7 VERTEX

Builder & Developer Co., Ltd.

Photos from 7 VERTEX's post 09/01/2024

""GOLDEN MANDALAR MINI CONDO""
🙏🙏🙏 ကောင်းခြင်းမင်္ဂလာအဖြာဖြာနှင့်ပြည့်စုံသည့် (7.1.2024) နှစ်သစ်ရက်မြတ်မှာ ကျွန်တော်များ 7 VERTEX အတွက်ဂုဏ်ယူစရာ Developer project တစ်ခုဖြစ်လာမယ့် RCC (8)ထပ်၊ (1)လွှာ (2)ခန်းနှင့် (8)ယောက်စီး Lift ဓါတ်လှေကားပါဝင်သော GOLDEN MANDALAR MINI CONDO ကြီးကို မြောက်ဒဂုံမြို့နယ်၊ (30) ရပ်ကွက်၊ မဟာဗန္ဓုလလမ်းမကြီးပေါ်ရှိ မြေအကျယ် (41'x62') ပေါ်တွင် မြေရှင်နှင့်အကျိုးတူတည်ဆောက်သွားရန် နှစ်ဦးသဘောတူရှေ့နေရှေ့ရပ်နှင့်တကွ စိတ်နှလှံးကြည်ဖြူစွာဖြင့် စာချုပ်ချုပ်ဆိုခဲ့ပြီးဖြစ်‌ကြောင်း၊ ကျွန်တော်များ 7 VERTEX မိတ်ဟောင်းမိတ်သစ်များအား ဂုဏ်ယူဝမ်း‌မြောက်စွာဖြင့်သတင်းကောင်းပါးအပ်ပါတယ်ခင်ဗျာ 🙏🙏🙏
New mini condo project is coming soon! Cheers all! 👏👏👏

31/12/2023

🙏 ကျွန်တော်များ 7 VERTEX ရဲ့မိတ်ဟောင်း၊ မိတ်သစ်များအားလုံး 2024 မင်္ဂလာနှစ်သစ်မှာ စိတ်၏ရွှင်လန်းခြင်း၊ ကိုယ်၏ကျန်းမာခြင်းနှင့်ပြည့်စုံ၍ လိုအင်ဆန္ဒများအားလုံးပြည့်ဝကြပါစေခင်ဗျာ 🙏

Photos from 7 VERTEX's post 27/12/2023

👷မကြာမီ 2024 နှစ်သစ်၊ ပထမလပတ်မှာ အချောထည်ပြီးစီးမယ့်အိမ်လေးပါခင်ဗျာ🙏
✅ဒီအိမ်လေးကတော့ RC 2.5 ထပ်အဆောက်အဦးလေးကိုမှ Roof slab လေးနဲ့တည်ဆောက်ထားတာဖြစ်ပါတယ်
✅ အကျယ်အဝန်းလေးက မြေညီထပ် 18'x53' ကျယ်ဝန်းပြီး၊ အပေါ်လွှာများ 18'x57' ကျယ်ဝန်းပါတယ်ခင်ဗျာ
👉 မြေညီလွှာမှာ Car parking၊ Living room၊ Dinning room ၊ Kitchen၊ Common WC & toilet တို့ပါဝင်ပြီး
👉ပထမထပ်မှာဆိုရင် Master BR 2 ခန်း၊ ဘုရားခန်းနှင့် Study room 1 ခန်းပါဝင်မှာဖြစ်ပါတယ်
👉ဒုတိယထပ်မှာ လေကောင်းလေသန့်ရမယ့် Balcony နှင့်ကျယ်ဝန်းတဲ့ Master BR 1 ခန်းပါဝင်ပါတယ်
👉အမိုး Roof slab လေးပေါ်မှာလဲညနေဆည်းဆာချိန်လေးမှာ အနားယူလို့ရ‌ပါသေးတယ်ခင်ဗျာ 😊
👉 မကြာခင် Decoration လုပ်ငန်းများပြီးစီးတဲ့အခါ Final ပုံလေး‌တွေထပ်တင်ပေးပါ့မယ်ခင်ဗျာ
🙏ဒီအိမ်လေးဟာဆိုရင် အိမ်လှလှလေးတွေဝယ်ဖို့စိတ်ကူး‌နေတဲ့ Customer များအတွက် ရွေးချယ်စရာများစွာထဲမှတစ်ခုဖြစ်လာမှာ‌သေချာပါတယ်ခင်ဗျာ🙏
✅ဒီအိမ်လေးနဲ့ပတ်သက်ပြီး ရောင်းချမယ့်ဈေးနှုန်းလေးနဲ့ အသေးစိပ်အချက်အလက်လေးတွေကိုစုံစမ်းချင်ရင်တော့ 👉09-777276277 & 09-777276377 သို့ရုံးချိန်အတွင်းဆက်သွယ်နိုင်ပါတယ်ခင်ဗျာ🙏
Ready to move in house, newly built by 7 VERTEX!

