Phyoe Myat Hein

မင်္ဂလာပါ

06/09/2022

အသားကင်ကို အသစ်ထပ်တိုးထားတာလေးတွေ

အားအင်ရှိသမျှ စုံလင်အောင် ကြိုးစားလုပ်ပေးထားပါတယ်ဗျ….

ဝယ်ယူအားပေးသူ တစ်ဦးတစ်ယောက်ချင်းစီကို ကျေးဇူးအထူးတင်လျက်ပါ…..

25/08/2022

🍲မာလာဟင်းနဲ့…..

🍢အကင်လေးစားပြီး…..

🥛ဒိန်ချဉ်လေးနဲ့ အစားပိတ်ပါ…..

ဒိန်ချဉ်ပြစ်ပြစ်လေးမှာ မလိုင်တွေအများကြီးပါတော့ သောက်ရတာ အရသာသိပ်ရှိ….😋

ထွန်းခန့်တံဆိပ်ကို သောက်ဖူးသူတိုင်း သူ့အရသာကို သိကြပါတယ်နော်

မသောက်ဖူးလဲ သောက်ကြည့်ပါ မင်တို့ကိုယ်တိုင်သောက်ကြည့်ပြီး ကြိုက်လို့ဆိုင်မှာ တင်ရောင်းတာဖြစ်လို့ အရသာကို ယုံလိုက်ပါ……😊

22/08/2022

အစစအရာရာ စျေးတွေတက်နေပါတယ်

ဒါပေမယ့် စားသုံးသူများအတွက်
ပေးနိုင်သမျှ အကောင်းဆုံးလက်ရာကို ပေးမယ်

လျော့နိုင်သမျှ အတန်ဆုံးစျေးနဲ့ ရောင်းပေးပါမယ် ခင်ဗျာ…..😊

ဒါကတော့ ကြက်နှလုံးပါ ခင်ဗျာ…..

တစ်ကင် - ၂၀၀/- ပါ

20/08/2022

☺️အကင်တွေဆိုရင် မင်တို့ကိုယ်တိုင် ဒုတ်ထိုးပါတယ်
ဒုတ်ထိုးတဲ့အချိန်မှာလဲ ငါဘယ်လောက်အမြတ်ကျန်ရမယ်ဆိုတဲ့ စိတ်နဲ့အလုပ်မလုပ်ပါဘူး

☺️ဝယ်သူအနေနဲ့ဆိုရင် ဒီ (၂၀၀/-)တန်က ဒီအနေအထားလောက်ဆို ဝယ်ယူရတာတန်ရဲ့လားဆိုတဲ့ စိတ်နဲ့ပဲအလုပ်လုပ်ပါတယ်နော်

☺️ဒါက မင်တို့ Customer အပေါ်မှာ ထားပေးတဲ့ စေတနာပါဗျ…….

ကြက်အရေခွံ - ၂၀၀/-

13/08/2022

ကားဈေး သိန်း ၁၀၀ နဲ့ဝယ်ထားသူက သိန်း ၁၅၀ ဖြစ်နေတဲ့အချိန်မှာ အရင်ဝယ်ခဲ့တဲ့ သိန်း ၁၀၀ နဲ့ပြန်ရောင်းမလား

ရွှေ ၁၀ သိန်းဈေးနဲ့ ဝယ်ထားသူက ရွှေဈေး သိန်း ၂၀ ဖြစ်ချိန်မှာ ၁၀ သိန်းဈေးနဲ့‌ပြန်ရောင်းမလား

ရွှေဈေးတက်လို့ဆိုပြီးပျော်မနေနဲ့ အရင်က ရွှေတစ်ကျပ်သား ဆိုင်ကယ်တစ်စီးဆို အခုလည်း ရွှေတစ်ကျပ်သား ဆိုင်ကယ် တစ်စီးပဲ

အဓိကဆိုလိုချင်ဝာက ဈေးတက်တာမဟုတ်ပါဘူး

ငွေကြေးတန်ဖိုးကျတာပါ ငွေကြေးတန်ဖိုးကကျပြီး ပစ္စည်းတန်ဖိုး‌တွေက တက်တာပါ၊

အချိုရည် တစ်ဗူး ၇၀၀ နဲ့ ဗူး ၁၀၀ ဝယ်ထားတယ်
စုစုပေါင်းငွေ ရင်းငွေ ၇သောင်း
၈၀၀ ရောင်းတယ်၊ ပြန်ရငွေ ၈သောင်း ၊ တစ်သောင်းမြတ်တယ်မလား၊ ပစ္စည်းတန်ဖိုး မတက်မချင်း မြတ်ပါတယ်၊

