Living Yangon အိမ်ခြံမြေ နှင့် ဆောက်လုပ်ရေး ကုမ္ပဏီ

Home is not a place, It's a feeling.

Photos from Living Yangon အိမ်ခြံမြေ နှင့် ဆောက်လုပ်ရေး ကုမ္ပဏီ's post 13/03/2024

🙏🏻🙏🏻🙏🏻 ယနေ့ မင်္ဂလာရှိသော
၁၃-၃-၂၀၂၄ ရက်နေ့တွင်

စော်လှဘော်လမ်း (35)ရပ်ကွက် မြောက်ဒဂုံမြို့နယ်တွင်

LivingYangon ဆောက်လုပ်ရေးမှ တာဝန်ယူဆောက်လုပ်မည့်

မြေ အကျယ် ပေ ၂၀×၆၀ ပေါ်တွင်
အဆောက်အဦး အကျယ် ၁၈×၄၅ (2.5 RC )
အိပ်ခန်း ၄ ခန်း ပါဝင်သော (ရေချိုးခန်းအိမ်သာ )အပါအဝင်
2 ထပ်ခွဲ RC အမိုးဆလပ် အဆောက်အဦးလေးအတွက်

🚿ရေ
💡မီး
ဆေး
ပါကေး
မျက်နှာကျပ် အပါအဝင် အသင့်နေ အဆောက်အဦးလေးအား ပစ္စည်းလက်ခ အပြီးစီးဖြင့်ဆောက်လုပ်ခြင်းအတွက် မင်္ဂလာရှိတဲ့ စာချုပ်လေးချုပ် ပြုလုပ် ချုပ်ဆိုမှု့ မှတ်တမ်းလေးပါ

ယုံကြည့်မှု့ များစွာနဲ့ အဆောက်အဦး လှလှ လေးကိုဆောက်လုပ်ခွင့်ပေးပါသော ဦးကျော်ရှိန် တို့ မိသားစုအားလုံးကို LivingYangon မှ ကျေးဇူးတင်ရှိပါသည်

စိတ်ကူးထဲက အတိုင်း
အဆောက်အဦး လှလှ လေးတွေ လက်တွေ့ဆောက်လုပ် အကောင်ထည်ဖော်ချင်တယ်ဆို

LivingYangon ဆောက်လုပ်ရေး
095071087
09785071087
09440056667
09425282282
တို့ကို ဆက်သွယ်နိုင်ပါတယ်

Photos from Living Yangon အိမ်ခြံမြေ နှင့် ဆောက်လုပ်ရေး ကုမ္ပဏီ's post 08/03/2024
Photos from Living Yangon အိမ်ခြံမြေ နှင့် ဆောက်လုပ်ရေး ကုမ္ပဏီ's post 08/03/2024

မင်္ဂလာပါ
LivingYangon ဆောက်လုပ်ရေးမှ တာဝန်ယူတည်ဆောက်မည့် အဆောက်အဦးလေးအတွက်

ဒီနေ့ 8.3.2024 ရက်မင်္ဂလာရှိတဲ့ အချိန်လေးမှာ ပနက်ရိုက်မင်္ဂလာလေးနဲ့စတင်ခဲ့ပါတယ်

မြောက်ဒဂုံမြို့နယ် ရွှေစင် ၂ လမ်း ရှိ
ပေ ၂၀×၆၀ မြေကွက်လေးပေါ်မှာ
၁၇×၅၀ ပေ ၂ထပ်ခွဲ RC တိုက်အဆောက်အဦးလေးအတွက် ရေမီးဆေးပစ္စည်းလက်ခ အပြီးစီးဆောက်လုပ်ရန် အပ်နှံပေးပါသော အိမ်ရှင် ဦးလေးနှင့်အန်တီ တို့ကို ကျွန်တော်များ LivingYangon ဆောက်လုပ်ရေး မှ ကျေးဇူးအထူးတင်ရှိပါသည်

LivingYangon ဆောက်လုပ်ရေး

095071087
09785071087
09425282282
09440056667

Office = (၄၇) ရပ်ကွက် ဗိုလ်မှုးဗထူးလမ်းမ မြောက်ဒဂုံမြို့နယ် ရန်ကုန်

တို့ကိုဆက်သွယ် စုံစမ်းနိုင်ပါတယ် ခင်ဗျ
ကျေးဇူးတင်ပါတယ်

Photos from Living Yangon အိမ်ခြံမြေ နှင့် ဆောက်လုပ်ရေး ကုမ္ပဏီ's post 29/02/2024

မကြာခင် အိမ်ရှင်လက်ထဲကို အပ်နှံပေးရတော့မှာမို့ Final Checkingလေးတဖြတ် 😍

Project site : 31ward, zay yar aye mya 1st street, north dagon township.

Photos from Living Yangon အိမ်ခြံမြေ နှင့် ဆောက်လုပ်ရေး ကုမ္ပဏီ's post 29/02/2024

🙏🏾🙏🏾LivingYangon ဆောက်လုပ်ရေးကုမ္ပဏီမှ တာဝန်ယူတည်ဆောက်ပေးမည့်

✅မြောက်ဒဂုံမြို့နယ်၊ ၃၅ရပ်ကွက်၊ စောလှဘော်လမ်းမပေါ်မှာ တည်ရှိသည့် ပေ၂၀* ၆၀မြေကွက်ပေါ်မှာ ဆောက်လုပ်ပေးမည့်

✅18'×50'ပေ 2ထပ်ခွဲ RC အဆောက်အဦးအား ရေ၊မီး၊ဆေး အပြီးစီး ဆောက်လုပ်ပေးခြင်းအတွက်စရံပေးစာချုပ်လေး ချုပဆိုဖြစ်ခဲ့တဲ့မှတ်တမ်းလေးပါရှင့်

✅ယုံကြည်စွာဖြင့် လုပ်ငန်းအပ်နှံပေးပါသော
အိမ်ရှင်များအားကျေးဇူးအများကြီးတင်ပါတယ်

ဆက်သွယ်ရန်
LivingYangon ဆောက်လုပ်ရေး
095071087
09785071087
09425282282

20/02/2024

ဆောက်လုပ်ရေးနှင့်ပတ်သတ်သော ဝေါဟာရပေါင်း (၂၀၀)

