Exodus Cosmetic

ပစ္စည်း တမျိုး (၃) ခုယူရုံဖြင့် လက်ကာ?

Photos from Exodus Cosmetic's post 23/03/2022

💞 X Cute Me Hair Treatment 💞
​ပေးရတဲ့​စျေးနဲ့ မတန်​အောင်​ကောင်းတဲ့ Treatment ​လေးပါ​နော် 👇👇

💚စိမ်းပြာလေးက ဆေးထိပြီး ဆံပင်ပျက်ဆီးကြမ်းတမ်းနေတဲ့သူတွေအတွက် 🥰
ဆံပင်ပျက်စီးတာကို သိသိသာသာ သက်သာစေတယ် ဆံပင်နှစ်ခွဖြစ်တာ ကြေမွကြွတ်ဆတ်နေတာတွေသက်သာစေတယ် ❣️

🧡 လိမ္မော်လေးက ဆံပင်ပါးတဲ့သူတွေ ကျွတ်တဲ့သူတွေအတွက် 🥰
ဆံသားကိုအာဟာရဖြည့်ပေးပြီး ကျန်းမာစေတယ် weight ရှ်ိပြီး အုံထူထူသွက်သွက်လေးနဲ့ လှစေတယ် ❣️

❤ ပန်းဆီလေးက ဆေးထိပြီ ဆံသားခြောက်ပြီးဖွာတဲ့သူတွေအတွက် 🥰
ဆံသား မွဲခြောက်နေတာတွေအတွက် အရမ်းကောင်းတယ် ဆံပင်ကို အစိုဓာတ်ကောင်းကောင်းဖြည့်ပေးပြီး နူးညံ့စိုလက်တောက်ပြောင်စေတယ် ❣️

အနံ့လေးတွေကလဲ အရမ်းမွှေးပြီး ဒါလေးတွေနဲ့ဆံပင်ပေါင်းထားရင် နှစ်ရက်​လောက်ထိ ​မွှေး​နေ​ရော 🥰

Price : 6000 ks
Direct from bkk 🇹🇭🇹🇭🇹🇭

🎀မှာယူလိုပါက page messenger(or)
☎ ph - 09458446494 ကို hello လုပ်လိုက်နော်😍

07/03/2022

နွေရာသီအတွက် အရမ်း​ကောင်းတဲ့ Lotionလေး ❄❄❄
❄️Vaseline -4°C Lotion ❄️

Price : 12000

လက်ကား : 1****

🖤ရာသီဉတုအရမ်းပူလာလို့ Lotion ရွေးရခက်နေလား😍

🖤Lotionတွေက လိမ်းလိုက်ရင် စေးကပ်ကပ်နဲ့
ချွေးတွေနဲ့ရောပီးလိမ်းချင်စိတ်မရှိ ဖြစ်နေလား
☀ပူလွန်းလို့ Lotion မလိမ်းဘဲနေချင်ပေမယ့် နေလောင်ဒဏ်ကိုကာကွယ်ဖို့ လိမ်းရအုံးမယ်ဆိုတော့လေ

❄️Vaseline 4C Lotion ❄️ လေးကိုသုံးကြည့်ပါ
ရှယ်ကောင်း
Texture က Gel Type မို့ စေးကပ်ကပ်မဖြစ်ပဲ
စိမ့်ဝင်စေတယ်
💙ရေခဲ Lotion လို့တောင်တင်စားခေါ်လို့ရအောင် menthol & natural aloe ကြွယ်ဝစွာ ပါဝင်တဲ့အတွက်လိမ်းပီးအေးအေးလူလူလေးနေလို့ကောင်းတယ် လန်းဆန်းနေစေတယ်
နွေနေပူမှာ ထိုင်းမိုင်း မနေစေဘူးနော်

💙Lotion တမျိုးတည်းလိမ်းမယ်ဆိုရင် UV နိုင်ရာစီနမိုက် ပါတဲ့အတွက် အသားအရည် မညီတာနေလောင်ထားတာတွေကို ပြုပြင်ပေးတယ်နော်
အသားအရည်အတွင်းပိုင်းကနေကြည်လာစေတယ်
2ပတ်ဆိုရင်ကိုအသားရေကြည်လာစေပါတယ်လို့
လည်းကြေငြာထားပါတယ်

💙ခြောက်သွေ့မွဲညစ်သော အသားရည်အတွက်အထူးသင့်တော်ပါတယ်

💙Instant Cooling ကို - 4 c ထိကျအောင်
ထုတ်လုပ်ထားတဲ့အတွက် ခန္ဓာကိုယ်အရမ်းပူနေတာကိုသက်သာစေပီးမိတ်ထွက်ခြင်းယားယံခြင်းကို
သက်သာစေတယ်

🇹🇭BKK Made ပြည်တွင်းသုံးစစ်စစ်ပါနော်

🎀မှာယူလိုပါက page messenger(or)
☎ ph - 09458446494 ကို hello လုပ်လိုက်နော်😍

06/03/2022

👀 Natural Eyelash Extension tutorial 👀

Photos from Exodus Cosmetic's post 04/03/2022

Vaseline Gluta-HYA Serum Burst Lotion Series ထဲက
💙 Overnight Radiance Repair ဆိုပြီး အပြာလေး
အသစ်ထပ်ထွက်ထားပါတယ်နော်။

Vaseline 10X Gluta-HYA Serum Overnight Radiance Repair (New item)
Price - 11000 ks (330ml)
လက်ကား​စျေး (9***)
Direct from Bkk🇹🇭💯

💙အသားအရေအတွက် Caring လုပ်တာက ညအချိန်မှာ
ပိုထိရောက်တဲ့ Repairing ပြုလုပ်ပေးနိုင်တာမို့ ဒီ Serum လေးကလဲ ရှယ်ကိုကောင်းမှာ😍

💙 အရင်ထွက်ခဲ့တဲ့ အဝါလေးနဲ့ ပန်းလေးလိုပဲ သူလေးက Vitamin C ထက် ဆယ်ဆပိုမိုကောင်းမွန်တဲ့ Gluta glow
နည်းပညာကိုထည့်သွင်းထားတာမို့ အမဲစက်တွေ နေလောင်ကွက်တွေ အသားမညီတာတွေ အသားအရောင် ညစ်နေတာတွေကို ထိရောက်စွာ သက်သာစေနိုင်တယ်နော့။

💦Hyaluron လဲ ပုံမှန်ထပ် ဆယ်ဆပါဝင်တာမို့ မွဲခြောက်ညစ်ထေးနေတာတွေကို ပြန်လည်စိုပြေစေမှာပါ။

💙တစ်နေကုန် နေဒါဏ်လေဒါဏ်ကြောင့် ပင်ပန်းနွမ်းနယ်နေတဲ့ Skin လေးကို Barrier ပြန်လည်ကောင်းမွန်စေပြီး အစိုဓာတ်ပြည့်ပြီး ကြည်လင်ကောင်းမွန်စေဖို့ အာဟာရပြန်လည်ဖြည့်တင်းပေးတဲ့ Amino Peptide Complex 10x ပါဝင်သေးတာနော်။

🤍Vaseline jelly လေးကတော့ ပျက်စီးနေတဲ့ အသားအရေလေးကို ပြန်လည်ကုသပေးပြီး Skin မှာရှိသင့်တဲ့ PH balance ကိုကောင်းစွာထိန်းပေးနိုင်ပါတယ်။

🌜Overnight Radiance Repair Serum Lotion လေးကို ညတိုင်းအသုံးပြုပေးမယ်ဆိုရင် အသားလေးက ဝင်းထင်းကြည်တောက် ကြည်လင်စိုပြေလာဖို့ မလွဲပဲနော့🌛

✔️သူက Radiance Repair ဖြစ်လို့ ညဘက် မီးရောင်အောက် အလုပ်လုပ်ရသူတွေအတွက် ပိုသင့်တော်ပါတယ် ၊ မီးရောင်ကြောင့်အသားအရေပျက်စီးတာတွေ ကာကွယ်ပေးပါတယ်၊ ပြီးတော့ Radiance လှိုင်းတွေကြောင့် အသားအရေပျက်စီးတာတွေကိုလဲ သက်သာစေပါတယ်၊ Gluta ပါလို့ အသားရည်ကို ကြည်လင်စေပါတယ်

✔️Hydra Soothing Fluid,Shea Butter, Apricot Kernel oil တို့ဖြင့် ပြုလုပ်ထားတာကြောင့် အသားအရေကို ကြည်လင်ချောမွေ့စေပီ စေးကပ်ခြင်းလဲမရှိပါဘူး

Serum ဆိုတော့ လိမ်းလိုက်ရင်လည်းအေးနေရောပဲ😍
Crd:

🎀မှာယူလိုပါက page messenger(or)
☎ ph - 09458446494 ကို hello လုပ်လိုက်နော်😍

04/03/2022

🍒🍒The Elf Nano White Dose🍒🍒
❗Elf Dose အစစ် ကိုသာ ရောင်းချပေးပါတယ်နော်❗
Price: 12500 ks (60ml)
လက်ကား​စျေး (1****)

Direct from Bkk 🇹🇭💯

💢 Instock 💢

လူကြိုက်အရမ်းများပြီး အရမ်းရောင်းကောင်းနေတဲ့
The Elf Nano White Dose လေးအကြောင်းရှင်းပြပါရစေနော်.......

