SBS Digital Campus

SBS Digital Campus

SBS Digital Campus is meant to progress the excellent education system and make business Leader and b

17/09/2023

အားငယ်တတ်တဲ့ သင့်စိတ်တွေကို ပြောင်းလဲပါ

၁ - သင့်ကိုယ်သင် လက်ခံပါ။
သင်ဟာ ရုပ်လှတဲ့ပဲဖြစ်ဖြစ်၊ ရုပ်ဆိုးတဲ့သူပဲဖြစ်ဖြစ်၊
ဆင်းရဲသူပဲဖြစ်ဖြစ် သင်ကိုသင် လက်ခံပါ။
ယခုလက်ရှိ သင့်ဘဝဟာ ဘယ်လောက်ပဲ
နိမ့်ကျနေပါစေ ဒါကို လက်ခံလိုက်ပါ။
ပြီးရင် သင့်ဘဝကို မြှင့်တင်ဖို့ ကြိုးစားပါ။

၂ - သင့်ကိုသင် အားပေးစကား အမြဲပြောပါ။
လူတွေက သင့်ကို ဝိုင်းပြီး အားပေးစကားပြောရင်
သင့်ရဲ့ စိတ်ဓာတ်တွေ တက်ကြွလာတတ်ပါတယ်။
ဒါပေမယ့် လူတိုင်းက သင်စိတ်ဓာတ်ကျတိုင်း
အားပေးနိုင်မှာ မဟုတ်ပါဘူး။
အဲ့ဒီတော့ သင့်ကိုသင် အားပေးတတ်ဖို့လိုပါတယ်။
အမြဲတမ်း အကောင်းမြင်တဲ့ အတွေးတွေကို
တွေးထားပါ။ သင့်ကိုသင် အကောင်းမြင်တဲ့
စကားတွေပြောပေးပါ။
ဥပမာ...သင်တစ်ခုခုကို ကြောက်တိုင်း
"ငါမကြောက်ဘူး။ ငါရင်ဆိုင်ရဲတယ်။ ငါရင်ဆိုင်
လိုက်မယ်။"လို့ပြောပါ။

၃ - စာဖတ်ပါ။ စာဖတ်ခြင်းက သင့်ရဲ့ ပုန်းကွယ်နေတဲ့
စွမ်းအားတွေကို ထွက်ပေါ်လာစေဖို့ အကူအညီပေးပါတယ်။
မတူကွဲပြားတဲ့ ဘဝေတြကို နားလည်လက်ခံ
လာစေတတ်ပါတယ်။ သင့်ရဲ့ စိတ်စွမ်းအားကိုလည်း
မြှင့်တင်ပေးနိုင်တာကြောင့် အမြဲတမ်းစာဖတ်
ပေးဖို့လိုပါတယ်။

၄ - သင့်ကိုပျော်ရွှင်စေတာ သင့်ရဲ့စိတ်ပါ။
သင့်ကို မပျော်မရွှင်ဖြစ်စေတာလည်း သင့်ရဲ့
စိတ်ပေါ်မှာ အများကြီးမူတည်နေပါတယ်။
ဒါ့ကြောင့် သင့်ရဲ့ စိတ်ကိုထိန်းချုပ်တတ်ပါစေ။
တိုတောင်းလှတဲ့ ဘဝျမာ သင်ဟာ ဘာဖြစ်လို့
စိတ်အားငယ်နေရမှာလဲ။ ဘာဖြစ်လို့ မပျော်မရွှင်
ဖြစ်နေရမှာလဲ။ အခုကစပြီး ပျော်ပျော်ရွှင်ရွှင်
တက်တက်ကြွကြွနေမယ်လို့ သဘောထားလိုက်ပါ။

၅ - ပြုံးပါ။ အားရပါးရ ပြုံးလိုက်ပါ။
အပြုံးဟာ စိတ်ဒဏ်ရာတွေကို အေဝးကို
လွင့်စင်အောင် ပြုလုပ်နိုင်းစွမ်းရှိပါတယ်။
ဘယ္လို အခြေအနေမျိုးမှာပဲ ဖြစ်ဖြစ် အမြဲပြုံး
နိုင်အောင် ကြိုးစားထားပါ။

၆ - ခွင့်လွှတ်လိုက်ပါ။
လက်ရှိ သင်ရဲ့စိတ်ထဲမှာ မကျေမနပ်
ဖြစ်နေတဲ့ အရာတစ္ခုကို မေ့ပစ်ဖို့အတွက်
ခွင့်လွှတ်သင့်တဲ့သူကို ခွင့်လွှတ်ပေးလိုက်ပါ။
စိတ္ကို ငြိမ်းချမ်းအောင် မေ့သင့်တာကို
မေ့ပါ။

၇ - ဘယ့်သူ့ကိုမှ အရမ်းကြီး မချစ်ပါနဲ့။
လူတစ်ယောက်ကို ချစ်လို့ ရပါတယ်။
ဒါပေမယ့် အရမ်းကြီး မချစ်မိပါစေနဲ့။
သင့်ကို နာကြင်ရစေပါတယ်။ တစ်ခါတစ်လေမှာ
သင်အရမ်းချစ်ရတဲ့သူက သင့်ကို
ဘာမှမလုပ်သေးပဲနဲ့၊
သူနဲ့လည်း ဘာမှမဆိုင်သေးပဲနဲ့
သူ့ကို ချစ်မိတာလေးနဲ့ကို သင့်ရဲ့စိတ်တွေ
မပျော်မရွှင်ဖြစ်ရတတ်ပါတယ်။

၈ - မအိပ်ခင် အချိန်လေးမှာ တစ်နေ့တာ
ဖြတ်သန်းခဲ့ရသမျှကို ပြန်စဉ်းစားပါ။
မှားခဲ့သမျှကို ပြင်ဆင်ပါ။ နောက်တစ်နေ့အတွက်
အစီအစဉ် ချမှတ်ပါ။ ပြီးရင် ငြိမ်းချမ်းစွာ
အိပ်စက်အနားယူပါ။

17/09/2023

"Communication Skills ကောင်းတယ် ဆိုတာ”

ကျွန်တော်တို့ဝန်းကျင်မှာ"Communication skill" ကောင်းတယ်လို့ ဆိုလိုက်ရင် စကားပြောကောင်းတာကို ပြောတာလို့ ထင်ကြပါတယ်။

တကယ်တန်းတော့ Communication skill က အဲဒါထက် အများကြီး ပိုပါတယ်။

ဥပမာ ......အလွန်တရာမှကို စကားပြော ကောင်းပါတယ်ဆိုတဲ့သူက Sign language မတတ်ရင် ဆွံ့အ နားမကြားတဲ့သူတွေကို ဘယ်လိုမှ ဆက်သွယ်လို့ မရနိုင်ပါဘူး။

အဲ့လိုပဲ၊ စကားပြောတော့ ကောင်းတယ်၊ သူပေးတဲ့ ဥပမာ၊ သူပြောတဲ့ ဟာသက ဆိုရှယ်မီဒီယာပေါ်က ကိစ္စတွေ ဖြစ်နေမယ်။ နားထောင်သူတွေက ဆိုရှယ်မီဒီယာနဲ့ အကျွမ်းတဝင် မရှိတဲ့သူတွေဆို သူ့ဟာသတွေက ရယ်စရာ ဖြစ်မနေတော့ဘူး။

ဒါကြောင့် Communication skill ကို ဆယ်သွယ်ပြန်ကြားခြင်းစွမ်းရည်လို့ ဘာသာပြန်ချင်တယ်။ “ကိုယ်ပေးချင်တဲ့ မက်ဆေ့က ကိုယ်ရည်ရွယ်တဲ့သူဆီ ကိုယ်ဆိုလိုတဲ့အတိုင်း ရောက်သွားအောင် ပေးပို့နိုင်ခြင်း” ဟာ Communication skill ဖြစ်ပါတယ်။

အဲဒီတော့ ဘာအရေးကြီးဆုံး ဖြစ်လာလဲဆို ကိုယ်ရည်ရွယ်တဲ့ လူအုပ်စု (Target audience) အကြောင်းကို သိဖို့ပါပဲ။ နမူနာတချို့ ပြောရရင် သူတို့ရဲ့....

