Htoo Clinic - Bago

Htoo Clinic - Bago

You may also like

KeyWell
KeyWell

medical and health

21/05/2022

"လေးမျိုးစပ်ရာသီတုပ်ကွေးကာကွယ်ဆေး 2022 (Myanmar FDA approved) ထိုးမည့်သူများ ဆေးခန်းသို့လာရောက်ထိုးနှံနိုင်ပါပြီ

👉ဆေးခန်းဖွင့်ချိန် (9am-12pm)(4-8pm)
👉အင်းဝင်2လမ်း အရှေ့ဘက်ထိပ် ထူးဆေးခန်း
ပဲခူးမြို့
Ph 09455184555

08/04/2022

"Myanmar FDA approved ရာသီတုပ်ကွေးကာကွယ်ဆေး 2022" ထိုးမည့်သူများ ဆေးခန်းသို့လာရောက်ထိုးနှံနိုင်ပါပြီ

👉ဆေးခန်းဖွင့်ချိန် (9am-12pm)(4-8pm)
👉အင်းဝင်2လမ်း အရှေ့ဘက်ထိပ် ထူးဆေးခန်း
ပဲခူးမြို့
Ph 09455184555

05/04/2022

မိုးရာသီ ရာသီတုပ်ကွေးကာကွယ်ဆေး Vaxigrip Tetra 2022 ထိုးနှံချင်သူများ ကြိုတင်စာရင်းပေးနိုင်ပါသည်။

👉အင်းဝင်2လမ်း အရှေ့ဘက်ထိပ် ထူးဆေးခန်း
ပဲခူးမြို့
Ph 09455184555

Htoo Clinic - Bago Send a message to learn more

04/06/2021

"Myanmar FDA approved ရာသီတုပ်ကွေးကာကွယ်ဆေး 2021" ထိုးမည့်သူများ ဆေးခန်းသို့လာရောက်ထိုးနှံနိုင်ပါပြီ

👉ဆေးခန်းဖွင့်ချိန် (9am-12pm)(4-8pm)
👉အင်းဝင်2လမ်း အရှေ့ဘက်ထိပ် ထူးဆေးခန်း
ပဲခူးမြို့
Ph 09455184555

03/02/2021

#ထူး အထွေထွေရောဂါကုဆေးခန်း

ပဲခူးပြည်သူ့ဆေးရုံကြီး၏ ပြင်ပလူနာဌာနတွင် ပြန်လည်ပြသရန်လိုအပ်သော လူနာများသည် ဆေးရုံသွားရန်အခက်အခဲရှိပါက (ပြင်ပလူနာစာအုပ်) OPD စာအုပ်ဖြင့် 'ထူးဆေးခန်း' တွင် လာရောက်ပြသနိုင်ပါသည်။

#စမ်းသပ်စစ်ဆေးခ ....အခမဲ့ 💯
ဖြင့် ကြည့်ရှုကုသပေးမည်ဖြစ်ပါသည်။

#ဆေးခန်းဖွင့်ချိန်
မနက်(၉) နာရီ မှ (၁၁) နာရီ
ညနေ(၄) နာရီ မှ (၇) နာရီအထိ။

#ဆေးခန်းလိပ်စာ
​ဒေါက်တာ ​အောင်နိုင်(ခ)အောင်ကျော်ကျော်စိုး
ထူးဆေးခန်း
အင်းဝင် ၂ လမ်းထိပ်၊ အင်းဝင်လမ်းမတန်း၊ ပဲခူးမြို့။

💊လိုအပ်သောဆေးဝါးများကို မိမိတို့ နှစ်သက်သည့် ဆေးခန်း၊ဆေးဆိုင်များတွင် ဝယ်ယူနိုင်ပါသည်။💊

Photos from Htoo Clinic - Bago's post 02/10/2020

အမေးများတဲ့ သွေးတွင်းအောက်စီဂျင်ပမာဏတိုင်းတဲ့စက် Pulse Oximeter လေးမှာလို့ရပါပြီနော်။

🍀Myanmar FDA approved, china made,one year warranty

🍀Price - 25000 ks

🍀Preorder - 2 weeks

❤️Covid ကာလအတွင်း လူကြီးမိဘများကို ကျန်းမာ​ေရးအတွက် လက်ဆောင်ပေးရန် ၊ ကန်တော့ရန်အတွက် အဆင်ပြေပြီး အသုံးပြုရလွယ်တဲ့စက်လေးပါ။

❤️ရောဂါအခံရှိသူများ၊ အသက်ကြီးသူများ မဖြစ်မနေဆောင်ထားသင့်ပါတယ်။အသေးစိတ်သိရှိလိုပါက messenger တွင်မေးမြန်းနိုင်ပါတယ်

🍀ဝယ်ယူလိုပါက comment or messenger တွင်မှာယူနိုင်ပါတယ်ရှင် 🤗
🍀ပဲခူးအိမ်အရောက်(စက်တန်ဖိုး+ပို့ခ)ငွေချေရပါတယ်။ပဲခူးမြို့မှလွဲ၍ ကျန်မြို့များ(စက်တန်ဖိုး+ပို့ခ) ငွေလွှဲဝင်ပြီး နောက်နေ့ အမြန်ချော sbs express ဖြင့်အိမ်အရောက်ပို့ဆောင်ပေးပါတယ်။

24/09/2020

မြန်မာနိုင်ငံမှာအဖြစ်များသော covid-19 လက္ခဏာ တွေကဘာတွေလဲ???
ရောဂါဖြစ်ပြီး ၁၁ ရက်ကြာရင် အခြားလူဆီ
မကူးစက်တော့ဘူးဆိုတာကို ဘယ်လိုနားလည်ထားလဲ???

23/09/2020

ကိုယ်ခံအားကောင်းစေရန် စားသင့်သောအစားအစာများ 🥦🥕🥝🥑🥗🍌🍇🍋🌽

Photos from Htoo Clinic - Bago's post 22/09/2020

ဒီနေ့ မှာတော့ UAE ရဲ့ ကျန်းမာရေးအကြီးအကဲ က စပြီး china ကထုတ်တဲ့ sinopharm ဆိုတဲ့ covid 19 vacinne ကို စထိုးပါပြီ...
အဲ့ vacinne ဟာ phase 3 မှာ လူပေါင်း ၃၁၀၀၀ ကို အောင်​​​ြမ​င်စွာစမ်းသပ်ထားပြီ အဲ့ထဲမှ လူတစ်ထောင်ကျော်ဟာ ရောဂါ အခံရှိသူများဖြစ်ကျပါတယ်...
Vacinne ထိုးပြီးလို့ နောက်ဆက်တွဲ လက္ခဏာ တွေဟာ ပုံမှန် တုပ်ကွေးကာကွယ်ဆေးမှာ ဖြစ်တဲ့ လက္ခဏာမျိုးပဲ ဖြစ်နိုင်ပါတယ်လို့ ပြောထားပါတယ်...

22/09/2020

အခု က airborne မဟုတ်တော့ပြန်ဘူးတဲ့...
CDC က ချက်ခြင်း ပြန်ပြီး ပြောသွားတယ်...
ဘာပဲ ပြောပြော စိတ်သက်သာရာရတာပေါ့..😀
ဒါပေမဲ့ လူအများကြီး အလုံခန်းတွေ ထဲ မှာ နေရင်တော့ ၆ ပေခြားလည်း ကူးနိုင်ပါတယ်...

21/09/2020

အမေရိကန်ရဲ့ CDC guideline update....

- Covid ဟာ ( airborne transmission ) လေထဲ က ကူးစက်နိုင်ကြောင်း အတည်ပြု.
- အဲ့ဒါကြောင့် အရင် က social distancing က ၃ ပေနဲ့ မလုံလောက်ပါ.. ၆​ ပေ ခြားဖြစ်သွားပါပြီ..
ဒါတောင် mask တတ်ထားမှပါ...

ဒါကြောင့် အပြင်သွားသူများအားလုံး mask တတ်ရုံနဲ့မလုံလောက်ပါ...
Maskရော face shield ရော တတ်မှ ရပါမယ်...
လက်ဆေးရပါမယ်...
အပြင်က ပြန်လာရင် အဝတ်အစားရော လူရောပါ ဆေးကြောလိုက်ပါ...
နေမကောင်းတဲ့ လက္ခဏာ တစ်ခုခုဖြစ်ပါက အိမ်ထဲကလူများနဲ့ စကားပြောရင် တောင် mask ရော face shield ရော တတ်ထားပါ...သီးသန့် နေထိုင်ပါ..

အားလုံး အဆင်ပြေကျပါစေ....

21/09/2020

မြန်မာနိုင်ငံ တွင် အတွေ့များသော Covid 19 လက္ခဏာများ...

