Shwe Myint Moh bag collection

books and knowledge

Photos from Shwe Myint Moh bag collection's post 16/09/2024

နောက်ဆုံးတော့လူမွဲတွေကဘဝပျက်ရတယ် 😭ကောင်းစားတော့ခရိုနီ ခရိုနက်တွေဆိုသလိုဘဲ

သပြေပင်ရွာ ဘာကြောင့်ပျောက်ကွယ်သွားရတာလဲ ?

လွန်ခဲ့တဲ့ 8နှစ်ကျော် မိုးထိမိုးမိတောင်တန်းမှာ ဝန်ထမ်းလုပ်ခဲ့စဥ်က အမြဲဖြတ်သွားဖြတ်လာလုပ်ခဲ့ရတဲ့ ကျေးရွာလေးထဲက တစ်ခုပါ ။
ဒီကျေးရွာလေးကို ရောက်ရင် တောင်ခြေကိုရောက်ပြီလို့ အလိုအလျောက်သိရပြီး လှမ်းမျှော်ကြည့်တဲ့အခါ စိမ်းစိုမှိုင်းညို့နေတဲ့တောင်တန်းနဲ့အတူ ရေတံခွန်ကျတာကိုလည်း ရေးရေးလေး မြင်ရပါသေးတယ် ။
ကားတွေ ရွာထဲကဖြတ်ရင် ဖုန်းတလုံးလုံးထတတ်လို့ အရှိန်လျော့မောင်းရတယ် ။ ညမှောင်ရီပျိုးပြချိန်ဆိုရင် လမ်းမှာ လူမရှိပဲ လူတိုင်းက အိပ်စက်အနားယူဖို့ တံခါးတွေတောင်ပိတ်ထားကြပြီ ။

ကိုယ်ကတော့ ခွင့်ပြန်တဲ့အခိုက် ရွာအချို့သာ ဖြတ်ပြီးတောင်ခြေသာရောက်လာတယ် ကျေးရွာတွေရဲ့နာမည်ကို မသိခဲ့ရပဲ ရေဘေးသင့်မှသာ သိခဲ့ရတာပါ။

ကိုယ်သိတာကတော့ တောင်ခြေကနေ အနည်းငယ်
ကြာအောင်ဝင်လာရင် တောင်ပေါ်တက်ဖို့ အဆင်သင့်လောက်ဖြစ်တဲ့နေရာလောက်က ငါးတဲစုကျေးရွာလေးပါ
သိဆို ထမင်းဝင်ဝင်စားတဲ့နေရာမို့ ခရီးလေးလည်း
တထောက်နားရင်းပေါ့ လူဦးရေ နည်းနည်းနဲ့ ရွာငယ်လေးတစ်ခုပါ ။

ဒီနေ့လို ရေဘေးထဲ ရွံ့နွံထဲ နှစ်မြုပ်ဖို့ အကြောင်းတရားဖန်လာတာကတော့ လွန်ခဲ့တဲ့ 9နှစ်က စတင်ခဲ့တဲ့
သစ်ထုတ်လုပ်ရေးကြောင့်လို့ဆိုရပါမယ် ။မိုးထိမိုးမိရွှေလုပ်ကွက်ကို မှီပြီး လောဘသားတို့ရဲ့ ကြိုက်နှစ်သက်ရာနေရာ အဖြစ် လုပ်ကွက်စဝင်ပြီး 3နှစ်အကြာမှာ ငါးတဲစုကျေးရွာ အနီးကနေ သစ်တွေ အဖွဲ့အစည်းတစ်ခုကနေ ထုတ်လုပ်ခဲ့တာပါပဲ ။အထူးသဖြင့်တောင်ခြေနားက သစ်တောဝိုင်းကနေ သစ်ထုတ်လုပ်ခဲ့တာပါ။

တခါတလေ ကိုယ်က ခွင့်ပြန်သွားလာသူတစ်ယောက်အနေနဲ့ 3လတစ်ခါ 6လတစ်ခါမှ တခဏတွေ့ရတဲ့မြင်ကွင်းမှာတောင် သက်တမ်းရင့်အပင်လုံးပတ်ကောင်းကောင်းတွေ ကားတွေနဲ့သယ်လာတာ (10)လုံးထက် မနည်း တွေ့မြင်ရပါတယ် ။

သူတို့ ဘယ်လောက်ထိ သစ်တောပြုန်းတီးအောင် သစ်ပင်ဘယ်လောက်ခုတ်ပြီးပြီလဲ??????သစ်တောပြုန်းတီးတဲ့ ရလာဒ်​ကို သစ်တောထိန်းသိမ်းရေးက
မသိချင်ယောင်ဆောင်ခဲ့တာလား?????

9နှစ်အကြာ ယနေ့လိုအချိန် ရလာတဲ့ရလာဒ်ကို ကြည့်
ကြည့်ပါ ။သစ်ပင်ဆိုတာ ဖြတ်သန်းလာတဲ့ရေတွေကိူ အနည်းအကျဥ်းသာ တားစီးနိုင်စွမ်းရှိပေမယ့် ဖြာထွက်အောင်တော့ လုပ်နိုင်စွမ်းရှိတယ် တနေရာထဲ စုပြီး မစီးဆင်းစေပါဘူး။
နောက်တစ်ခုက တောင်ကျချောင်းရေနဲ့အတူ မြေသားပြိုကျမှုကိုတော့ သစ်ပင်တွေက တကယ်ကို တားဆီးနိုင်စွမ်းရှိပါတယ် ။

လက်ရှိ မြေမြုပ်သွားတဲ့ ရွာအခြေအနေအရဆို ထိုးဆင်းလာတဲ့တောင်ကျချောင်းရေနဲ့အတူ ပြိုဆင်းလာတဲ့ မြေသားတွေကို အတားအဆီးလုပ်ပေးနိုင်တဲ့အရာတွေ ကြားခံမရှိတာမို့ တောင်ခြေက ရွာလေးမှာ မြေသားတွေ လာပြုံစုပြီး မြေမြုပ်သလိုဖြစ်နေတာပါ။

