Nyein Sensei Japanese Language

BA Japanese YUFL. Tokyo University Of Social Welfare , Japan

29/11/2023

JLPT , JFT လာမယ့် ၂၀၂၄ မှာ အမှီဖြေလို့ရမယ့်
N 4 online အတန်းသစ်လေး ၉.၁၂.၂၀၂၃ စပါမယ်

Saturday & Wednesday

ည ၇:၀၀ ( online အတန်းပါ Zoom နဲ့သင်မှာပါ )

ဒီအတန်း တစ်တန်းတည်းမှာပဲ
JLPT ရော JFT ပါ သင်ရိုးစာအုပ် ၂မျိုးလုံး ပါပါတယ်
စကားပြော speaking လေ့ကျင့်ခြင်းလည်း ပါပါမယ်

Nyein Nyein Thant
B.A Japanese YUFL
Tokyo University of social welfare,Japan

23/11/2023

会話 အတန်းသစ်
၂၃.၁၁.၂၀၂၃

21/11/2023

N 5 level စကားပြောသီးသန့်အတန်း
အပြင်အတန်းလေးတက်ချင်တယ်ဆိုလို့ ဖွင့်ပေးလိုက်ပါပြီနော်

December 9 စပါမယ်

Saturday Sunday တစ်ပတ် ၂ရက်

မနက် ၁၀:၃၀ မှ ၁၂:၀၀ အထိ

N 5 level grammar သင်ပြီးသူများ တက်လို့ရပါတယ်

စကားပြောဖို့ သီးသန့်လေ့ကျင့်ပေးတဲ့အတန်းလေးပါ …
အပြင်အတန်းပါနော် … online မဟုတ်ပါဘူးနော်

သင်တန်းကာလ ၂လ ကြာပါမယ်

Kaizen Japanese Language Center သင်တန်းကျောင်းနေရာ
အမှတ် ၇၂ ၊ လှည်းတန်းလမ်းမ ၊ ကမာရွတ်မြို့နယ် ၊ ရန်ကုန်မြို့။
09885408116

20/11/2023

会話 အတန်းလေး

Photos from Nyein Sensei Japanese Language's post 16/11/2023

သုံးဆယ်က တပည့်လေး မောင်ရှယ်လင်းအောင် interview အောင်သွားလို့ လာကန်တော့တာ …
N 4 ပဲအောင်သေးတယ် ….
N3 အယောက် ၈၀ ကြားမှာ ၁၀ ယောက်အရွေးခံရတဲ့အထဲပါသွားတာ …
သားက Sensei အတန်းထဲမှာ စာမရတဲ့အထဲပါတာ …
အခု interview မှာ သားက အတော်ဆုံးဖြစ်နေတာတဲ့ … Sensei ပြောပြောနေတာတွေအခုမှ လက်တွေ့ကြုံရတော့မှ သဘောပေါက်တယ်တဲ့ …

ကျွန်မတပည့်တွေ N 4 အောင်ရုံနဲ့ ကြိုက်တဲ့ interview သွားဖြေ N 3 တွေထက် ပိုတော်စေရမယ် အာမခံတယ်လို့ အတန်းထဲမှာအမြဲပြောလေ့ရှိပါတယ် …
တကယ် လက်တွေကြုံကြတော့မှပဲယုံကြတော့တယ် …
မကြာခင် ဂျပန်ဆိုတဲ့နိုင်ငံကြီးမှာ သူ့ရဲ့အိပ်မက်တွေအကောင်အထည်ဖော်နိုင်တော့မယ် ….

