Pdf Channel

Pdf Channel

あなたも好きかも

Mao Sakngea
Mao Sakngea
Md Ahon
Md Ahon

uehs jisus gyfebki jsiud

Photos from Pdf Channel's post 29/06/2022

ကြည့်ရတာ ကျက်သရေရှိလိုက်တာ❣️
တိုင်းပြည်အတွက် အလုပ်တွေလုပ်ပေးနေတာ ကျေးဇူးအရမ်းတင်တယ် ဂုဏ်ယူတယ် ကျန်းမာပါစေ ဘေးကင်းပါစေ

28/06/2022

NUG မပါရင်
PDF LDF ဟာ သာမန်သူပုန်ပဲ။

PDF LDF မပါရင်
NUG ဟာ လေလှိုင်းအစိုးရပဲ။

PDF LDF နဲ့ NUG မပေါင်းစည်းနိုင်ရင်
EAO တွေက
မရေမရာပြည်မအဖွဲ့တွေနဲ့ ဘယ်လိုလက်တွဲမလဲ။

NUG နဲ့ PDF LDF အကြား
သွေးကွဲစေခြင်းဟာ
စောက်ပုရဲ့
နောက်ဆုံး ကောက်ရိုးတမျှင် တိုက်ကွက်ပဲ။

ကိုယ့်ကိုကိုယ် စောက်ဆရာကြီးထင်ပြီး ဘယ်သူဘယ်ဝါ ဘာညာ အာသီးယောင်မနေကြနဲ့။

ပြည်သူမကြိုက်တဲ့ နိုင်ငံရေးသမား
တော်လှန်ရေးပြီးရင်
ကြိုက်တဲ့အချိန်ဖြုတ်လို့ရတယ်။
အထောက်အထားသာ စုထား။

ပြည်သူ့ငွေ အလွဲသုံးစားသမား
တော်လှန်ရေးပြီးရင်
ထောင်ချအရေးယူလို့ရတယ်။
အထောက်အထားသာစုထား။

အရေးကြီးကာမှ
မုဒိန်းတပ်အကြိုက်
ကြက်ဥတိုက်တဲ့ပို့စ်တွေနဲ့
အချိန်ကုန်မခံကြနဲ့။

ယီးတွေဖြစ်ကုန်ရင်
ဘယ်သူမှလည်းတာဝန်ယူနိုင်တာ မဟုတ်ပဲနဲ့..

ကြင်စိုး အကြိုက်တေ တခုမှ မလုပ်နဲ့ ..။

၁၀ဖိုးလောက်တော်လှန်ပြီး ၁၀၀ဖိုးလောက်ရန်ဖြစ်နေ ဝေဖန်နေလို့ကတော့ ဘုံရန်သူကို ဘယ်တော့မှနိုင်မှာ မဟုတ်တော့ဘူး

စောက်ကြီးစောက်ကျယ်တွေက လူတိုင်းပြောတတ်တယ်

အဲ့တော့ စောက်ကြီးစောက်ကျယ်ပြောတာတွေလျှော့ပြီး ကိုယ်တတ်နိုင်တဲ့ဘက်ကတော်လှန်နေဖို့ဘဲအရေးကြီ
@အနွယ်တော်
Crd 😎

27/06/2022

ပွင့်ဖြူမာ ကျသွားတဲ့

ရဲဘော်လေးတေ🥺😭🙏၊

RIP 💔🥀။

Photos from Pdf Channel's post 27/06/2022

မန္တလေးမြို့လယ်‌ခေါင်ပစ်ခတ်မှုမှာ ရတနာပုံတော်လှန်ရေးတပ်ဖွဲ့ တပ်မှူးကျဆုံး
-----------------------
KNA| June 27,2022./နွေဦးမောင်

မန္တလေးမြို့လယ်ခေါင်ပစ်ခတ်မှုဖြစ်စဉ်မှာ ရတနာပုံတော်လှန်ရေးတပ်ဖွဲ့ရဲ့ တပ်မှူး ဆရာစွမ်းထက်အောင်(ခ)ဆရာထက်ရှိုင်းဇော် ကျဆုံးခဲ့ရတယ်လို့ ရတနာပုံတော်လှန်ရေးတပ်ဖွဲ့ ပြည်သူ့ဆက်ဆံရေးဌာနက သတင်းထုတ်ပြန်ပါတယ်။