▪️၁။ ခံယူချက် (Attitude)
▪️၂။ ယုံကြည်မှု (Belief)
▪️၃။ ယဉ်ကျေးမှု (Culture)
▪️၄။ နားလည်သဘောပေါက်နိုင်စွမ်း (Education/ Apprehension)
▪️၅။ စိတ်ခံစားချက် အခြေအနေ (Emotional State)
▪️၆။ ဘာသာစကား (Language)
▪️၇။ အခြေအနေ၊ အချိန်အခါ (Timing & Context) စသဖြင့် သိနေဖို့ လိုတယ်။

သိအောင် အားထုတ်ထားဖို့လည်း လိုတယ်။ သိနေမှ ကိုယ်ပေးချင်တဲ့ မက်ဆေ့ကို ကိုယ်ဆိုလိုတဲ့အတိုင်း ရောက်သွားအောင် ပေးပို့နိုင်မှာ ဖြစ်တယ်။

ဥပမာ အင်္ဂလိပ်စာ အားနည်းတဲ့သူဆီ လန်ပျံထွက်နေအောင် ရေးထားတဲ့ အီးလ်မေး ပို့မဲ့အစား ရိုးရှင်းတဲ့ အင်္ဂလိပ်စာ၊ ဒါမှမဟုတ် မြန်မာစာနဲ့ပဲဖြစ်ဖြစ် ဆက်သွယ်တာ ပိုကောင်းတယ်လေ။

Communication skill မှာ ကိုယ်ဘယ်လောက်တော်ကြောင်း တတ်ကြောင်း ကြွားရဖို့က အဓိက မဟုတ်ဘူး။ တစ်ဖက်လူ နားလည်အောင် ဘယ်လိုပေးပို့ရမလဲ ဆိုတာကသာ အဓိက ဖြစ်တယ်။

Communication skill ဆိုတာကို အဲ့လို မြင်တတ်သွားရင် တစ်ဖက်လူ သို့မဟုတ် ကိုယ်ရည်ရွယ်တဲ့ လူအုပ်စုအကြောင်း ပိုပြီး ဂရုစိုက်မိလာလိမ့်မယ်။

ဥပမာ အဖေနဲ့ အမေ ရန်ဖြစ်ထားတဲ့အချိန် မုန့်ဖိုး သွားမတောင်းတော့ဘူး။ ဘာလို့ဆိုတော့ Emotional State အရ စိတ်တိုနေကြတယ်၊ မဲဖို့ လူရှာနေကြတယ်၊ အဲ့အချိန် ကိုယ်ဘာရယ်မဟုတ် လုပ်မိလိုက်တာလေးကနေ ကိုယ့်ဘက် မြှားဦးလှည့်လာနိုင်တယ်။

ဒါကြောင့် စိတ်တိုနေတဲ့အချိန် အဲ့လူကို ဘာမှ သွားမပြောတာ ကောင်းတယ်။ ပြောလည်း ကိုယ်ဆိုလိုတဲ့အတိုင်း နားဝင်မှာ မဟုတ်ဘူးကိုး။

အဓိကကတော့ Target audience ရဲ့ စိတ်အခြေအနေ (Emotional State) နဲ့ အခြေအနေ၊ အချိန်အခါ (Timing & Context) ​ကို သိထားမှ ကိုယ်ပြောချင်တဲ့အပိုင်းကို နားဝင်အောင် ပြောလို့အဆင်ပြေမှာပါ။

ဒါကြောင့် တစ်ဦးချင်း ဆက်ဆံရေးမှာဖြစ်ဖြစ်၊ လုပ်ငန်းခွင် ဆက်ဆံရေးဖြစ်ဖြစ်၊ လူအများစုနဲ့ ထိတွေ့ဆက်သွယ်ရတဲ့ PR အလုပ်နဲ့ အသက်မွေးကြသူတွေပဲဖြစ်ဖြစ်၊ အပြောအဆို ကောင်းတာ၊ အရေး ကောင်းတာတွေထက် ပိုအရေးကြီးတာက ကိုယ့်ပရိသတ်ရဲ့ အကြောင်းကို သိနေဖို့ပါပဲ။

သားသမီးအကြောင်းကို သိတဲ့ မိဘက ပိုပြီး နားဝင်အောင် ဆုံးမနိုင်တယ်။

ပရိသတ်အထာနပ်တဲ့ အနုပညာရှင်က သူ့ကို ပိုပြီး အားပေးအောင် ဆွဲဆောင်နိုင်တယ်။

Customer တွေရဲ့ စိတ်အခြေအနေကို နားလည်တဲ့သူက ပိုပြီး ရောင်းအားပိုကောင်းတယ်။

ပြည်သူတွေရဲ့ အနေအထားကို ခံစားနားလည်နိုင်တဲ့ အစိုးရကလည်း လူထုရဲ့ ထောက်ခံမှုကို ပိုရတယ်။

ဒီအတွက် Communication skill ကောင်းချင်တယ်ဆို ဘာအရေးကြီးလဲဆိုတော့ ကိုယ်ချင်းစာတရား (Empathy) အရေးကြီးတယ်။ ကိုယ်က အရင်ဒေါသထွက် စိတ်တိုမနေဖို့လည်း လိုတယ်။

Emotional ဖြစ်နေတဲ့လူက ဘယ်သူပြောပြောလည်း နားမဝင်သလို၊ တစ်ဖက်သား နားဝင်အောင်လည်း ပြောဆိုနိုင်စွမ်း မရှိဘူး။ ဒေါသ ပါနေပြီလေ။ စိတ်တိုနေတော့ ကိုယ့်ဘက်ပဲအမှန် ဆိုပြီး စဉ်းစားနေပြီကိုး။ ဒါကြောင့် ဘာအရေးကြီးသေးလဲဆို "Emotional regulation" လို့ ခေါ်တဲ့ ကိုယ့်ရဲ့ ခံစားချက်တွေကို ကိုင်တွယ် ထိန်းသိမ်းနိုင်ဖို့ လိုပါတယ်။

အဲဒါက အတင်းချုပ်တည်းထားရတာမျိုးကို ပြောတာ မဟုတ်ပါဘူး။ နားဖို့ လိုရင် နားမယ်။ အပန်းဖြေဖို့ လိုရင် ဖြေမယ်။ သတိကို လေ့ကျင့်မယ်။ ကိုယ့်စိတ်ကို ကျန်းမာနေအောင် ထားမယ်။ ဒါမျိုးကို ဆိုလိုတာပါ။

"Empathy"နဲ့ "Emotional regulation"က တကယ်တော့ EQ ရဲ့ အစိတ်အပိုင်းတွေပါ။ ဒါကြောင့် Communication skill ကောင်းချင်တဲ့သူ၊ အဲ့အလုပ်နဲ့ အသက်မွေးနေတဲ့သူတွေဟာ EQ မြင့်နေဖို့လည်း မဖြစ်မနေ လိုအပ်ပါတယ်။

သေချာစဉ်းစားကြည့်ရင် ထမင်းမစားဖြစ်တဲ့ရက်သာ ရှိရင် ရှိလိမ့်မယ်။ Communication မလုပ်ဖြစ်ဘူး ဆိုတဲ့နေ့ကတော့ မရှိပါဘူး။

နောက်ပြီးတော့ ဒါက ဆရာဝန်မှ၊ ကျောင်းဆရာမှ၊ စာရေးဆရာမှ လိုအပ်တာ မဟုတ်ဘဲ ဘယ်သူ့အတွက်မဆို လိုအပ်တယ်။ ပုဂ္ဂိုလ်ရေး အဆင်ပြေဖို့ရော၊ ကိုယ့်သက်ဆိုင်ရာ အသက်မွေးဝမ်းကျောင်း အလုပ်မှာ ပိုအောင်မြင်ဖို့အတွက်ပါ ဒီစွမ်းရည်က အရေးကြီးပါတယ်။

ဒါကြောင့် တစ်ဖက်သားဘက်က ထည့်စဉ်းစားတတ်တဲ့ အကျင့်ကို မွေးပါ။ အထူးသဖြင့် ကိုယ်ဆက်သွယ်မဲ့ ဦးတည်လူပုဂ္ဂိိုလ်၊ ပရိသတ်ရဲ့ အကြောင်း သိအောင်လုပ်ပါ။ ကိုယ်ချင်းစာတရား ပျိုးထောင်ပါ။ ကိုယ့်ရဲ့ စိတ်ခံစားချက်တွေကိုလည်း ကိုင်တွယ်နိုင်အောင် ကြိုးစားပါ။

တကယ်တော့ Communication skill ရဲ့ အသက်က စကားပြောကောင်းခြင်း မဟုတ်ပါဘူး။ ပရိသတ်ရဲ့ အခြေအနေကို ခံစားနားလည်နိုင်တဲ့ ကိုယ်ချင်းစာတရားပဲ ဖြစ်ပါတယ်လို့ ။

16/09/2023

လူ့ဘဝ၏ အောင်မြင်တိုးတက်ခြင်းသို့ သွားရာလှေခါး (၃၀)
💪💪💪💪💪💪💪💪💪💪💪💪💪💪💪💪

၁။ ကတိအပေးနည်းပါစေ။

၂။ အမှန်ကို အမြဲပြောပါ။

၃။ မိတ်ကောင်းဆွေကောင်းထားရှိပါ။

၄။ သူတစ်ပါး မကောင်းကြောင်း ဘယ်အခါမှ မပြောနှင့်။

၅။ မိမိ၀င်ငွေနှင့် လောက်ငှအောင် သုံးစွဲပါ။

၆။ မိမိ၏ဘယ်လုပ်ငန်းတွင်မဆို ကျွမ်းကျင်မှုရှိပါစ။

၇။ မူးယစ်စေသည့် အရာများကို ရှောင်ကြဉ်ပါ။

၈။ သဒ္ဓါမရောက်မီ တရားမျှတမှု ရှိပါစေ။

၉။ လောင်းကစားမှုကို လုံးဝရှောင်ကြဉ်ပါ။

၁၀။ လျှို့ဝှက်သင့်သည်ကို မပေါက်ကြားပါစေနှင့်။

၁၁။ အကျင့်စာရိတ္တကောင်းခြင်းမွန်သည်သာ ဘဝ၏အောင်မြင်တိုးတက်ခြင်းကိုဖြစ်စေသည်။

၁၂။တတ်နိုင်ပါက ချေးငှားမှုအား ဘယ်သောအခါမှ မပြုပါနှင့်။

၁၃။ သင်၏ပျော်ရွှင်ချမ်းမြေ့ခြင်းသည် သင့်၏ကျေနပ်မှုနှင့်
လုပ်ငန်းအပေါ်မှာ မူတည်ပါလိမ့်မယ်။

