Learners' Yatwon

Learners' Yatwonသည် ပညာရေးဆိုင်ရာInformationနှင့်Adviceများကို မျှဝေပေးသောpageဖြစ်ပါသည်။

11/06/2022

အဲ့လိုပြောပြီးတော့ တိုင်းပြည်စပျက်တော့တာပဲ

09/06/2022

ဟေ့ ဘေဘီတို့ရေ 👋 😺

ကြေညာမောင်းတီး အကြောင်းပြီးစရာလေးတစ်ခုရှိပါတယ်😗📣

Learners' Yatwon pageဟာ စနစ်သစ်အထက်တန်းကျောင်းသားတွေ အတွက်အထောက်အကူပြုဖို့ အဓိကရည်ရွယ်ပြီး‌ဖွင့်ခဲ့တာဆိုတာကို အရင်ကပြောခဲ့ပြီးပါပြီ💟

စနစ်သစ်သင်ရိုးများသင်ကြားရခြင်းရဲ့ရည်ရွယ်ချက်ဟာ ကျောင်းသားလူငယ်‌တွေမှာရှိသင့်တဲ့

🌟1. Collaboration

🌟2. Communication

🌟3. Critical Thinking and Problem Solving Skills

🌟4. Creativity and Innovation

🌟5. Citizenship ဆိုတဲ့

📖"5 C's of 21st Century Skills"🎗️
"နှစ်ဆယ့်တစ်ရာစု Cစွမ်းရည်ငါးချက်"
တိုးတက်ဖွံ့ဖြိုးလာပြီး လက်တွေ့ဘဝမှာ အကျိုးရှိ"အသုံးချနိုင်ဖို့ပဲဖြစ်ပါတယ်✨

ကျောင်းသင်ရိုးတွေကနေ 3. 4. 5. တို့ကိုရတစ်ဦးတစ်ယောက်တည်းလွယ်"ကူ"ရရှိနိုင်ပေမယ့် 1. 2. တို့ကိုတော့ အသင်းအဖွဲ့နဲ့ဆောင်ရွက်တတ်မှသာရရှိနိုင်မှာဖြစ်ပါတယ်

ဒါကြောင့်Adminတို့တိုင်ပင်ပြီး စနစ်သစ်အထက်တန်းကျောင်းသားတွေအတွက်

💠"Community of Smart Students Myanmar - CSSM" Facebook public groupလေးကိုတည်ဖွဲ့စည်းပေးလိုက်ပါတယ်🎊

စနစ်သစ်သင်ခန်းစာတွေမှာ အတွေးအခေါ် Conceptတွေဟာ အများအပြားပါဝင်လာတဲ့အတွက် ကျောင်းသားတွေအချင်း"တိုင်ပင်ဆွေးနွေးပြီး ကိုယ့်အမြင်သူ့အမြင်နှီးနောဖလှယ်လို့ရမယ့် Smart Community တစ်ခုကိုဖန်တီးပေးချင်တဲ့အတွက်ဖြစ်ပါတယ်။💌

ဒီGpလေးမှာ အထက်တန်းအပြင် တခြားပညာရေးဆိုင်ရာသတင်းအချက်အလက်တွေမျှဝေလိုတာပဲဖြစ်"
ပညာရေးဆိုင်ရာအကြောင်းအရာများကို ပြောဆိုဆွေးနွေးငြင်းခုံလိုတာပဲဖြစ်" မိမိအမြင်အတိုင်းစိတ်သဘောကျလွတ်လပ်စွာပါဝင်နိုင်ပါတယ်

(Community Standardနဲ့ငြိတာမျိုးလွန်"ကျွံ"မဖြစ်အောင်‌တော့ Group Rulesလေးတွေကိုလိုက်နာပေးဖို့တော့လိုပါတယ်)

ဒါကCSSM Group Linkပါ - https://www.facebook.com/groups/1333436690424781/?ref=share

စနစ်သစ်အထက်တန်းကျောင်းသားမဟုတ်လည်း စိတ်ပါဝင်စားရင်မည်သူမဆိုJoinလို့ရပါတယ်
Warmly Welcome par 👐💖

04/06/2022

ယခုအချိန်ထိ ကျောင်းအပ်လက်ခံသေးတဲ့
ကျောင်း(၁၂)ကျောင်းရှိပါသေးတယ်🏫
မအပ်ရသေးတဲ့သူတွေကအမြန်သွားအပ်ကြပါ🍀

1. Free Online Educational Institution Myanmar - FOEIM
(မူလတန်းနှင့် အလယ်တန်း)

https://www.facebook.com/foeim/
________________________________

2. New Myanmar Education
(အထက်တန်း)
https://www.facebook.com/NewMyanmarEducation/

(၅)ရက်နေ့ထိလက်ခံပါမယ်
________________________________

3. Nway Oo Federal School
(အထက်တန်းနှင့် မူလတန်း)

https://www.facebook.com/nwayoofederalschool/
________________________________

4. Yangon Federal School
(မူလတန်း၊ အလယ်တန်းနှင့် အထက်တန်း)
https://www.facebook.com/Yangon-Federal-School-101480155925458/

ကျောင်းသားများလွန်းသွား၍form‌ယာယီပိတ်ထားပါတယ်
မကြာမီပြန်ဖွင့်မှာပါ
________________________________

5. Thanlyin Home Based Learning School

https://www.facebook.com/102868435460611/posts/168546528892801/
________________________________

6. Mandalay Federal School
(မူလတန်း၊ အလယ်တန်းနှင့် အထက်တန်း)

https://www.facebook.com/Mandalay-Federal-School-100712985988739/

လူများသည့်အတွက်Formယာယီရပ်နားထား
(၇)ရက်နေ့မှာformပိတ်ပါမယ်
________________________________

