DV Service BAGO

BAGO DV Service

20/09/2023

DV Service ယူပြီး ကံထူးတဲ့မိသားစုတွေကို US ရောက်တဲ့ထိ မြန်မာပြည်မှာလုပ်ရတဲ့ ကိစ္စတွေအားလုံး သံရုံး Interview ဝင်တဲ့အချိန်ထိ အဆင်ပြေပြေဖြစ်တဲ့ထိကို ကူညီဆောင်ရွက်ပေးပါတယ် ...🇺🇸

ကိုယ်တိုင်တင်ပြီး 2024 ပေါက်ခဲ့တဲ့သူတွေလည်း အကူညီလိုရင်လာရောက်မေးမြန်းနိုင်ပါတယ်...

US လူခံမရှိတာ ဆွေမျိုးအသိမရှိတာ အလုပ်မရမှာတွေ စိတ်မပူပါနဲ့ ပေါက်ဖို့ပဲလိုတာ...

မိသားစုကံ သားသမီးကံကလည်းရှိနေမှ ဘဝလုံခြုံတဲ့နေရာမှာ အခြေချနိုင်မဲ့အခွင့်ရေးပါ မိသားစုလိုက်ပေါက်တာနဲ့ သားသမီးပညာရေးအတွက် နောင်ရေးစိတ်အေးရပါပြီဗျာ...
အဲ့တာ American Dream ပါပဲ 🇺🇸🇺🇸🇺🇸...

အဝေးတစ်နေရာရောက်နေတဲ့သူတွေ အခက်ခဲဖြစ်လို့ အကူညီလိုလာရောက်ပြီးပြောပြပေးပါ DV Service အခမဲ့ဆောင်ရွက်ပေးပါတယ်...

DV2025 မှာ မိသားစုတွေအားလုံးကံကောင်းကြပါစေ 🇺🇸🇺🇸🇺🇸🙏

Photos from DV Service BAGO's post 19/09/2023

DV ပေါက်ပြီး US Visa ရဖို့လွယ်ပါ့မလား 🤔 ?

DV ဆိုတာ အမေရိကန်မြေကိုအခြေချနိုင်ဖို့ တစ်ကမ္ဘာလုံးကိုမှ တစ်နှစ်ကို Green Card 55000 ပဲရွေးချယ်ပေးထားတာပါ...

မိသားစုလိုက်ပြောင်းရွေ့အခြေချနိုင်တဲ့အခွင့်ရေးပါ...

ပေါက်ဖို့လည်း ခက်လို့ပေါက်တဲ့သူတိုင်းလည်း အခွင့်ရေးကိုမလွတ်တမ်းအသုံးချကြပါတယ်...

မိမိနဲ့ မိသားစုဘဝပြောင်းလဲဖို့အတွက် နတ်ကြီးတဲ့အိပ်မက်ပါ...
ကြိုးစားတဲ့သူတိုင်းအတွက်တော့ အောင်မြင်မှုအသီးပွင့်က ချိုမြိန်ပါတယ်ခဗျ 😊🇺🇸...

Visa ရသွားတဲ့သူတွေကိုလည်း Congratulations ပါ 🇺🇸🙏

18/09/2023

ရှေ့လ October ဆိုရင် DV ထိုးလို့ရပါပြီနော်...
DV ကို အရှည်ကောက် Diversity visa လို့ခေါ်ပြီး
အမေရိကားမှာ တရားဝင်နေထိုင်ခွင့် Green card visa
မျိုးဖြစ်ပါတယ်...
ပေါက်တာနဲ့ အော်တို Green card တန်းရ၊
၅ နှစ်နေရင် နိုင်ငံသားလျှောက်ခွင့်ရပြီး ၅ နှစ်နဲ့
နိုင်ငံသားဖြစ်တဲ့ visa မျိုးပါ...

အမေရိကားကို လာချင်တဲ့ စိတ်ကူးရှိရင် DV ပုံမှန်ထိုးပါ... နှစ်တိုင်း မပေါက်မချင်း ကြိုးစားပြီးထိုးပါ...ပေါက်သွားရင် သူက တရားဝင်နေထိုင်ခွင့်ရတဲ့ Immigrant visa မျိုးဖြစ်တဲ့အတွက် student visa သမားသမားတွေ၊
visit visa သမားတွေလို အမေရိကန်မြေပေါ်ရောက်ပြီးမှ နေထိုင်ခွင့်ရဖို့ သီးသန့်ကြိုးစားနေစရာမလိုတော့ပါဘူးရှင်...