Photos from 7 VERTEX's post 24/12/2023

👷သာကေတမြို့နယ်၊ ၁၀‌/တောင်ရပ်ကွက်၊ သာလ္လာဝတီ (၁)လမ်းတွင် ဆောက်လုပ်လျက်ရှိသည့် RCC (2) ထပ်အဆောက်အဦးလေးပါခင်ဗျာ🙏
👉ယနေ့ Foundation လုပ်ငန်းများပြီးစီးပြီဖြစ်သဖြင့် Superstructure လုပ်ငန်းများမကြာခင်စတင်မှာဖြစ်ပါတယ်🙏
👉သင့်အိမ်လေးတည်‌ဆောက်ဖို့အတွက် စဉ်းစားနေပါလား? စိတ်ချယုံကြည်စွာဖြင့် အချိန်မရွေးတိုင်ပင်‌ဆွေးနွေးလို့ရပါတယ်ခင်ဗျာ 🙏
Your most reliable construction service provider is here➡️ 09-777276277, 09-777276377

Photos from 7 VERTEX's post 15/12/2023

👷 (18.11.23) ရက်နေ့မှာ မြေသန့်ပရိတ်တရားနာပြီးနောက်‌ အကြမ်းထည်လုပ်ငန်းများစတင်ခဲ့တဲ့ သဇင်လမ်း၊ ပုလဲ(3)ရပ်ကွက်၊ မင်္ဂလာဒုံမြို့နယ်မှ New project လေး Foundation လုပ်ငန်းများယနေ့ပြီးစီးသွားပါပြီခင်ဗျာ 🙏
Your best construction service provider is here➡️ 09-777276277, 09-777276377

Photos from 7 VERTEX's post 02/12/2023

👷ရွှေပေါက္ကံမြို့နယ်၊ (11)ရပ်ကွက်၊ ရာဇဓိရာဇ် (5) လမ်း RCC (2)ထပ်ခွဲ Project လေးရဲ့ 3D design လေးပါခင်ဗျာ🙏
👷(3.11.23) မှာမြေသန့်ပရိတ်ရွတ်တရားနာပြီးနောက် Foundation လုပ်ငန်းများစတင်ခဲ့ပါတယ်ခင်ဗျာ🙏
👷မကြာခင်မှာ Foundation လုပ်ငန်းများပြီးစီးတော့မှာမို့ Site progress လေးတွေမျှဝေရင်းနဲ့ အားလုံးလဲ ဘေးဘယာတွေကင်းဝေးပါစေ၊ အေးချမ်းသာယာကြပါစေလို့ ကျွန်တော်များ 7 VERTEX မိသားစုမှ ဆုမွန်ကောင်းတောင်းအပ်ပါတယ်ခင်ဗျာ 🙏
✅7 VERTEX👉We do value the safety, durability & elegant design of your house!🏡
📞09-777276277, 09-777276377✅

