BMN Fiber

BMN Fiber

internet service

09/12/2023

Send a message to learn more

Photos from BMN Fiber's post 06/12/2023

Submarine Cable Map For Myanmar.
******************************************
နိုင်ငံတကာမှ သတင်းအချက်အလက်များကို ရေအောက် ဝါယာကြိုးမှ တစ်ဆင့် အပြန်အလှန်ပေးပို့နေကြပါတယ်။ အဆိုပါ ကြိုးများကိုတော့ Submarine Communications Cables ခေါ် ပြီး မိုင်ပေါင်း ရာ၊ ထောင် ချီ အရှည်ရှိပါတယ်။
ပင်လယ်ရေအောက်မှာ အဆိုပါကြိုး သွားလာပုံ၊ အင်တာနက်လိုင်း အတွက် မြန်မာနိုင်ငံမှ ရယူသုံးစွဲသည့်ကြိုးအမည်များနှင့် Locations များကို ဗဟုသုတအဖြစ် မသိသေးသူများအတွက် သိသလောက် ‌ဖော်ပြပေးလိုက်ပါသည်ခင်ဗျာ။

မြန်မာနိုင်ငံသို့ ဆက်သွယ်ထားသော ကြိုးနှင့် နေရာများ
******************************************************
1. SeaMeWe -3 (Pyapon) (September 1999)
2. Asia Africa Europe - (Ngwe Saung) (june 2017)
3. SeaMeWe -5 (Ngwe Saung) (December 2016)
4. MIST (Ngwe Saung) (-)
5. SIGMAR (Singapore - Myanmar) - (Thanlyin) (2020)

# #2022 ခုနှစ်က ပြုစုရေးသားခဲ့ခြင်းဖြစ်ပါသည်။

မူရင်းရေးသူ

Photos from BMN Fiber's post 01/12/2023
3 May 2023 01/12/2023

3 May 2023

XiaoYing Video 1501131187992 01/12/2023

XiaoYing Video 1501131187992 my love vedio

02/10/2023
How to change the channel signal type of GUI4.0 DVR 06/08/2023

How to change the channel signal type of GUI4.0 DVR This document shows how to change the channel signal type of GUI4.0 DVR

Smart Light,Smart Color event ဆိုင်များ-Shwe Myint Mho 22/07/2023

Smart Light,Smart Color event ဆိုင်များ-Shwe Myint Mho ချစ်ခင်လေးစားအပ်ပါသော လူကြီးမင်းများ အားလုံးမင်္ဂလာပါရှင်။ ၆လပိုင်းတွင် ကျင်းပပြုလုပ်ခဲ့တဲ့ hybrid light eventလေးပြ....

3 May 2023 25/06/2023

Please and my youtube channel

3 May 2023

23/05/2023

အကြိုက်ဆုံးစကားစုတစ်ချို့

🐋ငါးကြီးကြီး လိုချင်ရင်
ပင်လယ်ထဲကို သွားပါ ။
ဒါပေမယ့် •••
မုန်တိုင်းတော့ ရှိပါလိမ့်မယ် ။

🐦 ဘဝကို ကြက်တူရွေးလို မနေဘဲ
🦅 သိန်းငှက်လို ကျင့်ကြံပါ
🐦 ကြက်တူရွေးက စကားတတ်ပေမဲ့
မြင့်မပျံနိူင်ဘူး

🦅 သိန်းငှက်က နူတ်ဆိတ်ပေမဲ့
မိုးထိအောင် ပျံနိူင်တယ် ။

🚣‍♂️ ကြိုးစားတဲ့ လူတိုင်းက •••
မအောင်မြင်ပါဘူး
ဒါပေမယ့် •••
အောင်မြင်နေတဲ့ သူတိုင်းက •••
ကြိုးစားခဲ့ကြပါတယ် ။

🚶 လမ်းပျောက်နေလို့
စိတ်ဓာတ်မကျပါနဲ့ •••
ကိုယ်လျှောက်မယ့် လမ်းက
ကိုယ်တိုင်ဘဲ ဖောက်ရမှာပါ ။

🔹 လူ့ သက်တမ်းက •••
အကန့်သတ်ရှိတာ မှန်ပါတယ်
ဒါပေမဲ့ သင့်ကြိုးစားမှု့ ရလဒ်ကတော့ အကန့်သတ် မရှိပါဘူး ။

