Royal Rose - Magway Online Store
ကျန်းမာရေး - အလှအပရေးရာ - အိမ်ရှင်မသုံးပစ္စည်း - စိုက်ပျိုးရေးတောင်သူသုံးပစ္စည်း များ
** Ooredoo ရဲ့ မဖြစ်မနေသိထားသင့်တဲ့
USSD ကုဒ်များ **
ဖုန်းဘေလ်ကုန်နေပြီလား? 🤔
ပက်ကေ့ချ် တွေဝယ်ချင်တာလား? 🤔
အူရီဒူးရဲ့ USSD ကုဒ်လေးတွေကို ပြောပြပေးထားလို့ အရေးကြုံရင်သုံးဖို့ save လုပ်ထားအုန်းနော်။ 😉
- ချွင်ချွင်ချွင် အစီအစဉ် စာရင်းသွင်းရန် *555 #
- အင်တာနက်အစီအစဥ် ၀ယ်ယူရန် *140 #
- ဖုန်းခေါ်ဆိုမှုအစီအစဥ် ၀ယ်ယူရန် *150 #
- Ooredoo SuperApp ကို ဒေါင်းလုတ်ပြုလုပ်ရန် *565 #
- ဆင်းကတ် မှတ်ပုံတင် အချက်အလက်အား စစ်ဆေးရန် *666 #
- လက်ကျန်ငွေစစ်ဆေးရန် *124 #
- မိမိနံပါတ်အားစစ်ဆေးရန် *133*6*2 #
- အခြားနံပါတ်ကို ဖုန်းပြန်ခေါ်ဖို့ တောင်းဆိုရန် *122*PhNo #
- ကြိုသုံးငွေ ရယူရန် *125 #
- ကြိုသုံးဒေတာ ရယူရန် *130 #
USSD ကုဒ်တွေအကုန်လုံးကို သိရှိချင်တယ်ဆိုရင် ဒီလင့်ခ် https://ooredoo.com.mm/portal/mm/usefulcodes ကနေ အချိန်မရွေး၀င်ရောက်ကြည့်ရှုနိုင်ပါတယ်။
အဖြေမှန် မရဘူးမလား 🤪🤪🤪
အဖြေမှန်ရရင်
ကွန်မန့်မှာ ရေးသွားပေး 🥰🥰🥰
#အပင် #မှိုရောဂါ #မှိုသတ်ဆေးဖြန်းနည်း
🔴 ပေါင်းသတ်ဆေး/မှိုသတ်ဆေး ဖျန်းပြီးရင် မိုးလွတ်ရမယ့်ကာလနဲ့ပက်သက်ပြီး တောင်သူတွေမှာ သတိရှိကြတယ်။
အခုရက်လို ရွာချင်သလိုရွာနေတဲ့မိုးရယ် ပုံမှန်မဟုတ်တဲ့ ရာသီဥတု (မိုး) အခြေအနေရယ်မှာ စိုက်ပျိုးထားတဲ့သူတွေစိုးရိမ်တာက အပင်ရောဂါကို ကြိုတင်ကာကွယ်ဖို့လိုမလားဆိုတဲ့မေးခွန်းတွေပါပဲ။
🔴 ဒါဆိုရင် မှိုသတ်ဆေးအသုံးပြုပြီးရင်ရော မိုးလွတ်ဖို့လိုတဲ့ကာလ ဘယ်လောက်လိုမလဲ။ အရွက်စွတ်စိုချိန်ကာလနဲ့ မှိုသတ်ဆေးထိရောက်မှုကရော ဆက်စပ်မှုဘယ်လောက်အထိရှိမလဲဆိုတဲ့အချက်ကိုလည်း နားလည်သဘောပေါက်ထားဖို့လိုပါတယ်။
🔴 အပင်ရောဂါကာကွယ်ဖို့ ကြိုတင်ပြီး ဆေးဖျန်းတာမှာ Timing လို့ခေါ်တဲ့ အချိန်ကိုက်ခြင်းဆိုတာ အလွန်အရေးပါပါတယ်။ မှိုရောဂါအများစုရဲ့ စတင်ကူးစက်မှုနဲ့ ပွါးများနိုင်စွမ်းသည် အစိုဓာတ်ရရှိမှုအပေါ်မှာ မူတည်ပါတယ်။ စွတ်စိုမှုမရှိပဲ ခြောက်သွေ့နေတဲ့အခြေအနေမှာ အပင်ရောဂါမှမဟုတ်ပဲ အခြားမှိုပွါးများမှုတွေကိုပါ တွေ့ရှိရမှုနည်းပါတယ်။
🔴မှိုသတ်ဆေးတွေရဲ့ အပင်တစ်ရှုးထဲကို စိမ့်ဝင်နိုင်စွမ်းအတွက် မျက်နှာပြင်အစိုဓာတ် အနည်းငယ်လိုပါတယ်။ မျက်နှာပြင်ခြောက်သွေ့လွန်းရင်လည်း ဆေးစိမ့်ဝင်မှု၊ ကပ်တွယ်မှု (ထိသေ) နှေးနိုင်သလို အရွက်ဆေးလောင်မှု (ဉပမာ- ကော့ပါးဆေး) ဖြစ်နိုင်ပါတယ်။
🔴 ဒါကြောင့် မှိုသတ်ဆေးကို အရွက်မျက်နှာပြင် အရမ်းမခြောက်သွေ့နေတဲ့ အပူချိန်မမြင့်တဲ့ မိုးမရွာခင်ပက်ဖျန်းခြင်းက သင့်လျော်ပါတယ်။
🔴 ပက်ဖျန်းပြီးရင် ဘယ်လောက်အကြာမှ မိုးရွာရင် ဆေးထိရောက်မှုစိတ်ချရမလဲ။
