နွေဦးတော်လှန်ရေးသတင်းစဉ်
公務員付近
Thumatter Street, Yangon
Yangon -
yangon, Yangon
Merchant Road, Yangon
YANGON, Yangon
Yangon
Yangon
Yangon 3
Sanchaung street, Yangon
Www.Comstruction.com, Yangon
No:133 Bo Min Yaung street. Myanglar Taung Nyunt Town Ship, Yangon, Yangon
Yangon, Yangon
Nguwah Street, Ahlone Township, Yangon
yangon kayan, Yangon
No. 51, Room 4 (B). 42nd Street Batahtaung Township, Yangon
Thank you for read.
"Insights on the achievements of Myanmar's Spring Revolution" အစီအစဉ် ဩဂုတ်လ ၂၁ ရက်နေ့ ည ၇နာရီခွဲအချိန်တွင် ထုတ်လွှင့်မည်
ဩဂုတ် ၁၈၊ ၂၀၂၄
"မြန်မာ့နွေဦးတော်လှန်ရေး၏ အောင်မြင်မှုများအပေါ် ရှုမြင်ချက်များ - Insights on the achievements of Myanmar's Spring Revolution" လို့ အမည်ပေးထားတဲ့ အစီအစဉ်ကို ဩဂုတ်လ ၂၁ ရက်နေ့ မြန်မာစံတော်ချိန် ည ၇နာရီခွဲအချိန်မှာ ထုတ်လွှင့်ပြသသွားမယ်လို့ သိရပါတယ်။ အစီအစဉ်မှာ တီမောလပ်စတေးနိုင်ငံ သမ္မတ ဟိုဆေးရာမို့စ်ဟောတာ ၊ အမျိုးသားညီညွတ်ရေးအစိုးရ နိုင်ငံတော် ယာယီသမ္မတ ဒူဝါလရှီးလ ၊ အမျိုးသားညီညွတ်ရေးအစိုးရ ပြည်ထောင်စု ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်း ၊ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP) ဥက္ကဋ္ဌ ခူဦးရယ် တို့နဲ့ အတူ ထိုင်းနိုင်ငံခြားရေးဝန်ကြီးဟောင်း H.E. Kasit Piromya ၊ NSW ဩစတြေးလျ လွှတ်တော်အမတ် Hon. Janelle Saffin ၊ မြန်မာနိုင်ငံကြားကာလဗဟိုဘဏ် အထူးအကြံပေး Dr Sean Turnell နဲ့ ပရက် လူမှုအခြေပြုစင်တာရဲ့ အကြီးတန်းအကြံပေး Igor Blaževič တို့ က ပြောကြားသွားကြမှာဖြစ်ပါတယ်။
အစီအစဉ်ကို NUG ၊ CRPH ၊ PVTV ၊ Radio NUG ၊ DVB Mizzima ၊ ခေတ်သစ် ၊ D Day Channel ၊ ဒီလမ်း ၊ နွေဦးအသံ ၊ People's Spring ၊ သံလွင်တိုင်းမ်၊ Delta News Agency၊ မမများနဲ့ပွဲကမယ် နှင့် Red Peacock ပေ့ချ်များ အပြင် အမျိုးသားညီညွတ်ရေးအစိုးရ ဝန်ကြီးဌာနအသီးသီးရဲ့ လူမှုကွန်ယက်စာမျက်နှာတွေကနေ တိုက်ရိုက်ထုတ်လွှင့်ပြသသွားမှာဖြစ်ပါတယ်။
"Insights on the achievements of Myanmar's Spring Revolution" program will be broadcast on August 21, 2024 at 7:30 p.m.
August 18 2024
Tune in on August 21, 2024, at 7:30 p.m. Myanmar time for a special broadcast titled “Insights on the Achievements of Myanmar's Spring Revolution."
This program will feature distinguished guests, including the President of Timor-Leste, José Ramos-Horta, and Acting President of the National Unity Government, Duwa Lashi La. Joining them will be Union Prime Minister Mahn Winn Khaing Thann, Karenni National Progressive Party (KNPP) Chairman Khu Oo Reh, former Thai Foreign Minister H.E. Kasit Piromya, Hon. Janelle Saffin, MP from NSW Australia, Dr. Sean Turnell, Special Adviser to the Interim Central Bank of Myanmar, and Senior Adviser Igor Blaževič from the Prague Civil Society Centre.
This significant event will be streamed on various platforms of the NUG, CRPH, PVTV , Radio NUG, DVB, Mizzima, Khit Thit (ခေတ်သစ်), D Day Channel, D-Lann News (ဒီလမ်း), The Voice of Spring (နွေဦးအသံ), People's Spring, Than Lwin Times (သံလွင်တိုင်းမ်), Delta News Agency, မမများနဲ့ပွဲကမယ် and Red Peacock.
Don't miss this opportunity to hear key insights and reflections on Myanmar's journey towards freedom and federal democracy.
ကာကွယ်ရေးဝန်ကြီး၏ Myanmar Now သတင်းဌာနနှင့် အင်တာဗျုး ကောက်နုတ်ချက်
အာဏာသိမ်းတာမှားတယ်၊ စစ်တပ်ဟာ နိုင်ငံရေးနဲ့ကင်းကင်းနေသင့်တယ်။ အခု အာဏာကို ပြည်သူ့လက်ပြန်အပ်ပြီး တပ်ဟာ ဘားတိုက်ပြန်သင့်တယ်ဆိုတဲ့ အယူအမြင်ရှိတဲ့သူတွေ တပ်ထဲ(စစ်ကောင်စီတပ်) ပိုအားကောင်းလာတယ်ဆိုတာကိုလည်း ကျွန်တော်တို့ သတိပြုမိပါတယ်။
ဦးရည်မွန်
ပြည်ထောင်စုဝန်ကြီး
ကာကွယ်ရေးဝန်ကြီးဌာန
အမျိုးသားညီညွတ်ရေးအစိုးရ
#ငါတို့အနာဂတ်ငါတို့ကိုယ်တိုင်ဆုံးဖြတ်မယ်
.
“ဘူး” သပိတ် ဆင်နွှဲ ဖက်ဆစ် ဖြိုလှဲ
▄▄▄▄▄▄▄▄▄▄▄▄▄▄
ပြည်သူ့တော်လှန်ရေးကြီးက လက်ရှိ အောင်ပွဲအလီလီ ရရှိနေတာကို တော်လှန်ပြည်သူများ တွေ့မြင်၊ ကြားသိနေမှာ ဖြစ်ပါတယ်။ မအလ ဖက်ဆစ်အာဏာရူးရဲ့ နေဝင်ချိန်က နီးကပ်လာနေတဲ့ သဘောပါပဲ။