သူ့ရဲ့ အဓိက လုပ်ဆောင်ချက်ကတော့ အသားဖြူစေတာပါပဲ
သူ့ထက်ဖြူတဲ့ Lotion တွေတောင်သူ့လောက်မဖြူ ဘူး ဆိုတာ ယုံ 😍

အသားမဲတာ အသားရေမွဲခြောက်တာတို့အတွက် အဓိက သုံးသင့်ပါတယ် 😍😍😍

🍒 Nano Whitening Formula နဲ့ ထုတ်ထားတာမို့လို့ ဖြူတာ ကြည်တာ ပိုမြန်ပါတယ်

🍒 သေးငယ်တဲ့ molecule လေးတေပါဝင်တဲ့အတွက်ကြောင့် အရေပြားအတွင်းပိုင်းအထိ သိသိသာသာအာဟာဖြည့်ပေးနိုင်ပါတယ်

🍒 Super anti-oxidiant effect ရှိတဲ့ အတွက်ကြောင့် အရွယ်တင်နုပျိုစေတာတော့အသေအချာပါပဲနော်

🍒 အသားမဲစေတဲ့ melanin ထုတ်လုပ်မှုကို တာဆီးပေးတဲ့အတွက် အသားမဲတာနဲ့ အသားအရေမညီတာတွေအတွက်တကယ်ထိရောက်တယ်နော်

🍒အသားအရေကို ပြန်လည်နုပျိုစေပြီးတစ်နေကုန် အစိုဓာတ်ကိုထိန်းပေးထားနိုင်ပါတယ်

🍒ဒူးမဲ, တံတောင်မဲ တာတွေကို သိသိသာသာ သက်သာစေတယ်

🍒🍒🍒
အနှစ်ချုပ်ပြောရရင်
*အရွယ်တင်နုပျိုစေတယ်
*အမဲစက်နဲ့အမာရွတ်တွေကို သက်သာစေတယ်
*Skin tone မညီတာတွေကိုညှိပေးနိုင်တယ်
*အသားအရေကိုကြည်လင်ချော့မွေ့စေတယ်😍

Dose ရဲ့လိမ်းနည်းကတော့
❤ Nano White Dose လေး ၂/၃ စက်လောက်ကိုလိမ်းနေကျ lotion(or) Serum(or)Cream ထဲမှာထည့်အသုံးပြုနိုင်ပါတယ်

❤ Nano White Dose လေးတစ်ခုထဲကိုပဲ သုံးလဲရပါတယ်နော်

💢 100% Authentic စစ်မှန်ကြောင်း အာမခံသည် 💢

Direct from Thailand 🇹🇭

🎀မှာယူလိုပါက page messenger(or)
☎ ph - 09458446494 ကို hello လုပ်လိုက်နော်😍

04/03/2022

💙💙 Biore UV Watery gel 💙💙
Price : 8000 ks (50ml)
လက်ကား​စျေး (7***)

Price : 11000 (90ml)
လက်ကား​စျေး (9***)

Made in Japan

💙 SPF 50+ PA++++ ပါဝင်ပြီး gel type ဖြစ်လို့အဆီပြန်တဲ့သူတွေ အတွက် တော်တော် အဆင်ပြေတဲ့ UV လေးပါနော်။ 👍🏻

❌တချို့တွေက UV လိမ်းရင် အဆီပိုပြန်တယ် ဝက်ခြံ ပိုထွက်တယ်လို့ ထင်တတ်ကြတယ် ❌

💙 ဒီ UV က acne skin အတွက်ထုတ်ထားတာမို့လို့ သူ့ထဲမှာ အဆီမပါပဲ Gel ပုံစံ cream လေးပါ လိမ်းထားမှန်းတောင် မသိသာပါဘူး တခါထဲ စိမ့်ဝင်သွားတာ😍

💙 Essence လေးကtone -up effectနည်းနည်းပါလို့မိတ်ကပ်သီးသန့်မလိမ်းချင်သူတွေအတွက် နဂိုအသားအရောင်ပါးပါးကြည်ကြည်လေးပုံစံဖြစ်စေပြီး လိမ်းလိုက်ရင်လည်းချက်ချင်းအသားထဲ စိမ့်ဝင်ပါတယ်😍

‼️ ပစ္စည်း တစ်မျိုး (၃)ခု ယူရုံဖြင့် လက်ကား​စျေး/ သီးသန့်​စျေး ဖြင့် ဝယ်ယူနိုင်ပါပြီရှင့် ......

🎀မှာယူလိုပါက page messenger(or)
☎ ph - 09458446494 ကို hello လုပ်လိုက်နော်😍

04/03/2022

💗💗 Cathy Doll speed white CC Cream +
Cathy Doll speed white CC powder pact 💗💗
1 set :18000 ks

04/03/2022

💗💗 Cathy Doll Speed ​​CC White Powder 💗💗
Price : 9500 ks
လက်ကား​စျေး (8***)
Direct from BKK 🇹🇭🇹🇭🇹🇭
21 light beige

SPF 40 PA +++ ဖြစ်လို့နေ လောင်ခံသပ်သပ်ထပ်လိမ်းစရာလည်းမလိုဘူးေနာ်☀️☀️

အဆီပြန်တတ်တဲ့ အသားအရေ သမားများအတွက် သဘာဝအတိုင်း လှပပြီး အဆီပြန်ခြင်း ကိုလည်း ထိန်းပေးနိုင်ပါတယ်..!

💗မျက်နှာလေးကို ကြည်လင်စေပြီးသဘာဝ အတိုင်းလှပစေပါတယ်🤩🤩
💗တစ်နေ့တာလုံးအရောင်ကျမသ ွားဘူးနော်
💗သူ့ရဲ့Texture ေ လးကလည်းအိအိလေးနော်
💗Sensitive skin တွေအတွက်လဲအထူးကောင်းမွန်ပါတယ်

🎀မှာယူလိုပါက page messenger(or)
☎ ph - 09458446494 ကို hello လုပ်လိုက်နော်😍

04/03/2022

💗💗 Cathy Doll cc cream 💗💗ဒီဇိုင်းအသစ်ရပီ​နော်
Price: 8500 ks
လက်ကား​စျေး (7***)
Direct from BKK 🇹🇭🇹🇭🇹🇭

💗မျက်နှာလေးကို မိတ်ကပ်လိမ်းထား..... မှန်းမသိအောင်

💗 ကြွေရုပ်လေးလို ပြောင်ပြောင်..... တင်းတင်းလေး

လှပနေစေမယ့် Cathy Doll ရဲ့ CC cream လေးပါ.......

💗 မျက်နှာအဆီပြန်ပြီးဝက်ခြံထွက်တတ်သူတွေအတွက်အထူးသင့်တော်ပါတယ်😘

✅ speed white CC cream မှာ SPF 50 ++
ပါဝင်လို့ နေရောင်ခြည်နဲ့တိုက်ရိုက်ထိတွေ့မှု
ကြောင့်ဖြစ်ပေါ်တတ်တဲ့

✅ တင်းတိတ်/ မှဲ့ခြောက်နဲ့
အသားအရေညိုမဲခြင်းများ မှ
ကာကွယ်ပေးပြီး

✅ မျက်နှာအသားအရေကို ဖြူစင်ဝင်းအိလာစေပါတယ်😍

☑ cream type ဖြစ်လို့ မိတ်ကပ်သားအများကြီး
မပါသလို လိမ်းတဲ့အခါ မှာလည်း
အတင်းဖိဆွဲ လိမ်းဖို့မလိုပါဘူး

☑ မျက်နှာလေးကိုမိတ်ကပ်ထူထူမလိမ်းချင်ဘဲ သဘာဝဆန်ဆန် ဖြူဖြူဖွေးဖွေးတင်းတင်းပြောင်ပြောင်လေးနဲ့အများအလယ်မှာပေါ်လွင်လှပနေဖို့ CC creamလေးကို သုံးကြပါလို့ အကြံပေးပါရစေရှင့် ❤❤❤

🎀မှာယူလိုပါက page messenger(or)
☎ ph - 09458446494 ကို hello လုပ်လိုက်နော်😍

16/02/2022

UK No.1 Product တစ်ခု ဖြစ်တဲ့ 💙 Simple product 💙
ထဲက မင်မင်ဆီမှာ ဒါ​လေး​တွေရတယ်​နော် 👇👇

💙 Simple Moisturizing facial wash (12000 ks)

💙 Simple Refreshing facial wash (12000 ks)

💙 Simple Toner (12000 ks)

💙 Simple Hydrating Light Moisturizer (13000 ks)

💙 Simple Hydrating Gel Cream (13000 ks)

Simple product​ ​တွေအားလုံးမှာ.........