Congratulations ပါ 🎉🎉🎉🎁🎉🎁🎁🎁🎁

11/11/2023

N5,4 Kaiwa Online November လအတန်းသစ်

Tuesday & Thursday မနက် ၁၀:၀၀ မှ ၁၁:၃၀

November 5,4 သင်ထားပြီး စကားမပြောတတ်သေးသူများ ကိုယ်ပြောချင်တဲ့စကားကို ရဲရဲပြောမထွက်သူများအတွက် စကားပြောလေ့ကျင့်ပေးတဲ့အတန်းပါ …

လူားရေ ကန့်သတ်ထားပါတယ်
Online အတန်းပါ

29/10/2023

သီတင်းကျွတ်စကားလုံးလေးတွေ ဂျပန်လိုမှတ်ရအောင်
#သီတင်းကျွတ်

#ဂျပန်စာ

24/10/2023

N 4 စာမေးပွဲလေ့ကျင့်တဲ့အတန်း

November ၃ စပါမယ်

Monday & Friday
ည ၇:၀၀

Nyein Nyein Thant
B.A Japanese YUFL
Tokyo University of social welfare,Japan

24/10/2023

စကားပြောသီးသန့် 2လပြတ် Special Class
၂၅.၁၀.၂၀၂၃ ရက်နေ့စပါမယ်
Online မဟုတ်ပါ .. အပြင်အတန်းပါ …

Monday Wednesday Friday
မနက် ၁၀:၀၀ မှ ၁၁:၃၀

ဒီအတန်းမှာ တကယ်ကြိုးစားသင်ယူပြီး result ကောင်းကောင်းပြနိုင်တဲ့သူကို interviewမှာ recommend ပေးသွားမှာပါ … ဂျပန်ဘက်အလုပ်မိတ်ဆက်ပေးမှာဖြစ်ပြီး သီးသန့် VIP Special Training အတန်းကိုလည်း 50% Discount ဖြင့် တက်ရောက်ခွင့်ရရှိမှာဖြစ်ပါတယ် ….

Kaizen Japanese Language Center သင်တန်းကျောင်းနေရာ
အမှတ် ၇၂ ၊ လှည်းတန်းလမ်းမ ၊ ကမာရွတ်မြို့နယ် ၊ ရန်ကုန်မြို့။
09885408116

22/10/2023

ဒီနေ့ N 5 online အတန်းသစ်စ
22.10.2023 ❤️

14/10/2023

၂၇ ရက်နေ့ဖွင့်မယ့် 会話Online အတန်း လူပြည့်သွားပြီမို့
会話တက်ချင်သူများ ၂၅ ရက်နေ့အပြင်အတန်းလေးကို တက်ကြပါနော်

06/10/2023

N5 အပြင်အတန်းအသစ် 9.10.2023 စပါမယ်

Monday Wednesday Friday

မနက် ၁၁:၃၀ မှ ၁:၀၀

Nyein Nyein Thant
B.A Japanese YUFL
Tokyo University of social welfare,Japan

Kaizen Japanese Language Center သင်တန်းကျောင်းနေရာ
အမှတ် ၇၂ ၊ လှည်းတန်းလမ်းမ ၊ ကမာရွတ်မြို့နယ် ၊ ရန်ကုန်မြို့။
09885408116

09/09/2023

N 5 အတန်းသစ်လေး ဒီနေ့စ
9.9.2023

09/09/2023

N 5 အပြင်အတန်းသစ်
၁၈.၉.၂၀၂၃ စပါမယ်ရှင့်

04/09/2023

Online မှာချည်းပဲ တောက်လျှောက်သင်လာတော့ အပြင်မှာ ကျောင်းလေးဖွင့်လိုက်တော့ နည်းနည်းတော့ မောတယ် ….
ဒါပေမယ့်ပျော်ပါတယ် ….

အပြင်ကျောင်းလေးက ဒီလကမှ စဖွင့်လိုက်တော့ ကျောင်းသား နည်းသေးတယ် …..
ဒါပေမယ့် ဘယ်နှယောက်ပဲလာလာ …

စိတ်ဝင်တစားလာသင်ကြတယ်
တကယ်လိုအပ်တဲ့သူတွေ လာသင်ကြတာဆိုတော့ သင်ပေးချင်စိတ် တွေအပြည့် energy အပြည့်နဲ့ သင်ပေးဖြစ်ပါတယ် …

ထုံးစံအတိုင်းပဲ လာတဲ့သူတွေက Kaizen Nihongo Japanese Language Center ဆိုတဲ့ page ကနေလာတက်ကြတာမဟုတ်ဘဲ ချစ်သူငယ်ချင်း sensei Ei ရဲ့ တပည့်တွေပါပဲ …
အမြဲကျေးဇူးတင်ပါတယ် ချစ်ရတဲ့ sensei Ei ရေ 🥰🥰🥰🥰

