Ko Ko

Ko Ko

🤗🤗🤗

22/11/2023

အောင်ရဲ တာချင်း တူပေမဲ့ ပိုလင်းတဲ့သူက သာသွားတာ။

18/11/2023

“မြင်းတွေသောက်တဲ့ စမ်းချောင်းက ရေကိုသောက်ပါ။ မြင်းက ဘယ်တော့မှ ရေဆိုးကို မသောက်ပါဘူး။

ကြောင်အိပ်တဲ့ နေရာမှာ သင့်အိပ်ယာကို ခင်းပါ။

ပိုးကောင် တကောင် ထိခံထားရတဲ့ သစ်သီးကိုစားပါ။

အင်းဆက် နားတဲ့ မှိုကို ရဲရဲ နှုတ်ပါ။

ပွေး တွင်းတူးတဲ့ နေရာမှာ သစ်ပင်စိုက်ပါ။

မြွေက သူ့ကိုယ်သူ နွေးစေဖို့ ခွေတဲ့ နေရာမှာ သင့်ရဲ့ အိမ်ကို ဆောက်ပါ။

ငှက်တွေ အပူရှောင် ပုန်းခိုတဲ့ နေရာမှာ သင့်ရဲ့ ရေပန်းကို တူးပါ။

ငှက်တွေနဲ့ တချိန်တည်း အိပ်ယာဝင် အိပ်ယာထပါ — သင် နေ့အားလုံးမှာ ရွှေဝါရောင် ကောက်နှံစေ့တွေ ရိတ်သိမ်း ရပါလိမ့်မယ်။

ဟင်းရွက်စိမ်းတွေ ပိုစားပါ — သစ်တောထဲက သတ္တဝါတွေလို သင့်မှာ သန်မာတဲ့ ခြေထောက်တွေ နဲ့ ခုခံအားရှိတဲ့ နှလုံးတခုကို ပိုင်ဆိုင်လာပါလိမ့်မယ်။

မကြာမကြာ ရေကူးပါ — ရေထဲက ငါးလို သင် မြေပြင်ပေါ်မှာ ခံစားရပါ လိမ့်မယ်။

ဖြစ်နိုင်သမျှ မကြာမကြာ ကောင်းကင်ကို ကြည့်ပါ။ သင့်အတွေးတွေ ပေါ့ပါး ကြည်လင် လာပါလိမ့်မယ်။

ကောင်းစွာ ဆိတ်ဆိတ်နေပါ၊ စကားမပြောမိသလောက် နေပါ — ထိုအခါ ဆိတ်ငြိမ်ခြင်းဟာ သင့်နှလုံးအိမ်ထဲ ဝင်လာပြီး သင့်စိတ်ဟာ တည်ငြိမ်ပြီး သာယာ အေးချမ်းမှုတွေ ပြည့်လာပါမယ်။

Page👇👇👇
https://www.facebook.com/profile.php?id=100077450802364

12/11/2023

ဂျက်စတင်ဘီဘာနဲ့မြင့်မြတ် 🥲

12/11/2023

ငါများ အမြင်မှားနေတာလား???

09/11/2023

တစ်အိမ်သားလုံး အိမ်ပေါ်ကဆင်းသွားတာတောင် သူမမှားဘူးပေါ့😂

04/11/2023

Motivation Song....💪💪💪

19/10/2023

အတင်းတုတ်နေတာ🥴🥴🥴

05/10/2023

🤪🤪🤪

05/10/2023

ညဘက် အိမ်​ရှေ့ထွက်ပြီး လမင်းကို ကြည့်ရတဲ့ ခံစားချက်။ ❤️

photo credits to respective owner. 📸🖼

02/10/2023

မင်းနဲ့အတူ♥️

Photos from Ko Ko's post 29/09/2023

သမီးရှင် မေမေ တို့ ရှိလား

ရှိရင် ဝယ်ထားနော်

Quality ကောင်းတဲ့ ပစ္စည်းလေးမို့ပါ

အထူးလျော့ဈေး ၆၅၀၀

29/09/2023

🔥🔥 𝙄𝘾𝙊𝙉 𝙋𝙤𝙡𝙤 𝙋𝙚𝙧𝙧𝙮 𝙀𝙡𝙡𝙞𝙨 𝙎𝙝𝙞𝙧𝙩 🔥🔥
💲 ယခင်ဈေး - 1̶5̶5̶0̶0̶ ကျပ်
💲 ယခုဈေး - 7000 ကျပ် 🥳
🌈 Colour - ခဲရောင်လေးပဲရတော့မည်

✅ ရိုးရှင်းတဲ့စတိုင်နဲ့ ပျော့ပျောင်းနူးညံ့ချောမွေ့တဲ့ Polyester အသားလေးကြောင့် နွေးထွေးပြီး ဝတ်ရတာ အလွန်သက်တောင့်သက်သာဖြစ်မှာပါ

✅ ရုံးအတွက် ကျောင်းအတွက် ပေါ့ပေါ့ပါးပါးနဲ့ ဘယ်သွားသွားဝတ်လို့လည်းအဆင်ပြေ
Flannel King က ရောင်းပေးတာဆို အသားကောင်းမကောင်းကတော့ စိတ်သာချနော်

