HL Real Estate

အိမ်ခြံမြေအကျိုးဆောင် 🏢🏫 🏠 🏡
လိုင်စင် အမှတ် 10785

Photos from HL Real Estate 's post 25/04/2024

အပြင်မှာ ဘာတွေဖြစ်ခဲ့ပြီး စိတ်ပင်ပန်းပါစေ ကိုယ့်အိမ်လေးထဲ ဝင်လာတာနဲ့ စိတ်ချမ်းသာဖို့အရေးကြီးတယ်။🔥သိန်း၉၅၀ ညှိူနိူင်း

🔥နေရာ : သင်္ဃန်းကျွန်း လေးထောင့်ကန်ရပ်ကွက် ရိပ်သာလမ်း လေးထောင့်ကန်လမ်းမအနီး ဘဝမြင့်မှတ်တိုင်နား
🔥အကျယ် : ၁၂’ပေခွဲ ပေ၅၀’ ၆ထပ်တိုက်ရဲ့တတိယထပ် ဘေးတိုက်မရှိ
🔥လေဝင်လေထွက်ကောင်း
🔥ဆေးမီး အသစ်အခန်းတခန်းပါ သံပနိးပတ်လည် ဘိုထိုင်မ

🤙09783777793 အကျိုးဆောင်
#အိမ်လေးအားကြည့်လိုပါကတစ်ရက်ကြိုချိန်းပေးပါ

♥️မင်္ဂလာရှိသောအခန်းလေးအားပိုင်ဆိုင်နိုင်ကြပါစေ♥️

24/04/2024

မီးပျက်သွားလည်း အဲကွန်းကို
နာရီ၀က် ဆက်သုံးလို့ရနိုင်မယ့်နည်း.... See more

24/04/2024

အရမ်းတန် ကြိုပွိုင့် တစ်ခန်း ကျန် 🔥🤙🤙
ဦးဘဟန်လမ်းသွယ် သမိုင်း မရမ်းကုန်း မုဒိတာကွန်ဒို ဘေးချင်းကပ်လမ်း Hall Building
ပထမထပ် 580 သိန်း
ကျယ် 13 x 40
ကျန်အခန်း sold out ပါ။
hello 👉09783777793

24/04/2024

ကြိုပွိုင့်ရမယ်နော်' အမြန်လာမှရမယ်🔥🔥
ဦးဘဟန်လမ်းသွယ် သမိုင်း မရမ်းကုန်း မုဒိတာကွန်ဒို ဘေးချင်းကပ်လမ်း Hall Building
အခန်းကျယ် : 15ပေ x40 ပေ
ပထမထပ် သိန်း650
ဒုတိယထပ် သိန်း600
တတိယထပ် သိန်း550
🤙09783777793

24/04/2024

အရမ်းတန်တဲ့ တိုက်ခန်းကျယ် ကြိုပွိုင့် လိုချင်သူများ ဆက်သွယ်လို့ရတယ်"
🔥🔥အကျယ် 18 ပေ x 55 ပေ
🔥🔥လိပ်စာ အမှတ် ၅၂၁၊ ကန်သာယာလမ်း ၊ (ဂ)ရပ် ကွက်၊ သာကေတမြို့နယ်"
09783777793
09799933368

Photos from HL Real Estate 's post 22/04/2024

သိန်း ၃၀၀၀ (ညှိနှိုင်း) mini condo.
အကျယ် : 1030 sqft
အလွှာ : 2nd floor (ဒုတိယထပ်)
🔥master bathroom ( 1 )ခန်း
🔥single bathroom ( 1 )ခန်း
🔥Living Room
🔥Kitchen,Dinning Room
🔥မရမ်းကုန်း
🔥ကမ္ဘာအေးလမ်းမအနီး
🔥ဂမုန်းပွင့်shoppingmallအနီး
🔥ဘေးတိုက်အကွယ်မရှိ
🔥လမ်းကျယ် လမ်းသန့်တဲ့ပတ်ဝန်းကျင်
🔥 VIPဆန်ဆန် တိတ်ဆိတ်ငြိမ်သက်တဲ့ရပ်ကွက်လေး
🔥Air con 3 လုံး တကောင်ခွဲ
🔥ရေချိုးခန်း toilet ၂စုံ
🔥ဓာတ်လှေကား အခန်း card system
🔥အရေးပေါ်မီးစက်
🔥cctv / 24 hr security / car parking
🔥Wi-Fi / water heater ပါ
🔥ရေသန့်စနစ် ပါလို့ facalities အပြည့်အစုံပါပြီး
🔥တအိမ်လုံးသံပန်းအပြည့် တပ်ဆင်ထားပါတယ်
🔥Furniture ပစ္စည်းကောင်း တအိမ်လုံးပါ
🔥Fully Decorationsဖြစ်လို့ အသင့်တက်နေရုံပါပဲရှင့်

🔥ဂျပန် Construction Kakehashi က
ဆောက်ထားတာမို့ Quality ကောင်းတာကတော့ ပြောစရာတောင်မလိုတော့ဘူးနော်
🔥maintenance fee တစ်လ 40000Ks ပါ "