1. Peg out -ပန္နက်
2. Stake /peg -တိုင်ငုတ်ချွန်၊ပန္နက်တိုင်
3. Pole/Column -တိုင်
4. Concrete Pole-ကွန်ကရစ်တိုင်
5. Pillar -ဖောင်းအလှတိုင်
6. Wall -နံရံ
7. Beam -ထုတ်/ယက်မ
8. Floor -ကြမ်းခင်း /ကြမ်းပြင်
9. Balcony Floor -လသာဆောင်ကြမ်းခင်း
10. Toilet Floor - အိမ်သာကြမ်းခင်း
11. Polished Concrete -ချောမွတ်ပြောင်လက်နေသော ကွန်ကရစ်နံရံကြမ်းပြင်
12. Brick - အုတ်
13. Lime -ထုံး
14. Sand lime brick -သဲအုတ်
15. Paving brick -လမ်းခင်းအုတ်
16. Ventilation brick -ပန်းအုတ်
17. Concrete brick -ဘိလပ်မြေအုတ်(ဘောက်အုတ်)
18. Joint -နှာ(အုတ်စီ)
19. Raking back -နောက်ဆုတ်အုတ်စီနည်း
20. Stretcher -အုတ်လျား
21. Plinth level -အုတ်ခုံမျက်နှာ
22. Cement -ဘိလပ်မြေ
23. Water -ရေ
24. Sand -သဲ
25. Sand Coarse-သဲကြမ်း
26 . Sand fine -သဲနု
27. Gravel -ကျောက်စရစ်
28. Stone chipping -ကျောက်ဆန်ကွဲ
29. Marble -စကျင်ကျောက်
30. Shingle -ကျောက်စရစ်
31. Steel bar -၃မူးနှင့်အထက်ကြီးသောသံချောင်းများ
32. Steel Round Bar -ပြောင်ချောသံချောင်း
33. Steel plate -သံပြား
34. Steel flat bar -သံပြားအရှည်
35. Steel wire rod -သွတ်ကြိုး
36. Angle steel bar -ကျင်တွယ်သံချောင်း
37. Welded panels -သံဇကာ
38. Welded net -သံဇကာအသေး
39. Iron nail -သံမှို
40. Concrete nail -စတီးသံမှို
41. Bamboo -ဝါး
42. Timber -သစ်
43. Plastic rope-ပလတ်စတစ်ကြိုး
44. Nylon rope -နိုင်လွန်ကြိုး
45. Hardwood Squares -ပျဥ်(သစ်မာ)
46. Plywood -သစ်သားပြား
47. Lumber -သစ်ပွ
48. Earth -မြေကြီး
49. Dig earth -မြေကြီးတူး
50. Earth leveling construction-မြေကြီးညှိ
51. Cement earth -ဘိလပ်မြေညှိ(မျဥ်းတိုက်)
52. Construction site clearing -နေရာဌာနရှင်းလင်း
53. Hall -ဟောခန်း
54. Bedroom -အိပ်ခန်း
55. Living room -ဧည့်ခန်း
56. Shrine /Buddha room -ဘုရားခန်း
57. Dinning room -ထမင်းစားခန်း
58. Kitchen -မီးဖိူချောင်
59. Pantry -စားနပ်ရိပ်ခါထားရာအခန်း
60. Bathroom -ရေချိုးခန်း
61. Lounge room/sitting room-အပန်းဖြေခန်း
62. Basement -မြေအောက်ခန်း
63. Garage -ကား ထားရန်
64. Study -စာကြည့်ခန်း
65. Balcony -လသာဆောင်
66. Verandah -ဝရန်တာ
67. Path -လျှောက်လမ်း
68.Roof -အမိုး
69. Ceiling -မျက်နှာကျက်
70. Sheds -အဖီများ
71. Gate -ဝိုင်းဝင်တံခါး
72. Fence - ခြံစည်းရိုး
73. Letter box-အိမ်ဝန်းရှေ့စာတိုက်ပုံး
74. Door bell -အိမ်ဝန်းရှေ့ အချက်ပေးဘဲ
75. Ditch - ရေမြောင်း
76. Water tank -ရေလှောင်ကန်
77. Wattle -ဝါးကပ်
78. Metal -သတ်တု
79. Brass -ကြေးဝါ
80.Aggreate -ရောစာ
81. Marble tile -စကျင်ကျောက်ပြား
82. Marble chipping-စကျင်ကျောက်ဆန်ကွဲ
83. Abutment wall -မြေကာနံရံ
84. Chimney -မီးဖိုခေါင်းတိုင်
85. Gypsum - စကျင် သလင်းကျောက်
86. Lodedtone -သံလိုက်ကျောက်
87. Bismuth(cast iron) -သံကြွပ်
88. Chowket /door&window frame -ကျည်းဘောင်
89. Formwork -ကျောက်ပုံး
90. Flooring tile- ကျောက်ပြား
91. Span -ခန်းဖွင့်အကျယ်
92. ridge -ခေါင်ရိုး
93. ridge piece-ခေါင်ချုပ်
94. Folding door -ခေါက်တံခါး
95. Hollw brick -ခေါင်းပွအုတ်
96. Pudlog -ငြမ်းဆင့်
97. Puglog hole-ငြမ်းဆင့်ထိုးပေါက်
98. Scaffolding -ငြမ်းဆင်ခြင်း
99. Binder -ထိန်းချုပ်ဆေး
100. Ledged&battened door-ပျဥ်ထောင်တံခါး
101. Putty -ထေးဆေး
102.Turpentine -ထင်းရူးဆီ
103.Tallow -အမဲဆီ
104.Angle bracket -ထောင့်ချိုးသံပြား
105.Angle -ထောင့်မှန်ချိုး
106.Corner -ထောင့်ချိုး
107.Header-ထိပ်စီကျောက်
108.Lime concrete -ထုံးကွန်ကရစ်
109. Binder/stirrup -ထိန်းကွင်း
110.Collar truss -ဒိုင်းငယ်
111.Truss -ဒိုင်းငယ်
112.Cavity tie -နံရံချုပ်
113.Gutter -ရေတလျှောက်
114.Parapet gutter -နံရံကပ်ရေတလျှောက်
115.Valley -ရေလိမ်
116.Valley rafter -ရေလိမ်ဒိုင်း
117.Valley gutter -ရေလိမ်ရေတံလျှောက်
118.Flat or flush pointing -နှာပြည့်
119.Nosing -နှာစွန်း
120.Coping -နံရံထိပ်စီး
121.Batter -နံရံစောင်း
122.Layout plan - ပန္နက်ရိုက်ပုံစံ
123. Bond - ကွန်ကရစ်သိပ်သည်း
124.Stencil -ပုံဖော်ပြား
125.Eave board -ပန်းဆွဲ
126.Moulding (plaster)-ပြော့ကြောင်းထိုးခြင်း
127.Formwork -ပုံစံခွက်
128.Plastic emulsion paint -ပလပ်စတစ်ဆီဆေး
129.Main rod-ပင်မသံချောင်း
130.Cleat -ဖားတုံး
131.Mixing -ဖျော်စပ်ခြင်း
132.Gable -မြင့်မိုရ်
133.Glazed door -မှန်တံခါး
134.Glazed window -မှန်ကွက်ပြတင်း
135.Centre hung fanlight -မှန်လည်လေဝင်ပြတင်းပေါက်
136.Fixed fanlight -မှန်အသေတပ်ပြတင်းပေါက်
137.Barbed wire -သံဆူးကြိုး
138.Mortar -သရိုး
139.Plaster -သရွတ်
140.Plastering -သရွတ်ကျံခြင်း
141.Metal lath -သံဇကာဘိလပ်မြေ
142. Quick setting cement-အအိပ်မြန်ဘိလပ်မြေ
143.Slow setting cement -အအိပ်နှေးဘိလပ်မြေ
144.Rapid hardening cement -အမာမြန်ဘိလပ်မြေ
145. Reinforcement rod -အားကူသံချောင်း
146.Deformed reinforcement rod- အရစ်ပါသောအားကူသံချောင်း
147.Plywood -အထပ်သား
148. Balancing reservoir -ထိန်းညှိ ရေလှောင်ကန်
149. Balanced cantilever -အစွန်းထွက်ယက်မ
150. ballast - အောက်ခံကျောက်များ
151. base line -အခြေခံမျဥ်း
152. base plate -တိုင်အောင်ခံပြား
153. batten or reeper -အုတ်ကြွပ်တန်း
154. bed of pier -တိုင်ခြေ
155. bedding plate- ခံဆောင်ပြားများ
156. bond -အုတ်စီနည်း
157. bonder -တွဲဆက်ကျောက်
158.cement motar -ဘိလပ်မြေသရွတ်
159. cement sand screed -ဘိလပ်မြေ သဲ သရွတ်ခင်း
160.column footings -တိုင်ဖိနပ်
161. combined footing -တွဲဖိနပ်
162. commode step -ကမုဒ်အနင်း
163. copings -ထိပ်အုပ်
164. corble -အစွန်းထွက်
165. cornices -ပန်းကလပ်
166. corrosive -သတ္တုစားခြင်း
167. cross hair -ကန့်လန့်ဖြတ်အမှတ်
168. cross -section -ကန့်လန့်ဖြတ်အပိုင်း
169. Curved roofs -အမိုးခုံး
170. efflorescence -ဆားပွင့်ခြင်း
171. Filter bed -ရေစစ်ကန်
172. final setting of cement -ဘိလပ်မြေအပြီးသတ်အိပ်ချိန်
173. fine aggregate -ရောစာနု
174. flag stone -ကျောက်ပြား
175. fl**ge -ဖလန်းပြား
176. flat arch -ခုံးပြား
177. flight -လှေကားပြေး
178. Gypsum -ဂျစ်ပဆန်ကျောက်
179. Precast -ကြိုတင်သွန်းလောင်းခြင်း
180. rain water pipe -မိုးရေပိုက်
181.septic tank -မိလ္လာကန်
182. service reservior -ရေဝေကန်
183. setting tank -အနည်ထိုင်ကန်
184. sump -ရေစုကန်
185. spill way -ရေပိုလွှဲ
186. surplus works -ရေပိုလွှဲပိုက်
187. waste pipe -စွန့်ပစ်ရေလွှဲပိုက်
188. waste weir -ရေလွှဲဆည်
189. water seal -ရေခံ
190. wearing course-အပွန်းခံလွှာ
191. vent pipet -လေထွက်ပိုက်
192. filter bed -ရေစစ်ကန်
193.fish plate -ပိုးပြား
194. flag -stone ကျောက်ပြား
195. sun shade -နေကာမိုး
196. super -structure အထက်ပိုင်းအဆောက်အအုံ
197. support beam -ထောက်ရက်မ
198. surveying -မြေတိုင်းပညာ
199. suspended floor -အလွတ်ကြမ်းခင်း
200. suspended span -ဆိုင်းထား ခန်းဖွင့်

