Kizz kizz

Please Fllow

25/12/2023

ဒီပုံရိုက်တဲ့ carmen ကတော့
အခုဆေးရုံမှာပါ

30/10/2023

မင်းက
တစ်ခါတစ်လေကျတော့
သိပ်ချစ်ဖို့ကောင်းတယ်

စကားချိုချိုလေးတွေ
ပြောနေရတာ ပျော်စရာ
အပြုံးချိုချိူလေးတွေ
တွေ့နေရတာ ကြည်နူးစရာ..

မင်းအနားနေရတာ
ဘာကိုမှ
ဂရုစိုက်မလိုတော့သလို
ပြည့်စုံနေတာမျိူးလေ

တစ်ခါတစ်လေကျတော့
မင်းက
သိပ်မုန်းဖို့ကောင်းတယ်

ငါကို
အကြာကြီးပစ်ထားတယ်
မျှော်နေမှန်း သိသိရက်နဲ့
ပေါ်မလာပဲနေတက်တယ်

ပြီးတော့...
စိတ်ပူပါတယ်ဆိုတဲ့စကားတွေ
ပြောနေရက်နဲ့မှ
စိတ်ပူစရာတွေချည်း ထပ်ထပ်လုပ်တယ်

ငါ့မှာ
မင်းကို ချစ်ရတယ် ပြီးတော့ မုန်းရတယ်
လွမ်းရတယ် နွမ်းရတယ်
တကယ်ပင်ပန်းရတယ်။

#ကျေးကို

30/10/2023

ဆက်မလာတဲ့ဖုန်းကို
မျှော်နေရင်း
အိပ်သွားတဲ့ ညတွေဟာ
ဒီနေ့တစ်ရက်တည်းမှ မဟု​ေတာ့တာဆိုတဲ့
အတွေးတွေး
ကျနေတဲ့ မျက်ရည်တွေကို
စိတ်နာနာနဲ့ သုတ်ပါတယ်..

ပို့ထားတဲ့ Massageတွေကို
မဖက်တာကလည်း
သူအကျင့်ပဲဆိုတာ
လက်ခံလာတက်ပီမို့
seen မဖြစ်တဲ့စာတွေကို
ရင်နာနာနဲ့ ပြန်ဖျက်တက်လာတယ်

ခုချိန်ထိတော့
သူချန်ထားတဲ့ နေရာမှာ
ရပ်နေသေးတယ်

သူ ပစ်ထားတဲ့နေရာမှာ
ငိုနေသေးတယ်

တချိန်ချိန်ကျတော့
ပြန်မလာတဲ့သူကို
မျှော်ရတာ မောသွားရင်
အသိတရားတွေတော့ရှိလာမှာပါ။

ျေးကို

26/10/2023

ကျတော် စိတ်တွေပျက်တက်လာပြီထင်တယ်။

လူတစ်ယောက်ကို
ချစ်နေရင်းက
အတွေးတွေဟာ
ဆန်ကျင်ဖက်တွေ
ဖြစ်ဖြစ်နေတယ်။

ပုံမှန်ဆို
သူကိုချစ်တယ်
အမြဲတမ်းချစ်နေမယ်
ဒီလောက်ပဲ တွေးဖြစ်ခဲ့တာ

ဒါပေမဲ့
ဒီရက်တွေမှာ
ပျော်မနေဘူး...
ချစ်နေရင်းကနေ ပင်ပန်းလာသလိုပဲ

မဖြစ်ပါဘူးဆိုတဲ အတွေးတွေ
ခဏခဏဝင်လာသလို

ဒိထက်ပိုချစ်လာမိရင်
ဒီထက်ပိုနာကျင်ရမဲ့ လမ်းဆုံးကို
ကြ်ုပီးမြင်နေရသလိုပဲ

ကျွန်တော်...
စိတ်တွေပျက်တတ်လာပြီထင်တယ်။

ျေးကို

26/10/2023

မင်းမမှားပါဘူး ငါအချစ်လွန်သွား

25/10/2023

ခေါ်လည်းမခေါ် ဖြစ်တော့သလို
မမျှော်လည်းမ မျှော်ဖြစ်တော့ဘူး
မင်းကိုလည်း အားနာလာလို့
ပြီးတော့ ငါလည်းတကယ်ပင်ပန်းလာပြီမို့
.Ta Din ga

25/10/2023

မင်းရဲ့အချစ်ဦးလည်း မဟုခဲ့သလို
အချစ်ဆုံးလည်း မဖြစ်ခဲ့ပါဘူး
ဒါပင်မဲ့ ကိုယ်မင်းကို ဘယ်လောက်ထိ
ယုံကြည့်ခဲ့လဲဆိုရင်
ဝေးသွားခဲ့တာတောင် ကံကြမ္မာကိုအပြစ်ဆိုခဲ့တာ

25/10/2023

ကြယ်တွေ မကြွေတော့ဘူး နိုရာ
ပြီးတော့ ကိုလည်း မငိုတော့ဘူး
မင်းလည်း ပြန်မလာတော့ဘူး
မဟုတ်လား.....။

V Cnimes

Want your public figure to be the top-listed Public Figure in Hlaing?
Click here to claim your Sponsored Listing.

Category

Website

Address

Hlaing

Other Writers in Hlaing (show all)
Batman688 Myanmar Batman688 Myanmar
Hlaing

Batman688 ဂိမ်း(၂၄)နာရီ ယုံကြည် စိတ်ချစွာ ကစားနိုင်ပါသည်။ Viber / Telegram ☎💬 09756600718

Together. Feelings Together. Feelings
Rose
Hlaing

feeling sad

Composer - Hlaing Win owntune creator Composer - Hlaing Win owntune creator
Hlaing

LITERATURE AND MUSIC