YGN Gold fished အလှမွေးငါးဝါသနာရှင်များ

Hello

22/07/2024
05/08/2023

အပျင်းပြေ လေးပေါ့😁

Photos from YGN Gold fished အလှမွေးငါးဝါသနာရှင်များ's post 19/02/2023

🥰🥰

28/01/2023

page
လေးမှာအရင်လို့ငါးလေးတွေပြန်ပြိရောင်းတော့မယ်နော်

04/11/2022

အပြင်အပြေလုပ်ကြည်တာ😛

21/09/2022

😘😘😘

Photos from YGN Gold fished အလှမွေးငါးဝါသနာရှင်များ's post 07/09/2022

မျီုးအသစ်လေးတွေလာတော့မယ်😛😛

24/07/2022

ဖောက်ကန်..တစ်ကန်
စါတ်ပုံကန်တစ်ကန်
၆၄၆.ကန်...၂၁ကန်
အကုန်လုံး...၃၈၀၀၀
09250638522

20/07/2022

မဲမဲ သဲသဲလေး 😘😘😘

Photos from YGN Gold fished အလှမွေးငါးဝါသနာရှင်များ's post 27/06/2022

အကုန်ရောင်းမယ်စိတ်ဝငစားရင်
09250638522 Hello လုပ်လိုက်နော်
sold out

Photos from YGN Gold fished အလှမွေးငါးဝါသနာရှင်များ's post 09/05/2022

အပျင်းအပြေရိုတ်ကြည်တာပါ😛

08/04/2022
26/03/2022

ဒီတစ်ပတ်ကိုတော့ ကျနော်တို့အာရှတိုက်မှာ အများဆုံးတွေ့နိုင်တဲ့ Arowana မျိုးစိတ်လေးတွေအကြောင်းကို ပြောပြပေးချင်ပါတယ်ဗျ။😇

အစချီပြောရမယ်ဆိုရင်တော့ဗျာ Arowanaတွေက ရေချိုငါးကြီးမျိုးစိတ် မိသားစုဝင်ထဲက တစ်မျိုးဖြစ်တဲ့အတွက် ရေချိုမျက်နှာပြင်အများဆုံးဖြစ်တဲ့ အာရှနဲ့ အမေရိကတိုက်တွေမှာ အများဆုံးတွေ့နိုင်ပါတယ်။ ရေချိုငါးကြီးမျိုးစိတ်ဆိုတဲ့အတိုင်း Arapaimaငါးမျိုးတွေနဲ့ မိသားစုချင်းတူပါတယ်။..

Arowana ငါးမျိုးတွေက အရှေ့တောင်အာရှရဲ့ မူလငါးမျိုးဖြစ်တဲ့အတွက် အာရှတိုက်တွေမှာ Arowana မျိုးခွဲအများအပြား တွေ့နိုင်ပါတယ်။ မျိုးခွဲတွေကို ရေတွက်ကြည့်မယ်ဆိုရင်
🌊တောင်အမေရိက ငွေရောင် Arowana တစ်မျိုး
🌊အာဖရိက Arowana ဆိုတဲ့ နိုင်းမြစ်မှာတွေ့နိုင်တဲ့ မျိုးစိတ်တစ်မျိုး
🌊သြစတြေးလျ Arowana မျိုးစိတ်နှစ်မျိုးနဲ့
🌊အရှတိုက်မှာတော့ မျိုးစိတ်ခွဲတွေတော်တော်များများရှိပါတယ်။

ဒီတော့ ကျနော်တို့ အာရှရဲ့ မျိုးစိတ်တွေထဲက အဓိက တွေ့ရတဲ့ မျိုးစိတ်လေးမျိုး အကြောင်းလေးကို ဝေမျှပေးချင်ပါတယ်။

