Nippon Jobs

Nippon Jobs

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Nippon Jobs, Employment agency, .

16/10/2021

🔴 特定技能求人 ( 外食)
🌠 Tokutei Ginou (စားသောက်ဆိုင်လုပ်ငန်း)

🌠 အလုပ်အမျိုးအစား - Tempura အထူးကျွမ်းကျင်လုပ်သား (customer ဝန်ဆောင်မှု ၊ အချက်အပြုတ်အကူ)

🌠 နေရာ - Fukuoka မြို့ ၊ Fukuoka စီရင်စု

🌠 ကျား/မ မရွေးပါ

🌠 ခေါ်မည့်ဦးရေ - 2 ယောက်

🌠 လစာ - အခြေခံလစာယန်း 180,000
လူမှုအာမခံ - ခန့်မှန်းခြေယန်း 30,000
ဝင်ငွေခွန်ခန့်မှန်းခြေယန်း 9,000
အလုပ်အကိုင်အာမခံ - ခန့်မှန်းခြေ 600
ခန့်မှန်းခြေပြန်အမ်းငွေ - ယန်း140,400

🌠 အလုပ်ချိန် - 9:00 - 18:00
(12:00 မှ 13:00 * အနားယူချိန်မိနစ်60)
- 11:00 မှ 20:00
( 15:00 မှ 16:00 * အနားယူချိန်မိနစ်60)

အလုပ်အကိုင်အာမခံ


🌠 ပိတ်ရက် - ကုမ္ပဏီပြက္ခဒိန်ပါအတိုင်း


18/09/2021

🔴 特定技能求人(飲食料品製造) ☑️🟢
仕事内容
🌠 Tokutei Ginou (အစားအစာနှင့်အဖျော်ယမကာ
ထုတ်လုပ်ခြင်း)လတ်မှတ်ရရှိသူများအတွက်အလုပ်ခေါ်စာ

🌠 အလုပ်အမျိုးအစား - အစားအစာထုတ်ပိုးခြင်းလုပ်ငန်း
(ပင်လယ်အစားအစာများကိုထုတ်လုပ်ခြင်း)

🌠 နေရာ - Shikokuchuo မြို့ ၊ Ehime စီရင်စု

🌠 ကျား/မ မရွေးပါ

🌠 ခေါ်မည့်ဦးရေ - 3 ယောက် ၊ ရွေးချယ်မှု 2 ကြိမ် (အွန်လိုင်း)

🌠 လစာ - 166200 ယန်း
(ခရီးစရိတ်၊အပိုဆုကြေး၊လစာတိုးခြင်းမရှိပါ)

🌠 အလုပ်ချိန် - 7:00 - 16:00
(အနားယူချိန်မိနစ်90 ၊ အချိန်ပိုတစ်လလျှင်နာရီ 30 ခန့် )

🌠 ခံစားခွင့် - ကျန်းမာရေးအာမခံ ၊ သက်သာခွင့်ပင်စင်
အလုပ်အကိုင်အာမခံ ၊ အလုပ်သမားနစ်နာကြေးအာမခံ

🌠 ပိတ်ရက် - တစ်ပတ်၁ရက် (ကုမ္ပဏီမှသတ်မှတ်သည့်ရက်
တစ်နှစ် 78 ရက် ၊ အခကြေးငွေပိတ်ရက် ၆လဆက်တိုက်၁၀ရက်)

🌠 1နှစ်သက်တမ်းတိုးစာချုပ်(သက်တမ်းအားဖြင့်စုစုပေါင်း5နှစ်အထိသက်တမ်းတိုး ၊ အစမ်းခန့်ကာလ ၃လရှိသည်)

⏩ အသေးစိတ်သိရှိလိုပါက ❇ Chatbox မှတစ်ဆင့်ဆက်သွယ်မေးမြန်းနိုင်ပါသည်။

----------------------日本語-------------------

★特定技能求人(飲食料品製造)

①仕事内容
水産加工食品の製造
(鯖の切身加工、パッキング・梱包作業など)

②場所
愛媛県四国中央市

③雇用形態
1年契約更新
通算5年まで原則更新
試用期間3か月有り

④募集
3名
国籍・性別不問
選考2回(オンライン)

⑤給与
月給:166,200円
通勤手当:無し
賞与:無し
昇給:無し
退職金:無し
住まい:借上物件有り(家賃1万円)
水光熱費:8,000円
※月給=基本給150,000円+固定残業代16,200円
※固定残業代は15h分(15hを超える分は労働hに応じて追加支給)

⑥保険
社保完備
(健康保険、厚生年金、雇用保険、労災保険)

⑥勤務時間
7:00-16:00
休憩90分(8:45-9:00/11:30-12:30/14:30-14:45)
※残業有り(1ヶ月30h程度)

