Ko Myint Ko-M.K

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Ko Myint Ko-M.K, Shopping & retail, Modasa.

Photos from Ko Myint Ko-M.K's post 30/12/2022

ကဲကဲကဲကဲ ချစ်ခင်ရတဲ့ ကျနော့် ချစ်မိတ်ဆွေအတွက်
အိမ်ငှား ဘဝ မှ အိမ်ရှင် ဘဝ တက်လှမ်းနိုင်ဖို့
အကွတ်တန်ဖိုး 3 ပုံ 1 ပုံ စရံ ချ ရုံဖြင့်
​လမ်းမေးတင် အကွတ် တွေ ပိုင်ဆိုင်နိုင်မယ့်
အခွင့်လမ်းတွေ ပေးဖို့
အကောင်း တကာ အကောင်းဆုံးတွေပေးဖို့

Ko Myint Ko-MK အိမ်ခြံမြေအကျိုးဆောင်

လာပါပီဗျာ
ခု ရောင်းချပေးမဲ့ မြေကွက်လေးတွေကတော့
နာမည်ကျော်ကြား လူကြိုက်များနေတဲ့
မန္တလေးတောင်ရဲ့ အလှ အပကို လည်း
ကြည့်ရှု ခံစားနိုင်တဲ့ မန္တလေးတောင် မြောက်ဖက်
7 မိနစ်ခန့် ကား/ဆိုင်ကယ်ဖြင့် မောင်းရုံဖြင့်
ရောက်ရှိနိုင်တဲ့ ကန်ပိုင် ရွာထိပ်မှာ ရှိတဲ့
ယခင် ဧကပေါင်း 23 ဧက ရဲ့ ရှေ့ ကတ္တရာလမ်းပေါ်

မေးတင်အကွက်များ စတင်ရောင်းချပေးနေပါပြီခင်ဗျ။

၁ပေ * ပေ ၄၀ ကို အနည်းဆုံး ၄သိန်း၅သောင်းမှစ

၁၀ပေ * ပေ၄၀ ကို ၄၅သိန်းမှစ ၅၅၊၆၀၊၇၀သိန်းအထိ
၂၀ပေ * ပေ၄၀ ကို ၉၀သိန်းမှစ ၁၀၀၊၁၁၀၊၁၂၀၊၁၄၀ထိ
၄၀ပေ * ပေ၄၀ ကို ၁၈၀သိန်းမှစ ၂၀၀၊၂၂၀၊၂၄၀၊၂၈၀အထိ

နေရာပေါ်မူတည်၍ စျေးအမျိူးမျိူး ရှိပါတယ်ခင်ဗျ။

ပိုင်ဆိုင်မူ့ အတွက်ကတော့ ဘာမှမပူပါနဲ့ ခင်ဗျ

ပုံစံ ၇ ၊ ပုံစံ ၁၀၅ ပါရှိတဲ့အပြင် မီးတိုင်များစိုက်ထူပြီး

200KVA Transformer ပါရှိပြီး လက်ရှိလူနေအိမ်များစွာ

ရှိနေပါတယ်ခင်ဗျ။မိတ်ဆွေတို့ရဲ့ စာချူပ်မှာလဲ

မြေကွက်နဲ့ ပတ်သက်၍ ပြဿနာ ပေါ်ပေါက်လာပါက

ကျွန်တော့်ဘက်က တာဝန်ယူဖြေရှင်းပေးပြီး အကယ်၍

​မြေကွက်သာဆုံးရှုံးခဲ့မယ် ဆိုရင်ဝယ်ယူထားသောတန်ဖိုး

၏ နစ်ဆကို ပြန်လည်ပေးလျော်ပါမည် ဆိုတဲ့ ကတိကို

စာချူပ်မှာ ထည့်သွင်းချူပ်ဆိုပေးသွားမှာဖြစ်ပါတယ်ခင်ဗျ။

ကိုမြင့်ကိုကို

09-790177202
09-968354111
09-797272648

Photos from Ko Myint Ko-M.K's post 24/10/2022

ဒီနှစ် သီတင်းကျွတ်
မကန်တော့လိုက်ရလို့
ကိုယ့် အဖေ ကို
ကွက်ကျန်လေး ပေးလိုက်ပါပီဗျာ

24.10.202
Mon
M-K အိမ်ခြံမြေ အကျိုးဆောင်
09790173382
09968354111

Photos from Ko Myint Ko-M.K's post 29/09/2022

29.9.2022 Thu
သစ်ချိုကုန်း/ပုသိမ်ကြီးမြို့နယ်
20*40
အရှေ့လှည့်
အရောင်း မင်္ဂလာ

မိတ်ဆွေတို့ အိမ်/ခြံ များ
အရောင်း/အဝယ် ပြုလုပ်လိုပါက

Ko Myint Ko-M.K
အိမ်ခြံမြေ အကျိုးဆောင်ကို
ဆက်သွယ် ဝယ်ယူ ရောင်းချနိုင်ပါတယ်ဗျ

📱0️⃣9️⃣9️⃣6️⃣8️⃣3️⃣5️⃣4️⃣1️⃣1️⃣1️⃣
☎0️⃣9️⃣7️⃣9️⃣0️⃣1️⃣7️⃣3️⃣3️⃣8️⃣2️⃣

Photos from Ko Myint Ko-M.K's post 27/09/2022

27.9.2022 Tue
19 လမ်း မေးတင်
C*6
20*60
စရံချ မင်္ဂလာ

ထားကောင်းရောင်းစွံ မြေကွက်များကို
အရောင်းဝယ်ပြုလုပ်လိုပါက
Ko Myint Ko-M.K
အိမ်ခြံမြေအကျိုးဆောင်မိသားစု ကို
ဆက်သွယ် ဝယ်ယူနိုင်ပါတယ်ဗျ

ယုံကြည်စွာ ဝယ်ယူအားပေးကြတဲ့
မိတ်ဆွေအားလုံး စီးပွားရေးတွေ
ဒီရေ အလား ကြီးပွားတိုးတက်နိုင်စေဗျာ

📱0️⃣9️⃣9️⃣6️⃣8️⃣3️⃣5️⃣4️⃣1️⃣1️⃣1️⃣
📲0️⃣9️⃣7️⃣9️⃣0️⃣1️⃣7️⃣3️⃣3️⃣8️⃣2️⃣

Photos from Ko Myint Ko-M.K's post 24/09/2022

24.9.2022 SAT
က ၂
40*55 ပေ
စရံချ မင်္ဂလာ

Photos from Ko Myint Ko-M.K's post 03/09/2022

ထပ်မံ ၍
Lucky
3.9.2022 Sat
Thank You
September

Photos from Ko Myint Ko-M.K's post 02/09/2022

2.9.2022 Fri
မထင်မှတ်ပဲ
Lucky လေးဖြစ်

Photos from Ko Myint Ko-M.K's post 31/08/2022

ပုသိမ်ကြီး မြို့နယ် ရေထွက်ကွင်း
မီးတိုင်များ မီးကြိုးများ
တပ်ဆင်ပီးမှုအနေထား​လေးပါဗျ

30/08/2022

စလစ်မူရင်း အရောင်းလေးပါဗျ

128*129 ကြား
54 ကျောကပ်
15*40
စလစ်မူရင်းပါ
စျေး=သိန်း 700 ညှိနှိုင်း ပါဗျ

📞09790177202
📲09968354111

11/08/2022

ကြိုတွေးပြီး စိတ်ဆင်းရဲနေမှာထက်
ဖြစ်လာမှ ရင်ဆိုင်လိုက်တာ ပိုကောင်းတယ်

လောကမှာ ဘယ်အရာကိုပဲဖြစ်ဖြစ်
ပိုင်ဆိုင်ရမယ်လို့ တစ်ထစ်ချမတွက်နဲ့
တကယ်လက်ထဲရောက်မှသာ
ဒါ ကိုယ့်အပိုင်လို့ မှတ်လိုက်

ဆုံးရှုံးရမယ်လို့ ကြိုမတွေးနဲ့
တကယ် ဆုံရှုံးသွားတဲ့အခါမှသာ
လက်လွှတ်တတ်အောင် လေ့ကျင့်ထား

မရှိတော့တဲ့အရာတွေနဲ့
ရှိမလာသေးတဲ့အရာတွေအတွက် တွေးပူနေရင်
ကိုယ့်မှာ တကယ်ရှိနေတဲ့အရာကို
တန်ဖိုး မထားမိတတ်ကြတော့ဘူး

လုပ်ချင်တာတွေ အများကြီးထဲက
လုပ်နိုင်တာလေး အနည်းအကျဉ်းကနေ
ဖြစ်မြောက်အောင် စတင်လုပ်ဆောင်လိုက်ပါ