19/09/2020

Covid-19 ကာလအတွင်းဆေးရုံဆေးခန်းများသို့ပြသရန်အခက်အခဲရှိသောလူနာများအဆင်ပြေစေရန်ရည်ရွယ်၍ ကျန်းမာရေးအတွက်ဆွေးနွေးမေးမြန်းလိုပါက Online Consultation ပြုလုပ်နိုင်ပါသည်။📣📣🤗

📋Online Consultation ပြုလုပ်ရန်အတွက်

👉🏻(9AM-10PM)အတွင်း ထူးဆေးခန်း 09455184555 or page messenger သို့ဆက်သွယ်၍ Booking ကြိုယူရန်။
👉🏻Consultation fees ကို wave money/K pay တို့မှတစ်ဆင့်ငွေပေးချေနိုင်ပြီး ငွေလွှဲပြီးကြောင်း screenshot ပြပြီးလျှင် ဆရာဝန်နှင့် Online Consultation ပြုလုပ်နိုင်မည့်နေ့ရက်နှင့်အချိန်တို့ကိုဆက်သွယ်အကြောင်းကြားပေးမည်ဖြစ်သည်။
👉🏻ရက်ချိန်းပေးထားသည့်အချိန်နှင့်ရက်အတိုင်း(ဆေးခန်းသို့လာရောက်ရန်မလိုဘဲ) online consultation ပြုလုပ်၍ကုသပေးသွားမည်ဖြစ်ပါသည်။

14/09/2020

Covid-19 ကာလအတွင်းဆေးရုံဆေးခန်းများသို့ပြသရန်အခက်အခဲရှိသောလူနာများအဆင်ပြေစေရန်ရည်ရွယ်၍ ကျန်းမာရေးအတွက်ဆွေးနွေးမေးမြန်းလိုပါက Online Consultation ပြုလုပ်နိုင်ပါသည်။📣📣🤗

📋Online Consultation ပြုလုပ်ရန်အတွက်

👉🏻(9AM-10PM)အတွင်း ထူးဆေးခန်း 09455184555 or page messenger သို့ဆက်သွယ်၍ Booking ကြိုယူရန်။
👉🏻Consultation fees ကို wave money/K pay တို့မှတစ်ဆင့်ငွေပေးချေနိုင်ပြီး ငွေလွှဲပြီးကြောင်း screenshot ပြပြီးလျှင် ဆရာဝန်နှင့် Online Consultation ပြုလုပ်နိုင်မည့်နေ့ရက်နှင့်အချိန်တို့ကိုဆက်သွယ်အကြောင်းကြားပေးမည်ဖြစ်သည်။
👉🏻ရက်ချိန်းပေးထားသည့်အချိန်နှင့်ရက်အတိုင်း(ဆေးခန်းသို့လာရောက်ရန်မလိုဘဲ) online consultation ပြုလုပ်၍ကုသပေးသွားမည်ဖြစ်ပါသည်။

➡️ဆရာဝန်တိုင်ပင်ဆွေးနွေးခ - 3000 ks
➡️နာတာရှည်လူနာများအတွက်အသေးစိတ်တိုင်ပင်ဆွေးနွေးခ(စစ်ဆေးထားသောသွေးအဖြေများနှင့်တကွ) - 5000 ks

ကေလး အာဟာရ 02/08/2020

ကေလးအာဟာရ

ကလေး ဖြည့်စွက်စာ
*****************
(၁) ဘယ် အချိန်စရမလဲ
စံပြုထားတဲ့ အချိန်က ကလေး အသက် ၆လ ဝန်းကျင်ဆို စကျွေးရပါမယ်။ မိခင်နို့ (သို့) ဖော်မြူလာ တိုက်နေကျကို ဆက်တိုက်ပါ။

(၂) ၆ လမှာ ဘာကြောင့်စဖို့လို့လဲ
အချက် နှစ်ချက်ကြောင့်ပါ။
(က)- ကလေးဆက်လက် ကြီးထွားဖို့ မိခင်နို့ တစ်မျိုးထဲနဲ့ မလောက်လို့ပါ။
(ခ)- ၆ လမှာ ကလေးက ဦးခေါင်း, လည်ပင်းနဲ့ ကိုယ်ခန္ဓာ အပေါ်ပိုင်းလေး မတ်နိုင်နေပြီဆိုတော့ အစာ မျိုချဖို့ အဆင်စတင်ပြေလို့ပါ။

(၃) ဘယ်လို ပြင်ဆင်ကျွေးမလဲ
၆ လ ကလေးက အရည် မျိုနိုင်တယ်ဆိုပေမယ့် ဝါးဖို့ သွားလုံလောက်စွာ မရှိတော့
-ဝါးစရာမလိုအောင်
-မျိုရတာ အဆင်ပြေအောင်
-မနင်အောင်
-အစာအိမ်မှာ ခြေဖျက်ဖို့လွယ်အောင်လုပ် ကျွေးရပါတယ်။

(၄) ဘယ်နှစ်ကြိမ်ကျွေးမလဲ
အကြမ်းအားဖြင့်
၆ လမှ ၈ လ- တစ်နေ့ ၃ ကြိမ်
၈ လမှ ၁၂ လ- တစ်နေ့ ၄ ကြိမ်

(၅) ဘာအစာတွေကျွေးမှာလဲ
-ရေကျက်အေးကို ဇွန်းသေးသေးလေးနဲ့ စတိုက်လို့ ရပါပြီ။

-နူးနပ်ပျော့အိနေတဲ့ ထမင်းနဲ့ စတင်ပါ (အာဟာရမှုန့်က တတ်နိုင်ရင် ကျွေးချင်ကျွေးပါ၊ မရှိမဖြစ်တော့ မလိုပါ၊ ကျွေးမယ်ဆို သံဓာတ်ဖြည့်စွက်ထားတဲ့ အမှုန့်ဆို ပိုကောင်းပါတယ်)။ ဆား၊ သကြား၊ ခနောမှုန့်ထည့်ဖို့မလိုပါ။ ဇွန်းသေး ၁-၂ ဇွန်းစကျွေးပါ။

-ထမင်း အဆင်ပြေတယ်ဆိုရင် အာလူး၊ ငှက်ပျောသီး၊ ကန်စွန်းဥ၊ မုန်လာဥနီနဲ့ ရွှေဖရုံသီး စတဲ့ ဟင်းသီးသစ်သီးတစ်မျိုးစီကို ပြုတ်ချေပြီး ဇွန်းသေးသေးလေးနဲ့ စကျွေးပါ။ တစ်ဇွန်းကျွေးပြီးတိုင်း ကလေး မျိုဖို့ အချိန်လောက်ပါစေ။ အချို့ကလေးများက ၂-၃ ဇွန်းစားပြီး ရပ်သည်။ အချို့က ၄-၅ ဇွန်းစားမည်။ အချိန်နှင့် အမျှ ပမာဏ တိုးလာမည်။

-ကလေး အသက် ၇ လမှာ ကြက်သား၊ငါး ပြုတ်ချေပြီး ကျွေးလို့ရပါပြီ။

-ကလေး အသက် ၈ လဆို cereal လို့ ခေါ်တဲ့ နှံစားမှုန့်များ၊ ကွေကာမှုန့် စသည်တို့ ကျွေးနိုင်ပါတယ်။ ဒိန်ချဉ် စတိုက်နိုင်ပါပြီ။

-ကြက်ဥ ကိုတော့ ကလေး အသက် ၁၀ လ ၁၁ လ ရောက်မှ ကျွေးပါ။ သေချာ ကျက်အောင် ပြုတ်ပြီးမှ ကျွေးပါ။

-နွားနို့ကို ကလေး အသက် ၁ နှစ် ပြည့်ပြီးမှ စတိုက်စေလိုပါတယ်။ နွားနို့ကို တစ်နှစ်အောက်ကလေးက အပြည့်အဝ ချေဖျက်ဖို့ ခက်ခဲပါတယ်။ အသက် ၃ နှစ် မရောက်ခင် တစ်နေ့ကို ၃၀၀ ml ထက်ပိုမတိုက်ပါနဲ့။

-သွားထွက်ပြီး ကလေး ၁ နှစ်ကျော်တာနဲ့ အိမ်သားတွေစားတဲ့ အစားအစာနဲ့ တန်းတူစားနိုင်ပါပြီ။ ဒါပေမယ့် အဲ့ဒီ အစားအစာတွေဟာ ကျန်းမာရေးအတွက် အထောက်အကူဖြစ်ပြီး သန့်ရှင်းလတ်ဆတ်မှုရှိရပါမယ်။ ကလေးကို မနင်စေတဲ့ ပုံစံမျိုးဖြစ်ရပါမယ်။ ဥပမာ စပျစ်သီးကို အလုံးလိုက်မကျွေးဘဲ ပါးပါးလှီးကျွေးရပါတယ်။

*ချဉ်လွန်း စပ်လွန်း ချိုလွန်း ငန်လွန်းသောအစာကို ကလေးများအား မကျွေးသင့်ပါ။

*ကေဖင်းဓာတ်ပါသော ကော်ဖီ လက်ဖက်ရည် ကိုကာကိုလာ ပပ်စီ ကျွဲရိုင်းများ ကလေးကို မတိုက်သင့်ပါ။

*အစကောင်းမှ အနှောင်းသေချာမည်။ ဖြည့်စွက်စာက သင့်ကလေး ဘယ်လောက်ထွားမလဲ၊ ဉာဏ်ရည် ဘယ်လောက်ကောင်းမလဲ ဆုံးဖြတ်ပေးသလို ကြီးလာတဲ့ အခါ အစာဂျီးမများတတ်အောင် ပုံသွင်းပေးနိုင်ပါသည်။

Photo Credits to Google Images
#နေနေမိုးဆွေ ( Child Health Myanmar)

Photos from Htoo Clinic - Bago's post 11/07/2020

ကလေး လေးတွေ ကို ဘာကျွေးလို့ရမလဲ ဆိုတာ ဒွိဟ ဖြစ်နေကျတဲ့ မေမေများ အတွက်....