⑦休日
週1日
祝日
会社が定める日
※年間78日
※有給休暇:6か月継続勤務で10日

⑧コメント
手先の器用な方を募集します。
リンゴの皮むきの動画を提出していただくか、またはオンライン面接時にリンゴの皮むきを行って頂きます。
現在、技能実習生・特定技能の仲間が19名います。
しっかりと指導しますので、安心して下さい。
温暖な地域なので、自社所有船による漁が行われる夏は、美味しい魚が食べられます。
社宅から職場まで自転車(無償貸与)で5分以内。
昼も社宅で休憩を取ることが可能です。

🔴ご興味がある方メッセージくださいませ。🔴

18/09/2021

🌈🗾特定技能求求人
🟢Tokutei Ginou ဗီဇာသမားများအတွက်☑️

🔴 စက်မှုသုံးစက်ပစ္စည်းများထုတ်လုပ်ခြင်း (လျှပ်စစ်နှင့်လျှပ်စစ်ဆိုင်ရာအချက်အလက်များ) နှင့်ဆိုင်ရာအလုပ်ခေါ်စာ

🌠 အလုပ်အမျိုးအစား - သတ္တုအစိတ်အပိုင်းများပြုပြင်ခြင်း

🌠 နေရာ - Hanamaki မြို့ ၊ Iwate စီရင်စု
( ရုံးချုပ်(သို့)စက်ရုံ )

🌠 အလုပ်အချိန် - 24 နာရီဆိုင်းစနစ် (ညဆိုင်း)
အချိန်ပို ( တစ်လလျှင်နာရီ 30 ခန့် )

🌠 ကျား/မ - ယောက်ျားလေး ၊ မိန်းခလေး

🌠 ခေါ်မည့်ဦးရေ - 4 ယောက်

🌠 လစာ - တစ်လ ယန်း 160000
(ခရီးစရိတ်နှင့်လစာတိုးခြင်းရှိသည်)

🌠 ဘောနပ်ရှိသည်။

🌠 ပိတ်ရက် - တစ်နှစ်လျှင်112 ရက်

🌠 ခံစားခွင့် - ကျန်းမာရေးအာမခံ ၊ သက်သာခွင့်ပင်စင်
အလုပ်အကိုင်အာမခံ ၊ အလုပ်သမားနစ်နာကြေးအာမခံ

🌠 လုပ်ငန်းအတွေ့အကြုံရှိသူများဦးစားပေးမည်။

🌠 အသေးစိတ်သိရှိလိုပါက Chatbox မှတစ်ဆင့်
ဆက်သွယ်မေးမြန်းနိုင်ပါသည်။
------------------------------以下日本語---------------------------

★特定技能求人
(素形材・産業機械製造・電気電子情報)

①仕事内容
機械加工
(金属部品加工)

※参考ワード
普通旋盤・フライス盤・数値制御旋盤・マシニングセンタ

②場所
岩手県花巻市
(本社又は工場)

③雇用形態
1年契約更新
最長5年
試用期間3か月有り

④募集
4名
(国籍不問、性別不問)

⑤給与
基本給(月):160,000円
通勤手当:有り
昇給:有り
賞与:有り(昨年度実績6か月分※変動有り)
退職金:無し

⑥保険
社保完備
(健康保険、厚生年金、雇用保険、労災保険)

⑥勤務時間
24時間交代制(夜勤有り)
残業有り(月30hほど)

⑦休日
年間112日

⑧コメントその他
金属部品を加工する仕事。
多種多様な機械を使用しての加工となりますが、未経験者の方に対しても、一つひとつの作業について、丁寧に始動させて頂きます。
工作機械等の経験者は、選考・賃金面で優遇します。
フライス経験者も優遇。

🌸ご興味がある方、メッセージくださいませ。🌸

21/01/2021

“ကိုယ့်ကိုယ်ကိုယ် ဘယ်လိုရောင်းမလဲ”

တကယ်တော့ Marketing ဆိုတာ ဒီပညာနဲ့ အလုပ်လုပ်နေသူမှ မဟုတ်ပါဘူး၊ လူတိုင်း အခြေခံလောက်တော့ သိထားသင့်တဲ့ ပညာရပ်တစ်ခုလည်း ဖြစ်ပါတယ်။ စာရေးဆရာချင်းတူရင် Marketing အိုင်ဒီယာ သာတဲ့သူက လူပိုသိလေ့ ရှိသလို၊ နောက်ဆုံး ပရဟိတ လုပ်ရင်တောင်မှ ဒီပညာရပ်ကို အသုံးချပြီး လုပ်နိုင်တဲ့သူက ပိုအောင်မြင်လေ့ရှိတာ တွေ့ရမှာပါ။