ဘယ်အရာကိုမှ
အကောင်းဆုံး ဖြစ်ဖို့ မလိုဘူး
ဘယ်အရာကိုပဲဖြစ်ဖြစ်
အကောင်းဆုံးလုပ်ဖို့ဘဲ လိုတာ

ကိုယ်မမြင်နိုင်တဲ့ တစ်ခြားတဖတ်ကို
အမြဲတွေးပူမနေပါနဲ့
ကိုယ်မြင်နိုင်တဲ့ ကိုယ့်အကြောင်းကိုဘဲ
ဘယ်အရာတွေကို ပြင်ဆင်
ဘယ်အရာတွေကို ဆင်ခြင်ပြီး
ဘယ်လ်ိုပိုကောင်းအောင်
ကြိုးစားရမလဲဆိုတာဘဲ တွေးပါ

အခက်အခဲကင်းတဲ့ဘဝကို မလိုချင်ပါနဲ့
အရာရာပြည့်စုံနေတဲ့ဘဝဆိုတာ
အပေါ်ယံဘဲ အားကျဖို့ ကောင်းတာ
အခက်အခဲမရှိတဲ့သူဆိုတာ
ကိုယ်ပိုင်အရည်အချင်းလဲ ရှိလာမှ မဟုတ်ဘူး

အကြိမ်ကြိမ် ပြိုလဲဖူးမှ
ဘယ်လို ပြန်ထရမလဲဆိုတဲ့နည်းကို
ကျွမ်းကျင်စွာ တတ်မြောက်သွားတာ

ခဏခဏ အမှားတွေလုပ်ဖူးမှ
ခံနိုင်ရည်မရှိအောင် ကျရှုံးဖူးမှ
အတွေ့အကြုံနဲ့ သင်ခန်းစာကောင်းတွေရနိုင်တာ

အခက်အခဲတွေ ဒုက္ခတွေများလာလေ
လောကဓံကို သန်မာစွာ ရင်ဆိုင်လာနိုင်လေဘဲ

ဘာမှ မလုပ်တဲ့သူမှာ အမှားမရှိဘူး
မယ်မယ်ရရ ဘာတစ်ခုမှ မကြိုးစားတဲ့သူက
အရှုံးဆိုတာကြာဖူးမှာတောင် မဟုတ်ဘူး
သေချာတာတော့ သူ့မှာ
အောင်မြင်မှုဆိုတာလဲ ရှိမလာနိုင်ဘူး

ကြိုးစားနေတဲ့သူတွေနဲ့
ဘဝကို လက်တွေ့ရင်ဆိုင် ရုန်းကန်ပြီး
အခက်အခဲတွေနဲ့ ရှင်သန်နေရသူတွေကတော့
ပင်ပန်းမယ် ဆင်းရဲမယ် ခါးသီးမယ်
အမှားတွေလဲရှိမယ် အရှုံးတွေလဲ ရှိတယ်
ဒါပေမယ့် သေချာတာတစ်ခုကတော့
အဲ့တာနဲ့ ထိုက်တန်တဲ့ အောင်မြင်မှုတစ်ခုကလဲ
သူ့အတွက် ရှိကို ရှ်ိလာမှာ သေချာတယ်

ကဲ ဘယ်လိုလဲ ?
အခက်အခဲတွေကို
စိတ်ညစ်စရာလို့ မြင်နေတုန်းပဲလား ?

မပြည့်စုံမှုတွေ များတဲ့ဘဝဆိုပြီး
ကိုယ့်ကိုယ်ကို သနားနေတုန်းဘဲလား ?

ဘယ်တော့မှ
ဘဝကို ခပ်နိမ့်နိမ့်က ပျံဖို့ မတွေးနဲ့

ကိုယ့်မှာ အားနည်းနေရင်
ပတ်ဝန်းကျင်မှာ ဖိနှိပ့်ချင်တဲ့လူတွေချည်းဘဲ

ကြိုးစားပြလိုက်စမ်းပါ
သူတို့ထင်သလောက် မင်းမညံ့ဘူးဆိူတာသိအောင်

သန်မာစွာနေပြလိုက်စမ်းပါ
သူတို့ထင်ထားသလောက်
မင်း မပြိုလဲတတ်ဘူးဆိုတဲ့အကြောင်းသိအောင်

ငါ လုပ်နိုင်ရမယ်လို့ဘဲ အမြဲတွေး

ငါ ရင်ဆိုင်ရဲတယ်လို့ဘဲ အမြဲတွေး

ငါ ဒီ့ထက် ပိုကောင်းတဲ့ရလဒ်တွေကို
ဖန်တီးနိုင်တယ်လို့ဘဲ အမြဲတွေး

ငါ ဒီနာကျင်မှုတွေကနေ
ရုန်းထွက်နိုင်ရမယ်လို့ဘဲ အမြဲတွေး

ငါ ငါ့ဘဝ ငါ့အနာဂတ်ကို
ပိုလှအောင် ဆေးခြယ်မယ်လို့ဘဲ အမြဲတွေး

ငါ့မှာ စိတ်ညစ်စရာတွေ အခက်အခဲတွေရှိလဲ
ဘဝရဲ့နေ့ရက်တိုင်းကို
ကောင်းမွန်စွာ ရှင်သန်နေထိုင်သွားမယ်လို့ဘဲ
အ မြဲ တွေး

အတွေးတွေကို သတိထား
ကိုယ် အမြဲတွေးနေတဲ့ အတွေးတွေက
ကိုယ့်အနာဂတ် ဖြစ်လာတတ်တယ်

ဒါကြောင့်
ရှေ့ဆက်ဖို့ဘဲ တွေး
နောက်ဆုက်ဖို့ မတွေးနဲ့

ထပ်ကြိုးစားဖို့ဘဲ တွေး
လွယ်လွယ်နဲ့ အရှုံးပေးဖို့ မတွေးနဲ့

ပြန်ထဖို့ဘဲ တွေး
ပြိုလဲမှုတွေအောက်မှာ
ဘဝကို အဆုံးသတ်လိုက်ဖို့ မတွေးနဲ့

ဘာပဲဖြစ်ဖြစ်
စိတ်မညစ်နဲ့
ကြိုတွေးပြီး စိတ်ဆင်းရဲနေမှာထက် စာရင်
ဖြစ်လာမှရင်ဆိုင်လိုက်တာ ပို ကောင်း တယ် ။

Photos from Ko Myint Ko-M.K's post 24/07/2022

မိုးကုတ်မြို့( ရတနာမြေ) မှ
တကူး တက လာရောက်ဝယ်ယူ
အားပေးသွားသော ကိုကြီး
စီးပွားရေးတွေ ဒီထက်မက
အောင်မြင်ကြီးပွား တိုးတက်ပါစေကြောင်း
Ko Myint Ko-MK အိမ်ခြံမြေအကျိုးဆောင်မိသားစုမှ
ဆုမွန်ကောင်း တောင်းပေးလိုက်ပါတယ်ဗျ🙏🙏🙏
ဆက်သွယ် ဝယ်ယူလိုပါက
📲09-790177202
📞09-968354111 သို့ ဆက်သွယ်စုံစမ်းမေးမြန်နိုင်ပါတယ်ဗျ

20/07/2022

စိတ်ဓါတ်ကျခဲ့ရင်
၃စင်တီမီတာကိုသတိရပါ...
ဝါးပင်တစ်ပင်က ၃ စင်တီမီတာ ကြီးဖို့
၄ နှစ်အချိန်ပေးရပါတယ်။

အဲ့ဒီ ၄ နှစ် နောက်ပိုင်းမှာတော့
ဝါးပင်တစ်ပင်ဟာ
၁ ရက် ကို ၃၀ စင်တီမီတာ အထိ
ကြီးထွားနိုင်ပါတယ်။
၆ ပတ်အတွင်း ၁၅ မီတာ
လောက်အမြင့်ကိုရောက်နိုင်တယ်။

ဒါဟာ ဘာလို့လဲဆိုတော့
ပထမဆုံး ၄ နှစ် မှာ အဲ့ဒီဝါးပင်က အမြစ်မှာ
အခြေခိုင်အောင်အားစိုက်နေလို့ပဲဖြစ်ပါတယ်။

ဒါကြောင့် ဒီနေ့ကိုယ်လုပ်သမျှ အကျိုးရလာဒ်
မမြင်ရတဲ့ချိန်မှာကိုယ်ကြိုးစားသလောက်
အရာမထင်ဘူးလို့ထင်တဲ့ချိန်မှာ
ဝါးပင်လေးကို သတိရစေချင်ပါတယ်။

