ပန်းပျိုးလက် သင်ထောက်ကူ ဖြန့်ချီရေး

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from ပန်းပျိုးလက် သင်ထောက်ကူ ဖြန့်ချီရေး, Education, Dagon.

26/08/2023

ခဲတံကိုင်နည်း ကဗျာ✍✍✍

လက်ညှိုးနဲ့ လက်မ
ခဲတံ ထိပ်ကို မ
အခြားတစ်ဖက်က မ လို့တင်
ခဲတံ ကိုင်ဖို့ပြင်
လက်ခလယ်ကို အောက်မှာ ထား
မှန်မှန်ကန်ကန် ကိုင်စို့လား✍✍✍

Send a message to learn more

15/08/2023

KG
G1 ကလေးလေးတွေ အတွက်
လက်​ရေးလှ​စေရန်
အရစ်အဆွဲ မှန်စေရန်
ရေးနည်း​လေး​တွေ video လေးနဲ့
တင်ပေးမယ်နော်

12/08/2023

မိမိကိုယ်ကိုယ် စီမံခြင်း (Self-Management)
🔸🔹🔸🔹🔸🔹🔸🔹🔸🔹🔸🔹🔸
📣 …. 🥰🥰🥰

ဒီနေ့မှာတော့ လူမှု-စိတ်ခံစားမှုဆိုင်ရာ တတ်ကျွမ်းမှုထဲက တစ်ခုဖြစ်တဲ့ -management အကြောင်းလေးကို မျှဝေပေးသွားပါမယ်။ ဒီတတ်ကျွမ်းမှုလေးက ဆရာ/မတွေကိုယ်တိုင်အတွက်သာမက စာသင်ခန်းထဲက ကျောင်းသားတွေရဲ့ အတွေးအမြင်တွေ၊ ခံစားချက်တွေ၊ အပြုအမူပိုင်းဆိုင်ရာတွေကို သင်ယူမှုလုပ်ငန်းတွေနဲ့ ဘယ်လိုချိတ်ဆက် စီမံခန့်ခွဲနိုင်သလဲဆိုတဲ့ အကြောင်းအရာတွေကို လေ့လာရမှာပဲ ဖြစ်ပါတယ်။

💹 -Management ဟာ သင်ယူမှုပန်းတိုင်ဆီ လျှောက်လှမ်းနိုင်ဖို့ ကျောင်းသားတွေရဲ့ အတွေးအခေါ်၊ ခံစားမှုတွေ၊ အပြုအမူတွေကို အကောင်းဆုံးလမ်းပြညွှန်ကြားနိုင်ဖို့ စီမံရာမှာ မရှိမဖြစ် လိုအပ်တဲ့ အရည်အသွေးတစ်ခုပဲ ဖြစ်ပါတယ်။

📌🌟 -management အရေးကြီးပုံ
Self-management က ကျောင်းသားတွေရဲ့ ဘဝတစ်သက်တာလုံး လွတ်လပ်ရေးသင်ယူနိုင်ဖို့နဲ့ ခက်ခဲမှုရှိတဲ့ သင်ယူမှုတွေ/အလုပ်တာဝန်တွေကို တစ်ဦးချင်း ကိုင်တွယ်ဖြေရှင်းနိုင်စေဖို့ အထောက်အကူပြုပါတယ်။ ဒါကြောင့် ဆရာ/မတွေအနေနဲ့ ကျောင်းသားတွေရဲ့ self-management skill တိုးတက်ဖို့ စာသင်ချိန်အတွင်းသာမက သူတို့ရဲ့ကိုယ်ပိုင်အချိန်ဇယားကိုပါ ကျောင်းသားတွေနဲ့ အတူတကွ ဆွေးနွေးချမှတ်ဖို့ အရေးကြီးပါတယ်။

📌🌟 -management အရည်အသွေး
ကျောင်းသားတွေရဲ့ self-management skill တွေတိုးတက်ဖို့ ဆရာ/တွေအနေနဲ့ သိထားရမယ့်အရာတွေ၊ စာသင်ခန်းအတွင်း အသုံးပြုနိုင်တဲ့ နည်းလမ်းများစွာလည်းရှိပါတယ်။ သို့သော် ဒီဆောင်းပါးလေးမှာတော့ အဓိကအားဖြင့် ကျောင်းသားတွေကို လေ့ကျင့်သင်ကြားပေးသင့်တဲ့စည်းမျဉ်း (၄) ချက်ကို ဖော်ပြပေးသွားပါမယ်။

☹️😞၁။ စိတ်ခံစားမှုဆိုင်ရာစည်းမျဉ်း (Emotional Regulation) 😆😊
ကျောင်းသားတွေရဲ့ ခံစားချက်မှတစ်ဆင့် ဖြစ်ပေါ်လာတဲ့ လုပ်ဆောင်မှုတွေ၊ ဖြစ်ပေါ်လာတဲ့ စိတ်ဖိစီးမှုတွေကို ပြုလွယ်ပြောင်းလွယ် ကိုင်တွယ်ဖြေရှင်းနိုင်မယ့် စည်းမျဉ်းမျိုး ချမှတ်ခြင်းကို ဆိုလိုပါတယ်။ ဥပမာ - ကျောင်းသားတွေနဲ့အတူ ခံစားချက်တွေကို ဖော်ထုတ်ပြီး ခံစားချက်အလိုက် ဖြေရှင်းနိုင်တဲ့ နည်းလမ်းလေးတွေကို ရှာဖွေတာမျိုးလုပ်ဆောင်သင့်ပါတယ်။ နောက်ပြီး ကျောင်းသင်ခန်းစာတွေနဲ့ သင့်လျော်သလို ချိတ်ဆက်ပေးနိုင်ပါတယ်။

