J Compass Japan Study Abroad Center

We support Myanmar students who aim to study abroad in Japan. Also we provide consulting services, please contact to us freely!

On this page, we share information such as University, Colleges, Japanese language school information.

09/03/2022
Photos from J Compass Japan Study Abroad Center's post 09/03/2022

2022 October Intake Application for Japanese Language School

J Compass မှ 2022ခုနှစ် အောက်တိုဘာလတွင် ဂျပန်နိုင်ငံရှိ Japanese Language school သို့ ကျောင်း၀င်မည့် ကျောင်းသား/သူများရဲ့ ကျောင်းလျှောက်လွှာများကို စတင်လက်ခံဆောင်ရွက်ပေးနေပါပြီ။

မြန်မာနိုင်ငံမှာ တက္ကသိုလ်၀င်တန်းစာမေးပွဲအောင်မြင်ထားသော ကျောင်းသား/သူများနှင့်အထက်၊ဂျပန်စာအရည်အချင်းစစ်စာမေးပွဲ N5 level(Nat-Test,J-Test,Top-J)သို့မဟုတ် နာရီ 150 အထက် ဂျပန်စာလေ့လာပြီးစီးကြောင်း ထောက်ခံစာ(Japanese Learning Certificate)ရှိလျှင် ကျောင်းလျှောက်ထားနိုင်ပါသည်။
2022ခုနှစ် March လတွင် ကျင်းပပြုလုပ်မည့် Top-J(or)J-Test စာမေးပွဲရလဒ်များနှင့်လည်း လျှောက်ထားနိုင်ပါသည်။

ကျောင်းသား/သူ တစ်ဦးချင်းစီတိုင်းရဲ့ ဆန္ဒနှင့်အညီ J Compassနှင့်ချိတ်ဆက်ထားသော ဂျပန်နိုင်ငံရှိ ဂျပန်စာကျောင်းများကို မိတ်ဆက်ပေးပြီး ကျောင်းလျှောက်လွှာတင်သည်မှစ၍ ဂျပန်သို့ သွားသည်အထိ ကူညီဆောင်ရွက်ပေးနေပါသည်။
ဂျပန်စာကျောင်းအသီးသီးရဲ့ ကျောင်းလခနှင့် အဆောင်ခများကတော့ အောက်ပါအတိုင်းဖြစ်ပါသည်။

ကျောင်းလျှောက်ထားရန်ရည်ရွယ်နေသော ကျောင်းသား/သူများအနေနဲ့ အရင်ဆုံး zoomဖြင့်(သို့မဟုတ်)J Compassရုံးသို့လာရောက်ပြီး တစ်ကြိမ်လောက် အသေးစိတ်ဆွေးနွေးတိုင်ပင်ပြီးမှ လျှောက်ထားတာကောင်းပါသည်။လိုအပ်သော စာရွက်စာတမ်းများကို ရှင်းပြပေးမှာဖြစ်သောကြောင့် appointment ကို messenger (သို့မဟုတ်)ဖုန်းဖြင့် ရယူနိုင်ပါသည်။

* မမှန်ကန်သော အချက်အလက်များနှင့် reject ဖြစ်ထားသော ကျောင်းသား/သူများကို လက်ခံဆောင်ရွက်ပေးမှာမဟုတ်ပါ။
အကြောင်းပြချက် တစ်ခုခုကြောင့် reject ဖြစ်ထားသော ကျောင်းသား/သူများကတော့ တိုင်ပင်ဆွေးနွေးနိုင်ပါသည်။

J COMPASS STUDY ABROAD CENTER
Adress:မိုးစန္ဒာလမ်း၊မိုးစန္ဒာကွန်ဒို၊အခန်း(403)၊ကမာရွတ်မြို့နယ်
Phone:09-420154484, 09-261038760
Email: [email protected]

08/03/2022

FREE WEBINAR ~ GUIDE TO LIVING IN JAPAN

မင်္ဂလာပါ Charmya မိတ်ဆွေတို့ရေ…

ဂျပန်နိုင်ငံမှာ အလုပ်လုပ်ကိုင်လိုတဲ့မိတ်ဆွေတို့အနေနဲ့ ဂျပန်နိုင်ငံကိုသွားရောက်ဖို့အတွက် အဆင်သင့် ဖြစ်နေပြီလား ? ဂျပန်ရောက်တာနဲ့ မဖြစ်မနေ ဘာတွေလုပ်ရမယ် ဘာတွေအရေးကြီးတယ် ဆိုတာကို သိထားပြီးပြီလား ?

ဒါဆိုရင်တော့ ဂျပန်နိုင်ငံမှာသွားရောက်အလုပ်လုပ်ကိုင်ချင်သူ၊ ဂျပန်နိုင်ငံကိုရောက်ရှိနေသူ Newcomers များအတွက် အထောက်အကူဖြစ်စေဖို့ ရည်ရွယ်ပြီး Charmya e-Learning မှ စီစဉ်ကျင်းပမယ့် “Guide to Living in Japan” Free Webinar ကို ပါဝင်တက်ရောက်ကြဖို့ ဖိတ်ခေါ်လိုက်ပါတယ်။

Webinar ကို ဂျပန်နိုင်ငံမှာနေထိုင်လျက်ရှိပြီး လုပ်ငန်းခွင်အတွေ့အကြုံများစွာရှိသော Ms. Khin Zay Yar Oo (Global Life Support Department, Japan) မှ ဦးဆောင်ဆွေးနွေးပေးသွားမှာဖြစ်ပါတယ်။