➡️ ယေဘုယျအားဖြင့် ပက်ဖျန်းပြီး တစ်နာရီအတွင်း ၁ လက်မ မိုးရေချိန် (၂.၅ စင်တီမီတာမိုးရေချိန်) ရွာသွန်းခဲ့မယ်ဆိုရင် ဆေး ၅၀% အထိ မိုးရေနဲ့အတူ မျောပါဆုံးရှုံးနိုင်ပါတယ်။
➡️ ၂ လက်မ မိုးရေချိန် (၅ စင်တီမီတာမိုးရေချိန်) ရွာခဲ့ရင်တော့ ဆေးရဲ့ ၉၇-၁၀၀% မိုးရေနဲ့ မျောပါဆုံးရှုံးနိုင်ပါတယ် (Wilcox D and Manktelow D, 2014)
➡️ မိုးရေချိန် ၁ လက်မနဲ့အထက် ရွာသွန်းမှု ၁၂ နာရီဆက်တိုက်ရှိခဲ့ပါက မိုးတိတ်ပြီး ၈ နာရီအတွင်း မှိုသတ်ဆေးမဖျန်းသင့်ဘူးလို့ သတ်မှတ်ပါတယ်။ အရွက်တစ်ရှူးတွေရဲ့ ဆေးကိုစုပ်ယူနိုင်စွမ်း သေချာမှုမရှိလို့ပါ။
🔴ဒီအခြေအနေဟာ ဆေးဖော်စပ်ထုတ်လုပ်မှုပုံစံအားလုံးအတွက် သတ်မှတ်ချက်ပါ။ အဆီပုံစံဆေး (EC, OD) မို့လို့ စိတ်ချရတယ်လို့ ထင်မြင်ယူဆလို့မရပါဘူး။
🔴 ထိသေဖြစ်ဖြစ်၊ ပင်လုံးပြန့်ဖြစ်ဖြစ် မှိုသတ်ဆေးဖျန်းပြီး ၂ နာရီအတွင်း မိုးမရွာမှသာလျှင်စိတ်ချရတဲ့ ဆေးထိရောက်မှုကို မျှော်လင့်နိုင်ပါမယ်။ ပင်လုံးပြန့်ဆေးထက် ထိသေဆေးဆိုရင် ပိုပြီးသတိထားရပါမယ်။
မိုးရွာထားပြီး ဆေးဖျန်းမယ်ဆိုရင် ထိသေဆေးထက် ပင်လုံးပြန့်ဆေးကို ရွေးချယ်ပါ။
ေနဲ့မှတ်မယ်ဆိုရင်
➡️ မိုးရွာနိုင်ခြေရှိလို့ ဆေးကြိုဖျန်းရင်
မရွာမီ ၁၂ နာရီကြို
➡️ ဖွဲဖွဲရွာပြီး (နေပြန်ပွင့်ရင်) ဆေးဖျန်းဖို့ ၃ နာရီစောင့်
➡️ ရက်ဆက်တိုက်ရွာပြီး (နေပြန်ပွင့်ရင်) ဆေးဖျန်းဖို့ ၈ နာရီစောင့်
➡️ ဆေးဖျန်းပြီး ၂ နာရီ အထိ မိုးမရွာဖို့လိုပါတယ်။
ဒါဆိုရင် ထိရောက်သော မှိုသတ်ဆေးအာနိသင်ကို မျှော်လင့်လို့ရပါမယ်။
🔴 Spreaders, Stickers ထည့်ဖျန်းမယ်၊ စိတ်ချရမလားဆိုတာမျိုးမေးလို့ရပါတယ်။ တခါတရံ အပင်ဆေးလောင်မှုသည် ရောလိုက်တဲ့ adjuvants ကြောင့်၊ ပမာဏ တိကျစွာရောစပ်ဖို့ နားမလည်ခြင်းကြောင့်၊ မူလအသုံးပြုတဲ့ဆေးမှာထည့်သွင်းဖော်စပ်ထားတဲ့ inert နဲ့ အဆင်မပြေတာကြောင့် စတဲ့အခြေအနေများကြောင့်လည်း ဖြစ်တတ်ပါတယ်။
🔴 Adjuvants အချို့ဟာ ရောစပ်လိုက်ခြင်းကြောင့် ဆေးရဲ့ ဓာတ်ကြွင်းကာလနဲ့ ပမာဏကို ရှည်ကြာ၊ များ စေတတ်ပါတယ် (ဟင်းသီးဟင်းရွက်စိုက်ပျိုးသူများ ဒီအချက်ကို သတိပြုရပါမယ်)။
🔴 ဒါကြောင့် မိုးရေချိန်၊ မိုးရွာသွန်းရက် စတာတွေချိန်ဆပြီး မှိုသတ်ဆေးအထိရောက်ဆုံးအသုံးပြုဖို့ဆုံးဖြတ်ပါ။
Dr. DaDa
Ph. D Entomology
ပုံနှိပ်စက် ပိုင်ရှင် ကာကာများ 😍
ကာတွန် crd
#ခါးနာလိုက်တာ
#ဆီးထဲသွေးပါတယ်
#ချမ်းတုန်ပြီးလည်းဖျားနေတယ်
( #ကျောက်ကပ်ကျောက်တည်ခြင်း)
ကျွန်တော်တို့ရဲ့ ကျောက်ကပ်က ဝမ်းဗိုက်ရဲ့ အတွင်းဆုံးအပိုင်း (ကျောနဲ့ကပ်ရက်မှာ ဘယ်တစ်ခု ညာတစ်ခု ရှိပါတယ်)
ပုံသဏ္ဍန်ကတော့ ပဲကြီးစေ့နဲ့ တူပါတယ်။
အရွယ်အစားကတော့ 10-12 cm (၅ လက္မဝန်းကျင်ရှိပါတယ်)
