Vawsai hratua

Vawsai hratua

1 page liata Mara reih hlei khopata Burmese, English Mizo,Lai, reih zy ta Post tao tyh pa a cha.

01/12/2023

ECM Headquarter patopatia pata Râh châta Thlachhana daihti 29/11/2023 Za liata Siaha Vaihpi tlylia liata ahmapâ a châ.

20/11/2023

မျက်မည်းဂနိုင်အရပ်တွင် ကြွေလွင့်သွားသော တောပန်းတစ်ပွင့် REV. VIOLET LOUISE ANNE LORRAIN (1938 – 2023)

အရှေ့ မိုးကုတ်စက်ဝိုင်း၏ အမှောင်ထုကို အောင်နိုင်ပြီး ထွက်လာသော နေမင်းကြီးအလင်းရောင်က မွေးဖွားသန့်စင်ပေးသော ဤနေ့သစ် ၂၀၂၃ ခုနှစ်၊ နိုင်ဝင်ဘာလ (၁၅) ရက်၊ ဗုဓ္ဒဟူးနေ့ သည်ကား Rev. Violet ၏ ကျန်ရစ်သော ရုပ်ကလာပ်ကို မြေကြီးဝမ်းတွင်းသို့ အပ်နှံရသည့် နေ့ပင်တည်း။ ကျေးဇူးရှင် သာနာပြုဆရာများ၏ နောက်ဆုံးမျိုးဆက် Rev. Violet အတွက် မရာတမျိုးသားလုံး ငိုကြွေး မြည်တမ်း ခြင်း၊ ဝမ်းနည်းပူဆွေးခြင်းရက်သတ္တပတ်အဖြစ် နိုဝင်ဘာလ (၁၃) မှ (၁၉) ရက်ထိ (၇) ရက်တိတိ သတ်မှတ်သည်။

ရေမြေဒေသအရပ်ရပ်တွင် ပြန့်နှံ့နေထိုင်သော မရာလူမျိုး တမျိုးသားလုံး ရောက်ရှိရာအရပ်တွင် ရင်ကွဲ မတတ် ကြေကွဲဝမ်းနည်းပူဆွေးကြသည်။ တချို့ကအင်တာနက် ဆက်သွယ်ရေးနည်းပညာဖြင့် ရောက်ရှိ ရာအရပ်များတွင် ဝမ်းနည်းခြင်း၊ ဂုဏ်ပြုခြင်း များထုတ်ဖော်ကြသည်။ သူမ ကွယ်လွန်သည့် ရက်တွင်ပင် မီဇိုရမ်ပြည်နယ်၊ မရာကိုယ်ပိုင်အုပ်ခွင့်ရ အစိုးရ( Mara Autonomous District Council ) က၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ (၁၃) ရက် နေ့စွဲဖြင့် ဆာကူလာ (Circular) ထုတ်ပြန်သည်။ ဝမ်းနည်းခြင်း၊ ဂုဏ်ပြုခြင်းအထိမ်းအမှတ်အဖြစ် ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ (၁၃) မှ (၁၉) ရက်ထိ (၇) ရက်တိတိ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ အစိုးရရုံးနှင့် ဝန်ကြီးချုပ်နေအိမ်ရှေ့များတွင် ထူထားသည့် အလံများ တစ်ဝက် လျှောချလွှင့်ထူရန် (half-mast flag)၊ ဖော်ပြပါ ရက်များအတွင်း ပျော်ပွဲ ရွှင်ပွဲများ မကျင်းပရန် တိုက်တွန်းနှိုးဆော်ပြီး၊ မြေမြှုပ်သင်္ဂြိုဟ်သည့် နိုင်ဝင်ဘာလ (၁၅) ရက်ကို ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒီစတြိတ် အစိုးရ ရုံးပိတ်ရက် အဖြစ်ကြေညာချက်ထုတ်ပြန်သည်။ ဒေသတွင်း ဩဇာကြီးမားသော မရာလူငယ် အစည်းအရုံး (Mara Thyutlia Py) ကလည်း ထိုသတ်မှတ်ရက်အတွင်း မရာမိသားစုနေအိမ်တိုင်းတွင် အနက်ရောင်အလံ လွှင့်ထူရန်နှင့်၊ သူမ၏ ရုပ်ကလာပ်ထားရှိရာ ဆိုင်ကိုးရွာသို့ ဦးတည်သော ကားလမ်း မကြီးများတွင် ကုန်တင်ကားကြီးများ ဖြတ်သန်းသွားလာခြင်းမပြုလုပ်ရန် နှိုးဆော်စာ ထုတ်ပြန်သည်။ မရာနယ်မြေတစ်ခုလုံး တိတ်ဆိတ်ညိမ်သက်နေသည်။ နိုဝင်ဘာ (၁၅) ရက်နေ့ ဆိုင်းဟား မြို့မြင်ကွင်း သည် ကိုဗစ် ၁၉ ကာလ ကဲ့သို့ပင် ညိမ်သက်နေသည်။ မရာလူမျိုးများသည် မိမိတို့ အသိစိတ်စေ့ဆော်မှု ကြောင့် ကြိုတင်စီစဉ်ထားသည့် ပျော်ပွဲရွှင်ပွဲ အခမ်းအနားများ ရပ်ဆိုင်းကြသည်။ မိမိတို့ နေအိမ်တွင်း နေထိုင်ပြီး ဝမ်းနည်းပူဆွေးခြင်းကာလ ကို ဖြတ်သန်းကြသည်။

နိုဝင်ဘာလ ၁၃ မှ ၁၅ ရက်တွင်း မီဇိုရမ်ပြည်နယ်နှင့် မရာနယ်အရပ်ရပ် ကျေးရွာများမှ သောင်းချီသော လူထုသည် သူမ၏ ရုပ်ကလာပ်ထားရှိရာ ဆိုင်ကိုးရွာသို့ တိုးဝှေ့ကာ ခြေလျင်၊ ကားများဖြင့် အလူး အယှက်လာကြပြီး၊ နောက်ဆုံးဂါဝရပြု၊ နှုတ်ဆက်၊ ဂုဏ်ပြုစကားများဆိုကြသည်။ တချို့က ညသန်း ခေါင်ယံတွင် ဆိုင်ကိုးရွာ ရောက်ရှိပြီး၊ တချို့မှာ နံက်အာရုဏ်ဦးတွင် ရွာဝင်သည်။ သာသနာပြု ရုံးစိုက်ခဲ့သော တောင်ကုန်းငယ်လေးပေါ်တွင် နေ့ရောညပါ ကြက်ပျံမကျ လူစည်ကား ပြည့်ကြပ်နေသည်။ အနယ်နယ်အရပ်ရပ်မှ လာရောက် ဂုဏ်ပြု၊ ဂါဝရပြု၊ နောက်ဆုံးနှုတ်ဆက်စကား လာဆိုသော ဧည့်သည်များစားရေးသောက်ရေးအတွက် နေရာအနှံမှ ငွေကြေး၊ ဒေသနွားနောက်၊ နွား၊ ဝက်၊ ဆိတ်၊ ကြက်၊ ဟင်းသီးဟင်းရွက်၊ ဆန်၊ ဆီ၊ ဆား၊ သကြား၊ စသည့် လှူဘွယ်ပစ္စည်းများပါဝင်လှူဒါန်းကြသည်။ အရပ်ရပ်မှ လာရောက် လုပ်အားပေး လူကြီး လူငယ်များက ဝေယျာဝစ္စ၊ ကိစ္စကြီးငယ်များ စီမံခန့်ခွဲသည်။