to original uploader

20/02/2024

"တစ်ကွိုင် မှာ ဘယ်နှစ်ပေ ပါလဲ"

Tie bar ပဲ ဖြစ်ဖြစ် ၊ Stirrup barပဲ ဖြစ်ဖြစ်
မြန်မာမှု့ ပြုလိုက်တာကတော့ စတားကွင်း လို့ ခေါ်ပါတယ်။
မြန်မာပြည်မှာတော့ စတားကွင်း ဆိုရင်
6.5 mm နဲ့ 8mm သာ အသုံးများကြပြီး စျေးကွက်ထဲမှာတော့ စတားကွင်းတွေဟာ ကွိုင်နဲ့ပဲ လာကြပါတယ်။
တစ်ကွိုင်မှာ ၃၀ ပိဿာ ကနေ ၃၅ ပိဿာ ကြား ရှိပါတယ်။
6.5mm ကွိုင်ဆိုရင် တစ်ပိသာမှာ ၂၀ ပေ နဲ့ ၃လက်မ ရှိပြီးး 8mm ကတော့ ၁၃ပေ နဲ့ ၄လက်မ ရှိပါတယ်။
ဒါဆိုရင် တစ်ကွိုင်မှာ ဘယ်နှစ်ပေ ပါလဲဆိုတာ မေးထားသူတွေ အနေနဲ့ တွက်လို့ ရပြီထင်ပါတယ်။
သို့သော် မြန်မာပြည်ရဲ့ အလေးချိန်ခွင် စနစ်ဟာ အဒိန္နာဒါန ကံတွေနဲ့ ဖွဲ့စည်းတည်ဆောက်ထားတာ ကြောင့် အနည်းငယ် ကွဲလွှဲနိုင်ပါကြောင်း။
222 - Triple Two Construction
Crd Original

20/02/2024

ရေဂါလံတွက်နည်း(UK)

ရေ (၁)ကုဗပေ = ၆၂.၄ပေါင် လေးသည်။
ရေ(၁)ဂါလံ = ၁၀ပေါင် လေးသည်။
ရေ(၁)ကုဗပေ = ၆.၂၂၉ဂါလံ ရှိသည်။
၄.၅၄လီတာ = (၁)ဂါလံ
တစ်တန် = ၂၂၄၀ပေါင်
၁ပီပါ = (၅၀)ဂါလံ

ဥပမာ။ ။၄'x၄'x၄' အုတ်ကန်ရေဂါလံဘယ်လောက်ဆန့်လဲသိရှိလိုလျှင်

- 4'×4'×4' = 64cuft (၆၄ကုဗပေရမည်)
၆၄ကု/ပေ ကို ရေ(၁)ကုဗပေမှာရှိတဲ့
၆.၂၂၉ဂါလံနဲ့ မြှောက်ရင်

64cuft ×6.229gal/ cuft = 398.656gal
အဲ့တော့ (၄၀၀)ဂါလံပေါ့ဗျာ

၁ဂါလံ ကို ၁၀ပေါင်လေးတော့ ၄၀၀ဂါလံဆိုတော့
400gခ်္ချွါ်al x 10 lb/gal = 4000lb

ပေါင် ၄၀၀၀ ပေါ့နော်။ တန် သိချင်ရင် ၂၂၄၀ နဲ့ထပ်စား။
4000lb ÷ 2240 lb/ton = 1.79 Ton
ရေရဲ့သီးသန့်အလေးချိန်ကိုက ၂တန်ဘဲ ဆိုကျပါစို့။

ရေဂါလံသိချင်ရင်အုတ်ရေကန်ကအလျှား4'×အနဲ4'×အမြင့်4'ဆိုပါက×ရေတဂါလံ6.25=400ဂွင်္ီဖအလံ

လီတာသိချင်ရင်
ရလာတဲ့(၄၀၀)ဂါလံနဲ့ 1galမှာရှိတဲ့ ၄.၅၄လီတာမြှောက်
400gal x 4.54 lit/gal = 1800lit
(၁၈၀၀)လီတာ
liter ကို gal ပြန်ပြောင်းချင်ရင်
1800lit ÷4.54lit/gal=400gal
လက်ရှိအသုံးပြုနေတဲ့ စတီးတိုင်ကီတွေမှာဆို lit1000လို့ရေးထားပါက 1000lit÷4.54=220galပါခင်ဗျ

တခြားစက်ဝိုင်းပုံသဏ္ဌာန်ဖြစ်တဲ့ဟာတွေဆိုရင် circleရဲ့areaကိုရှာပြီးအမြင့်နဲ့မြှောက် ကု‌ဗပေ(volume)ကိုရရင်၆.၂၂၉နဲ့မြှောက်လိုက်ရင်လိုချင်တဲ့ဂါလံရပါလိမ့်မည်။အဓိကကတော့ဘယ်ပုံသဏ္ဌာန်ဖြစ်ပါစေ အဲ့ပုံသဏ္ဌာန်ရဲ့ကုဗပေ(volume)
ကိုရအောင်ရှာပြီး၆.၂၂၉နဲ့မြှောက်လိုက်ရုံပါပဲ။
ပေါင်တို့တန်တို့လိုချင်ရင်လဲအပေါ်ကပေးထားတဲ့ပုံသေနည်းနဲ့မြှောက်သွားယုံပါပဲဗျာ။
Volume ရှာတဲ့ ပုံသေနည်းလေးလဲ ထည့်ပေးထားပါတယ်ဗျ။
တခု သတိပြုရမှာက Unit အသုံးပြုရာမှာ
US နဲ့ UK အသုံးပြုမှုကွာတာကို သတိပြုရပါမယ်။

