Hiv&TB/ကာလသားရောဂါ အခမဲ့ ကုသစစ်ဆေးပေးရေး
Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Hiv&TB/ကာလသားရောဂါ အခမဲ့ ကုသစစ်ဆေးပေးရေး, Medical and health, Hlaing.
"တိုးတိုးတိတ်တိတ် ဆွေးနွေးပါ လိင်မှတဆင့် ကူးစက်ရောဂါ"
အမျိုးသားတွေမှာအများဆုံးဖြစ်တဲ့ လိင်မှတဆင့်ကူးစက်တတ်တဲ့ရောဂါလက္ခဏာတွေက ဘာတွေလဲ?
ကူးစက်ခံရတာရှက်စရာမဟုတ်ပေမယ့် ပျောက်အောင်ကုသသင့်တာကို မကုသဘဲထားတာမှရှက်စရာပါနော်..
ဂနို (ခေါ်) ဆီးပူညောင်းကျ ရောဂါ
- ဆီးပူ ဆီးကျင်မယ်
- ဆီးလမ်းကြောင်းမှ ပြည်တွေထွက်မယ်
- လိင်တံထိပ်အရေပြားတစ်ဝိုက်မှာ ယောင်နေမယ်
- အရမ်းဆိုးရင် ဝှေးစှေ့နာကျင်တဲ့ထိဖြစ်နိုင်ပါတယ်။
လိင်အင်္ဂါကြွက်နို့
- လိင်အင်္ဂါမှာ ပန်းဂေါ်ဖီလိုမျိုး အနာဖြစ်မယ်
- မနာမကျင်ဘဲ ယားမယ်
- တခါတလေ သွေးထွက်တတ်မယ်
ကာလသားရောဂါ
- လိင်အင်္ဂါမှာ အနာဖြစ်မယ်
- ဖျားမယ်၊ အကျိတ်တွေထွက်မယ်
- ညောင်းညာကိုက်ခဲမယ်
- မကုဘဲထားရင် ဦးနှောက်ထိခိုက်တဲ့အထိ ဖြစ်နိုင်ပါတယ်။
အကာအကွယ်မပါဘဲအတူနေထားပြီး ၃ ပတ်အတွင်းမှာ ရောဂါလက္ခဏာစပြပါတယ်။
ဒီလိုလက္ခဏာတွေပြရင် မပေါ့ဆသင့်ပါဘူး။ အပေါ်မှာပြောခဲ့တဲ့ ကူးစက်ရောဂါ သုံးမျိုးလုံးက သေချာကုသရင်လုံးဝပျောက်ကင်းနိုင်ပါတယ်။
လမ်းညွှန်ပေးနိုင်တဲ့ ဆရာတွေရှိတာမို့ ဆက်သွယ်နိုင်ပါတယ်ဗျ
09978592372 viber
09756688186
🛑 HIV မကူးအောင် ကာကွယ်မယ်🛑
✅ကျနော်တို့ ဆေးခန်းမှ Hiv ကာလသားရောဂါအတွက် အခမဲ့သွေးစစ်ခြင်း၊ ကုသမူပေးခြင်း ၊ဆေးအခမဲ့ထုတ်ပေးခြင်းတို့ဝန်ဆောင်မူပေးနေပါပီ ။
🔺HIV ပိုးက ဘယ်လိုကူးလဲ ?
HIV ပိုးဟာ ပိုးရှိသူမှ ပိုးမရှိသူသို့ ကူးစက်နိုင်တဲ့နည်းလမ်း တွေကတစ်ဆင့် ကူးစက်ခံရတာပါ, ကူးနိုင်တဲ့နည်းလမ်းလေးတွေက တင်ထားပြီးသားပါ ။
🔺ဆက်ဆံဖက်များပေမယ့် တစ်ဖက်မှာ HIV ပိုးမရှိရင်ကူးလား ?
