Se7ent Modern Furniture

Construction & decoration, Event Organizer , Event planner , Advertising agency

12/01/2022

🙏🙏🙏

Photos from Se7ent Modern Furniture's post 08/12/2021

#ကွန်ကရစ်အကြောင်းသိကောင်းစရာနှင့်ပလတ်စတစ်ခင်းခြင်း။

ဘာကြောင့် ပလတ်စတစ်ခင်းပြီးလောင်းတာလဲ?

1. Footing concrete သွန်းလောင်းရာမှာ ထိစပ်မြေဟာ မိုးရေဝင်​ခြင်း (သို့မဟုတ်) ရေစိမ့်ထွက်​ခြင်းတို့ကြောင့် မြေကြီး bearing capacity ကောင်းစွာမရှိဘဲ ပျော့ပြဲနေတတ်ပါတယ်။ ဒါ့အပြင် မြေကောင်းပေမယ့် ဆား​ပေါက်တဲ့မြေ၊ အချဉ်ပေါက်တဲ့မြေများနဲ့လည်း ထိတွေ့တတ်ပါတယ်။

2. မြေကြီးပျော့နေရင် bearing capacity တက်လာအောင် hardcore ရိုက်ခြင်း၊ လိုအပ်ပါက wood pile ရိုက်ခြင်းတို့ကို လုပ်ရပါမယ်။

3. ကွန်ကရစ်လောင်းတဲ့အချိန် ကွန်ကရစ်ထဲကရေကို မြေကြီးကစုပ်ယူခြင်း၊ မြေကြီးထဲကရေကလည်း ကွန်ကရစ်ထဲကို ဝင်ရောက်ရောနှောခြင်းတို့ ဖြစ်ပေါ်ရင် ကွန်ကရစ်စွမ်းအားကို ထိခိုက်နိုင်တဲ့အတွက် ကွန်ကရစ်နဲ့ မြေကြီးကြားမှာ လိုအပ်တဲ့အကာအရံတစ်ခု ပြုလုပ်ပေးရပါမယ်။

4. ယခုအခါ DPM ခေါ် ပလတ်စတစ်စများကို တွင်ကျယ်စွာ အသုံးပြုလာကြပါတယ်။
– Hardcore ခင်းပါ။
– သဲထည့်ပါ။
– Plate compactor ရိုက်ပါ။
– ရေလောင်းပါ။
– သဲညှိပြီး plate compactor အချောရိုက်ပါ။
– DPM ခင်းပါ။
– Lean concrete လောင်းပါ။
ဒါမှသာ သံဆင်ရန် အဆင်ပြေပါမယ်။

DPM ခင်းတဲ့အခါမှာလည်း footing depth ထက် အနည်းဆုံး ၆-လက်မပိုရမှာဖြစ်ပြီး ၄င်းကို မြေသားနံရံမှာ သံရိုက်ထားရပါမယ်။ မြေပြိုမကျအောင် တူးမြေ​တွေကို ခပ်ဝေးဝေး လွတ်ရာကို ပုံထားရပါမယ်။ မြေတူးကတည်းက သပ်သပ်ရပ်ရပ် တူးဖို့​လိုပါတယ်။

ကွန်ကရစ်နဲ့ပတ်သက်တဲ့ မှတ်သားထားသင့်တဲ့ ဗဟုသုတလေးတွေကိုလည်း အောက်ဖော်ပြပါ ပုံလေးတွေမှာ ဖတ်ရှုလို့ရပါတယ်ရှင်။
crd

Photos from Se7ent Modern Furniture's post 08/07/2021

☕️☕️☕️Coffee shopလေးဖွင့်ချင်လို့

decoration designs လာတိုင်ပင်တဲ့ ဆိုင်ရှင်တစ်ဦး

အတွက်……..😊😊😊

095045857
company limited
construction
decoration and renovation
modern furniture
event organizer
signwork & signboard
advertising

07/07/2021

🔴မြန်မာနိုင်ငံမှာ Covid Level 4 ( နောက်ဆုံး အဆင့် )
ဖြစ်နေပါပြီ။ 🔴

အားလုံး ဂရုစိုက်ကြဖို့ မှာ ချင်ပါတယ်။
ဒါ နောက်ဆုံး အဆင့်ပါ။
တော်တော် အခြေနေ ဆိုးဝါးလာနိုင်ပါတယ်။
မပေါ့ဆ ကြပါနဲ့။
အချိန် မရွေး ကူးစက် သွားနိုင်ပါတယ်။
လူတိုင်းလည်း ကူးစက်နိုင်ပါတယ်။

ကိုယ်ခံအား ကောင်းအောင် ဂရုစိုက်ကြပါ။
အာဟာရရှိတာတွေ စားပါ။
အပြင် ကို မဖြစ်မနေ သွားမယ် ဆိုရင်လည်း Mask တပ်ကြပါ။

🔴 ထပ်ပြောပါတယ်။ နောက်ဆုံး အဆင့်ပါ။
အခုထိ ပေါ့ပေါ့တန်တန် နေနေတဲ့ သူတွေ ရှိပါတယ်။
ဂရုစိုက်ကြပါ။🔴