၁၄။ ကြွယ်၀ချမ်းသာမှုကို ဆောင်ရွက်ရာတွင် အလောသုံးဆယ်မပြုလုပ်သင့်။

၁၅။ သူတစ်ပါးအား ပြောဆိုရန်ရှိလျှင် ထိုသူ့မျက်နှာကို
ကြည့်၍ပြောပါ။

၁၆။ မယားတစ်ယောက်ကို လုပ်ကြွေးနိုင်မှ ထိမ်းမြားမင်္ဂလာ ပြုသင့်ရာသည်။

၁၇။ ကြီးလာသည့်အခါ သုံးစွဲနိုင်ရန် ငယ်ရွယ်စဉ်က ချွေတာစုဆောင်းရာ၏။

၁၈။ အပေါ်ယံသာယာမှုကိုကြည့်၍ အပျော်အပါးများအား မလိုက်စားသင့်။

၁၉။သူတစ်ပါးတို့အားကူညီရာတွင် ကဲ့ရဲ့ ပြစ်တင်ရှုတ်ချမှုကို ဂရုမစိုက်သင့်။

၂၀။ ကောင်းသောစိတ်ထားခြင်း ၊ကောင်းသောစကား ဆိုခြင်းသည်
မွန်မြတ်ခြင်းဖြစ်၏။

၂၁။ မှန်မှန်ကန်ကန်နှင့် ကြိုးစားမှုကြောင့်တိုးတက်ခြင်းသည်
ထိုက်တန်အောင်မြင်ခြင်းဖြစ်၏။

၂၂။ ညအိပ်ယာ၀င်သည့်အခါ တစ်နေ့တာလုပ်ဆောင်ခဲ့သမျှကို
ပြန်လည်သုံးသပ်ခြင်းသည် နောက်နေ့လုပ်ဆောင်ရမည့် အလုပ်အတွက် တိကျမှုကိုဖြစ်စေ၏။

၂၃။ သင့်အပြုအမူ ဆောင်ရွက်ချက်မှလွဲ၍ သင့်အကျင့်စာရိတ္တကို
ထိခိုက်စေမည့်အကြောင်းမရှိနိင်။

၂၄။ အလုပ်တစ်ခုကို စဉ်းစားဆုံးဖြတ် သုံးသပ်ပြီးမှအကောင်အထည်ဖေါ်ရာ၏။

၂၅။ အလုပ်နှင့်ဘယ်အခါမှ ကင်းကွားမှုမဖြစ်စေပဲ လက်များကိုအကျိုးရှိစွာအသုံးချပါ။

၂၆။ကိုယ့်အကျိုးသာကြည့်ပြီး သူတစ်ပါးအကျိုးမကြည့်သောသူများအား မိတ်ဆွေအဖြစ်မပြုသင့်။

၂၇။အကျင့်စရိုက် ကြမ်းတန်းသူများနှင့် အတူတကွမနေသင့်။

၂၈။သြဇာအာဏာရှိသူသော်ငြားလည်း ယုတ်မာရက်စက် လူမဆန်သူများနှင့် ဝေးဝေးနေသင့်၏။

၂၉။သူတော်မဟုတ် သူယုတ်တို့နှင့် ကင်းကင်းနေမှ ကိုယ်စိတ်နှစ်ဖြာ ချမ်းသာရ၏။

၃၀။ကိုယ့်အကျိုး သူ့အကျိုး မျှမျှတတဆောင်ရွက်ငြားက မိတ်ကောင်းသဟာ ပေါကြွယ်ပါ၏။

16/09/2023

“ဘယ်အလုပ်အတွက်မဆို
အသင့်ဖြစ်နေစေမယ့် အရည်အသွေး(၁၀)ခု”
(10 Career Readiness Skills)
∆∆∆∆∆∆∆∆∆∆∆∆∆∆∆∆∆∆∆∆

Career ဆိုတာ အလုပ်တစ်ခု (Job) ဆိုတာထက် ပိုပါတယ်။

အသက်မွေးမှုလို့ဘာသာပြန်ရမလားပဲ။ သူက Lifelong ဖြစ်ပါတယ်။

ကျောင်းပြီးခါစ လူငယ်တစ်ယောက် အောင်မြင်ဖို့ဆိုရင် ပညာရေးမှာ ထူးချွန်ခဲ့ဖို့ အရေးကြီးသလို၊ လုပ်ငန်းခွင်မှာ အကောင်းဆုံးလုပ်ကိုင်နိုင်ဖို့လည်း လိုပါတယ်။

ပညာကို စာတွေ့အဓိက သိလာပြီးသား လူငယ်တွေအနေနဲ့ လုပ်ငန်းခွင်ထဲ စ၀င်တော့မယ်ဆိုရင် ထပ်ဆောင်းအရည်အသွေးတွေ လိုလာတယ်။

အဲဒါတွေသာ ရှိထားရင် ကိုယ်ဟာ ဘယ်တက္ကသိုလ်ကပဲ ဆင်းလာလာ၊ သက်ဆိုင်ရာဘယ်လိုအလုပ်မျိုးအတွက်ပဲဖြစ်ဖြစ် အဆင်သင့်ဖြစ်နေပါလိမ့်မယ်။

အဲဒါကို Career Readiness လို့ ခေါ်ပါတယ်။

အဲဒီလိုအနေအထားတစ်ရပ် ဖြစ်နေဖို့ ဘာအရည်အသွေးတွေ လိုအပ်လဲ။ အတိအကျ ဘာတွေပါလို့ ပြောရခက်ပါတယ်။ ဒါပေမယ့် ဒီအချက် (၁၀) ချက်ရှိထားရင်တော့ သူများထက် တစ်ပန်းသာပါလိမ့်မယ်။

၁။ ကျိုးကြောင်းဆင်ခြင် တွေးခေါ်နိုင်စွမ်း (Critical Thinking)

အချက်အလက်တွေပေါ် အခြေခံပြီး လော့ဂျစ်ကျကျ စဉ်းစားတွေးခေါ်တတ်ဖို့၊ အလုပ်လုပ်တတ်ဖို့ လိုပါတယ်။ အရှင်းဆုံးပြောရရင် ဒါကိုဒီလိုလုပ် ဆိုရုံနဲ့ မရပ်ဘဲ ဘာလို့ဒီလိုလုပ်ရသလဲ မေးတတ် စဉ်းစားတတ်ဖို့ပါ။ ကိုယ်လုပ်သမျှအလုပ်တိုင်းမှာ အကြောင်းရင်းရှိဖို့ လိုပါတယ်။

၂။ ပြဿနာဖြေရှင်းနိုင်စွမ်း (Problem Solving)

မှန်းထားတာကနေ သွေဖည်သွားတာမှန်သမျှဟာ ပြဿနာပါပဲ။ အဲဒါတွေကို မှန်းထားတဲ့ဆီ ဘယ်လောက်ပြန်ဆွဲတည့်နိုင်သလဲ ဆိုတဲ့ အရည်အသွေးမျိုး ဖြစ်ပါတယ်။ ပြဿနာမကြုံဖူးတဲ့သူဆို မရှိပါဘူး။ လူတိုင်းကြုံရပါတယ်။ ဒါကြောင့် ကိုယ်တစ်ယောက်တည်း ကွက်ဖြစ်နေတာမဟုတ်လို့ တည်တည်ငြိမ်ငြိမ်နဲ့ အကောင်းဆုံးရင်ဆိုင်နိုင်ဖို့ လိုပါတယ်။

၃။ ဖန်တီးနိုင်စွမ်းနဲ့ လိုက်လျောညီထွေ အလုပ်လုပ်နိုင်စွမ်း (Creativity and Adaptability)

ခေတ်က ဘာမှမသေချာတော့ပါဘူး။ အမြဲပြောင်းလဲနေပါတယ်။ အဲဒီအခါ တစ်သမတ်တည်း လုပ်ခြင်းထက် ဖန်တီးနိုင်စွမ်း ရှိဖို့ လိုလာပါတယ်။ ဒီခေတ်မှာ ဥပမာတွေ မြောက်များစွာ တွေ့ဖူးကြမှာပါ။ ဘယ်တော့မှ မပြိုလဲလောက်ဘူး ထင်ထားတဲ့ ကုမ္ပဏီတွေ၊ အဖွဲ့အစည်းတွေ ကျရှုံးကုန်ကြတာ တစ်ခြားကြောင့် မဟုတ်ပါဘူး။ အပြောင်းအလဲကို သတိမပြုမိလိုက်လို့ပါ။

၄။ သတင်းအချက်အလက် ရှာဖွေအသုံးပြုနိုင်မှု (Information Literacy)