၁။ Green Arowana✨

Green Arowana တွေရဲ့ ဇာတိကတော့ မလေးရှားဖြစ်ပါတယ်။ ဒီမျိုးစိတ်ကတော့ နာမည်ကိုကြည့်လိုက်တာနဲ့ အစိမ်းရောင်သိသိသာသာ မြင်နိုင်တယ်လို့ထင်လိုက်မယ်။ ဒါပေမယ့် ပုံမှန်ဒီတိုင်း ကန်ထဲမှာကြည့်ရင် တစ်ကယ့် အရောင်ကတော့ ငွေရောင်ကိုမှ အဖျော့ဘက်သွားပါတယ်။ လျှပ်စစ်မီးရောင်နဲ့ အပြာကန်နောက်ခံလိုမျိုးမှာမှ အစိမ်းရောင်ကို ပေါ်ပေါ်တင်တင် မြင်နိုင်တယ်ဗျ။
📗အရွယ်မရောက်ခင် green arowanaအကောင်ပေါက်လေးတွေက အညိုရောင်ဘက်သွားတဲ့ ငွေရောင်ရှိကြပါတယ်။ အရွယ်ရောက်လာပြီဆိုရင်တော့ ရေယပ်၊ အမြှီးတောင်ထိပ်ဖျားလေးတွေက အစိမ်းရောင်ဖျော့ဖျော့လေး သန်းလာပါလိမ့်မယ်။
📗ပုံမှန်ကြည့်လိုက်ရင် ငွေရောင်အဖျော့ဆိုလို့ ငွေရောင်အာရှမျိုးနဲ့မှားနိုင်ချေရှိပါတယ်။ ဘယ်လိုခွဲတယ်ဆိုတော့ အာရှမျိုးငွေရောင်က အမေရိကငွေရောင်နဲ့ တစ်ကာလာတည်းကိုမှ အာရှarowana အသွင်လက္ခဏာတွေရှိတာပါ။ ရေယပ်၊ အမြှီးတောင် ကာလာshadeကိုသေချာကြည့်ရင်က Green Arowanaနဲ့ Silver Asian Arowanက မတူပါဘူး။

၂။ Silver Asian Arowana✨

⬜ဒီမျိုးစိတ်ကတော့ အတွေ့များတဲ့ ငွေရောင်ဖြစ်ပါတယ်။ အမေရိကန်မျိုးအရောင်ကိုမှ Asian Arowana အသွင်အပြင်တွေနဲ့ပါ။ အမေရိကန်နဲ့ အာရှမျိုးခွဲတာကတော့ အားလုံးသိကြမယ်ထင်လို့ မပြောလိုက်တော့ဘူးနော်။..
⬜အခုမျိုးထဲမှာ တွေ့ရတာ အများဆုံးက အမြှီးမီးခိုးရောင် Silver Aroနဲ့ အမြှီးအဝါရောင် Silver Aroတွေပါ။ ဒီငွေအာရှမျိုးတွေကိုတော့ အင်ဒိုနီးရှားနိုင်ငံ ဘောနီယိုကျွန်းမှာ သဘာဝအတိုင်းတွေ့နိုင်ပါတယ်။

၃။ Red-tailed Golden Arowana✨

🟥နောက်တစ်မျိုးဖြစ်တဲ့ red-tailed goldenကလည်း အင်ဒိုနီးရှားမျိုးစိတ်တစ်မျိုးဖြစ်ပါတယ်။ Golden Arowana ဆိုပေမယ့် ဒီမျိုးကကျတော့ gold crossbackလို ရွှေရောင်ဆိုတာကြီးမဟုတ်ပါဘူး။ အကြေးခွံမှာ ရွှေရောင်အကွင်းပါပြီး အကြေးခွံရဲ့အခြေကတော့ အပြာဆန်ဆန် ဒါမှမဟုတ် ငွေရောင်ဖြစ်တတ်ပါတယ်။ ရေယပ်နဲ့ အမြှီးတွေ၊ တောင်ပံတွေကတော့ အနီရောင်သန်းပါတယ်။ အပေါ်ကကြည့်မယ်ဆိုရင်တော့ ကျောဘက်က အကြေးခွံအမည်းပါ။ Gold crossbackလိုမဟုတ်ဘဲနဲ့ သဘာဝအတိုင်းလည်း တွေ့ရများတဲ့အတွက် မွေးမြူသူတွေများပါတယ်။