မကူးပါ။
HIV ကူးနိုင်တဲ့နည်းလမ်းတွေကိုသေချာ သိနားလည်ပီး ရှောင်ရှား၊ကာကွယ်နိုင်မယ်ဆိုရင် ၊HIV ကူးစက်ခံရခြင်းမှ ကာကွယ်နိုင်မှာပါ ။
🔺HIV မကူးအောင် ကာကွယ်နိုင်သောနည်းလမ်းတွေကတော့
(1) 🧒🧑လူတစ်ယောက်တွင် HIV ပိုးရှိမရှိကို သာမန် အားဖြင့် လူပုံပန်း သွင်ပြင်ကို ကြည့်ပြီး ဆုံးဖြတ်လို့မရတဲ့အတွက် (လိင်တူ ၊ လိင်ကွဲ ) လိင်ဆက်ဆံတဲ့ အခါတိုင်း condom ကို စနစ်တကျသုံးရပါမယ်။ Condom မှာလည်း Male condom နဲ့ Female Condom နှစ်မျိုး ရှိပါတယ်၊နှစ်ယောက်ပြိုင်တူ သုံးဖို့ လည်းမလိုပါ။
(2)🩸သွေးသွင်းရာတွင် စနစ်တကျ စစ်ဆေးပြီးသန့်ရှင်းသောသွေးကို သွင်းရပါမယ်။
(3) 💉အသုံးပြုပီးသား ဆေးထိုးအပ် ၊ဆေးထိုးပြွန်များ တက်တူး အပ်များ ၊ တက်တူး ဆေးမှင်ရည်ခွက် ၊ခန္ဓာကိုယ်တွင်အသုံးပြုသော ပြတ်ရှ ပစ္စည်း များကို တစ်ခါသုံး အပ်များကို သာ အသုံးပြုပါ။မူးယစ်ဆေးအကြော ထဲထိုးသွင်းသူများအနေနဲ့ ကလည်း တစ်ခါသုံး အပ်တွေကိုသာ အသုံးပြုဖို့လိုအပ်ပါတယ်။
(4)🤰HIV ပိုးရှိသော မိခင်သည်လည်း ကိုယ်ဝန်ဆောင်ချိန်မှ စပြီး မီးဖွား ချိန် ၊နို့တိုက်ချိန် တွေမှာ ကလေးကိုမကူးနိုင်သော နည်းလမ်းများကို ဆရာဝန်ရဲ့ လမ်းညွှန်ချက်အတိုင်း မွေးဖွားရပါမယ် ။ ကိုယ်ဝန်မဆောင်ခင် အမျိုးသားရော ၊အမျိုးသမီးပါ သွေးစစ် ကြည့်တာက အကောင်းဆုံးပါပဲ
ဒါမှမွေးလာတဲ့ ရင်သွေးအတွက်ပါ အန္တာရယ်ကင်း စိတ်ချနိုင်မှာပါ။
အသေးစိတ်ကိုviber09978592372
☎️☎️09756688186ဆက်သွယ်နိူင်ပါသည်၊
မူရင်းပိုင်ရှင်အားလေးစားစွာcrdပေးပါသည်🙏
မဂ်လာပါ
# # # Tbရောဂါအကြောင်းလေးသိသလောက်ပြောပြပေးချင်ပါတယ်
# # # Tbရောဂါဟာလေထဲမှာပါလာတဲ့Tbရောဂါပိုးကြောင့်ကူးစက်နိုင်ပါတယ်
# # # ကျွန်တော်တို့ဟာTbရောဂါရှိသူနှင့်အနီးကပ်စကားပြောမိတဲ့အခါအမှုန်အမွှားလေးတေကနေကျွန်တော်တို့ဆီကူးစက်နိုင်ပါတယ်
# # # အဆုတ်မှာအဓိကဖြစ်ပွားပြီအဆုတ်ပြင်ပမှာလည်းဖြစ်နိုင်ပါတယ်
အဆုတ်မာအများဆုံးဖြစ်နိုင်တဲ့အတွက်သင်အသက်ရှုတိုင်း၊ချောင်းဆိုးတိုင်း၊နှာချေတိုင်းတစ်ဦးမှတစ်ဦးအဆင့်ဆင့်ကူးစက်နိုင်ပါတယ်
# # # Tbရောဂါဟာမျိုးရိုးလိုက်တဲ့ကောဂါမဟုပေမဲ့မိမိအိမ်အတွင်းအိမ်သားတစ်ဉီးဖြစ်ပြီဆိုရင်နောက်တစ်ဉီးကိုကူးနိုင်ပါတယ်
# # # ကိုယ်ခံအားနည်းတဲ့သက်ကြီးရွယ်အို၊ကလေးတေမှာအများဆုံးဖြစ်နိုင်ပါတယ်
# # # ဆီးချိုသွေးချိုရောဂါသည်များနဲ့ကိုယ်ခံအားကျဆင်းနေတဲ့HIVလူနာတေမှာTbရောဂါဖြစ်နိုင်ချေအရမ်းများပါတယ်
သေချာကုသမယ်ဆိုရင်Tbရောဂါဟာပျောက်ကင်းနိုင်ပါတယ်
