Chinese For Learners

learning never ending

11/12/2023

ဆီတန်းစီရင်း တတ်ထားတဲ့တရုတ်စာကို အသုံးချလိုက်ပါ😂

credit

10/12/2023

Learning is never ending . အိမ်စာထပ်ဖို့ ready.

07/12/2023

zero ဆိုပြီးတော့ အထင်မသေးလိုက်နဲ့။

02/12/2023

နေ့တိုင်း စိန်ခေါ်မှု အသစ် ၊ ဝေမျှမှုအသစ်တွေ၊ လေ့လာမှုအသစ်တွေနဲ့ ရှေ့ဆက်နေပါတယ်။ ဘယ်သူတွေ ကိုယ်ကို ပြိုလဲအောင်လုပ်လုပ် ကိုယ်လုပ်စရာရှိတာ လုပ်နေမှာပဲ။
လေ့လာမှုတွေ အားနည်းနေတဲ့သူတွေလဲ အားပေးလိုက်ပါတယ်။ ကိုယ်လုပ်စရာရှိတာ လုပ်သင့်တာလုပ်ပါ။ ကိုယ်အလုပ်ကိုယ်လုပ်ပါ😏

12/10/2023

တစ်နေ့ တစ်နေ့ စာသင်ချင်လွန်းလို့ လာလာချောင်းရတာ။ တကယ်သင်မှာ ထွက်ပြေးရင် ကြိုးတုပ်ပြီးသင်မယ် သိလား

Photos from Chinese For Learners's post 07/10/2023

တီချယ်
တီချယ် တပည့်တွေ ကအကုန် လိမ္မာတယ်နော်။ စာသင်ရတာ အဆင်ပြေတယ်ထင်တယ်နော်။ ထင်လို့ပါလို့။ ကိုယ်က စာသင်ရင်း mood ဝင်လာပြီ ပိုပိုသင်ချင်နေချိန် ကျောင်းသားက ပျင်းရိပြီး လိမ်ကောက်နေပြီ။ zoom တစ်ချိန်ပိုခေါ်မှာ ကြောက်တဲ့သူနဲ့ စာပြီးရင်နှုတ်‌‌ တောင်မဆက်နိုင် ပြေးတာတန်းနေတာပဲ ဒီက မှာလို့မဆုံးသေး။ offline သမားတွေ အိမ်စာထပ်ဖို့ အကြွေးတောင်းသလိုတောင်းရသေးတယ်။ ဪ ဖိအားမပေးပါဘူးလေ self study လုပ်ပါစေဆို တီချယ်က ဂရုလဲမစိုက်ဘူးဆို ကြံဖန်အားငယ်ပြန်ရော။
ဒီတီချယ်ကလေ အလုပ်ကိုလေးစားပါတယ်နော်။ တန်ဖိုးလဲထားတယ်။ အချိန်ပေးရ စိတ်အင်အား ကိုယ်အင်အားထုတ်ရ ငွေကုန်ရတဲ့ ကြိုးစားမှုကို ကျောင်းသားရော မိဘရော အကျိုးရှိတာပဲ ဖြစ်စေချင်တယ်။ ကိုယ့်အနေနဲ့ ကိုယ်တပည့်က မကြိုးစားဘူးလို့ထင်လာရင် သင်ကြားတာတွေခဏရပ်လို့ သူတို့ကိုပြန်ကြိုးစားဖို့အခွင့်အရေးပေးပါတယ်။
ကြိုးစားအားထုတ်မှုမရှိတဲ့ သူကို ပထမတို့ ချန်ပီယံတို့ A+တို့ရအောင်သင်ဖို့ တီချယ် မတော်ပါဘူး။ အမှန်တိုင်းဝန်ခံတာပါ။
ကျောင်းသားဘက်က စိတ်ဝင်တစားကြိုးစားအားထုတ်မှုတော့ ပါရမယ် တီချယ်အနေနဲ့ လမ်းပြညွှန်ကြားပြမယ်။ ကူညီအားပေးမယ်။ မိဘနဲ့တောင်ညှိနှိုင်းပေးတယ်။
ကြိုးစားမှုပဲလိုတယ်။
ကြိုးစားမှုတွေ အားနည်းလာလို့ တစ်လနားပြီး အကုန် revision လုပ်ခိုင်းလိုက်တယ်။
ကိုယ်လုပ်မှာ ကိုယ်ရမယ်ဆိုတာ သိစေချင်တယ်။

03/10/2023

ကိုယ် တတ်ထားတဲ့ ECCD လေး ကိုလဲ ကြုံရင်ကြုံသလို အသုံးချပါတယ်။
နောင်နှစ်ဆို ကျောင်းတက်ရတော့မဲ့ babyလေးကို ပြောင်းလဲရမဲ့အ‌ခြေအနေတစ်ခုအတွက် စိတ်ကို ကြိုပြင်ဆင်‌ပေးရမယ်နော်။ သူတို့က new environment တစ်ခုကို ကူးပြောင်းဖို့ ဘယ်လိုအ‌ခြေအနေတွေရင်ဆိုင်ရမလဲ ပြောပြထားပေးရပါမယ်။ တစ်ကယ်ကြုံရမဲ့အခက်အခဲကတော့ မိဘရော ကလေးရော မသိနိုင်ပါဘူး။ ဒါပေမဲ့ ကြိုမပြင်ဆင်ထားရင် changesလုပ်ဖို့ပို့ခက်ခဲပါလိမ့်မယ်။
ခုတော့ အပြောနဲ့တင် ဟုတ်နေတာပဲ😅