7. FEYOS

https://www.facebook.com/FEYOS-105372985496545/

၅ရက်နေ့ထိလက်ခံပါမယ်
________________________________

8. Magway Federal School

https://www.facebook.com/Magway-Federal-School-109030341824783/

(၇ရက်နေ့အထိလက်ခံ)
(မကွေးမြို့နယ်အတွင်းရှိကျေင်းသားများအတွက်သာ)
________________________________

9. Sagaing Federal School

https://m.facebook.com/story.php?story_fbid=400033232022485&id=221601179865692

(၄)ရက်နေ့နောက်ဆုံးလက်ခံ
________________________________

10. Myitkyina Federal School

https://www.facebook.com/100185471812438/posts/556478476183133/

ကျောင်းသားဦးရေပေါ်မူတည်ပြီးလက်ခံနေဆဲ
________________________________

11. Federal Education School, Tamu Township

https://www.facebook.com/Federal-Education-School-Tamu-Township-102967115774803/
________________________________

12. Putao Federal School

https://www.facebook.com/109626848141970/posts/166526512452003/
________________________________

ဘယ်လိုအပ်ရမှာလဲ❔

သက်ဆိုင်ရာကျောင်းတွေရဲ့ ကျောင်းအပ်လက်ခံpostတွေမှာ Google Form Link တွေချပေးထားပါတယ်
Linkထဲဝင်ပြီးအချက်အလက်တွသေ"ချာ"မှန်"ကန်"ဖြည့်ပြီးsummitလိုက်ရုံပါပဲ။😺

သေချာတဲ့ကျောင်းတွေမို့တစ်ခါအပ်ရုံနဲ့လုံလောက်ပါတယ်။💟

ဒီကျောင်းတွေကAdminတွေ့ရှိရသလောက်ချပေးထားတာပါ
ကျောင်းအပ်လက်ခံဆဲတခြားကျောင်းတွေရှိရင်လည်း Link လေးနဲ့တကွ commentမှာမန့်ပေးခြင်းဖြင့်ကူညီပေးပါ✨🎓

03/06/2022

“Kaung For Youမှာformဖြည့်ပြီးအပ်ထားပေမယ့် ကျောင်းတက်ခွင့်မရတဲ့အခါ ဘာလုပ်သင့်လဲ”

Learners' Yatwonကိုတော်"များ"လာမေးကြတဲ့မေးခွန်းပါ

K4Uမှာတက်ခွင့်ရ၊ မရကို ဆရာကောင်းသိုက်စိုးကိုယ်တိုင်စီစစ်ပြီး 10ရက်နေ့မှာကြေငြာမယ်လို့ပြောပါတယ်

ကျောင်းသား10,000ထက်ပိုလက်ခံနိုင်အောင်လည်းစီစဉ်နေတယ်လို့ပြောပါတယ်

သို့ပေမယ့် တခြားကျောင်းတွေရဲ့ကျောင်းအပ်လက်ခံကာလနဲ့ လက်ခံနိုင်တဲ့ကျောင်းသားအရေအတွက်ဟာလည်း သူ့အတိုင်းအတာနဲ့သူရှိကြပါတယ်

10ရက်နေ့ စရင်းမှာမပါမှ တခြားကျောင်းကိုသွားအပ်မယ်ဆိုရင်
နောက်ကျပြီး ဟိုလည်းမရဒီလည်းမရတဲ့ပြဿနာမျိုးတွေဖြစ်လာနိုင်ပါတယ်

ဒါကြောင့် တခြားလက်ခံမှာသေချာတဲ့ကျောင်းတွေမှာ အရန်သဘောမျိုးနဲ့ သွားအပ်ထားသင့်ပါတယ်

ကျောင်းသားစီစစ်ရွေးချယ်မယ့်နည်းလမ်းနဲ့ ဘယ်လိုလူတွေကကြိုတင်ပြင်ဆင်ထားသင့်လဲဆိုတာကို Adminတို့ MessengerကနေရောE-mailကနေပါ K4Uကိုမေးမြန်းထားပေမယ့် အကြောင်းပြန်ခြင်းမရှိသေးပါဘူး

Adminအကြံပြုချင်တာကတော့

၁။ K4Uကကျောင်းအပ်postတွေမတင်ခင်မှ ဝီရိယထားကြဖို့တိုက်တွန်းခဲ့တာရှိပါတယ် ဒါကြောင့် သူများထက်ကျောင်းအပ်ချိန်နောက်ကျခဲ့တဲ့သူမျိုးတွေ

၂။ Formမှာလိုအပ်ချက်တစ်ခုခု၊ မှားယွင်းမှုတစ်ခုခုနဲ့တင်မိလိုက်တဲ့သူမျိုးတွေ

၃။ School rulesကိုသေ"ချာ"လိုက်နာပေးနိုင်ဖို့အခက်အခဲရှိတဲ့သူတွေ

၄။ K4Uဟာအခမဲ့ကျောင်းဖြစ်ပေမယ့် ဆရာတွေကို လခပေးထားရတဲ့ကျောင်းဖြစ်ပါတယ်။ Formရဲ့နောက်ဆုံးသုံးခုမြောက်မှာပါဝင်တဲ့

"ဆရာဆရာမများအားဉာဏ်ပူဇော်ခ ချီးမြှင့်နိုင်ရန် အလှူငွေထည့်ဝင်ကူညီနိုင်ခြင်းရှိပါသလား။"
ဆိုတဲ့မေးခွန်းမှာ "မရှိပါ" လို့ဖြေခဲ့တဲ့သူတွေ