🔥စာရွက်စာတန်းအစုံရှိ

အကျိုးဆောင်
09783777793
Viber 09799933368

08/02/2024

မြန်မာတွေ အိမ်ဝယ်တဲ့အခါ
အနောက်လှည့်မကြိုက်ဘူး။
-
လမ်းဦးတိုက်
မြေနိမ့် - ခြုံရှိ.-ရေဝပ်.
လမ်း မကောင်း
-
အဲလို နေရာဆို - မကြည့်တော့ဘူး
လမ်းမှာပဲလှည့်ပြန်ကြတာများတယ်...။
-
မြေ ပြင်ရမှာ ကြောက်ကြတယ်..။
-
ဝယ်ရောင်းသမားများကြတော့
သူတို့ကြိုက်.ဈေး ရရင်..နင်းပြီး
ဝယ်ထားကြတယ်....။
ဝယ်တဲ့ ပုံစံကိုကြည့်.....
-
မြေနိမ့် လမ်းဦးတိုက်..
အနောက်လှည့် ..
ရေဝပ်...ခြုံ ကြီးနဲ့ .....ဆိုပြီး အလကားပေးပစ်ချင်အောင်ပြောပြီး
ဝယ်တော့ တာပဲ....။
-
သူ့လက်ထဲ ရောက်ပြီး ၂ လအကြာ
အဲဒီခြံ ကြီး သွားဝယ်ကြည့်ပါလား....
-
ဟိုက လည်တယ် - ခြံကို လှအောင်ပြင်ထားတာ....
လိုချင်အောင် လုပ်ထားတယ်...။
အကုန်အကျ ခံ ပြီ တန်ဆာ ဆင်ထားတာ..။
-
ဝယ်သူ မြင်တော့ ချက်ချင်းလိုချင်သွားတယ်...
-
လမ်းဦးတိုက်-အနောက်လှည့်တွေမကြည့်တော့ဘူး
မမြင်တော့ဘူး-မြေပြင်လိုက်တော့
ရေ မဝပ်- ခြုံမရှိတော့..
အကာအရံလေးနဲ့ .. ဆေးရောင်ချယ်ထားတော့
ဘာမှ မမြင်တော့ဘူး ဝယ်မယ် ဖြစ်တော့တာပဲ..။
-
ကဲ -အဲဒီတော့
ရောင်း ထွက်တာပဲမို့လား....။
ဒါကြောင့် မြေကို ပြင်ရမှာ မကြောက်ပါနဲ့လို့ ပြေတာ။
-
ကိုယ်နေမှာ မှ မဟုတ်တာ ရင်းနှီးမြှုပ်နှံမှုလုပ်တာလေ..
အမြတ် ကျန်တော်ပြီ ပေါ့......။
ဒီလိုလုပ်ရမှာ-ခုတော့...ချေးများတော့.... .
ရသင့်သလောက်မရတော့ဘူးပေါ့..။
-
ရင်းနှီးမြှုပ်နှံမှု လုပ်တဲ့ အခါမှာ
အမြတ်ကို နောက်လူအတွက် ချန်ထားပေးပြီး
ပြန်ရောင်းပေးဖို့ အရေးကြီးပါတယ်
ဒါမှလည်း.ရေ ရှည်မှာ ကြာကြာ လက်တွဲ လုပ်လို့ရမှာဖြစ်ပါတယ်...။
-
နောက်လူကလည်း သူအမြတ်ကျန်မှ နောက်နောင် ကိုယ့်ဆီက
ဘာကြီးဖြစ်ဖြစ် ဝယ်မှာ ..။
-
အားလုံးကျန်းမာချမ်းသာကြပါစေ...။

T2MWIN ❤️မှပြန်လည်မျှဝေပါသည်

06/02/2024

မြေနေရာကောင်း
ဝယ်ဖို့ မစောင့်ပါနဲ့
ငွေနိုင်တဲ့မြေဝယ်ပြီး
အချိန်ကောင်းကိုစောင့်ပါ 🥰
Credit..LEO Real Estate Agent

29/01/2024

အိမ်ဆောက်တော့မယ့် အိမ်ရှင်ဟာ မိချောင်းသားလို လျှာရှည်ရပါမယ်‼️

ဆိုလိုတာက…

အိမ်ဆောက်မယ် Rc အကျယ်40-20ရေမီးဆေး အပြီး ဆိုတာနဲ့ မလုံလောက်ပါဘူး။
အဲဒီအိမ်မှာ ဘာဘိလပ်မြေသုံးမလဲ

ထိုင်းဆင်လား ၊လူရိုင်းခေါင်းလား ၊ အယ်ဖာလား
ကြံ့နီလား၊ကြံ့စိမ်လား၊ ကြံက နှစ်ကောင်လားတစ်ကောင်လား ဒိုင်းမွန်းလား

သဲက မြစ်သဲလား ချောင်းသဲလား နူန်းသဲလား သဲအကြမ်းလား

ကျောက်စလစ်က စီးကျောက်လား မူးကျောက်မတ်ကျောက်လား အာလူးကျောက်လား

စပ်မယ့်အချိုးက အုတ်စီတာကို ဘယ်အချိုးနဲ့ စီမှာလဲ
အချောချောတာကို ဘယ်အချိုးနဲ့ စီမှာလဲ
အုတ်စီတာ 1:4ဆိုတဲ့ စပ်နည်းမှာ သဲကို အိမ်နဲ့ချိန်ထည့်မှာလား တစ်အိပ်ကို ၁၀ဂေါ်ဆိုပြီး ဂေါ်နဲ့ ပုံမှာလား အိပ်ထဲ သဲထည့်တဲ့အခါ သဲက ဘိလပ်မြေနဲ့ ဆတူလား အိပ်ကို လက်နဲ့ ကိုင်လို့ မရပဲ အောက်ကနေ ပွေ့ရအောင် အပြည့် အလျှံကြီး ထည့်မှာလား

မဆလာဖျော်မယ့်ရေက ရေချိုလား ရေငံလား နွံတွေနဲ့ မသန့်တဲ့ရေလား ရေသန့်သန့် သုံးရမယ်ဆိုတိုင်း ရေသန့်ဘူးတွေဝယ်ပြီးတော့လည်း မစပ်နဲ့ပေါ့