Marketing ဆိုတာကို အရှင်းဆုံးပြောရရင် ကိုယ့်ကုန်ပစ္စည်းကို စျေးကွက်ထဲမှာ နေရာရအောင် လုပ်တာပါပဲ။ ကိုယ့်ကိုယ်ကိုယ် ကုန်ပစ္စည်းတစ်ခုလို တွေးကြည့်လိုက်မယ်ဆိုရင် ကိုယ့် Brand ကို အကောင်းဆုံးဖြစ်အောင် တည်ဆောက်နိုင်တဲ့သူဟာ လုပ်ငန်းခွင်မှာ၊ အလုပ်တစ်ခုကို အပြိုင်လျှောက်ကြတဲ့အခါမှာ အများထက် ခေါင်းတစ်လုံးသာနေမှာ အမှန်ပါပဲ။

ဒီအတွက် အလုပ်လိုချင်တဲ့ လူငယ်တွေ တစ်စုံတစ်ရာ ပြင်ဆင်နိုင်အောင်လို့ ကျွန်တော့်အတွေ့အကြုံတစ်ချို့ အခြေခံပြီး ရေးလိုက်ရပါတယ်။ Target ကတော့ အလုပ်တစ်ခါမှ မလုပ်ဖူးသေးတဲ့ လူငယ်တွေ၊ နယ်က လူငယ်တွေကို ရည်ရွယ်ပါတယ်။

၁။ ကြိုတင်ပြင်ဆင်ပါ။

အလုပ်လိုချင်တဲ့ လူငယ်တိုင်း ကြိုတင်ပြင်ဆင်ရမှာ (၂)ခုရှိပါတယ်။

နံပါတ်တစ်က ကိုယ့်မှာ ဘယ်လိုအရည်အချင်းတွေ၊ အားသာချက်တွေ ရှိတယ်၊ ဘယ်လိုအလုပ်မျိုးမှာ ထူးချွန်တယ်၊ ဘယ်လိုအလုပ်ကို ဝါသနာပါတယ် စသဖြင့် အရင်ဆုံး ဆန်းစစ်ဖို့ လိုပါတယ်။ ခေါ်သမျှအလုပ် ကြုံသလို ၀င်လျှောက်နေလို့ မရပါဘူး။ အလုပ်မှာ အောင်မြင်ချင်တယ်၊ ပျော်ရွှင်ချင်တယ်ဆို အလုပ်က ကိုယ့်ကို ရွေးတာမျိုး မဖြစ်ပါစေနဲ့၊ ကိုယ်ကပဲ အလုပ်ကို ရွေးပါ။

နောက်တစ်ခုကတော့ အဆက်အသွယ် အရေးကြီးပါတယ်။ ကိုယ် ဘယ်လောက်တော်တော် ဘယ်နေရာ ဘာအလုပ်တွေ ခေါ်နေမှန်း မသိရင် အလကားပါပဲ။ ဒီအတွက် လူမှုကွန်ရက်တွေကိုလည်း အသုံးချနိုင်ပါတယ်။

၂။ အလုပ်ခေါ်စာ ဖတ်ရှုခြင်း

Vacancy announcement လို့ ခေါ်တဲ့ အလုပ်ခေါ်စာမှာ သူတို့လိုချင်တဲ့ အတွေ့အကြုံနဲ့ အရည်အချင်းတွေ၊ လုပ်ရမယ့် အလုပ်တာ၀န်တွေ ရှင်းရှင်းလင်းလင်း ရေးထားပါတယ်။

အဲဒါကို သေသေချာချာ ဖတ်ပြီး ကိုယ်နဲ့ သင့်တော်တယ် မသင့်တော်ဘူး စဉ်းစားစေချင်တယ်။ အဖွဲ့နာမည် မသိ၊ ခေါ်တဲ့ရာထူး မသိ၊ လုပ်ရမယ့်အလုပ် မသိဘဲ ဒီမှာ အလုပ်ခေါ်တယ် ကြားလို့ လာလျှောက်တယ် ဆိုတာမျိုးက impression ကျစေပါတယ်။

ဒီအလုပ်၊ အဖွဲ့အစည်း၊ အဲဒီမှာ ကြုံတွေ့ရမယ့် လုပ်ငန်းခွင်အခြေအနေတွေ စသဖြင့် စုံစမ်းပါ။ စိတ်တိုင်းကျပြီဆိုမှ အလုပ်လျှောက်ဖို့ ဆုံးဖြတ်ပါ။ ထပ်ပြောပါရစေဦး၊ အလုပ်က ကိုယ့်ကိုရွေးတာမျိုး မဖြစ်ပါစေနဲ့၊ ကိုယ်ကပဲ အလုပ်ကို ရွေးပါ။

