𝑫𝒊𝒗𝒊𝒏𝒆 𝑵𝒂𝒕𝒊𝒐𝒏 𝐎𝐟 Jᴜɴᴏ & Mɪʀᴇʟʟᴇ

𝑫𝒊𝒗𝒊𝒏𝒆 𝑵𝒂𝒕𝒊𝒐𝒏 𝐎𝐟 Jᴜɴᴏ & Mɪʀᴇʟʟᴇ

We're going to talk about Astrology, Tarot and Spirituality.

14/06/2024

𝑵𝒂𝒕𝒂𝒍 𝑺𝒖𝒏 𝑰𝒏 𝑮𝒆𝒎𝒊𝒏𝒊

♊ May 21st ကနေ June 21st အတွင်းမွေးဖွားတဲ့သူတွေကို 𝑮𝒆𝒎𝒊𝒏𝒊 ရာသီဖွားတွေအဖြစ်သတ်မှတ်ကြပြီး ဖြတ်ထိုးဉာဏ်ကောင်းသူတွေ၊ စူးစမ်းလေ့လာလိုစိတ်ပြင်းပြသူတွေ၊ ဘဝကို‌ပေါ့ပေါ့ပါးပါးနေထိုင်တတ်သူတွေအဖြစ် သိထားကြပါတယ်။ သူတို့တွေက စိတ်လှုပ်ရှားစရာတွေကိုနှစ်ခြိုက်ပြီး တစ်ချိန်တည်းမှာ အာရုံတွေပြန့်ကြဲနေတတ်ကြတယ်။ တစ်ခုတည်းကိုပဲ ထပ်တလဲလဲလုပ်ရတဲ့အရာတွေဆို မြန်မြန်စိတ်ကုန်သွားတတ်ကြပါတယ်။

♊ စိတ်လှုပ်ရှားစရာတွေကိုကြိုက်တတ်ကြလို့ တစ်သမတ်တည်းအဖြေထွက်နေတဲ့အရာတွေ၊ ကြိုတင်ခန့်မှန်းလို့ရတာမျိုးတွေထက် မျှော်လင့်မထားတဲ့အဖြစ်အပျက်တွေ၊ surprise တွေကိုသဘောကျကြတယ်။ တစ်ပုံစံတည်း၊တစ်သမတ်တည်းနေတတ်တဲ့ Earth sign တွေနဲ့ သိပ်ပြီးအကြောမတည့်ကြပါဘူး။ 𝑮𝒆𝒎𝒊𝒏𝒊 တွေက Air sign ဖြစ်တဲ့အလျှောက် ပုံစံအမျိုးမျိုးပြောင်းပြီး လွင့်ချင်ရာလွင့်လို့ရတာမျိုးကို မက်မောကြတယ်။ သူတို့ကို ပုံစံခွက်ထဲဆွဲသွင်းတာ၊ အမိန့်ပေးတာမျိုးတွေနဲ့ ဘယ်လိုမှအဆင်မပြေပါဘူး။

♊ Air sign တွေထဲမှာမှ Mutable ဖြစ်နေပြန်တော့ တစ်နေရာတည်းမှာပဲချည်ထားလို့မရတဲ့ရာသီခွင်တွေထဲ ထိပ်ဆုံးကပါပဲ။ အပြောင်းအလဲမြန်တယ်ဆိုတာမျိုးထက် အချိန်အခါအလိုက် အလိုက်သင့်နေတတ်တာလို့ပြောရလိမ့်မယ်။ တခြားရာသီဖွားတွေ အပြောင်းအလဲကိုကြောက်နေကြတဲ့အချိန်မှာ သူက အပြောင်းအလဲကိုရှေ့ဆုံးကပြေးတွေ့မယ့်သူမျိုးပါပဲ။ ဒါပေမဲ့သူတို့အတွက် အရာရာတိုင်းကလွယ်ကူနေတာမျိုးတော့မဟုတ်ဘူး။ ဒီနေရာမှာ 𝑮𝒆𝒎𝒊𝒏𝒊 ရဲ့ Duality ကအရေးပါလာတာပေါ့။

♊ အမြွာနှစ်ယောက်ကိုယ်စားပြုတဲ့ symbol ရှိလို့ 𝑮𝒆𝒎𝒊𝒏𝒊 တွေက မျက်နှာနှစ်ဖက်ရှိတယ်လို့ တချို့ကပြောကြတယ် ( တချို့ဆိုတာ တော်တော်များများပေါ့)။ တချို့ကတော့ 𝑮𝒆𝒎𝒊𝒏𝒊 တွေရဲ့မျက်နှာတစ်ဖက်က မျက်နှာဖုံးဖြစ်ပြီး နောက်မျက်နှာတစ်ဖက်ကမှ true identity လို့ပြောတယ်။ ( သူတို့ဆိုလိုချင်တာက အစပိုင်းမှာ 𝑮𝒆𝒎𝒊𝒏𝒊 တွေဟာဟန်ဆောင်တတ်တယ်။ တကယ် deep ဖြစ်လာတဲ့အချိန်ကျမှ ပုံစံအမှန်ပေါ်လာတယ်ပေါ့။ )

♊ တကယ်တော့ mythology မှာ အဲ့ဒီအမြွာနှစ်ယောက်ဟာ တစ်ပုံစံတည်းတူမလိုနဲ့ ကွဲပြားနေတဲ့အရာတွေရှိပြီး တစ်ယောက်ကိုကယ်ဖို့ နောက်တစ်ယောက်ကကြိုးစားရတာပါ။ 𝑮𝒆𝒎𝒊𝒏𝒊 ရာသီဖွားတွေဟာလည်း သူတို့ရဲ့မူလ personality ရှိတာမှာ သူတို့နဲ့ထိတွေ့ဆက်ဆံလာတဲ့လူတွေအပေါ်လိုက်ပြီး ထုတ်ပြလို့အဆင်ပြေမယ်ထင်တဲ့အပိုင်းကိုပဲပြရင်း ပတ်ဝန်းကျင်အလိုက်အရောင်ပြောင်းနေကြတယ်လို့ ပြောရလိမ့်မယ်။ ( တိရစ္ဆာန်လေးတွေက သူတို့ကိုသူတို့အန္တရာယ်ကကာကွယ်ဖို့ camouflage လုပ်ကြသလိုပဲ 𝑮𝒆𝒎𝒊𝒏𝒊 တွေအရောင်ပြောင်းကြတာလည်း သူတို့လုံခြုံဖို့အတွက်ပါ။ ) ဒါကြောင့် 𝑮𝒆𝒎𝒊𝒏𝒊 တစ်ယောက်တည်းကိုမှ ကိုယ်သိတဲ့သူ့ပုံစံနဲ့ တခြားလူတစ်ယောက်သိထားတဲ့သူ့ပုံစံက တစ်ထပ်တည်းကျနေမှာမဟုတ်ဘူး။

♊ သိချင်စိတ်၊ စူးစမ်းလိုစိတ်များတဲ့ 𝑮𝒆𝒎𝒊𝒏𝒊 တွေက အသစ်အဆန်းတွေကိုစိတ်ဝင်စားပြီး သင်ယူချင်စိတ်လည်းပြင်းပြကြတယ်။ သူတို့ဘဝတစ်လျှောက်လုံးမှာ တစ်ခုမဟုတ်တစ်ခုကိုလေ့လာနေပြီး ဘာမှန်းမသိတာတွေနဲ့အလုပ်ရှုပ်နေတတ်တယ်။ တစ်ခုတည်းကိုတစ်စိုက်မတ်မတ်လုပ်တာကတော့ ရှားပါတယ်။ အခုစိတ်ဝင်စားနေပေမဲ့ ခဏနေကျစိတ်မဝင်စားတော့ပြန်ဘူးဆိုတာမျိုးဖြစ်တတ်တယ်။ သူတို့စိတ်အာရုံနဲ့တွေးခေါ်မှုအပိုင်းကို တစ်နည်းနည်းနဲ့လှုံ့ဆော်ပေးတဲ့အရာတွေကို သဘောကျတယ်။ ခန့်မှန်းရတဲ့ဂိမ်းတွေ၊ ပဟေဠိလိုဟာမျိုးတွေပေါ့။

♊ ရယ်ရယ်မောမောနေတတ်တဲ့ 𝑮𝒆𝒎𝒊𝒏𝒊 တွေကို အမြဲပေါ့‌ပါးနေပြီးအပူအပင်မရှိကြဘူးလို့ ထင်ကောင်းထင်နိုင်ပေမဲ့ ဒီရာသီဖွားအများစုဟာ လိုတာထက်ပိုတွေးတတ်တဲ့သူတွေဖြစ်တယ်။ ဒါကြောင့်ပဲ ဘဝမှာလေးလေးနက်နက်နေလေလေ လေးလေးပင်ပင်ဖြစ်လေဆိုတာကိုနားလည်ပြီး ရယ်စရာတွေနဲ့ဖြေလျှော့တတ်ကြသူတွေဖြစ်လာတယ်။ မမြဲတဲ့အရာတွေကိုနားလည်လာပြီး လက်ရှိအခိုက်အတန့်လေးတွေကို enjoy လုပ်ဖို့ကြိုးစားကြတယ်။ ဘာမှအနှောင်အတွယ်မရှိကြဘူးလို့ ဘေးလူတွေအနေနဲ့မြင်ရနိုင်ပေမဲ့ ဘာမှအနှောင်အတွယ်မရှိဖို့ကိုပဲ သူတို့ကြိုးစားနေကြတာပါ။

♊ 𝑮𝒆𝒎𝒊𝒏𝒊 တွေက ဦးနှောက်သမား၊ အတွေးသမားတွေဖြစ်လို့ ခံစားချက်တွေနဲ့ပတ်သက်ပြီး အားနည်းချက်ရှိကြတယ်လို့ပြောနိုင်တယ်။ ခံစားချက်တွေက logic ကျကျကိုင်တွယ်လို့မရတာကြောင့် သူတို့အနေနဲ့ နက်နက်ရှိုင်းရှိုင်းခံစားရမှာတွေကိုဝန်လေးတယ်၊ ကြောက်တယ်။ သူတို့အနေနဲ့ deep ဖြစ်သွားကြတဲ့အခါကျရင်လည်း ရှုံးမယ်မှန်းသေချာနေတဲ့အရာတွေကိုတောင် သိသိကြီးနဲ့အလျှော့ပေးလိုက်ကြတာပါပဲ။