👎👍၂။ အပြုအမူပိုင်းဆိုင်ရာစည်းမျဉ်း (Behavior Regulation) 🫵✋
စာသင်ခန်းအတွင်း ကျောင်းသားတွေရဲ့ စိတ်အားထက်သန်မှုနဲ့ တတ်ကြွမှု လွန်ကဲခြင်း၊ အာရုံပျံ့လွင့်မှုနဲ့ ပါဝင်သင်ယူရန်လိုအပ်ချက်တွေကို စီမံနိုင်ဖို့ ကျောင်းသားများကိုယ်တိုင် သိအောင်ကြိုးစားခြင်းနဲ့ ကျောင်းသားတွေကိုယ်တိုင် စည်းမျဉ်းတွေချမှတ်လိုက်နာခြင်းကို ဆိုလိုခြင်းဖြစ်ပါတယ်။ ဥပမာ - စဉ်းမျဉ်းတွေကို မကြာခဏပြန်လည်သတိပြုမိစေဖို့ ဆရာက အသိပေးတာမျိုး၊ တရားထိုင်ခြင်း နဲ့ အခြားသော စာသင်ခန်းအတွင်းက အပြုအမူပိုင်းဆိုင်ရာ ပြဿနာတွေဖြေလျော့ဖို့ ချမှတ်ဆောင်ရွက်နိုင်ပါတယ်။

🤭🫣 ၃။ စိတ်ပိုင်းဆိုင်ရာစည်းမျဉ်း (Mental Regulation) 🥰🤔
ကျောင်းသားတွေအကြား လူမှုဆက်ဆံရေးကနေ ဖြစ်ပေါ်လာနိုင်တဲ့ အားပေးလှုံ့ဆော်မှု၊ ခံနိုင်ရည်ရှိမှုနဲ့၊ စိတ်အားထက်သန်မှုတွေကို စီမံနိုင်ဖို့ ချမှတ်တဲ့ စည်းမျဉ်းမျိုးပဲ ဖြစ်ပါတယ်။ ဥပမာ - ကျောင်းသားအချင်းချင်း စိတ်ရှည်သည်းခံတတ်ဖို့နဲ့ မိမိကိုယ်ကိုယ်လည်း အကောင်းမြင်စိတ်တွေဖြစ်ပေါ်စေမယ့် သင်ယူမှုလုပ်ငန်းတွေ၊ ပုံပြင်ပြောတာမျိုးတွေ အစရှိသည်တဲ့ အရာမျိုးတွေကို ထည့်သွင်းဆောင်ရွက်ပေးသင့်ပါသည်။

✍️👩‍🎓 ၄။ သင်ယူမှုဆိုင်ရာစည်းမျဉ်း (Academic Regulation) 👨‍🎓💹
ပညာရေးမှာ ထူးချွန်ထက်မြက်ပြီး အောင်မြင်တဲ့ ကျောင်းသားတစ်ဦးဖြစ်ရန် လိုအပ်သော အရည်အချင်းများဖြစ်တဲ့ ဘာသာရပ်များကို အာရုံစိုက်သင်ယူနိုင်မှု၊ ပရောဂျက်လုပ်ငန်း/အိမ်စာ ပြီးမြောက်မှု၊ သင်ယူမှုအတွက် အကူအညီတောင်းခြင်းနဲ့ အချိန်ကို စီမံခန့်ခွဲခြင်း စတဲ့ အရာတွေ ကျွမ်းကျင်တက်မြောက်ဖို့ ရည်ရွယ်ပြီး နေ့စဉ်ကျောင်းသားတွေဆောင်ရွက်ရမယ့် စည်းမျဉ်းတစ်ခုအနေနဲ့ ပါဝင်အောင် ချမှတ်ဆောင်ရွက်ရပါမယ်။

👍👉 ဒီလိုအကြောင်းအရာတွေကို သိပြီဆိုတော့ ဆရာ/မတွေအနေနဲ့ ကျောင်းသားတွေရဲ့ self-management skills တွေ တိုးတက်အောင် ပံ့ပိုးတဲ့နေရာမှာ (management) စီမံပေးခြင်းက အရေးကြီးကြောင်းနဲ့ ကျောင်းသားတွေကို (control) ထိန်းချုပ်ခြင်း ဖြစ်စေတဲ့ ဆရာရဲ့ တစ်ဖက်သတ်ချမှတ်တဲ့ စည်းမျဉ်းတွေမဖြစ်ဖို့ အထူးသတိပြုရမှာဖြစ်ကြောင်း ပြောကြားရင်း ဆောင်းပါးလေးကို အဆုံးသတ်ပါရစေ။

"သင်ကြားဖို့ရာ သင်ယူပါ။"
“STL-Signature of Teaching & Learning”
Please Like and Follow our Page /\
- Signature of Teaching and Learning