✅ Uniform အတွက်လိုအပ်သူများလည်း အဆင်ပြေအောင်လုပ်ပေးမှာမို့ ဆက်သွယ်လို့ရပါတယ်။

🚨 NOTE - Errors လေး အနည်းငယ်ပါသောကြောင့် ဈေးလျှော့ပေးထားပါတယ်ရှင်🙏

🪡 Size chart 🪡
S ပုခုံး16 ရင်37 ကိုယ်အရှည် 27
M ပုခုံး17 ရင်40 ကိုယ်အရှည် 27ခွဲ
L ပုခုံး18 ရင် 43 ကိုယ်အရှည် 28
Xl ပုခုံး 19 ရင် 46 ကိုယ်အရှည်29 ခွဲ
2xl ပုခုံး 20 ရင်48/50 ကိုယ်အရှည် 30

🚍ရန်ကုန်, မန္တလေး, နေပြည်တော်, ပဲခူး, တောင်ကြီး, ပြင်ဦးလွင်, လှည်းကူး အိမ်ရောက်ငွေချေနဲ့ သုံးရက်အတွင်းပို့ပေးပြီး
🚍မြန်မာနိုင်ငံတွင်းကျန်မြို့နယ်များကို ငွေလွှဲဝင်တာနဲ့ ဂိတ်ချပေးပါတယ်

Photos from Ko Ko's post 28/09/2023

#ဆားဝက်ခြံ အတွက် နာမည်ကြီးတဲ့ဟာလေး😘
Charcoal Mask Cream (130g)~ 5000ks

သဘာဝကျောက်မီးသွေးနဲ့ ပြုလုပ်ထားတဲ့ အသားဖြူ ၀ကခြှံ၊ အမဲစက်ပျောက် ပေါင်းတင်တဲ့ Creamဘူးလေးပါရှင့်။

Charcoal Mask က မျက်နှာအတွင်းပိုင်းထိ အညစ်အကြေးများကို သန့်စင်ပေးပြီး ဆဲလ်အသေများကို ဖယ်ရှားပေးပါတယ်။
အဆီပြန်ခြင်းကို ကာကွယ်ပေးပြီး အသားရေဖြူဝင်းစေပါတယ်။

Maskကိုခွာလိုက်ရင်
ဆားဝက်ခြံများထွက်လာစေပြီး ဝက်ခြံများကိုအမြန်ဆုံး သက်သာပျောက်ကင်းစေပါတယ်။

သဘာဝကရတဲ့ ပစ္စည်းများဖြင့်သာဖော်စပ်ပြုလုပ်ထား
တဲ့အတွက် ချွေးပေါက်ကျယ်ခြင်းကို လုံး၀မဖြစ်စေပါဘူးရှင် ။

(၁)ပတ်ကို(၂)ကြိမ်အသုံးပြုနိုင်ပါတယ်။

အသုံးပြုပုံ...............
ပထမဆုံးမျက်နှာသစ်ပြီး
charcoal mask creamကို တစ်မျက်နှာလုံး (သို့) မိမိသုတ်လိမ်းချင်တဲ့
(နှာခေါင်း၊မေးစေ့)နေရာများကို သုတ်လိမ်းပါ။

မိနစ်၂၀လောက်ထားပြီး Creamကို အခြောက်ခံပါ။

ခြောက်သွားပြီဆိုရင်
အောက် မှ အပေါ်နဖူး သို့ ဖြေးဖြေးခြင်း
ဆွဲခွာပါ။

ရေအေးနဲ့ဘဲ ချွေးပေါက်ကျဉ်းအောင် မျက်နှာပြန်သစ်ချပါ။

မည်သည့်အသားရေမျိုးမဆို အသုံးပြုနိုင်ပါတယ်။

#ကပ်ခွာ #ဆားဝက်ခြံကပ်ခွာ #မျက်နှာပေါင်းတင်

Photos from Ko Ko's post 28/09/2023

🌈🌈 လက်သည်းညှပ်အစုံဘူး 🌈🌈-၃၅၀၀

ကပ်ကြေး
လက်သည်းညှပ် ၂ခု
ဇာဂနာ
ကပ်ကြေး
ခြေဇျွဲ ဂျေးထုတ်အချွန်
လက်သည်းပုံဖော်ညှိချောင်း
နားဖာကလော်

ခရီးသွားတဲ့အခါ ဘူးလေးနဲ့အဆင်သင့်ယူရုံပဲနော်
ပစ္စည်းတွေပျောက်လို့ရှာစရာမလိုတော့ဘူးနော်။

အပြင်ထွက်တဲ့အခါလက်သည်းကျိုးကုန်လို့ ဒုက္ခရောက်စရာမလိုဘူးနော်.တစ်ခါတည်းပြင်ရုံပဲ

👉နေရာလည်းမယူဘူးနော်

👉လက်ဆောင်ပေးလို့ရတဲ့သူတွေကလည်းအရမ်းသလောကျတဲ့ ဘူးလေးနော်

28/09/2023

" မျက်လုံးကို ၇၅% အထိမှေးပြီး ကြည့်လိုက်ပါ "

GOAT အစစ်ပေါ်လာပါလိမ့်မည်

27/09/2023

မျက်လုံးမှေးကြည့်မှ မြင်သော
အနုပညာပုံရိပ်....
ဘယ်သူဖြစ်မယ် ထင်လဲ....

