လင်းလက် စိန်ရွှေရတနာဆိုင်

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from လင်းလက် စိန်ရွှေရတနာဆိုင်, Jewelry/Watches, U aye (1) Street, 16 ward, Hlaing.

24/05/2023

#ဗဟုသုတအနေဖြင့်ပါ

စိန်တွက်နည်း နှင့်ရွှေတွက်နည်း ...........................
#စိန်တွက်နည်း
(ရွှေတွက်နည်း ကို စိတ်ဝင်စားကြတဲ့ Friends တွေအတွက်စိန်တန်ဘိုး တွက်နည်းကို
ထပ်တင်ပေးလိုက်ပါတယ်။)
*စိန်ကို (ရတီ), (ဘီ) , (အပိုင်း) တို့နဲ့
ချိန်ပါတယ်။
စံချိန်ခွင်မှာ ချိန်တဲ့အခါ
_
ရတီ = R , ဘီ = B , အပိုင်း = --- လို့

ရေးပါတယ်။
# ၁ ရတီ = ၂၀ ဘီ
၁ ဘီ = ၈ ပိုင်း ပါ ။
(စိန်ကိုလဲရွှေတွက်သလိုဘဲတွက်လို့ရပါတယ်။)
#ဥပမာ
စိန် ၁ ရတီကို ၅၀၀၀၀၀ိ နှုန်းနဲ့
၂ ရတီ ။ ၄ ဘီ ။ ၄ ပိုင်း အတွက် ဘယ်လောက်ပေးရမလဲတွက်ကြည့်ရအောင်။
တစ်ခုချင်းစီ ခွဲတွက်ရင် ။
(1) ၂ ရတီဖိုး
= ၂ ရတီ × ၅၀၀၀၀၀ိ = ၁၀၀၀၀၀၀ိ
(2) ၄ ဘီဖိုး
= (၄ ဘီ ÷ ၂၀)
= ၀.၂ ရတီ × ၅၀၀၀၀၀ိ= ၁၀၀၀၀၀ိ
(၃) ၄ ပိုင်းဖိုး
= (၄÷၈)÷၂၀
= ၀.၀၂၅ ရတီ × ၅၀၀၀၀၀ိ = ၁၂၅၀၀ိ
1+2+3 = ၁၀၀၀၀၀၀ိ+၁၀၀၀၀၀ိ+၁၂၅၀၀ိ
= ၁၁၁၂၅၀၀ိ ရပါတယ်။
#စျေးကွက်ထဲမှာသုံးတဲ့တွက်နည်းက
အပိုင်းကို ၈ နဲ့ စားပြီး B နဲ့ ပေါင်း
B ကို ၂၀ နဲ့စား ပြီး ရတီ နဲ့ ပေါင်းရမှာပါ
၁ရတီ ကို B20
1B ကို 8 ပိုင်းပါ
*[ ( ၄ ÷ ၈ )+( ၄ ÷ ၂၀) + ၂ ]× ၅၀၀၀၀၀ိ
= ၁၁၁၂၅၀၀ိ ကပွှပါ။
Friends တို့လည်း စိတ်ဝင်စားရင် တွက်ကြည့်နိုင်ပါတယ်။
Credit to Ko saw lwin
#ရွှေတွက်နည်း
ဥပမာ
ရွှေစျေးတစ်ကျပ်သား = ၇၀၀၀၀၀ိ နှုန်းနဲ့
၁ ကျပ် - ၈ ပဲ - ၄ ရွေး ကို ဘယ်လောက်ပေးရမလဲသိချင်ရင် ။
[ (၄÷၈) + (၈÷၁၆) + ၁ ] × ၇၀၀၀၀၀ိ = ၁၀၇၁၈၇၅ ကပွှပါ။
[(ရွေး ÷ ၈)+(ပဲ ÷ ၁၆)+ ကျပ်]×ရွှေပေါက်စျေး
ဖြစ်ပါတယ်။
* ၁ိ မှာ ၁၆ ပဲ ။ ၁ပဲ မှာ ၈ရွေး
ရှိတာကြောင့် အားလုံးကိုကျပ်ဖွဲ့ပြီး တစ်ကျပ်သား ပေါက်စျေးနဲ့ မြှောက်လိုက်တာပါ။
#တစ်ခုချင်းစီတွက်ကြည့်ရအောင်
(၁) ၁ိ အတွက် = ၇၀၀၀၀၀
(၂) ၈ ပဲ အတွက်
(၈ ÷ ၁၆) × ၇၀၀၀၀၀ = ၃၅၀၀၀၀ ကျပ်
(၃) ၄ ရွေး အတွက်
(၄ ÷ ၈ ÷ ၁၆) × ၇၀၀၀၀၀ =၂၁၈၇၅ ကျပ်
(၁)+(၂)+(၃) =
၇၀၀၀၀၀+၃၅၀၀၀၀+၂၁၈၇၅ = ၁၀၇၁၈၇၅ ကျပ်။

#၈ ပဲ ၄ ရွေး အတွက်ပဲ သိချင်ရင်
(၄ ÷ ၈) + (၈ ÷ ၁၆) × ၇၀၀၀၀၀
= ၃၇၁၈၇၅ ကျပ်။
- - - - - - - - - - - - - - - - - - - - -
#ရွှေအရည်အလိုက်ပေါက်စျေးသိချင်ရင်
*၁၆ ပဲ ရွှေရည်စျေး = ၇၀၀၀၀၀ိ
*၁၅ ပဲ ရွှေရည်စျေး =
(၁၅÷၁၆)×၇၀၀၀၀၀ = ၆၅၆၂၅၀ိ
*၁၄ ပဲ ရွှေရည်စျေး =
(၁၄÷၁၆)×၇၀၀၀၀၀ = ၆၁၂၅၀၀ိ
*၁၃ ပဲ ရွှေရည်စျေး =
(၁၃÷၁၆)×၇၀၀၀၀၀ = ၅၆၈၇၅၀ိ
*၁၂ ပဲ ရွှေရည်စျေး =
(၁၂÷၁၆)×၇၀၀၀၀၀ = ၅၂၅၀၀၀ိ
ဂရမ်ချိန်ကျတော့ ၁၆.၆ နဲ့ စားပြီး ၁၆ နဲ့ ပြန်မြှောက်ရတယ် တစ်ကျပ်သားကို ၁၆.၆ gram
Gram ကို ၁၆.၆ နဲ့ စား
၁၆ နဲ့ မြှောက်ရင် ကျပ်သား ရပြီ။
ပဲပြန်ဖွဲ့ချင်ရင် အရှေ့က ကျပ်ကို နုတ်ပြီး ၁၆ နဲ့ မြှောက်
ရွေး ပြန် ဖွဲ့ ချင်ရင် ပဲကို နုတ်ပြီး ၈ နဲ့ မြှောက်ပါ။
ဥပမာ ၁၇.၂ gram ဆို ရင် ၁ကျပ် ၄ရွေး တခြမ်းပါ
- - - - - - - - - - - - - - - - - - - - -
ရွှေထည် အတွက် က တော့
၁ကျပ်သားရွေး ၁၂၀ရှိပါတယ်
၁ကျပ် ၈မူး
၁မူး ၂ပဲ
၁ပဲ ၇ရွေးတစ်ခြမ်းပါရှင်။
#ကမ္ဘာ့ရွှေစျေး + ဒေါ်လာပေါက်စျေးနဲ့ ယှဉ်ပြီး မြန်မာရွှေပေါက်စျေးကို မှန်းကြည့်ချင်ရင်
ဥပမာ
ကမ္ဘာ့ရွှေစျေး ၁အောင်စ= ၁၁၀၈ $
ဒေါ်လာပေါက်စျေး = ၁၂၈၃ိ စျေ့း
ဆိုပါစို့
မြန်မာ့ရွှေစျေး = ၁၁၀၈ ÷ ၁•၈၇၅ × ၁၂၈၃ိ
= ၇၅၈ ၁၆၇ + လမ်းစားရိတ် ၅၀၀၀ိ
= ၇၆၃ ၁၆၇ ကျပ် ရပါတယ်။
(12-9-15 နေ့ အတွက်
ဒေါ်လာစျေး = 1283 k
ကမ္ဘာ့ရွှေပေါက်စျေး = 1108.7 $
မြန်မာရွှေစျေး = 763400 k )
*ကမ္ဘာ့ ရွှေစျေး နဲ့ မြန်မာ့ရွှေစျေး က အမြဲတမ်း
တော့ ကွက်တိမဖြစ်တတ်ပေမယ့် အများကြီးတော့ ကွာဟ သွားလေ့မရှိပါ။
ကျေးဇူးတင်စွာဖြင့်
ဲcredit-ko saw lwin

စေတနာဖြင့် ပြန်လည်မျှဝေပေးသူ

03/05/2023

03 , 5 , 2023
(အကယ်ဒမီ မီးလင်း)

2992000 (Buy)
2997000 (Sell) ( 3:03 pm)

29/04/2023

လမ်း 30 ရောက်ရှိ
29 , Apr , 2023

#ယနေ့ရွှေစျေးနှုန်း
(အကယ်ဒမီ မီးလင်း)

