝါသည် အဝါရောင်အား လွန်စွာနှစ် သက်ပြီး အဝါရောင်မှာ ပင် အပွင့်အခက် မပါသည့်ဗြောင် အဝါ၊ဝါဝါ ထိန်ထိန် သာကြိုက်နှစ်သက် သဖြင့် သူ့အားတွေ့ရသူ များမှာ အဝါရောင် ဝတ်စုံနှင့် သာတွေ့ကြ ရခြင်းဖြစ်သည်။မဖဲဝါ ဟူသော အမည်နှင့် လူသိများ လာသည်။ မကြာလိုက်ချေ။ ထို အကြောင်း အား အ ထောက်တော် များမှ တဆင့်ကြား သိရပြီးနောက် ကုန်းဘောင်မင်းဆက် ၏ ရှစ်ဆက်မြောက် သာယာဝတီ မင်းသည် မဖဲဝါအား သုဿ န်များတွင် အစောင့်အဖြစ် အမိန့်တော်ပြန်တမ်း ထုတ်လိုက်လေသည်။ထိုအချိန်မှ စ၍ သုဿန်စောင့် မဖဲဝါ ဟူ၍ဖြစ်ပေါ်လာလေသတည်း။

#မဖဲဝါဇာတ်ကြောင်း
#ညမဖတ်ရ

Videos (show all)

💞💞💞
အဆုံးထိကြည့်ပ့

Telephone