သတင်းခေတ်မှာ အချက်အလက်တွေ ဘယ်လောက်ရှာနိုင်သလဲ၊ စုထားနိုင်သလဲဆိုတာ ဘယ်လောက်ထိ အရေးပါတယ် ပြောနေစရာတောင် မလိုပါဘူး။ ဖေ့စ်ဘွတ်ဆိုတာလည်း သတင်းအတွက် အထောက်အကူပြုတာပဲ။ ဒါပေမယ့် တက်လာသမျှ ယုံနေလို့တော့ မရဘူး။ ဆန်းစစ်ဖို့၊ အတည်ပြုဖို့တော့ လိုမယ်။ နောက်တစ်ခုက သတင်းတွေအများကြီးသိနေပေမယ့် ပြန်အသုံးမချတတ်ဘူးဆို အလကားပါပဲ။

ဥပမာ အစိုးရသစ်လက်ထက် ဆရာ၀န်တွေ ထပ်တိုးခေါ်မယ်ဆိုတဲ့သတင်း သိလိုက်ပြီဆိုပါတော့၊ ဒီမှာတင် ရပ်လိုက်ရင် အလကားပါပဲ။ အဲဒီလိုခေါ်လိုက်ရင် ဆရာ၀န်တွေအပေါ် မှီပြီး လုပ်နေတဲ့ ကိုယ့်အဖွဲ့အစည်း၊ ကိုယ့်လုပ်ငန်း ဘာတွေဖြစ်လာနိုင်သလဲ၊ ကိုယ့်ဆီက ၀န်ထမ်းဆရာ၀န်တွေကို ဘယ်လိုဆွဲဆောင်ထားမလဲ၊ သူတို့အလုပ်ထွက်သွားခဲ့ရင် ငါတို့ ဘာတွေပြင်ဆင်ထားနိုင်မလဲ၊ ဒါမျိုး ပြန်အသုံးချနိုင်မှ သတင်းဟာ တန်ဖိုးရှိတာပါ။

၅။ ဆက်သွယ်ပြောဆိုခြင်း (Communication)

ပေါင်းသင်းဆက်ဆံရေး ကောင်းတဲ့သူဟာ သူ့ဘ၀တိုးတက်ဖို့အတွက် လှေကားတစ်စင်း အပိုင်ရထားလိုက်သလိုပါပဲ။

Stanford Research Institute ကနေ ဖော်ပြဖူးပါတယ်။

“ဘယ်အလုပ်မှာမဆို ရသမျှငွေကြေးအားလုံးရဲ့ ၁၂.၅% ဟာ လုပ်ငန်းပိုင်းဆိုင်ရာ ပညာကြောင့်ဖြစ်ပြီးတော့ ကျန်တဲ့ ၈၇.၅ ရာခိုင်နှုန်းကတော့ လူတွေနဲ့ ညှိနှိုင်းဆောင်ရွက်တတ်တဲ့ အရည်အချင်းကြောင့် ဖြစ်ပါတယ်”

လုပ်ငန်းခွင်မှာ ကြုံရတတ်တဲ့ ပြဿနာတော်တော်များများဟာလည်း အဲဒီဆက်သွယ်ပြောဆိုမှု အားနည်းတာကနေ စတာပါပဲ။ မဖြစ်မနေ လိုလာပြီဖြစ်တဲ့ ဘာသာစကားကျွမ်းကျင်မှုကတော့ ဒီထဲ ပါလိမ့်မယ်။

၆။ စီမံခန့်ခွဲမှု အရည်အချင်း (Management)

စီမံခန့်ခွဲတယ်ဆိုတာ အများစုပေါင်းအားနဲ့ အလုပ်တွေပြီးစီးအောင် လုပ်ဆောင်ခြင်းဖြစ်ပါတယ်။ အခြေခံအားဖြင့် လူ၊ ငွေ၊ ပစ္စည်း၊ နည်းပညာနဲ့ အချိန်တွေကို အကျိုးရှိရှိအသုံးချပြီး လုပ်ငန်းအောင်မြင်အောင် လုပ်တာဟာ စီမံခန့်ခွဲမှုပါပဲ။

ရာထူးငယ်ငယ်မှာ ဘယ်လိုလုပ်ရတယ်ဆိုတဲ့ Technical skill ရှိရုံနဲ့ရပါတယ်။ စီမံခန့်ခွဲရတဲ့ ရာထူးမျိုးထိ ရောက်ချင်ရင်တော့ အနည်းဆုံး လူတွေနဲ့တွဲဖက်အလုပ်လုပ်တတ်တဲ့ Human skill တော့ ရှိနေအောင် ကြိုးစားဖို့လိုပါတယ်။ အဲဒါမရှိဘဲ Managerial role တစ်ခုကို ရဖို့ခက်နိုင်ပါတယ်။

၇။ ပူးပေါင်းဆောင်ရွက်မှု (Collaboration)

တစ်ယောက်တည်း လုပ်လို့ရတဲ့အလုပ် သိပ်ရှားပါတယ်။ လူတွေက တခါတလေ တွေးတယ်။ ညစ်လိုက်မယ် ထစ်ထားလိုက်မယ် အဲဒါမှ တစ်ဖက်ကို သူအသာရမပေါ့။ အမှန်တော့ လုပ်ဖော်ကိုင်ဖက်တင် အခက်တွေ့တာ မဟုတ်ပါဘူး။ သူလည်း ရှုံးနိမ့်သွားတာပါပဲ။ Collaboration ပျက်သွားလို့ပါ။

ပုံပြင်လေးတစ်ပုဒ်ရှိတယ်။ လူ(၃)ယောက်က လှေတစ်စီးကို စီးလာကြသတဲ့။ ရေလယ်ခေါင်ရောက်တော့ အလယ်မှာထိုင်နေတဲ့ တစ်ယောက်က လှေ၀မ်းဗိုက်ကို ဖောက်နေတယ်။ အဲဒါနဲ့ ကျန်တဲ့နှစ်ယောက်က တားတာပေါ့။ ရေတွေ၀င်လာလိမ့်မယ်ဆိုတော့ အဲဒီလူက ပြန်ပြောတယ်၊ ငါထိုင်နေတဲ့နေရာအောက်ကို ငါ့ဟာငါ ဖောက်တာ မင်းတို့နဲ့ ဘာဆိုင်သလဲ တဲ့။

မဟုတ်ပါဘူး။ ဆိုင်ပါတယ်။ ဘာလို့ဆိုတော့ သူတို့(၃)ယောက်ဟာ တစ်လှေတည်းစီးလာကြတာမို့လို့ပါပဲ။ တစ်ယောက်ရဲ့အသက်ရှင်ရပ်တည်မှုဟာ ကျန်တဲ့နှစ်ယောက်နဲ့လည်း သက်ဆိုင်တယ်။

ဒါကြောင့် အဖွဲ့အစည်းတွေမှာလည်း အဲဒီစိတ်လေး မွေးနိုင်ဖို့လိုတယ်။ သူမှားတာလေ၊ သူတို့လွဲတာလေ လက်ညှိုးထိုးပြောမနေပါနဲ့၊ တစ်ယောက်မှားရင် တစ်ဖွဲ့လုံးရှုံးနိမ့်တာပါပဲ။

၈။ ကိုယ့်အသိစိတ်နဲ့ ဆောင်ရွက်ခြင်း (Self Direction)

ခပ်ရှင်းရှင်းပြောရရင် ခိုင်းမှ၊ ပြောမှလုပ်တတ်ကြတဲ့အကျင့်ကို ဖျောက်ကြရမယ်။ ဒါကလည်း ငယ်ငယ်က လေ့ကျင့်သင်ကြားခဲ့ရတဲ့ ပုံစံနဲ့ အများကြီးသက်ဆိုင်ပါတယ်။

ပြောစကားနားထောင်တယ်၊ လိမ္မာတယ်ဆိုတာကို ဂုဏ်ယူစရာအဖြစ် ပျိုးထောင်ခံခဲ့ကြရတယ်။ ပညာရေးစနစ်ကလည်း အဲဒီအတိုင်း ပုံသွင်းပေးထားတယ်။ တီထွင်ကြံဆခြင်းထက် လမ်းဟောင်းလိုက်ခြင်းကို ဦးစားပေးတယ်။

မှားရဲအောင် မသင်ကြားပေးဘူး။ အဲဒီလိုနဲ့ ကြီးလာတဲ့အခါ အပြောင်းအလဲတခုခု လုပ်ဖို့၊ အများနဲ့ကွဲထွက်ရဲဖို့ သတ္တိမရှိတော့ဘူး၊ ဘောင်ရဲ့အပြင်ဘက်ကိုထွက်ပြီး မစဉ်းစားတတ်ကြတော့ဘူး။ အဲဒီလိုနဲ့ လုပ်ငန်းခွင်ထဲ ရောက်တဲ့အခါ အထက်ကခိုင်းမှ၊ ပြောမှ လုပ်တတ်တဲ့အကျင့်က ရလာပါတော့တယ်။ ဒီခေတ်မှာ အထက်ကခိုင်းမှ၊ တာဝန်ပေးမှ လုပ်တတ်တဲ့သူဟာ တစ်ဆင့်ထက်တစ်ဆင့် တက်လာဖို့ ခက်ပါတယ်။

၉။ ပရော်ဖက်ရှင်နယ်ပီသမှု (Professionalism)