✅ No artificial colour or perfume

(သဘာဝမဟုတ်တဲ့ ဖန်တီးထားတဲ့ ဆိုး​ဆေး နဲ့
မွှေးရနံ့​တွေမပါ ပါဘူး​နော်)

✅ No harsh chemical that can upset your skin

(အသား​ရေကို ပျက်စီး​စေမဲ့
chemical အပြင်းစား​တွေလဲမပါ ပါဘူး)

✅ No alcohol

(အသား​ရေကို ပျက်စီး​စေတတ်တဲ့ အရက်ပြန်လဲ မပါပါဘူး)

✅ Non-animal derived

(တိရိစ္ဆာန် က ထုတ်တဲ့ ပစ္စည်း​တွေလဲ မပါ) တာ မို့လို့

😍 ဘာလာလာ ဘုထွက်မယ်ဆိုတဲ့ Sensitive skin များ နဲ့
အခုမှစပြီး စကွင်းကဲချင်တဲ့ ဆယ်​ကျော်သက်​သဲလေးများ
ယုံကြည်စွာ try ကြည့်လို့ရပါတယ်​နော်

Good Review ​တွေ အများကြီး ရထားပြီးသားမို့လို့ သိပ်မညွှန်းလို​တော့ပါဘူး 🥰🥰🥰

16/02/2022

Natural Makeup Tutorial 💗💗💗

Photos from Blog By PHU's post 16/02/2022

💗💗💗Aviance ရဲ့ Gluta Glow Lotion ​လေး 💗💗💗
Price : 22000 ks
လက်ကား​စျေး (2****)
Direct from BKK 🇹🇭🇹🇭🇹🇭

13/02/2022

🌞🌞🌞Suncream အ​ကြောင်း သိကြပြီးပြီလား???

Photos from Treasure by KhinLay's post 13/02/2022

AHC Eye Cream Season 9 💚/Season 10 🖤
နှစ်မျိုးလုံးရ
Price : 6500 ks (12 ml)
လက်ကား​စျေး (5***)

11/02/2022

A X I S - Y
Dark Spot Correcting Serum
ဝက်ခြံ​ကြောင့်ဖြစ်တဲ့ အမဲစက်အမာရွတ်များအတွက် product ​ကောင်း​လေးတစ်ခု
Direct from Korea 🇰🇷🇰🇷🇰🇷
✅ 100 % Authentic
Price : 24000 mmk

11/02/2022

A X I S - Y ရဲ့
Dark Spot Correcting Glow Serum ​လေး​ရောက်ပြီ​နော်
Price : 24000 ks
လက်ကား​စျေး (2****)
‼️ I N S T O C K‼️

🃏 ဝှက်ဖဲတစ်ချပ် (သို့) AXIS-Y

ဝက်ခြံကြောင့်ဖြစ်တဲ့ အမာရွတ်တွေကြောင့် စိတ်ညစ်နေတဲ့သူတွေရှိရင် ဒီ Review ကို ဖတ်လိုက်ပါ။

အနည်းဆုံးတော့ သင့်မျက်နှာက အမာရွတ်တွေ မှေးမှိန်ပြီး နောက်ဆုံးတော့ ပျောက်ကင်းသွားပါလိမ့်မယ်။

🙏 အားလုံးပဲ မင်္ဂလာပါ …. သားဖြိုးပါ 😁

သားဖြိုးကို Review တွေ ခန ခန လာတောင်းတဲ့ Axis-Y

အဲ့လိုမျိုး Review တွေ တောင်းပေးတဲ့ သားဖြိုး Treasure တွေကို ကျေးဇူး အရမ်းအရမ်းတင်ပါတယ်။
ဘာလို့လဲဆိုတော့ Treasure တွေကျေးဇူးကြောင့် Axis-Y ကို သုံးဖြစ်သွားတာလဲပါတယ်။

Axis-Y ကိုသွားဝယ်တော့ ပစ္စည်းဖိုးမယူပဲ လက်ဆောင်ပို့ပေးတဲ့ Axis-Y Myanmar ကိုလည်း ကျေးဇူးတင်ပါတယ်။

ကျေးဇူးတင်စကားတွေ ပြောပြီးပြီဆိုတော့ Review လေးစလိုက်တော့မယ်။

🟢 AXIS-Y Dark Spot Correction Glow Serum [Review]

ပေါ်က Intro ကို အစပြန်ကောက်ရရင် ဝက်ခြံကြောင့်ဖြစ်တဲ့ အမာရွတ်တွေ သိသိသာသာ ပျောက်ကင်းစေပြီး အမဲစက်တွေကို အရောင်မှိန်သွားစေတဲ့ Serum ကောင်းတစ်ခုပါ။

🃏 သားဖြိုးရဲ့ ဝှက်ဖဲ တစ်ချပ်ဆိုရင်လည်းမမှားပါ။

သားဖြိုးလောက် ဝက်ခြံ နဲ့ အဆီဖုပေါက်တာ သားဖြိုးပဲရှိတယ်။ ဖုတွေသာပေါက်တယ် အမာရွတ်ဆိုတာက သိပ်မကျန်သလောက်ပဲ။

Ingredients အကြောင်းက စပြောရရင်
▫️ Niacinamide က အရင်စပြောရမှာပဲ။
Niacinamide (5%)ပဲပါတာဖြစ်တဲ့ အတွက် Niacinamide နဲ့ ခုမှ စထိတွေ့မယ့် သူတွေအတွက် အဆင်ပြေတဲ့ Perentage လို့ပြောလို့ရတယ်။ Niacinamide irritation ဖြစ်ဖို့ ရာခိုင်နှုန်းတော်တော် နည်းတယ်။
▫️ Antioxidant ကိုပေးနိုင်တဲ့ Squalance
▫️ ပျက်စီးနေတဲ့ အသားအရေကို Healing လုပ်ပေးနိုင်တဲ့ Papaya
▫️ အသားအရေကို ကြည်လင်စေပြီး Hyperpigmentation ကိုသက်သာစေတဲ့ Rice Bran

စတဲ့ Ingredients တွေ ကြောင့် အမာရွတ်နဲ့ အမဲစက်တွေကို သိသိသာသာ သက်သာစေပါတယ်။

〽️ သားဖြိုး အတွေ့အကြုံအရ ပြောရရင် အမာရွတ်က ၂ပတ်အတွင်းကို သိသိသာသာ သက်သာသွားတာကိုတွေ့ရတယ်။ နောက်ပြီး မျက်နှာ အသားအရေက တော်တော် ကြည်လာတာကိုလည်း တွေ့ရတယ်။

🔰 သားဖြိုး ဘယ်လိုလိမ်းလဲ ဆိုရင်
🔆 Day Routine ရဲ့ Serum အဆင့်မှာ သူ့ကိုထားလိမ်းတယ်။
🌜 Night Routine မှာ ဆိုရင် Serum အဆင့်မှာရော Moisturizer အဆင့်မှာရော သူ့ကို ထားလိမ်းတာဆိုတော့ ညဖက်ဆို သားဖြိုး Aixs-Y Serum ကို (၂)ခါလိမ်းတဲ့သဘောပေါ့။
သားဖြိုး က Oily သမားဆိုတော့ ဒီ Serum ကို (၂)ထပ် လိမ်းလိုက်တာနဲ့ လုံလောက်တဲ့ အစိုဓာတ်ကိုရတာမို့ Moisturizer ထပ်မလိမ်းဖြစ်တာပါ။

အကယ်လို့ ကိုယ်က Dry Skin သမားဆိုရင်တော့ Moisturizer လိမ်းဖို့ လိုအပ်ရင် ထပ်လိမ်းပေးပါနော်။

✅ For All Skin Type အဆင်ပြေပါတယ်။

❓သားဖြိုးကို Axis-Y Glow Serum နဲ့ ပတ်သက်ပြီး အမြဲမေးတဲ့ မေးခွန်းက -
အဆီဖုနဲ့ ဝက်ခြံ ပေါက်နေတဲ့ အချိန်မှာရော Axis-Y Glow Serum ကို သုံးလို့ရလား? ဆိုတဲ့ မေးခွန်းပါ။

❗️သားဖြိုး ကတော့ အဆီဖု နဲ့ ဝက်ခြံ ပေါက်နေတဲ့အချိန်လည်း လိမ်းပါတယ်။ ဘာလို့လဲဆိုရင် ဖုအဟောင်းက အမာရွတ်အနေနဲ့ကျန်ခဲ့ပြီး ဖုအသစ်ကလည်း ထွက်တက်တာဆိုတော့ ဖုတွေပျောက်မှ လိမ်းဆိုရင် လိမ်းရမှာကို မဟုတ်တော့ဘူးလေဟယ် 😀

⚠️ တစ်ခု သတိထားရမှာက Axis-Y Glow Serum က Niacinamide ကို အဓိကထားထုတ်ထားတာကြောင့် Main Ingredients မှာ Vitamin-C ပါတဲ့ Skin Care တွေနဲ့တော့ Mix လုပ်ပြီး တွဲမလိမ်းဖို့တော့ သတိပေးချင်ပါတယ်။

💯 မျက်နှာ အသားအရောင်က ညစ်ပြီးညိုနေတဲ့သူ၊ ဝက်ခြံကြောင့်ဖြစ်တဲ့ အမာရွတ်နဲ့ အမဲစက်တွေ သက်သာချင်တဲ့သူ၊ အသားရေ ကြည်ကြည် စိုစိုလေးဖြစ်ချင်တဲ့သူတွေကို ဒီ AXIS-Y Dark Spot Correcting Glow Serum ကို သုံးကြည့်ပေးဖို့ Highly Recommend လုပ်ပါတယ်။