Online ရောအပြင်ရော အတန်းတွေရော အားလုံးက မိတ်ဆွေတွေကတဆင့်လာတက်တဲ့သူတွေချည်းပါပဲ
အမြဲကျေးဇူးတင်လျှက်ပါနော် 😍💗💗💗💗

04/09/2023

ဒီနေ့ Kaiwa အတန်းသစ်လေးစ

9.9.2023

Nyein Nyein Thant
B.A Japanese YUFL
Tokyo University of social welfare,Japan
09885408116


#会話

30/08/2023

会話 ဂျပန်စကားပြောလေ့ကျင့်တဲ့အတန်း ကိုအခုတလော စုံစမ်းကြတာများပါတယ်
ဘယ်လိုသင်တာလည်း ?
Textbook ထဲက kaiwa တွေကိုပဲလေ့ကျင့်ပေးတာလား ? ဆိုပြီးမေးကြပါတယ်
Page ရော သင်တန်းကျောင်းရော agency ရောက က အသစ်မို့လို့ စုံစမ်းပြီး မယုံကြည်တဲ့သူတွေများတာမဆန်းပါဘူးရှင် 😊

ကျွန်မအကြောင်း မသိသေးသူများကို ကျွန်မကိုယ်ကျွန်မ မိတ်ဆက်ပါရစေရှင့်

Kaizen Japanese Language Center ကျောင်းက အသစ်ဆိုပေမယ့် ကျွန်မ စာသင်လာတာ ၁၀ နှစ် ကြာခဲ့ပါပြီ

ကျွန်မ UFL က ဘွဲ့ရထားပြီး Tokyo University Of Social Welfare မှာ ကျောင်းသွားတက်ခဲ့ပါတယ်ရှင့်

ဒီကြားထဲမှာလည်း ဂျပန်နိုင်ငံက ပို့ချတဲ့ ဂျပန်လူမျိုးတွေနဲ့ သင်ယူရတဲ့ ဆရာဖြစ်သင်တန်းတွေလည်း အများကြီး တက်ခဲ့ပြီးပါပြီ

ကျွန်မနဲ့ အပြင်မှာ သိပြီး ယုံကြည်စွာနဲ့ တက်နေကြတဲ့ တပည့်အားလုံးနဲ့ ကျောင်းသားတွေအမြဲမိတ်ဆက်ပေးကြတဲ့မိတ်ဆွေများအားလုံးကို ကျေးဇူးအမြဲတင်လျှက်ပါ

အားလုံးရဲ့ ကျေးဇူးနဲ့ ကျွန်မ နေရာတစ်နေရာမှာ ရပ်တည်နေနိုင်နေပါပြီ

ကျွန်မ စာသင်တဲ့ပုံစံက ဘယ်သူနဲ့မှမတူပါဘူး
ကျွန်မရဲ့ ကျောင်းသားတွေက Unique ဖြစ်နေအောင် သင်ပါတယ်
ကျွန်မ အတန်းတွေမှာက N 5,4 level တွေကို grammar သင်ရင်းနဲ့ပဲ တစ်ခါတည်း စကားပြောတာတွေပါ လေ့ကျင့်ပေးပါတယ်

အခုလို kaiwa ချည်းပဲလေ့ကျင့်တဲ့အတန်းဖွင့်ရခြင်းရဲ့အကြောင်းက ….
ကျောင်းသားတော်တော်များများက JLPT အတွက်လောက်ပဲ စာသင်ကြ ကြိုးစားကြတာများတော့ N 3 level လောက်ရောက်ကြပေမယ့်လည်း တကယ်လိုအပ်တဲ့ လုပ်ငန်းခွင်မှာသုံးမယ့် ဂျပန်စကားကို မပြောတတ်ကြဘူး
ပြောမထွက်ကြဘူး ဆိုတဲ့သူတွေအတွက် ရည်ရွယ်ပြီးဖွင့်ပေးဖြစ်တာပါ