ဒီနေရာမှာ ကျနော်တို့ တော်လှန်ရေးကြီး အမြန်ဆုံး အောင်ပွဲဆင်နိုင်ဖို့အရေး အထူးအရေးကြီးတာတခုကို အလေးအနက် တင်ပြပြောဆိုလိုပါတယ်။
ဒီပွဲကို စောစောသိမ်းနိုင်ဖို့ဆိုရင် စစ်ရေးတိုက်ပွဲများနဲ့အတူ လူထုတိုက်ပွဲ၊ လူထုအုံကြွမှု၊ အာဏာဖီဆန်ရေးလှုပ်ရှားမှုများကို ဟန်ချက်ညီညီ ဖော်ဆောင်နိုင်ဖို့ အထူးလိုအပ်ပါတယ်။ ကျနော်တို့ တော်လှန်ရေးကြီးက စစ်ရေးနည်းနာတခုတည်းကို လုံးလုံးလျားလျား အားပြုထားလို့ မရပါဘူး။ စစ်ရေးနဲ့အတူ လူထုတရပ်လုံး ပါဝင်ဆင်နွှဲနိုင်တဲ့ လူထုတိုက်ပွဲ၊ လူထုအုံကြွလှုပ်ရှားမှုကြီးတွေကို အရှိန်တိုးမြှင့် ဖော်ဆောင်ကြဖို့ လိုအပ်ပါတယ်။ ဒါမှသာလျှင် ဒီခရီး ပိုနီးပါလိမ့်မယ်။
အထူးသဖြင့် တော်လှန်ရေးကြီး စကတည်းက လူထုတရပ်လုံး စွဲကိုင်ခဲ့တဲ့ လူထု အာဏာဖီဆန်ရေး CDM နဲ့ “ဘူး” သပိတ် (Boycott and Social Punishment) လှုပ်ရှားမှုများကို အခုချိန်မှာ အစွမ်းကုန် အရှိန်တင်ကြဖို့ လိုနေပါပြီ။
“ဘူး” သပိတ် လို့ဆိုရင် ပြည်သူများ နားလည်သဘောပေါက်ကြပြီး ဖြစ်ပါတယ်။ အကြမ်းဖက်စစ်အုပ်စုကို ငါတို့ ပြည်သူတွေအားလုံးက-
- လက်မခံ “ဘူး”၊ မပူးပေါင်း “ဘူး”၊ မနာခံ “ဘူး”
- အခွန်အခ မပေး “ဘူး”
- စစ်တပ်ပိုင် ကုန်စည်နဲ့ ဝန်ဆောင်မှုတွေကို မသုံး “ဘူး”၊ မဝယ် “ဘူး”၊ မသယ် “ဘူး”၊ မရောင်း “ဘူး”
- ဖက်ဆစ်တပ်ထောက်တိုင်တွေကို လက်မခံ “ဘူး” အစရှိသဖြင့်မှသည်
ဖက်ဆစ်တပ် အခုကြံစည်နေတဲ့ အတုအယောင် ရွေးကောက်ပွဲကို လက်မခံ “ဘူး”၊ မဲ ထွက်မပေး “ဘူး” အစရှိသဖြင့် လူထုအနေနဲ့ “ဘူး” တလုံးဆောင်ကာ စစ်အာဏာရူးကို သွေးပျက်ခြောက်ခြားအောင် ထိုးနှပ်ကြဖို့ပါ။
အလားတူပဲ ဖက်ဆစ်တပ်ကို သက်ဆိုးရှည်အောင် ငွေကြေးအရ အထောက်အပံ့ပြုနေတဲ့ ဖက်ဆစ်လက်ကိုင်တုတ်ဘဝ ရောက်နေတဲ့ မြန်မာနိုင်ငံဗဟိုဘဏ်၊ မြန်မာ့စီးပွါးရေးဘဏ်တို့ကိုလည်း နိုင်ငံတကာက ထိရောက်တဲ့ ပိတ်ဆို့အရေးယူမှုတွေ ပြုပေးဖို့ ဆက်လက်တောင်းဆို တိုက်ပွဲဝင်ရမှာ ဖြစ်ပါတယ်။
ကျနော်တို့ ပြည်သူအားလုံး တဦးတယောက်မကျန် ကိုယ်တိုင်ကိုယ်ကျ ပါဝင်ဆောင်ရွက်နိုင်တဲ့ “ဘူး” သပိတ် ကိုင်ဆွဲပြီး ဖက်ဆစ်တပ်ကို အပြီးတိုင် ဖြိုလှဲကြမယ်ဗျာ။ တလှိုင်းပြီး တလှိုင်း အရှိန်မြှင့်လာတဲ့ စစ်ရေးတိုက်ပွဲနဲ့ဟန်ချက်ညီစွာ လူထုတိုက်ပွဲ၊ လူထုလှုပ်ရှားမှုများကိုလည်း ရွက်ကုန်လွှင့် ဖော်ဆောင်ကြမယ်ဗျာ။ ကျနော်တို့ ပြည်သူများအားလုံး စစ်အာဏာရူးတွေကို “ငုံ့မခံဘဲ တုံ့ပြန်” ကာ အထွေထွေ အာဏာဖီဆန် အုံကြွတော်လှန်ကြဖို့ အချိန်ကြပါပြီ။
----------
"ကျုပ်တို့ ဒူးထောက်နေလို့သာ ကြီးကျယ်သူတွေ ကြီးကျယ်နေကြတာပါ။ ကိုင်း၊ ကျုပ်တို့အားလုံး ရုန်းထွက်၊ နိုးထကြစို့။"
(ပီ-ဂျေ ပရိုဒွန်)
The great are only great because we are on our knees. Let us rise!
(Pierre-Joseph Proudhon)
#ဘူးသပိတ်ကိုင်ဆွဲဖက်ဆစ်ဖြိုလှဲ
#တက်စုံဖွင့်ရွက်ကုန်လွှင့်
#ငုံ့မခံနဲ့တုံ့ပြန်
#လူထုတိုက်ပွဲ
အရေးတော်ပုံ အောင်ရမည်။
စော်ဘွားကြီး စဝ်းစံထွန်း၏ မိုင်းပွန်ဟော်နန်း
RCSဗျို့
တော်လှန်ရေး ဗျသနများ - ၁
၁။ ခေတ်သစ် မဲပြာပုဆိုး ဇာတ်တော်ကြီး
၁၀၂၇ စစ်ဆင်ရေးဒုတိယလှိုင်းက ပထမပိုင်းထက်ပင်မြိုင်မြိင်ဆိုင်ဆိုင်ရှိလှသည်။ မတ္တရာဘက်မှ တပ်ဖွဲ့တွေလည်း ဝင်အစွမ်းပြပြီး စခန်းဆယ်ချီသိမ်းလိုက်ကြသည်။ ချင်းတပ်ဖွဲ့တွေကကလည်း မတူပီ တမြို့လုံးသိမ်းပြီး လေယာဉ်ပစ် စက်လက်နှစ်လက်အပါအဝင် လက်နက် အမြောက်အမြားသိမ်းပိုက်နိုင်ခဲ့သည် စသည်ဖြင့် ၁၀၂၇ စစ်ဆင်ရေးမှာ ဒုတိယလှိုင်းတွင်လည်း တာထွက်ကတည်းက ရိုးရာမပျက် နိုင်ပွဲတွေနှင့်ချည်း နောက်တခါ ပြည်သူရှေ့မှောက် ရောက်လာခဲ့ပြန်သည်။
ထုံးစံအတိုင်း “ငါတို့လည်းချချင်တာ၊ လက်နက်မရှိလို့” ဆိုသည့် မွဲပြာပုဆိုးဇာတ်နှင့် လူအုပ်မှာကား ကျွန်တော်တို့ အညာမှ အဖွဲ့များဖြစ်သည်။ တခါလာလည်းဒါ ၊ နောက်တခါလာလည်းဒါနှင့် မရိုသေ့စကား အပြာရုပ်ရှင်ကမှ အကွက်ပြောင်းသေးသည်။ ကျွန်တော်တို့မှာကား အပြောင်းအလဲမရှိ ဘယ်အချိန်ကြည့်ကြည့် ဒါပဲဖြစ်သည်။
အညာမှာ လက်နက်မလုံလောက်သည့် အကြောင်းက ဘယ်လောက် အောင်မြင်ကျော်ကြားလဲဆိုတာကို အမှတ်တရ ဖြစ်နေတာလေးတခု ပြောပြ ဦးမည်။ ကနီမြို့သိမ်း တိုက်ပွဲပြီး သိပ်မကြာခင်တွင် ဒီမောဆို PDF က သုံးနှစ်ပြည့် နှစ်ပတ်လည် ကြေငြာချက်ထုတ်သည်။