ဒါကြောင့် သစ်တောပြုန်းတီးမှုရဲ့နောက်ဆက်တွဲမို့
တစ်ဦးတစ်ယောက်ချင်းစီက လစ်လျူမရှုသင့်တော့တဲ့ အရာမှန်း ရွာ (3) ရွာက အသက်စတေး မြေမြုပ်ခံပြီး သက်သေပြခဲ့ပါပြီ။

တာဝန်ယူမှု တာဝန်ခံမှု ကင်းမဲ့နေသူတွေကြားမှာ အသက်ပျောက်ခဲ့တာ ဒီရွာလေးတွေပေါ့ လောဘသားတွေလက်ထဲက တစ်ရွာလုံး မြေမြုပ်ခံလိုက်ရတဲ့ သုဿန်တစပြင်ဖြစ်ခဲ့ရပြီပေါ့ ။

နောင်ဘဝ နောင်ဘဝ တွေမှာ ဒီလိုအဖြစ်ဆိုး မကြုံရပါစေနဲ့ ရွာသူရွာသားတို့ရေ🙏🙏🙏🙏🙏

ဖြစ်ရပ်မှန်မို့ copy ယူသွားလို့ရပါတယ်

credit
via ma mahtike

Copy crd

27/06/2024
Photos from Shwe Myint Moh bag collection's post 27/06/2024

ထမင်းစားတိုင်း အရွက်ကြော် တခုခု စားဖို့မမေ့နဲ့နော်😋

27/06/2024

ချဉ်ဖတ်စိမ်ရင် အရသာ နှစ်ဆ ပိုကောင်းစေတဲ့ လျှို့ဝှက်နည်းလမ်း (ဓာတုဆေးဝါး လုံးဝမပါဘူးနော်)

ချဉ်ဖတ်စိမ်ရင် စဉ့်အိုးလေးနဲ့ထည့်ပြီး စိမ်ကြည့်နော် အရသာမှာသိသိသာသာကွာပါတယ်နော် တစ်ချို့က ဆန်ဆေးရည်နဲ့စိမ်ကြတယ် ဆန်ဆေးရည်ကအစိမ်းဆိုတော့ပုပ်လွယ်တယ် ထမင်းရည်နဲ့စိမ်ပါနော်ထမင်းရည်ကချက်ထားတာဆိုတော့ ချဉ်ဖတ်အိုးကပိုပြီးခံတယ် ပိုပြီးစားကောင်းပါတယ် ထမင်းရည်ကိုအအေးခံထားပါ ချဉ်ဖတ်ထည့်မယ်အိုးထဲကို ထမင်းရည်အအေးခံထားတာ ထည့်ပေးပါ၊ ဆားထည့်ပါ ပြီးရင်အဖုံးပိတ်ပြီး တစ်ရက်လောက်ထားပေးပါ။နောက်ရက်မှ ကိုယ်ကြိုက်တဲ့ အသီးအရွက်ထည့်ပါ အဖုံးပိတ်ထားပေးပါ ထမင်းနဲ့စိမ်မယ်ဆိုရင် ထမင်းကို နေခြောက်လှန်းလိုက်ပါ။ ရေနွေးတည်ပြီး အအေးခံထားပါ။ ကိုယ်ထည့်မယ့် အိုးထဲကို ထမင်းခြောက်ထည့်ပါ။ အအေးခံထားတဲ့ ရေနွေးထည့်ပါ၊ ဆားထည့်ပါ ပြီးရင် အဖုံးပိတ်ပြီး တစ်ညသိပ်ထားလိုက်ပါ။နောက်ရက်မှ အသီးအရွက်ထည့်ပါဗျ။ ထမင်းနဲ့စိမ်ရင် ချဉ်အိုးက ပိုပြီးခံပါတယ်။ ကတက်ချဉ်ဆို တစ်လလောက်ထိကို ခံပါတယ်ဗျ။ ၂ ရက် ၃ ရက်လောက်နေရင် စားလို့ရပါပြီ။စဉ့်အိုးနဲ့တည်ရင် အဖုံးအုပ်ပြီး နေရောင်အောက်မှာ ထားပေးရင် မြန်မြန်ချဉ်ပြီး စားကောင်းပါတယ် ချဉ်ဖတ်မထည့်တတ်တဲ့သူတွေအတွက် ချဉ်ဖတ်ထည့်နည်းလေးမျှဝေပေးလိုက်ပါတယ် ကိုယ်တိုင်ဓါတုဆေးဝါးမပါပဲလုပ်စားကြည့်ကြပါ
PMK
မူရင်းပို့စ်ပိုင်ရှင်ကိုလေးစားစွာ
Creditပေးပါတယ်ရှင့်...

27/06/2024

ကြက်ကုန်းဘာင်ကြီးကြော်နည်း
ကြက်သား၁၀သားခန့်ကိုလေးထာင့်တုံးလေးတွေလှီးထားပါ ပဲငံပြာရည်အကြည်အနည်းငယ် အသားမှုန့်အနည်းငယ် ကော်မှုန့်ဇွန်းတစ်ဝက် ထည့်နယ်ထားပါ ဆီ၅ကျပ်သားခန့်ထည့်ပြီးကြော်ထားပါ
ကြက်သွန်နီ ၅လုံး၈စိပ် စိပ်ထားပါ
ကြက်သွန်ဖြူ၅မွှာ ဂျင်းတို့ကိုဓားပြားရိုက်ထားပါ
မုန်လာဥနီ ဘိုစားပဲ ရွှေပဲသီးတို့ကို လက်တဆစ်ခန့်လှီးထားပါ ပန်း ငရုတ်ပွ ခရမ်း ချဉ်သီး လေး စိတ်ကွဲလှီးထားပါ
ငရုပ်သီးခြောက်အနည်းငယ်ကြော်ထားပါ
ကြက်သားကြော်ထားသောဆီတွင် အသီးအရွက်ထည့်ကြော်ပါ ၃မိနစ်လောက်ကြာလို့ နည်း နည်းနွမ်း သွားရင်
အရွက်တွေကို ဒယ်ဘေးမှာကပ်ပီးဆီတွေပြန်ခပ်ထုတ်ပါ ကျန်ဆီအနည်းငယ် နဲ့ ကြက်သွန်ဖြူနီ ဂျင်းတို့ထည့်ကြော်ပါမွှေးလာယင် ကြက်သားကြော်ထည့်ပီးအားလုံးရောမွှေပါ ပဲငံပြာရည်အနောက် ၁ဇွန်း အကြည်၁ဇွန်း ထမင်းစား ဇွန်း နဲ့ ပါ အချိုမှုန့်၁ဇွန်း သကြား ၂ဇွန်း ဆား အ နည်းငယ်ထည့်ပါ လဖက်စားဇွန်းနဲ့ပါ ချခါနည်း ခရမ်း ချဉ်သီး၂လုံး လေး စိတ်ကွဲ ထည့် တရုတ်မဆလာ အနည်း ငယ်ထည့် ငရုပ်သီးကြော်ထည့်ပါ နောက်ဆုံး အပေါ်က ဖယ် ထုတ်ထားသော် ဆီကြော်လေး တစ် ဇွန်းထည့် ရောပြီးချလိုက်ပါ ကြက်ကုန်းဘောင် တစ် ခွက်ရပါပြီ အဆင်ပြေပါကြပါစေ GM
Credit Grace Marry