၅။ နောက်ဆုံးမေးခွန်းဖြစ်တဲ့

"‌ကျောင်းအုပ်ကြီးနှင့်မိဘများ လစဉ် Online-Zoomတွေ့ဆုံပွဲသို့မပျက်မကွက်တက်ရောက်နိုင်ပါသလား။"

ဆိုတဲ့မေးခွန်းမှာ "မတက်ရောက်နိုင်ပါ" လို့ဖြေခဲ့ကြတဲ့

ကျောင်းသား(သို့)မိဘတွေက ကြိုတင်ပြီးသေချာတဲ့တခြားကျောင်းတွေမှာကြိုအပ်ထားသင့်ပါတယ်။ ။

(ဒါဟာ အမေးလည်းများ အရေးလည်းကြီးလို့ Adminအနေနဲ့ ခန့်မှန်းပြီးအကြံပေးရခြင်းဖြစ်ပါတယ် မည်သူမည်ဝါကိုမှ ထိခိုက်စေလိုသောရည်ရွယ်ချက်မရှိပါ တခြားသောအကြံဉာဏ်ရှိကဆွေးနွေးနိုင်ပါသည်)

K4Uမှအကြောင်းပြန်လာတဲ့အခါမှာထပ်ပြေပေးပါ့မယ်

Edit - CDMသားသမီးတွေတော့အခွင့်အရေးပိုများမှာပါ

02/06/2022

ကျွန်တော်တို့Learners' Yatwon page cbကိုလာမေးကြတဲ့အခါမှာ ‌
ကျောင်းအမည်တစ်ခုခုကိုဖော်ပြပြီး

“ဒီကျောင်းကNUGလက်အောက်ခံကျောင်းလား”

ဆိုတဲ့မေးခွန်းကိုအတော်များ"မေးကြပါတယ်

ဒီလိုမျိုးမေးခွန်းကို Adminတို့အနေနဲ့ရမ်းသမ်းပြီးဖြေပေးလို့မရပါဘူး

Adminတို့ကိုယ်တိုင် သေချာ‌အောင်လေ့လာအတည်ပြုပြီးမှသာ အဖြေပေးရဲပါတယ်

လာမေးကြတဲ့ကျောင်းတွေထဲမှာ Adminတို့မသိတဲ့ကျောင်းတွေပါရင် အရင်ဆုံး school pageကိုဝင်လေ့လာကြည့်ပါတယ်

NUGလက်အောက်ခံ(သို့)လွတ်လပ်တဲ့အဖွဲ့အစည်း ဆိုတာကိုထင်ထင်ရှားရှားဖော်ပြထားတာမျိုးရှိရင် အဖြေပေးဖို့လွယ်ပါတယ်

ဒါပေမယ့် ထင်ရှားသိသာတဲ့အချက်အလက်မတွေ့ရတာမျိုးနဲ့ ဟိုလို"ဒီလို"ဇဝေဇဝါဖြစ်စရာမျိုးဆိုရင် အဲ့လိုကျောင်းတွေကိုE-mailကနေတစ်ဆင့်ဆက်သွယ်မေးမြန်းရပါတယ်

တစ်ဖက်ကဖြေကြားလာတဲ့အချိန်မှသာ Adminတို့အတည်ပြုပေးနိုင်တာပါ

ဒါကြောင့်Adminတို့ကအဖြေကိုချက်ချင်း‌မပေးနိုင်ပါဘူး

COVIDကာလကစပြီး Online Learning လုပ်ရတဲ့ Online CourseတွေအOnline Schoolတွေအများအပြားပေါ်ပေါက်လာခဲ့တာပါ

အစိုးရလက်အောက်ခံတွေရှိသလို ပုဂ္ဂလိကနဲ့ လွတ်လပ်တဲ့အဖွဲ့အစည်းတွေကဦးစီးဆောင်ရွက်ပေးတဲ့ Courseတွေ Schoolတွေကလည်းဒုနဲ့ဒေးပါ

အဖြေအားလုံးသိရတဲ့အခါ ဘယ်ကျောင်းတွေက ဘယ်လိုမျိုးဖွဲ့စည်းထားတယ်၊ ဘယ်လိုဆောင်ရွက်ပေးတယ်ဆိုတာကို သေချာစရင်းပြုစုပြီးနောက်postတစ်ခုထပ်တင်ပေးပါ့မယ်

Messengerမှာreplyကြာတာမျိုးကိုသည်းခံပေးပါ

Learners' Yatwon pageသည် ပညာရေးဆိုင်ရာInformationနှင့်အကြံဉာဏ်များကို တတ်နိုင်သလောက်ကူညီအားဖြည့်မျှဝေပေးသော လွတ်လပ်သည့်pageတစ်ခုဖြစ်ပါသည်

စာသင်သည့်pageမဟုတ်ပါ။ ။

01/06/2022

Cbကိုလာမေးထားတဲ့ ပညာရေးနဲ့ပတ်သက်တဲ့မေးခွန်းတွေ အကုန်ပြန်ဖြေပေးပါတယ်
မေးလာတဲ့သူတွေတအားများနေလို့Replyနောက်ကျနေတာပါ
Admကလည်း၂ယောက်တည်းရှိတာမို့သည်းခံပေးကြပါ

01/06/2022

“ဘုရားရှစ်သောင်း၊ လေးထောင်ဆောင်း၍၊
ကိန်းအောင်းစံရန်၊ ဓမ္မခန်သည်၊
သံတောင်ဖြိုးမြင့် စွင့်လိမ့်လေး၊
အကိုက်လေးဖော်၊ မြေမှပေါ်သော်၊
ရှင်ကျော်လေးဦး၊ ခူးလိမ့်လေး၊
ခူးလည်းခူးလတ္တံ၊
ကူးလည်းကူးလတ္တံ၊
မြူးလည်းမြူးလတ္တံ။”📖