♊ 𝑮𝒆𝒎𝒊𝒏𝒊 က Mercury ဂြိုဟ်စိုးမိုးတဲ့ရာသီခွင်ဖြစ်လို့ ဒီရာသီဖွားတွေဟာ အနည်းနဲ့အများဉာဏ်ကောင်းကြတယ်။ Academically မထူးချွန်ရင်တောင် ဖြတ်ထိုးဉာဏ်ပိုင်း၊ memory ပိုင်းမှာ အားသာကြတယ်။ သူတို့ကသင်လွယ်တတ်လွယ်တဲ့ထဲပါပြီး တစ်ခုခုဆိုအမြဲမှတ်မိနေတတ်တယ်။ အတွေးသမားတွေဖြစ်ကြတော့ အချက်အလက်တွေကို ဝေဖန်ဆန်းစစ်ရတာ၊ ‌analysis လုပ်ရတာလည်းသဘောကျကြတယ်။ ဒါကြောင့်ပဲ လူကဲခတ်တော်သလို ဗဟုသုတဆိုင်ရာမှာလည်း ဟိုစပ်စပ်ဒီစပ်စပ် အကုန်သိနေကြတာပဲ။

♊ ဒီရာသီဖွားတွေဟာ talkative ဖြစ်တယ်၊ စကားတွေအများကြီးပြောကြတယ်လို့ အားလုံးသိထားကြပေမဲ့ လေးနက်တဲ့ topic တွေပြောဖို့အတွက်ကျ သူတို့နဲ့လိုက်ပြောပေးမယ့်သူအများကြီးမရှိဘူး။ နောက်တစ်ခုက သူတို့ဟာ တစ်ဖက်လူရဲ့သဘာဝကိုလိုက်ပြီး အလိုက်အထိုက်ပြန်ဆက်ဆံကြတာဖြစ်လို့ 𝑮𝒆𝒎𝒊𝒏𝒊 တစ်ယောက် ကိုယ့်ကိုလာပြောတဲ့စကားတွေက ပညာသားလည်းမပါဘူး၊ အပေါ်ယံတွေပဲလို့ခံစားမိရင် သူတို့မျက်လုံးထဲမှာကိုယ့်ကို လေးနက်တဲ့အကြောင်းအရာတွေပြောလို့မရဘူးလို့ထင်လို့ တမင်မပြောတာဆိုတာတော့ သိဖို့လိုတယ်။

♊ သူတို့တွေက လေ့လာဆန်းစစ်ရတာကို အရမ်းဝါသနာထုံတော့ မြင်မြင်သမျှအရာတွေကို observe လုပ်တယ်၊ လိုက်ကြည့်တယ်၊ မှတ်ထားတယ်၊ pattern တွေ၊ ပုံစံတွေဆွဲကြည့်တယ်။ ဒါကြောင့်သူတို့ကပဲ လူတော်တော်များများကိုနားလည်ပြီး သူတို့ကိုနားလည်တဲ့သူတော့ အများကြီးမရှိဘူး။ လူတွေကိုနားလည်တာကြောင့်ပဲ ဘယ်အဝန်းအဝိုင်းကလူနဲ့မဆို သူတို့ကောင်းကောင်းပြောဆိုဆက်ဆံတတ်ပြီး ပတ်ဝန်းကျင်တော်တော်များများမှာ ဝင်ဆံ့ကြတယ်။ အဲ့ဒီပတ်ဝန်းကျင်အစုံကနေ သူတို့ရထားတဲ့ဝါသနာတော်တော်များများရှိပြီး သိထားတဲ့ information လည်းအစုံပါပဲ။

♊ အနှစ်ချုပ်ရရင် 𝑮𝒆𝒎𝒊𝒏𝒊 ရာသီဖွားတွေဟာ လူတွေပြောကြသလို စရိုက်အမျိုးမျိုးရှိနေတယ်ဆိုတာ မှန်သလိုလို၊ မမှန်သလိုလိုပဲပေါ့။ သူတို့မှာရှိတဲ့အကျင့်စရိုက်အကုန်လုံးကို လူတစ်ယောက်တည်းဆီမှာချပြဖို့ဆိုတာက သူတို့အတွက်လည်းမလွယ်ကူတဲ့ကိစ္စပါပဲ။ ဒါကသူတို့အတွက်တော့ စိတ်ချရတဲ့အကွာအဝေးတစ်ခုယူထားတဲ့သဘောမျိုးပါပဲ။ ဒါပေမဲ့သူတို့တွေက ကြေးမုံမှန်လိုမျိုး အလင်းလာရာအတိုင်းရောင်ပြန်တတ်တော့ ကိုယ်နဲ့ကြုံရတဲ့ 𝑮𝒆𝒎𝒊𝒏𝒊 ကောင်းတယ်၊ဆိုးတယ်ဆိုတာတွေက ကိုယ်နဲ့လည်း 50% လောက်တော့သက်ဆိုင်နိုင်ပါတယ်။ ဘာလို့ 100% မဆိုင်ဘူးလဲဆိုတော့ မွေးတဲ့ရာသီခွင်နဲ့မဆိုင်ဘဲ ဆိုးတဲ့သူကဆိုးကိုဆိုးတာမို့လို့ပါပဲ။ ( ရာသီခွင်တွေအပေါ်မှာပဲပုံချနေတာတွေက solution မဟုတ်ပါဘူး။ )

♊ တစ်ခုရှိတာက 𝑮𝒆𝒎𝒊𝒏𝒊 တွေက အခုတစ်မျိုး၊ တော်ကြာတစ်မျိုးပြောတယ်တို့၊ စိတ်အပြောင်းအလဲမြန်တယ်ဆိုတာတွေကတော့ ငြင်းလို့မရတဲ့အချက်တွေပါ။ ဒါတွေကို သူတို့ကိုယ်တိုင်လည်းသိထားပါတယ်။ ဒါက Air signs တွေနဲ့၊ mutable signs တွေရဲ့လက္ခဏာတစ်ခုဖြစ်နေလို့ပါပဲ။ ဘာပဲဖြစ်ဖြစ် သူတို့စိတ်နှစ်ပြီးလုပ်တဲ့အရာတွေ၊ ဇောက်ချပြီး commit လုပ်လိုက်တဲ့အရာတွေမှာတော့ သူတို့တာဝန်သူတို့ယူပြီး ကတိတည်နိုင်ဖို့အကောင်းဆုံးကြိုးစားကြပါတယ်။ ကတိမတည်တဲ့ 𝑮𝒆𝒎𝒊𝒏𝒊 တွေကတော့ 𝑮𝒆𝒎𝒊𝒏𝒊 ဖြစ်နေလို့ကတိမတည်တာမဟုတ်ဘဲ ကတိမတည်တတ်တဲ့သူ၊ ကတိတည်ချင်စိတ်မရှိတဲ့သူဖြစ်နေလို့ပါ။

♊ အားလုံးပဲ အေးချမ်းသောနေ့လေးဖြစ်ပါစေ။ 𝑮𝒆𝒎𝒊𝒏𝒊 အားလုံးလည်း Happy Birthday ပါ။ 💚

Photos from 𝑫𝒊𝒗𝒊𝒏𝒆 𝑵𝒂𝒕𝒊𝒐𝒏 𝐎𝐟 Jᴜɴᴏ & Mɪʀᴇʟʟᴇ's post 12/06/2024

🔮 𝐖𝐡𝐚𝐭'𝐬 𝐎𝐧 𝐓𝐡𝐞 𝐎𝐭𝐡𝐞𝐫 𝐒𝐢𝐝𝐞? 🔮

🎀 ဘဝဆိုတာက အပြောင်းအလဲတွေ၊ အဆုံးသတ်တွေ၊ တစ်ဖန်စတင်မှုတွေနဲ့ ရောနှောတည်ဆောက်ထားတာဖြစ်ပြီးတော့ လူတိုင်းကလည်း အပြောင်းအလဲပေါင်းစုံကိုကြုံနေရတာပါပဲ။ Chapter တစ်ခုပြီးဆုံးသွားတဲ့အခါတိုင်း နောက်ထပ်လာမယ့်အရာတွေက ဘာတွေဖြစ်မလဲဆိုတာကိုသိချင်တယ်မဟုတ်လား။

🎀 အခုလောလောဆယ်မှာ transformation / spiritual awakening / စိတ်ပိုင်းဆိုင်ရာ ( အယူအဆ၊ ယုံကြည်မှု၊ ရှုထောင့် ) အပြောင်းအလဲတွေ ဖြစ်နေတယ်လို့ခံစားမိရင် ဒါမှမဟုတ် မကြာသေးခင်ကမှ transformation ဖြစ်ထားတာမျိုး၊ ကိုယ်ရွေးလိုက်တဲ့ pick a pile reading တွေမှာ transformation ကြုံရဖို့ရှိတယ်ဆိုတဲ့အဖြေတွေ ခဏခဏဖတ်မိနေရင် အဲ့ဒီ transformation ရဲ့တခြားတစ်ဖက်မှာ ဘယ်လိုတွေပြောင်းလဲသွားဖို့ရှိလဲဆိုတာကိုသိချင်ရင် ဒီထဲကပုံတစ်ပုံရွေးလိုက်ပါ။

🎀 Healing လုပ်ဖို့ကြိုးစားနေတာမျိုး၊ therapist တွေဆီမှာကုသမှုခံယူနေတာမျိုး၊ အခုလက်ရှိနေထိုင်မှုပုံစံကိုပြောင်းလဲဖို့ကြိုးစားနေတာမျိုးဆိုရင်လည်း ဖတ်လို့ရပါတယ်။ ကိုယ့်ကိုယ်ကိုယ်‌တစ်နည်းတစ်ဖုံပြောင်းလဲဖို့စိတ်ကူးနေတဲ့သူတိုင်း ဒီ pick a pile ကိုဖတ်လို့ရပါတယ်။ Transformation ပြီးသွားတဲ့အခါ ဘယ်နေရာတွေမှာပြောင်းလဲသွားပြီး ကိုယ့်ရဲ့ဘဝကဘယ်လိုဖြစ်လာမလဲဆိုတာကို အသေးစိတ်ဖတ်ပေးထားတာဖြစ်လို့ ပုံတစ်ပုံရွေးပြီး Juno ဘာတွေပြောထားလဲဆိုတာဖတ်ကြည့်လိုက်ပါ။

𝐏𝐞𝐫𝐬𝐨𝐧𝐚𝐥 𝐑𝐞𝐚𝐝𝐢𝐧𝐠 𝐋𝐢𝐧𝐤𝐬

✨ ғᴏʀ ᴀsᴛʀᴏʟᴏɢɪᴄᴀʟ ʀᴇᴀᴅɪɴɢs ✨

https://www.facebook.com/share/p/nQeduZWsZCD4ENGa/?mibextid=oFDknk

✨ ғᴏʀ ᴘᴇʀsᴏɴᴀʟ ᴛᴀʀᴏᴛ ʀᴇᴀᴅɪɴɢs ✨

https://www.facebook.com/share/p/djF25SEFN7fp7pgU/?mibextid=oFDknk

10/06/2024

" 25% 𝘖𝘍𝘍 𝘍𝘰𝘳 𝘑𝘜𝘕𝘌 𝘚𝘱𝘦𝘤𝘪𝘢𝘭 𝘗𝘳𝘰𝘮𝘰 "