Photos from Shwe Myint Moh bag collection's post 27/06/2024

အကြိုက်ဆုံး ချဉ်ပေါင်မီနူး😋😋🤤🤤

27/06/2024

အထင်ဆိုတာ တကယ်မှ မဟုတ်ပဲ..
ဘယ်လောက်ပဲဝေဖန် ပြောဆိုနေပါစေ ဂရုလည်းမစိုက်တတ်သလို စိတ်ထဲလဲ မထားတတ်ပါဘူး..

Photos from Shwe Myint Moh bag collection's post 27/06/2024

စိတ်ချမ်းသာဖို့က အဓိကပါနော်🥰

27/06/2024

ျားတဲ့သူဖြစ်အောင်နေထိုင်ပါ ကိုယ်နဲ့ ပတ်သက်လာသမျှ လူတွေဟာ ကိုယ့်ကြောင့် တိုးတက်ရတာမျိုး ၊ ပျော်ရွှင်ရတာမျိုး ၊ စိတ်လုံခြုံနွေးထွေးရတာမျိုး ခံစားရအောင် နေထိုင်ပါ ။

လူတစ်ယောက်နား ကပ်လိုက်လို့ အပူတွေကူးစက်တာ
မျိုး ကြုံရဖူးတယ်မဟုတ်လား ။ တွေ့တာနဲ့ အဆင်မပြေကြောင်းတွေ ညဉ်းညူမယ် ၊ သူများအတင်းတွေ ပြောမယ်ဆိုတဲ့သူတွေဟာ Negative Vibes တွေ ကြီးစိုးနေတာပဲ ။ အဲ့သလို လူမျိုးမဖြစ်စေနဲ့ ။

အတင်းမပြောနဲ့ … မညဉ်းညူနဲ့ ။ ဆဲဆို ရိုင်းစိုင်းတာတွေ မပြောနဲ့ ။ ကောင်းတာပြောပြော ဆိုးတာပြောပြော စကားဟာ စကားပဲမဟုတ်လား ။ တိုးတက်ရာ တိုးတက်ကြောင်းတွေ ပြောတတ်သူဖြစ်အောင့်လေ့လာပါ။ စာအုပ်တွေဖတ်တာဟာ positive energy များတဲ့သူဖြစ်စေပါတယ် ။ အဓိပ္ပာယ်ရှိတဲ့စကားတွေပြောတတ်လာတယ် ၊ တွေးတောဆင်ခြင်းနိုင်စွမ်းတွေ ပိုကောင်းလာတယ် ၊ စိတ်သဘောထား ပြည့်ဝတဲ့သူဖြစ်စေတယ် ။ ဒါမှသာ ကိုယ့်ဘေးနားက လူတွေကိုလဲ အထောက်ကူဖြစ်နိုင်မှာ ။

ပျော်စရာတွေ မျှဝေပါ ။ ဟာသတွေပြောပါ ။ ချစ်သူခင်သူတွေနဲ့ နွေးထွေးစွာနေထိုင်ပါ ။ မေတ္တာတရားထားပြီး ဆက်ဆံပြောဆိုပါ ။ အဓိကက စိတ်ပါပဲ … စိတ်ကောင်းကောင်းထားမယ် ၊ စိတ်ကို ကြည်အောင်နေမယ်ဆို အကြည်ဓာတ်တွေဟာ ကိန်းအောင်လာမှာပါပဲ ။ ဒါဆို ကိုယ့်ဘေးနားကပ်သူတိုင်းဟာ အေးချမ်းရတာပါပဲ ။

Positive energy ရှိတာဟာ ရုပ်ရည် ၊ အချိုးစား ပြေပြစ်နေမှ မဟုတ်ဘူး … သူ့ရဲ့ အကောင်းမြင်စိတ်ထားကိုက ဆွဲဆောင်မှုအားရှိနေတာ ။ အဲ့ဒါက သူ့ကို ပိုကြည့်ကောင်းစေတာ ။ Positive Vibes တို့ဆိုတာဟာ သူ့အလိုလို ဖြစ်တည်နေတာမဟုတ်ပဲ ကိုယ်တိုင် ဖန်တီးတည်ဆောက်ရတာမျိုးပါ ။