၄။Super Red Arowana✨

🟥ဒီမျိုးကတော့ ကြည့်လိုက်တာနဲ့ တန်းသိ တန်းခွဲလို့ရတဲ့ Arowanaမျိုးဖြစ်ပါတယ်။ အင်ဒိုနီးရှားမျိုးစိတ်ကိုမှ တရုတ်ဘက်တွေမှာ ခေတ်စားနေတဲ့ မျိုးဖြစ်ပါတယ်။ တရုတ်နိုင်ငံမှာ Dragonfish နဂါးငါးဆိုပြီး ခေါ်ဝေါ်မွေးမြူကြပါတယ်။ Super Red ဒါမှမဟုတ် Chili Redဆိုတဲ့ မျိုးရင်းစစ်စစ်ရယ်နဲ့ GoldenCrossbackနဲ့ မျိုးစပ်ပြီးရလာတဲ့ Super Grade Crossbackမျိုးတွေကတော့ လူကြိုက်အများဆုံးပါ။

ဒီတော့ ကျနော် Asianမျိုးတွေထဲကမှ တွေ့ရတာအများဆုံးဖြစ်တဲ့ မျိုးစိတ်လေးမျိုးအကြောင်း ဖော်ပြပေးလိုက်ပါတယ်ဗျ။ တစ်ခြားမျိုးစိတ်အကြောင်းတွေကိုလည်း ကြုံရင် ကြုံသလို ပြောပေးသွားပါဦးမယ်။ 🤗
နောက်ပိုင်းလည်း Aroတွေနဲ့ ပတ်သက်တဲ့ ဗဟုသုတရစရာလေးတွေ အပါအဝင် ကျနော့်Farmနဲ့ ပတ်သက်တာလေးတွေလည်း တင်သွားပေးမှာဆိုတော့ Pageလေးကို ဖော်လိုလေးလုပ်ထားပေးပါဦးဗျ။ 🤗
သိချင်တဲ့အကြောင်းအရာလေးတွေရှိရင်လည်း မန့်ခဲ့ပေးကြပါဦးဗျ။နောက်ပိုင်း Postတွေမှာ အကြောင်းတိုက်ဆိုင်တဲ့အခါ ဆွေးနွေး တင်ပေးသွားပါမယ်နော်။
# # # # # # # # #
--------------------------------
Htoo Arowana Farm
Phone Number - 09777500186, 09962833036, 420030086

13/03/2022

လျှပ်စစ်မီးမမှန်တဲ့အချိန် အလှမွေးငါးတွေကို ဘယ်လိုထိန်းသိမ်းမလဲ?

အခုတလော မြို့တိုင်းလိုလိုကြုံရတဲ့ ပြဿာနာက လျှပ်စစ်မီးမမှန်လို့ အလှမွေးငါး ဝါသနာရှင်တွေ ငါးအတွက်စိတ်ပူနေရတဲ့ ကိစ္စတစ်ရပ်ပါ...ဝါသနာရှင်လို့ သုံးနှုန်းရခြင်းက ပညာရှင်တွေက သူတို့ရဲ့ငါးကို လျှပ်စစ်မရှိလဲ ဘယ်လိုထိန်းသိမ်းရမလဲဆိုတာ ကောင်းကောင်းသဘောပေါက်နားလည်ထားပြီးဖြစ်တာမို့ ဝါသနာရှင်တွေအတွက်ဘဲ ဗဟုသုတအနေနဲ့ရေးမှာမို့ပါ...