✨မြန်မာသက္ကရာဇ်(၈၀၀)ပြည့်နှစ် အင်းဝဘုရင်မိုးညှင်းမင်းတရားလက်ထက် တောင်တွင်းကြီးမြို့မှာ ဒီထူးဆန်းတဲ့ တဘောင် ပေါ်ပေါက်ခဲ့တယ် ဘေဘီတို့ရေ😺

အဲ့ဒီတဘောင်အတိုင်းပဲ နောက်တော့ တောင်တွင်းကြီးမြို့မှာ “ပေလေးပင် ရှင်လေးပါး” ဆိုပြီးကျော်ကြားတဲ့ရဟန်းစာဆိုကျော်လေးပါးပေါ်ထွန်းလာခဲ့တယ်ဗျာ🎓🗞️

Hintsလေးတွေလည်းပေးလိုက်ပြီဆိုတော့ ဒီQuizလေးကိုဖြေကြည့်လိုက်ပါဦး😸💟

01/06/2022

ကျွန်တော်တို့ Learners' Yatwon pageက ကျောင်းမဟုတ်ပါဘူး

ပညာရေးနဲ့ဆိုင်တဲ့Infoလေးတွေ၊ စာလုပ်နည်းလုပ်ဟန်လေးတွေ၊ ပညာရေးနဲ့ပတ်သက်လို့အထောက်ကူပြုမယ့်အကြောင်းလေးတွေနဲ့ Memesလေးတွေကိုတင်တဲ့pageပါ

ခက်ခဲလာပြီဖြစ်တဲ့ စနစ်သစ်အထက်တန်းအတွက် လိုအပ်တဲ့အကူညီတွေကို တတ်နိုင်သလောက်ပံ့ပိုးပေးဖို့အဓိကရည်ရွယ်ပြီးဒီpage‌ကိုထောင်ထားတာပါ

ဒါကြောင့်အထက်တန်းစနစ်သစ်အတွက်အကူညီလိုရင်အချိန်မရွေးလာပြောလို့ရပါတယ်✨

စာသင်မယ့်pageမဟုတ်သလို ကိုယ်ကျိုးရှာတဲ့pageလည်းမဟုတ်ပါဘူး

Adminတွေကလည်းဆရာတွေမဟုတ်ပါဘူး

ကျောင်းနားထားရတဲ့လေ့လာဆဲ သင်ယူဆဲကျောင်းသားတွေပါ

လာလာမေးနေကြလို့😺

01/06/2022

Kaung For You Education ဟာကျောင်းအပ်စတင်လက်ခံတဲဲ့နာရီဝက်အတွင်း ကျောင်းသားဦးရေ ‌၆၀,၀၀၀ကျော်သွားခဲ့ပါတယ်

၁.၆၂၀၂၂ နဲ့ ၂.၆.၂၀၂၂နှစ်ရက်လက်ခံမှာဖြစ်လို့ ကျောင်းသားဦးရေဟာ သိန်းဂဏန်း ကျော်အထိရှိသွားမှာပါ

K4Uအနေနဲ့ လက်ခံနိုင်မယ့်ကျောင်းသားဦးရေက အယောက် ၁၀,၀၀၀သာဖြစ်တယ်လို့ထုတ်ပြန်ထားပါတယ်

Liveမှာလည်း ဆရာကောင်းက "များလွန်းတယ် မနိုင်နိုင်ဘူး" လို့ပြောသွားခဲ့ပါတယ်

ဒါကြောင့် ကျောင်းအပ်လိုက်တဲ့ကျောင်းသားတိုင်းတက်ခွင့်မရနိုင်ပါဘူး

အကယ်၍မိမိ (သို့) မိမိရဲ့ကလေးဟာ K4Uမှာတက်ခွင့်မရခဲ့ဘူးဆိုရင် ဒီကျောင်းတွေမှာသွားအပ်ဖို့recommendပေးချင်ပါတယ်

Free Online Educational Institution Myanmar - FOEIM
https://www.facebook.com/foeim/

CDM Students Supporting Team - CSST
https://www.facebook.com/CDM-Students-Supporting-Team-CSST-100835912579290/

New Myanmar Education
https://www.facebook.com/NewMyanmarEducation/

Academy Federal School
https://www.facebook.com/Academy-Federal-School-116109424428220/

Yangon Federal School
https://www.facebook.com/Yangon-Federal-School-101480155925458/

Mandalay Federal School
https://www.facebook.com/Mandalay-Federal-School-100712985988739/

Ayeyarwaddy Federal School
https://www.facebook.com/Ayeyarwaddy-Federal-School-101469089235697/

ဒီကျောင်းများဟာNUGလက်အောက်ခံကျောင်းများသာဖြစ်ပြီး CDMerများနဲ့ဖွဲစည်းထားတဲ့ကျောင်းများပဲဖြစ်ပါတယ်

Edit - ကျန်ခဲ့‌တဲ့တခြားကျောင်းတွေရှိရင်လည်း သိတဲ့သူကပြောပေးခဲ့ဖို့ တောင်းဆိုပါတယ်💟✨
Edit - Federal Schoolတွေအကုန်လုံးNUG MOEလက်အောက်ကပါ

Edit - ဖော်ပြထားတဲ့ကျောင်းတွေက NUG MOEလက်အောက်ခံကျောင်းတွေကိုပြောထားတာပါ တခြားPrivate Schoolတွေကလာပြီး marketingမဆင်းကြပါနဲ့