မိတ်ဆွေတို့အနေနဲ့ ဂျပန်နိုင်ငံကိုရောက်တဲ့အခါ ချိတ်ဆက်ဆောင်ရွက်ဖို့လိုအပ်တဲ့ အစိုးရရုံးများနှင့် ပတ်သက်သော လုပ်ထုံးလုပ်နည်းများ၊ အခွန်နှင့်အာမခံစနစ်များ၊ အရေးပေါ်အခြေအနေအမျိုးမျိုးတွင် ဆက်သွယ်ရမည့်အဖွဲ့အစည်းများစတဲ့ မဖြစ်မနေသိရှိထားရမယ့် အကြောင်းအရာတွေအပြင် နေ့စဉ်နေထိုင်မှုဘဝအတွက် တန်ဖိုးရှိတဲ့အချက်အလက်တွေကိုမျှဝေရင်း သိရှိလိုတဲ့ မေးခွန်းများကို ဖြေကြားပေးသွားမှာဖြစ်ပါတယ်။

- Title : Guide to Living in Japan
- Date : 12th March 2022 (Saturday)
- Time : 10:00 am – 12:00 pm
- Platform : Zoom Meeting

စိတ်ပါဝင်စားသူ မည်သူမဆို အောက်ပါ Link တွင် ဝင်‌ရောက်စာရင်းပေးသွင်း၍ အခမဲ့ တက်ရောက်နိုင်ပြီး သိလိုသည်များကို မေးမြန်းဆွေးနွေးနိုင်ပါတယ်။ Webinar အတွက် Zoom Link ကို Email/ SMS မှတဆင့် ပေးပို့သွားမှာဖြစ်ပါတယ်။

စာရင်းပေးသွင်းရန် Link >> https://forms.gle/LCxYDGh5BqYZPHAL8

“Join us to learn more about the things to help your life in Japan to be smooth and trouble-free”

www.charmya.online

07/03/2022

Study in Japan Facebook Live Seminar
For Japanese Language School 2022 October intake

2022 ခုနှစ် အောက်တိုဘာလတွင် ဂျပန်ဘာသာကျောင်းများသို့ ပညာတော်သင်သွားရောက်ရန် ရည်ရွယ်ထားသော ကျောင်းသား/သူများအတွက် 9.3.2022(Wed)1:00 PM တွင် Study in Japan Online Seminar ကို Facebook live ဖြင့် ကျင်းပပြုလုပ်ပေးသွားပါမည်။

ဂျပန်ဘာသာကျောင်းများ သို့ ပညာတော်သင်သွားဖို့ရန်အတွက် လိုအပ်သော စာရွက်စာတမ်းအချက်အလက်များ၊ လုပ်ထုံးလုပ်နည်းများနှင့် ပတ်သက်ပြီး ရှင်းပြပေးသွားမှာဖြစ်သောကြောင့်စိတ်ပါဝင်စားသော ကျောင်းသား/သူများကို ပါဝင်တက်ရောက်စေချင်ပါတယ်။

【နေ့ရက်အချိန်】
မတ်လ ၉ ရက်၊ ဗုဒ္ဓဟူးနေ့၊ 1:00 pm ~ 2:00 pm
@ J Compass page

【အကြောင်းအရာ】
・ ဂျပန်ဘာသာကျောင်းများ ကို ဘယ်လိုရွေးချယ်ရမလဲ?
・ လိုအပ်သောစာရွက်စာတမ်းများ
・ J Compass နှင့် ဆက်စပ်နေသော ဂျပန်ဘာသာကျောင်းများကို မိတ်ဆက်ခြင်း။
・ အောက်တိုဘာလ 2022 အတွက်လျှောက်လွှာအကြောင်း

*ပါဝင်ဆင်နွဲနိုင်မည့်နည်းလမ်း
J Compass ရဲ့ page မှာ Live လွင့်ပေးသွားမည်ဖြစ်ပါသည်။
သိလိုသည့်အချက်များရှိပါက Live လွင့်နေစဉ်အတွင်း comment မှာ မေးမြန်းနိုင်ပါသည်။

留学生の方 04/03/2022

留学生の方 (にほん)で『(しゅうしょく)』、『(べんきょう)』したい(りゅうがくせい)のみなさんを(にゅうがくまえ)からサポートします! (とうきょうかんこうせんもんがっこう)には(まいとし)(おお)くの(りゅうがくせい)の(かた)が(に.....

Photos from J Compass Japan Study Abroad Center's post 28/02/2022

今日の1:00PM~です!
ぜひ、さんかしてくださいね!

https://www.facebook.com/jeducom/posts/4966051513451968

27/02/2022

ဂျပန်ပညာတော်သင်ဆိုင်ရာ ဆွေးနွေးပွဲ

ဂျပန်နိုင်ငံရှိ တက္ကသိုလ်၊ အသက်မွေးဝမ်းကျောင်းဆိုင်ရာကောလိပ်တို့မှာ သွားရောက်ပညာသင်ယူရန် စဉ်းစားနေတဲ့ ကျောင်း‌သားကျောင်းသူများအတွက်ရည်ရွယ်ကာ
J Compass နဲ့အတူ MosarKay Japanese, MAKOTO Japanese Language Academyတို့ပူးပေါင်းကာ ဂျပန်ပညာတော်သင်ဆိုင်ရာ ဆွေးနွေးပွဲကို ကျင်းပသွားမှာဖြစ်ပါတယ်။