DV တင်ချင်ရင် ကိုယ့်ဟာကိုယ် တင်လို့လည်းရသလို service လုပ်ပေး၊ တင်ပေးတဲ့သူတွေစီမှာလည်း
တင်လို့ရပါတယ်...

အရေးကြီးဆုံးအချက်ကတော့ ဓာတ်ပုံကို သေချာရိုက်ပါ... DV ပေါက်၊ မပေါက်က ဓာတ်ပုံပေါ်မှာလည်း
မူတည်ပါတယ်... ဒါ့ကြောင့် DV တင်တော့မယ်ဆိုရင်
ဓာတ်ပုံဆိုင်ကောင်းကောင်းမှာ သေချာရိုက်ပြီးမှ တင်ပါ...

DV ပေါက်သွားပြီဆို Green Card လည်း အော်တိုရပြီး
အမေရိကားရဲ့ ဘယ်ပြည်နယ်တိုင်းမှာမဆို တရားဝင်အလုပ်လုပ်ခွင့်ရသွားပါပြီ...
Green card ရှိရင် ဘယ်ကုမ္ပဏီမျိုးမှာမဆို အလုပ်ခန့်ပြီး Green card သမားတွေအတွက်က အလုပ်
အင်မတန်ပေါပါတယ်...
အခွင့်အရေးပိုလိုချင်ရင် Military ထဲဝင်လို့လည်း
ရပါတယ်ရှင်...

မိသားစုတစ်စုမှာ ဖခင် (သို့)မိခင်က DV ပေါက်သွားရင်
ကိုယ့် ဇနီး၊ ခင်ပွန်းနဲ့အတူ အသက် ၂၁ နှစ်အောက်
သားသမီးတွေလည်း အမေရိကားကို အတူလိုက်ခွင့်
ရှိပါတယ်ရှင်... ဒါ့ကြောင့် October လမှာ DV ထိုးလို့ရမှာဖြစ်တဲ့အတွက် ဒီအခွင့်အရေးကို လက်မလွှတ်ပဲ အမေရိကားလာချင်တဲ့သူတိုင်း DV ကံစမ်းကြပါ...

DV ထိုးဖို့က ဆယ်တန်းအောင်ရပါမယ်...
ဆယ်တန်းမအောင်ရင် ရလား ဆိုရင်တော့ ရပါတယ်...
ဆယ်တန်းမအောင်လည်း လုပ်သက်၊ လုပ်ငန်းအတွေ့အကြုံအနည်းဆုံး ၂ နှစ်ရှိရပါမယ်...
ပရဟိတလုပ်ငန်းတွေလုပ်ဖူးတဲ့သူဖြစ်ရင်လည်း ရပါတယ်... ဒါမှမဟုတ် အမေရိကနိနိုင်ငံသားက sponsor letter
ချပေးရင်လည်း ရပါတယ်...
အာ့အချက်တွေနဲ့ ကိုက်ညီရင်တော့
ဆယ်တန်းမအောင်လည်း ရပါတယ်ရှင်...

DV တင်ပုံတင်နည်းတွေ၊ ဘယ်လိုတင်ရမလဲဆိုတဲ့ အသေးစိတ်တွေကိုတော့ စာရေးသူ ရေးမပြတော့ပါဘူးရှင်... အမေရိကားကို DV ပေါက်ပြီး ရောက်လာကြတဲ့
စာရေးသူတွေဖြစ်တဲ့ ကိုသန်းဌေး၊ ကိုလင်း၊ ကို James တို့ page တွေမှာ အသေးစိတ် သေချာလေး တင်ပြထားပါတယ်... သူတို့ page တွေကို ဖတ်ကြည့်ရုံနဲ့ DV တင်ပုံ
တင်နည်းကို အလွယ်တကူသိရှိနိုင်ပါတယ်ရှင်...

အမေရိကားလာချင်တဲ့သူတွေတိုင်း DV ကံစမ်းကြပါ...
DV ပေါက်ပြီး ကံထူးရှင်တွေအဖြစ်နဲ့ အမေရိကန်မြေပေါ်ကို အမြန်ဆုံး ခြေချနိုင်ကြပါစေရှင်....