ကိုယ်က ၁၀ မီတာ မြင့်ချင်ရင် ၁၀ မီတာ အတွက် အခြေခိုင်အောင်လုပ်ရမယ်။
အဲဒီတော့ အချိန်က ၁ နှစ် ကြာချင်ကြာမယ်။

ကိုယ်က၁၀၀ မီတာ မြင့်ချင်ရင်
၁၀၀ မီတာ အမြင့်ကိုခံနိုင်တဲ့အခြေခံရှိရမယ်လေ။
အဲဒီတော့ ၁၀ နှစ် အချိန်ပေးရင် ပေးရမယ်။

ဒါကြောင့် ကိုယ်ကြိုးစားသလောက် ချက်ချင်းအကျိုးမမြင်ရရင်လဲစိတ်ဓာတ်ကျပြီးတော့
နောက်မဆုတ်ပါနဲ့လို့ပြောချင်ပါတယ်။

ကိုယ်သာအခြေခိုင်အောင် အမြစ်ပွား၊
ကြိုးစားနေသ၍တစ်ရက်ကျရင် အမြင့်ကို
ရောက်နိုင်ပါလိမ့်မယ်။

ဘာဖြစ်လို့လဲဆိုတော့ လူအများစုက
အဲ့ဒီ ၃ စင်တီမီတာ ကနေ မကျော်နိုင်ကြပါဘူး။
အဲ့ဒါကြောင့် ကျရှုံးသူက အောင်မြင်သူထက်
များနေတာပေါ့ ။

ကိုယ့်ရဲ့ ၃ စင်တီမီတာ ကို ကျော်ဖြတ်နိုင်ရင်တော့
သင်က အမြင့်ကိုမကြာခင်ရောက်မယ့်သူတွေပါပဲ ။

စိတ်ဓာတ်ကျရင် ၃ စင်တီမီတာ ကိုသတိရပါ ။
ငါ့ရဲ့ ၃ စင်တီမီတာ ပဲလို့ ပြောပြီး အားအင်ပြန်ပြည့်နိုင်ပါစေ။......

လေးစားစွာဖြင့်ပြန်လည်မျှဝေပါသည်။
A.San......

Photos from Ko Myint Ko-M.K's post 17/07/2022

အဆောက်အဦး အမျိုးအစား ၊ သက်တမ်းနှင့် ခံနိုင်ရည်ကွာခြားချက် များကို တစ်ပုံချင်းစီမှာ ရေးပေးထားပါတယ်ဗျ။

ပုံ@ရတုကဗျာ Crd

13/07/2022

ဆရာတော်။ ။ ဟဲ့...ဒကာ,ဒကာမတွေ...
ဒို့ရထားတဲ့ခန္ဓာကိုယ်ကြီးက
သုဘလား.... အ,သုဘလားဟဲ့....

ပရိတ်သတ်။ ။ အ,သုဘပါဘုရား....

ဆရာတော်။ ။ သုဘဆိုတာတင့်တယ်တာ..
အ,သုဘဆိုတာ..မတင့်တယ်တာ..
ဟုတ်သလား...ဟေ့....

ပရိတ်သတ်။ ။ ဟုတ်ပါတယ်ဘုရား....

ဆရာတော်။ ။ မြဲသလား..မမြဲလားဟေ့....

ပရိတ်သတ်။ ။ မမြဲပါဘုရား....

ဆရာတော်။ ။ သာယာဘွယ်လား...
မသာယာဘွယ်လား...?..

ပရိတ်သတ်။ ။ မသာယာဘွယ်ပါဘုရား...

ဆရာတော်။ ။ ဒါဆို... မသာမ,လို့ပြောရင်
နာကြအုံးမှာလား..?...

ပရိတ်သတ်။ ။ မနာ..ပါဘုရား...

ဆရာတော်။ ။ အေး...မနာကြနဲ့....
မသာမ,ဆိုတာကို တချို့က,
ဆဲတယ်ထင်နေကြတာ...
အမှန်က,..
တရားသဘောနဲ့ ခေါ်နေတာ...
မှန်ရဲ့လား..?.. မသာမတွေ.....

ပရိတ်သတ်။ ။ မှန်ပါတယ်...
မသာဘုန်းကြီးဘုရား....

ဆရာတော်။ ။ ......''ဘာ''......

😁😁😁😂😂😂😂😂
Crd #
ဦးရာဇိန်
ပြန်လည်မျှဝေပါသည်။
#လူကြီးမင်း😁

12/07/2022

ဝါတွင်း ၃ လ ကိုးနဝင်း
ဝင်ချင်သူများအတွက်
ပြန်လည်မျှဝေပေးလိုက်ပါတယ်ဗျ🙏🙏🙏

11/07/2022

ငယ်ပါသေးတယ်ဆိုပြီး
ဘဝကို ဖြစ်သလို့ မနေပါနဲ့
ပိုက်ဆံရှာပါ
လောကမှာပိုက်ဆံရှိမှ
ပိုအဆင်ပြေနိုင်ပါတယ်။

မိသားစုထဲမှာကြည့်ပါ
ပိုက်ဆံရှာနိုင်တဲ့သူက
ပိုအရေးပါအရာရောက်ပါတယ်။

အပေါင်းအသင်းတွေကြားထဲကြည့်ပါ
ပိုက်ဆံရှိတဲ့သူက ပိုလူရာဝင်ပါတယ်။

လူမှုအဖွဲ့အစည်းတစ်ခုခုကိုကြည့်ပါ
ပိုက်ဆံပိုရှိတဲ့သူက ပိုအရာရောက်ပါတယ်။

ဒါဟာ လောကကြီးထဲမှာ
ရာခိုင်နှုန်းတော်တော်များများဖြစ်နေတာပါ။

ဘယ်နည်းနဲ့ကြည့်ကြည့်
သင် ပိုက်ဆံရှာရပါမယ်
ငွေစုရပါမယ်။

သင်ပိုက်ဆံရှိမှ
သင်ချစ်တဲ့သူတွေအတွက်
သင်လုပ်ချင်တဲ့အရာတွေအတွက်
သင်ပြောချင်တဲ့စကားတွေအတွက်
သင်လိုချင်တဲ့အရာတွေအတွက်
အားလုံးမဟုတ်ရင်တောင်
တော်တော်များများလုပ်လို့ရမှာပါ။

" #ခင်မင်မှုကပိုအရေးကြီးတယ်"
ဟုတ်ကဲ့
လူတော်တော်များများကတော့
ငွေရှိရင် ပိုခင်ကြပါတယ်။

" #ရိုးသားမှုကပိုအရေးကြီးတယ်"
ဟုတ်ကဲ့
လူအများစုကတော့ မရိုးသားရင်တောင်
ငွေရှိတဲ့လူဆို သိပ်မပြောရဲကြပါဘူး။

" #ပညာကပိုအရေးကြီးတယ်"
ဟုတ်ကဲ့
ငွေရှိမှပညာသင်လို့ရတဲ့ခေတ်မှာ
ပညာရွှေအိုးက ငွေရှိမှဝယ်လို့ရတာပါ။

" #ကိုယ်ကျင့်တရားကအရေးအကြီးဆုံး"
ဟုတ်ကဲ့
ကိုယ်ကျင့်တရားမကောင်းတဲ့သူတွေ
ငွေရှိလာရင် အမှန်တရားကရောက်လာဖို့
ခြေလှမ်းသိပ်နှေးလွန်းပါတယ်။

" #စိတ်ချမ်းသာဖို့အရေးကြီးတယ် "
ဟုတ်ကဲ့
ငွေရှိလည်းစိတ်ဆင်းရဲတဲ့သူတွေရှိပါတယ်
ဒါပေမယ့် ငတ်နေရင်းစိတ်ဆင်းရဲနေရတဲ့သူတွေထက်တော့
နည်းနည်း ပိုသက်သာတာပေါ့။

" #အချစ်ကအရေးကြီးတယ်"
ဟုတ်ကဲ့
ရယ်စရာအကောင်းဆုံးပြက်လုံးပါ
လူအားလုံးလိုလိုကတော့
ငွေမရှိရင် ရုပ်ဆိုးတယ်လို့မြင်တယ်
ငွေမရှိရင် နံတယ်လို့ထင်တယ်
ငွေမရှိရင် ပိုင်းလုံးလို့မြင်တယ်
ငွေမရှိရင် ရင်မခုန်ကြတော့ပါဘူး။

ဒါပါဘဲ
ဘယ်နည်းနဲ့တွေးတွေး
ဘယ်ဖက်ကတွေးတွေး
ငွေရှိမှ အရာအားလုံးလိုလို
အဆင်ပြေနိုင်ပါမယ်။