Photos from ပန်းပျိုးလက် သင်ထောက်ကူ ဖြန့်ချီရေး's post 22/07/2023

G5 သိပ္ပံ

Photos from ပန်းပျိုးလက် သင်ထောက်ကူ ဖြန့်ချီရေး's post 21/07/2023

Grade 5 မြန်မာစာ

Photos from ပန်းပျိုးလက် သင်ထောက်ကူ ဖြန့်ချီရေး's post 21/07/2023

Grade 5 လူမှုရေး

15/06/2023

၁ မိနစ်မှာ ဘာဖြစ်လို့ စက္ကန့် ၆၀ ရှိသလဲ ❓
ငယ်ငယ်ကတည်းက သိလာတဲ့အသိတစ်ခုက
စက္ကန့် (၆၀) ဟာ ၁ မိနစ် ဖြစ်ပြီး
မိနစ် (၆၀) ဟာ ၁ နာရီဖြစ်ပါတယ်။
ဘာ့ကြောင့် ၆၀ ဖြစ်သလဲ..?
ဘာ့ကြောင့် ၁၀၀ မဖြစ်တာလဲ..? စသည်ဖြင့်
စဉ်းစားကြည့်ဖူးကြမည် ထင်ပါတယ်။
စဉ်းစားတတ်တဲ့ကျောင်းသားကမေးတဲ့အခါ..
ဆရာတို့ ဘယ်လိုဖြေကြမလဲ..?
အခုလို (၆၀) ကို အခြေထားပြီး တွက်တဲ့စနစ်ဟာ
ခရစ်တော်မပေါ်မီ ၃၅၀၀ ခုနှစ် (BC 3500)
ကတည်းက ဆူမားရီးယမ်း လူမျိုးတွေ စတင်
အသုံးပြုခဲ့တဲ့ စနစ်ဖြစ်ပါတယ်။
စက်ဝိုင်းတို့ တြိဂံတို့ဟာ (၆၀) နဲ့ တွက်လို့ရသော ပုံစံများဖြစ်ပါတယ်။
ဒီစနစ်ကို ဘေဘီလိုနီယန်း (ဘေဘီလုံ)တွေက
ဆက်လက် ကျင့်သုံးခဲ့ပြီး
သင်္ချာပညာ နဲ့ နက္ခတ္တဗေဒ ပညာရပ်များမှာ
အသုံးချခဲ့ကြပါတယ်။
(၆၀) ကို အခြေယူတဲ့ နည်းစနစ်ကို စက်စီဂျက်စီမယ် (sexagesimal) လို့ခေါ်ပါတယ်။
ရှေးအခါက နေ့ နှင့် ည အချိန်များကို
နေ နာရီ၊ ကြယ်တာရာ များကိုကြည့်ပြီး
တွက်ခဲ့ကြတာဖြစ်ပါတယ်။
နေ့ နှင့်ည ကို ၂၄ နာရီအဖြစ် စတင်သတ်မှတ်တာကတော့ ရှေး အီဂျစ်များ ဖြစ်ပါတယ်။
နေနာရီိရဲ့ အရိပ်ကိုကြည့်ပြီး
နေ့ (၁၀) နာရီ အဖြစ်သတ်မှတ်ကာ
မိုးသောက်ချိန် ၁ နာရီ၊ ညနေ ၁ နာရီ ရှေ့နောက်ထည့်ပေါင်းပါတယ်။
ညကတော့ ကြယ်တာရာတွေကို ကြည့်ပြီး
၁၂ နာရီအဖြစ် သတ်မှတ်ပါတယ်။
စုစုပေါင်း ၂၄ နာရီပါ။ sexagesimal (၆) နဲ့ စားလို့ ပြတ်တဲ့ ဂဏန်းတွေပါပဲ။
စက္ကန့် (၆၀) ကို ၁ မိနစ်လို့ စပြီး သတ်မှတ်ခေါ်ဆိုခဲ့တာကတော့ ဂရိ နက္ခတ်ပညာရှင် Hipparchus ဖြစ်ပါတယ်
၁ နာရီကို sexagesimal သင်္ချာနည်းနဲ့ ၆၀ ပိုင်းလိုက်တာကို “Prime Minute” ပထမပိုင်းသေးလို့ သတ်မှတ်ပါတယ်။
အဲ့ဒီ့ သေးငယ်ခြင်း Minute (မိုင်နျု) ကနေ မိနစ် ဖြစ်လာပါတယ်။
Prime Minute ကို နောက်ထပ် (၆၀) နဲ့ ဆက်ပိုင်းတဲ့အခါ “Second minute” လို့ခေါ်တဲ့ ဒုတိယ အပိုင်း (သေးငယ်ခြင်း) ကို ရပါတယ်။
အဲ့ဒီ့ ဒုတိယ Second ကနေ စက္ကန့် ဖြစ်လာတာ ဖြစ်ပါတယ်။ (Third Minute နဲ့ Fourth Minute တို့လည်း ရှိပါသေးတယ်။)
ကျနော်တို့ သုံးနေတဲ့ နာရီကိုတော့..
၁၆၅၆ မှာ ဒတ်ခ်ျလူမျိုး အာကာသပညာရှင်
ခရစ်ရှန် ဟူဂျင်း (Christiaan Huygens) က စတင်တီထွင် အသုံးပြုခဲ့တာပါ။
ဒါပေမယ့် သူသုံးခဲ့တာ ချိန်သီးပါတဲ့ နာရီမျိုး (Pendulum clock) ဖြစ်ပါတယ်။
နောက်ပိုင်းမှာတော့.. သူ့ရဲ့ နာရီပုံစံဒီဇိုင်းကိုပဲ
တစ်ကမ္ဘာလုံး ပုံစံအမျိုးမျိုးဖြင့် တွင်တွင်ကျယ်ကျယ် အသုံးပြုလာခဲ့ကြတာပဲ ဖြစ်ပါတော့တယ်…။
စာရေးသူ - သန့်ဦး (အာကာသနှင့် စကြဝဠာ သင်ထောက်ကူ)