အစိတ်စိတ် ကွဲနေတဲ့
ဖန်ကွဲစက ပြောတယ် ဖြစ်ပြီးမှ
နောင်တရနေရင် အလကားဘဲ ။

🖊️ဘောပင်က ပြောတယ်
မှင်ကုန်ရင် လွင့်ပစ်လိုက်ပါတဲ့
မင်းအတွက် အသုံးမဝင်တာကို
သိမ်းမထားပါနဲ့တဲ့

တံခါးပေါက်က ပြောတယ် •••
ငါ့ကို ဖွင့်ပီး
မင်းအောင်မြင်မှု့ လမ်းကြောင်းကို
ရောက်အောင် သွားတဲ့ ။

💡 မီးသီးကပြောတယ် •••
ဘဝကို တောက်ပအောင် လုပ်ပါတဲ့ ။

ပြတင်းပေါက်က မြင်ရတဲ့
လမင်းက ပြောတယ်
ရည်မှန်းချက်ကို မြင့်မြင့်ထားတဲ့

📆 ပြက္ခဒိန်ကပြောတယ်
ကုန်လွန်သွားတဲ့ ရက်စွဲတွေက
နောက်ပြန်လှည့်လို့ မရဘူး

📙 စာအုပ်တွေကပြောတယ်
ဗဟုသုတကို ဝယ်လို့မရဘူး
ဖတ်ပြီး မှတ်လို့ဘဲ ရတယ် ။

🗡️ ဓားတစ်လက်က ပြောတယ်
မသုံးဘဲထားရင်
တုံးသွား လိမ့်မယ်တဲ့ ••

⌚ နာရီလေးက ပြောတယ် •••
အချိန်ဆိုတာနောက်ပြန်မရနိူင်ဘူး။

🥛 ရေသန့်ဘူးက ပြောတယ်
စိတ်ကိုကြည်လင်အောင်ထား
ဘဝကို သန့်ရှင်းအောင်နေတဲ့ ။

💵 ပိုက်ဆံလေးက ပြောတယ် •••
များများ သုံးချင်ရင်များများရှာတဲ့။
Crd

23/05/2023

I have reached 200 followers! Thank you for your continued support. I could not have done it without each of you. 🙏🤗🎉

10/02/2023

ဝန်ထမ်းတွေဟာ "ကိုယ့်အကျိုးအတွက်"
အလုပ်ကြိုးစားသင့်တယ်

ဒါလေးက ရိုးရိုးလေးပေမယ့် အလွန်အရေးပါတဲ့ သဘောသဘာဝတစ်ခုပါ။
အလုပ်ရှင်ကောင်းသည်ဖြစ်စေ၊ ဆိုးသည်ဖြစ်စေ၊ အလုပ်ကြိုးစားရပါတယ်။
ကိုယ့်ရဲ့ ကြိုးစားမှုသည် ကိုယ့်အကျိုးတွက်သာမက အလုပ်ရှင်အတွက်ပါ အကျိုးရှိပါတယ်

အလုပ်မှာ တက်ကြွကြိုးစားသူတစ်ဦးဟာ -

၁။ လုပ်ဖော်ကိုင်ဖက်တွေရဲ့
ယုံကြည်အားကိုးမှုတွေရမယ်။

၂။ ကိုယ်နဲ့အလုပ်လုပ်လိုက်ရတဲ့
Client တွေ Partner တွေရဲ့ ယုံကြည်မှုနဲ့ အသိအမှတ်ပြုမှု ကိုရမယ်။

၃။ ဒီလူတွေက ကိုယ့်အတွက်ဆိုရင် ထောက်ခံချက်တွေပေးကြလို့ အနာဂါတ်အလားအလာတွေ
ပိုပွင့်လာမယ်။

၄။ လုပ်ငန်းတာဝန်တွေ ယုံကြည်အပ်နှံခံရလို့ အတွေ့အကြုံတွေ ကြွယ်ဝလာမယ်။

၅။ တစ်ချိန်မှာ ပိုကောင်းတဲ့အလုပ်ဆိုတာ လိုက်ရှာစရာတောင် မလိုတော့ဘဲ ကိုယ့်ကိုဆိုရင် ခေါ်ချင်လို့ တန်းစီနေကြတဲ့သူတွေထိ ရှိလာနိုင်ပါမယ်။