ဒီ Kaiwa အတန်းမှာ Textbook ထဲက စာဆန်တဲ့ စကားပြောတဲ့ပုံစံတွေမသင်ပါဘူးရှင်

အပြင်မှာ လက်တွေ့စကားပြောတဲ့ ပုံစံကိုပဲ လေ့ကျင့်ပေးတာပါရှင့်

Nyein Nyein Thant
B.A Japanese YUFL
Tokyo University of social welfare,Japan

Kaizen Japanese Language Center သင်တန်းကျောင်းနေရာ
အမှတ် ၇၂ ၊ လှည်းတန်းလမ်းမ ၊ ကမာရွတ်မြို့နယ် ၊ ရန်ကုန်မြို့။
09885408116

30/08/2023

Tokutei Ginou စားသောက်ဆိုင် အပြင်အတန်းလေးတစ်တန်း ဒီနေ့ပြီးသွားပါပြီ
😍အောင်ကြပါစေ😍

29/08/2023

🔔N 5 အတန်းသစ် (On Campus)

🎉၉.၉.၂၀၂၃ စပါမည်

Saturday & Sunday
နေ့လည် ၁:၃၀ မှ ၃:၃၀

❣️နယ်မှ လာသူများကိုအဆောင်စီစဉ်ပေးပါမည်

သင်တန်းကျောင်းနေရာ
အမှတ် ၇၂ ၊ လှည်းတန်းလမ်းမ ၊ ကမာရွတ်မြို့နယ် ၊ ရန်ကုန်မြို့။
09885408116

28/08/2023

သင်နေတဲ့အတန်းတွေထဲမှာ
N 2 အတန်းတွေရယ် စကားပြောလေ့ကျင့်ပေးတဲ့အတန်းတွေရယ်
အားအရဆုံးပဲ

26/08/2023

Tokutei Ginou စားသောက်ဆိုင်
အတန်းလေး တစ်တန်း
ဒီနေ့ပြီးသွားပြန်ပါပြီ
အမြန်ဆုံးဖြေဆိုအောင်မြင်ကြပါစေ

26/08/2023

会話(speaking Practice)
အတန်းသစ် ( အပြင်အတန်း )

🎉၄.၉.၂၀၂၃ စပါမည်

Monday Tuesday

မနက် ၁၀:၃၀ မှ ၁၁:၃၀ အထိ

Nyein Nyein Thant
B.A Japanese YUFL
Tokyo University of social welfare,Japan

သင်တန်းကျောင်းနေရာ
အမှတ် ၇၂ ၊ လှည်းတန်းလမ်းမ ၊ ကမာရွတ်မြို့နယ် ၊ ရန်ကုန်မြို့။
09885408116

25/08/2023

N3 Grammar + 会話(speaking Practice)
အတန်းသစ် ( အပြင်အတန်း )

🎉၄.၉.၂၀၂၃ စပါမည်

Monday Tuesday Wednesday Friday
(တစ်ပတ် ၄ ရက်)

မနက် ၉:၃၀ မှ ၁၁:၃၀ အထိ

Nyein Nyein Thant
B.A Japanese YUFL
Tokyo University of social welfare,Japan

သင်တန်းကျောင်းနေရာ
အမှတ် ၇၂ ၊ လှည်းတန်းလမ်းမ ၊ ကမာရွတ်မြို့နယ် ၊ ရန်ကုန်မြို့။
09885408116

23/08/2023

N 4,3 Level
ဂျပန်စကားပြောလေ့ကျင့်ပေးတဲ့အပြင်အတန်းအသစ်လေး September လဆန်းစပါမည်

🔴Interview အတွက်ရော

🔴ဂျပန်လုပ်ငန်းခွင်ထဲမှာ ကျွမ်းကျင်စွာ စကားပြောတတ်စေရန် ရည်ရွယ်ပြီး လေ့ကျင့်သင်ကြားပေးတဲ့အတန်းဖြစ်ပါတယ်

interview အတွက် တစ်ပွဲထိုး အလွတ်ကျက်သွားတာမျိုးမဟုတ်ဘဲ ကိုယ်ပြောချင်တဲ့ကိုယ့်အတွေးတွေအတိုင်း အချိန်မရွေး ဂျပန်လို ထုတ်ပြောတတ်ဖို့ လေ့ကျင့်သင်ကြားပေးသွားမှာပါ

