Historical of Bagan
Bagan Lover
ပျူခေတ်အုတ်ချပ်
ပျူအုတ်ချပ်တစ်ခုမှာ ထင်ကျန်ရစ်ခဲ့တဲ့ ခြေရာ ကလေးဟာ လွန်ခဲ့တဲ့နှစ်ပေါင်း၂ထောင်နီးပါးက ချစ်စဖွယ် တီတီတာတာ ကလေးတစ်ယောက် နင်းသွားခဲ့တာပဲဖြစ်ပါတယ်၊ယခု သူဘယ်ဘဝများရောက်ရှိနေပြီလဲ။
သူ့ခြေဖဝါးလေးက ဖူးပြည့်၊မို့မေါက်နေလို့ ကျန်းကျန်းမာမာနဲ့ လွတ်လပ်ပေါ့ပါး ဆော့ကစားရင်း နင်းမိတယ်ထင်ပါတယ်၊ ဒီလိုခြေဖဝါးလေးတွေကို ပျူခေတ်အသုံးပြုခဲ့ကြတဲ့အုတ်ချပ်တွေမှာတွေ့ရှိရတတ်ပြီး၊ ကလေးခြေရာတွင်မကပဲ လူကြီးခြေရာ၊ လူလတ်ပိုင်းခြေရာ တွေအပြင် တိရိစ္ဆာန် ခြေရာတွေဖြစ်တဲ့ ခွေးခြေရာ၊ နွားခွာရာ စသဖြင့်တွေ့ရှိရပါတယ်။
ပျူခေတ်က အုတ်လုပ်တဲ့အခါ ရွံ့စေးကိုပုံစံသွင်းပြီး မီးမဖုတ်ခင်နေလှမ်းကြပုံရပါတယ်၊ အဲ့ဒီအခါ ဒါမျိုးအရာလေးတွေက အမှုမဲ့အမှတ်မဲ့ပါလာတတ်ကြပါတယ်၊ နေလှမ်းထားတဲ့ ရွှံ့အုတ်တွေပေါ်ကို ပြေးရင်းလွှားရင်း ဆော့ကစားရင်း အလုပ်လုပ်ရင်း နင်းမိကြပုံပါပဲ ။
ဒါဟာ ရည်ရွယ်ချက်ရှိရှိလုပ်ခဲ့ကြလိမ့်မယ်လို့တော့ ယူဆလို့မရပါဘူး၊ ဘာဖြစ်လို့လည်းဆိုတော့ အုတ်တွေအပေါ်ထင်ကျန်ရစ်ကြတဲ့ အရာများဟာ ရုတ်တရက် နင်းသွားခဲ့တဲ့ပုံသဏ္ဌန်ဖြစ်ပုံရပါတယ်၊ တစ်ခုနဲ့တစ်ခု ပုံစံတွေလည်းမတူကြသလို အုတ်ခဲတစ်လုံးနဲ့တစ်လုံးရဲ့မျက်နှာပြင်မှာ အနေအထားတွေလည်းမတူညီကြပါဘူး။
ပျူခေတ်အုတ်တွေမှာ ရည်ရွယ်ချက်ရှိရှိ နဲ့ စာလုံးတွေဖော်ထားတာ၊ လက်ရေးစင်းတွေရိုက်နှိပ်ခဲ့ကြတာတွေတော့ များစွာတွေ့ရှိရပါတယ်၊ ဘာမျှမပါပဲ ပြုလုပ်ထားတဲ့အုတ်တွေလည်းတွေ့ရပါတယ်၊ များသောအားဖြင့် ပျူအုတ်အရွယ်အစားများဟာ အလျား ၁၈လက်မ၊အနံ ၉လက်မ နဲ့ ထုက ၃လက်မ အရွယ်အစားရှိကြောင်းတွေ့ရပါတယ်၊ ဒီအတိုင်းအတာတွေဟာ တကယ်တော့ အုတ်ဖုတ်ဖို့ အုတ်ပုံစံယူတဲ့ လူရဲ့ body measurement တွေဆိုလည်းမမှားပါဘူး၊ အုတ်ကိုဖြတ်ရတဲ့လူရဲ့ တစ် တောင်ဟာ ၁၈လက်မ ရှိပြီး တစ်ထွာဟာ ၉လက်မရှိပါတယ်၊ ထုကတော့ အဲ့ဒီလူရဲ့ လက်လေးသစ် (လက်လေးလုံး)ဟာ ၃လက်မရှိကြပါတယ် မယုံရင် ကိုယ့်လက်ကိုပြန်တိုင်းကြည့်ပါ၊ လူကောင် ညှက်တာနဲ့ ထွားတာနဲ့ ရှည်တာနဲ့ တိုတာနဲ့ အနည်းငယ်စီပဲကွာကြောင်းတွေ့ရပါလိမ့်မယ်။