ကြေငြာချက်ထဲတွင် တခုတ်တရ ရေးရသည်က သူတို့ဒေသ အကြောင်းမဟုတ်၊ စစ်ကောင်စီကို အမြစ်ပြတ်အောင် ဖြုတ်မည်ဆိုလျှင် နေပြည်တော်အပါအဝင် မြန်မာပြည်၏ ဗဟိုချက်မ ဒေသများကို ထိုးစစ်ဆင်နိုင်ဖို့လိုသည်။ ထိုသို့အကောင်အထည်ဖော်နိုင်ရန်အတွက် အနီးစပ်ဆုံးဖြစ်သော အညာဒေသမှ ရဲဘော်များ လက်နက်ပြည့်စုံရန် လိုသည်။ ထို့ကြောင့် တာဝန်ရှိသူများ၊ တက်နိုင်သူများ အားကြိုးမာန်တက် ဆောင်ရွက်ပေးကြရန် မေတ္တာရပ်ခံပါသည် ဆိုတာမျိုး သီးသန့် ထည့်ရေးထားတာ မှတ်မိသည်။
စစ်မီးလောင်နေကြတာချင်း၊ အသက်နှင့်ရင်း၍ချနေကြရတာချင်း အတူတူ သူတို့မှာ သူတို့အပူမပူနိုင်ဘဲ ကိုယ်တွေကို ကျော်ပြီးပူနေရသည်။ အားလည်းနာရသလို ကျေးဇူးလည်းတင်ရသည်။ ထိုသို့ ထူးမခြားနား ဇာတ်တော်ကြီးကို သမိုင်းတပတ်မဟုတ်ဘဲ ဒရုန်းပန်ကာနှင့် အပြိုင်ဝီခေါ်နေအောင်လည်သော
အကြောင်းရင်းဇာတ်ခံမှာ “NUG အသုံးမကျလို့” ဟု ခပ်ပြတ်ပြတ် တလုံးထဲ ကောက်ချက်ချခဲ့သူများ စာရင်းတွင် ကျွန်တော်လည်းပါခဲ့ဖူးကြောင်း အားနာနာနှင့် ဝန်ခံပါသည်။
အချိန်တွေ ကြာလာတော့ ကျွန်တော်တို့ အညာရှိ တော်လှန်ရေး အင်အားစုများ ဖြစ်ထွန်းသင့်သလောက် မဖြစ်ထွန်းရ ခြင်းမှာ NUG တခုထဲကြောင့်တော့မဟုတ်။ တခြားသောအကြောင်းရင်းတွေလည်း ရှိသည်ဟု စမြင်လာသည်။ထိုအကြောင်းရင်းတွေထဲကမှ အသိသာထင်ရှားဆုံးနှင့် တော်လှန်ရေးကို အနှောင့်အယှက် အဖြစ်စေဆုံး တခုကို စပြောရလျှင် အချင်းချင်း ရိုသေလေးစားမှု မရှိရာမှ စိတ်ဝမ်းကွဲကြခြင်းဖြစ်သည်။
စိမ်ဝမ်းကွဲခြင်း၏ အကျိုးဆက်ကိုက အားလုံးသိသောကြောင့် COC ဘာညာ တိုက်တွန်းကြသော်လည်း အကြောင်းရင်းဖြစ်သော ‘အချင်းချင်း ရိုသေလေးစားမှု မရှိသော ပြဿနာ’ ကိုကား မည်သူမှ ကိုင်တွယ်ရန် မစဉ်းစားကြ၊ သို့မဟုတ် သတိမရ ဖြစ်နေကြသည်ဟု ကျွန်တော်ကတော့ မြင်မိသည်။
၂။ ကနီတိုက်ပွဲ အတွေ့အကြုံ
ကျွန်တော်တို့ ကိုယ်တိုင် အတွေ့အကြုံနှင့် ယှဉ်ပြောရလျှင် ကနီမြို့သိမ်းတိုက်ပွဲမစခင် တလအကျော်လောက် ကတည်းက ကျွန်တော်တို့ကို မြို့သိမ်းတိုက်ပွဲအတွက် စစ်ဒေသမှ ပူးပေါင်းလေ့ကျင့်ရေးဆင်းရန် အကြောင်းကြား လာသည်။ ကျွန်တော်တို့ကလည်း အလွန်တရာ တက်ကြွသော ကြက်ဖများဖြစ်နေရာ နှစ်ခါပြန် စဉ်းစားမနေဘဲ ထမင်းထုပ်ပို့မည့် အဖွဲ့ကပင် သတင်းကြားကတည်းကပင် ဖင်တကြွကြွ ဖြစ်နေကြပြီ။
ဤသို့ဖြင့် တကယ် စစ်ဆင်ရေး စကြသောအခါ ကျွန်တော်တို့အဖွဲ့ တပ်ရင်း သုံးရင်းရှိသည့်အနက် ၂ ရင်းမှာ ဖြတ်တောက်ရေး တာဝန်ကိုယူရပြီး ရင်း - ၂၁ မှာ Alpha အဖွဲ့နှင့် ပူးပေါင်း၍ တိုက်ခိုက်ရေး စစ်ကြောင်း တကြောင်းအဖြစ်တာဝန်ယူရသည်။အစောပိုင်းက စာရေးသောက်ရေး ကိစ္စအထိ စစ်ဒေသမှ တာဝန်ယူမည် ပြောထားသော်လည်း ကိုယ်တွေအဖွဲ့က ဒေသခံလိုဖြစ်နေသဖြင့် စာရေး သောက်ရေး ကိစ္စလည်း ကျွန်တော်တို့ အဖွဲ့ကပင် တာဝန်ယူလိုက်သည်။
တိုက်ပွဲထဲ စာရေးသောက်ရေး ကိစ္စဆိုသည်မှာ မသိလျှင် လွယ်လွယ်လေးဟု ထင်ရသော်လည်း တကယ့် လက်တွေ့တွင် အတော်ပင်ပန်းသော ကိစ္စဖြစ်သည်။ နေစဉ် လူထောင်ဂဏန်းစာ ချက်ရ ပြုတ်ရသည်က ပင်အလုပ်တခုဖြစ်သည်။ တော်လှန်ရေး ဆိုလျှင်တက်ကြွလှသော ပြည်သူကထမင်းထုပ်ပို့ခြင်း၊ ကူညီ ချက်ပြုတ်ပေးခြင်း စသည်ဖြင့် နိုင်သလောက်ဝိုင်းကူ၍သာ ကျွန်တော်တို့ နည်းနည်း သက်သာရာ ရခြင်းဖြစ်သည်။
သို့သော် အလှူအိမ်သွား၍ အိုးသူကြီးလုပ်သလို ချက်ပြီး၊ ပြုတ်ပြီးရုံမျှနှင့် ငါတို့တာဝန်ကျေပြီ ဆိုပြီး သာသာယာယာ ထိုင်နေ၍ မရ၊ ရှေ့တန်းတွင် တနေရာစီရောက်နေသော စစ်ကြောင်းများဆီအထိ တဖောင်းဖောင်း တဒိုင်းတဒိုင်း ပစ်နေသည့် ကြားမှ ရောက်အောင် လိုက်ပို့ရသည်။ ထမင်းသွားပို့ရင်း MI-35 လိုက်ပစ်ခံရ၍ ကားကြီး လမ်းဘေး မန်းကျည်းပင်အောက် ထိုးရပ်ပြီး သစ်ပင် ပတ်ပြေးရသည်က ရှိသေးသည်။
ထိုသို့ နာမည်မရသော်လည်း သေနိုင်လောက်သည့် တာဝန်မျိုးသာမက ရှေ့တန်းတွင်လည်း စချသည့်နေ တနေ့ထဲတွင်ပင် ရဲဘော်ငါးဦးဒါဏ်ရာရသည်။ ထိုထဲမှ တဦးမှာ ကံကောင်းလွန်း၍ မသေခြင်းဖြစ်သည်။ ဤသို့ဖြင့် တိုက်ပွဲအတွင်း ကျွန်တော်တို့ K3 စစ်ကြောင်းမှ ရဲစခန်း တခြမ်းဝင်သိမ်း၍ အဆောက်အဦ တချို့ မီးရှို့နိုင်ခဲ့ခြင်း၊ ဖလက် သုံးစီးဖြင့် ထွက်ပြေးရန် ကြိုးစားနေသော စစ်ခွေး၊ ရဲခွေး၊ ပျူနှင့် ၄င်းတို့ မိသားစုဝင်များ အပါအဝင် (၇၂) ဦးကို ဖမ်းစီး၍ သက်ဆိုင်ရာ မြို့နယ်အဖွဲ့သို့ အပ်ပေးနိုင်ခဲ့ခြင်း၊ ရွှေမြင်းဖြူ၊ ပေါ်တော်မူ၊ ရွှေစည်းခုံ စသည့် ပွိုင့်များကို သိမ်းနိုင်ခြင်းစသည်တို့ အပြင်၊ ဘို့မယ်ချောင်တွင် ဖြစ်သောတိုက်ပွဲတွင် ရန်သူ မသယ်နိုင်၍ ပစ်ထားခဲ့ရသော အလောင်းချည်း (၇) လောင်းရခဲ့သလို ကိုယ့်ဘက်မှလည်း ရဲဘော်နှစ်ဦး ဒါဏ်ရာရ၍ (၁) ဦးအသက်ပေးလှူခဲ့ရသည်။ တိုက်ပွဲ တောက်လျှောက်တွင်လည်း လက်နက် ခဲယမ်းအချို့ပါ သိမ်းဆည်း၍ စစ်ဒေသသို့ အပ်နှံပေးနိုင်ခဲ့ခြင်း စသည်ဖြင့် ကိုယ့်ကျရာ တာဝန်ကို တက်နိုင်သမျှ ကျေအောင် ထမ်းဆောင်ခဲ့သည်။