☀️ နှစ်တိုင်းလုပ်နေကျအတိုင်း Juno ရဲ့မွေးလဖြစ်တဲ့ June လမှာ page မှာလုပ်ပေးနေတဲ့ service တွေအကုန်လုံးကို 25% OFF ပေးမယ့် Special Promo လေးပြင်ထားပါတယ်။ ဒီ Promo လေးက June လကုန်အထိအကျုံးဝင်မှာဖြစ်ပါတယ်။

☀️ Birth Chart တို့၊ Synastry Chart တို့လို service တွေက ပုံမှန်ထက်အများကြီးသက်သာသွားမှာဖြစ်လို့ Astrology နဲ့ဆိုင်တဲ့ service တွေထဲကမေးဖို့စိတ်ကူးနေတယ်ဆိုရင် ဒီအချိန်မှာမေးဖို့အသင့်တော်ဆုံးပဲနော်။

☀️ Juno ဆီမှာ လတ်တလောမေးလို့ရတဲ့ service တွေကို အောက်က Link တွေကနေဝင်ဖတ်ကြည့်လို့ရပါတယ်။ အားလုံးပဲ အေးချမ်းသောအချိန်လေးဖြစ်ပါစေ။ Gemini နဲ့ Cancer babies အားလုံးလည်း Happy Birthday ပါ။ 🎉🎀💖

✨ ғᴏʀ ᴀsᴛʀᴏʟᴏɢɪᴄᴀʟ ʀᴇᴀᴅɪɴɢs ✨

https://www.facebook.com/share/p/nQeduZWsZCD4ENGa/?mibextid=oFDknk

✨ ғᴏʀ ᴘᴇʀsᴏɴᴀʟ ᴛᴀʀᴏᴛ ʀᴇᴀᴅɪɴɢs ✨

https://www.facebook.com/share/p/djF25SEFN7fp7pgU/?mibextid=oFDknk

Photos from 𝑫𝒊𝒗𝒊𝒏𝒆 𝑵𝒂𝒕𝒊𝒐𝒏 𝐎𝐟 Jᴜɴᴏ & Mɪʀᴇʟʟᴇ's post 08/06/2024

🪷 𝑃𝑖𝑐𝑘 𝐴 𝑃𝑖𝑙𝑒 𝐹𝑜𝑟 𝒥𝓊𝓃ℯ 𝒫𝓇ℯ𝒹𝒾𝒸𝓉𝒾ℴ𝓃𝓈 🪷

နောက်ကျနေပြီဆိုပေမဲ့ monthly predictions စောင့်ဖတ်နေကျသူတွေအတွက် ဒီတစ်လစာ reading လေးတင်ပေးလိုက်ပါတယ်။ အားလုံးအတွက် အေးမြစေသော June ဖြစ်ပါစေ။ 🤍

Photos from 𝑫𝒊𝒗𝒊𝒏𝒆 𝑵𝒂𝒕𝒊𝒐𝒏 𝐎𝐟 Jᴜɴᴏ & Mɪʀᴇʟʟᴇ's post 26/05/2024

☁️ 𝐖𝐡𝐚𝐭 𝐀𝐫𝐞 𝐓𝐡𝐞𝐬𝐞 𝐃𝐫𝐞𝐚𝐦𝐬 𝐀𝐛𝐨𝐮𝐭? ☁️

အခုတလောမက်နေတဲ့ ထူးဆန်းတဲ့အိပ်မက်တွေ၊ ခဏခဏပြန်မက်နေတတ်တဲ့အိပ်မက်တွေက ဘာကိုပြောပြချင်နေတာလဲ။ ဘာကြောင့်မက်နေရတာလဲ။ သူတို့ရဲ့ရည်ရွယ်ချက်ကဘာလဲ။ ဒါမှမဟုတ် မကြာခဏမြင်နေရတဲ့ angel numbers တွေ၊ သင်္ကေတတွေကရော ဘယ်လို message တွေကို ရည်ညွှန်းနေလဲဆိုတာ ပုံတစ်ပုံကိုရွေးပြီး ကြည့်ကြည့်ရအောင်နော်။ ( တစ်ပုံထက်ပိုပြီး ရွေးချင်စိတ်ဖြစ်လာရင်လည်း ကြိုက်သလောက်ရွေးနိုင်ပါတယ်။ ကိုယ့်အာရုံကို တကယ်ဆွဲဆောင်နေတဲ့ပုံဖြစ်ဖို့တော့လိုပါတယ်။ )

ဒီ Reading က mental ပိုင်းနဲ့ healing ကိုအသားပေးဖတ်ထားတာဖြစ်ပြီး General reading ဖြစ်တာကြောင့် 100% တစ်ထပ်တည်းကျချင်မှကျပါလိမ့်မယ်။ ကြားဖို့လိုအပ်တဲ့တွေသူတွေဆီရောက်ဖို့မျှော်လင့်ရင်း အားလုံးပဲ see you in my next reading... 🤍

✨ ғᴏʀ ᴀsᴛʀᴏʟᴏɢɪᴄᴀʟ ʀᴇᴀᴅɪɴɢs ✨

https://www.facebook.com/share/p/nQeduZWsZCD4ENGa/?mibextid=oFDknk

✨ ғᴏʀ ᴘᴇʀsᴏɴᴀʟ ᴛᴀʀᴏᴛ ʀᴇᴀᴅɪɴɢs ✨

https://www.facebook.com/share/p/djF25SEFN7fp7pgU/?mibextid=oFDknk

20/05/2024

✨ ℝ𝕒𝕟𝕕𝕠𝕞 𝕄𝕖𝕤𝕤𝕒𝕘𝕖 𝔽𝕠𝕣 𝕋𝕠𝕕𝕒𝕪 ✨

- တစ်နေရာတည်းမှာချည်နှောင်ထားခံရသလို ခံစားနေရရင်၊ ရင်ထဲမှာနာကျင်ဝမ်းနည်းနေရင် အပြင်ထွက်ပေးပါ။ သဘာဝနဲ့ထိတွေ့ပါ။ အနားယူပါ။ ပိုကောင်းတဲ့အပြောင်းအလဲ၊ transformation လာနေပါပြီ။

- Relationship သမားတွေ အချစ်ရေးနဲ့ပတ်သက်ပြီး အဆင်ပြေနေတတ်တယ်။ ကံတရားကကိုယ့်ဖက်မှာရှိတယ်။ တစ်ဖက်လူက ပိုဂရုစိုက်ပေးတာ၊ နားလည်ပေးတာရှိမယ်။ Single တွေမှာ ကိုယ့်ကိုတိတ်တခိုးသဘောကျနေသူရှိတတ်တယ်။ ဒါမှမဟုတ် ကိုယ်သဘောကျနေတဲ့သူနဲ့ အဆင်ပြေသွားတတ်တယ်။

- ငွေကြေးနဲ့ပတ်သက်ပြီး မသုံးခင်ချိန်ဆပါ။ မလိုအပ်တဲ့နေရာတွေမှာ အလွန်အကျွံမသုံးပါနဲ့။ ဒီနှစ်ရက်၊သုံးရက်က လိုချင်တာ၊ဖြစ်ချင်တာတွေကိုအလိုမလိုက်ဘဲ control လုပ်ရမယ့်အချိန်ပါ။ ဆုံးဖြတ်ချက်ကြီးတွေမချသင့်ဘူး။ ကောင်းမှုပြုတာတွေ၊ အများအကျိုးကူညီတာတွေကနေ အသိအမှတ်ပြုခံရမယ်။ ကုသိုလ်မြန်မြန်အကျိုးပေးတတ်တယ်။ တိရစ္ဆာန်လေးတွေကို အစာကျွေးပါ။

- June နဲ့ August မှာ ငွေကြေးကံပိုတက်လာဖို့ရှိတယ်။ ‌ငွေတွေအများကြီးရတတ်သလို တခြားနယ်ပယ်တွေမှာလည်း အောင်မြင်မှုတွေရတတ်တယ်။ လူကြားထဲမှာ လေးစားခံရမယ်။ ဒါပေမဲ့ ကိုယ့်ဆီကအခွင့်အလမ်းတွေ၊ ရပိုင်ခွင့်တွေကို လုယူဖို့ကြိုးစားတဲ့သူတွေရှိတတ်လို့ ငွေကြေးဆုံးရှုံးမှုတွေလည်းရှိတတ်တယ်။ မိသားစုအရေးကိစ္စတွေ၊ အိမ်အရွှေ့အပြောင်း၊ နေရာအရွှေ့အပြောင်း၊ ပြုပြင်မှုတွေရှိတတ်တယ်။

- အောင်မြင်မှုဆီသွားတဲ့လမ်းမှာရှိနေပေမဲ့ တစ်ခါတလေအလွဲအမှားတွေ လုပ်မိတတ်တယ်။ အတိုက်အခံတွေလည်းရှိနေတယ်။ အစောင့်အရှောက်တွေဆီက လမ်းညွှန်စကားတွေတောင်းခံပါ။ သူတို့ကာကွယ်ပေးနေတာမို့ အလွန်အကြူးစိတ်ပူစရာတော့မရှိပါဘူး။ အကျိုးတူစီးပွားလုပ်တာတို့၊ လက်ထပ်ထိမ်းမြားတာတို့၊ တစ်ခုခုကို‌ commit လုပ်ပြီး ဇောက်ချလုပ်တာမျိုးတွေ ဒီနှစ်ထဲအတွင်းကြုံရလိမ့်မယ်။

18/05/2024

✨ 𝘛𝘩𝘦 𝘓𝘶𝘤𝘬𝘪𝘦𝘴𝘵 𝘋𝘢𝘺 𝘰𝘧 2024 𝘐𝘴 𝘛𝘰𝘥𝘢𝘺! ✨

May လ 18 ရက် ဒီနေ့ကတော့ တစ်နှစ်တာလုံးမှာ ကံအကောင်းဆုံးနေ့ဆိုပြီးတော့ astrologer အများစုကယူဆထားကြပါတယ်။ ဘာလို့လဲဆိုတဲ့အကြောင်းရင်းကို Juno ရှင်းပြပေးပါ့မယ်။

- စွမ်းအင်အရင်းအမြစ်ဖြစ်တဲ့ Sun နဲ့ ကံကောင်းမှု၊ ကြွယ်ဝများပြားမှုတွေနဲ့ဆက်စပ်တဲ့ဂြိုဟ် Jupiter တို့က အနီးကပ်ဆုံးအနေအထားမှာရောက်နေကြ ( conjunction ဖြစ်နေကြ )တဲ့အတွက် ဘာပဲလုပ်လုပ်ကံကောင်းနေမယ့်အချိန်ဖြစ်နေပါတယ်။

- အထူးသဖြင့် Ta**us Sun သမားတွေ ဒီအချိန်မှာအများကြီး ကံဇာတာတက်နေတတ်ပါတယ်။ ဒါမှမဟုတ် ကိုယ့်ရဲ့ Birth chart ထဲက Ta**us placement ရှိတဲ့နေရာတွေမှာ ကိုယ့်ရဲ့ကံဇာတာတက်လာနိုင်ပါတယ်။

တကယ်လို့ ကိုယ့်ရဲ့ဇာတာခွင်ထဲမှာ Ta**us placements တွေမပါခဲ့‌ရင်တောင်မှ ယေဘုယျကံကောင်းစေတဲ့အချိန်မျိုးဖြစ်လို့ ဒီအချိန်မှာ အရေးကြီးတဲ့အလုပ်တွေစတင်တာ၊ တစ်ခုခုကိုအကောင်အထည်ဖော်တာ၊ manifestation လုပ်တာမျိုးတွေက သိသိသာသာအကျိုးရလာတတ်တယ်။

Manifestation လုပ်မယ့်သူတွေအနေနဲ့ စာအုပ်ထဲမှာချရေးတာပဲဖြစ်ဖြစ်၊ ကိုယ်လုပ်နေကျ Manifestation method တွေ ဘယ်လိုနည်းလမ်းမဆို မေတ္တာကိုအရင်ရှေးရှုပြီးမှ ကိုယ်လိုချင်တာတွေတောင်းပါ။ Jupiter ရဲ့သဘောတရားက ဘာမှပြန်မယူဘဲပေးတာပါ။ ကိုယ်ကလည်း စကြဝဠာကပေးတာကိုမယူခင် သူများကိုအရင်ပေးမှ ကိုယ့်ရဲ့ကံသည်ပိုပြီးစင်ကြယ်ပါတယ်။

ပေးဖို့အလွယ်ဆုံးသည် မေတ္တာပါ။ လူပုဂ္ဂိုလ်တွေကိုပဲဖြစ်ဖြစ်၊ တိရစ္ဆာန်လေးတွေကိုပဲဖြစ်ဖြစ်၊ သဘာဝပတ်ဝန်းကျင်ကိုပဲဖြစ်ဖြစ် မေတ္တာထားပြီးအပြုသဘောဆောင်တာလေးတွေ လုပ်ပေးပါ။ မေတ္တာပို့၊အမျှဝေတာသည်လည်း အလွယ်ကူအရိုးရှင်းဆုံး မေတ္တာထားတဲ့လုပ်ရပ်ပါပဲ။ ကိုယ့်မေတ္တာသန့်စင်ရင်သန့်စင်သလောက် ဒီနေ့မှာလုပ်သမျှ၊တောင်းသမျှ အကျိုးထူးပါလိမ့်မယ်။

နောက်တစ်ခုကတော့ စိတ်ရောကိုယ်ရောဆောင်ရွက်ဖို့ပါ။ စိတ်ပဲပါပြီး action မပါရင် ဘာမှထူးခြားမှာမဟုတ်ပါဘူး။ စတင်ဖို့ကြောက်နေတာမှန်သမျှ ဒီနေ့စတင်ပါ။ ပြောဖို့မေးဖို့ခက်နေတာတွေ ဒီနေ့လုပ်ပါ။ သတ္တိမွေးပါ၊ Risk ယူပါ။ စကြဝဠာဆီကကိုယ်လိုချင်တာကို ပွင့်ပွင့်လင်းလင်းနဲ့တောင်းဆိုပါ။ ဒီနေ့က အခွင့်အလမ်းတွေပေါ်လာနိုင်သလို သတင်းကောင်းတွေကြားရတတ်တယ်။ ကိုယ်ကလိုက်ပြီးဆောင်ရွက်ဖို့ပဲလိုတာပါ။

Photos from 𝑫𝒊𝒗𝒊𝒏𝒆 𝑵𝒂𝒕𝒊𝒐𝒏 𝐎𝐟 Jᴜɴᴏ & Mɪʀᴇʟʟᴇ's post 16/05/2024

♥️ 𝕐𝕠𝕦𝕣 𝕃𝕠𝕧𝕖 𝕃𝕚𝕗𝕖 𝕀𝕟 𝕋𝕙𝕣𝕖𝕖 𝕄𝕠𝕟𝕥𝕙𝕤 ♥️

Pick a pile တွေတင်ရင် အချစ်ရေးနဲ့ပတ်သက်ပြီးသိပ်မတင်ဖြစ်ပေမဲ့ personal reading လာမေးကြတာအများစုက အချစ်ရေးပါပဲ။ May လမှာ အတွဲတွေပြတ်ကြတယ်လို့နာမည်ကြီးသလို အချစ်ရေးနဲ့ပတ်သက်ပြီးသိချင်နေကြမယ်ထင်လို့ သုံးလအတွင်းအချစ်ရေးကို pick a pile လေးဖတ်ထားပါတယ်။ Enjoy! ♥️♥️♥️

𝐏𝐞𝐫𝐬𝐨𝐧𝐚𝐥 𝐑𝐞𝐚𝐝𝐢𝐧𝐠 𝐋𝐢𝐧𝐤𝐬

✨ ғᴏʀ ᴀsᴛʀᴏʟᴏɢɪᴄᴀʟ ʀᴇᴀᴅɪɴɢs ✨

https://www.facebook.com/share/p/nQeduZWsZCD4ENGa/?mibextid=oFDknk

✨ ғᴏʀ ᴘᴇʀsᴏɴᴀʟ ᴛᴀʀᴏᴛ ʀᴇᴀᴅɪɴɢs ✨

https://www.facebook.com/share/p/djF25SEFN7fp7pgU/?mibextid=oFDknk

Photos from 𝑫𝒊𝒗𝒊𝒏𝒆 𝑵𝒂𝒕𝒊𝒐𝒏 𝐎𝐟 Jᴜɴᴏ & Mɪʀᴇʟʟᴇ's post 08/05/2024

🐾 𝐖𝐡𝐞𝐫𝐞 𝐈𝐭 𝐋𝐞𝐚𝐝𝐬 𝐘𝐨𝐮 𝐓𝐨? 🐾

အခုလတ်တလော ရွေးချယ်မှုတစ်ခုလုပ်ဖြစ်ထားရင်၊ ဆုံးဖြတ်ချက်တစ်ခုချထားရင် ဒီရွေးချယ်မှုဟာ မှန်ကန်တဲ့ရွေးချယ်မှုဟုတ်သလား၊ မဟုတ်ဘူးလားဆိုတာကို pile တစ်ခုရွေးပြီး စစ်ဆေးကြည့်လိုက်ပါ။ ဒါမှမဟုတ် ကိုယ်လက်ရှိလျှောက်နေတဲ့လမ်းကြောင်းဟာ ဘယ်ဆီကိုရောက်မလဲဆိုတာသိချင်ရင် ရွေးလိုက်တဲ့ pile ကညွှန်ပြနေတဲ့နောက်ကိုသာ တန်းတန်းမတ်မတ်လိုက်ခဲ့ပါ။ 🐾🐾🤎

Pick a pile reading တွေဖတ်ပြီး energy ကိုက်ညီလို့ Juno ဆီမှာ Tarot မေးချင်တယ်၊ ဘာမေးရမှန်းမသိဘူးဆိုရင် အောက်က link တွေမှာဖတ်ကြည့်လို့ရပါတယ်။ 🤎

✨ ғᴏʀ ᴀsᴛʀᴏʟᴏɢɪᴄᴀʟ ʀᴇᴀᴅɪɴɢs ✨

https://www.facebook.com/share/p/nQeduZWsZCD4ENGa/?mibextid=oFDknk

✨ ғᴏʀ ᴘᴇʀsᴏɴᴀʟ ᴛᴀʀᴏᴛ ʀᴇᴀᴅɪɴɢs ✨

https://www.facebook.com/share/p/djF25SEFN7fp7pgU/?mibextid=oFDknk

Photos from 𝑫𝒊𝒗𝒊𝒏𝒆 𝑵𝒂𝒕𝒊𝒐𝒏 𝐎𝐟 Jᴜɴᴏ & Mɪʀᴇʟʟᴇ's post 30/04/2024

🌺 ᴘɪᴄᴋ ᴀ ᴘɪʟᴇ ғᴏʀ 𝐌𝐚𝐲 𝐏𝐫𝐞𝐝𝐢𝐜𝐭𝐢𝐨𝐧𝐬 🌺

May လအတွက် တစ်လစာဟောစာတမ်းပဲဖြစ်ပါတယ်။ ကောင်းမွန်တဲ့ energy တွေနဲ့အတူ ဒီလကိုစတင်လိုက်ရအောင်။ 🤍

Personal Reading တွေအကြောင်းစိတ်ဝင်စားရင် အောက်က link တွေမှာဖတ်ကြည့်လို့ရပါတယ်။ 🤍

✨ For Astrology Readings ✨

https://www.facebook.com/share/p/nQeduZWsZCD4ENGa/?mibextid=oFDknk

✨ For Tarot Readings ✨

https://www.facebook.com/share/p/djF25SEFN7fp7pgU/?mibextid=oFDknk

27/04/2024

💙 Solar Eclipse ရော၊ Mercury Retrograde ရောအပြီးမှာ တော်တော်များများ ပင်ပန်းတဲ့အခိုက်အတန့်တွေကြုံခဲ့ကြပြီး အားနည်းနေကြတာကြောင့် Juno ကူညီနိုင်သလောက်ကူညီဖို့စဉ်းစားရင်း ဒီ wallpaper လေးလုပ်ဖြစ်ခဲ့ပါတယ်။ 2022 December တည်းက အဆောင် wallpaper လေးတွေလုပ်ဖို့ Juno တို့တိုင်ပင်ဖြစ်ခဲ့ပါသေးတယ်။ Juno က sigil ဆွဲပေးပြီး၊ Mirelle က art ကိုတာဝန်ယူဖို့လုပ်ထားပေမဲ့ Mirelle လည်းမအားတော့တာရော၊ Juno လည်းတခြားအလုပ်လေးတွေများနေခဲ့တာရောကြောင့် အစီအစဉ်အကောင်အထည်မပေါ်ခဲ့ပါဘူး။ ( အရင်တည်းက followers တွေဆိုရင်သိမှာပါ။ Juno က content တွေတင်တဲ့သူ၊ tarot နဲ့ astrology ဖတ်တဲ့သူ၊ Mirelle က page စဖွင့်တုန်းက art concept အတွက်ကူညီပေးတဲ့ admin ပါ။ Juno မအားတဲ့အချိန်တွေဆိုလည်း သူပဲ messenger မှာစာပြန်ပေးခဲ့တာပါ။ ) အဲ့တုန်းကလုပ်ထားတဲ့ sigil wallpaper တစ်ခုတော့ရှိပါတယ်။ Money/Abundance နဲ့ဆိုင်တဲ့အဆောင်ပါ။ Personal အတွက်ပဲသုံးဖြစ်ခဲ့ပြီး page မှာတော့ ချမပြခဲ့ရဘူး။