2995000 (Buy)
3000000 (Sell) ( 12:28 pm)

ပြင်ပပေါက်စျေး

ကြားသိရသလောက်ပါ

-----------
2855 (Buy)
2870 (Sell)

သိသမျှတင်ပေးတာပါ

Photos from လင်းလက် စိန်ရွှေရတနာဆိုင်'s post 25/04/2023

18 k ဆွဲကြိုး အသစ်ရောက်တဲ့ design လေးတွေ

1 g -180000 စျေး

ပြန်ရောင်း- 10 %
အလဲ - 5%
#လင်းလက်စိန်ရွှေရတနာဆိုင်

Photos from လင်းလက် စိန်ရွှေရတနာဆိုင်'s post 25/04/2023

Pt ကြိုး

1g -180000 စျေး
ရွှေစျေးအတက်အကျပေါ်မူတည်ပီး စျေး အပြောင်းအလဲ ရှိပါသည်။ )

အရောင်း -10 %

အလဲ -5%

#လင်းလက်စိန်ရွှေရတနာဆိုင်

Photos from လင်းလက် စိန်ရွှေရတနာဆိုင်'s post 25/04/2023
Photos from လင်းလက် စိန်ရွှေရတနာဆိုင်'s post 25/04/2023

****NEW ARRIVAL *****
အသစ်ရောက်တဲ့ စိန်နားကပ် design ဆန်းလေးတွေ …


အာမခံ ဘောင်ချာပေးပါတယ်

💎အရောင်း -8%

💎အလဲ - 5 %
ဆိုင် မှာ ရှိတဲ့ pt gold ကြိုက်ဒါနဲ့ လဲ လို့ရပါတယ်နော် 🥰🥰

Photos from လင်းလက် စိန်ရွှေရတနာဆိုင်'s post 17/02/2023

တည်ကြည်ခန့်ညား 👨‍💼👨‍💼👨‍💼အမျိုးသားမျာအတွက်
ဝတ်လိုက်တိုင်း ပျိုမေတွေရဲ့ Attentionကို ရစေမယ့် တစ်ခုတည်းသောအရာ..💍🤵💎✨

ဝတ်လိုက်တိုင်း ဆွဲဆောင်မှုရှိပြီး အမြဲတမ်း
ထည်ဝါဆန်းသစ်တဲ့ Designsအလန်းတွေကိုမှ
လိုချင်တဲ့ ကွီးတို့အတွက် 🤵လင်းလက်ရဲ့
"ကျားဝတ်လက်စွပ်"အကိတ်‌ကြီးတွေကို အလင်းပြပေးလိုက်ပါပြီနော်။💍✨💎

အလျော့တွက် လက်ခ မပါ

ပြန်ရောင်းရင်လဲ 1 သိန်း ကိုမှ ငါးထောင်ဘဲ ရှုံးမှာမို့

အရမ်းဝတ်ပျော်နေပီး နော် 😊😊😊

ရွှေစျေး အတက်အကျရှိဒါမို့ စျေးနူန်းလေးတွေ ကို

messenger က မေးမြန်းနိူင်ပါတယ်နော်

#လင်းလက်စိန်ရွှေရတနာဆိုင်

12/01/2023

12 , Jan , 2023

#ယနေ့ရွှေစျေးနှုန်း
(အကယ်ဒမီ မီးလင်း)

2820000 (Buy)
2825000 (Sell) ( 2:56 pm)

ပြင်ပပေါက်စျေး

ကြားသိရသလောက်ပါ

#ဒေါ်လာ ပြင်ပပေါက်ဈေး
-----------
2860 (Buy)
2880 (Sell)

သိသမျှတင်ပေးတာပါ

03/01/2023

03 , Jan , 2023

#ယနေ့ရွှေစျေးနှုန်း
(အကယ်ဒမီ မီးလင်း)

2722000 (Buy)
2727000 (Sell) ( 12:14 pm)

ပြင်ပပေါက်စျေး

ကြားသိရသလောက်ပါ

#ဒေါ်လာ ပြင်ပပေါက်ဈေး
-----------
2830 (Buy)
2850 (Sell)

သိသမျှတင်ပေးတာပါ

Photos from လင်းလက် စိန်ရွှေရတနာဆိုင်'s post 03/01/2023

Edited ပေါက်သွားပါပီး
Ans- 742
📣ကဲကဲ မင်မင် က နှစ်သစ်အတွက်

မဲဖောက်ပေးမလို့ ☺️

နောက်ဆုံးဂဏန်း 3 လုံး မှန် ရင်✅

🎉ph bill 3000 ယူပါ(or)
K pay ဖြည့်လဲရ✅

အကယ်၍ အဖြေမှန်ရှေ့နောက်ထပ်နေခဲ့လျှင် ပထမမန့်သူသည် သာ အတည် ယူပါ မယ်🥰

pgae ကို Like (see first ) လေးလုပ်ထားနော် မကြာမကြာ မဲလေးတွေဖောက်ပေးမှာမို့လေ ✨

02/01/2023

02 , Jan , 2023

#ယနေ့ရွှေစျေးနှုန်း

(အကယ်ဒမီ မီးလင်း)

2708000 (Buy)
2713000 (Sell) ( 2:00 pm)

ပြင်ပပေါက်စျေး

ကြားသိရသလောက်ပါ

# ဒေါ်လာ ပြင်ပပေါက်ဈေး
-----------
2830 (Buy)
2850 (Sell)

Photos from လင်းလက် စိန်ရွှေရတနာဆိုင်'s post 02/01/2023

ဖြူစင်တဲ့ အလှတွေနဲ့ လှပတင့်တယ်နေတဲ့

လင်းလက် white gold ဆွဲကြိုးလေးတွေ…..

အရောင်း - 10%

အလဲ - 5%

Photos from လင်းလက် စိန်ရွှေရတနာဆိုင်'s post 11/12/2022

ဒီနေ့ ပြီးတဲ့ အပ်ထည်လေးပါ ….

အရမ်းကြိုက်တယ်ဆိုလို့ ကျေးဇူးပါနော် 🥰🥰🥰

ယုံကြည်စွာနဲ့ အထည်လေးတွေ လုပ်ခိုင်းတဲ့ ချစ်မ လဲ

ဒီထက်မက စိန်ရွှေရတနာများစွာ ပိုင်ဆိုင်နိူင်ပါစေ……..🙏🏻🙏🏻🙏🏻

#လင်းလက်စိန်ရွှေရတနာဆိုင်

☎️09421737302

11/12/2022

11 , Dec , 2022

#ယနေ့ရွှေစျေးနှုန်း
(အကယ်ဒမီ မီးလင်း)

2660000 (Buy)
2665000 (Sell) ( 2:34 pm)

ပြင်ပပေါက်စျေး

ကြားသိရသလောက်ပါ

#ဒေါ်လာ ပြင်ပပေါက်ဈေး
-----------
2810 (Buy)
2830 (Sell)

သိသမျှတင်ပေးတာပါ

Photos from လင်းလက် စိန်ရွှေရတနာဆိုင်'s post 23/11/2022

အရမ်းလှတဲ့ စိန်လက်ကောက်လေး

Photos from လင်းလက် စိန်ရွှေရတနာဆိုင်'s post 30/10/2022

🌅မြိုင်မြိုင်ဆိုင်ဆိုင်🎇🎇လတန်ဆောင်တိုင်မှာ

အလှဆုံးလေး🫅🤴👸ဖြစ်နေဖို့ရာ အရမ်းလန်းတဲ့

လင်းလက်မှ pt ကြိုးလေးတစ်ကုံးလောက်တော့ လို

ဒါပေါ့ ……..🥰🥰🥰နော်

ငွေလိုလို့ ပြန်ရောင်း ပြန်လဲ ချင်ယင်လဲ ဆိုင်ဖွင့်ချိန် အတွင်း ဘယ်အချိန်မဆို အလဲအထပ် လုပ်ပေးပါတယ်နော်

အရောင်းက 10%
အလဲ 5%

ဆိုတော့ အရမ်းဝတ်ပျော်နေပါပီး 🥰🥰🥰🥰

#လင်းလက်စိန်ရွှေရတနာဆိုင်

☎️09251179542

အမှတ် (64)၊စျေးရုံသစ်အပြင်တန်း ၊ (2) ရပ်ကွက်စျေး၊မြောက်ဥက္ကလာမြို့နယ်

20/10/2022

#နိုင်ငံခြားကလာတဲ့ရွှေငွေပလက်တီနမ်တို့ကိုဝယ်တဲ့အခါ
အထည်ရဲ့ အတွင်းဘက်မှာ
24K , 22K , 21K,18K , . . .
916 , 925, 750, . . .စ သည် ဖြင့် အမှတ်အသားလေးတွေရေးထားတတ်တယ်
အဲဒါတွေက ဘာကိုပြောတာလဲ ဆိုတာကို
မသိသေးတဲ့သူတွေအတွက်မျှဝေပေးချင်ပါတယ်။