၃။ အလုပ်လျှောက်ခြင်း

အလုပ်ခေါ်စာကို ဖတ်ပြီးလို့ ကိုယ်နဲ့ သင့်တော်တယ်၊ ဒီအလုပ်ကို စိတ်၀င်စားတယ်ဆိုရင် သတ်မှတ်ထားတဲ့ရက်အမီ Resume (CV form လို့ပဲ အလွယ်မှတ်ကြပါစို့) တင်ရပါမယ်။ အဲဒါကို ဘယ်လိုရေးရသလဲတော့ လာမမေးပါနဲ့၊ အင်တာနက်မှာ ရှာဖတ်ပါ။ ကျွန်တော်ပြောတာထက် အများကြီး ပြည့်စုံပါလိမ့်မယ်။ အင်တာနက်ဆိုတာကိုလည်း ပျော်စရာအပြင် အကျိုးရှိအောင်လည်း အသုံးချစေချင်ပါတယ်။ တခုခုသိချင်ပြီဆိုတိုင်း သူများအရင်မေးတာထက် ကိုယ့်ဟာကိုယ် ကြိုးစားရှာဖွေတတ်တဲ့ အကျင့်ကိုလည်း လုပ်စေချင်တယ်။

CV ဆိုတာကလည်း လူမမြင်ရသေးခင်မှာ တစ်ဖက်က ကိုယ့်ကို လူခေါ်တွေ့ပြီး အင်တာဗျူးချင်လာအောင် လုပ်တာပါပဲ။ ဒါကြောင့် မိတ္တူဆိုင်က ၀ယ်လို့ရလာတဲ့ ဖောင်မှာဖြည့်၊ ရှိသမျှ certificate တွေ တစ်သီကြီး တွဲတင်ပေးလိုက်တာထက် သေသေချာချာ စနစ်တကျ ပြင်ဆင်စေချင်ပါတယ်။ ရှေ့ဆုံးမှာ တစ်မျက်နှာစာ Cover letter ကောင်းကောင်းရေးပြီး ကိုယ့်ကိုယ်ကိုယ် မိတ်ဆက်ဖို့လည်း မမေ့ပါနဲ့။ အဲဒါက နောက်မှာ ဖော်ပြထားသမျှ ကိုယ့်အကြောင်းတွေကို စိတ်၀င်တစား ဆက်ကြည့်စေမယ့် စွဲဆောင်မှုတစ်ခုလည်း ဖြစ်ပါတယ်။

၄။ အင်တာဗျူးဖြေဆိုခြင်း

ကိုယ်တင်လိုက်တဲ့ လျှောက်လွှာကို ကြည့်ပြီး သဘောကျတယ်ဆိုရင် ကိုယ့်ကို အင်တာဗျူးမေးဖို့ ကမ်းလှမ်းလာပါလိမ့်မယ်။ အင်တာဗျူးဖြေရင် ဆောင်ရန်၊ ရှောင်ရန်တွေအများကြီး ရှိပါတယ်။ ဒီမှာတော့ အရေးကြီးအချက်တချို့ကိုပဲ ပြောပါမယ်။

အင်တာဗျူးမှာ First impression က တော်တော်လေး အရေးကြီးပါတယ်။ အလုပ်မှာ အမြဲတမ်းအချိန်မှန်တဲ့သူက တစ်ရက်တစ်လေ နောက်ကျသွားလည်း ဘယ်သူမှ ဘာမှမပြောပါဘူး။ သူ အချိန်မှန်တယ်ဆိုတာ သိနေကြတာကိုး။ အင်တာဗျူးရက်မှာတော့ နောက်မကျသင့်ပါဘူး။ အချိန်နောက်ကျပြီးမှ ရောက်လာခြင်းက ကိုယ့်အ​ပေါ် အထင်အမြင် သေးစေပါတယ်။ နောက်ပြီး အခန်းထဲ ၀င်၀င်ချင်းမှာ နှုတ်မဆက်တာ၊ ၀တ်စားဆင်ယင်မှုနဲ့ ဆံပင်ပုံစံ၊ အရောင်တွေက Professional look ရှိမနေတာ၊ ဒါတွေဟာလည်း ဘာမှမဖြေရသေးခင်ကတည်းက အမှတ်လျော့နေစေတဲ့ အပြုအမူများပဲ ဖြစ်ပါတယ်။