18/09/2023

ဓာတ်ပုံအရည်အသွေးဘယ်လိုစစ်ပေးလဲ ?
Website ကနေ မှန်မမှန်စစ်ပြီး Crop လိုမလို စသည်ဖြင့်စစ်ပြီး မှန်ကန်မှ Confirmed လုပ်ပြီး အကြောင်းပြန်ပေးပါတယ်ခဗျ 😊🇺🇸...

https://m.facebook.com/story.php?story_fbid=283815431168366&id=100086197326136&mibextid=Nif5oz

18/09/2023

DV 2025 တင်ရန် Page Messenger ကိုလာရောက်စာရင်းပေးသွင်းနိုင်ပါတယ် 🇺🇸🇺🇸🇺🇸 ...
Oct 4 မှ Nov 8 2023 အတွင်း ကံစမ်းနိုင်ပါတယ်...
အမေရိကားအိပ်မက်အတွက် အားလုံးကံကောင်းကြပါစေလို့ ဆုတောင်းပေးပါတယ်ခဗျ 🙏🙏🙏🇺🇸...

06/05/2023

ဒီည 10:30 ဆို DV Lottery စစ်လို့ရပါပြီနော်...

DV Service အပ်ထားတဲ့သူတွေကိုစစ်ပြီး ပေါက်တဲ့သူတွေကို အကြောင်းကြားပေးပါမယ်ခဗျ...

အားလုံးပဲကံကောင်းကြပါစေ...

19/04/2023

မကြာခင် DV2024 အတွက် Result များထွက်ပါတော့မယ်...

DV Result ဘယ်လိုစစ်ရမလဲ...
DV winner ဖြစ်ခဲ့ရင်ဘာဆက်လုပ်ရမလဲ...
DS260 form တင်ဖို့...
US မှာအသိမိတ်ဆွေမရှိရင်ဘယ်လိုလုပ်ရမလဲ...
ဟိုရောက်ရင်အလုပ်ကတန်းရမှာလား...
ကုန်ကျစရိတ်ကရောများလား...

စတဲ့မေးခွန်းတွေနဲ့ပတ်သတ်ပြီး တင်ပေးပါမယ်ခဗျ...

DV Service BAGO မှာ အပ်ထားတဲ့သူတွေကိုလည်း DV2024 ပေါက်ခဲ့ရင် ဆက်သွယ်အကြောင်းကြားပေးပါ့မယ်ခဗျ...

မဂ်လာနှစ်သစ်ပါ... အားလုံးပဲကံကောင်းကြပါစေ...🙏🙏🙏

Luck All

05/11/2022

⭕❌DV Deadline 3 ရက်အလို 🇺🇸🇺🇸🇺🇸

🇺🇸DV 2024 Deadline Nov 8 ဆိုပြီးဆုံးတော့မှာဖြစ်လို့ အမြန်ဆုံးတင်ကြစေလိုပါတယ် တစ်နှစ်မှ တစ်ကြိမ်ရတဲ့ အမေရိကန်ကို ပြောင်းရွေ့အခြေချနိုင်မဲ့ အခွင့်အရေးဖြစ်လို့ လက်လွှတ်မခံသင့်ပါဘူးခဗျ...

အသေးစိတ်ကို Page CB ကိုဆက်သွယ်မေးမြန်းနိုင်ပါတယ်...🇺🇸🗽

ကံကောင်းကြပါစေခဗျ...🇺🇸🇺🇸🇺🇸

https://m.facebook.com/story.php?story_fbid=120500790833165&id=100086197326136

02/11/2022

🇺🇸DV 2024 Deadline Nov 8 ဆိုပြီးဆုံးတော့မှာဖြစ်လို့ အမြန်ဆုံးတင်ကြစေလိုပါတယ် တစ်နှစ်မှ တစ်ကြိမ်ရတဲ့ အမေရိကန်ကို ပြောင်းရွေ့အခြေချနိုင်မဲ့ အခွင့်အရေးဖြစ်လို့ လက်လွှတ်မခံသင့်ပါဘူးခဗျ...