23/09/2023

ကိုယ့်ရဲ့ ကလေးတိုင်းတော့ မဟုတ်ပါဘူး။ ဒါလေးက ၃ ယောက်မြောက် ကိုယ်နဲ့နေရင်း ကိုယ်ရှိမှ စာလုပ်တယ်ဆိုတာထက် ကိုယ်မရှိလဲ ကိုယ်စာကိုယ်လုပ်ရမယ်ဆိုတဲ့ အသိလေး သူတို့လက်ခံလာတယ်။ တီချယ် ဒီနေ့မလာလဲ သူစာသူလုပ်ရမယ်ဆိုတော့ သူ့တာဝန်သူကျေ​ ​​​ အောင်လုပ်နေတာပဲ။ တာဝန်ကျေပါတယ် တပည့်ကျော်။ ခဏနေရင် အိမ်စာ ထပ်ဖို့လဲ ဆော်သြရမဲ့ တပည့်တွေဆီလဲ သွားလိုက်ပါဦးမယ်။
လူတွေမှာ သိတယ် မလုပ်နိုင်တဲ့ သူရှိတယ်။ သိတယ် လုပ်နိုင်တဲ့သူရှိတယ်။ သူတို့ရဲ့နောက် life timeမှာ ကွာခြားသွားပါတယ်။ တာဝန်သိတယ် ကိုယ်လုပ်စရာရှိတာလုပ်နိုင်တဲ့သူကို မိဘရော ဆရာရောစိတ် ချတယ်။ ကိုယ်မမြင်ရတဲ့ နေရာမှာ ပျံသန်းနေရလဲ ယုံကြည်စိတ်ချရပါပြီ။
ယုံကြည်စိတ်ချရတဲ့ တပည့်များဖြစ်ပါစေ။

23/09/2023

😂😂😂😂😂

19/09/2023

တရုတ်စာ page ဆိုပေမဲ့ English ​ လေးလဲ ကြွားပါရစေ။ တပေါ်ကျဲ့ရဲ့ ကြိုးစားမှုလေးကိုအမှတ်တရ လာသိမ်းထားမယ်နော်။ 8 years old ဆိုပေမဲ့ သူပြောပြချင်တာလေးကို စီကာပတ်ကုံး ရေးနိုင်တာပဲ ကျေနပ်ပါပြီ။ sometimes idea is most important.

23/08/2023

ကလေးလေးတွေက စက္ကူအဖြူထည်လေးတွေပါ။ လက်ဦးဆရာမိနဲ့ဘက အရင်ဆုံး လူဘဝရဲ့သင်ခန်းစာကိုသင်ပေးရတာပါ။ မေတ္တာနဲ့ပျိုးထောင်ပေးပါ💝
# credit to video
ဘယ်လိုအဓိပ္ပါယ်သဘောတရားတွေလဲဆိုတာ သေချာသိရှိနားလည်ချင်ရင်တော့ ဒီpage လေးကနေတဆင့် တရုတ်စာအတန်းလေးတွေကို တက်နိုင်ပါတယ်😘

27/07/2023

ဒီနှစ် ရဲ့ ဖြစ်ချင်တဲ့ ဆန္ဒလေးကို​ပြောပြတယ်။ သူ့မေမေကို ဖုန်းအသစ်ဝယ်ပေးချင်ပါတယ်တဲ့။ သူစုထားတဲ့ပိုက်ဆံက မလောက်တော့ ကျောင်းမှာရှိ ရှိသမျှ ပြိုင်ပွဲတွေ ကို အကုန်ဝင်ပြိုင်မယ်တဲ့။ ဆုရလို့ ပ်ိုက်ဆံ ဆို သူ့အမေကို ဖုန်းအသစ်ဝယ်ပေးလို့ရပြီးဆိုပြီး ဒီစာသင်နှစ် မှာ အားခဲပြီး ကြိုးစားရှာတယ်။ကိုယ်လဲ စာသင်ရတဲ့အ​​ ​​ပြင် ဇာတ်ညွှန်းရေး ဘာသာတွေပြန် video editing ပါလုပ်ပေးရပေမဲ့ သူလုပ်ချင်တဲ့ ပန်းတိုင်လေးအတွက်ကြိုးစားရနေတာလေး တွေ့ရတော့ အမောပြေပေါ့နော်။
အတူတူကြိုးစားပေးမယ်နော်

21/07/2023

ပျင်းနေကြမှာစိုးလို့
မေးခွန်းလေး လဲ ကြိုက်လို့.

16/07/2023

အိမ်ရဲ့ အထူးအခွင့်ရေးပေးခံရသော၊ လူနားမှာပဲနေချင်သော၊ ထိုင်ရင်တောင် ဘေးမှာလာ ဖင်နဲ့ပေါက်ပြီးထိုင်တဲ့ကောင်။ အကြောတင်းလှတဲ့ကောင် ရိုက်ခံရရင်တောင်အသံတစ်စက်မှာမထွက်တဲ့ကောင်။ လူတွေရင် အတင်းဖက်ရက်နှုတ်ဆတ်တတ်တဲ့ကောင်။ လူစိမ်းဆိုရင် မလာနဲ့။ သူ့အိမ်ကပစ္စည်းဆို လူစိမ်းဆို ရေတောင်မသာထာတဲ့ကောင်