အလှမွေးငါးမှာ အရေးကြီးဆုံးကရေပါဘဲ...အစာကတော့ ၁လတိတိဖြတ်ထားလို့ရပေမယ့် ရေကို တလတိတိ ရေမလှယ်ပေးလို့တော့ မရနိုင်ပါဘူး...အောက်ဆီဂျင်လိုအပ်ချက်ရှိတဲ့ငါးတွေကို မွေးထားရတဲ့အခါ လိုအပ်တဲ့ အောက်စီဂျင်မရရှိတော့တဲ့အခါ သေဖို့ဖြစ်လာနိုင်ပါတယ်...ရွှေငါးမွေးထားတဲ့ ဝါသနာရှင်တွေအတွက်တော့ တိုင်ပတ်ကြမယ့် အကွက်ပါဘဲ...ငါးအမျိုးစားထဲမှာရွေငါးက အောက်စီဂျင်အလိုအပ်ဆုံးငါးဖြစ်တာရယ် အရမ်းနုလွန်းတာရယ်ကြောင့်ပါ...အရမ်းနုလွန်းတယ်ဆိုတာက ငါးက အခြားငါးလောက် အကြမ်းမခံဘူး လိုအပ်ချက်ပိုများတယ်လို့ ဆိုလိုတာပါ အမိုးနီးယားဒဏ်ကို ခံနိုင်ရည်မရှိဘူး အောက်စီဂျင်လိုအပ်နှုန်းက အခြားငါးထက်ပိုလိုအပ်ပါတယ်...

လျှပ်စစ်မီးပျက်နေတဲ့အခါ ရေကိုသန့်ပေးတဲ့ filter system ကရပ်တန့်သွားတာဖြစ်လို့ ကန်အတွင်းမှာ filter system မလှည်ပတ်တာ အချိန်ကြာမြင့်လာတာနဲ့အမျှ အမိုးနီးယား ပမာဏ မြင့်တက်လာနိုင်ပါတယ်...အမိုးနီးယား ပမာဏမြင့်လာတာနဲ့အမျှ ရေထဲမှာ ရှိနေတဲ့ အောက်စီဂျင်ပမာဏလျော့နည်းလာမယ် အဲ့အခါမှာ အမိုးနီးယားဒဏ် အောက်စီဂျင်မလုံလောက်တဲ့ပြဿနာကြောင့် ငါးတွေသေဖို့ ရောဂါရဖို့ ဖြစ်လာရခြင်းပါဘဲ...အရင်ဆုံး ကိုယ်မွေးထားတဲ့ငါးက အောက်စီဂျင်ပမာဏ အရမ်းလိုအပ်တဲ့ငါးဟုတ် /မဟုတ်လောက်တော့ သိထားသင့်ပါတယ်...ရွေငါးဆိုရင်တော့ အပေါ်မှာပြောခဲ့သလိုဘဲ ဒေါင်းတို့ ဖလားဝါးဟွန်းတို့ထက် အောက်စီဂျင်လိုအပ်မူ့ပမာဏများပါတယ်...