အလေးချိန်က 350-390 G ကြား ရှိပါတယ် (၂၃ ကျပ်သားလောက်ရှိပါတယ်)
ကျောက်ကပ်တစ်လုံးဆီကနေ (Ureter)ပိုက်တစ်ချောင်းစီ ဆီးအိမ်နဲ့ဆက်ထားပြီး ဆီးတွေကို ဆီးအိမ်ကနေ Urethra ဆိုတဲ့ ဆီးပိုက်နဲ့ အပြင်ကိုစွန့်ထုတ်ပါတယ်
👉👉👉
လူသိများတာကတော့ Excretory Function အညစ်အကြေးစွန့်ပါတယ်။
ခန္ဓာကိုယ်ထဲက ပိုတဲ့ရေတွေနဲ့ ဓာတ်ဆားတွေ၊ အသည်းကနေ metabolised လုပ်ပြီးသား အဆိပ်တွေ ကို စွန့်ထုတ်ပါတယ်။
ခန္ဓာကိုယ်က လိုတဲ့ရေနဲ့ ဓာတ်ဆားတွေ မပါသင့်တာ မပါရအောင် စစ်တဲ့ ဇကာလေးတွေ အများကြီး ရှိပါတယ်
အညစ်အကြေးတွေဆိုတော့ အလွယ်ပြောရရင် အနယ်လေးတွေပါတတ်ပါတယ်
ရေသောက်တာများတဲ့သူ တွေက ရေစွန့်ထုတ်တာများတော့ အနယ်တွေရှိရင်တောင် ရေများတော့ အနယ်အဆင့်မှာပဲ ရေနဲ့ပါသွားပြီး စွန့်ထုတ်ပစ်ပါတယ်။
အနယ်တွေများပြီး၊ ရေသောက်နည်းတဲ့ လူတွေမှာတော့ အနယ်လေးတွေက ပုံပုံလာပြီး အချိန်ကြာလာတဲ့ အခါမှာ ကျောက်ဖြစ်သွားပါတယ်။
အနယ်အဆင့်မှာတောင် တခါတလေ လမ်းကြောင်းပိတ်နေတတ်တဲ့ အတွက် ခါးအောင့်တတ်ပါတယ်။
အခု ကျန်းမာရေးအသိရှိလာတဲ့ အတွက် ခါးနာရင် ရေများများသောက်တတ်ကြတော့ အနယ်တွေက ရေနဲ့ပါသွားပြီး သက်သာသွားတတ်ပါတယ်
အပိတ်အများဆုံးနေရာက ထောင့်ချိုးဖြစ်နေတဲ့ (ရကောက် ပုံ) ကျောက်ကပ်နဲ့ Ureter ဆက်တဲ့နေရာနားမှာပါ
👉👉👉
ကျောက်ဖြစ်သွားပြီ ဆိုရင်တော့ ရေဘယ်လောက်သောက်သောက် မပျော်တော့ပါဘူး
ထောင့်နေရာမှာ ကျောက်စဖြစ်ပြီဆိုတော့ အနယ်တွေက အရင်ကထက် ပုံရင်းပုံရင်း နဲ့ ကျောက်ကကြီးကြီးလာပါတယ်။
အဲ့တော့ ဘာတွေခံစားရလဲ
- ခါးနေရာက #လေးတေးတေး (discomfort) စဖြစ်လာပါတယ်
- ရေထွက်ပေါက်မှာ ကျောက်ပိတ်နေတော့ ရေတွေက အတင်းတွန်းထွက်ရပါတယ် #နာပါပြီ (Renal angle pain - ခါးနာပါတယ်)
- ရေတွေက ထွက်လို့မရလေ တွန်းလေ ဖြစ်ပါတယ် 👉ကျောက်ကပ်ရဲ့ကြွက်သားတွေက Smooth muscle အမျိုးအစားဖြစ်တော့ => အမျိုးအစားတူတဲ့ အစာအိမ်က ကြွက်သားတွေကပါ လိုက်ညှစ်တော့ #ပျို့ပါတယ် #အန်ပါတယ်
- ရေတွေက တွန်းတွန်းနေတော့ ကျောက်က ကျောက်ကပ်နဲ့ ပွတ်တဲ့အတွက် ကျောက်ကပ်မှာ ဒဏ်ရာရပြီး သွေးထွက်ပါတယ် #ဆီးထဲသွေးပါပါတယ် (Haematuria) နီရဲနေတာမဟုတ်ပါဘူး ရေနွေးကြမ်းရောင်ရင့်ရင့်ပါ
- ပုံမှန်မှာလည်း ဆီးထဲမှာ ပိုးတွေ ပါတတ်ပါတယ်၊ ခန္ဓာကိုယ်ကို ဒုက္ခမပေးတတ်ပါဘူး၊ ဒါပေမယ့် ကျောက်ပွတ်ထားလို့ ဒဏ်ရာဖြစ်နေတဲ့ အနာကို ပိုးဝင်တော့ #ဆီးပိုးခဏခဏ ဝင်ပါတယ်
- ဆီးပိုးဝင်တော့ (Urinary Tract Infection) #ချမ်းတုန်ပါတယ် (Chills & Rigors) #ဖျားပါတယ် (Fever)
နောက်ထပ်တစ်ခုက ကျောက်ကသေးလို့ ဆီးနဲ့ပါသွားရင်း Ureter ဆိုတဲ့နေရာမှာ ပိတ်ရင်။
အပေါ်က လက္ခဏာတွေအပြင် နာတဲ့အခါ ခါးကနေ ပေါင်ခြံထဲအထိ အောင့်ပါတယ် (Loin to groin pain)။
👉👉👉
ဘာလို့ #ကျောက်ကပ်မှာကျောက်ဖြစ်ရတာလဲ ???