US 1 gallon မှာ 3.785 liter နဲ့
1cu ft of water = 7.481gallon
ကျွန်တော်တို့ နိုင်ငံမှာ အသုံးပြုနေတာ UKရဲ့
imperial gallon
1 imperial gallon = 1.2 US gallon

(8"8")ကြွေပြားတစ်ကျင်းလျှင်225ချပ်
(8"12")ကြွေပြားတစ်ကျင်းလျှင်150ချပ်
(12"12")ကြွေပြားတစ်ကျင်းလျှင်100ချပ်
(1 '2')ကြွေပြားတစ်ကျင်းလျှင်50ချပ်
(2 '2 ')ကြွေပြားတစ်ကျင်းလျှင်25ချပ်

120ကိုတည်ပြီးမိမိတို့အသုံးပြုမည့်ကြွေပြားဆိုဒ်ကိုစားပါ(ဥပမာ 8"×12"ကြွေပြားကပ်မယ်ဆိုပါဆို့
120÷8"=15ချပ်
120÷12"=10ချပ်ဆိုတော့
15ချပ်×10ချပ်ဆိုတော့8"12" ကြွေပြားတကျင်းကိုအချပ်ရေ150ပေါ့နော်
ဘယ်ကြွေပြားဆိုဒ်မဆိုတွက်ကြည့်ပါနော်

Credit
(မုတာစရိယ၊ )(ဒိဋ္ဌာစရိယ၊)(သုတာစရိယ။)
သင်ဆရာ/မြင်ဆရာ/ကြားဆရာ
တို့နှင့်ကျေးဇူးရှင်ခင်ပွန်းကြီး
(၁၀)ပါးတို့အားအမြဲ
ထာဝစဉ် ဦးခိုက်
ပူဇော်လျက်
🙏🙏🙏🙏🙏🙏🙏🙏🙏

18/02/2024
18/02/2024

ဆရာ KyitharMyint

ပေ၂၀xပေ၆၀ မြေကွက်ထဲက ၁၇ပေxပေ၅၀ ၃ထပ် လူနေအိမ် ၁လုံးရဲ့ မြေညီထပ် အခန်းဖွဲ့စည်းပုံ ဖြစ်ပါတယ်။

အရှေ့မှာ ၅ပေချန်၊ ဘေး ၁ဖက်စီမှာ ၁ပေစီချန်၊ အနောက်မှာ ၄ပေချန် ပါတယ်။

အရှေ့ ၅ပေချန်မှာ ကားတက်၊ မီးစက် စသဖြင့် ထားပါမယ်။

ဘေး ၁ပေစီချန်တာမှာ ရေမြောင်းတွေ ရှိပါမယ်။

အနောက် ၄ပေချန်မှာ ၃ပေ အဖီမိုးပြီး သမံတလင်း ခင်းထားပါမယ်။

ဝင်ဝင်ချင်းမှာ ၁၇ပေxပေ၂၀ ကားခန်း ရှိပါမယ်။

ကားတက် သိပ်မမတ်ဖို့ ကားခန်း ကြမ်းခင်းကို ၁ပေအမြင့်ပဲ ထားပြီး အိမ်ခန်းတွေကို ၂ပေ အမြင့်ထားပါမယ်။

ကားခန်းအတွင်းထောင့်မှာ ၄ပေအကျယ် L ချိုး လှေကားရှိပြီး အပေါ်လှေကားအောက်မှာ ခုံဆက်တီတွေ ချလို့ ရပါမယ်။

အလျားတော်တော်ရှည်တဲ့ ကားထည့်တဲ့အခါ လှေကားအောက်က ခုံဆက်တီ ကို ဖယ်ပြီး ထည့်လို့ရပါမယ်။

လှေကားအောက်မှာ အခန်းလေး ဖွဲ့ထားပြီး ပစ္စည်းတွေ ထားလို့ ရပါမယ်။

ကားခန်းကနေ ၅ပေအကျယ် လျှောက်လမ်းကို ခြေတက်ခုံလေးကနေ တက်သွားပြီး ၁၂ပေx၁၅ပေ အိပ်ခန်းထဲကို ဝင်သွားလို့ ရသလို ဆက်သွားလိုက်ပါက ၁၂ပေx၁၅ပေ ထမင်းစားခန်း မီးဖိုချောင်ကို ရောက်ပါမယ်။

အိပ်ခန်းဟာ ကုတင်၊ စားပွဲ၊ ထိုင်ခုံ၊ မှန်တင်ခုံ၊ ဗီရို စတာတွေကို နေရာတကျ ထားလို့ရအောင် ကျယ်ဝန်းတာကို တွေ့ရပါမယ်။

အိပ်ခန်းမှာ ၅ပေx၇ပေခွဲ ရေချိုးခန်းအိမ်သာခန်း ပါပြီး ဘိုထိုင်၊ ဘေစင်၊ ရေပန်း စတာတွေနှင့် ဝင်ထွက်ရလွယ်ကူ သက်တောင့်သက်သာ ရှိတဲ့ အကျယ်အဝန်း ဖြစ်ပါမယ်။

ထမင်းစားခန်း မီးဖိုချောင်မှာ ထမင်းစားစားပွဲ၊ ခုံတွေ၊ ရေခဲသေတ္တာ၊ ကြောင်အိမ်၊ ထမင်းချက်ခုံ စတာတွေနှင့် ကျယ်ကျယ်ဝန်းဝန်း ရှိပါမယ်။

မီးဖိုချောင် နောက်ဖေးတံခါး အနားမှာ ၅ပေx၇ပေခွဲ ဘုံသုံးရေချိုးခန်းအိမ်သာရှိပြီး အိပ်ခန်း ရေချိုးခန်းအိမ်သာလိုပဲ ဖြစ်ပါတယ်။

နောက်ဖေးတံခါးကနေ နောက်ဖေးကို ထွက်လို့ရပြီး အပေါ်မှာ ၃ပေအဝဲအဖီ ရှိလို့ အဲဒီနေရာမှာ မီးဖိုချောင်အတွက် လိုအပ်တဲ့ ကိစ္စတွေ လုပ်လို့ ရပါမယ်။

အခန်း အကျယ်အဝန်းတွေကို ခန့်မှန်းနိုင်ဖို့ ပုံထဲမှာ ထမင်းဟင်းချက်နေတဲ့၊ ထမင်းစားနေတဲ့၊ အိပ်ခန်းထဲက စားပွဲမှာ လက်ပ်တော့နှင့် အလုပ်လုပ်နေတဲ့၊ ကားခန်း ခုံဆက်တီမှာ ထိုင်နေတဲ့၊ လှေကားပေါ်ကို တက်သွားတဲ့ လူပုံလေးတွေ ထည့်ထားပေးပါတယ်။

လေးစားစွာဖြင့်

LivingYangon ဆောက်လုပ်ရေးမှ

ဒီပုံလေးကို အခြေခံပြီး ဈေးနှုန်း လေးသိချင်တဲ့ မိတ်ဆွေတွေ အတွက် နမူနာလေးထားပြီး တွက်ပြပေးတာပါ

ဒီပုံလေးက ၁၇×၅၀ ပေအကျယ်ဆိုတော့
17×50=850 sqft
850 × 70000 ကျပ် = 595 သိန်း ၁ လွှာကို ကျသင့်ငွေပါ