အိန္ဒိယနိုင်ငံ မရာအသင်းတော် ( Evangelical Church of Maraland) ဘုရားရှိခိုးကျောင်း တည်ရှိရာ နေရာတိုင်းတွင် ထိုနေ့ နိုဝင်ဘာလ (၁၅) ရက်၊ နေ့လည် ၁၂ နာရီတိတိမှ စ၍ အသင်းသူအသင်းသားများ နောက်ဆုံး ပြုအပ်သောဝတ် ပြုကြသည်။ နိုဝင်ဘာလ (၁၅) ရက်နေ့ အိန္ဒိယစံတော်ချိန် ၁၁ နာရီ ၃၀ မိနစ်မှစ၍ မြေသို့အပ်နှံခြင်းဝတ်ကို အသင်းတော် လုပ်ထုံးလုပ်နည်းအတိုင်း စတင်ပြုလုပ်သည်။ အသင်း တော်ခေါင်းဆောင်များ၊ အစိုးရ အကြီးအကဲများက နောက်ဆုံး နှုတ်ဆက်ခြင်း၊ ဂုဏ်ပြုခြင်း မိန်းခွန်းများ အသီးသီးချွေကြသည်။ အဖွဲ့အစည်းအသီးသီးမှ လွမ်းသူ့ပန်းခွေများချကြသည်။ အင်္ဂလန်၊ မီဇိုရမ် ပြည်နယ်နှင့် အခြားသော အနယ်နယ်အရပ်ရပ်က အသင်းတော် ဂိုဏ်းဂဃ အသီးသီးမှ ဝမ်းနည်းကြောင်း သဝဏ်လွှာများ ပေးပို့ကြသည်။ အသင်းတော်လူငယ်များက နှုတ်ဆက်သံစုံ သီချင်းများ ဆိုသည်။ ဂုဏ်ပြုခရာတီးမှုတ်သည်။ သူမ၏ မိခင်ကိုယ်တိုင် မရာဘာသာစကားဖြင့် ဘာသာပြန်ဆိုသော ဓမ္မသီချင်း “ Fading away like the stars of the morning……..Only remembered by what we have done; by Horatius Bonar” ဖြင့် နှုတ်ဆက်သီချင်းသီဆိုကြသည်။ အရပ်ရပ်မှ လာရောက်ကြသော လူငယ်များစုပေါင်းပြီး သီဆိုသော ဟာလေလုယား (Halleluiah Chorus) ဂုဏ်ပြုသီချင်းသံသည် ကြားရသူတိုင်း၏ ရင်ကို တုန်လှုပ်စေသည်။ မိုးကောင်းကင်ယံထိတိုင် အသံလှိုင်းများ ပျံတက်သွား သည်ဟု ထင်ရသည်။ အသင်းတော်၏ လုပ်ထုံးလုပ်နည်းအတိုင်း နောက်ဆုံပြုအပ်သော ဝတ်ပြုပြီး၊ သိက္ခာတော်ရ ဆရာတော်များက ရုပ်ကလာပ်ထားရှိသော ခေါင်းတလားကို ထမ်းရွက် သယ်ဆောင်ပြီး၊ ညနေ ၄ နာရီခန့်တွင် သူမ၏အဖိုးအဖွား၊ သူမ၏ ဖခင် မိခင်များ သင်္ဂြိုဟ်သည့်နေရာ သင်္ချိင်းမြေ၌ ဂူသွင်း မြေမြှုပ် သင်္ဂြိုဟ်သည်။ နှစ်ပေါင်း ၁၁၆ ခုနှစ်အတွင်း ပထမဆုံးအကြိမ် မရာလူမျိုးများ၏ ရင်ထဲတွင် သဲကန္တာရ မျှ လေဟာနယ် ကျန်ရစ်ခဲ့သည်။ အထီးကျန်ခြင်းခံစားကြရသည်။

ပူဆွေးဝမ်းနည်းခြင်းကာလ ရက်သတ္တပတ် နောက်ဆုံးနေ့ရက် ဖြစ်သည့် နိုဝင်ဘာလ (၁၉) ရက်၊ တနင်္ဂနွေနေ့တွင် မရာဧဝံဂေလိအသင်းတော် ဘုရားရှိခိုးကျောင်းတည်ရှိရာ နေရာတိုင်းတွင် Rev. Violet အတွက် နောက်ဆုံးပြုအပ်သော ဝတ်ပြုကိုးကွယ်ခြင်း ဝတ်ပြုကြပေမည်။


မရာလူထုတစ်ရပ်လုံးကို တုန်လှုပ်စေသော Rev. Violet ကမည်သူနည်း။

မရာ သာသနာပြုဆရာ/ဆရာမကြီးများ၏ နောက်ဆုံးမျိုးဆက် သာသနာပြုဆရာမကြီး Rev. Violet သည် ဖခင် Rev. A.B. Lorrain Foxall နှင့် မိခင် Mrs. Louise Marguerite Tlôsai Lorrain တို့မှ ၁၉၃၈ ခုနှစ်၊ ဧပြီလ (၁၆) ရက်တွင် မရာနယ် သာသနာပြုရုံးစိုက်ရာ ဆိုင်ကိုးရွာ၊ ယခင်လူရှေတောင်တန်း၊ ယခု မီဇိုရမ် ပြည်နယ်၌ ဖွေးဖွားသန့် စင်ခဲ့သည်။ မရာလူမျိုး အမျိုးသား Rev. Mark Lapi နှင့် ၁၉၆၉ ခုနှစ်၊ ဒီဇင်ဘာလ (၁၁) ရက်တွင် လက်ထပ်ထိမ်းမြားပြီး၊ သား သုံးဦးနှင့် သမီးတစ်ဦးထွန်းကား သည်။ သူမ၏ ချက်ကြွေရာ ဇာတိမြေ မရာနယ်ကို သူမ ဘဝတမျှတွယ်တာသည်။ ဥရောပလူနေမှုစနစ်နှင့် အစားစာများကိုပင် စွန့်လွှတ်ပြီး၊ မရာလူနေမှု၊ မရာအစားအစာများနှင့် တင်းတိမ်ရောင်းရဲသည်။

၁၉၅၉ ခုနှစ်တွင် သူမ အဖိုးတည်ထောင်ခဲ့သော လာခဲရ် ရှေ့ဆောင်သာသနာ (Lakher Pioneer Mission) မှ သာသနာပြုဆရာမအဖြစ် ခန့်အပ်တာဝန်ပေးသည်။ မရာအသင်းတော်၏ မိခင်အသင်း ဥက္ကဌ တာဝန်နှင့် အခြားသော အသင်းတော်တာဝန်များ အဆက်မပြတ် ထမ်းဆောင်သည်။ Rev. Dr. Lambert Carter, Moderator of the Congregational Federation of New South Wales က ၁၉၉၄ ခုနှစ်၊ ဖေဖော်ဝါရီလ (၂၈) ရက်နေ့တွင် Mrs. Violet အား လက်တင်မင်္ဂလာ (Ordination) ပေးသည်။ သက်တော် ၈၅ နှစ်တိုင် သေစ္စာရှိစွာ အမှုတော်မြတ်ထမ်းဆောင်ပြီး၊ မရာလူမျိုးများနှင့် တသွေးတသားတည်း ရပ်တည်သက်ရှင်သည်။ မရာလူမျိုးများနှင့် အတူတကွ လက်တွဲပြီး ခက်ခဲသော ဘဝရုန်းကန်နေစဉ် ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ (၁၃) ရက် အိန္ဒိယစံတော်ချိန် နံက် ၈ နာရီ မိနစ် ၁၀ တွင် နောက်ဆုံးသော ထွက်သက်ဝင်သက် အဆုံးသတ်ခဲ့သည်။ သူမ၏ အဖိုးအဖွားများက ၁၉၁၄ ခုနှစ်တွင် တည်ဆောက်ခဲ့သော သွပ်မိုး၊ သစ်တိုင်၊ ဝါးထရံကာ နေအိမ်အိုကြီးတွင်ပင် ခေါ်တော်မူခြင်းခံသည်။ သူမ ခင်တွယ်သော မရာမြေ၊ သူမ တန်ဖိုးထားသော မရာလူထု၊ သူမ ချစ်သော ခင်ပွန်း၊ သားသမီး၊ မြေးများကို ကြောခိုင်းပြီး၊ သူမ ဘဝတစ်ခုလုံး ယုံကြည်ကိုးစားသော ထာဝရဘုရာင်းသခင်၏ ရင်ခွင်တော်၌ထာဝရ ခိုနားခဲ့လေပြီ။

Rev. Violet သည် မရာလူမျိုးများ၏ ပထမဆုံးသာသနာပြုဆရာကြီး Rev . R.A. Lorrain နှင့် ဇနီး Ms. Maud Louise Ulander Lorrain တို့၏ တစ်ဦးတည်းသော မြေးဖြစ်သည်။ မရာလူမျိုးတို့ကို သာသနာပြုရန် တင်ပြသည်ကို ထိုစဉ်က သာသနာပြုအသင်းကြီးများက ငြင်းပယ်သဖြင့် R.A. Lorrain သည် စိတ်အားထက်သန်သော စေတနာရှင် ယုံကြည်သူ တစ်စုဖြင့် ဖေဖော်ဝါရီလ (၁၁) ရက်၊ ၁၉၀၅ ခုနှစ်၊ လန်ဒန်တွင် “လာခဲရ် ရှေ့ဆောင်သာ သနာ” ( Lakher Pioneer Mission) တည်ထောင်သည်။ သာသနာဆောင်ပုဒ်မှာ “ ဆုတောင်းခြင်း ပေါ်တည်ဆောက်၊ ယုံကြည်ခြင်းဖြင့် လုပ်ဆောင်” ( FOUNDED ON PRAYER AND LAUNCH IN FAITH)ဟုဆိုသည်။