ဂျပန်နိုင်ငံရှိ တက္ကသိုလ်နှင့် အသက်မွေးဝမ်းကျောင်းဆိုင်ရာကောလိပ်တို့မှာ ပညာသင်ယူဖို့ စိတ်ဝင်စားသော်လည်း၊ ဘယ်လိုရွေးချယ်ဆုံးဖြတ်ရမလဲ မဝေခွဲနိုင်သေးသူလေးများ
ဂျပန်နိုင်ငံရှိ တက္ကသိုလ်နှင့် အသက်မွေးဝမ်းကျောင်းဆိုင်ရာကောလိပ်တို့မှာ ပညာသင်ယူဖို့ စိတ်ဝင်စားသော်လည်း၊ ဘယ်လိုလျှောက်ထားရင်ရမလဲဆိုတာ မသိရှိသေးသူလေးများ
အစရှိတဲ့ ဒီလိုအခက်ကြုံနေရသူ ကျောင်းသားကျောင်းသူလေးတို့အတွက်
ဂျပန်နိုင်ငံရှိ တက္ကသိုလ်နှင့် အသက်မွေးဝမ်းကျောင်းဆိုင်ရာကောလိပ်တို့မှာ ပညာသင်ယူနိုင်ရန်နည်းလမ်းများအပါအဝင် တက်ရောက်မည့်ကျောင်းကိုရွေးချယ်ပုံ၊ လျှောက်ထားပုံ၊ ပညာတော်သင်ဆုဆိုင်ရာ သိထားသင့်တဲ့အချက်အစရှိတာတွေကို အတွေ့အကြုံရှိ ဂျပန်လူမျိုးဆရာနှင့်အတူ ရှင်းပြကာ ဆွေးနွေးပေးသွားမှာဖြစ်တာကြောင့် ဆက်ဆက်တက်ရောက်ပေးဖို့ တိုက်တွန်းလိုက်ပါတယ်။

အသေးစိတ်မှာ အောက်ပါအတိုင်းဖြစ်ပါတယ်။

●နေ့ရက်၊အချိန်
 မတ်လ ၂ ရက်၊ ၂၀၂၂ ခုနှစ် ဗုဒ္ဓဟူးနေ့
  နေ့လယ် ၁ နာရီမှ ၂ နာရီ

●Facebook live စနစ်ဖြင့် ရှင်းလင်းဆွေးနွေးသွားပါမယ်။

●ဆွေးနွေးပွဲအကြောင်းအရာ
1. တက္ကသိုလ်ပညာတော်သင်နည်းလမ်း
2. အသက်မွေးဝမ်းကျောင်းဆိုင်ရာကောလိပ် ပညာတော်သင်နည်းလမ်း
3. ပညာတော်သင်ရန် ကျောင်းရှာဖွေရွေးချယ်နည်းလမ်း
4. လျှောက်ထားပုံနည်းလမ်း
5. ပညာတော်သင်ဆုဆိုင်ရာ သိသင့်တဲ့အချက်များ

J COMPASS STUDY ABROAD CENTER
Adress:မိုးစန္ဒာလမ်း၊မိုးစန္ဒာကွန်ဒို၊အခန်း(403)၊ကမာရွတ်မြို့နယ်
Phone:09-420154484, 09-261038760
Email: [email protected]

26/02/2022

J Compass မှ OISCA High School တွင် စာရင်းသွင်းထားသော ကျောင်းသား ၃ ဦး 100% COE အောင်မြင်ပါတယ် 👏🎊
အားလုံးပဲ ဂုဏ်ယူပါတယ် 🎉🎉
皆さん、おめでとうございます!

26/02/2022

J Compass မှ Okayama Institute of Languages တွင် စာရင်းသွင်းထားသော ကျောင်းသား ၄ ဦး 100% COE အောင်မြင်ပါတယ် 👏🎊
အားလုံးပဲ ဂုဏ်ယူပါတယ် 🎉🎉
皆さん、おめでとうございます!

Photos from Okayama University Japan Educational Information Center, Myanmar OJEIC's post 26/02/2022
21/02/2022

J Compass မှ Hamamatsu/ Numazu Japan Language College တွင် စာရင်းသွင်းထားသော ကျောင်းသား ၁၅ ဦး COE အောင်မြင်ပါတယ် 👏🎊
အားလုံးပဲ ဂုဏ်ယူပါတယ် 🎉🎉
皆さん、おめでとうございます!

Photos from J Compass Japan Study Abroad Center's post 19/02/2022

Adachi Education Group Online Seminar

J Compass နှင့် ချိတ်ဆက်ထားသည့် Adachi Education Group ၏ Online Seminar ကို ဖေဖော်ဝါရီ ၂၈ ရက် (တနင်္လာနေ့) နေ့လယ် ၁း၀၀ နာရီတွင် Facebook Live တွင် ကျင်းပမည်ဖြစ်ပါသည်။

Adachi Education Group သည် ဂျပန်တစ်နိုင်ငံလုံးတွင် နည်းပညာအသက်မွေးဝမ်းကျောင်း (Senmon Gakko) (17 ကျောင်း)နှင့် ဂျပန်စာကျောင်း(Language School)(1ကျောင်း) တို့ကို ဖွင့်လှစ်ထားသော နာမည်ကြီး Education Group ဖြစ်ပါသည်။