အိမ်မှာ သုံးမယ့် သံ၊သစ် တွေကရော ဘယ်လို သံတွေ သစ်တွေ သုံးမှာလဲ
Rcဆိုရင်လဲ ဘယ်လို သံဆိုက်တွေ သုံးမှာလဲ ၅မူးလား ၆မူးလား ၃မတ်လား
သံက မြန်မာ သံလား နိုင်ငံခြားသံလား
မြန်မာသံက မကောင်းဘူး နိုင်ငံခြားသံက ကောင်းတယ် သံချောင်းပါရင် ပြီးရော် ဆိုရင်လဲ မရသေးဘူး
beam, coulmnတွေလောင်းတဲ့ အခါ Classနံပါတ် ရှိ့တဲ့ ဘိလပ်မြေကို သုံးမလဲ
အုတ်စီတဲ့ ဘိလပ်မြေကို beam,coulmnတွေမှာ လောင်းလို့မရပါ သိဖို့လိုအပ်မယ် ထင်တာလောက်ပဲ ရေးတာမို့Class number ကိုထည့်မရေးတာပါ

Ssချာ မှာလည်း သံတိုင်က 5''*3''/6''*3''လား အထူလား အပါးလား

သစ်သားတိုင်အုတ်ညပ် brick knoggedတွေမှာ ရော သုံးမယ့်သစ်က ပျဥ်းကတိုးလား ကျွန်းလား
သစ်က အစိုလား အခြောက်လား

Rcဆောက်တာ ပြန်ပြောမယ် ကော်လံတိုင် ဘင့်တွေ လောင်းတဲ့ အခါ 1:2:4နဲ့မလောင်းပဲ 1:3:6နဲ့ လောင်းပေးလိုက်လို့ ဟုတ်ပိတ်ဖြစ်နေအုံးမယ်

အိမ်တစ်လုံးရဲ့ အသေးစိတ်အချက်အလက်တွေ ရေးရင်တော့ ရေးလို့ မကုန်နိုင်ပါပဲ အစစအရာ မမေ့မလျော့ မပေါ့ဆကြပါနဲ့ တိကျဖို့ တစ်ယောက်နဲ့တစ်ယောက် အလုပ် ကိစ္စ မှာ အားမနာသင့်တာကို အားမနာဖို့ ပြောသင့်တာကို ပွင့်ပွင့်လင်းလင်း ကြိုတင်ပြောပြဖို့ ဒါတွေ လိုအပ်ပါတယ်
မြုံစိစိနဲ့ အားနာသလိုလို ဘာလိုလိုနဲ့ ဆရာကြီးလိုလို ဘာလိုလိုနဲ့ မနေပါနဲ့
အဲတာလေးတွေမှတ်ထားပေးပါ …

မူရင်းရေးသားသူအား Credit ပေး ဂါရဝပြုပါသည်…


#ရန်ကုန်ဆေးသုတ်လုပ်ငန်း

#ရေဆေး_ဆီဆေး_ပေါလစ်ဆေး_ဆေးသုတ်လုပ်ငန်း

05/12/2023

အုတ်ကို ဘာလို့ ရေစိမ်ကြလဲ…
ရေမစိမ်ဘဲ ဒီတိုင်း သုံးလို့ မရဘူးလား…
ရေစိမ်ဖို့ကရော တကယ်ပဲ လိုအပ်ရဲ့လား…

❔ဆိုတဲ့ မေးခွန်းတွေကို အကြောင်းအရင်း (၃)ခု နဲ့ အဖြေပေးချင်ပါတယ်။

(၁) သေချာစွာ တွဲစပ်မိစေဖို့
ရေမစိမ်ဘဲ ဒီတိုင်းကြီး အုတ်နဲ့ မဆလာရောပြီး သုံးလိုက်မယ်ဆိုရင် အုတ်(လုံး)တွေမှာ ဖုန်မှုန့်တွေကပ်နေနိုင်တဲ့အတွက် မဆလာနဲ့လည်း သေချာ မကပ်နေတော့ပါဘူး။ အဲ့လို တွဲကပ်မနေဘူးဆိုရင် ကြာလာတဲ့အခါ ပက်ကြားအက်တာမျိုးတွေ ကြုံရနိုင်ပါတယ်။

ဒါကြောင့် ဖုန်တွေ ကင်းစေဖို့/ သေချာစွာတွဲစပ်မိစေဖို့ကို ရေစိမ်ပေးဖို့ လိုအပ်ပါတယ်။

(၂) မှိုကင်းစင်စေဖို့
အုတ်တွေက မြေကြီးကနေ လုပ်တာဖြစ်တဲ့အတွက် သူ့ဗီဇအရ တချို့သော အခြေအနေတွေမှာ အစိုပျံပြီး ဆားပေါက်/ မှိုစွဲတဲ့ ပုံစံလိုမျိုးတွေ ဖြစ်တတ်ပါတယ်။

အုတ်တွေစိုနေတာက အကြောင်းမဟုတ်ပေမယ့် မှိုစွဲနေတာကို မသိဘဲ သုံးလိုက်မိရင်တော့ မီးခိုးကြွက်လျှောက် လိုက်သလိုဖြစ်ပြီး နံရံမှိုစွဲတာမျိုးတွေပါ ဖြစ်လာနိုင်ပါတယ်။

ကြားဖူးကြမယ်ထင်ပါတယ်… အိမ်ဆောက်ပြီးတာ မကြာသေးဘူး နံရံတွေက ဆားပေါက်လာလို့ ဆိုတာမျိုးတွေပေါ့။

နံရံဆားပေါက်တာ၊ မှိုစွဲတာက ဒီတစ်ချက်တည်းကြောင့်တော့ မဟုတ်ပေမယ့် တစ်ထောင့် တစ်နေရာကနေ နည်းနည်းတော့ သက်ဆိုင်မှု ရှိနေပါတယ်။

(၃) နံရံပက်ကြား မအက်စေဖို့
အုတ်တွေက မီးအပူချိန် မြင့်မြင့်ပေးပြီး လုပ်ရတာမျိုးဖြစ်တဲ့အတွက် နဂို မြေကြီးရဲ့ စိုထိုင်းတဲ့ ဗီဇ သတ္တိပျောက်ပြီး ခြောက်သွေ့လွန်းပါတယ်။