11/07/2023

ရှေးရေစက်လေးတွေများ ကိုယ်စာသင်တဲ့ကလေးတိုင်း အငယ်ရှိကြတာများတယ်။ အဲ့အငယ်လေးတွေကလည်း ကိုယ့်ဆိုရင် သဲသဲလှုပ်။ သူ့အစ်မတွေ ကိုစာသင်ရင် သူတို့က အရင် စာသင်စားပွဲမှာ
ပြေးဦးချင်တာမျိုး။ စာအရင်သင်လိုက်ဦးမယ်နော် ပြီးရင် ခေါ်မယ်နော်ဆို ချော့ချော့မော့မော့အပြင်ထုတ်ရသေး။ တစ်ခါတစ်လေ မထွက်ချင်လို့ အငိုလေးနဲ့ထွက်သွားရတာရှိသေး။ လူကသာ 2နှစ်မပြည့်တာ စာသင်ချိန်ပြီးခါနီးလေးဆိုသိပြီး မနေနိုင်တော့ဘူး။ အရင်က အရပ်လေးနဲ့ တံခါး lock မမှီလို့ ၊ခုတော့ မှီလာပြီး ဘာတတ်နိုင်သေးလဲ ဝင်လာပြီပေါ့။ သူအပြင်ပြန်ထုတ်မှာစိုးလို့ သွားလေးတစ်ဖြဲဖြဲနဲ့ ဖားရရှာသေးတယ်။ ကဲ့ လာတော့လဲ စာရွက်တစ်ရွက်ပေးထားပြီး သူကိုပေးခြစ် သူနဲ့စကားပြောပေးပေါ့။ ခုတော့ ကြုံ တုံး‌လေး သင်ထားတဲ့တရုတ်လိုနှုတ်ဆိတ်တာလေး ရနေပြီ။ ကိုယ်ရဲ့ အမောပြေလေးတွေပေါ့။ ပျော်ပျော်ရွှင်ရွှင် သန်သန်မာမာ ကျန်းကျန်းမာမာလေး ကြီးပြင်းလာတာတွေ့ရလို့ကျေးဇူးက‌လေးလေးတို့ရေ။

23/06/2023

🤗🤗🤗🤗🤗🤗🤗🤗🤗🤗🤗🤗🤗🤗🤗အလုပ်ရှာနေတဲ့ ကလေးတွေ စိတ်ဝင်စားရင် ကြိုးစားကြည့်ပါနော်။ ကိုယ်နဲ့အဆင်ပြေမယ်ဆို သွားဆက်သွယ်နိုင်ပါတယ်။ အလုအ်အကိုင်ခက်ခဲတဲ့ဒီကာလမှာ အလုပ်ရှာရတာအဆင်ပြေစေချင်လို့ပါ။❌❌ မည်သည့်အခကြေးငွေ မှာ ယူ၍ အကျိုးဆောင်တာမဟုတ်ပါ။ ❌❌
ဝန်ထမ်းရရှိလိုသူနဲ့ အလုပ်လိုချင်သူများ အဆင်ပြေစေရန် post တင်ပေးခြင်းပါ။ အားလုံးအဆင်ပြေကြပါစေ

Now" We are hiring (Urgent)
V5 Myanmar Company
Customer Service (M/F)
- Must be able to speak Chinese Language + English Language + pinyin computer
- Salary (20Lakhs-22.5Lakhs)
- 2weeks 1day off

Now" We are hiring (Urgent)
V5 Myanmar Company
Digital Marketing (M/F)
- Must be able to speak Chinese Language (or) English Language
- Salary (10Lakhs-15Lakhs)
- 2weeks 1day off

Now" We are hiring (Urgent)
Receptional (F)
V5 Myanmar Company
- Must be able to speak Chinese
- Salary (5Lakhs-6Lakhs)
- 2weeks 1day off

Now" We are hiring (Urgent)
V5 Myanmar Company
Admin (M/F)
- Must be able to speak Chinese
- Salary (5Lakhs-6Lakhs)
- 2weeks 1day off

Now" We are hiring (Urgent)
V5 Myanmar Company
Personal Assistant (F)
- Must be able to speak Chinese Language (or) English Language
- Salary (10Lakhs-15Lakhs)
- 2weeks 1day off

Now" We are hiring (Urgent)
V5 Myanmar Company
HR Staff/Office Staff (M/F)
- Must be able to speak English
- Salary (2Lakhs-2.2Lakhs)
- 1weeks 1day off & holiday

- Ph no : 09756430794(Viber)/09779057152

22/06/2023

ဒီနေ့အတွက် လက်ရေးကျင့်ခြင်း။ ခုတော့ ကိုယ့်အတွက် လေ့ကျင့်ခြင်းပေါ့ နောင်တစ်ချိန် ကိုယ်‌သင်ပေးချင်တဲ့ သင်ခန်းစာ ဖြစ်လာမယ်။ အလုပ်တိုင်းအကျိုးရှိစေ✌️

22/06/2023

超可爱😘

22/06/2023
Photos from Chinese For Learners's post 21/06/2023

မနက်ဖြန်ဆို ကောက်ညှင်းထုတ်ပွဲတော် ရောက်ပြီ။
ထုံးစံအတိုင်း ရိုးရာမပျက် ကောက်ညှင်းထုတ် ထုတ်ကြပါတယ်။ ၊၊🥰

24/05/2023

🤗🤗🤗🤗🤗🤗🤗🤗🤗🤗🤗🤗🤗🤗🤗🤗

😊မင်္ဂလာပါ😊

👉Han yu (1) ဖတ်စာ offline သင်တန်းလေးကို မကြာခင်ဖွင့်လှစ်ပါမယ်။
👉 အ‌ခြေခံ အသံထွက်နဲ့ ရေးနည်းအခြေခံ တတ်မြောက်ပြီးသား သူများ ဆက်လက်လေ့လာချင်ရင် တတ်နိုင်ပါတယ်။
👉 Lecture video လေးတွေနဲ့ သင်ကြားမှာမို့ self study လုပ်နိုင်သူများ၊ သီးသန့်အချိန်မပေးနိုင်သူများအတွက်အဆင်ပြေပါတယ်။
👉 ဖတ်စာအုပ်နှင့် သက်ဆိုင်ရာလေ့ကျင့်ခန်းစာအုပ်ကို သင်ကြားပေးမှာဖြစ်ပါတယ်။
👉 အတန်းပြီးဆုံး တိုင်း course end test စစ်ဆေးပေးမှာဖြစ်ပါတယ်။
👉 Course တစ်ခုလုံးအတွက်သင်တန်းကြေးလေးတော့ ရှိပါတယ်နော်။
👉 စိတ်ဝင်စားတယ်။ ပညာတစ်ခု၊ ဘာသာစကားတစ်ခုကို ကျွမ်းကျွမ်းကျင်ကျင်တတ်မြောက်ချင်ရင်။ ကိုယ်အချိန်ကို အကျိုးရှိရှိအသုံးချလိုလျှင် Chat box တွင် လာရောက်စုံစမ်းနိုင်ပါတယ်။
ကျေးဇူးတင်ပါတယ်။
🤗🤗🤗🤗🤗🤗🤗🤗🤗🤗🤗🤗🤗🤗🤗🤗