Crd,

Photos from Se7ent Modern Furniture's post 07/07/2021

ဖုံးဆက်မေးမြန်းဆွေးနွေးနိုင်ကြဖို့
~~~~~~~~~~~~~~~~~~~~~~~~~~
မိမိနှင့် မိမိ မိသားစုဝင်များ ကိုဗစ် ဖြစ်နိုင်ချေရှိသည်ဟု သံသယဖြစ်လျှင် မိမိနေထိုင်ရာ မြို့နယ် ဆရာဝန်ထံ ဖုံးဖြင့်ဆက်၍ မေးမြန်းပြီးအကူအညီနှင့်အကြံပြုချက်များတောင်းခံနိုင်ကြောင်းသိရသည်။

07/07/2021

'Covid 19 ကူးစက်ခံရပါက အိမ်တွင်း ပြုစု ကုသနည်း'

04/07/2021

🙏 တနင်္ဂနွေနေ့များ 🙏 မွေးဖွားဝေနေ
🙏 ဆင်းရဲခပ်သိမ်း 🙏 ကင်းငြိမ်းပါစေ။
🙏 ကိုယ်စိတ်နှစ်လုံး🙏 ရွှင်ပြုံးကာလေ
🙏 ဘေးရန်ရှင်း🙏 လက်ငင်းချမ်းသာစေ။
🙏 တနင်္ဂနွေနေ့မှာ 🙏 မွေးဖွားသူတွေ
🙏 စည်စိမ်တိုးလို့🙏 လာဘ်မီုးရွားစေ။
🙏 ရွှေကြာပန်းလို့🙏 လန်းဆန်းစိုပြေ
🙏 ဘေးမခ🙏 အေးမြချမ်းသာရှိကြပါစေ။
crd

Photos from Se7ent Modern Furniture's post 04/07/2021

လှေကားဆိုတာ…….
အိမ်တစ်အိမ်ရဲ့ဆွဲဆောင်မှုတစ်ခုပါပဲ………😊😊😊

ဆွဲဆောင်မှုတွေနဲ့အတူ
ခမ်းနားထည်ဝါစွာတည်ဆောက်ချင်သည့်
အိမ်ရှင်တစ်ဦးအတွက်…….🤩🤩🤩

company limited
construction
decoration and renovation
modern furniture
event organizer
signwork & signboard
advertising

26/06/2021

အရမ်းကောင်းတဲ့စာသားလေးပါ
=================

ပန်းတိုင်ကိုရောက်ဖို့အတွက်.....
လူတွေရဲ့မျက်လုံးတွေကို မကြည့်ပါနဲ့
ကိုယ်လမ်းကိုသာကြည့်ပါ။

အောင်မြင်မှုရဖို့အတွက်......
လူတွေရဲ့ စကားတွေကို နားထောင်မနေပါနဲ့။
ကိုယ်ဆုံးဖြတ်ချက်ကိုသာ ခိုင်ခိုင်မာမာချပါ။

ဘဝတက်လမ်းအတွက်......
လူတွေရဲ့ အမှုအရာတွေကို ဂရုမစိုက်ပါနဲ့။
ကိုယ်လုပ်သင်တာကို ရဲရဲဝံ့ဝံ့လုပ်ပါ။

စကားများများ ပြောမိရင်......
ရူးနေလားလို့ အထင်ခံရလိမ့်မယ်။

စကားပြန်မပြောရင်လည်း
မာနကြီးတယ်လို့ အထင်ခံရလိမ့်မယ်။

အမြဲတမ်းပြုံးနေရင်
ပေါတောတောလို့ အထင်ခံရလိမ့်မယ်။

တည်တည်ကြည်ကြည် နေမိရင်လဲ
ဘဝင်မြင့်နေတယ်လို့ အထင်ခံရလိမ့်မယ်။

ကိုယ့်ဘဝကို ကိုယ်တိုင်သိနေတာပဲလို့
သူတစ်ပါးကို မထိခိုက်ပဲ
ကိုယ်အဆင်ပြေသလို နေထိုင်တတ်ဖို့က အရေးကြီး
ပါတယ်။

သူတစ်ပါးလဲကျနေရင် စေတနာသန့်သန့်နဲ့
ကိုယ်တတ်နိုင်သလောက် ဆွဲထူပေးလိုက်ပါ။

ကိုယ်လဲကျနေရင်တော့ ကိုယ်ကိုတိုင်းပဲ
ပြန်ထနိုင်အောင် ကြိုးစားပါ။
ဘာကြောင့်လဲဆိုတော့
ကိုယ်လို စိတ်ဓာတ်မျိုးက သူတစ်ပါးဆီမှာ
ရှိချင်မှရှိမှာ။

မနေ့ကဆိုတာ အတိတ်တစ်ခုပါ။
မနက်ဖြန်ဆိုတာလဲ အိပ်မက်တစ်ခုပါပဲ။
ဒီနေ့သာလျှင် ဘဝတစ်ခုလေ.......
ဘဝဆိုတာ ပျော်လည်းတစ်နေ့ မပျော်လည်း
တစ်နေ့ပါပဲ။

အကောင်းဆုံးဖြစ်အောင်
ဘယ်လိုဖြတ်သန်း ရမှာလည်းဆိုတာ
ကိုယ်အပေါ်မှာပဲ မူတည်တယ်။

အရိုးသားဆုံး လူတစ်ယောက်မဖြစ်သေးရင်တောင်က်ုယ့်ကိုယ်ကို မလိမ်မိပါစေနဲ့၊ ယုံကြည်မှု မပျက်စေနဲ့ ကိုယ့်အတွက် ယုံကြည်ရဆုံးကကိုယ်တစ်ယောက်တည်းပဲရှိတယ်။
Credit

company limited
construction
decoration and renovation
modern furniture
event organizer
signwork & signboard
advertising

Photos from Se7ent Modern Furniture's post 25/06/2021

မင်္ဂလာပါ………

1.အိမ်ရှင်တည်ဆောက်ချင်သည့် အိမ်ပေအကျယ်အဝန်း

2.အိမ်ရှင်တည်ဆောက်ချင်သည့်အိမ် အရည်အသွေး
- အုတ်/ဘိလပ်မြေ/သံချောင်း/ရေမီးဆေး/မျက်နှာကျက်/Decorationများ
ပေါ်မူတည်၍ design စိတ်တိုင်းကျရေးဆွဲပြီးစျေးနှုန်းတွက်ချက်ပေးလို့ရမှာပါဗျ……

နေအိမ်ပြီးဆုံးသည်အထိ အင်ဂျင်နီယာများကြီးကြပ်၍ တာဝန်ယူမှု တာဝန်ခံမှုအပြည့်ဖြင့်တည်ဆောက်ပေးပါတယ်ဗျ…….

စိတ်ဝင်စားတည်ဆောက်လိုပါကယုံကြည်စိတ်ချစွာ
095045857ကိုဆက်သွယ်ပေးပါဗျ😊😊😊

company limited
construction
decoration and renovation
modern furniture
event organizer
signwork & signboard
advertising

25/06/2021

နံနက်ခင်းဆုတောင်း
ယခုဘဝအသက်ရှင်နေချိန်အထိပြုခဲ့သမျှနှင့်
ဘဝအဆက်ဆက်က
လှူဒါန်းခဲ့ရသော ဒါနကုသိုလ်၊
စောင့်တည်ခဲ့ရသော သီလကုသိုလ်၊
ပွားများခဲ့ရသော ဘာဝနာ သမာဓိကုသိုလ်၊
ရှုမှတ်အားထုတ်ခဲ့ရသော ဝိပဿနာကုသိုလ်....

ထိုကုသိုလ်အစုစုတို့ကြောင့်

မြန်မာပြည်သူပြည်သားများအားလုံး-

* ဘေးရန်အနန္တ ကင်းစင်ပ အနန္တအေးမြကြပါစေ
* ကြောင့်ကြအနန္တ ကင်းစင်ပ အနန္တအေးမြကြပါစေ
* ဆင်းရဲအနန္တ ကင်းစင်ပ အနန္တအေးမြကြပါစေ
* အနန္တမေတ္တာ ပတ်ဖျန်းကာ အေးချမ်းသာယာကြပါစေ
* အနန္တအကျိုးကိုယ်စီတိုး ဖွံ့ဖြိုးနိုင်ကြပါစေ။

24/06/2021

မင်္ဂလာပါ……

လူသားတိုင်း ဘေးကင်းပြီး
စားဝတ်နေရေး ပြေလည်ကြပါစေ…….

24/06/2021

အိမ်တစ်အိမ် စီးပွားတက်ဖို့
လာဘ်လာဘဖြစ်ဖို့ ဘာတွေကို
ဆောင်ရမလဲ၊ရှောင်ရမလဲ???🙋

ရှောင်ရန်🙅🙅🙅

1.ဆူပူခြင်း
အိမ်ကိုဆူပူအောင်အမြဲ မလုပ်မိပါစေနဲ့။ အိမ်ရှိကလေးငယ်တွေက်ု ဆူပူကြိမ်းမောင်းတာ၊မိဘနဲ့သား၊သမီး ရန်ဖြစ်တာတွေ၊လင်မယားစကားများတာတွေက အိမ်ကိုဆူပူစေတဲ့အချက်တွေပါဘဲ။

2.ညစ်ညမ်းသောစိတ်
ဆဲရေးတိုးထွာတာတွေ၊ညစ်ညမ်းစကားတွေပြောဆိုတာတွေက မိမိစိတ်ကိုမရွှင်လမ်းမှုကို ဖြစ်စေပါတယ်။ လူတို့ရဲ့ အကြံဉာဏ်က စိတ်ကလာပါတယ်။
စိတ်ညစ်ညမ်းရင် ကောင်းမွန်တဲ့ ideaတွေကို ထုတ်နိုင်မှာ မဟုတ်သလို မိမိရဲ့ အလုပ်ကိုင်၊စီးပွားကိုတိုးတက်အောင်လည်း လုပ်ဖို့မလွယ်ပါ။

3.သန့်ရှင်းခြင်း
မိမိအိမ်နဲ့ပိတ်ဝန်းကျင်ကို အမြဲသန့်ရှင်းအောင်
ထားပါ။ အိမ်တွင်း၊အိမ်ပြင်မှာ အမှိုက်တွေရှိနေတာမျိုးဖြစ်မနေပါစေနဲ့။

4.ဘုရားစင်
ဒီအချက်က အားလုံးထဲမှာ အရေးကြီးပါတယ်။
မည်သည့်ဘာသာဝင်မဆို မိမိတို့နှင့် သက်ဆိုင်သည့် ဘုရားစင်ကို ရှုပ်ပွခြင်း၊ ဘုရားစာအုပ်တွေဖုန်တက်ခြင်းများ ဖြစ်မနေပါစေနဲ့။ ဗုဒ္ဓဘာသာဝင်များအနေဖြင့် သောက်တော်ရေကနွေးမနေပါစေနဲ့။