ခြောက်လွန်းတဲ့အတိုင်း အုတ်ကိုရေမစိမ်ဘဲ သုံးမယ်ဆိုရင် … သူ့အပေါ်ကနေ မဆလာကျံလိုက်တဲ့အခါ မဆလာထဲမှာပါတဲ့ ရေတွေကို ရေငတ်နေတဲ့အုတ်တွေက စုပ်ယူသွားပါတယ်။

ရေတွေမြန်မြန်စုပ်သွားတော့ မဆလာမြန်မြန်ခြောက်၊ မြန်မြန်ပြီး၊ မြန်မြန်တက်နေရတော့မယ် လို့ထင်နေရင်တော့ မှားသွားပါပြီ။ 😃

အဲလိုစုပ်သွားတဲ့အတွက် ဘိလပ်မြေအိပ်စက်ဖို့အတွက် အရေးတကြီးလိုအပ်တဲ့ (water cement ratio) “ဘိလပ်မြေနဲ့ ရေတို့ရဲ့ အချိုးကျ ပေါင်းစပ်ထားမှုနှုန်း”က ကျသွားတယ်။

ပြောရရင်တော့ သူ့သဘာဝနဲ့သူ၊ သူ့အချိန်အဆနဲ့ သူပဲ ကောင်းတယ်လို့ မှတ်ကြရမှာပါပဲ။

ဒီလိုအကြောင်းအရင်းတွေကြောင့်မို့
ရေမစိမ်ဘဲ ဒီတိုင်းသုံးလို့ မရနိုင်ပါဘူး။
ရေစိမ်ဖို့ကလည်း တကယ်ပဲ လိုအပ်ပါတယ်လို့ ပြောချင်ပါတယ်ရှင်။

Photos from HL Real Estate 's post 01/12/2023

ရှယ်တန် အခန်းလေး အမြန်ရောင်းမယ်✌️
1900 သိန်း (ပိုင်ရှင်နှင့် ရိုက်ရိုက် ဈေးညှိလို့ရ) 👍
25*50 (ပထမထပ်)
ဗဟိုလမ်းမကြီးပေါ် / ဘူတာရုံလမ်းနှင့် ရွှာမကျောင်းလမ်းကြား 👍
🤙အသေးစိတ် သိချင်ရင် 09799933368 အကျိုးဆောင် .
🤙Viber 09799933368

27/11/2023

🏡 အိမ်နှင့် တိုက်ခန်းများကို ဘဏ်နှင့်ချိတ်ဆက်ပြီး ဝယ်ယူချင်တယ်ဆိုရင် ဘာတွေလုပ်ဆောင်ရမလဲဆိုပြီး မေးလာတဲ့ မိတ်ဆွေများအတွက် ျိတ်(Home loan )

1. Bankချိတ်( )ဆိုတာ ဘာလဲ?

🏡 Bank ချိတ်ဆိုတာက မိမိမှာ အိမ်၊ တိုက်ခန်း ဝယ်ယူဖို့ ငွေအပြည့်အဝမရှိသေးဘူး ဒါပေမယ့် တချို့တစ်ဝက်တော့ရှိနေတယ်၊ လစဉ်ပုံမှန်ဝင်ငွေလည်းရှိနေတယ်။ဒါဆိုရင်တော့ ဝယ်ချင်တဲ့အိမ်၊ တိုက်ခန်းကို ဘဏ်ကနေတဆင့် အရစ်ကျဝယ်တာကိုခေါ်ပါတယ်။ မိမိဘက်မှ ၃၀% ထုတ်ပြီး ချိတ်ဆက်ထားတဲ့ bank ဘက်မှ ၇၀% ချေးငွေ ထုတ်ပေးလိုက်ခြင်းမျိုးပါ။

🏡 Bank နဲ့ချိတ်ဆက်ပြီး ဝယ်ယူမည့်သူက လစာအနည်းဆုံး(၁၀)သိန်းအထက် ရှိဖို့လိုပါတယ်။ဝန်ထမ်းဆိုရင်တော့ သွင်းရမဲ့ငွေရဲ့(၃)ဆ ရှိရင်ရပါတယ်။ ဥပမာ ၄သိန်း ဆပ်ရတယ်ဆိုရင် (၃)ဆ ၁၂သိန်း ရှိရင်ရပါပြီ။တစ်ယောက်ထဲလစာ မလောက်ဘူးဆိုရင်တော့ သန်းခေါင်စာရင်းဝင်၊ ဝင်ငွေရှိတဲ့ သူနဲ့ပေါင်းပြလို့ရပါတယ်။