၆။ ကိုယ့်ရဲ့ ပညာစွမ်းအား၊ ဉာဏ်စွမ်းအား၊
ကာယစွမ်းအားတွေဟာ
ဝန်ထမ်းဘဝမှာ ကြိုးစား အားထုတ်မှု မရှိဘူးဆိုရင်၊
ကိုယ်ပိုင်လုပ်ငန်းလုပ်ဖို့အတွက်ဖြစ်စေ၊ ဝန်ထမ်းအနေနဲ့ဆက်၍ရှိနေဦးမည်ဖြစ်စေ တိုးတက်လာဖို့ထက် ဆုံးရှုံးနိုင်တာက ပိုများလာပါလိမ့်မယ်.

ကိုယ့်ရဲ့ကြိုးစားအားထုတ်မှုကြောင့်
အလုပ်အတွက်တင် အကျိုးရှိသွားတာ မဟုတ်ဘဲ
ကိုယ့်အတွက်လည်း ဒီလိုတွေ ဒီလိုတွေ
အကျိုးရှိသွားတယ် ဆိုတာကို သတိပြုမိကြဖို့ လိုအပ်ပါတယ်။ အလုပ်ကြိုးစားတယ်ဆိုတာ ကိုယ့်ကိုယ်ကိုယ် တည်ဆောက် နေခြင်းပါပဲ။

ပရော်ဖက်ရှင်နယ် အလုပ်တွေတင် မကပါဘူး၊ အိမ်ဖော်၊ သန့်ရှင်းရေး စသည်ဖြင့် အောက်ခြေသိမ်းအလုပ်တွေ လုပ်ရတဲ့သူတွေမှာတောင်မှ ကြိုးစားရင်ကြိုးစားသလို ဒီလိုအကျိုးရလဒ်တွေက ရနေနိုင်ပါတယ်။
ကိုယ်တိုင်လည်း လုပ်ငန်းရှင်ကြီး မဟုတ်ပေမယ့် အလုပ်ပေးဖို့ ကြုံလာတိုင်းမှာ ကျွမ်းကျင်မှုချင်းတူရင် ကြိုးစားအားထုတ်မှုနဲ့ Attitude ပိုင်း ကောင်းသူကို ဦးစားပေးပြီး ပေးဖြစ်တာချည်းပါပဲ။
ဒီအပိုင်းမှာ အများစုလည်း အတူတူပဲ ဖြစ်ပါလိမ့်မယ်။

ကိုယ်တိုင် ဝန်ထမ်းမဟုတ်လို့ ပြောတာလည်း မဟုတ်ပါဘူး။ လက်ရှိဝန်ထမ်း မဟုတ်တော့ပေမယ့် တစ်ချိန်က ဝန်ထမ်းလုပ်ခဲ့စဉ်မှာလည်း အမြဲတမ်းတစ်လျှောက်လုံး ဒီမူအတိုင်းပဲ ကိုယ်တတ်စွမ်းသမျှ အမြဲကြိုးစား လုပ်ကိုင်ဖြစ်ခဲ့ပါတယ်။ အဲ့ဒီလို လုပ်ခဲ့တဲ့ အကျိုးတွေကို နောင်တစ်ချိန်မှာ ပြန်ခံစားရတာလည်း ကိုယ်တွေ့ပါပဲ။