၃ လွှာဆိုတော့ ၃ ဖြင့်မြှောက်ပါတယ်

850×3=2550 × 70000 =1785 သိန်းပါ

ဒါလိုတွက်နည်းက ခန့်မှန်း PAE 70000 ဈေးနှုန်းနဲ့ပါ

ရေ မီး ဆေး ပါကေး အကုန် အပြီးစီးဈေးနှုန်းလေးပါ

အခုတွက်နည်းက
ဆောက်မည့် နေရာ ဒေသ မြေအနေအထား
လမ်းအနိမ့်အမြင့် ပေါ်မူတည်ပြီး ဈေးနုုန်းတွေက အပြောင်းအလဲ ရှိနိုင်ပါတယ်

ကျေးဇူးအများကြီးတင်ပါတယ်



Credit #

Photos from Living Yangon အိမ်ခြံမြေ နှင့် ဆောက်လုပ်ရေး ကုမ္ပဏီ's post 18/02/2024

LivingYangon ဆောက်လုပ်ရေး
မှ
တာဝန်ယူတည်ဆောက်သည်

မကြာမှီ လာမည် မျှော်

12/02/2024

ဆေးသုတ်နည်းစနစ် မေးထားလို့ပြန်မျှဝေလိုက်ပါတယ်ခင်ဗျာ
******************************************
အကောင်းဆုံး အိမ်သုတ်ဆေးကို ရွေးချယ်နိုင်ဖို့ ဆေးသုတ်နည်းစနစ်ကို သိဖို့လိုပါတယ်။ ဆေးသုတ်နည်းစနစ်တွေ အများကြီးရှိပါတယ်။

**အသုံးများတဲ့ ဆေးသုတ်နည်းစနစ်တွေကတော့

၁.နိုင်ငံတကာမှာ ကျင့်သုံးတဲ့ ဆေးသုတ်နည်းစနစ် နှင့်
၂. Local ( မြန်မာ ) မှာ အသုံးပြုကြသည့် ဆေးသုတ်နည်းစနစ် တို့ဖြစ်ပါတယ်။

အင်တာနက်တွေမှာ ဆေးသုတ်နည်းစနစ်တွေကို ရှာဖတ်လေ့လာမယ်ဆိုရင် ဆေးသုတ်ရာတွေ အဆင့် ( 7 ) ဆင့် အသုံးပြုကြတာကို တွေ့ရပါတယ်။

**အဲဒါတွေကတော့

1 - အရင်ဆုံး ဆေးသုတ်မယ့် နေရာကို သန့်ရှင်းအောင် ရှင်းလင်းပေးရမယ်။

2 - ပထမဆုံး Sealer အောက်ခံဆေးကို သုံးတယ်။

3- Putty ပတ်တီးရိုက်တယ်

4- နောက်ထပ် Putty ပြန်ရိုက်တယ်။ ပတ္တီး နှစ်ခါရိုက်တယ်။

5- Sealer အောက်ခံဆေး ပြန်သုတ်တယ်။

6- ဆေးသား Paint ကို သုတ်တယ်။

7 - ဆေးသား Paint ကို ပြန်သုတ်တယ်။ ဆေးသား Paint နှစ်ခါ သုတ်တာပေါ့။ ပထမ တစ်ကုတ်ခြောက်ပြီး နောက်တစ်ကုတ်ကို သုတ်တာဖြစ်ပါတယ်။

အပေါ်မှာ ဖော်ပြပေးတဲ့ နည်းလမ်းက နိုင်ငံတကာမှာ အသုံးများတဲ့ နည်းလမ်းတွေဖြစ်ပြီး ကျွမ်းကျင်တဲ့ ဆေးဆရာ အတော်များများက Quality ကောင်းတဲ့ ဆေးသားရရှိအောင် အသုံးပြုကြတဲ့ နည်းလမ်းတွေဖြစ်တယ်။

မြန်မာမှာတော့ ဆေးသုတ်လုပ်ငန်းမှာ Local ဆေးသုတ်နည်း (6)ဆင့်ကိုဘဲ အသုံးများကြတာတွေ့ရပါတယ်။

** အဲဒါတွေကတော့

1 - အရင်ဆုံး ဆေးသုတ်မယ့် နေရာကို သန့်ရှင်းအောင် ရှင်းလင်းပေးရမယ်

2 - Putty ပတ်တီးရိုက်တယ်

3 - နောက်ထပ် Putty ပြန်ရိုက်တယ်။ ပတ္တီး နှစ်ခါရိုက်တယ်။

4 - Sealer အောက်ခံဆေး သုတ်တယ်။

5 - ဆေးသား Paint ကို သုတ်တယ်။

6 - ဆေးသား Paint ကို ပြန်သုတ်တယ်။ ဆေးသား Paint နှစ်ခါ သုတ်တာပေါ့။ ပထမ တစ်ကုတ်ခြောက်ပြီး နောက်တစ်ကုတ်ကို သုတ်တာဖြစ်ပါတယ်။

ပြည်တွင်းဆေးသုတ်နည်းစနစ်မှာတော့ာ နိုင်ငံတကာ ဆေးသုတ်နည်းစနစ်မှာသုံးတဲ့ အောက်ခံဆေး မခံဘဲ ပတ္တီး တစ်ခါတည်း
ရိုက်တာပါ။
ဘက်ဂျတ်အခြေအနေကြောင့် ပြည်တွင်းဆေးသုတ်နည်းစနစ်ကိုဘဲ အသုံးများကြတာတွေ့ရပါတယ်။ Sealer အကြောင်းကို ရှင်းပြပေးထားပါတယ်။

ဆေးသုတ်နည်းစနစ် နှင့် အဆင့်ဆင့်တွေကို နားလည်ပြီး အဆင့်တိုင်းမှာ လိုအပ်တဲ့ဆေးတွေကို အသုံးပြုပေးရမှာဖြစ်တယ်။ အချို့သော အိမ်ရှင်တွေက အပေါ်ဆုံးမှာ သုတ်တဲ့ဆေး Paint သုတ်တာလောက်ဘဲ နားလည်ကြတယ်။

ပြည်တွင်းနည်းကို အသုံးပြုပြီး ဆေးသုတ်မယ်ဆိုရင်တောင် အနည်းဆုံး အိမ်သုတ်ဆေး ပစ္စည်းသုံးမျိုးလိုပါတယ်။ ပတ္တီး ၊ အောက်ခံဆေး၊ ဆေး Paint တို့ဖြစ်ပါတယ်။အိမ်သုတ်ဆေးလုပ်ငန်းက လွယ်ပြီး အကုန်အကျနည်းတဲ့ လုပ်ငန်းတော့ မဟုတ်ပါဘူး။ ပိုသုံးနိုင်ရင် ပိုကောင်းတဲ့ ဆေသား နှင့် ဝန်ဆောင်မှုတွေကို ရှိမှာဖြစ်တယ်။

ဆေးသုတ်တော့မယ်ဆိုရင် ဆေးသုတ်မယ့်နေရာကို အပူချိန်တိုင်းတာ၊ အစိုဓာတ်တိုင်းတာ ၊ အခြား လုပ်စရာတွေလဲ လုပ်ဖို့လိုပါသေးတယ်။ ဒီအကြောင်းတွေကိုတော့ နောက်မှထပ်ရှင်းပြပေးပါမယ်။