🏡 လူကြီးမင်းတို့အနေနဲ့ လိုချင်တဲ့ အိမ်ကို ဘဏ်နဲ့ ချိတ်ဆက်ပြီး ဝယ်မည်ဆိုလျှင် လူကြီးမင်းတို့အလိုရှိတဲ့ အိမ်အမျိုးအစားက RC မဟုတ်ရင် BN အိမ်အမျိုးအစားဖြစ်ရပါမယ်။ဂရန်အမည်ပေါက်ဖြစ်ရပါမယ်။မီးအာမခံရတဲ့နေရာမျိုးဖြစ်ရပါမယ်။ပျဉ်ထောင်အိမ်နဲ့ မြေကွက်တွေဆိုရင်တော့ ဘဏ်ကချေးငွေထုတ်ပေးမှာမဟုတ်ပါဘူးနော်။
~~~~~~~~~~~~~~~~~~~

2. အဲ့တော့ Bank နဲ့ချိတ်ဆက်ပြီး ဝယ်ယူမယ်ဆိုရင် ဘာတွေလိုအပ်လဲ?

(က)။ လူ၊ပုဂ္ဂိုလ် တစ်ဦးချင်း(သို့) ဝန်ထမ်းတစ်ဦးချင်းအတွက် လိုအပ်သော စာရွက်စာတမ်းများ
(၁) မှတ်ပုံတင် မိတ္တူ(မူရင်းပြရန်)
(၂) Passport မိတ္တူ(ရှိလျှင်)
(၃) ပတ်စ်ပို့အရွယ်အစား ဓာတ်ပုံ
(၄) သန်းခေါင်စာရင်းမိတ္တူ (မူရင်းပြရန်)
(၅) ရပ်ကွက်ထောက်ခံစာ
(၆) စရန်ပေး စာချုပ်မိတ္တူ(မူရင်းပြရန်)
(၇) သက်ဆိုင်ရာ ကုမ္ပဏီ၊ဌာန၊လုပ်ငန်းရှင်၏ထောက်ခံစာ(လုပ်သက်၊ရာထူး၊ လစာ) (သို့မဟုတ်) စာချုပ်ဖြင့် ခန့်ထားခြင်းဖြစ်ပါက စာချုပ်မိတ္တူ ၎င်းထောက်ခံစာ စာချုပ်အား တစ်နှစ်တစ်ကြိမ် ပြန်လည်တောင်းခံရပါမည်။
(၈) ဝန်ထမ်းကတ် မိတ္တူ(မူရင်းပြရန်)
(၉) လစဉ်ဝင်ငွေ ဖော်ပြသည့် Pay slip (or) Salary slip(ရှိလျှင်)
(၁၀) အခွန်ပြေစာ(Tax slip) (ရှိလျှင်)
(၁၁) Bank Statement(၆လစာ တင်ပြရပါမည်)

(ခ)။ ကိုယ်ပိုင်လုပ်ငန်း လုပ်ကိုင်သူများအတွက် လိုအပ်သော စာရွက်စာတမ်းများ
(၁) မှတ်ပုံတင်မိတ္တူ (မူရင်းပြရမည်)
(၂) Passport မိတ္တူ (ရှိလျှင်)
(၃) ပတ်စ်ပို့အရွယ်အစား ဓာတ်ပုံ
(၄) သန်းခေါင်စာရင်းမိတ္တူ (မူရင်းပြရမည်)
(၅) ရပ်ကွက်ထောက်ခံစာ
(၆) စရန်ပေးစာချုပ် မိတ္တူ(မူရင်းပြရမည်)
(၇) လုပ်ငန်းလိုင်စင်/ အသက်မွေးဝမ်းကြောင်းလိုင်စင်(ရှိလျှင်)(သက်တမ်းရှိရမည်)
(၈) ဘဏ္ဍာရေး ရှင်းတမ်း(၃)နှစ်စာ (တင်ပြနိုင်လျှင်)
(၉) Bank statement (၆)လစာ (ရှိလျှင်)
(၁၀) အခွန်ပြေစာ (ရှိလျှင်)

(ဂ)။ ကုမ္ပဏီအမည်ဖြင့် လုပ်ကိုင်လိုသူများအတွက် လိုအပ်သော စာရွက်စာတမ်းများ
(၁) မှတ်ပုံတင်မိတ္တူ (မူရင်းပြရမည်)
(၂) Passport မိတ္တူ (ရှိလျှင်)
(၃) ပတ်စ်ပို့အရွယ်အစား ဓာတ်ပုံ
(၄) သန်းခေါင်စာရင်း မိတ္တူ (မူရင်းပြရမည်)
(၅) ရပ်ကွက်နေထိုင်ကြောင်း ထောက်ခံစာ
(၆) စရန်ပေးစာချုပ် မိတ္တူ(မူရင်းပြရမည်)
(၇) ကုမ္ပဏီမှတ်ပုံတင်လက်မှတ်(သက်တမ်းရှိရမည်)
(၈) Form VI, Form XXVI, Form E
(၉) ဒါရိုက်တာအဖွဲ့ အစည်းအဝေးဆုံးဖြတ်ချက်မှတ်တမ်း(ဘဏ်တွင် Mortgage Loan(ပေါင်နှံချေးငွေ)နှင့်ပတ်သက်သော လက်မှတ်ရေးထိုးဆောင်ရွက်ခွင့်ရှိသူအား သတ်မှတ်ဖော်ပြရန်နှင့် ဒါရိုက်တာအားလုံး လက်မှတ်ရေးထိုးရန် လိုအပ်ပါသည်။)
(၁၀)ဘဏ္ဍာရေးရှင်းတမ်း(၃နှစ်စာ)(တင်ပြနိုင်လျှင်)
(၁၁) သင်းဖွဲ့စည်းမျဉ်းနှင့် သင်းဖွဲ့မှတ်တမ်း
(၁၂) အခွန်ပြေစာ (၃နှစ်စာ) (ရှိလျှင်)
~~~~~~~~~~~~~~~~~~~

3. Bank ချိတ်နဲ့ရောင်းပေးမယ့် အိမ်ရှင်တွေအတွက်ကရော ဘာတွေလိုအပ်လဲ?

(၁) မြေရှင် ဂရမ်အမည်ပေါက်ဖြစ်ရပါမည်။
(၂) ကန်ထရိုက် ၊ မြေရှင် ချုပ်ထားတဲ့စာချုပ်
(၃) မြေရှင်ရဲ့ သန်းခေါင်စာရင်းမိတ္တူ
(၄) မြေရှင်ရဲ့မိတ္တူ
(၅) BCC စာရွက်
(၆) ဆောက်လုပ်ခွင့်စာရွက်
(၇) တိုက်ခန်းနဲ့ပတ်သက်တဲ့ ဆက်စပ်စာချုပ်များ
(၈) အခန်းပိုင်ရှင် သန်းခေါင်စာရင်း
(၉) အခန်းပိုင်ရှင်ရဲ့ မှတ်ပုံတင်မိတ္တူ
စာရွက်စာတမ်းအားလုံး မူရင်းတော့ပြပေးရပါမယ်။