ဘုရားပန်းကို မညိုးစေနဲ့။

ဆောင်ရန်❣️❣️❣️

အိမ်ရှေ့မှာ စိတ်အေးကြည်လင်စေတဲ့ ပန်းပင်
လေးတွေစိုက်ပျိုးပါ။ ဘုရားစင်ကို နံသာရေ၊
ရေမွေးအဆင်ပြေတာဖြင့် နေ့စဉ် ပက်ဖြန်းပါ။
နံနက်စောစော မိမိရွတ်နေကြ ဂုဏ်တော်တစ်ခုခုကို
ပွားများပေးပါ။ အရေးကြီးဆုံးကတော့ မိမိပြုလုပ်သမျှ ကောင်းမှုတွေကို အိမ်စောင့်နတ်ကိုမေတ္တာပို့၊အမျှဝေပါ။

အောင်မြင်ပျော်ရွှင်စိတ်ချမ်းသာပါစေ🙏🙏🙏

company limited
construction
decoration and renovation
modern furniture
event organizer
signwork & signboard
advertising

Photos from Se7ent Modern Furniture's post 10/06/2021

အားကစားကွင်းဆိုင်ရာ
သိမှတ်ဖွယ်ရာများ...
______________________

#ဘောလုံးကွင်း
__________
(၁)ဂိုးတိုင်အမြင့် =၈ပေ
(၂)ဂိုးတိုင်အကျယ် =၂၄ပေ
(၃)ကွင်းအလျား =ကိုက်၁၁၀မှ၁၂၀
(၄)ကွင်းအနံ =ကိုက်၇၅မှ၈၀
(၅)ဂိုးဧရိယာ =၆ကိုက်
(၆)ပင်နယ်တီဧရိယာ =၁၈ကိုက်
(၇)ပင်နယ်တီအမှတ် = ဂိုးတိုင်မှ ၁၂ကိုက်
(၈)ဘီးဂုတ်စက်ဝိုင်းအချင်း=၁၀ကိုက်
(၉)ကွင်းလယ်စက်ဝိုင်းအချင်း=၂၀ကိုက်
(၁၀)ကွင်းဘေးအလံတိုင်အမြင့်=၅ပေ
(၁၁)ဘောလုံးအလေးချိန် =၁၄မှ၁၆အောင်စ့

#ဘော်လီဘောကွင်း
_____________
(၁)အလျား =၁၈မီတာ
(၂)အနံ =၉မီတာ
(၃)ပိုက်အမြင့်=၂.၄၁မီတာ

#ပိုက်ကျော်ခြင်းကွင်း
_______________
(၁)အလျား =၁၃.၄မီတာ
(၂)အနံ =၆မီတာ
(၃)ပိုက်အမြင့် =၁.၅၅မီတာ
(၄)ပိုက်အလျား =၆.၁၁မီတာ
(၅)ပိုက်အနံ =၀.၇မီတာ
(၆)ကွင်းလယ်ပိုက်အမြင့်=၁.၅၂မီတာ

#ဘတ်စကက်ဘောကွင်း
_________________
(၁)အလျား =၂၈မီတာ
(၂)အနံ =၁၅မီတာ
(၃)ဂိုးတိုင်အမြင့်=၆.၂၅မီတာ
(၄)ဂိုးအကျယ် =၆မီတာ

#တင်းနစ်ကစားကွင်း
______________
(၁)အလျား =၇၈ပေ
(၂)အနံ =၂၇ပေ
(၃)ပိုက်အမြင့်=၄.၅ပေ

#ကြက်တောင်ကွင်း
_____________
(၁)အလျား =၃၉ပေ
(၂)အနံ =၂၀ပေ
(၃)ပိုက်ကပ်စည်းများ=၆.၅ပေ
(၄)တိုင်အမြင့် =၅ပေ၂လက္မ

‌ ;Original Uploader .

Photos from Se7ent Modern Furniture's post 10/06/2021

မင်္ဂလာပါ......

၇ လပိုင်းတွင် ကျွန်တော်တို့ sevent company limited မှ တည်ဆောက်မည့် အိမ်ရှင်လိုချင်သည့် designsလေးပါဗျ........😍😍😍

လူကြီးမင်း၏ နေအိမ် အဆောက်အဦးများ တည်ဆောက်ဖို့ လိုအပ်ပါက 095045857 ကို hello လိုက်ပါနော်........🤗🤗🤗

company limited
construction
decoration and renovation
modern furniture
event organizer
signwork & signboard
advertising

Photos from Se7ent Modern Furniture's post 05/06/2021

အလုပ်စဖို့ သန့်ရှင်းရေးလုပ်ရင်း........

company limited
construction
decoration and renovation
modern furniture
event organizer
signwork & signboard
advertising

Photos from Se7ent Modern Furniture's post 02/06/2021

Hello......ဒီနေ့လေးကတော့ 3storeyed RC roof slab တည်ဆောက်ဖို့အတွက် အိမ်ဟောင်းလေးကိုဖျက်တဲ့နေ့လေးတစ်နေ့ပါဗျာ.........😊😊😊

လူကြီးမင်း၏ နေအိမ် အဆောက်အဦးများ တည်ဆောက်ဖို့ လိုအပ်ပါက 095045857 ကို hello လိုက်ပါနော်........🤗🤗🤗

company limited
construction
decoration and renovation
modern furniture
event organizer
signwork & signboard
advertising

01/06/2021

မင်္ဂလာပါ....🙏🙏🙏

Sevent company limitedမှ မကြာမီဆောက်လုပ်တော့မည့် 3 storeyed RC roof slab ၏
Soil test ပြုလုပ်ခြင်းမှတ်တမ်းလေးပါဗျ........

လူကြီးမင်း၏ နေအိမ် အဆောက်အဦးများ တည်ဆောက်ဖို့ လိုအပ်ပါက 095045857 ကို hello လိုက်ပါနော်........🤗🤗🤗

company limited
construction
decoration and renovation
modern furniture
event organizer
signwork & signboard
advertising

13/05/2021

အိမ်ဆောက်ရာတွင် လှေးကားအကြောင်း သိကောင်းစရာ}
⏹⏹⏹⏹⏹⏹⏹⏹⏹⏹⏹⏹⏹⏹⏹⏹⏹⏹⏹

လူသိနည်းလှတဲ့လှေကားအဆံ တပ်ဆင်ခြင်း သိကောင်းစရာမျှဝေပါတယ်။

ရှေ့ထုံးလည်းမပယ်နဲ့ စျေးသုံးလဲမကြွယ်နဲ့
စကားမျိုးလိုပါပဲ။

အိမ်တစ်အိမ်ဆောက်ရာတွင်း အဓိကအရေးကြီးတာ အိမ်လှေကား ပြုလုပ်ခြင်းပါပဲ...။

ရှေးကျမ်းဆရာတို့သည် "စုံ" "မ" နှစ်ခုလုံး တပ်ကောင်း၏ဟုဆိုသည် လက်သမား ကျမ်းဆရာတို့က "မ"
ကိုသာ တပ်စေပါတယ်။

လက်သမား ဆရာကြီးများမှာ "စုံ"တပ်သည်လည်း ရှိတယ် ။
"မ" တပ်သည်လည်း ရှိပါတယ်။

အဘယ်ကြောင့်ဆိုသော်....။

ပထမအထစ်မှ [လာဘံ ၊သုခံ ၊မရဏံ ၊
လာဘ သု ခ မရဏ]

တွက်ယူကာ မရဏံ မရဏ ကို ရှောင်ပါတယ်။

#ပထမထစ်က လာဘ
#ဒုတိယထစ္က သုခ
#တတိယထစ်ကမရဏ

#လာဘက လာတ်လာဘ ပေါများခြင်း။

#သုခက ကြွယ်ဝချမ်းသာခြင်း။

#မရဏက ဆုတ်ယုတ်ပျက်စီးခြင်းနဲ့ ကြုံတွေ့ရလိမ့်မယ်တဲ့ ။

#လာဘက– ၁ထစ် ၊ ၄ ထစ်၊ ၇ ထစ်

#သုခက– ၂ ထစ်၊ ၅ထစ် ၊ ၈ ထစ်

#မရဏ- ၃ ထစ် ၊ ၆ ထစ် ၊ ၉ ထစ် ၊ ၁၂ထစ်
စသည်ဖြင့်တပ်ဆင်ကြပါတယ်။

အိမ်အနေအထား
မင်္ဂလာသား အနေအထားအလိုက်လုပ်ဆောင်ကြပါတယ်။

တစ်ချို့ ဆရာများမှာ [ရာဇ ၊ လာဘ ၊ မရဏ] လို့သတ်မှလုပ်ဆောင်ကြပါတယ်။

#၁ထစ် ဘုန်းကျက်သရေတိုးခြင်း၊

#၂ထစ် လာတ်လာဘ ပေါများခြင်း၊

#၃ထစ် ဆုတ်ယုတ်ပျက်စီးခြင်း စသဖြင့်အယူမျိုးနဲ့လုပ်ဆောင်ကြပါတယ်။

တစ်ကျောင်း တစ်ဂါထာတစ်ရွာ တစ်ပုဒ် ဆန်းဆိုသလိုဒေသအလိုက်ကွဲလွဲကြတာရှိကြပါတယ်။

#အိမ်လှေခါးကို ၃ထစ်ထားသော်ဒုက်ခံ မရဏံ ကြုံ စေပြန်၏။

#တစ်ထစ်ထားသော်
ကောင်းစားစေတက် ၏။

#ရှစ်ထစ်ထားလျှင်မင်္ဂလာ အပေါင်းနဲ့ ပြည့်စုံ၍
ကျက်သရေ ဘုန်းသမ္ဘာ မြင့်မားစေတက်၏။