စျေးနှုန်းက 24,000 Ks ဝန်းကျင်ပါ။

Axis-Y Myanmar | Delux Beauti မှာ ဝယ်လို့ရပါတယ်။

သားဖြိုး Honest Review လေးကို အဆုံးထိဖတ်ပေးတဲ့အတွက်ကျေးဇူးပါဗျ။ သားဖြိုးရဲ့Review လေးက Personal အတွေ့အကြုံတွေကို Sharing လုပ်ပေးထားတာမို့ သားဖြိုး Blog လေးထဲမှာ နားမလည်တာ၊ မရှင်းတာ နဲ့ ထပ်ဖြည့်ချင်တာလေးတွေရှိရင် Comment မှာ မန့်ပေးခဲ့ပါလို့ တောင်းဆိုပါရစေ…။

11/02/2022

🌿🌿 Innisfree ရဲ့ Green Tea Foam Cleanser 🌿🌿
Price : 13000 ks
လက်ကား​စျေး (1****)

Size : 150 ml

‼️I N S T O C K ‼️
Direct from Korea 🇰🇷🇰🇷🇰🇷
✅ 100% Authentic

🌿 Green tea မှ ထုတ်လုပ်​ဖော်စပ်ထားပြီး Vit C, Amino acid နဲ့ Catechin compounds များက အသား​ရေကို ကြည်လင်ဝင်းပ​စေတယ်

🌿 ​ရေဓါတ် ကို ကြာကြာထိန်းထားနိုင်တာ​ကြောင့် အသား​ရေစို​ပြေ ​စေတယ်

🌿 ဝက်ခြံနဲ့ အမဲစက်များကို သက်သာ​စေတယ်

🌿 Normal , Combination to Oily skin နဲ့ Sensitive skin များအတွက်​ကောင်းမွန် ပါတယ်

🎀မှာယူလိုပါက page messenger(or)
☎ ph - 09458446494 ကို hello လုပ်လိုက်နော်😍

11/02/2022

💙 Innisfree ရဲ့ Bija Trouble Facial Foam 💙
Price : 12000 ks
လက်ကား​စျေး (1****)
Size : 150 ml

‼️INSTOCK‼️

Direct from Korea 🇰🇷🇰🇷🇰🇷
✅100% Authentic

💙 ​ချွေး​​ပေါက် အတွင်းပိုင်းအထိ Deep Cleansing ဖြစ်​စေဖို့ salicylic acid ကို အသုံးပြု​ဖော်စပ်ပြီး
mild exfoliate လုပ်​ပေးတာ​ကြောင့် dead skin cell ကိုပါ သန့်​စင်ပေးပါတယ်

💙 ဝက်ခြံနဲ့ အမဲစက် ၊ အမာရွတ် ကို ထိ​ရောက်စွာ သက်သာ​စေတယ် Sensitive skin များလဲ အသုံးပြုနိုင်ပါတယ်
Hyper sensitive ဆိုရင်​တော့ အားမ​ပေးချင်ဘူး

💙 Jeju bija oil ကို အ​ခြေခံထား တာ​ကြောင့် အသား​ရေ နူးညံ့ကာ တိုးတတ်​ကောင်းမွန်​စေပါတယ်

💙 အဆီဖု အတွက်​ကောင်းတယ် Moisture ကို ထိန်း​​ပေးနိုင်တယ်

💙 Oily acne , Sensitive , Normal, Dry and Combination Skin များအသုံးပြုနိုင်ပါတယ်

🎀မှာယူလိုပါက page messenger(or)
☎ ph - 09458446494 ကို hello လုပ်လိုက်နော်😍

11/02/2022

Innisfree ရဲ့ Jeju Volcanic Pore Cleansing Foam
Price : 12000 ks
လက်ကား​စျေး (1****)

Size : 150 ml

‼️ Instock ‼️
Direct from Korea 🇰🇷🇰🇷🇰🇷
✅ 100 % Authentic

🤎 သူက အဆီပြန်တတ်ပြီး ဝက်ခြံနဲ့ အဆီဖု​ပေါက်လွယ်တဲ့ သူ​တွေ ၊ ​ချွေး​ပေါက်ကျယ် တဲ့ သူ​တွေအတွက် ထုတ်​​ပေးထားတာပါ

🤎 အဆီပြန်တာ သက်သာ​စေပြီး Deep cleansing ဖြစ်တာမို့ ​ချွေး​ပေါက်ထဲက ​ချွေး​ပေါက်ကို ကျယ်စေမဲ့ အညစ်အ​ကြေး​တွေ ကိုပါ ဖယ်ရှား​ပေးပါတယ်

🤎 ​ချွေး​ပေါက်မှာ အဆီ​တွေ ဖုန်မှုန့်​တွေ​ပေါင်းပြီး အဆီဖု ထွက်တာတွေ ၊ ဝက်ခြံ​ပေါက်တာတွေ ကို တာ​ပေးပါတယ်

🤎 Oily skin နဲ့ Combination skin များအတွက် သင့်​လျော်ပါတယ်

🎀မှာယူလိုပါက page messenger(or)
☎ ph - 09458446494 ကို hello လုပ်လိုက်နော်😍

11/02/2022

Tony Moly ရဲ့ Tea tree Wonder Toner ​လေးရပီ​နော်
Price : 17000 ks
လက်ကား​စျေး (1****)

Direct from korea🇰🇷🇰🇷🇰🇷
‼️ INSTOCK‼️

Wonder toner ​လေးက အထူး​ပြောစရာမလိုဘူးထင်ပါတယ်
အခုမှစသုံးမဲ့ ချစ်​လေး​တွေအတွက်​ပြောပြ​ပေးမယ်​နော်
✅ Oily skin type (မျက်နှာ အဆီပြန်သမား)
✅ Sensitive skin type ( ဘာလိမ်းလိမ်းဘု ထွက်မယ်ဆိုတဲ့သူများ ​မွေးရာပါ ဘာ​လေးနဲ့ထိထိ အသားနီတတ် ယားတတ်သူများ)
✅Combination skin type (တစ်မျက်နှာလုံးအဆီမပြန်ဘဲ T-zone မှာပဲ အဆီပြန် ဟိုပြန် ဒီပြန်သမား)
အားလုံး အသုံးပြုနိုင်ပါတယ် ။

Tea tree နဲ့မတည့်ရင် wonder က rice toner တို့ JM solution toner တို့ အသုံးပြုနိုင်ပါတယ်

ဝက်ခြံအတွက်ထုတ်ထားတာ မဟုတ်​ပေမဲ့ ဆားဝက်ခြံ​ရော ဝက်ခြံပါ သိသိသာသာ ပါးလာပါတယ် ရှင်

🎀မှာယူလိုပါက page messenger(or)
☎ ph - 09458446494 ကို hello လုပ်လိုက်နော်😍

10/02/2022

Healthy ဖြစ်တဲ့ Make up look လေးလိုချင်ရင် ဒီနှစ်မျိုးကိုပါအောင်လိမ်းနော် 📍

💫 EOU HYA’C serum လေးက အရည်မပြစ်တပြစ် လိမ်းလို့ကောင်းတဲ့ Serum လေး ✨

လိမ်းလိုက်ရင် မျက်နှာထဲ အကုန်စင်အောင် စိမ့်ဝင်သွားတာမျိုး မဟုတ်လို့ လိမ်းပီးရင် အေးအေး စိုစိုလေး ကျန်ခဲ့တယ် 💦

အဲ့ဒါပီးလို့ EOU foundation ထပ်လိမ်းလိုက်တဲ့အခါ Serum Foundation လေးလိုဖြစ်သွားပီး စိုစိုညက်ညက်လေး ကျန်ခဲ့တယ် အရမ်းလှတယ် ❤

EOU Foundation : 21000
EOU serum : 22500





🎀မှာယူလိုပါက page messenger(or)
☎ ph - 09458446494 ကို hello လုပ်လိုက်နော်😍

Photos from My Blogs's post 07/02/2022

💁‍♀️ Etude House My Lash Serum 💁‍♀️ ​👁👁
Price : 6500 ks

Photos from Exodus Cosmetic's post 07/02/2022

🖤🖤 E'AORON Black Caviar 🖤🖤ငါးဥ cream ​လေးရပီ​နော်
Price : 25000 ks

🖤 Eaoron ရဲ့ လူကြိုက်အရမ်းများပြီး Review ​ကောင်းတဲ့ ငါးဥcream ​လေးပါ​နော်

🖤 မိန်းက​လေးတိုင်းအသဲစွဲဖြစ်​နေတဲ့ ငါးဥ cream ​လေးကို Black caviar ငါးဥ ၊ ​ရွှေမှုန်​လေး​တွေ ၊ ပုလဲနက် ၊ အမိုင်နို အက်စစ် ၊ ပင်လယ်နက်ထဲက သဘာဝ တွင်းထွက် ပစ္စည်း ​တွေနဲ့ ​ပေါင်းစပ်ထုတ်လုပ်ထားတာ ဖြစ်ပါတယ်