အဲဒါတွေကို
အင်္ဂလိပ်လို Hallmarks လို့ ခေါ်ပါတယ်။
သတ္တုတွေရဲ့ သန့်စင်မှူ ပမာဏ ကို ဖေါ်ပြနိုင်ဖို့ သတ်မှတ်ထားတာပါ။

(ကျွန်တော်တို့ဆီမှာ
၁၄ပဲ ရွှေရည် ။၁၅ပဲ ရွှေရည် ဆိုပြီး ရွှေအရည်အသွေးကို သတ်မှတ်သလိုပါဘဲ။)

*24K , 22K , 21K , 18K , . . . အကြောင်းကို အရင် ပြောပြချင်ပါတယ်။

K ဆိုတာ ကာရက်(Karat) ပါ ။

24 parts ကို အခြေခံပြီးသတ်မှတ်တယ်။

24K ဆိုရင် ရွှေစင် 100 % ပါဝင်တဲ့ ရွှေကို ဆိုလိုပါတယ်။

23K = 95.8 %
22K = 91.6 %
21K = 87.5 %
20K = 83.3 %
18K = 75 %
15K = 62.5 % , 14K= 58.3 %
10K = 41.6 % , 9K = 37.5 %
ရွှေစင် ပါဝင်တယ်လို့ ဆိုလိုတာပါ။

#ရွှေတန်ဘိုးဘယ်လိုတွက်မလဲ။

#ရေးထားတဲ့ရွှေရည်ကို24နဲ့စားပြီးစျေးနှူန်းနဲ့မြှောက်လိုက်ရုံပါဘဲ ။

#ဥပမာ
ဗမာရွှေစျေးတစ်ကျပ်သားကို ၇၀၀၀၀၀ိ ကျပ်ဆိုရင်

24K = ၇၀၀၀၀၀ိ
22K = 22÷24×(၇၀၀၀၀၀ိ)= ၆၄၁၆၆၆
21K = 21÷24×(၇၀၀၀၀၀ိ)= ၆၁၂၅၀၀ိ
18K = 18÷24×(၇၀၀၀၀၀ိ)= ၅၂၅၀၀၀ိ
14K = 14÷24×(၇၀၀၀၀၀ိ)= ၄၀၈၃၃၃ိ
နှုန်း ရပါတယ်။

ကျန်တဲ့ရွှေရည်တွေကိုလဲအဲဒီနည်းအတိုင်းဘဲတွက်ပါ။

ကျပ်သားစျေးနဲ့ မဟုတ်ပဲ
အောင်စ/ဂရမ် စျေးနှူန်း ဆိုရင်လဲ တွက်လို့ရပါတယ်။

*ဥပမာ
ရွှေ တစ်ဂရမ် ကို ၄၀၀၀၀ိ နှူန်း ဆိုရင်

24K တစ်ဂရမ် = ၄၀၀၀၀ိ
18K တစ်ဂရမ် = 18÷24×(၄၀၀၀၀ိ)=၃၀၀၀၀ိ နှုန်းရပါတယ် ။

အလေးချိန် ၅ ဂရမ် ရှိတဲ့ 18K လက်စွပ်တစ်ကွင်းဖိုး ဆိုရင်တော့
၅ × ၃၀၀၀၀ = ၁၅၀၀၀၀ိ ပေါ့ ။

#ဗမာရွှေရည်နဲ့နှိူင်းယှဉ်မယ်ဆိုရင်. . .

24K = ၁၆ ပဲ ရွှေ ရည်
21K = ၁၄ ပဲ ရွှေရည်
18K = ၁၂ ပဲ ရွှေရည် ကွက်တိ တူညီပြီး

23K = ၁၅ ပဲ ၃ ရွေး ရွှေရည်ခန့်
22K = ၁၄ ပဲ ၅ ရွေး ရွှေရည်ခန့်
20K = ၁၃ ပဲ ၃ ရွေး ရွှေရည်ခန့်
14K = ၉ ပဲ ၃ ရွေး ရွှေရည်ခန့် နဲ့တူညီပါတယ်။

ိုရွှေအရည်အသွေးကိုဖေါ်ပြဖို့အတွက်အဓိကသုံးတယ်။
*အထည်ရဲ့အတွင်းဘက်မှာ K မပါဘဲ 24,22,21,18, . . .လို့ဘဲ ရိုက်လေ့ရှိတယ်။

*ရွှေအတွက် သင်္ကေတက သရဖူပုံပါ။
*ပလက်တီနမ် ။ငွေ နဲ့
အခြားသတ္တုတွေအတွက်တော့ 925,916,750 စသည်ဖြင့် ဖေါ်ပြလေ့ရှိပါတယ်။

(နောက်တပုဒ် မှာ
999,925,916,750, . . .အကြောင်းတွေကို ထပ်ရေးပါဦးမယ်။
တစ်ပုဒ်ထဲမှာ ရေးရင် အရမ်းရှည်သွားလို့
နှစ်ပိုင်း ခွဲလိုက်တာပါ။)

ရွှေအကြောင်းကို စိတ်ဝင်စားတဲ့ Friends တွေ ဗဟုသုတ တိုးပွားနိုင်ကြပါစေ။

Crd to uploader

Photos from လင်းလက် စိန်ရွှေရတနာဆိုင်'s post 13/10/2022

#လင်းလက်စိန်ရွှေရတနာဆိုင်

အရမ်းရောင်းရတဲ့ pt ကြိုးလေးတွေ

အရောင်း 10%

အလဲ 5 %

ဆိုတော့ အရမ်းတန်နေပီးနော်

Kpay (%) ပေးစရာ မလိုဘဲ နဲ့ ဝယ်ယူနိူင်ပါတယ်

☎️09421737302

11/10/2022

အရမ်းလှတဲ့ PT white ကြိုးလေးနဲ့ 9 သိန်းဝန်းကျင် စိန်ဆွဲသီးလေး

ပလက်တီနန်း အရောင်း 10% အလဲ 5%

#လင်းလက်စိန်ရွှေရတနာဆိုင်

Photos from လင်းလက် စိန်ရွှေရတနာဆိုင်'s post 25/09/2022

ဟိုနေ့က နိုင်ငံခြားအထည် ဆိုပြီး လာပြတယ်
ရွှေက လက်ပေါ်တင်ထားရင် ဝင်းဝါနေပြီး ၁၄ ပဲရည်လောက်ထင်ရ အထည်လက်ရာက ၁၄-၁၅ ပဲရည် လုပ်လို့မရတဲ့ ကျစ်ကျစ်လစ်လစ်design လှလှ

စိန်လဲပါတယ် စိန်လေးတွေဆို စွန်ငုတ်က တောင့်တင်းပြီး သေသပ်နေတာပဲ မင်္သကာလို့ မှတ်တိုက်လိုက်တာ ထင်တဲ့အတိုင်းပဲ
အထည်ပေါ်မှာတော့ 10K လား 18Kလား ရေးထားတယ် တအားသေးသေးလေး

တကယ်တော့ 18K GP ပါ ဗဟုသုတရအောင် ဖတ်ကြည့်ပါနော်

18k ဆိုတိုင်း ရွှေထင်ပြီးဝယ်မိရင် မှားပါလိမ့်မယ်နော်..ဒါကြောင့် မင်မင် သိထားသလိုဘဲ18kGP / 18kGF နဲ့ 18k Au750 အကြောင်းကို ချစ်မိတ်ဆွေ တို့ လည်းသိရအောင် မျှဝေပေးလိုက်ပါတယ်။
မူရင်း ရေးသားသူကို credit ပေးပါတယ် 🙏
------------------------------------

“ 18k Gold GP” နှင့်“ 18k Gold GF” သည်အမှန်တကယ်ရွှေအစစ်လား ❗

GP နဲ့ GF အကြောင်း မပြောခင်မှာ 18K Gold အကြောင်း အရင်ပြောဖို့လိုပါတယ်။

AU750 သို့မဟုတ် 18Karat Gold ဆိုတာ ရွှေ 75 ရာခိုင်နှုန်း နဲ့ ငွေ သို့မဟုတ် ကြေးနီ သို့မဟုတ် ကြေးဝါ Alloy 25 ရာခိုင်နှုန်း ကို အချိုးကျ ရောစပ်ထားပြီး ရွှေထည် လက်ဝတ်ရတနာပြုလုပ်ရာတွင် နိုင်ငံတကာ စံနှုန်းအဖြစ် အသုံးပြုကြသည့် စပ်ရွှေအရည်အသွေးကို ခေါ်ဆိုပါသည်။
ယခင်ကတော့
⭐ရွှေစင် 75%ကို
🔷 ငွေ သိုမဟုတ် Palladium 25%နဲ့ စပ်ရင် 18K White Gold ရွှေဖြူ၊
🔷 ကြေးနီ 25%နဲ့စပ်ရင် 18K Pink Gold ပန်းရောင်ရွှေ၊ 🔷 ကြေးဝါ25%နဲ့စပ်ရင် 18K Yellow Gold ရွှေဝါ အဖြစ်
အရောင်အမျိုးမျိုး ရရှိ‌အောင် စပ်ကြပါတယ်။