23/05/2023

👏👏👏👏👏👏👏👏👏👏👏👏👏👏👏👏
ဒါ 汉语 第一册 ပြီးသွားတဲ့ကလေး တစ်ယောက်ရဲ့ ကြိုးစားမှုပါ။ သူတတ်သမျှတွေ အကုန် အသုံးချသွားတယ်။ ဒါလေးများ လွယ်လွယ်လေး ကူးချရုံပဲလို့မထင်ပါနဲ့။ internet မှာ ဒီထက်ကောင်း အောင် ရေးထားတာရှိတယ်။ဒါပေမဲ့ ဒီစာပုဒ်က သူတစ်ဦးတည်းရဲ့ မူပိုင်ဖြစ်တယ်။ လန်ထွက်နေအောင် ရေးတတ်ဖို့ စီစဥ်ဖို့မလိုပါဘူး။ သူတတ်တဲ့ စာတွေကို
ဒီလို စာတစ်ပုဒ် complete ဖြစ်ဖို့ သူရဲ့ကြိုးစားမှု စိတ်ပါဝင်စားမှုကို လေးစားပါ။
ကြိုးစားသူတိုင်းအတွက် အကျိုးအမြတ်ဆိုတာရှိတယ်။ ကြိုးစားမှုတိုင်းအတွက် အသိအမှတ်ပြုပေးဖို့ အားပေးဖို့က ကျွန်မတို့တာဝန်ပဲ။ 👏👏👏
ကြိုးစားပေးတဲ့အတွက် ကိုယ်ကိုကိုယ် ကျေးဇူးတင်ပါ။ ကိုယ့်အတွက်ကြိုးစားခြင်းဟာ ကိုယ့်ကိုကိုယ် ချစ်တာပါပဲ။ ကိုယ်ကိုကိုယ်ချစ်တတ်မှာ သူတပါးကို ချစ်တတ် တန်ဖိုးထားတတ်မယ်။
💪💪💪💪💪💪💪💪💪💪💪💪💪💪💪💪

22/05/2023

Share for you to moti☺
zoom တက်နေတဲ့ ကလေးလေး တစ်ယောက် ရှိတယ်။ မီးပျက်သွားရင်ဘဲဖြစ်ဖြစ်၊ internet ကျသွားတာပဲဖြစ်ဖြစ်၊ တစ်ခုခုအဆင်မပြေတိုင်း He always says "Sorry Tr".တဲ့။

အစက ကိုယ်ကလဲ ပြန်အားနာတာပေါ့။ ရတယ်။ you don't need to say that. It's not your false. but ပြီးခဲ့တဲ့ တစ်ပတ်သူကို အိမ်စာစစ်တော့ စာရေးတာလေးမှားနေတယ်။ ဒါတွေ ဒါတွေမှားတယ်လို့ ပြောတော့ ထုံးစံအတိုင်း "oh sorry Tr." ဆိုပြီး ပြန်ပြင်လိုက်ရှာပါတယ်။
ကိုယ်ကလဲ ထုံးစံအတိုင်း is ok .no need to say... လို့ပြန်ရေးတုန်း အတွေးတစ်ခုပေါ်လာတယ်။

"Sorry "လူတိုင်းပြောတယ်။ ဒါပေမဲ့ ကိုယ်တစ်ကယ်မှားနေရင်တောင် လူတိုင်းကိုယ်အမှားကို လက်ခံပြီး တောင်းပန်တာ တာဝန်ခံတာဝန်ယူတာ ဘယ်နှယောက်ရှိသလဲ ။ အရမ်းရှားတယ်နော်။ ကိုယ်မှားနေတယ်။ ဒါပေမဲ့ ငါက လူကြီးမို့ ငါက ဘာမို့လို့ ၊ငါမမှားဘူး တောင်းပန်စရာလား။ ငါအဆင့်ငါအ​ နေအထားနဲ့ ဒီလိုလုပ်စရာ‌ေတွမလိုဘူး စတဲ့ သူတွေကို အများကြီးတွေ တွေ့ဖူးတယ်။ လုပ်တဲ့သူကတော့ ခဏပေမဲ့ ခံရတဲ့သူကတော့ ဒေါသဖြစ်မယ်။ စိတ်ပျက်မယ် ။ emotions တွေဖြစ်တာပေါ့။
ပြေပျောက်ဖို့ အချိန်အနည်းအများကြာမယ်ပေါ့။ တစ်ချို့ဆိုလဲ တစ်သက်လုံး ဒဏ်ရာရသွားတာမျိုးပေါ့။
ခု ကလေးက သူမှားတာ လက်ခံတယ်။ သူအမှားအတွက် တာဝန်ယူတဲ့ "Sorry "ကို လက်ခံရမယ်။ ဒါကြောင့် ရေးထားတဲ့ စာကိုဖျက်ပြီး "Ok, You're welcome" လို့အကြောင်းပြန်ခဲ့တယ်။
ကျွန်မက စာသင်တယ်။ စာပဲသင်ရုံမက ကလေးတွေရဲ့ personality ကိုလဲ ပျိုးထောင်ပေးရမှာ ကျွန်မတာဝန်လို့သတ်မှတ်ထားတယ်။ မှားရင်ပြုပြင်ပေးရမယ်။ မှန်ရင်လဲ အားပေးရမယ်။