လောရိန်းတို့ ဇနီးမောင်နှံ သည် ဇန်နဝါရီလ (၁၈) ရက်၊ ၁၉၀၇ ခုနှစ်၊ သောကြာနေ့ နံနက်အာရုံဦး ချိန်တွင် နေမဝင်အင်ပါရာဟု တင်စားခေါ်တွင်သော လန်ဒန်မြို့ကို ကျောခိုင်းပြီး၊ ထွက်ခွာလာခဲ့သည်။
၁၉၀၇ ခုနှစ်၊ စက်တင်ဘာလ (၂၆) ရက်၊ ညနေ (၄) နာရီတွင် သာသနာပြုလုပ်ငန်း ရုံးစိုက်မည့် ဆိုင်ကိုး (Saikao @ Tlôsai) ရွာ ဆိုက်ရောက်ခဲ့ကြသည်။ ခုနှောင်းပိုင်း ဘာသာဗေဒပညာရှင်များက သတ်မှတ်သော မရာအက်င်္ဂ (Maraic) ဘာသာစကား အုပ်စုဝင်လူမျိုးစုများကို သာသနာနယ်အဖြစ် သတ်မှတ်ပြီး သာသနာပြုလုပ်ငန်း စတင်ဆောင်ရွက်ခဲ့သည်။

ယခင်လူရှေတောင်တန်း၊ ချင်းတောင်တန်း၊ မြောက်ပိုင်းအာရ်ကန်တောင်တန်း အုပ်ချုပ်ရေး နယ်မြေ တွင်းရှိ မရာအက်င်္ဂ အုပ်စုဝင် မရာလူမျိုးများနှင့် ခူမီးလူမျိုးများကို ယေရှုခရစ်တော်၏ တရားတော် ဟောကြားသည်။ နောက်ပိုင်းတွင် ‘ကားတိုင်စစ်သည်တော်များ’ (Soldiers of Cross) ခေါ် နယ်ခံ ကနဦး ယုံကြည်သူများကို တစ်လ ၄ ရူပီး ထောက်ပံ့ကြေးပေး၍ စေလွှတ်သည်။

လော်ရိန်းသည် သူမတိုင်ခင် တီထွင်ခဲ့သော မရာစာပေကို ပြန်လည် တီထွင်ဖန်တီးပြီး ၁၉၀၈ ခုနှစ်၊ မတ်ချ်လ (၁၆) တွင် အောင်မြင်စွာပြီးဆုံးသည်။ မရာဘာသာစကားဖြင့် သမ္မာကျမ်းစာ ဘာသာ ပြန်လုပ်ငန်းကို တစိုက်မတ်မတ် အာရုံစိုက်ပြီးလုပ်ဆောင်သည်။ နေ့ချိန်တွင် မရာစကားကို သင်ယူရင်း ညသန်းခေါင်ယံ ကျော်ထိ ဆီမီးခွက် ထွန်းကာ ကျမ်းစာ ဘာသာပြန်သည်။ ကျောက်ကပ်ရောဂါ ပြင်းထန်စွာ ခံစားနေချိန်ပင်လျှင် စားပွဲအောက်တွင် ဆီးအိုးထားပြီး နေ့ည မနား ဘာသာပြန်သည်။

သူ့ဇနီး Ms. Maud Louise Ulander Lorrain သည်လည်း သာသနာပြုလုပ်ငန်းတွင် အနီးကပ် ကူညီ လုပ်ဆောင်သည်။ ဥပုဒ်နေ့ကျမ်းစာသင်ကြားခြင်း၊ ကျမ်းစာပုံပြင်များသင်ကြားပေးခြင်း၊ လူမမာများအား ဆေးဝါးပေး ကုသခြင်း၊ အမျိုးသမီးများအား ခရစ်တော်၏မြတ်သောတရားတော်အပြင် စက်ချုပ် သင်တန်း၊ ဇာထိုးပန်းထိုး၊ မုန့်လုပ်နည်းများကိုလည်းသင်ကြားပေးသည်။ အပတ်စဉ် ကြာသပဒေးနေ့တွင် အပ်ချုပ်သင်တန်းပေးသည်ကို အစွဲပြု၍ ယနေ့တိုင် ကြာသပဒေးနေ့ကို မရာစကားဖြင့် အပ်ချုပ်နေ့ဟု ခေါ်တွင်သည်။ သောကြာနေ့က စာသင်ကျောင်းနောက်ဆုံးနေ့ဖြစ်၍ စာသင်နောက်ဆုံးရက်ဟု ခေါ်ဆို သည်။

နေ့ညမနား ၃၇ နှစ်တိုင် ခက်ခဲပင်ပန်းစွာ အမှုတော်မြတ်များဆောင်ရွက်နေစဉ် သက်တော် ၆၄ နှစ် အာရ်၊ အေ၊ လောရိန်းသည် ၁၉၄၄ ခုနှစ်၊ ဖေဖော်ဝါရီလ (၄) ရက်၊ နံက် ၄ နာရီ ၄၅ မိနစ်အချိန်တွင် ဖခမည်းတော်၏ ရင်ခွင်တော်၌ နားခိုခဲ့သည်။ သူ့ ရုပ်ကလာပ်ကို ဖေဖော်ဝါရီလ (၅) ရက်၊ နံက် ၁၀ နာရီ ၄၅ မိနစ်တွင် မြေမြှုပ် သင်္ဂြိုဟ်သည်။ သူခင်တွယ်သော မရာမြေ၊ ဆိုင်ကိုးရွာတွင် ခေါင်းချခဲ့သည်။

သူမ ခင်ပွန်းကွယ်လွန်ပြီး ၁၆ နှစ်တိုင် ခေါင်းပါးလှသော တောင်ပေါ်ဒေသတွင် အထီးကျန် ဘဝ ဖြတ်သန်း ခဲ့သည်။ အမှုတော်မြတ်ဆက်လက်ဆောင်ရွက်နေစဉ် ၁၉၆၀ ခုနှစ်၊ မေလ (၂၄) ရက်တွင် ခေါ်တော်မူ ခြင်းခံခဲ့သည်။ ကွယ်လွန်ချိန် တွင် အသက် ၈၄ နှစ်၊ မရာနယ်တွင် အမှုတော်ဆောင် သက် ၅၃ နှစ်ဖြစ်သည်။ ဒုတိယကမ္ဘာစစ်အတွင်း ဗြိတိသျှစစ်ဗိုလ်များ၏ စေတနာဖြင့် နေရပ်ပြန်ရန် တိုက်တွန်း ခြင်းကို ငြင်းဆန်ပြီး၊ မရာနယ်တွင် ကြံ့ကြံ့ခံ ရပ်တည်ကာ ဗြိတိသျှစစ်သည်တော်များကို ကူညီပေး ခဲ့ကြသည်။ ဗြိတိသျှအစိုးရမှ အာရ်၊ အေ၊ လောရိန်းအား ၁၉၃၇ ခုနှစ်၊ မေလ (၁၂) ရက်နေ့စွဲ့ဖြင့် “ King George VI Coronation Award, ၁၉၄၆ ခုနှစ်တွင် Mrs. Maud Louise Ulander Lorrain အား “Kaisar I Hind Medal” ဂုဏ်ပြုတံစိပ်များအသီးသီး ချီးမြှင့်ကြသည်။

အာရ်၊ အေ၊ လောရိန်းနှင့် Tlôsai Lorrain တို့တွင် သမီးတစ်ဦးထွန်းကားသည်။ ၁၉၀၉ ခုနှစ်၊ စက်တင်ဘာလ ( ၁၈) ရက်တွင် မရာမြေ ဆိုင်ကိုးရွာ၌ မွေးဖွားသည်။ ဆိုင်ကိုးရွားစားစော်ဘွားက Tlôsai (တလောင်ဆိုင်သူ) ဟုနာမည်ပေးသဖြင့် သူမနာမည်မှာ Mrs. Louise Marguerite Tlôsai Lorrain ဖြစ်လာသည်။ မရာများက Tlôsai ဟုခေါ်သည်။ Lakher Pioneer Mission မှ သာသနာပြုဆရာကြီး Rev. Albert Bruce Lorrain Foxall နှင့် လက်ထပ်ပြီး၊ သမီးတစ်ဦးထွန်းကားသည်။ ထိုသမီးမှာ ယခု Rev. Violet ပင်ဖြစ်သည်။

သာသနာပြုဆရာ ဇနီးမောင်နှံသည် သူတို့၏ မိဘများ မပြီးဆုံးသေးသော သာသနာပြုလုပ်ငန်း အားလုံးကို ခက်ခဲပင်ပန်းစွာ ဆက်လက်လုပ်ဆောင်ခဲ့ကြသည်။ Mrs. Tlôsai သည် သာသနာလုပ်ငန်းများ လုပ်ဆောင်နေချိန် ၁၉၆၈ ခုနှစ်၊ ဇွန်လ (၂၁) ရက်တွင် ပန်ဂျာပြည်နယ်၊ လူဒီယားနား ဆေးရုံတွင် ခေါ်တော်မူခြင်းခံသည်။ သူမ ချက်ကြွေရာ မရာမြေကို ခင်တွယ်သူဖြစ်သည်။ ဆေးကုသရန် ထွက်ခွာချိန် သူမချက်ကြွေရာ ဆိုင်ကိုးရွာမှ မြေသား ၂ ကီလိုဂရမ်ခန့် ယူဆောင်သွားခဲ့သေးသည်။ သူမ၏ ကျန်ရစ်ခဲ့သော ရုပ်ကြွင်းများကို မရာနယ်သို့ ပြန်ယူဆောင်လာပြီး ၁၉၉၂ ခုနှစ်၊ နိုဝင်ဘာလ (၆) ရက်နေ့တွင် သူမ မိဘများဘေးနားကပ်လျက် ပြန်လည် မြေမြှုပ်သင်္ဂြိုဟ်သည်။ သူမခင်ပွန်း Rev. A. B. Foxall လည်း ၁၉၇၇ ခုနှစ်၊ ဇူလိုင်လ (၂) ရက်နေ့တွင် ဆိုင်ကိုးရွာ၌ပင် ခေါ်တော်မူခြင်းခံသည်။