ဒီလိုပြောလို့ ဘာပဲနေနေ ကျွန်ခံသလို ပေတေပြီး အနစ်နာခံ အလုပ်လုပ်ရမယ် ဆိုတာမျိုးလည်း မဟုတ်ပါဘူး။
ကိုယ်ကကြိုးစားပြနေလို့လည်း ဘာမှဖြစ်မလာဘူး ဆိုတဲ့ အခြေအနေတွေ ရှိနိုင်တာလည်း အမှန်ပါပဲ။ ကိုယ်ကသာ ကြိုးစားလိုက်ရတာ...
ထန်းတက် လက်မှတ်ရပြီး ခိုင်းဖတ်ပဲ ဖြစ်သွားတယ်၊ ပြောခဲ့တဲ့ အကျိုးရလဒ်တွေ တစ်ကယ်တမ်းလည်း ရှိနေဘူး ဆိုတာမျိုးကလည်း ဖြစ်နိုင်တာပါပဲ။
ဒီလောက်ကြိုးစားလို့တောင်မှ ကိုယ့်အတွက် အကျိုးမရှိ ဖြစ်နေလို့ "မကြိုးစားတော့ဘူးကွာ" ဆိုရင်တော့ ကိုယ်ပဲ နစ်နာပါတယ်။ ပြန်မရနိုင်တဲ့ အချိန်တွေ ဘာမှဖြစ်မလာဘဲ အကျိုးမဲ့ ဆုံးရှုံးသွားတဲ့ အတွက်ကြောင့်ပါ။
အဲ့ဒီပါတ်ဝန်းကျင်၊ အဲ့ဒီအလုပ်ကို စွန့်ခွာခြင်းသည်သာ အကောင်းဆုံး ဖြစ်ပါလိမ့်မယ်။
ဒါလည်းပဲ ပြောသာပြောရတာပါ။ အကျိုးမရှိ နစ်နာနေပေမယ့် မတတ်သာလို့ ဒီအလုပ်ကို ခွာလို့မရသေးဘူး ဆိုတာမျိုးတွေလည်း အများကြီး ရှိနိုင်တာပါပဲ။ ကိုယ့်အလုပ်အကြောင်း ကိုယ်တိုင်သာလျှင် အသိဆုံးဖြစ်မှာပါ။ အခုလိုတွေရှည်ရှည်ဝေးဝေး လျှောက်ပြောနေပေမယ့် ဆိုလိုရင်းအနှစ်ချုပ်က တစ်ခုတည်းပါ -

"အလုပ်ရှင်ကောင်းသည်ဖြစ်စေ၊ ဆိုးသည်ဖြစ်စေ၊ ဝန်ထမ်းတွေဟာ ကိုယ့်အကျိုးအတွက် အလုပ်ကြိုးစားသင့်တယ်" ဆိုတဲ့အချက်ပဲ ဖြစ်ပါတယ်။

ဒါဟာ အတွေ့အကြုံပေါ် အခြေခံတဲ့ အမြင်တစ်ခုဖြစ်ပြီး ကိုက်ညီမှုရှိရင် ယူနိုင်ပါတယ်။ ကိုယ့်အနေအထား ကိုယ့်အခြေအနေနဲ့ မကိုက်ညီရင်တော့လည်း ပယ်လိုက်နိုင်တာပါပဲ။

အားလုံးပဲ အဆင်ပြေကြပါစေ။
Credit : Sir Ei Maung
Ref : Sir Ei Maung

Photos from BMN Fiber's post 01/01/2023

Ruijie လဲသုံပေးပါတယ်
Wifi Lan Service ရပါတယ်
zawzawnaing
09264118216

Photos from BMN Fiber's post 20/11/2022

အလုပ်ပိတ်ရပ်

Photos from BMN Fiber's post 17/07/2022

ကျွန်တော်ရဲပထမဦဆုံ Fiber cabeling and Installation အတွက်အထူပင်ကျေးဇူတင်ပါတယ်

06/04/2022

Wi-Fi တပ်ဆင်ထားပြီး အိမ်ရဲ့နေရာအနှံ့
Wi-Fi လိုင်းမမိတဲ့ပြသာနာကို ကြုံနေရပြီလား?

ဒါဆိုရင်တော့ အိမ်ရဲ့နေရာအနှံ့ လိုင်းကောင်းကောင်းနဲ့

သုံးလို့အဆင်ပြေအောင် နောက်ထပ် Router တွေနဲ့

‌Wi-Fi Network Area ထပ်ချဲ့ပေးတဲ့ ဝန်ဆောင်မှုကိုတော့

ကျွန်တော် zaw zaw naing မှာ အမြန်ဆုံးဆောင်ရွက်ပေးနေပြီးနော်

Wi-Fi Network Extender Service နဲ့ ပတ်သတ်ပြီး

အသေးစိတ် သိရှိလိုပါကလည်း Ph:09-954449488
/09264118216 ကို

ဆက်သွယ်ပြီးတော့လည်း မေးမြန်းနိုင်ပါတယ်နော်...