#ကိုးထစ်ထားလျှင်လာဘ်လာဘ ပေါကြွယ်ဝတက်၏။

#၁၂ထစ်ထားသော်ကျမ္မာရေးကောင်းမွန်စေ၍ရန်သူမျိုးငါးပါးမှကင်းစေ၏။

တနင်္လာနေ့တွင် အိမ် လှေကား စလုပ်ခြင်းမှ ရှောင်ကြပါစေ။

Credit -Original uploader

13/05/2021

မြေဧကတွက်နည်း

လူတွေအမေးများတဲ့ မြေအကြောင်းများ

၁ ဧက = ၂၀၈.၇၁၁ ပေ × ၂၀၈.၇၁၁ ပေ
၁ ဧက = ၄၀၄၇ စတုရန်းမီတာ
၁ ဧက = ၄၃၅၆၀ စတုရန်းပေ

၁ ပေ(sqft)= ၀.၀၉၂၉ Square metre
၁ မီတာ = ၃.၂၈၁ ပေ
၁ စတုရန်းမီတာ = ၁၀.၇၆၄ စတုရန်းပေ
၁ ဟက်တာ = ၂.၄၇၁ ဧက

Square feet မှ ဧကပြောင်း
Sqft ÷ 43560= ( ) ဧက
ဥပမာ 20000 Sqft ကိုဧကဖြင့်သိလိုရင်
20000 ÷ 43560 = 0.459 ဧက

ဧကမှ Sqft ပြောင်း
ဧကအကျယ် × 43560 = ( ) Sqft
ဥပမာ 0.5 ဧကကို Sqft ဖြင့်သိလိုရင်
0.5 × 43560 = 21780 Sqft

၁ ဧက = ၄၃၅၆၀ စတုရန်းပေ
၄၃၅၆၀ စတုရန်းပေ ဘယ်ကရလဲ ဆိုတော့
လက်မ (inch), ပေ (feet), ကိုက် (yard), သံကြိုး (Chain), ဖာလုံ (Furlong), မိုင် (Mile) စတဲ့အတိုင်းအတာ ယူနစ်များဟာ Imperial units ဖြစ်ပါတယ်။
၃ ပေ = ၁ ကိုက်
၂၂ ကိုက် = ၁ သံကြိုး = ၆၆ ပေ
၁၀ သံကြိုး = ၁ ဖာလုံ = ၆၆၀ ပေ
၈ ဖာလုံ = ၁ မိုင် = ၅၂၈၀ ပေ
*** ၁ သံကြိုး (အလျှား) × ၁ ဖာလုံ (အနံ) = ၁ ဧက လို့သတ်မှတ်ပါတယ် *** ဒါ့ကြောင့်
၆၆ ပေ × ၆၆၀ ပေ = ၄၃၅၆၀ စတုရန်းပေ ဖြစ်ပါတယ်။ ၁ သံကြိုး အကျယ် နဲ့ ၁ ဖာလုံ အရှည်မြေကွက်ဟာ တစ်ဧက (၄၃၅၆၀ စတုရန်းပေ) ဖြစ်ပါတယ်။

၁ စတုရန်းမိုင် = ၆၄၀ ဧက
၁ စတုရန်းဖာလုံ = ၁၀ ဧက
၄၃၅၆၀ စတုရန်းပေ = ၁ ဧက
၂၀၈.၇၁ ပေ × ၂၀၈.၇၁ ပေ = ၁ ဧက
၂၀၀ ပေ × ၂၀၀ ပေ = ၁ ဧကခန့်
၁၀၀ ပေ × ၁၀၀ပေ = ဧက ၁ မူးခန့်
၅၀ ပေ × ၁၀၀ ပေ = ဧက ၁ မတ်ခန့်
၄၀ ပေ × ၆၀ ပေ = ၀.၀၅၅ ဧက
၂၀ ပေ × ၆၀ ပေ = ၀.၀၂၇၅ ဧက

Credits

Photos from Se7ent Modern Furniture's post 19/01/2021

မင်္ဂလာပါ........

Kitchen is the best of the home🏡🏡🏡

သင့်ရဲ့နေအိမ်အလှတရားကိုပေါ်လွင်စေဖို့ စိတ်ကြိုက်ပုံဖော်ချင်ရင်တော့ sevent modern furniture ကို hello လိုက်ပါနော်.....🤩🤩

သင့်ရဲ့hello 📲📲📲တစ်ချက်ပြုလုပ်ရုံနဲ့

Sevent servey team က ပြုလုပ်ချင်သည့်နေရာကိုလာရောက်တိုင်းတာပေးမယ်💯💯💯

အမိုက်စား designs 🤩🤩🤩တွေကို အိမ်ရှင်စိတ်တိုင်းကျ ပုံဖော်ပေးမယ်

Modern furniture charges💰💰💰 ကို တွက်ချက်ပေးမယ်

production တွေ installing တွေလုပ်မယ်🔨🔨🔩🔧

ပြီးရင် sevent modern furniture ကိုသဘောကျပါတယ်ဆိုတဲ့ အိမ်ရှင်ရဲ့👍👍👍တွေကြည့်ရင်းအလုပ်အပ်မယ်........🎉🎉🎉

Sevent Modern furniture customize designs များပြုလုပ်လိုပါက 095045857, 09779110455 သို့ဆက်သွယ်လိုက်ပါခင်ဗျာ......🤗🤗🤗

company limited
construction
modern furniture decoration
event organizer
exhibition booth decoration
advertising
09-5045857, 09-779110455

13/01/2021

Happy Happy Karen New Year 2021

ပျော်ရွှင်စရာ ကရင်အမျိုးသားနှစ်သစ်ကူးနေ့လေးဖြစ်ကြပါစေ......

Co.,Ltd

Photos from Se7ent Modern Furniture's post 08/01/2021

မင်္ဂလာပါ.....😊😊😊

ကိုယ့်ရဲ့မိဘတွေကို အိမ်ကောင်းကောင်းလေး စိတ်ချမ်းသာစွာဖြင့် နေထိုင်ဖို့ အိမ်ဆောက်ချင်ပါသလား........🤩🤩🤩

ကိုယ့်ရဲ့မိသားစုလေးနဲ့အိမ်ကောင်းကောင်းလေး စိတ်ချမ်းသာစွာဖြင့် နေထိုင်ဖို့ အိမ်ဆောက်ချင်ပါသလား........🤩🤩🤩

ဘုန်းကြီးကျောင်း သာသနိကအဆောက်အအုံများလှုဒါန်းဖို့ တည်ဆောက်ချင်ပါသလား........🤩🤩🤩
ဒါဆို sevent company limited က
PAE....... 1 sqft 20000 MMK
1 sqft 25000 MMK
1 sqft 30000 MMK
1 sqft 35000 MMK စျေးနှုန်းများဖြင့် တာဝန်ယူမှု၊ တာဝန်ခံမှုကလည်းအပြည့်
ခိုင်ခန့်သော structure
ခေတ်မီသောဒီဇိုင်းလက်ရာများ
ကျွမ်းကျင်သော အင်ဂျင်နီယာများကြီးကြပ်၍
တည်ဆောက်ပေးပါတယ်ခင်ဗျာ.........

လူကြီးမင်း၏အဆောက်အဦးများအတွက် အသေးစိတ်သိရှိမေးမြန်းလိုပါက cb or 09779110455သို့လည်းဆက်သွယ်မေးမြန်းစုံစမ်းလို့ရပါတယ်ခင်ဗျာ......😊😊😊

company limited
construction
decoration & renovation
modern furniture
event organizer
advertising

Photos from Se7ent Modern Furniture's post 08/01/2021

Thank you our customer.......🤩🤩🤩
ခြံစည်းရိုးအုတ်တံတိုင်းကာရံခြင်းလုပ်ငန်းအားယုံကြည်စွာဖြင့်လုပ်ငန်းအပ်နှံသော မွေးမြူရေးခြံပိုင်ရှင်အား အထူးကျေးဇူးတင်ရှိပါသည်။😊😊😊

စိတ်ဝင်စားသိရှိလိုပါက 095045857 , 09779110455 သို့ စုံစမ်းမေးမြန်းနိုင်ပါသည်။🤗🤗🤗

company limited
construction
decoration and renovation
modern furniture
event organizer
signwork & signboard
advertising

07/01/2021

(Me:👷👷👷

AG ကားတွေနဲ့ လောင်းရတဲ့ site တွေ အတွက် ခုလိုလေး

သိထားတော့ Cilent တွေကိုလည်း အကြံပေးတဲ့ အခါ

ပိုအဆင်ပြေစေတာပေါ့....)

G25vs G30

💥Concrete Grade G25 နဲ့ G30 က ​စျေးနှုန်းအားဖြင့် 5% ​​​​လောက်ပဲ ကွာပါတယ်။ ဒါ​ပေမယ့် ကွန်ကရစ်ရဲ့ ဖိအားခံနိုင်ရည် (Compressive strength) က​တော့ 20% ကွာပါတယ်။

💥G25 ဆိုရင် fc' က 2800psi ​ဝန်းကျင်ရမှာ ဖြစ်ပြီး G30 ဆိုရင် fc' က 3300 psi ဝန်းကျင်ရမှာ ဖြစ်ပါတယ်။ ငလျင်ဒဏ်ခံ ဒီဇိုင်း​တွေအတွက် အနဲဆုံးရှိရမယ့် fc' က 3000 psi ဖြစ်ပါတယ်။ ဒါ​ကြောင့် G30 သုံးလိုက်ခြင်းအားဖြင့် ငလျင်ဒဏ်ခံအ​​ဆောက်အဦအတွက် အနဲဆုံး fc' လိုအပ်ချက်ကို ကိုက်ညီသွားပါမယ်။ G25 က ငလျင်ဒဏ်ခံအတွက် Code က​တောင်းဆိုချက်နဲ့ မကိုက်ပါ။