ယခုအခါမှ ပေကြိုးတွေနဲ့တိုင်းကြ ထွာကြလို့ သဘာဝ တိုင်းတာခဲ့မှုနဲ့ ဝေးကွာသွားရခြင်းဖြစ်တယ်လို့ ယူဆမိပါတယ်။
ပျူတွေဟာ မြေကိုမီးဖုတ်တဲ့အတတ်မှာ အင်မတန်ကျွမ်းကျင်လိမ္မာပါတယ်၊ အုတ်တွေကိုမီးဖုတ်တဲ့အခါ မီးအကျက်ညီလှပါတယ် မီးအကျက်ညီအောင်လည်း ရွှံ့နယ်စဥ်ကထဲက စပါးခွံများထည့်သွင်းပြီး ရောနှောနယ်လေ့ရှိကြပါတယ် ဒါကြောင့်မီးဖုတ်တဲ့အခါ ထူထဲလှတဲ့အုတ်ရဲ့အတွင်းသားတွေအတွင်းက စပါးခွံတို့ကိုလောင်ကျွမ်းစေခြင်းဖြင့် အုတ်အတွင်းသားအထိမီးအပူရှိန်ရောက်စေပြီး မီးအကျက်ညီတဲ့ အုတ်တွေကိုရရှိပါတယ်၊ ဒီထက် ပညာသားပါတဲ့ အပူချိန်ထိန်းသိမ်းခြင်းအတတ်ပညာလည်းရှိခဲ့ပုံပါပဲ၊ ဘာဖြစ်လို့လည်းဆိုလျင် ပျူခေတ်အုတ်တွေထက်များစွာကြီးမားတဲ့ မြေမီးဖုတ်ရုပ်ကြွများစွာကိုလည်း မီးအကျက်ညီအောင်ဖုတ်နိုင်ခဲ့ကြလို့ပဲဖြစ်ပါတယ်။
ပျူခေတ်အုတ်တွေမှာ ပျူစာနဲ့ ပျုဂဏန်း စာလုံးတွေကို ပုံစံခွက်နဲ့ဖိပြီး သေသပ်စွာ ရိုက်နှိပ်ခဲ့ကြောင်းလည်းတွေ့ရပါတယ်၊များသောအားဖြင့် ပျူအက္ခရာ ဂဏန်းစာလုံးတွေကို နန်းတော်ရာမြို့ရိုးလိုစီတဲ့နေရာတွေ မြို့ရိုးစီတဲ့ အုတ်ရိုးနေရာတွေမှာ အတွေ့ရများပြီး၊ အခြားပျူအက္ခရာများကိုတော့ ဘာသာရေးအဆောက်အုံဆောက်လုပ်တဲ့ အုတ်ရိုးတွေမှာ တွေ့ရတတ်ပါတယ်။
ပျူခေတ်အုတ်တွေမှာ လက်ရေးစင်းပါတာနဲ့ပတ်သက်လို့ အယူအဆအမျိုးမျိုးရှိကြတဲ့နေရာမှာ နောက်ပိုင်းတွေ့ရှိလာတာကတော့ လက်ရေးစင်းပါတဲ့ အုတ်တွေကို အုတ်ရိုးတွေစီတဲ့ အခါ မြေသရွှတ်ချော်မထွက်သွားအောင် အုတ်ရိုးရဲ့အစွန်ဘက်တွေနဲ့ အလယ်ဗဟိုလိုနေရာမျိုးတွေမှာ မြေသရွှတ် မအိပ်ခင် အုတ်တွေရွှေ့ရှားသွားမှာစိုးတဲ့အတွက် အဆောက်အုံဆောက်လုပ်တဲ့ အုပ်စီးအုတ်နင်းစနစ်တစ်ခုအနေနဲ့အသုံးပြုခဲ့ကြတယ်လို့ ယူဆကြပါတယ်။
ဒီအဆိုကို ခိုင်မာဖို့ ကောက်ချက်ဆွဲရာမှာ ပျူခေတ်က ဖျော်စပ် ခဲ့ကြတဲ့ အင်္ဂတေစပ်နည်းဟာ သဘာဝပစ္စည်းများကို အခြေခံကြရလို့ ခြောက်သွေ့ဖို့ရာ အင်မတန်အချိန်ယူကြရပါတယ် အဲ့ဒီအတောအတွင်း စီထားအုတ်စီးအုတ်နင်း ချော်မထွက်သွားရလေအောင် စွဲမြဲနေအောင် အုတ်ခဲတွေမှာ ပုံစံမျိုးစုံနဲ့ လက်ရေးစင်းများ ရေးခြစ်ခဲ့ကြတယ်လို့ဆိုပါတယ် ဒီလိုပုံစံမျိုးကို ပုဂံဘုရားတွေရဲ့ နံရံမှာ အင်္ဂတေများကွာကျတဲ့အခါ အုတ်တွေရဲ့နံရံမျက်နှာပြင်မှာ အစင်းကြောင်းများရေးခြစ်ထားတာနဲ့သဘောတရားခြင်းဆင်တူပါပဲ၊ ဒါအပြင် သရေခေတ္တရာရဲ့ နန်းမြို့ရိုးအတွင်းဘက် နေရာတစ်ခုမှာ တစ်လက်မအထူလောက်ကျော်တဲ့ ပျူခေတ်က အသုံးပြုခဲ့တဲ့ အင်္ဂတေကို ကပ်လျက်တွေ့ရှိရပါတယ် အချို့ကွာကျနေတဲ့ နံရံမျက်နှာပြင်မှာတော့ အင်္ဂတေမြဲအောင် အုတ်နံရံမှာ လေးဒေါင့်ကွက်များစွာ ရေးခြစ်ထားတာကိုတွေ့ရှိရပါတယ် ဒါကြောင့် ပျူခေတ်အုတ်တွေမှာ လက်ရေးစင်းကို ဘာကြောင့် ထည့်သွင်းခဲ့လည်းဆိုတဲ့ အဖြေကို ဒီအယူအဆနဲ့ သုံးသပ်ကြပါတယ်။
ပျူခေတ် အုတ်တွေဟာ နောက်ပိုင်းမှာ အရွယ်အစားသေးလာကြတာကိုတွေ့ရှိရပါတယ် အရှေ့ဘက် နန်းမြို့ရိုး ပြိုကျခဲ့စဥ်က နန်းမြို့ရိုးကို အသုံးပြုထားတဲ့အုတ်အရွယ်အစားတွေဟာ ၅မျိုးလောက်တောင်ရှိကြောင်းတွေ့ရပါတယ်၊ ပျူတွေဟာ အုတ်ထုတ်တဲ့အတတ်ပညာမှာ တဖြေးဖြေးနဲ့ တိုးတက်လာခဲ့ကြပုံရပါတယ်၊ လက်လုပ်ပုံရိုက်တဲ့ စနစ်ကနေ မိုလ်နဲ့ပုံဖော်တဲ့စနစ် ဒီနောက်ဗိသုကာ အုတ်တွေကိုပါ မိုလ်လုပ်လို့ လိုအပ်တဲ့ သာသနိကအဆောက်အုံတွေမှာ လိုသလို ထုတ်လုပ်ပေးနိုင်ခဲ့ကြောင်းလည်း တူးဖော်တွေ့ရှိချက်တွေက နေတစ်ဆင့်သိရှိခဲ့ကြရပါတယ်။
ပုဂံဆိုသောအမည်ပေါ်ပေါက်လာပုံ
🙏🙏🙏
အရိမဒ္ဒနပူရ ပေါက္ကံ တမ္ပဒီပ ပျူဂါမ ပုဂံ
•••••••••••••••••••••••••••••••••••••••••••••••••
ယခုလက်ရှိ ပုဂံလို့အမည်တွင်တဲ့ပုဂံဟာ ခေတ်အဆက်ဆက်အမည်ကွဲအမျိုးမျိုးရှိခဲ့ပါတယ်။ ခေတ်အဆက်ဆက် မင်းအဆက်ဆက်က ကြီးကျယ်ခမ်းနားခဲ့တဲ့ ဒီမြို့ကြီးကို အမည်အမျိုးမျိုး အဓိပ္ပါယ်အမျိုးမျိုး ဖွင့်ဆိုခဲ့ကြရာမှာ အများအသိဆုံးကတော့ အရိမဒ္ဒနပူရ ပေါကံ္က တမ္ပဒီပ ပျူဂါမ ပုဂံဆိုတဲ့အမည်များပဲ ဖြစ်ပါတယ်။ကျန် အမည်များကိုတော့ထိုခေတ်ကရေးထိုးခဲ့တဲ့ကျောက်စာမှတ်တမ်းများ၊ သမိုင်းကြောင်းအဖြစ်အပျက်များမှာတွေ့ရတာလည်းဖြစ်ပါတယ်။
ယုန်လွှတ်ကျွန်း
သမုဒရာဇ်မင်းစတင်အုပ်ချုပ်စဉ်က မြို့အမည်