💙 အခုတော့ Juno တစ်ယောက်တည်းပဲ page ကို ဆက် run ဖြစ်နေပြီးတော့ စိတ်ဝင်စားတာအကုန်အစုံလုပ်နေပါတယ်။ ဒီ wallpaper လေးကတော့ ပထမဆုံးချပြဖြစ်တာပါ။ မေတ္တာနဲ့ဆိုင်တဲ့အစီအရင်မျိုးပဲထည့်ထားလို့ သုံးဖို့ safe ဖြစ်ပါတယ်။ အဆောင်ဆိုတာက ယုံကြည်မှုနဲ့အလုပ်လုပ်တာဖြစ်လို့ တကယ်ယုံကြည်မှပဲသုံးပါ။

💙 Negative thoughts တွေ၊ Negative energies တွေကိုလွှတ်ချပြီး လက်ရှိအချိန်မှာ သတိလေးကပ်နေအောင်၊ grounded ဖြစ်အောင်ကူညီပေးမှာပါ။ မကောင်းတဲ့အရာတွေဆီကနေ protect ‌လုပ်ပေးပြီး လုံခြုံတယ်ဆိုတဲ့ခံစားချက်လေးရစေပါလိမ့်မယ်။ ကံနိမ့်နေတယ်လို့ခံစားရရင် အကာအကွယ်အဆောင်အနေနဲ့ သဘောထားပြီးလည်းသုံးနိုင်ပါတယ်။ wallpaper ပဲထားထား၊ gallery ထဲထားပြီး မကြာခဏဝင်ကြည့်ပေးလည်းရပါတယ်။ စိတ်ညစ်စရာတွေအမြန်ဆုံးလျော့ပါးပြီး ပိုကောင်းတဲ့နေ့တွေ ရောက်လာပါစေ။

With love, Juno 💙

25/04/2024

ကမောက်ကမနိုင်တဲ့ Mercury retrograde ဟာ ဒီနေ့ပဲအဆုံးသတ်တော့မှာဖြစ်ပါတယ်။ ဒီကြားထဲမှာ နားလည်မှုလွဲတာ၊ စကားမှားတာ၊ အငြင်းပွားရတာတွေ အများကြီးကြုံခဲ့ရမှာပါ။ အထူးသဖြင့် relationship issues တွေ တော်တော်များများကြုံခဲ့ကြမှာပါ။internet / wifi ပြဿနာတွေလည်း အဆစ်ပါပါသေးတယ်။ တချို့လည်း သေချာဖြေရှင်းနိုင်ခဲ့ကြသလို ဖြေရှင်းလို့မရတဲ့ပြဿနာမျိုးတွေလည်း ရှိခဲ့ပါလိမ့်မယ်။ ဘာပဲဖြစ်ဖြစ် သေချာဖြတ်ကျော်ခဲ့ကြတာမို့လို့ နောက်ထပ် retrograde တွေမလာခင်ထိ ပေါ့ပေါ့ပါးပါးနေကြပါဦး။ ( May 2 ရက်မှာ Pluto retrograde လာဖို့ရှိပါသေးတယ်။ အဲ့ဒါပြီးရင် ဆက်တိုက် retrograde season ပြန်စပါပြီ။ ဒါပေမဲ့ Mercury retrograde လောက်တော့ personal level မှာ အခက်အခဲများမှာမဟုတ်ပါဘူး။ )

Retrograde ကာလတုန်းကတော့ စကားမှားတာ၊လွန်တာတွေရှိရင် Mercury ကိုပုံချလို့ရပေမဲ့ အခုတော့မရတော့ပါဘူး။ ဘာပဲဖြစ်ဖြစ် ဂရုစိုက်ကြပါ။

Wish you a great day! 💖

Photos from 𝑫𝒊𝒗𝒊𝒏𝒆 𝑵𝒂𝒕𝒊𝒐𝒏 𝐎𝐟 Jᴜɴᴏ & Mɪʀᴇʟʟᴇ's post 09/04/2024

🔮 𝓢𝓸𝓵𝓪𝓻 𝓔𝓬𝓵𝓲𝓹𝓼𝓮 𝓞𝓻𝓪𝓬𝓵𝓮 🔮

ညတုန်းကဖြစ်ခဲ့တဲ့ 𝓢𝓸𝓵𝓪𝓻 𝓔𝓬𝓵𝓲𝓹𝓼𝓮 က ဘယ်လို chapter အသစ်ကိုယူလာပေးမှာလဲ၊ ဘယ်လို beginning တွေကြုံရမှာလဲ၊ ဘာတွေပြောင်းလဲသွားမှာလဲဆိုတာကို ဖတ်ထားပေးတာဖြစ်ပါတယ်။ 🤍

08/04/2024

𝓢𝓸𝓵𝓪𝓻 𝓔𝓬𝓵𝓲𝓹𝓼𝓮 𝓟𝓮𝓻𝓼𝓸𝓷𝓪𝓵 𝓟𝓻𝓮𝓭𝓲𝓬𝓽𝓲𝓸𝓷

🔮 ဒီတစ်လစာအတွက်ပဲ ပြင်ဆင်ထားတဲ့ 𝓢𝓸𝓵𝓪𝓻 𝓔𝓬𝓵𝓲𝓹𝓼𝓮 𝓔𝓭𝓲𝓽𝓲𝓸𝓷 Personal reading package လေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ဒီ package ကတော့ tarot မဟုတ်ဘဲ astrology ပညာရပ်ကိုသုံးပြီး ဖတ်ပေးမှာဖြစ်ပါတယ်။ 𝓢𝓸𝓵𝓪𝓻 𝓔𝓬𝓵𝓲𝓹𝓼𝓮 က ကိုယ့်ဆီမှာ ဘယ်လိုအပြောင်းအလဲတွေဖြစ်အောင် လှုံ့ဆော်ပေးမှာလဲ။ ဘယ်အပိုင်းတွေမှာသတိထားသင့်ပြီး၊ ဘာတွေပြင်ဆင်ထားသင့်သလဲ စတာတွေကို အသေးစိတ်ဖတ်ပေးမယ့် package ဖြစ်ပါတယ်။

🔮 ဒီ 𝓢𝓸𝓵𝓪𝓻 𝓔𝓬𝓵𝓲𝓹𝓼𝓮 𝓔𝓭𝓲𝓽𝓲𝓸𝓷 package လေးက Juno ဖတ်ပေးနေကျ တစ်နှစ်စာဟောစာတမ်းလိုမျိုးကိုမှ 𝓢𝓸𝓵𝓪𝓻 𝓔𝓬𝓵𝓲𝓹𝓼𝓮 ကြောင့်ဖြစ်လာမယ့် အကျိုးသက်ရောက်မှုတွေကို ပိုပြီး focused လုပ်ထားပေးပါတယ်။ Fee ကလည်း 30000 ကျပ်ပဲမို့လို့ Juno ဖတ်ပေးနေတဲ့ ပုံမှန်တစ်နှစ်စာဟောစာတမ်းတွေထက် အများကြီး budget saving ဖြစ်ပါတယ်။

🔮 Personal reading တွေက page messenger မှာပဲဖတ်ပေးဖြစ်ပြီး ဘယ်လို package တွေရှိတယ်ဆိုတာလည်း post သိပ်မတင်ဖြစ်ပေမဲ့ Juno က astrology ရော၊ tarot ရော၊ oracle ရော၊ lenormand ရော ဖတ်ပါတယ်။ တစ်ခါတလေ healing course တွေလုပ်ပြီး spiritual ပိုင်းလည်းပြန်သင်ပေးတာရှိသလို spiritual counseling လည်းလုပ်ပါတယ်။ တခြားပညာရပ်တွေလည်း ဆက်ပြီးလေ့လာနေပြီး ပြန်အသုံးချနိုင်အောင်လည်းကြိုးစားနေပါတယ်။ Page မှာလည်း Juno လေ့လာထားသမျှတွေ အလျဉ်းသင့်သလို ပြန်မျှဝေပေးနေဦးမှာပါ။ ဒါကတော့ Juno အကြောင်းမိတ်မဆက်ဖြစ်တာကြာလို့ new followers တွေကို မိတ်ဆက်တာပါ။

🔮 ဒီ page စ run ကတည်းကအရမ်း formal ဖြစ်တဲ့ပုံစံနဲ့ပဲသွားလာတာဆိုတော့ အများစုက Juno ကိုစိမ်းနေကြမယ်ထင်ပါတယ်။ Juno ကတော့ တတ်ထားတဲ့ပညာရပ်တွေကိုသုံးပြီး နွေးထွေးတဲ့ community တစ်ခုဖန်တီးချင်တာပါ။ တတ်နိုင်သလောက်အကူအညီဖြစ်စေပြီး သိထား‌တာတွေအပြန်အလှန်ဝေမျှပြီး နည်းနည်းလေးပဲဖြစ်ဖြစ် အရိပ်ပေးချင်ပါတယ်။ သင်္ကြန် promotion တို့ဘာတို့လုပ်ပေးရမလားဆိုပြီးလည်း စဉ်းစားနေပါတယ်။ Idea တွေရှိရင် ပြောပေးသွားပါဦး။

07/04/2024

"𝓢𝓸𝓵𝓪𝓻 𝓔𝓬𝓵𝓲𝓹𝓼𝓮 𝓙𝓸𝓾𝓻𝓷𝓮𝔂"

𝓢𝓸𝓵𝓪𝓻 𝓔𝓬𝓵𝓲𝓹𝓼𝓮 က April 8 ရက် ည 12 နာရီခွဲမှာ ဖြစ်ပေါ်မှာဖြစ်ပါတယ်။ Juno အရင်တင်ထားတဲ့ post တွေမှာပြောတဲ့အတိုင်း ဒီတစ်လက ကမောက်ကမတွေနဲ့ intense ဖြစ်မယ့်ကာလပါ။ ဒီလအတွင်းဖြစ်မယ့် shift တွေက ရုတ်တရက်ဆန်သလို မမျှော်လင့်ထားတာတွေလည်းလာနိုင်ပါတယ်။ 𝓔𝓬𝓵𝓲𝓹𝓼𝓮 ရဲ့အကျိုးဆက်တွေသက်ရောက်မယ့် တစ်နှစ်လုံးစာအတွက်ရော၊ chapter အသစ်အတွက်ရော ပြင်ဆင်တဲ့အနေနဲ့ course တစ်ခုလုပ်ပေးဖို့စဉ်းစားထားပါတယ်။