💥G30 အသုံးပြုလိုက်ရင် သံ​ချောင်း​တွေရဲ့ အဆက်​​တွေ (splice length ​တွေ development length ​တွေ) ကို 10% ခန့်​လျော့ကျသွား​စေနိုင်ပါတယ်။ အဲ့အတွက် သံ​ချောင်း​တွေ သက်သာ​စေပါမယ်။

💥ခု​ခေတ်မှာ သံ​ချောင်း​တွေရဲ့ခံနိုင်ရည်​တွေ fy ​တွေက 55000 psi က​နေ 70000 psi ​ကျော်​လောက်ထိ ​ကောင်းကြပါတယ်။ ဒါ​ပေမယ့် သံ​ချောင်း​တွေရဲ့အား​တွေက ဘယ်​လောက်​ကောင်း​နေ​နေ သူနဲ့မိတ်ဖက်သုံးစွဲမယ့် ကွန်ကရစ်​တွေကမ​​ကောင်းရင် သံ​ချောင်း​တွေမပြတ်ခင် (yield မ​ရောက်ခင်) ကွန်ကရစ်​တွေပြုတ်ထွက် (Bond failure) သွားပါလိမ့်မယ်။ G30 သုံးလိုက်ခြင်းအားဖြင့် G25 ထက် သူနဲ့မိတ်ဖက် သံ​ချောင်းအားကို 10% ​လောက်ပိုစဥ်းစားသွားနိုင်​စေပါတယ်(သံ​ချောင်းအားက​တော့ ရှိ​နေဖို့​တော့လိုပါတယ်)

💥အဲ့​တော့ ကျွန်​တော်တို့က ​ငွေ​လေး 5% ​လောက်ပိုသုံးလိုက်ရုံနဲ့ အဲ့ထက်မက တန်​ကျေးရှိတဲ့ အကျိုး​ကျေးဇူးကို ပြန်ရလာမှာမို့ အဲ့မဖြစ်စ​လောက်​ငွေ​လေးကို ပိုမသုံးသင့်​ပေဘူးလားဗျာ။ ​

💥G30 က G25 ထက် 5% ​လောက်​စျေးပိုတယ်ဆိုတာကလဲ ကွန်ကရစ် 1m3ချင်း နှိုင်းယှဥ်တဲ့​စျေး​ကြောင့်သာဖြစ်ပြီး တကယ်ရရှိတဲ့ အား​တွေနဲ့ Structure Design Calculation လုပ်မယ်ဆိုရင်​တော့ သူက​တောင် Overall ပိုသက်သာသွား​စေနိုင်ပါတယ်။

PS
⚠️Concrere plant ​တွေမှ Ready mixed concrete အလွယ်တကူဝယ်ယူရနိုင်တဲ့​နေရာ​တွေအတွက် ရည်ရွယ်ပါတယ်။
⚠️Site mix တွဲသုံးဖို့ရှိလျှင်လည်း Site mix က မိမိအလိုရှိတဲ့ concrete strength ကို ပြည့်မီဖို့ လိုပါမယ်။
⚠️Engineer မဟုတ်သူများလဲ ဖတ်လို့ရ​အောင် Technical terms တချို့ကို မြန်မာလို​ရေးထားပါတယ်။ ​​ဘေးမှာ​တော့ English လိုကို ကွင်းနဲ့​ရေးထားပါတယ်။ မြန်မာလို​ရေးထားတာက ပြည့်စုံမှုမရှိဘဲ အားနဲချက်ရှိနိုင်ပါတယ်။
⚠️ပုံက​စျေးနှုန်းက နှိုင်းယှဥ်လို့ရ​အောင် ထည့်​ပေးထားတာဖြစ်ပါတယ်။ Plant နဲ့ ​နေရာ​ပေါ်မူတည်ပြီး ကွာခြားချက်ရှိနိုင်ပါတယ်။
⚠️အခြား concrete grade များအတွက်လဲ အဆင်​ပြေတဲ့အခါ ​ရေး​ပေးပါမယ်။

ဗိုလ်ဗိုလ်​ကျော်

04/01/2021
Photos from Se7ent Modern Furniture's post 01/01/2021

မင်္ဂလာပါ....😊😊😊
Sevent company limited မှ တည်ဆောက်ပြီးစီးသော အဆောက်အဦးလေးပါခင်ဗျာ........😍😍😍
လူကြီးမင်းတို့၏ နေအိမ် အဆောက်အဦး ဂိုထောင်များကို တည်ဆောက်လိုပါက sevent company limited မှ အလှပဆုံးဒီဇိုင်းများ၊ ခိုင်ခန့်သော structure designsများဖြင့် တာဝန်ယူတည်ဆောက်ပေးနေပြီ ဖြစ်သဖြင့်
အခုပဲ hello လိုက်ပါနော်......👍👍👍

📱09779110455
company limited

06/12/2020

ခမ်းနား ထည်ဝါ လှပသော Spiral Stair -ကြောင်လှိမ်လှေခါး နှင့် Circular Stair တွက်နည်း
+++++++++++++++++++++++++

ကျနော်တို့ အင်/ယာတွေက လူနေအိမ်အဆောက်အဦးတွေ၊ Residential တွေ၊ University တွေ စသဖြင့် Public buildings အတော်များများမှာ လှပ ခန်းနားသော ကြောင်လှိမ်လှေခါးကြီးတွေကို အခန့်သား တွေ့မြင်ဖူးကြမှာပါ။ တွေ့ဖူး မြင်ဖူးနေသလို ဘယ်လိုတွက်ရလဲ ဆိုတာကိုလည်း သိထားသင့်ပါတယ်ဗျ။
ကြောင်လှိမ်လှေခါးရဲ့ သဘောက လှပတယ်၊ခန်းနားတယ်၊ထည်ဝါတယ်၊ ဝင့်ဝင့်ကြွားကြွားရှိတယ်၊ အမြင်တင့်တယ်၊ ကုန်ကျစရိတ်လည်းများတယ်:-) 😛
ဒါကြောင့် ငွေကြေးတတ်နိုင်တဲ့ သူတွေသာ များသောအားဖြင့် သုံးတာများပါတယ်။
ဘာဖြစ်ဖြစ် ကျနော်တို့ အင်/ယာတွေက တွက်နည်း စဉ်းစားနည်းကို သိကိုသိထားသင့်ပါတယ်။
ဆိုပါတော့ဗျာ ...
ကိုယ့်အိမ်မှာ ကိုယ့်သမီးကို လာတောင်းရမ်းလို့ ပွဲထုတ်တော့မယ်ဆိုရင် .. ညေ့်ပရိတ်သတ်အစုံအလင်နဲ့ အိမ်အောက်ထပ်မှာ စောင့်နေစဉ် အခါမျိုးမှာ အိမ်အပေါ်ထပ် ကြောင်လှိမ်လှေခါးကြီးဆီမှ ကျော့ကျော့့လေး တစ်ထစ်ချင်း၊ တစ်လှမ်းချင်း ပတ်ကာ ဝေ့ကာ ဆင်းလာမယ့် မြင်ကွင်းက....
စဉ်းစားသာကြည့်..
> ( ကျော့ရှင်းသော ကညာပျိုရယ်၊ ခန့်ညားသော ကြောင်လှိမ်လှေခါးကြီးရယ်။ 🙂 🙂 😛

ကဲကဲ.. စာတွေမဖွဲ့နွဲ့တော့ပါဘူး တွက်နည်းလေးပြောပါတော့မယ်...ဒီလိုဗျ ဒီလို:-)

1. ကြောင်လှိမ်တွက်တော့မယ်ဆို Circle(စက်ဝိုင်း) လိုအရင်စဉ်းစားပါ။
2. ထားရှိမယ့် Radius (r) စဉ်းစားပါ။
3. လှေခါးရဲ့ perpendicular Height စဉ်းစားပါ။
4. Riser (အကျော်) စဉ်းစားပါ။
5. Thread (အနင်း) စဉ်းစားပါ၊ တွက်ထုတ်ပါ။
6. လှေခါးထားရှိမယ့် အခန်းအကျယ် စဉ်းစားပါ။
7. ဘယ်ဝိုက်တက်မလား ၊ညာဝိုက်တက်မလား စဉ်းစားပါ။
8. လှေခါးရဲ့ ထားရှိမယ့် အကျယ် စဉ်းစားပါ။

မှတ်ချက်။ ။ ကြောင်လှိမ်ထားမယ့်
Radius,r = 15' (at least) ရှိရပါမယ်။
Diameter , d = 30' (at least) ပေါ့။
လှေကားဆောက်ရမှာက Circle ရဲ့ 4 ပုံ 1 ပုံမှာပါ ( 1/4 x Circle )

Eg...
ကြောင်လှိမ်ထားမယ့်
(1). Radius, r = 16' ဆိုပါစို့..
(2). Perpendicular height, h = 12'

Riser စဉ်းစားနည်း
> h=12'
= 144"
>> 144" ÷ 6.5" = 22.15 ထစ် (စုံဂဏန်းဖြစ်နေတယ် ဆိုတော့ မ ဂဏန်းရအောင် ပြန်စဉ်းစားပါမယ်)

21 ထစ် >> 144" ÷ 21 = 6.86" (riser)
(21 ထစ်ဆို အနင်းက 22 ခု )

(3). riser = 6.86"

Thread (အနင်း) စဉ်းစားနည်း

Circle(စက်ဝိုင်း) = ၂ ခု ဆွဲရပါမယ်

Large circle > Radius, R= 16'
Small circle > radius, r = 10'
( circle ၂ ခုက Centre(အလယ်မှတ်) တစ်ခုတည်းမှ ဆွဲရမှာပါ... အောက်ပါပုံကိုကြည့်ပါ။)
ဆိုတော့..လှေကားအကျယ်က>> 16' - 10' = 6'

Large Circle ဘက်က Thread(အနင်း),
> Thread, T = 2ΠR/4
= 2Πx 16/4
= 25.13
= 25.13' x 12 (ပေ ကို လက်မပြောင်း)
= 301.59"
= 301.59" ÷ 21 ( အထစ်)
= 14.36" (အနင်း)
Large Thread, T = 14.36"