🖤 Eaoron ငါးဥcream ​လေးက

❤ အမဲစက် ၊ မှဲ့​ခြောက် ၊ တင်းတိတ် ​၊ ​ချွေး​ပေါက်ကျယ်ခြင်း
များကို သက်သာ​စေပါတယ်

💦 ​ရေဓါတ် ဖြည့်​ပေးလို့ စိုစိုအိအိ​လေးနဲ့ အသား​ရေကိုလဲ တင်းရင်းလာ​စေပါတယ်​နော်

😊 အ​ရေး​ကြောင်း​တွေကိုလဲ သက်သာ​စေပြီး လိမ်းလိုက်တာနဲ့ အသား​ရေကို တဆင့် ဖြူသွား​​တော့ မိတ်ကပ်မကြိုက်တဲ့ သူ​တွေအတွက် အရမ်းအဆင်​ပြေ​စေပါတယ်

✅ Sensitive Skin အပါအဝင် All SkinType သုံးလို့အဆင်​ပြေပါတယ်

အသုံးပြုနည်း 👇👇👇

🌞🌞Day 🌙🌙 Night သုံးလို့ရပါတယ်
လက်ထဲ လိုသ​လောက် ယူပြီး အဖြူ​စေ့​လေး​တွေ လက်​ပေါ်​ကျေ​အောင် ​ခြေပြီးမှ လိမ်း​ပေးပါ

📌 Cream type ​လေးမို့လို့ Toner, Essence , Serum
လိမ်းပြီးရင် အ​ပေါ်က ထပ်လိမ်း ​ပေးရုံပဲ​နော် 🥰🥰🥰

🎀မှာယူလိုပါက page messenger(or)
☎ ph - 09458446494 ကို hello လုပ်လိုက်နော်😍

07/02/2022

အလှပျက်စေတဲ့ ဟော်မုန်း ခြောက်မျိုး

💁‍♀️အက်စထရိုဂျင်(Estrogen)ဟော်မုန်း
အမျိုးသမီးတွေရဲ့ တင်းရင်းမှု ကိုလာဂျင်တွေကို ထုတ်​ပေးတယ်။
ဒီဟော်မုန်းလျော့တာနဲ့ အမျိုးသမီးတွေအလှတွေလျော့တာပါပဲ၊
အမျိုးသမီးကျန်းမာရေးဂရုစိုက်ပါ၊ရာသီမှန်ပါစေ။
ဒီဟော်မုန်းလျော့ရင်ရင်သားတွေတင်ပါးတွေလျော့လာတယ်၊အသားတွေပျော့တွဲလာတယ်
Soy bean အခြေခံအစားစာတိုဟူးတို့ ပဲနို့ရည်တို့သောက်၊
ပဲပိစပ်နဲ့ထုတ်ထားတဲ့ တိုင်းရင်းဆေးလည်းသောက်လို့ရတယ်

💁‍♀️Growth ဟော်မုန်း
သူကတော့သွေးထဲကဟော်မုန်း ၊သူလျော့လာရင်ကြွက်သားလျော့လာမယ် cellulite တွေဖြစ်လာမယ်၊
အဆီပိုတွေဟိုတစုဒီတစုနဲ့ကြည့်ရဆိုးလာမယ်၊
ဆယ်လီတွေကတော့ဟော်မုန်းဆေးထိုးတယ်၊
side effectများပေမယ့် သိသာတယ်၊ အခြားနည်းက
လမ်းလျှောက်ပါလေ့ကျင့်ခန်းလုပ်ပါချွေးထုတ်ခန်းဝင်ပါ၊အိပ်ရေးဝအောင်အိပ်ပါ၊

💁‍♀️DEHA
အသက်30ထိပဲကောင်းကောင်းထုတ်ပေးတဲ့ဟော်မုန်းပေါ့
အသက်30ကျော်တာနဲ့အမျိုးသမီးတွေ စပြီးကျတာ
သူလျော့နည်းသွားလို့ပါ၊
အာရုံကြောတွေလည်းလျော့တတ်တယ်
အဆီစားပါ၊ အခွံမာသီးစားပါ၊ထောပတ်သီးစားပါ၊
fatty fish စားပါ၊
ပရိုတင်း ကိုမနက်စာမှာအသင့်တင့်ထည့်စားပါ၊

💁‍♀️Melatonine
အိပ်တဲ့ချိန်မှာထွက်တဲ့ဟော်မုန်း၊35နှစ်လောက်ဆိုလျော့တတ်တယ်၊
ဒီဟော်မုန်းလျော့ရင် ဆံပင်ကျွတ်တယ်၊တင်းတိပ်၊မှဲ့ခြောက်ထွက်တယ်၊

ငှက်ပျောသီး ခရမးချဉ်သီး၊ဆန်၊ပြောင်း၊ဒါတွေစားပေးပါ
အရက် ၊ဆေးလိပ်၊ ကဖိန်း သိပ်များရင်လည်းဖြစ်တတ်တယ်
ရှောင်ပါ၊အိပ်ရေးဝအောင်အိပ်ပါ၊

💁‍♀️Cortisol
Stress ဟော်မုန်း ၊သူမညီမျှရင်အသားရည်ခြောက်တယ်၊အရွယ်ကျတယ်၊အရေးကြောင်းတွေပေါ်တယ်၊ဝက်ခြံထွက်တယ်အခေါက်ထူတယ်

ရေသောက်ပါ၊
စိတ်အေးချမ်းအောင်တွေးပါ၊
သီချင်းနားထောင်ပါ၊stress လျော့ပါ၊

💁‍♀️Insulin
သွေးထဲကသကြားဓာတ် သူများလာရင်လည်း
အရွယ်ကျမြန်တယ်
ရေဓာတ်တွေလျော့နည်းမယ်၊
ကော်လာဂျင်တွေမတင်းတော့ဘူး၊
ဓာတ်တိုးပစ္စည်းတွေများလာပြီး အရေးကြောင်းတွေ၊အတွန့်တွေပေါ်လာမယ်၊
အချိုလျော့၊ဗီတာမင် E နဲ့ဗီတာမင် C ၊ရေနွေးကြမ်းသောက်ပါ။
လိုအပ်ရင်ဆရာဝန်နဲ့ဆွေးနွေးပါ။

🤷‍♀️ကျမတို့ဇရာကိုမလွန်ဆန်နိုင်ပေမယ့် အရွယ်နဲ့ကျန်းမာရေးကိုတော့တတ်နိုင်သလောက်ထိန်းချုပ်လို့ရပါတယ်၊ 💖🤗📣📣📣

Photos from Exodus Cosmetic's post 05/02/2022

🌿🍎💧🍋🦪Lebelage sheet mask 🌿🍎💧🍋🦪
1 ချပ် : 1000 ks
10 ချပ် : 900 ks
30 ချပ် : 800 ks
50 နှင့်အထက် : 700 ks
Direct from korea 🇰🇷🇰🇷🇰🇷

‼️I N S T O C K‼️

Korea brand ဖြစ်တဲ့အပြင် ​စျေးလဲသင့်တင့်ပြီး သုံးလို့လဲ​အရမ်းကောင်းပြီး လူကြိုက်များပါတယ်​နော်

(1) 🌿🌿 Green tea 🌿🌿
အသား​ရေကို ကြည်လင် စို​ပြေ​​စေပြီး အဆီဖု​တွေကို သက်သာ​စေပါတယ်

(2) 🖤🖤 Charcoal 🖤🖤
အဆီပြန်တာကို သက်သာ​စေပြီး ဆားဝက်ခြံ​တွေကို သက်သာ​စေပါတယ်

(3) 🦪🦪 Pearl 🦪🦪
အသား​ရေကို ဖြူဝင်းစို​ပြေ​စေပြီး အမာရွတ် အမဲစက်​လေး​တွေကိုလဲ သက်သာ​စေပါတယ်

(4) 🍎🍎 Pomegranate 🍎🍎
အမဲစက်​တွေကို ​လျော့ချ​ပေးပြီး အ​ရေး​ကြောင်း​တွေကို သက်သာ​စေကာ အသား​ရေကို တင်းရင်း​စေပါတယ်

(5) 💦💦 Aqua 💦💦
​ရေ ဓါတ် ဖြည့်​ပေးပြီး အသား​ရေ ကို ကြည်လင် စိုပြည်​စေပါတယ်

(6) 🍋🍋 Vitamin 🍋🍋
အသား​ရေကိုစိုပြည်​စေပြီး အမဲစက်နဲ့ တင်းတိတ်​တွေကို သက်သာ​စေပါတယ်

(7) 🐌🐌 Snail 🐌🐌
ဝက်ခြံ အမာရွတ်နဲ့ အမဲစက်​တွေကိုသက်သာ​စေပါတယ်

(8) 🐝🐝 Propolis 🐝🐝
​ချွေး​ပေါက်ကျယ်တာက်ို သက်သာ​စေပြီး ဆားဝက်ခြံထွက်ခြင်းမှကာကွယ်​ပေးပါတယ်
အသား​ရေကို တင်းတင်းရင်းရင်း​လေး ဖြစ်​စေပါတယ်

(9) 🥒🥒 Cucumber 🥒🥒
မျက်နှာအသား​​ရေကို ကြည်ကြည်လင်လင်နဲ့ ​ရေဓါတ်အပြည့်အဝရရှိနိုင်ပြီး Glow ​စေပါတယ်

(10)💧💧 Collagen 💧💧
​ရေဓါတ် ဖြည့်​ပေးပြီးအသား​ရေကို တင်းရင်း​စေကာ အ​ရေ​ကြောင်းဖြစ်ခြင်းမှ ကာကွယ်​ပေးပါတယ်