ရေအတွင်း အောက်စီဂျင်ပမာဏကို ပြန်ဖြည့်ပေးဖို့ကတော့ Air Pump တွေနဲ့ DIY အရလုပ်ဆောင်လို့ရပါတယ်...Air Pump မှာဆိုရင် AC / DC air pump ဝယ်ထားမယ်ဆို အဆင်ပြေတယ် ကျွန်တော့် အတွေ့အကြုံအရဆို AC/DC air pump မှာ Sobo သုံးတယ်...sobo မှာ 30sec နားတယ် 30sec ပြန် run ပေးတဲ့ Power save လုပ်ပေးတဲ့ စနစ်ပါတဲ့အတွက် နာရီ ၂၀လောက်တော့ အသုံးခံပါတယ်...တိုကိရိုက်ဖွင့်သုံးမယ်ဆို ၇နာရီ ၈နာရီလောက်ဘဲအားခံပါတယ်...ဒါကြောင့် Power save နဲ့ဘဲသုံးပါတယ်...ဒီထက်ပို သေခြာချင်ရင်တော့ Power bank နဲ့ ပါတွဲသုံးမယ်ဆို Power bank ရဲ့ mAh အပေါ်မူတည်ပြီး 24h or 48h အထိကို အသုံးပြုနိုင်ပါတယ်...နောက်တစ်နည်းကတော့ O2 ပေါင်ဒါအမှုန့် အသုံးပြုလဲရပါတယ်...၄ပေ ၁ပေခွဲကန်အတွက်ဆို ထမင်းစားဇွန်းနဲ့ ၃ဇွန်းကို ညသိပ်ရေနဲ့ ရေပုံးတစ်ခုမှာ အရည်ပျော်အောင်အရင်ဖျော်စပ်ပါ...အရည်ဖျော်စပ်ပြီး ၁၅မိနစ်ကြာမှ ငါးကန်ထဲကို ဖြည်းဖြည်းထည့်ပါ...ချက်ချင်းတန်းထည့်ရင် ငါးအတွက် ပါးဟတ်ထိနိုင်ပါတယ်...၁၂နာရီအထိသာအသုံးခံတာမို့ ၂၄နာရီအတွက်ဆို တစ်ရက်နှစ်ကြိမ်လောက် သုံးရပါလိမ့်မယ်...လျှပ်စစ်မီး အချိန်ကြာမြင့်စွာ ပျက်တောက်နေတဲ့ အချိန်မှာ ငါးကို အစာကြွေးတဲ့အခါ အရင်နှုန်းထက် လျော့ကြွေးခြင်း , အကြိမ်အရေတွက်လျော့ကြွေးခြင်းအားဖြင့်လဲ အမိုးနီးယားပမာဏကိုနည်းစေနိုင်သလို ရေညစ်ညမ်းမူ့ကိုလဲသက်သာစေနိုင်ပါတယ်...

DIY နည်းလမ်းကတော့အများကြီးရှိတယ်...ဒီထဲကမှ အလွယ်ဆုံးကတော့ လေထိုးပိုက်တံနဲ့ လေထိုးပေးလဲ ရပါတယ်...လက်ညှောင်းတယ်ဆိုရင်တော့ ရေပုံးအောက်ခြေကိုအပေါက်ဖောက် ကန်ထဲကရေကိုရေပုံးထဲထည့် အပေါက်ဖောက်ထားတဲ့နေရာကကြတဲ့ရေကို ငါးကန်ရဲ့ အပေါ်ကနေ ငါးကန်ထဲကို ရေပြန် ကျစေတဲ့နည်းလမ်းနဲ့လဲ ရပါတယ်...သတိထားဖို့လိူတာက ငါးကန်ဘောင်တွေအပေါ်မှာ အားပြုပြီး မတင်ကြဖို့လိုပါတယ် အပေါ်ကရေပုံးက အချိန်ကြာကြာရစေချင်ရင် ပုံးကြီးကြီးထားလို့ရတဲ့အတွက် ရေဝိတ်ကို မှန်ဘောင်ထောင့်ကိုအားပြုပြီးတငိထားတာက ငါးမှန်ကို ကွဲအက်စေနိုင်ပါတယ်...ဒါ့ကြောင့် ငါးကန်မှန်ဘောင်အပေါ်ကို အားပြုပြီးမတင်ကြဖို့ သတိပေးပါရစေ...ရေပုံးထဲကိုရေဖြည့်တဲ့အခါငါးကန်ထဲကရေကိုဘဲခပ်ထည့်ဖို့လိုပါတယ်...အပြင်ကရေထည့်တဲ့အခါ ကန်ရဲ့ ရေလယ်ဗယ်ထက်ကျော်တဲ့အခါ ရေလျံမူမဖြစ်အောင် ကန်ထဲကရေကိုဘဲထည့်စေခြင်းဖြစ်ပါတယ်...ရေက ကန်အထက်ကနေ ကျနေတဲ့အတွက် ရေပြင်လှုပ်ခပ်မူ့ရှိတာရယ် ရေပူပေါင်းလေးတွေထတဲ့အတွက် ရေအတွင်း အောက်စီဂျင်ပျော်ဝင်စေဖို့ အားပြုပါတယ်... Air pump နဲ့ အတူတူပါဘဲ...