Credit.

06/07/2020

[Zawgyi]

ကိုယ်ဝန်ရှိတဲ့အချိန်မှာ ပထမကလေးကို နို့တိုက်လို့ရမရ ခဏခဏမေးကြတယ်နော်။ ယေဘုယျအားဖြင့်ကတော့လအန္တရာယ်မရှိပါဘူး၊ တိုက်လို့ရပါတယ်။ အချို့က သားအိမ်ညှစ်လို့ ကလေးပျက်ကျတတ်ဆိုပြောတတ်တယ်။ အဲဒါက နို့တိုက်ချိန်မှာ ထွက်တဲ့ အောက်ဆီတိုစင် (oxytocin) ဟော်မုန်းကြောင့်ပါ။ သူက သားအိမ်ညှစ်အားကောင်းစေတယ်။ ဒါပေမယ့် နို့တိုက်လို့ထွက်တဲ့ ပမာဏက နည်းတယ်။ ကလေးပျက်ကျလောက်အောင် မဖြစ်ဘူး။

ကိုယ်ဝန်လေးငါးလရောက်ရင်တော့ ဟော်မုန်းအပြောင်းအလဲတွေကြောင့် နို့ထွက်နည်းတတ်ပြီး နို့ရည်အရသာပြောင်းသွားတတ်တယ်။ အဲဒါဆိုရင် ကလေးကသိပ်မကြိုက်တော့ဘဲ နို့စို့နည်းတာဖြစ်တတ်တယ်။ အချို့ကလေးတွေကျတော့ နို့ပြတ်သွားတယ်။ ကိုယ့်ကလေးက ခြောက်လအောက်ပဲရှိသေးတယ်ဆိုရင် ကလေးနို့စို့နည်းမနည်း သတိထားကြည့်ပေးရမယ်။ နည်းတယ်ထင်ရင် နို့မှုန့်စသဖြင့် လိုသလိုဖြည့်ကျွေးဖြည့်တိုက်ရမယ်။ အမေနို့ထွက်ကောင်းရင် မွေးပြီးတဲ့အခါ ကလေးကြီးရော ကလေးငယ်ပါ တပြိုင်တည်း ဆက်တိုက်နိုင်တယ်။ အဲဒါကို Tandem nursing လို့ခေါ်တယ်။ နို့လုံလောက်နေသရွေ့ အန္တရာယ်မရှိဘူး။

မိခင်က အာဟာရပြည့်အောင် ပိုစားရမယ်။ ကိုယ်ဝန်လရင့်လေ အစာပိုစားလေလုပ်ရမယ်။ ဒုတိယ သုံးလ (ကိုယ်ဝန် သုံးလကနေခြောက်လ) မှာ တစ်နေ့ကို ပုံမှန်စားနေကျထက် ၃၅၀ ကယ်လိုရီပိုစားရမှာဖြစ်ပြီး တတိယသုံးလ ( ကိုယ်ဝန်ခြောက်လကနေ ကိုးလ) မှာ ပုံမှန်ထက် ၄၅၀ ကယ်လိုရီပိုစားရမယ်။

ကလေးနို့ဆက်တိုက်ဖို့ မသင့်တော်တဲ့သူတွေက -
1. အမွှာကိုယ်ဝန်
2. အန္တရာယ်များတဲ့ကိုယ်ဝန် ( high risk pregnancy)
3. စောမွေး/လမစေ့ဘဲမွေးဖို့ အလားအလာရှိတဲ့ကိုယ်ဝန်
4. သွေးဆင်းနေရင်၊ သားအိမ်ကိုက်တာ နာတာဖြစ်နေရင်

အဓိက take home point ကတော့ ကျန်းမာတဲ့ မိခင်နဲ့ ပုံမှန်ကိုယ်ဝန်ဆိုရင် ကလေးနို့ဆက်တိုက်တာ အန္တရာယ်မရှိဘူး။ မိခင်က အစာအာစာရပိုပြည့်စုံအောင် စားရမယ်။ တစ်နှစ်အောက်ကလေးဆိုရင် ကျန်းမာရေးနဲ့ အာဟာရလုံလုံလောက်လောက် ရနေရဲ့လားဆိုတာ ပိုသတိထားကြည့်ရမယ်။

ဖြည့်စွက် - ညီမလေးတစ်ယောက်မေးတဲ့ မေးခွန်းလေး အားလုံးအတွက် အကျိုးရှိမယ်ထင်လို့ ပြောပြမယ်နော်။ ကိုယ်ဝန်နဲ့ အကြီးကလေးကို နို့ဆက်တိုက်နေရင် နောက်မွေးမယ့် ကလေးလေးအတွက် သိပ်အရေးကြီးတဲ့ နို့ဦးရည် ရပါ့မလားတဲ့။ အရမ်းကောင်းတဲ့ မေးခွန်းလေးနော်။ နို့ဦးရည်ဟာ အာဟာရတွေ ရောဂါကာကွယ်ပေးတဲ့ ပဋိဇီဝဓါတ်တွေ အများကြီး ပါတာမို့ ကလေးအတွက် အရမ်းတန်ဖိုးရှိတယ်လေ။ သူက ပထမဦးဆုံးထွက်တဲ့ နို့ရည်မို့ နို့တိုက်လက်စ မိခင်ဆီကနေ ထွက်ပါ့မလားလို့ စိုးရိမ်စရာပါ။ အဖြေကတော့ မိခင်နို့တိုက်နေလည်း မွေးလာမယ့်ကလေးလေးဟာ ✅ နို့ဦးရည် ရပါတယ်။

ကိုယ်ဝန်ဆောင်နေချိန်မှာ နို့ထွက်နေသေးပေမယ့် ဟော်မုန်းအပြောင်းအလဲတွေကြောင့် နို့ထွက်နည်းသွားလေ့ရှိတယ်။ အဲဒီတော့ ကလေးမွေးပြီးချိန် အချင်းကွာတာနဲ့ တပြိုင်နက် prolactin လို့ခေါ်တဲ့ နို့ထွက်တာကို အားပေးတဲ့ ဟော်မုန်းတွေ အများကြီး ထွက်လာတယ်။ အဲဒီအချိန်မှာ အရင်ကိုယ်ဝန်နဲ့တုန်းက အထွက်နည်းနေတဲ့ နို့ရည်တွေ အများကြီး ထပ်ထွက်လာတယ်။ မိခင်ကိုယ်ခန္ဓာကို အသစ်ဖြစ်သွားအောင် (reset ချလိုက်တဲ့ သဘောမျိုး) လုပ်ပေးလိုက်တဲ့အတွက် ကလေးပေါက်စလေးအတွက် နို့ဦးရည်တွေ အများကြီး ထပ်ထွက်လာတော့တာပေါ့။ အဲဒါကြောသ့် ကိုယ့်မှာ ထူးထူးခြားခြား ကိုယ်ဝန်နဲ့ ပတ်သက်တဲ့ ပြဿနာ မရှိဘူးဆိုရင် ဘယ်သူက နို့ဖြတ်ခိုင်းခိုင်း နားမယောင်ဘဲ ကိုယ်တိုက်နိုင်သရွေ့ ဆက်တိုက်ပါလို့ 😊

[Unicode]

ကိုယ်ဝန်ရှိတဲ့အချိန်မှာ ပထမကလေးကို နို့တိုက်လို့ရမရ ခဏခဏမေးကြတယ်နော်။ ယေဘုယျအားဖြင့်ကတော့လအန္တရာယ်မရှိပါဘူး၊ တိုက်လို့ရပါတယ်။ အချို့က သားအိမ်ညှစ်လို့ ကလေးပျက်ကျတတ်ဆိုပြောတတ်တယ်။ အဲဒါက နို့တိုက်ချိန်မှာ ထွက်တဲ့ အောက်ဆီတိုစင် (oxytocin) ဟော်မုန်းကြောင့်ပါ။ သူက သားအိမ်ညှစ်အားကောင်းစေတယ်။ ဒါပေမယ့် နို့တိုက်လို့ထွက်တဲ့ ပမာဏက နည်းတယ်။ ကလေးပျက်ကျလောက်အောင် မဖြစ်ဘူး။