မေးခွန်းအနေနဲ့တော့ အများအားဖြင့် အပိုင်း(၄)ပိုင်း ရှိပါလိမ့်မယ်။

- ၀န်ထမ်းခေါ်တယ် ဆိုတာဟာ အဖွဲ့အတွက် အလုပ်လုပ်ဖို့ ခေါ်တာဖြစ်လို့ အရည်အချင်း ဘယ်လောက်ရှိလဲအပြင် ဒီလူဟာ ငါတို့နဲ့ ကိုက်မကိုက်ဆိုတာကိုလည်း ဦးစားပေးကြည့်တတ်ကြပါတယ်။ ဒါကြောင့် အဖွဲ့နဲ့ ပတ်သက်တာ၊ အဖွဲ့ရဲ့ လုပ်ငန်းသဘာ၀နဲ့ ပတ်သက်တာ၊ ဒီမှာ အလုပ်လာလျှောက်ရတဲ့ အကြောင်းရင်းတွေ မေးတတ်ပါတယ်။ ဒါတွေကို ကြိုတင်စုံစမ်းပြီး ကိုယ်နဲ့ ကိုက်ညီမယ်ထင်လို့ အလုပ်လျှောက်ခဲ့တာသာဆိုရင် ဒီအပိုင်းက အခက်အခဲ သိပ်မရှိနိုင်ပါဘူး။

- ကိုယ့်ရဲ့ အလုပ်အတွေ့အကြုံတွေ၊ ကိုယ့်ရဲ့ အောင်မြင်မှုတွေ၊ အခက်ခဲဆုံး အခြေအနေတစ်ရပ်ကို ကျော်ဖြတ်ဖူးခဲ့တာတွေ၊ နောက်ပြီး အားသာချက်၊ အားနည်ချက်တွေ မေးတတ်ပါတယ်။ ဒီအတွက် ကိုယ့်ကိုယ်ကိုယ် ဘယ်လောက်အထိ အရှင်းလင်းဆုံးဖြစ်အောင် တင်ဆက်နိုင်သလဲဆိုတဲ့ Presentation skill က အရေးပါလာပါလိမ့်မယ်။ ကြိုတင်လေ့ကျင့်ထားလို့ ရပါတယ်။

- ပြီးရင် သက်ဆိုင်ရာအလုပ်နဲ့ ပတ်သက်တဲ့ ကျွမ်းကျင်မှုကို စစ်ဆေးတယ်။ ရေးဖြေရတာလည်း ပါရင်ပါမယ်ပေါ့။

- နောက်ဆုံးကတော့ ညှိနှိုင်းရမယ့် အပိုင်းတွေ။ လစာ ဘယ်လောက်မှန်းလဲ၊ အနာဂတ်မှာ ဘာအစီအစဉ်ရှိလဲ မေးတတ်ပါတယ်။ ကိုယ်သိချင်တာ ရှိရင်လည်း မေးဖို့အခွင့်အရေး ရပါလိမ့်မယ်။ အဲဒီအခါမှာလည်း ရဲရဲတင်းတင်း မေးပါ။ အားနာစရာ၊ ကြောက်နေစရာ မလိုပါဘူး။ လစာကိုလည်း ဒီက သတ်မှတ်သလောက် ဆိုတာမျိုးထက် ကိုယ့်တန်ဖိုးကိုယ် သတ်မှတ်ပြီး ယုံကြည်မှုရှိရှိ ပြောပါ။

ပြီးရင်တော့ အကြောင်းပြန်တာကို စောင့်နေရုံပါပဲ။ ကမ်းလှမ်းလာခဲ့တဲ့အခါမှာ ဘယ်လိုအနေအထားမျိုးဆိုရင်တော့ လက်မခံနိုင်ဘူး၊ လစာဘယ်လောက်အထိ ဆိုရင်တော့ လက်ခံမယ် ဆိုတာမျိုး ကြိုတင်ဆုံးဖြတ်ထားစေချင်ပါတယ်။

ဒါတွေကတော့ အလုပ်တစ်ခုကို လျှောက်တော့မယ်ဆိုတဲ့အခါ သိထား၊ ပြင်ဆင်ထားသင့်တာလေးတွေ ဖြစ်ပါတယ်။

နောက်ဆုံးအနေနဲ့ သိစေချင်တာကတော့ အင်တာဗျူး သိပ်အဖြေကောင်းတဲ့သူတွေ တွေ့ဖူးပါတယ်။ တကယ့်တကယ် အလုပ်လည်းလုပ်ရော၊ ထင်သလောက် ဟုတ်မနေပါဘူး။ အဲဒီအခါ အဖွဲ့အစည်းမှာလည်း အဆင်မပြေ ဖြစ်ရပါတယ်။ အရည်အသွေးမကောင်းတဲ့ပစ္စည်း ၀ယ်မိသလိုပေါ့။ အစပိုင်းတော့ အပြောကောင်းရင် အဟုတ်မှတ်ပြီး ၀ယ်ကြမယ်၊ နောက်ပိုင်း အကြောင်းသိလာကြတဲ့အခါမှာတော့ ဘယ်သူမှ ၀ယ်ကြတော့မှာ မဟုတ်ပါဘူး။