အသေးစိတ်ကို Page CB ကိုဆက်သွယ်မေးမြန်းနိုင်ပါတယ်...🇺🇸🗽

ကံကောင်းကြပါစေခဗျ...🇺🇸🇺🇸🇺🇸

https://m.facebook.com/story.php?story_fbid=120500790833165&id=100086197326136

Photos from DV Service BAGO's post 25/10/2022

DV 2024 Lottery တင်ခြင်းပြီးဆုံးဖို့ တစ်ပတ်ကျော်လောက်ပဲလိုပါတော့တယ်ခဗျ... မတင်ရသေးတဲ့သူတွေအမြန်ဆုံးတင်ကြဖို့ အကြံပေးလိုပါတယ်...🗽🇺🇸

အသေးစိတ်ကို Pg Messenger မှာလာရောက်မေးမြန်းနိုင်ပါတယ်ခဗျ...
ကိုယ်တိုင် DV တင်လို့ အခက်ခဲတစ်စုံတစ်ရာရှိရင်လည်း လာရောက္မေးမြန်းနိုင်ပါတယ်... 🇺🇸🇺🇸🇺🇸🗽

https://m.facebook.com/story.php?story_fbid=120500790833165&id=100086197326136

20/10/2022

Deadline Alert

DV 2024 တင်ဖို့အချိန် တစ်ပတ်လောက်ပဲကျန်ပါတော့တယ်...

Nov 9 နောက်ဆုံးမလို့ မတင်ရသေးရင် အမြန်ဆုံးတင်ကြဖို့တိုက်တွန်းပါတယ် ဖောင်ပိတ်ရက်နီးလာလေလေ လိုင်းကြပ်တာနဲ့လည်း ကြုံနိုင်လို့ပါ...

DV တင်တာကအမှားမခံပါဘူးနော် ဓာတ်ပုံနဲ့ အချက်လက်မှန်ကန်ဖို့လည်း ဂရုစိုက်ဖို့လိုပါတယ်... DV Service Bago မှလည်း လောလောဆယ်ထိလည်း အချက်လက်မှန်ကန်စွာနဲ့ DV Service ပေးပြီးဖြစ်ပါတယ် ....
DV လျှောက္မည့်သူများ Page Messager ကို လာရောက်ဆက်သွယ်နိုင်ပါတယ်ခဗျ စိတ်ရှည်လက်ရှည်ရှင်းပြပေးပါတယ်နော် 😊...🇺🇸

ဓာတ်ပုံအခက်ခဲရှိရင်လည်း လာရောက်ဆက်သွယ်နိုင်ပါတယ် အသေးစိတ်ဆောင်ရွက်ပေးပါတယ်ခဗျ...

👇👇👇

DV2024 အတွက် DV Lottery ကံစမ်းနိုင်ဖို့အတွက် DV Service Bago မှဝန်ဆောင်မှုပေးနေပါပြီခဗျာ....🇺🇸🇺🇸🇺🇸🇺🇸

DV 2024 အတွက် Passport ရှိထားဖို့မလိုတော့ပါဘူး...

DV 2024 ကို မြန်မာစံတော်ချိန် 6ရက်နေ့ 10 လပိုင်းမှ 9ရက် 11 လအထိ ကံစမ်းနိုင်ပါတယ်...

မိသားစုအနာဂတ်အတွက် American Dream အတွက် DV ကိုကံစမ်းကြပါလို့တိုက်တွန်းပါတယ်...

မြန်မာနိုင်ငံမှာ ထိုးတဲ့သူအရမ်းနည်းလို့ ပေါက်ဖို့ရာခိုင်နှုန်းလဲများပါတယ်....
အမြန်ဆုံး Page CB မှာလာရောက်စာရင်သွင်းပေးကြပါခဗျ...
First Come,First Served အနေနဲ့ အစဥ်အတိုင်း ကံစမ်းပေးသွားပါမယ်... 🇺🇸🇺🇸🇺🇸

Service ခကတော့

Single - 5000 kyats
Family - 7000 kyats

ဓာတ်ပုံပါပြင်ပေးပါတယ်ခဗျ...
ငွေကြိုလွှဲစရာလဲ လုံးဝမလိုပါဘူးနော် ထိုးပြီးမှ Digital Signature လေးရမှ ငွေလွှဲပေးရုံပါခဗျ....