ထိုအချက်အလက်တွေအားလုံး ရရှိပြီးတာနဲ့ လူကြီးမင်းတို့ဝယ်လိုတဲ့ အိမ်ကို ရာဖြတ်ဌာနမှဆင်းကြည့်မှာဖြစ်ပါတယ်။အဲ့ဒါပြီးရင်တော့ မီးအာမခံဆင်းကြည့်မှာဖြစ်ပါတယ်။အချက်အလက်တွေပြည့်စုံပြီဆိုရင်တော့ ဝယ်သူဘက်မှ ၃၀% ထုတ်ပေးရမှာဖြစ်ပြီး bankဘက်မှ ၇၀% ထုတ်ပေးလိုက်မှာပါ။ထုတ်ပေးလိုက်တဲ့ ၇၀% ကိုတော့ အတိုးနဲ့နှစ်ရှည်ပြန်ဆပ်ရမှာပဲဖြစ်ပါတယ်။

***လိုအပ်သော စာရွက်စာတမ်းများ ကိုယ့်မှာအပြည့်အစုံရှိရင်တော့ Bank နဲ့ချိတ်ဆက်ပြီးဝယ်ယူတာဟာ ပိုလွယ်ကူပြီး မြန်ဆန်ပါတယ်။

လေးစားစွာဖြင့်
Credit to original uploader

Photos from HL Real Estate 's post 24/11/2023

Luxury ဆန်ဆန်လေးနေချင်တဲ့လူတွေများအတွက်
Time Square Condo
ဗိုလ်တထောင်မြို့နယ်
650sqft, middle floor

ဘဏ်ချိတ်လဲရ။
ကုန်သည်လမ်းနဲ့ဗိုလ်တထောင်စျေးလမ်းထောင့်
Oceanအနီး/ဂန္ဓီဆေးရုံအနီး/bus -stop နီး
2bedrooms, AC (3)
Fully Furnished (ပစ္စည်းအစုံပါ)
Liftပါ (၂၄နာရီ ရ)
Car parking ရ
Price -2300 (ညှိနှိုင်း)

09799933368 (အကျိုးဆောင်)

Photos from HL Real Estate 's post 19/11/2023

Condo ဈေးသာသာရှိတဲ့ အ်မ်နှင့်ခြံအရောင်း..
သိန်း ၅၀၀၀ (ညှိနှိုင်း) ဝယ်သင့်👍

အင်းစိန် ဘုရင့်နောင်ရိပ်သာအနီး ဂရမ်မူရင်းပေ ၂၀ x၆၀ ၂ထပ်ခွဲ RCရောင်း ရန်ရှိပါသည်။
မြို့သစ်(ဂ) ရပ်ကွက် ဘုရင့်နောင်လမ်းကြီးတည့်ပေါက် လမ်းထိပ်မှ ၁၀အိမ်
ရွှေဝါ(၂) လမ်း
လမ်းကျယ်လမ်းသန့်ပတ်ဝန်းကျင်ကောင်းပါတယ်.

👍စာရွက်စာတမ်းရှယ်သန့်
ဂရမ်မူရင်း ကိုင်ထားပါတယ်
ရေမဝင် ရေမတင် လမ်းကျယ် လမ်းသန့်
နှစ်ထပ်ခွဲ RC တိုက်သက်တမ်း ၁နှစ်ခွဲ BCC ကျပြီး လုံးချင်းရှယ်သန့်

ကိုယ်တိုင် BQ နဲ့ဆောက်ထားတာပါ

အိမ်အကျယ် ၁၈ပေ ၄၅ပေ
အိမ်ရှေ့ ၁၅ပေချန် အနောက်ပေ၃ပေ ပတ်ပတ်လည်အုတ်တံတိုင်းခတ်ပြီး

နောက်ဖေးလမ်းကြား ၇ပေခွဲ ကျယ်

ဘေးတိုက်မရှိ လေဝင်လေထွက်ကောင်း

အပေါ် စလပ် လေသာဆောင်အရှေ့အနောက်ရှိ

အောက်ထပ် ရေချိုးခန်းပါ Bed room အကျယ်တခန်း

အလယ်ထပ် master bed room ၂ခန်း

အပေါ်ထပ် စာကြည့်ခန်းကျယ်တစ်ခန်း

အဲကွန်း ၂လုံးပါပြီး

အလည်ထပ် ဘုရားခန်းအကျယ် ရှိ

မူလ ဂရမ်အမည်ပေါက်ထံမှ အမွေဆက်ခံပိုင်ဆိုင်ခွင့်ရထားပြီး SP လွှဲထားပြီး

မြေချည်းပဲတောင် ၂၅၀၀ ပေါက်တဲ့နေရာကောင်း

ဆေးခန်းနီး ကျောင်းနီး

ဝိတိုရိယဆေးရုံ အင်းစိန်စျေး ပန်းခြံနီး
လမ်းထိပ်ကားမှတ်တိုင်ရှိ

ဘုရင့်နောင်ပွဲရုံ ကားပစ္စည်းစျေး ၁မှတ်တိုင်ပဲကွာ ပါတယ်

PH -09799933368 (အကျိုးဆောင်)

လူကြီးမင်းတို.ရဲ့ ရောင်းလို၊ ငှားလိုသော အိမ်/ခြံ /ကွန်ဒိုများကို HL Real Estate သို့ ယုံကြည်စွာအပ်နှံနိုင်ပါတယ်ရှင့်။

Photos from HL Real Estate 's post 01/11/2023

နေရာကောင်း လမ်းလည်းကျယ်💥
တောင်ဥက္ကလာပမြို့နယ် ၁၃ရပ်ကွက်
ယဿဝတီလမ်းမပေါ် စတုထ္ထထပ်၊ ( ၁၈x၅၄ပေ )
၁၃၈၀သိန်း (ညှိနှိုင်း)

BCCကျပြီး ရတနာလမ်းမအနီး၊အနော်မာလမ်းမအနီး ၊သံသုမာလမ်းမအနီး၊စျေးနီး ၊ကျောင်းနီးကားမှတ်တိုင်နီးပါတယ်။လမ်းကျယ်ကားပါကင်အဆင်ပြေပါတယ်။ဘေးတိုက်မရှိ လေဝင်လေထွက်ကောင်းအလင်းရောင်ကောင်းစွာရရှိပါတယ်။