N 4 အောင်မြင်ပြီးသူ ၊ N 3 သင်လက်စသူများ Join နိုင်ပါတယ်

Kaizen Japanese Language Center မှတဆင့် interview ဝင်သူများအတွက် လုပ်ငန်းခွင်ရောက်တဲ့အခါ စကားသေသေချာချာကျွမ်းကျွမ်းကျင်ကျင် ပြောတတ်စေရန် Training ပေးသည့်အတန်းဖြစ်ပါသည်

သင်တန်းကျောင်းနေရာ
အမှတ် ၇၂ ၊ လှည်းတန်းလမ်းမ ၊ ကမာရွတ်မြို့နယ် ၊ ရန်ကုန်မြို့။
09885408116

22/08/2023

N5 Online အတန်းသစ်

Saturday Sunday Wednesday

တစ်ပတ် ၃ ရက်
ည ၈:၀၀ မှ ၉:၀၀

September 9 ရက်နေ့စပါမည်

Nyein Nyein Thant
B.A Japanese YUFL
Tokyo University of social welfare,Japan
09885408116

22/08/2023

JLPT ဆိုတာ ဘဝတစ်ခု မဟုတ်ပါဘူး
ဂျပန်သွားမယ့် အရည်အချင်းထဲက သက်သေထုတ်ပြရမယ့် စာရွက်လေးတစ်ရွက်ပါနော်
ဒီစာရွက်လေးရဖို့တစ်ခုထဲကိုပဲ အသည်းအသန်ကြိုးစားနေကြမယ့်အစား
စာကို ကျက်စရာရှိကျက် စကားကို မွှတ်နေအောင်ပြောတတ်အောင်လုပ်ထားရင် ဒီစာမေးပွဲဆိုတာကလည်း လွယ်လွယ်လေးအောင်နိုင်တဲ့အထဲမှာပါတဲ့အပြင် ဘဝက စစ်မဲ့နောက်က စာမေးပွဲတွေမှာပါ အေးဆေး ကျော်လွှားနိုင်မှာပါ

ဒီ JLPT အောင်လက်မှတ်ဆိုတာ interview ဝင်ဖို့အတွက် လှေကားထစ်သာသာလောက်ပဲရှိတာပါနော်
နေ့တိုင်းထုတ်သုံးလို့ရတဲ့ လက်နက်တစ်ခုမဟုတ်ပါဘူးနော်

စကားသာသေချာပြောတတ်ရင် ဂျပန်မှာ နေ့တိုင်းအဆင်ပြေသွားမှာမို့လို့ ကျက်မှတ်ထားတဲ့အသိပညာတွေနဲ့ ကိုယ့်ရဲ့စကားပြောစွမ်းရည်ကသာ လက်နက်ကြီးတစ်ခုပါလို့

JLPT မအောင်လို့ ဝမ်းနည်းနေကြမယ့်အစား

ကိုယ်အရင်က စာလုပ်ခဲ့တဲ့နည်းလမ်းတွေ ပြန်သုံးသပ်ကြည့်ပါ

ကိုယ့်စာကျက်နည်းက Sensei တွေကျက်ခိုင်းသလိုရော ကျက်ရခဲ့ရဲ့လားဆိုတာ….

စာမေးပွဲကလည်း ကွန်ပျူတာနဲ့စစ်တာမို့ ခဲရောမှန်ကန်စွားခြစ်ခဲ့ရဲ့လား …

ကိုယ်တကယ်ရွေးတဲ့ နံပါတ်ကို တကယ်ခြစ်ခဲ့တာရောဟုတ်ရဲ့လား

ကိုယ် ဂျပန်သွားပြီးအလုပ်လုပ်ဖို့ တကယ်ရော အဆင်သင့်ဖြစ်နေပြီလားဆိုတာ ကိုယ့်ကိုယ်ကို
ပြန်မေးကြည့်ပါဦး