Adachi Education Group ရဲ့ ကောလိပ်ကျောင်းတွေမှာ Business, IT, Tourism, Design, Fashion, Animation, Entertainment စသည့် အမျိုးမျိုးသော အထူးပြုဘာသာရပ်တွေရှိပါသည်။

ဒီတစ်ခေါက်ရဲ့ Seminar မှာတော့ Adachi Education Group ရဲ့ နည်းပညာအသက်မွေးဝမ်းကျောင်း မိတ်ဆက်ခြင်းနှင့် Adachi Education Group မှ အသစ်စတင်ခဲ့သော "2.5 years course" ကို မိတ်ဆက်ပေးခြင်းတို့ကို ပြုလုပ်ပေးသွားမှာ ဖြစ်ပါတယ်။

ကျောင်းလခတို့ လျှောက်လွှာတင်ခြင်းတို့တွင် လိုအပ်သောအကြောင်းအရာ ကိစ္စများနှင့်ပတ်သက်ပြီး Seminar တွင် အသေးစိတ်ရှင်းပြပေးသွားမှာဖြစ်ပါတယ်။

နည်းပညာအသက်မွေးဝမ်းကျောင်းသို့ ပညာတော်သင်သွားရန် စဉ်းစားနေသော ကျောင်းသား/သူများ ဆက်ဆက် ပါဝင်တက်ရောက်ဖို့ ဖိတ်ခေါ်အပ်ပါသည်။

【နေ့ရက်၊အချိန်】
●28.2.2022 (Monday)
●1:00 pm to 2:30 pm
●Facebook live

【အချက်အလက်】
1. Adachi Education Group ရဲ့ နည်းပညာအသက်မွေးဝမ်းကျောင်း (Senmon Gakko) ရဲ့ မိတ်ဆက်ခြင်း
2. Adachi Education Group ရဲ့ "2.5 years course" ကို မိတ်ဆက်ပေးခြင်း
3. Q&A

【စာရင်းပေးရမည့်ပုံစံ】
ပွဲနေ့တွင် Facebook Live ကို J Compass ၏ page တွင် ကျင်းပမည်ဖြစ်သဖြင့် မည်သူမဆို လွတ်လပ်စွာ ကြည့်ရှုနိုင်ပါသည်။
စိတ်ဝင်စားသောအရာတို့ကို လိုက်၍ ရှင်းပြပေးမည်ဖြစ်သောကြောင့် ဤမေးခွန်းလွှာကို ကြိုတင်ဖြည့်စွက်ပါ။
https://forms.gle/HV5BHTvR8D863rAB9

※အကယ်၍ E-mail address ကို ဖြည့်သွင်းပါက Reminder mail တစ်စောင် ပေးပို့မည်ဖြစ်ပြီး ဆွေးနွေးပွဲအပြီးတွင် Adachi Education Group Pamphlet ပေးပို့မည်ဖြစ်ပါသည်။

J COMPASS STUDY ABROAD CENTER
Adress:မိုးစန္ဒာလမ်း၊မိုးစန္ဒာကွန်ဒို၊အခန်း(403)၊ကမာရွတ်မြို့နယ်
Phone:09-420154484, 09-261038760
Email: [email protected]

Photos from Myanmar Association of Japan Alumni (MAJA)'s post 15/02/2022
14/02/2022

✨ဒီနေ့ရဲ့ Zoom Consultation အချိန်စာရင်း✨Feb 14
🏫Online Study in Japan Fair2022📚
👉🏻Homepage: https://studyinjapan-asean.com
👉🏻Register now: https://schoolynk-event.com/events/41a1a44f-ece4-46ec-bc51-1862b8c83e72/registration/profile

✨“Study in Japan”နဲ့ပတ်သက်တဲ့အကြောင်းတွေကို Telegramမှာလည်း ဖတ်နိုင်ပါပြီ။
🔹https://t.me/ojeicmyanmar🔹

Mobile uploads 09/02/2022
Photos from J.Test -Yangon, Myanmar's post 02/02/2022
30/01/2022

✅Study Abroad Centerထပ်တိုးဖွင့်လှစ်ခြင်း

✨ဂျပန်နိုင်ငံသို့ ပညာတော်သင် သွားရောက်လိုသူများအတွက် MAKOTO Japanese Language Academy နှင့်J Compass Japan Study Abroad Center တို့ပူးပေါင်းပြီး မန္တလေးမြို့တွင် Study Abroad Centerကို ဖွင့်လှစ်ပေးသွားမည် ဖြစ်ပါသည်။

✨Tokyo, Shizuoka, Okayamaအစရှိသည့် မြို့ကြီးများရှိ Japanese Language School, College, University များနှင့်ချိတ်ဆက်ထားပြီး ကျောင်းသားတစ်ဦးချင်းအလိုက် ကိုက်ညီမည့်ကျောင်းများ ရွေးချယ်နိုင်အောင်လည်း စီစဉ်ပေးထာပါသည်။

⭕️အသေးစိတ်ဝန်ဆောင်မှုများ

👉ဂျပန်နိုင်ငံသို့ သွားရောက်ကျောင်းတက်လိုသူများအတွက် အသေးစိတ် Education Planများ ဆွေးနွေးအကြံပေးခြင်း

👉တစ်ဦးချင်းသီးသန့် အခမဲ့ဆွေးနွေးနိုင်ခြင်း

(ဂျပန်လူမျိုးဆရာနှင့်လည်း အသေးစိတ်သိရှိလိုသည်များကိုလည်း ဆွေးနွေးမေးမြန်းနိုင်ပါသည်။)