သူတို့အားလုံးက အလွန်ချစ်မြတ်နိုးသော တစ်ဦးတည်းသော မြေး၊ သမီးကို မရာလူမျိုးများ ရင်ခွင်ထဲ အပ်နှံပြီး၊ အိမ်တော်သို့ ပြန်သွားနှင့် ကြလေသည်။ ဤပုဂ္ဂိုလ်ထူးများသည်ကား Rev. Violet ၏ အဖိုး၊အဖွား၊ မိဘများပင် ဖြစ်ကြသည်။

သာသနာပြုဆရာကြီးများသည် မရာလူမျိုး တမျိုးသားလုံး ခရစ်တော်ဘုရား သိကျွမ်းခြင်းအသက်တာ၌ တည်ဆောက်ပေးခဲ့ကြသည်။

၁၉၃၈ ခုနှစ် မေလ (၂၄) ရက်တွင် ထိုစဉ်က သာသနာပြုဆရာကြီး တစ်ပါးမှ -
“လောရိန်းသာသနာသည် မိသားစု သာသနာ၊ စေတနာရှင်တစ်စု၏ အလှူပေါ်တွင်သာ ရပ်တည်သော သာသနာ၊ တစ်နှစ် ဘက်ဂျက်မှာ စတာလင်ပေါင် ၂၅၀၀၊ ၃၀၀၀ ခန့်သာရှိ၏။ ယခင်နှစ်ဆိုလျှင် အလှူငွေ လျော့နည်းသွားသည်။ အလှူရှင်များ သေဆုံးခဲ့ကြဟန်တူသည်။ လောရိန်းတည်ထောင်သော အသင်းတော် သည် National Christian Council of Assam ၏ အဖွဲ့ဝင်လည်းမဟုတ်ပေ” ဟု မှတ်ချက်ပြုခဲ့သည်။
၁၉၁၈ ခုနှစ်၊ နိုဝင်ဘာလ (၂၈) ရက်တွင် ယုံကြည်သူအနည်းငယ်မျှဖြင့် စတင်တည်ထောင်သော မရာ အသင်းတော် “Lakher Church” သည် ယခုတွင် ချင်းပြည်နယ်၊ မီဇိုရမ်ပြည်နယ်၊ ရခိုင်ပြည်နယ်၊ ရန်ကုန်၊ စင်ကာပူ၊ မလေးရှား၊ ဩစတြေးလျ၊ အမေရိကန် စသည့် နိုင်ငံများနှင့် နေရာအနှံတွင် ရပ်တည်နေလေပြီ။ ပြင်ပထောက်ပံ့မှုမယူဘဲ၊ သီးခြားလွပ်လပ်စွာ ရာစုနှစ် တစ်ခုကျော် ခိုင်မာစွာ ရပ်တည်နေသည်။ Myanmar Council of Churches ( May 1, 1985), Christina Conference of Asia (1989), World Communion of Reformed Churches ယခင် World Alliance of Reformed Churches ( 1993), World Council of Churches ( Feb.3, 2001), Lutheran World Federation (2010) တို့တွင် အဖွဲ့ဝင်အသင်းတော်အဖြစ်ရပ်တည်နေပေပြီ။

မရာဘာသာစကားဖြင့် စာပေများ ပြန်လည်ဖန်တီးတီထွင် ပေးခဲ့သည်။ မရာစာပေဖြင့် စာအုပ်စာပေများ ရေးသားထုတ်ဝေပေးခဲ့ကြသည်။ အိန္ဒိယနိုင်ငံ မရာကိုယ်ပိုင်အုပ်ချုပ်ခွင့်ရအစိုးရ ကျောင်းများတွင် အဠမတန်းထိ မရာဘာသာစကား သင်ယူသည်။ မြန်မာနိုင်ငံ ချင်းပြည်နယ်တွင် ပြည်နယ်အစိုးရ ခွင့်ပြုချက်ဖြင့် ၂၀၁၄-၁၅ ပညာသင်နှစ်မှစ၍ မတူပီ၊ ပလက်ဝ၊ ထန်တလန် မြို့နယ်တွင်းရှိ အခြေခံ ပညာရေးကျောင်းများတွင် မရာစာပေ သင်ကြားပေးလျက်ရှိသည်။

သာသနာပြုဆရာကြီး/ဆရာမကြီးများ၏ တစိုက်မတ်မတ် လုပ်ဆောင်မှုကြောင့် မရာဘာသာဖြင့် ခရစ်ယာန်သမ္မာကျမ်းစာအုပ်ကို ၁၉၅၆ ခုနှစ်တွင် The British and Foreign Bible Society of India and Ceylon မှ ထုတ်ဝေခဲ့သည်။ ထိုစဉ် လူရှေတောင်တန်း၊ ချင်းတောင်တန်း၊ မြောက်ပိုင်း အာရ်ကန် တောင်တန်း တွင်းရှိ လူမျိုးများတွင် ပထမနှင့် အဦးဆုံး ထုတ်ဝေသော ခရစ်ယာန်သမ္မာကျမ်းစာအုပ် အဖြစ် မှတ်တမ်းတင်သည်။

သာသနာပြုဆရာကြီး/ဆရာမကြီးများ၏ အမြော်အမြင် ညဏ်ပညာကြောင့် အန္ဒိယနိုင်ငံ ဖွဲစည်း အုပ်ချုပ်ပုံအခြေခံဥပဒေအရ မီဇိုရမ်ပြည်နယ်တွင် မရာကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ (Mara Autonomous District Council) အဖြစ် ရပ်တည်နေသည်။ ယခုတွင် ပိုမိုမြင့်မားသော လုပ်ပိုင်ခွင့်အတွက် လှုပ်ရှား လျက်ရှိသည်။

ရှိသေးသည်။ စာဖွဲ့၍ ကုန်နိုင်မည်မဟုတ်ပါ။ သူတို့သည် မရာလူမျိုးများအတွက် မပြိုလဲနိုင်သော သမိုင်းမှတ်တိုင်များ စိုက်ထူပေးခဲ့ကြသည်။ မရာလူမျိုးဖြစ်တည်မှုအတွက် ခိုင်မာသော အုတ်မြစ် များချပေးခဲ့ကြသည်။

ခရစ်သက္ကရာဇ် ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ (၁၅) ရက်တွင်မူကား မိစားစုဘဝကို ချစ်ခင်မြတ်နိုး တန်ဖိုး ထားကြသော သာသနာပြုဆရာ/ဆရာမကြီးမိသားစုဝင် ငါးပါးသည် သူတို့၏ သံယောဇဉ်ကြိုး ခိုင်မြဲစွာ ချည်နှောင်ပြီး ခင်တွယ်သော မရာမြေ မြေကြီးဝမ်းတွင်းတွင် ဘေးချင်းကပ်လျက် အတူတကွ ထာဝရ အိပ်စက်အနားယူကြလေပြီ။ နောက်ဆုံးသော ရှင်ပြန်ထမြောက်ရာနေ့ရက်ကို သူတို့ ချစ်သော မရာလူမျိုး တို့နှင့်အတူ မျှော်လင့် စောင့်ကြိုနေကြသည်။

Rev. Violet သည်ကား လူတိုင်းကြိုက်သော တော်ဝင် နှင်းဆီပန်းကဲ့သို့ ထယ်ဝါခမ်းညားမည်မဟုတ်ပါ။ မဲဇာအရပ် တောကြိုတောင်ကြား မျက်မည်းဂနိုင်အရပ်တွင် ပွင့်လန်းသော တောပန်းတပွင့် မျှသာ ဖြစ်ပေမည်။ သို့သော် တောရိုင်းပန်းမဟုတ်ပါ။ တောပန်းတစ်ပွင့်၏ မွှေးရနံ့သည် မရာမြေနှင့် မရာလူမျိုး များကြားတွင် ထာဝရ မွှေးကြိုင်နေအုံးမည်သာ။

(Rev. Violet အား ဂုဏ်ပြုသည့် ဤဆောင်းပါးကို ဦးဗန်နေ၊ ဥက္ကဌ၊ မရာစာပေနှင့် ယဉ်ကျေးမှုအသင်း၊ မရာဧဝံဂေလိအသင်းတော်၏ အသင်းဝင် ယုံကြည်သူ တစ်ဦးက မရာလူထုပူဆွေးဝမ်းနည်းခြင်း ရက်သတ္တပတ် ကာလအတွင်း ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ (၁၈) ရက်နေ့တွင် ရေးသားသည်)။

21/08/2023

.... vawsai Hratua ...
: Chapaw pakha kyhpachana hmeiseipa cha, Hneirona daihti liata pahno pasia theipa a cha.
// Chano pakha kyhpachana hmeiseipa chhao he, dyhchhie -rairuna daihti liata pahno theipa a cha hra.
// Viasa pha hmeiseipa nata phahmeisei leipa chhao he, rairuna eima tyhna daihti liata pahno pasia theipa acha.
//Eima pahrana vaih nata tla chyhsa zy ama pha nata phaleicha, chhiena eimav aw tyh daihti liata pahno pasia theipa a cha.
............hrona lathlo hi apha hmeiseipa y vei la y....