31/05/2022

ဟာ ဝီးမန်း

30/05/2022

Teacher : ဒီနေ့တီချယ် နေသိပ်မကောင်းလို့ အတန်းနားမယ်နော်

Me : အို စာတွေလုပ်ချင်ပါတယ်ဆို စိတ်မကောင်းလိုက်တီချယ်ရယ်

30/05/2022

ဘေဘီတို့ရေ😺

ခြင်တွေဟာ မျက်နှာလိုက်ပါတယ်နော်🦟
အက်မင်တို့လိုရုပ်ချောတဲ့သူတွေပဲ ပိုင်ဆိုင်ခွင့်ရှိတဲ့ သွေးအမျိုးအစားကို ဒင်းတို့ကပိုကြိုက်ကြပါတယ်🩸🕶️

🅱️🆎🅾️ဘယ်‌သွေးလို့ထင်လဲဗျာ🔎

28/05/2022

ကြိုးစားရတာ သွားရည်တွေတောင်ကျတယ်:^)

28/05/2022

ဟေ့ ဘေဘီတို့ရေ 😺

100,000 ဆိုရင် one hundred thousand or lakh 💰
1,000,000ဆိုရင် one million 💰လို့ခေါ်တယ်နော်✨

1,000,000,000,000ဆိုရင်တော့ ဘယ်လိုခေါ်မယ်လို့ထင်လဲဗျာ😶‍🌫️

Learners' Yatwon page မှာ Quizလေးတွေ Memesလေးတွေနဲ့ ပညာရေးဆိုင်ရာInfoတွေတင်ပေးနေတယ်နော်😸💟

26/05/2022

Alright, besties???
English ကို mcq ​လေး​တွေချည်း​ဖြေလာတာ အချိန်​တစ်​ခုထိရှိပြီဆို​တော့ ဒီ​နေ့မှာ အ​ပြောင်းအလဲဖြစ်​သွား​အောင်​ sentence transformation ​လေးကို quizအဖြစ်​ upload လိုက်​ပါတယ်​😸

အခု​ပေးထားတဲ့ sentence​လေးကို
Passive voice အဖြစ်​ကို​ပြောင်း​ပေးကြပါရှင့်

ငယ်​"က သင်​ခဲ့ရတဲ့ Active to passive transformation ကို မှတ်​မိကြတယ်​ ဟုတ်​?
ဒါ​လေးက​တော့ regular form မဟုတ်​ဘဲ irregular form ​လေးပါ

ဖြေကြည့်​​ပေးကြပါဦး​နော်

မင်​မင်​တို့ရဲ့ Learners' Yatwon page​လေးက​နေ
memes ​တွေ​ရော quiz​တွေ​ရော knowledge sharing​တွေပါ တင်​​ပေးသွားမှာဖြစ်​လို့ အားလုံးပဲ stay tuned ပါ​နော်​ 😉😉

25/05/2022

ဟေ့ ဘေဘီတို့ရေ 😗

ဒီတစ်ခါ‌တော့ စနစ်သစ်အထက်တန်း(Grade-10,11,12)ကိုတက်လှမ်းကံစမ်းကြမယ့် juniorညီလေး ညီမလေးတို့အတွက် ဒီရုပ်ချောတဲ့အက်မင်ကနည်း"လေးအာချောင်မယ်နော်

2016ကစပြီးအ‌ကောင်ထည်ဖော်ခဲ့တဲ့ KG+12 systemအရ အထက်တန်းဟာ
‌ဒသမတန်း (Grade-10)
ဧကာဒသမတန်း (Grade-11)
ဒွာဒသမတန်း (Grade-12) ဆိုပြီးသုံးတန်းဖြစ်ပေါ်လာခဲ့တယ်

စနစ်သစ်မှာသေချာဂရုစိုက်သတိထားရမယ့်အချက် ဘာသာတွဲ‌အရွေးမှန်ဖို့ပဲ
အရွေးမှားရင် သွားပြီဘေဘီ

ဒါကြောင့်သေချာဖတ်သွား ရင်ထဲကအချစ်တွေနဲ့ရေးထားတာ😚

စနစ်သစ်(new course)မှာ စနစ်ဟောင်းတုန်းကလိုရှည်လျားထွေးပြားပြီး ပျင်းစရာကောင်းအောင်အာရုံသိပ်မများရတော့ပါဘူး

စနစ်ဟောင်းမှာဘာသာတွဲ(၇)တွဲရှိခဲ့တယ်😺
အခုစနစ်သစ်မှာတော့ဘာသာတွဲက(၄)တွဲပဲရှိတော့တယ် ^_^
ဘာတွေလဲဆိုတော့

✨STEAMS-1 အတွဲ(၁)
✨STEAMS-2 အတွဲ(၂)
✨STAMS-1 အတွဲ (၃)
✨STAMS-2 အတွဲ (၄)

S =science
T=technology
E=engineering
A=arts
M=mathematics
S=sports

💌အတွဲ(၁)လို့ခေါ်တဲ့ STEAMS-1

ဆရာဝန်၊ အင်ဂျင်နီယာဖြစ်ချင်တဲ့ညီလေး ညီမလေးတို့ရွေးကို‌ရွေးချယ်ရမယ့် ဘာသာတွဲပဲဗျာ
အက်မင်တို့စနစ်ဟောင်းရဲ့Hyperများစုဝေးရာ "ဆေးတက္ကသိုလ်"တွေ၊ အရှိန်အဟုန်နဲ့အဆင့်မြင့် အသားပေးလာပြီဖြစ်တဲ့ "နည်းပညာတက္ကသိုလ်"တွေကိုတက်ချင်တဲ့ကလေးတွေ ရွေးချယ်ရမယ့်ဘာသာတွဲပေါ့
(ဆေးတက္ကသိုလ်ဆိုတာ ဆေးနဲ့ဆိုင်တဲ့တက္ကသိုလ်အားလုံးကို ပြောချင်တာနော် ဘေဘီတို့ သူနာပြု တိကု သွားဆေး ဆေးဝါးကျွမ်းကျင် ဆေးနည်းပညာအားလုံးပါတယ်နော် ပူတူးတူးတို့)😗