“Wi-Fi Installation Serviceတွေအပြင် CCTV Installation/

Maintenance Serviceတွေကိုလည်း Customerစိတ်တိုင်းကျ

သည်အထိ အမြန်ဆုံး ဆောင်ရွက်ပေးနေပြီးနော်”

09/02/2022

Static Route and Dynamic Route
===========================

🅰️ မတူညီတဲ့ network ၂ ခု communication လုပ်ဖို့ routing protocol ကို သုံးရပါတယ်။ Routing Protocol ဆိုတာ layer 3 device အချင်းချင်း routing information exchange လုပ်တဲ့ protocol တခု ဖြစ်ပါတယ်။
🅰️ Routing protocol ၂ မျိုး ရှိပါတယ် static route နှင့် dynamic route ဖြစ်တယ်။
🅰️ Static route က Network Engineer ကိုယ်တိုင် manually configure ချရပါတယ်
🅰️ Dynamic route မှာ IGP နှင့် EGP ဆိုပြီး ရှိပါတယ်။
🅰️ same AS အတွင်း အလုပ်လုပ်တဲ့ protocol ကို IGP လို့ခေါ်ပြီး different AS အတွင်း အလုပ်လုပ်တဲ့ protocol ကို EGP လို့ခေါ်ပါတယ်။
🅰️ Distance vector (RIP), Link state (OSPF), Advance distance vector (EIGRP) တို့က same AS အတွင်း အလုပ်လုပ်တဲ့ protocol များဖြစ်ပါတယ်။
🅰️ EGP ရဲ့ တခု တည်း protocol ကတော့ BGP (path vector routing protocol) ဖြစ်ပါတယ်။ Routing table ကို တည်ဆောက်ပေးတဲ့ ip ကို routed protocol or routable protocol ခေါ်ပါတယ်။

16/01/2022

What is Networking?

-Networking ဆိုတာ Computer , Phone , Devices တွေတစ်ခုနဲ့တစ်ခု Data တွေ Sharing လုပ်ဖို့အတွက် အသုံးပြုတဲ့နည်းပညာတစ်ခုဖြစ်တယ်ဆိုတာ ရှေ့မှာလည်းပြောပြခဲ့ပီးဖြစ်ပါတယ်။Data လို့ပြောတဲ့နေရာမှာလည်း Photo,Video,Email,Files တွေစတဲ့ အရာအားလုံးကိုရည်ညွှန်းတာဖြစ်ပါတယ်။

What is Internet?

-Internet ဆိုတာကတော့ ကမ္ဘာပေါ်မှာရှိတဲ့ Network ချိတ်ဆက်ပီးအသုံးပြုနေတဲ့ အဖွဲ့အစည်းအားလုံးကို အချင်းချင်း Network ပြန်ချိတ်ထားတာဖြစ်ပါတယ်။ဥပမာ-လူအသုံးများတဲ့ Facebook ဆိုတဲ့ Company တစ်ခုရှိမယ် ၊ YouTube ဆိုတဲ့ Company တစ်ခုရှိမယ် ၊ Google ဆိုတဲ့ Web Services ပေးနေတဲ့ Organization တစ်ခုရှိမယ် ဆိုပါစို့။ သူတို့ဟာ သူတို့ Company အတွင်းမှာရှိတဲ့ ဌာန တွေအချင်းချင်း အလုပ်မြန်မြန်ပီးအောင် Data တွေ ကို မြန်မြန်ဆန်ဆန်ပေးပို့ဖို့ Network ချိတ်ဆက်ထားကြပါတယ်။ ကမ္ဘာပေါ်မှာ အခုလို Organization ပေါင်းမရေမတွက်နိုင်အောင်မြောက်များစွာရှိကြပါတယ်။အဲ့လို Organization ပေါင်းမြောက်များစွာ အချင်းချင်း Network ချိတ်ဆက်ထားတာကို Internet လို့ခေါ်ပါတယ်။ ဆိုရရင်တော့ ရန်ကုန်တိုင်းဆိုတာကလည်း မြို့နယ်ပေါင်း ၄၅ မြို့နယ်ပေါင်းပီးဖြစ်လာတာဖြစ်ပါတယ်။ ဒီတော့ Internet ဆိုတာကလည်း Organization ပေါင်းမြောက်များစွာချိတ်ထားတဲ့ Network တစ်ခုပါပဲ ၊ သူ့ကိုတော့ Wide Area Network လို့ခေါ်ပါတယ်။ ရှေ့ဆက်ပီး Local Area Network ဆိုတာကဘာလဲ ၊ Wide Area Network ဆိုတာကဘာလဲ ဆိုတာကို ဆက်လက်ပီး Knowledge Sharing လုပ်ပေးသွားမှာဖြစ်တဲ့အတွက် Page ကို Follow လုပ်ထားစေချင်ပါတယ်။

What is Network Latency?