မြန်မာရွှေရည်နဲ့ဆို 24K သည် ၁၆ပဲရည် အခေါက်ရွှေဖြစ်ပြီး 18K သည် ၁၂ပဲရည် ‌ရွှေထည် ဖြစ်သည်။

=================

⭕ယခု ဆက်လက်ရှင်းပြမှာကတော့ ခုတလော Online မှာဈေးသက်သာလို့ အရောင်းအဝယ် တအားဖြစ်နေကြတဲ့ 18K GF (Gold Filled) နှင့် 18K GP (Gold Plated) တို့ အကြောင်းပါ။⭕

သူတို့၏ အမည်များကို 18KGF 18KGP ဟူ၍ 18k Solid Gold (၁၂ပဲရည်ရွှေထည်)နှင့် ဆင်တူစွာ ခေါ်ဝေါ်သော်ထားပေမယ့် 18KGP နဲ့ 18KGF ကို ရွှေအစစ်လား လို့ မေးလာပါက လိုတိုရှင်း ဖြေရမည်ဆိုလျှင် ရွှေအစစ် မဟုတ် "No" လို့သာဖြေရမှာ ဖြစ်ပါတယ်။ 18K GF နဲ့ 18K GP အထည်တွေမှာ ဝယ်သူများ၏ အထင်ကို 18K Solid Gold ရွှေထည်အစစ် နှင့် ရောထွေးမှားယွင်းစေမယ့် စကားလုံး တံဆိပ်များ ပါ၀င်ပါတယ်။ အမြင်အရလည်း ရွှေထည် လက်ဝတ်ရတနာတွေနဲ့ တစ်ပုံစံတည်း တူပါတယ်။ ဒါပေမယ့် GF (ရွှေဖြည့်) Gold Filled ကို လည်ကောင်း GP (ရွှေရောင်တင်) Gold Plated ကိုလည်းကောင်း ရွှေထည်လက်ဝတ်ရတနာအဖြစ် မှတ်ယူ၍ မရပါ။

📝 အမေရိကန်၏ 《US Electronic Code of Federal Regulations Part 23 - Guides for the Jewelry, Precious Metals, and Pewter Industries》ဖက်ဒရယ်စည်းမျဉ်းဥပဒေအက်ဥပဒေ ၂၃ - လက်ဝတ်ရတနာများ၊ အဖိုးတန်သတ္တုများနှင့်စက်ရုံများအတွက်လမ်းညွှန်များ - အရ

"GF ရွှေဖြည့်ပစ္စည်း၏ ..gold အလွှာသည်ပစ္စည်း၏စုစုပေါင်းအလေးချိန်၏အနည်းဆုံး ၅% ပါဝင်ရမည်။ " ဟု ပြဌန်းထားပါသည်။

ထို့ကြောင့်ရွှေဖြည့် (GF) ထုတ်ကုန်များတွင်ရွှေပါ၀င်မှုသည် ၅% အထိရှိပြီး ထို့ထက် လျော့နည်းမှုရှိသော ရွှေဖြင့် အရောင်တင် ပြုလုပ်ထားသော (GP) ထုတ်ကုန်များအတွက်မူ ၀.၂၅% မှ ၁ ရာခိုင်နှုန်းသာ ရွှေပါဝင်ပါသည်။ ဥပမာဆိုရသော် ပန်းသီးဖျော်ရည်ပါ ၀င်မှု၏ ၅ ရာခိုင်နှုန်းသာ ပါဝင်သည့် ဖျော်ရည်တစ်ခွက်ကို Apple Juice ဟု သတ်မှတ်၍ မရသကဲ့သို့ ဖြစ်ပါသည်။

ဒါဆိုရင် 18k Gold GP နှင့် 18K Gold GF တို့က ဘာတွေဖြစ်မလဲ။

GP သည် gold-plating ကိုအသုံးပြုခြင်းဖြင့်အခြားသတ္တုအမျိုးအစားများကိုအလွန်ပါးလွှာသောအပေါ်ယံလွှာဖြင့် electroplating နည်း ဖြင့်ဖုံးအုပ်ခြင်းကိုရည်ညွှန်းသည်။ GF သည် Base Metal ဟုခေါ်သော ကြေး ငွေ Alloy အခံသထ္ထုတစ်မျိုးပေါ်တွင် ရွှေလွာ ပါးပါး ဖြည့်ထားသော အရာဖြစ်ပြီး၎င်းသည် စက်မှုနည်းစနစ်ဖြင့် အခြားသတ္တုနှင့်ကပ်ထားသောပါးလွှာသော ရွှေအလွှာပါရှိသည်။

ယနေ့ခေတ်တွင် GP နှင့် GF လက်ဝတ်ရတနာများကိုစျေးနှုန်းနိမ့်သောကြောင့်ကျယ်ကျယ်ပြန့်ပြန့်ရောင်းချနိုင်ပြီး၎င်းတို့၏စျေးကြီးသော 18K Gold လက်ဝတ်ရတနာများနှင့် တူညီသည်ဟု ထင်မှတ်လာကြသည်။

GP, GF နှင့် Gold ရွှေထည်လက်ဝတ်ရတနာများအကြား ခြားနားချက်က ဘာလဲ⁉️

⭐ကြာရှည်ခံမှု Durability -
18K Gold ရွှေထည်လက်ဝတ်ရတနာများသည်အမြဲတမ်းကြာရှည်ခံနိုင်ပြီး ရန်ဖန်ရန်ခါ သန့်ရှင်းရေးပြုလုပ်လျင် အသစ်စက်စက်အဖြစ် ပြန်လည် တောက်ပလာသည်။ GP နှင့် GF ထုတ်ကုန်များအတွက်၊ ခြစ်ရာထင်ခြင်း နှင့် ပုံမှန်၀တ်ဆင်ခြင်း‌‌ကြောင့် ပြုန်းတီးခြင်း ၎င်း၏မျက်နှာပြင်ကိုထာဝရ ပျက်စီးစေနိုင်သည်။ အချိန်ကြာလာသောအခါ အောက်ခံသတ္တုသည်ရွှေအလွှာသို့ပျံ့နှံ့သွားပြီးအရောင်တဖြည်းဖြည်းမှေးမှိန်သွားပြီးနောက်ဆုံးတွင် မျက်နှာပြင်ကို မှေးမှိန်သွားစေသည်။

⭐တန်ဖိုး Value -
18K ရွှေထည်လက် ၀တ်ရတနာတန်ဖိုးသည် ရွှေတန်ဖိုးနှင့်အတူ ကျန်ရှိနေပြီး GP နှင့် GF ထုတ်ကုန်များသည် ရွှေတန်ဖိုးနှင့် မသက်ဆိုင်ပါ။

⭐ဒီဇိုင်းပြန်လည်ပြင်ဆင်ခြင်း / ပြန်လည်ပြုပြင်ခြင်း Redesign/remodel -
ရွှေထည်အတွက်ရွှေနှင့်ကျောက်မျက်ရတနာများကို ပြန်လည်အသုံးပြု၍ အသစ်တစ်ခုပြုလုပ်ရန်အတွက် ရွှေနှင့်ကျောက်မျက်ရတနာများကိုပြန်လည် အသုံးပြု၍ ရပြီး GP နှင့် GF ထုတ်ကုန်များကို ပြန်လည်အသုံမပြုနိုင်ပါ။

⭐ ဓါတ်မတည့်ခြင်း Allergy -
အချိုသောသူများသည် GP နှင့် GF ထုတ်ကုန်များနှင့် ဓာတ်မတည့်ခြင်းများဖြစ်လေ့ရှိပြီး၎င်းတို့သည်အရေပြားယားယံခြင်း၊ နီခြင်း၊ အဖုအပိန့်ထွက်ခြင်းများဖြစ်ပေါ်နိုင်သည်။ 14k Gold သို့မဟုတ် 18k Gold နှင့် ဓာတ်မတည့်ခြင်းသည်အလွန်ရှားပါသည်။

📝အချုပ်အားဖြင့် ဆိုသော်

🔷 18K သို့မဟုတ် AU750 Gold သည် ၁၈ကာရက် ရွှေထည် (၁၂ပဲရည်) ရွှေပါဝင်မှု 75% အခြားသထ္ထု 25%

🔷 18K GF ၁၈ကာရက် ရွှေဖြည့်ထည် (ရွှေအုပ်ထည်) ရွှေပါဝင်မှု 5% အခြားသထ္ထု 95%

🔷 18K GP ၁၈ကာရက် ရွှေရောင်တင်ထည် (ရွှေရည်စိမ်ထည်) ရွှေပါဝင်မှု 0.5% to1% အခြားသထ္ထု 99%

ဟူ၍ အကြမ်း မှတ်သားနိုင်ပါသည်။

Credit to the original photo and information
Source from internet.