⭕️ပြင်ဆင်မှုအပိုင်း

👉ကျောင်းလျှောက်ထားချိန်တွင် လိုအပ်သည့်စာရွက်စာတမ်းများ

👉ဂျပန်စာ သင်ယူမှုအပိုင်းနှင့် အခြားလိုအပ်သည့်စာမေးပွဲများအတွက် အသေးစိတ်ပြင်ဆင်မှုများဆွေးနွေးပံ့ပိုးပေးခြင်း

စသည့်ဝန်ဆောင်မှုများဖြင့် ဂျပန်နိုင်ငံသို့ ရောက်ရှိသည်အထိ ပံ့ပိုးဆောင်ရွက်ပေးသွားပါမည်။

✨သင့်ရဲ့ အနာဂတ်အိမ်မက်များ အကောင်အထည် ဖော်ဖို့ MAKOTO Study Abroad Centerနှင့် စတင်လိုက်ပါ။

⭕️အသေးစိတ်ဆက်သွယ်စုံစမ်းရန်

☎️09-401553346, 09-954015533
Page messenger တွင်လည်းစုံစမ်းမေးမြန်းနိုင်ပါတယ်။

🏠တည်နေရာ
လမ်း၄၀, ၇၁-၇၂ကြား၊ ကျော်သာတိုက်ခန်း၊ မဟာအောင်မြေမြို့နယ်။ မန္တလေးမြို့

21/01/2022
Awards | グローバルディスカバリープログラム 12/01/2022

Awards | グローバルディスカバリープログラム 1. Kokusho Awards Given to top students in recognition of their outstanding academic and personal achievements. One GDP student is selected from each graduating class in March and September. This award is presented at the graduation ceremony.

Photos from J Compass Japan Study Abroad Center's post 05/01/2022

🎉EJU Preparation Course for 2022 June🎉

19.6.2022 ရဲ့ EJU စာမေးပွဲကို ဖြေဆိုရန်ရည်ရွယ်ထားသော ကျောင်းသား/သူများအတွက် EJU Preparation Course ရဲ့ EJU Japanese Subject နှင့် EJU Japan and the World Subject တို့ကို 22.1.2022(Sat)တွင် စတင်ဖွင့်လှစ်ပေးသွားပါမည်။

2022 ခုနှစ်မှာ တက္ကသိုလ်၊နည်းပညာကောလိပ်ကျောင်းများသို့ ကျောင်းလျှောက်လွှာတင်မည့် ကျောင်းသား/သူများနှင့် 2023 ခုနှစ်တွင် ဂျပန်နိုင်ငံသို့ ပညာတော်သင် သွားရောက်ရန် စဉ်းစားနေသော ကျောင်းသား/သူများအနေနှင့် 2022 ဇွန်လ နှင့် နိုဝင်ဘာလ မှာ ကျင်းပပြုလုပ်မည့် EJU စာမေးပွဲကို ဆက်ဆက်ဖြေဆိုကြပါစို့နော်!

【2023 ခုနှစ် ဂျပန်နိုင်ငံတက္ကသိုလ်သို့ ပညာတော်သင် သွားရောက်ရန်စဉ်းစားနေသော ကျောင်းသား/သူများအတွက်】
2023 ခုနှစ် ဧပြီလတွင် ဂျပန်နိုင်ငံတက္ကသိုလ်သို့ ကျောင်းဝင်ရန်စဉ်းစားနေသော ကျောင်းသား/သူများကတော့ 2022ခုနှစ် ဇွန်လနှင့် 2022ခုနှစ် နိုဝင်ဘာလတို့တွင် ကျင်းပပြုလုပ်မည့် EJU စာမေးပွဲကို ဖြေဆိုထားတာကောင်းပါတယ်။
အထူးသဖြင့် ဇွန်လတွင် ဖြေဆိုမည့်စာမေးပွဲက ပို၍အရေးပါပါသည်။
Private University အများစုရဲ့ ကျောင်းလျှောက်လွှာ ခေါ်ယူခြင်းဟာဆိုရင် စက်တင်ဘာလမှစပြီး လျှောက်လွှာတင်ရတာဖြစ်တာကြောင့် နိုဝင်ဘာလရဲ့ စာမေးပွဲဖြေဆိုပြီး လျှောက်ထားဖို့ဆိုရင် အချိန်မမှီနိုင်တဲ့ တက္ကသိုလ်အများစုလည်းရှိတာကြောင့် သတိထားရန်လိုအပ်ပါသည်။
တက္ကသိုလ်တစ်ခုတည်း မရွေးချယ်ပဲ တစ်ချိန်တည်းမှာ တစ်ခြားတက္ကသိုလ်ကျောင်းများကိုလည်း လျှောက်ထားနိုင်တာကြောင့် တက်ရောက်ချင်သော တက္ကသိုလ်ကျောင်းများထဲမှ အနည်းဆုံး ၃ခု အများဆုံး ၅ခုလောက်ကို ရည်ရွယ်ထားပြီး ဇွန်လရဲ့ EJU စာမေးပွဲအမှတ်ဖြင့် လျှောက်ထားနိုင်မည့် တက္ကသိုလ်၊ နိုဝင်ဘာလရဲ့ EJU စာမေးပွဲအမှတ်ဖြင့် လျှောက်ထားနိုင်မည့် တက္ကသိုလ်တို့ကို စဉ်းစားဆုံးဖြတ်ထားကြပါစို့!
ထို့အပြင် တက္ကသိုလ် အသီးသီးရဲ့ ဘာသာရပ်ဌာနပေါ်လိုက်ပြီး EJU စာမေးပွဲရမှတ်ဖြင့် ဖြေဆိုရန် သတ်မှတ်ထားသောကြောင့် ကြိုတင်၍ မိမိရည်မှန်းထားသော တက္ကသိုလ်ရဲ့ website ကို လေ့လာထားပြီး EJU စာမေးပွဲ ရမှတ်ဖြင့် ဘယ်လိုဘာသာရပ်ကို ဖြေဆိုရမည်ဆိုတာကို သေချာလေ့လာစစ်ဆေးထားဖို့လိုအပ်ပါတယ်။