သင်ကြားရမယ့်ဘာသာရပ်တွေက-

၁။။မြန်မာ♥️
၂။အင်္ဂလိပ်♥️
၃။သင်္ချာ♥️
၄။ဓာတုဗဒေ💛
၅။ရူပဗဒေ💛
၆။ဇီဝဗဒေ💛
၇။လူမှုရေးသိပ္ပံ(ပထဝီ+သမိုင်း+ဘောဂ)💚

၈။စာရိတ္တနှင့်ပြည်သူ့နီတိ💚
၉။ဘဝတွက်တာကျွမ်းကျင်စရာ💚
၁၀။ကာယပညာ(or)အနုပညာဂီတ(or)အနုပညာပန်းချီ💚

Geoကို Minorအနေနဲ့သင်ယူရမှာဖြစ်လို့ ရေကြောင်းသိပ္ပံတို့၊ လေကြောင်းသိပ္ပံတို့ကိုတက်ချင်တဲ့ သူတွေမရွေးသင့်ပါဘူး
________________________________

💌အတွဲ(၂)လို့ခေါ်တဲ့ STEAMS-2

သူကတော့ နည်းပညာ၊ စီးပွားရေး၊စီမံအုပ်ချုပ်မှုနဲ့ ဘူမိဗေဒဆိုင်ရာတက္ကသိုလ်တွေကိုတက်ချင်တဲ့ ဘေဘီလေးတို့ကရွေးချယ်ရမှာပါဗျာ

သင်ရမယ့်ဘာသာတွေက-

၁။မြန်မာ♥️
၂။အင်္ဂလိပ်♥️
၃။သင်္ချာ♥️
၄။ဓာတုဗဒေ💛
၅။ရူပဗဒေ💛
၆။ဘောဂဗေဒ💛
၇။ပထဝီ+သမိုင်း💚

၈။စာရိတ္တနှင့်ပြည်သူ့နီတိ💚
၉။ဘဝတွက်တာကျွမ်းကျင်စရာ💚
၁၀။ကာယပညာ(or)အနုပညာဂီတ(or)အနုပညာပန်းချီ💚

သူကတော့Bioမပါတဲ့အတွက်ဆေးဆိုင်ရာUniတွေကိုတက်ခွင့်မရှိပါဘူး သဲလေးတို့:")
________________________________

💌အတွဲ(၃)လို့ခေါ်တဲ့ STAMS-1

သူကတော့ နိုင်ငံတကာဆက်ဆံရေး၊ အင်္ဂလိပ်စာ နိုင်ငံခြားဘာသာတက္ကသိုလ်တွေ၊ စီးပွားရေးနဲ့ စီမံအုပ်ချုပ်ရေးဆိုင်ရာUniတွေ၊ ဝိဇ္ဇာပညာရပ်(e.g. ဉပဒေ၊ စိတ်ပညာ၊ အရှေ့တိုင်း၊ ဒဿနိက)တွေနဲ့အသက်မွေးလို‌သူတွေ ရွေးချယ်သင့်တဲ့ဘာသာတွဲဖြစ်တယ်ဗျာ

(ဆရာဝန်၊ Engineerဖြစ်ချင်တဲ့သူတွေလုံးဝရွေးလို့မရပါဘူး)

သင်‌ရမယ့်ဘာသာရပ်တွေက-

၁။မြန်မာ♥️
၂။အင်္ဂလိပ်♥️
၃။သင်္ချာ♥️
၄။ပထဝီဝင်💛
၅။သမိုင်း💛
၆။ဘောဂဗေဒ💛
၇။သိပ်ပံ(ဓာတု+ရူပ+ဇီဝ)💚

၈။စာရိတ္တနှင့်ပြည်သူ့နီတိ💚
၉။ဘဝတွက်တာကျွမ်းကျင်စရာ💚
၁၀။ကာယပညာ(or)အနုပညာဂီတ(or)အနုပညာပန်းချီ💚

သိပ္ပံကို Minor အနေနဲ့ပဲသင်ရတာဖြစ်လို့ ဆရာဝန်၊ Engineerဖြစ်ချင်တဲ့သူတွေလုံးဝရွေးလို့ မရပါဘူးနော် သေချာမှတ်ထားပါ ဘေဘီ😺
________________________________

💌အတွဲ(၄)လို့ခေါ်တဲ့ STAMS-2

စာရေးဆရာ၊ ကဗျာဆရာဖြစ်ချင်တဲ့စာရူးကဗျာရူးဘေဘီလေးတွေ မြန်မာစာ၊ မြန်မာစကားကိုနှစ်သက်မြတ်နိုးတဲ့သူတွေ၊ တေးရေး၊ အယ်ဒီတာ၊ Journalist၊ သမိုင်းပညာရှင်ဖြစ်ချင်သူတွေရွေးချယ်သင့်တဲ့ဘာသာတွဲလေးပါ သဲလေးတို့
ပြီးတော့လည်း အတွဲ(၃)လိုပဲ စီးပွားရေးနဲ့ စီမံအုပ်ချုပ်ရေးဆိုင်ရာUniတွေ၊ ဝိဇ္ဇာပညာရပ်(e.g. ဉပဒေ၊ စိတ်ပညာ၊ အရှေ့တိုင်း၊ ဒဿနိက)တွေနဲ့အသက်မွေးလို‌သူတွေရွေးချယ်သင့်ပါတယ်