Photos from ပန်းပျိုးလက် သင်ထောက်ကူ ဖြန့်ချီရေး's post 10/06/2023

#မြန်မာဗျည်းအက္ခရာ
သားသားမီးမီးလေးတွေအတွက် မြန်မာဗျည်းအက္ခရာရေးသား‌နည်းလေးတွေပါရှင့်

10/06/2023

ဒီပုံကိုမြင်လိုက်ရတာ အရမ်းတန်ဖိုးရှိတယ်😍😍
📚📚📚📚📚📚📚📚📚📚📚📚

ယနေ့ခေတ် မိဘတွေကို
မီးမောင်းထိုးပြနေတာပါ။
ဟိုအရင်တုန်းက ဖုန်းတွေကမပေါ်သေး
TVတွေကလည်း မတွေ့ဖူးသေး
Game တွေကိုမကြားဖူးသေးတော့
ကလေးတွေက စာဖတ်ဖြစ်ကြတယ်
စာဖတ်ချိန်တွေ ပိုများလာတယ်။

စာကြည့်တိုက်တွေ မှာလည်း ကလေးတွေ
စာဖတ်ဖြစ်ကြတယ်။ အိမ်မှာလဲ မိဘတွေက
ကာတွန်းစာအုပ်တွေ ဂျာနယ်တွေ ပုံပြင်စာအုပ်တွေ
ကိုဝယ်ပေးကြတော့ ကလေးတွေက စာဖတ်ဖြစ်ကြတာပေါ့။
အသိပညာ ဗဟုသုတတွေ တိုးပွားလာတာပေါ့။

အသိတရားတွေ တိုးပွားလာတော့
မိဘစကား ဆရာ/ဆရာမ စကားတွေကို နာထောင်ကြတယ်
အမှား အမှန် အဆိုး အကောင်း တွေကိုခွဲခြားသိမြင်လာတယ်
ကိုယ်ချင်းစာတရားတွေ
တစ်ပါးသူအပေါ်စာနာတတ်မှုတွေ

တစ်ကိုယ်ကောင်းမဆန် သင့်ဘူး
တစ်ကိုယ်ကောင်းဆန်ခြင်းဟာ လုံးဝမကောင်းဘူး
စတဲ့ အရေးကြီးတဲ့ အရာတွေကို
စာဖတ်ခြင်းဖြင့် သိလာကြတယ်။
ယနေ့ခေတ် လက်ရှိမှာတော့ နည်းပညာတွေ

တိုးတတ်လာ ကြတယ်။ အခုလိုတိုးတတ်လာခြင်းဟာ
အကောင်းတွေဖြစ်စေတဲ့ ကောင်းကျိုးတွေဖြစ်စေသလို
တစ်ဖက်မှာလည် အဆိုးတွေဖြစ်စေတဲ့
ဆိုးကျိုးတွေဖြစ်လာပါတယ်။ လောကမှာ အမှားနဲ့အမှန်
အကောင်းနဲ့အဆိုး တွေဟာအမြဲဒွန်တွဲ
လျက်ရှိတယ်ဆိုတာ လက်ခံရမှာပါ။

IT(Information Technology)
သတင်းအချက်အလက်နည်းပညာ
တွေဟာ လူငယ်တွေလက်လှမ်းမီ လာကြတယ်။
လူတိုင်းရဲ့လက်ထဲမှာ ဖုန်း(smart phone)

တွေကိုင်နိုင်လာကြတယ်။TV တွေလည်း
တစ်အိမ်ကို တစ်လုံးဖြစ်လာကြတယ်။
Game (ဂိမ်း) တွေကလည်း အစုံအလင် ထွက်ရှိနေတယ်။
ကလေးတွေကလည်း စာဖတ်ဖို့စိတ်ကူး မရှိကြတော့ဘူး။

ကျောင်းတတ်ရမှာလည်း ပျင်းလာကြတယ်။
နောက်ပိုင်းကြာလာတော့ Game (ဂိမ်း) စွဲလမ်းခြင်း
ဆိုတဲ့ရောဂါတွေ မျက်စိမှုန်တာတွေ မှတ်ဉာဏ်အာရုံ
ချို့ယွင်းမှုတွေ အစရှိသဖြင့် ဆိုးကျိုးတွေဖြစ်လာတယ်။