ထို့ကြောင့် ပိုက်ဆံရှာပါ။

:original writer 💎

11/07/2022

▪️ကြိုက်လွန်းလှတဲ့အတွေးအခေါ်

▪️အိန္ဒိယနိုင်ငံ နယူးဒေလီမြို့ရဲ့ ကုမ္ပဏီကြီးတစ်ခုရှေ့မှာ ပလာတာရောင်းတဲ့ဆိုင်ကြီးတစ်ဆိုင်ရှိတယ်။ အဲဒီဆိုင်က ပလာတာတွေက အလွန့်ကိုအရသာရှိတဲ့အတွက် ကုမ္ပဏီက ဝန်ထမ်းတော်တော်များများ နေ့လည်စာစားချိန်တိုင်းမှာ လာရောက်စားသောက်လေ့ရှိတယ်။
-
▪️တစ်နေ့မှာတော့ ကုမ္ပဏီက မိတ်ဆွေမန်နေဂျာတစ်ယောက် ဆိုင်မှာပလာတာလာစားရင်း ဆိုင်ရှင်ကို မေးခွန်းတစ်ခုမေးလိုက်တယ်။
-
" ခင်ဗျားက ခင်ဗျားရဲ့ဆိုင်ကို သပ်သပ်ရပ်ရပ်လည်း ပြုပြင်ထိန်းသိမ်းနိုင်တယ် ပြီးတော့ စီမံခန့်ခွဲ အုပ်ချုပ်နိုင်တဲ့ အရည်အချင်းနဲ့လည်း ပြည့်စုံတယ်။ ခင်ဗျားရဲ့ ပင်ကိုအရည်အသွေးနဲ့ အချိန်တွေကို ပလာတာရောင်းတာတစ်ခုထဲနဲ့ပဲ အချိန်ဖြုန်းနေမိတယ်လို့ မထင်ဘူးလား။
-
▪️ကျွန်တော့်လို ကုမ္ပဏီအကြီးကြီးတစ်ခုခုမှာ အလုပ်လုပ်နေခဲ့တယ်လို့ ခင်ဗျား စဉ်းစားကြည့်လိုက်စမ်းပါဗျာ။ ဒီအချိန်မှာကျွန်တော့်လို မန်နေဂျာတစ်ယောက် ဖြစ်နေလောက်ပြီ။ မဟုတ်ဘူးလားဗျာ။"

ပလာတာဆိုင်ရှင်က မန်နေဂျာကို
"ဆရာရယ် ကျွန်တော်ကတော့ ကျွန်တော့်အလုပ်က ခင်ဗျားအလုပ်ထက် ပိုကောင်းတယ်လို့ ထင်ပါတယ်ဗျာ။"
လို့ပြုံးပြုံးလေး ပြန်ပြောလိုက်တယ်။
ဆက်ပြီးတော့
-
"ဘာလို့လည်း သိလား?
လွန်ခဲ့တဲ့ဆယ်နှစ်က ခင်ဗျားဒီအလုပ်ကို စဝင်တဲ့အချိန်မှာ ကျွန်တော်က ပလာတာကို လက်တွန်းလှည်းလေးနဲ့ လှည့်ရောင်းနေတဲ့အချိန်ပေါ့။ ကျွန်တော်တစ်လကို ရူပီးတစ်ထောင်လောက်ပဲ ရှာလို့ရတဲ့အချိန်မှာ ခင်ဗျားလစာက တစ်သောင်းလေ။
-
▪️ဒီဖြတ်သန်းလာတဲ့ ဆယ်စုနှစ်အတွင်းမှာ ခင်ဗျားရော၊ ကျွန်တော်ရော တော်တော်လေး တိုးတက်လာခဲ့တယ်လေ။ ကျွန်တော်က ဆိုင်လေးတစ်ဆိုင်ပိုင်ဆိုင်လာပြီး ဒီနယ်တဝိုက်မှာ နာမယ်ကြီး ပလာတာဆိုင်ကြီး ဖြစ်လာပြီး ခင်ဗျားက အဲဒီကုမ္ပဏီမှာ မန်နေဂျာတစ်ယောက် ဖြစ်လာခဲ့တယ်လေ။
-
▪️အခု ခင်ဗျား တစ်လတစ်သိန်းရနေချိန်မှာ ကျွန်တော်လည်း အဲဒီလောက်ရှာနိုင်တယ်။ တခါတလေမှာ အဲဒီထက်တောင် များများရှာနိုင်သေးတယ်။ အဲဒါကြောင့် ကျွန်တော့်အလုပ်က ခင်ဗျားအလုပ်ထက်သာတယ်လို့ သေသေချာချာပြောနိုင်တာပေါ့။
ဘာကြောင့် အဲဒီလိုပြောနိုင်သလဲဆိုတော့ ကျွန်တော့်ကလေးတွေရဲ့ အနာဂတ်ကြောင့်ပေါ့။
-
ထပ်ရှင်းပြပါရစေဦး။
ကျွန်တော်ပြောတဲ့စကားလုံးတွေကို သေသေချာချာ ဂရုစိုက်ပြီး နားထောင်ကြည့်စမ်းပါဗျာ။
-
-
****************************************

▪️ကျွန်တော်ရဲ့အသက်မွေးဝမ်းကြောင်းအလုပ်ကို အနိမ့်ဆုံးဝင်ငွေက စတင်ခဲ့ရတယ်လေ။ ကျွန်တော့်သား လက်ထက်မှာ ကျွန်တော့်လို မခံစားစေရတော့ဘူး။ တနေ့မှာ သူက ကျွန်တော့်ရဲ့ စီးပွားရေးလုပ်ငန်းတွေကို ဆက်ခံရမှာလေ။ သူ သုညက စလုပ်စရာ မလိုတော့ဘူး။ သူ့မှာ သေချာတည်ထောင်ထားတဲ့ စီးပွားရေးလုပ်ငန်းက အသင့်စောင့်နေမှာလေ။
-
ခင်ဗျားရဲ့လက်ရှိအခြေအနေမှာဆိုရင် ခင်ဗျားကြိုးစားမှုကြောင့် ရရှိထားတဲ့စီးပွားရေးအကျိုးအမြတ် အသီးအပွင့်တွေက ခင်ဗျား အလုပ်ရှင်သူဌေးရဲ့ ကလေးတွေအတွက်ပဲဖြစ်သွားမယ်။ ခင်ဗျားကလေးတွေအတွက်တော့ မဟုတ်ဘူးလေ။
-
ခင်ဗျားရဲ့သား သို့မဟုတ် သမီးကို ခင်ဗျားလက်ရှိရနေတဲ့ မန်နေဂျာရာထူးနေရာကို တန်းပေးလို့မရဘူး။ သူတို့က သုညက ပြန်စရမှာဗျ။ ခင်ဗျားလွန်ခဲ့တဲ့ ဆယ်စုနှစ်က ကြိုးစားရုန်းကန် ခံစားခဲ့ရသလိုမျိုး ခင်ဗျားကလေးတွေပြန်ခံစား ကြိုးစားရုန်းကန်ရလိမ့်မယ်။
-
▪️ကျွန်တော့်သားကတော့ ကျွန်တော့်ရဲ့လက်ရှိရောက်နေတဲ့ စီးပွားရေးအခြေအနေကနေ အဆင်သင့်ဝင်ပြီး လုပ်ငန်းကို ဆက်လက်ချဲ့ထွင်နိုင်လိမ့်မယ်။ ခင်ဗျားရဲ့ကလေး မန်နေဂျာဖြစ်လာမဲ့အချိန်မှာ ကျွန်တော့်ရဲ့သားအခြေအနေက အများကြီး မြင့်မားနေလိမ့်မယ်ဗျ။
-
****************************************

ကဲ ပြောပါဦးဗျာ ဘယ်သူက အချိန်နဲ့ ပင်ကိုအရည်အသွေးတွေ ဖြုန်းတီးပစ်နေတယ်ဆိုတာ။"
-
မန်နေဂျာကြီး စကားတစ်ခွန်းမှပြန်မပြောနိုင်တော့ပဲ ပလာတာဖိုး ၅၀-ရူပီးပေးပြီး ထွက်သွားပါတော့တယ်။
-
Crd - 📷 Original writer and Uploader
ပြန်လည်မျှဝေပါသည်။