【2023ခုနှစ် နည်းပညာကောလိပ်ကျောင်းများသို့ ပညာတော်သင်သွားရောက်ရန် စဉ်းစားနေသော ကျောင်းသား/သူများအတွက်】
2023ခုနှစ် ဧပြီလတွင် နည်းပညာကောလိပ်ကျောင်းများသို့ ကျောင်းဝင်ရန်စဉ်းစားထားသော ကျောင်းသား/သူများအနေနှင့် JLPT N2 level အောင်မြင်ထားမယ်ဆိုရင် EJU စာမေးပွဲ မဖြေဆိုထားလည်းပဲ ကျောင်းလျှောက်ထားနိုင်ပါသည်။
N2 လေ့လာနေဆဲ (N2 မဖြေဆိုရသေးသော)ကျောင်းသား/သူများကတော့ EJU Japanese Subject အမှတ်200 အထက်ရရှိထားမည်ဆိုပါက လျှောက်ထားနိုင်ပါတယ်။
နည်းပညာကောလိပ်ကျောင်းများကတော့ ဇွန်လတွင် ဖြေဆိုသော EJU စာမေးပွဲ၊ နိုင်ဝင်ဘာလတွင် ဖြေဆိုသော EJU စာမေးပွဲများမှ ဘယ်ဟာမဆို လျှောက်လွှာအချိန်မှီပါသည်။
ထပ်မံပြီး EJU စာမေးပွဲဖြေဆိုရခြင်း၏အကျိုးအမြတ်ကတော့ EJU စာမေးပွဲရဲ့ ရမှတ်ကို အသုံးပြုပြီး JASSO Scholarship ကြိုတင်လျှောက်ထားနိုင်တဲ့ အားသာချက်လည်းရှိပါတယ်။ဒါကြောင့် N2 level မအောင်မြင်သေးသော ကျောင်းသား/သူများလည်း EJU စာမေးပွဲကို ဖြေဆိုပြီး JASSO Scholarship ရဲ့ ကြိုတင်လျှောက်ထားနိုင်မှုကို မျော်မှန်းကြရအောင်။

သင်ကြားပို့ချပေးမည့် Course များရဲ့ အသေးစိတ်ကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်။

【EJU Japanese Course (Reading & Listening)】
•သင်တန်းစမည့် နေ့ရက် အချိန် : အပတ်စဉ်စနေနေ့တိုင်း
10:30am~12:00pm
•သင်တန်းစမည့်ရက် : 22.1.2022 (Sat)
•သင်တန်းပြီးဆုံးမည့်ရက် : 18.6.2022 (Sat)
•သင်ရိုးညွှန်းတန်း : EJU Reading, Listening Textbook + Original Power Point
•သင်တန်းကြေး : 130,000 kyat
•သင်ကြားပေးမည့်ဆရာ : Teacher Gunji

【EJU Japanese Course (Writing)】
•သင်တန်းစမည့် နေ့ရက် အချိန် : အပတ်စဉ်စနေနေ့တိုင်း
              1:00pm~2:30pm
•သင်တန်းစမည့်ရက်   : 22.1.2022 (Sat)
•သင်တန်းပြီးဆုံးမည့်ရက် : 18.6.2022 (Sat)
•သင်ရိုးညွှန်းတန်း : EJU Writing Textbook + Original Power Point
•သင်တန်းကြေး : 130,000 kyat
•သင်ကြားပေးမည့်ဆရာ : Teacher Gunji

[EJU Japan and the World]
•သင်တန်းစမည့် နေ့ရက် အချိန် : အပတ်စဉ်စနေနေ့တိုင်း
              3:00pm~5:00pm
•သင်တန်းစမည့်ရက် : 22.1.2022 (Sat)
•သင်တန်းပြီးဆုံးမည့်ရက် : 18.6.2022 (Sat)
•သင်ရိုးညွှန်းတန်း : EJU Japan and the World Textbook + Original Power Point
•သင်တန်းကြေး : 150,000 kyat
•သင်ကြားပေးမည့်ဆရာ : Teacher Gunji

June မှာပြုလုပ်ကျင်းပမည့် EJU စာမေးပွဲကိုဝင်ရောက်ဖြေဆိုဖို့ရန်အတွက် အတူတူကြိုးစားကြပါစို့!