အမှားကို ဝန်ခံတတ်တဲ့ ကလေးများ။ ကိုယ်အမှားအတွက် တာဝန်ယူတဲ့ ကလေးများအတွက် 👏👏👏
good habit ဆိုတာ big event ကနေ သင်ယူတာထက် အသေးအမွှားအခြေအနေကနေ သတိထား​ပျိုးထောင်ရင်ရပါတယ်။ 👍

19/05/2023

စာတွေဖတ် စာ‌‌တွေဖတ်
ဒီနေ့ လုပ်ရမဲ့ အလုပ်တွေကို target ပြီးမြောက်အောင်လုပ်ကြည့်ပါ။ တစ်ခုပြီးတိုင်း အရမ်းပျော်ရလိမ့်မယ်။နောက်တစ်ခုလဲ လုပ်ချင်လာလိမ့်မယ်။ နောက်နေ့တွေလဲ လုပ်ချင်သွားမယ်။ ဒီလိုနည်းနဲ့ good habits တွေတည်ဆောက်ကြမယ်👍

14/05/2023

ဘာရယ်တော့ မဟုတ်ပါဘူး။ last day of 2022 မှာ ရိုက်ခဲ့တဲ့ video လေးပါ။ စာသင်နေတဲ့ တပည့်လေးကိုပြတော့ တီချယ် အရမ်းလွမ်းစရာကောင်းတာပဲတဲ့။ ဝမ်းနည်းပြီးငိုချင်သလိုဘဲတဲ့။
ကုန်နေတဲ့ အချိန်တွေကိုတော့ ရပ်တန့်လို့မရပါဘူး။ တွေ့ဆုံကြုံကွဲဆိုတာလဲ လူတိုင်းကြုံရမှာပဲလေ။ ကြုံလာတိုင်း သန်သန်မာမာနဲ့ လက်ခံနိုင်ဖို့လိုပါတယ်။ ကုန်သွားတဲ့အချိန်တွေကို တန်ဖိုးထားမယ်ဆိုရင် လက်ရှိအချိန်မှာ ပိုချစ်ချစ်ခင်ခင်နေကြပါ။ ပိုကြင်နာပေးပါ။ ကိုယ်ချင်းစာတရားထားပြီး ပြောဆိုဆက်ဆံပါ။ တစ်ချိန်မှာ နောင်တမရဖို့လေ။
ဒါမှာ ကိုယ်အတွက်ရော သူတပါးအတွက် ပို ကောင်းမွန်တဲ့အရာ ​ဖန်တီးနိုင်မယ်။
💞💞💞💞💞💞💞💞💞💞💞💞💞💞💞💞

Photos from Chinese For Learners's post 23/04/2023

Open Book Test ကို ကြိုးစားပြီးဖြေထားကြတယ်😘

18/04/2023

ဘယ်မှာရှိနေလဲ မသိဘူး၊ ဘယ်လို ပုံလေးလဲမသိဘူး။ တစ်ခါမှာလဲ အပြင်မှာ မမြင်ဘူးဖူး။ စာဆိုတဲ့ အသံလေး တွေ​​​ရယ်၊ အိမ်စာထပ်တဲ့ လက်ရေးလေးတွေရယ်နဲ့တည်ဆောက်ထားတဲ့ ဆရာတပည့်ဆက်သွယ်မှုတစ်ခု။ မေတ္တာစေတနာထားရင် မေတ္တာစေတနာ ရတယ်ဆိုတာတော့ ယုံကြည်ပါတယ်။ အသွားအပြန်နိယာမပေါ့။ ကိုယ်က စာစစ်တိုင်း မှားတာလေး ပြော ပြရင် ဟုတ်ကဲ့ နောင်သတိထားပါ့မယ်ထက် ဟုတ်ကဲ့ ချက်ချင်း အမှန်ပြင် ကြတဲ့တပည့်တွေရှိတယ်။ အရမ်းချစ်တယ်😘

Photos from Chinese For Learners's post 18/04/2023

ပညာရပ်တွေ လေ့လာရာမှာ သင်ယူချင်စိတ်ရှိဖို့လိုတယ်။ ဒါသင်ဖို့ ဟိုဟာရှိရမယ် ဒီဟာရှိရမယ်ဆိုတာထက် ကိုယ်အတွက် တစ်ချိန်ဝမ်းစာဖြစ်လာနိုင်တဲ့ ပညာရပ်ကို ကိုယ်အတွက်ပဲ သက်ယူတာဖြစ်တာမို့။ ဘယ်လိုမအားအား အချိန်လေး မိနစ်၃၀ လောက်ပေးပါ။ ၂နှစ်အတွက် ထူးခြားလာရမယ်နော်။ ကိုယ်လုပ်ချက်ဖို့ပဲလိုတယ်။

16/04/2023

အမှားရှိမှာ အမှန်ရမှာပါ။ မှားတာကိုလက်ခံနိုင်မှာလဲ အမှန်ပြင်နိုင်မယ်။ ပြောနေကြစကားအတိုင်း တီချယ်ဆီမှာ ကြိုက်သလောက်မှားလို့ရတယ်။ စာမေးပွဲမှာ မမှားနဲ့တော့နော်။ အပြင်ရောက်သွား မမှားနဲ့တော့။ တီချယ်ဆီမှာ မှားပါ။ မှားတိုင်းပြင်ပေးမယ်။ မှားတာအပြစ်မဟုတ်ပါဘူး။ မှန်ဖို့အတွက် မှားတာပါ။ တတ်သမျှ အသုံးချနိုင်တာမြင်ရတာနဲ့တင် ပီတိဖြစ်ရပါသော တပည့်များရဲ့ ကြိုးစားမှု။