ဟိုရောက်သွားရင် ဘယ်နှနာရီကြာလောက်မတ်တပ်ရပ်ပြီးအလုပ်လုပ်
ရမှာ အခုရော အဲ့လိုလုပ်ကြည့်ဖူးပြီလား…

ဟိုရောက်သွားရင် ဂျပန်လိုတွေပဲလာပြောတော့မှာ ကိုယ် သူတို့ပြောတာ
တကယ်နားလည်ပြီလား……

ကိုယ်မေးချင်တာလေး ကိုယ်ပြန်ပြောချင်တာလေးတွေရော ချက်ကျလက်ကျ ပြန်ပြောနိုင်ပြီလား….

ဒီမေးခွန်းတွေကိုယ့်ကိုယ်ကိုပြန်မေးကြည့်ပါ
ပြန်ကြိုးစားကြည့်ပါ
တကယ့်ဘဝကြီးမှာကြုံရမယ့် အခက်အခဲတွေကိုတောင် မကျော်လွှားနိုင်ဘူးဆိုရင် JLPT လောက်လှေခါးထစ်ကလေးမှာ စာမေးပွဲကျတာ မထူးဆန်းသလို ဝမ်နည်းစရာလည်း မလိုအပ်ပါဘူး

စာမေးပွဲဆိုတာ မြန်မာပြည်မှာ ကိုယ့်မိဘအိမ်မှာ မိဘကျွေးတာစားပြီး အေးအေးဆေးဆေးဖြေလို့ရတဲ့အနေအထားမှာပါ
ကျရင် ထပ်ဖြေလို့ရပါတယ်

ဟိုရောက်သွားမှ ဒဏ်မခံနိုင်တာ ကိုယ်ပြောချင်တာ မပြောတတ်လို့ အဆင်မပြေတာ တွေနဲ့ယှဉ်ရင်အသေးအဖွဲလေးပါ

JLPT မဟုတ်လဲ တခြား သူ့ထက်လွယ်တဲ့စာမေးပွဲတွေလည်းရှိပါတယ်

လွယ်လွယ်နဲ့ လက်မလျှော့ဘဲ ကြိုးစားမယ်ဆိုရင် ပန်းတိုင်ရောက်မှာပါ

22/08/2023

💗N5 Online
အတန်းသစ်လေး
September လဆန်း
စပါမယ်💗

21/08/2023

ဒီနေ့ JLPT အောင်သွားတဲ့ တပည့်တွေ
㊗️おめでとうございます㊗️

Photos from Nyein Sensei Japanese Language's post 19/08/2023

🎉Kaizen Japanese Language Center မှာ
N 5 အတန်းသစ်လေး ဒီနေ့စပါတယ် 🎉
19.8.2023
Sat Sun 10:30 to 12:30

🔔သင်တန်းကျောင်းနေရာ
အမှတ် ၇၂ ၊ လှည်းတန်းလမ်းမ ၊ ကမာရွတ်မြို့နယ် ၊ ရန်ကုန်မြို့။
09885408116

18/08/2023

Kaizen Japanese Language Center တွင် Tokutei Ginou စက်တင်ဘာလဖွင့်မည့်အတန်းသစ်

🔴Tokutei Ginou ဘိုးဘွားစောင့်ရှောက်ရေး (介護)
ကြာချိန် ၁ လ
နေ့လည် ၂:၃၀ မှ ၄:၀၀
Tuesday & Thursday ( တစ်ပတ် ၂ရက်)

🔴Tokutei Ginou စားသောက်ဆိုင်(外食業)
ကြာချိန် ၁ လ
မနက် ၉:၀၀ မှ ၁၀:၃၀
Monday & Wednesday ( တစ်ပတ် ၂ရက်)

သင်တန်းပြီးဆုံး၍ စာမေးပွဲအောင်လျှင်
Kaizen Nihongo Japanese Language Centerတွင် ဖြေရန် Form တင်ထားနိုင်ပါသည် ။

သင်တန်းကျောင်းနေရာ
အမှတ် ၇၂ ၊ လှည်းတန်းလမ်းမ ၊ ကမာရွတ်မြို့နယ် ၊ ရန်ကုန်မြို့။
09885408116