ဒါကြောင့် အောင်မြင်ချင်တဲ့ လူငယ်တစ်ယောက်ဟာ အပြောသက်သက်ကို ရောင်းတာမဟုတ်ဘဲ ကိုယ့်ရဲ့ အရည်အချင်းနဲ့ လုပ်အားကိုပါ ရောင်းနိုင်ရပါမယ်။ အရည်အသွေး ပြည့်မီတဲ့ ကုန်ပစ္စည်းတွေ ဖြစ်နေဖို့ကိုလည်း အမြဲမပြတ် အားထုတ်နေရပါမယ်။ ဒီအချက်ကိုတော့ မမေ့ကြစေချင်ဘူး။

​ဒေါက်တာ ဖြိုးသီဟ
၂၇.၆.၂၀၁၆

16/12/2020

👉 ဝန်ထမ်းအမြန်အလိုရှိသည် 👈

🌠 ကာလတိုဝန်ထမ်း (အနည်းဆုံး ၅လ သို့မဟုတ် ၆လ ) အတွင်းလုပ်ကိုင်လို၍အလုပ်ရှာနေသူများအမြန်ဆက်သွယ်ပါ။

🌠 အလုပ်အမျိုးအစား မော်တော်ကားစက်ပြင်ခြင်းလုပ်ငန်း

🌠 အလုပ်နေရာ Hokkaido

🌠 က်ား/မ ယောကှၤားလေး

🌠 အတွေ့အကြုံမလို
(အလုပ်အပေါ်စိတ်ပါဝင်စားပြီးကြိုးစားချင်စိတ်ရှိသူဖြစ်ရမည်)

🌠 နေစရာ ၊ ရေဖိုး ၊ မီးဖိုး အခမဲ့ပေးမည်။

🔴 လက်ရှိဂျပန်နိုင်ငံတွင်နေထိုင်နေသူဖြစ်ရမည်။

🌠 ဗီဇာအမျိုးအစား- Work Visa , 特定活動 ဗီဇာ
難民 ဗီဇာများလည်းလျှောက်ထားနိုင်သည်။

✴ အသေးစိတ်သိရှိလိုပါက Chatbox မှတစ်ဆင့်ဆက်သွယ် မေးမြန်းနိုင်ပါသည်။
💠 ( မှတ်ချက် - ဝန်ဆောင်ခပေးရန်မလိုပါ)

-------------------------------------------------
-------------------ဇော်ဂျီ------------------------




🌠 အလုပ်နေရာ Hokkaido

🌠 ကျား/မ ယောင်္ကျားလေး

🌠 အတွေ့အကြုံမလို



難民 ဗီဇာများလည်းလျောက်ထားနိုင်သည်။


14/11/2020

🔴အစားအစာပြင်ဆင်ပေးခြင်းအလုပ်ခေါ်စာ 🔴
No, 1002

🌠 အလုပ်အမျိုးအစား
အစာစားစဉ်ပေးခြင်း။( ဆေးရုံ၊ သူနာပြုဆောက်ရှောက်ရေးရုံ၊ ကျောင်းနေ့လည်စာ)

🌠 လစာ ▪ ယန်း၁၈သောင်း။(အချိန်ပိုကြေးသက်သက်ပေးမည်။
၃လမြောက်တွင်ယန်း၃သောင်းလစာတိုးနိုင်ခြေရှိ။

🌠 ကျား/မ ▪ အမျိုးသမီး

🌠 အသက် ▪ ၂၀နှင့်အထက်

🌠 ဘောနပ် ■ တစ်နှစ်နှစ်ကြိမ် (တစ်ခါပေးလျှင်တစ်လစာ) ။

🌠 အလုပ်နေရာ▪ Chiba,Ibaraki,Kanagawa

🌠 လိုအပ်သောအရည်အချင်း ▪️ N4အထက်
တိုခုတဲအိလတ်မှတ်ပြင်ပအစားအစာလတ်မှတ်ရှိသူ။
(特定技能外食の有資格者のみ)

⏩ အသေးစိတ်ဆက်သွယ်လိုပါက Chatbox မှတစ်ဆင့်မေးမြန်းနိုင်ပါသည်။
(မှတ်ချက်။ ဝန်ဆောင်ခမလိုပါ။)

14/11/2020

🔴🌠ဆောက်လုပ်ရေးစီမံခန့်ခွဲမှု / ပစ္စည်းကိရိယာများ / ဆောက်လုပ်ရေးဝန်ကျင်အန္တရယ်ကင်းရှင်းရန်ကာကွယ်ခြင်း။ (Construction management / equipment / environmental protection)နှင့်ဆိုင်သောယောကျားလေးဝန်ထမ်းခေါ်ယူခြင်း။📣