Small Circle ဘက်က Thread(အနင်း),
> Thread, T = 2Πr/4
= 2Πx 10/4
= 15.7
= 15.7' x 12 (ပေ ကို လက်မပြောင်း)
= 188.5"
= 188.5" ÷ 21 ( အထစ်)
= 8.98" (အနင်း)
Small Thread, T = 8.98"

ကဲဗျာ.. အဖြေလေးတွေ ပြန်ကောက်ကြည့်ကြမယ်.

1. Large radius, R = 16'
2. Small radius, r = 10'
3. perpendicular height, h = 12'
4. nos of Step = 21 nos
5. Riser = 6.86"
6. Large Thread, T = 14.36"
7. Small thread, T = 8.98"

အဆင်ပြေကြမယ် ထင်ပါတယ်ဗျ 🙂
ဒါကတော့ ကြောင်လှိမ်လှေခါးမှာ ပါဝင်မယ့် Data တွေ စဉ်းစားနည်းနဲ့ တွက်နည်းအဆင့်တွေပါပဲ။

မှတ်ချက်။ ။ ညာ ဝိုက်အတက်ဆို ပြန်ဆင်းလာရင် အဆင်းဘက်က Thread(အနင်း) က 9" ထက်တော့ မနည်းစေနဲ့နော့် (ချော်ကြမှာစိုးလို့):-)
>> လူတစ်ယောက်ရဲ့ ခြေဖုဝါး အရှည်က အနည်းဆုံး 9" လောက်ရှိလို့ပါ။

Crt; Sayar U Wynn Myint(Tgi)

Photos from Se7ent Modern Furniture's post 06/12/2020

😍😍

21/11/2020

ဒီနေ့ ကွန်ကရစ်လမ်းတစ်ခုကို ဂျစ်ဆွဲနေတာ မြင်တော့ ခလေးတစ်ယောက်က ပန်းရံဆရာကို မေးပါတယ် ။ဘာလို့ ဂျစ်ဆွဲရတာလဲပေါ့။ ပန်းရံ ဆရာက ပြန်ဖြေပါတယ် ။ " ကားတွေ လမ်း မချော်အောင်လို့တဲ့" 😁😁😁
မဟုတ်ပါဘူးး အရိုးရှင်းဆုံး ပြောရရင် သနပ်ခါးး လိမ်းပြီးရင် ပါးရည်တင်းမှာမှု့၊ အက်ကွဲမှု့ကို ကာကွယ်ဖို့ ဘီးလေးနဲ့ ခြစ်သလို ပေါ့ ။
ကွန်ကရစ်လောင်းရာတွင်

ရေ+ဘိလပ်မြေ ဓာတ်ပြုမှုကြောင့် ကွန်ကရစ် အ
တွင်း အပူစွမ်အင်ဖြစ်လာပါသည်။ ဓာတ်ပြုမှုဖြစ်စေသော ရေသည် အပူကြောင့် အငွေ့အဖြစ်
ဘဝပြောင်းကာ ကွန်ကရစ်၏ အပေါ်မျက်နှာပြင်သို လမ်းကြောင်းရှာ တိုးထွက်လာပါသည်။
ရေငွေ့ ပျံခြင်းကြောင့် ကွန်ကရစ်တွင်း ရေထုထည် ဆုံးရှုံးပြီး ကျုံ့့ဝင်ခြင်း ပမာဏတွေ ဖြစ်
လာပါသည်။ကွန်ကရစ်လောင်းးစဉ်မှာ မျက်ှာပြင်ညှိရင်း ကွန်ကရစ်အနည်အနှစ်တွေစုဖွဲ့
ကာ အရေဖျား ကဲ့သို့ ပါးလွှာသော အလွှာတခု ဖြစ်နေပါသည်။ ရေငွ့ သည် အပေါ်လွှာကို
တွန်းထိုးဖောက်ထွက်သည့်အခါ အက်ကြောင်းများ ဖြစ်ပေါ်လာပါသည်။ ကျုံ့ဝင်မှုမှာ အစု
အဖွဲပေါင်းစည်လိုအားတွေနှင့် ကြုံ့နေကြပါသည်။တဘက်သတ်ပေါင်းစည်းအားများ စုစည်း
မှု လွန်ဆွဲမှုသည် ကွန်ကရစ်ထု၏ ခံနိုင်မှုကိုကျော်သည့်နေရာများမှာ အက်ကြောင်း များ
ဖြစ်လာပါသည်။ ဘက်ပေါင်းစုံ စုစည်းအာတွေကြောင့် အက်ကြောင်ဘက်ပေါင်းစုံမှာ ဖြစ်ပါ
သည်။လေးဘက်လေးတန် ကျင်းဖွဲ့ အက်သောကြောင့် ၎င်းအက်ခြင်းကို ပညာရှင်တွေက
Contraction crack လို့ သတ်မှတ်ခေါ်ဝေါ်ပါသည်။
ကွန်ကရစ် တွင်းရေငွေ့ဆုံးရှုံး မှုမြန်ဆန်လျင် အက်ကြောင်း
ပိုများနိုင်သည့်အတွက် ကာကွယ်သည်အနေဖြင့် Concrete curing လုပ်ပါသည်။
ရေငွေ့တိုးထွက်မှုကြောင့် မျက်နှာပြင် အက်ကြောင်းမျာဖြစ်ပေါ်ပြီး ၎င်းအက်
ကြောင်းများ ရုန်းကန်မှုကြောင့် အတွင်းကွန်ကရစ်သားတေ ထိခိုက်နိုင်သည့် အတွက်
Surface texture line stripes ဂျစ်ဆွဲပါသည်။ သနပ်ခါးလိမ်း လျင် ခြောက်ခါနီးမှာ
ပါးရေတင်းမှု တွေဖြစ်သည့်အတွက် ကာကွယ်သည့်အနေဖြင့် ဘီးကလေးနှင့် ခြစ်သလို
ပေါ့။
Crd
company limited
construction
decoration
renovation
event organizer
event planner
advertising

Photos from Se7ent Modern Furniture's post 17/11/2020

ကွန်ကရစ်အကြောင်း သိကောင်းစရာ

company limited
construction
decoration
renovation
event organizer
event planner
advertising
credit

Photos from Se7ent Modern Furniture's post 10/11/2020

se7ent က မကြာမီဆောက်လုပ်မည့် (25’x50’)
3 storeyed RC roof slad အဆောက်အဦးအတွက် ပုံဆွဲနေတုန်း......😊😊😊
လူကြီးမင်းတို့၏ နေအိမ်၊ အဆောက်အဦး၊ ဂိုထောင်၊ ရုံးခန်းများအတွက်........
✅designs များရေးဆွဲခြင်း

✅နေအိမ်၊ အဆောက်အဦီး၊ ဂိုထောင်များတည်ဆောက်ခြင်း

✅Drawing & structure များ တွက်ချက်ခြင်း

✅နေအိမ်၊အဆောက်အဦီး၊ဂိုထောင်များအတွက် ရုံးစာရွက်စာတမ်းများလည်း ပြုလုပ်ပေးပါကြောင်း ကြော်ငြာလိုက်ပါတယ်နော်......😊😊😊

ချစ်သောမိတ်ဆွေ သူငယ်ချင်းများ အစစအရာရာအဆင်ပြေပါစေကြောင်း ဆုမွန်ကောင်း ဆုတောင်းပေးလျက်......🙏🙏🙏

ချစ်တဲ့
se7ent company limited
09-5045857
construction
decoration
event organizer
planner
advertising

Photos from Se7ent Modern Furniture's post 04/11/2020

interior stair designs 😍😍😍

Photos from Se7ent Modern Furniture's post 01/11/2020

😍😍😍

company limited
construction
decoration
renovation
event organizer
event planner
advertising
09-5045857

30/10/2020

#အဘိဓမ္မာအခါတော်နေ့
#သီတင်းကျွတ် လပြည့်နေ့

သီတင်းကျွတ် မီးထွန်းပွဲတော် ဖြစ်ပေါ်လာပုံမှာ
ဂေါတမမြတ်စွာဘုရား အလောင်းတော်သည်
ဘုရား ဆုပန်ခဲ့သည်မှာ လေးသင်္ချေနှင့် ကမ္ဘာ
တစ်သိန်း တိုင်အောင်ပင် ပါရမီတော်များကို
ဖြည့်ဆည်းခဲ့ရာ သိဒ္ဓတ္ထဘဝသည် နောက်ဆုံး
ဘဝ ဖြစ်ခဲ့သည်။

လူ့ဘဝကို ငြီးငွေ့စေသည့် ''အို၊ နာ၊ သေ၊ ရဟန်း''
စသည့် နိမိတ်ကြီး လေးပါးကို မြင်ခဲ့ပြီးနောက်
မိဂဒါဝုန်တောသို့ တောထွက်ခဲ့သည်။ ဆံပင်ကို
စွန့်ပယ်ကာ ရဟန်းပြု၍ ပဉ္စဝဂ္ဂီငါးဦးတို့၏
အလုပ်အကျွေး ပြုမှုကို ခံယူကာ ဒုက္ကရစရိယာ
ခြောက်နှစ်တိုင်တိုင် ကျင့်ခဲ့သော်လည်း ဘုရား
အဖြစ်သို့ ရောက်ရှိတော် မမူခဲ့ပါ။

ပဉ္စသိင်္ခနတ်သားက သူ၏ ဗေဠုဝ စောင်းတော်
ကြီးမှ စောင်းကြိုးကိုတင်း၍ တစ်မျိုး၊ လျှော့၍တစ်ဖုံ
တီးခတ်သတိပေးခဲ့ရာ ဘုရားအလောင်းမှာ သတိ
ဝင်၍ ဒုက္ကရစရိယာ အကျင့်ကို စွန့်တော် မူခဲ့သည်။