လုပ်ငန်းခွင်မှာ ကိုယ့်အောက်ကလူကို Customer ရှေ့ အော်ငေါက်မယ် ဆဲဆိုမယ်၊ အဖွဲ့ရဲ့ မကောင်းကြောင်းတွေ၊ အဖွဲ့ရဲ့လျှို့ဝှက်ချက်တွေကို နောက်တစ်ဖွဲ့ကို ပြန်ပြောမယ်၊ Social media ပါ် ရေးမယ်၊ ဒါတွေဟာ ပရိုမပီသတဲ့ အပြုအမူများပါ။

အလုပ်တစ်ခုချင်းစီမှာ သက်ဆိုင်ရာ လိုက်နာရမယ့်ကျင့်၀တ်တွေ ရှိကြပါတယ်။ အဲဒါတွေကို တလေးတစား လိုက်နာတတ်တဲ့သူမှ ရေရှည်အောင်မြင်မှု ရနိုင်ပါတယ်။

၁၀။ အကောင်းမြင်စိတ် (Positive Attitude)

လူတစ်ယောက် ရှုံးနိမ့်မှာလား အောင်မြင်မှာလားကို အဓိက အဆုံးအဖြတ်ပေးတာ အဲဒီ Attitude ပါ။ လူတိုင်းမှားဖူးတယ်။

အမှားကနေ သင်ခန်းစာယူ ရှေ့ဆက်မလား၊ ဆက်မှားမလား၊ နောင်တတွေရ စိတ်ထိခိုက်ပြီး လက်မြှောက်သွားမလားဆိုတာ တစ်ခုတည်းပေါ်ပဲ မူတည်တယ်။

အဲဒါ ကိုယ့်ခံယူချက်ပါပဲလို့ ဆိုရင်း။
အောင်မြင်ထူးချွန်ကြပါစေ. . .

15/09/2023

[ ]

"If you want to change the fruits, you will first have to change the roots. If you want to change the visible, you must first change the invisible."

(အသီးအပွင့်ကို ပြောင်းလဲဖို့ စိုက်ပျိုးမြစ်ကို ပြောင်းလဲရမယ်.... မြင်နိုင်တဲ့ ရုပ်ဝတ္တုတွေ ပြောင်းလဲဖို့ မမြင်နိုင်တဲ့ စိတ်ကို ဦးစွာပြောင်းလဲရမယ်)...

23/08/2023

EDBM B-7 သင်တန်းနှင့် Applied Business English အတန်းကို
သင်တန်းကြေး အခမဲ့ဖြင့် ဖွင့်လှစ်ရန် ရှိပါတယ်.တက်ရောက်ချင်သူများ Comments မှာ "EDBM - 7"လို့မန့်ခဲ့ပေးပါ.

15/08/2023

😱 ပုံမှန် သင်တန်းကြေး ၄၀,၀၀၀ ကျပ်တန်သင်တန်းကို ဒီနေ့ SBS Digital Campus သင်တန်းကျောင်းမှာ သင်တန်းအပ်ရင် (50% OFF ) သင်တန်းကြေး ၂၀,၀၀၀ ကျပ်ထဲနှင့် တက်လို့ရပါပြီ ... 😱

👉 စီးပွားရေးနယ်ပယ်မှာ ရှိနေကြတဲ့သူတိုင်းအတွက် ဝါရင့် ဆရာကြီး/ဆရာမကြီးများ သင်ကြားသော အောက်ပါ Online သင်တန်းလေးတွေကို စတင်လေ့လာနိုင်ပါတယ်။

📌 သင်ခန်းစာတွေကို ဘယ်လိုမျိုး လေ့လာရမှာလဲ ? 📌
--------------------------------------------
👉 သင်ယူရမည့်ပုံစံ : ကြိုတင်ရိုက်ကူးပေးထားသော သင်ခန်းစာ Video များကို Facebook Group တို့ကနေ ဝင်ပြီး လေ့လာရမှာပဲ ဖြစ်ပါတယ်။
👉 သင်ရမဲ့ အချိန်နှင့် နေ့ရက် : သင်တန်းတက်ရန် အချိန် နေ့ရက် နာရီ သတ်မှတ်ထားခြင်း မရှိပါဘူး
👉 သင်တန်းကာလ : Lifetime ဖြစ်ပါတယ်။
👉 Group ထဲမှာ ရှိသော သင်ခန်းစာများကို လေ့လာပြီးပါက Online ကနေ Exam ဖြေဆိုပြီး Certificate (Softcopy) File ကို တောင်းယူနိုင်ပါသည်။
(Certificate File ကို မိမိအစီစဉ်ဖြင့် Print ထုတ်ယူရမှာ ဖြစ်ပါတယ်။)

👉 သင်တန်းအားလုံးပေါင်းပြီး Package တက်လို့ရသလို မိမိနှစ်သက်ရာ တစ်ခုချင်းစီလဲ Join လို့ရပါသည်။

1. Business & Strategic Management - 10000 Ks
2. Financial Accounting - 10000Ks
3. General Manager Training - 20000 Ks

👉 ဖော်ပြပါသင်တန်းအားလုံးပါဝင်တဲ့ Business Online Class Package ကို တက်ရောက်လိုရင်တော့
👉 စုစုပေါင်း သင်တန်းကြေး 40,000 Ks အစား
💰 50% OFF (💰 20,000 Ks Only) ဖြင့် Online သင်တန်းတက်ရောက်နိုင်မှာဖြစ်ပါတယ်။
သင်တန်းအားလုံးအတွက် Certificate (3) ခုရမှာဖြစ်ပါတယ်။

-----------------------------------------
သင်တန်းအပ်မယ်ဆိုရင်တော့ 👇 အောက်ကလင့်လေးကို နှိပ်ပြီး ခုပဲ ဆက်သွယ်လိုက်တော့နော် ( m.me/sbsdigitalcampus )

➖➖➖➖➖➖➖➖➖➖➖➖➖➖➖➖➖➖➖➖
💰 သင်တန်းကြေးကို CB, AYA, KBZ, K Pay, Wave တို့မှ ပေးသွင်းနိုင်ပါတယ်။
သင်တန်းအသေးစိတ်သိလိုပါက အောက်ပါဖုန်းနံပါတ်များကို ဆက်သွယ်နိုင်ပါသည်။
☎ : 📱09783015550, 09250151315 , Viber = 09783015550

15/08/2023

Financial Management
--------------------------------------
ငွေကြေးစီမံခန့်ခွဲနိုင်ဖို့ Financial accounting
ငွေကြေးစာရင်းရှင်းတန်းတွေကို နားလည်ဖို့လိုပါတယ်။
အဓိကတော့ Financial information
မိမိလုပ်ငန်းရဲ့ ငွေကြေးဆိုင်ရာ ဝင်ငွေ/အသုံးစရိတ်တွေကို
သိနေဖို့ပါ။

Accounting ဟာ စာရင်းကိုင်ရုံတင်မက
System စနစ်တစ်ခုပါချရပါတယ်။
ပစ္စည်းတွေကို အလွဲသုံးစားလုပ်တာ မဖြစ်အောင်ပါ။
Internal check accounting control လို့
ခေါ်ပါတယ်။
Accounting နဲ့ control လုပ်ထားတာပါ။

* Trading profit and loss ဆိုတာ
ရှုံးလားမြတ်လား သိချင်တာ ။

* Balance Sheet ဆိုတာက
ကိုယ့်မှာ ဘာပစ္စည်း လက်ကျန် ဘယ်လောက်ရှိတယ်
အရင်းလက်ကျန် ဘယ်လောက်ရှိတယ်
သူများအကြွေးဘယ်လောက်ရှိတယ်ဆိုတာ ပြပါတယ်။

Financial statement ဘဏ္ဍာရေးရှင်းတန်းဆွဲတဲ့အခါ
* Cash flow,
* Trading profit and loss,
* Balance sheet
တို့ပါမယ်။

အဲဒီ Accounting information ကို
User အသုံးပြုသူတွေရှိတယ်။
ပိုင်ရှင်က သူ့လုပ်ငန်း အခြေအနေကို သိချင်တာ။
Internal user ရှိတယ် External user ရှိတယ်။

Internal user တွေဖြစ်တဲ့ ပိုင်ရှင်နဲ့
လုပ်ငန်းကို စီမံခန့်ခွဲနေသူတွေက
Financial statement တွေကို ကြည့်ပြီး
လုပ်ငန်းကို ရှေ့ဆက်ပီး ဘယ်လိုလုပ်မလဲဆိုတာ
တွေးဖို့အတွက် ငွေကြေးနဲ့ပါတ်သက်တာတွေ ကြည့်တယ်။
အဲဒီ ရှင်းတန်းထွက်လာအောင် စာရင်းကိုင်က ဆွဲပေးရတယ်။

ဒီရှင်းတန်းထဲမှာ ဘာတွေပါသလဲ?
ဒီရှင်းတန်းကို ကြည့်ပီး ဘာတွေ သုံးသပ်သလဲ?
ငွေကြေးနဲ့ပါတ်သက်ပီး ဘယ်လို စီမံသလဲဆိုတာ
သိဖို့လိုပါတယ်။

External user အနေနဲ့ပြောရင်
ဒီလုပ်ငန်းကို Invest လုပ်ချင်တဲ့သူအနေနဲ့
ဒီလုပ်ငန်းမှာ ရှယ်ယာပါလိုတယ်
သို့မဟုတ် ဒီလုပ်ငန်းကို ငွေချေးချင်တဲ့
Banker ဖြစ်ရင် ဖြစ်မယ်။