လျှပ်စစ်မီးပျက်တောက်ချိန်ကြာမြင့်လာတာနဲ့ အမျှ ကန်ထဲက ငါးအကောင်ရေပေါ်မူတည်ပြီး ရေညစ်ညမ်းမှုပြဿနာရှိလာပြီဆိုရင် ငါးတွေမှာ ကူးခက်မူ့နှေးကွေးခြင်း ရေပြင်ပေါ်ကို တက်ပြီး အသက်ရှူခြင်း လက္ခဏာတွေပြတက်သလို ရေကလည်း မှုန်ဝါးပြီး ရေနောက်တက်ပါတယ်...အဲ့လိုရေမျိုးဖြစ်လာပြီဆိုရင်တော့ ရေကို ၇၀% နှုန်းရေလှယ်ပေးဖို့လိုပါတယ်...၁၀၀% ရေလှယ်မယ်ဆိုလဲ ရေရှော့မဖြစ်အောင် ရေလှယ်နိုင်တယ်ဆိုမှ ၁၀၀% ရေလှယ်တာက ပိုအဆင်ပြေပါလိမ့်မယ်...ရေသစ်လှယ်ပေးတဲ့အချိန်မှာလဲ ညသိပ်ရေလှယ်ပေးခြင်းက ငါးတွေအတွက်လည်း ပိုအဆင်ပြေစေပါတယ်...ရေသစ်လှယ်ပေးခြင်းဖြင့် ရေသစ်တွင် အောက်စီဂျင် ပျော်ဝင်နှုန်းပိုများသလို ကန်ထဲကရေအဟောင်းထဲက အမိုးနီးယား ပမာဏကိုလဲ လျော့ချပြီးသားလဲဖြစ်စေပါတယ်...

GC မွေးထားတဲ့ ကန်တွေမှာ အဆင်ပြေတဲ့အချက်က အောက်စီဂျင်လုံလောက်မူ့ရှိပါတယ်...GC လဲ အစာချက်တဲ့အခါ အောက်စီဂျင်ပြန်ထုတ်လွတ်တာမို့ ငါးတွေအတွက် အောက်စီဂျင်ရစေပါတယ်...ဒါပမယ့် သတိပြုဖို့လိုတာက အပင်တိုင်းက အလင်းရောင်ရမှ အစာချက်မယ် အစာချက်မှ အောက်စီဂျင်ထုတ်လုပ်နိုင်မယ်ဆိုတာကိုတော့သတိပြုဖို့လိုပါမယ်...GC ရှိပြီး အလင်းရောင်မရှိရင်လဲ အစာချက်ဖို့လုပ်ဆောင်နိုင်မှာမဟုတ်ပါဘူး...ဒါ့ကြောင့် နေအလင်းရောင်တိုက်ရိုက် မပေးနိုင်ရင်တောင် နေအလင်းရောင် ဖျော့ဖျော့ရနိုင်မယ့်နေရာမျိုးထားတာကိုတော့ ပိုအားပေးပါတယ်...နေအလင်းရောင် တိုက်ရိုက်ထားတဲ့အခါ ရေအပူချိန်မြင့်တက်လာပြီး ငါးသေနိုင်တယ်ဆိုတာကိုလဲ သတိပြုသင့်ပါတယ်...