တန်ရင်ဆေး လွန်ရင်ဘေး ပေါ့ဗျာ။
စာဖတ်ခြင်းမရှိတော့ စိတ်ဓာတ်တွေ ဆိုးရွားလာတယ်
မိဘ/ဆရာ တွေရဲ့ စကားတွေကိုနားမထောင်တော့ပဲ
ပြန်ခံပြော တတ်လာတယ်။ ရန်ဖြစ်တတ်လာတယ်

လူကြီးတွေကို ရိုသေလေးစားမှုတွေ ကင်းမဲ့လာကြတယ်။
အသိတရားတွေ နည်းလာကြတော့ ကိုယ်ကျင့်တရားတွေ
စောင့်ထိန်းမှု မရှိကြတော့ဘူးပေါ့။

ဒါကြောင့် သင်တို့ရဲ့ ရင်သွေးတွေကို ဒီပုံလေးထဲကလို့ ပညာအမွေတွေပေးပြီး
စာများများဖတ်ချင်အောင် ပြု့စုပျိုးထောင်ကြပါလို့ တိုက်တွန်းလိုက်ရပါသည်။

Credit.Photo
ပြန်လည်ဝေမျှခြင်း.... 👩‍💻

03/06/2023

🟣 ပျဉ်းမနားမောင်နီသင်း၏ 'မင်္ဂလာပါ'ကဗျာ

မောင်တို့ မယ်တို့ ကျောင်းခန်းဝင်
အပြုံးပန်းကို ဆင်၊
မင်္ဂလာပါ ဆရာမ
ညီညီညာညာ နှုတ်ဆက်ကြ။
_ _ _ _ _ _ _ _ _ _ _ _ _ _ _ _ _ _ _ _ _ _ _ _ _ _ _ _ _ _

🟣 ပျဉ်းမနားမောင်နီသင်း၏ 'တို့‌ကျောင်း'ကဗျာ

ပန်းကလေးများ ပွင့်တော့မည်
ဖူးတံ ဝင့်လို့ချီ၊
နေခြည်မှာ ရွှေရည်လောင်း
ငါတို့စာသင်ကျောင်း။
_ _ _ _ _ _ _ _ _ _ _ _ _ _ _ _ _ _ _ _ _ _ _ _ _ _ _ _ _ _

🟣 ပျဉ်းမနားမောင်နီသင်း၏ 'ဆုတောင်း'ကဗျာ

စပါးဝါရွှေ ဝင်းပါစေ
ပန်းတွေ သင်းပါစေ၊
ငှက်ကလေးတွေ မိုးတိမ်ကြား
ပျံနိုင်ကြစေသား။

နေရောင်ခြည်လည်း ဖွေးပါစေ
လေပြည် အေးပါစေ၊
ချစ်မိတ်ဆွေ ပေါင်းဖော်များ
ကျန်းမာကြစေသား။
_ _ _ _ _ _ _ _ _ _ _ _ _ _ _ _ _ _ _ _ _ _ _ _ _ _ _ _ _ _


🔵 အများစု သိကျွမ်းရင်းနှီးပြီးသား ကဗျာလေးတွေကို ကဗျာနဲ့ ကဗျာဖန်တီးသူ အတူယှဉ်တွဲသိစေချင်တဲ့ရည်ရွယ်ချက်နဲ့ တင်ပေးတာပါ။
_ _ _ _ _ _ _ _ _ _ _ _ _ _ _ _ _ _ _ _ _ _ _ _ _ _ _ _ _ _

01/06/2023

စာရေးနှေးသော လက်ကလေး
-------------------------
▪️ကလေး A
ဆရာ ကျွန်မကလေး စာရေးတာ အရမ်းနှေးတယ်။ စာလေး ၁ လုံး। ၂-လုံး ရေပြီးရင် ခဲတံကို ခဏချ। ပြီးရင် ပြန်ကောက်। ပြန်ရေး। ခဲတံတောင် နိုင်ပုံမရဘူး။ စာလုံးတွေကလည်း မညီမညာနဲ့ ဖတ်ဖို့ကခက်। ဘယ်လိုကျင့်ကျင့် မရဘူး။

▪️ကလေး B
ဒီကောင် ချီးကျူးဖို့ကောင်းတာက စာရေးရင် တထိုင်တည်းရေးတယ်။ ခဲတံလည်း ကျကျနန ကြာကြာကိုင်နိုင်တယ်။ အတန်းမှာ စာရေးရင် သူအရင်ဆုံးပြီးတယ်။

🔶ခဲတံကိုင်ပုံ ( pencil grip )

စာရေးမြန်ခြင်း।လှခြင်း। သပ်ရပ်ခြင်း।သန်ခြင်း ဆိုတာကိုဆုံးဖြတ်ပေးတဲ့အထဲမှာ pencil grip ဆိုတဲ့ ခဲတံကိုင်ပုံလေးလည်းပါတာပေါ့။ ကလေးအများစုကတော့ သဘာဝကသင်ပေးတဲ့အတိုင်း ခဲတံလေးတွေကို နည်းမှန်လမ်းမှန်နဲ့ ကိုင်တတ်သွားကြတာပါပဲ။ သင့်ကလေးက ပုံ-၁ ကအတိုင်း ခဲတံကိုကိုင်နေရင်တော့ လက်ခံနိုင်ပါတယ်။ ပုံ-၁ ကအတိုင်းလည်းမကိုင်। စာရေးလျှင်လည်း ကကျိုးကကျော်। လက်ကလည်း ခဏခဏညောင်းဆိုလျှင်တော့ သူ့ရဲ့ pencil grip လေးကို ပုံ-၂ပါ အတိုင်း ကျင့်ပေးလိုက်ပါ။ pencil grip ကို မူကြို। မူလတန်းအရွယ်တို့တွင် ကျင့်ပေးရတာပိုလွယ်ပါသည်။ မှားနေတာကို မကျင့်ပေးပဲထားလိုက်ရင်တော့ အမှားအတိုင်း တစ်သက်လုံးကိုင်သွားနိုင်ပါသည်။