10/07/2022

မှတ်သာစရာများ

၁ဧက=၄၃၅၆၀ စတုရန်းပေ

၄၃၅၆၀ စတုရန်းပေ ဘယ်ကရလဲ ဆိုတာ မေးတဲ့ကျနော့မိတ်ဆွေတွေအတွက်ပါ။
(မသိသေးသူများအတွက်သာ သိပြီးသူများကျော်သွားပေးပါခင်ဗျာ)
လက်မ(inch), ပေ(feet), ကိုက်(yard), သံကြိုး(Chain), ဖာလုံ(Furlong), မိုင်(Mile) စတဲ့အတိုင်းအတိုင်ယူနစ်များဟာ imperial units အတိုင်းအတာဖြစ်ပါတယ်။ (ဒီကြားထဲမှာလူသိမများတဲ့ ယူနစ်တွေလဲရှိပါသေးတယ်)

***လက်ရှိ အမေရိကန်၊ လိုက်ဘေးရီးယား နဲ့ မြန်မာ (၃) နိုင်ငံသာ မက်ထရစ်စနစ်အတိုင်းအတာကို အသုံးပြုမပြုပါ။ ***

၃ ပေ = ၁ ကိုက်
၂၂ ကိုက် = ၁ သံကြိုး = ၆၆ ပေ
၁၀ သံကြိုး = ၁ ဖာလုံ = ၆၆၀ ပေ
၈ ဖာလုံ = ၁ မိုင် = ၅၂၈၀ ပေ
*** ၁ သံကြိုး (အလျှား) × ၁ ဖာလုံ (အနံ) = ၁ ဧက လို့သတ်မှတ်ပါတယ် ***
ဒါ့ကြောင့်
၆၆ ပေ × ၆၆၀ ပေ = ၄၃၅၆၀ စတုရန်းပေဖြစ်ပါတယ်
၁ သံကြိုး အကျယ် နဲ့ ၁ ဖာလုံ အရှည်မြေကွက်ဟာ တစ်ဧက (၄၃၅၆၀ စတုရန်းပေ) ဖြစ်ပါတယ် ။

အခြားအသုံးများတာတွေကိုလဲ ဖော်ပြပေးလိုက်ပါတယ် ။

၁ စတုရန်းမိုင် = ၆၄၀ ဧက
၁ စတုရန်းဖာလုံ = ၁၀ ဧက
၄၃၅၆၀ စတုရန်းပေ = ၁ ဧက
၂၀၈.၇၁ ပေ × ၂၀၈.၇၁ ပေ = ၁ ဧက
၂၀၀ ပေ × ၂၀၀ ပေ = ၁ ဧကခန့်
၁၀၀ ပေ × ၁၀၀ပေ = ဧက ၁ မတ်ခန့်
၅၀ ပေ × ၁၀၀ ပေ = ဧက ၁ မူးခန့်
၄၀ ပေ × ၆၀ ပေ = ၀.၀၅၅ ဧက
၂၀ ပေ × ၆၀ ပေ = ၀.၀၂၇၅ ဧက

# Note

မည်သည့်မြေကွက်မဆို ရောင်းချ၊ ပေးကမ်း၊ အမည်ပြောင်းရန် မျက်စာအဖွင့်အနည်းဆုံး ၂၀ ပေ နှင့် အနည်းဆုံး ၀.၀၂၇၅ဧက (သို့) ၁၂၀၀ စတုရန်းပေ ရှိရမည်။

Credit-Htet Linn Aung
Copy from Winningland

Photos from Ko Myint Ko-M.K's post 24/06/2022

ကဲ ကဲ စျေး တန်တန် လေး လာပီဗျာ

💠 $စျေး 2️⃣6️⃣0️⃣ ညှိနှိုင်း

💠 ပေ 22*35

💠 တစ်ထပ်အိမ် သံပန်း သံတံခါး ပါပီး

💠တည်နေရာ ငယ်တိုး အုပ်စု တလိုင်းစု ရပ်
စစ်ကိုင်း မန်းလေး ကား လမ်း အနီး

🔰 စိတ်ပါ ဝင်စားလို့ လေ့ လာချင်ရင်တော့
Ko Myint Ko -MK အိမ်ခြံမြေ အကျိုးဆောင် ကို
ဆက်သွယ် မေးမြန်နိုင်ပါတယ်ဗျ

☎09790177202
📲09968354111

03/06/2022

✨ နှစ် ၁၀၀ အတွင်း၊ အကောင်းဆုံးမြန်မာဝတ္ထု၁၀၀ ***

နှစ် ၁၀၀ မြန်မာဝတ္ထု ၁၀၀ သည် ၁၉၁၇ ခုနှစ်မှ ၂၀၁၇ ခုနှစ်အတွင်း ထုတ်ဝေခဲ့သည့် မြန်မာဝတ္ထုရှည်များအနက် ရသစွမ်းရည်ကြီးများမှု၊ ဇာတ်ကောင်ဇာတ်ကွက်အပေါ်တွင် စာဖတ်ပရိသတ်များ စွဲမှတ်နေစေမှု၊ ခေတ်ကာလနှင့်လိုက်ဖက်အောင် ဖွဲ့နွဲ့ရေးသားနိုင်မှုတို့ကို အခြေခံကာ နိုဘယ် မြန်မာစာပေပွဲတော် ကော်မတီမှ ရွေးချယ်လိုက်သော စာအုပ် (၁၀၀) ဖြစ်သည်။