ဤတွင်ပြောချင်သည်က ကျွန်တော်တို့ စစ်ကြောင်း မည်မျှတော်ကြောင်းမဟုတ်၊ ကျွန်တော်တို့ စစ်ကြောင်းတကြောင်းပင် ဤမျှ ရုန်းကန်ခဲ့ရရာ တခြားကျန်စစ်ကြောင်းများလည်း မည်မျှ ကြိုးစားတိုက်ခိုက်ခဲ့ ရမည်ကို စဉ်းစားကြည့်နိုင်ရန် ဖြစ်သည်။ ၁၀ ရက်ခန့်သာကြာမြင့်သော်လည်း ကနီမြို့သိမ်းတိုက်ပွဲသည် မနက်မိုးလင်းမှ ညမိုးချုပ်သည်အထိ အဆက်အပြတ် လေကြောင်းတိုက်ခိုက်မှုများနှင့် ရင်ဆိုင်ရခြင်း ၊ မင်းစိုးမင်းမြောင်များသည့် မြို့ဖြစ်သည့် အားလျှော်စွာ မြို့တွင်းမှ ပြည်သူဆိုသူ အများစုမှာ ဒလန်တပိုင်းဖြစ်ခြင်း စသည့် အခက်အခဲပေါင်း သောင်းခြောက်ထောင်ခြားမှ အချိန်တိုအတွင်းတွင် မြို့၏ ကိုးဆယ်ရာခိုင်နှုန်းကို ထိန်းသိမ်းနိုင်ခဲ့ခြင်းမှာ ဝင်ရောက် တိုက်ခိုက်ခဲ့ကြသော စစ်ကြောင်းအသီးသီးမှ ရဲဘော်တို့၏ ရဲစွမ်းသတ္တိနှင့် တက်ညီလက်ညီ လှုပ်ရှားမှုကြောင့်ဖြစ်သည်ဟုပင် ကျွန်တော်ကတော့ မြင်သည်။
၃။ Smart မဖြစ်သည့် ခေါင်းဆောင်မှုများနှင့် ငါ့မြင်းငါစိုင်း စစ်ကိုင်းရောက်ရောက် အပြောအဆိုများ
ဤသို့ဖြင့် တိုက်ပွဲပြီးခါစအချိန်အထိ အားလုံးချစ်ချစ်ခင်ခင်ပင်ဖြစ်ကြသော်လည်း ခဲယမ်းပြန်လည်ဖြည့်တင်းရန် ရန်ပုံငွေရှာကြချိန်တွင် စိတ်ကသိကအောင့် ဖြစ်စရာလေးတွေ စပေါ်လာသည်။ အကြောင်းမှာ တချို့ တချို့သော တပ်ရင်းတပ်ဖွဲ့များမှာ ရန်ပုံငွေ ရှာရာတွင် ရိုးရိုးမရှာ၊ ‘ကျွန်တော်တို့ တဖွဲ့ထဲ တိုက်ရတာ၊ ကျန်တဲ့အဖွဲ့တွေက အလကား၊ မလှူလည်းရတယ်’ ဆိုသည့် သဘောမျိုး ပြော၍ ရန်ပုံငွေ ရှာကြသောအခါ ထုတ်မပြောသော်မှ ပြန်ကြားရသည့် အဖွဲ့တိုင်းလိုလို အနည်းနှင့် အများစိတ်ကသိအအောင့် ဖြစ်ကြရသည်။
လူတို့သည် ကိုယ်တိုင် မျက်ဝါးထင်ထင် ကြုံရသော အတွေ့အကြုံကိုမှ ပို၍ ကြီးသည်ဟု ထင်လေ့ရှိသည့် အားလျှော်စွာ ရှေ့တန်းရောက် ရဲဘော်များက သူတို့၏ကိုယ်တွေ့ တိုက်ပွဲအတွေ့ အကြုံကို ပြန်လည် ဖောက်သည်ချရာတွင် ‘အဲ့နေ့ပွဲတုန်းကတော့ ငါတို့ချည်းတိုက်ရတာ’ ဟု ပြောလျှင်ပြဿနာသိပ်မရှိသော်လည်း အဖွဲ့ပေါင်းများစွာ၊ စစ်ကြောင်းများစွာနှင့် ဝင်တိုက်သော မြို့သိမ်းတိုက်ပွဲကြီး တခုလုံးကို ငါတို့တဖွဲ့ထဲ ဆူပါမန်းလို တိုက်ရတာဟု တချို့သောတပ်ရင်း တပ်ဖွဲ့များမှ တာဝန်ရှိသူ များကိုယ်တိုင်က တိုက်ပွဲ သတင်းအဖြစ် တရားဝင် ပြော၍ ရန်ပုံငွေရှာသော အခါတွင် တခြားအဖွဲ့များနှင့် ကြားတွင် အဖုအထစ် ဖြစ်ချင်စရာလေးတွေ ဖြစ်လာသည်။
ဘာကြောင့် ထိုကဲ့သို့ အမှိုက်ကစ ပြဿဒ်မီးလောင်ဖြစ်နိုင်သော စကားကိုပြောကြသနည်းဟု လေ့လာစဉ်းစား ကြည့်သော အခါ အကြောင်းအရင်း ထူးထူးခြားခြားမရှိ။ ငါတို့ချည်းတိုက်ရတာဟု ပြောမှ ငါတို့ရန်ပုံငွေ များများရမည်ဟူသော အလွန်တရာ အခြေခံကျ၍ အမြှော်အမြင် မရှိသည့် ခပ်တိမ်တိမ် အတွေးပေါ်တွင် မူတည်၍ ပြောကြခြင်းဖြစ်သည်။
၄။ နောက်ဆက်တွဲ အကျိုးဆက်များ
ယခုကဲ့သို့ မဆင်မခြင် ပြောသော စကားတခွန်း၏ နောက်ဆက်တွဲမှာ မသေးလှပါ။ တခြားပါဝင်တိုက်ခိုက် သောအဖွဲ့များမှ ရဲဘော်များ ပြန်ကြားသောအခါ ‘ဒါမျိုးဆို ကျွန်တော်တို့တော့ နောက်လိုက်မတိုက်ဘူး၊ ရင်းမှုးတို့ ဘာသာ တိုက်ရင်တိုက်ကြ၊ ချကြတာချင်းအတူတူ ဒီလောက်မှ ရဲဘော် ရဲဘက်စိတ်မရှိရင်တော့ နောက်အဲ့လို အဖွဲ့တွေနဲ့ ဆိုကျွန်တော်တို့ မလိုက်ဘူး’ တွေဘာတွေဖြစ်လာသည်။ထိုသို့ ဖြစ်လာသောအခါ မတက်သာသည့် အဆုံး အဖွဲ့များကလည်း ၄င်းတို့နှင့် နီးစပ်ရာ ထောက်ပို့များထံသို့ သက်သေ သာဓကနှင့်တကွ ကွန်ပလိန်း တက်တော့သည်။
ဤသို့ဖြင့် ပြဿနာက နောက်ထပ်တမျိုး နှစ်မျိုးမဟုတ်ဘဲ အမျိုးမျိုး ဖြစ်လာသည်။ ပထမဆုံး ပြဿနာမှာ အဖွဲ့စွဲ ရှိသော ထောက်ပို့များကြားတွင် နင့်အဖွဲ့က ပိုချတာ၊ ငါ့အဖွဲ့က ပိုချတာနှင့် အငြင်းပွားနေရသဖြင့် ရန်ပုံငွေ မရှာနိုင်ခြင်း၊ အဖွဲ့စွဲ မရှိဘဲ အညာဘက်တွင် အကူအညီလိုသည် ကြား၍ မျက်စိလည် လမ်းမှားရောက်လာသော ထောက်ပို့ အဖွဲ့များမှာလည်း ‘အညာထောက်ပို့လုပ်ရတာ၊ ပုဂံ ဘုရားဖူး ထွက်ရသလိုပဲ၊ တန်ခိုးကြီး ဘုရားတွေချည်းများလွန်းလို့ ဘယ်ဘက်အရင် ဦးကုန်းချရမှန်း မသိတာနဲ့ ရှိတာလေး ပေး၊လက်အုပ်ချီရင်း နောက်ဆုတ် နောက်ဆုတ်နဲ့ သုတ်သုတ်ပြန်ခဲ့ရတယ်’ ဆိုတာမျိုးတွေ ဖြစ်လာသည်။
ပွဲသိပ်ဆူလာသောအခါ ကျွန်တော်တို့မှာကား တော်လှန်ရေး မြန်မြန်ပြီးအောင် ရန်ပုံငွေ ရှာနေတာနှင့် မတူဘဲ အဝေးပြေးကားဂိတ်များတွင် ခရီးသည်လုသော ကားဆရာ၊ကယ်ရီဆရာ၊ အိုးဝေဆရာ တို့နှင့် အလားသဏ္ဌာန် တူလာသည်။