ပါကေးခင်းပြီး အခန်းနှစ်ခန်းဖွဲ့ပြီး
corn၂လုံးတပ်ထားပါတယ်။
🤙09799933368 (အကျိုးဆောင်)

29/10/2023

ပါဝင် ကံထူးတဲ့သူ အားလုံး အထူးကျေးဇူးတင်ပါတယ်နော်။
ကောင်းကောင်းမွန်မွန် အိပ်စက်နိုင်ကြပါစေ။
Good night 🤍🌝🙏

Pocket Money 29/10/2023

နောက်ဆုံး round ပါ။
Page အသစ်မို့ အားလုံးရဲ့ အကူအညီလိုလို့ပါ 🤍🙏🌝
Page like and share လုပ်ပေးပါနော်။
ဘယ်သူမှ PW ကြိုပေးခြင်း လုံးဝ လုံးဝ မလုပ်ပါ ။
12:50 pw comment မှာချမယ် 🙏

Pocket Money Send blessing to more friends and find who's the luckiest By KBZPay Pocket Money

Pocket Money 29/10/2023

2nd Round လာပြီ။
Page Like and share လေးလုပ်ရင်း မုန့်ဖိုးယူ။
PW 12:30am , comment မှာ ..

Pocket Money Send blessing to more friends and find who's the luckiest By KBZPay Pocket Money

Pocket Money 29/10/2023

Page like & share တဲ့သူတွေ မုန့်ဖိုးယူ 🙏🤍
PW 12:12am comment မှာရှာ..
1st lucky draw လေးပါ "
2nd and 3rd coming next ..

Pocket Money Send blessing to more friends and find who's the luckiest By KBZPay Pocket Money

Photos from HL Real Estate 's post 26/10/2023

🏝️စမ်းချောင်းမြို့နယ်
🔹အဆင့်မြင့်ပြင်ဆင်ပြီးmini condo(မြေညီ+ထပ်ခိုးအပြည့်)တိုက်ခန်းကျယ်
🔸အရောင်း~4300သိန်း(ညှိနှိုင်း)✅
🔸အောက်ကြည့်မြင်တိုင်လမ်း&ဗဟိုလမ်းအနီး~
🔸ဝေဠုဝန်လမ်းကျယ်လမ်း
🔹time cityအနီး/ကြည့်မြင်တိုင်ညစျေးအနီး
ရပ်ကွက်ကောင်း/လမ်းကျယ်လမ်းသန့်~~~
🔸27×55ပေ~(မြေညီထပ်+ထပ်ခိုးအပြည့်*အရပ်လွတ်ပါတယ်)~
🔸Lift
အဲကွန်း ~၅လုံး
🔸Masterအိပ်ခန်း၂ခန်း+၂ယောက်အိပ်ခန်း၁ခန်း
🔸ရေပူရေအေး (Water heater)
🔸ညှော်စုပ်စက်
🔸Bath-tub
🔸ဘိုထိုင်အိမ်သာ
🔸ပါကေးခင်း/ကြွေပားခင်း/ကြွေပားကပ်ပြီး။
🔸မျက်နှာကျက်အလှဆင်မီးများတပ်ဆင်ပြီး။

🔸သံပန်းဆန်းရှိတ်ပတ်လည်တပ်ဆင်ပြီး
🔸BCCစာရွက်စာတမ်းအစုံအလင်ရှိ/အရှုပ်အရှင်းကင်း။
🚕🚗ကားပါကင်အဆင်ပြေပါတယ်။
🔸လုံခြုံရေး(security)ရှိပါတယ်။
🔸တိုက်သက်တမ်းနုနု(5နှစ်)
🌀အရောင်း~4300သိန်း✅(ညှိနှိုင်း)
🤝ကြိုက်နှစ်သက်ပါကစျေးနှုံးအဆင်ပြေအောင်ညှိနှိုင်းပေးပါမယ်။
🤙 09799933368 (အကျိုးဆောင်)

Photos from HL Real Estate 's post 25/10/2023

⭐ Penthouse mini condo အရောင်း⭐
3050 သိန်း
1500sqft.

မိုးမြင့်စံ ရွာမကျောင်းလမ်း ကွန်ဒို၊ ၈ လွှာ၊ (Penthouse)
လှိုင်မြို့နယ်

အသင့်တက်နေရုံ အဆင့်မြင့် ပြင်ဆင်ပြီး။
👍ကားပါကင် 🚗🚙🚗
👍လုံခြုံရေးဝန်ထမ်း👮
👍ကိုယ်ပိုင်မီတာ။
👍မြေအောက်ရေလှောင်ကန်မှ အမိုးပေါ်ရှိရေတိုင်ကီကြီးများသို့ အော်တို ရေတင်စနစ် (ဂျိုးဖြူရေကော အဝီစိရေပါရှိပါတယ်)
👍ဓါတ်လှေခါး (မီးပျက်ချိန်တွင် မီးစက်ဖြင့် 24 hour သုံးနိုင်)
🌞၂၄ နာရီ မီး၊ air con, ရေခဲသေတ္တာစသော အိမ်သုံးပစ္စည်းအစုံသုံးနိုင်သော အဆင့်မြင့် ဆိုလာစနစ်🌞
👍မီးစားသက်သာသော အင်ဗာတာလေအေးစက်အသစ်စက်စက် ၃ လုံး
👍ရေပူရေအေးစနစ်
👍Fibre internet သွယ်ထားပြီး
အလင်းရောင်နှင့် လေဝင်လေထွက်ကောင်း‌သော မာစတာ အိပ်ခန်း ၁
ရိုးရိုးအိပ်ခန်း ၁
ဧည့်ခန်း
အလုပ်ခန်း
ထမင်းစားခန်း
မီးဖိုသီးသန့်
ရှုမြင်ကွင်းကောင်းသော ကျယ်ဝန်းသော ဝရံတာပတ်လည်
တို့ပါရှိပါတယ်။ 🌅🏞️🌈

Phone 09 799933368

Photos from HL Real Estate 's post 23/10/2023

Edit . Sold out ပိုင်ရှင်အမြန်ရောင်းမည်။
ဈေးတန် နေရာကောင်း အရောင်း🏢
▶️ကျွန်းတောလမ်းမ၊ ရတနာသင်္ခလမ်း
▶️ပေအကျယ် 13"x 50"(4လွှာ/ တတိယထပ်)
▶️အခန်းတစ်ခန်းဖွဲ့ပြီးသား.
👉အစိမ်းဘုတ် ၊ စာရွက်စုံ👈
သိန်း 800 (ညှိနှိုင်း)
🤙 09783777793 ပိုင်ရှင် တိုက်ရိုက် "
အကျိုးတူ မရပါ .