​ဘိုင်အိုမီဒီယာအသုံးပြုထားတဲ့ ကန်မျိုးမှာ လျှပ်စစ်မီးအပျက်တာကြာမြင့်လာတာနဲ့အမျှ အကျိုးပြု ဗက်တီးရီးယား တွေသေဆုံးမူ့ကိုဖြစ်စေပါတယ်...အလုံပိတ်ထားတဲ့ မီဒီယာ filter တွေမှာဆို ရေစီးဆင်းမူ့ ၁နာရီထက် ကြာမြင့်စွာ မစီးဆင်းတော့တဲ့အခါ အကျိုးပြု ဗက်တီးရီးယားတွေသေဆုံးပါတယ်...ဒါ့ကြောင့် sumb tank တွေနဲ့ အသုံးပြုထားတဲ့ ကန်မျိုးတွေမှာ လေဝင် လေထွက်ကောင်းအောင် လုပ်ထားပေးဖို့လိုပါတယ်...ထိုအတူ ငါးကန်ကိုလဲ အဖုံးမဖုံးထားဘဲ လေဝင် လေထွက်ကောင်းအောင် အဖုံးတွေ ဖွင့်ထားဖို့လိုပါတယ်... လျှပ်စစ်မီး ပြန်လာတဲ့အခါ ဗက်တီးရီးယားတွေ အလျှင်အမြန်ပြန်ပေါက်စေရန်အတွက် ဗက်တီးရီးယားပြန်ပေါက်ဆေးကို ထည့်သွင်း အသုံးပြုနိုင်ပါတယ်...ဗက်တီးရီယားဆေးသုံးခြင်းအားဖြင့် မီးပျက်ချိန်မှာ သေဆုံးသွားတဲ့ အကျိုးပြု ဗက်တီးရီးယားတွေ အမြန်ပြန်ပေါက်စေသလို ရေအတွင်းက အမိုးနီးယား ပမာဏကိုလဲ လျော့ကျစေပါတယ်...

နိဂုံးချုပ်အနေနဲ့ပြောရရင်တော့ လျှပ်စစ်မီး ပျက်တာ မပျက်တာက သူတို့အပိုင်းပါ...ကိုယ်တွေအနေနဲ့ကတော့ ကိုယ်မွေးမြူထားတဲ့ ငါးလေးတွေ မသေဖို့ ဘာတွေလုပ်ရမယ် ပြင်ဆင်ရမယ်ဆိုတာကို သိဖို့လိုပါတယ်...အချိန်မပေးနိုင်ရင်တော့ ပိုက်ဆံပေးရပါလိမ့်မယ်...အချိန်လဲမပေးနိုင် ငွေလဲအကုန်မခံနိုင်ရင်တော့ သင်မွေးထားတဲ့ငါးက မီးကြာရှည်မပျက်ရင်တောင် ရောဂါနဲ့ သေမှာပါဘဲ...တိရစ္ဆာန်လေးတွေ ကလေးတွေကတော့ အချိန်မပေးနိုင်ဘူး တာဝန်မယူနိင်ဘူးဆိုရင်တော့ အစကတည်းမမွေးတာ အကောင်းဆုံးပါဘဲ...မွေးထားပြီးရင်တော့ ကုန်ကျစရိတ်နဲ့ ပြုစုထိန်းသိမ်းဖို့ အချိန်ကတော့ ပေးကိုပေးမှ ရပါလိမ့်မယ်...စနစ်ဟောင်းမှီခဲ့တဲ့ သူတွေဆိုရင် အခုထက် အခြေနေပိုဆိုးပါတယ် filter တွေဆိုတာ ဘောစိတွေမှဝယ်တပ်နိုင်တဲ့ခေတ်...Air pump တောင် AC/DC air pump ဆိုတာလဲ မမြင်ဘူးတဲ့ခေတ်...ကန်တိုင်း Air Pump ဝယ်မတပ်နိုင်တဲ့ခေတ်ထက် အခုလက်ရှိခေတ်က အရင်ထက် ငါးမွေးရတာ ထိန်းသိမ်းရတာပိုလွယ်ပါတယ်...၁၉၉၇ လောက်ကတည်းကငါးမွေးဖူးတဲ့ ကျွန်တော့်အတွက်တော့ ဒီ 2022 ခုနှစ်မှာ ငါးမွေးရတာပိုလွယ်တယ်လို့ထင်ပါတယ်...ဝါသနာရှင် ညီအကိုမောင်နှမအားလုံး အဆင်ပြေစေရန်အလို့ငှာ သိသလောက်လေးဝေမျှပေးခြင်းသာဖြစ်လို လိုအပ်တာရှိခဲ့ရင် ဝန်တာမိပါလို့တောင်းပန်ရင်း နောက်အလျင်းသင့်ရင်လဲ ဆက်လက်ရေးသားပေးပါမယ်ခင်ဗျာ...။