ဒေါ်သုဇာတသူဌေးသမီး၏ ညောင်ပင်၌ကပ်လှူခဲ့
သော ဃနာ နို့ဆွမ်းကို သုံးဆောင်ပြီး မလျော့မတင်း
သော မဇ္ဈိမပဋိပဒါအကျင့်ကို ကျင့်တော်မူ ခဲ့သော
ကြောင့် ပဉ္စဝဂ္ဂီငါးဦးတို့က ဘုရားအလောင်းတော်
ကို ဖယ်ကြဉ်၍ ထွက်ခွာ သွားခဲ့ ကြသည်။

နောက်ဆုံး မိဂဒါဝုန တောထဲ၌ တစ်ပါးတည်း
ကျန်ရစ်ခဲ့ကာ မာရ်နတ်၏ ရန်ကို အောင်မြင်
တော်မူ၍ ပုဗ္ဗေနိဝါသဥာဏ်၊ ဒိဗ္ဗစက္ခုဥာဏ်၊
အာသဝက္ခရဥာဏ်တော်တို့ကို ရရှိ တော်မူကာ
လောကသုံးပါး၌ ဘုရားစင်စစ် ဧကန်ဖြစ်တော်မူ
ခဲ့လေသည်။

ဘုရားအဖြစ်သို့ ရောက်ရှိတော် မူခဲ့ပြီးနောက်
ပဉ္စဝဂ္ဂီငါးဦးတို့ရှိရာ ဥရုဝေလ တောအုပ်သို့ ကြွ
ချီတော် မူပြီးနောက် တရားဦး ဓမ္မစကြာကို
ခုနစ်ရက်တိုင်တိုင် ဟောကြားတော် မူခဲ့သည်။

ထို့နောက် မဟာသက္ကရာဇ် ၁ဝ၉ ခုနှစ် ဝါဆိုလပြည့်
ညနေပိုင်းတွင် တာဝတိံ သာနတ်ပြည်သို့ မယ်တော်
မိနတ်သားအား တရားဟောရန် ကြွချီတော် မူခဲ့လေ
သည်။

တရားဟော ရခြင်းမှာ မယ်တော် ဖြစ်ခဲ့ဖူးသူ
သန္တုသိတနတ်သားကို မွေးကျေးဇူးဆပ်ရန်
ဖြစ်လေသည်။ …တာဝတိံသာ နတ်ပြည်၌
မယ်တော်မိနတ်သား အပါအဝင် နတ်၊ ဗြဟ္မာ
အပေါင်းတို့ကို တစ်နေ့နှင့် တစ်ရက် (လူ့သက်
တမ်း၌ ဝါတွင်းသုံးလပတ်လုံး) အဘိဓမ္မာ တရား
တော်ကို နေ့ညမစဲ တရား ဟောတော်မူရာ သီတင်း
ကျွတ် လပြည့်နေ့၌ တရားစခန်း သိမ်းလေသည်။

ထို့ကြောင့် နတ်ပြည်မှ လူ့ပြည်ဖြစ်သော သင်္ကဿနဂိုရ်
မြို့သို့ ပြန်လည်ဆင်းသက် ကြွချီတော်မူရာ လူ့ပြည်မှ
မင်းနှင့်တကွ ပရိသတ် အပေါင်းတုိ့က မြတ်စွာဘုရား
ရှင်ကို ဆီမီးနံ့သာများဖြင့် ထွန်းညှိ ပူဇော် ကြိုဆိုခဲ့ကြ
သည့် အစဉ်အလာကို နှစ်စဉ်နှစ်တိုင်း မြတ်စွာဘုရား
ရှင်ကို ရည်စူး၍ ကျင်းပလာခဲ့သည်မှာ ယနေ့တိုင်ပင်
ဖြစ်လေသည်။

မြတ်စွာ ဘုရားရှင် လူ့ပြည်သို့ ဆင်းသက်တော်မူ
ရန် သိကြားမင်းက စောင်းတန်းကြီး သုံးသွယ်ကို
ဖန်ဆင်း ပေးခဲ့သည်။ ရွှေစောင်းတန်းတွင် နတ်များ
ကလည်းကောင်း၊ ငွေစောင်း တန်းတွင် ဗြဟ္မာကြီး
များက လည်းကောင်း လိုက်ပါ လာကြ၍ ဂေါတမ
ဘုရားရှင်က ပတ္တမြား စောင်းတန်းမှ ကြွချီတော်မူ
သည်။

သိကြားမင်းသည် ဘုရားရှင်ကို ရွှေထီးမိုး၍
လည်းကောင်း၊

ပဉ္စသိင်္ခနတ်သားက သုံးဂါဝုတ်မျှကြီးသော ဗေဠုဝနတ်စောင်းကြီးကို တီး၍လည်းကောင်း၊

မာတလိနတ်သားက ပန်းမန်နံ့သာ အမွှေးအကြိုင်
တို့ဖြင့် ဘုရားရှင်ကို ပူဇော်၍လည်းကောင်း၊

သုယာမ နတ်မင်းက စာမရီသားမြီးယပ်တို့ဖြင့်
ဘုရားရှင်ကို ယပ်ခပ် ပူဇော်၍လည်းကောင်း၊

သန္တုသိတနတ်မင်းက ပတ္တမြားယပ်ဝန်းကို
ခပ်၍လည်းကောင်း၊

သိကြားမင်းက ကဝိဇယုတ္တရ ခရုသင်းကို မှုတ်၍
လည်းကောင်း၊

ဂန္ဓဗ္ဗနတ်များက သီဆိုကခုန်လျက် လည်းကောင်း

ဆင်းသက် လိုက်ပါလာကြပုံကို ပုဂံခေတ် မြင်းကပါ
ရပ် ဂူပြောက်ကြီး ဘုရား နံရံဆေး ပန်းချီ ကား၌
ရေးဆွဲထားသည်ကို လေ့လာ တွေ့ရှိနိုင်သည်။

သီတင်းကျွတ် လပြည့်နေ့တွင် သာသနာ့ ဝန်ထမ်း
ရဟန်းတော်များက ပဝါရဏာ ပွဲတော် ကျင်းပလေ့
ရှိသည်။ သိက္ခာတော် ဝါတော် အကြီးဆုံးဖြစ်သော
မထေရ်ကြီးက လက်ဝဲဘက် ပခုံးပေါ်တွင် ဧကသီ
သင်္ကန်းကိုတင်လျက် ဆောင့်ကြောင့် ထိုင်ပြီးလျှင်

''ငါ့ရှင်တို့ တပည့် တော်သည် သံဃာကို
ပင့်ဖိတ်ပါ၏။ တပည့်တော်၏ အဖြစ်ကိုမြင်လျှင်
သော်လည်းကောင်း၊ ကြားလျှင် သော်လည်းကောင်း၊
သံသယရှိလျှင် သော်လည်းကောင်း၊ တပည့်တော်
အားသနားသဖြင့် ပြော၍ဆို၍ သတိပေးပါ၊ အပြစ်
ကို ရှာ၍ကုစားပါမည်''ဟု သုံးကြိမ်တိုင်တိုင် သံဃာ
များကို ဖိတ်ကြား တိုက်တွန်း၍ ကျန်သံဃာတော်တို့
က သာဓုသုံးကြိမ် ခေါ်ကြရသည်။

ထိုပဝါရဏာနည်းတူ လူတို့မှာလည်း မိမိတို့
ထက်ကြီးမြင့်သော သက်ကြီးရွယ်အိုများ၊ မိဘ
ဘိုးဘွားများကို အပြစ်မှ ခွင့်လွှတ်စေကြောင်း
ဝန်ချ၍ ကန်တော့ကြသည်မှာ မြန်မာ့ယဉ်ကျေးမှု့
အစဉ်အလာ သီတင်းကျွတ်ပွဲတော်၏ အနှစ်သာရ
ပင်ဖြစ်လေသည်။ တတ်နိုင်သူတို့ကလည်း နိဗ္ဗာန်
စျေးများ ဖွင့်လှစ်ကာ လာလာသမျှသော လူတို့ကို
အယုတ်၊ အလတ်၊ အမြတ်မရွေး စတုဒိသာ ကျွေး
မွေးပွဲများ ပြုလုပ် ကျွေးမွေး လှူဒါန်း ကြလေသည်။

သီတင်းကျွတ် လပြည့်သည် မြန်မာတို့အတွက်
ဘာသာရေး အနှစ်သာရ ပြည့်ထွန်း နေသည့်
လဖြစ်သည့် အပြင် ရဟန်းတော် များအဖို့ ဝါလ
ကင်းလွတ်သည့်လ ဖြစ်သောကြောင့် ဝါပန်စရာ
မလိုဘဲ ခရီးသွားလာခွင့် ရကြလေသည်။

စိုစွတ်သောရာသီမှ လွတ်ကင်းသော ကြောင့်
ကုန်သည် လယ်လုပ် ပြည်သူပြည်သားများ အဖို့
မှာလည်း ရောင်းဝယ် ဖောက်ကား သွားရေး
လာရေးအဆင်ပြေသောလလည်းဖြစ်သည်။

မြန်မာတို့သည် ၁၂ လရာသီပွဲများကို ဘာသာရေး၊
လူမှုရေး၊ ရိုးရာဓလေ့စသည့် ရှုထောင့် အမျိုးမျိုးဖြင့်
ကျင်းပ လာခဲ့ကြရာ ပျော်ပွဲရွှင်ပွဲများ၊ ဇာတ်ပွဲ၊ ရုပ်
သေးကြည့်ချင်ပွဲများ၊ အလှူ အတန်းများ၊ စတုဒိသာ
ကျွေးမွေးပွဲများဖြင့် စိတ်အေးချမ်းသာစွာ ကျင်းပ
လာနိုင်ခဲ့ကြသည်။

ယခုအခါ မြန်မာလူမျိုးတို့သည် တိုင်းတစ်ပါး
ယဉ်ကျေးမှုများကို အတုခိုး မှားလာကြသဖြင့်
သက္ကစ္စဂါရ ဝတရားများ၌ ယုတ်လျော့လာကြတာ
မလုံ့တလုံ ဝတ်စားခြင်း၊ မူးယစ် သောက်စား ခြင်း၊
နှုတ်မှုရေးရာ ပေါ့သွမ်းခြင်း၊ မောင်နှင့်နှမ၊ သားနှင့်
အမိ ရဟန်းသံဃာနှင့် သက်ကြီးသူတို့၏ ရှေ့၌
မရှောင်၊ မမြင်ဝံ့သောအပြုအမူများကို အနေအထိုင်
အထိန်းအကွပ် မရှိခြင်း တို့မှာ ဘာသာရေး အနှစ်
သာ ရနှင့် လုံးလုံးလျားလျားကြီး ဖီလာဆန့်ကျင်နေ
သောကြောင့် မြန်မာပီပီ ရိုးရာယဉ်ကျေးမှုကို မြတ်နိုး
စွာဖြင့် အဘိဓမ္မာ အခါတော်နေ့ ဖြစ်သော သီတင်း
ကျွတ် ပွဲတော် ကြီးကို ဘာသာရေး အနှစ်သာရ ပြည့်
ဝစွာဖြင့် ''ပျော်ပျော်ရွှင်ရွှင် ပါဝင် ဆင်နွှဲကြပါစို့''ဟု
ရေး သားလိုက် ရပေတော့သတည်း။


#အောင်ချမ်းသာ ခရီးသွားလုပ်ငန်း