၁။ မောင်ရင်မောင် မမယ်မ -ဂျိမ်းစ်လှကျော်
၂။ ချဉ်ပေါင်ရွက်သည် မောင်မှိုင်း -ဝန်စာရေး ဦးကြီး
၃။ ရွှေပြည်စိုး -ဦးလတ်
၄။ မှာတော်ပုံ -သခင်ကိုယ်တော်မှိုင်း
၅။ ရတနာပုံ -ရွှေဥဒေါင်း
၆။ နေညိုညို -ပီမိုးနင်း
၇။ နေရီရီ -ပီမိုးနင်း
၈။ တပင်ရွှေထီး -လယ်တီပဏ္ဍိတ ဦးမောင်ကြီး
၉။ နားခံတော် -ရွှေစကြာ
၁၀။ ပိတောက်ရွှေဝါ -တက်ထွန်း
၁၁။ ကောလိပ်ကျောင်းသား-ဇဝန
၁၂။ တက်ဘုန်းကြီး -သိန်းဖေမြင့်
၁၃။ ပန်းသာ မစာအု -သခင်ဘသောင်း
၁၄။ တက်ခေတ်နတ်ဆိုး -သိန်းဖေမြင့်
၁၅။ သူ -ရွှေလင်းယုန်
၁၆။ အညာသားကလေး -ရန်အောင်
၁၇။ သူပုန့်အိမ် -မဟာဆွေ
၁၈။ မေ -ဒဂုန်တာရာ
၁၉။ ရက်စက်ပါပေ့ကွယ် -သခင်နု
၂၀။ ရိသဲ့သဲ့ -မြမျိုးလွင်
၂၁။ ဓား -မင်းဆွေ ***18
၂၂။ ငဘ -မောင်ထင် ***17
၂၃။ မမမြင့် -လင်းယုန်နီ
၂၄။ ယုံတော့မေရယ် -မောင်စည်သူ
၂၅။ မေ့ဘူးကွဲ့ သက်လယ်ရယ် -မင်းရှင်
၂၆။ နန္ဒာပုလဲ -တက္ကသိုလ် နန္ဒမိတ်
၂၇။ စာဆိုတော် -ဒဂုန် ခင်ခင်လေး
၂၈။ သံနှင့်သွေး -နန္ဒ ***16
၂၉။ သစ္စာမဏ္ဍိုင် -တင်စိုး
၃၀။ ကမ္မဖလ -တင့်တယ် ***15
၃၁။ မချော -လင်းယုန်နီ
၃၂။ လင်းလုပါပြီ -ကိုကို
၃၃။ မမိုးစွေ -သခင်မြသန်း
၃၄။ နွမ်းလျအိမ်ပြန် -ကြည်အေး
၃၅။ ဤယမုံ -ငွေလင်း
၃၆။ ငမဲကျွန် -စစ်ကိုင်း ဦးဘိုးသင်း
၃၇။ ဘွန္တောကြက်သူခိုး -သော်တာဆွေ
၃၈။ အတာ -သာဓု
၃၉။ အပြာနှင့် အဝါ -နတ်နွယ်
၄၀။ ဂွမ်းပုံ -ဓူဝံ
၄၁။ အရှေ့က နေဝန်းထွက်သည့်ပမာ -သိန်းဖေမြင့်
၄၂။ အားလုံးကောင်းကြရဲ့လား -လူထုဦးလှ
၄၃။ မွှေး -ခင်နှင်းယု
၄၄။ အရိုင်းစံပယ် -အောင်လင်း ***14
၄၅။ သက်ဝေ မေကျော့ -ဒေါက်တာထွန်းရွှေ
၄၆။ ရေနံ့သာဦး -တင်မြင့်အောင်
၄၇။ တို့တိုင်းဌာနီ -ခင်ဆွေဦး ***13
၄၈။ ချစ်အဏ္ဏဝါဗွေ-ဗန်းမော် တင်အောင်
၄၉။ ငြိမ်းတယ် ချမ်းမယ်မိုး -မင်းကျော်
၅၀။ လွမ်းသစ္စာတိုင် -စိန်စိန်
၅၁။ ပွင့် -မလေးလုံ
၅၂။ သေသော်မုတည့် ဪကောင်း၏ -ရန်ကုန် ဘဆွေ ***12
၅၃။ အရေးတော်ပုံ -ဌေးမောင်
၅၄။ သူငယ်ချင်းလို့ပဲ ဆက်၍ခေါ်မည် ခိုင် -တက္ကသိုလ် ဘုန်းနိုင် ***11
၅၅။ စိမ်းနေဦးမည့် ကျွန်တော့်မြေ -တက္ကသိုလ် ဘုန်းနိုင်
၅၆။ မြန်မာပြည်သား -ရန်ကုန် ဘဆွေ
၅၇။ မြိုင် -ဗန်းမော် တင်အောင်
၅၈။ ဘယ်ပန်းချီ ရေးလို့မမီ -သိန်းသန်းထွန်း ***10
၅၉။ အရှေ့ဘက်ကမ်းပါး-ယုဝတီကြည်ဝေ
၆၀။ ၁၄/၁၅/၁၆ -တက္ကသိုလ် ဟန်ဝင်းအောင်
၆၁။ ရင်နင့်အောင် မွှေး -ဂျာနယ်ကျော် မမလေး ***9
၆၂။ ပြိုမှာလေလား မိုးရဲ့ -အောင်ပြည့်
၆၃။ ရေရိုင်း မြေရိုင်း -မောင်နေဝင်း
၆၄။ ရေနံ့သာ ခင်ခင်ကြီး -မောင်သိန်းဆိုင်
၆၅။ ကတ္တီပါဖိနပ်စီး ရွှေထီးဆောင်း -မောင်သာရ
၆၆။နိဗ္ဗာန်ဘုံပျောက်ဆုံးခြင်း-ကျော်အောင်
၆၇။ လောဘမြစ်ပင်လယ် -ဖိုးကျော့
၆၈။ နှောင်းတမြေ့မြေ့ -မြတ်ထန်
၆၉။ မိန်းမလှအမုန်း -ဝင်းဦး ***8
၇၀။ နွေတည -နိုင်ဝင်းဆွေ
၇၁။ မသိန်းရှင်ဆီပို့ပေးပါ-နိုင်ဝင်းဆွေ
၇၂။ မရဏမောင်းလော အောင်စည်လော -မောင်မောင်ဖြူ
၇၃။ ဓားတောင်ကိုကျော်၍ မီးပင်လယ်ကို ဖြတ်မည် -မြသန်းတင့်
၇၄။ မောင်၊ ကိုကိုနှင့် မြနန္ဒာ -ကြည်အေး
၇၅။ ပန်းတွေနဲ့ ဝေ -မောင်ဝဏ္ဏ
၇၆။ မဟူရာအကျဉ်းထောင် -စမ်းစမ်းနွဲ့ (သာယာဝတီ) ***7
၇၇။ မိုးသောက် မှောင်မိုက် အရိပ်မပြေးမီ -ငြိမ်းကျော်
၇၈။ မာယာဘုံ -မြသန်းတင့်
၇၉။ လင်္ကာဒီပချစ်သူ -ချစ်ဦးညို ***
၈၀။ မြစိမ်းရောင်ရင်ခွင့်သို့အပြန်-ထင်လင်း
၈၁။ နောက်တိုး -တက္ကသိုလ် မြစိမ်း
၈၂။ ငြိမ်းကို ရှက်ပါ -မိုးမိုး (အင်းလျား) ***6
၈၃။ ရွှေတိဂုံကိုမြင်လျှင်-မိုးမိုး (အင်းလျား)
၈၄။ ချစ် ချစ် ချစ် ၁−၂−၃ -သုမောင်
၈၅။ မေတ္တာမီးအိမ် -ကြည်အေး
၈၆။ သိင်္ဂါရ ရသ -မောင်လွန်းကြင်
၈၇။ တစ်ပင်ကို နှစ်ပင်ယှက်တယ် -ဆင်ဖြူကျွန်း အောင်သိန်း
၈၈။ အသည်းပန်းမှာဆူးတွေနဲ့ရယ် -မြနှောင်းညို ***5
၈၉။ အမှတ်တရ -ဂျူး ***4
၉၀။ အမှတ်မရှိ လမ်းမရှိ ကီလီဗောတံတား -နုနုရည် (အင်းဝ)
၉၁။ ပြုံး၍လည်း ကန်တော့ခံတော်မူပါ၊ ရယ်၍လည်း ကန်တော့ခံတော်မူပါ -နုနုရည် (အင်းဝ) ***3
၉၂။ ရင်ထဲက ဆောင်းရာသီ -မင်းလူ
၉၃။ ရွှေဖိနပ်မှာ အစိမ်းရောင်ကြက်ခြေခတ်နဲ့ ကောင်မလေး -တာရာမင်းဝေ
၉၄။ အချစ်၏ နောက်ဆက်တွဲစာမျက်နှာ -ဝင်းဝင်းလတ် ***2
၉၅။ ဆဌဂံ -မစန္ဒာ
၉၆။ လမင်းရဲ့ ချိုသာတဲ့လက်ခုပ်သံ -ညီပုလေး
၉၇။ ဝေဝေရီရီဝတ္ထု -ဇော်ဇော်အောင်
၉၈။ တောမင်းသမီး -ခင်ခင်ထူး
၉၉။ ပဉ္စမမြောက် ဆောင်းရက်များ -ငြိမ်းကျော် ***1
၁၀၀။ ဓမ္မဝိလာသ -လင်းယုန် သစ်လွင်

✨ အချို့ စာအုပ်များသည် ရှာမရ၊ဝယ်မရအောင် ရှားပါးနေကြပြီး ပြန်မထုတ်ဖြစ်သော စာအုပ်များလည်းရှိသည်။

✨ အများစုသည် ပြန်ထုတ်စာအုပ်များနှင့် ဈေးကွက်ထဲဝယ်ယူနိုင်သောစာအုပ်များဖြစ်သည်။

💢 ဘယ်နှစ်အုပ် ဖတ်ပြီးပြီးလဲ ?? 💢

✨ နှစ်၁၀၀၊ဝတ္ထု၁၀၀ စာရင်းမှ Instok ရရှိနိုင်သော စာအုပ်များကို အောက်ပါlink ၌ PTZ BOOK SERVICE မှ စုစည်းဖော်ပြပေးပါသည်။

https://m.facebook.com/story.php?story_fbid=395029189014064&id=268351811681803

#နှစ်၁၀၀ဝတ္ထု၁၀၀

( စာချစ်သူများ သည်ထဲကဘယ်နှစ်အုပ်ဖတ်ပြီးခဲ့ပြီလဲ Adminကတော့ သည်ထဲက ၇၂အုပ်ဖတ်ခဲ့ဖူးပြီးpageမှာတော့၁၈အုပ်တင်ပေးခဲ့ဖူးပါတယ် တဖြည်းဖြည်းနဲ့တော့အကုန်တင်ပေးနိုင်အောင် ကြိုးစားပါဦးမယ် လောလောဆယ်တင်ဖို့ရွေးထားတဲ့ လင်းယုန်သစ်လွင်ရဲ့ ဓမ္မဝိလာသ ကလည်းတင်မလို့စဉ်တိုင်း အခြားစာအုပ်တွေဝင်လာတာနဲ့ တင်မပေးဖြစ်ခဲ့ရပါဘူး သည်လကုန်တော့တင်ဖြစ်အောင် တင်ပါဦးမယ် သခင်ဘသောင်းရဲ့ ပန်းသာမစာဥလည်း တင်ချင်ပါသေးတယ် သည်ထဲက တင်လို့အားရကျေနပ်ဆုံး စာချစ်သူတွေနဲ့အကြိုက်တူဆုံးကတော့ ရင်နင့်အောင်မွှေး ဖြစ်ပါတယ် အချို့စာအုပ်တွေကတော့ pdfလည်းမရှိ ပြန်လည်းမထုတ်ဝေတဲ့ ရှားပါးစာအုပ်တွေ ဖြစ်ပါတယ် )