(No. 1016)

🌠 လစာ ▪️ တစ်နှစ်ဝင်ငွေယန်း သောင်း၄၀၀မှယန်းသောင်း ၆၀၀အကြား ( အတွေ့အကြုံပေါ်မူတည်ပြီးအပြောင်းအလဲရှိသည်။)

🌠 လစာငွေမှပေးဆောင်ရမည့်ပမာဏ▪️ခန့်မှန်းခြေအားဖြင့်ယန်း ၅၀၀၀၀ (လူမှုအာမခံကြေး၊အလုပ်အကိုင်အာမခံကြေး၊ ဝင်ငွေခွန်)

🌠 ဘောနပ်ရှိသည်။

🌠အလုပ်နေရာ ▪️Kanagawa သို့ Chiba

🌠 အလုပ်အချိနိ ▪️ မနက် ၈နာရီမှ ညနေ ၅နာရီ
(နေ့လည် တစ်နာရီနား)

🌠 ဘောနပ်ရှိသည်။

🌠 လိုအပ်သောအရည်အချင်း ▪️技術・人文知識・国際業務 ဗီဇာကိုင်ထားသူ ◾️ဂျပန်စာ N2အထက် ။

⏩ အသေးစိတ်ဆက်သွယ်လိုပါက Chatbox မှတစ်ဆင့်မေးမြန်းနိုင်ပါသည်။
(မှတ်ချက်။ ဝန်ဆောင်ခမလိုပါ။)

Photos from Nippon Jobs's post 14/11/2020

📣🔴 ⭐ ​စိုက်ပျိုးရေးလုပ်ငန်းစိတ်ဝင်စားသူများအတွက်⭐ 🔴📣

No. 1001

🌠အလုပ်အမျိုးအစား🔹 (A)လိမ္မော်သီးစိုက်ခင်း ။(B)ခရမ်းချဉ်သီးများနှင့်ကြက်သွန်မြိတ်စိုက်ခင်း။

🌠လစာ 🔹 (A)အတွက်ယန်း၂၀သောင်းမှ
(B )အတွက်ယန်း၁၅၊၁၆သောင်း။(အချိန်ပိုကြေးပေါ်မူတည်သည်။)

🌠ကျား/မ 🔹ယောကျာ်းလေး

🌠အသက်ကန့်သက်ချက်မရှိ

🌠အလုပ်နေရာ🔹 kumamoto ခရိုင်၊kumamoto မြို့။

🌠အချိန်ပိုကြေး 🔹 အလုပ်နေရာပေါ်မူတည်။

🌠အဆောင်ထောက်ပံကြေး🔹 ယန်း ၁၀၀၀၀ထောက်ပံကြေးရှိနိုင်၊ ရေမီဖိုး၊ Wi-Fi ညှိနှိုင်း။

🌠လိုအပ်သောအရည်အချင်းများ
◾❗️လက်ရှိဂျပန်နိုင်ငံတွင်နေထိုင်နေသူ
◾️❗️ဆောက်လုပ်ရေးလုပ်ငန်းနှင့်အလုပ်သင်(jisshuusei) ပြီးထားသူ။

☎️⏩ အသေးစိတ်ဆက်သွယ်လိုပါက Chatbox မှတစ်ဆင့်မေးမြန်းနိုင်ပါသည်။
(မှတ်ချက်။ ဝန်ဆောင်ခမလိုပါ။)

Photos from Nippon Jobs's post 13/11/2020

🔴ဂဟေလုပ်ငန်းအတွက်အလုပ်ခေါ်စာ🔴

(No. 1014)

☑ အလုပ်အမျိုးအစာ🔹 ဂဟေဆော်ခြင်း ။

☑ လစာ 🔹 ယန်း၂၄သောင်းမှယန်း၂၅သောင်း။

☑ ကျား/မ 🔹ယောကျားလေး

☑ အသက်ကန့်သက်ချက်မရှိ

☑ အလုပ်နေရာ🔹 Hokkaido, Okinawa နှင့်အခြား။

☑ အချိန်ပိုကြေး 🔹 အလုပ်နေရာပေါ်မူတည်။

☑ အဆောင်ထောက်ပံကြေး🔹 အလုပ်နေရာပေါ်မူတည်။

☑ လိုအပ်သောအရည်အချင်းများ

◾❗️လက်ရှိဂျပန်နိုင်ငံတွင်နေထိုင်နေသူ
◾️❗️ဆောက်လုပ်ရေးလုပ်ငန်းနဲ့အလုပ်သင်(jisshuusei) ပြီးထားသူ။(သို့)
▪️❗️ဂဟေနှင့်ဆိုင်သောတိုခုတဲလတ်မှတ်ကိုင်ဆိုင်ထားသူ။