Page CB သို့အမြန်ဆုံးဆက်သွယ်စာရင်းပေးနိုင်ပါပြီနော် 🥰

06/10/2022

DV စဖွင့်နေပါပြီခဗျ 🇺🇸🇺🇸🇺🇸 ... စာရင်းပေးထားတဲ့သူတွေကို အချက်လက်စိစစ်မှန်ကန်သူတွေနဲ့ ဓာတ်ပုံအချိုးစားကျတဲ့သူတွေကို အရင်စလျှောက်ပေးနေပါပြီ...

DV တင်တဲ့အခါ မလောပဲ မှန်ကန်ဖို့ဦးစားပေးပေးပါခဗျ... တစ်ကြိမ်ထက်ပိုတင်မိပါက ပယ်မဲပါ အမှားမခံပါဘူးနော် ...

DV Service မှ မှန်ကန်တိကျစွာတင်ပေးပြီး Confirmation Letter တွေပြန်ပို့ပေးနေပါပြီ ...

https://m.facebook.com/story.php?story_fbid=104243915792186&id=100086197326136

Luck to you all 🇺🇸🇺🇸🇺🇸💪

Photos from DV Service BAGO's post 02/10/2022

DV တင်ဖို့အတွက် ပုံ format မှန်ကန်ဖို့လည်း အရေးကြီးတယ်နော် 😊 🇺🇸🇺🇸🇺🇸
အောက်က Website နှစ်ခုလုံး pass ဖြစ်ဖို့လိုပါတယ်နော်

https://tsg.phototool.state.gov/photo

https://dvlottery.me/dv-lottery-photo-checker

DV Service Bago မှ Format မှန်ကန်တိကျစွာနဲ့ DV တင်ပေးနေပါပြီ 🇺🇸🇺🇸🇺🇸

https://m.facebook.com/story.php?story_fbid=104243915792186&id=100086197326136

01/10/2022

DV တင်ဖို့ 5 ရက်ပဲလိုပါတော့တယ် 🇺🇸🇺🇸🇺🇸🇺🇸🇺🇸

Format မှန်ကန်စွာ DV Photo ပြင်ပေးပြီး အချက်လက်မှန်ကန်စွာနဲ့ DV တင်ပေးဖို့ DV Service Bago မှ ဝန်ဆောင်မှုပေးနေပါပြီ ...

Chat box မှာ လာရောက်ဆက်သွယ် စာရင်းပေးနိုင်ပါပြီ 🇺🇸🇺🇸🇺🇸

First Come,First Served

https://m.facebook.com/story.php?story_fbid=104243915792186&id=100086197326136

25/09/2022

ခုချိန်မှာ အားလုံးအနာဂတ်တွေ ပျောက်ဆုံးနေတယ်လို့ခံစားနေကြရမယ် ဒါပေမဲ့ မနက်ဖြန်ဆိုတာရှိရင် မျှော်လင့်ချက်ဆိုတာ အမြဲရှိနေစမြဲပါ...
Bago မှာ DV service လုပ်ရတာလည်း အနာဂတ်အတွက်မျှော်လင့်ချက်တွေရစေချင်လို့ပါ...

Service charge လည်းမပြောပလောက်ပါဘူး အဓိကက မိသားစုကံ သားသမီးကံတွေနဲ့ ကောင်းမွန်တဲ့အနာဂတ်တခုကို ပိုင်ဆိုင်စေချင်တဲ့စေတနာတွေနဲ့ ကြိုးစားပေးတာပါ...
ကြိုလည်းလွှဲစရာမလိုပါဘူး ...

ပိုကောင်းတဲ့အခြေနေတွေပိုင်ဆိုင်ရတဲ့အခါလည်း တချိန်မှာအခြေစခဲ့ရတဲ့ ဘဝတွေကိုလည်းမမေ့ဖို့ပါပဲ...

လောကမှာ လူသားဆန်စိတ်ပဲအရေးကြီးတာပါ ...

American Dream ဟာမလွယ်ကူပါဘူး ဒါပေမဲ့ အနာဂတ်အတွက်အားလုံးကြိုးစားခွင့်ရှိတယ်လေ...

https://m.facebook.com/story.php?story_fbid=104243915792186&id=100086197326136

25/09/2022

DV2024 အတွက် DV Lottery ကံစမ်းနိုင်ဖို့အတွက် DV Service Bago မှဝန်ဆောင်မှုပေးနေပါပြီခဗျာ....🇺🇸🇺🇸🇺🇸🇺🇸

DV 2024 အတွက် Passport ရှိထားဖို့မလိုတော့ပါဘူး...