content writer admin
# # # # # # # # #

Photos from YGN Gold fished အလှမွေးငါးဝါသနာရှင်များ's post 13/03/2022

လိုအပ်ရင်ဝယ်လို့ရပါတယ်နော်
ကျန်တော်မှာများနေလို့အလုံး၅၀၀လောက်ပြန်ခွဲရောင်းပေးပါမယ်နော်
အလုံးတစ်ရာကို၂၅၀၀ကျပ်လေးနဲ့ဘဲရောင်းပေးပါမယ်
09250638522ကိုလည်းဆက်သွယ်လိုက်ပါနော်😁

24/02/2022
Photos from YGN Gold fished အလှမွေးငါးဝါသနာရှင်များ's post 18/02/2022

အိမ်ရှီအကောင်လေးတွေအပျင်အပြေရိုက်ကြည်တာလှသလို့ခံစားရလို့😁

04/02/2022

ပူဒယ် +တယ်လီယာ
ခလေးတွေ နေပူစာလှုံ

25/01/2022

ကဲလားပြီနော်
တန်တန်လေးနဲ့မြန်းမြန်းလေးရောင်းမယ်နော်
အုပ်ပျတ်ဆိုရင်လည်းရောင်းမယ်
ကြိုက်ရွှေးကြိုက်စျေးပေါ့်နော်😁
စိက်ဝင်စားရင်လာပြိကြူလို့ရတယ်နော်😛
မှတ်ချက်...😛😛😛

Want your business to be the top-listed Shop in Hlaing?
Click here to claim your Sponsored Listing.

Videos (show all)

အပျင်းပြေ လေးပေါ့😁
page လေးမှာအရင်လို့ငါးလေးတွေပြန်ပြိရောင်းတော့မယ်နော်
အပြင်အပြေလုပ်ကြည်တာ😛
😘😘😘

Telephone

Website

Address

Hlaing
1234

Opening Hours

09:00 - 17:00

Other Shopping & Retail in Hlaing (show all)
Ikigai by Catherine Ikigai by Catherine
Thirimyaing 8th Street
Hlaing

ခီခီနဲ့လက်တွဲပြီး ဘဝရဲ့ပျော်ရွှင်မ

Nwet Nwet Nwet Nwet
Hlaing

ရွှေတောင်ကြီး သစ်သီး ရောင်းဝယ်ရေး ရွှေတောင်ကြီး သစ်သီး ရောင်းဝယ်ရေး
Than Street
Hlaing, 11051

စိန်တလုံး သရက်သီးများကို လူကြီးမင်?

G.M.M Korean Cosmetics G.M.M Korean Cosmetics
Hlaing

Korean Cosmetics

Lack chu Lack chu
Kan
Hlaing

Big Bird Shoe & Slipper Big Bird Shoe & Slipper
အုတ်ကျင်းဘူတာရုံလမ်း
Hlaing, 11051

မိတ်ဆွေရဲ့ခြေလှမ်းတိုင်း ယုံကြည်မှ

Beauty Trend-online shopping Beauty Trend-online shopping
Hlaing

BKK skincare , clothing and other accessories can order�

Angels Phyo Angels Phyo
Hlaing

Good Fortune Near Future is yours

Naung Hein Naung Hein
Hlaing
Hlaing

လူသုံးကုန် ပစ္စည်း အမျိုးမျိုး လက်လ?

Kyi Lae Lae Oo - လဲ့လဲ့ Kyi Lae Lae Oo - လဲ့လဲ့
မာလာမြိုင် (7) လမ်း
Hlaing, ��

See Sar Fashion Shop See Sar Fashion Shop
Hlaing, 11051

Thanks you Love you All Customers