===========================

သီတင်းကျွတ်ဝေါဟာရ သမိုင်း
………………………………

သီတင်းကျွတ်လကို ပုဂံခေတ်ကျောက်စာများ
မှာ "သန္တူလ (အသံထွက်- သန်တူလ)" လို့ ရေး
သားကြပါတယ်။

"သန်" ဆိုသည်မှာ "ကောက်ပင်" ဟု အဓိပ္ပါယ်ရ
ပြီး.."တူ"ဆိုသည်မှာ "ထောင်မတ်သည်၊ ပေါက်ပွား
သည်" လို့ အဓိပ္ပါယ်ရပါတယ်။ ကောက်ပင်များ
ထောင်မတ်ပေါက်ပွားသောကာလ လို့ အဓိပ္ပါယ်
ဖွင့်ဆို နိုင်ပါတယ်။

အင်းဝခေတ် စာပေများတွင် "သီတင်းကျွတ်" လို့
စတင် သုံးစွဲခဲကြပြီး "သီတင်း"ဆိုသည်မှာ"နေထိုင်
ခြင်း"လို့ အဓိပ္ပါယ်ရပါတယ်။ ဝါတွင်း ၃ လ ကာလ
ပါတ်လုံး သီတင်းသုံး နေထိုင်ခြင်းမှကျွတ်လွတ်သော
အချိန်အခါ ဖြစ်ပါတယ်။

ရာသီပန်းမှာ ကြာဖြူပန်း ( Nymphaea Lotus )
ဖြစ်ပါတယ်။

ဗုဒ္ဓဘာသာဝင်များအတွက်ကတော့.. မြတ်စွာဘုရားရှင်ဟာ ဝါတွင်း (၃) လ လုံး
တာဝတိံသာ နတ်ပြည်မှာ မယ်တော် သန္တုဿ ိတ
နတ်သားအပါအဝင် နတ်၊ ဗြဟ္မာတို့အား အဘိ
ဓမ္မာတရား ဟောကြားပြီး လူ့ပြည်သို့ ပြန်လည်
ဆင်းသက်သော အချိန်အခါ ဖြစ်သောကြောင့်
"အဘိဓမ္မာ အခါတော်နေ့" လို့ သတ်မှတ်ခေါ်
ဆိုကြပြီး မြတ်စွာဘုရားအား ပန်း၊ ဆီမီး၊ ရေချမ်း
တို့ဖြင့် ကပ်လှူပူဇော်ကြတဲ့ ဓလေ့ ထုံးစံ ရှိပါတယ်။

အမေရီကန် ရိုးရာမှာတော့ ဒီလမင်းကြီးကို မုဆိုး
လမင်း "Full Hunter's Moon" လို့ ခေါ်ကြပါတယ်။

ဆောင်းဦးရွက်ကြွေချိန်ဖြစ်လို့ ကြွေလွင့်လာသော
သစ်ရွက်များနှင့်အတူ သားကောင်ရရှိနိုင်သော
(တနည်း) အမဲလိုက်ရန်ကောင်းသော အချိန် ဖြစ်
လို့ပါပဲ။ Full Traveller Moon (ခရီးသွားလ)၊
Blood Moon (ငွေးရောင်လွှမ်းသောလ) လို့လည်း
ခေါ်ကြပါတယ်။

သီတင်းကျွတ်လပြည့်နေ့ ညမှာ လမင်းရှိနေမယ့်
ကြယ်တာရာကတော့ Cetus လို့ခေါ်တဲ့ ရေ နဂါး
ကြယ်တာရာပဲ ဖြစ်ပါတော့တယ်..။

Crd - သန့်ဦး (အာကာသနှင့်စကြဝဠာ

#ဒေါက်တာနန္ဒမာလာ မှ ပြန်လည်တည်းဖြတ်
ရေးသားအပ်ပါ၏…

Want your business to be the top-listed Engineering Company in Kamayut?
Click here to claim your Sponsored Listing.

Videos (show all)

SE7ENT MLBB CUPTHIRD PLACEAOD ESPORTS VS REBORN PRO GAMERS
SE7ENT MOBILE LEGEND CUPQuarter FINALKISS OF DEAD VS AODSEMIFINAL RPG VS TEAM GRAOD ESPORTS VS PHONEX ESPORTS MMTHIRD PL...
SE7ENT MOBILE LEGEND CUPQuarter FINALTEAM GR VS INSANE SATANCAST BY DOGGY And RKSPONSOR BY GAC MOTOR5BB / SOEEAST MYANMA...
SE7ENT MOBILE LEGEND CUPQuarter FINALATOM ESPORTS VS REBORN PRO GAMERSCAST BY DOGGY And RKSPONSOR BY GAC MOTOR5BB / SOEE...
SE7ENT MOBILE LEGEND CUPQuarter FINALPHINEX ESPORTS VS MEN IN BLACKCAST BY DOGGY And RKSPONSOR BY GAC MOTOR5BB / SOEEAST...
SE7ENT Company MLBB CupStraw Hats Vs Men in BlackBest of 3Commentator - DoggyAt Exibition and Trade CentreSponsored by S...
SE7ENT Company MLBB CupStraw Hats Vs Men in BlackBest of 3Commentator - DoggyAt Exibition and Trade CentreSponsored by S...
မဲခွဲပါပီ
Team Escort Vs Omega GamingBO3 Caster ArrowX
SE7ENT Company MLBB TournamentRound of 32 (Bo3)7 Stars Esports Vs Men In BlackCommentator - Doggy
SE7ENT MLBB Tournament CupRound of 32 (Bo3)Team Insomniac Vs AOD EsportsCommentator - Doggy

Telephone

Website

Address

No. 65, Win Thaw Dar Street, 3 Quarter
Kamayut

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00

Other Construction Companies in Kamayut (show all)
𝗞 & 𝗗𝗟 - 𝐸𝑛𝑔𝑖𝑛𝑒𝑒𝑟𝑖𝑛𝑔 𝑎𝑛𝑑 𝐶𝑜𝑛𝑠𝑡𝑟𝑢𝑐𝑡𝑖𝑜𝑛 𝗞 & 𝗗𝗟 - 𝐸𝑛𝑔𝑖𝑛𝑒𝑒𝑟𝑖𝑛𝑔 𝑎𝑛𝑑 𝐶𝑜𝑛𝑠𝑡𝑟𝑢𝑐𝑡𝑖𝑜𝑛
Room No (202), 2nd Floor, Bayintnaung Tower 2(A)
Kamayut, 11041

"𝐋𝐞𝐭'𝐬 𝐠𝐨 𝐰𝐢𝐭𝐡 𝐮𝐬 𝐟𝐨𝐫 𝐛𝐞𝐭𝐭𝐞𝐫 𝐟𝐮𝐭𝐮𝐫𝐞." K & DL Co., Ltd has been established since 1996, and its owned

MK Dealer - Yangon Instock MK Dealer - Yangon Instock
Kyun Chan 3rd Street
Kamayut

အရာရာကို မေတ္တာဖြင့်ရှာပါ။

Habitat Builders Habitat Builders
98 (F) Inya Road
Kamayut, 11041

Construction and Development Company

Shwe Hnit Hlaing Construction & Interior Decoration Co.,Ltd Shwe Hnit Hlaing Construction & Interior Decoration Co.,Ltd
Building B, 103, Highway Complex Housing, Kamayut Township
Kamayut

Since 2015, Shwe Hnit Hlaing Co.,Ltd is an company that provide services of Construction Project, Interior Decoration& Renovation Services. Reputation is built by performing the hi...

Centroid Civil Engineering Training & Service Centroid Civil Engineering Training & Service
No. 45, 1st Floor, Phaya Street, 5 Block
Kamayut, 11041

Structural design calculation Civil Engineering Services Teaching Civil Engineering Courses

Myanmar Shwe Pinlon Construction Myanmar Shwe Pinlon Construction
Room 411, Bldg-A, Hnin Si Street, Highway Complex Housing
Kamayut, 11041

One of the leading construction companies especially for luxurious private residences in Myanmar.

77 Myanmar Construction & Decoration Co.,Ltd 77 Myanmar Construction & Decoration Co.,Ltd
Kamayut, 11041-11044

Construction & decoration, Event organizer, Event planner, Advertising agency