DV 2024 ကို မြန်မာစံတော်ချိန် 6ရက်နေ့ 10 လပိုင်းမှ 9ရက် 11 လအထိ ကံစမ်းနိုင်ပါတယ်...

မိသားစုအနာဂတ်အတွက် American Dream အတွက် DV ကိုကံစမ်းကြပါလို့တိုက်တွန်းပါတယ်...

မြန်မာနိုင်ငံမှာ ထိုးတဲ့သူအရမ်းနည်းလို့ ပေါက်ဖို့ရာခိုင်နှုန်းလဲများပါတယ်....
အမြန်ဆုံး Page CB မှာလာရောက်စာရင်သွင်းပေးကြပါခဗျ...
First Come,First Served အနေနဲ့ အစဥ်အတိုင်း ကံစမ်းပေးသွားပါမယ်... 🇺🇸🇺🇸🇺🇸

Service ခကတော့

Single - 5000 kyats
Family - 7000 kyats

ဓာတ်ပုံပါပြင်ပေးပါတယ်ခဗျ...
ငွေကြိုလွှဲစရာလဲ လုံးဝမလိုပါဘူးနော် ထိုးပြီးမှ Digital Signature လေးရမှ ငွေလွှဲပေးရုံပါခဗျ....

Page CB သို့အမြန်ဆုံးဆက်သွယ်စာရင်းပေးနိုင်ပါပြီနော် 🥰

23/09/2022

"၅-၁ဝ က ၈-၁၁ ကြား တင်နိုင်ပြီ"
အတွက် တရားဝင်ညွှန်ကြားချက်ထွက်ပါပြီ။ တင်တဲ့အချိန် ပါ့စပို့ရှိထားဖို့မလိုပါ။ https://dvprogram.state.gov/ ဒီလင့်တစ်ခုထဲကနေ ၅/၁ဝ/၂ဝ၂၂ က ၈/၁၁/၂ဝ၂၂ ကြား အခု မိတ်ဆွေရောက်နေတဲ့နိုင်ငံက တင်ပါ။ ဘာငွေကြေးမှ မပေးရ။ အင်တာနက်ရှိတဲ့ နေရာတိုင်းကနေ တင်ပါ။ မြန်မာနိုင်ငံကဆိုရင် ၆ ရက်နေ့ ည ၁ဝး၃ဝ ရောက်မှနော်။ နောက်ဆုံးရက်ကတော့ နိုဝင်ဘာ ၉ ရက်နေ့ပါ

လိုတာတွေက
၁) 2x2" ပတ်လည် အဖြူနောက်ခံဓာတ်ပုံ
၂) မွေးဖွားတဲ့မြို့
၃) နေရပ်လိပ်စာအပြည့်အစုံ
၄) ရောက်နေတဲ့နိုင်ငံ
၅) အီးမေးလ်လိပ်စာ
၆) ဖုန်းနံပါတ်
၇) ပညာအရည်အချင်း
၈) အိမ်ထောင်ရေးအခြေအနေ
၉) သားသမီးအရေအတွက်

မိသားစုလိုက်လျှောက်ရင်

၁ဝ) မိသားစုဝင်တွေရဲ့ နာမည်
၁၁) မိသားစုဝင်တွေရဲ့ မွေးနေ့
၁၂) မိသားစုဝင်‌တွေရဲ့ မွေးရပ်
၁၃) မိသားစုဝင်‌တွေရဲ့ ဓာတ်ပုံ တို့ဖြစ်ပါတယ်။

လူဦး‌ရေ အများကြီးသိအောင်၊ လူဦးရေ အများကြီးတင်ကြအောင်၊ အမေရိကားကို လူဦးရေ အများကြီး Green Card လေးကိုင်ပြီး အခန့်သားလေး အခြေချနိုင်အောင် အင်တာနက်မိတ်ဆွေသူငယ်ချင်းအပေါင်းက ဆော်သြပေးနေကြတဲ့ ပါ။