ကိုယ်ဝန်လေးငါးလရောက်ရင်တော့ ဟော်မုန်းအပြောင်းအလဲတွေကြောင့် နို့ထွက်နည်းတတ်ပြီး နို့ရည်အရသာပြောင်းသွားတတ်တယ်။ အဲဒါဆိုရင် ကလေးကသိပ်မကြိုက်တော့ဘဲ နို့စို့နည်းတာဖြစ်တတ်တယ်။ အချို့ကလေးတွေကျတော့ နို့ပြတ်သွားတယ်။ ကိုယ့်ကလေးက ခြောက်လအောက်ပဲရှိသေးတယ်ဆိုရင် ကလေးနို့စို့နည်းမနည်း သတိထားကြည့်ပေးရမယ်။ နည်းတယ်ထင်ရင် နို့မှုန့်စသဖြင့် လိုသလိုဖြည့်ကျွေးဖြည့်တိုက်ရမယ်။ အမေနို့ထွက်ကောင်းရင် မွေးပြီးတဲ့အခါ ကလေးကြီးရော ကလေးငယ်ပါ တပြိုင်တည်း ဆက်တိုက်နိုင်တယ်။ အဲဒါကို Tandem nursing လို့ခေါ်တယ်။ နို့လုံလောက်နေသရွေ့ အန္တရာယ်မရှိဘူး။

မိခင်က အာဟာရပြည့်အောင် ပိုစားရမယ်။ ကိုယ်ဝန်လရင့်လေ အစာပိုစားလေလုပ်ရမယ်။ ဒုတိယ သုံးလ (ကိုယ်ဝန် သုံးလကနေခြောက်လ) မှာ တစ်နေ့ကို ပုံမှန်စားနေကျထက် ၃၅၀ ကယ်လိုရီပိုစားရမှာဖြစ်ပြီး တတိယသုံးလ ( ကိုယ်ဝန်ခြောက်လကနေ ကိုးလ) မှာ ပုံမှန်ထက် ၄၅၀ ကယ်လိုရီပိုစားရမယ်။

ကလေးနို့ဆက်တိုက်ဖို့ မသင့်တော်တဲ့သူတွေက -
1. အမွှာကိုယ်ဝန်
2. အန္တရာယ်များတဲ့ကိုယ်ဝန် ( high risk pregnancy)
3. စောမွေး/လမစေ့ဘဲမွေးဖို့ အလားအလာရှိတဲ့ကိုယ်ဝန်
4. သွေးဆင်းနေရင်၊ သားအိမ်ကိုက်တာ နာတာဖြစ်နေရင်

အဓိက take home point ကတော့ ကျန်းမာတဲ့ မိခင်နဲ့ ပုံမှန်ကိုယ်ဝန်ဆိုရင် ကလေးနို့ဆက်တိုက်တာ အန္တရာယ်မရှိဘူး။ မိခင်က အစာအာစာရပိုပြည့်စုံအောင် စားရမယ်။ တစ်နှစ်အောက်ကလေးဆိုရင် ကျန်းမာရေးနဲ့ အာဟာရလုံလုံလောက်လောက် ရနေရဲ့လားဆိုတာ ပိုသတိထားကြည့်ရမယ်။

ဖြည့်စွက် - ညီမလေးတစ်ယောက်မေးတဲ့ မေးခွန်းလေး အားလုံးအတွက် အကျိုးရှိမယ်ထင်လို့ ပြောပြမယ်နော်။ ကိုယ်ဝန်နဲ့ အကြီးကလေးကို နို့ဆက်တိုက်နေရင် နောက်မွေးမယ့် ကလေးလေးအတွက် သိပ်အရေးကြီးတဲ့ နို့ဦးရည် ရပါ့မလားတဲ့။ အရမ်းကောင်းတဲ့ မေးခွန်းလေးနော်။ နို့ဦးရည်ဟာ အာဟာရတွေ ရောဂါကာကွယ်ပေးတဲ့ ပဋိဇီဝဓါတ်တွေ အများကြီး ပါတာမို့ ကလေးအတွက် အရမ်းတန်ဖိုးရှိတယ်လေ။ သူက ပထမဦးဆုံးထွက်တဲ့ နို့ရည်မို့ နို့တိုက်လက်စ မိခင်ဆီကနေ ထွက်ပါ့မလားလို့ စိုးရိမ်စရာပါ။ အဖြေကတော့ မိခင်နို့တိုက်နေလည်း မွေးလာမယ့်ကလေးလေးဟာ ✅ နို့ဦးရည် ရပါတယ်။

ကိုယ်ဝန်ဆောင်နေချိန်မှာ နို့ထွက်နေသေးပေမယ့် ဟော်မုန်းအပြောင်းအလဲတွေကြောင့် နို့ထွက်နည်းသွားလေ့ရှိတယ်။ အဲဒီတော့ ကလေးမွေးပြီးချိန် အချင်းကွာတာနဲ့ တပြိုင်နက် prolactin လို့ခေါ်တဲ့ နို့ထွက်တာကို အားပေးတဲ့ ဟော်မုန်းတွေ အများကြီး ထွက်လာတယ်။ အဲဒီအချိန်မှာ အရင်ကိုယ်ဝန်နဲ့တုန်းက အထွက်နည်းနေတဲ့ နို့ရည်တွေ အများကြီး ထပ်ထွက်လာတယ်။ မိခင်ကိုယ်ခန္ဓာကို အသစ်ဖြစ်သွားအောင် (reset ချလိုက်တဲ့ သဘောမျိုး) လုပ်ပေးလိုက်တဲ့အတွက် ကလေးပေါက်စလေးအတွက် နို့ဦးရည်တွေ အများကြီး ထပ်ထွက်လာတော့တာပေါ့။ အဲဒါကြောသ့် ကိုယ့်မှာ ထူးထူးခြားခြား ကိုယ်ဝန်နဲ့ ပတ်သက်တဲ့ ပြဿနာ မရှိဘူးဆိုရင် ဘယ်သူက နို့ဖြတ်ခိုင်းခိုင်း နားမယောင်ဘဲ ကိုယ်တိုက်နိုင်သရွေ့ ဆက်တိုက်ပါလို့ 😊

Credit

Photos from Htoo Clinic - Bago's post 05/07/2020

Credit : Dr. Mya Zaw (OG specialist )
Vaccine
#သားအိမ်ခေါင်းကင်ဆာကာကွယ်ဆေးအကြောင်း

သားအိမ်ခေါင်းကင်ဆာဟာ Human papiloma virus (HPVဗိုင်းရပ်စ်) ကြောင့် ဖြစ်တာပါ
ထိုပိုးဟာ လိင်မှတဆင့်ကူးစက်ပါတယ်
ထို့ကြောင့် လိင်ဆက်ဆံဖူးသူတိုင်း သားအိမ်ခေါင်းကင်ဆာ ဖြစ်နိုင်ပါတယ်။
HPV ဗိုင်းရပ်စ်ပိုးဟာ ယောနိကင်ဆာ၊ မိန်းမကိုယ်ကင်ဆာ၊စအိုကင်ဆာနှင့် အစာရေမြို ကင်ဆာတို့ကိုလည်း ဖြစ်စေပါသည်။

သားအိမ်​ခေါင်းကင်ဆာ မဖြစ်အောင် ကားကွယ်ဆေးထိုးခြင်းဖြင့်(HPV vaccine)အများစုကို ကာကွယ်နိုင်ပါတယ်(70%)။

သို့သော် HPV ဗိုင်းရပ်စ် ပိုးဟာ အမျိုးအစားပေါင်း ရာချီရှိပါတယ်
HPV 16 နှင့် 18 က အများဆုံးဖြစ်ပါသည်
HPV 31, 33, 45, 52, 58 တို့ကလည်း ကင်ဆာ ဖြစ်စေပါသည်
HPV 6, 11 တို့ကတော့ ကြွက်နို့ ဖြစ်စေပါသည်။
အခြား HPV ပိုးတွေကလည်း ကင်ဆာ ဖြစ်စေပါသည်။
အထက်ပါ နံပါတ်တွေက အများဆုံးဖြစ်ပါတယ်

#ကာကွယ်ဆေးအကြောင်းပြောကြရအောင်
မြန်မာနိုင်ငံကို ကာကွယ်ဆေး ၃ မျိုးဝင်ပါတယ်


-9


HPV 16, 18 ကို ကာကွယ်ပါတယ်


HPV 6, 11, 16, 18 ကို ကာကွယ်ပါတယ်
6 နှင့် 11 က ကြွက်နို့ ဖြစ်စေသော ပိုးဖြစ်ပါတယ်

-9
သူက ၉ မျိုးစပ် ဖြစ်ပါသည်
HPV 6,11, 16,18, 31,33, 45,52,58 ကို ကာကွယ်ပါသည်။

#ဘယ်အချိန်မှာထိုးမလဲ
အသက် ၉-၁၅နှစ်ကြားထိုးလျှင် အကောင်းဆုံးဖြစ်သည်
သို့သော် အသက်အရွယ်မရွေးထိုးနိုင်ပါသည်။
တ​​ကြိမ်မျှလိင်ဆက်ဆံမှု မပြုခင် ထိုးလျှင်အကောင်းဆုံးဖြစ်သည်

#လိင်ဆက်ဆံဖူးပါကထိုးလို့ရပါသလား
ရပါသည်။
သို့သော် သားအိမ်ခေါင်ကင်ဆာအကြိုအဆင့်ရှိမရှိစမ်းသပ်ရမည်။ smear ဟုခေါ်သည်။
သားအိမ​်ခေါင်းအချွဲကိုစစ်ဆေး​ြခင်းဖြစ်သည်
အကြိုအဆင့်မတွေ့မှသာ ထိုးသင့်သည်။
၉မျိုးကာကွယ်သော -9ထိုးနိုင်လျှင်အကောင်းဆုံးဖြစ်သည်။