အဲ့အချိုရည်ပဲ ကိုယ်ပြန်ဝယ်တော့ တစ်ဗူး ၉၀၀ ၊ ကိုယ်ရင်းထားတဲ့ ငွေ ၇ သောင်း နဲ့ မြတ်ငွေ ၁ သောင်း ပေါင်း ငွေ ၈သောင်း နဲ့ ဗူး ၁၀၀ မရတော့ပါဘူး

ဒါတောင် သယ်ယူစရိတ် ရေခဲသေတ္တာမောင်းတဲ့ မီတာခပါ ရှုံးပါတယ်။

အဲ့ဒိအတိုင်းဆက်လည်ပတ်နေရင် ပြန်မရင်းနိုင်တော့ပဲ ဆိုင်ပြုတ်သွားပါမယ်။

လူအများနားလည်သင့်တာက ဈေးတက်တယ်ဆိုတာ ပစ္စည်းတန်ဖိုးက တက်တာပါ။

အမြတ်ငွေတက်တာမဟုတ်ပါ

ဈေးကျလို့

လူအများသုံးနိုင်လေ အမြတ်များလေပါ

ကုန်ဈေးနှုန်းတက်တဲ့အခါ အရင်းများလာပြီး အမြတ်နည်းလာပါတယ်

ဈေးတက်လို့ ပျော်တဲ့ အထဲမှာ ဈေးရောင်းသူတွေလည်း မပါပါဘူးဗျာ။

Credit - Kaung Myat Linn

17/07/2022

နေ့လည်စာကို ထမင်းပူပူလေးရယ် အကင်သုပ်ချဉ်ချဉ်စပ်စပ်လေးရယ်နဲ့ စားမလား❓

ညနေပိုင်း အစာပြေ အကင်သုပ်လေးချည်းစားမလား❓

ဘယ်လိုစားစား အဆင်ကိုပြေလို့……🤭

08/07/2022

🔸အကင်သုပ်စားမယ်ဆိုရင်
ဒီ(၃)မျိုးက Customer တိုင်းရဲ့ လက်စွဲတော်ကြီးတွေပဲ

🔸တကယ်လဲ အကင်သုပ်စားမယ်ဆို သူတို့ပါမှ ပွဲစည်တာကိုး

🔸စျေးလေးတွေကလဲ ကြည့်အုံး

👉ရုံးပတေသီး - ၁၀၀/-
👉ကိုက်လန် - ၁၀၀/-
👉အသားထု - ၁၀၀/-

ချိုလိုက်တဲ့ စျေးနှုန်းလေးတွေနဲ့အတူ ဗိုက်ကားအောင်စားပစ်🤭

ဖုန်းဆက်မှာယူချင်တယ်ဆိုရင်
📲 09-454073218

05/07/2022

ဖြိုးမြတ်ဟိန်းဆိုင် မှ

👉မာလာဟင်း
👉မာလာယံယံ
👉ငါးကင်နှင့်
👉အကင်မျိုးစုံကို

လာရောက်အားပေးဖို့ ဖိတ်ခေါ်ပါတယ်
စားချင်တဲ့ အကင်လေးတွေပါမလားလို့ Video လေးကိုဖွင့်ကြည့် 😉 ပြီးရင်

📲09-454073218
ကို ဖုန်းဆက်ပြီး order တင်လို့ရပါပြီနော် 🤗

04/07/2022

Customer order လေး အကင်အစုံကို 4,000/- ဖိုးသုပ်ပေးထားတာ 🤓

ဘုရားစူး 4,000/- ဖိုးနော် ဖော့ဘူး(၂)ဘူးရတယ်😯

အစားပုပ်လေးတွေ (၃)ယောက်လောက် အေးဆေးဗိုက်ကားနေအောင် စားပေတော့😁

ခုချိန်က အားလုံး Budget save ကြတဲ့အချိန်ဆိုတာ မင်တို့နားလည်ပါတယ် ဒါကြောင့် အားလုံးအဆင်ပြေပြီး