Good listener တွေဟာ positive energy များသူတွေပါပဲ ။ လူတော်တော်များများဟာ သူတို့ပြောချင်တာပဲ ဇွတ်ပြောတတ်ကြတယ် … တစ်ဖက်လူစကားဆို သိပ်နားထောင်မပေးတတ်ကြဘူး ။ good listener တွေဟာ တစ်ဖက်လူ ခံစားချက်ကို သေချာနားထောင်ပေးတယ် ၊ စာနာပေးတယ် ၊ စိတ်ရှည်တယ် ။ သူတို့ဆီ ရင်ဖွင့်ရရင် ကိုယ့်ရဲ့ အပူတစ်ဝက်လောက်က လျော့ကျသွားစေတာပဲ ။ စိတ်လုံခြုံနွေးထွေးရတယ် ။
ထပ်တူခံစားပြီး ၊ စိတ်ရှည်စွာနားထောင်ပေးခြင်းဟာ
ကူညီခြင်း တစ်မျိုးပါပဲ ။ လူတွေဟာ စကားပြောဖော်ဆိုတာ လိုအပ်တယ် ။ အထူးသဖြင့် သူတို့ရဲ့ ခံစားချက်ကို စိတ်ရှည်စွာ နာထောင်ပေးတတ်သူမျိုးကို ပိုလိုအပ်ကြတယ် ။ ရင်ထဲက အပူတွေကို ရင်ဖွင့်လိုက်တာနဲ့ တစ်ဝက်လောက်က ငြိမ်းချမ်းသွားရတာပဲ မဟုတ်လား ။

လူတွေဟာ ပြောဆိုရင် ပြောနိုင်တယ် …
နားထောင်ပေးဖို့တော့ ခက်ကြတယ် ။ ဒါ့ကြောင့် ကိုယ်တိုင်က နားထောင်ပေးတတ်အောင် လေ့ကျင့်ပါ ။ ဒါဟာ လူချစ်လူခင်ပေါစေသလို … ကိုယ့်ဘေးကလူတွေအတွက် အကျိုးပြုပါတယ် ။

ဒါ့ကြောင့် ကိုယ့်ဘေးက ဘယ်သူ့ကိုမဆို သူတို့ပြောချင်တာရှိရင် နားထောင်ပေးလိုက်ပါ ။
သူတို့အတွက် များစွာ အကူညီရသလို ကိုယ်လည်း ကုသိုလ်ရပါတယ် ။

Positive energy များသူတွေဟာ လူချစ်လူခင်ပေါများတယ် ၊ မျက်နှာပွင့်တယ် ၊ လူအများလေးစားကြတယ် ။ ဒါ့ကြောင့် ကိုယ်တိုင်က Positive Energy များအောင်ကြိုးစားပြီး နေထိုင်ပါ ၊ ဘေးကလူတွေကိုမျှဝေပါ ။

ဒါဆို ကိုယ့်ကမ္ဘာလေးဟာ ပိုစိမ်းလန်းပြီး ၊ ပိုအေးချမ်းပါလိမ့်မယ် ။ ကိုယ့်ဘေးမှာပွင့်တဲ့ ပန်းကလေးတွေဟာလည်း ပို၍ မွှေးပျံ့ပါလိမ့်မယ် ။

⁃ Thar Htwe

မူရင်း video ပိုင်ရှင် link

https://www.facebook.com/theinvinciblearies?mibextid=ZbWKwL

https://www.tiktok.com/?_t=8nGsTp1GkOO&_r=1

https://youtube.com/?si=zt09lJnrap4mcG8w

Photos from Shwe Myint Moh bag collection's post 27/06/2024

ကိုယ်ကြိုက်တဲ့အရောင်လေး
ချစ်တို့ကရော ဘယ်အရောင်လေးကြိုက်ကြလဲနော်
🥰🥰🥰

27/06/2024

ဗုဒ္ဓဘုရားရှင်က တကယ့် philosopherကြီး

လက်တွေ့အရမ်းကျတယ်....

ယနေ့ခေတ်ထိ ဗုဒ္ဓရဲ့နည်းတွေက

အသုံးဝင်နေတုန်း...

"မင်္ဂလသုတ်ကို ခေတ်သစ်အမြင်ဖြင့် ကြည့်ခြင်း''

ထူးတော့ ထူးဆန်းတယ်။ တော်တော့်ကို ထူးခြားနေတယ်။
မြတ်ဗုဒ္ဓရဲ့ အနှိုင်းမဲ့ ဉာဏ်ပညာ

ကျွန်တော်နားလည်တာနဲ့ တစ်ခြားသူတွေနားလည်ကြတာနဲ့ တူသလား ၊မတူသလား မပြောတတ်ပါ။
ဒီမင်္ဂလသုတ္တန်ဆိုတာ လူသားတစ်ယောက်အနေနဲ့ အခြေခံအကျဆုံး လိုက်နာသင့်တာတွေကို ဟောကြားထားတာ။ Basic စစ်စစ်ကြီးပါ။

ဟိုတစ်နေ့က ကျွန်တော်လေးစားရတဲ့ လေးလေးတစ်ယောက်နဲ့ တရားစကားတွေ ဆွေးနွေးကြတယ်။
စိတ်တွေတော်တော် အေးချမ်းခဲ့ရပါတယ်။
လေးလေးနဲ့ဆွေးနွေးကြတော့ မင်္ဂလသုတ္တန်အကြောင်းရောက်သွားရော။
ခံယူချက်၊ ခံစားချက်တွေကို ချရေးကြည့်မိပါတယ်။

ကလေးတောင် အလွတ်ရတဲ့ ဒီ သုံးဆယ့်ရှစ်ဖြာမင်္ဂလာကို ဘာတွေများ လာထူးနေတာတုန်း ?????

ဒီသုတ္တန်လေ့လာတော့ ဗုဒ္ဓမြတ်စွာရဲ့ ဧရာမ မဟာဉာဏ်တော်ကို ပိုပြီး ကြည်ညိုရရောဗျာ။
ဘာတွေတုန်း ?????