Tbရောဂါလက္ခဏာတေကတော့
1/// နှစ်ပတ်ကျော်ကြာအောင်ချောင်ဆိုးခြင်း
2/// ချောင်းဆိုးရင်းသလိပ်တွင်သွေးပါခြင်း
3/// ညနေစောင်းတွင်တငွေ့ငွေ့ဖျားခြင်း
4/// ရွှင်ရွှင်ပျပျမရှိခြင်း
5/// အစားအသောက်ပျက်ကာကိုယ်အလေးချိန်ကျခြင်း
6/// မောပန်းလွယ်ခြင်း
7/// ကျော၊ရင်ဘက်အောင့်ခြင်း။ တို့ဖြစ်ပါတယ်
ဒီလိုလက္ခဏာတေခံစားရပြီဆိုရင်Tbရောဂါဖြစ်နိုင်ချေရှိပါတယ်
ကျွန်တော်တို့ဆီမာTbရောဂါအခမဲ့သလိပ်စစ်ပေးခြင်းများလုပ်ဆောင်ပေးပါတယ်။။ ကျန်းမာရေးအကြောင်းအရာတေမေးမြန်းချင်တာ၊စုံစမ်းချင်တာမျိုးရှိရင်.Chat box &Viber ph09-978592372
သို့ဆက်သွယ်မေးမြန်းနိုင်ပါတယ်
ကျနော်ရဲ့pageမှ အခမဲ့ ၀န်ဆောင်မှုရယူနိုင်ပါတယ်🌈❤️🧡💛💚💙💜
♥️HIV ပိုးနှင့်ကာလသားရောဂါများအခမဲ့စစ်ဆေးပေးခြင်းနဲ့ကုသပေးခြင်း
🧡HIVနှင်ဆက်စပ်ရောဂါများကုသပေးခြင်း
💛HIV ကာကွယ်ဆေး(PREP)အခမဲ့ပေးခြင်း
💚တီဘီရောဂါ ရှိ/မရှိ စစ်ဆေးခြင်းနှင့်ကုသပေးခြင်း
💙ကျန်းမာရေးနဲ့ပက်သက်ပြီးအခမဲ့ဆွေးနွေတိုင်ပင်နိုင်ခြင်း
ကျွန်တော်စာလေး နည်းနည်းလောက်ရေးပါရစေ........
Hiv ခေါင်းစဉ်နဲ့ဆိုတော့ HIV အကြောင်းလေးပဲရေးမှာပါ ကျွန်တော်တို့ သူငယ်ချင်းတို့ပတ်ဝန်းကျင်မှာ ရောဂါမျိုးစုံရှိကြတယ် အဲ့အထဲမှာ hiv ရောဂါလည်းတစ်ခုအပါအဝင်ပါပဲ ကျွန်တော်တို့ငယ်ငယ်တုန်းက hiv ဆိုရင် အရမ်းကြောက်ကြတယ် ရှက်စရာတစ်ခုလို့မြင်ကြတယ် မှန်ပါတယ် အဲ့တုန်းကမစဉ်းစားတတ်သေးလို့ပါ ခုကျွန်တော်တို့တွေစဉ်းစားတတ်လာပြီ ဘယ်ရောဂါကကြောက်စရာကောင်းတယ် ဘယ်ရောဂါက ကြောက်စရာမကောင်းဘူး ခွဲခြားတတ်လာပြီ အမှားမှန်ကိုခွခြားနိုင်ဖို့ကျွန်တော်တိုပညာတွေသင်ထားခဲ့ပြီးပြီ ကျွန်တော်တို့ကိုတိုင်ခွဲ ခြားရတော့မယ် အဓိက ၁ အချက်ပေါ့ ဘာလို့ဖြစ်တာလည်း ဘယ်ကနေကူးစက်တတ်တာလည်း ဘယ်လိုတွေဆက်ဖြစ်နိုင်လည်းကျွန်တော်တို့တွေးခေါ်ရတော့မယ် ပြီးရင် ၂အချက်အနေနဲ့ ဖြစ်လာပြီဆိုရင် ဘယ်လိုရင်ဆိုင်မလည်း မဖြစ်သေးရင် ဘယ်လိုကာကွယ်ရမှာလည်း.......