𝓐𝓻𝓲𝓮𝓼 ရာသီခွင်မှာလာဖြစ်တဲ့ 𝓔𝓬𝓵𝓲𝓹𝓼𝓮 ဖြစ်လို့ self discovery course လေးလုပ်မယ်လို့ စဉ်းစားထားပါတယ်။ ဘာလို့လဲဆိုတော့ 𝓔𝓬𝓵𝓲𝓹𝓼𝓮 ကလည်း ဒီဟာအတွက် အမျိုးမျိူး trigger လုပ်နေမှာပါ။ အခုလက်ရှိမှာကိုယ်က right path ပေါ်မှာမရှိသေးရင်၊ ဒါမှမဟုတ် ကိုယ့်ရဲ့စစ်မှန်တဲ့ပုံစံ authentic self ကိုရှာမတွေ့သေးရင် ဒီလထဲမှာ နေရထိုင်ရအတော်ခက်ပါလိမ့်မယ်။ ပြီးတော့ Authentic self ဆိုတာက ကိုယ့်ဘဝတစ်ခုလုံးကိုပုံဖော်တဲ့အခါ အခြေခံအကျဆုံးလိုအပ်ချက်ပါပဲ။ ဘာကိစ္စကြီးကြီးမားမားမှမရှိဘဲ အလိုမကျနေတာ၊ ဒေါသထွက်နေတာ၊ လမ်းပျောက်နေသလိုခံစားရတာ၊ ဘာမှလုပ်ချင်စိတ်မရှိတော့တာမျိုးတွေက authentic self ကိုရှာမတွေ့သေးလို့ပါ။ ဒါကြောင့်မို့ ဒီ course လေးက အကုန်လုံးအတွက်လိုအပ်မယ်လို့ထင်ပါတယ်။ အရမ်းပူတဲ့ April မှာ Juno က အားလုံးကိုပေးတဲ့လက်ဆောင်ပါ။

အရင်က Healing course တွေလုပ်ပေးဖူးပေမဲ့ ဒီတစ်ခါက healing course မဟုတ်ပါဘူး။ ဒါပေမဲ့ healing လုပ်ဖို့လိုနေတဲ့အပိုင်းတွေ၊ လျစ်လျူရှုထားမိတဲ့အပိုင်းတွေကို ပြန်ရှာဖွေမယ့် course ပါ။ အနာသိရင်ဆေးရှိတယ်ဆိုတဲ့စကားလိုပါပဲ။ ဆေးမကုခင် အနာကိုအရင်ရှာဖွေရမှာပါ။ လူတွေရဲ့ unconscious က ကိုယ့်အတွက်သက်တောင့်သက်သာမဖြစ်ဘူးထင်ရင် မမြင်ရတဲ့ထောင့်တစ်ထောင့်မှာ အကုန်ဝှက်ထားလိုက်တာပဲလေ။ ဒါပေမဲ့ အဲ့လိုဖိနှိပ်ထားလိုက်တဲ့အရာတွေက တကယ်ပျောက်မသွားဘဲ ကိုယ်မမြင်ရတဲ့အကွယ်ကနေ လိုက်ပြီးအနှောင့်အယှက်ပေးနေတော့တာပဲ။ မမြင်ရတဲ့ရန်သူက ကိုယ့်ရဲ့အတွင်းကျဆုံးနေရာမှာ ရှင်သန်နေတာပါ။ အဲ့ဒီရန်သူကိုရှာဖွေဖို့ အတူတူကြိုးစားသွားကြမယ့် course လေးပါ။ စိတ်ဝင်စားရင် အောက်က link တွေမှာ join ထားနိုင်ပါတယ်။

https://www.facebook.com/groups/901597325002710/?ref=share

https://t.me/+xnsQDvq54-FkZjll

07/04/2024

Solar Eclipse energy က အခုတည်းကခံစားနေရပါပြီ။ အခုလိုမျိုး Total Solar Eclipse က 2017 တုန်းက နောက်ဆုံးဖြစ်ခဲ့တာပါ။ ဒီခုနစ်နှစ်အတွင်း မဖြေရှင်းရသေးတဲ့ trauma တွေ၊ ဖြေရှင်းပြီးပြီထင်နေပေမဲ့ subconscious ထဲမှာပိတ်မိပြီးကျန်နေတဲ့ wounds တွေ အကုန်ပြန်ပေါ်လာပါတယ်။ ဒီရက်ပိုင်းမှာ physically ပင်ပန်းတာမျိုးတွေ၊ နေရထိုင်ရအဆင်မပြေတာ၊ အရင်ကဝေဒနာဟောင်းတွေ၊ ဒဏ်တွေပြန်ပေါ်တာတွေလည်းဖြစ်တတ်တယ်။ ရာသီဥတုကလည်း ပိုပြီးပြင်းထန်လာသလို တချို့နေရာတွေမှာ သဘာဝဘေးအန္တရာယ်တွေဖြစ်တာရော Solar Eclipse တစ်ခုတည်းကြောင့်မဟုတ်ပေမဲ့ တခြားဂြိုဟ်ခွင်တွေနဲ့ aspect တွေသွားကျနေလို့ အကုန်တိုက်ဆိုင်ပြီးဖြစ်နေတယ်လို့ ခန့်မှန်းပါတယ်။

Aries - Libra Axis က activated ဖြစ်နေပြီမို့လို့ ကိစ္စတော်တော်များများမှာ ကောင်းတာတွေရော၊ ဆိုးတာတွေရော မြန်ဆန်တဲ့အရှိန်မျိုးနဲ့လာမှာပါ။ အကြံပေးချင်တာကတော့ healing လုပ်စရာရှိတာအကုန်သာလုပ်ပါ။ စိတ်အေးချမ်းအောင် meditation လုပ်တာမျိုးပဲဖြစ်ဖြစ်၊ breath work ပဲဖြစ်ဖြစ်လုပ်ပြီး အပူကင်းနိုင်သမျှကင်းအောင်သာနေပါ။ လာမယ့်အကြောင်းအရာတွေက အများကြီးပါပဲ။ သီလလုံခြုံအောင်နေပြီး ကိုယ့်ကိုယ်ကိုပဲတည်ဆောက်ထားပါ။ နောက်လာမယ့် chapter က အရှေ့ကဟာတွေနဲ့ တူမှာမဟုတ်ပါဘူး။

06/04/2024

𝒩ℯ𝓌 𝓜𝓸𝓸𝓷 𝒮ℴ𝓁𝒶𝓇 𝓔𝓬𝓵𝓲𝓹𝓼𝓮 𝓲𝓷 𝒜𝓇𝒾ℯ𝓈 𝓪𝓷𝓭 𝓨𝓸𝓾𝓻 𝓓𝓮𝓼𝓽𝓲𝓷𝔂

♈ April 8 ရက်နေ့မှာဖြစ်ပေါ်မယ့်နေကြတ်ခြင်းက Aries ရာသီခွင်ထဲမှာကျရောက်မှာဖြစ်ပြီးတော့ Cycle အသစ်တစ်ခုကို ယူဆောင်လာပေးမှာဖြစ်ပါတယ်။ ( နေကြတ်တဲ့အချိန် မိနစ်ပိုင်းလောက် အရိပ်ကျသွားမှာဖြစ်ပေမဲ့ မြန်မာနိုင်ငံကနေတော့ မြင်ရမှာမဟုတ်ပါဘူး။ ) နေကြတ်တဲ့ရက်ကနေတစ်လအတွင်း personal life မှာရော၊ လူအများနဲ့ဆိုင်တဲ့ကိစ္စရပ်တွေမှာပါ အပြောင်းအလဲတွေအများကြီးဖြစ်လာမှာဖြစ်သလို Eclipse ရဲ့အကျိုးသက်ရောက်မှုတွေက တစ်နှစ်လောက်ကြာမြင့်နိုင်ပါတယ်။ ပုံမှန်နေကြတ်ခြင်းတွေနဲ့မတူဘဲ Total Solar Eclipse ( နေနဲ့လ 100% တစ်ထပ်တည်းကျခြင်း ) ဖြစ်လို့ အပြောင်းအလဲတွေက သိသာထင်ရှားတာမျိုးဖြစ်နိုင်ပါတယ်။

♈ Eclipse တွေဆိုတာက ပုံမှန်လပြည့်၊လကွယ်တွေထက် ပိုမိုအားပြင်းတဲ့ လပြည့်၊လကွယ်တွေဖြစ်ပေမဲ့ energy flow ကမတည်ငြိမ်တတ်ပါဘူး။ အထူးသဖြင့် လက်ရှိဖြစ်ပေါ်နေတဲ့ Mercury Retrograde နဲ့ ရာသီခွင်တစ်ခုတည်းမှာကျရောက်နေတာကြောင့် New Moon Manifestation တွေလုပ်ဖို့တော့ အခက်အခဲရှိနိုင်ပါတယ်။ တရားထိုင်တာနဲ့ energy cleansing ritual မျိုးတွေလုပ်တာက ပိုပြီးသင့်တော်ပါလိမ့်မယ်။ ဒီကာလအတွင်း miscommunication တွေ၊ နားလည်မှုလွဲတာတွေ အများကြီးပိုဖြစ်နိုင်လို့ သတိထားပေးပါ။ စာရင်းဇယားတွေ၊ texts တွေ၊ အရေးကြီးတဲ့စာရွက်စာတမ်းကိစ္စတွေမှာ မပေါ့ဆဘဲအထပ်ထပ်စစ်ဆေးပြီးမှ အတည်ပြုဖို့လိုပါတယ်။

♈ ရာသီခွင် 12 ခုမှာ Aries ကပထမဆုံးရာသီခွင်ဖြစ်သလို၊ Astrological year ရဲ့ ပထမဆုံး New Moon Eclipse ဖြစ်တာမို့လို့ collectively ( လူအများ / globally ဆိုင်တဲ့ကိစ္စတွေမှာ ) chapter အသစ်စတင်မယ့်အချိန်လို့ ပြောလို့ရပါတယ်။ လူအများစု ကိုယ့် identity ကိုရှာတွေ့တာမျိုးတွေ၊ ရုတ်တရက် mindset တွေပြောင်းလဲသွားတာ၊ ရပ်တည်မှု၊ career တွေပြောင်းလဲသွားတာ၊ lifestyle တွေပြောင်းလဲသွားတာ၊ awakening ဖြစ်လာတာမျိုးတွေ စသည်ဖြင့် personal level changes တွေရှိနိုင်သလို အဖွဲ့အစည်းလိုက် ရည်ရွယ်ချက်/ goals တွေပြောင်းလဲသွားတာ၊ လုပ်ဆောင်ချက်တွေပြောင်းလဲလာတာ၊ ထူးခြားတဲ့ရှာဖွေတွေ့ရှိမှုအသစ်တွေအထိ အမျိုးမျိုးသောအပြောင်းအလဲတွေကို ဖြစ်စေမှာပါ။