-Network Latency ဆိုတာကဘာလည်းဆိုတော့ Source( ပေးပို့သူ ) ကနေ Destination ( လက်ခံသူ ) ဆီကို Data ပေးပို့တဲ့အချိန်ကြာချိန်ကိုဆိုလိုတာပါ။ကဲမိတ်ဆွေတို့အနေနဲ့ရိုးရိုးလေးစဉ်းစားကြည့်ကြရ အောင်။ ရန်ကုန်ကနေ မန္တလေးကို ပစ္စည်း တစ်ခုကို ကား၊ရထား၊လေယာဉ် ကြိုက်တာနဲ့ပို့ပါ အဲ့ဒီပစ္စည်းဟာ ရောက်ဖို့အချိန်က တစ်ရက်ကြာသည်ဖြစ်စေ တစ်ပတ်ကြာသည်ဖြစ်စေ ရောက်ရှိဖို့ရန်အတွက် အချိန်တစ်ခုကို စောင့်စောင့်ဖို့လိုအပ်ပါတယ်။ Network မှာတော့ Data တစ်ခုဟာတစ်ဖက်ကိုရောက်ရှိဖို့အတွက် စောင့်ရတဲ့ အချိန်ကိုတော့ Latency လို့ခေါ်ပါတယ်။ Network ပဲဖြစ်ဖြစ် Internet ပဲဖြစ်ဖြစ် ကောင်းမကောင်းဆိုတာက Latency ပေါ်မှာလည်းမူတည်ပါတယ်။Internet ပေါ်က Movie(Data) တစ်ခုခုကို Download ဆွဲတယ်ဆိုရင် Latency ကအကြောင်းကြောင့် ကြန့်ကြာနေတယ်ဆိုရင်တော့ မြန်မြန်ဆန်ဆန်ရရှိမှာမဟုတ်ပါဘူး။မိတ်ဆွေတို့ကိုအကြံတစ်ခုခု ပေးချင်တာကတော့ Theory တစ်ခု ခုခုကိုလေ့လာတဲ့အခါမှာ ကိုယ့်နားလည်နိုင်မယ့် ကိုယ့်အနီးနားက ကိုယ်နားလည်နိုင်မယ့် အရာတစ်ခုခုနဲ့ ယှဉ်တွဲပီးစဉ်းစားစေချင်ပါတယ်။

What is the unit of Latency?

-Network ရဲ့ကြာချိန်ကို တိုင်းတာ ကတော့ milliseconds နဲ့တိုင်းတာပါတယ်။ Unit ကိုတော့ ms နဲ့ဖော်ပြပါတယ်။ တစ်စက္ကန့်ဟာ တစ်ထောင်မီလီစက္ကန့်နဲ့ညီမျှပါတယ်( 1 sec = 1000 ms )။ ဒီတော့ 1 ms ဟာ 0.001 sec နဲ့တူတူပါပဲ။ ဒီ Formula ကိုကြည့်လိုက်မယ်ဆိုရင် 1ms ဆိုတာဟာ လူတိုင်း သတိ‎မထားမိလိုက်တဲ့ အချိန်တစ်ခုလို့တောင်ပြောလို့ရပါတယ်။ ဒီတော့ Internet တစ်ခုကိုရွေးမယ်ဆိုရင် အဓိက ကိုယ်က ဘာ Service တွေကိုသုံးချင်တာလဲ ဆိုတာကိုစဉ်းစားရမှာဖြစ်ပါတယ်။ဥပမာ Facebook သုံးချင်တာဆိုရင် ကိုယ်သုံးမဲ့ Service Provider ကနေ Facebook ကိုသွားမယ့် Latency ဘယ်လောက်ရှိလဲဆိုတာ သိရှိရန်လိုအပ်ပါတယ်။ဒါကြောင့် Latency ဆိုတာကလည်း Network ပဲခေါ်ခေါ် Internet ပဲခေါ်ခေါ် ၊ Internet/Network တစ်ခုခုလိုအပ်လာပီဆိုရင်တော့ Latency ဟာလည်း အရေးကြီးတဲ့ အခန်းကနေ ပါဝင်ပါတယ်။ Latency နည်းလေ ကိုယ့်ရဲ့ Network/Internet ရဲ့ Performance ကောင်းလေလေ လို့သတ်မှတ်လို့ရပါတယ်။

What is Bandwidth?