- ရေသောက်နည်းတယ်
- တချို့ဓာတ်တွေများနေတယ် (Calcium, Uric acid)
- တချို့ဆေးတွေ မသောက်မဖြစ်သောက်ရတယ် (Diuretics)
- မွေးရာပါကျောက်ကပ်ကပုံမှန် မဟုတ်ဘူး
- မိသားစုမှာ ကျောက်ကပ်ကျောက်တည်တဲ့ရာဇဝင်ရှိတယ်
- Polycystic kidney ဆိုတဲ့ရောဂါရှိတယ်
ဆိုရင် ဖြစ်တတ်ပါတယ်။
👉👉👉
ကျောက်ကပ်မှာ ကျောက်ရှိရင် #ကျောက်ကပ်ခွဲစိပ်အထူးကုဆရာဝန်နဲ့ပြပါ။
ကျောက်ကပ်အထူးကုသမားတော် မဟုတ်ပါဘူး။
သူ့ရဲ့လမ်းညွှန်ချက်ကိုလိုက်နာပါ (စိတ်ထဲမှာ သိထားရမှာက ကျောက်တုံးကျောက်ခဲကို ပျော်စေတဲ့ဆေးမရှိဘူးဆိုတာပါပဲ)
ကျောက်က (0.5 cm) ထက်သေးရင် သူဟာသူထွက်သွားနိုင်ပါတယ်။
ကြီးတဲ့ကျောက်တွေကတော့ Ultrasound နဲ့ချေတာဖြစ်ဖြစ်၊ Laser နဲ့ချေတာဖြစ်ဖြစ် Procedure လိုပါတယ်။
ကျောက်ကပွတ်ပြီး ဒဏ်ဖြစ်နေတဲ့ကျောက်ကပ်ကို ကျောက်ကြေဆေး ဆိုပြီး ဆေးမီတိုတွေ လျှောက်သောက်ရင် ကျောက်ကပ်ပျက်ပါတယ်။
👉👉👉
ဒီလောက်ဆို အဆင်ပြေပြီထင်ပါတယ်။
- ရေများများသောက်ပါ
- ကွမ်းမစားပါနဲ့
- Multivitamin တွေ High doses လျှောက်မသောက်ပါနဲ့ (Calcium, Vitamin D, Vitamin C)
- ကျောက်တယ်ပြီဆိုရင် ကျောက်ကပ်ခွဲစိပ်အထူးကုဆရာဝန်နဲ့ပြပါ။ ညွှန်ကြားချက်ကို လိုက်နာပါ။
(Original post ; Oct,2020 👉 https://www.facebook.com/104993831383029/posts/124921446056934/?d=n)
သက်ရှည်ကျန်းမာ စိတ်ချမ်းသာကြပါစေ
Dr. ဘုန်းစည်သူလွင်
(ကျန်းမာရေးဆောင်းပါးများ နေ့စဉ်တင်ပေးနေသောကြောင့် #ကျွန်တော့_Pageကို_Like လုပ်ထားခြင်းဖြင့် ကျန်းမာရေးဗဟုသုတတိုးပွား လာပါလိမ့်မယ် 💕💕💕 )
ဝမ်းချုပ်ခြင်း
( အူလမ်းကြောင်းနှင့်အစာခြေစနစ်သည် ရောဂါ
အားလုံးနှင့်တိုက်ရိုက်ပတ်သက်နေ )
လူတော်တော်များများမှာ ဝမ်းချုပ်တာကို မကြာခဏ ခံစားရလို့ မသက်မသာနဲ့ အဆင်မပြေဖြစ်ကြရပါတယ်။
ယေဘူယျအားဖြင့် အစာခြေစနစ် အစာလမ်းကြောင်း အလွန်နှေးကွေးစွာ ရွေ့လျားနေသည့်အခါ အစာမျာ ခြောက်သွေ့ လာပြီး မာခဲသွားသည့်အတွက် ဝမ်းချုပ်လာပြီး ဝမ်းသွားရန် ခက်ခဲစေတာဖြစ်ပါတယ်။
#ဝမ်းချုပ်တယ်ဆိုတာ
ဝမ်းချုပ်တယ်ဆိုတာ ရက်သတ္တတပတ်မှာ ၃ ကြိမ်ထက်နည်းပြီး ဝမ်းသွားတဲ့အခြေအနေမျိုး၊ ဝမ်းသွားသည့်အခါမှာ အောက်ပါလက္ခဏာတွေ ရှိနေတာမျိုးဖြစ်ပါတယ် -
* မကြာခဏ ဝမ်းသွားချင်ပြီး မအီမသာရှိခြင်း။
* မာကျောသောအတုံးအခဲများသွားခြင်း။
* ဝမ်းသွားရန် အားစိုက်ညှစ်ရခြင်း။
* ဝမ်းပိတ်ခြင်း သို့မဟုတ် ဝမ်းကို အပြည့်အဝ မထုတ်နိုင်သကဲ့သို့ ခံစားရခြင်း။
* လက်ချောင်းနှင့် ကလော်ထုတ်ရခြင်း။
#နောက်ဆက်တွဲပြဿနာ
ရက်သတ္တပတ်များစွာ ကြာရှည်လာသောအခါ ဝမ်းချုပ်ခြင်းနဲ့ ပတ်သက်တဲ့ နောက်ဆက်တွဲပြဿနာတွေဖြစ်လာတတ်ပါတယ်။
၎င်းတို့က -