အခုတော့ အဆင့် တစ်ခုချင်းစီကို နည်းနည်း အသေးစိတ်လေး ရှင်းပြပေးချင်တယ်။

1 - အရင်ဆုံး ဆေးသုတ်မယ့် နေရာကို သန့်ရှင်းအောင် ရှင်းလင်းပေးရမယ်။ ဆေးသုတ်မယ့်နေရာက ညစ်ပတ်နေရင် ဒါမှမဟုတ် အဆီ အစွန်းအထင်းတွေရှိနေရင် အဲပေါ်မှာ ဆေးတစ်ခါတည်းသုတ်လို့မရပါဘူး။ သုတ်မိရင်တောင် ဆေးသားတွေ ရက်ပိုင်းအတွင်းဘဲ အကုန်ပြန် ကွာကျပါလိမ့်မယ်။

ဒါကြောင့် အမြဲတမ်းဆေးသုတ်မယ့်နေရာကို ဆေးဆရာတွေ လမ်းညွှန်ချက်အတိုင်း သန့်ရှင်းအောင်လုပ်ပေးဖို့လိုပါတယ်။

2- Putty ပတ်တီးရိုက်တယ် (ဒီနေရာမှာ ပတ်တီးရိုက်ပြီးတိုင်းကော်ပတ်မဖြစ်မနေစားရမှာပါ)
ဆေးသုတ်မယ့်နေရာတွေကို သန့်ရှင်းရေးလုပ်ပြီးရင်တော့ Putty ပတ္တီး ရိုက်လို့ရပါပြီ။ ပတ်တီးရိုက်ရတဲ့ အဓိက ရည်ရွယ်ချက်က အပေါ်ဆေး Paint သုတ်တဲ့အခါ (Putty Help smooth surface to colour over )ညီညာသပ်ရပ်တဲ့ ဆေးသားရရှိအောင်ဖြစ်ပါတယ်။ အုတ်နံံရံတွေကို ပတ်တီးရိုက်ပေးခြင်းဖြင့် ဆေးသားအတွက်လိုအပ်တဲ့ ညီညာသည့် မျက်နှာပြင်ကို ရရှိစေပါတယ်။

3 - နောက်ထပ် Putty ပြန်ရိုက်တယ်။ Step 2မှာ ရိုက်ထားတဲ့ ပတ်တီးခြောက်ပြီးရင် နောက်ထပ် ပတ်တီးတစ်ခါပြန်ရိုက်ပေးရပါတယ်။ ရည်ရွယ်ချက်ကတော့ ပိုညီညာတဲ့ဆေးမျက်နှာပြင်ရရှိအောင်ပါ။ ပထမရိုက်တဲ့ ပတ္တီးက အများအားဖြင့် အုတ်နံရံတွေရဲ့ မညီညာတဲ့ ချိုင့်ခွက်မျက်နှာပြင်တွေကို ညီညာအောင်လုပ်ပေးပါတယ်။ ဒုတိယ ထပ်ရိုက်တဲ့ ပတ္တီးက​​တော့ ပတ္တီးကို ပြန်အချောကိုင်ပေးတာဖြစ်ပါတယ်။ ပိုပြီး ညီညာတဲ့ မျက်နှာပြင်ကို ရှိစေပါတယ်။

4 - Sealer အောက်ခံဆေး သုတ်ပေးတယ်။ အောက်ခံဆေးသုတ်ပေးတဲ့ ရည်ရွယ်ချက်ကတော့ အပေါ်ဆုံးမှာ သုတ်မယ့် ဆေးသား Paint တွေ စွဲကပ်အားကောင်းအောင်ပါ။ အချို့နံရံအဟောင်းတွေကို ဆေးသုတ်ရင် ဆေးသားစွဲကပ်အားမကောင်းတာတွေ့ရပါတယ်။ အောက်ခံဆေး Sealer ကို အသုံးပြုခြင်းဖြင့် သုတ်လုက်တဲ့ ဆေးသား Paint တွေ နံရံတွေမှာ စွဲကပ်အားကောင်းစေပါတယ်။ ( Sealer allow the paint to stick to wall or substrate )

5 - ဆေးသား Paint ကို သုတ်တယ်။ Sealer အောက်ခံဆေးသုတ်ပြီးရင်တော့ ဆေးသား Paint ကို သုတ်လို့ရပါပြီ။ လက်နှင့်ကိုင်တွယ်လို့ရပြီး မြင်နိုင်သည့်ဆေးသား Paint ကို သုတ်လို့ရပါပြီ။ ကိုယ်ကြိုက်တဲ့ Paint ကို ရွေးချယ်အသုံးပြုပေးလို့ရပါတယ်။ ဆေးရွေးချယ်ရာတွေ အရောင် နှင့် ဆေးအမျိုးအစားကို အဓိက ရွေးချယ်ပေးရပါတယ်။

အိမ်သုတ်ဆေးအထဲမှာ အမျိုးအစားအများကြီးရှိပါတယ်။ အတွင်းဆေး ၊ အပြင်ဆေး၊ ရာသီဥတုဒဏ်ခံနိုင်သည့်ဆေး ၊ အပူဒဏ် လျှော့ချပေးသည့်ဆေး ၊ အစွန်းအထင်း ဆေးကြောရန်လွယ်ကူစေသည့်ဆေး ၊ အနံမပြင်းသည့်ဆေး ၊ အလွန်ချောမွေ့သည့်ဆေးသားပိုင်ဆိုင်စေသည့်ဆေး ၊ အလှဆင်သည့် ဗြုတ်ဆေး ၊ သံထည်တွေအသုံးပြုသည့်ဆေး ၊ မှုတ်ဆေး စသည်ဖြင့် ရွေးချယ်စရာဆေးအများကြီးရှိပါတယ်။ ဆေးသုတ်မယ့် နေရာ အခြေအနေပေါ်မူတည်ပြီး အသင့်တော်ဆုံး ဆေးတွေကို ရွေးချယ်ပေးဖို့လိုပါတယ်။

Paints ဆေးသုတ်ရာတွင် အကောင်းဆုံးဆေးသားရနိုင်ရန် အသုံးပြုပေးရမယ့် ဆေးသုတ်နည်းလမ်းအများကြီးရှိပါတယ်။ အသုံးများတဲ့နည်းလမ်းကတော့ W နဲ့ V ပုံစံဆေးသုတ်နည်းတို့ဖြစ်ပါတယ်။

6- ဆေးသား Paint ကို ပြန်သုတ်တယ်။ ဆေးသား Paint နှစ်ခါ သုတ်တာပါ။ ပထမသုတ်တဲ့ဆေးက အုတ်နံရံတွေထဲ စွဲကပ်တာ စိမ့်ဝင်တာတို့ရှိတာကြောင့် အမြဲတမ်းဆေးကို နှစ်ကုတ်သုတ်ပေးဖို့လိုပါတယ်။ ပထမ တစ်ကုတ်ခြောက်ပြီး နောက်တစ်ကုတ်ကို သုတ်တာဖြစ်ပါတယ်။ ပိုကောင်းတဲ့ ဆေးသား Quality ကို ရရှိစေပါတယ်။