တုရင်တောင်အရှေ့ဘက်တွင်ရှိတဲ့နေရာဖြစ်ပါတယ်။ ရေပတ်လည်ဝိုင်းနေတဲ့ ကျွန်းမျိုးမဟုတ်ဘဲ တောနက်တဲ့နေရာတွေကိုကျွန်းလို့ခေါ်လို့ ယုန်လွှတ်ကျွန်းလို့အမည်တွင်ခြင်းဖြစ်ပါတယ်။
ကျောက်စကား-
သမုဒရာဇ်မင်းတည်ထောင်ခဲ့သောမြို့ဟောင်း
ယခုစေတနာကြီးဘုရားများအနီးဝန်းကျင်နေရာ
ကျောက်အုတ်ရိုးတန်းတွေ့ရှိပြီး
ယုန်လွှတ်ကျွန်းနဲ့ယှဉ်ပါက မြစ်နဲ့နီးလို့ရေအသုံးပိုမိုအဆင်ပြေသောနေရာဖြစ်လို့ ဒီနေရာကိုပြောင်းလာတယ်လို့ ယူဆကြပါတယ်။
ကိုအောင်ထိုက်လေ့လာထားသော ကျောက်စကားမြို့ဟောင်းနေရာ
https://m.facebook.com/story.php?story_fbid=1605608089764631&id=100009463657072
သီရိပစ္စယာ - ကျက်သရေရှိသောအရပ်
သေဉ်လည်ကြောင်မင်းလက်ထက်မှာ စတင်တည်ထောင်ပြီး
ယခုလောကနန္ဒာဘုရားအနီး ပုဂံမြို့သစ်ဝန်းကျင်နေရာဖြစ်ပါတယ်။
တမ္ပဝတီ
သိုက်တိုင်မင်းစတင်တည်ထောင်ပြီး
ယခု ဓမ္မရာဇိကဘုရားရှိရာနေရာဝန်းကျင် (သမထီးအရပ်လို့လဲခေါ်)ဖြစ်ပါတယ်။
ပျူဂါမ - ပျူရွာများ
ပျူရွာ၁၉ရွာဖွဲ့စည်းထားလို့ ပျူဂါမဟုခေါ်ဆိုပါတယ်
ပေါက္ကံ - ပေါက်ပင်ပေါက်ရာအရပ်
မြတ်စွာဘုရားဗျာဒိတ်တော်အရ ပေါက်ပင်ပေါက်ရာနေရာဖြစ်၍ပေါကံ္ကပြည်ဟုခေါ်ဆိုကြပါတယ်။
အရိမဒ္ဒနပူရ်-(ရန်မျိုးနှိမ်)
ကျန်စစ်သားမင်းရေးထိုးသော ပြည်ရွှေဆံတော်မွန်ကျောက်စာ မှာတွေ့ရပြီး ရန်သူအပေါင်းကိုနှိမ်နင်းအောင်မြင်သောပြည်ဟုလဲ အဓိပ္ပါယ်ရပါတယ်။
ပေါကာမ -
ပြည်ရွှေဆံတော်မွန်ကျောက်စာတွင်တွေ့ရသော ပုဂံရဲ့အမည်တစ်မျိုး
ပေါကာမ်ဟုလည်းခေါ်ပါတယ်။
အရိမဒ္ဒနပူရ-
ကျန်စစ်သားသားတော် ရာဇကုမာရ်ရေးထိုးသော မြစေတီကျောက်စာမှာတွေ့ရပါတယ်။
တမ္ပဒီပ - ကြေးနိုင်ငံ
ရှင်ဒိသာပါမောက်ကျောက်စာတွင်တွေ့ရ ကြေးကဲ့သို့ခိုင်မာမြဲမြံသောနိုင်ငံဟုအဓိပ္ပါယ်ရပါတယ်
တံပြတ်ပြည် -
ရှင်ဒီသာပါမောက်သုံးသော တမ္ပဒီပ၏ အမည်တစ်မျိုးဖြစ်ပါတယ်
ပုဂါမနာဂရ -
ကလျာဏီကျောက်စာတွင်တွေ့ရပါတယ်၊
ပုဏ္ဏကာမ (ပုကာမ်) - အလိုရှိသမျှပြည့်စုံသည်
ပေါင်းလောင်းရှင်မဟာကဿပ ဗုဒ္ဓဝင်ဋီကာမှာရေးသားတဲ့အမည်ကို ပင်းယဆင်ဖြူငါးစီးရှင်မယ်တော်မိဖုရားပုံကျောင်းကျောက်စာမှာကူးယူရေးထိုးထားပါတယ်။
ပုကံ
ယခင်က ပုကံဟူသောအရေးအသားကိုကျောက်စာအတော်များများမှာ အရေးများပြီးနောက်ပိုင်းမှသာ ပုဂံဖြစ်လာတယ်ဆိုပါတယ်။