ဟောထားတာက ဆယ်ဂါထာတည်းရယ်။
ပုဒ်ကအစ သူ့အစုနဲ့သူ။
ထူးတာက အစဉ်တကျကို ဟောထားတာ။
မယုံရင် ရှေ့နောက်ပြောင်းကြည့်။
ဘယ်လိုမှ ဆက်စပ်လို့မရတာနဲ့ ဂွမ်းသွားမယ်။😱😱😱
ဒီလောက်ထိတောင် သေသပ်ပြီး သူ့အစု၊ သူ့ဂါထာနဲ့သူဟောကြားထားတာ ရက်စက်တယ်။🥰🥰🥰

ကမ္ဘာပေါ်မှာရေးသမျှ တက်ကျမ်းတွေ ဖတ်ပြီး IDOL တွေ ကြိုက်သလောက်ထား။ဘယ် motivator တွေက ဘာပြောပြော ???
နောက်ဆုံး ဒီထဲကကို မလွတ်ဘူး။
ဟုတ်မဟုတ် လေ့လာကြည့်ကြပါ။
လူသားတစ်ယောက်အနေနဲ့ လူ့ဘဝမှာ အအောင်မြင်ဆုံးဖြစ်အောင် ဟောပြပေးထားတာ ကျေးဇူး အနန္တပါ အရှင်ဘုရား 🙏🙏🙏

ဒီသုတ္တန်ကို မြတ်ဗုဒ္ဓဟောကြားခဲ့တဲ့နေရာက သာဝတ္ထိမြို့ ဇေတဝန်ကျောင်း။
ဘုရားရှင်ဘေးမှာ ရှင်အာနန္ဒာရှိနေတယ်။
ပထမသင်္ဂါယနာတင်ကြတော့ ရှင်မဟာကဿပရဲ့အမေးကို ရှင်အာနန္ဒာထေရ်က ဒီလိုကြားမိပါတယ်ဘုရားဆိုပြီး မှတ်တမ်းဝင်စေပါတယ်။
ဒီလိုနဲ့ ခုဒ္ဒကနိကာယ်၊သုတ္တနိပါတ်မှာ တရားဝင်ပါလာရခြင်းဖြစ်ပါတယ်။
ဆယ်ဂါထာရှိပါတယ်။

ဘယ်သူမှန်းမသိ မထင်မရှားနတ်သားက လာတောင်းပန်လို့ ဟောကြားတယ်ပြောလိုက်။
သန်းခေါင်ယံမှာဟောတယ်ဆို ညစဉ်အဲဒီအချိန်မှာတာဝတိံသာကနတ်တွေ ပါမစ်ကျလို့ အပူဇော်ခံတယ်ပြောကြတော့ ဟောဖို့ လာတောင်းပန်တာက ဣန္ဒသက္က သိကြားမင်းလို့ ဆိုလိုဆို။
ကောလဟာလ ငါးပါးမှာ ဒီမင်္ဂလာတရားဟောမယ်ဟေ့ဆိုပြီး သတင်းကြိုပေါက်တာ ၁၂ နှစ်ဆိုပြီး ရေးလိုရေး။

ချဲ့ချင်သလိုချဲ့ကားထားတဲ့ ဒီ myth တွေကို မရှင်းပြချင်ပါ။
ဘာကြောင့်ဟောဟော ဘယ်သူ့ကိုဟောဟော ၊ ဟောတာက ဟောခဲ့ပြီးပြီ။

အဓိက အနှစ်သာရ essence က ဘာကိုဆိုလိုတယ်ဆိုတာကိုပဲ ကြည်ညိုရအောင်လားဗျာ။ 🙏🙏🙏

မင်္ဂလာဆိုတာ ................
အပြင်မှာ လူတွေပြောကြသလို သာယာနာပျော်ဖွယ်ကောင်းတာတွေမှန်သမျှက မင်္ဂလာတွေလား ???
ကလေးပုခက်တင်ကစလို့ ဟိုဘွဲ့ ဒီဘွဲ့တွေရတာ မင်္ဂလာလား ???
မင်္ဂလာဆောင်တာ မင်္ဂလာလား ???

တစ်ခုမှ မဟုတ်ဘူး 🙌🙌🙌

လူသားတစ်ယောက်က ဘာကို အလိုချင်ဆုံးလဲ ???
ဘာ အဖြစ်ချင်ဆုံးလဲ ???
ဒါတွေမက ဘာဖြစ်သင့်ဆုံးလဲ ???
ဒါတွေကို မေးရမှာ !!!

အိပ် ၊ စား ၊ ကာမ အတွက် ရှင်သန်ဖို့ ကြိုးပမ်းကြရင်း လောဘ၊ဒေါသ၊ မောဟတွေမှာ နစ်လို့ ၊ နောက်ဆုံး သေကြ ၊ပျက်စီးကြတဲ့ လောကမှာ လူသားပီသအောင် ဘယ်လို ရတဲ့အခွင့်အရေးတွေနဲ့ ဘာတွေ အောင်မြင်အောင် လုပ်ရမလဲ ဆိုတာကမှ တကယ့်ဘဝပဲ ။

ဒါကို သွန်သင်တာ။စနစ်တကျနဲ့။

ကလေးဘဝ မှာ ဘယ်လိုနေတို့၊ လူကြီးဘဝမှာ ဘာလုပ်တို့ ၊ ဘယ်အရွယ်မှာ ဘာတို့၊ အဲလိုပုံစံနဲ့တော့ ဟောထားဟန်မတူ။
လူသားတစ်ယောက် အောင်မြင်ဖြစ်ထွန်းအောင် ဘာက စလုပ်ဆိုပြီး ဟောတော့တာ။
နိဿယျလို မရေးတော့ဘူးဗျာ။
တစ်ခုချင်းပဲ အကြမ်းဖျင်းသွားမယ်။

လာလာချင်း ဆောက်နဲ့ထွင်းပဲ။

နံပါတ် ၁ က အသေဝနာစ ဗာလာနံ တဲ့။
လူတိုင်း ကြားဖူးကြပါလိမ့်မယ်။

what is လူမိုက်စစ်စစ် ???
မိမိအကျိုး ၊ လောကအကျိုးကို စိတ်နဲ့ရော၊ ပါးစပ်နဲ့ရော၊ ကာယကံမြောက်ရော ဖျက်ဆီးသူဟာ လူမိုက်ပဲ။

ဘာဖြစ်လို့ ဒီ လူမိုက်ဆိုတဲ့ ဂျလေဘီတွေနဲ့ မှီဝဲဆည်းကပ်ဖို့ဆိုတာ ဝေလာဝေး၊ မပေါင်းနဲ့ လို့ အရင်ဆုံးပြောတာတုန်း။ ?????