Photos from Ko Myint Ko-M.K's post 02/06/2022

မိုး ချုပ် တဲ့ထိ အလုပ်တွေ မနား ရပဲ

ပင်ပင်ပန်းပန်း လုပ်နေရပေမယ့်လဲ

ခုလို မဂ်လာ လေး တွေ

မကြာ မကြာဖြစ်နေတော့လည်း

မမောနိုင် မပန်းနိုင်တော့ပါဘူးလေ😁

ယုံကြည်စွာ အပ်နှံပေးကြတဲ့
ထမင်းရှင်များကို
MK အိမ်ခြံမြေ ရောင်း/ဝယ်/ငှါး
မှ
အမြဲ အစဥ် ထာဝရ မေတ္တာများ ပို့သ လျှက်ပါဗျ🙏🙏🙏

ဆက်သွယ် ဝယ်ယူလိုပါက
☎09790177202
📲09968354111

Photos from Ko Myint Ko-M.K's post 31/05/2022

စစ်ကိုင်း မန်းလေး မိန်းလမ်း အတင်
အကွက်ကျယ် လေး အအရောင်းတင်ပါရစေဗျ

🔰စျေး ↔ 3️⃣5️⃣0️⃣0️⃣

🔰တည်နေရာ↔ဆင်ကာ ရွာထိပ်

🔰ပေ 5️⃣2️⃣✖8️⃣1️⃣

🔰ပိုင်ဆိုင်မှု ဂရံ ပါပီး

✅စိတ်ဝင်စားလို့ လာရောက်လေ့လာ စုံစမ်း လိုပါက
ပွဲညွန့်မတင် မှန်ကန် တိကျ စွာ ဝန်ဆောင်မှုပေးနေသော
MK↔Ko Myint Ko အိမ်ခြံမြေ နဲ့ အခု ပဲ ဆက်သွယ်ကြပါစို့

🔶🔷🔶🔷🔶🔷🔶🔷🔶🔷🔶🔷🔶🔷🔶🔷🔶🔷

☎09790177202
📲09968354111

31/05/2022

ယခုအချိန်အခါ 📢📣📣

သတိနဲ့သွားလာပါ🚷
ရပ်ပြီး ဖုန်းမပြောပါနဲ့📵
ရွှေဆွဲကြိုး ရွှေ မဝတ်ပါနဲ့❌
မလိုအပ်ဘဲ အပြင်မထွက်ပါနဲ့🚷
ရှောင်သင့်တာကို ရှောင်သွားပါ🚫
ပိုက်ဆံအိတ် အိတ် မလွယ်ထားပါနဲ့❌
မလိုအပ်ဘဲမှတ်ပုံတင် အပြင်ယူမသွားပါနဲ့❌
ဆိုင်ကယ် ကလစ် စကိုဖီး စီးရင် သတိထားပါ🚳
သွားလာရင်း နောက်ကြည့်မှန်ကို ခဏခဏ ကြည့်ပါ⭕
လူသုံးယောက်လောက် အနားကပ်လာရင် မြန်မြန်စီးပါ🚨🏃

ဘယ်မြို့မှာနေနေ သတိထားသွားလာကြပါ🛑🚨
မေတ္တာဖြင့်သတိပေးခြင်းမျှသာ

30/05/2022

ဒီနေ့ဆီဆိုင်မှာ ဆီထည့်ဖို့စောင့်နေတုန်း
ရှေ့ကနေ ၅၀၀ ဖိုး ရလားလို့ မေးလိုက်တဲ့ အသံကြောင့်

ရုတ်တရက်ရယ်ချင်သွားတယ်။

ဒီဆီဈေးနဲ့ ၅၀၀ဖိုးဆိုတာ စဉ်းစားကြည့်ပါ။

ဒါပေမယ့်လည်း ဘဝတွေရှိတယ်ဆိုတာ တကယ်ပဲ။

မော့ကြည့်လိုက်တော့ ဦးလေးကြီးတစ်ယောက်၊

လက်ထဲမှာလည်း အနှုတ်လေးတွေ ဆုပ်လို့၊

ပန့်ကိုင်တဲ့ ကောင်မလေးကလည်း အားနာသွား

ပုံရတယ်၊ ခုတလော ၅၀၀ ဖိုးမရောင်းပေးသေးလို့ပါ

ရှင့်တဲ့၊

ဦးလေးကြီးမှာ ၅၀၀ပဲ ပါပုံရတယ်၊

ဆိုင်ကမရောင်းပေးတော့

ဆီမထည့်ရသေးပဲ မောင်းထွက်သွားရှာတယ်။

ဆိုင်ထိပ်ကျ ခဏရပ်ပြီး လက်ထဲက အနှုတ်လေး

တွေကိုသေချာ ရေနေရှာတာ

မြင်လိုက်တော့ ရင်ထဲတော်တော်

စိတ်မကောင်းဖြစ်သွားတာ၊

အနှုတ်ကလေးတွေ၁၀၀၀ပြည့်မလားလို့
ခဏခဏ ရေနေရှာတယ်နဲ့တူတယ်၊

ဆိုင်ထဲကိုလည်း ပြန်လှည့်လှည့်ကြည့်ပြီး
တစ်ခုခုပြန်လာပြောရကောင်းနိုးနိုး
ချိတုံချိတုံဖြစ်နေပုံရတယ်၊

ကိုယ်မြင်ရသလောက်တော့ ၅၀၀ မကျော်ဘူး

ထင်တာပဲ။

သူ အပြန်ပြန် ရေတွက်နေတာကို
အစဆုံးမြင်နေရတယ်၊(ကိုယ်က ၅၀၀၀ ဖိုးထည့်တာဆိုတော့ နည်းနည်းကြာတယ်လေ)

ကိုယ်ကလည်း

အဲ့ဒီလို ဘဝတွေမြင်ရင် မငဲ့ကြည့်ပဲကိုမနေနိုင်တာ၊

တတ်နိုင်သလောက်တော့ ကူကောင်းပါတယ်လေလို့
သူ့အနားသွားမိတယ်။

”ဦးလေး "

ကျနော့် ဂရုဏာလေသံကို သူခံစားမိပုံရတယ်၊

အားကိုးတကြီး မော့ကြည့်ရှာတယ်၊

"ပေးပေး အဲ့ အနှုတ်တွေ ကျနော့်ကိုပေး..
ဒီတိုင်း အနှုတ်တွေကိုင်ပြီး သွားမေးရင်
ဦးလေးကို ဘယ်သူကမှ အရေးတယူရှိမှာမဟုတ်ဘူး"

သူ အားနာနေပုံရတယ်၊ ချက်ချင်းမပေးဘူး၊

ကိုယ် သူ့မျက်ဝန်းတွေကို နားလည်ပါတယ်၊

သူ ပေးရကောင်းနိုးနိုး တစ်ခုခုပြောချင်နိုးနိုး
ဝေခွဲမရဖြစ်နေပုံရတယ်၊

ကျနော်လည်း သူအနေရခက်မှာဆိုးတာနဲ့

ဆတ်ခနဲ သူ့လက်ထဲက
အနှုတ်လေးတွေဆွဲယူပြီး အိတ်ထဲကနေ

ငါးရာတန် အသစ်ချပ်ချွတ်တစ်ရွက် ထုတ်ပေးလိုက်
တယ်၊

"ရော့ ဦးလေး ကျနော် အနှုတ်လဲ ပေးလိုက်မယ်၊
ဦးလေးလည်း ခဏခဏ ထုတ်မရေရတော့ဘူးပေါ့
ကိုင်ရလည်း လွယ်တယ်လေ၊
ခွင့်ပြုဦးနော် ဦးလေး "

နှုတ်ဆက်ပြီး ကျနော် မောင်းထွက်လာခဲ့လိုက်
တယ်။

လှည့်မကြည့်လည်း သူ အံ့ဩဝမ်းသာပြီး
ကျန်ခဲ့မယ် ဆိုတာသိပါတယ်။

ကျနော်လည်းပီတိကိုစား အားရှိရတာပါပဲ၊

ပီတိဖြစ်ရပုံများ ဒီလောက်နဲ့ မပြီးဘူးဗျာ၊
တကယ်ပါ

လမ်းမှာ အမောပြေ ဘီယာဆိုင်ခဏဝင်ထိုင်တော့

သူ့ အနှုတ်လေးတွေထုတ်ရေမိတော့မှ
လားလား
၉၅၀ တောင်ဗျာ

စေတနာ လက်ငင်း အကျိုးပေးတယ်ဆိုတာ
တကယ်ပါပဲ။

နောက်ထပ်၂၅၀ပဲစိုက်ရပြီး တိုက်ဂါးတစ်ခွက်ဖိုး
ပိုထွက်လာတယ်လေ။

စိတ်ထားကောင်းရင် ကံကောင်းတယ်ဆိုတာ လက်တွေ့ပဲ

မူရင်းရေးသားသူ

29/05/2022

ဘဝ မှာ
ကိုယ်နဲ့ ပတ်သက်ရတဲ့လူတိုင်းဟာ

သံသရာ အဆက်ဆက်က
ပါလာတဲ့ ရှေး ရေစက်ကြောင့်ပါ!