ကျွန်တော်ပြောချင်တာက ကျွန်တော်တို့သူငယ်ချင်းတို့က sex,ကိုအရမ်းရုးသွပ်လို့ အကာကွယ်မဲ့လိင်ဆက်ဆံမယ်ဆိုရင် ကူးနိုင်တယ် ဆရာဝန်တွေရဲ့အမှားကြောင့်သွေးသွင်းမိရာကနေကူးစက်နိုင်တယ် ပြီးတော့ တစ်ခါသုံးဆေးထိုးအပ်တွေ နဲ့အတူတူသုံးစွဲရာကနေကူးစက်နိုင်တယ် ဒါတွေကတော့ရာခိုင်နှုန်းအပြည့်ပေါ့.... တစ်ချို့တွေဆိုရင် မသိဘူး နေတယ်စားတယ်သွားတယ်လာတယ် အကြောင်းမျိုးမျိုးကြောင်စစ်ဆေးရာမှသိတယ် ကြောက်တယ်ရှက်တယ်အဆုံးစီရင်တယ် မှားတဲ့အတွေးခေါ်တွေပဲဗျ ရှိလာပြီဆိုကြပါဆို့ ကျွန်တော်တို့ဘယ်လျုဆက်ပြီးအသက်ရှင်မှာလည်း လောကကြီးမှာ ငါတစ်ယောက်ထဲလား ငါမှပဲ ကံတရားက မျက်နှာသာမပေးတာလား စိတ်ပျက်အားငယ် လာတယ် ခုချိန်မှာအဲ့လိုဖြစ်နေရင် လုံးဝရပ်တန့်လိုက်ပါဗျာ ကျွန်တော်တို့ ကုသလို့ရနေပါပြီ တာဆိးလို့ရနေပါပြီ.... ကျွန်တော်တို့ပတ်ဝန်းကျင်မှာ hiv ရောဂါက ဆေးပညာပရမ်းကျွမ်းကျင်ပါတယ်ဆိုတဲ့ဆရာဝန်တွေမှာလည်း ဖြစ်နေတယ် အင်ဂျင်နီယာတွေ ကျောင်းသားသူတွေ ကလေးလူကြီးအလွှာပေါင်းစုံပါပဲ တစ်ချို့ဆို အိမ်ထောင်ကပြေီးသားလူတွေ လူပျိုလူလွတ်တွေ စသည်ဖြသးင့်အများများကြီးပါ အရင်တုန်းက အခုလိုဆေးတွေမပေါ်သေးတာတောင် ဒီချိန်ထိအသက်ရှင်ရပ်တည်နေတဲ့ လေးဆယ်ကျော်ငါးဆယ်ကျော်လူတွေတောင် သန်သန်မာမာနဲ့သူတို့ဘာကြောင့်ရပ်တည်နေတာလည်း အခုဆိုဆေးဝါးတွေပေါ်လာပြီ ကျွန်တော်တို့သူငယ်ချင်းတို့အတွက်အဆိုးတဲ့ကဘုရားပေးတဲ့ဆုလဒ်ပဲ နိုင်ငံတစ်ကာမှာ သန်းနဲ့ချီပြီရှိကြတယ် သူတို့လည်းရှင်သန်နေကြတာပဲ ယခုချိန်ထိ ကျွန်တော်တို့လည်းဘာလိုမရှင်သန်နိုင်ရမှာလည်း ကျွန်တော်တို့တွေ ပတ်ဝန်းကျင်မှာမျက်နှာမပြနိုင်အောင် ရှက်နေရတော့မယ်ဆိုတဲ့အတွေးတွေဖျောက်ပျက်ဖို့အချိန်ကြလာပြီ ရဲရဲဝံဂံရင်ဆိုင်ကြမယ် ဖြေရှင်းမယ်နေထိုင်မယ် တစ်ချို့ဆိုဘာရောဂါမှမရှိဘူးနော် အကြောင်းအမျိုးမျိုးကြောင်လောကကြီးကအရင်ဆုံးစွန့်ခွာသွားကြတယ် ကျွန်တော်တို့ သူငယ်ချင်းတို့မှာရှိနေပြီဆိုလည်း ဘာပူစရာရှိလည်း ကျွန်တော်တို့လုပ်ချင်တဲ့အရာမှန်သမျှကို ကျွန်တော်တို့လုပ်နိုင်တယ် စားချင်တာကိုစားနိုင်တယ် လိုချင်တာကိုဝယ်နိုင်တယ် အဓိကစိတ်ဓာက်ပါပဲ ငါအသတ်ရှင်ရမယ် ကျမ္မာရေး ကောင်းကိုကောင်းရမယ်ဆိုတဲ့စိတ်ရှိရင် ရပြီ အဲ့စိတ်ရှိနေရုံနဲ့ hiv ဆိုတဲ့ ရောဂါက သူငယ်ချင်းတို့အတွက် နှာစေးချောင်းဆိုး ဖြစ်တာလောက်တောင်ကြောက်ဖို့မကောင်းဘူး