ပုံ-၂ pencil grip
---------------
-ခဲတံက လက်မ।လက်ညှိုး।လက်ခလယ် ၃-ခု ဖြင့်သာ ပုံပါအတိုင်း ကိုင်ထားရမည်။
-လက်သူကြွယ် နှင့် လက်သန်းကလေက အနောက်ဘက်သို့ ကွေးဝင်ပြီး စားပွဲပေါ်မှာသက်တောင့်သက်သာ အနားယူနေရမည်။
-လက်ကောက်ဝတ်က အပြင်ဘက်အနည်းငယ်လေး ကွေးနေရမည်။ ပုံကိုကြည့်ပါ။ တချို့ကလေးတွေ အတွင်းဘက်ကို အရမ်းကွေးပြီး ရေးနေတာကို တွေ့ရပါလိမ့်မည်။ ပြင်ခိုင်းပါ။
-လက်တတောင်က စားပွဲပေါ်မှာ အနားယူနေရမည်။
-ခဲတံထိပ်နှင့် ၁-၂ စင်တီမီတာ အကွာမှကိုင်ခိုင်းပါ။
-အထက်ပါအတိုင်း နေ့စဉ်မိနစ်အနည်းငယ်စီ ကျင့်ပေးပါ။
-pencil grip ပုံစံခွက်လေးတွေ လည်းအပြင်မှာ ဝယ်လို့ရနေပါပြီ။

🔶 ထိုင်သည့်ပုံစံ နှင့် စာရွက်အနေအထား

အဲဒါကလည်း ကလေးရဲ့ စာရေးအားကို အထောက်အကူပြုပါတယ်။ပုံ-၃ ကိုကြည့်ပါ။
-ကလေးအရပ်နှင့်အနေတော်မည့် စားပွဲ နှင့် ထိုင်ခုံဖြစ်သင့်သည်။
-ခြေဖဝါး ၂-ဖက်စလုံးက ကြမ်းပြင်ပေါ်ကို ထိထားပါစေ။
-လက်တတောင် ၂-ဖက်စလုံးက စားပွဲပေါ်မှာ နားနေပါစေ။
-ရေးမဲ့ စာရွက်ကို ပုံပါအတိုင်း ကလေးစာရေးမည့်လက်က စားပွဲပေါ်တွင် ချထားသည့် လမ်းကြောင်းအတိုင်း တစောင်းလေး ချပေးထားပါ။
- အခြား လက်တဘက်ဖြင့် စာရွက်ကိုထိန်းထားခိုင်းပါ။

🔶လက်ကကြွက်သား သန်မာရဲ့လား( muscle tone )

လက်ကြွက်သားလေးတွေ ပျော့နေရင်လည်း စာရေးရာမှာ အခက်အခဲရှိတတ်ပါတယ်။ လက်သန်တယ်ဆိုတာ လက်ထဲက အရိုးချောင်းတွေ နဲ့ ကြွက်သားတွေ သန်တယ်ဆိုတာကို ပြောတာပါ။ လက်ကြွက်သားတွေ ပျော့နေတဲ့ကလေးက ခဲတံကိုင်ပြီး ခဏနေရင် ညောင်းလာပါလိမ့်မယ်။ အဲဒီတော့သူက ခဏ နားရပါတယ်။ အဲဒီလိုနဲ့ စာရေးနေတာ ကြာနေတော့တာပါပဲ။ ဒီတော့ သူတို့လက်ထဲမှာရှိတဲ့ ကြွက်သားတွေကို မာလာအောင် အထောက်အကူပြုမဲ့ လက်လှုပ်ရှားမှုတွေကို နေ့စဉ်နေ့တိုင်းကျင့်ပေးပါ။

🔹လက်သန်ရန် လုပ်ဆောင်နိုင်သော ဥပမာ နှင့် အကြံပြုချက်အချို့

- မလိုအပ်ပဲ ထမင်းခွံ့ကျွေးခြင်း မလုပ်ပါနဲ့။ ကလေးကို ကိုယ်တိုင် လက်ဖြင့်ကိုင်တွယ်। ဇွန်းဖြင့်ကိုင်တွယ်၍ စားခိုင်းပါ။