အဲတော့ ဒီလုပ်ငန်းရဲ့ Financial statement
ဘဏ္ဍာရေးရှင်းတန်းကို ကြည့်ပီးတော့မှ စဉ်းစားမှာ
ဖြစ်ပါတယ်။

ဒီရှင်းတန်းကိုကြည့်ပီး ဆုံးဖြတ်ချက်ချနိုင်ဖို့
စာရင်းကိုင်တွေက စာရင်းကိုင်ပေးရတာ ဖြစ်တယ်။
လုပ်ငန်းကြီးလာလေ စာရင်းကိုင်ဖို့လိုလာလေပဲ ဖြစ်ပါတယ်။
အစိုးရမှာလည်း Government accounting ဆိုတာ
ရှိပါတယ်။

Government accounting နဲ့
Business accounting က ဘာကွာလဲဆိုတော့ business မှာကျတော့ ပေးရန် - ရရန်ကိုပါ
ထည့်စဉ်းစားတယ်။

Business မှာ
Accounting period ကာလဆိုတာ သတ်မှတ်ထားတယ်။
၆ လ တခါ ဒါမှမဟုတ် တစ်နှစ်တခါ စာရင်းပိတ်မယ်။

အဓိပ္ပါယ်က အမြတ်တွက်တဲ့အခါ
နေ့တိုင်းမတွက်နိုင်ဘူး။
၃လ တခါ တွက်ရင်တွက်မယ်
၆လ တခါတွက်ရင်တွက်မယ်။
Calendar year နဲ့သွားတာ ရှိသလို
Financial year နဲ့သွားတာရှိတယ်။

Calendar year အရ ဇန်နဝါရီ ၁ ရက်နေ့ကစရင်
ဒီဇင်ဘာ ၃၁ မှာဆုံးမယ်။
အစကနေ တောက်လျှောက် ပိုက်ဆံကိစ္စကို
မှတ်ပဲ မှတ်ထားတယ်
အရှုံးအမြတ် မတွက်ဘူး။
နှစ်ကုန်တဲ့နေ့မှာမှ တစ်နှစ်လုံးရဲ့စာရင်းတွေကို
ချုပ်လိုက်တာပါ။
ဒါကြောင့် နှစ်ချုပ်လို့ပြောပါတယ်။

ချုပ်တဲ့အခါမှာ ဝင်ငွေလို့ပြောရင်ဖြစ်ဖြစ်
စရိတ်လို့ပြောရင်ဖြစ်ဖြစ်
ပိုက်ဆံတကယ်ရမှ ဝင်ငွေမဟုတ်ဘူး
မရသေးလဲ ဝင်ငွေအဖြစ်သတ်မှတ်ပါတယ်။
နှုတ်တဲ့ အခါမှာလည်း ငွေချေပီးသည်ဖြစ်စေ
မချေရသေးသည်ဖြစ်စေ အကုန်နှုတ်တယ်။
အဲဒါ Business ရဲ့ Accounting သဘောပါ။

ပေးရန် ရရန် အကုန်လုံးကို
Asset and liabilities အဖြစ် သတ်မှတ်လိုက်တာပါ။
အမြတ်တွက်တဲ့အခါ ကာလနဲ့ပဲစဉ်းစားတယ်
ပိုက်ဆံရတာ/မရတာ ထည့်မစဉ်းစားဘူး။

Government accounting က
ဘတ်ဂျက် နဲ့သွားတယ်။
ရသုံးမှန်းခြေ ငွေစာရင်းလို့ခေါ်တယ်။

ဥပမာ အစိုးရ အဖွဲ့အစည်းတစ်ခု
ဒီလောက်ရအောင် လာမယ့်နှစ်မှာ
ဒီလောက် ကောက်ခံမယ်။
ဒီလောက်သုံးမယ်။

အဲဒီ ဘတ်ဂျက်ကိုကြည့်ပီး အဲဒီဘောင်ထဲက
ရအောင် ကောက်တယ်။
ဒါကြောင့် ဘဏ္ဍာရေးနှစ် မကုန်သေးလို့
သုံးငွေကျန်သေးရင် မကုန် ကုန်အောင် သုံးပေးကြတယ်။
ဒါကြောင့် အစိုးရကျတော့
တကယ်ရမှ ဝင်ငွေလို့သတ်မှတ်သလို
တကယ်သုံးမှ အသုံးစရိတ်လို့ သတ်မှတ်တယ်။

Accounting မှာ
* Financial accounting
* Management accounting
* Cost accounting
ဒါတွေက စာရင်းကိုင် နယ်ပယ် သုံးရပ် ဖြစ်ပါတယ်။

ဒီ ၃ ခု ဘာကွာလဲ?
-------------------------
Product တစ်ခုထုတ်ရင်
စျေးနှုန်း Pricing သတ်မှတ်ရမှာ ဖြစ်ပါတယ်။
ကုန်ကြမ်းကနေ ကုန်ချောဖြစ်အောင်
အဆင့်ဆင့်ကုန်ကျစရိတ်ကို သိအောင်
Cost ကို အရင် တွက်ရပါမယ်။
အဲဒါကို Cost accounting လို့ခေါ်တယ်။

Financial accounting ကျတော့
Cost တွက်တာ မဟုတ်ဘူး။
ရောင်းတဲ့အခါ ဘယ်လောက်ထိ ရောင်းရလဲ။
အရင်းဘယ်လောက်ရှိလဲ
စရိတ်ဘယ်လောက် ထပ်ကုန်သေးလဲ
ဘယ်လောက်မြတ်လဲ တွက်တာ
ကိုယ့်လုပ်ငန်းမှာ ဘာပစ္စည်းတွေ ရှိနေတယ်
စသဖြင့်တွက်တာက Financial accounting ပါ။

ဒီ Financial accounting နဲ ့
Cost accounting (၂) ခုသည်
Past data ယခင်အစက ကုန်ကျစရိတ် နဲ့တွက်ထားတာပါ။
တနည်းအားဖြင့် ကုန်ခဲ့ပြီးပြီ
ရောင်းခဲ့ပီးပီ ဝယ်ခဲ့ပီးပီ။
ပြီးတော့မှ ဘယ်လောက်မြတ်လဲဆိုတာ တွက်တာပါ။

Management accounting က
ပိုစိတ်ဝင်စားဖို့ကောင်းတယ်။
သူကကျတော့ Future အနာဂါတ်အတွက် စဉ်းစားတာ။

ဘာကိုကြည့်ပီး စဉ်းစားလဲဆိုတော့
ယခင် Past မှာ ကုန်ခဲ့တဲ့
Financial accounting နဲ့
Cost accounting data တွေကို တွက်ပီးတော့
အနာဂါတ်မှာ ငါတို့မြတ်အောင်
ဘယ်လောက်နဲ့ရောင်းရင် ရမလဲ။
ဘယ်အချိန်မှာ break even အရင်းကြေမလဲ
အဲဒါတွေကို ကြိုစဉ်းစားတာ
Management accounting ပါ။

09/08/2023

#50% Scholarship, 30% Scholarship & Full Scholarship များလျှောက်ထားပြီး လစဉ်သက်သာသော အရစ်ကျစနစ်ဖြင့်တက်နိုင်သောခိုင်မာသည့်_MBA 🇮🇳

Scholarship လျှောက်ထားရန် ( https://forms.gle/EXtem3iHqqj5o6JDA )

🇮🇳 စစ်မှန်ခိုင်မာတဲ့ အဆင့်မြင့် နိုင်ငံတကာပညာရေးကို ဆက်လက်သင်ယူပြီး အောင်မြင်မှုတွေဆီ အရောက်သွားဖို့ 🇮🇳 India အစိုးရ 🇮🇳 တရားဝင်အသိအမှတ်ပြု NAAC Accredited University မှ တိုက်ရိုက်ချီးမြှင့်မည့် India MBA ကို လစဉ်အရစ်ကျစနစ်ဖြင့်SBS သင်တန်းကျောင်းမှာ အခုပဲတက်ရောက်လိုက်ပါ။

💢 သင်တန်းအစီစဉ်...🌐🌐🌐
◼️ သင်ကြားမှုပုံစံ - Zoom Class + Zoom Recorded Video
◼️ Tuition Fee = 5000 USD (50% Scholarship, 30% Scholarship & Full Scholarship များလျှောက်ထားပြီးတက်ရောက်နိုင်ပါသည်။)
◼️ Registration Fee = 150 USD
◼️ သင်တန်းကာလ - (၁) နှစ် ခွဲ (၁၈ လ)
◼️ သင်တန်းစမည့် ရက် = ၁၉/၉/၂၀၂၃ (အင်္ဂါနေ့)

💢 India MBA မှာ သင်ကြားရမည့် Special Modules များ🔰🔰🔰

🔶 International Marketing Management
🔶 Managerial Economics and International Trading
🔶 International Business Environment
🔶 Accounting and Finance for Strategic Manager
🔶 Project Management
🔶 Entrepreneurship, Innovation and Strategic Management
🔶 Organizational Behavior
🔶 Supply Chain Management and Operation Management
🔶 Strategic HR
🔶 Research Methods
စသည့် စုစုပေါင်း ဘာသာရပ် (၁၀) ဘာသာကို သင်ကြားရမှာဖြစ်ပါတယ်။ မိမိကျွမ်းကျင်သည့် ဘာသာရပ်တစ်ခုကို အခြေခံသည့် သုတေသနကျမ်း (Thesis) ပြုစုရမည်ဖြစ်ပြီး သင်တန်းကာလမှာ (၁၈) လ ခန့်ကြာမြင့်မည်ဖြစ်သည်။