လိုအပ်သည်များဖြည့်စွက်အသုံးပြုနိင်ပါစေ

04/02/2024

တိုက်နံရံသားအသစ်ကိုဆေးသုတ်တော့မယ်ဆိုရင် ဘာတွေလိုအပ်လဲ

၁/ တိုက်အသစ်နံရံသားအသစ်ကိုဆေးစမသုတ်ခင်သုံးပတ်ကြာတဲ့အခါမှာ
သုတ်မဲ့နံရံကို ပန်းရံသားချောပြီး အနည်းဆုံးသုံးပတ်
ကြာထားပေးသင့်ပါတယ် ပန်းရံချေားသားကခြောက်သွေ့ပြီး ရေစိုပြန်တာ
ရေငွေ့ရိုက်တာတွေမရှိတော့ပါဘူး
နံရံချောသားအသစ်ကို အချိန်အားဖြင့် သုံးပတ်ကြာတဲ့အထိ ထားဖို့ အချိန်မရခဲ့ရင် တစ်ပတ်အတွင်းဆေးသုတ်လို့ရတဲ့ ပရိုင်မာ (သို့မဟုတ်)ဆီလာခံဆေးအမျိုးအစားတွေ သုံးပြီး သုတ်လို့ရပါတယ် ခင်ဗျာ

၂/ နံရံသားခြောက်သွေ့သွားမှ ဆေးသုတ်ဖို့ နံရံကို
ကော်ပတ်တိုက် နံရံထဲမှာရှိတတ်တဲ့ သစ်စအမှိုက်တွေထွင်းထုတ် အဖုထစ်တွေထိုးချပြီး နံရံကို
သန့်ရှင်းရေးလုပ်ရပါမယ်

၃/ သန့်ရှင်းရေးပြီးရင်တော့ ဆီလာချုပ်ရပါမယ် ဆီလာကိုရေအချိုးစား
အတိုင်းရောစပ်ပြီး နံရံများအားလုံးကိုသုတ်ရပါ
မယ် ဆီလာ‌ခြောက်သွေ့ချိန်ထိထားရပါမယ်

၄/ ဆီလာခြောက်သွေ့ရင် ပတ်တီး တစ်ကုတ်စရိုက်လို့ရပါပြီ ရိုက်ထားတဲ့ ပတ်တီးတစ်ကုတ်ကို ခြောက်သွေ့အောင်ထားရပါမယ် ခင်ဗျာ

၅/ ပတ်တီးတစ်ကုတ်‌ခြောက်သွေ့ပြီဆိုရင် ဒုတိယပတ်တီး နှစ်ကုတ်မြောက်ထပ်တင်ရိုက်လို့ရပါပြီ ရိုက်ထားတဲ့ ပတ်တီးနှစ်ကုတ်မြောက်ကိုလည်း ခြောက်သွေ့အောင် ထားရပါတယ် ခင်ဗျာ

၆/ ကော်ပတ်တိုက်မယ် ပတ်တီးသား ခြောက်သွေ့ပြီးရင်
ကော်ပတ်တိုက်လို့ရပါပြီ ကော်ပတ်တိုက်တဲ့အခါနံရံ
သားညီညာချောမွှေ့စေဖို့ ကော်ပတ်တိုက်
စက်(သို့မဟုတ်)ကော်ပတ်ကိုင်းတို့နဲ့ တိုက်လို့ရပါတယ်

၇/ ဆီလာချုပ်မယ် ကော်ပတ်တိုက်ပြီးသားနံရံကို ကော်ပတ်အမှုံတွေခါချပြီး သန့်ရှင်းရေးလုပ်ရပါမယ် သန့်ရှင်းရေးအားလုံးပြီးရင် ဆီလာချုပ်လို့ရပါပြီ

၈/ ဆေးသုတ်မယ် ဆီလာများခြောက်သွေ့ပြီးရင် ကော်ပတ်တိုက်ပြီးသားအဟောင်းနဲ့ နံရံကို ဖွဖွလေးတိုက်ပေးဖို့လိုပါတယ် ကော်ပတ်အဟောင်းနဲ့တိုက်လိုက်တဲ့အခါ နံရံမှာ‌ဆီလာချုပ်လိုက်တုန်းက အနည်းငယ်ကျန်ရှိတဲ့အမှုံအမွှားများကို ဖယ်ရှာပေးပါတယ် ပြီးရင်ဆေး၀မ်းကုတ် သုတ်လိုရပါပြီ

၉/ နံရံအနာစာများ ပတ်တီးတက်ရှင်ဖာရပါမယ် ဆေး၀မ်းကုတ်‌‌ခြောက်သွေ့ပြီးရင် အနာဆာများပတ်တီးတက်ရှင်ဖာလို့ရပါပြီ ပတ်တီးတက်ရှင်များ ‌ခြောက်သွေ့ပြီးရင် ပတ်တီးတက်ရှင်များကော်ပတ်တိုက် ဆီလာပြန်ချုပ်ရပါမယ် ဆီလာခြောက်သွေ့ပြီးရင် တက်ရှင်နေရာကို ဆေး၀မ်းကုတ်ပြန်သုတ်ရပါမယ်

၁၀/ ဆေးတူးကုတ်သုတ်မယ်
ဆေး၀မ်းကုတ်ဖာထားသေား‌ဆေးများ ခြောက်သွေ့ပြီးရင် ကော်ပတ်အဟောင်းနဲ့ ပြန်တိုက်ပြီး နံရံကအမှုံမွှားများကို ဖယ်ရှားပြီး ဆေးတူးကုတ်
(ဖိုင်နယ်)သုတ်လို့ရပါပြီ
ဆေးတူးကုတ်သုတ်လို့ ဆေးမပိတ်သေးရင်နောက်တစ်ကုတ်ထပ်သုတ်လို့ရပါတယ်

မူရင်းရေးသားသူအား လေးစားစွာ crd ပေးပါသည်။

Photos from Living Yangon အိမ်ခြံမြေ နှင့် ဆောက်လုပ်ရေး ကုမ္ပဏီ's post 04/01/2024

မကြာခင် ပြီးစီးတော့မယ့် 29ရပ်ကွက်က ပေ၂၀ ၆၀ လုံးချင်း သုံးထပ်အိမ်လေး ရုပ်လုံးလေးတော့ ပေါ်လာပြီ ❤️

Photos from Living Yangon အိမ်ခြံမြေ နှင့် ဆောက်လုပ်ရေး ကုမ္ပဏီ's post 06/12/2023

🙏🙏🙏မင်္ဂလာပါ 🙏🙏🙏

🤝Renovation Site at 39ward, Northdagon Township.

💕အိမ်အဟောင်းတွေကို အိမ်အသစ်လေးတွေဖြစ်အောင် Renovation ပြန်လုပ်မယ်ဆိုရင်လည်း Living Yangonရှိပါတယ်နော်။

💕 မြောက်ဒဂုံ၊ ၃၉ရပ်ကွက်က လုံးချင်းနှစ်ထပ်ခွဲအိမ်လေးကို ရေ၊မီး၊ဆေး၊ကြွေပြားကပ်ခြင်း၊ သံပန်းနှင့် အလူမီနီယံလုပ်ငန်းများ၊ မျက်နှာကျက်၊ ကျွန်းပါကေးခင်းခြင်းစတဲ့ အိမ်ရဲ့ အချောပိုင်း Renovation & Decoration ပိုင်းတွေကို ယုံယုံကြည်ကြည်နဲ့ အပ်နှံပေးပါသော ပိုင်ရှင်အကိုနဲအမကို Living Yangonမှ
ကျေးဇူးအထူးတင်ပါတယ်။အိမ်လေး အလုံးစုံပြီးစီးသွားရင်လည်း ပုံလှလှလေးတွေ Pageမှာရထပ် တင်ပေးသွားမှာမို့ ဝင်ရောက်လေ့လာနိုင်ပါတယ်နော်🥰

အိမ်လှလှလေး ဆောက်ချင်တယ်ဆိုရင် 👇

ဆက်သွယ်လိုက်ပါနော်💕💕
LivingYangonဆောက်လုပ်ရေးကုမ္ပဏီ
095071087
09785071087
09440056667
09425282282