*လိပ်ခေါင်းဖြစ်ခြင်း။
* စအိုကွဲအက်ခြင်း။
* မစင်များကြပ်ခဲပိတ်ဆို့ခြင်း။
* စအိုကျွံထွက်ခြင်းတို့ဖြစ်ပါတယ်။
#အကြောင်းရင်း
ဝမ်းချုပ်စေနိုင်တဲ့ အကြောင်းရင်းများစွာရှိပါတယ်။
၎င်းတို့ကတော့ -
* မစင်စွန့်ရန် လျစ်လျူရှုခြင်း သို့မဟုတ် နှောင့်နှေးခြင်း။
* ရေဓာတ်ခန်းခြောက်ခြင်း၊ ရေသောက်နည်းခြင်း။
* လှုပ်ရှားမှုမရှိခြင်း၊ အထိုင်များခြင်း
* အမျှင်ဓာတ်နည်းသော အစားအစာများစားသုံးခြင်း။
* ခရီးသွားလာမှုများခြင်း။
* နို့ထွက်ပစ္စည်း အများအပြား စားသုံးခြင်း။
* ဝမ်းနုတ်ဆေး အလွန်အကျွံသုံးစွဲခြင်း။
* ဝမ်းချုပ်စေသောဆေးဝါးများသောက်ခြင်း။
* ကိုယ်ဝန်ရှိခြင်း၊ အာရုံကြောဆိုင်ရာ ချို့ယွင်းခြင်း၊
Irritable bowel syndrome ရှိခြင်း၊ diverticulosis ရှိခြင်း၊ hypothyroidism ရှိခြင်း၊ သွေးတွင်းကယ်လ်စီယမ်ပမာဏမြင့်မားခြင်း၊ နဗ်ကြောရောဂါရှိခြင်း၊ ပါကင်ဆန်ရောဂါနှင့် ကျောရိုးထိခိုက်မှုရှိခြင်း
*အူမကြီးကင်ဆာဖြစ်ခြင်းတို့ဖြစ်ပါတယ်။
#ကာကွယ်ခြင်း
ဝမ်းချုပ်ခြင်းကို ကာကွယ်ရန် အကြံပြုချက်များကတော့ -
ရေသောက်ပါ၊ အိပ်ရာထထခြင်း ၁ လီတာ၊ တနေကုန်မှာ ၂ လီတာ သောက်ဖြစ်အောင် သောက်ပါ။
အရည်များများ နှင့် သစ်သီးဖျော်ရည်များ သောက်သုံးခြင်းနှင့်အတူ ဝမ်းချုပ်ခြင်းကို ကာကွယ်စေမည့် လူနေမှုပုံစံပြောင်းလဲခြင်းပြုပါ။
* လမ်းလျှောက်ပါ။
* လေ့ကျင့်ခန်းများ များများလုပ်ပါ။
* အမျှင်ဓာတ် လုံလောက်စွာ ရရှိစေရန် လတ်ဆတ်သော သစ်သီးဝလံနှင့် ဟင်းသီးဟင်းရွက်များ များများစားပါ။
* ဝမ်းသွားချင်စိတ်ရှိရင် ချက်ချင်းအိမ်သာကိုသွားပါ
Crd-Dr. Myint Thein
#ကျန်းမာရေးနှင့်အထွေထွေဗဟုသုတ
💙💛💚 အိမ်ရှင်မတို့ ေမျှာ်လင့်တောင့်တနေတဲ့ ဝါ (လိမ္မော်ရနံ့ ၊ စိမ်း (သံပရာ ရနံ့) ၊ ပြာ ( LUX ရနံံ့) လေးတွေ ဖာ ၅၀ စာလောက် ထွက်လာပါပြီနော် ချစ်တို့ရေ့
🍓🍊🍋 စျေးနှုန်းလေးတွေအနည်းငယ်အပြောင်းအလဲဖြစ်နေပေမယ့် အိမ်ရှင်မ ကို စွဲစွဲလန်းလန်း သုံးစွဲပေးနေတဲ့ ချစ်တို့ကို ကျေးဇူးတင်ရှိပါတယ် ရှင့်
🚛🚛 ပစ္စည်းလေးတွေ ဒီနေ့အရောက်ပို့ပေးနေပါပြီ ရှင့်
💟💟 ၉ လပိုင်းအတွက် စာရင်းချုပ် ဖာ ၁၀၀ လောက်ရောင်းခဲ့ရပါတယ်
💝💝 ၅ ဖာနဲ့အထက် ဖြန့်ချိပေးတဲ့ ကိုယ်စားလှယ်တော်ကြီးများကို မှတ်တမ်းတင်ဂုဏ်ပြုပါတယ်
၁ ။ မသီတာ (၁၂ဖာ)
၂ ။ ကိုအောင်ထွန်းဝင်း ( ၆ဖာ)
၃ ။ ချိုကြီး ( ၅ဖာ)
၄ ။ မနွယ်နွယ်အေး (၇ဖာ)
၅ ။ မနွဲ့နွဲ့ဝင်း ( ၅ဖာ)
🎁🎁 လက်ဆောင်ပစ္စည်းလေးတွေလည်း ကိုယ်စားလှယ်ကြီးများအတွက် ပို့ပေးလိုက်ပါပြီနော်
🏆🏆 သုံးစွဲသူများထံမှ သတင်းကောင်းများပြန်ကြားရတဲ့အတွက် ဝမ်းသာကျေးဇူးတင်ပါတယ်