(11) 💚💚 Aloe solution 💚💚
ဝက်ခြံ နဲ့ အမဲစက်​ တွေကို သက်သာ​စေပြီး ​ရေဓါတ်ဖြည့်​ပေးပါတယ်

(12)🍁🍁Ginseng 🍁🍁
အ​ရေး​ကြောင်း ​တွေကို ကာကွယ်​ပေးပြီး အသား​ရေကို နုပျိုတင်းရင်း​စေပါတယ်

🎀မှာယူလိုပါက page messenger(or)
☎ ph - 09458446494 ကို hello လုပ်လိုက်နော်😍

05/02/2022

skin care အကြောင်း အစုံအလင်

♦️(၁) Toner
Tonerဆိုတာ မျက်နှာသန့်စင်တဲ့ အရည်ကြည်တမျိုးဖြစ်ပါတယ်။ တိုနာအာနိသင်က အညစ်အကြေးကို အဓိကဖယ်ရှားသန့်စင်ပေးတာ ဖြစ်တယ်။ မျက်နှာသစ်တွေသုံးပြီး ကျန်နေနိုင်တဲ့ အညစ်အကြေးကို ဗာတိုနာက ကောင်းကောင်းဖယ်ရှားပေးနိုင်တယ်။ နောက်ပြီး မျက်နှာအဆီပေါက်တွေကို ကျဉ်းစေတာမို့ အဆီပြန်ခြင်း ကင်းစင်စေတယ်။ အထူးသဖြင့် မိတ်ကပ်သုံးသူအများစုဟာ တိုနာသုံးသင့်တယ်။

♦️(၂) Mist
Mist ဆိုတာ အရည်တမျိုးပဲ။ toner နဲ့နည်းနည်းဆင်တယ်။ ဒါပေမယ့် အာနိသင်မတူညီပါဘူး။ mist ထဲမှာ သဘာဝဆီ၊ ပန်းဆီ၊ အလှဆီနဲ့ ရေဓာတ် တို့ပါလေ့ရှိတယ်။ အာနိသင်က အရေပြား pH ကို မှန်စေတယ်။ အစိုဓာတ်ကို ထိန်းပေးပြီး မျက်နှာပြင်ကို အေးမြစေတယ်။ ပုလင်းနဲ့လာပြီး အရှေ့တိုင်းသားတွေကို မျက်နှာခြောက်သွေ့တဲ့အခါ ဖြန်းလေ့ရှိတယ်။ နွေရာသီမှာ အဓိက အသုံးဝင်တယ်။ တချို့က မိက်ကပ်မလိမ်းခင် ကြိုလိမ်းတတ်ကြတယ်။

♦️(၃) Essence
essence က အားလုံးထဲမှာ ပြင်းအားအနည်းဆုံးပဲ။ ပုံမှန်အားဖြင့် ရေသာသာ အရည်ကြည်တမျိုးပဲ။ တချို့က treatment water လို့ခေါ်တယ်။ အရေပြားကို အဓိကပြုပြင်ပေးတယ်။ အမျိုးအစား သုံးမျိုးလာတယ်။
• whitening essence ဆိုတာ မျက်နှာ ဝင်းမွတ်တောက်ပတဲ့ နေရာမှာ သုံးတယ်။ Melvita Brightening essence ဆိုတဲ့ နာမည်နဲ့လာတယ်။
• pore control essence ကတော့ အဆီပြန်ခြင်းကို ထိန်းချုပ်တဲ့ နေရာမှာ အသုံးဝင်တယ်။ Loreal treatment essence ဆိုတာ အဆီထိနိးတဲ့နေရာမှာ ကောင်းတယ်။
• skin repairing essence က အရေပြားကို ပြုပြင်ပေးတာဖြစ်တယ်။Cremorlab Mineral Treatment essence နာမည်နဲ့လာတယ်။အားလုံးထဲမှာ နာမည်အကြီးဆုံးက အများသိတဲ့ SKII facial treatment essence ဖြစ်ပါတယ်။ ကျွန်တော်လည်း သုံးဖူးပါတယ်။ အခုလည်း သုံးတယ်။ အဆီဓာတ်အခြေခံတဲ့ Essence လိုမျိုးလည်း ရှိပါသေးတယ်။ အများစုက Mandelic acid ပါတယ်။

ကိူရီးယားမှာ Esteen Lauder advanced night repair serum ကို essenceခေါ်

♦️(၄) Serum
Serum က essenceထက် ဓာတုပါဝင်မှုပိုများတယ်။ နည်းနည်းပိုပြစ်တယ်။ ဒါ့ကြောင့် essenceထက် စျေးအနည်းငယ်ပိုတယ်။ serumက အရေပြားအတွင်းပိုင်းထိ စိမ့်ဝင်စေပြီး အသားရောင်ကို ကြည်လင်ဝင်းပစေတယ်။ လေထုညစ်ညမ်းမှုကြောင့် အရေပြားပျက်ဆီးတာကို ကာကွယ်နိုင်တယ်။ အစိုဓာတ်ထိန်းပေးနိုင်ပေမယ့် moisturizer နဲ့ သဘာဝချင်း လုံးဝမတူပါ။ moisturizerက အရေပြားအပေါ်ယံကို ပြင်ပလေထု၊ ရာသီဥတုနဲ့တိုကိရိုက်မထိအောင် အလွှာပါးတခုနဲ့ ကာကွယ်ပေးတဲ့ သဘောသာဖြစ်တယ်။ Serum ကတော့ အရေပြားအတွင်းပိုငိးထိ နက်ရှိုင်းစွာ ဝင်ရောက်ပြီး အသားအရေနူူညံ့စေတာဖြစ်တယ်။ serum က အရေပြားတွန့်တာကို ကာကွယ်ပေးနိုင်ပေမယ့် လူတိုင်း serum သုံးလို့ရပါတယ်။
serum ထဲမှာ ရေဓာတ်အခြေခံ(water based serum) နဲ့ အဆီအခြေခံ (Oil based serum)ဆိုပြီး နှစိမျိုးရှိတယ်။ Oil based serumတွေထဲမှာ Vitamin C (သို့) retinol လိုမျိုးပါလေ့ရှိတယ်။ အာနိသင်ပေါ်မူတည်ပြီး ထုတ်ထားတဲ့ Serum သုံးမျိုးရှိတယ်။
• anti-aging serumဆိုတာ အရေပြားတွန့်သူ တွေမှာအဓိကသုံးတယ်။
• pore tightening serum ကတော့ ဝက်ခြံထွက်သူ၊ အဆီပြန်သူ၊ အဆီဂလင်းများသူတွေမှာ သုံးတယ်
• brightening serum ကတော့ အရေပြားကို ဝင်းမွတ်စေတဲ့ အမျိုးအစားဖြစိတယ်။
hyaluronic acid, ceramides(အစိုဓာတ်ထိန်းပေး)
water based - မော်လီကျူးသေး၊ moisturizer မလိမ်းမှီ
oil based - မော်လီကျူးကြီး၊ moisturizer လိမ်းပြီး

♦️(၅) Ampoule
Ampoule က ဒီသုံးမျိုးထဲမှာ သူကအရည်အပျစ်ဆုံးနဲ့ ပါဝင်မှုအများဆုံးပဲ။ serum ထက် စျေးနည်းနည်းပိုကြီးတယ်။ ဗီတာမင်နဲ့ အပင်အင်ဇိုင်းတွေ ပါလေ့ရှိတယ်။ အသားအရောင်ကို ညီညာ ချောမွတ်စေပြီး အရေပြားထဲ ပိုမိုစိမ့်ဝင်နိုင်တယ်။ အချိန်တိုအတွင်း အာနိသင်အထိရောက်ဆုံးပဲ။ brightening ampoule က အရေပြားတောက်ပစေဖို့ သုံးတယ်။လိမ်းထားရင် အသားရောင် ကြည်လင်နေတယ်။ collagen ampoule (သို့) wrinkle reducer ampouleက အရေပြားတင်းရင်းစေဖို့ သုံးတယ်။ အထူးသဖြင့် အသက်ကြီးရင့်သူတွေ သုံးနိုင်တယ်။
ပုံမှန်အားဖြင့် မိပ်ကပ်တွေ ကြာရှည်ခံအောင် hydrating (သို့) makeup ampoules တွေကို သုံးတယ်။ အထူးသဖြင့် မင်္ဂလာဆောင်တွေမှာ သုံးကြတယ်။ လေနဲ့ထိရင် ဓာတ်ပြုလွယ်လို့ vial လေလုံတဲ့ပုလင်းထဲ ထားရတယ်။

ပါဝင်တဲ့ပြင်းအား - ampoule > serum> essence .
အပျစ်၊အကျဲ - essence > ampoule > serum

အားလုံး တစ်နှစ်အတွင်း ကုန်အောင်သုံး(well concentrated and can oxidized)
�Acne-prone: Look for vitamin C (increases collagen production, enhances skin’s repair process, and reduces inflammation), retinol (also an antioxidant, reduces inflammation), zinc (soothes irritation, regulates oil production), and salicylic acid (unclogs pores).
Dry: Look for vitamin E (an antioxidant, protects cells from oxidative damage), niacinamide (improves skin elasticity, increases ceramide levels in skin), glycolic acid (gently exfoliates and lightens discoloration), and hyaluronic acid (retains moisture).
Feeling dull: Look for antioxidants like green tea extract, resveratrol, ferulic acid (these combat free radicals, increase effectiveness of sunscreen by day, and promote cellular repair and healing by night).