တဖွဲ့ထက် တဖွဲ့သာအောင် ကွယ်ရာတွင် စကားနိုင်တွေ လုပြောကြသောအခါ ကြာလာတော့ မြေပြင်ရဲဘော်များ ကြားတွင်ပါ အချင်းချင်း မကြည်ညို ဖြစ်လာသည်။ ထောက်ပို့တွေကြားတွင် အညာက မညီညွတ်ဘူး သူတို့ အတူတူ တိုက်ကြတဲ့ အဖွဲ့တွေချင်းတောင် မတည့်ကြဘူး၊ မေးလိုက်ရင် သူက မချရဘူး၊ ငါကပဲ ချရတာနဲ့ ရန်ဖြစ်နေကြတာက များတာ၊ ရှိထားတာလေး ပေးပြီးရင်ထားလိုက်တော့ ဆိုတာမျိုးတွေ ဖြစ်လာသည်။ အဆုံးသတ်တော့ ထောက်ပို့အများစုမှာ ကိုယ်နှင့် သိကျွမ်းပြီးသား အဖွဲ့များကိုသာ နိုင်သလောက် ထောက်ပို့၍ ပြီးလိုက်ကြသောအခါ အကုန်လာဘ်ပိတ်တာသာ အဖတ်တင်သည်။
၅။ ကရင်နီကိုနောက်ထား ကိုယ့်ပန်းတိုင်ရော ကိုယ်သိကြရဲ့လား
ကျွန်တော်တို့ အညာမှ ရဲဘော်အများစုသည် ကရင်နီမှ ရဲဘော်များကို အားကျကြပါသည်။ ဝတ်စား ဆင်ယင်သည်မှ စ၍ လေယာဉ်ပျံပင် ပစ်ချနိုင်သော တိုက်ရည်ခိုက်ရည်အထိ အစအဆုံး အားကျကြသည်။ တနေ့တွင် ငါတို့လည်း သူတို့လို စမတ်ကျကျ ဝတ်၍ လေယာဉ်ပျံကြီးကို ပစ်ချပြနိုင်ရမည် ဆိုသော အိမ်မက်က အနည်းနှင့် အများဆိုသလို မြေပြင် ရဲဘော်တိုင်းတွင် ရှိကြပါသည်။ နွေဦးတော်လှန်ရေးမှ အစပြုခဲ့ရသော အင်အားစုချင်း ဖြစ်တာကြောင့်လည်းပါမည်ဟု ကျွန်တော်တော့ ထင်သည်။
သည်တော့ ကရင်နီကို အားကျလျှင် ကျွန်တော်မေးချင်သည်က ကျွန်တော်တို့ အညာမှ တော်လှန်ရေး သမားများတွင် ကရင်နီမှ တော်လှန်ရေး သမားများကဲ့သို့ တော်လှန်ရေး အမြော်အမြင် ရှိပါရဲ့လား ဆိုသည့် မေးခွန်းဖြစ်သည်။ဒီမောဆို PDF ၏ ထုတ်ပြန်ချက်ကို ကြည့်လျှင် သူတို့သည် တော်လှန်ရေးကို တစုတဖွဲ့စာ၊ ဒေသတခုစာ မကြည့်၊ တနိုင်ငံလုံးစာ အတိုင်းအတာဖြင့်ကြည့်၍ အညာလက်နက်လိုအပ်ချက်ကို ဖြည့်တင်းပေးနိုင်မှ တော်လှန်ရေး ခရီးနီးလိမ့်မည်ဟု ထပြောခြင်းဖြစ်သည်။
ကရင်နီဘက်သည် အညာနှင့် ယှဉ်လျှင် စည်းရုံးရေးလည်းကောင်းသည်။ လက်နက် နှင့် ခေတ်မီ ဆက်သွယ်ရေး ပစ္စည်းကိရိယာတို့လည်း ပိုမို တက်နိုင်သည့် အားလျှော်စွာ ရန်သူကို တိုက်ခိုက် ခြိမ်းခြောက်ထားနိုင်မှု မှာလည်း အညာထက် အဆပေါင်းများစွာ သာလွန်သည်။ ကျွန်တော်တို့ အညာဘက်မှ ‘သုံးဘီးလောဂျစ်’ နှင့် တွေးကြကြေးဆို အညာဘက်က ကောင်တွေက အားနေ ရန်ဖြစ်နေတာ ပေးမနေနဲ့၊ ငါတို့ကိုကိုသာ ထောက်ပို့ ဟု ပြောကြမည် ဖြစ်သော်လည်း တော်လှန်ရေးဆိုသည်မှာ အမှတ်ပေးစနစ်ဖြင့် ဖလားရရန် ကန်နေသော ပရီးမီးယား လိ(ဂ်) မဟုတ်ဟု နားလည်သော ကရင်နီတော်လှန်ရေးသမား တို့မှာကား ထိုသို့မပြောသည့် အပြင် အညာလက်နက် လိုအပ်ချက်ကို ဖြည့်ပေးနိုင်မှ တော်လှန်ရေး ခရီးနီးမည်ဟုပင် အသိပေး ဆော်ဩပေးသေးသည်။
ထိုသို့ အရှည်တွေးသော ရဲဘော်များမှ ဆော်ဩပေးကြသော်လည်း ကျွန်တော်တို့ အညာမြေမှ တော်လှန်ရေး သုံးဘီးဆရာတို့မှာကား ငါတို့ချည်းချတာပြောမှ ငါတို့ချည်းရမှာဟု လောက်သာတွေး၍ မဆင်မခြင် စကားကို ပြောကြသောအခါ အညာမှာကား လက်နက်ပြည့်စုံ မလာသည့်အပြင် ဘာမဟုတ်တာနှင့် စိတ်ဝမ်းတွေပါ ကွဲရသည်။
တော်လှန်ရေးသည် စုစည်းညီညွတ်မှုနှင့် ကစားရသော ဘောလုံးပွဲတပွဲနှင့်တူပါသည်။ ဂိုးသမားမှသည် ရှေ့တန်း တိုက်စစ်မှုးအထိ ကိုယ့်တာဝန် ကိုယ်ကျေမှ၊ ဘောလုံးကို လူပေးရမည့် အချိန်တွင်ပေးမှ၊ တကိုယ်ကောင်းဆန်၍ ကိုယ်ကချည်း ဂိုးသွင်းချင်သည့် အတ္တဘောကောင်တွေမပါ ပါမှ နိုင်ပွဲနှင့် နီးစပ်ပါသည်။ တပွဲထဲ အတူတူ ကန်ပြီးထွက်လာကြသော တသင်းသားအချင်းချင်း ကျန်တဲ့ကောင်တွေ အကုန်အလကား၊ ငါတယောက်ထဲ ကောင်းလို့ နိုင်တာဟူသော အပြောအဆိုမျိုးသည် အဓိပ္ပါယ် မရှိယုံမျှ မက၊ မည်သည့် ချစ်ကြည်ရင်းနှီးမှု ကိုမှလည်း မဖြစ်ပေါ်စေနိုင်ပါ။
‘ရေမြင့်မှ ကြာတင့်’ သည်ဆိုသော မြန်မာစကားတခွန်းရှိပါသည်။ ပစ်စရာ ကျည်တတောင့်မျှပင် မရှိသော မဟာမိတ်တပ်များနှင့် မည်သူမျှ စစ်ပွဲကို နိုင်အောင် တိုက်နိုင်လိမ့်မည်မဟုတ်ပါ။ တော်လှန်ရေး အမှန်တကယ် ပြီးချင်သည်ဆိုလျှင် အညာမှ တော်လှန်ရေးသမားတချို့ သုံးဘီး ဆရာစိတ်ကိုဖျောက်၍ ရဲဘော် ရဲဘက်ချင်း၊ မဟာမိတ်ချင်း ကျေးဇူးတင်တက်သော၊ ကူညီတက်သော၊ ကြည်ရှု့စောင့်ရှောက် ရိုင်းပင်းတက်သော စိတ်များမွေးမြူရန် လိုဦးမည်ဟုထင်ပါသည်။
(ဤစာတွင် ကနီမြို့သိမ်းတိုက်ပွဲပြီး အခြေအနေကို ဥပမာအဖြစ်ပေးထားသော်လည်း အညာဒေသ တခုလုံးတွင် ဤကဲ့သို့ ငါ့စကား နွားရပြောသော ဖြစ်ရပ်များစွာ ရှိခဲ့လေရာ တိုက်ဆိုင်သော ဖြစ်ရပ်များ အားလုံးကို ရည်ညွှန်းပါသည်)
လေးစားပါသည်
လွမ်းလောက်လို့လား........
ပြည်သူအတွက်အသက်ပေးသွားတဲ့သူ တယောက်ထက်...
ပြည်သူကိုကျောခိုင်းသွားတဲ့
အနုပညာရှင်တယောက်က
ပိုပြီးလွမ်းလောက်တယ်လို့
ထင်နေလို့လား....
အားလုံးကသမိုင်းကိုယ်စီနဲ့ပဲလေ...
လွမ်းနေရရုံမက
ကြေကွဲတသနေစရာတွေ....
နာကျည်းဖောက်ထုတ်ပစ်
ရန်သူစစ်စစ်လို့စည်းခြားရမည့်အရာတွေ...