Photos from 7 VERTEX's post 27/11/2023

🙏ကျွန်တော်များ 7 VERTEX ရဲ့မိတ်ဟောင်း၊ မိတ်သစ်များအားလုံး ကိုယ်စိတ်နှလုံးအေးချမ်းပါစေ၊ ပူပင်သောကတွေကင်းဝေးပါစေလို့ ဦးစွာဆန္ဒပြုပါတယ်ခင်ဗျာ 🙏
👷 လက်ရှိချိန်မှာ Project အသစ်လေးတွေစရင်းနဲ့ Ongoing sites လေးတွေလည်းအချောသတ်နိုင်အောင်ကြိုးစားနေပါတယ်ခင်ဗျာ 🙏
👷 (27.10.2023) ရက်နေ့‌မှာအိမ်ရှင်ထံအပ်နှံပြီးစီးခဲ့တဲ့သာ‌ကေတမြို့နယ်၊ အနော်မာလမ်း (20)၊ အရှေ့ရပ်ကွက်မှအိမ်ပုံလေးတွေမျှ‌ဝေရင်း၊ ကျွန်တော်များ 7 VERTEX ကိုယုံကြည်စွာအလုပ်အပ်နှံခဲ့သူများအားလုံးကို ကျေးဇူးအထူးတင်ရှိကြောင်း လေးစားစွာထပ်မံအသိ‌ပေးအပ်ပါတယ်ခင်ဗျာ 🙏
✅ 7 VERTEX, your reliable construction service provider, is always near you!
📞09-777276277, 09-777276377 ✅

Photos from 7 VERTEX's post 17/10/2023

👷 7 VERTEX ရဲ့ Sweet October လေးပါ! Promotion ကာလအတွင်းယုံကြည်စွာအလုပ်အပ်နှံခဲ့သော ‌မိတ်သစ်များအားလုံးကို ကျေးဇူးအထူးတင်ရှိပါတယ်ခင်ဗျာ 🙏
👷 ပုံမှန်ဈေးနှုန်း 55000/Sq.ft Package လေးကို 48000/Sq.ft ဈေးဖြင့်သက်သာစွာ‌‌‌ဆောက်လုပ်ခွင့်ရမယ့် Promotion လေးလဲတစ်ဦးတိုးပြီး၊ ကံထူးရှင် 4 ဦးနဲ့ပြီးဆုံးသွားပြီဖြစ်ပါတယ်ခင်ဗျာ 🙏
👷 လုပ်ငန်းမအပ်နှံဖြစ်ပေမယ့် စိတ်ဝင်စားစုံစမ်းမေးမြန်းခဲ့သော Customer များအားလုံးကိုလည်းကျေးဇူးအထူးတင်ရှိပါတယ်ခင်ဗျာ 🙏
👷 ယနေ့ရက်ကောင်းလေးမှာ Project အသစ်လေးလဲ မြေသန့်ပရိတ်တရားနာ၊ ကမ္မဝါဖတ်မင်္ဂလာပြုလုပ်ခဲ့ပြီး၊ နောက်ရက်များမှာ Foundation လုပ်ငန်းများစတင်တော့မှာဖြစ်ပါတယ်ခင်ဗျာ 👍
👷 7 VERTEX, your reliable construction service provider, is always near you!
👉 09-777276277, 09-777276377 ✅

Photos from 7 VERTEX's post 10/10/2023

👷 Archi 2D 3D drawing, Soil report, Structure design တွေဆုံပြီဆိုတော့ လာမယ့်အပတ်မှာ ထောက်ကြန့် Project လေးစပါမယ်ခင်ဗျာ 😊🙏

Photos from 7 VERTEX's post 03/10/2023

Project အသစ် (2)ခုအတွက် SI report လေးတွေစောင့်နေရဆဲ... မိုးပါးမယ့်အချိန်နဲ့ New projects လေးတွေစမှာနဲ့အ‌တော်ပဲဗျာ...😊
ယုံကြည်စွာလုပ်ငန်းအပ်နှံခဲ့သော ကျွန်တော်တို့ရဲ့ Customers များအားလုံးကို ကျေးဇူးအထူးတင်ရှိပါတယ်ခင်ဗျာ...🙏🙏🙏