♦️(၆) Booster
booster ဆိုတာ serum/essence မလိမ်းခင်သုံးရတဲ့ပစ္စည်းတမျိုးဖြစ်ပါတယ်။ ဒါပေမယ့် တိုနာသုံးပြီးမှ လိမ်းရတယ်။ booster သုံးခြင်းအားဖြင့် essence/serum ရဲ့အာနိသင်ကို ပိုကောင်းစေတယ်။ အရေပြားအရောင်က ပုံမှန် ကြည်လင်တောက်ပလာတယ်။ မျက်နှာအသေားရောင်ပိုလင်းလာတယ်။

♦️(၇) Floral water
သိပ်ထူးထူးဆန်းဆန်းမဟုတ်ပါဘူး။ ပန်းကို ရေနဲ့ စိမ်ပြီး ပေါငိးစပ်ထားတဲ့ အရညိတမျိုးဖြစ်ပါတယ်။ ဒီအရည်ကို toner, mist (သို့) moisturiser အနေနဲ့လညိး သုံးလို့်ရတယ်။ အရေပြားကို အေးမြစိုစွတိစေတယိ။ ရေဓာတ်ကို နညိးနည်းထိန်းပေးတယ်။ ဒါပေမယ့် moisturiser စစ်စစ်လို အာနိသင်မကောင်းပါ။ ဆောင်းရာသီမျိုးမှာ သိပ်အသုံးမဝင်ပါ။ Melvita Extraordinary water ဆိုတာ Floral water ပန်းအရည်တမျိုးဖြစိပါတယ်။

♦️ (၈) Finisher
နောက်ဆုံးမှသုံးလို့ skin finisher လို့လည်း ခေါ်တယ်။ မျက်နှာအရေပြား တောက်ပနေအောင်ပြုလုပ်ပေးတဲ့ ပစ္စည်းဖြစ်ပါတယ်။ တကယ်က အရောင်တင်တဲ့သဘောပါပဲ။ toner, serums/essence/ နဲ့ moisturisers အားလုံးသုံးပြီးနောက်မှ အပေါ်က ထပ်သုံးရတယ်။ အောက်မှာ ခံလိမ်းထားတဲ့ အရေပြားထိန်းပစ္စည်းတွေကို ကြာရှည်ခံအောင် ဖုံးပေးတဲ့သဘောပါပဲ။ အဲဒီရဲ့အပေါ်ကမှာ နေလောင်ကာလိမ်းဆေး၊ foundation၊ မိပ်ကပ်စတာတွေ ဆက်သုံးနိုင်တယ်။ ပုံမှန်အားဖြင့် နေ့ပိုင်းမှာသာ သုံးတယ်။ Sulwhasoo Luminate Essential Finisher ဆိုတဲ့နာမည်နဲ့လာတယ်။

♦️(၉) Peeling Gel
အရေပြားအပေါ်ယံဆဲလ်ကို ခွာပေးတဲ့ ဂျယ်တမျိုးဖြစ်ပါတယ်။ scrubs လောက် မပြင်းဘူး၊ အပေါ်ယံ epothelium မှာရှိတဲ့ ဆဲလ်သေတွေကို ဖယ်ရှားပေးတယ်။ ပုံမှန်အားဖြင့် အာနိသင်ကောင်းအောင် ညဖက်မှာ သုံးပြီး sheet mask မသုံးခင်သုံးုကြတယ်။ ကိုရီးယားမှာ UGB Peeling Gel အနေနဲ့ လာပါတယ်။

ဒေါက်တာ အေးမင်းထူး
၁၂.၇.၁၇
-----------------------------------------------------
-----------------------------------------------------
ဒေါက်တာအေးမင်းထူး၏ အသားအရေထိန်းသိမ်းနည်းနှင့် အလှအပဆိုင်ရာအကြံပြုချက်ကို တယ်လီနောဖုန်း SMS မှတဆင့် နေ့စဉ် ဖတ်ရှုနိုင်ပါသည်။

မျက်နှာသန့်စင်ဆေး (သို့) cleanserများ အကြောင်း

cleanser တွေကို ချေးချွတ်ဆေး (သို့) မျက်နှာသန့်စင်ဆေးလို့ ခေါ်ပါတယ်။ cleanser တွေဟာ မျက်နှာအဆီ၊မိတ်ကပ်၊ဆဲလ်သေ၊ ဖုန်နဲ့ အညစ်အကြေးတွေဖယ်ရှားရာမှာ အသုံးဝင်တယ်။cleanser သုံးတဲ့အခါ မနက်တကြိမ် ၊ ညတကြိမ် တရက်ကို နှစ်ကြိမ် သုံးပေးဖို့ လိုပါတယ်။

Gel cleansers
Gel cleanser ဆိုတာ ရေနဲ့ရောပြီး သုံးရတဲ့ မျက်နှာသစ်ဆေးဖြစ်တယ်။ မျက်နှာသစ်ဆေးဂျယ် တွေက အရေပြား အတွင်းပိုင်းထိ သန့်စင်ပေးနိုင်တယ်။ ချွေးပေါက်ပိတ်တာ၊ အဆီပြန်တာကို သက်သာစေရုံမက၊ ဝက်ခြံနဲ့ ပိုးသတ်ပေးတဲ့ အာနိသင်လည်းရှိတယ်။ အပေါ်ယံအရေပြားကို ကွာစေလို့ ဝကိခြံသမားတွေ အသုံးပြုနိုငိတယ်။

အညွှန်း- အရင်ဆုံး မျက်နှာသစ်ပါ။ ပြီးရင် စိုစွတ်တဲ့လက်နဲ့ gel cleanser အနည်းငယ်ယူပြီး မျက်နှာပေါ်စက်ဝိုင်းပုံ လိမ်းပေးပါ။ ပြီးရင် မျကိနှာပြန်သစ်ပါ။

သုံးစွဲသင့်သူများ - oily and combination skin

သုံးစွဲနိုင်တဲ့ပစ္စည်းများ - iS clinical Gel cleansers, La Roche Posay, Murad, Jan Marini, Pevonia botanica

Cream cleansers
Cream cleansers တွေကို ခြောက်သွေ့တဲ့ မျက်နှာပေါ် ဒီတိုင်းလိမ်းပြီး ပွတ်ရတယ်။ ပြီးမှ လက်ကို ရေဆွတ်ပြီး နှိပ်ပေး၊ လိမ်းပါ။ အားလုံးပြီးရင် ရေဆေးချပါ။ Cream cleansers အမျိုးအစားတွေဟာ တခါတရံ "milk” သို့မဟုတ် “lotion” ပုံစံနဲ့ လာလေ့ရှိတယ်။ milk, lotion တွေဆိုရင် မျက်နှာပြန်သစ်ဖို့ မလိုဘဲ cleansing tissue နဲ့ ပြန်သုတ်ရုံပဲ။ တချို့ cream cleaser တွေကို မျက်နှာသစ်ဆေးအနေနဲ့ သုံးတာလည်းရှိပါတယ်။ ခရင်မ်မျက်နှာသန့်ဆေးတွေထဲမှာ သဘာဝအဆီပါတယ်။ အရည် နည်းနည်းပျစ်တယ်။ အစိုဓာတ်ထိန်းဆေးမျိူးပါလေ့ရှိလို့ dry နဲ့ sensitive skin မှာ အသုံးပြုနိုင်တယ်။

သုံးစွဲသင့်သူများ- dry and sensitive skin

သုံးစွဲနိုင်တဲ့ပစ္စည်းများ - First Aid Beauty face cleanser

Foam cleansers
ကျတော်တို့ နေ့စဉ်သုံးနေတဲ့ အမြှုပ်ထတဲ့ မျက်နှာသစ်ဆေးတွေကို foam cleanser လို့ခေါ်တယ်။ lightweight cleansers အမျိုးအစားထဲမှာပါတယ်။ cream type သို့မဟုတ် gel type ဆိုပြီး နှစ်မျိုးလာတယ်။ foaming cleanser တွေက ရေနဲ့ထိတဲ့အခါ အမြှုပ်ထလာတယ်။ ချေး၊ အညစ်အကြေးနဲ့ မျက်နှာ အဆီဂလင်းသန့်စင်ရာမှာ gel cleansers လိုပဲ အသုံးဝင်တယ်။

သုံးစွဲသင့်သူများ - oily and combination skin

သုံးစွဲနိုင်တဲ့ပစ္စည်းများ - elta MD facial foam

oil cleanser
အဆီချေးချွတ်ဆေးတွေက အဆီဂလင်းမှာ ပိတ်ဆို့နိုင်တဲ့ ဆဲလ်သေ၊ အညစ်အကြေးသန့်စင်ရာမှာ အလွန်အသုံးဝင်တယ်။ အထူးသဖြင့် ရေစိုခံမိတ်ကပ်ဖျက်ရာမှာ oil cleanser တွေက ကောင်းတယ်။ ဝက်ခြံပေါက်သူ၊မျက်နှာအဆီပြန်သူလည်း သုံးနိုင်တယ်။ ကောင်းတာက သုံးပြီး မျက်နှာပေါ် ခြောက်သွေ့ကျန်ခဲ့တာမျိူး မရှိတာပါ။