-Bandwidth ဆိုတာကတော့ Internet မှာရတဲ့ Speed ပါပဲ။တစ်နည်းအားဖြင့်ကိုယ့်ရဲ့ Network မှာ Data တွေကို ဟိုဘက်ဒီဘက်အမြန်ဆုံး ပို့ပေးနိုင်တဲ့ အမြန်နှုန်းကို ခေါ်တာပါ။ ခရီးလမ်းတစ်ခုကို ကားနဲ့သွားမယ်ဆိုရင် အဲ့ဒီကားဟာ သူသွားတဲ့ လမ်းပေါ်မှာ တစ်နာရီကို ဘယ်လောက် ကီလိုမီတာ အထိမောင်းနိုင်တယ်ဆိုတာကို သတ်မှတ်ပီးသားဖြစ်ပါတယ်။

-ကိုယ့်ချင်တဲ့ နေရာကို Network လမ်းကြောင်းရှိလား မရှိလား ၊ Network မိလား မမိလား ကြည့်ချင်ရင်တော့

ping www.facebook.com
ping www.google.com
ping www.youtube.com

ဆိုပီး Computer ရဲ့ Command Box ကနေ ရိုက်ထည့်ပီးအခုလို စမ်းးကြည့်နိုင်ပါတယ်၊ ဖုန်းမှာရင်တော့ Network Tools ဆိုတဲ့ Application ကို Download ဆွဲပီး စမ်းနိုင်ပါတယ်။ စမ်းကြည့်လိုက်ပီဆိုရင်တော့ သူရဲ့ Output မှာ ms ဆိုပီး Latency နဲ့ဖော်ပြမှာဖြစ်ပါတယ်။ကိုယ်က Internet သုံးနေတယ် Facebook ကို Connection မိလားမမိလားဆိုတာကိုလည်း အခုလို Troubleshoot လုပ်နိုင်ပါတယ်။

-Internet မှာ ကိုယ့်ရဲ့ Bandwidth ဘယ်လောက်ရလဲဆိုတာကိုတော့ ရှေ့ရက်တွေမှာ ပြောပြခဲ့ပီးဖြစ်တဲ့ www.speedtest.net မှာသိရှိနိုင်ပါတယ်။

-ကဲဒီတော့တော့ Networking,Internet, Latency, Unit, Bandwidth တို့အကြောင်းကို နားလည်လောက်ပီလို့ထင်ပါတယ်။ သိရှိချင်တာများရှိရင်လည်း Page Messenger ကိုလာရောက်မေးမြန်းနိုင်ပါတယ်။
-အခုလို Knowledge Sharing လုပ်ပေးရတဲ့အကြောင်းကတော့ ကိုယ့်နိုင်ငံက လူငယ်တွေ အနာဂတ်လမ်းတွေပျောက်နေတဲ့အချိန်မှာ နည်းပညာ တစ်ခုခုကို လေ့လာလို့လာအောင် တစ်ဖက်တစ်လမ်းကနေ ကိုယ်တတ်နိုင်တဲ့ အရာတစ်ခုခုနဲ့ လက်တွဲခေါ်ခြင်းဖြစ်ပါတယ်။

ဘေးအန္တရာယ် ခပ်သိမ်းကင်းဝေးကြပါစေ

Photos from BMN Fiber's post 18/09/2021

အိမ်မတ်တွေကစျေးကြီးတယ်

၂၈သိန်းပါ
KBZ mobile banking/cashကြိုက်တာပေးလို့ရပါတယ်

Photos from BMN Fiber's post 04/09/2021

Router တွေ၊ WiFi Mesh တွေထဲကို VPN ဘယ်လိုထည့်လဲ မေးတော့လဲ ကိုယ့်မှာရှိနေတဲ့
- WiFi 6 WiFi Mesh
- AC WiFi Mesh
- AX-50 WiFi 6 Router
- Archer C6
- Archer C80
- Archer C24
ပစ္စည်းတွေနဲ့ ထစမ်းရတာပေါ့။ စမ်းပြီးသလောက်အားလုံးနဲ့ OK ပါတယ်။ ကျန်တဲ့ဟာတွေလည်း ပြေမှာပါ။