💵💵 စျေးနှုန်းအနည်းငယ်တက်လိုက်ရတာလဲ မဖြစ်မနေ မို့ပါ ၊ အချိန်နဲ့တပြေးညီ ယခင်စျေးနှုန်းအတိုင်းပြန်လည်ဖြန့်ဖြူးပေးပါမယ်ရှင့်
💞💞 စျေးနှုန်းတွေအဆမတန်တက်နေသော်လည်း သုံးစွဲသူများပစ္စည်းမပြတ်လပ်ရအောင် ဆောင်ရွက်ထားရှိပါတယ်နော်
💙💙ဝယ်ယူအားပေးကြတဲ့ အိမ်ရှင်မများအားလုံးကျေးဇူးအထူးတင်ရှိပါကြောင်း မှတ်တမ်းတင်ဂုဏ်ပြုလိုက်ပါတယ်ရှင့်
❤❤ အိမ်ရှင်မများအတွက် အမြဲကြိုးစားနေပါတယ်
#အိမ်ရှင်မဂျယ်လီဆပ်ပြာအဆီဖြန့်ချိရေး
ph: 09974702392
🚛🚛 နှစ်ဖာထပ်ပို့လိုက်ပါပြီ အန်တီနွယ်နွယ် ❤️❤️
👨👩👧👦👨👩👧👦 မိသားစုသုံးဖို့စမ်း၀ယ်ရာကနေ နှစ်ဖာ နှစ်ဖာ နဲ့ ၆ဖာ ဖြစ်သွားပြီနော်
🍊🍋🍓 စိတ်ကြိုက်အရောင်လေးတွေထည့်ပေးလိုက်တယ်
🌡️⚗️ နောက်တသုတ်လဲ မကြာခင်ထွက်လာတော့မှာပါ
🧜♀️🧜♀️ အားပေးမှုကိုအထူးကျေးဇူးတင်ပါတယ် ကိုယ်စားလှယ်တော်ကြီးရှင့်၊ သုံးစွဲသူတွေအတွက် လက်ဆောင်ပစ္စည်းတွေအများကြီးထည့်ပေးလိုက်ပါတယ် ရှင့်
#အိမ်ရှင်မဂျယ်လီဆပ်ပြာအဆီဖြန့်ချိရေး
မကွေးမြို့
ph 09974702392
🍊🍋🍓 အိမ်ရှင်မဘက်စုံသုံးဂျယ်လီဆပ်ပြာအဆီ (၈ကဒ်)ကို ယုံကြည်စွာ
အားပေးသွားပါသော နန်းဝေယံ
လဘက်ပဲကြော်နှင့်ကုန်စုံဆိုင် (ရန်ပယ်စျေး) အား အထူးကျေးဇူးတင်ရှိပါသည် ။
🙏🙏🙏 ရောင်းပန်းသာလို့ ဝယ်ပန်းလှပါစေရှင့်
#အိမ်ရှင်မဘက်စုံသုံးဂျယ်လီဆပ်ပြာအဆီ
မကွေးမြို့
Ph - 09974702392
#ကျောချမ်းသွားစေတဲ့စကားတခွန်း
🎉🎉 ရွှေလက်ကောက်တွေ
တစ်တောင်ဆစ်အထိ ဝတ်ထားသည်
ပါးစပ်က ကွမ်းတံတွေး တဗျစ်ဗျစ်ဖြင့်
ဇလုံကြီးထဲက ငါးများကို
ဓါးမဖြင့် ခုတ်နေသော ငါးသည်မရှေ့သို့
အသက် ၆၀ အရွယ် သီလရှင်ကြီးတစ်ပါး ဆွမ်းဆန်သွားရပ်သည်။
🎉🎉ငါးသည်မက သူ့ရှေ့နားလေးက
ငါးဆယ်တန်တစ်ရွက်ကို ယူ၍
ခဏခဏလာရပ်ရန်ကော ဟူသော
မျက်နှာဘေးဖြင့် စောင့်အောင့်၍
ဆရာကြီး၏
ဆွမ်းဆန်မောင်းထောင်ခွက်ထဲ
အားဖြင့်ထည့်လိုက်ရာ
လက်ကအရှိန်မထိန်းနိုင်တော့သဖြင့်
မောင်းထောင်ခွက်ကို
ပုတ်ချသလို ဖြစ်သွားလေသည် ။
🎉🎉 ဆရာကြီးရပ်လာသောဆွမ်းဆန်များနှင့် တစ်ရာတန် ငါးဆယ်တန်လေးတို့သည် မြေပေါ်ပြန့်ကြဲသွားခိုက်
" ခဏခဏလာကြတယ်
စျေးကိုကောင်းကောင်း မရောင်းရဘူး
အားတိုင်းသင်္ကန်းဝတ် အခုတော့
ဆိုင်ရှေ့လာရှုပ်ဒုက္ခတွေပေးလိုက်တာ''
ငါးသည်မ၏
ဆိုးရွားစွာအော်ဟစ်သံထွက်လာသည်။
🎉🎉 ဆရာကြီးကတော့
မျက်နှာတွင် ပကတိ ဖြူစင်လျက်
ဤအော်ဟစ်သံတို့ကြားမှ သူ့အားလောင်းလှူလိုက်သော အကြွေလေးများအားကောက်ယူ၍
" သာဓု သာဓု သာဓု " လို့ခေါ်၍
လှည့်ထွက်သွားလေတော့သည် ။
🎉🎉 နောက်သုံးနှစ်လောက်ကြာတော့
အဲဒီငါးသည်မကိုဆေးရုံအရေးပေါ်ဌာနမှာ ပါးစပ်မှသွေးများအန်၍ တွန့်လိမ်ကာ လူတစ်ကိုယ်လုံး ဖျတ်ဖျတ်လူး၍
ကယ်ပါ ကယ်ပါအော်ဟစ်၍
ဝေဒနာပြင်းထန်နေသည်ကို
အမှတ်မထင်တွေ့ခဲ့ရသည်
သေတော့မည့် လူနာအဖြစ်ပေါ့။