Photos from Ko Ko's post 27/09/2023

မီးကလဲ ပျက်ပဲပျက်နေတယ် ပူလို့ ဒုခရောက်တာတစ်မျိုး😩 ဘယ်လို့ လုပ်ရပမလဲ
ကဲကဲ စိတ်မညစ်နဲ့ မီးလာဖို့ဘယ်လောက်စောင့်ရမှာလဲအို..အို.. 😒 တို့ကတော့မစောင့်တော့ဘူး အဲပန်ကာ ရှိရင်အဆင်ပြေပြီ showလိုက်ပါ👇အကောင်သေးပေမဲ့ အဆိပ်ပြင်းတယ်နော်
လေအားကြည့်မလား ဝိုးးးး
ဓာတ်မီးကလဲပါသေးတယ် ရှယ်ပဲ solar ကပါအဆစ်ပါသေး မိုက်ချက်က 9+ ကွာ အညွန်းကအောက်မှာအသေးစ်တ်လေး ရေးပေးထားတယ်နော်😌😌

3 IN 1 Solar Fan
JR-5591 Solar Light Fan

လက်ကား ~ 15000
အမြင့်8"
အကျယ်6"
စာကြည့်မီးပါ / ဆိုလာပါ အားသွင်းပန်ကာ

အားသွင်းစနစ်က လျှပ်စစ်ကြိုးနဲ့ရော ဆိုလာစနစ်နဲ့ရော ၂မျိုးရွေးသွင်းနိုင်ပါတယ်

နေပြင်းပြင်းပူရင် ဆိုလာနဲ့ ၃နာရီကြာ အားသွင်းရပြီး လျှပ်စစ်မီးနဲ့ဆို ၂နာရီသာ သွင်းရပါတယ်

1400mAh ဘတ္ထရီပါ၀င်ပြီး အကြိမ်ပေါင်း ၅၀၀ခန့် ပြန်လည်အားသွင်းအသုံးပြုနိုင်ပါတယ်

ညရေးညတာ ဟိုသွားဒီသွား ဓါတ်မီးအဖြစ်
ရှေ့၁ပွင့်မီးနဲ့ ကြာရှည်သုံးနိုင်ပြီး စာကြည့်၊ စက်ပြင်၊ ကျောက်ရွေး၊ မီးပျက်လို့ အိမ်ထဲထွန်းတာမျိုးအတွက် အပွင့်၃၀ပါ ဆလိုက်မီးကို သုံးနိုင်ပါတယ်

စာရေး စာဖတ်ရင်း ပူအိုက်တဲ့အခါ ပန်ကာလေးပါဖွင့်ထားလို့ရတာပေါ့😊

26/09/2023

Height of creativity Mona Lisa in sunset.

24/09/2023

မနက်စောစောထရတာလောက်ကို
လူပြောသူပြော ခံရတာလောက်ကို
ရွာပြင်ရောက်သွားတာလောက်ကို

ဘဝရဲ့ အခက်ခဲကြီးလိုလို ဒရမ်မာခင်းချင်စိတ်ဝင်လာတဲ့အခါ ကြည့်ဖို့ သိမ်းထားတဲ့ videoလေးတွေရှိတယ်

တစ်ခါတလေ ကျနော်တို့ လုပ်နိုင်တယ်ဆိုတာ

လုပ်ခွင့်ရှိတဲ့ အခြေအနေအရပ်ရပ်က ပံ့ပိုးပေးနေလို့သာ

တစ်ချို့က မွေးတည်းက ဘာအခြေအနေမှပါမလာပေမယ့်

ပါမလာတဲ့အားနဲချက်ကို

အားသာချက်အဖြစ်ပြောင်း

ဘဝကိုအရှုံးမပေးပဲ

သက်ဆုံးတိုင်ရှင်သန်သွားကြတယ်

တစ်ချို့က အခြေနေတွေရှိနေပါလျှက်

အရှုံးပေးပြီး ဘဝတစ်ခုအဆုံးသတ်ဖို့တွေးကြတယ်

Photos from Ko Ko's post 24/09/2023

Fruits🌳🌳🌳

24/09/2023

E-major
ခုတော့ ဈေးရောင်း😁

23/09/2023

"မောင်လေးကို ချပြလာတဲ့ မကြီးစိုး"
Crd # # #

22/09/2023

#အဖိုးကြီးအို ခါးကုန်းကုန်း ဆိုသည်မှာ
တို့တတွေဟာ ဘဝတိုင်း ဘဝတိုင်း
အဖိုးကြီး အမေကြီး ဘဝနဲ့ အသက်အရွယ်ကြီးကြီးနဲ့
သေရတဲ့ ဘဝတွေ များခဲ့လှပါပြီ

လူဖြစ်တော့ လည်း လူအဖိုးကြီး လူအဘွားကြီး
ငှက်ဖြစ်တော့လည်း ငှက်အဖိုးကြီး ငှက်အဖွားကြီး
နွားဖြစ်တော့ လည်း နွားအဖိုးကြီး နွားအဖွားကြီး
ကြက်ဖြစ်တော့လည်း ကြက်အဖိုးကြီး ကြက်အဖွားကြီး
သူဌေးကြီး ဖြစ်တော့လည်း.သူဌေးအဖိုးကြီး သူဌေးအဖွားကြီး
ဘုရင် ဖြစ်တော့လည်း ဘုရင်အဖိုးကြီး ဘုရင်အဖွားကြီး
ဘဝ များစွာမှာ အရိယာ ဘဝက လွဲ၍
မဖြစ်ဖူးတဲ့ဘဝဆိုတာ မရှိပါဘူး
သူဌေးကြီး ဘုရင်ကြီး တွေလည်းဖြစ်ခဲ့ဖူးတယ်
တိရိစ္ဆာန်မျိုးစုံ ဘဝလည်း ဖြစ်ဖူးခဲ့ပြီ
နတ်တွေ ဗြဟ္မာတွေလည်း ဖြစ်ခဲ့ဖူး ပြီl
၃၁ ဘုံမှာ မဖြစ်ဖူးတာ မရှိသလောက်ပဲ