#ဘယ်လိုထိုးမလဲ
သုံးကြိမ်ထိုးရမည်
0, 1, 6 mobth or 0, 2, 6 month ကြိုက်သလို ထိုးနိုင်ပါသည်။

#သားအိမ်ခေါင်ကင်ဆာအကြိုအဆင့်စစ်ဆေးခြင်း
ကာကွယ်ဆေးထိုးသည်ဖြစ်စေ၊မထိုးသည်ဖြစ်စေ လိင်ဆက်ဆံဖူးသော အမျိုးသမီးတိုင်းစစ်ဆေးသင့်သည်
အသက် #25မှ64နှစ်အထိ စစ်ဆေးရမည်။စောစောသိလျှင်စောစောကုသနိုင်ပါသည်။
is better than Cure.ပါပဲ

#သာအိမ်ခေါင်းကင်ဆာအကြိုအဆငိ့စစ်ဆေးခြင်းများတွင်ပါဝင်ခြင်ဖြင့်ကင်ဆာမှကာကွယ်ကြပါ။

#သားဖွားမီးယပ်ဆေးရုံများနှင့်အခြားဆေးရုံများတွင်စစ်ဆေးနိုင်ပါသည်။

#အမျိုးသမီးပဲမဟုတ်ပါ
#အမျိူးသားများလည်းထိုးရပါသည်
#စျေးတော့ကြီးတာပေါ့

Photos from Htoo Clinic - Bago's post 02/07/2020

အဓိကထား ကြည့်ကြဗျား မိဘများ(၃)

ကျောက်...ကြောက်စရာ

ကြောက်စရာကောင်းတာက ဘာကျောက်လဲ...
ဖြစ်စဉ် (၁)
ကလေးဆေးခန်းမှာ
မွေးကင်းစ ကိုးရက်သားလေးတစ်ယောက်ကလေးဆေးခန်းလာပြတယ်။ကြည့်လိုက်တော့ရေ‌ကျောက်(chickenpox)တွေ ပေါက်နေတာတွေ့ရတယ်။ကလေးရဲ့အမေမှာလည်း မမွေးခင်လေးရက်လောက်က ရေကျောက်တွေပေါက်ထားတာတွေ့ရတယ်။
"ဆရာ ကလေးကစိုးရိမ်ရသလားဆရာ"

ဖြစ်စဉ်(၂)
ကလေးဆေးခန်းမှာ
သုံးနှစ်အရွယ်ကလေးတစ်ယောက် လာပြတယ်။ကြည့်လိုက်တော့ ရေကျောက်တွေပေါက်နေတာတွေ့ရတယ်။ထူးခြားတာက ကလေးကချောင်းအရမ်းဆိုးနေပြီး မောနေတယ်။အသက်ရှူလိုက်တိုင်းလည်း တအင်းအင်းနဲ့ ငြီးတွားနေတယ်။ဒါကတော့ ရေကျောက် အဆုတ်ရောင်ရောဂါ(chickenpox pneumonia)ဖြစ်တယ်။
မိဘတွေကမေးလာတယ်။
"ဆရာ ကျမကလေးကစိုးရိမ်ရလားဆရာ"

ဖြစ်စဉ် (၃)
ကလေးဆေးခန်းမှာ
ငါးနှစ်အရွယ်ကလေးတစ်ယောက် ဆေးခန်းလာတယ်။မေးကြည့်လိုက်တော့ ဖျားတယ်၊ရေကျောက်ပေါက်တယ်၊ခဏခဏမျက်ဖြူလန်ပြီးတက်နေတယ်၊အခုတော့သတိကမရတစ်ချက် ရတစ်ချက်နဲ့။သေချာတယ် ဒါက ရေကျောက်ဦးနှောက်ရောင်ရောဂါ(chickenpox encephalitis)ဖြစ်တယ်။
မိဘတွေကမေးလာတယ်
"ဆရာ ကျနော်တို့ကလေးစိုးရိမ်ရသလား"

ဖြစ်စဉ်(၄)
ကလေးဆေးခန်းမှာ
ဆယ်နှစ်အရွယ်ကလေးတစ်ယောက်လာပြတယ်။
ကြည့်လိုက်တော့လန်းဆန်းနေတယ်။
ခန္ဓာကိုယ်မှာ အစက်ကလေးတွေထွက်လို့တဲ့။
အခြား ဘာလက္ခဏာမှမရှိဘူး။
ဒါလဲရေ‌ကျောက်ရောဂါပဲ။
ထုံးစံအတိုင်း ကလေးမိဘတွေက မေးလာတယ်
"ဆရာ ကလေးကစိုးရိမ်ရသလားဗျ"......................
ဒါတွေကတော့ ဒီရက်ပိုင်း ကလေးဆေးခန်းမှာခဏခဏတွေ့နေရတဲ့ ရောဂါပါ။နောက်ပြီးခဏခဏအဖြေပေးနေရတဲ့မေးခွန်းတွေပါ။
ဖြစ်စဉ်တစ်ခုချင်းကို ပြန်‌ဖြေရမယ်ဆိုရင်...
ဖြစ်စဉ် (၁)
မွေးကင်းစကလေးက အသက်အန္တရာယ်စိုးရိမ်ရတယ်။ဆေးရုံချက်ချင်းတက်ဖို့လိုတယ်။ဒီပုံစံမျိုးနဲ့ဒီအရွယ်မှာ‌ ရေ‌ကျောက်‌ရောဂါဖြစ်ရင် အသက်သေဆုံးနိုင်ချေ ၃၀ ရာခိုင်နှုန်းအထိ(သုံးယောက်ဖြစ်ရင် တစ်ယောက်အသက်ဆုံးရှုံးနိုင်)ရှိတယ်။အခုဖြစ်နေတဲ့ ဝူဟန်အဆုတ်ရောဂါထက် သေဆုံးနှုန်း ဆယ်ဆပိုများတယ်။မွေးကင်းစအရွယ်နဲ့ ရေကျောက်ရောဂါကြောက်စရာကောင်းလှတယ်။
ဖြစ်စဉ်(၂) နဲ့ ဖြစ်စဉ်(၃)
ရေကျောက်အဆုတ်ရောင်ရောဂါနဲ့ ရေ ကျောက်ဦးနှောက်ရောင်ရောဂါ ၊သူတို့ကလည်းရေကျောက်‌ရောဂါရဲ့ နောက်ဆက်တွဲဆိုးကျိုးတွေပါပဲ။ဖြစ်ပြီဆိုရင် သေဆုံးနှုန်းမြင့်မားလှတယ်။အသက်သေဆုံးနိုင်ချေအမြင့်ဆုံးက ၂၀ ရာခိုင်နှုန်းအထိရှိတယ်။ငါးယောက်ရောဂါဖြစ်ရင် တစ်ယောက်သေဆုံးနိုင်ခြေရှိတဲ့သဘောပါပဲ။မပေါ့ဆသင့်တဲ့ရေကျောက်ရောဂါပါ။
ဖြစ်စဉ်(၄)
ဒီကလေးကတော့ ဘာဆိုးကျိုးမှမဝင်တဲ့ ရိုးရိုး ရေကျောက်ရောဂါပါ။အလိုလိုရောဂါပျောက်ကင်းသွားပါလိမ့်မယ်။စိုးရိမ်စရာမလိုပါ။

ရေကျောက်ရောဂါမှာ အများစုက ဖြစ်စဥ်(၄)က ကလေးအတိုင်းဖြစ်နိုင်ပြီးတော့ ကံဆိုးရင်တော့ ဖြစ်စဉ်(၁)၊(၂)၊(၃) အတိုင်းလည်းဖြစ်နိုင်ပါတယ်။သေချာတာကတော့ မပေါ့ဆသင့်တဲ့ ရေကျောက်ရောဂါပါ။

