likhy kima youth

likhy kima youth

likhy လူငယ်များအသိပညာဖလှယ်ခြင်း

IELTS Writing Task 1 | How to do IELTS 04/01/2024

Scholarship ရာသီနီးလာပြီမို့ စိတ်၀င်စားမယ့်သူတွေအတွက် self -study လုပ်နိုင်ဖို့ သိသလောက်လေး မျှဝေပေးချင်ပါတယ်။ Englishအခြေခံအစထဲက ကောင်းတဲ့၊ စာဖတ်နိုင်တဲ့သူတွေအတွက်မဟုတ်ဘဲ အလုပ်တစ်ဖက်နဲ့ အချိန်နည်းတဲ့သူတွေအတွက် အကူညီဖြစ်ဖို့ ရည်ရွယ်ပါတယ်။

IELTS Test books
Cambridge book 1 to 17 စာအုပ်ပဲ ဖြစ်ဖြစ် free download ပဲဖြစ်ဖြစ် လုပ်ပြီး ပုံမှန် လေ့ကျင့်ဖို့ကတော့ အရေးကြီးဆုံးပါ။ အချိန်မရရင်တောင် 10 to 17 ကိုတော့ မဖြစ်မနေ‌လေ့ကျင့်သင့်ပါတယ်။ စာအုပ်၀ယ်လို့ရနိုင်သလို listening file အပါအဝင် free download လုပ်လို့ရပါတယ်။

Writing အတွက် ကတော့
https://howtodoielts.com/category/writing-task-1/
https://howtodoielts.com/category/writing-task-2/
ဒီpage က writing sample တွေကို လေ့လာစေချင်ပါတယ်။ ကိုယ်တွေဖြေတုန်းက Task 2 မှာ ဒီထဲက မေးခွန်းပြန်ပါလာပါတယ်။
Writing Task 1 and 2 ကို Sample Essay တွေလေ့လာပြီး မေးခွန်းပုံစံတစ်မျိုးချင်းစီကို အချိန်နဲ့ လေ့ကျင့်သင့်ပါတယ်။ ကိုယ်ရေးထားတဲ့ essay ကို စစ်ပေးနိုင်မယ့် ဆရာရှိရင်တော့ အကောင်းဆုံးပါ။ ဆရာမရှိရင်တော့ တစ်ချို့ အခမဲ့လေ့ကျင့်လို့ရတဲ့ website https://writeandimprove.com/ မှာ အစမ်းရေးကြည့်ကြည့်လို့ရပါတယ်။
စာမေးပွဲနီးလာလို့ ကိုယ်တိုင်ရေးဖို့ မမှီတော့ ရင် သူများရေးထားတဲ့ နမူနာလေးတွေ လိုက်ဖတ်ပါ။

Speaking အတွက် https://www.youtube.com/ ကို ကြိုက်ပါတယ်။

ဒီpage https://takeielts.britishcouncil.org/take-ielts/prepareကနေ လုပ်ပေးတဲ့ free webinar တွေကလည်း အတိုင်းအတာတစ်ခုအထိ အကျိုးရှိပါတယ်။
Free IELTS Preparation Webinars and Study Pack | Take IELTS (britishcouncil.org)

Computer Familiarisation Test ကို အခုလင့်ခ် https://takeielts.britishcouncil.org/.../familiarisation…
Listening and Reading ကို
https://mini-ielts.com/listening
https://mini-ielts.com/reading ကနေလေ့လာနိုင်ပါတယ်။