- မူကြိုကလေးငယ်လေး စာမရေးခင် playdough ဆိုတဲ့ဂျုံလေးတွေကို လက်ဖြင့်ညှစ်ခိုင်း। လုံးခိုင်း। လိပ်ခိုင်းခြင်းများကို ပြုလုပ်ခိုင်းပါ။ ပြီးမှ ခဲတံကိုင်ခိုင်း၍ စာရေးခိုင်းပါ။ မူကြိုဆရာမလေးကို အကြံပေးချင်တာက ကလေးငယ်လေးကျောင်းထဲရောက်တာနဲ့ စာရေးခြင်းဖြင့် မစပါနဲ့။ ဂျုံကို အရင်ပေးကစားခိုင်းပါ။ ပြီးလျှင်စာရေးခိုင်းပါ။

- ဂျုံလုံးလေးများ ပြုလုပ်ခိုင်းပြီး လက်မ।လက်ညှိုး। လက်ခလယ် ၃-ခုကြားညှပ်ပြီး လက်ချောင်းကလေးများ ထိသည်အထိ ညှစ်ခိုင်းပါ။

-မူကြိုအရွယ်လေးတွေကို ပန်းချီဆွဲခိုင်းခြင်း। သဲအိမ်। နှင်းအိမ်လေးများ ဆောက်ခိုင်းခြင်း। လက်ကိုအဓိကအသုံးပြုရသော အနုပညာဖန်တီးမှုများကို ပြုလုပ်ခိုင်းခြင်း တို့ဖြင့် လေ့ကျင့်ပေးနိုင်သည်။ ပုံတွေပေါ်မှာ ဆေးချယ်ခိုင်းပါ။

-လက်ဖဝါးပေါ်မှာ ကျောက်စရစ်ခဲလေးကိုတင်। ပြီးလျှင် လက်သူကြွယ်နှင့်လက်သန်းလေးများကိုကွေးပြီး လက်ဖဝါးပေါ်မှ ကျောက်စရစ်ခဲလေးကို ဖိခိုင်းပါ။

-ကြယ်သီး တပ်ခြင်း। ဖြုတ်ခြင်းများကို ပြုလုပ်ခိုင်းပါ။

-ပုံတွင်ပြထားသော ပုလင်းမျိုးဖြင့် ပန်းပင်ရေဖြန်းခိုင်းပါ။

- ပုံမှာ ပြထားသည့်လက်ကောက်ဝတ် လေ့ကျင့်ခန်းကို နေ့စဉ်လုပ်ဖို့ ကူညီပေးပါ။ စားပွဲပေါ်မှာ လက်တတောင်ကို တင်ပြီးလူကြီးက ကိုင်ပေးထား। ကလေးကို လက်သီးဆုပ်ခိုင်းပြီး အပေါ်ဘက်ကို ကွေးချီ। ဖြေချီ လုပ်ခိုင်းပါ။

-ကလေးငယ်လေးတွေက ချီးကျူးခံရရင်। game ပုံစံကစားခိုင်းရင် လက်လေ့ကျင့်ခန်းတွေကို လိုက်လုပ်ကြမှာပါ။

-ကလေးငယ်များကို ကစားကွင်းသို့ မကြာခဏခေါ်သွားပြီး ဆော့ကစားခိုင်းပါ။

-လက်ကြွက်သားပဲ အရေးကြီးတာ မဟုတ်။ ခန္ဓာကိုယ်မှာ ရှိတဲ့ ကြွက်သားများ ပျော့ပါကလည်း ကလေးများက စားပွဲခုံမှာ ကြာကြာထိုင်ပြီး စာမလုပ်နိုင်။ ခန္ဓာကိုယ် တွန့်လိမ်ကောက်ကွေးနေပြီး မကြာခင် စားပွဲပေါ်မှဆင်း၍ ကြမ်းပေါ်ထိုင်ဖတ်လိမ့်မည်။ ထို့နောက် ထိုင်ရာမှ လှဲပြီးဖတ်လိမ့်မည်။ ထို့နောက် တခါတည်း အိပ်ပျော်သွားလိမ့်မည်။ အဲဒီလိုကလေးတွေကို ကိုယ်လက်လှုပ်ရှားမှုလေးတွေ အရင်လုပ်ခိုင်းပြီးမှ စာထိုင်ဖတ်ခိုင်းပါ။ ကိုယ်လက်လှုပ်ရှားမှု ပြုလုပ်လိုက်သည့်အတွက် ကြွက်သားမာခြင်းအဆင့် (muscle tone )တက်လာ၏။ muscle tone တက်လာတော့ နဲနဲပိုကြာကြာထိုင်နိုင်တာပေါ့။ စာသင်နေတာ တဝက်ရောက်လျှင် ခဏရပ်ခိုင်းပြီး လေ့ကျင့်ခန်းလုပ်ခိုင်းသော ဆရာ। ဆရာများကို မိဘများဘဝတွင် တွေ့ခဲ့ဖူးပါလိမ့်မည်။ အားလုံးသဘောကျခဲ့ကြမှာပါ။

-အရင်ကပြောခဲ့သလိုပဲ ဗီတာမင် ဒီ। ကယ်လစီယမ် နှင့် ကိုယ်လက်လှုပ်ရှားမှုတို့သည် ကလေးများ၏ အရိုးနှင့်ကြွက်သားများ အတွက်အရေးပါသည်။ ထို ၃-ခုထဲမှ တခုချိုတဲ့လျှင် ကလေးများ၏ အရိုးနှင့်ကြွက်သားကျန်းမာရေး အပေါ်ထိခိုက်နိုင်ပါသည်။