ကိုယ် ဉာဏ်ရှိရင်၊လိမ္မာရင် ရပြီလေ !!!
NO ပါ။
မင်းဟာမင်း ဘယ်လောက်ထိန်းနိုင်တယ်ပြောပြော ၊ ကုန်ကုန်ပြောရရင် အပေါင်းအသင်းမှားနေတာတောင် ကိုယ်က မပျက်စီးဘူးပဲ ပြောပြော ၊ လူတွေအမြင်မှာကိုက ဒီပုတ်ထဲကဒီပဲ လို့ပဲ သတ်မှတ်တာ။
ဒီတော့ အရင်ဆုံး ဒါတွေရှောင်ပါ၊ သေတောင် မဆင်းရဲဘူး။

နံပါတ် ၂ ရောက်ပြီ။
ရှောင်စရာ ရှောင်ရုံပဲလား ???
ပဏ္ဌိတာနဉ္စသေဝနာ
လူကောင်း သူကောင်းတွေနဲ့ ပေါင်းပါတဲ့။
လူတော်ကိုပြောတာ မဟုတ်ဘူး။

လူတော်က သင်ယူလေ့ကျင့်ရင် ဖြစ်နိုင်တယ်၊
စိတ်အခံကောင်းရှိတဲ့ လူကောင်းကမှ အဓိက။
ဆရာတော် ဦးဇနက ဆုံးမခဲ့တယ်။
မဟာဂန္ဓာရုံရောက်ဖူးသူတိုင်း သိမှာပါ။
စိတ်ကောင်းရှိဖို့က ပထမ ပဲတဲ့ ၊ ကျန်တာက နောက်မှ ။🙏🙏🙏
ဒီလိုလူတွေနဲ့ပေါင်း။
အလကားနေရင်းကို တိုးတက်တဲ့ လမ်းစ ရလာလိမ့်မယ်။

၃. က ဘာလဲ ???
ပူဇာစ ပူဇေနယ်ာနံ
ပူဇော်ထိုက်သူတို့ကို ပူဇော်ပါတဲ့၊
ပေါင်းသင်းနည်းကို ပြောနေတာ။
မုန့်ပုံးနဲ့ ဂါတာကိုပြောတာမဟုတ်ဘူး။

အမွှေးတိုင်၊ ဖယောင်းတိုင်ထွန်းခိုင်းတာ မဟုတ်ဘူး။
လူကြီးသူမ၊ လူကောင်းသူကောင်းတွေကို နှုတ်အားဖြင့်၊ စိတ်အားဖြင့်၊ ကိုယ်အားဖြင့် တတ်နိုင်သမျှ သူတို့ကောင်းကျိုးကို ဆောင်ရွက်ပေးတာ ပူဇော်တာပဲ။
မခင်မင်မရင်းနှီးသေးတဲ့ လူကောင်းသူကောင်းတွေကို ဒီလို ချဉ်းကပ်ခိုင်းတာ။
ဘယ်တော့မှ မမှားဘူး။

မင်း ဒါတင်ရပြီလား ???
ချမ်းသာပြီလား ???
မရသေးရင်
နံပါတ် ၄ - ပတိရူပ ဒေသဝါသောစ
သင့်တော်ရာ ပြောင်းသာနေတဲ့။
ရပ်ပြစ်ရှစ်ပါးတို့ ဘာတို့ကို ထားဦး၊
မင်း သင့်တော်ရာမှာ မနေရင် ဘယ်တော့မှ မအောင်မြင်နိုင်ဘူးတဲ့။
သွေးထွက်အောင် မှန်လိုက်လေ။
မင်းနဲ့ ကိုက်ညီတဲ့ ပတ်ဝန်းကျင်ကောင်းရှိရာမှာ နေမှ မင်း အောင်မြင်လိမ့်မယ်တဲ့ဗျာ။
ဒက်ထိကို ဟောတာ 🙏🙏🙏

၅. ကေရာ ???
ပုဗ္ဗေစ ကတပုညတာ
အရင်တုန်းက လုပ်ခဲ့ဖူးတဲ့ ကောင်းရာကောင်းကျိုးလေးရော ရှိပါစေတဲ့၊
နေရာပြောင်းနေရင်တောင် ကောင်းသတင်း ဂုဏ်ချင်းဆောင်လာမယ်၊
ကောင်းတာတွေ လုပ်ဖူးခဲ့တော့ ဝါသနာမှန်လာမယ်။
ကောင်းကျိုးပဲဖြစ်လာမယ်တဲ့။

၆. ကရောဗျာ ???
အတ္တသမ္မာ ပဏီဓိစ
ကိုယ့်ကိုယ်ကို ကောင်းကောင်းစောင့်ရှောက်ပါ တဲ့။
လူမိုက်လည်းမပေါင်းဘူး၊ ဆည်းကပ်ပေါင်းသင်းစရာလည်းပေါင်းတယ်၊ ကောင်းရာသင့်ရာလည်း ပြောင်းပြီးပြီ၊
ရောက်လေရာရာမှာ မိမိကိုယ်ကို စောင့်ရှောက်မှ မင်း တိုးတက်မှာ။

စောင့်ရှောက်တယ်ဆိုတာ မိမိကျန်းမာရေးကအစ ၊ ပတ်ဝန်းကျင်အဆုံး အရေးကြီးတာကို ပြောနေတာ

ကဲ ဟုတ်ပြီ၊
ဘာတွေ ထပ်လုပ်ရမလဲ ???
နံပါတ် ၇ ရောက်ပြီနော် !!!
ဗာဟု သစ္စဉ္စ
အကြားအမြင်( ဟိုဗေဒင်တွေပြောတာမဟုတ်ဘူး )
ဗဟုသုတ knowledge များအောင် လုပ်တော့တဲ့။
ဖတ်ဖတ်၊ ကြားကြား ၊ မြင်မြင် ဘယ်လိုပဲရရ ၊ knowledge များလေလေ ၊ ဝေဖန်သုံးသပ်ဆန်းစစ်ချက်တွေမှန်လေလေပဲ။ ရသမျှ ဆည်းပူးပေတော့တဲ့။