ထပ်ပြောချင်တာက တင်ဖို့ဟာ လုံးဝအခမဲ့ပါ။ ၁ နှစ်လုံး ၃၆၅ ရက်ကိုမှ ၃၅ ရက်သာ ဖွင့်ပြီးတင်ခွင့်ပေးထားတာ ဖြစ်ပါတယ်။ အမေရိကန်သမ္မတဟောင်း ဒေါ်နယ်ထရန့် တင်းကျပ်ခဲ့တဲ့ ပါ့စပို့စာအုပ်ရှိမှတင်လို့ရတဲ့ DV Program ဟာပျက်ပျယ်သွားပါပြီ။ အခုနှစ် ပါ့စပို့မရှိဘဲနဲ့တင်ပါ။ ပေါက်ရင်တော့ ပါ့စပို့လိုတော့မှာဖြစ်လို့ အားနေတုန်း အပိုကြေးမပေးဘဲ ကြိုလုပ်ထားကြပါ။

အရေးကြီးတဲ့ နာမည်စာလုံးပေါင်း၊ ‌မွေးနေ့သက္ကရာဇ်၊ မွေးရပ်ဇာတိ အားလုံးမှတ်မိပါစေ။ လက်ခံကို SS နဲ့သာမက စာလုံးပေါင်း-Text နဲ့ပါ ကူးပြီးသိမ်းထားပါ။ ဒါမှသာ မေလ ၂ဝ၂၃ ရောက်တော့ Confirmation Number နဲ့ ပေါက်မပေါက်ပြန်စစ်တဲ့အခါ Error မတက်ဘဲ အေးအေးဆေးဆေး အဖြေရှာနိုင်မှာဖြစ်ပါတယ်။ လူသိပ်သက်သာပါတယ်။ စိတ်ချမ်းသာစေပါတယ်။

အဖြူနောက်ခံ ၂ လက်မပတ်လည် အမေရိကန်ဆိုဒ်ဓာတ်ပုံ အဆင်သင့်ရှိနေပြီလား။ လိုတာတွေကို စာရွက်ထဲ ချရေးထားပြီးပြီလား။ ဘယ်သူ့ကိုမှ မဝေမျှဘဲ ကိုယ်စွမ်းကိုယ်စရှိရှိ လိုအပ်တဲ့ မိမိရဲ့အချက်အလက်အားလုံးကို ထည့်သွင်းလိုက်ရုံနဲ့ ကို အခမဲ့တင်နိုင်ပါပြီ။

Credit

23/09/2022

DV 2024 အတွက် Passport မလိုအပ်တော့ပါဘူးနော် 🥰...

DV ပေါက် မှလုပ်ရုံပဲနော်

23/09/2022

DV ...?

DV ဆိုတာဘာလဲ။ DV ဆိုတာ အရိုးရှင်းဆုံး ​ပြောရရင် စိတ်ကူးယဥ် အိမ်မက်​မြေကို နင်းဖို့ရာ လမ်းစ​လေး တစ်ခုလို့ ​ပြောရမှာ​ပေါ့။

တစ်နည်းအားဖြင့်​ပြောရရင် အ​​မေရိကန်နိုင်ငံကို တရားဝင်အ​ခြေချ​နေထိုင်ခွင့်ရနိုင်တဲ့ အခွင့်အ​ရေး​လေးတစ်ခုပါ။

DV နဲ့ ပတ်သက်တာ​လေး သိသ​လောက်​လေး ​ပြောပြမယ်​နော်...

● DV ကို နှစ်စဥ်ပျမ်းမျှ ​ဖောင်ဖွင့်ချိန် October 5 မှ ​ဖောင်ပိတ်ချိန် November 8 ဒီရက်​လေးအတွင်း ကံစမ်းနိုင်ပါတယ်။ [ ရက်​အ​ပြောင်းအလဲ ရှိပါတယ် ] အချိန်အတိအကျ​လေးကို​တော့ တရားဝင် official website မှာ တင်​ပေးပါလိမ့်မယ်။

● DV တင်ဖို့ Link ​လေးက​​​တော့...
ဟိတ်...ခုတင်လို့ မရ​သေးဘူး​​နော်..

https://dvprogram.state.gov/

● ဘယ်လိုလူ​တွေ ​လျှောက်လို့ရလဲ... အိမ်ထောင်မရှိသူ၊ အိမ်ထောင်ရှိသူ၊ အိမ်ထောင်ကွဲနေသူ ဘယ်သူမဆို အသက် [18] နှစ် ပြည့်ပြီးသူ ဖြစ်ရပါမယ်။
[ တစ်​ဦးကို တစ်နှစ်မှာ [1]ကြိမ်သာ လျှောက်ထားခွင့်ရှိပါသည် ]