04/04/2023

တရုတ် ဖတ်စာ (၂) တတ်နေတဲ့သူက ပိုလို့ရေးနိုင်လာတယ်။ ဒီထက်ပိုကောင်းတဲ့ စာပုဒ်တွေ ဖန်တီးနိုင်ပါစေ။ ကိုယ်ပိုင်အတွေးအမြင်နဲ့ ဖန်တီးထားတဲ့ အတွက် ကျေးဇူးလဲတင်ပါတယ်။ ပီတီလဲဖြစ်ရပါတယ်။ တစ်ကယ်ကြိုးစားတဲ့သူတွေအတွက် ဘယ်သူမှာခိုးယူလို့မရတဲ့ ပညာကိုရမှာပါ။

04/04/2023

တရုတ်စာ ဖတ်စာ(၁) ဖတ်နေတဲ့ ကလေးကို ခုကတည်းက essay ရေးနိုင်အောင် တိုက်တွန်းပါတယ်။ စာကြောင်းရေးတတ်ရုံတင်မက စာပုဒ် ရေးတတ်အောင် လေ့ကျင်ပေးထားတယ်။အားပေးတယ်။ တတ်သမျှ မှတ်သမျှကို ကြိုးစားရေးပေးတဲ့ တပည့်တို့ကိုလဲ ကျေးဇူးတင် ပီတိဖြစ်ရပါတယ်။

Photos from Chinese For Learners's post 04/04/2023

ဟိုး ပိစိ ပေါက်စ ခဲတံကိုက်တဲ့ အရွယ် လူကပ်ပလာစတာ လေးအရွယ်ကနေ ခုထိ အတူတူရှိနေဖို့ က အရမ်းကို ထူးခြားတဲ့ရေစက်ပါနော်။ တန်ဖိုးလဲထားတယ် ဆရာမ မျက်နှာမငယ်ရအောင်လဲ ကြိုးစားပေးတဲ့အတွက် ကျေးဇူးပါ။ အသည်းကျော်လေးအားထုတ်ကြွားခြင်း😅
ကိုယ်တပည့်ကိုအရမ်း ကပ်စီးနှဲသော ဆရာမ ဖြစ်တာကတစ်ကြောင်း ၊ သူတပါး၏ personality အားလေးစားပါ၍ sticker လေးထည့်ထားပါသည်။ 🤣

24/02/2023

ကိုယ်တိုင်လဲတိုးတက်စေ သူများကိုလဲ တိုးတက်စေ။ ပညာဆိုတာ တစ်သက် လေ့လာမကုန်ပါဘူး။ ဓားလိုဘဲနေ့တိုင်းသွေးမှာထက်မှာမဟုတ်လား။ ကျွန်မကတော့ နေ့တိုင်း ပိုကောင်းသထက်ကောင်းအောင် လေ့ကျင့်ပါတယ်။ အကျင့်ကောင်းကို မွေးမြူရာမှာ ဝီရိယတော့ရှိဖို့လိုတာပေါ့

23/02/2023

💪💪💪💪💪💪💪💪💪💪💪💪💪💪💪💪💪💪
page ထဲမှာရှိတဲ့ ကျောင်းသားများကို တစ်ခုမေတ္တာရပ်ခံချင်ပါတယ်။ ပညာဒါနအတန်းဘဲဖြစ်ဖြစ် ၊ အခကြေးငွေနဲ့တတ်တဲ့အတန်းဘဲဖြစ်ဖြစ် ဘယ်ကျောင်းသားကိုမဆို စာလုပ်ပါ။ အိမ်စာမထပ်သေးဘူးလား။ စာမလုပ်ဘူးလား ဆိုပြီး တီချယ်အနေနဲ့ ဖိအားပေးတာမျိုး တစ်တွတ်တွတ် ပြောတာမျိုး ပြောတာလုပ်မှာမဟုတ်ပါဘူးရှင်။ ကိုယ်လိုအပ်လို့ ကိုယ်လိုချင်လို့ လာတက်ကြတာမဟုတ်လား။ ပညာတစ်ခုကို လေ့လာရင် ကိုယ်ရဲ့အချိန်တွေ ပေးရတယ်။ စိတ်အင်အား၊ကိုယ်အင်အားတွေပေးရပါတယ်။ တီချယ်အနေနဲ့ တစ်ဖက်ကျောင်းသားရဲ့ အခက်ခဲနဲ့အခြေအနေကို မသိပါဘူး။ ကိုယ်က စာမလုပ်လို့ စာလုပ်လေ လိုပြောရင် သူမှာဖိအားဖြစ်မှာစိုးမိပါတယ် ။ အခြေအေနေတွေကလဲ အားလုံးသိတဲ့အတိုင်း အဆင်ပြေနေကြတာမဟုတ်တာမို့။ ကိုယ်ကြောင့်မလိုအပ်တဲ့ ဖိအားဖြစ်မှာစိုးလို့ပါ။

ဒီ တီချယ်ကလဲ ပညာဒါန ဆိုကျောင်းသားတွေ group ထဲထည့်လိုက်။ ပြီးရင် ပြန်ထုတ်လိုက်။ ဂရုလဲမစိုက်ဘူးလို့ထင်နေမှာစိုးလို့ပါရှင်။ ဂရုစိုက်မစိုက်သိချင်ရင်တော့ အိမ်စာထပ်ကြည့်လိုက်ပါ။