ခေတ်ရဲ့သယံဇာတတွေပဲပေါ့။
မောင်စိန်ဝင်း(ပုတီးကုန်း)
5/07/24
မြို့ပြတွေမှာမွှေမယ့် ကျွန်တော်တို့ရဲ့ကြွက် - “မြို့ပြကြွက်” UG ထောက်ပို့ကမ်ပိန်းအတွက် သက်ဆိုင်ရာ currencyအလိုက် အောက်ပါFRsများထံတွင် ထည့်ဝင်လှူဒါန်းနိုင်ပါတယ်ရှင်။
NUG Pay and SDB
1. Boston Free Burma နွေဦးကံ့ကော်
https://www.facebook.com/share/zSLpyH8R24VqJjxs/?mibextid=LQQJ4d
2. Burma Spring Revolution – Utica
https://www.facebook.com/profile.php?id=100054240980739&mibextid=LQQJ4d
3. External Support For Democracy (ESFD)
http://m.me/esfdformyn
4. Fight for Democracy Support Team(FFD)
https://www.facebook.com/profile.php?id=100094369046115&mibextid=LQQJ4d
5. For Our People
https://www.facebook.com/cdmforourpeople?mibextid=LQQJ4d
6. Global Myanmar Volunteers (GMV)
https://www.facebook.com/globalmmvolunteers
7. Global Yaw Funding (GYF)
https://www.facebook.com/yaungnicoming?mibextid=LQQJ4d
8. Helping Hands for Burma (H2B)
https://web.facebook.com/H2BNYC
9. Here Together Myanmar (HTM)
https://www.facebook.com/htm.heretogethermyanmar?mibextid=2JQ9oc
10. Khin Hnin Kyi Thar
https://www.facebook.com/kyalphyu291286
11. Khine SG
(http://wa.me/6593802119) m.me/khine.singapore
12. Moe Yu Spring Revolution Market
m.me/MYSRevoM
13. MMM
66-995026124(signal/Telegram/ whatapps)
14. Myanma Millennials
https://www.facebook.com/MyanmaMillennials
15. Myanmar Care Group (MCG)
http://m.me/Myanmarcaregroup
16. NLD (OC) Japan- အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်စည်းရုံးရေးကော်မတီဂျပန်ဌာနခွဲ
https://www.facebook.com/nldo991
17. One To One CDM Campaign
http://m.me/OneToOneCDMCampaign
18. Photographer's Supporting – Korea
https://www.facebook.com/P.S.K.korea?mibextid=LQQJ4d
19. Spring Revolution Network (SRN)
https://m.me/SpringRevolutionNetwork
20. Stella
m.me/stella.ofp.fr
21. Support for Myanmar from Australia and Singapore (AUSG4MM)
https://facebook.com/ausg4mm
22. Sydney Friends for Myanmar Unity
https://www.facebook.com/SydneyFriendsforMyanmarUnity
23. Taiwan Alliance for Myanmar 台灣聲援緬甸聯盟
https://m.me/TaiwanAllianceforMyanmar
24. The Myanmar People's Spring - ပြည်သူ့နွေဦး
https://www.facebook.com/TMPSfundraiser?mibextid=LQQJ4d
25. Unity For Democracy (JPN)
https://www.facebook.com/unityfordemocracy.jpn
26. We Love Mother Land – Korea
http://m.me/wlmlk1
27. We Support Heroes
http://m.me/WeSupportHeroes
28. Zack and Friends
https://www.facebook.com/zealouszackzzzzz
29. Zarne KoKo
https://www.facebook.com/aspen.aspen.90
30. တော်လှန်ကျန်းမာ အနာဂတ်ကမ္ဘာ
https://m.me/healthrevolutionnugaac/
31. နွေဦးထောက်ပို့ & Support to Spring-mft/ehm
https://www.facebook.com/Supporting.mft.ehm/
32. ပြည်သူ့ဂုဏ်ရည်အသင်း (New Zealand) ဌာနခွဲ
https://www.facebook.com/coba.newzealand
33. ပြည်သူ့ဂုဏ်ရည် - နွေဦးစုဗူး
https://web.facebook.com/nwayoosubuu
34. ဗြဟ္မစိုရ်နှလုံးသားပရဟိတအသင်း
https://www.facebook.com/
35. Nway Oo Chums
https://www.facebook.com/nwayoochums
36. နွေဦးကုန်စုံဆိုင် https://www.facebook.com/NwayOoKoneSoneSaing?mibextid=JRoKGi
37. နွေဦးကုန်စုံဆိုင် https://www.facebook.com/NwayOoKoneSoneSaing?mibextid=JRoKGi
38. GMSR Korea 글로벌 미얀마 봄혁명 연대 -တကမ္ဘာလုံးဆိုင်ရာ မြန်မာ့နွေဦးတော်လှန်ရေး
https://www.facebook.com/gmsr.korea?mibextid=LQQJ4d
39. နောက်မဆုတ်တမ်း - D2D
https://www.facebook.com/WeWillEasilyNeverGiveUp?mibextid=LQQJ4d
40. Ready to Support for Myanmar
https://www.facebook.com/profile.php?id=100064403904014
41. Spring Myanmar Society-SMS
https://www.facebook.com/SpringMyanmarSociety
MMK
1. Boston Free Burma နွေဦးကံ့ကော်
https://www.facebook.com/share/zSLpyH8R24VqJjxs/?mibextid=LQQJ4d
2. Global Yaw Funding (GYF)
https://www.facebook.com/yaungnicoming?mibextid=LQQJ4d
3. Here Together Myanmar (HTM)
https://www.facebook.com/htm.heretogethermyanmar?mibextid=2JQ9oc
4. Khin Hnin Kyi Thar
https://www.facebook.com/kyalphyu291286
5. Myanmar Care Group (MCG) – PO
http://m.me/Myanmarcaregroup
6. We Support Heroes
http://m.me/WeSupportHeroes
7. ပြည်သူ့ဂုဏ်ရည် - နွေဦးစုဗူး
https://web.facebook.com/nwayoosubuu
8. Nway Oo Chums
https://www.facebook.com/nwayoochums
USD
1. Boston Free Burma နွေဦးကံ့ကော်
https://www.facebook.com/share/zSLpyH8R24VqJjxs/?mibextid=LQQJ4d
2. Burma Spring Revolution – Utica
https://www.facebook.com/profile.php?id=100054240980739&mibextid=LQQJ4d
3. Helping Hands for Burma (H2B)
https://web.facebook.com/H2BNYC
4. Global Yaw Funding (GYF)
https://www.facebook.com/yaungnicoming?mibextid=LQQJ4d
5. Moe Yu Spring Revolution Market
m.me/MYSRevoM
6. Myanma Millennials
https://www.facebook.com/MyanmaMillennials
7. One To One CDM Campaign
http://m.me/OneToOneCDMCampaign
8. Spring Revolution Network (SRN)
https://m.me/SpringRevolutionNetwork
9. We Support Heroes
http://m.me/WeSupportHeroes
10. Nway Oo Chums
https://www.facebook.com/nwayoochums
11. Spring Myanmar Society-SMS
https://www.facebook.com/SpringMyanmarSociety
SGD
1. 2021 Burmese Action Group Vancouver, BC, Canada
https://www.facebook.com/profile.php?id=100088676230841&mibextid=LQQJ4d
2. External Support For Democracy (ESFD)
http://m.me/esfdformyn
3. For Our People
https://www.facebook.com/cdmforourpeople?mibextid=LQQJ4d