ဘဝတိုင်း ဘဝတိုင်း အသက်ကြီး ပြီး
သေ သေ ခဲ့ရတာချည်းပဲ
တစ်ချို့ဆိုရင် အသက်တောင်မကြီးလိုက်ရ
သေနေကြရတာပဲ။

ဒါပေမဲ့
မသေပါနဲ့အုံး

#ရှေးနှစ်ခါ တန်ဆောင်မုန်း ဆိုတာက
တစ်ချို့က နောက်နှစ်ခါ တန်ဆောင်မုန်းလို့
ဆိုကြတယ်
အမှန်က
ရှေးနှစ်ခါတန်ဆောင်မုန်း ပါ

ရှေးနှစ်ခါ ဆိုတာက
လာမဲ့နှစ်လို့ ထင်တတ်ကြတယ်
မဟုတ်ပါဘူး

သာသနာတော် ၂၅၆၅ နှစ်ရှိခဲ့ပြီ.
ဘုရားရှင်ထားခဲ့တော်မူသော..သာသနာတော်နှစ် ၅၀၀၀ကို..တစ်ခေတ်လျှင်အနှစ်၅၀၀ စီဖြင့် ခေတ်(၅)ခေတ်ပိုင်းခြားကာ..၅ခေတ်ပြည့်လျှင် တစ်ဖန်ပြန်ကျော့သည်။

၁) ဝိမုတ္တိယုဂခေတ် (အနှစ် ၅၀၀)...ဘုရားပွင့်တော်မူပြီးနှစ်ပေါင်း၅၀၀အတွင်းသည်ဂိမုတ္တိယုဂခေတ်ဖြစ်ရာ..ထိုခေတ်အတွင်းစျာန်မဂ်ဖိုလ်ရရှိသူများအလွန်ပေါများသည်။

၂) သမာဓိယုဂခေတ် (အနှစ်၅၀၀)..ထိုခေတ်ကာလအတွင်း သမာဓိတည်ရုံမျှသာဖြစ်ပေသည်။

၃) သီလယုဂခေတ် (အနှစ်၅၀၀)...ထိုခေတ်ကာလသည် သီလကိုသာဦးစားပေးသောခေတ်ဖြစ်သည်။

၄) သုတယုဂခေတ် (အနှစ်၅၀၀)...ထိုခေတ် ကာလအတွင်း စာပေဗဟုသုတကို ဦးစားပေးသောခေတ်မျှသာဖြစ်သည်။

၅) ဒါနယုဂခေတ် (အနှစ်၅၀၀)...ထိုခေတ်ကာလသည်ဒါနပြုမှုကိုသာအားသန်ကြသောခေတ်ဖြစ်သှ်။

ထို ၅ခေတ်မှလွန်သော်..ဝိမုတ္တိယုဂခေတ်သို့ပြန်လည်ရောက်ရှိလာသည်။ သို့ဖြစ်ရာ..သာသနာတော်နှစ် ၂၅၀၀၊ ကောဇာ သက္ကရာဇ် ၁၃၁၈ ခုနှစ် ပြည့်ပြီးသည်မှစ၍ ဝိမုတ္တိယုဂခေတ် သို့ပြန်လည်ဆိုက်ရောက်လာသည်၊ထို့ကြောင့်ကောဇာသက္ကရာဇ် ၁၃၁၉ မှ ၁၈၁၉ခုနှစ် အတွင်းသည်ဝိမုတ္တိယုဂခေတ် ဖြစ်ပြီး၊ ထိုခေတ်မှလွဲ၍ ကျန်ခေတ်များတွင်မဂ်ဖိုလ်တရားထူးများရရန်မလွယ်ကူတော့ပါ။ဒါကို သိထားရမယ်။

#ပွဲကြည့်ပါအုံး ဆိုတာက

ဝိမုတ္တိယုဂ ခေတ် အနတ္တသာသနာတစ်ပတ်ပြန်လည်လာတော့
ပွဲ ကြည့်ကြရ အုံးမယ်
ဘာပွဲ ကြည့်ရလည်းဆိုတော့
ခန္ဓာက ပြတဲ့ ပွဲ ကို
ကြည့်ချင်လည်း ကြည့် မကြည့်ချင်လည်းကြည့်ကြရမယ့်ပွဲ

ရုပ်ပွဲ နာမ်ပွဲ ဝေဒနါပွဲ ပရမတ်ပွဲ
ဓာတ်ပွဲ အာယတနပွဲ သစ္စာပွဲတွေ ကို
ကြည့်ကြရမယ်
တခြား သွားကြည့်ရမှာ မဟုတ်ဘူး
မိမိ ခန္ဓာက ပြတဲ့ပွဲကို ကြည့်ရမှာပဲပွဲလေးပွဲ ကြည့်ကြပါ
ကာယသတိပဋ္ဌာန်ပွဲ
ဝေဒနါသတိပဋ္ဌာန်ပွဲ
စိတ္တသတိပဋ္ဌာန်ပွဲ
ဓမ္မသတိပဋ္ဌာန်ပွဲ ကို
သတိ သမာဓိ ပညာ မျက်လုံး နဲ့ ကြည့်ရမယ်
ဒါမှ အမှန်ကို အမှန်အတိုင်း မြင်လိုက်မယ်