♈ ဒီ Solar Eclipse က Chiron နဲ့လည်း conjunct ဖြစ်နေတဲ့အတွက် အများစုအတွက် healing journey ကို စတင်စေပါလိမ့်မယ်။ Personal level အတွက်က birth chart ထဲမှာရှိတဲ့ Chiron ကိုကြည့်ရမှာဖြစ်ပေမဲ့ collectively ကြည့်ရင်တော့ လက်ရှိ Chiron က Aries sign ထဲမှာပါ။ အနည်းဆုံးတော့ ကိုယ့်ရဲ့စစ်မှန်တဲ့ပုံစံကိုရှာတွေ့ဖို့ လှုံ့ဆော်မှုတွေလာပါလိမ့်မယ်။ Chiron energy ဖြစ်လို့ လွယ်ကူမှာတော့မဟုတ်ပေမဲ့ ဖြတ်ကျော်ဖို့လိုအပ်တဲ့ stage ပါ။ ကိုယ်မရင်းနှီးတဲ့ challenge တွေနဲ့တွေ့ရပြီး မလျှောက်ဖူး‌တဲ့လမ်းတွေလျှောက်ရမယ့် energy မျိုးပါပဲ။

♈ Solar Eclipse ယူလာပေးမယ့်အပြောင်းအလဲက အရှေ့မှာကြုံခဲ့ရတဲ့အခက်အခဲတွေ၊ ကမောက်ကမနဲ့မတည်ငြိမ်တဲ့အခြေအနေတွေ၊ ကိုယ့်စိတ်တိုင်းကျမဖြစ်ခဲ့ရတာတွေကို အဆုံးသတ်ပေးမယ့် shift တစ်ခုပါပဲ။ ကိုယ့်သဘော၊ ကိုယ့်ဆန္ဒကိုရှာဖွေပြီး၊ personal boundaries တွေကို ပိုပြီးတန်ဖိုးထားလာပြီး၊ ပုံစံတစ်မျိုးနဲ့ reborn ဖြစ်လာဖို့အကောင်းဆုံးအချိန်ပါပဲ။ Aries ရဲ့ Fire ဟာ ကိုယ့်ကို cleanse လုပ်ပေးပြီး အသစ်ကစတင်စေမှာဖြစ်လို့ အပြောင်းအလဲတွေနဲ့ challenge တွေကိုကြိုဆိုဖို့ အဆင်သင့်ပြင်ထားပါ။

♈ Cardinal signs တွေဖြစ်တဲ့ Aries, Libra, Cancer, Capricorn တွေအတွက် Solar Eclipse energy ပိုထင်ရှားပါလိမ့်မယ်။ Aries energy က aggressive ဖြစ်တတ်တာမို့လို့ ကိုယ့်ရဲ့ Sun Sign နဲ့ Rising Sign တွေက ဒီရာသီခွင် 4 ခုထဲမှာပါခဲ့ရင် ဒီလအတွင်း စိတ်အေးချမ်းအောင်ပိုပြီးသတိထားသင့်ပါတယ်။ ဒါပေမဲ့ anger က ရာနှုန်းပြည့်မကောင်းတဲ့ခံစားချက် မဟုတ်ပါဘူး။ ဘယ်အရာတွေက ကိုယ့်ဒေါသကိုလှုံ့ဆော်တာလဲဆိုတာ သေချာသတိထားပြီးကြည့်တတ်ရင် ကိုယ့်ရဲ့ဘဝမှာ fulfilled မဖြစ်နေတဲ့အရာကိုရှာတွေ့ပြီး ဘယ်နေရာတွေက healing လိုနေတယ်၊ ဘယ်ဟာက ပြုပြင်ဖို့လိုနေတယ်ဆိုတာသိနိုင်ပါတယ်။

♈ ဒီတစ်ခေါက် Solar Eclipse က တော်တော်လေးအရေးပါတဲ့ event ဖြစ်ပြီးတော့ ကိုယ့်ဘဝမှာ ဘယ်အပိုင်းတွေကိုသက်ရောက်မလဲဆိုတာသိချင်ရင် birth chart ထဲက house တွေကိုကြည့်ဖို့လိုပါတယ်။ Eclipse energy က ဘယ် house ထဲကိုကျရောက်မလဲဆိုတာရယ်၊ ဘယ်ဂြိုဟ်ခွင်တွေနဲ့ ဘယ်လိုထောင့်တွေဖြစ်ပေါ်မလဲဆိုတာကြည့်ပြီး ဒီတစ်ခေါက် chapter ကဘယ်လိုဖြစ်မလဲဆိုတာ ခန့်မှန်းနိုင်ပါလိမ့်မယ်။ Personal Solar Eclipse Reading တွေအတွက်တော့ page messenger မှာ လာရောက်စုံစမ်းလို့ရပါတယ်။ ထူးခြားတဲ့ Event အတွက်ဖတ်ပေးတာဖြစ်လို့ ဒီတစ်လအတွင်းပဲ Eclipse Reading တွေလုပ်သွားမှာပါ။

♈ Solar Eclipse Journey ဆိုတဲ့ ကိုယ့်ရဲ့ authentic self ကိုရှာဖွေတဲ့ course လေးတစ်ခုလည်းလုပ်သွားဖို့ရှိလို့ စိတ်ဝင်စားရင် ဒီ link လေးတွေကို join ထားနိုင်ပါတယ်။

https://www.facebook.com/groups/901597325002710/?ref=share

https://t.me/+xnsQDvq54-FkZjll

01/04/2024

𝙈𝙚𝙧𝙘𝙪𝙧𝙮 𝙍𝙚𝙩𝙧𝙤𝙜𝙧𝙖𝙙𝙚 𝙄𝙣 𝘼𝙧𝙞𝙚𝙨

🪐 𝙈𝙚𝙧𝙘𝙪𝙧𝙮 𝙍𝙚𝙩𝙧𝙤𝙜𝙧𝙖𝙙𝙚 ကတော့ ဒီနေ့ပဲပြန်စပါပြီ။ Fire Sign ဖြစ်တဲ့ 𝘼𝙧𝙞𝙚𝙨 ရာသီခွင်ထဲမှာဖြစ်လို့ နည်းနည်းပို aggressive ဖြစ်ပါလိမ့်မယ်။ နားလည်မှုလွဲတာတွေ၊ ငြင်းခုန်စကားများတာတွေပိုဖြစ်နိုင်လို့ သတိထားပေးပါ။

🪐 5 ရက်နေ့မှာ Venus ကလည်း 𝘼𝙧𝙞𝙚𝙨 ရာသီခွင်ထဲဝင်ဖို့ရှိလို့ Relationship ပြဿနာတွေရှိတတ်ပါတယ်။ ပိုဂရုစိုက်ပေးပါ။ 8 ရက်နေ့မှာလည်းနေကြတ်ဖို့ရှိတာမို့လို့ April ကနည်းနည်းတော့ chaotic energy များနေပါလိမ့်မယ်။

🪐 25 ရက်နေ့ကျမှ 𝙍𝙚𝙩𝙧𝙤𝙜𝙧𝙖𝙙𝙚 ပြီးမှာဖြစ်လို့ လကုန်ခါနီးထိတော့ ဂရုစိုက်ဖို့လိုပါတယ်။ ဒီအတောအတွင်း ကိစ္စတွေလိုတာထက်ပိုကြန့်ကြာတာ၊ သတင်းအမှားတွေကြားရတာ၊ လွဲချော်မှုလေးတွေရှိနေပါလိမ့်မယ်။ စိတ်ကိုသုံးပြီးလုပ်တဲ့ကိစ္စတွေ ဥပမာ manifestation လုပ်တာတို့၊ subliminal နားထောင်တာတို့မှာ ရလဒ်နှေးတာ၊ လိုချင်တဲ့ရလဒ်မရတာမျိုးတွေ ရှိတတ်လို့ တရားများများထိုင်ပြီးသာ relax လုပ်ကြပါ။

Photos from 𝑫𝒊𝒗𝒊𝒏𝒆 𝑵𝒂𝒕𝒊𝒐𝒏 𝐎𝐟 Jᴜɴᴏ & Mɪʀᴇʟʟᴇ's post 31/03/2024

ᴘɪᴄᴋ ᴀ ᴘɪʟᴇ ғᴏʀ 𝑨𝒑𝒓𝒊𝒍 𝑷𝒓𝒆𝒅𝒊𝒄𝒕𝒊𝒐𝒏𝒔

30/03/2024

𝑵𝒂𝒕𝒂𝒍 𝑺𝒖𝒏 𝑰𝒏 𝑻𝒂𝒖𝒓𝒖𝒔

♉ April 20th ကနေ May 20th အတွင်းမွေးတဲ့သူတွေကို 𝑻𝒂𝒖𝒓𝒖𝒔 ရာသီဖွားတွေအဖြစ်သတ်မှတ်ကြပြီး ယုံကြည်အားကိုးရတဲ့ရာသီခွင်အဖြစ် လူသိများကြပါတယ်။ 𝑻𝒂𝒖𝒓𝒖𝒔 ရာသီဖွားတွေက Fixed Sign ဖြစ်ပြီးတော့ တစ်ခုခုကိုရွေးချယ်ပြီးရင် ဆုံးဖြတ်ချက်ပြောင်းလဲဖို့အင်မတန်ခက်ခဲပါတယ်။

♉ Venus စိုးမိုးတဲ့ sign ဖြစ်လို့ လှတာ၊ကောင်းတာ၊ဈေးကြီးတာ စတာတွေကိုမှကြိုက်တတ်တဲ့ အကောင်းကြိုက်သူများအုပ်စုဖြစ်တယ်။ အလှအပ၊အနုပညာကိုလည်းခံစားတတ်ပြီး သူတို့သဘောကျတဲ့အရာတွေဆို မရရတဲ့နည်းနဲ့စုဆောင်းတတ်ကြတယ်။ သူတို့ပိုင်ဆိုင်ထားတဲ့အရာတွေအတွက် အမြဲဂုဏ်ယူနေတတ်ပြီး ပိုင်ဆိုင်မှုတွေထပ်ထပ်ပြီးတိုးပွားလာအောင်လည်း အမြဲကြိုးစားနေတတ်ကြတယ်။

♉ Earth Sign ဖြစ်တာရော၊ Fixed Sign ဖြစ်တာရောကြောင့် တစ်ခုခုလုပ်တိုင်းအချိန်ယူတတ်ပြီး အဖက်ဖက်ကချင့်ချိန်စဉ်းစားတတ်တယ်။ လက်တွေ့သမားတွေဖြစ်သလို အလွယ်တကူဆုံးဖြတ်ချက်မပြင်တတ်ဘဲ အင်မတန်မှခေါင်းမာတဲ့သူတွေလည်းဖြစ်တယ်။ ဘယ်သူတားတား သူတို့လုပ်ချင်တာကိုရအောင်လုပ်တတ်ကြတယ်။ သူတို့ကသာသူများကို အကြံဉာဏ်ပေး၊ဆရာလုပ်တတ်ပေမဲ့ သူတို့ကိုဆရာလုပ်တာကိုတော့ လက်မခံပါဘူး။