Compliance ဖြစ်အောင်လို့ ExpressVPN လိုင်စင် နဲ့ဟာကို ထည့်စမ်းထားပါတယ်။
လိုင်စင်က‌တော့ Vendor ပေါ်မူတည်ပြီး ဈေးနှုန်းနဲ့ ရရှိမည့် အကောင့်အရေအတွက်ကွာနိုင်ပါမည်။

💢 ကိုယ့်လည်းလက်ဆောင်ရထားတဲ့ တကောင့်ကို ဖုန်းထဲထည့်ရင် ကိုယ်တယောက်ထဲပဲ သုံးရမယ်။☝️
💢 Router ထဲထည့်လိုက်တော့ Router ကိုလာချိတ်တဲ့သူအားလုံး သုံးလို့ရမယ်။👌👌

ထည့်ပုံကတော့ ကလေးတောင်ထည့်တတ်ပါတယ်..
✅ Router ဆိုရင် WebUI or App အဆင်ပြေရာသုံးပါ။ ပြီးရင် Advanced ထဲက Network အောက်က Internet > Internet Connection Type မှာ L2TP ရွေးပါ။ အောက်မှာ User Name / Password ထည့်ပြီး VPN Server မှာ ကိုယ်နဲ့အဆင်ပြေမည့် Server ထည့်ပေးပါ။
ပြီးရင် Mode ကို Auto ထားပြီး Connect ဆိုရင် ရပါပြီ။

✅ Deco WiFi Mesh တွေကတော့ App ကနေပဲထည့်ရမှာဆိုတော့ App ထဲက More > Advanced > Internet Connection Type မှာ L2TP ရွေးပြီး Username/Password ရယ် VPN Server ထည့်လိုက်ရင်ရပါပြီ။

29/08/2021

အိမ်အောက်မှာ လိုင်းမိပီး အိမ်ပေါ်မှာ လိုင်းမကောင်းတာတေ

တေအတွက် Wifi လိုင်းခွဲဖို့လိုရင်

Hello လိုက်နော်--> 09954449488

Want your business to be the top-listed Computer & Electronics Service in Dagon?
Click here to claim your Sponsored Listing.

Telephone

Website

Address

Mya Nandar Street
Dagon

Other Dagon computer & electronics services (show all)
Hi Internet Hi Internet
No. 21, Room(2), Yaw Min Gyi Street, Ground Floor
Dagon, 11451

Lotaya 2D Lotaya 2D
NO. 9, Pyay Road
Dagon, 11231

*2D/3D ဒိုင် တိုက်ရိုက်ပါ။*2Dအဆ80၊ 3Dအဆဒဲ့600။ *CBမှတဆင့်ယုံကြည်စိတ်ချစွာ ဂဏန်းတင်လို့ရပါပီ။

Alibaba Cloud ACPN MM Alibaba Cloud ACPN MM
1052, Yadanar Pon 5St, 133Ward, Easr
Dagon, 11451

We are an agency partner to promote Alibaba Cloud products and solutions to our customers in Myanmar.

Outline private VPN Outline private VPN
အဝေးပြေးကားဂိတ်
Dagon

အကောင်းဆုံးvpnလိုနေပါသလား?

Tiger Net Fiber Internet Tiger Net Fiber Internet
Dagon

အသေးစိပ်သိရှိလိုပါက 09452677341ကိုယ်ဆက်သွ?

FTTH HiInternet FTTH HiInternet
MS-2 Tower , DolBe Street, MingalarTaungNyunt
Dagon, 16298

ကန့်သက်ချက်တွေ မေ့လိုက်ပါ

Wiki Internet Myanmar Wiki Internet Myanmar
Yankin
Dagon

မြန်မာပြည်မှာအတန်ဆုံး Fiber Internet ကို ဈေး?

Wireless WiFi Router Wireless WiFi Router
Dagon, 192KABARAYEPAGODARD,YANGON

FTTH Yangon WiFi FTTH Yangon WiFi
Yangon
Dagon

Mytel Wifi မှကြိုဆိုပါတယ် . ၂ရက်တွင်း လာရောက်တပ်ဆင်ပေးပါသည်. 09 695 433 300 ကိုဆက်သွယ်၍ တပ်ဆင်နိုင်ပါပြီ

Mytel Yangon Mytel Yangon
Maung Makanthar Street
Dagon

Fiber To The Home Services in Yangon Call now �09679087925� Viber �09679087925