Office address;
အမှတ် 773၊ ဗိုလ်မှူးဗထူးလမ်းမကြီး၊ ၄၇ ရပ်ကွက်၊ မြောက်ဒဂုံ မြို့နယ်၊ရန်ကုန်။

Photos from Living Yangon အိမ်ခြံမြေ နှင့် ဆောက်လုပ်ရေး ကုမ္ပဏီ's post 29/11/2023

မြောက်ဒဂုံမြို့နယ်၊ (၃၁) ရပ်ကွက် ၊ ဇေယျာအေးမြ (၁) လမ်းတွင် ဆောက်လုပ်ပေးလျှက်ရှိသော Project site လေးပဲဖြစ်ပါတယ်💕💕

ပေ၂၀*၆၀မြေကွက်ပေါ်မှာ ၁၈ပေ ၅၀ပေ နှစ်ထပ် Roof slabလေးနဲ့ ဆောက်လုပ်ပေးနေပါတယ်💕💕

မကြာခင် ပြီးစီးမှုနဲ့ အတူ ပြန်လာခဲ့ပါမယ် 💕💕

အိမ်လှလှလေးတွေ ဆောက်လုပ်ချင်တယ် ဆိုရင်တော့
LivingYangon ဆောက်လုပ်ရေးကို သတိရလိုက်ပါ

095071087-09785071087
09440056667-09425282282

တို့ကို ဆက်သွယ်စုံစမ်း မေးမြန်း နိုင်ပါတယ်

Photos from Living Yangon အိမ်ခြံမြေ နှင့် ဆောက်လုပ်ရေး ကုမ္ပဏီ's post 29/11/2023

လက်ရှိ ဆောက်လုပ်ပေးနေသော Projectတွေထဲက တစ်ခုဖြစ်တဲ့ ⤵️⤵️
ဒဂုံမြို့သစ်မြောက်ပိုင်း မြို့နယ် ၊ (၄၄)ရပ်ကွက်၊ ဗညားဒလလမ်းတွင် ဆောက်လုပ်လျှက်ရှိသော
3RCတိုက်လေး နှစ်လုံးရဲ့ လုပ်ငန်းပြီးဆုံးမှု့ မှတ်တမ်းလေးပါ 💕💕

ပေ၄၀*၆၀မြေကွက်ပေါ်မှာ ၁၇ပေ*၅၄ပေ သုံးထပ် တိုက် နှစ်လုံး တစ်ပြိုင်တည်း ဆောက်လုပ်ပေးလျှက်ရှိသော siteလေး ဖြစ်ပါတယ်။ 💕💕

တမူထူးခြားတဲ့ဒီဇိုင်းလေးတွေနဲ့ အိမ်ရှင်စိတ်တိုင်းကျဖြစ်စေရန် အကောင်းဆုံးကြိုးစား ဆောက်လုပ်ပေးလျက်ရှိပါတယ်💕💕

အိမ်လှလှလေးတွေ ဆောက်လုပ်ချင်တဲ့ မိတ်ဆွေများအတွက် LivingYangon ဆောက်လုပ်ရေးကို ရုံးချိန်အတွင်း ဆက်သွယ်လိုက်ပါ။

095071087-09785071087
09425282282-09440056667
တို့ကို ဆက်သွယ်စုံစမ်း နိုင်ပါသည် ။

ကျေးဇူးအထူးတင်ပါတယ်

Photos from Living Yangon အိမ်ခြံမြေ နှင့် ဆောက်လုပ်ရေး ကုမ္ပဏီ's post 29/11/2023

Project Site -4

ဒဂုံမြို့သစ်မြောက်ပိုင်း မြို့နယ်၊ (၂၉ ) ရပ်ကွက် ၊ အောင်သစ္စာလမ်းတွင် ဆောက်လုပ်နေဆဲ နောက်ထပ် ပေ၂၀ ၆၀ သုံးထပ်တိုက်တစ်လုံး ဖြစ်ပါတယ်။
💕💕💕💕💕

ရေ၊မီး၊ဆေး ၊ မျက်နှာကျက် အချောထည်လုပ်ငန်းလေးတွေ စတင်တော့မယ့် ပုံရိပ်လေးတွေနဲ့အတူ မကြာခင် ပြီးစီးမှူမှတ်တမ်းလေးတွေလည်း တင်ပေးသွားပါမယ်ရှင့်
💕💕💕💕💕

အိမ်လှလှလေးတွေ ဆောက်လုပ်ချင်တယ် ဆို
LivingYangon ဆောက်လုပ်ရေးကို ဆက်သွယ်လိုက်ပါနော်

095071087-09785071087
09440056667-09425282282
တို့ကို ဆက်သွယ်မေးမြန်း နိုင်ပါတယ်

ကျေးဇူးအထူးတင်ပါတယ်

Want your business to be the top-listed Finance Company in Dagon?
Click here to claim your Sponsored Listing.

Videos (show all)

LivingYangon ဆောက်လုပ်ရေးကုမ္ပဏီ မှ တာဝန်ယူတည်ဆောက်သည် 0950710870978507108709440056667မိတ်ဆွေများအားလုံးကို ကျေးဇူးတင်ပါ...

Telephone

Website

Address

No(773), Bo Hmue Ba Htoo Road, 47ward, North Dagon Township, Yangon
Dagon

Other Dagon finance companies (show all)
MIB 789 Body & Maung 365 MIB 789 Body & Maung 365
Dagon
Dagon, 111111

try to good service

MytelPay MytelPay
Dagon, 11051

MytelPay always strives to make the life of Myanmar people to be better.

Myo Thet Aung - Life Insurance Agent Myo Thet Aung - Life Insurance Agent
22nd Floor, Junction City Office Tower, Bogyoke Aung San Road, Pabedan Township. Yangon
Dagon, 11141

Myo Thet Aung - Life Insurance Agent

Nhật Kim Anh Nhật Kim Anh
No, 9 Yaw Min Gyi Street
Dagon, 11191

Công việc chốt đơn shopee cho mọi người đều có thêm thu nhập

VBA Access VBA Access
RV
Dagon, 11062

BUY & SELL

Cinderella AUS - MMR Exchange Cinderella AUS - MMR Exchange
Dagon, Township
Dagon, 11191

Cinderella is your trustworthy partner for the best exchange rate and financial service with a parti

SAN THIT 688 SKM SAN THIT 688 SKM
Yangon
Dagon, 11181

SAN THIT 688 SKM မှကြိုဆိုလိုက်ပါတယ်။

KK Idea General Service Company.ltd KK Idea General Service Company.ltd
Yangon
Dagon, 11181

မြန်မာနိုင်ငံသားများအတွက် ထိုင်းနိုင်ငံ တရားဝင် MOU အလုပ်သမားစုဆောင်းရေးအေဂျင်စီ

Rambo-Online Money Myanmar Rambo-Online Money Myanmar
Dagon, 95

Make money growth your future

Asia Pacific Public Co., Ltd Asia Pacific Public Co., Ltd
Dagon, 11121

Asia Pacific Public Co., Ltd was established 20 years ago.

N-Z-K Money Transfer Service N-Z-K Money Transfer Service
20. 2
Dagon

နိုင်ငံတကာ အမြန် ငွေလွှဲဝန်ဆောင်မှု🔄 international money transfer

Myanmar Mobile Money Services Co.ltd Myanmar Mobile Money Services Co.ltd
No (51), Boyar Nyunt Street, Yaw Min Gyi Quater
Dagon, 11191

Myanmar Mobile Money Services Company Limited