4. Fight for Democracy Support Team(FFD)
https://www.facebook.com/profile.php?id=100094369046115&mibextid=LQQJ4d
5. Global Yaw Funding (GYF)
https://www.facebook.com/yaungnicoming?mibextid=LQQJ4d
6. Khine SG
(http://wa.me/6593802119) m.me/khine.singapore
7. Myanma Millennials
https://www.facebook.com/MyanmaMillennials
8. Myanmar Care Group (MCG)
http://m.me/Myanmarcaregroup
9. One To One CDM Campaign
http://m.me/OneToOneCDMCampaign
10. Support for Myanmar from Australia and Singapore (AUSG4MM)
https://facebook.com/ausg4mm
11. We Support Heroes
http://m.me/WeSupportHeroes
12. Zack and Friends
https://www.facebook.com/zealouszackzzzzz
13. Nway Oo Chums
https://www.facebook.com/nwayoochums
14. နွေဦးကုန်စုံဆိုင် https://www.facebook.com/NwayOoKoneSoneSaing?mibextid=JRoKGi
AUD
1. One-to-One CDM Campaign
https://www.facebook.com/OneToOneCDMCampaign?mibextid=ZbWKwL
2. Support for Myanmar from Australia and Singapore
https://www.facebook.com/AUSG4MM
3. Sydney Friends for Myanmar Unity
https://www.facebook.com/SydneyFriendsforMyanmarUnity
4. Zack & Friends
https://www.facebook.com/zealouszackzzzzz
Euro
1. Global Myanmar Volunteers
http://m.me/globalmmvolunteers
2. Ready to Support for Myanmar
https://www.facebook.com/profile.php?id=100064403904014
GBP
1. Global Myanmar Volunteers
http://m.me/globalmmvolunteers
2. Myanma Millennials
https://www.facebook.com/MyanmaMillennials
3. One-to-One CDM Campaign
https://www.facebook.com/OneToOneCDMCampaign?mibextid=ZbWKwL
4. Zack and Friends
https://www.facebook.com/zealouszackzzzzz
5. Zarne KoKo
https://www.facebook.com/aspen.aspen.90
MYR
1. နွေဦးထောက်ပို့ & Support to Spring-mft/ehm
https://www.facebook.com/Supporting.mft.ehm/
2. Global Yaw Funding
https://www.facebook.com/yaungnicoming?mibextid=LQQJ4d
NZD
1. Myanma Millennials
https://www.facebook.com/MyanmaMillennials
2. One To One CDM Campaign
http://m.me/OneToOneCDMCampaign
3. ပြည်သူ့ဂုဏ်ရည်အသင်း (New Zealand) ဌာနခွဲ
https://www.facebook.com/coba.newzealand
Japanese Yen (JPY)
1. Global Yaw Funding (GYF)
https://www.facebook.com/yaungnicoming?mibextid=LQQJ4d
2. NLD (OC) Japan - အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်စည်းရုံးရေးကော်မတီဂျပန်ဌာနခွဲ
https://www.facebook.com/nldo991
3. One To One CDM Campaign
http://m.me/OneToOneCDMCampaign
4. Stella
m.me/stella.ofp.fr
5. Unity For Democracy (JPN)
https://www.facebook.com/unityfordemocracy.jpn
6. We Support Heroes
http://m.me/WeSupportHeroes
7. ဗြဟ္မစိုရ်နှလုံးသားပရဟိတအသင်း
https://www.facebook.com/brahmasohnalonether
8. Nway Oo Chums
https://www.facebook.com/nwayoochums
KRW
1. Global Yaw Funding
https://www.facebook.com/yaungnicoming?mibextid=LQQJ4d
2. Photographer's Supporting – Korea
https://www.facebook.com/P.S.K.korea?mibextid=LQQJ4d
3. We Love Mother Land – Korea
http://m.me/wlmlk1
4. We Support Heroes
http://m.me/WeSupportHeroes
THB
1. For Our People
https://www.facebook.com/cdmforourpeople?mibextid=LQQJ4d
2. Global Yaw Funding (GYF)
https://www.facebook.com/yaungnicoming?mibextid=LQQJ4d
3. Khin Hnin Kyi Thar
https://www.facebook.com/kyalphyu291286
4. MMM
66-995026124(signal/Telegram/ whatapps)
5. Myanma Millennials
https://www.facebook.com/MyanmaMillennials
6. One To One CDM Campaign
http://m.me/OneToOneCDMCampaign
7. Spring Revolution Network (SRN)
https://m.me/SpringRevolutionNetwork
8. The Myanmar People's Spring - ပြည်သူ့နွေဦး
https://www.facebook.com/TMPSfundraiser?mibextid=LQQJ4d
9. We Support Heroes
http://m.me/WeSupportHeroes
10. တော်လှန်ကျန်းမာ အနာဂတ်ကမ္ဘာ
https://m.me/healthrevolutionnugaac/
11. နွေဦးထောက်ပို့ & Support to Spring-mft/ehm
https://www.facebook.com/Supporting.mft.ehm/
12. ပြည်သူ့ဂုဏ်ရည် - နွေဦးစုဗူး
https://web.facebook.com/nwayoosubuu
13. Nway Oo Chums
https://www.facebook.com/nwayoochums
TWD
1. Taiwan Alliance for Myanmar 台灣聲援緬甸聯盟
https://m.me/TaiwanAllianceforMyanmar
CAD
1. 2021 Burmese Action Group Vancouver, BC, Canada
https://www.facebook.com/profile.php?id=100088676230841&mibextid=LQQJ4d
USDT
1. For Our People
https://www.facebook.com/cdmforourpeople?mibextid=LQQJ4d
2. Nway Oo Chums
https://www.facebook.com/nwayoochums
PayPal
1. Global Myanmar Volunteers (GMV)
https://www.facebook.com/globalmmvolunteers
2. Support for Myanmar from Australia and Singapore (AUSG4MM)
https://facebook.com/ausg4mm
3. Nway Oo Chums
https://www.facebook.com/nwayoochums
“The Call ရဲ့ မနက်စာ”
-၂၀၂၄ ဇွန် ၁၉ ဗုဒ္ဓဟူးနေ့ -
■ မနက်ခင်းအတွေး
ဒီမနက်တော့ မိုးလင်းလင်းချင်း နှင်းဆီတွေ နီရဲနေတာပဲ။ လိုင်းပေါ်မှာလည်းနှင်းဆီ၊ အပြင်မှာလည်းနှင်းဆီ။ မြို့တိုင်းမှာနှင်းဆီ၊ ရွာတိုင်းမှာနှင်းဆီ၊ ကေသာဦးခေါင်းမော့တိုင်းမှာ နှင်းဆီ။ ပန်းပန်တာ မြန်မာ့ဓလေ့ပဲ။ ပန်းပန်လိုက်ရင် မြန်မာအမျိုးသမီးတို့ရဲ့အလှက ပိုပြီးကြက်သရေရှိတယ်။ မနက်တုံး ဆီက ကျော့ဆုံးကိုမောင်မြင်တော့ သူ့ဆံပင်နှင်းဆီပွင့်တွေနဲ့ ဂုဏ်တင့်တယ်လေး တဲ့။ နှင်းဆီကြောင့် ဂုဏ်ကျက်သရေတိုးခဲ့တယ်။ နှင်းဆီကြောင့် အရုဏ်ဦးကို ဖူးမြင်ခဲ့တယ်။ ငုံ့မခံဘဲ တုံ့ပြန်တဲ့ သံမဏိနှင်းဆီတွေကြောင့် စစ်ဖိနပ်တွေ ဆူးစူးခဲ့ပြီ။