Photos from HL Real Estate 's post 23/10/2023

ရှယ်မိုက်တိုက်ခန်းကျယ်အရောင်းလေး♥️
ရောင်းဈေး သိန်း 1550
🤙 09783777793

🔅 မယ်ဇီကုန်လမ်းမကျယ်ပေါ်၊ သုခမှတ်တိုင်းနဲ့နီး
🔅 ၃၀×၅၀ ပေ အကျယ်၊ ၄လွှာ (အပေါ်ဆုံးထပ်)
🔅 ဘေးတိုက်၊နောက်တိုက်၊ရှေ့တိုက်မရှိ | နေရာ ရှယ်ကောင်း၊အလင်းရောင်ကောင်းစွာရ
🔅 မာစတာခန်း (1)၊ ရိုးရိုးအခန်းကျယ် (2) ,ဘိုထိုင်အိမ်သာ ၊ Aircon (2)
🔅 တခန်းလုံး ကြွေပြား၊ ပါကေးခင်းထားပြီး
🔅 သံပန်း၊ဆန်းရှိတ်၊ ရှေ့နောက်ဘေး နေရာစုံ တပ်ဆင်ထားပြီး
🔅 ရပ်ကွက်သန့်၊ တိုက်သက်တမ်း(၁၀)နှစ်
🔅 ကားပါကင် အဆင်ပြေ ၊ တစ်လငှားခ 6သိန်းရ
🔅 ရေမီးစုံ၊ မျက်နှာကျက်မီးများအလှဆင်
🔅စာရွက်စာတမ်းအပြည့်စုံ၊ အရှုပ်အရှင်းမရှိ

ပိုင်ရှင် တိုက်ရိုက်ရောင်းခန်းပါ။
အဝယ်တိုက်ရိုက်များသာဆက်သွယ်ပေးပါ ။
အကျိုးတူ မရပါ။

Photos from HL Real Estate 's post 23/10/2023

နေရာအချက်အချာကျတဲ့ ဗဟိုလမ်းမတန်းပေါ်က Mini Condo အရောင်းခန်း 🤩

သိန်း 2550 ( ညှိနှိုင်း )
25 ပေ 50 ( 1250 sqft )
4 လွှာ
Master room 1/Small room 1
lift (Aircon - 2 လုံးရှိ)
ရေချိုခန်း ဘိုထိုင်အိမ်သာ 2 စုံ
အသင့်နေရန် ပြင်ဆင်ပြီး ၊ အခန်းသန့်

🤙09783777793 ( အကျိုးဆောင် )

လူကြီးမင်းတို့၏ အိမ်ခြံမြေတိုက်ခန်း ရောင်းဝယ်ငှားများအတွက် ဆက်သွယ်စုံစမ်း မေးမြန်းနိူင်ပါတယ်ရှင့်။

Want your business to be the top-listed Realtor/realty Service in Hlaing?
Click here to claim your Sponsored Listing.

Category

Telephone

Website

Address

Thiri Street
Hlaing

Other Real Estate in Hlaing (show all)
HOE HOE KYAW Realestate Company HOE HOE KYAW Realestate Company
No. 34 , Marlar Street, 13 Quarter, Hlaing Township
Hlaing, 11051

HOE HOE KYAW is a realestate service in Yangon Myanmar. House, Land, Apartment, Condominium, Industrial Zone, Warehouse etc. , We have many properties information. Please cantact...

Paradise အိမ်ခြံမြေအကျိုးဆောင်လုပ်ငန်း Paradise အိမ်ခြံမြေအကျိုးဆောင်လုပ်ငန်း
Than Street
Hlaing, 11051

မင်္ဂလာပါ Paradise အိမ်ခြံမြေအကျိုးဆောင်လုပ်ငန်းမှ ကြိုဆိုပါတယ်။ ပြည်သူအားလုံး အစစအရာရာအဆင်ပြေကြပါစေ။

MYINT NADI Real Estate Service MYINT NADI Real Estate Service
Shwe Hinthar Condo, Tower B
Hlaing

Aung Real estate Aung Real estate
Merlarmyine
Hlaing, 11051

We want our customers will be fine improve life..

Mya Pwint Phyu Real Estate Agent Mya Pwint Phyu Real Estate Agent
Hlaing

အိမ်၊ခြံ၊မြေ၊ကွန်ဒို၊တိုက်ခန်း အကျိုးဆောင်လုပ်ငန်း။

Farida Ahmed Farida Ahmed
Hlaing

Thanks for visiting my site.

Ko Ko Kyaw Gyi Ko Ko Kyaw Gyi
Yangon
Hlaing, 168.192.1.1

အလန်းလေးတွေနေ့တိုင်းကြည့်ချင်ရင် followသွားပေးကြပါ

Pannita Condo Pannita Condo
Hlaing

9A, Pannita Street, Hlaing Township, Yangon.

Padonmar Real Estate Padonmar Real Estate
Insein Road
Hlaing, 11051,11052

THUTA KYAW  Real Estate THUTA KYAW Real Estate
Hlaing

We provide One stop services for home buyers,Owners, investors for their property purchasing, sell!