🛑 အသေစိတ်အချက်အလက်များနှင့် ဝင်ခွင့်လိုအပ်ချက်များ စုံစမ်းရန်
Phone : 09783015550
(Monday to Friday 9:00 Am to 5:00 PM)
Email: [email protected]
Facebook Messenger: (m.me/successforbusinessstudies ) သို့ ဆက်သွယ်နိုင်ပါသည်။
🏢Success for Business Studies - SBS 🏢
=======================================
တိုက်အမှတ် (၁၇)၊ (၆)လွှာ ၊ (၁၆) ရပ်ကွက်၊ ပါရမီလမ်း၊ ပါရမီစိန်ဂေဟာရှေ့ ၊ လှိုင် မြို့နယ်၊ ရန်ကုန်မြို့။
📱 09963855471, 09250151315 , Viber = 09783015550

31/07/2023

🎖 100% Scholarship ရရှိဖို့ အခွင့်အရေးပါ။

👉 #ဝါဆိုလပြည့်နေ့ ဖြစ်ပါတယ် 🎉🎊✨

▪ ယခုလို ခက်ခဲ့တဲ့ကာလမှာ SBS Digital Campus သင်တန်းကျောင်းအနေနဲ့ စတုတ္ထ အကြိမ်မြောက် ''လူသားအရင်းမြစ် စီမံခန့်ခွဲမှုဒီပလိုမာ'' သင်တန်းများကို Scholarship Programs (Online Class) များမှာ တက်ရောက်နိုင်အောင် ဖွင့်လှစ်ပေးနေပါသည်။

🎯 လူပြည့်မြန်လို့ အစောဆုံး လျှောက်ထား အပ်နှံသူများသာ တက်ရောက်ခွင့်ရပါမည်။
-----------------------------
📌 စိတ်ဝင်စားသူများ အောက်မှာ "EDHRM B-4" ဟု မန့်ပြီး Messenger မှာ စာရင်းပေးသွင်းပါ.. 👇
---------------------------------------------------------------------------------
𝗛𝗥ဆိုတာကဘာလဲ? 𝗛𝗥ကဘာတွေလုပ်ရတာလဲ?
HR ဆိုတာ ကိုယ့်လုပ်ငန်းက ဘယ် Department မှာ ဘယ်လိုလူမျိုးနဲ့ အသင့်တော်ဆုံး ဖြစ်မယ်ဆိုတာ သင့်လျော်စွာ စိစစ်ရွေးချယ်ခန့်ထားနိုင်ဖို့၊ ဝန်ထမ်းတွေကို Working Skill တိုးတက်လာအောင် လုပ်ငန်းနဲ့ပတ်သက်တဲ့ training တွေပေးဖို့၊ ကိုယ့်ဝန်ထမ်းတစ်ယောက်ချင်းစီရဲ့ အားသာချက် အားနည်းချက်တွေကိုသိပြီးစီမံခန့်ခွဲနိုင်ဖို့ ရှိပြီးသား အရည်အချင်းရှိဝန်ထမ်းကောင်းတွေကို အလုပ်မှာ တည်မြဲအောင် ဘယ်လို Engagement လုပ်ပေးရမယ်ဆိုတာတွေ လုပ်ဆောင်ရပါတယ်။ ထိုသို့ လုပ်ဆောင်နိုင်ဖို့အတွက် HR နယ်ပယ်ထဲသို့ စတင်ဝင်ရောမည့် သူများအတွက် အထူးသင့်တော်တဲ့ အတန်းဖြစ်ပါတယ်....

ဒီပလိုမာ ဘွဲ့အမည်
------------------------------
1. Executive Diploma in HR Management (EDHRM)
သင်ယူရမည့် ဘာသာရပ်များ
---------------------------------------------
Chapter (1) : Introduction to HR Management
Chapter (2) : Fundamental of HRM
Chapter (3) : Organizational & Employee Behavior
Chapter (4) : People & Organization
Chapter (5) : Human Resource Planning
Chapter (6) : Occupational Job Analysis, JD and JS
Chapter (7) : Recruitment Strategy
Chapter (8 ) : Selection
Chapter (9) : Training & Development

စတဲ့ သင်ခန်းစာများအား သင်ယူရပါမည်။

📌 EDHRM Class Information 📌
--------------------
👉သင်တန်းစမည့်နေ့ - 15.August.2023
👉သင်တန်း အချိန် - ညပိုင်း 7:00pm (Lecturer Video) (Zoom Discussion)
👉သင်တန်းကာလ - (2) လ
-----------------------
🔰 မူရင်း သင်တန်းကြေး = 400,000 Ks
🔰 ယခု သင်တန်းကြေး - အခမဲ့
👨‍🎓 Register Fee (မှတ်ပုံတင်ကြေး)အတွက် 10,000 Ks သာ ပေးသွင်းရပါမည်။

မှတ်ချက်။
⛔ (သင်တန်းသား 50) ဉီးသာ လက်ခံပေးပါမည်။
⛔ သင်တန်းပြီးဆုံးအောင် တက်နိုင်ရပါမည်။

📌 သင်ကြားမဲ့ ဆရာတွေကတော့ ...
✅ Sayar Kaung Sat Oo
🎓 Founder & MD (PMI & SBS), MBA (Swiss), Prof Dip HR (UK), Dip in Marketing (IQN), LCCI Level-3, EDBM (UK), PCM, BMC. ပဲဖြစ်ပါသည်။ သင်ကြားမည့် ဆရာများသည် လက်ရှိ စီးပွားရေး Diploma များ၊ လုပ်ငန်းခွင်များတွင် လက်တွေ့လုပ်ကိုင် သင်ကြားပေးနေသော ဝါရင့်ဆရာများဖြစ်ပါသည်။

⛔️ လူဦးရေ ကန့်သတ်ထား၍ ဦးစွာစာရင်းပေးသွင်းသူများကိုသာ ဦးစားပေးသွားမှာ ဖြစ်ပါတယ်⛔️
စာရင်းပေးသွင်ရန် (m.me/sbsdigitalcampus)

✨ စီးပွားရေးလောကမှာ အမြဲတမ်းဦးဆောင်ချင်တဲ့
စီးပွားရေးလုပ်ငန်းရှင်များအတွက် SBS✨

24/07/2023

Business & Strategic Management ပညာဒါန အတန်းလေး ရှိပါတယ်... တက်ချင်တဲ့ သူများ "PMT005" လို့ရေးခဲ့ပေးပါ...

22/07/2023

Executive Diploma in Business Management သင်တန်း
သင်တန်းကြေး အခမဲ့ဖြင့် ဖွင့်လှစ်ရန် ရှိပါတယ်...တက်ရောက်ချင်သူများ Comments မှာ "EDBM" လို့မန့်ခဲ့ပေးပါ....

21/07/2023

အဖြေမှန်သူ အယောက် (၃၀) အတွက် SBS သင်တန်းကျောင်းမှ ဖွင့်လှစ်သော Mini MBA (MBA Foundation) အား သင်တန်းကြေး (၉) သိန်းကင်းလွတ်ခွင့် ဖြင့်တက်ရောက်နိုင်မှာဖြစ်ပါတယ်။

ဒါကြောင့် (100%) Scholarship ဖြင့် Mini MBA တန်းအား တက်ရောက်ခွင့်ရအောင် အောက်ပါ Link တွင် အခုပဲ Scholarship လျှောက်ထားနိုင်ပါသည်။

https://forms.gle/Vve1Z658wDrAr4bu7

19/07/2023

[ ]

- ကြီးမားတဲ့ အောင်မြင်မှုဆိုတာ
- ကြီးမားတဲ့ စွန့်လွှတ်မှုကနေ
- ထွက်ပေါ်လာတ ဖြစ်တယ်။

18/07/2023

English (Applied in Workplace) (သင်တန်းကြေး အခမဲ့)
(SBS နှင့် Youth Qualified .Com တို့ ပူးပေါင်းကျင်းပသည့် Youth Education Program အား လုပ်ငန်းခွင်ဝင်ရောက်လိုသော လူငယ်များနှင့် လုပ်ငန်းခွင်ဝင်ရောက်နေသော လူငယ်များ တက်ရောက်ခွင့်ရမှာဖြစ်ပါတယ်)

➖➖➖➖➖➖➖➖➖➖➖➖➖➖➖➖➖➖

🔰ဘယ်သူတွေ တက်ရောက်သင့်သလဲ ❓
➖➖➖➖➖➖
✅ လုပ်ငန်းခွင် စတင်ဝင်ရောက်မည့် လူငယ်များနှင့် လုပ်ငန်းခွင် ဝင်ရောက်လုပ်ကိုင်နေသော လူငယ်များ တက်ရောက်နိုင်ပါသည်။

နေ့ရက် ၊ အချိန် နှင့် နေရာတွေကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်။