Photos from Vawsai hratua's post 21/08/2023

Declaration of Chin State People's Police Law and Constitution

Below is Burmese Version
====================================
Date. 20-8-2023
2023 August (20th).
The Chin State People's Police has announced the "Chin State People's Police Law and Structure" which was approved by all on (12-8-2023) in order to make the implementation of security and law enforcement activities in Chin State systematic and more effective.

Below is Burmese Version...........................................................
ချင်းပြည်နယ်ပြည်သူ့ရဲတပ်ဖွဲ့ဥပဒေနှင့် ဖွဲ့စည်းပုံကြေညာ
====================================
ရက်စွဲ။ ၂ဝ-၈-၂ဝ၂၃
၂၀၂၃ ခုနှစ်၊ သြဂုတ်လ (၂၀) ရက်
ချင်းပြည်နယ်ပြည်သူ့ရဲတပ်ဖွဲ့သည် ချင်းပြည်နယ်အတွင်း လုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေးလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် စနစ်တကျရှိစေနိုင်ရန်နှင့် ထိထိရောက်ရောက် ပိုမိုဆောင်ရွက်နိုင်စေရန်အတွက် (၁၂-၈-၂၀၂၃) ရက်နေ့တွင် အားလုံး သဘောတူ အတည်ပြုထားသည့် “ချင်းပြည်နယ်ပြည်သူ့ရဲတပ်ဖွဲ့ဥပဒေနှင့် ဖွဲ့စည်းပုံ” အား ပြည်သူလူထုအားလုံးမှ သိရှိနိုင်ပါရန်အတွက် ကြေညာချက်အမှတ် (၅/၂၀၂၃) ဖြင့် ယမန်နေ့ကထုတ်ပြန်ကြေညာသည်၊၊

21/08/2023

Yangon Station was built in 1947
(1954). It opened on June 5th.
ရန်ကုန်ဘူတာကြီး အား (၁၉၄၇) ခုနှစ်တွင် စတင် တည်ဆောက်ခဲ့ပြီး
(၁၉၅၄) ခုနှစ်၊ ဇွန်လ (၅)ရက်နေ့တွင် စတင်ဖွင့်လှစ်ခဲ့သည်။

21/08/2023

ZAKHA NOH DẬIHTI

Zakhano eilậila thokha zy khaw eimậ rậh chậta ama hrona sộhkawpa apie pata thina lytlậ mania khosai ei…
Zakhano viapậ (chậti) eimậ chulapazy khaw, thokhazy hlaotlona tohpata tlậhro lia laina ộ pi mania pary sai ha ei…
Zakhano laina suh khibopi liata hmaokhata “lomao” daihti eima vaw hmala pazy khaw, thokha dycha khophei kiapata nawhly apy pakha ha ei… Laila thokhazy deikua “thina” kuh chakuapata patuh pata chhậzaw vaw khuakhao lei awpata “Bozaw” lytlậ mania khosai ha ei…
Zakhano daihti zykha tahmala pawhaw lopata ziazi hawdeita chậ pata meitha hawta ama chakhai haw ba …
Zakhano daihti zykha vawkua hei awhpata kuh ta akeih pata awh ty hrasila, siehno akuathaipa chậ kha vei.. hnazo hmokhao leina tlậ ậma khokhai ha taw tly cha. Kei deikua nama thadei angiapata ei mothlaw nata saduthliena pawhaw nama thieviarili ha ty.. zakhano daihtizy ei ropady chậta…

Atlapata…zakhano daihti..

Photos from Vawsai hratua's post 19/07/2023

(၇၆) နှစ်မြောက် အာဇာနည်နေ့သို့ ပေးပို့သည့်သဝဏ်လွှာ
====================================

၂၀၂၃ ခုနှစ်၊ ဇူလိုင်လ ၁၉ ရက်

၁။ ၁၉၄၇ ခုနှစ်၊ ဇူလိုင်လ ၁၉ ရက်နေ့သည် မြန်မာ့သမိုင်းတွင် တိုင်းပြည်အတွက် ကြီးမား သော ဆုံးရှုံးမှုအဖြစ် ကြုံတွေ့ခဲ့ရသည့် မမေ့နိုင်စရာ ကြေကွဲဖွယ်နေ့ တစ်နေ့ဖြစ်ပါသည်။ မသမာ လူတစ်စုတို့၏ လုပ်ကြံမှုကြောင့် ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ နိုင်ငံ့ခေါင်းဆောင်ကြီးများ ကျဆုံး ခဲ့ကြရသည်မှာ ယနေ့တွင် (၇၆) နှစ် ပြည့်မြောက်ခဲ့ပြီ ဖြစ်ပါသည်။ ကမ္ဘာတည်သရွေ့ မေ့ဖျောက် ၍ မရနိုင်သည့် နေ့တစ်နေ့လည်းဖြစ်ပါသည်။

၂။ ၁၉၄၇ ခုနှစ်၊ ဇူလိုင်လ ၁၉ ရက် (စနေနေ့)၊ နံနက် ၁၀ နာရီ ၃၇ မိနစ်တွင် အတွင်းဝန်များ ရုံး၌ တိုင်းပြည်ကျွန်ဘဝက လွတ်မြောက်ရေးနှင့် စစ်ပြီးခေတ် မြန်မာနိုင်ငံပြန်လည်ထူထောင်ရေး အတွက် အစည်းအဝေးပြုလုပ်နေသော အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း ဦးဆောင်သော ဖဆပလ ကြားဖြတ်အစိုးရ ဝန်ကြီးများကို မျိုးချစ်ခေါင်းဆောင် နန်းရင်းဝန်ဟောင်း ဂဠုန်ဦးစောနှင့် အပေါင်းအပါတို့က ရက်ရက်စက်စက် လုပ်ကြံသတ်ဖြတ်ခဲ့ကြပြီး မြန်မာပြည်၏ အနာဂတ်ကို ဖျက်ဆီးခဲ့ကြပါသည်။ အာဇာနည်ခေါင်းဆောင်ကြီးများ လုပ်ကြံခံရသောကြောင့် မိမိတို့တိုင်းပြည်အတွက် ထိခိုက်နစ်နာ ဆုံးရှုံးမှုများ အလွန်များပြားသည်ကို ယနေ့နိုင်ငံရေး အခြေ အနေများအား သုံးသပ်ကြည့်ပါက သိနိုင်မည်ဖြစ်ပါသည်။ တစ်စုတစ်ဖွဲ့ကောင်းစားရေးအတွက် တိုင်းပြည်ကို အသုံးချကာ ကိုယ်ကျိုးအတွက် လုပ်ဆောင်ခဲ့ကြသောကြောင့် မိမိတို့တိုင်းပြည်သည် ယနေ့အချိန်အထိ နလန်မထူနိုင်ဘဲ အာဇာနည်သူရဲကောင်းများစွာလည်း ဆုံးရှုံးခဲ့ကြရပါသည်။

၃။ ယနေ့နွေဦးတော်လှန်ရေးတွင်လည်း ဂဠုန်ဦးစောနှင့် အပေါင်းအပါများကဲ့သို့ အကြမ်းဖက် စိတ်ဓာတ်များဖြင့် အာဏာရှင်ပီသစွာ ပြုမှုလုပ်ဆောင်လျက်ရှိသည့် တရားမဝင် စစ်အုပ်စုသည်လည်း ပြည်သူလူထုထံမှ ဆင်းသက်လာသည့် နိုင်ငံတော်အာဏာကို လက်နက်အားကိုးဖြင့် အဓမ္မ သိမ်းယူ ခဲ့ပြီး ၎င်းတို့ကိုယ်ကျိုးစီးပွားအတွက် တိုင်းပြည်နှင့်လူမျိုးတို့၏ အသက်၊ အိုးအိမ်နှင့်စည်းစိမ်များစွာ ကို ချနင်းဖျက်ဆီးလျက် ရှိပါသည်။ လူမဆန်သော စစ်အာဏာရှင်တို့၏ အကြမ်းဖက် ဖိနှိပ်ချုပ်ချယ် မှုများကို တိုင်းရင်းသားပြည်သူလူထုအားလုံးက ခေါင်းငုံ့မခံဘဲ တိုင်းပြည်နှင့်လူမျိုးအတွက် အသက် ကိုပင် ပဓာနမထားဘဲ အာဇာနည်ခေါင်းဆောင်(၉)ဦး စိတ်ဓာတ်အပြည့်ဖြင့် အာဏာရှင်စနစ် အပြီးသတ်ချုပ်ငြိမ်းရေးအတွက် တိုင်းရင်းသားပြည်သူများအားလုံး တွဲလက်ညီညီ တိုက်ပွဲဝင်လျက် ရှိပါသည်။ ဇူလိုင် ၁၉ တွင် ကျဆုံးခဲ့သော ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ အာဇာနည်ခေါင်းဆောင် ကြီးများ၊ နွေဦးတော်လှန်ရေးတွင် ကျဆုံးခဲ့သောအာဇာနည်သူရဲကောင်းများနှင့် ခေတ်အဆက်ဆက် ဒီမိုကရေစီအရေး၊ မိမိတိုင်းပြည်နှင့် လူမျိုးလွတ်လပ်ရေးအတွက် တိုက်ပွဲဝင်ရင်း ကျဆုံးခဲ့ကြသော အာဇာနည်သူရဲကောင်းအပေါင်းတို့အား ဤသဝဏ်လွှာမှတစ်ဆင့် ဂုဏ်ပြု ဦးညွှတ်လိုက်ပါသည်။