🎉🎉 ဆရာကြီးကိုတော့
ရိပ်သာတစ်ခုမှာ ဆုံဖြစ်ခဲ့ပြန်သည်။
🎉🎉 အဲတုန်းကအဖြစ်ကို ဘယ်လို
စိတ်နဲ့ကျော်ဖြတ်ခဲ့သလဲ မေးမိရာ
" သားရေ အမေက သတ္တဝါတွေကို
အမြဲမေတ္တာပို့တယ် "
" အကုသိုလ်နဲ့ အသက်မွေးတဲ့လူများဆို ဆွမ်းဆန်မကြာခဏ သွားရပ်ပေးတယ်
ရလာတဲ့လှူဖွယ်တွေကို သံဃာတွေကို
ဆွမ်းပြန်ကပ်လောင်းလှူပေးတယ်သား
"
❓❓ဘာလို့ အကုသိုလ်အလုပ်နဲ့
အသက်မွေးနေသူတွေကိုမှ
သွားဆွမ်းရပ်ရတာလဲ မေးခဲ့လျင်
#သူတို့ကို
#ဘုရားသာသနာနှင့်ကြုံတုန်း #သီလသမာဓိနဲ့ပြည့်စုံတဲ့ပုဂ္ဂိုလ်ကို #လှူခဲ့ဖူးတဲ့
#ကုသိုလ်လေးတော့
#သံသရာပါသွားစေချင်လို့ပါသားရယ်တဲ့ ။
🎉🎉 ဒီစကားတွေကြားတော့ ကျောချမ်းသွားသည်
ဒါကြောင့်လေ အလှူခံပုဂ္ဂိုလ်ဆိုတာ
သူရလိုလို့လား ကိုယ့်ကိုရစေချင်လို့
အလှုလာခံသလား
မိမိတို့ စဉ်းစားကြပါကုန်။
မူရင်းရေးသားသူအား ဂါရဝပြုပါတယ်🙏🙏🙏
🚛🚛 ကိုယ်တိုင် တခါပဲစမ်းသုံးကြည့်ပြီး ၁၀ကဒ် အားပေးသွားတဲ့ မင်းလှမြို့က ကိုယ်စားလှယ်တော်ကြီး ရောင်းပန်းသာလို့ ဝယ်ပန်းလှပါစေရှင့် 😘😘😘
#အိမ်ရှင်မဘက်စုံသုံးဂျယ်လီဆပ်ပြာအဆီဖြန့်ချိရေး
မကွေး
ph: 09974702392
🚛🚛 မနက်စောစော ၁၂ကဒ် ပို့ပေးလိုက်ပါပြီနော်
👩💻👨💻 ကိုယ်စားလှယ်တော်ကြီး ရောင်းပန်းသာလို့ ဝယ်ပန်းလှပါစေရှင့်
#အိမ်ရှင်မဘက်စုံသုံးဂျယ်လီဆပ်ပြာအဆီဖြန့်ချိရေး
09974702392
🚛🚛 နှစ်ရက်အတွင်း ကဒ် 40 လောက် အားပေးသွားပါသော သုံးစွဲသူအားလုံးကို ကျေးဇူးတင်ပါတယ်
💵💵 ကုန်ကြမ်းစျေးနှုန်းများ အဆမတန်တက်နေသော်လည်း သုံးစွဲသူများ ကိုယ်စားလှယ်တော်ကြီးများကို ယခင်စျေးနှုန်း ၊ ယခင်ကွာလတီအတိုင်း ဖြန့်ချိပေးနေပါတယ်
🍓🍋🍊 အရောင် ၆ ရောင်စလုံး
အဆက်မပြတ် ထုတ်နေပါတယ် ၊
အမှာတက်ထားသူများ ကို အချိန်မှီပို့ဆောင်ပေးပါမယ် ရှင့်
👨💻👩💻 အရောင်းကိုယ်စားလှယ် အသစ်များကိုလည်း ကြိုဆိုပါတယ် ရှင်
#အိမ်ရှင်မဂျယ်လီဆပ်ပြာအဆီ
ဖြန့်ချိရေး
ဖုန်း 09974702392
#တစ်ထောင်ကျပ်ဖြင့်ဝယ်လိုက်ပါ
🍓🍊 အရည်အသွေးမြင့်ကုန်ကြမ်းများကိုအသုံးပြုပြီး စနစ်တကျထုတ်လုပ်ထားသော #အိမ်ရှင်မဂျယ်လီဆပ်ပြာအဆီ ကို 1 Litre (1000ks) ဖြင့် သုံးစွဲလိုက်ပါ
📦📦 ဘူးခွံအသစ် ၊ လှပသပ်ရပ်သော တံဆိပ်အပြင်အဆင် ၊ သေသပ်သော ပါကင်စနစ် ဖြင့်စနစ်တကျထုတ်လုပ်ထားသည်
👩🔬👨🔬 လက်ဆေးခြင်း ၊ အိုးခွက် ပန်းကန်ဆေးကြောခြင်း နှင့် အဝတ်လျှော်ခြင်း ဘက်စုံအသုံးပြုနိုင်သော ဖော်မြူလာဖြင့်ထုတ်လုပ်ထားသည်
💯💯 အမြုတ်ထွက်အားကောင်းမွန်ခြင်း ၊ ဂျီးချွတ်အားကောင်းမွန်ခြင်း ၊ မည်သည့်ရေဖြင့်မဆို ချွဲကျန်မနေခြင်း
🙅🙅♂️ လက်ပူခြင်း မရှိ ၊ အထည်ဆွေးခြင်း မရှိကြောင်း အာမခံပါသည်
👩🍳👨🍳 ဂျယ်လီဆပ်ပြာအဆီ ( ၁ဆ) နှင့် ရေ ( ၃ဆ) ရောစပ်ပြီးအသုံးပြုနိုင်သည်