※သင်္ချာနှင့်သိပ္ပံဘာသာရပ်များကို ဖြေဆိုမည့် ကျောင်းသား/သူများကို အကြံပေးချင်တာကတော့
J Compass မှာဆိုရင် လက်ရှိမှာ သင်္ချာနှင့်သိပ္ပံဘာသာရပ်များရဲ့ အတန်းမဖွင့်သေးပေမယ့် အောက်ပါ website မှ မေးခွန်းဟောင်းများကို လွတ်လပ်စွာ download လုပ်ယူနိုင်တာဖြစ်တာကြောင့် မေးခွန်းဟောင်းများမှတစ်ဆင့် လေ့လာသင်ယူနိုင်မှာဖြစ်ပါတယ်။
https://www.jasso.go.jp/en/ryugaku/eju/examinee/pastpaper_sample/index.html

※EJU စာမေးပွဲနှင့်ပတ်သက်သာတို့ EJU စာမေးပွဲအမှတ်ကို အသုံးပြုပြီး Scholarship ကြိုတင်လျှောက်ထားနိုင်တဲ့ စနစ်နှင့် ပတ်သက်တာတို့ကို အသေးစိတ်သိရှိချင်ကြသော ကျောင်းသား/သူများကတော့ အောက်ပါ website မှာ ဝင်ရောက်ကြည့်နိုင်ပါသည်။    https://www.jasso.go.jp/en/ryugaku/scholarship_j/shoreihi/yoyaku_eju/index.html
http://jeducom.com/myanmar/scholarship-reservation-program/

J COMPASS STUDY ABROAD CENTER
Adress:မိုးစန္ဒာလမ်း၊မိုးစန္ဒာကွန်ဒို၊အခန်း(403)၊ကမာရွတ်မြို့နယ်
Phone:09-420154484, 09-261038760
Email: [email protected]

01/01/2022

新年明けまして、おめでとうございます!🎍🎊
今年もよろしくお願いいたします!😊🙏

30/12/2021

🍁နှစ်သစ်ကူး ရုံးပိတ်ရက်ကြေငြာခြင်း🍁

31.12.2021မှ 2.1.2022ထိ J Compass Office ၏ရုံးပိတ်ရက်ဖြစ်ပါကြောင်း အသိပေးအကြောင်းကြားအပ်ပါသည်။ကျောင်းကိစ္စနှင့်ပတ်သက်ပြီး ရုံးသို့လာရောက်စုံစမ်းခြင်းများနှင့် ဖုန်းဖြင့်ဆက်သွယ်မေးမြန်းဖြေကြားခြင်းများကို 3.1.2022မှ စတင်၍ ပုံမှန်လုပ်ဆောင်ပေးသွားမည် ဖြစ်ပါသည်။

✨အားလုံးပဲ ပျော်ရွှင်စရာ နှစ်သစ်ဖြစ်ပါစေကြောင်း J Compassမှ ဆုမွန်ကောင်းတောင်းလိုက်ပါသည်။✨

29/12/2021

Online Seminar for EJU
ဂျပန်တက္ကသိုလ် ဝင်ခွင့်စာမေးပွဲ (Examination for Japanese University Entrance) EJU၊ EJU စာမေးပွဲမှ ရရှိနိုင်သော အခွင့်အလမ်းများ၊ စာပမးပွဲအတွက် ပြင်ဆင်သည့်သင်တန်းနှင့် ပတ်သက်သော ဆွေးနွေးပွဲကို အောက်ပါအတိုင်း ကျင်းပပြုလုပ်သွားမည် ဖြစ်ပါသည်။
ဂျပန်နိုင်ငံသို့ ပညာတော်သင်သွားရောက်ရန် ရည်ရွယ်ထားသည့် စိတ်ပါဝင်စားသူများ၊ မည်သူမဆိုစာရင်းပေးသွင်း တက်ရောက်နိုင်ပါသည်။ လူဦးရေ သတ်မှတ်ထားပါ၍ အမှန်တကယ် တက်ရောက်နိုင်သူများသာ အောက်ပါ Google Form ကိုဖြည့်သွင်းပြီး၊ စာရင်း ပေးသွင်းပါရန် မေတ္တာရပ်ခံအပ်ပါသည်။

Google form Link >>>
https://docs.google.com/forms/d/e/1FAIpQLSeZ67ge-AbCDMFJqDTEOix0Ccc7JMGMtvVnFtlYaeTbYLUCsg/viewform?usp=sf_link

ကျင်းပမည့်နေ့ - ဒီဇင်ဘာလ (၃၀)ရက်၊၂၀၂၁ ခုနှစ်
ကျင်းပမည့်အချိန် - နံနက်(၁၀:၀၀) နာရီမှ (၁၁း၃၀) အထိ
ကျင်းပမည့်ပုံစံ - Online ( Zoom Application )

ဟောပြောမည့် အကြောင်းအရာ
(၁) ဂျပန်တက္ကသိုလ် ဝင်ခွင့်စာမေးပွဲ (EJU)အကြောင်း
(၂) EJU ဖြင့် ဝင်နိုင်သော တက္ကသိုလ်များ
(၃) EJU နှင့် Scholarship

ဆွေးနွေးပွဲတွင်တက်ရောက်လိုသူများသည် Zoom Application ကို Download ပြုလုပ်ထားရန်လိုအပ်ပါသည်။ Seminar အတွက် Zoom Link ကို စာရင်းပေးသွင်းသူများအား သီးသန့်အကြောင်းကြား ပေးသွားမည် ဖြစ်ပါသည်။

Myanmar Association of Japan Alumni (MAJA)