၄။ ဗိုလ်ချုပ်အောင်ဆန်းအပါအဝင် အာဇာနည်ခေါင်းဆောင်ကြီးများ၏ မပြီးပြတ်ခဲ့သော အာဏာရှင်စနစ် ပျက်သုဉ်းရေးလုပ်ငန်းစဉ်များကို မိမိတို့ တိုင်းရင်းသားပြည်သူများ၊ တော်လှန်ရေး အင်အားစုများအားလုံးက တော်လှန်ရေးအသိ၊ တော်လှန်ရေးသတိဖြင့် စည်းလုံးညီညွတ်စွာ ဆက်လက် အကောင်အထည်ဖော်ဆောင်ရွက်ကြစေလိုကြောင်း အလေးအနက် တိုက်တွန်းနှိုးဆော် လိုပါသည်။ တိုင်းပြည်အတွက် အသက်ပေးလှူခဲ့ကြသည့် ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ အာဇာနည် အပေါင်းတို့၏ ကျေးဇူးကိုသိ၍ အမှန်တကယ် လေးစားမြတ်နိုးတန်ဖိုးထားကြသည်ဆိုလျှင် အာဇာနည်ကြီးများ၏ အသက်၊ သွေး၊ ချွေးတို့ဖြင့် ရယူပေးခဲ့သည့် လွတ်လပ်ရေးကို ရေရှည်တည်တံ့ အောင် မိမိတို့နိုင်ငံသားအားလုံးက ဦးလည်မသုန် ထိန်းသိမ်းကာကွယ် စောင့်ရှောက်သွားကြရမည် ဖြစ်ပါသည်။

၅။ အတိတ်သမိုင်းဖြစ်ရပ်များကို သင်ခန်းစာယူပြီး တိုင်းရင်းသားပြည်သူများနှင့် တော်လှန်ရေး အင်အားစုများအားလုံးအနေဖြင့် အပြန်အလှန်နားလည်မှု၊ ယုံကြည်မှုနှင့် လေးစားမှုတို့ကို အခြေ တည်လျက် အာဇာနည်ကြီးများ ချမှတ်ခဲ့သည့် နိုင်ငံရေးလမ်းစဉ်များကို ကျင့်သုံးကာ မိမိတို့အားလုံး မျှော်လင့်တောင့်တနေသည့် ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံသစ်ဆီသို့ အမှန်တရားမှပေါက်ဖွားလာသော ခွန်အားများဖြင့် ရှေ့ဆက်ချီတက်ကြပါစို့လို့ တိုက်တွန်းရင်း ဤသဝဏ်လွှာအား ပေးပို့အပ်ပါသည်။
Credit

ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ

10/07/2023

Mara saw hlupi hryta thlahpa la pahana daihti a tlo.

10/07/2023

Date 09/007/2023 Sunday Daw 2;30 Pm liata Maraland Khipi pa Siaha liata Thlapala pahniena lathlo achhina hneipa a cha.
he lathlo achhina pa he, Date 11/June 2023 tawta date 08/07/2023 taita Siaha District Revival Camping hneina pachhana liata Pahnie-Tiana -lathlo achhina a cha.

Mara rah liata Zisu Krista Abeichai maw sy tahpa zawpi zy rahaona hneipa a cha.

Credit : vawsai hratua.

Photos from Vawsai hratua's post 09/07/2023

Maraland Liata Revival Camping hnei ngahaipa châ Tari 09/07/2023 on sunday Za liata Followup Programm pahhasapa a châ ba aw.

09/07/2023

"ပြာယာမခတ်ကြနဲ့"

နွားကလေး...သေတော့ "အမဲသား"တဲ့။
ကြိုက်တဲ့ "လူ" များ...မြိန်ရည်ရှက်ရည် စားလိုက်ကြတာ။

ကြက်ကလေး...သေတော့ "ကြက်သား"
ပါးစပ်ထဲထည့်....ပြုံးပျော်လျှက်။

ဝက်ကလေး.....သေတော့ "ဝက်သား"
ပါးစပ်ထဲထည့် .....ကြည်နူးလျှက်။

လူကလေး...သေတော့......"မသာ"
အခေါင်းထဲထည့်...... ငိုယိုလျှက်
ထားလို့မကောင်းဘူး....ဟဲ့။
အလုပ်ပိုတယ်.....အိမ်ရှုပ်တယ်။
သင်္ချီုင်း...အမြန်ပို့ ကွယ်.....။

"အသုဘ" ရှိက. .အိမ်ပူတယ်။
မသာ...အိမ်ပေါ်က...မဆင်းခင်
ဖိတ်စာရိုက်....အသိမိတ်ဆွေ
လက်လှမ်းမှီသလောက်ပေးလိုက်။
မြန်မြန်ပြီး ..မြန်မြန်နားအေးတယ်။
ပုတ်ပွလာမှ..."လူ"တွေ မလာပဲ နေအုံးမယ်..။
အဲဒါမှ....ဒုက္ခပိုများမယ်တဲ့။

ကဲ...ဘယ်မှာလဲ
တန်ဖိုးရှိတယ်ဆိုတဲ့...."လူသား"
ပညာတွေ.... ငါဘယ်လောက်တတ်တယ်။
ပိုက်ဆံတွေ....ငါဘယ်လောက်ချမ်းသာတယ်။
အာဏာတွေ...ငါ့မှာ ဘယ်လောက်ရှိတယ်။
မာန်တတ်နေကြတာတွေ....အာဏာပြနေတာတွေ
နောက်ဆုံးတော့.....
ဘာအသုံးဝင်တော့.....သေးလဲ...?

ငါ့...အိမ်။ ငါ့...ခြံ။ ငါ့....တိုက်။ ငါ့....လုပ်ငန်း။
ငါဟာ...သခင်။ ငါဟာ...ဘုရင်ဘဲ ဆိုတဲ့
လူသား........အခုတော့
ယူသွားဖို့....နေနေ သာသာ
အိမ်ပူ.....အလုပ်ရှုပ်
ကျက်သရေ.......မရှိတော့တဲ့
အသုဘ(မသာ)ဆိုပြီး
သမုတ်ခံရတာလွဲလို့....ဘာတွေများ
တန်ဖိုးရှိသေးလို့လဲ....?

နောက်ဆုံးတာ့လဲ.......
အုတ်ဂူလေးတောင်.....ထားမရတဲ့ခေတ်မှာ
ခဏတာ မြင်တွေ့ရတဲ့....
ခေါင်းတိုင်အပေါ်က...မီးခိုးပျောက်ကွယ်တာနဲ့
ဘာမှသုံးစားမရတဲ့ ပြာပုံ ဖြစ်သွားရော......
တန်ဖိုးရှိပါတယ်ဆိုတဲ့....လူသား
ဘဝနိဂုံးချုပ်ရတာက..."ပြာပုံ"လေးပဲ
မဟုတ်လား...?