ကျွန်တော်ပြောတကိုမယုံရင်နေကြည့်ပါ ဆေးဖိုးကုန်ကျစရိတ်လား ဘာမှမရှိပါဘူး အကုန်လုံးက အခမဲ့ပါ ဘယ်သူကတော့ကင်ဆာဖြစ်နေတယ် ပိုက်ဆံကဘယ်လောက်ကုန်နေပြီ မရဘူး သေမဲ့နေ့ကိုပဲစောင့်နေရတော့မယ် အဲ့လိုလူတွေက ပိုက်ဆံလည်းကုန်သေးတယ် ရောဂါလည်းအရမ်းခံစားရတယ် ပြီးတော့အသက်ရှင်လား သေတဲ့သူများပါတယ် ကိုယ့်မိသားစုညီကိုမောင်နှတွေစိတ်သောကရောက်ပြီစွနိ့ခွာသွားကြရတာ ကျွန်တော်တို့ဘယ်သူကို စိတ်ညစ်စေလည်း ကျွန်တော်တို့မိသားစုကို ဒုက္ခပေးမိလား မပေးမိဘူး နောက်လည်းဖြစ်မလာနိုင်ဘူး ဘာလို့လည်ဆိုတော့ကျွန်တော်တို့ရဲရဲဝံဝံရင်ဆိုင်နေလို့ လှပပျော်ရွှင်တဲ့မိသားစုကိုကျွန်တော်တို့ဖန်တီးနိုင်တယ် မိသားစု စီးပွားရေးပုံမှန်လုပ်ကိုင်လို့ရတယ် ပြီးတော့ကျွန်တော်ကျွန်တော်တို့ဝါသနာပါတဲ့အရာတွေအကုန်လုံးလုပ်ပိုင်ခွင့်အပြည့်အဝရှိတယ်....အဓိက ကတော့ ကျွန်တော်တို့ဘယ်သူကိုမှဒုက္ခကျွန်တော်တို့ကြောင့်မရောက်စေတာပဲ.. အဲ့လိုမဖြစ်ချင်ဘူးလား ဖြစ်ချင်ရင်တော့ ဆေးပုံမှန်သောက်ပါ မစားကိုပုံမှန်စားပါ အိပ်ရေးဝအောင်အိပ် အားရှိအောင်နေ ဘာမှာမဖြစ်ဘူး hiv က ကျွန်တော်တို့ ပုံမှန်ကျမ္မာရေးထက်နည်းနည်းဂရုစိုက်ရတာကလွဲရင် ကျန်တာဝkပဲ လူတိုင်းကျမ္မာရေးအလေးထားနေတာပဲ ကောင်းတဲ့သူရောမကောင်းတဲ့သူရော ကျွန်တော်တို့စနစ်တကျနဲ့ နေထိုင်မယ်ဆိုရင် ကိုယ်ခံအားတွေကောင်းလာမယ် ဝလာမယ် ကွမ္မာလာမယ် တခြားရောဂါနဲ့ယှဉ်ပြောရင် ဒီရောဂါက ပိုပြီလွယ်ကူတယ် အစားသောက်လည်းရှောင်စရာမလိုဘူး ဘော်ဒါအပေါင်းသင်းနဲ့လည်း ပါတီတတ်လို့ရတယ်သောက်လို့စားလို့ရတယ် ကျွန်တော်ပြောခဲ့သလိုလေးပဲနေ အချိန်တန်ရင် သူငယ်ချင်းတိုအနေနဲ့ အောင်လအောင်ဆန်းတောင်စိန်ခေါ်ပြီးထိုးနိုင်လိမ့်မယ်....မယုံမရှိပါနဲ့ဗျ
Card #
Prep or Hiv ကြိုတင်ကာကွယ်ဆေး
တနေ့တကြိမ်ပုံမှန်သောက်ပေးရုံနဲ့ hiv ရောဂါကူးစက်ခြင်းမှ ကြိုတင်ကာကွယ်နိုင်ပါတယ်
HIVဆိုတာ ကြောက်ဖို့လို့လား?
သွေးစစ်ရမှာမကြောက်ပါနဲ့
အခမဲ့စစ်ဆေးပေးတဲ့ ဆေးခန်းတွေရှိနေတာကို မိမိကိုယ်ကို စစ်ဆေးမကြည့်တာကမှာကြောက်ဖို့ကောင်းတာပါ မိမိရဲ့ကျန်းမာရေးကို ဂရုစိုက်စစ်ဆေးရမှာ မိမိ ကိုယ်တိုင်သာဖြစ်ပါတယ်ဗျ ၆လတကြိမ် ပုံမှန်သွေးစစ်ပေးဖို့လိုပါတယ် အခမဲ့စစ်ဆေးကုသပေးပါတယ်
09756688186
Click here to claim your Sponsored Listing.