🍓🍊🍋 အရောင် ၊ အနံ့ ( ၆ ) မျိုးကိုစိတ်တိုင်းကျရွေးချယ်ဝယ်ယူနိုင်ပါသည် ။
🍓 အနီရောင် - စတော်ဘယ်ရီ ရနံ့
🍊 အဝါရောင် - လိမ္မော် ရနံ့
🍋 အစိမ်းရောင် - သံပရာ ရနံ့
💙 အပြာရောင် - LUX ရနံ့
💟 ပန်းရောင် - လီလီပန်း ရနံ့
💜 ခရမ်းရောင် - လာဗန်ဒါ ရနံ့
👩💻👨💻 မြို့တွင်းပြန်လည်ရောင်းချလိုသူများ ၊ နယ်ကိုယ်စားလှယ်ယူလိုသူများ အတွက် #သီးသန့်ဈေးဖြင့်ရောင်းချပေးပါတယ် ခင်ဗျာ
🚛🚛 မြို့တွင်း ဆိုင်အရောက် ၊ နယ်ဝေး ဂိတ်အရောက် ပို့ဆောင်ပေးပါတယ်
☎☎ ဖြန့်ချိရေး
အမှတ် ၂၉ / ခ သီရိမဂ်လာလမ်း ၊ သိင်္ဂါရပ်ကွက် မကွေးမြို့ ။
ph - 09974702392
🏅🏅 Brand တခု မွေးဖွားလာရခြင်း 🏅
👹👹 Covid 19 တတိယလှိုင်းဖြစ်ပေါ်လာပြီး Stay At Home လုပ်နေရချိန် အချိန်ကိုအကျိုးရှိစေဖို့ရယ် အများအတွက် အကျိုးရှိဖို့ရယ် တွေးတောကြံဆခဲ့ရင်း Brand အသစ်တခု ထွက်ပေါ်လာခဲ့ပါတယ်....
👩🔬👨🔬 ကျန်းမာရေးအတွက် နေ့စဉ်နှင့်အမျှ အချိန်နှင့်အမျှ မဖြစ်မနေ လိုအပ်လျှက်ရှိပြီး အခြေခံလူတန်းစားများအားလုံး လက်လှမ်းမှီပြီး အရည်အသွေးမြင့်သော ဂျယ်လီဆပ်ပြာအဆီကို ထုတ်လုပ်ဖြန့်ဖြူးဖို့အတွက် ပြင်ဆင်ခဲ့ပါတယ်........
🕵🕵 လေ့လာမှုတွေ စမ်းသပ်မှု့တွေ ကိုယ်တိုင်ကိုယ်ကျပြုလုပ်ခဲ့ပြီး အစစအရာရာကို ပြင်ဆင်ဆောင်ရွက်ခဲ့ပါတယ် ။ ဈေးကွက်အတွင်းမဖြန့်ဖြူးမှီ အစမ်း စမ်းသပ်အသုံးပြုစဉ်ကပင် လူကြိုက်များနေခဲ့ပြီး အမြန်ဆုံးထုတ်လုပ်ဖြန့်ချီဖို့ အတွက်ပြင်ဆင်ခဲ့ရပြန်ပါတယ်.........
🚚🚚 ယခုဆိုလျှင် ဈေးကွက်အတွင်း စတင်ဖြန့်ချိနေပြီး အများသူငှာသုံးစွဲနိုင်သောဈေးနှုန်း ၊
ပေးရသော ဈေးနှုန်းထက်ပိုသော ပစ္စည်းအရည်အသွေးကောင်းမွန်မှုကြောင့်သတင်းစကားကောင်းများပြန်ကြားနေရသည့်အပြင် အမှာစာများ ထပ်တိုးမှာယူနေသည့်အတွက် ကြိုးစားခဲ့ရသမျှအတွက် ဝမ်းသာပီတိဖြစ်ရပါတယ်
👑👑 လူတန်းစားမရွေး ဂျယ်လီဆပ်ပြာအဆီကို သင့်တင့်သောဈေးနှုန်းနှင့် ရည်အသွေးကောင်းကောင်းကို မကွေးမြို့
ရပ်ကွက်အစုံနှင့် မကွေးမြို့ပတ်ဝန်းကျင်တွင်
ဝယ်ယူသုံးစွဲနိုင်အောင် ကြိုးစားနေပါတယ် ၊
အချိန်အကန့်အသတ်ဖြင့်ထွက်နေရသည့်အတွက် အမှာစာများအနည်းငယ်နောက်ကျခဲ့လျှင် နားလည်ခွင့်ပေးကြပါ
🙏🙏🙏 မကွေးမြို့သူမြို့သားအားလုံး ဘေးဘယာ ဝေးကွာပြီး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ ချမ်းသာကြပါစေ 🙏🙏🙏
Click here to claim your Sponsored Listing.
Category
Contact the business
Telephone
Website
Address
Magway
Zumba is a dance & fitness program, becoming very popular Today. Contact me to join my classes.
အောင်စေတနာ(B). ၊အဝေရာလမ်းထောင့်၊မကွေးမြို့
Magway
Girl & boy Fitness Gym