ကဲ......နောက်ဆုံး "ပြာ"ဖြစ်မဲ့အတူတူ
ဘာလို...."ပြာယာခတ်"နေကြ အုံးမှာလဲ.....။

to original uploader

Photos from Vawsai hratua's post 04/07/2023

စစ်ကိုင်း၊ တလိုင်း (ထီးလှိုင်) ရွာ စီးနင်းခံရလို့ ကာကွယ်ရေးတပ်ဖွဲ့ဝင်အချို့သေဆုံး
နေအိမ် ၁၀၀ ကျော်မီးရှို့ခံရပြီး ဒေသခံတွေတိမ်းရှောင်ပြေးနေရ

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်၊ တလိုင်း (ထီးလှိုင်) ရွာ စီးနင်းခံရလို့ ကာကွယ်ရေးတပ်ဖွဲ့ဝင် ၅ဦး သေဆုံးခဲ့ရပြီး နေအိမ် ၁၀၀ ကျော် မီးရှို့ခံခဲ့ရတယ်လို့ ဒေသခံအချို့ကပြောပါတယ်။ စစ်ကိုင်းသတင်းမှန်ပြန်ကြားရေး ကလည်း စစ်ကောင်စီတပ်ဖွဲ့က စီးနင်းဝင်ရောက်ပြီး မီးရှို့ခဲ့လို့ ‌နေအိမ်တွေ မီးလောင်ခဲ့တာကို ဓာတ်ပုံနဲ့တကွထုတ်ပြန်ထားပါတယ်။

ဇူလိုင် ၂ ရက် မနက်အစောပိုင်း ၃ နာရီလောက်မှာ အင်အား ၇၀ လောက်ရှိတဲ့ စစ်ကောင်စီစစ်ကြောင်းဟာ တလိုင်းရွာကိုစီးနင်းခဲ့တာဆိုပြီး လုံခြုံရေးစောင့်နေတဲ့ တလိုင်းကျေးရွာ ပလဖ (ပြည်သူ့လုံခြုံရေးအဖွဲ့) က ၃ ဦးနဲ့ ပကဖ (ပြည်သူ့ကာကွယ်ရေးအဖွဲ့) ၂ ဦး တို့ သေဆုံးခဲ့တာလို့ သိရပါတယ်။ အဲဒီနောက် ရွာထဲကိုစစ်ကြောင်းပြန်ဝင်လာပြီး တိုက်ပွဲမရှိဘဲ မီးဝင်ရှို့သွားတာလို့ ဒေသခံတစ်ဦးကပြောပါတယ်။

'' ရွာကို အလစ်ဝင်တိုက်တာမျိုးဖြစ်တာပါ။ မနက်အစောကြီး ဆိုတော့ ကင်းသမားတွေလည်း ခံလိုက်ရတယ်။ ကာကွယ်ရေးတပ်ဖွဲ့တွေက ပြန်ပစ်တော့ အပြန်အလှန်ပစ်ခတ်မှုဖြစ်ခဲ့တယ်။ နောက် ရွာကိုထပ်ဝင်လာပြီး မီးရှို့တာပဲ '' လို့ ဒေသခံတစ်ဦးကရှင်းပြပါတယ်။

ဒီသတင်းအပြည့်အစုံနဲ့အတူ ဘီဘီစီသတင်းများ စုစည်းတင်ဆက်မှု
https://www.bbc.com/burmese/articles/c0dpelr1r9zo ကို ဒီမှာဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။

ဓာတ်ပုံ - Ko Pyay ၊ စစ်ကိုင်းမြို့နယ် သတင်းမှန်ပြန်ကြားရေး

#ဘီဘီစီမြန်မာပိုင်း # #စစ်ကိုင်း #ထီးလှိုင်ရွာ #စစ်ကောင်စီ #မီးရှို့ခံရ #ဒေသကာကွယ်ရေး #စီးနင်းခံရ

04/06/2023

အိန္ဒိယနိုင်ငံအရှေ့ပိုင်းက သြရိသပြည်နယ်မှာ နိုင်ငံပိုင် အဝေးပြေးရထား ၂ စီး တိုက်မိတာကြောင့် သေဆုံးသူ ၂၉၀ နီးပါးအထိ ရှိလာတယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။

ဒီရထားတိုက်မှု ဘာကြောင့်ဖြစ်ခဲ့တာပါလဲ။ ကူညီကယ်ဆယ်ရေးနောက်ဆုံးအခြေအနေနဲ့ မျက်မြင်တွေရဲ့ပြောပြချက်အပြည့်အစုံကို ဒီလင့်ခ် https://www.bbc.com/burmese/articles/cevj281e0pwo ကနေ ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။
#ဘီဘီစီမြန်မာပိုင်း #အိန္ဒိယ #ခရီးသည်တင်ရထား #ရထားတိုက်မှု #လမ်းချော်မှု #လူသေဆုံးမှု

03/06/2023

ဒေါ်ဇင်မာအောင်နှင့် ကုလအထူးကိုယ်စားလှယ်လူချင်းတွေ့ဆုံ
ရာထူးသက်တမ်းမကုန်မီ NUG နိုင်ငံခြားရေးဝန်ကြီးနှင့်တွေ့ခြင်းဖြစ်
----------------------------------------------------
ကုလသမဂ္ဂအထွေထွေ အတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်ဖြစ်သူ နိုလင်းဟေဇာနှင့် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၏ နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်တို့ ဆွတ်ဇာလန်နိုင်ငံ ဂျီနီဗာမြို့တွင် ယနေ့ (ဇွန် ၃) တွေ့ဆုံကြသည်။ ကုလအထူးကိုယ်စားလှယ် ရာထူးသက်တမ်းကုန်ဆုံးရန် ရက်ပိုင်းအလိုတွင် NUG နိုင်ငံခြားရေးဝန်ကြီးနှင့် လူချင်းတွေ့ဆုံခြင်းဖြစ်သည်။

ကုလအထူးကိုယ်စားလှယ်အဖြစ် ခန့်အပ်ခံရပြီးနောက် ၂၀၂၁ ဒီဇင်ဘာ လမှစ၍ NUG နှင့်ထိတွေ့ ဆက်ဆံခဲ့သည့်အပြင် ၂၀၂၂ ခုနှစ် ဩဂုတ်လအတွင်းက နေပြည်တော်ခရီးစဉ်မတိုင်မီ ညှိနှိုင်းတိုက်ပင်ခဲ့သည်ဟုလည်း နိုလင်းဟေဇာ၏ရုံးက သတင်းထုတ်ပြန်သည်။

အခက်ခဲဆုံး အချိန်ကာလအတွင်း ကုလအထူးကိုယ်စားလှယ်၏ ကြိုးပမ်းအားထုတ်ခဲ့မှုများအပေါ် အသိအမှတ်ပြုကြောင်း၊ မြန်မာ့အရေးဖြေရှင်းရာတွင် တစ်ဦးတစ်ယောက်အနေဖြင့် အောင်မြင်နိုင်မည်မဟုတ်ဘဲ နိုင်ငံ တကာအသိုင်းအဝိုင်းအနေဖြင့် စုပေါင်းဆောင်ရွက်ရမည်ဟု ဒေါ်ဇင်မာအောင်က ပြောဆိုသည်။

အာဏာသိမ်းစစ်တပ်၏ ရွေးကောက်ပွဲအစီအစဉ်ကြောင့် နိုင်ငံရေးအရ ဆွေးနွေးအဖြေမရှာနိုင်ဘဲ အကြမ်းဖက်မှုများ တိုးမြင့်လာနိုင်သည်ကို ကုလအထူးကိုယ်စားလှယ်က သတိပေးသည့်အပြင် နိုင်ငံတကာအသိုင်းအ ဝိုင်းအနေဖြင့် အမျိုးသမီးနှင့် လူငယ်ထုအပါအဝင် ပဋိပက္ခတွင်းရှိနေသူများ၏အသံကို ကျယ်ကျယ်ပြန့်ပြန့် နားထောင်ရန်လည်း တောင်းဆိုသည်။

နိုလင်းဟေဇာ၏ ကုလအထူးကိုယ်စားလှယ် ရာထူးသက်တမ်းမှာ ယခုလ ၁၂ (ဇွန် ၁၂) ကုန်ဆုံးပြီ ဖြစ်ကြောင်း ကုလသမဂ္ဂက မေလ ၃၁ ရက်နေ့တွင် ထုတ်ပြန်ထားသည်။ စင်ကာပူနိုင်ငံသူ နိုလင်းဟေဇာအနေဖြင့် ကုလအထူးသံအဖြစ် လပေါင်း ၂၀ ကြာတာဝန်ထမ်းဆောင်ခဲ့သော်လည်း မြန်မာ့အရေးနှင့်ပတ်သက်၍ တစ်စုံတစ်ရာ တိုးတက်ဖြစ်ထွန်းအောင် ဆောင်ရွက်ပေးနိုင်ခြင်း မရှိခဲ့ပေ။

ပြီးခဲ့သည့်နှစ်အတွင်း နေပြည်တော်သို့ သွားရောက်ခဲ့သော်လည်း စစ်ကောင်စီနှင့်သာ တွေ့ခွင့်ရခဲ့ပြီး ဖမ်းဆီးထောင်ချခံထားရသည့် အမျိုး သားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နှင့်တွေ့ဆုံခွင့် မရခဲ့ပေ။

နေပြည်တော်ခရီးစဉ်မှာ မြန်မာပြည်သူများ ခံစားနေရသည့်ဒုက္ခများ လျော့ပါးသက်သာစေရန် အလို့ငှာ သွားရောက်ခြင်းဖြစ်ကြောင်း၊ ကုလသမဂ္ဂအနေဖြင့် စစ်ကောင်စီကို မည်သို့သော တရား ဝင်မှုကိုမျှ ပေးအပ်ခြင်းမဟုတ်ကြောင်း နိုလင်းဟေဇာက ခရီးစဉ်အပြီး ထုတ်ဖော်ပြောဆိုစဉ် အပြုသဘောမဆောင်သည့် တစ်ဖက်သတ်ပြောဆိုမှုဖြစ်သည်ဟု စစ်ကောင်စီက တုံ့ပြန်ခဲ့သည်။