💠 ⏩ အသေးစိတ်ဆက်သွယ်လိုပါက Chatbox မှတစ်ဆင့်မေးမြန်းနိုင်ပါသည်။
(မှတ်ချက်။ ဝန်ဆောင်ခမလိုပါ။)

Photos from Nippon Jobs's post 12/11/2020

📣🔴ဆောက်လုပ်ရေးလုပ်ငန်းယောကျားလေးဝန်ထမ်းခေါ်ယူခြင်း🔴📣

No.1011

🌠အလုပ်အမျိုးအစား🔹 ဆောက်လုပ်ရေး (တူးဖော်ရေး)

🌠လစာ 🔹 ယန်း၂၄သောင်းမှယန်း၂၅သောင်း။

🌠ကျား/မ 🔹ယောကျားလေး

🌠အသက်ကန့်သက်ချက်မရှိ

🌠အလုပ်နေရာ🔹 Hokkaido, Okinawa နှင့်အခြား။
🌠အချိန်ပိုကြေး 🔹 အလုပ်နေရာပေါ်မူတည်။

🌠အဆောင်ထောက်ပံကြေး🔹 အလုပ်နေရာပေါ်မူတည်။

🌠လိုအပ်သောအရည်အချင်းများ
◾❗️လက်ရှိဂျပန်နိုင်ငံတွင်နေထိုင်နေသူ
◾️❗️ဆောက်လုပ်ရေးလုပ်ငန်းနှင့်အလုပ်သင်(jisshuusei) ပြီးထားသူ။

☎️⏩ အသေးစိတ်ဆက်သွယ်လိုပါက Chatbox မှတစ်ဆင့်မေးမြန်းနိုင်ပါသည်။
(မှတ်ချက်။ ဝန်ဆောင်ခမလိုပါ။)

Photos from Nippon Jobs's post 12/11/2020

⭐ စားသောက်ကုန်လုပ်ငန်းအလုပ်ခေါ်စာ ⭐
No. 1010

🔵 အလုပ်အမျိုးအစား ▪️အစားအစာနှင့်အဖျော်ယမကာထုတ်လုပ်ခြင်းလုပ်ငန်း (အပူအတွက်အပူဖြတ်တောက်ထားသောဟင်းသီးဟင်းရွက်များထုတ်လုပ်ခြင်း)

🔵 လစာ ▪️ယန်း၁၉သောင်း-၂၀သောင်း(အချိနိပိုကြေးအပါအဝင်)

🔵 အလုပ်နေရာ ■ Tochigi

🔵 ကျား/မ မရွေးပါ

🔵 အဆောင်ခ ယန်း၂သောင်းခန့်

🔵 လိုအပ်သောအရည်အချင်း
🌸လက်ရှိဂျပန်နိုင်ငံတွင်နေထိုင်သူ
🌸တိုခုတဲအိဂီနိုးလတ်မှတ်ရှိသူ

💠 ⏩ အသေးစိတ်ဆက်သွယ်လိုပါက Chatbox မှတစ်ဆင့်မေးမြန်းနိုင်ပါသည်။
(မှတ်ချက်။ ဝန်ဆောင်ခမလိုပါ။)

Photos from Nippon Jobs's post 12/11/2020

♥️သက်ကြီးရွယ်အိုပြုစုစောင့်ရှောက်ရေးလုပ်ငန်းများအထူးစိတ်ဝင်စားသူများအတွက်အလုပ်ခေါ်စာ ♥️

No. 1013

🔸လစာ - ယန်း ၂၁ သောင်း (OT ကြေးရှိသည်)
အလုပ်ဝင်ပြီး ၃လ ၊ ၄လတွင် လစာ ၂၃သောငိးဖြစ်မည်။

🔶ကျား/မ - အမျိုးသမီး (အသက်အကန့်သတ်မရှိ)

🔶အခြားခံစားခွင့် - Bonus နှင့် လစာတိုးခံစားခွင့်ရှိသည်။

🔶လိုအပ်သောအရည်အချင်း
⏩ဂျပန်တွင်လက်ရှိနေထိုင်သောသူ
⏩ကျောင်းပြီးထားသူများ (သို့)
⏩တခြားအလုပ်အမျိုးအစားနှင့်အလုပ်သင်(実習生)ပြီးမြောက်ထားသူများ။

☎️အသေးစိတ်သိလိုပါက မတ်ဆေ့မှဆက်သွယ်မေးမြန်းနိုင်ပါသည်။

Telephone

Website