အင်းလျားကန်ကြီးရဲ့ရေပြင်ဟာ စန္ဒယားသံကို စောင့်မျှော်နေတယ်။ လိပ်ပြာမလုံတဲ့သူတွေဟာ အင်းလျားရိပ်သာလမ်းရဲ့ ခြံအမှတ် ၅၄ ရှေ့ကဖြတ်သွားတိုင်း ရင်ခုန်စိတ်လှုပ်ရှားနေကြရဦးမှာပဲ။ ခြောက်ခြားတုန်လှုပ်နေကြရဦးမှာပဲ။ သံတိုင်ကို တင်းတင်းဆုပ်ကိုင်ထားတဲ့ ကမ္ဘာကျော်အမျိုးသမီးကြီးရဲ့လက်တွေဟာ သေးသွယ်ပေမဲ့ အားမာန်အပြည့်ရှိတယ်။ တောက်ပတဲ့ သူမရဲ့အကြည့်တွေအောက်မှာ ကိုယ့်အကုသိုလ်နဲ့ကိုယ် သိမ်ငယ်သွားခဲ့ကြရတဲ့သူတွေချည်းပဲ။
အသက်လေးဆယ်ကျော် အိမ်ထောင်ရှင်မလေးတယောက်ရဲ့ ရွှေတိဂုံဘုရားကြီးရဲ့အရိပ်အောက်မှာ ကတိသစ္စာထားခဲ့တဲ့ ဒုတိယလွတ်လပ်ရေးတိုက်ပွဲဟာ ရှည်လျား ကြာမြင့်ခဲ့ပါတယ်။ မြန်မာ့မြေမှာ အမြစ်စွဲနေတဲ့ စစ်အာဏာရှင်စနစ်ကို အမြစ်က တူးထုတ်ရတဲ့ကိစ္စဟာ ဘယ်မှာ လွယ်ကူနိုင်ပါ့မလဲ။ အေးချမ်းပျော်ရွှင်စရာ မိသားစုအသိုက်အမြုံနဲ့ လက်တကမ်းမှာရောက်နေတဲ့ ခမ်းနားတဲ့အနာဂတ်ဘဝကို ဘာတခုမှ ပြန်မတောင်းဆိုဘဲ ရင်းနှီးပေးဆပ်ခဲ့တယ်။ ဒါပေမဲ့ အဲဒါကို သူမက ရွေးချယ်မှုလို့ ခံယူခဲ့တယ်။ အဲဒါကြောင့်ပဲ နှင်းဆီပွင့်တွေဟာ ချစ်သူတွေရဲ့သွေးနဲ့ နီရဲခဲ့တာပေါ့။ ရမ်းကားသူတွေရဲ့လက်မှာ ဆူးတွေဟာ ချွန်မြခဲ့တာပေါ့။
'အဖြစ်ချင်ဆုံးဆန္ဒကတော့ ကျမ မပါဘဲ ရှေ့ဆက်သွားနိုင်ကြဖို့ပါ' တဲ့။ သံမဏိခြေလှမ်းများနဲ့ အသက် ၈၀ ရဲ့ တံစက်မြိတ်အောက်ကို ရောက်လာတဲ့အချိန် မှာ ဒီအဖွားအိုကလေးကို သူ့ဆုတောင်းတွေ ပြည့်စေချင်မိပါတယ်။ ခေါင်းအုံးအောက်ပဲထားထား၊ စာအုပ်ကြားထဲညှပ်ညှပ် နွမ်းဖတ်သွေ့ခြောက်သွားသည့်တိုင် ဆွတ်ကျင်မွှေးပျံ့နေမြဲဆိုတာ နှင်းဆီပန်းရဲ့ သတ္တိပါပဲ။ ဒါကြောင့် ဒီမနက်မှာ နှင်းဆီလှိုင်းတွေ ကြွခဲ့တယ်။
လူထုမိခင် သက်ရှည်ကျန်းမာပါစေသတည်း...။
■ သတင်း
- စစ်ကောင်စီကို နိုင်ငံအနှံ့ လက်နက်ကိုင်တော်လှန်နေသည့် အချိန် ၃ နှစ်ကျော်ကာလရောက်ရှိလာချိန်တွင် တော်လှန်ရေး၏ အချိန်အကန့်အသတ်မှာအရေးကြီးကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ပြည် ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ယနေ့ကျင်းပသည့် အစည်း အဝေး၌ ပြောကြားသည်။
အင်အားချိနဲ့နေသည့် စစ်အုပ်စုကို အပြီးတိုင်အမြစ်ဖြတ် တွန်းချနိုင်ရေး၊ စစ်အုပ်စုအချိန်ယူပြင်ဆင်ခွင့်မရရန် အချိန်ကို ထိထိရောက်ရောက် အသုံးချရမည်ဖြစ်ပြီး အချိန် စီမံခန့်ခွဲမှု၊ လူ့စွမ်းအားအရင်းအမြစ် စီမံခန့်ခွဲမှု၊ ဘဏ္ဍာငွေစီမံခန့်ခွဲမှုများကိုလည်း ပိုမိုဂရုတစိုက် စီမံရန် ပြည်ထောင်စုဝန်ကြီးချုပ်က ပြောဆိုသည်။
ပြည်ထောင်စုဝန်ကြီးချုပ်က "တော်လှန်ရေးက အချိန်ကြာမြင့်လာလေလေ၊ စစ်ရေးအရအခြေအနေတွေ၊ နိုင်ငံရေးအရ ညှိနှိုင်းပြောဆိုရတဲ့ အခြေအနေတွေမှာ စိန်ခေါ်ချက်တွေက ပိုများလာမယ်ဆိုတာကတော့ ကျနော်တို့ မျှော်လင့်ထားပြီးသား ဖြစ်ပါတယ်" ဟု ဆိုသည်။
လက်ရှိ တော်လှန်ရေးသည် အချိန်ကြာလာသည်နှင့်အမျှ တော်လှန်ရေးတပ်ဖွဲ့များအချင်းချင်းကြား ပြဿနာများ၊ တော်လှန်ရေးတပ်ဖွဲ့များနှင့် ပြည်သူများကြား ပြဿနာမကြာခဏ ပေါက်ပေါက်နေရာ ထိုပြဿနာများအပေါ် NUG တာဝန်ရှိသူများ၏ ဖြေရှင်းမှုများကို ပြည်သူများက အားမလိုအားမရနှင့် ဝေဖန်ပြောဆိုမှုများစွာလည်း ဖြစ်ပေါ်လျက်ရှိသည်။
ယနေ့ အစည်းအဝေးတွင် NUG ယာယီသမ္မတ ဒူဝါလရှီလကလည်း လူသားချင်းစာနာထောက်ထားမှု အကူအညီများ အလုံးအရင်းနှင့် ထပ်မံရရှိရန် ကြိုးစားနေပြီး ထိရောက်သည့်ပေးဝေမှုများဖြစ်စေရန် ပြောကြားခဲ့သည်။
ထို့ပြင် ပြည်သူ့ခုခံတော်လှန်စစ်ကို ဆင်နွှဲနေခြင်းဖြစ်သောကြောင့် လူထုထောက်ခံမှု ကျဆင်းမသွားရေးကို အထူးဂရုစိုက်ရန်နှင့် စစ်ရေးအရအောင်နိုင်ဒေသများရှိသော်လည်း လူထုကို ဆုံးရှုံးရမှုမျိုးဖြစ်တတ်ကြောင်း မည်သို့သော အခြေအနေရောက်သည်ဖြစ်စေ လူထုအား ဆုံးရှုံး၍မရကြောင်းလည်း ယာယီသမ္မတက တိုက်တွန်းပြောဆိုသည်။
The Irrawaddy
- အပြည်ပြည်ဆိုင်ရာ ဒုက္ခသည်များနေ့ အခမ်းအနား
(Compassion Without Borders: A World Refugee Day Event)
ဘန်ကောက်မှာရှိနေတဲ့ မိတ်ဆွေ သူငယ်ချင်းအားလုံးတို့ရေ၊ ကျွန်တော်တို့တွေ ဒီလ ၂၀ ရက်နေ့ ချူလာလောင်ကွန်းတက္ကသိုလ်မှာ Asia Justice and Rights (AJAR) နဲ့အတူ အခြား မိတ်ဖက်အဖွဲ့အစည်းတွေပူးပေါင်းပြီးကျင်းပသွားမယ့် "Compassion Without Borders: A World Refugee Day Event" ဆိုတဲ့ အခမ်းအနားမှာ အတူဆုံကြမယ်နော်။
အဲ့နေ့မှာ ကျွန်တော်တို့တွေ ရွေ့ပြောင်းအခြေချနေထိုင်ရာမှာ ကြုံတွေ့ရတဲ့ အခက်အခဲပြသာနာတွေနှင့်အတူ ဒီစိန်ခေါ်မှုတွေကို ဘယ်လို ဖြေရှင်းကြမလဲဆိုတာတွေကို ဆွေးနွေးပွဲတွေတင်မကပဲ ဓာတ်ပုံ ရုပ်ရှင်ပြပွဲတွေပါအပါ ဝေဝေဆာဆာ ပြသခင်းကျင်းသွားမှာ ဖြစ်ပါတယ်။ ဒါ့အပြင် Network Gathering Event အတွင်းမှာပါ တည်ခင်းကျွေးမွေးဖို့ ပြင်ဆင်ထားတဲ့အတွက် အားလုံးကို လာခဲ့ကြဖို့ ဒီကနေပဲဖိတ်ခေါ်လိုက်ပါတယ်နော်။
ပွဲအတွက်ကို ဒီမှာ (https://forms.gle/CuzPzn41PLdhrGyA6) registration လုပ်လို့ရပါတယ်။ အစီအစဥ် အသေးစိတ် Agenda ကိုလည်း ပုံထဲက QR ကနေတဆင့် ရယူနိုင်ပါသေးတယ်။
ဒီအခမ်းအနားဖြစ်မြောက်ရေးအတွက် Asia Justice and Rights (AJAR)၊ Asian Research Center for Migration (ARCM) of Chulalongkorn University ARCM Thailand, Rohingya Association in Southeast Asia (RAISA)၊ Spirit in Education Movement (SEM) နဲ့ Southeast Asia Junction (SEA-Junction) တို့က ပူးပေါင်းဆောင်ရွက်ထားတာပဲဖြစ်ပါတယ်။
■ ဖတ်စရာမှတ်စရာ
“ပန်းပန်လျက်ပါ”
သူ့ခေါင်းမှာ
တစ်နေ့က သစ်ခွ
မနေ့က သဇင်
ယနေ့တွင် စပယ်
မနက်ဖြန်
ဘယ်ပန်းပန်လို့ တင့်ဦးမယ်
ကြာခဲ့ပြီ
တစ်နေ့တစ်မျိုး တစ်နေ့တစ်မျိုး
မရိုးအောင် ပန်ပြခဲ့၊
စိန်ကိုရွှေကရံသလို
ကျက်သရေရှိတဲ့ဦးခေါင်းကို
ပန်းလှလှတွေ ရံထားခဲ့၊
မုဒိတာမဲ့သူများ
ပန်းစာရင်းကောက်ရင်းဒေါသပွါး
ပန်းတွေ နေ့တိုင်းပွင့်တုန်းလား တဲ့၊
သည်မြေတစ်ဝန်း
ဘယ်ပန်းမှ မပွင့်စေရ
ပန်းဟူသမျှ ရှင်းပစ်ကြ
အငြိုးကြီးကြီး အာဃာတနဲ့
ပန်းမျိုးဖြုတ်မယ် ဟန်တပြပြ၊
ကိစ္စမရှိပါဘူးလေ…
“ကတိသစ္စာ၊တည်သောခါဝယ်
ဩဇာလေးနက်၊ပေါ်ဆီတက်၍
နွယ်မြက်သစ်ပင်၊ဆေးဖက်ဝင်” သတဲ့၊
မြက်ပွင့်ကိုချိုး
ခေါင်းမှာထိုး
ရိုးရိုးလေးလှအောင် ပန်ဦးမှာ ။ ။
(နွေလယ်နေ)
#ခေါ်သံ
#မနက်စာ
ここをクリックしてあなたのスポンサー付きリスティングを獲得。
ビデオ (すべて表示)
カテゴリー
事業に問い合わせをする
電話番号
ウェブサイト
住所
Yokohama, Kanagawa
横浜市青葉区美しが丘1-5-3美しが丘ビル205 Studio Chiffon内
Yokohama, 225-0002
子どもと若者たちに必要な情報と安心できる場を提供する私設図書館and撮影スタジオです
横浜市西区みなとみらい3-3/1
Yokohama, 241-8401
Empower researchers and transform research around the world.