မှန်ပါတယ် အခကြေးငွေ ယူသင်တဲ့ အတန်းသားတွေက အမြဲ အဆက်အသွယ်ရှိတာမို့ ပိုတော့ ဂရုစိုက်ပြောဖြစ်ပါတယ်။ အိမ်စာ လုပ်ဖို့အဆင်မပြေသေးလို့ပါ။ အိုကေရပါတယ်။ ဘယ်နေ့ ထပ်ဖြစ်မလဲ ဆိုတာမျိုး ရက်နီးနေပြီး အိမ်စာလုပ်ဖြစ်လား ဆိုတာတော့ ပြောဖြစ်တာပေါ့။ဒါပေမဲ့ အတင်းအကျပ် စာမလုပ် လို့ ပြောဆို ဆူပူတာ မလုပ်ပါ။ အဆင်မပြေရင်အဆင်ပြေအောင်ညှိုနှိုင်းမယ်။ ပိုအဆင်ပြေတာမျိုးလေး အကြံပေးရုံပါပဲ။

တီချယ် ယုံကြည် တာက ကိုယ်လုပ်ရင် ကိုယ်ရမယ်။ ကိုယ်လိုချင်ရင် ကိုယ်ဘာသာကိုယ်လုပ်မှရမယ်။ ဒီသင်ခန်းစာကို ခေတ်ကရော စနစ်ကပါ ခုလက်ရှိမှာ လက်တွေ့မျက်မြင် သင်ကြားနေပါတယ်။ လက်တွေ့ မှ တစ်နိုင်ငံလုံး နဲ့ရင်းပြီး ပြနေတာမို့ တီချယ်အပါအဝင် လူတိုင်းအရွယ်မရွေး အပေးခံရတာမို့အထူးပြောစရာ လိုမယ်မထင်ပါဘူးရှင်။
ဒါကြောင့်မို့ ကိုယ်ရချင်တာ ကိုယ်ရဖို့ ကိုယ်တိုင်ကြိုးစားကြမယ်နော်😍

ကျေးဇူးတင်ပါတယ်ရှင်

23/02/2023

🔔🔔🔔🔔🔔🔔🔔🔔🔔🔔🔔🔔
👉အလုပ် (1)နေရာရှိပါတယ် ။
👉တရုတ်စာ ရေးပြောဖတ်နိုင်သူ
👉ကွန်ပြူတာ microsoft /excle တတ်မြောက်သူ
တစ်ဦး အလိုရှိပါတယ်။
👉ရွှေပြည်သာ စက်ရုံမှာ အလုပ်ဆင်းရမှာပါ။

စိတ်ဝင်စားတယ်။ ကြိုးစားကြည့်မယ်ဆိုရင် cb pls

17/02/2023

17-2-2023 ဒီနေ့ ပညာဒါန အတန်းအတွက် Cb မှာ ရောက်လာတဲ့သူတွေကို ည 11:00နောက်ဆုံးထားပြီး group link ချပေးပါမယ်ရှင်။

11/02/2023

🔔🔔🔔🔔🔔🔔🔔🔔🔔🔔🔔🔔🔔🔔🔔🔔🔔🔔
လာမဲ့ 18-2-2023 (စနေနေ့)မှာ တရုတ်စာအခြေခံအသံထွက် ပညာဒါနလေးအတန်းလေးအတွက် တက်ရောက်မယ်ဆိုရင် page ရဲ့ cb မှာ hi ပေးပါနော်။ 17-2-2023 မှာ group link ချပေးပါ့မယ်။ 17ရက်ထိ cbမှာ hi တဲ့ သူတွေကိုပဲ လက်ခံပါ့မယ်နော်။ ရက်ကျော်သွားရင် နောက်တစ်တန်းစောင့်ပေးပါ။
ထပ်မံ မေတ္တာရပ်ခံပါရစေရှင်။
👉 ကိုယ်တိုင်အချိန်ပေးနိုင်မှာ ဝင်လေ့လာပေးပါ။ ကိုယ်အချိန်ကိုယ် ၊ ကိုယ်စိတ်ကို ကိုယ် မရရအောင်လုပ်မယ်သေချာရင် cb မှာ hiပေးပါ။ group link ချပေးပါမယ်။
👉 မီးပျက်တာရယ်၊ internet လိုင်းကျတာမို့ reply နောက်ကျရင် သည်းခံနားလည်ပေးပါ။
👉 အိမ်စာထပ်ရာတွင် lecture နံပါတ် ဘယ်လောက်ထပ်တာလဲဆိုတာ ကို ထည့်ရေးပေးပါ။
ကျေးဇူးတင်ပါတယ်ရှင်။

11/02/2023

ပညာဒါန writing group မှာရောက်နေတဲ့ ကျောင်းသားများကိုလဲ အသံထွက်အခြေခံ ပညာဒါန group ကနေ ဖယ်ထားပါတယ်ရှင်။ telegram မှာတော့မထုတ်ပါဘူးရှင်

11/02/2023

ပညာဒါနမှာ အိမ်စာမထပ်ဖြစ်တဲ့ သူများကို group ကရော telegram ကရော ထုတ်ပါပြီနော်။ အကြောင်းကြောင်းကြောင့် လေ့လာမှုနှောင့်နှေးသွားတယ်လို့ ထင်ပါတယ်။ ကိုယ့်အချိန်ကိုယ် ပြန်စီမံနိုင်တဲ့အခါ တီချယ်ပညာဒါနပေးတဲ့ အချိန်နဲ့တိုက်ဆိုင်တဲ့ခါလေ့လာချင်ရင် ပြန်လည်ဝင်ရောက်လေ့လာနိုင်ပါတယ်။
☺☺☺☺☺☺☺☺☺☺☺☺☺☺☺☺☺☺