「生活者としての外国人」のための日本語学習サイト つながるひろがるにほんごでのくらし 25/12/2021

このウェブサイトでは、日本での生活(せいかつ)でよく使う表現(ひょうげん)をどんどん学ぶことができます。
ミャンマー語の字幕(じまく)もありますので、ぜひ見てみてくださいね。

On this website, you can learn more and more expressions that are often used in life in Japan.
There is also a Burmese subtitle, so please take a look!

https://tsunagarujp.bunka.go.jp/

「生活者としての外国人」のための日本語学習サイト つながるひろがるにほんごでのくらし

Photos from MOSAR Kay Japanese Language's post 13/12/2021
13/12/2021

【エントリー締め切りまであと2日です】

奨学金プログラムのエントリー締め切りは12/15(ミャンマー時間)です!
ပညာသင်ဆုအစီအစဉ်အတွက် entryနောက်ဆုံးရက်မှာ 12/15 (မြန်မာစံတော်ချိန်) ဖြစ်ပါတယ်။

12/16になったらフォームに入力ができなくなってしまうので気をつけてください。
12/16 တွင် ဖောင်ဖြည့်၍မရကြောင်း သတိပြုပါ။

最後まであきらめず頑張ってください!
ကျေးဇူးပြု၍ အဆုံးအထိ လက်မလျှော့ဘဲ အကောင်းဆုံးကြိုးစားပါ။

たくさんのエントリーお待ちしています。
ကျနော်တို့ entryများစွာကို စောင့်မျှော်နေပါတယ်။

https://myandemy.com/03/12/2021/entry/

11/12/2021

【Myanmar-Aso Scholarship Program】Zoom Q&A Time

聞きたいことがあったら、参加してくださいね😉
မေးစရာရှိရင် ပါဝင်ပါ။

■နေ့ရက် ဒီဇင်ဘာလ ၁၂ ရက်( တနင်္ဂနွေ )
■အချိန်  ညနေ ၇း၃၀ ~ ၈း၃၀ MMT
■အောက်ပါ Zoom URL မှဝင်ရောက်ပါ။

-----------------------------------
https://zoom.us/j/94396344245?pwd=cUJJTmxlLy93cG1yTE5rOVVFTkc4Zz09
Meeting ID: 943 9634 4245
Pass Code: 221186
-----------------------------------

Photos from J Compass Japan Study Abroad Center's post 10/12/2021

Hello!
J Compassမှာ အတန်း အပ်ထားသောကျောင်းသားများအတွက် ဖတ်စာအုပ်များကို မနက်ဖြန်မှာ စတင်ပို့ပေးပါ့မယ်☺️🙏

Want your school to be the top-listed School/college in Kamayut?
Click here to claim your Sponsored Listing.

Videos (show all)

サンプル動画

Category

Telephone

Address


Moe Sandar Street, Moe Sandar Condo, Room(403)
Kamayut

Opening Hours

Monday 09:30 - 17:00
Tuesday 09:30 - 17:00
Wednesday 09:30 - 17:00
Thursday 09:30 - 17:00
Friday 09:30 - 17:00
Saturday 09:30 - 17:00
Sunday 09:30 - 17:00

Other Education in Kamayut (show all)
Teacher Thi Da Teacher Thi Da
Yuzana Garden City
Kamayut

IGCSE Math ( Edexcel& C.I. E) Grade 11 & Grade 12 ( Math)

Intelligent Chinese Language Academy - IPLA Intelligent Chinese Language Academy - IPLA
လှည်းတန်း (၆) လမ်း , တိုက်နံပါတ် (၆) , ပထမထပ်
Kamayut

တရုတ်ဘာသာစကားကို နိုင်ငံတကာအဆင့်မီ

Tr May's Classroom Tr May's Classroom
Kamayut

To provide the students as a online learning platform for changing new curriculum especially Mathema

Bright Future Engineering Training Centre Bright Future Engineering Training Centre
Bld-24, Rm-A3, 2nd Floor, Sanyeiknyein 3rd Street
Kamayut, 11041

Engineering Software တွေကို အချိန်မြန်မြန်နဲ့ အလ?

TPACK Concept TPACK Concept
Kamayut, 11051

Knowledge sharing for parents who can help their young children develop healthy social skills.

Better Education II Better Education II
No (43) ၊ လေးလွှာ၊လှည်းတန်းလူကူးကုန်းကျော်တံတားအနီး၊အင်းစိန်လမ်းမကြီး၊ကမာရွတ်မြို့နယ်
Kamayut, 11041

သင်ခန်းစာတိုင်း အကုန်ရအောင် သင်ပေးမယ့် Better Education ဂျပန်စာသင်တန်းကျောင်း

Feel Like Korean Language Centre Feel Like Korean Language Centre
Kamayut

Learn, Talk & Success

Motion Pictures Institute - MPI Motion Pictures Institute - MPI
Room. 07, 2nd Floor, Hledan Centre, Kamaryut Township, Yangon
Kamayut, 11041

Motion Pictures Institute, MPI, Red Radiance, Diploma in Media and Visual Effects, Certificate in Color Grading, Certificate in Visual Effects, Certificate in Digital Video Editing...

Starlet GED Education Centre Starlet GED Education Centre
Hledan Street, No. 85, 2 Nd Floor, Near Kyaung Shae Bus Stop
Kamayut, NO.85

𝗔𝗞𝗜𝗦𝗛𝗜 𝗔𝗞𝗜𝗦𝗛𝗜
Kamayut

Najimi is founded to guide improving your language skills.