အိမ်​ထောင်မရှိသူအ​နေနဲ့က ကိုယ့်တွက်တစ်​စောင်​လျှောက်ရင် ရပါပြီ။

အိမ်​ထောင်ရှိသူအ​နေနဲ့ဆို အမျိုးသားတစ်​စောင်၊ အမျိုးသမီးတစ်​လျှောက်ရပါမယ်။ က​လေးရှိမယ်ဆို ကိုယ်က​လေးက အသက် [21] နှစ်​အောက်လည်း ဖြစ်တယ်ဆိုရင် ကိုယ်က​လေးကို ကိုယ်နဲ့အတူ က​လေးရဲ့ အချက်အလက်​​တွေပါ ဖြည့်သွင်း​ပေးရပါမယ်။

အမျိုးသား တစ်​စောင်လျှောက်ရာမှာ အမျိုးသားရဲ့ ​ဖောင်မှာ ကိုယ့်အမျိုးသမီးနဲ့ ကိုယ့်က​လေးကို ထည့်သွင်း​ဖောင်တင်​ပေးရပါမယ်။

အမျိုးသမီး တစ်​စောင်လျှောက်ရာမှာ အမျိုးသမီးရဲ့ ​ဖောင်မှာ ကိုယ့်အမျိုးသားနဲ့ ကိုယ့်က​လေးကို ထည့်သွင်း​ဖောင်တင်​ပေးရပါမယ်။

အသက် [21] နှစ်အထက် က​လေးများ မိဘနဲ့ တွဲခို ​လျှောက်ခွင့်မရှိပါ။

● ပညာအရည်အချင်းအ​နေနဲ့ဆို DV Form တင်သူတိုင်းဟာ အနိမ့်ဆုံး ဆယ်တန်း​အောင်ထားရပါမယ်။ အဲ့လို​ပြောပြီးဆို ​မေးတဲ့လူက ရှိ​သေးတယ် ဘွဲ့ရဆို​ရင်​ရောတဲ့။ ဘွဲ့ရဆိုတာ ဆယ်တန်း​အောင်သူထက်​တောင် သာ​တယ်​လေ၊ ​မေးစရာလို​သေးလို့လား။

ဥပမာအ​​နေနဲ့ မိသားစုတစ်စုမှာ အမျိုးသမီးက ဆယ်တန်း​အောင်ထားတယ်ဆိုပါစို့ သူ့အမျိုးသားက ပညာမရှိဘူးဘဲထားပါ​တော့၊ ဒါမျိုးဆို အမျိုးသမီးကဘဲ ဦး​ဆောင်​လျှောက်ခွင့်ရှိပါမယ်​နော်။

ဆယ်တန်းမ​အောင်တဲ့သူကျ​တော့ ​လျှောက်လို့ မရဘူးလားဆို အဲ့လို့လည်း မဟုတ်ပါဘူး။ အ​မေရိကန်​နိုင်ငံက သတ်မှတ်ထားတဲ့ အလုပ်မျိုးကို အလုပ်သက်တမ်း [2] နှစ် အထက်ရှိရင် ​လျှောက်ထားခွင့်ရှိပါတယ်။

ကဲ...ဒီ​လောက်ဆို နည်းနည်း သိ​လောက်ပြီ ထင်တယ်​​နော်..

တစ်နှစ်ကို ​ဖောင်နှစ်ခါတင်မိရင်​တော့ စာဖတ်သူ​လေး​တွေရဲ့ ​ဖောင်က အလိုလိုပယ်ခံရပါလိမ့်မယ်၊ မ​မေ့နဲ့​​နော်။

Want your hotel to be the top-listed Hotel in Bago?
Click here to claim your Sponsored Listing.

Videos (show all)

DV Service ယူပြီး ကံထူးတဲ့မိသားစုတွေကို US ရောက်တဲ့ထိ မြန်မာပြည်မှာလုပ်ရတဲ့ ကိစ္စတွေအားလုံး သံရုံး Interview ဝင်တဲ့အချိန...

Website

Address

Bago
Bago
08011

Other Service Apartments in Bago (show all)