ပုဂံ
နောက်ပိုင်းခေတ်အဆက်ဆက်မှ ယခုချိန်ထိသုံးစွဲ။
ပျူဂါမ ပုဂါမ မှလာသည်ဟုယူဆသလို၊ ပေါကံ္က၊ ပေါကာမ် တို့မှဆင်းသက်လာသည်ဟုလဲယူဆကြပါတယ်။
တတ္တဒေသ - ခြောက်သွေ့သောအရပ်
မွန်တို့ခေါ်သော ပုဂံပြည်အမည်ဖြစ်ပါတယ်
ပရမပူရ
သမာဓိနာဂရ လို့ခေါ်တယ်လို့ပြောတာရှိပါသေးတယ်
#ပုဂံအကြောင်းသိကောင်းစရာများ
မီးငြိမ်းကုန်းဘုရားသမိုင်းကြောင်း
🙏🙏🙏🙏🙏
🍂 ဘုရင်နရသီဟ ပတေ့မင်းသည် မိဖုရားငယ်စောလုံကို တစ်ခြားသောမိဖုရားများထက် ချစ်မြတ်နိုးသည်။ တစ်နေ့သော နွေဥတုအခါတွင် ဘုရင်နှင့် မိဖုရားများ နန်းဥယာဥ် ရေကန်တော်အတွင်း ရေကစားဆင်း အပန်းဖြေကြရာတွင် မိဖုရားစောလုံ ၏ ဦးခေါင်းပေါ်သို့ ချစ်ကျီစယ်သည့် အနေဖြင့် ရေများ လျှက်တပျက် သွန်းလောင်းချလိုက်သည်။ ထိတ်ထိတ်လန့်လန့်ဖြစ်သွားသော မိဖုရားစောလုံက လူအများရှေ့တွင် အရှက်ရအောင် တမင် လုပ်ဆောင်သည်ဟု ထင်မြင်ပြီး စိတ်ဆိုးကာ ဘုရင်ကြီး၏ စားတော်ပွဲတွင် အဆိပ်ခက်ရန် ကြံစည်ခဲ့သည်။
🌾 ဘုရင်ကြီးသိသွားသောအခါ ငါက ချစ်ရန်ကျီစယ်တာကို သင်က သတ်ရန်ကြံစည်သလား ဟုဆိုကာ မီးရှို့သတ်ရန် အမိန့်တော်ချလိုက်သည်။
🌼 မီးစင်တင်ပြီး ၃ ကြိမ်တိုင်အောင် ကွပ်မျက်သော်လည်း မိဖုရားခန္ဓာကိုယ်ကို မီးမစွဲ မီးမကူး ပဲမီးငြိမ်းသွားသည် ဟု ဆိုလေသည်။
ထိုအခါ မိဖုရားစောလုံက သစ္စာပြုလေသည်။ ငါ့အဖို့၌ မီးလောင်၍သေရန် ဝဋ်ကြွေး ကံကြွေးပါခဲ့လျှင် မီးလောင်စေ၍ ဝဋ်ကြွေးချေပါရစေသားဟု သစ္စာဆိုပြီးနောက် လေးကြိမ်မြောက်မှာ မိမိကိုယ်တိုင် မီးစင်ထဲခုန်ချ၍ ကံကုန်သွားလေသည် ။
🌻 နရသီဟပတေ့မင်းက ထိုအကြောင်း အရာကို အာဏာပါးကွက်သားတို့ ထံမှ ကြားသိရပြီးနောက် မိဖုရားစောလုံ အားလွမ်းဆွတ်ရ၍ ထိုနေရာ၌ပင် စေတီတည်ထားခဲ့လေသည်။ ထိုအကြောင်းအရာကို အစွဲပြု၍ မီးငြိမ်းကုန်းဘုရား ဟု
အမည်တွင်ခဲ့သည်။ ။
Click here to claim your Sponsored Listing.
Category
Contact the public figure
Website
Address
Insein
Insein
It's more fun in Movie scene. Tv! Please Like, Share and Comment! Thank you and God bless.