Photos from လင်းလက် စိန်ရွှေရတနာဆိုင်'s post 20/09/2022

"တန်ဖိုးထားစရာ နဝရတ်ကိုးဖြာရတနာ"

"နဝရတ်" ဆိုသည်မှာ Navaratnas (နဝရတန) ဟူသော Sanskrit (သက္ကတ) ဘာသာစကားမှ ဆင်းသက်လာခြင်း ဖြစ်ပါသည်။ Nine (ကိုး)ဟု အဓိပ္ပာယ်ရသော Nava နှင့် Gems(ရတနာ)ဟု အဓိပ္ပာယ်ရသော Ratna ကို ပေါင်းစပ်ဖွင့်ဆိုထားခြင်းပဲ ဖြစ်ပါသည်။

ဝေဒပညာအရ စကြဝဠာ၏ ဂြိုလ်ကိုးလုံးကို ကိုယ်စားပြု၍ ရတနာကိုးပါးအဖြစ် ရွေးချယ်သတ်မှတ်ထားကြသည်။
(၁) နေကို ကိုယ်စားပြုသော "ပတ္တမြား" ရတနာ
(၂) လကို ကိုယ်စားပြုသော "ပုလဲ" ရတနာ
(၃) မာကျူရီဂြိုလ်ကို ကိုယ်စားပြုသော "မြ"ရတနာ
(၄) မားစ်ဂြိုလ်ကို ကိုယ်စားပြုသော "သန္တာ" ရတနာ
(၅) ဂျူပီတာ ဂြိလ်ကို ကိုယ်စားပြုသော "ဂေါ်မိတ်" ရတနာ
(၆) ဗီးနပ်စ်ဂြိုလ်ကို ကိုယ်စားပြုသော "စိန်" ရတနာ
(၇) စေတန်ဂြိုလ်ကို ကိုယ်စားပြုသော "နီလာ" ရတနာ
(၈) ရာဟုဂြိုလ်ကို ကိုယ်စားပြုသော "ဥဿဖရား" ရတနာ
(၉) Keta (ကိတ)ဂြိုလ်ကို ကိုယ်စားပြုသော "ကြောင် ကျောက်"ရတနာ

လူတစ်ဦး၏ ဘဝတွင် ဂြိုလ်ကိုးလုံး၏ လွှမ်းမိုးမှုများ ရှိနိုင်သည်ဟု ယုံကြည်သက်ဝင်ကြသည့်အတွက် ဟန်ချက်ညီမျှသော ကံ၏ ကောင်းသော အထောက်အပံ့များ သက်ရောက်စေရန် နဝရတ်ကိုးသွယ် ရတနာများကို ဆောင်ယောင်ဝတ်ဆင်ကြလေ့ ရှိပါသည်။

နဝရတ်ကိုးပါး ရတနာများ၏ ဂုဏ်ဒြပ်များမှာ
ပတ္တမြား- သက်ရှည်ကျန်းမာခြင်း၊ အောင်မြင်ခြင်း။
စိန်- ချမ်းသာကြွယ်ဝခြင်း။
ပုလဲ- ငြိမ်းချမ်းခြင်း၊ စိတ်ကူးဉာဏ်ရင့်သန်ခြင်း၊ တည်ကြည်ခြင်း။
သန္တာ - ယုံကြည်မှု ပြင်းထန်ခြင်း၊ သတ္တိရှိခြင်း၊ လှပနုပျိုခြင်း။
ဥဿဖယား- မူးယစ်စေတတ်သော အရာများ မသက်ရောက်စေခြင်း၊ အချုပ်အနှောင်တို့မှ ကင်းလွတ်ခြင်း။
နီလာ- အန္တရာယ်တို့မှ အကာအကွယ်ပေးခြင်း။
ကြောင် ကျောက်- ပုံရိပ်ဆိုး၊ ဂုဏ်သတင်းဆိုးများ မသက်ရောက်စေခြင်း။
ဂေါ်မိတ်- ကံကောင်းစေခြင်း။
မြ- ဉာဏ်ရည် ထက်မြတ်စေခြင်း။

နဝရတ်ကိုးသွယ်ကို လက်ဝတ်ရတနာအဖြစ် အမျိုးမျိုး ဆင်ယင်ကြသော်လည်း အများဆုံးမှာ လက်စွပ်အဖြစ် ဝတ်ဆင်ခြင်း ဖြစ်သည်။ နဝရတ်ကိုးသွယ် လက်စွပ်ကို ဖန်တီးရာတွင် ရတနာ၏ အကျိုးစွမ်းအားများ သက်ရောက်စေရန် အလင်္ကာများဖြင့် ဖွဲ့နွဲ့ သိဒ္ဓိတင်၍ စနစ်တကျ စီရင်ပြုလုပ်ကြသည်ဟု ရှေးပန်းထိမ်ဆရာကြီးများက မှတ်ချက်ပြုခဲ့ကြပါသည်။

ပန်းထိမ်ဆရာသည် မိမိတို့ ယုံကြည်မှီငြမ်းရာ ကျမ်းအဆိုများအတိုင်း လိုက်နာ၍ မြောက်အရပ်ကို မျက်နှာမူပြီး ပတ္တမြားကို အလယ်ဗဟိုတွင်ထားကာ ကျန်ကျောက်မျက်များ၏ အထားအသို၊အစီအမံကို နာရီလက်တံအစဉ်အတိုင်း ထည့်သွင်းထုဆစ်ရသည်ဟု မှတ်သားရပါသည်။

နဝရတ်ကိုးသွယ်လက်စွပ်တွင် ထည့်သွင်းမည့် ကျောက်မျက်များမှာ တတ်နိုင်သမျှ ပွန်းပဲ့ရာမရှိ၊ အက်ရာမရှိ၊ အသွေးအရောင် ကြည်လင်၍ စင်းလုံးချော ဖြစ်နေအောင် ရွေးချယ်‌လေ့ရှိကြပါသည်။

ဝတ်ဆင်သူမှာ အမျိုးသမီးဖြစ်ပါက ဘယ်ဘက်လက်တွင် ဝတ်ရပြီး အမျိုးသားဖြစ်ပါက ညာဘက်တွင် ဝတ်ဆင်ပါလျှင် ပို၍ အကျိုးသက်ရောက်သည်ဟုလည်း ယုံကြည်ကြပါသည်။

မည်သို့ပင်ဖြစ်စေကာမူ နဝရတ်ကိုးသွယ်ဖြင့် ဖန်တီး‌ထားသော လက်ဝတ်ရတနာများသည် သမိုင်းအစဉ်အဆက် တန်ဖိုးထား၍ အမြတ်တနိုးဝတ်ဆင်ကြသော ရတနာအဖြစ် မှတ်ကျောက်တင်နေမည်သာ ဖြစ်သည်။

#နဝရတ်ကိုးပါး #နဝရတ်ကိုးပါးလက်စွပ်

Photos from လင်းလက် စိန်ရွှေရတနာဆိုင်'s post 19/09/2022

💚ကျောက်စိမ်းအကြောင်း သိကောင်းစရာ💚
===============================.. ​ကျောက်စိမ်းကို ​ရှာ​ဖွေ​တွေ့ရှိနိုင်​​သော ​ဒေသ ❓
ကျောက်စိမ်း ဟာ ကမ္ဘာပေါ် မှာ ၃ နေရာ ပဲ တွေ့ရပါတယ် ။
.. အမေရိကန် နိုင်ငံ က
တက္ကဆက်စ် ပြည်နယ် ၊
တရုတ် က ကွမ်ကျိုးပြည်နယ် ရယ် နဲ့
ကျွန်တော် တို့ မြန်မာ နိုင်ငံ က ကချင်ပြည်နယ် တို့မှာပါပဲ
(ကွမ်ကျိုး ဟာ မှားနေရင် ပြင်ပေးကြပါ)
မှတ်ချက် ။ ။ ခန္ဒီး ဒေသ အပါအဝင်။
ဒီ ၃ နေရာ မှာ ပဲ တူးဖော် တွေ့ရှိနိုင်ပါတယ် ။
.. ယနေ့ထိ ၊ ဒီ၃ နေရာ က လွဲ လို့
တခြား ဘယ်နေရာ မှာ မှ မတွေ့ရသေးပါဘူး ။
.. ဒီ၃နေရာ ထဲ မှာ မှ ၊
ကမ္ဘာ့အကောင်းဆုံး ကျောက်စိမ်း ကို
မြန်မာ နိုင်ငံ မှာပဲ တူးဖော် ရရှိနိုင်ပါတယ် ။
.. ဆိုလိုချင်တာ က
ကျန် ၂ နေရာ က ထွက်တဲ့ ကျောက်စိမ်းဟာ မဖြစ်စလောက် အနည်းအကျဉ်းသာ ဖြစ်ပြီး ၊ အရည်အသွေး ကြ တော့ လည်း မြန်မာနိုင်ငံ ကို မမှီပါဘူး ။
.. ဒါကြောင့်မို့လည်း
မြန်မာ့ကျောက်စိမ်း ဟာ ကမ္ဘာမှာ နာမည် ကျော်ကြား နေရတာပါ ။
.. ကျောက်စိမ်း ကို
ဘယ်နေရာ တွေ မှာ သုံးသလဲ ဆိုရင်….
ပုတီး၊လက်ကောက် ၊ဆွဲပြား ၊ ဘုရားဆင်းတု ၊ ပန်းပု ထုခြင်း ၊ ကျောက်စိမ်းပန်းချီ စသည်ဖြင့် သုံးခဲ့ကြပါတယ်။