♉ 𝑻𝒂𝒖𝒓𝒖𝒔 တွေက လောကကြီးမှာရှိသမျှစည်းစိမ်တွေကို ခံစားဖို့ရောက်လာကြတဲ့သူတွေပါပဲ။ နေရာကောင်းတွေ၊ အစားအသောက်ကောင်းတွေ၊ အဆင်အယင်၊ အမွှေးနံ့သာတွေ စတဲ့အာရုံခံစားလို့ရသမျှအရာတွေကို သဘောကျကြတယ်။ သက်တောင့်သက်သာနေရတာကိုကြိုက်ကြပြီး သူတို့အနားယူချိန်မှာနှောင့်ယှက်ခံရတာကို မကြိုက်ပါဘူး။ အလုပ်လုပ်ချိန်မှာလည်းတိတိကျကျလုပ်သလို နားချိန်မှာလည်းပြည့်ပြည့်ဝဝနားကြတဲ့သူတွေပါ။

♉ အသိပညာဗဟုသုတတွေ လေ့လာဆည်းပူးရတာလည်းနှစ်ခြိုက်ကြပြီး သူတို့သိထားသမျှကိုလည်းပြန်လည်မျှဝေကြလို့ 𝑻𝒂𝒖𝒓𝒖𝒔 အများစုက သူများကို‌သင်ကြားပြသပေးရတဲ့ position တွေမှာရှိကြတယ်။ သူတို့က စကားပြောညင်သာတတ်ကြသလို စိတ်ရှည်တဲ့သူတွေဖြစ်ပြီး ဒေါသထွက်ခဲကြပါတယ်။ ဒါကြောင့်မို့ သူများကိုရှင်းပြ၊သင်ပြပေးရတဲ့အလုပ်တွေမှာ သင့်တော်ကြပါတယ်။

♉ 𝑻𝒂𝒖𝒓𝒖𝒔 တွေက မသေချာမရေရာ‌တာတွေကို သဘောမကျပါဘူး။ အလုပ်အကိုင်ပဲဖြစ်ဖြစ်၊ အနာဂတ်ပဲဖြစ်ဖြစ် သူတို့ခန့်မှန်းထားတဲ့အတိုင်း stable ဖြစ်မယ့်အရာတွေကိုပဲရွေးချယ်ကြတာများပါတယ်။ ကြိုတင်ခန့်မှန်းလို့မရတာမျိုးတွေ၊ risk ယူပြီးစွန့်စားရတာတွေကိုမကြိုက်လို့ နည်းစနစ်အတိုင်းသွားတဲ့သူတွေပါ။ တခြားရာသီဖွားတွေအတွက်တော့ အရမ်းရှေးရိုးဆန်တဲ့စာအုပ်ကြီးသမားတွေလို့ ပြောလို့ရပါတယ်။

♉ 𝑻𝒂𝒖𝒓𝒖𝒔 ရာသီဖွားတွေက ဘက်လိုက်တယ်၊ မမျှတဘူးဆိုတာမျိုးရှားပါတယ်။ သူတို့ကလက်တွေ့သမား၊ တရားနည်းလမ်းကျသူတွေဖြစ်ပြီး အခြေအနေတွေကိုရှုထောင့်နှစ်ဖက်လုံးကနေကြည့်တတ်သလို နောက်ဆုံးဆုံးဖြတ်ချက်မချခင်ထိ အချိန်ယူစဉ်းစားကြပါတယ်။ ဒါကြောင့်မို့ ဆုံးဖြတ်ချက်ချတဲ့နေရာမှာ ယုံကြည်အားကိုးရတဲ့သူတွေပါ။ အလုပ်ခွင်မှာရော၊ မိသားစုအတွင်းမှာပါ မှီခိုလို့ရတဲ့သူတွေဖြစ်တယ်။

♉ သူတို့က တစ်ခုခုလုပ်ပြီဆိုရင် စိတ်ရှည်လက်ရှည်နဲ့ လိုချင်တဲ့ရလဒ်မထွက်မချင်း အဆုံးထိကြိုးစားကြတဲ့သူတွေဖြစ်တယ်။ တည်တည်ငြိမ်ငြိမ်နဲ့ pressure ကိုခံနိုင်ရည်ရှိတဲ့သူတွေလည်းဖြစ်တယ်။ လောကဓံကဘယ်လိုပဲလာလာ သူတို့က လောကဓံထက်ပိုပြီးမာကြောတဲ့သူတွေအဖြစ် သက်သေပြတတ်ကြတယ်။ သူတို့လိုချင်တာဘာလဲဆိုတာအမြဲသိပြီး လိုချင်တာကိုရအောင်လည်း ယူနိုင်ကြတယ်။

♉ 𝑻𝒂𝒖𝒓𝒖𝒔 တွေအတွက်က ငွေရေးကြေးရေး secure ဖြစ်ဖို့ကိုဦးစားပေးရွေးချယ်ကြပြီး သူတို့ဆီမှာရှိလာတဲ့ financial security ကို သူတို့ကိုယ်တိုင်အတွက်ရော၊ အနားကသူတွေအတွက်ရော မျှဝေအသုံးပြုတတ်ကြတယ်။ သူတို့ရဲ့ကြွယ်ဝမှုက ကြွားဝါဖို့၊ မော်ကြွားဖို့မဟုတ်ဘဲ လိုချင်တာတွေရအောင်ယူနိုင်ဖို့၊ ဘဝကိုသက်တောင့်သက်သာဖြစ်စေဖို့လို့ပဲ ခံယူထားကြတယ်။ ငွေကြေးဟာ tool တစ်ခုပဲဆိုတာကို ယုံကြည်တဲ့သူတွေဖြစ်တယ်။

♉ 𝑻𝒂𝒖𝒓𝒖𝒔 တွေဟာ စိတ်ဓာတ်မာကြောကြသလို သူတို့ရဲ့မာကြောမှုဟာ သူတို့အရိပ်အောက်ကသူတွေကို အကာအကွယ်၊မှီခိုစရာပေးဖို့ဆိုလည်းမှန်တယ်။ များသောအားဖြင့် သူတို့ကညင်သာနွေးထွေးတဲ့သူတွေဖြစ်ပြီး သူတို့နဲ့စကားနိုင်မလုမချင်းတော့ လူတိုင်းအပေါ်စိတ်ရှည်ကြပါတယ်။

Photos from 𝑫𝒊𝒗𝒊𝒏𝒆 𝑵𝒂𝒕𝒊𝒐𝒏 𝐎𝐟 Jᴜɴᴏ & Mɪʀᴇʟʟᴇ's post 26/03/2024

𝑾𝒉𝒂𝒕 𝒅𝒐 𝒘𝒆 𝒏𝒆𝒆𝒅 𝒕𝒐 𝒓𝒆𝒍𝒆𝒂𝒔𝒆 𝒅𝒖𝒓𝒊𝒏𝒈 𝒕𝒉𝒆 𝐅𝐮𝐥𝐥 𝐌𝐨𝐨𝐧 𝐋𝐮𝐧𝐚𝐫 𝐄𝐜𝐥𝐢𝐩𝐬𝐞?

♎ March 25 ရက်၊ မနေ့ကဖြစ်ပေါ်ခဲ့တဲ့လကြတ်ခြင်းက 𝐋𝐢𝐛𝐫𝐚 ရာသီခွင်အတွင်းကျရောက်ပြီးတော့ အမျိုးမျိုးသော relationship တွေမှာ အပြောင်းအလဲတွေကိုဖြစ်ပေါ်စေမှာပါ။ တချို့ personal relationship တွေအဆုံးသတ်သွားနိုင်သလို၊ ပြတ်ဆဲမလိုဖြစ်နေတဲ့ဆက်ဆံရေးတွေလည်း ပြန်ကောင်းမွန်လာတာမျိုးဖြစ်နိုင်ပါတယ်။ အထူးသဖြင့် အရင်နှစ် October မှာဖြစ်ပေါ်ခဲ့တဲ့ Solar Eclipse ရဲ့အဆက်ဖြစ်တာမို့လို့ ဒီ 5 လအတွင်းဖြစ်ပေါ်နေတဲ့အပြောင်းအလဲတွေက အခုလကြတ်ခြင်းကနေ နောက်ထပ်တစ်လနီးပါးအတွင်း cycle အဆုံးသတ်ကိုရောက်တော့မှာဖြစ်ပါတယ်။

♎ Destiny points တွေထဲကတစ်ခုဖြစ်တဲ့ အတိတ်/ karma နဲ့ဆိုင်တဲ့ South Node ကလည်းလက်ရှိမှာ 𝐋𝐢𝐛𝐫𝐚 ရာသီခွင်အတွင်းကျရောက်နေတာဖြစ်လို့ ကိုယ့်အတွက်မလိုအပ်တော့တဲ့ pattern အဟောင်းတွေကို စွန့်ပစ်စရာရှိရင်စွန့်ပစ်ပြီး၊ balance လိုအပ်နေတဲ့နေရာတွေမှာ balance ပြန်တည်ဆောက်ရမယ့်အချိန်ပါ။ နောက်လထဲမှာဖြစ်ပေါ်မယ့် နေကြတ်မှုမတိုင်ခင်အထိ Cycle အသစ်တစ်ခုမစခင် အဟောင်းကိုချန်ထားခဲ့ရတော့မယ့်ကာလမှာ ဘာတွေကိုချန်ထားခဲ့ပြီး ဘာတွေကိုပြောင်းလဲဖို့လိုနေသလဲ၊ ဘာတွေကိုကုစားဖို့လိုနေသလဲဆိုတာကို pile တစ်ခုရွေးပြီး ဖတ်ကြည့်လိုက်ရအောင်။ 💙

Videos (show all)

𝓗𝓮𝓵𝓵𝓸, 𝓵𝓸𝓿𝓮𝓼! 💕🔔 𝓜𝓮𝓻𝓻𝔂 𝓒𝓱𝓻𝓲𝓼𝓽𝓶𝓪𝓼 𝓣𝓸 𝓨𝓸𝓾 𝓐𝓵𝓵!  🔔🎄 Juno တို့ မတွေ့တာကြာသွားပြီနော်။ ခရီးကပြန်ရောက်မှတင်လိုက်တာဖြစ်လို့ နည်...

Website

Opening Hours

Monday 09:00 - 21:00
Tuesday 09:00 - 21:00
Wednesday 09:00 - 21:00
Thursday 09:00 - 21:00
Friday 09:00 - 21:00
Saturday 09:00 - 21:00
Sunday 09:00 - 21:00