တို့တတွေ အားလုံးယခုဝိမုတ္တိယုဂခေတ်အတွင်း...
လူ ဖြစ်လာရသည်မှာပင်..
ထူးကဲသော ဒုလ္လဘတရားပင်ဖြစ်တယ်
ဒါ့အပြင်...ဘဒ္ဒကမ္ဘာတွင်လူဖြစ်ရခြင်း၊
မြတ်စွာဘုရား၏ သာသနာတော်နှင့်ကြုံတွေ့ရခြင်း၊
ဗုဒ္ဓဘါသာဝင် မိဘများ ၏သားသမီးများဖြစ်ရခြင်းမှာအင်မတန်ကြီးမား သော ဘုန်းကံကြောင့်မြတ်စွာဘုရ
မြတ်စွာဘုရားပွင့်ထွန်းတော်မူရခြင်း၏
အကြောင်း ရင်းတစ်ခုမှာသံသရာ
ဝဋ်ဆင်းရဲအပေါင်းမှကင်း လွတ်ရာအမှန်
မြတ်နိဗ္ဗာန်သို့ရစေခြင်းငှာ..ပွင့်တော်မူခဲ့သဖြင့်.နိဗ္ဗာန်ရောက်ရာရကြောင်းအကျင့်တရား
များကိုကျင့်ကြံအားထုတ်ရပါမည်။
ဘုရားရှင်သည်.. ပိဋကတ်သုံးပုံဟုဆိုအပ်သော
ဓမ္မက္ခန္ဓာပေါင်း ၈၄,၀၀၀ ကိုဟောကြားခဲ့သော်လည်း.အဓိကရည် ရွယ်ချက်မှာ.
ဆင်းရဲခပ်သိမ်းကင်းငြိမ်းရာ
အမှန်မြတ်နိဗ္ဗာန်သို့ရောက်ကြောင်းအကျင့်တရားကို
ကျင့်ကြံအားထုတ်ရန်သာဖြစ်ပါသည်။

ထိုနိဗ္ဗာန်ရောက်ကြောင်းအကျင့်တရားများသည်..
လူ့ဘုံဘဝကသာလျှင်ကျင့်ကြံအားထုတ်ပြီးရရှိနိူင်ပါသည်။
သို့ကြောင့်သာမြတ်စွာဘုရားရှင်တိုင်းသည် လူ့ပြည်ကသာလျှင် ပွင့်တော်မူခြင်းဖြစ်ပေသည်။

လူ့ဘုံမှ..နိဗ္ဗာန်ကိုရရန်ကျင့်ကြံသည့်နည်း၃နည်းရှိရာ၊

ယင်းတို့မှာ- #ကံလမ်း၊ စျာန်လမ်း၊ ဉာဏ်လမ်းဟူ၍ ဖြစ်သည်။
ကံလမ်းသည် ဒါန၊ သီလဆောက် တည်၍
ကျင့်ကြံအားထုတ်သည့်လမ်းဖြစ်သည်။

သမထကျင့်ကြံအားထုတ်သည့်လမ်းကို စျာန်လမ်းဟုခေါ်ကြပြီး၊

ဝိပဿနာပွား၍ကျင့်ကြံအားထုတ်သည့်လမ်းကို ဉာဏ်လမ်းဟုခေါ်ပါသည်။

ဉာဏ်လမ်းသည်သာ လျှင် အမြန်ဆုံးနှင့်အကောင်းဆုံးဖြစ်ပေသည်။

သစ္စာတရားကိုပြသတတ်သော ဆရာသမားကောင်း နှင့်တွေ့၍ ကိလေသာကြားမခိုပဲကျင့်ကြံအားထုတ်ပါက..
နေ့ချင်းပေါက်ပင်ရနိူင်ပါသည်။
ကိလေသာကြားခို၍မရနိူင်ပါက..၇ရကျ၊ ၇လ၊ ၇နှဈအတှငျးရနိူငျသညျ။ သို့မဟုတ်ပါက..ယခုဘဝသေခါနီးအချိန်တွင် ဝိပဿနာတရားနှလုံးသွင်းပြီးသေဆုံးမည်ဆိုပါက နောက်ဘဝနတ်ဘုံမရောက်ခင် (ပထမအဆင့်)သောတာပတ္တိမဂ်ဖိုလ်ကိုရနိူင်သည်။

ကံလမ်းနှင့်စျာန်လမ်းသည်နိဗ္ဗာန်ကိုတိုက်ရိုက်မရောက်နိူင်။ နိဗ္ဗာန်ရောက်အထောက်အပံကောင်းသာဖြစ်စေပြီး၊ ဝိပဿနာဘက်ပြောင်း၍ကျင့်ကြံအား ထုတ်မှသာ..နိဗ္ဗာန်ကိုရနိူင်ပါသည်။
ယခုကာလ ဝိမုတ္တိယုဂခေတ်အတွင်း..
သစ္စာလေးပါးမြတ်တရားကိုကောင်းစွာသိမြင်၍..
မှန်ကန်သောအကျင့်ပဋိပတ်ဖြင့်
လျင်မြန်စွာကျင့်ကြံအားထုတ်ရောက်ရှိနိူင်ကြပါစေကုန်သတည်း.။

(ဝိဇ္ဇောဒယ ပြည်သဲအင်းဆရာတော် ကြီးတရားကို
နာယူ၍ရေးသားသည်)

Credit.....မူရင်းရေးသားသူအားလေးစားအပ်ပါသည်။

20/09/2023

🙃

Photos from Ko Ko's post 20/09/2023

ဂိဇ္ဈကုဋ်တောင်
ဒီတောင်ပေါ်ကို ဗုဒ္ဓမြတ်စွာဘုရား မကြာမကြာ
သွားရောက်သီတင်သုံးပါတယ်
ရာဇဂြိုဟ်မြို့ကိုဝန်းရံထားသော တောင်းငါးလုံးထဲက ဒီ ဂိဇ္ဈကုဋ်တောင်လည်း တစ်တောင်အပါအဝင်ပါ တောင်ထွဋ်မှာ လင်းတငှက်နှုတ်သီးနဲ့ ဆင်တူလို့
ဂိဇ္ဈကုဋတောင်လို့ အမည်တွင်ပါတယ်