ဇွန်လ ၂၅ရက် နေ့လယ်ပိုင်းက မန္တလေးမြို့လယ်ခေါင် မဟာအောင်မြေမြို့နယ် ၈၄ လမ်းပေါ်မှာ ဆိုင်ကယ်စီးလူငယ်တစ်ဦးကို စစ်ကောင်စီတပ်ဖွဲ့က လိုက်လံဖမ်းဆီးရာမှာ အပြန်အလှန်ပစ်ခတ်မှု ဖြစ်ပွားခဲ့ပြီး ဆိုင်ကယ်စီးလူငယ်သေဆုံးခဲ့ကာ စစ်ကောင်စီတပ်ဖွဲ့ဘက်ကလည်း ဒဏ်ရာရသူတွေ ရှိခဲ့တယ်လို့ သိရပါတယ်။

ကျဆုံးသွားတဲ့ လူငယ်ဟာ ရတနာပုံတော်လှန်ရေးတပ်ဖွဲ့တပ်မှူး၊ ရတနာပုံတော်လှန်ရေးတပ်ဖွဲ့ ဗဟိုကော်မတီ၀င် ဆရာစွမ်းထက် အောင်(ခ)ဆရာထက်ရှိုင်းဇော် ဖြစ်ပြီး ကျဆုံးမှုအတွက် သေနတ်ပစ်ဖောက်အလေးနီပြုခြင်းနဲ့ အမိန့်စာပြန်တာ‌တွေ ပြုလုပ်ခဲ့တယ်လို့ ရတနာပုံတော်လှန်ရေးတပ်ဖွဲ့ ပြည်သူ့ဆက်ဆံရေးဌာနက ယမန်နေ့ညပိုင်းမှာ သတင်းထုတ်ပြန်ပါတယ်။

“၂၅.၆.၂၀၂၂ ရက်နေ့ စစ်အာဏာရှင်တော်လှန်ရေးအတွင်း ရဲဝံ့ပြောင်မြောက်စွာအသက်ပေးခဲ့သော ရတနာပုံတော်လှန်ရေးတပ်ဖွဲ့တပ်မှူး၊ ရတနာပုံတော်လှန်ရေးတပ်ဖွဲ့ ဗဟိုကော်မတီ၀င် ဆရာစွမ်းထက် အောင်(ခ)ဆရာထက်ရှိုင်းဇော်အား သေနတ်ပစ်ဖောက်အလေးနီပြုခြင်းနှင့် အမိန့်ပြန်တမ်းဖတ်ကြားခြင်း”လို့ ရတနာပုံတော်လှန်ရေးတပ်ဖွဲ့က ဓာတ်ပုံမှတ်တမ်း ဗွီဒီယိုနဲ့ သတင်းထုတ်ပြန်ခဲ့တာပါ။

အပြန်အလှန်ပစ်ခတ်မှုဖြစ်စဉ်အတွင်း စစ်ကောင်စီတပ်ဖွဲ့ဘက်က စစ်‌သားတစ်ဦးလည်း ကျည်ဆန် ထိမှန်ဒဏ်ရာနဲ့ ဆေးရုံပို့ဆောင်လိုက်ရတယ်လို့ စစ်ကောင်စီဝါဒဖြန့်မီဒီယာတွေက ဖော်ပြကြပါတယ်။

စစ်ကောင်စီဘက်ကတော့ မန္တလေး ကမ္ဘောဇဘဏ်ခွဲ(၉)ဓါးပြတိုက်မှုမှာ ကျူးလွန်သူ(၆)ဦးကိုဖမ်းမိခဲ့ပြီး အဲ့ဒီလူတွေရဲ့ထွက်ဆိုချက်အရ ရတနာပုံတော်လှန်ရေးခေါင်းဆောင်ဖြစ်တဲ့ ဆရာစွမ်း(ခ) ထက်ရှိုင်းဇော်ဟာ ဘဏ်ဓါးပြတိုက်မှုမှာခေါင်းဆောင်သူဖြစ်တာကြောင့် လိုက်လံဖမ်းဆီးခဲ့ရာမှာ လုံခြုံရေးတပ်ဖွဲ့ဝင်တွေကိုပစ်ခတ်ထွက်ပြေးတဲ့အတွက် လုံခြုံရေးတပ်ဖွဲ့ဝင်တွေကပြန်လည်ပစ်ခတ်ခဲ့တာကြောင့် ဆရာစွမ်း(ခ)ထက်ရှိုင်းဇော်ကို G***k အမျိုးအစား ပစ္စတို(၁)လက်၊ ကျည်အိမ်(၂) ခု၊ ၉မမ ကျည်(၁၉)တောင့်တို့နဲ့အတူ အသေဖမ်းဆီးရမိတယ်လို့ ဝါဒန်ဖြန့် ထုတ်ပြန်ထားပါတယ်။
Kawhmu_NewsAgency