Photos from 7 VERTEX's post 26/09/2023

''Daily & Weekly progress '' နေ့ရက်တိုင်း/ တစ်ပတ်တိုင်းဟာ တိုးတက်မှုရှိနေရမယ်
🙄 Site တစ်ခုခုမှာလုပ်ငန်းတိုးတက်မှုနှေးနေပြီဆိုရင် 4M ကိုပြန်စစ်ရပြီ၊ 4M ဆိုတာဘာ‌တွေလဲ?
1. M- Machine စက်ပစ္စည်းတွေမပြည့်စုံတာလား၊ ပျက်စီးနေလား
2. M- Manpower လေဘာတွေရဲ့ကျွမ်းကျင်မှု၊ လူအင်အားနဲ့ Project မန်နေဂျာ၊ အင်ဂျင်နီယာ၊ Site ကြီးကြပ်တွေရဲ့ကျွမ်းကျင်မှု၊ စီမံခန့်ခွဲမှု‌တွေလိုအပ်‌နေလား
3. M- Material လုပ်ငန်းသုံး‌ဆောက်လုပ်ရေးပစ္စည်းတွေ အရည်အသွေးမပြည့်ဝလို့၊ မလုံလောက်လို့နားနေရလား
4. M- Method (Methods, Techniques) နည်းစနစ်ပိုင်း‌အားနည်းလို့/ မလိုက်နာလို့အပိုအလုပ်တွေနဲ့ပြန်ပြင်နေရလား
အပေါ်က M တစ်ခုခုအားနည်းနေခဲ့ရင်အဲ့ဒီ M လေးကိုအချိန်မီပြင်ဆင်ဖြည့်စွက်လိုက်ရင် Daily/ Weekly/ Monthly Progress လေးတွေပြန်တက်လာပြီပေါ့
🤔 နောက်ဆုံးအရေးကြီးတဲ့ M တစ်လုံးရှိသေးတယ်၊ အဲဒီ M လေးကတော့လူတိုင်းသိတဲ့ M‌ လေး MONEY! သူမရှိရင်တော့သိတဲ့အတိုင်း‌ဗျာ
✅ ကျွန်တော်တို့ဆောက်လုပ်ရေးကန်ထရိုက်တာတွေအတွက်လည်းဒီ M-MONEY လေးကို သက်ဆိုင်ရာလုပ်ငန်းအလိုက် မလစ်ဟင်းအောင် စီမံခန့်ခွဲမှုကောင်းကောင်းလုပ်နိုင်မှသာ လုပ်ငန်းတွေအချိန်မှီပြီးစီးပြီး ထိုက်သင့်တဲ့ အကျိုးအမြတ်တစ်ခုရမှာဖြစ်ပါတယ်
✅ လုပ်ငန်းအပ်နှံတဲ့ အိမ်ရှင်များဖက်မှလည်းနှစ်ဦးနှစ်ဖက်သင့်တင့်မျှတတဲ့‌ PAE ဈေးနှုန်းလေးတွေနဲ့ ယုံကြည်စိတ်ချရတဲ့ ကန်ထရိုက်တာ‌‌များဆီမှာ အလုပ်အပ်နှံခြင်းဖြင့်သာ မိမိတို့ရဲ့စိတ်ကူးအိပ်မက်‌လေးထဲက လှပခိုင်ခန့်တဲ့အိမ်လေးတွေကို ပိုင်ဆိုင်နိုင်မှာဖြစ်ပါတယ်ဗျာ
🙏မိသားစုတိုင်း နားခိုရာအိမ်လှလှလေးတွေပိုင်ဆိုင်နိုင်ကြပါစေ‌၊ ကျေးဇူးပါခင်ဗျာ 🙏🙏🙏

Photos from 7 VERTEX's post 20/09/2023

🥰 မင်္ဂလာ‌နေ့ရက်လေးတွေပါပဲခင်ဗျာ
🙏ယုံကြည်စွာအလုပ်အပ်နှံခဲ့သော အလုပ်ရှင် မိသားစုများအားလုံး မကြာခင်အိမ်လှလှလေးတွေပိုင်ဆိုင်နိုင်အောင် 7 VERTEX ဝန်ထမ်းမိသားစုမှ အစွမ်းကုန်ကြိုးစားပါ့မယ်ခင်ဗျာ
✅ Promotion package လေးဖြစ်တဲ့ PAE 48000/Sqft နှုန်းလေးနဲ့ရေမီးဆေးအပြီးအစီးအပြင် ကိုရီးယားပါကေး၊ကြွေပြား၊မျက်နှာကျက်၊မီးဖိုခုံနှင့် Ground tank လေးများပါတစ်ပါတည်းရမယ့် Lucky home ပိုင်ရှင်လေးတစ်ဦးပဲကျန်ပါတော့တယ်ခင်ဗျာ!
🤩 Wow! Who will be the next Lucky One???