ဒီတောင်ပေါ်မှာ ပရိမိတ္တဇလသုတ်
မောဂ္ဂလနဗောဇ္ဈင်သုတ် အာဋာနာတိယသုတ်
အစရှိသည်တို့ကို မြတ်ဗုဒ္ဓက ဟောကြားခဲ့ပါတယ်

ဂိဇ္ဈကုဋ်တောင်‌ခြေမှာ မဒ္ဒကုစ္ဆိဆိုတဲ့ နေရာမှာပဲ
ရှင်ဒေဝဒတ်က ကျောက်မောင်းဆင်၍ မြတ်စွာ
ဘုရားကို လုပ်ကြံခဲ့ပါတယ်

တောင်တက်လမ်း‌ခြေရင်းအနီးမှာတော့
ဂူအကျယ်က အရှင်သာရိပုတြာရဲ့ ဂူဖြစ်ပြီး
ဂူအငယ်ကတော့ အရှင်အာနန္ဒာရဲ့ ဂူဖြစ်ပါတယ်

ဂိဇ္ဈကုဋ်တောင်ဟာ ယနေ့ခေတ် အိန္ဒိယနိုင်ငံ
ဘီဟာပြည်နယ်မှာရှိပြီး ဗုဒ္ဓဂါယာနဲ့ မိုင်60 ခန့်
ဝေးကွာပါတယ်

ထိုတောင်ထိပ်ပေါ်တွင် မြတ်ဗုဒ္ဓ၏ ဂန္ဓကုဋိကျောင်းတော် တည်ရှိခဲ့ပါတယ် ယခုအချိန်မှာတော့
အုတ်မြစ်အုတ်ရိုးအဖြစ်သာ တွေ့မြင်ရပါတော့တယ်

အလွန်စည်ကားကြီးမားလှတဲ့ ဗိန္ဗိသာရမင်း အဇာတသတ်မင်းကြီးတို့ ထီးနန်းလုပ်အုပ်ချုပ်ခဲ့ရာ
ရာဇဂြိုဟ်ပြည်ကြီးဟာလည်း ယနေ့အချိန်မှာတော့
မြိုငယ်မြို့သေးလေးအဖြစ်သာ တည်ရှိနေပါတော့တယ်

နောက်တခုက
ဗုဒ္ဓဘုရားသက်ရှိထင်ရှား ရှိစဉ်က
မိတ်ဆွေတို့ ကျုပ်တို့ ကမ္ဘာသူကမ္ဘာသားအားလုံးတို့
ဘယ်ဘုံဘယ်ဌာနကိုများ ရောက်ရှိနေတယ်လို့
ထင်ကြပါသလဲ
အခုပြောနေတဲ့ ဂိဇ္ဈကုဋ်တောင်ကြီးရဲ့ ‌ခြေရင်း
တနေရာမှာ မြေကြီးကိုစား‌ပြီးရှင်သန်နေရတဲ့
တီးကောင်တွေ တီထွေးတွေ တီပြိတ္တာတွေ
အဖြစ်နဲ့ ရောက်ရှိနေခဲ့တာလို့
ဆိုလျင် ။

Crd

19/09/2023

Version အသစ်လေးတွေကြိုက်သူတေအတွက်
Cover Song🤪

19/09/2023

တခါတ​လေကျ ဒီလို​လေး ​နေချင်မိတယ်။ 😇🍀

photo credits to respective owner. 📷🖼

19/09/2023

အုန်းနဂါး ဆိုတာ ဒါမျိုးကိုခေါ်တာပါ
အုန်းပင်တချို့ဟာ တခါတလေ အဲလိုမျိုး
ဖြစ်ပေါ်တတ်ပါတယ် သိပ္ပံအရကတော့
ဘာမှမထူးဆန်းပါဘူး
တချို့ယုံကြည်သူအတွက်ကတော့ ကိုးကွယ်ရာ
ဖြစ်ချင်ဖြစ်နေမှာပေါ့...