15/08/2023

Sensei ဆီမှာတက်နေကြတဲ့ တပည့်တွေဆီက အစစ်အမှန် review လေးတွေလိုချင်ပါတယ်
😍Review လေးတွေရေးပေးကြပါဦး 😍

https://www.facebook.com/KaizenJapaneseLanguageCenter?mibextid=LQQJ4d

15/08/2023

ဂျပန်မှာ နေမယ်ဆိုရင်ဖတ်သင့်တဲ့ လမ်းညွှန်စာအုပ်

www.moj.go.jp

13/08/2023

ရုံးချိန်လွတ် N5 (Basic ) အတန်းသစ်
၁၉.၈.၂၀၂၃ စပါမည်

စနေ ၊ တနင်္ဂနွေ (တစ်ပတ် ၂ရက်)

မနက် ၁၀:၃၀ မှ ၁၂:၃၀

သင်တန်းကျောင်းနေရာ
အမှတ် ၇၂ ၊ လှည်းတန်းလမ်းမ ၊ ကမာရွတ်မြို့နယ် ၊ ရန်ကုန်မြို့။
09885408116

13/08/2023

Kaizen Japanese Center ရဲ့ page ပါ

https://www.facebook.com/JaizenJapaneseCenter?mibextid=LQQJ4d

Kaizen Nihongo Japanese Language Center Japanese Language School

Photos from Nyein Sensei Japanese Language's post 13/08/2023

🔔Kaizen Japanese Language Center တွင် သင်ကြားပေးမည့်အတန်းများ 🔔

㊗️N 5
㊗️N4
㊗️N3
㊗️N3 level စကားပြောလေ့ကျင့်သည့်အတန်းများ
㊗️N2

㊗️Tokutei Gino စားသောက်ဆိုင်
㊗️Tokutei Gino ဘိုးဘွားစောင့်ရှောက်ရေး
㊗️Tokutei Gino စားသောက်ကုန်ထုတ်

ကိုယ်ပိုင် Agency ဖြင့်
🔴Training Visa
🔴Tokutei Visa
များဖြင့် ဂျပန်နိုင်ငံသို့ ပို့ဆောင်ပေးပါသည် ။
အသေးစိတ်သိလိုသည်များကို ကျောင်းတွင် လူကိုယ်တိုင်လာရောက်စုံစမ်းနိုင်ပါသည် ။

🏠သင်တန်းကျောင်းနေရာ
အမှတ် ၇၂ ၊ လှည်းတန်းလမ်းမ ၊ ကမာရွတ်မြို့နယ် ၊ ရန်ကုန်မြို့။
📲 09885408116

09/08/2023

N5 grammar အတန်းသစ်
9.8.2023

08/08/2023

ကျွန်မရဲ့ကိုယ်ပိုင်သင်တန်းကျောင်းဖြစ်သော
㊗️Kaizen Nihongo ဂျပန်ဘာသာသင်တန်းကျောင်းတွင် အတန်းသစ် စတင်ဖွင့်လှစ်ပါမည် ㊗️

လိုအပ်သည့်အရည်အချင်းများပြည့်စုံပါက #ကိုယ်ပိုင်Agency ဖြင့် ဂျပန်နိုင်ငံသို့ အလုပ်သွားရောက်လုပ်ကိုင်လိုသူများကို ပို့ဆောင်ပေးပါမည် …

အခြေခံအတန်းသစ်စတင်မည့်ရက် 19.8.2023
Saturday & Sunday
မနက် 10:30 မှ ၁၂:၃၀ အထိ

Nyein Nyein Thant
B.A Japanese YUFL
Tokyo University of social welfare,Japan

သင်တန်းကျောင်းနေရာ
အမှတ် ၇၂ ၊ လှည်းတန်းလမ်းမ ၊ ကမာရွတ်မြို့နယ်
09885408116

07/08/2023

၁၂လပိုင်း ဂျပန်သွားမယ့် အင်ဂျင်နီယာနောက်ထပ်အဖွဲ့
会話 စကားပြောသီးသန့်အတန်းသစ်ဒီနေ့စ
7.8.2023

04/08/2023

ဒီနေ့ basic အတန်းသစ်လေးစ
၄.၈.၂၀၂၃

31/07/2023

နေရာတစ်နေရာကို အခြေကျဖို့ အနှစ် ၂၀ ကျော်ရင်းခဲ့ရတယ် ….