Photos from 7 VERTEX's post 05/09/2023

📣 Wow! Big Big Promotion! But Limited promotion လေးမို့ Customer (3)ဦးပဲနော်! Only Threes!
🤩 ဒီလ 1st September 2023 ကနေ 31st October 2023 အထိ အိမ်ဆောက်ဖို့စဉ်းစားနေတဲ့ချစ်ခင်ရတဲ့ Customer (3)ဦးအတွက် 7 VERTEX ရဲ့ Limited Big Promotion လေးရှိပါတယ်ဗျာ၊ ဘာတွေပါလဲ သိချင်နေပြီဟုတ်?
👉 ရေ၊မီး၊ဆေးအပြီး PAE rate 48000/ Sq.ft ဆိုတာ ခုလိုသံ(၁)တန်ကို သိန်း(၂၀)ဝန်းကျင်ဖြစ်နေချိန်မှာ သင့်တင့်မျှတတဲ့စျေးလေးပါဗျာ
👉 Ok! စပြီနော်! ဒီ PAE 48000 စျေးနှုန်းမှာပါဝင်တဲ့ရေ၊မီး၊ဆေးလုပ်ငန်းများအပြင်ဒီ Limited Promotion လေးမှာ +++
1) ဘုရားခန်း၊ ဧည့်ခန်း၊ အိပ်ခန်းများအတွက် Korea parquet (or) SPC Vinyl floor ကြိုက်တာရွေးလို့ရမယ်
2) မီးဖိုခန်းနှင့်ဝရံတာများမှာ 12”x12” ကြွေပြားအပြည့်ခင်းပေးမယ်
3) ရေချိုးခန်း၊ အိမ်သာများမှာ နံရံနှင့်အခင်းကြွေပြားအပြည့်ကပ်ပေးမယ်
4) ဘုရားခန်း၊ ဧည့်ခန်းနှင့်လျှောက်လမ်းများမှာ Gypsum board ceiling design များဖြင့်အလှဆင်ပေးမယ့်အပြင်၊ အိပ်ခန်းများမှာ​လဲ Plaster cornice ကပ်ပြီးအလှဆင်ပေးဦးမှာဗျာ
4) မီးဖိုခုံလေးမှာလဲ Granite အပြည့်ခင်းပေးမယ့်အပြင် 2’ အမြင့်အထိနံရံကြွေပြားကပ်ပေးမယ်၊ Lower cabinet လေးတွေလဲထည့်ပေးမယ်
6) ရေလှောင်ဖို့အတွက် Ground tank လေးလဲ FOC ပါဝင်မှာဖြစ်ပြီး၊ ကြွေပြားလေးပါကပ်ပေးမှာဗျာ 🤩
📣 ကဲ..ဘာလိုသေးလဲနော်! အသေးစိပ်စုံစမ်းချင်ရင်တော့ Hotline number: 09-777276277 နဲ့ 09-777276377 ကိုဆက်သွယ်စုံစမ်းမေးမြန်းလို့ရပါတယ်၊ ကျေးဇူးပါခင်ဗျာ 🙏
✔️ ဒီပုံလေးတွေကလက်ရှိ Foundation လုပ်ငန်းများဆောင်ရွက်နေတဲ့ ရွှေပေါက္ကံမြို့နယ်၊ ရာဇဓိရာဇ် (၆)လမ်း site လေးရဲ့ 3D ပုံရိပ်လေးတွေပါဗျာ 🙏
🤗 Who will be the Lucky Threes? Cheers! 👏