18/09/2023

♥️♥️♥️🙏🙏🙏

18/09/2023

ငတက်ပြား
=======

မြန်မာသက္ကရာဇ် ၇၂၆-ခုတွင် အင်းဝမြို့ကို စတင်တည်ထောင်သူ သတိုးမင်းဖျားလက်ထက်တွင် စစ်ကိုင်း ရေဝန်းရပ်၌ ကျော်စောသော သူခိုးကြီးငတက်ပြားဟူ၍ ရှိ၏။ ၎င်းသူခိုးကြီးသည် အလွန်စွမ်း၍ ညဉ့်အခါ၌ စစ်ကိုင်းဘက်မှနေ၍ လှေဖြင့်ကူးကာ အင်းဝမြို့ မီးသွေးတိုက်တံခါးမှ ဝင်ပြီးသော် ဆင်းရဲသားအိမ်များ မဟုတ်ဘဲ မှူးမတ်၊ သူဌေးသူကြွယ်အိမ်များကိုသာ တက်ပြီးမှ ပစ္စည်းများကို သင့်တန် ရုံခိုး၍ စားသောက်နေထိုင်လေ့ ရှိသည်။ မှူးမတ်စသည်တို့ သိ၍ ဖမ်းဆီးကြသော်လည်း မမိနိုင်ချေ။
တစ်နေ့သော် သူခိုးကြီးငတက်ပြားသည် ဤသို့ ကြုံးဝါး၏။ `ငါ့ကို သတိုးမင်းဖျားရလျှင်သာ သတ်ရအံ့။ မရသော်ကား အဘယ်သူဝံ့အံ့နည်း´ဟုဆို၏။ ထိုစကားကို သတိုးမင်းဖျား ကြားသော် ဥပါယ်တမျဉ်ဖြင့် ဖမ်းအံ့ဟု ညဉ့်အခါ နန်းတော်ကဆင်းခဲ့၍ သူခိုးယောင်ဆောင်ပြီးလျှင် မီးသွေးတိုက်တံခါးမှ ထွက်လျက် ဧရာဝတီမြစ်ဆိပ်က သူခိုးငတက်ပြား အလာကို စောင့်နေလေသည်။ ငတက်ပြားလည်း လာနေကြလမ်းအတိုင်း လာ၍ မီးသွေးတိုက်ဆိပ်နားသို့ ရောက်သော် လှေပေါ်ကနေလျက် `ဟေ့ ကုန်းပေါ်က ဘယ်သူလဲ´ဟုမေးရာ၊ `ငါ ညဉ့်လူဟေ့´ဟု သတိုးမင်းဖျားက ပြန်ပြော၏။
ကုန်းသို့တက်မိလျှင် သတိုးမင်းဖျားက `ဆရာကြီးနှင့် အတူလိုက်လိုပါ၍ စောင့်နေပါသည်´ဟု ဆိုသောအခါ ငတက်ပြားလည်း အလွန်သဘောကျကာ နှစ်ယောက်လုံး မြို့တွင်းသို့ဝင်လျက် မှူးတော်၊ မတ်တော်များ၏ အိမ်သို့ဝင်၍ ပုတီး၊ နားတောင်း၊ လက်စွပ် စသည်များကို ခိုးယူပြီးလျှင် မြို့ပြင်မီးသွေးတိုက်သို့ ပြန်ခဲ့ကြသည်။ ထိုအခါ ငတက်ပြားလည်း အရက်သောက်လိုသည် ဖြစ်၍ သတိုးမင်းဖျားက အလွန်မူးယစ်အောင်တိုက်သဖြင့် လဲသောအခါမှ ခြေကျဉ်းခတ်၍ မီးသွေးတိုက်၌ သော့ခတ်ကာ ထားခဲ့၏။
နံနက်တွင် မှူးမတ်တို့ ပစ္စည်းပျောက်သည်ဟု အုတ်အုတ်ကျက်ကျက် ဖြစ်ကြကုန်၏။ သတိုးမင်းဖျားလည်း မှူးမတ်တို့၏ လက်စွပ်စသည်တို့ကို ဝတ်၍ ညီလာခံဝင်လေသည်။ မှူးမတ်တို့လည်း မိမိတို့လက်စွပ်ဟု သိသော်လည်း ဘုရင်ဖြစ်၍ မရိုးမစွပ်ဝံ့၊ တူသည်ဟူ၍သာ လျှောက်ကြကုန်၏။ သတိုးမင်းဖျားက `နင်တို့ သူခိုးငတက်ပြားကို ရအောင်မဖမ်းနိုင်၊ ညဉ့်က ငါဖမ်းမိပြီ၊ မီးသွေးတိုက်တွင် ယူချေ´ဟု စေလိုက်သည်။ ရှေ့တော်သို့ ငတက်ပြားရောက်သော် မင်းကြီးလည်း `နင့်ကို ငါမိပြီ၊ ရဲတင်း၊ ပုဆိန်၊ ဓားလှံ၊ တံကျင် စသည်တို့တွင် အဘယ်ကို အလိုရှိသနည်း´ဟု မေးတော်မူ၏။ ငတက်ပြားလည်း `အရှင်မင်းကြီး ကျွန်ုပ်ကို မိပြီဖြစ်သည်။ အလိုရှိသလို သတ်တော်မူတော့၊ အကျွန်ုပ် အလိုကို လျှောက်ရမည်ဆိုသော် မင်းကြီး မိဖုရား စောဥမ္မာကို အလိုရှိ၏´ဟု ရဲဝံ့ရွှင်ကြည်စွာ လျှောက်ပေသည်။
သတ္တိရှိသူကို နှစ်သက်သော သတိုးမင်းဖျားသည် အမျက်ရှိတော်မမူဘဲ ငတက်ပြား၏ သတ္တိရှိမှုကို ကြိုက်နှစ်သက်သည်က တစ်ကြောင်း၊ ညဉ့်အခါက တစ်ဦးအသက်ကို တစ်ဦး ကယ်ဆယ်တမ်းဟု ကတိရှိသည်ကတစ်ကြောင်း စသည်တို့ကြောင့် မသတ်ဘဲ ကျွေးမွေးထားလေသည်။

သူခိုးကြီးငတက်ပြားသည် စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့၊ နန်းဦးမြို့သစ်ရပ်ကွက်၊ မင်းဝံတောင်ညွန့် ကုန်းမြင့်အထက်တွင် မရှိခဏစေတီတော် ကို တည်ထားကိုးကွယ်ခဲ့သည်။

ပြန်လည်မျှဝေပါသည်။
မေတ္တာဖြင့်...
#ဝင်းသီဟကျော်

17/09/2023

🖤

16/09/2023

ဆုတောင်း💞
'''''''''''''''""""
အလွမ်းဆိုတာ ပန်းသာဖြစ်ရင်
ပန်းတွေကို စမ်းရေမှာမျှော
အလွမ်းမြေကောစေ။