သင်ယူရမယ့်ဘာသာတွေက

၁။မြန်မာ♥️
၂။အင်္ဂလိပ်♥️
၃။သင်္ချာ♥️
၄။စိတ်ကြိုက်မြန်မာစာ💛
၅။ဘောဂဗေဒ💛
၆။ပထဝီဝင်+သမိုင်း💛
၇။သိပ်ပံ(ဓာတု+ရူပ+ဇီဝ)💚

၈။စာရိတ္တနှင့်ပြည်သူ့နီတိ💚
၉။ဘဝတွက်တာကျွမ်းကျင်စရာ💚
၁၀။ကာယပညာ(or)အနုပညာဂီတ(or)အနုပညာပန်းချီ💚

အတွဲ(၃)လိုပဲသိပ္ပံကို Minor အနေနဲ့ပဲသင်ရတာဖြစ်လို့ ဆရာဝန်၊ Engineerဖြစ်ချင်တဲ့သူတွေလုံးဝရွေးလို့ မရပါဘူးနော် သေချာမှတ်ထားပါ ဘေဘီ😺
________________________________

အတွဲတိုင်းမှာဘာသာရပ်ကဆယ်ခုတောင်ဆိုပြီး လန့်မသွားပါနဲ သဲလေးတို့

ဘာသာရပ် ၁။ ကနေ ၇။ အထိပဲ ကျောင်းသားတို့ရဲ့ချစ်လှစွာသော အမှတ်၁၀၀ဖိုးစာမေးပွဲကိုဖြေရမှာပါ🙉
ကျန်တဲ့ဘာသာရပ်သုံးခုက ဆရာတွေရဲ့အတန်းတွင်းAssessmentလောက်နဲ့ပဲနိဂုံးချုပ်မှာပါ🤫

♥️ မသင်မနေရဘာသာ
💛 အဓိကဘာသာ
💚 ဖြည့်စွက်ဘာသာ

ဖြည့်စွက်ဘာသာနံပတ် ၁၀။ ကတော့ ကာယ၊ ဂီတ၊ ပန်းချီထဲက တစ်ခုခုကိုရွေးချယ်ရမှာဖြစ်ပါတယ်
(ကြိုက်ရာရွေးချယ် မြက်နုတ်ခိုင်းမယ် လုပ်ရင်တော့ စနစ်သစ်ဆိုတာ အမည်ခံပဲဖြစ်နေဦးမှာပါ)

Note - ကိုယ်ဝါသနာပါတာကိုလုပ်လို့ရမယ့်ဘာသာတွဲမျိုးကိုယူဖို့တိုက်တွန်းပါတယ်💟

အချစ်များနှင့် Learners' Yatwon ✨

Edit-ထပ်ပြီးသိလိုတာရှိရင်လည်းမေးမြန်းနိုင်ပါတယ်😸

မေတ္တာရပ်ခံချက် - အောက်ပါပုံရှိ "စနစ်သစ်ကဘာတွေသင်ရမှာလည်း"ဟူသောစာသားကို "စနစ်သစ်ကဘာတွေသင်ရမှာလဲ"ဟု ပြောင်းလဲဖတ်ရှုပေးပါရန်🐷

25/05/2022

ဘေဘီတို့ လျှောက်မရေးကြနဲ့ကွာ:")

24/05/2022

Bello par သဲလေးတို့ရေ......😗

"Maths is the Mother of all Sciences" ဆိုတဲ့အတိုင်း သင်္ချာကိုပစ်ထားရင် Baby Scienceလေးတွေထွက်လာမှာမဟုတ်ဘူးနော်😺

ဒီနေ့သင်္ချာquizလေးတစ်ပုဒ်ကိုတွက်ကြည့်ရအောင်🧮

ဘယ်သူတွေကအဖြေမှန်ကြမလဲဗျာ✨

Learners' Yatwon pageမှာquizတွေရော memesတွေရောပုံမှန်တင်ပေးနေတယ်နော် ချစ်လေးတို့💟

23/05/2022

အသားတေပါ တဆတ်"တုန်ကြလော့

22/05/2022

သာသာယာယာပဲ:")

22/05/2022

နိုင်ငံတိုင်းလို"မှာ National Flagကိုလေးထောင့်ပုံပဲသုံးကြတယ်နော်besitesလေးတို့ရေ🤭

But an exception....💥

နိုင်ငံတစ်နိုင်ငံကတော့ two-triangle-shaped National Flagလေးကိုသုံးတယ်🇳🇵

22/05/2022

Guys
Learners' Yatwon page ​လေးက​နေ
ပြန်​လည်​ ကြိုဆိုလိုက်​ပါတယ်​​နော်​👋👋

ဒီ​နေ့အတွက်​က​တော့ English quiz ​လေးပါ

📗Tenses​တွေကို ပိုင်​နိုင်​​နေမှ grammatically correct ဖြစ်​​နေတဲ့ sentences ​လေး​တွေကို ဖန်​တီးနိုင်​မှာဖြစ်​လို့
မင်​မင်​က ဒီ​နေ့ tenses နဲ့ ပတ်​သတ်​တဲ့ mcq ​လေးကို
besties တို့ဆီ ယူ​ဆောင်​လာ​ပေးတာ ဖြစ်​ပါတယ်