# # #ရေကျောက်ရောဂါနဲ့ပတ်သက်ပြီး လူတိုင်းသိသင့်တဲ့အချက်ကလေးတွေကတော့
၁//ရေကျောက်ရောဂါက Varicella-zoster ဆိုတဲ့ ဗိုင်းရပ်စ်တစ်မျိုးကြောင့်ဖြစ်ပွားတယ်။
၂//ပုံမှာပြထားတဲ့အတိုင်း အရည်ကြည်ဖုတွေ ထွက်တတ်တယ်။တချို့လူတွေမှာနည်းနည်းပဲထွက်ပြီး တစ်ချို့လူတွေမှာအများကြီးထွက်တတ်တယ်။
၃//အများစုက ဆယ်ရက်လောက်အတွင်းမှာ ရောဂါအလိုလိုပျောက်ကင်းသွားတတ်ပြီး အချို့မှာတော့ အထက်ကဖြစ်စဉ်တွေအတိုင်း ကြီးကြီးမားမားဆိုးကျိုးတွေလည်း ဖြစ်ပေါ်တတ်တယ်။အသက်ဆုံးရှုံးတဲ့အထိလည်း ဖြစ်သွားတတ်တယ်။
၄//တစ်ယောက်ကနေတစ်ယောက်ကို ကူးစက်နှုန်း အရမ်းမြန်တယ်။လေကနေတစ်ဆင့် ကူးစက်တတ်သလို ရောဂါပိုးကို တိုက်ရိုက်ထိတွေ့တာကနေလည်း ကူးစက်နိုင်တယ်။ဒါ့ကြောင့် ကလေးတစ်ယောက် ရေကျောက်ရောဂါဖြစ်နေရင် မိဘတွေအနေနဲ့ ကျောင်း၊ကျူရှင်၊သင်တန်းတွေ လုံးဝမလွှတ်သင့်ဘူး။ဆရာဆရာမတွေအနေနဲ့လည်း ကလေးတစ်ယောက်ဒါမျိုးရောဂါဖြစ်‌နေပြီဆိုရင် ကျောင်း၊သင်တန်းလာတာတွေကိုလက်မခံသင့်ဘူး။
(ဒီအချက်ကအရမ်းအရေးကြီးတယ်၊ဘာလို့လဲဆိုတော့ ရေကျောက်ရောဂါဖြစ်နေရလျက်နဲ့ ကျောင်းကိုလွှတ်တဲ့ မိဘတွေတွေ့နေရသလို၊ကျောင်းမှာလက်ခံထားတဲ့ ဆရာ ဆရာမတွေလည်းအများကြီးတွေ့‌နေရတယ်။ဒီလိုမသိ နားမလည်တဲ့မိဘတွေနဲ့ အရေးကြီးမှန်း သတိမမူမိတဲ့ ဆရာ ဆရာမတွေကြောင့် ဒုက္ခရောက်သွားတဲ့ကလေးတွေကလည်း ဒုနဲ့ဒေး)။
၅//ဒီရောဂါက ကာကွယ်ဆေးတော့ရှိတယ်။အစိုးရက အခမဲ့ထိုးပေးတဲ့ကာကွယ်ဆေးထဲမှာတော့ မပါဘူး။နှစ်ကြိမ်ထိုးဖို့ လိုတယ်။အသက် တစ်နှစ်ကနေ တစ်နှစ်ခွဲအတွင်းမှာတစ်ကြိမ်နဲ့ အသက်လေးနှစ်ကနေ ခြောက်နှစ် အတွင်း မှာ ဒုတိယအကြိမ်ထိုးဖို့လိုတယ်။တစ်ခါမှမထိုးဖူးသူတွေအတွက်ကတော့
ကာကွယ်ဆေး နှစ်ကြိမ်ကို တစ်လခြားပြီးထိုးလို့ရတယ်။
၆//ရေကျောက်ရောဂါသည် ကလေးတစ်ယောက်ဟာ ဒါမျိုးလက္ခဏာတွေပေါ်လာရင် ဆေးရုံကိုချက်ချင်းခေါ်လာရမယ်...
-အစားမဝင် ရေမဝင်တာ
-ခဏခဏ အန်နေတာ
-ရေဓါတ်ဆုံးရှုံးတဲ့လက္ခဏာပေါ်တာ၊ဥပမာ ဆီးနည်းပြီး ဆီးအရောင်ရင့်နေတာ၊နှုတ်ခမ်းတွေ ခြောက်နေတာ၊ရေဆာလွန်းနေတာ၊နုန်းလွန်းတာ
- မှိန်းလွန်းတာ၊ဂနာမငြိမ်ဖြစ်တာ၊နှိုးမရလောက်အောင်အိပ်နေတာ၊ခေါင်းအရမ်းကိုက်နေတာ၊လမ်းမလျှောက်နိုင်တာ
-မောတာ၊အသက်ရှူရခက်ခဲတာ၊အသက်ရှူနှုန်းမြန်လာတာ၊အရမ်းချောင်းဆိုးတာ
ဒီလက္ခဏာတွေ ပေါ်လာရင်တော့ ကလေးကို ဆေးရုံကို ချက်ချင်း ခေါ်လာဖို့လိုတယ်။

ကလေးမိဘများ ခင်ဗျား...
အခုအချိန်မှာ ကလေးတွေမှာ အဖြစ်များနေတဲ့ ရေကျောက်ရောဂါကို မပေါ့ဆကြဖို့ နှိုးဆော်ပါရစေဗျား။
ကျောက် ...ကြောက်စရာပါ။

ဒေါက်တာကျော်စွာမြင့်
ကလေးအထူးကု

26/06/2020

#တုပ်ကွေးရောဂါ #ကာကွယ်ဆေး နဲ့ ပတ်သက်လို့ #အမေးအများဆုံး #မေးခွန်း၄ခု

ဒီနှစ်တွေမှာ ကိုဗစ်နိုင်တင်း ကပ်ရောဂါကြောင့် ရာသီတုပ်ကွေးရောဂါ ပိုမိုကာကွယ်နိုင်ဖို့ တုပ်ကွေးကာကွယ်ဆေးထိုးတာ မြန်မာပြည်သူလူထုအကြားမှာ ပိုပြီး ကျန်းမာရေးအသိတွေနိုးကြားလာပါတယ်။

ဒါနဲ့ ပတ်သက်လို့ အမေးအများဆုံး မေးခွန်း ၄ ခုကြုံရပါတယ်။
၁။ ဘယ်တုပ်ကွေးရောဂါ ကာကွယ်ဆေးတံဆိပ်က အကောင်းဆုံးလဲ။
၂။ ၉ နှစ်အောက်ကလေးတွေဟာ ပထမအကြိမ် ကာကွယ်ဆေးထိုးပြီးတဲ့အချိန်ရဲ့ ၄ ပတ်အကြာမှာ ဒုတိယအကြိမ် ကာကွယ်ဆေးပြန်ထိုးဖို့ လိုပါတယ်။ အဲ့အခါ မတူတဲ့ တံဆိပ်ထိုးလို့ရလား။
၃။ ကလေးက တခြားကာကွယ်ဆေးတွေလည်း ထိုးနေရပါတယ်။ တုပ်ကွေးရောဂါကာကွယ်‌ဆေးနဲ့ အတူတူထိုးလို့ ရရဲ့လား။
၄။ တုပ်ကွေးရောဂါ ကာကွယ်ဆေးတွေဟာ သွေးလွန်တုပ်ကွေး ၊ ဆင်တုပ်ကွေးရောဂါတွေကိုရော ကာကွယ်ပေးနိုင်သလား။

ဒီမေးခွန်းတွေကို အမေရိကန် ရောဂါကာကွယ်ထိန်းချုပ်မှု ဗဟိုဌာနရဲ့ ထုတ်ပြန်ချက်အပေါ်ကိုးကားပြီး ဖြေကြားပေးလိုက်ပါတယ်။

၁။ ဘယ်တုပ်ကွေးရောဂါ ကာကွယ်ဆေးတံဆိပ်က အကောင်းဆုံးလဲ။
အဖြေ - တုပ်ကွေးရောဂါကာကွယ်ဆေးတွေဟာ တံဆိပ်အမျိုးမျိုးနဲ့ ထုတ်လုပ်ပါတယ်။
FluLaval Quadrivalent
Fluzone Quadrivalent
Fluarix Quadrivalent
Afluvia Quadrivalent
Fluquadri
Vaxigrip Tetra
Influvac Tetra
ဆိုပြီး တံဆိပ်အမျိုးမျိုး ရှိကြပါတယ်။

အကောင်းဆုံးတံဆိပ် ၊ ပိုကောင်းတဲ့ တံဆိပ်ဆိုတာ မရှိပါဘူး။ တုပ်ကွေးကာကွယ်‌ဆေးဟာ စံချိန်စံညွှန်းနဲ့အညီ လိုင်စင်တင်ပြီး ထုတ်လုပ်ထားမယ်ဆိုရင် အသက် ၆ လအထက် မည်သူမဆို မိမိကျန်းမာရေးအခြေအနေအရ သင့်တော်တဲ့ တုပ်ကွေးကာကွယ်ဆေးကို ထိုးနှံလို့ ရပါတယ်။

For the 2019-2020 flu season, the Advisory Committee on Immunization Practices recommends annual influenza (flu) vaccination for everyone 6 months and older with any licensed, influenza vaccine that is appropriate for the recipient’s age and health status, including inactivated influenza vaccine (IIV), recombinant influenza vaccine (RIV), or live attenuated nasal spray influenza vaccine (LAIV4) with no preference expressed for any one vaccine over another.