တစ်ချို့ကကိုယ်က
ပေးဆပ်ရမယ့် ဝဋ်ကြွေးကို

ပြန်ယူဖို့ အကြောင်းနဲ့
ဆုံလာကြတာ။

တစ်ချို့ကတော့ကိုယ့်ဆီကနေ
ကြွေးသစ် ယူသွားကြတဲ့သူတွေလည်း
ရှိမှာပေါ့လေ။

ပြုသူအသစ်
ဖြစ်သူအဟောင်း တဲ့

ဘာပဲ ဖြစ်ဖြစ်ပေါ့
အကြောင်း"မကင်းလို့ ပေါင်းသင်း ကြရတာ

အကြောင်း" ရှိလို့ ပေါင်းမိ ကြရတာပါပဲ။
ကိုယ်က ကောင်းပါလျက်နဲ့

ကိုယ့်ကို အနိုင်ကျင့်"တာ ခံကြရတဲ့ အခါ

စော်ကား"တာကို ခံကြရတဲ့ အခါ
သူ့အတွက်” ဘယ်လောက်ကောင်းအောင်လုပ်ပေးလုပ်ပေး အကောင်းမမြင်တဲ့ အခါ

ငြိုငြင်"တာကို ခံကြရတဲ့ အခါ

အထင်"လွဲတာကိုခံကြရတဲ့ အခါ

သစ္စာ"ဖောက်တာကို ခံကြရတဲ့ အခါ

ဒီလိုလေးသာ နှလုံးသွင်းလိုက်ပါ။

ပေးဆပ်ရမယ့် ဝဋ်ကြွေးတွေ တစ်ခုပြီး တစ်ခုကျေသွားတယ် လို့ပဲသဘော့ ထားလိုက်ပါ။

ခံရတဲ့ သူကအဟောင်း ခံရတာပါ။

လုပ်တဲ့ သူကသာအသစ် လုပ်နေတာပါ။

များများ ပေးဆပ်ရရင်မြန်မြန်ကျေတာပေါ့ လို့ သဘော့ ထားပြီး

အခြေအနေ တစ်ချို့ကိုကျေနပ် လက်ခံလိုက်ပါ။

ကိုယ့်ရဲ့အတ္တကိုဖြေးဖြေးလေး ဖြေလျှော့လိုက်ပြီး

ဘယ်သူကိုမှ တင်းတင်းကြပ်ကြပ်
မနှောင်ဖွဲ့တော့ဘဲ

ဖြစ်လွယ်ပျက်လွယ်တဲ့ သဘော့တရားကို
နားလည် လက်ခံနိုင်ခဲ့ရင်

အနည်းနဲ့ အများတော့စိတ်" သက်သာရာတွေ ရလိမ့်မယ်လို့

မျှော်လင့်မိပါတော့တယ်။
မူရင်းရေးသားသူ Crd ပေးပါတယ်ဗျ

Photos from Ko Myint Ko-M.K's post 21/05/2022

ကဲကဲ ကဲ စျေးတန်တန် လေး တစ်ကွက် အရောင်း
ဖွင့် ပါပြီဗျာ
🏘 စစ်ကိုင်း* မန္တလေး လမ်းတင်
💠 အကျယ် အဝန်း 4️⃣0️⃣✖6️⃣0️⃣

💠 စျေးနှုန်း သိန်း 8️⃣0️⃣0️⃣ ညှိနှိုင်း

💠 တည်နေရာ အမရပူရမြို့|ရွှေကြက်ယက်တိုက်နယ်| နန်းမတော်ရပ်

💠 လမ်း အကျယ် 2️⃣5️⃣ ပေ ကတ္တရာလမ်း
မြို့ပတ် လမ်း

စိတ်ဝင်စားလို့ လေ့လာချင် ရင်တော့

MK အိမ်ခြံမြေ အကျိုးဆောင်

📲09790177202
☎09968354111 ကို ဆက်သွယ်လိုက်ပါဗျ

◾◾◾◾◾◾◾◾◾◾◾◾◾◾◾

08/05/2022

မန္တလေးတိုင်းဒေသကြီး ပုသိမ်ကြီးမြို့နယ်

ဇီးချိုကုန်းကျေးရွာအုပ်စု

မျိုးသိန်း - 3 ဆီဆိုင် နှင့် မျက်နှာချင်းဆိုင် လမ်းမှ

၂ မိနစ်ခန့် ၀င်ရ

***၂၅ ပေ ကွန်ကရစ်လမ်းမေးတင်***

ပေ(40×40) အကျယ်အဝန်း ရှိ

မြေကွက် အမှတ် - N-18 အရှေ့ဘက်လှည့်
မြောက်ဘက်လှည့်

၂ မိန်း ဒေါင့်

အဆောက်အဦး မပါ မြေကွက်အလွတ်

ရောင်းစျေး ကျပ်သိန်း (150)

------------------------------------------------------------
***၂၅ ပေ ကွန်ကရစ်လမ်းမေးတင်***

ပေ(20×40) အကျယ်အဝန်း ရှိ

မြေကွက် အမှတ် - L -5 အရှေ့ဘက်လှည့်
မြောက်ဖက်လှည့်
၂ မိန်းဒေါင့်

အဆောက်အဦး မပါ မြေကွက်အလွတ်

ရောင်းစျေး { 75 }သိန်း ကျပ်

--------------------------------------------------------------
*** ၂၅ ပေ ကွန်ကရစ် လမ်း မေးတင်***

ပေ(20×40) အကျယ်အဝန်း ရှိ

မြေကွက် အမှတ် - P- 5 ​အရှေ့ဘက်လှည့်
မြောက်ဖက်လှည့်
၂ မိန်း ဒေါင့်

အဆောက်အဦး မပါ မြေကွက်အလွတ်

ရောင်းစျေး{ 75 } သိန်း ကျပ်

ဆက်သွယ်ရန် 09-790177202 ,09-968354111

Photos from Ko Myint Ko-M.K's post 06/05/2022

မိုး ချုပ် ပေမယ့်လည်း
လာကြည့်မယ့်ဧည့်သည်က
ညနေမှ အားသော အခါ
တော်သေးတာပေါ့ ကွင်းထဲက
မီး ရနေလို့😁

6.5.2022 Fri
7:05 Pm

Want your business to be the top-listed Shop in Modasa?
Click here to claim your Sponsored Listing.

Website

Address


Modasa
383315
Other Shopping & Retail in Modasa (show all)
Emaad Business Park Emaad Business Park
Modasa, 383315

warehouse and shops

Patel Cloth Stores. Patel Cloth Stores.
Patel Cloth Store
Modasa, 383315

Patel Cloth stores is the first readymade garment shop of the modasa city and it Was started by Shri Govindbhai Patel since 1958.

Anar Sales Depot Anar Sales Depot
Anar Sales Depot
Modasa, 383315

Cement | Steel | Paints | Sanitaryware | Faucets | Pipes & Fittings | Water Tanks

A - ONE Electricals A - ONE Electricals
Modasa, 383315

New World Of Mobile New World Of Mobile
Modasa, 383315

ALL BRANDS MOBILE AND ACCESSOIRES

Bhagyalaxmi Jewellers Bhagyalaxmi Jewellers
Modasa, 383315

*Manufacturing & selling gold and silver ornaments, *All type of money exchange and we have franchis

parmar_indrajit_48 parmar_indrajit_48
Medhasan
Modasa, 383276

Nan Khin Aye Nan Khin Aye
Modasa, 383315

Anoopam  Prakrutik Krushi Kendra Modasa Anoopam Prakrutik Krushi Kendra Modasa
OPP. Palate Restaurant
Modasa, 383315

Natural Farming, Save Land Save Farmers, Trust in Soils power

Shree Ganesh Churn Shree Ganesh Churn
Malpur
Modasa, 383345

Shree Ganesh Churna is very beneficial for your health. Diseases such as indigestion, gas, acidity etc. are eradicated from the roots. Shree Ganesh churna used one time and you wi...