Crd _ Jade

Page link :
https://www.facebook.com/PhyuPhyuAung24200/

Fb link : https://www.facebook.com/profile.php?id=100080956151412

Photos from လင်းလက် စိန်ရွှေရတနာဆိုင်'s post 19/09/2022

Sapphire 💎💎💎
နီလာအကြောင်း သိကောင်းစရာ

နီလာဆိုတာ စက်တင်ဘာလဖွားတို့ရဲ့ အဆောင်ကျောက်ဖြစ်သလို ကျောက်မျက်လောကအကြောင်း ပြောမယ်ဆိုရင် နီလာနှင့် ခလုပ်တိုက်ရမည်မှာ သေချာသောကိစ္စ ဖြစ်ပါသည်။ နီလာသည် ကျောက်စိမ်း၊ ပုလဲ၊ ပတ္တမြား၊ စိန်တို့ကဲ့သို့ပင် ရတနာလောကမှာ ထင်ရှားသော ကျောက်မျက်တစ်ခု ဖြစ်သည်။ နီလာသည် အထူးမိတ်ဆက်ပေးရန် မလိုသော ကျောက် ဖြစ်သည်။

၁) နီလာသည် ပတ္တမြားနှင့် မျိုးရင်းတူ ကိုရမ်ဒမ် တွင်းထွက်ဖြစ်ပြီး ဓာတုဖွဲ့စည်းပုံအရ အလူမီနီယမ် အောက်ဆိုက် ဖြစ်သည်။ နီလာအား အပြာရောင်ကို ဖြစ်ပေါ်စေသော ဒြပ်စင်မှာ တိုက်တေနီယမ်နှင့် အိုင်ယွန်းအောက်ဆိုက် ဖြစ်သည်။ ပတ္တမြားကို အနီရောင် ဖြစ်ပေါ်စေသော ဒြပ်စင်မှာမူ ခရိုမီယမ်ဒြပ်စင် ဖြစ်သည်။

၂) ပတ္တမြားသည် အနီရောင်အမျိုးမျိုးရှိပြီး အနီရောင်မှလွဲ၍ ကျန်အရောင်များ ရှိသော ကိုရမ်ဒမ်ကို နီလာဟု ခေါ်သည်။ နီလာတွင်ပါ၀င်သော သံဓာတ်အမျိုးအစားကို လိုက်ပြီး အရောင်မျိုးစုံ ဖြစ်ပေါ်လာသည်။ ထို့ကြောင့် နီလာသည် အရောင်စုံရှိသော ကျောက်ဖြစ်ပါသည်။ သို့သော Sapphire ဟူသော စကားမှာ အပြာဟု အဓိပ္ပာယ်ရပြီး ဂရိဘာသာစကားမှ ဆင်းသက်လာသည်ဟု ဆိုသည်။ မူရင်းမှာ သင်္ကရိုက်ဘာသာမှ ဆင်းသက်လာဟန် ရှိသည်ဟု ဆိုကြပြန်သည်။

၃) နီလာ၏ သိပ်သည်းဆသည် (၄) ဖြစ်ပြီး မိုးစကေးအရ မာဆင့် (၉) ဖြစ်သည်။ သက်ဆိုင်ရာ အခြားသော တွင်းထွက်များလိုပင် အောင်း၀င်များသည် ထွက်ရှိရာဒေသပေါ် မူတည်ပြီး မတူညီကြပေ။ မြန်မာနိုင်ငံတွင် နီလာများကို ကျောက်ပြာသာဒ်၊ ကျပ်ပြင်၊ ကသဲ၊ ဘားနတ်၊ လေသာ၊ ပန်ရှိုးမိုးမိတ်လွင်ပြင်၊ မိုးဟောက်ဒေသတို့တွင် တွေ့ရသည်။ နီလာသည် မြန်မာနိုင်ငံ အပါအ၀င် သီရိလင်္ကာ၊ ကက်ရှမီးယား၊ သြစတြေးလျ၊ အမေရိကန်ပြည်ထောင်စုနှင့် ထိုင်းနိုင်ငံတို့ တွင်လည်း ထွက်ရှိသည်ဟု သိရသည်။

18/09/2022

18k အကြောင်း တစေ့ တစောင်း

18k ဆိုတာရွှေသတ္တုစပ်တစ်မျိုးကိုပြောတာပါရှင့်

18k လို့ ပြောလိုက်တာနဲ့
ဟယ်...ရွှေမဟုတ်ဘူးပေါ့ 😳
စမီးက ရွှေထင်လို့ ဆိုတဲ့ အသဲလေးတို့ အတွက်
18k ဆိုတာ ရွှေအစစ် ပါနော်
မြန်မာလိုဆို ၁၃ပဲရည်နဲ့ ညီပါတယ်ရှင့်
18 နောက်က K ကတော့ Karat (ကာရတ်) ကို ဆိုလိုခြင်းဖြစ်ပါတယ်။
တစ်ချို့ပစ္စည်းတွေမှာ 750 လို့ တွေ့ရပြီး... တစ်ချို့မှာတော့ 18 K လို့ တွေရပါတယ်... အတူတူပါပဲနော်..

18k မှာ
1.White Gold
2.Rose Gold
3.Gold ဆိုပြီး (၃)မျိုးလာပါတယ်

1.White Gold
(ရွှေ ၇၅%...နီကယ် ၁၇.၃%...ကြေးနီ ၂.၂%..ဇင့် ၅.၅%)

2.Rose Gold
(ရွှေ ၇၅% ကြေးနီ ၂၅%)

3.Gold
(ရွှေ ၇၅% ကြေးဝါ ၂၅%)

ရွှေစျေး လိုပဲ အတက်အကျ ရှိပြီး အရောင်းအဝယ် , အလဲ အထပ် လုပ်ပေးပါတယ်
Crd to original uploader

Photos from လင်းလက် စိန်ရွှေရတနာဆိုင်'s post 18/09/2022

ပတ္တမြားအကြောင်း

ပတ္တမြား(Ruby)သည် တွင်းထွက်ကျောက် တစ်မျိုးဖြစ်သည်။ ပတ္တမြား၏အရောင်သည် အများအားဖြင့် သွေးကဲ့သို့သော အနီရောင် ဖြစ်သည်။ တွင်းထွက်ကျောက်ထဲတွင် အရည်အသွေးကောင်းပါက တန်ဘိုးကြီး လေသည်။ မြန်မာနိုင်ငံတွင် မိုးကုတ်ဒေ သမှ အများဆုံး ထွက်ရှိသည်။ ထို့ကြောင့် မိုးကုတ်ဒေသကို ပတ္တမြားမြေ ဟုလည်း တင်စားခေါ်ဝေါ်ကြသည်။

ပြဒါးဓါတ်များ ကိန်းအောင်းရာမှ ဖြစ်လာ သည်ဟု ရှေးကအယူရှိသောကြောင့် ပြဒါးများ ဟု ခေါ်ရာမှနေပြီး နောင်တွင် ပတ္တမြားဟု အမည်တွင်လာသည်ဟု ပြောဆိုကြသည်။ (အကယ်၍ သံနှင့် တိုက်တေနီယံ ဒြပ်စင်သာ အစားထိုးပါ၀င် သွားပါက အပြာရောင် နီလာအဖြစ်ရောက်ရှိသွားမည်ဖြစ်သည်။)

ဓာတုဗေဒဖွဲ့စည်းမှု ဓာတုဗေဒအရ ပတ္တမြားနှင့် နီလာသည် အလူမီနီယံအက် တမ် ၃ခုနှင့် အောက်စီဂျင်အက်တမ်၂ခု တို့ဖြင့် ဖွဲ့စည်းထားသည့်ကိုရမ်ဒမ်(Al2O3) ဒြပ်ပေါင်းသာဖြစ်သည်။ ထိုဒြပ်ပေါင်းအတွင်းသို့ ခရိုမီယံဒြပ်စင် အနည်းငယ်ပါ၀င်သောကြောင့် အနီရောင် အဖြစ် အရောင်ရှိနေရခြင်း ဖြစ်သည်။ ပုံဆောင်စနစ်မှာ တြိဂုဏ်စနစ်ဖြစ်ပြီး ရောင်လက်အားဖြင့် ဖန်ရောင်လက်ဖြစ် သည်။ မာဆင့်မှာ ၉ ရှိပြီး သဘာ၀တွင်းထွ က်များအနက် စိန်ပြီးလျှင် အမာဆုံးတွင်း ထွက်ဖြစ်ပါသည်။

ပတ္တမြား အရည်အသွေးများမှာ

(၁)လည်သီးရည် ကြက်ဖလည်ပင်းမှထွက်သော သွေးအေ ရာင်၊ အနီရောင်အပြည့်ရှိသည့် ပတ္တမြား ကျောက်ကို ခေါ်ခြင်းဖြစ်သည်။