- ပုံလေးတွေကို တချက်ကြည့်ကြည့်ပါ။ အဲလိုလေးတွေလုပ်ပေးသည့် မူကြိုကို ရွေးချယ်ပါ။ ကလောင်ကိုင်မည့် လက်ကလေး ကလောင်ကို နိုင်နိုင်နင်းနင်း ကိုင်နိုင်ပါစေ။

မေတ္တာဖြင့်

- ဂန္ထ၀င်ပျိုးခင်း page မှ 🙏🙏🙏

Photos from ပန်းပျိုးလက် သင်ထောက်ကူ ဖြန့်ချီရေး's post 01/06/2023

KG သားသားမီးမီးများအတွက် ရွတ်ဆိုရန် ကဗျာများ

01/06/2023

🟣 တင်မိုး၏ 'မမ ဝဝ'ကဗျာ

မမ ဝဝ
ထထ က
အက ပထမ။

ကပါ ကပါ
မမရာ
ညည လသာသာ။

ညအခါ
ငါစာရ
မမ ဝဝ
ထထ က။
_ _ _ _ _ _ _ _ _ _ _ _ _ _ _ _ _ _ _ _ _ _ _ _ _ _ _ _ _ _

🟣 တင်မိုး၏ 'ဆန်းသစ်စ'ကဗျာ

ဆန်းသစ်စ လကလေးဟာ
အဲဒါ ရေးချပါ။ (-ာ)

ပြောင်းပြန်လှည့်ကာ ဝတ်ဆံထိုး
အဲဒါ သဝထေိုး။ (‌ေ-)

ရေအိုးကလေး ရွက်လာရင်
အဲဒါ လုံးကြီးတင်။ (-ိ)

လုံးကြီးတင်မှာ မျက်ဆန်ခတ်
လုံးကြီးတင်ဆန်ခတ်။ (-ီ)
_ _ _ _ _ _ _ _ _ _ _ _ _ _ _ _ _ _ _ _ _ _ _ _ _ _ _ _ _ _

🟣 တင်မိုး၏ 'ယုန်ကလေးက နားရွက်ထောင်'ကဗျာ

ယုန်ကလေးက နားရွက်ထောင်
ပညာရှိ ယောင်ယောင်၊
ကြောင်ကလေးက လက်သည်းဝှက်
ချောင်းလိုက်ရတဲ့ ကြွက်။

ရွှေဇီးကွက်ရဲ့ဣ‌နြေ္ဒ
ဘုရင်ကြီးလို နေ၊
မိုးလေတွက်ကာ ဗေဒင်ဟော
တောက်တဲ့ ကိုလေပေါ။

ပြောတိုင်းယုံတဲ့ ပုတ်သင်ညို
ခေါင်းညိတ်လှသကို၊
ရွှေကျီးညို သာပါလှ
ဧည့်သည် လာပါစ။
_ _ _ _ _ _ _ _ _ _ _ _ _ _ _ _ _ _ _ _ _ _ _ _ _ _ _ _ _ _

🔵 အများစု သိကျွမ်းရင်းနှီးပြီးသား ကဗျာလေးတွေကို ကဗျာနဲ့ ကဗျာဖန်တီးသူ အတူယှဉ်တွဲ သိရအောင် တင်ပေးတာပါဗျ။
_ _ _ _ _ _ _ _ _ _ _ _ _ _ _ _ _ _ _ _ _ _ _ _ _ _ _ _ _ _

Want your school to be the top-listed School/college in Dagon?
Click here to claim your Sponsored Listing.

Videos (show all)

Category

Website

Address

Dagon

Other Education in Dagon (show all)
New World Therapeutic Training Center New World Therapeutic Training Center
Dagon

To develop their skills

Ganbatte Japanese Training Class Ganbatte Japanese Training Class
Shwe Hnin Si 4th Street
Dagon

Explore New Language

Fake Money ငွေတုရောင်းဝယ်ရေးလုပ်ငန်း Fake Money ငွေတုရောင်းဝယ်ရေးလုပ်ငန်း
Dagon

We help candidates in all examination in Nigeria, whatapp 09056921153

MEC-Maths Education Center MEC-Maths Education Center
Dagon

MEC Matns Education Center

Shofar Education Center Shofar Education Center
Dagon

We Teach, We Care!

Japanese Language Gym Japanese Language Gym
Dagon

ぜひ、いっしょに勉強しましょう!! Let's study Japanese language together!

YM Chinese Language Center YM Chinese Language Center
Dagon

မိမိစိတ်ကူးအိပ်မက်တွေကိုအကောင်အထည?

Pro Creative Center Pro Creative Center
Room No. 4018, Third Floor Taw Win Center, 45 ပြည်လမ်း, Yangon
Dagon

Arts and Media School

One Star One Star
Zin Your Road
Dagon, 11431

MinLwin Myanmarsar MinLwin Myanmarsar
Dagon

မင်းလွင် (မြန်မာစာ)

Learn by BiBi Learn by BiBi
Dagon

ဘာသာစကားတခုကိုသေသေချာချာလုပ်ပါ

Khing Khant Kyaw. Education Khing Khant Kyaw. Education
Sapal
Dagon, K.K.K

hello! မဂၤလာပါ ခင္ဗ်ာ