စစ်ကောင်စီက စာမျက်နှာ ၂၈ မျက်နှာပါ ကြေညာချက်ကို သီးသန့်ထုတ်ပြန်ကာ ကုလသမဂ္ဂ အနေ ဖြင့် ၎င်းတို့ကို အသိအမှတ်ပြုမှသာ တွေ့ဆုံဆွေးနွေးရေးနှင့် အခြားသောလုပ်ငန်းစဉ်များ ရှေ့ဆက် နိုင်မည်ဆိုသည့်သဘောလည်း ထည့်သွင်းပြောဆိုသည်။

ကုလအထူးကိုယ်စားလှယ်က NUG ထိတွေ့ဆက်ဆံသည့်အပေါ် စစ်ကောင်စီက ကုလသမဂ္ဂထံ သုံးကြိမ်တိုင်ကြားခဲ့သည်ဟု နိုလင်းဟေဇာက နောက်ပိုင်းတွင် ထုတ်ဖော်ပြောဆိုခဲ့သည်။

source: Now

03/06/2023

India râh Odisha state liata (Tlabaly - မီးရထား) apiepasina liata chsyha manoh 230 hrona alei pa hawta eima biedaona news ta apalasa.

At least 230 people were killed after three different trains derailed one on top of another in horrific sequence in Odisha's Balasore district late on Friday.

source.The times of India

ဇွန် ၃ ရက်ထိပ်တန်းသတင်းများ-စစ်ကိုင်းတိုင်းထဲက PDF စခန်းတချို့ ဆက်တိုက် စီးနင်းခံရပြီး PDF နဲ 03/06/2023

စစ်ကိုင်းတိုင်းထဲက PDF စခန်းတချို့ ဆက်တိုက် စီးနင်းခံရပြီး PDF နဲ့ ပကဖအဖွဲ့ဝင်တချို့ သေဆုံး

စစ်ကိုင်းတိုင်း ၊ စစ်ကိုင်းခရိုင်၊ မုံရွာခရိုင်နဲ့ ကန့်ဘလူ တွေထဲက ကျေးရွာတချို့ကို စစ်ကောင်စီတပ်တွေက ပြီးခဲ့တဲ့မေလ လကုန်ပိုင်းကစလို့ စစ်ကြောင်းထိုးဝင်ရောက်တာတွေရှိနေတာဖြစ်ပြီး အဲဒီ ကျေးရွာတွေဟာ ဒေသကာကွယ်ရေးတပ်ဖွဲ့တွေဝင်ထွက်သွားလာတဲ့ နေရာဒေသတွေဖြစ်လို့ ခုလိုစစ်ကြောင်းထိုးနေတာဖြစ်တယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေထံက သိရပါတယ်။

စစ်ကိုင်းမြို့ နယ်ထဲက ကုန်းတန်း ကျေးရွာ အနီးမှာလည်း စစ်ကောင်စီစစ်ကြောင်းထိုးလာချိန်မှာ ထိပ်တိုက်တိုးပြီး ကာကွယ်ရေးတပ်ဖွဲ့ဝင်တချို့ သေဆုံးခဲ့ပါတယ်။

"ဟိုတစ်နေ့က ကုန်းတန်းမှာ ဖြစ်သွားတာ။ စစ်ကိုင်းမြို့အနောက်ဘက်ကုန်းတန်းလေးရွာပါ။ စစ်ကောင်စီက ကားငါးစီးလောက်နဲ့ ရွာတွေကို ဝင်မွှေတော့ ကျွန်တော်တို့ ဘက်က ပကဖ နှစ်ယောက် ထိတွေ့မှုဖြစ်ပြီးကျသွားတာ။ ကျေးရွာ ကာကွယ်ရေးပါ။ pdf မဟုတ်ပါဘူး။ ပကဖ အဖွဲ့တစ်ယောက်ကဖမ်းခံရတယ်။ သူတို့တစ်ကိုယ်စာ အသုံးအဆောင်ပစ္စည်းတွေပဲ ပါသွားတာပါ"လို့ ကာကွယ်ရေးအဖွဲ့နဲ့နီးစပ်သူက ပြောပါတယ်။

ဒီသတင်းအပြည့်အစုံအပါအဝင် ဘီဘီစီမြန်မာပိုင်းရဲ့နောက်ဆုံးရသတင်းများ စုစည်းတင်ဆက်မှု
https://www.bbc.com/burmese/articles/cj51je0qj6qo
#ဘီဘီစီမြန်မာပိုင်း #မြန်မာ #စစ်တပ် #စစ်ကိုင်း #မုံရွာ #ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ #စခန်း #လူသေဆုံးမှု

ဇွန် ၃ ရက်ထိပ်တန်းသတင်းများ-စစ်ကိုင်းတိုင်းထဲက PDF စခန်းတချို့ ဆက်တိုက် စီးနင်းခံရပြီး PDF နဲ စစ်ကိုင်းတိုင်း ၊ စစ်ကိုင်းခရိုင်၊ မုံရွာခရိုင်နဲ့ ကန့်ဘလူ တွေထဲက ကျေးရွာတချို့ကို စစ်ကောင်စီတပ်တွေက ပြီး....

Photos from Vawsai hratua's post 29/05/2023

Breaking News.......................................
Burma pheisai nata Chin Pheisaizy adyuna liata Chin pasaipha pheisai manoh Pa 6 hrona ama pahlei.

Târi: 29 Patôh, 2023 ( Hriatuanoh ) - Timit, TimitHakha râh, Chin State, Myanmar liata atanoh kha SAC nata CDFs, CNA zy thata adyuhna y ta, SAC ta Jet Fighter pô 3 hmâpa ta Chin Pheisaihzy cha bô laipâ ta bomb pata, Chin Pheisaih manôh pa ( 6 ) hrona lei ta manôh pa 10 khô lâzy ta hmah ama phaoh tahpa eima biedaona ta a palâsa.

Chin News Agency ta a palâsana zie ta cha, atanoh Timit adyuhna liata CDF-Hakha he manôh pa 6 thi ei ta; CDF-Zophei nata CNA tawhta manôh pa ( 10 ) chhaihchhyh ta hmah ama phaoh hra a tah.

Nothlahpa he adyuhna liata hrona a leipa thokhazy ama châ.

Biehnawh: TCP
our fallen Hero's

Sawlakia 10/03/2023

Lyuva Khutla 2023 ahmana thokhapazy
ary liata link liata vaw mo hra ma y

Sawlakia Marapa zyhta lah pa eima hneipazy hry liata Sawlakia chikha a cha.

10/03/2023

Lyuva Khutla 2023 The best Photo

09/02/2023

ထန်တလန်မြို့မ ရဲစခန်းကို CNA က သိမ်းပိုက်ပြီးနောက် စစ်တပ်က တိုက် လေယာဉ်ဖြင့် CNA တပ်စခန်းကို ဗုံးကျဲ

ရန်ကုန်၊ ဖေဖော်ဝါရီ ၉

ချင်းပြည်နယ်၊ ထန်တလန်မြို့မရဲစခန်းကို CNA-CDF က သိမ်းပိုက်ပြီးနောက် စစ်တပ်က တိုက်လေယာဉ်ဖြင့် CNA တပ်စခန်းဖြစ်သော Buarpi Camp ကို ဗုံးကျဲလျက်ရှိကြောင်း သိရှိရသည်။

ဖေဖော်ဝါရီလ ၉ ရက်နေ့ နံနက် ၁ နာရီအချိန်တွင် ထန်တလန်မြို့မရဲစခန်းကို သိမ်းပိုက်လိုက်ပြီးနောက် စစ်ကောင်စီတပ်က တိုက်လေယာဉ်များဖြင့် ဆက် တိုက် ဗုံးကျဲလျက်ရှိရာ ယနေ့ နံနက် ၉ နာရီ ၄၅ မိနစ်အချိန် ထန်တလန်မြို့ နယ်၊ တလန်းပီး Buarpi Camp ကို ဂျက်လေယာဉ်ဖြင့် ဗုံးကျဲနေကြောင်း သိရှိရသည်

"လေယာဉ်နဲ့ ဗုံးကျဲနေတယ်။ မြေပြင်အခြေအနေ မသိရသေးဘူး။" ဟု CNA-CDF သတင်းရင်းမြစ်က ပြောသည်။

Videos (show all)

ECM Headquarter patopatia pata Râh châta Thlachhana daihti 29/11/2023 Za liata Siaha Vaihpi tlylia liata ahmapâ a châ.
Date 09/007/2023 Sunday Daw 2;30 Pm liata Maraland Khipi pa Siaha liata  Thlapala pahniena lathlo achhina hneipa a cha.h...

Telephone

Website