Photos from 7 VERTEX's post 30/08/2023

👷🏻‍♂️မြောက်ဒဂုံမြို့နယ်၊ (၄၂)ရပ်ကွက်၊ ပီမိုးနင်း(၃)လမ်း၊ (၂၀’x ၆၀’)ကုမ္ပဏီပိုင်မြေကွက်မှာ ထပ်မံဆောက်လုပ်နေဆဲ Developer project လေးပါ 🤩
😊 ဒီအဆောက်အဦးလေးကိုကြိုပိုုင့်အနေနဲ့ဝယ်ယူချင်တယ်၊ အသေးစိပ်စုံစမ်းချင်တယ်ဆိုရင်တော့-
Hotline number: 09-777276277 နဲ့ 09-777276377 ကိုဆက်သွယ်စုံစမ်းမေးမြန်းလို့ရပါတယ်၊ ကျေးဇူးပါခင်ဗျာ 🙏

Photos from 7 VERTEX's post 26/08/2023

😊 Post လေးတွေမတင်ဖြစ်တာလဲကြာပြီ! အချိန်မီအပ်နှံပြီးစီးခဲ့တဲ့ site လေးတွေနဲ့ဆောက်လက်စ project လေးတွေပါခင်ဗျာ 🙏
သင့်စိတ်ကူးထဲကအိမ်လေးတွေဆောက်ဖို့စဉ်းစားနေပြီဆိုရင် ကျွန်တော်များရုံးခန်းသို့ Monday to Saturday ရုံးချိန် 9:00 မှ 5:00 အတွင်းလာရောက်ဆွေးနွေးလေ့လာနိုင်ပါတယ်နော်! 🙏
ရုံးလိပ်စာအသစ်လေးက☑️ အမှတ် 559၊ မြေညီထပ် (B-1)၊ လောပိတလမ်း (သမိန်ဗရမ်းလမ်း)၊ 36 ရပ်ကွက်၊ မြောက်ဒဂုံမြို့နယ်။
ဖုန်း☑️ 09-777276277, 09-777276377
Have a sweet weekend to you all!

Photos from 7 VERTEX's post 21/03/2023

👷🏻‍♂️သာကေတမြို့နယ်၊ အနော်မာလမ်း (၂၀)အရှေ့၊ ၂/မြောက်ရပ်ကွက်တွင်ထပ်မံဆောက်လုပ်မည့် RC 2ထပ်ခွဲ Modern design လန်းလန်းလေးပါ၊ ယနေ့မြေတူးလုပ်ငန်းများစတင်နေပါပြီခင်ဗျာ 🙏
😍ယုံကြည်စွာအလုပ်အပ်နှံသော အဘဦးအောင်မြင့်နှင့်မိသားစုအား SEVEN VERTEX မိသားစုမှကျေးဇူးအထူးတင်ရှိပါတယ်ခင်ဗျာ 🙏

Photos from 7 VERTEX's post 11/03/2023

👷🏻‍♂️ Dagon center အနီး၊ ပြည်လမ်းမပေါ်မှာဖွင့်လှစ်မယ့် G&G ဆိုင်ပြင်ဆင်ခြင်းပုံရိပ်များ၊ ပြင်ဆင်ပြီးပုံလေးတွေထပ်တင်ပေးမယ်နော် 🙏

Photos from 7 VERTEX's post 11/03/2023

👷🏻‍♂️ Plaster ချောလုပ်ငန်းများစတင်တော့မယ့် Condominium project 🏡

Photos from 7 VERTEX's post 08/03/2023

👷🏻‍♂️အချိန်မီပြီးစီးအောင်ကြိုးစားနေဆဲ Projects လေးတွေပါ 💪

Photos from 7 VERTEX's post 27/01/2023

👷🏻‍♂️သင်စေတနာကောင်းလျှင် အလုပ်ကောင်းပါမည် 🙏
Project: RC 3 Storey Building
Location: North Dagon