သုံးနည်း - ခြောက်သွေ့တဲ့လက်နဲ့ oil cleanser အနည်းငယ်ယူပြီး မျက်နှာပေါ် နှံ့အောင် လိမ်းပါ။မိတ်ကပ်တွေဟာ အဆီမှာပျော်ဝင်ပြီး ပျက်သွားပါလိမ့်မယ်။ ပြီးမှ လက်ကို ရေအနည်းငယ်ဆွတ်ပြီး မျက်နှာတပြင်လုံးနှံ့အောင်ပွတ်ပေးပါ။ မျက်နှာအညစ်အကြေးနဲ့ မိတ်ကပ်တွေပြောင်သွားပါလိမ့်မယ်။ ပြီးရင် ရေနဲ့ မျက်နှာကို ဆေးချပါ။ oil cleanser နဲ့ မျကိနှာချေးချွတ်ပြီးရင် foam cleanser တမျိုးမျိုးနဲ့ မျက်နှာထပ်သစ်ပေးရပါတယ်။

သုံးစွဲသင့်သူများ - ဘယ်အရေပြားတွက်မဆို သုံးနိုင်တယ်။

သုံးစွဲနိုင်တဲ့ပစ္စည်းများ - DHC deep cleansing oil, sulwasoo cleansing oil

(မှတ်ချက် - သံလွင်ဆီ၊ အုန်းဆီ၊ မက်မွန်ဆီ၊ jojoba oil စတဲ့အဆီတွေကိုလည်း မိတ်ကပ်ဖျက်ဆေးအနေနဲ့ အသုံးပြုနိုင်ပါတယ်။ eye makeup ဖျက်တဲ့အခါ နွားနို့ထဲစိမ်ထားတဲ့ ဂွမ်းစနဲ့ သုတ်ပေးနိုင်တယ်။ သခွားသီးကို ခပ်ပါးပါးလှီးပြီး သုံးနိုင်တယ်။)

micellar cleanser
micellar water တွေက ပြင်သစ်က လာတယ်။ micelles ဆိုတာ ရေထဲမှာ ပေါ်လောပေါ်နေတဲ့ သေးငယ်တဲ့ အဆီမော်လီကျူးလေးတွေကို ခေါ်တာပါ။ ဒီမော်လိကျူးတွေက မျကိနှာမှာရှိတဲ့ မိတ်ကပ်နဲ့ အဆီတွေကို စုစည်းပြီး ဖယိရှားနိင်တယ်။ micellar water သုံးပြီးတဲ့အခါ မျကိနှာပြန်သစ်ဖို့ မလိုပါ။

သုံးစွဲသင့်သူများ - dry and sensitive skin

သုံးစွဲနိုင်တဲ့ပစ္စည်းများ - Garnier micellar water , terry micellar water cleanser

clay cleanser
ရွှံ့စေး မျက်နှာသန့်ဆေးတွေက အဆီကို စုပ်ယူနိုင်တဲ့အာနိသင်ရှိတယ်။ ချွေးပေါက်ကို ကျဉ်းစေတယ်။ အဆိပ်အတောက်ဖယ်ရှားရာမှာလည်း အသုံးဝင်တယ်။ တချို့ clay cleanserတွေမှာ အဆီစုပ်တဲ့ charcoal ကျောက်မီးသွေး လိုဟာ ပါလေ့ရှိတယ်။

သုံးနည်း - clay facial cleanser ကို ရေနဲ့ အနည်းငယ်ရောပြီး မျက်နှာအနှံ့ စက်ဝိုင်းပုံလိမ်းပေးပါ။ ပြိးရင် မျက်နှာကို ရေပြန်ဆေးချပါ။

သုံးစွဲသင့်သူများ-oily and combination skin

သုံးစွဲနိုင်တဲ့ပစ္စည်းများ - dermalogica clay cleanser

Powder cleansers
မျက်နှာသစ်ဆေးထဲမှာ အမှုန့်လာတာလည်းရှိတယ်။ အမှုန့်ကို ရေနဲ့ရောပြီး လိမ်းပေးရတယ်။ အမှုန့်က ရေနဲ့ရောစပ်တဲ့အခါ ခရင်မ်ပုံစံဖြစိလာတယ်။ မျက်နှာချီးချွတ်ရာမှာ အသုံးဝင်တယ်။ physical exfoliantsတွေနဲ့ မတူတာက သဲလို ကြမ်းတမ်းမနေဘဲ သေးငယ်တဲ့အမှုန့်ဖြစ်တာကြောင့် ပိုမိုနူးညံ့တယ်။ နေ့စဉ်အသုံးပြုနိုင်တယ်။ sensitive skin သမားတွေလည်း အသုံးပြုနိုင်ပါတယ်။ တခါသုံး အထုပိလေးတွေနဲ့ လာတတ်တယ်။

သုံးစွဲသင့်သူများ - oily and sensitive skin

သုံးစွဲနိုင်တဲ့ပစ္စည်းများ - honest beauty, Clinique fresh pressed vit C powder

Bar soaps
ဆပ်ပြာခဲတွေကို အင်္ဂလိပ်လို bar soap ခေါ်တယ်။ အရေပြား pH ကို ပြောင်းလဲစေလို့ နောက်ပိုင်း သိပ်မသုံးကြတော့ပါ။ ဒီဖက်ခေတ်ရောက်တော့ pH level ထိန်းသိမ်းနိုင်တဲ့ အလှဆီ(glycerin) နဲ့ essential oils တွေ ထည့်သွင်းလာပြီး ပြောင်းလဲ အသုံးပြုလာကြတယ်။ ဝက်ခြံအတွက် ထုတ်တဲ့ bar soap ဆပ်ပြာတွေ သီးသန့်ထွက်ပါတယ်။

သုံးစွဲသင့်သူများ - oily and combination skin

သုံးစွဲနိုင်တဲ့ပစ္စည်းများ - Erno Laszlo bar soap

cleansing cloths and towelettes
cleansing cloths ကို towelettes သို့ wipes အမျိုးမျိုးခေါ်တယ်။ မျကိနှာမှာရှိတဲ့ အညစ်အကြေးတွေ သန့်စင်ဖယ်ရှားနိုင်တယ်။ ဒါပေမယ့် facial wash တွေ လောကိတော့ မကောင်းပါ။ cleansing wipes တွေက makeup removing wipes တွေနဲ့ သဘောသဘာဝချင်းမတူညီပါ။

သုံးစွဲသင့်သူများ - ဘယ်အသားအရေအတွက်မဆို သုံးနိုင်ပါတယ်။

သုံးနိုင်သော ပစ္စည်းများ - Cetaphil, Paula's choice , muslin cloths

cleansing wipes နဲ့ makeup remover wipes ဘာကွာခြားလဲ
cleansing wipes က မျက်နှာအဆီနဲ့ အညစ်အကြေးတွေ ဖယ်ရှားဖို့ အဓိကသုံးပြီး makeup remover wipes ကတော့ ရေစိုခံ မိတ်ကပ်ဖျက်ရာမှာ အဓိကသုံးတယ်။

ဒေါက်တာ အေးမင်းထူး
၁၂.၈.၁၉
————————————

Want your business to be the top-listed Beauty Salon in Insein?
Click here to claim your Sponsored Listing.

Telephone

Website

Address

Maggin Kyaung Street
Insein

Other Spa, Beauty & Personal Care in Insein (show all)
The ONE & Only Hair ,Beauty & Nail Salon The ONE & Only Hair ,Beauty & Nail Salon
No. 1, Thiri Road (near Insein Cenima)
Insein, 11012

The One in the beauty

The Beauty Corner - By Hsu The Beauty Corner - By Hsu
Insein

Quality is Priority � Authentic Skincare များကိုဈေးနူန်းမှန?

LaeLae onlineshop LaeLae onlineshop
Insein, 1142007

�09-984218157� Boom by LaeLaePhyo

SkinShine Cream By Beauty SkinShine Cream By Beauty
Muditar Housing (2)
Insein, 11011

Mabel's Beauty Vlog Mabel's Beauty Vlog
Insein

skin careအကြောင်းများ သိလိုရာမေးမြန်းနိုင်သည်💙💙 I'Aura suncream/Gelမှာယူလိုပါကcb or ph 09984032280

29 Fashion Shop 29 Fashion Shop
Sabal Street
Insein

Customer is always right.

လွင့်-Lwint လွင့်-Lwint
Hype Park 2 Street
Insein, 11011

beauty and personal care

Good Evening Good Evening
Mingalardong, Yangon
Insein, 11021

ရန်ကုန်/မန္တ‌လေး မြို့တွင်း အိမ်ရောက်ငွေချေပါရှင့်

Triyadanar Hair & Nails Spa Triyadanar Hair & Nails Spa
Thiri Road
Insein

Mirror Hair Mask Mirror Hair Mask
No. 52. U Ba Phae Street Taung Thu Gone . Insein
Insein, 11011

Mirror Hair Treatment