၂။ ၉ နှစ်အောက်ကလေးတွေဟာ ပထမအကြိမ် ကာကွယ်ဆေးထိုးပြီးတဲ့အချိန်ရဲ့ ၄ ပတ်အကြာမှာ ဒုတိယအကြိမ် ကာကွယ်ဆေးပြန်ထိုးဖို့ လိုပါတယ်။ အဲ့အခါ မတူတဲ့ တံဆိပ်ထိုးလို့ရလား။
အဖြေ - ထုတ်လုပ်ထားတဲ့ တုပ်ကွေးရောဂါကာကွယ်ဆေးတွေဟာ စံချိန်စံညွှန်းနဲ့အညီ ထုတ်လုပ်ထားတာ ဖြစ်တဲ့အတွက် အတူတူပဲလို့ ယူဆလို့ရပါတယ်။ ဒါ့ကြောင့် ဒုတိယအကြိမ် ပြန်ထိုးတဲ့အခါမှာလည်း အသက် ၆ လအထက် မည်သူမဆို မိမိကျန်းမာရေးအခြေအနေအရ သင့်တော်တဲ့ တုပ်ကွေးကာကွယ်ဆေးကို ထိုးနှံလို့ ရပါတယ်။ တံဆိပ်မတူလည်း ရပါတယ်။ ထုတ်လုပ်သူရဲ့ ညွှန်ကြားချက်ကို လိုက်နာဖို့ လိုပါတယ်။

၃။ ကလေးက တခြားကာကွယ်ဆေးတွေလည်း ထိုးနေရပါတယ်။ တုပ်ကွေးရောဂါကာကွယ်‌ဆေးနဲ့ အတူတူထိုးလို့ ရရဲ့လား။
အဖြေ - ဒီမေးခွန်းကိုတော့ အကျယ် Post တစ်ခုရေးပေးရမှာပါ။ အကျဉ်းချုပ်ပြောရရင် တချို့ဆေးတွေကို အတူတူထိုးလို့ရပါတယ်။ Live Attenuated Vaccine (LAV) လို့ခေါ်တဲ့ ပိုးကောင်အစစ်ကို အသုံးပြုပြီး ထုတ်ထားတဲ့ ကာကွယ်ဆေးအနည်းငယ်ကိုတော့ တုပ်ကွေးကာကွယ်ဆေးနဲ့ အနည်းဆုံး ၄ ပတ်ခွာပြီးမှ ထိုးစေပါတယ်။ ထိုးကာနီး ဆရာဝန်နဲ့ တိုင်ပင်တာ ပိုကောင်းပါတယ်။ ဆရာဝန်က ထိုးရမယ့် ကာကွယ်ဆေးအမျိုးအစားဟာ LAV မဟုတ်ရင် တခါတည်း တူတူထိုးပေးပါလိမ့်မယ်။ ဆေးထိုးတဲ့အခါ တစ်ခုနဲ့တစ်ခု ၁ လက်မ အကွာအဝေး ခြားပေးဖို့ပဲ လိုပါတယ်။

၄။ တုပ်ကွေးရောဂါ ကာကွယ်ဆေးတွေဟာ သွေးလွန်တုပ်ကွေး ၊ ဆင်တုပ်ကွေးရောဂါတွေကိုရော ကာကွယ်ပေးနိုင်သလား။
အဖြေ - တုပ်ကွေးရောဂါ ကာကွယ်ဆေးတွေဟာ အသက်ရှုလမ်းကြောင်းမှတဆင့် ကူးစက်တတ်တဲ့ ရာသီတုပ်ကွေးပိုး ၄ မျိုးကိုသာ ကာကွယ်ပေးနိုင်ပါတယ်။ ခြင်မှတဆင့် ကူးစက်တတ်တဲ့ သွေးလွန်တုပ်ကွေး ၊ ဆင်တုပ်ကွေးရောဂါတွေကို (လုံးဝ) မကာကွယ်ပေးနိုင်ပါ။

မိဘပြည်သူများ တုပ်ကွေးရောဂါကာကွယ်ဆေးထိုးပြီး တုပ်ကွေးရောဂါကင်းစင်၍ ကျန်းမာပျော်ရွှင်သော မိသားစုဘဝကို ရရှိပိုင်ဆိုင်နိုင်ကြပါစေ။

Dr. ကျော်သက်စိုး (GP)



Credit

Photos from Htoo Clinic - Bago's post 26/06/2020

" သွေးလွန်တုတ်ကွေး တိုက်ဖျက်ရေး အားလုံးပါဝင် ဆောင်ရွက်ပေး"

25/06/2020

ဝမ်းဗိုက် အောင့်ခြင်း နှင့် ဆက်စပ်သော ရောဂါများ...

24/06/2020

ဒီနေ့အတွက် သိကောင်းစရာ (၃၂)
(၂၀၂၀) ပြည့်နှစ်၊ ဇွန်လ (၂၄) ရက်နေ့
ကလေးငယ်များရဲ့ အသက်အရွယ်အလိုက် ဖွံ့ဖြိုးတိုးတက်မှုတွေနဲ့ပတ်သက်ပြီး ဂရုပြုရမယ့်အချက်တွေက ဘာတွေလဲ?
▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄

ကလေးငယ်တွေမှာ အသက်အရွယ်အလိုက် အောက်ပါလက္ခဏာတွေ တွေ့ရှိရမည်ဆိုပါက ဖွံ့ဖြိုးတိုးတက်မှု (Developmental Milestones) သိသာစွာနောက်ကျတာ ဖြစ်နိုင်ပါတယ် -

• အသက်(၁)လမှ(၃)လ - မိခင်မျက်နှာ (သို့မဟုတ်) အရာဝတ္ထုကို လိုက်၍မကြည့်ခြင်း၊ အသံပေးသော်လည်း အပြုအမူမပြောင်းလဲခြင်း၊မြှူလျှင်ပြုံးမပြ တတ်ခြင်း၊ အရမ်းတောင့်ခြင်း (သို့မဟုတ်) ပျော့ခြင်း။

• အသက်(၆)လ - လက်သီးကိုအမြဲဆုပ်ထားခြင်း၊ အရုပ်တစ်ခုခုကိုမကိုင်နိုင်ခြင်း၊ ခေါင်းမခိုင်ခြင်း။

• အသက်(၉)လ - အမှီအတွယ်နှင့်ပင် မထိုင်နိုင်ခြင်း (လက်ထောက်၍ပင် မထိုင်နိုင်ခြင်း)၊ မရယ်မောတတ်ခြင်း။
• အသက်(၁)နှစ် - မတ်တပ်ရပ် မစမ်းခြင်း။

• အသက်(၂)နှစ် - ဖေဖေ၊ မေမေ မခေါ်တတ်ခြင်း၊ လမ်းကောင်းစွာမလျှောက်နိုင်ခြင်း။

• အသက်(၃)နှစ် - မပြေးနိုင်ခြင်း၊မကြာခဏလဲကျခြင်း၊ဝါကျအတိုများမပြောနိုင်ခြင်း၊ မျက်လုံးချင်းဆိုင် မကြည့်ခြင်း။

• အသက်(၄)နှစ် - စကားပြောသော်လည်း အခက်အခဲများစွာဖြင့်ပြောရသောကြောင့် အခြားသူများနားမလည်ခြင်း၊ အခြားကလေးများနှင့်မကစားဘဲ တစ်ဦးတည်း သီးသန့်နေခြင်း။

• မည်သည့်အသက်အရွယ်မဆို - ယခင်ရှိပြီးတတ်ပြီးသား ကလေးဖွံ့ဖြိုးတိုးတက်မှုများပျောက်ဆုံးသွားခြင်း၊ ဆုတ်ယုတ်လာခြင်း၊ ယခင်ပြောတတ်ပြီးသားစကားများ ပြန်ပျောက်သွားခြင်း။

"အသက်အရွယ်အလိုက် ဖော်ပြပါလက္ခဏာများအနက် တစ်ခုခုတွေ့ရှိပါက -
ဖွံ့ဖြိုးတိုးတက်မှု သိသာစွာနောက်ကျခြင်း (သို့မဟုတ်) ရောဂါတစ်ခုခုရှိနေနိုင်သောကြောင့် နီးစပ်ရာ ဆေးရုံ/ ဆေးခန်း/ ကျန်းမာရေးဌာနသို့ သွားရောက်ပြသရပါမယ်။"

, , , #ဒီနေ့အတွက်သိကောင်းစရာ

Photos from Htoo Clinic - Bago's post 21/06/2020

Covid 19 လက္ခဏာများ...