📍Business English (Applied in Workplace)
================
သင်ကြားရေးပုံစံ : Lecturer Video ဖြင့်လေ့လာရမှာဖြစ်ပါတယ်။
သင်တန်းကြေး : 1 သိန်း ကျပ်
ယခုသင်တန်းကြေး : 100% ကင်းလွတ်ခွင့်
မှတ်ပုံတင်ကြေး (Register Fee) = 15000 ကျပ် သာ ပေးသွင်းရမည်ဖြစ်ပါတယ်။

⛔️ လူဦးရေ ကန့်သတ်ထား၍ ဦးစွာစာရင်းပေးသွင်းသူများကိုသာ ဦးစားပေးသွားမှာ ဖြစ်ပါတယ်⛔️
စာရင်းပေးသွင်ရန် (m.me/sbsdigitalcampus)

SBS Team က ရွေးချယ်ပြီး အမြန်ဆုံး ပြန်လည်ဆက်သွယ်ပေးပါလိမ့်မယ်ခင်ဗျာ။

18/07/2023

ကို (100%) သင်တန်းကြေးကင်းလွတ်ခွင့်ဖြင့် SBS သင်တန်းကျောင်းမှာ တက်ရောက်နိုင်ပြီ။
🎖 100% Scholarship ရရှိဖို့ အခွင့်အရေးပါ။
🔹 Online Class & July Intake

👉 ြစ်ပါတယ် 🎉🎊✨
▪ ယခုလို ခက်ခဲ့တဲ့ကာလမှာ Success for Business Studies သင်တန်းကျောင်းအနေနဲ့ (၆) ကြိမ်မြောက် ''စီမံခန့်ခွဲမှုဒီပလိုမာ'' သင်တန်းများကို Scholarship Programs (Online Class) များမှာ တက်ရောက်နိုင်အောင် ဖွင့်လှစ်ပေးနေပါသည်။

🎯 လူပြည့်မြန်လို့ အစောဆုံး လျှောက်ထား အပ်နှံသူများသာ တက်ရောက်ခွင့်ရပါမည်။
-----------------------------
📌 စိတ်ဝင်စားသူများ အောက်မှာ "EDBM B-2" ဟု မန့်ပြီး Messenger မှာ စာရင်းပေးသွင်းပါ.. 👇
---------------------------------------------------------------------------------
ဒီပလိုမာ ဘွဲ့အမည်
------------------------------
1. Executive Diploma in Business Management (LU-ETVA)
သင်ယူရမည့် ဘာသာရပ်များ
---------------------------------------------
1. Principles of Management & Leadership
2. Business Strategic Management
3. Human Resource Management
4. Marketing Management & Strategy စတဲ့ ဘာသာရပ်များအား သင်ယူရပါမည်။

📌 EDBM Class Information 📌
--------------------
👉သင်တန်းစမည့်နေ့ - 10 .August .2023
👉သင်တန်း အချိန် - ညပိုင်း 7:00pm to 9:30pm
👉သင်တန်းကာလ - (2) လ
-----------------------

🔰 မူရင်း သင်တန်းကြေး = 400,000 Ks
🔰 ယခု သင်တန်းကြေး - အခမဲ့
👨‍🎓 Register Fee (မှတ်ပုံတင်ကြေး)အတွက် 20,000 Ks သာ ပေးသွင်းရပါမည်။
📌📌 သင်တန်းပြီးလို့ နိုင်ငံခြား လက်မှတ် ယူလိုသူများ သက်ဆိုင်ရာ (Malaysia) လက်မှတ်အတွက် Exam Fees ထပ်မံပေးသွင်းပြီး ရယူနိုင်ပါသည်။

မှတ်ချက်။
⛔ (သင်တန်းသား 30) ဉီးသာ လက်ခံပေးပါမည်။
⛔ သင်တန်းပြီးဆုံးအောင် တက်နိုင်ရပါမည်။

📌 သင်ကြားမဲ့ ဆရာတွေကတော့ ..
✅ Tr. Myint Zu
🎓Lecturer, M.Com (YUEco), B.Com (YUEco), Dip In Management Accounting (LCCI,UK), Certificate in Teaching Methods & Pedagogy (UNESCO), Certificate in Leadership and Self Understanding (KOMERA), Training of Trainer TOT (YUEco).

✅ Sayar Kaung Myat Zin
🎓 Master of Business Administration - MBA ( Global Management and Leadership)(Switzerland), B.A (Philosophy) (Dagon University), Single Subject Diploma in Business Management and Administration (ICM,UK), Professional Diploma in Human Resources Management (Abe,UK).

✅ Sayar San Win
🎓 B.Sc (Maths), Mini MBA, Diploma in Sales & Marketing ပဲဖြစ်ပါသည်။ သင်ကြားမည့် ဆရာများသည် လက်ရှိ စီးပွားရေး Diploma များ၊ လုပ်ငန်းခွင်များတွင် လက်တွေ့လုပ်ကိုင် သင်ကြားပေးနေသော ဝါရင့်ဆရာများဖြစ်ပါသည်။

⛔️ လူဦးရေ ကန့်သတ်ထား၍ ဦးစွာစာရင်းပေးသွင်းသူများကိုသာ ဦးစားပေးသွားမှာ ဖြစ်ပါတယ်⛔️
စာရင်းပေးသွင်ရန် (m.me/sbsdigitalcampus)

✨ စီးပွားရေးလောကမှာ အမြဲတမ်းဦးဆောင်ချင်တဲ့
စီးပွားရေးလုပ်ငန်းရှင်များအတွက် SBS - Digital Campus✨

==========================
🏢SBS - Digital Campus🏢
တိုက်အမှတ် (၁၇)၊ (၆)လွှာ ၊ (၁၆) ရပ်ကွက်၊ ပါရမီလမ်း၊ ပါရမီစိန်ဂေဟာရှေ့ ၊ လှိုင် မြို့နယ်၊ ရန်ကုန်မြို့။
📱 09963855471, 09250151315 , Viber = 09783015550

Want your university to be the top-listed University in Kamayut?
Click here to claim your Sponsored Listing.

Telephone

Website

Address

No. 60, 4Floor, Hledan Street, Kamayut Township, Yangon
Kamayut
11041

Other Colleges & Universities in Kamayut (show all)
ရန်ကုန်တက္ကသိုလ်သင်္ချာမိသားစု ၂၅ကြိမ်မြောက်သက်ကြီးအာစရိယပူဇော်ပွဲ ရန်ကုန်တက္ကသိုလ်သင်္ချာမိသားစု ၂၅ကြိမ်မြောက်သက်ကြီးအာစရိယပူဇော်ပွဲ
Adipati Road
Kamayut, 11041

အာစရိယပူဇော်ပွဲဖြစ်မြောက်ရေးအတွက် ပူးပေါင်း ဆောင်ရွက်နိုင်ရန်နှင့် သတင်းအချက်အလက်မျှဝေပေးရန်။

ရန်ကုန်တက္ကသိုလ်၊ ရုက္ခဗေဒနှင့်အဏုဇီဝဗေဒဌာန ရန်ကုန်တက္ကသိုလ်၊ ရုက္ခဗေဒနှင့်အဏုဇီဝဗေဒဌာန
Kamayut, 11041

ရန်ကုန်တက္ကသိုလ် ရုက္ခဗေဒဌာန

Dual Link Academy Dual Link Academy
Building No. 17, 6th Floor, (16) Ward, Parami Road
Kamayut, 11051

Dual Link Academy - DLA is meant to progress the excellent education system and make business Leader

Genki 元気 - IT&Japanese School Myanmar Genki 元気 - IT&Japanese School Myanmar
No-96, Insein Road, 5th Floor, Ga Mone Pwint (San Yeik Nyein) Yangon, Myanmar Kamayut, Yangon, Myanmar
Kamayut, 11041

Thai- Myanmar Education Services Thai- Myanmar Education Services
Kantharyar Center Branch No. 11-K, 114, Corner Of Kan Yeik Thar Road &U Aung Myat Road, Mingalartaungnyunt Township, Yangon
Kamayut, 11051

This is an official page of "Thai - Myanmar Education Services " Education News Agency .

Myanmar Industrial Chemistry Students' Association-MICSA Myanmar Industrial Chemistry Students' Association-MICSA
Kamayut

To be a strong, well-communicated and united association of IC students.

NiT University NiT University
No. 17/A, San Yeik Nyein 6 Str
Kamayut, 11041

NiT have regular class for IT training class on ICT by many experience Teachers.

Department of Spanish, YUFL Department of Spanish, YUFL
Yangon University Of Foreign Languages
Kamayut

The department of Spanish was established in October 2017. For the time being, evening classes are o

Master of Development Studies - MDevS Program Master of Development Studies - MDevS Program
Corner Of Pyay Road And Inya Road
Kamayut, -

Myanmar Mercantile Marine College - MMMC Myanmar Mercantile Marine College - MMMC
Bayint Naung Road
Kamayut

IELTS & Business English - 095417781 IELTS & Business English - 095417781
38A, Hledan Insein Road, Hledan
Kamayut

We are NOT just selling services: we are helping our students. 38A, HLedan Insein Road. Across from YKKO. 095417781

Nazareth Education - Study in Korea Nazareth Education - Study in Korea
Moe Sandar Street
Kamayut

Korean Language School - Study in Korea