၈. ကေရာ ???
သိပ်ပဉ်စ
အတတ်ပညာ တစ်ခုခု သင်တဲ့။
ဆရာဝန်လုပ်လုပ်၊ စာရေးဆရာလုပ်လုပ်၊ ကျောက်သွေးသွေး၊ ပန်းရံလုပ်လုပ်၊ မန်နေဂျာကြီးလုပ်လုပ်၊ စက်ချုပ်ချုပ် အတတ်ပညာတစ်ခုခုသင်ပြီးမှ ရတာ။
တစ်ခုခုသာ တတ်အောင်လုပ် ၊မင်း မဆင်းရဲဘူး။

နံပါတ် ၉ က ???
မင်း ဗဟုသုတတွေလည်း ရှိ၊ အတတ်ပညာတွေလည်း လန်ပြန်နေအောင် တတ်ကုန်ပြီ။
ဝိနယောစ သုသိက္ခိတော တဲ့။

ဝိနယောစ ဆိုတာ သံဃာတွေအတွက် ဝိနည်း၊ လူတွေအတွက်စည်းကမ်းလောက်လေးပဲ မကဘူး။
ကျွန်တော်နားလည်တာက Professionalism ရဲ့ Ethic ကို ဆိုနေတာ။
အတတ်ပညာတစ်ခုခုတတ်မြောက်လာပြီဆိုရင် ကိုယ်ကျင့်နဲ့အညီ ကျင့်သုံးဖို့ ကျင့်ဝတ်စည်းကမ်း ကိုပြောတာ။
ဆရာဝန်ဆိုပြီး အန္တရာယ်ဖြစ်စေတဲ့ ဆေး ပေးတာတို့၊ အင်ဂျင်နီယာတွေ ကြည့်ကျက်ပြီး လက်မှတ်ထိုး၊ ဆောက်ချင်ရယဆောက်တာတို့၊ ဓာတုဗေဒပါရဂူလုပ်ပြီး လူကို အသက်အန္တရာယ်ရှိအောင် ဓာတုပစ္စည်းတွေ ထုတ်လုပ်တာတို့၊ ရေးရရင် အများကြီး၊
နယ်ပယ် field တိုင်းမှာ ethic ကျင့်ဝတ်တွေရှိတယ်။
ဒါတွေကို လိုက်နာမှ မင်း တိုးတက်အောင်မြင်မယ်။
လူတောတိုးနိုင်မယ်။ ကိုယ့်လိပ်ပြာကိုယ်လုံမယ်။
ဒါကိုပြောနေတာ။

၁၀. ရောက်ပြီ ???
သုဘာသိတာစ ယာဝါစာ
ကောင်းသောပြောခြင်းကို ပြောပါတဲ့။
ယဉ်ကျေးသောစကား၊ ကောင်းသောစကားကိုပဲ ပြောခိုင်းတာ။
အရေးအကြီးဆုံးလောက် သွားကျတယ်။

တော်လိုက်တာလည်း လန်ထွက်နေတာပဲ။
ကြိုးစားတာကလည်း နှစ်ယောက်မရှိ။
ဆိုးလိုက်တဲ့ အပေါက်။
ဒါမျိုး ဘယ်တော့မှ မအောင်မြင်ဘူး၊
အောင်မြင်တယ်လည်း မခေါ်ဘူး။
ဘုရားရှင်က ဒီလို ဆုံးမတာ။

၁၁. က ဘာတုန်း ???
မင်း လူ့လောကမှာ ကြီးပွားချမ်းသာတိုးတက်ပြီ။
ဒါတင်ပဲလား ??? ဘယ်မလဲ အောင်မြင်မှုတွေ ???
မင်္ဂလာစစ်စစ်တွေ ???
ဒါတင်မကဘူးတဲ့။
မာတာပိတု ဥပဋ္ဌာနံ
အဖေ အမေ ကို လုပ်ကျွေးပြုစုမှ သင့်တော်ပါမယ်တဲ့။
အဖေ အမေ ဘယ်လောက်ဆိုးဆိုး ကောင်းကောင်း၊ မင်း လုပ်တာကို ကြည့်ပြီး မင်း သားသမီးက ပြန်ဆက်ဆံမှာကို မင

27/06/2024

ဖော့ဘူးတွေကို အသုံးမလိုရင် အမှိုက်ထဲ မထည့်ပါနဲ့
ရေပြောင်အောင်ဆေးပြီးနေလှန်းပါ။

ခြောက်ရင်အဝကျယ်ပုလင်းထဲဓါတ်ဆီထည့် ဖေါ့တွေကိုချိုးပြီးထည့်ပါ။ပျော်သွားရင် သစ်သားကပ်တဲ့ကော်ရပါတယ်။

ကော်တွေထဲမှာ အပူအအေးဒဏ်ခံနိုင်တဲ့ ကော်ပါ သွပ်တွေဖာလို့လည်းရပါတယ်။

ဖော့က ဓာတ်ဆီနဲ့တွေ့ရင် သေးပြီး ကျုံ့သွားတဲ့ အတွက် ဓာတ်ဆီကို အနည်းငယ်သာထည့်ပါ။

crd

GLORY Talents & Models Agency
Glory Myanmar

26/06/2024

မိဘကိုလုပ်ကျွေးတဲ့သူက
ရှာဖွေရ ပိုလွယ်တယ်။

မိဘကိုဖြည့်ဆည်းပေးတတ်တဲ့သူက
ပိုပြည့်စုံလာတယ်။

မိဘကိုပြန်ကြည့်တတ်တဲ့သူက
ပိုအဆင်ပြေလာတယ်။

မိဘစကားနားထောင်တဲ့သူက
ပိုစိတ်ချမ်းသာရတယ်။

ဒါကြောင့်ရှိနေတုန်းမှာ သိတတ်ပါ အသက်ကြီးမှ ပြန်ကြည့်မယ်လို့မတွေးပါနဲ့
ကိုယ်ပြန်ကြည့်နိုင်တဲ့အချိန်
သူတို့ရှိချင်မှရှိတော့လိမ့်မယ်။