(၂)ငရှဥ့်သွေးရည် ငရှဥ့်သွေးကဲ့သို့ အနီရောင်ရှိသည့် ပတ္တမြားကျောက်ကို ခေါ်ခြင်းဖြစ်သည်။

(၃)ခိုသွေးရည် ပတ္တမြားကျောက် အနီရောင်တွင် အပြာရည်စွက်သော အရောင်ကို ခေါ်ခြင်းဖြစ်သည်။

(၄)ယုန်သွေးရည် ပတ္တမြားကျောက် အနီရောင်တွင် အဝါရည်စွက်သော အရောင်ကို ခေါ်ခြင်းဖြစ်သည်။

(၅)သပြေသီးရည် ပတ္တမြားကျောက် အနီတွင် အပြာ၊ အညို ရောယှက်နေသည့် သပြေသီးမှည့် အရောင်ကို ခေါ်ခြင်းဖြစ် သည်။

(၆)ဘုံဘိုင်ညွန့်ရည် နှင်းဆီပန်းအရောင်ရင့်၏ စိုပြေသော နီနီရဲရဲ အရောင်မျိုးးကို ခေါ်ခြင်းဖြစ်သည်။

(၇)ဘုံဘိုင်ရည် လူငယ်၏အသွေးအရောင်ကဲ့သို့ အနီရောင် သက်သက်မျိုးကို ခေါ်ခြင်းဖြစ်သည်။

(၈)ကျောက်တိမ်းရည်
အနီတွင် အပြာရည်လွန်သော အရောင်မျိုး ကို ခေါ်ခြင်းဖြစ်သည်။

(၉)အရည်ကျ
အနီရောင် ဖျော့သောအရောင်မျိုးကို ခေါ်ခြင်းဖြစ်သည်။

(၁၀)ပန်းရည်
နှင်းဆီပန်းရောင်ကဲ့သို့ အရောင်မျိုးကို ခေါ်ခြင်းဖြစ်သည်။

(၁၁)ကြက်သည်းရောင်အရည် ညိုပုပ်ပုပ်နှင့် မည်းသယောင်ယောင်နီေ သာ အနီပုပ်ရောင်မျိုးကိုခေါ်ခြင်းဖြစ်သည်။
(၁၂)ကြက်သွန်ဥခွံအရည် အနီရောင်ဖျော့လျှက် ဖြူသယောင် အရော င်မျိုးကို ခေါ်ခြင်းဖြစ်သည်။

(၁၃)ထုံးခြောက်ရည်
နီသော်လည်း ဖြူပြီး ခြောက်တောက် တောက် ဖြစ်နေသော အရောင်မျိုးကို ခေါ်ခြင်းဖြစ်သည်။

(၁၄)ကတ္တီပါရည်
ကတ္တီပါအပြာစ ကဲ့သို့ အပြာရောင်ရှိသော နီလာကျောက်ကို ခေါ်ခြင်းဖြစ်သည်။

အထက်ပါအခေါ်အဝေါ်အားလုံးသည် နီလာတွင်သာ ခေါ်ခြင်းဖြစ်သည်။

Photos from လင်းလက် စိန်ရွှေရတနာဆိုင်'s post 18/09/2022

စိန်အကြောင်း သိကောင်းစရာ 💎
-----------------------------------------------
ခုခေတ်မှာ... စိန်ထည်က မရှိမဖြစ်အဆင်တန်ဆာလို ဖြစ်လာတာကြောင့်... အမျိုးသမီးအများစုက စိန်ကို အမြတ်တနိုးဝတ်ဆင်လာကြပါပြီ... 💎💎💎

ဒါကြောင့် ဝယ်ယူဝတ်ဆင်တဲ့အခါမှာ
Quality မမီတဲ့ ပစ္စည်းအမျိုးစားတွေကို‌
စျေးအရမ်းပေးပြီး မဝယ်မိဖို့... စိန်အကြောင်းကို အကြမ်းဖျင်းသိထားရအောင်မင်မင်တင်ပေးလိုက်ပါတယ်ရှင့်❣️💎💎💎

စိန်ကို အရပ်အခေါ်
- All white
- Off white
- Next to White
- ဖြူသန့် ဆိုပြီး ခေါ်နေကြတယ်...

ဒါတွေက တိကျတဲ့အခေါ်အဝေါ်တွေလား
ဒီအခေါ်အဝေါ်တွေနဲ့ စိန်စျေးကို စျေးကွက်ထဲမှာ ခန့်မှန်းတွင်ချက်လို့ ရနိုင်ရဲ့လား...
စိန်မှာ အရောင်တွေ ဘယ်နှမျိုးရှိလဲ...
သူများတွေပြောနေတဲ့ ဖြူသန့်ဆိုတာ ဘယ်လို စိန်မျိုးကိုမှ ခေါ်တာလဲ...
စိန်ဈေးနှုန်းကို 4 Cs ဟုခေါ်သော အချက်၄ချက်ဖြင့်သတ်မှတ်ပါသည်။

4 Cs
*****
1. Carat Weight -စိန်၏အလေးချိန်
2. Color -စ်ိန်၏အရောင်အသွေး
3. Clarity -စိန်၏သန့်စင်မှု
4. Cut -စိန်၏သွေးကွက်

1. Carat Weight
****************
နိုင်ငံတကာတွင် Carat ချိန်ကို ရတနာများ၏အလေးချိန်ကိုဖော်ပြရာတွင် သုံးကြပါသည်။
မြန်မာနိုင်ငံတွင်မူ ရတီချိန်ကိုသာသုံးကြပါသည်။
Carat နှင့် ရတီ ဆက်သွယ်ချက်
1 Carat = 1.1 ရတီ
ထို့ကြောင့် ကာရက်ကို ရတီဖွဲ့လိုလျှင် 1.1 ဖြင့် မြှောက်ရပါမည်။
စိန်၏ အလေးချိန်ပေါ်မူတည်၍ တစ်ရတီစျေး ကွာခြားပါသည်။
ဥပမာ ။ ။
- တစ်ရတီတွင် စိန်အပွင့် 40 ပါရှိသော 40 စီးတစ်ရတီ သည် 5 သိန်း ဝန်းကျင်ခန့် ပေးရချိန်တွင်
- 1 ရတီတွင် စိန်တစ်ပွင့် တည်းသာပါသော စိန်တစ်ရတီသည် သိန်း 50 ခန့် ပေးရပါသည်။

2. Color
********
စိန်၏အရောင်ကို D မှ Z အထိ အာက်ပါအတိုင်းအဆင့်ခွဲထားပါသည်။
D, E, F, G, H, I, J, K, L, M, N,…………Z
D, E, F =Colorless
G, H, I= Near Colourless
K, L, M = Faint Yellow
N, O, P, Q, R =Very Ligh Yellow
S, T, U, V, W, X = Very Very Light Yellow
ဟု ခွဲခြ ားနိုင်ပါသည်။
D, E, F, H မှာ တန်ဖိုးမြင့်မားသဖြင့် မြန်မာနိုင်အတွင်းတွင် သုံးစွဲသူနည်းပါးပါသည်။

3. Clarity
***********
စိန်၏သန့်စင်မှုကိုအောက်ပါအဆင့်များဖြင့် သတ်မှတ်ပါသည်။
FL = Flawless
IF = Internally Flawless
VVS1 =. Very Very Small Inclusion 1
VVS2 =. Very Very Small Inclusion 2
VS1 =Very Small Inclusion 1
VS2. =Very Small Inclusion 2
SI1. = Small Inclusion 1
SI2 = Small Inclusion 2
SI3 = Small Inclusion 3
I 1 = Inclusion 1
I 2 = Inclusion 2
I 3 = Inclusion 3
FL နှင့် IF တို့သည် 10 ဆချဲ့ မှန်ဘီလူးဖြင့်ကြည့်ပါကလုံး၀အနာအဆာမရှိသကဲ့သို့ ဖြစ်ပါသည်။
VVS 1 , VVS2 အထိသည်လည်း သန့်စင်မှု မြင့်မားသ်ာဟု သတ်မှတ်နိုင်ပါသည်။
ထိုမှ ဖော်ပြထားသော အဆင့်အလိုက် ... သန့်စင်မှုအားနည်းလာပြီး အနာပါဝင်မှုပိုမိုများလာပါသည်။

4. Cut
*******
စိန်တစ်ပွင့်၏ လင်းလက်မှုအလှတရားသည် စိန်၏သွေးကွက်ပုံပေါ်တွင် များစွာ မူတည်ပါသည်။ စိန်တစ်ပွင့်လျှင်အကွက် 57-58 ကွက်ရှိပါသည်။ ရှေးစိန်များအရွယ်ကြီးပြီး သွေးကွက်မလှပသဖြင့်တန်ဖိုးနည်းသကဲ့သို့ လူကြိုက်နည်းပြီး ယနေ့ခတ်စျေးကွက်တွင် အလွန်ရောင်းရခက်ပါသည်။