Photos from Pdf Channel's post 27/06/2022

" #လူသေရောင်းဝယ်ရေး"
♪•••••••••••♪••••••••••♪

လူသေကောင်တွေ ရမယ်..ဗျို့
လူသေကောင်တွေ ရမယ်..
အလွှာပေါင်းစုံက
အလောင်းကောင်တွေ ရမယ်...

အနာဂါတ်အိမ်မက်တွေ ပျက်ကျသွားတဲ့
လူသေကောင်တွေ ရမယ်...
လာဝင်ကြည့်ပါအုန်း ဆရာကြီးရဲ့...

ဟော့ဒါက...ကျောင်းသားလေး
ဒါကတော့...အားကစားသမားလေး
ဒါကတော့...ဆရာဝန်ဗျ
ဟော့..ဟော့ဒါက ဆရာကြီးရေ
သူနာပြုလေး ဖြစ်တယ်။
အယ်..ဒီတစ်ယောက်ကတော့
အင်ဂျင်နီယာလေးဗျ။
ဒါလေးကတော့...ကျောင်းဆရာလေးဗျာ။
ဟော့ဒါလေးက...ကဗျာဆရာ
ဒါက...အဆင့်အတန်းလေးခွဲပြီး
ပြထားတာပါ ။

ဒီဘက်အခန်းကတော့ဗျာ..
ရွာသားတွေဗျ။

ဟော့..အဖွားအိုကြီးကတော့
အိမ်နဲ့အတူ မီးရှို့ခံရတာဗျ။
ဒီအဖိုးအိုဟာ..နောက်ပြန်ကြိုးတုပ်ပြီး
နောက်စေ့ကို တေ့ဖြုတ်ခံထားရတာ..
သူချည်းမဟုတ်ဘူး။ဒီအမျိုးသမီးကြတော့..
ကိုယ်ဝန်ဆောင်ကြီးနဲ့ ဗျ။
ဒီဘက်တစ်ယောက်ကြတော့
မသေခင် အဓမ္မကျင့်ခံထားရတာဗျ။

အစုံပဲဗျာ....အစုံပဲ
ကဲ..ကဲ...ဒီတစ်ခန်းကတော့
မြေမြုပ်မိုင်းတွေထိပြီး
ပြတ်ကျန်ခဲ့တဲ့ အရပ်သားတွေရဲ့
ခြေတွေ ၊လက်တွေပဲဖြစ်တယ်။
အယ်..ဒီဖက်ကတော့ အိပ်မောကျနေတုန်း
၁၂၀မမ..၆၀မမတွေထိပြီး ရုပ်ပျက်ဆင်းပျက်
ဖြစ်ခဲ့ရတဲ့ အလောင်းကောင်တွေပေါ့..

ဒီဘက်က ကလေးအလောင်းကောင်တွေက
ကစားရင်း လက်နက်ကြီးကျလို့ဗျ ။

ကဲ...ဒီဘက်ခန်းလေးတွေထဲကတော့
တော်လှန်ရေး ရဲဘော်တွေပေါ့ဗျာ
ူသူတို့တွေကိုတော့ ဘယ်လောက်ပေးပေး
မရောင်းဘူးဗျ....အမြတ်တနိုးသိမ်းထားတာ
ဒီကောင်တွေသာ...အသက်ရှင်ရင်
ဒီကောင်တွေ...ဘာလုပ်မလည်းဆိုပြီး
ထိုင်ကြည့် ချင်သေးတာဗျာ...