အချစ်ဆိုတာ အမြစ်သာဖြစ်ရင်
အမြစ်မြေလှန် ခြေကန်ဖြတ်တောက်
အချစ်ပင်ပျောက်စေ။♥️

Photos from Ko Ko's post 16/09/2023

အလွန်လှပသော နှစ်များစွာကြာ
မှသာပွင့်သော
ရေခဲတောင် ကြာပန်း💐

မြင်ရခဲသောကြာပန်း💐

ရေခဲတောင်ကြာပန်း
Snow Lotus (saussurea involucrate)ဆိုတာက (နှင်းကြာပန်း)ကို ခေါ်ဆိုပါတယ်။နောက်ထပ်အမည်က (ရေခဲတောင်ကြာပန်း)လို့လည်း ခေါ်တွင်ကြပါတယ်။

ဒီပန်းဟာ ရာသီဥတုအေးမြတဲ့ဒေသ ဥရောပနှင့်အာရှဝင်ရိုးစွန်းနိုင်ငံတွေအပြင် အိန္ဒိယနဲ့ဘူတန် နယ်နိမိတ်ကြားမှာတည်ရှိတဲ့ ဟိမလေယာတောင်တန်း(Himalayas)တောင်ထိပ်တွေပေါ်၌သာ ရှာဖွေတွေ့ရှိနိုင်ပါတယ်
ပြန်လည်မျှဝေပေးခြင်းသာဖြစ်ပါသည်

16/09/2023

နက်နဲတယ်🤔🤔🤔

Want your business to be the top-listed Clothing Store in Dagon?
Click here to claim your Sponsored Listing.

Videos (show all)

ငါများ အမြင်မှားနေတာလား???
Motivation Song....💪💪💪
အတင်းတုတ်နေတာ🥴🥴🥴
🤪🤪🤪
မနက်စောစောထရတာလောက်ကို လူပြောသူပြော ခံရတာလောက်ကို ရွာပြင်ရောက်သွားတာလောက်ကို ဘဝရဲ့ အခက်ခဲကြီးလိုလို ဒရမ်မာခင်းချင်စိတ်ဝင...
Version အသစ်လေးတွေကြိုက်သူတေအတွက်Cover Song🤪
နက်နဲတယ်🤔🤔🤔
"ယ" နဲ့ အမကိုဘယ်လို ရိုးမှာလဲ???🤪
🤩 Amazing...
Amazing😱
ကိုယ်တောင်းပန်ပါတယ်မိုးရယ်(၁)
ပါဖောမန့်တွေကို ကြည့်ရင်း.. မျက်တောင်ခတ်ဖို့တောင် မေ့ဝါးဒယ် 😁...DISCLAIMER: We hereby declare that We do not own the rig...

Category

Telephone

Website

Address

Dagon

Other Design & Fashion in Dagon (show all)
Nerio Fashion Online Shop Nerio Fashion Online Shop
Dagon

Vintage & Fashion Clothes

𝐊𝐚𝐰𝐚𝐢𝐢 𝐁𝐨𝐮𝐭𝐢𝐪𝐮𝐞 𝐊𝐚𝐰𝐚𝐢𝐢 𝐁𝐨𝐮𝐭𝐢𝐪𝐮𝐞
46/1, Bo Yar Nyunt Street
Dagon, 11191

-We have a unique collection original clothing for each and every customer -Don’t forget to tag us and support us by following and sharing 🙏🏼❤️😊

S.T.Z collection S.T.Z collection
18/A Boyar Nyunt Street, Yaw Min Gyi Ward, Dagon Township, Yangon
Dagon

we are trying our best for your pleasure Hope you enjoy our service You can find every kind of produ

Random Fashion Yangon Random Fashion Yangon
North Dagon
Dagon

Selling cozy cheap things with best quality So, check my page for a minute :3

CLEO CLEO
North Dagon
Dagon, 11421

fashion & accessories

Joker SKM Joker SKM
Tapinshwehtelan
Dagon, 11181

I love all

ပိုးဒေဝီ Store House ပိုးဒေဝီ Store House
Dagon

Yuzana Garden City , Yangon township

Luxury Branded Store YGN Luxury Branded Store YGN
Star City
Dagon, 11291

A fashion designer designs and assists with the production of clothing, shoes and accessories, identifies trends, and selects styles, fabrics, colors, prints and trims for a collec...

ရွှေရုပ်သွင် ကျား/မ အဝတ်အထည်အမျိုးမျိုးနှင့် လက်ဝတ်ရတနာပစ္စည်း ရောင်းဝယ်ရေး ရွှေရုပ်သွင် ကျား/မ အဝတ်အထည်အမျိုးမျိုးနှင့် လက်ဝတ်ရတနာပစ္စည်း ရောင်းဝယ်ရေး
မင်းရဲကျော်စွာလမ်းမဆိုင်ခန်းတန်း/36 ဂိတ်ဟောင်းမှတ်တိုင်/အရှေ့ဒဂုံမြို့နယ်/ရန်ကုန်မြို့
Dagon

AKK Silk & Cotton By  Moh Moh AKK Silk & Cotton By Moh Moh
No 1530 , Kankaw Street , 41 Quarter , North Dagon
Dagon

Women Clothing & Myanmar Traditional Costume

Chaw Yu Nwe-Fashion Design Technical School Chaw Yu Nwe-Fashion Design Technical School
Tabin Shwe Htee
Dagon

Fashion isn't about clothes,it is about a look.