Credit
မူရင်းvd,ပိုင်ရှင်အားလေးစားစွာcrdပေးပါတယ်ရှင့်

18/09/2022

#ရွှေတွက်နည်း🌹🌹
ဥပမာ
ရွှေစျေးတစ်ကျပ်သား= 22သိန်း
1ကျပ်-8ပဲ-4ရွေးကိုဘယ်လောက်ပေးရမလဲသိချင်ရင်။
[(4÷8)+(8÷16)+1]×22သိန်း=ရွှေစျေး[(ရွေး÷8)+(ပဲ÷16)+ကျပ်]×ရေှေပေါက်စျေးဖြစ်ပါတယ်။
*1°မှာ16ပဲ။1ပဲမှာ8ရွေးရှိတာကြောင့်အားလုံးကိုကျပ်ဖွဲ့ပြီးတစ်ကျပ်သားပေါက်စျေးနဲ့မြှောက်လိုက်တာပါ။
#တစ်ခုချင်းစီတွက်ကြည့်ရအောင်
(1)1°အတွက်=22သိန်း
(2)8ပဲအတွက်(8÷16)×22သိန်း=ရွှေစျေး
(3)4ရွေးအတွက်(4÷8÷16)×22သိန်း=ရွှေစျေး
(1)+(2)+(3)=ရွှေစျေး
#8ပဲ4ရွေးအတွက်ပဲသိချင်ရင်
(4÷8)+(8÷16)×22သိန်း=ရွှေစျေး..............................

#ရွှေအရည်အလိုက်ပေါက်စျေးသိချင်ရင်
*16ပဲရွှေရည်စျေး=ကာလပေါက်စျေး
*15ပဲရွှေရည်စျေး=(15÷16)×ကာလပေါက်စျေး=ရွှေစျေး
*14ပဲရွှေရည်စျေး=(14÷16)×ကာလပေါက်စျေး=ရွှေစျေး
*13ပဲရွှေရည်စျေး=(13÷16)×ကာလပေါက်စျေး=ရွှေစျေး
*12ပဲရွှေရည်စျေး=(12÷16)×ကာလပေါက်စျေး=ရွှေစျေး

17/09/2022

ဒီနေ့ အတက်အကျ ကြမ်းနေတဲ့ ရွှေဈေးကို ဘယ်သူ

သတ်မှတ်ဒါလဲ .........................????

မြန်မာနိူင်ငံမှာ ရွှေဈေးကို ၁ ကျပ်သား အခေါက်ဈေးနူန်းနဲ့ပြောကြတယ်။ မီးလင်းနဲ့အခေါက်ရွှေ အခေါ်ကွဲတာ အတူတူပဲ။ ရွှေဈေးကို အကယ်ဒမီတံဆိပ်ရွှေပေါ်မှာ စံထား ဈေးသတ်မှတ်တယ်။ရွှေဈေးလို့ပြောဒါနဲ့ အကယ်ဒမီဈေးပြောတယိဆိုဒါ ရွှေလောကက လူတွေ အကုန်အော်တိုသိပီးသား...

ရွှေဈေးကို ဘယ်သူသတ်မှတ်တာလဲ.. ရွှေဈေးကို အကယ်ဒမီရွှေဆိုင်ကလည်း သတ်မှတ်တာမဟုတ်ဘူး။ ဘယ်ရွှေဆိုင်၊ ဘယ်သူကမှ သတ်မှတ်ပေးတာမဟုတ်ဘူး။ရွှေဈေးကို ရွှေအသင်းမှာ ရောင်းမယ့်သူ ဝယ်မယ့်သူ ပွဲစားတွေ တွေ့ဆုံပီး ကမ္ဘာ့ရွှေဈေး ဒေါ်လာဈေးနဲ့ တွက် ရောင်းလိုအား ဝယ်လိုအားပေါ်မူတညိပီး ဈေးဖွင့်ကြတယ်
အရောင်းအဝယ် စဖြစ်သွားတဲ့ဈေးကို အဲ့နေ့ ရွှေဈေးအဖြစ် စသတ်မှတ်တယ်။

ကမ္ဘာ့ရွှေဈေး ဒေါ်လာဈေးအပြောင်းအလဲ ဝယ်လိုအားရောင်းလိုအားပေါ်မူတည် ဈေးတိုးရောင်း ဈေးလျော့ရောင်းကြရင်း ဈေးအတက်အကျဖြစ်တယ်။ အကြမ်းဖျင်းအားဖြင့် ရန်ကုန်ရွှေဈေး ကို မနက် ၁၁နာရီလောက်ဆိုစဖွင့်တယ်။ ခုနောက်ပိုင်းကတော့ ၁၂ ကျော်မှဖွင့်တော့တယ်။ ရွှေဆိုင်တွေ မနက်ခင်းဖွင့်ကြတဲ့ဈေးတွေက မနေ့က ပိတ်ဈေး၊ မနက်ခင်းကမ္ဘာ့ရွှေဈေးပေါ်မူတည် တွက်ပီးအကြမ်းဖွင့်ရောင်းဝယ်ကြတယ်။

ကမ္ဘာရွှေဈေးနူန်းကို တစ်အောင်စဈေးနဲ့ပြောတယ် ။ကမ္ဘာရွှေဈေးနဲ့ ဒေါ်လာဈေးနဲ့မြှောက်=၁.၈၇၅ နဲ့ စားလိုက်ရင် အကြမ်းမြန်မာ့ရွှေဈေး မီးလင်း၁ကျပ်သားဈေးရတယ်။
(ပြည်တွင်း ရောင်းလိုအား ဝယ်လိုအားပေါ်မူတည်ပြီး အတိုးအလျော့ ရှိပါတယ်)

ဥပမာ- ဒီနေ့ ကမ္ဘာရွှေ ၁ အောင်စဈေးက 1695 ဒေါ်လာဈေးက 3600 ဆို နိူင်ငံခြားငွေနှစ်ခုမြှောက် 1.875နဲ့စား=3254400 ကျပ် မီးလင်း ၁၆ ပဲရည် တစ်ကျပ်သားဈေးရပါတယ်။(ဈေးကွက် ရောင်းလိုအား ဝယ်လိုအားပေါ်မူတည်ပီး အနည်းအများပြောင်းပါတယ်)

1.875 နဲ့ ဘာလို့စားရသလဲ ဆိုတော့ ရွှေတစ်အောင်စမှာ 1.875 ကျပ်သားရှိလို့ပါ

crd to original writer

လင်းလက် စိန်ရွှေရတနာဆိုင် 11/09/2022

လိုချင်တယ် အဲ့လို 🥺 🥀.

လင်းလက် စိန်ရွှေရတနာဆိုင်

လင်းလက် စိန်ရွှေရတနာဆိုင် 08/09/2022

အလှအပကြိုက်တာဟာ သဘာဝဘဲပေါ့ကွယ် 🙂 🤭

လင်းလက် စိန်ရွှေရတနာဆိုင်

လင်းလက် စိန်ရွှေရတနာဆိုင် 08/09/2022

အရမ်းကြီးမတောင်းဆိုပါဘူး 🥺 🥺 😔

လင်းလက် စိန်ရွှေရတနာဆိုင်

လင်းလက် စိန်ရွှေရတနာဆိုင် 08/09/2022

တစ်ယောက်တည်းဖစ်နေပါစေ အပြုံးမပျက်ပဲ ရှေ့ဆက်လျောက်ရမှာပဲ ငါ ဘေးမှာ ဘယ်သူမှ တွဲကူမယ့်သူမရှိလို့ပဲ ☺️

လင်းလက် စိန်ရွှေရတနာဆိုင်

Want your business to be the top-listed Jewelery/watch Store in Hlaing?
Click here to claim your Sponsored Listing.

Videos (show all)

Category

Telephone

Website

Address

U Aye (1) Street, 16 Ward
Hlaing
11051

Other Jewelry/Watches in Hlaing (show all)
Snowy SG Snowy SG
Hlaing

Welcome from Snowy .

Thin zar  online shop Thin zar online shop
Hlaing, 68585

DeMi God 925 Silver DeMi God 925 Silver
Hlaing

Warmly Welcome 🤝

Pink & Kent Jewelry Pink & Kent Jewelry
Hlaing

Creation the beauty of jewelry with art which comes from heart

Wally Wally
Dhamma Yone Street, Royal Maung Bamar Residence
Hlaing

We sell 100% Authentic products.

Zawtika Diamond & Gold Collection Zawtika Diamond & Gold Collection
No. 45, Hlaing Bu Tar Yone Street (Near Baho Road)
Hlaing

မြင်သူတိုင်း ဘဝင်ကျ ရွှေမှာဆို ဇောတိက

Ingin Store Ingin Store
Hlaing
Hlaing, 14122

Good second-hand luxury shop, Yangon, Myanmar

ရွှေစင်မို့မို့ Gold & Jewellery ရွှေစင်မို့မို့ Gold & Jewellery
Dhamma Thukha Kyaung Street
Hlaing, 11052

We sell gem stones, crystals, jewelleries and other gem products especially originated from Mogok, M