IELTS နဲ့ ပတ်သက်ပြီး လေ့လာဖို့ Websitesမှာ You tube မှာ page တွေအများကြီးရှိပေမယ့် ကိုယ့် အတွေ့အကြုံအရ အကုန်လုံး လိုက်လေ့လာတာထက် ကိုယ်အဆင်ပြေမယ့် တစ်ခုခုကိုပဲ သတ်သတ်မှတ်မှတ်လေ့လာတာက ပိုထိရောက်ပါတယ်။
လေ့လာနည်းပုံစံက တစ်ယောက်နဲ့တစ်ယောက်တော့ မတူနိုင်ပါဘူး။ တစ်ချို့ကတော့ အမှတ်ရဖို့အတွက် အမှတ်ပြည့်ရနိုင်တဲ့ Listening,Readingကို ပိုအာရုံစိုက်ဖို့ အားပေးကြပေမယ့် ကိုယ့်အနေနဲ့ဆိုရင် ၄ ခုစလုံးကို တွဲလေ့ကျင့်တာက ပိုအထောက်အကူဖြစ်ခဲ့ ပါတယ်။ အမှတ်ညီဖို့ဆိုရင် four skills ကို မျှပြီး လေ့လာတာမျိုး၊ complete set မေးခွန်းပုံစံကို လေ့ကျင့်တာမျိုး။ Listening,Reading နဲ့ Writing ကိုတကယ့် စာမေးပွဲဖြေသလို ဆက်တိုက်လေ့ကျင့်တာက တကယ့်စာမေးပွဲ stressကို လျော့ကျ စေပါတယ်။ တစ်ပတ်တစ်ခါလောက်တော့ မေးခွန်းတစ်ခုလုံးစာ လေ့ကျင့်ထားသင့်ပါတယ်။ ။ကျောင်းတော်တော်များများက overall 6.5 နဲ့ All band at least 6 တောင်းတတ်ကြပါတယ်။ overall 6.5/7 ရပေမယ့် တစ်ခုခုမှာ 6 ထက်နည်းရင် ပြန်ဖြေရတတ်လို့ပါ။
နောက်တစ်ခုက computer based မှာ Listening, Reading,Writing ကိုအရင်ဖြေပြီးမှ speaking ကို နောက်မှဖြေတာက ပိုပြီး stressကို လျော့ စေပါတယ်။ ပထမတစ်ခါဖြေတုန်းက Speaking ကိုအရင်ဖြေလိုက်တော့ စိတ်လှုပ်ရှားတာရော၊ ဆက်တိုက် စူးစိုက်လိုက်ရတာရောနဲ့ Listening, Reading,Writing အထူးသဖြင့် Reading အချိန်မှာထူပူပြီး စာပိုဒ်ကိုတောင် နားလည်အောင်မဖတ်နိုင်တော့ဘဲ အချိန်မမီ၊ အမှတ်နည်းသွားခဲ့ပါတယ်။ အဓိကက စိတ်မပူဖို့၊ ပျာယာမခတ်ဖို့ အရေးကြီးပါတယ်။ အာရုံစူးစိုက်ပြီး အချိန်နဲံ့ လုဖြေရတာ ဖြစ်တဲ့အတွက် စိတ်ပူသွားရင် တောက်လျှောက် ခက်ခဲသွားပါလိမ့်မယ်။
Training
Self -study မဟုတ်ဘဲ သင်တန်းတက်ချင်တယ်ဆိုရင်တော့ ကိုယ်တက်ဖူးတဲ့ IELTS Key/Starlight IELTS ကို recommend ပေးပါတယ်။
မေးခွန်းမေးနိုင်တဲ့ ပုံစံ၊ အမှတ်ယူရမယ့်ပုံစံ၊ tips and tricks တွေကို သေချာရှင်းပြပေးပါတယ်။ skill တစ်ခုချင်းစီအတွက် ပြန်နားထောင်၊ လေ့ကျင့်ဖို့ facebook gro​up videos တွေလည်း လုပ်ပေးထားတဲ့အတွက် သင်တန်းတက်ပြီးရင်လည်း လေ့လာလို့ရပါတယ်။

Credit:Naw Lydia

Naw Lydiaက မှာ 2018-2019လောက်က လူကိုယ်တိုင် သင်တန်းတက်ခဲ့ပြီး ၊ 2022မှာ zoomအတန်းတက်ခဲ့တာပါ။

နာမည်ကြီးscholarahipရပြီး အခု Australia မှာကျောင်းတက်နေသူ

IELTS Writing Task 1 | How to do IELTS We will get back to you as quickly as our team of customer service monkeys can! You can also try sending us a message on facebook.com/howtodoielts

Photos from likhy kima youth's post 21/09/2023

ဒီချိန်ဆို likhy chin လူမျိုးများသည် တောင်ယာစပါးများရိတ်သိမ်းရန် တောင်ယာသို့ ပြောင်းရွေ့ကြသည်။
crd

Photos from Likhy Chin Sky's post 20/09/2023

Likhy chin လူမျိုးများသည် ကီမာတောင်ခြေတွင် နေထိုင်ကြသည်

Telephone

Website