YUFL ဆိုတဲ့ကျောင်းတော်ကြီးကအစပြုပြီးတော့ပေါ့ ….

Fukushi University မှာ တက်ခဲ့တုန်းက အပျော်ဆုံးအချိန်တွေဖြစ်ခဲ့သလို အပင်ပန်းဆုံးနဲ့ အခက်ခဲဆုံး အချိန်တွေလည်းရှိခဲ့ပေမယ့် အဲ့ဒါတွေက ဒီနေရာကိုရောက်လာဖို့ လှေကားထစ်တွေဖြစ်ခဲ့တယ် ….

ဂျပန်စာသင်တဲ့အတွေ့အကြုံမရှိခဲ့တဲ့ ကျွန်မကို လွန်ခဲ့တဲ့ ၁၀နှစ်က ဂျပန်စာသင်တဲ့ဆရာအဖြစ်နဲ့ လက်ခံပေးပြီး ယုကြည်ပေးခဲ့တဲ့ Kizuna ဂျပန်စာသင်တန်းကျောင်းက ဂျပန်လူမျိုး ဆရာ့ကို ကျေးဇူးတင်ပါတယ် ….

ဆရာနဲ့လက်တွဲပြီး ဂျပန်စာသင်ဖြစ်ခဲ့တဲ့အခိုက်အတန့်တွေကို ဒီနေ့အထိမမေ့ပါဘူး ….

အခုလိုအချိန်မှာ အဲ့လိုဆရာမျိုး ကျွန်မ အနားမှာ ရှိစေချင်မိတယ်…..
၁၀ နှစ်ကြာခဲ့ပေမယ့် ဆရာ့ကျေးဇူးတွေကို ယနေ့အထိမမေ့ပါဘူးရှင် …..

ဒီရက်ထဲမှာ ကျွန်မတပည့်တွေအတွက် လှေခါးထစ်တွေခင်းနေခဲ့တာ……လှေခါးတွေတည်ဆောက်လို့ပြီးပါတော့မယ် …
မကြာခင်မှာ အရမ်းထူးခြားတဲ့ အိမ်မက်တွေကို အကောင်အထည်ဖော်ပါတော့မယ်ရှင့်

ယုကြည်ပြီးအတန်းတွေတက်ခဲ့တဲ့တပည့်တွေကိုလည်းကျေးဇူးတင်ပါတယ် …

ယုကြည်စွာနဲ့ ဂျပန်သွားမယ့် လှေခါးထစ်တွေကို တက်လှမ်းကြတော့မယ့် တပည့်လေးတွေအတွက်
❣️အများကြီးကြိုးစားသွားပါမယ်ရှင့် ❣️❣️❣️

Want your school to be the top-listed School/college in Kamaryut?
Click here to claim your Sponsored Listing.

Videos (show all)

会話 အတန်းလေး
သီတင်းကျွတ်စကားလုံးလေးတွေ ဂျပန်လိုမှတ်ရအောင်#သီတင်းကျွတ် #Japanese#ဂျပန်စာ
Convenience Store မှာ ဓါးပြဝင်တိုက်တာ ဆိုင်ဝန်ထမ်းနဲ့ ဓါးပြနဲ့က မတွေ့တာကြာတဲ့သူငယ်ချင်းတွေဖြစ်နေလို့ ရှေးဟောင်းနှောင်းဖြ...
ဂျပန်လို ချစ်တယ်ကို ဘယ်လိုပြောလဲ Anime တွေရဲ့ characters လေးတွေအသံနဲ့ လေ့ကျင့်ကြည့်ပါလား 😊
Listening နဲ့ speaking လေ့ကျင့်မယ် level 1

Category

Telephone

Website

Address


No 29. Mahar Social Street
Kamaryut