17/06/2020

ဆီးမထိန်းနိုင်ခြင်း
---------------

ဆီးမထိန်းနိုင်ခြင်းကို ဆေးပညာအခေါ်အဝေါ်အရ Urinary Incontinence လို့ခေါ်ပါတယ်။ဆီးမထိန်းနိုင်ခြင်းဆိုသည်မှာ ဆီးသွားခြင်းကို မထိန်းချုပ်နိုင်သည့်အခြေအနေကိုဆိုလိုပါတယ်။ ဆီးမသွားချင်ပေမယ့် ဆီးများထွက်နေသောအခြေအနေကိုခေါ်ဆိုပါတယ်။
ဆီးမထိန်းနိုင်မှုတွင် ချောင်းဆိုးသည့်အခါဖြစ်စေ၊ ရယ်မောနေစဉ်ဖြစ်စေ ဆီးထွက်ကျတဲ့အဆင့်မှ ရုတ်တရက် ဆီးသွားချင်ပြီး မထိန်းနိုင်ဘဲ ဆီးထွက်ကျသည်အထိပြင်းထန်နိုင်ပါတယ်။ ကြွက်သားများ အားနည်းသွားခြင်းတို့ကြောင့် ဆီးညှစ်ကြွက်သားများ ထိန်းချုပ်မှုမရရှိတော့ခြင်း ဖြစ်ပါတယ်။
ဆီးမထိန်းနိုင်ခြင်း အကြောင်းအရင်းနှစ်မျိုးခွဲခြားထားပါတယ်။ ယာယီဆီးမထိန်းနိုင်ခြင်းနှင့် တာရှည် ဆီးမထိန်းနိုင်ခြင်းဆိုပြီး နှစ်မျိုးရှိပါတယ်။ ယာယီဆီးမထိန်းနိုင်ခြင်းဖြစ်စေတဲ့အကြောင်းမှာ အရက်၊ ကဖင်းဓါတ်ပါသောအရည်များ၊ အပူအစပ်များ၊ အချဉ်ဓာတ်များသောအစားအစာများစားသုံးခြင်း၊ နှလုံးရောဂါနှင့် သွေးတိုးဆိုင်ရာ ဆေးဝါးများသောက်သုံးနေရခြင်း၊ Vitamin B နှင့် C ဓာတ်များနေခြင်း၊ အိပ်ဆေးသောက်ခြင်း၊ ဆီးလမ်းကြောင်းပိုးဝင်ခြင်းနှင့် ဝမ်းချုပ်ခြင်းတို့ကြောင့် ဖြစ်ပေါ်စေတတ်ပါတယ်။
တာရှည်ဆီးမထိန်းနိုင်ခြင်းဖြစ်ပွားစေတဲ့အကြောင်းအရင်းများမှာ ကိုယ်ဝန်ရှိခြင်း၊ ကလေးမွေးခြင်း၊ အသက်အရွယ်ကြီးရင့်လာခြင်း၊ သားအိမ်ထုတ်ခြင်း၊ ဆီးကြိတ်ကြီးခြင်း၊ အဝလွန်သူများ၊ ဆီးကြိတ်ကင်ဆာ၊ ဆီးလမ်းကြောင်းတလျောက် ပိတ်ဆို့ခြင်းနှင့် အာရုံကြောဆိုင်ရာ ရောဂါရှိသူများတို့တွင်ဖြစ်တတ်ပါတယ်။
ဆီးမထိန်းနိုင်ခြင်းအတွက် စစ်ဆေးမှုများပြုလုပ်လိုလျှင် နီးစပ်ရာတတ်ကျွမ်းသော ဆရာဝန်နှင့် တိုင်ပင်ကာ ရောဂါ လက္ခဏာကို စစ်ဆေးခြင်း၊ ဆီးလမ်းကြောင်းပိုးဝင်ခြင်းရှိမရှိ၊ ဆီးအတွင်းသွေးပါခြင်းရှိမရှိစစ်ဆေးမှုပြုလုပ်ခြင်း၊ ဆီးအိတ် ဆီးအိတ်၀ ကြွက်သားများ သန်မာမှုကိုစစ်ဆေးခြင်း၊ မှန်ပြောင်းဖြင့်စစ်ဆေးခြင်း၊ ဆေးထိုးပြီး ဓာတ်မှန်ရိုက်ခြင်း၊ ဆီးလမ်းကြောင်းနှင့် မျိုးပွားအင်္ဂါအတွင်းစစ်ဆေးခြင်းတို့ ပြုလုပ်နိုင်ပါတယ်။
ကုသနည်းအတွက် - ဆီးသွားချင်သောအခါ ၁၀ မိနစ်ခန့်အောင့်ထားခြင်းဖြင့် ဆီးအိမ်ကိုပြန်လည်လေ့ကျင့်နိုင်ပါတယ်၊ ကိုယ်အလေးချိန်လျော့ချပေးပါ၊ ကိုယ်လက်လှုပ်ရှားမှုပြုလုပ်ပေးပါ။အမျှင်ဓာတ်ပါသော အစားအစာ အသီးအနှံများကိုစားသုံးပေးပါ။ နှစ်နာရီခြားတစ်ခါဆီးသွားပေးပါ။ အရက်၊ ဘီယာ၊ အချဉ်၊ အစပ်၊ ကော်ဖီတို့ကိုရှောင်ရှားပါ။ အကယ်၍ ခွဲစိတ်ကုသမှုပြုလုပ်ချင်ပါက ပြုလုပ်နိုင်သော ရောဂါအမျိုးအစားဖြစ်ပါတယ်။
တခြားသောကုသမှုများအနေဖြင့် ဆေးပုံမှန်သောက်ပေးခြင်း၊ လျှပ်စစ်သုံးပြီးကုသခြင်း၊ ဆီးလမ်းကြောင်းအတွင်းသို့ ပစ္စည်းထည့်ခြင်း၊ဆီးပိုက်တပ်ပေးခြင်း၊ ခွဲစိတ်မှုများပြုလုပ်ခြင်း၊ ဆီးအိတ်ကို ထိန်ပေးသောအကွင်းထည့်ပေးခြင်းနှင့် ဆီးခံအတွင်းခံ ဝတ်ဆင်စေခြင်းတို့ဖြင့် ကုသနိုင်ပါတယ်။ ဆီးစက်ကျခြင်းကြောင့် အရေးပြားယားယံလာခြင်းတို့ ဖြစ်ပွားတတ်သဖြင့် လိင်အင်္ဂါကိုအမြဲသန့်ရှင်းအောင်ထားပေးခြင်း၊ လေဝင်လေထွက်ကောင်းပြီး ခြောက်သွေ့အောင်ထားခြင်းတို့ပြုလုပ်ပေးရပါမယ်။
ဆီးမထိန်းနိုင်ခြင်းရောဂါသည် အလွန်ပင်ရှုပ်ထွေးလွန်းသော ရောဂါမျိုးဖြစ်ပါတယ်။ ဒါကြောင့် အဓိကသိသင့်သိထိုက်တဲ့ ဆောင်ရန်ရှောင်ရန်လေးများကို မှတ်သားထားနိုင်ပါတယ်။ ကိုယ်တိုင်ခံစားနေရပြီဆိုလျှင် နီးစပ်ရာ နားလည်တတ်ကျွမ်းသော ဆရာဝန်များထံသို့ သေသေချာချာတိုင်ပင်ပြီး ဆွေးနွေးကုသပေးတာအကောင်းဆုံးဖြစ်ကြောင်း အကြံပြုပါရစေ။

Via Asia Royal Hospital

17/06/2020
Want your practice to be the top-listed Clinic in Bago?
Click here to claim your Sponsored Listing.

Videos (show all)

မြန်မာနိုင်ငံမှာအဖြစ်များသော covid-19 လက္ခဏာ တွေကဘာတွေလဲ???ရောဂါဖြစ်ပြီး ၁၁ ရက်ကြာရင် အခြားလူဆီ မကူးစက်တော့ဘူးဆိုတာကို ဘ...
ကိုယ်ခံအားကောင်းစေရန် စားသင့်သောအစားအစာများ 🥦🥕🥝🥑🥗🍌🍇🍋🌽

Category

Telephone

Website

Address

အင်းဝင် 2လမ်း အရှေ့ဘက်ထိပ် နန်းတော်ရာရပ်ကွက် ပဲခူးမြို့
Bago

Opening Hours

Monday 09:00 - 12:00
16:00 - 20:00
Tuesday 09:00 - 12:00
16:00 - 20:00
Wednesday 09:00 - 12:00
16:00 - 20:00
Thursday 09:00 - 12:00
16:00 - 20:00
Friday 09:00 - 12:00
16:00 - 20:00
Saturday 09:00 - 12:00
16:00 - 20:00
Sunday 09:00 - 12:00
16:00 - 20:00

Other Medical & Health in Bago (show all)
Lin Yaung Chi - Dent Bago Dental Clinic Lin Yaung Chi - Dent Bago Dental Clinic
No1. Room 2, Magathit Street
Bago, 08011

Dental Clinic

Thin Kayta Online Thin Kayta Online
Bago, 08011

Online Store

Phyu Sin Pharmacy - Bago Phyu Sin Pharmacy - Bago
Bago

တိုင်းရင်း​ဆေး နှင့် နိုင်ငံခြား​ဆ?

Golden Luxury Drug Store Golden Luxury Drug Store
No. 373, Thanatpin Road
Bago, 1733514396491433

MEGA Health Care Training Center MEGA Health Care Training Center
ပဲခူးရုံးခွဲ/အမှတ် (502)၊ ဦးဘိုနီလမ်း၊ရှင်စောပုရပ်ကွက်၊ပဲခူးမြို့။
Bago

အကူသူနာပြု နှင့် ဆေးဝါးကျွမ်းကျင်အကူသင်တန်း ☎️ 09 - 77 88 444 81 ☎️ 09 - 77 88 444 82

Tun Thiri Clinic Tun Thiri Clinic
Inntakaw Town Ship. Main Road. No. 46
Bago

( 24 )နာရီအထွေထွေရောဂါနှင့်အထူးကုဆေးခန်း အင်းတကော်

Shine Pharmacy Bago Shine Pharmacy Bago
ဆိုရှယ်လစ် 5 လမ်းထိပ်
Bago

ဆေးနှင့်ပတ်သတ်ပြီးသိချင်တာများကို?

Olive Oxygen Concentrators Olive Oxygen Concentrators
No. 411, Strand Road, South Zaingganaing Qtr
Bago

Good Quality With Reasonable Price Oxygen Concentrators Online Store

Wai Yan Wai Yan
Bago In
Bago

Health and Medicine shop