ဟော....ဒီရဲဘော်ဆိုမသေခင်က
ဂစ်တာတီးကျွမ်းတာဗျ။
တော်လှန်ရေးကြီးထဲကို မရောက်ရင်
ဒီကောင်ကြီးကအခုဆို တော်တော်လေး
အနုပညာ ခရီးပေါက်နေလောက်ပြီ။
ကဲ ...ဒီရဲဘော်ကြီးကတော့
သူ့အမေကိုသိပ်ချစ်တာဗျ။
ဒီရဲဘော်ဆို..သူကျခါနီး သူ့အဖေကိုတောင်
ဖုန်းတွေ ပြောသွားသေးတာ ။

ဟာ...ဒီရဲဘော်ကတော့
ဟင်းချက် သိပ်ကောင်းတာ...
ဆရာကြီး နည်းနည်းလေးနောက်ဆုတ်
ဒုတိယအလွှာရဲ့ ညာဖက်ရဲဘော်ကတော့
သူ့စခန်းဝင်စီးခံရချိန် တစ်ယောက်တည်း
ယှဉ်ပစ်ရင်း အသေခံကာကွယ်သွားတာ
ဒီရဲဘော်ကတော့..ငှက်ဖျားနဲ့ဆုံးထားတာပါ
ဒီရဲဘော်ကြတော့..ပညာရေး CDM ထဲကဗျ။
သူ့မှာသိပ်ချစ်ရတဲ့ကောင်မလေ ရှိခဲ့တယ်။
ဒီရဲဘော်ကတော့... မြို့ကြီးသားဗျ။
တော်တော်ရယ်ရတာပဲ...သူဌေးသားလို
စားနိုင်သောက်နိုင်တာတောင်
ဒုက္ခလာခံ သွားသေးတာဗျ ။
သူတို့လည်း ကျွန်တော်တို့၊ဆရာကြီးတို့လို
လူသားတွေပဲဗျ...
နှလုံးသားတွေနဲ့ပဲလေ....

ပြောလို့ကုန်မှာ မဟုတ်ပါဘူး။
ဒါတောင် ၄၄လမ်းက တိုက်ပေါ်ကနေ
ခုန်ချတဲ့ ရဲဘော်တွေကိုမပြရသေးဘူးရယ်။

ပွင့်ဖြူ က ရဲဘော် (၁၂)လောင်းကတော့
လတ်လတ်ဆတ်ဆတ် ရှိသေးတာ..

ကဲ...ဒီဘက်အခန်းထဲကတော့
ဘယ်တော့မှပြန်မရနိုင်တဲ့အနုပညာတွေနဲ့
လူသားလေးပေါ့....
သူ့နာမည်က " ရေမွန် " တဲ့....

နောက်လည်း လာကြည့်ပါနော်။
ဒီဆိုင်က ဒီနိုင်ငံမှာပဲရှိတာဗျ။
ကဲ...ဆရာကြီးရေ.... ပြန်လိုကိအုန်းဗျ။
ဆရာကြီးရဲ့မိသားစုတွေ မျှော်နေလောက်ပြီ ။ ။


( #မူရင်းရေးသားသူကိုဂုဏ်ပြုပါတယ်)

27/06/2022

တောထဲက PDF လေးတေရဲ့ထမင်းတစ်နပ် ငပျောဖူးဟင်းလေးနဲ့🥺

#လေးစားတယ်သူရဲကောင်းတို့💪

crdphoto

26/06/2022

ဖုန်းခေါ်ခိုင်းတဲ့အတိုင်း မခေါ်လို့ စစ်ကြော‌ရေးမှာ သတ်ခံလိုက်ရသူ

စစ်ကောင်စီ စစ်ကြောရေးစခန်းတစ်ခုမှာ ‌လက်ပြန်ကြိုးတုတ်ပြီး ခြေထောက်ကို ထိပ်တုံးခတ်ထား တဲ့ လူငယ်တစ်ဦးကို သူ့ ဖုန်းနဲ့ သူ့သူငယ်ချင်းကိုခေါ်ခိုင်းတာမှာ လူငယ်က သူ ဖမ်းဆီးခံနေရကြောင်း အမှန်အတိုင်းပြောလိုက်တဲ့ အတွက် ထိုးကြိတ်ရိုက်နှက်ခံရတဲ့ ရုပ်သံဖိုင်တခု အွန်လိုင်းမှာ ပြန့်လာပါတယ်။