Photos from 7 VERTEX's post 23/01/2023

👷🏻‍♂️ မကြာခင်အုတ်စီချော Wet Trade လုပ်ငန်းများစတင်ရမယ့် High rise condo project လုပ်ငန်းခွင်နေရာလေး သွားရောက်လေ့လာခဲ့ပါတယ် 👏
🙏 အားလုံးအတွက် 2023 ဟာအပြည့်အဝကံကောင်းမယ့်နှစ်သစ်တစ်နှစ်ဖြစ်ပါစေဗျာ 🙏

15/01/2023

🏡 ဘယ်လုပ်ငန်းမှာမဆို Teamwork ကောင်းရင် အောင်မြင်မှုဆိုတာ အလှမ်းမဝေးပါဘူးဗျာ 🤝

Team Work💪

Photos from 7 VERTEX's post 04/01/2023

👷🏻‍♂️ ၇၅ နှစ်မြောက်လွတ်လပ်ရေးနေ့ရုံးပိတ်ရက်လေးမို့ Sites အားလုံးနားပါတယ်ခင်ဗျာ 🙏
👉 ဒုတိယပုံလေးကလုပ်ငန်းခွင်မှာ Safety Helmets အရောင်လေးတွေနဲ့အသုံးပြုပုံလေး sharing ပါဗျာ ✍️

Photos from 7 VERTEX's post 03/01/2023

“””2023 နှစ်သစ်ဆုတောင်း”””
🙏 ယနေ့ယခုချိန်ထိ ကျွန်တော်တို့ပြုခဲ့သမျှသော ကောင်းမှုကုသိုလ်ကံအစုစုတို့ကြောင့်၎င်း၊
🙏 ကျွန်တော်တို့၏အလုပ်နှင့်ပတ်သက်၍ မှန်ကန်သောစိတ်ထား၊ မျှတသောစျေးနှုန်း၊ အကောင်းဆုံးသောဝန်ဆောင်မှုများပေးအပ်ခဲ့ခြင်းကြောင့်၎င်း၊
🙏 ကျွန်တော်တို့၏ဝန်ထမ်းမိသားစုများ၊ ကျွန်တော်တို့၏အလုပ်ရှင်မိတ်ဟောင်းမိတ်သစ်များအပေါ်ထားရှိသော မယိမ်းယိုင်သောစေတနာမေတ္တာတရားတို့ကြောင့်၎င်း၊
🙏 ‘2023’နှစ်သစ်မှာ ကျွန်တော်များ 7 VERTEX ကုမ္ပဏီအနေဖြင့် လိုအပ်သောနေရာများတွင် ဆထက်ပိုလှူဒါန်းနိုင်ရပါလို၏။
🙏 ထပ်မံ၍လည်း ပိုမိုဆန်းသစ်လှပ၊ ခိုင်ခံ့သစ်လွင်သောအဆောက်အဦးများစွာကို တာဝန်ယူမှု၊ တာဝန်ခံမှုအပြည့်ဖြင့်ဆောက်လုပ်ခွင့်ရရပါလို၏။
👷🏻‍♂️မင်္ဂလာနှစ်သစ် (2.1.2023) မှာထောက်ကြန့်၊ နွယ်ခွေကျေးရွာ site ပထမထပ်စလပ်လေးလောင်းပြီးခဲ့ပါပြီခင်ဗျာ 🙏

Photos from 7 VERTEX's post 29/12/2022

👷🏻‍♂️ ရွှေဂုံတိုင်၊ နှင်းဆီကုန်းကွန်ဒို Ramp တစ်လျှောက် plaster ချောလုပ်ငန်းများ 🙏

Photos from 7 VERTEX's post 27/12/2022

👷🏻‍♂️ ထောက်ကြန့်၊ နွယ်ခွေမှာ ပထမထပ် Slab ကျောက်ပုံးဆင်၊ 31 ရက်နေ့ကွန်ကရစ်လောင်းရန်ပြင်ဆင်နေပါတယ်
👷🏻‍♂️ မြောက်ဒဂုံ၊ အောင်ရတနာမှာ External plaster ချော၊ ရေမီးဆေးလုပ်ငန်းများဆက်လက်လုပ်ဆောင်နေပါတယ်ခင်ဗျာ 🙏