11/02/2023

🔔🔔🔔🔔🔔🔔🔔🔔🔔🔔🔔🔔🔔🔔🔔🔔🔔🔔
လာမဲ့ 18-2-2023 (စနေနေ့)မှာ တရုတ်စာအခြေခံအသံထွက် ပညာဒါနလေးပြန်ခေါ်ပါမယ်။ ထပ်တဲ့အိမ်စာတွေကို March လ (18-3-2023)ထိစစ်ပေးသွားပါမယ်။
မေတ္တာရပ်ခံပါရစေရှင်။
👉 ကိုယ်တိုင်အချိန်ပေးနိုင်မှာ ဝင်လေ့လာပေးပါ။ ကိုယ်အချိန်ကိုယ် ၊ ကိုယ်စိတ်ကို ကိုယ် မရရအောင်လုပ်မယ်သေချာရင် cb မှာ hiပေးပါ။ group link ချပေးပါမယ်။
👉 မီးပျက်တာရယ်၊ internet လိုင်းကျတာမို့ reply နောက်ကျရင် သည်းခံနားလည်ပေးပါ။
👉 အိမ်စာထပ်ရာတွင် lecture နံပါတ် ဘယ်လောက်ထပ်တာလဲဆိုတာ ကို ထည့်ရေးပေးပါ။
ကျေးဇူးတင်ပါတယ်ရှင်။

Want your school to be the top-listed School/college in Dagon?
Click here to claim your Sponsored Listing.

Videos (show all)

တစ်နေ့ တစ်နေ့ စာသင်ချင်လွန်းလို့ လာလာချောင်းရတာ။ တကယ်သင်မှာ ထွက်ပြေးရင် ကြိုးတုပ်ပြီးသင်မယ် သိလား
ကိုယ် တတ်ထားတဲ့ ECCD လေး ကိုလဲ ကြုံရင်ကြုံသလို အသုံးချပါတယ်။ နောင်နှစ်ဆို ကျောင်းတက်ရတော့မဲ့ babyလေးကို ပြောင်းလဲရမဲ့အ‌ခ...
ကလေးလေးတွေက စက္ကူအဖြူထည်လေးတွေပါ။ လက်ဦးဆရာမိနဲ့ဘက အရင်ဆုံး လူဘဝရဲ့သင်ခန်းစာကိုသင်ပေးရတာပါ။ မေတ္တာနဲ့ပျိုးထောင်ပေးပါ💝# c...
ပျင်းနေကြမှာစိုးလို့ မေးခွန်းလေး လဲ ကြိုက်လို့.
အိမ်ရဲ့ အထူးအခွင့်ရေးပေးခံရသော၊ လူနားမှာပဲနေချင်သော၊ ထိုင်ရင်တောင် ဘေးမှာလာ ဖင်နဲ့ပေါက်ပြီးထိုင်တဲ့ကောင်။ အကြောတင်းလှတဲ့...
ရှေးရေစက်လေးတွေများ ကိုယ်စာသင်တဲ့ကလေးတိုင်း အငယ်ရှိကြတာများတယ်။ အဲ့အငယ်လေးတွေကလည်း ကိုယ့်ဆိုရင် သဲသဲလှုပ်။ သူ့အစ်မတွေ  က...
超可爱😘
ဘာရယ်တော့ မဟုတ်ပါဘူး။ last day of 2022 မှာ ရိုက်ခဲ့တဲ့ video လေးပါ။ စာသင်နေတဲ့ တပည့်လေးကိုပြတော့ တီချယ် အရမ်းလွမ်းစရာကော...
2023 နှစ်သစ် လက်​ဆောင်လေးအနေနဲ့ ပုံပြင်လေး တစ်ပုဒ် ဘာသာပြန် ပြောပြထားပါတယ်😘
A story to listen 👂(ဘုရားသခင်ရဲ့ လက်ဆောင်)

Category

Telephone

Website

Address


Dagon
11121

Opening Hours

Monday 09:00 - 21:45
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 21:45

Other Language schools in Dagon (show all)
Subaru  Japanese Language Class Subaru Japanese Language Class
Dagon

Japanese language Class

Mirai Myanmar Japanese Language &Career  Training School Mirai Myanmar Japanese Language &Career Training School
No(288/290), Room No(303), MWEA Tower, Shwedagon Pagoda Road
Dagon

ကျွန်တော်တို့ Mirai Myanmar သည် ဂျပန်နိုင်ငံသို့ သွားရောက်ရန်ကူညီပေးနေသော သင်တန်းကျောင်းဖြစ်ပါသည်။

Pixiu Chinese Language School Pixiu Chinese Language School
Level 2 , Taw Win Centre, Dagon Township
Dagon

''Learn a new language and get a new soul''

English Language By Lucas English Language By Lucas
Northdagon
Dagon

English Language teach by Lucas

La Maison Training Hut La Maison Training Hut
Yangon
Dagon

La Maison Training Hut is Vocational Training School in Yangon, Myanmar. We support young and adult

Self-study Corner Self-study Corner
Dagon

This page is for sharing knowledge of how I self-study Mandarin Chinese. I'd like to share my HSK jo

GA Japanese & Kaigo Training Center GA Japanese & Kaigo Training Center
No. 981, 29 Ward(C), Pyi Htaung Su Main Road, North Dagon Township, Yangon
Dagon, 11421

Japan Training Center in Myanmar for Japanese learning, development human resources.

Full Moon Japanese Language Center Full Moon Japanese Language Center
King Wun 4th Street, (42)Block
Dagon

ဂျပန်စာ၊ဂျပန်စကား

Unique Nihongo Unique Nihongo
Dagon, 11181

"Gaining Knowledge is the first step to Wisdom. Sharing it, is the First Step to humanity."

HELLO WORKS Japanese Language Center HELLO WORKS Japanese Language Center
Balaminthin 3
Dagon

Japanese Language & Training Center

Virtue Reach Virtue Reach
North Dagon
Dagon

Language Center