အဲ့ဒီလူငယ်ဘယ်သူဘယ်ဝါဆိုတာကို Burma VJ ကဆက်လိုက်ကြည့်တော့ အဲ့ဒီလူငယ်က အသက်၂၄နှစ် ကိုဝေယံစိုးလို့သိရပြီး သူတို့ ခိုင်းတဲ့အတိုင်းမလုပ်တဲ့အတွက် နောက်ဆုံးမှာ အသတ်ခံလိုက်တာလို့ သူ့ရဲ့သင်တန်းမှူးက အတည်ပြုပါတယ်၊

ကိုဝေယံစိုးဟာ ဝက်လက်ကာကွယ်ရေးတပ်ဖွဲ့ အပတ်စဉ်(၃) သင်တန်းဆင်းတစ်ဦးဖြစ်ပြီး နောက်ပိုင်းမှာ တပ်စိတ်မှူးတာဝန်ယူခဲ့သူလည်း ဖြစ်ပါတယ်။

ဇာတိရပ်ရွာဘက်မှာ တော်လှန်ရေးလုပ်ငန်းတွေကို ပူးပေါင်းဆောင်ရွက်နေတဲ့အချိန် စစ်တပ်ရဲ့ ဖမ်းဆီးခံရကာ စစ်ကြောရေးမှာ ရက်ရက်စက်စက်သတ်ဖြတ်ခံခဲ့ရပါတယ်။
သီတာနွယ်
Credit..

あなたの事業を食料品店のトップリストYokohamaにしたいですか?
ここをクリックしてあなたのスポンサー付きリスティングを獲得。

カテゴリー

電話番号

ウェブサイト

住所

Jsjjd Gys Jsij Ttkiw
Yokohama, Kanagawa
76678@
食料品・日用品のその他Yokohama (すべて表示)
Senh Giang Senh Giang
Senh Giang
Yokohama, OK

hmoob yaj

Thực Phẩm Việt Duyên Hải Thực Phẩm Việt Duyên Hải
神奈川県横浜市鶴見区鶴見中央1-6-5大善1F
Yokohama, 230-0051

Địa chỉ: 230-0051 神奈川県横浜市鶴見区鶴見中央1-6-5大善ビル1F  * Đi bộ 2 ph

Chợ Việt Aikogun Chợ Việt Aikogun
愛甲郡愛川町中津 210-1-2F
Yokohama, 243-0303

Chợ Việt Aikogun Aikawamachi chuyên sĩ lẻ tạp hoá Việtベトナム料理や飲み物をはじめ、売店で扱うさまざまな商品を用意。

Dâu Oder Dâu Oder
Yokosuka
Yokohama

Chuyên thời trang nam nữ trẻ trung năng động

𝕬𝖘𝖍𝖊𝖘 𝖔𝖓 𝖞𝖔𝖚𝖗 𝖘𝖍𝖔𝖚𝖑𝖉𝖊𝖗 𝕬𝖘𝖍𝖊𝖘 𝖔𝖓 𝖞𝖔𝖚𝖗 𝖘𝖍𝖔𝖚𝖑𝖉𝖊𝖗
Yokohama

Tàn thuốc còn vương trên vai áo anh, cùng với mùi của biển cả...

Casey's Nihon PasaBuy - Japan to PH Casey's Nihon PasaBuy - Japan to PH
Yokohama, Tokyo
Yokohama, 220-0000

WELCOME! Even if you are in the Philippines, handang iparamdam sa inyo ang produkto ng Japan!

cacaology_japan cacaology_japan
港南区日野9-26/2
Yokohama, 2340051

Tạp Hóa Hiếu Béo yokohama Tạp Hóa Hiếu Béo yokohama
神奈川県横浜市中区, 扇町2丁目5-5, タカシンビル 2F 3F 4F
Yokohama, 231-0027

-Chuyên sỉ lẻ đồ khô tạp hóa. -Nhà hàng các món ăn việt -Karaoke 24/7 -Vận chuyển - đưa đón sân bay

Gaijins Grocery Gaijins Grocery
Yokohama

Selling Philippine Grocery Products In Japan

Dazato Night Dazato Night
Yokohama, 003871169

Carpenter

Ayaya Ayaya
Kanagawa Ken
Yokohama, 2310806

Online Off house Japan brands

Kippo 〜吉包〜 Kippo 〜吉包〜
神奈川県横浜市都筑区東山田4丁目42/10
Yokohama, 2240023