မချမ်းသာလို့ မပြည့်စုံသေးလို့ဆိုတဲ့
ဆင်ခြေတွေအစားကိုယ်တတ်နိုင်သလောက် အဖေအမေကြိုက်တတ်တဲ့ မုန့်ကလေးတထုတ် နွေးထည်လေးတထည် ဖိနပ်လေးတရံနဲ့တင် သူ့တို့ကို စိတ်ချမ်းသာစေတယ် ပြည့်စုံစေတယ်။

စကားတခွန်းရှိတယ်။
မိဘအတွက်ကုန်သွားတဲ့ငွေက
အမြဲဆယ်ဆပြန်လာတယ်
ကိုယ့်ဆီက နဲနဲရပီး များများ
ပြန်ပေးချင်သူကမိဘတွေအပြင်မရှိပါဘူး

လက်ရှိ အောင်မြင်နေတဲ့သူတွေကို
ကြည့်ရင် မိဘကို သိတတ်သူတွေ
ချမ်းသာနေတဲ့သူတွေကိုကြည့်လိုက်ရင်
မိဘကိုဘယ်တုန်းကမှမငြိုငြင်တတ်သူတွေ

မယုံမရှိနဲ့ ... သူတို့ကြောင့်
မိဘအဆင်ပြေတာမဟုတ်ပဲ
မိဘကြောင့် သူတို့အဆင်ပြေနေတာကို သူတို့ယုံကြည်တာ။ ။

မူရင်း-Credit
မေတ္တာဖြင့်...

26/06/2024

မိဘပြီးရင် ဒုတိယဟာ မောင်နှစ်မပါ
အမေမွေးထဲ့က တအူထုံဆင်း
မတည့်အတူနေကျလဲဘယ်ရေက
သွေးထက်ပြစ်နိင်မှာလဲ
အရွယ်ကြီးလာလို့ ကိုယ်စီတာဝန်တွေယူတဲ့အခါ
အကျိုးအကြောင်းမတည့်လို့ ...စိတ်အခန့်မသင်တာ
ရှိခဲ့ရင်တောင့် ...ကြာကြာရန်မဖစ်နိင်တာ
မောင်နှစ်မပါ ငယ်ငယ်က ထမင်းတဝိုင်း
အတူစား ....ပတ်ပြေးဆော့ခဲ့တဲ့အရွယ်က
ကျောင်းသွားကျောင်းပြန် ...အလုပ်ခွင်အတူဝင်တဲ့အရွယ်ထိ ...မောင်နှစ်မတစ်တွဲတွဲတွေရှိတယ်
အချစ်လွန်အမူပိုတဲ့အကိုတွေကြားမှာ ...
အချစ်ခံရတဲ့ညီမတွေလည်းရှိတယ်
အမတွေကိုမအေလိုချစ်ပြီး
လိမ်မာတတ့်တဲ့မောင်တွေလည်းရှိတယ်
တချို့ကအမြဲတကျက်ကျက်အသက်
သိပ်မကွာလည်းအရေးကြုံရင်
အမရေ အကိုရေဆိုတဲ့မောင်နှစ်မတွေရှိတယ်
အမြဲမတည့်ပေမဲ့ ငါ့အကို င့ါအမစိတ်လေးနဲ့
တမအေထဲမွေးတွေပါ ဒါကြောင့်
ကမ္ဘာပေါ်တွင် မိဘပြီးရင် ဒုတိယနှောင်ကြိုးက
မောင်နှစ်မတွေပါ ရန်ဖြစ်လည်းမပျက်
အချစ်လည်းမပျက်ကျပါဖူး...........::::::::::::::::::::::::::

#စောနရီ :

Photos from Shwe Myint Moh bag collection's post 04/08/2022

21ပါ ရေဆေးခြယ်

Want your business to be the top-listed Shop in Dagon?
Click here to claim your Sponsored Listing.

Videos (show all)

Telephone

Website

Address

Dagon

Other Dagon shops (show all)
Ma Pyae's Online Shop Ma Pyae's Online Shop
Maha Swe (1) Road
Dagon, MESSAGE

ပစ္စည်းမှန် ဈေးနှုန်းချိုသာစွာရောင

TK Hila TK Hila
Dagon

အားလုံးမဂ်လာပါဒီpageကနေအမောပြေtiktok videoလေးတွေကြည့်ရှုလို့ပါပီ

Sunset online shopping Yangon Sunset online shopping Yangon
Dagon

we all have the best

RELX House RELX House
Inya Yeik Thar
Dagon

RELX Official Product များကို ပစ္စည်း မှန် စျေးနူန်း မှန်ဖြင့် တင်သွင်းရောင်းချပေးနေပါသည်

PPN Online Shop PPN Online Shop
အမှတ် (161 )/ပင်းယလမ်း/132ရပ်ကွက်
Dagon, 727186

နှလုံးစိတ်ဝမ်းအေးချမ်းကြပါစေ#�����

Bagan Online Shopping Bagan Online Shopping
အမှတ်-၄၅၊ ဦးထံလမ်း၊ ၄၀ ရပ်ကွက်၊
Dagon, 11191

BaganOnlineShopping

D.Vip in Myanmar D.Vip in Myanmar
Mingalar Zay, Shwe Pyae Zay 3 Floor, , ULike Myanmar Wholesale &Retail Shop
Dagon

�To know a brand, need opportunities; �To understand a brand, it takes time; �To get a brand, you need to be sincere; �Praise a brand, need magnanimous; inherit a brand. �present...

Adult Toy Shop Adult Toy Shop
Bo Saw Naung Street
Dagon

S*x Toy နှင့်ပက်သက်သော ပစ္စည်းများကို စျ

Pi concrete - spacer/cover block Pi concrete - spacer/cover block
Dagon, 11441

Construction Materials, Concrete Cover Block, Spacer

Kaung Kin Eain Vintage Clothing-ကောင်းကင်အိမ် Kaung Kin Eain Vintage Clothing-ကောင်းကင်အိမ်
Dagon

စျေးနှုန်းချိုသာ၍ လှပ‌‌သော Quality အသန့် Vintage အထည်များကို လက်လီ လက်ကား ရောင်းချပေးနေပါသည်။

Mr.6k Mr.6k
Dagon

Promocode-Sixkay