🗣ဘယ်​​လောက်​လွယ်​​နေတဲ့အရာဖြစ်​ပါ​စေ
လူသားတစ်​​ယောက်​ဖြစ်​​နေတဲ့အ​လျောက်​ တစ်​ခါတစ်​​လေ​တော့ မှားတတ်​ကြမယ်​ဆိုတာ ​ပြောင်းလဲလို့မရတဲ့
အမှန်​တရားပါပဲ​နော်

ဒါ​ကြောင့်​ အမြဲ practise လုပ်​​နေကြပါလို့ အကြံ​ပေးချင်​ပါတယ်​​နော်

မင်​မင်​တို့ page​လေးက​နေ quiz ​လေး​တွေ​ရော memes​လေး​တွေပါ ​နေ့စဉ်​တင်​​ပေးသွားမှာဖြစ်​လို့
မင်​မင်​တို့page​လေးကို like & follow လုပ်​ထား​ပေးကပါ​ဦး

ကိုယ့်​ရဲ့မိတ်​​ဆွေ​တွေကိုလည်း share ​ပေးကြပါဦး

နောက်​ရက်​​တွေမှာ catchy ဖြစ်​မယ့်​ အရာ​လေး​တွေနဲ့ ပြန်​လာခဲ့ပါမယ်
အားလုံးပဲ stay tuned!!!!

21/05/2022

ငါစိတ်တေလည်းဆင်းရဲပါတယ်🤌

21/05/2022

Hello Besties.....😺👋

"Maths is the Mother of all Sciences"

"သင်္ချာဆိုတာ သိပ္ပံဘာသာရပ်တွေ‌ရဲ့မိခင်ကြီးပဲ"တဲ့

ကိုယ့်ရဲ့ဉာဏ်ရည်ကိုကစားဖို့
ဒီquizလေးကိုဖြေကြည့်လိုက်ပါဦးနော်🧮

ဘယ်သူတွေအဖြေမှန်ကြမလဲကြည့်ရအောင်✨

Learners' Yatwon pageမှာquizတွေရော memesတွေရောပုံမှန်တင်ပေးနေတယ်နော်💟

20/05/2022

ငါတစ်ယောက်ထဲတော့မခံနိုင်ဘူး :")

20/05/2022

Hello again! Learners' Yatwon က besties ​လေးတို့​ရေ 👋👋

ဒီpage​လေးက​နေ memes ​တွေ​ရော quiz​လေး​တွေပါ
နေ့စဉ်​တင်​​ပေးသွားမှာ ဖြစ်​ပါတယ်

ဒီ​နေ့မှာ​တော့ Myanmar Quiz ​လေးပဲ ဖြစ်​ပါတယ်

အားလုံးပဲ​ဖြေ​ပေးသွားကြပါဦး​နော်

ကိုယ့်​ရဲ့သူငယ်​ချင်း​တွေကိုလည်း share ​ပေးကြပါဦးရှင့်

အားလုံးကို​ကျေးဇူးတင်​ပါတယ်​ရှင့်

19/05/2022

အမြို့မြို့အနယ်နယ်က စာအုပ်ဆိုင်တိုင်းမှာဝယ်ယူရရှိနိုင်ပါပြီ📖

19/05/2022

Hello Learners' Yatwon က bestieလေးတို့ရေ👋👋👋

ဒီနေ့မှာတော့ တူသယောင်"နဲ့ဖြစ်နေတဲ့ affluence, wealthနဲ့ richesတို့အတွက် Quizလေးကိုဖြေကြည့်ရအောင်‌နော်

ဒီquizလေးအတွက်ဘယ်စကားလုံးကအဖြေမှန်ဖြစ်မလဲ😶‍🌫️
Test your English skill 💟

Learners' Yatwon မှာMemesလေးတွေရော Quizလေးတွေပါအမြဲတင်ပေးနေတယ်နော်💗

18/05/2022

Hello again Learners ​လေးတို့​ရေ
ဓားဆိုတဲ့အရာကလည်း ​သွေး​နေမှ ချွန်​တာဖြစ်​သလို
ဦး​နှောက်​ဆိုတဲ့အရာကလည်း ​တွေး​နေမှ ထက်​မြက်​လာမှာ ဖြစ်​ပါတယ်​​နော်
ဒါ​ကြောင့်​များများ​တွေး​ပေးကြပါ
memes ​လေး​တွေကို​​ရော quiz​တွေ​ရော တင်​​ပေးသွားမှာဖြစ်​လို့ Stay tuned guys!!
ဒီquiz​လေးကိုလည်း ​ဖြေ​ပေးသွားကြပါဦး

18/05/2022

ပညာတွေလည်းအစုံပါပဲ

Want your school to be the top-listed School/college in Dagon?
Click here to claim your Sponsored Listing.

Website

Address

Dagon

Opening Hours

Monday 06:00 - 21:00
Tuesday 06:00 - 21:00
Wednesday 06:00 - 21:00
Thursday 06:00 - 21:00
Friday 06:00 - 21:00
Saturday 06:00 - 21:00
Sunday 06:00 - 21:00

Other Educational Consultants in Dagon (show all)
Buddha Sarpay-ဗုဒ္ဓစာပေ Buddha Sarpay-ဗုဒ္ဓစာပေ
Shwedagon Pagoda Road
Dagon

Innovative Education - InnoEd Innovative Education - InnoEd
54A, 2nd Floor, Bo Yar Nyunt Street
Dagon

နိုင်ငံတကာအဆင့်မှီ ပညာရေးဝန်ဆောင်မှုများကို ပေးသွားမယ့် ကျောင်းဖြစ်ပါတယ်။

Tutor's Closet Tutor's Closet
Yangon
Dagon