25/12/2022

Happy Merry Christmas to you all!🎄🎁😊

Photos from 7 VERTEX's post 16/12/2022

👷🏻‍♂️အောင်ရတနာ Project ဒုတိယထပ်အုတ်စီချောလုပ်ငန်းများနှင့် မြေညီထပ်၊ပထမထပ် MEP လုပ်ငန်းများပြီးစီးမှု့အခြေအနေပါခင်ဗျာ 🙏

Photos from 7 VERTEX's post 10/12/2022

👷🏻‍♂️ ထောက်ကြန့်၊ နွယ်ခွေကျေးရွာ site မှာ Foundation လုပ်ငန်းများပြီးစီး၊ ကြမ်းခင်းစလပ်လောင်းရန် အလွှာလိုက်သဲဖြည့်ရေထိုးခြင်း၊ သဲကြပ်ခြင်းလုပ်ငန်းများဆောင်ရွက်နေပါတယ်ခင်ဗျာ 🙏

Photos from 7 VERTEX's post 04/12/2022

👷🏻‍♂️ (၄)ရက်တာအချိန်အတွင်းကြွေပြားအလှဆင်ခြင်းနှင့် MEP လုပ်ငန်းများဆောင်ရွက်ပေးခဲ့တဲ့ စမ်းချောင်းဝေဠုဝန်အိမ်ယာမှရေချိုးခန်းလေး၊ အိမ်ရှင်အန်တီရဲ့စိတ်ချမ်းသာတဲ့စကားလေးတွေကြားတော့လဲပီတိဖြစ်ရတယ်ဗျာ 🙏
🤝 7VERTEX always loves to be the best construction service provider of your dream home!

Want your business to be the top-listed Contractor in Dagon?
Click here to claim your Sponsored Listing.

Telephone

Website

Address

Zaw Gyi Street
Dagon
11421

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00

Other Construction Companies in Dagon (show all)
မဟာနဒီ မဟာနဒီ
Dagon

Steel structure

T.T.N - Engineering Group & Construction T.T.N - Engineering Group & Construction
No-233, Chan Thar Street, Yard (19), South Dagon, Yangon
Dagon, 11431

အဆောက်အဦးများကို လူကြီးမင်းတို့ စိ?

Moe Htet Wai Hlan Concrete Moe Htet Wai Hlan Concrete
Dagon

Concrete for Construction

Bright Construction Co.Ltd Bright Construction Co.Ltd
Dagon

လူကြီးမင်းတို့ရဲ့အိမ်မက်တွေအကောင်အထည်ဖော်ဖို့ ကျွန်တော်တို့ Bright Construction Group ကိုသတိရလိုက်ပါ။

NECC Engineering & Construction Co.,Ltd NECC Engineering & Construction Co.,Ltd
No. 1065, Anawrahta Road, 5Ward, East Dagon Township, Yangon
Dagon

Your Best Choice Construction

HEIN KABAR Construction HEIN KABAR Construction
Dagon

မှန်ကန်သောစနစ်ဖြင့်တည်ဆောက်သောအိမ်များဖြစ်လာစေရန်

Kyal Sin Lin Yaung Construction Co,.LTD Kyal Sin Lin Yaung Construction Co,.LTD
No. (981)/Swal Taw Street, (41) Quarter North Dagon
Dagon, 11361

Quality isn't an act. It's a habit.

KH PC Company Limited KH PC Company Limited
Dagon, 11451

Myanmar Dream World Engineering Co.,LTD Myanmar Dream World Engineering Co.,LTD
No-186 , 124 Quarter, Aung Thu Kha Street
Dagon, MDWE

MDWE

Thara Phu Construction Group Thara Phu Construction Group
Shwe Oak Guu St, Ayerwon Road, Thaketa
Dagon, 11111

4Stars Myanmar Decoration & Engineering Company Limited 4Stars Myanmar Decoration & Engineering Company Limited
NO, (24A)/2-C-1, Ground Floor , Narnattaw Street, 8 Ward, Kamaryut Township, Yangon
Dagon

4STARS MYANMAR DECORATION & ENGINEERING CO.,LTD