📣စားလို့လဲကောင်း
📣စျေးနှုန်းလဲသက်သာအောင်

မင်တို့ အတတ်နိုင်ဆုံး စျေးတွေမတက်ပဲ တောင့်ခံပေးထားပါတယ်လို့

📲 09-454073218

03/07/2022

မင်တို့ရဲ့ ဝက်နံရိုးကင် ပူပူလေးကို မန်းကျည်းချဉ်လေးနဲ့
စားကြည့် 🤤

အရသာက ထိမိဂွိ😋

02/07/2022

ဒီမယ်ကြည့် မင်ပြောပြမယ်☺️

ခုလိုရာသီဥတုလေးနဲ့လေ⛈☔️

ငါးစာချဉ်ချဉ်စပ်စပ်လေးနဲ့သုပ်ထားတဲ့ အကင်အစုံသုပ်လေးရယ်ပါလေကာ မန်းကျည်းချဉ်လေးရယ် 🤤
ပြီးတော့လေ

U တို့အကြိုက် ဝိုင်လေးနဲ့ဖြစ်ဖြစ် 🍷🍷🍷

ချောင်းဆိုးပျောက်ဆေးလေးနဲ့ပဲဖြစ်ဖြစ်🤫

ဘီယာလေးနဲ့ဖြစ်ဖြစ် 🍻🍻🍻

တွဲပြီး သုံးဆောင်လိုက်လို့ကတော့လေ
ဒီနေ့ တနေ့တာအတွက် တော်တော်လေး Fine သွားမှာ သိလား 🤭🤭🤭

Photos from Phyoe Myat Hein's post 01/07/2022

Hi Baby တို့ 🫣
မင်မင် နည်းနည်းကြာကြာပျောက်သွားတယ်🤭

အခု Menu အသစ်နဲ့အတူပြန်လာပြီနော်🤓

ဟော့ပေါ့ဆိုင်ကြီးတွေမှာပဲ တွေ့ရတတ်တယ် ကြက်မဲလေးကို အခု မင်တို့ဆိုင်မှာလဲ ရနေပါပြီလို့ သတင်းလေးလာပေးတာပါ

Customer : သူ့ရဲ့အရသာက ဘယ်လိုမျိုးလဲ မင်?
Admin : အရသာက စိမ့်တဲ့ဘက်သွားတယ် မင်တို့ပုံမှန်စားနေကျ ကြက်သားအရသာနဲ့တော်တော်လေးကွာခြားပါတယ် (မင်ကတော့ကြိုက်တယ်🤭)

04/03/2022

ခေါက်ဆွဲပြုတ်တိုင်း ရေသန့်ပဲသုံးမိတဲ့ ဒို့တွေ သတိထားသင့်ပြီ 😞

ရေသန့်ကို ထမင်းဟင်းချက်တဲ့နေရာသုံးမိတယ်။ရေသန့်ကို ရေနွေးကျိုသောက်တာ မဟုတ်ပဲနေပူထဲချထားရင်တောင် ကင်ဆာဖြစ်ပါတယ်။ ရေသန့်ဖြစ်ဖို့ ကလိုရင်းဆေးခပ်ရပါတယ်။ ရေသန့်ထဲမှာထည့်ထားတဲ့ ကလိုရင်းဓာတ်က အပူနဲ့ထိတွေ့တဲ့အခါ ကလိုရိုဖောင်းဓာတ်အဖြစ် ပြောင်းလဲသွားပြီး ကြာရှည်အပူပေးသုံးစွဲလာတဲ့အခါ
• မအီမသာဖြစ်ခြင်း
• ခေါင်းကိုက်ခြင်း
• ပျို့အန်ခြင်း
• အမည်မဖော်နိုင်တဲ့ရောဂါတွေဖြစ်လာခြင်းများဖြစ်ပေါ်လာပြီး ကင်ဆာဘက်ကို နွယ်လာနိုင်တာမျိုးဖြစ်နိုင်ချေများပါတယ်။ မယုံရင်ဆက်ပြီး အပူပေးကျိုသောက်ကြပါ။

ရိုးရိုးရေသန့်သည် ph 7 ပါ။ ph 7 ကိုထပ်သန့်စင်ရင် အယ်လ်ကာလီ ရေသန့်ဖြစ်လာပါတယ်။ အယ်လ်ကာလီ သောက်ရေသန့်ဖြစ်သွားပါတယ်။ အယ်လ်ကာလီသောက်ရေသန့်သည် ကျန်းမာရေးအတွက်အရမ်းအဆင်ပြေပါတယ်။ အယ်လ်ကာလီကနေ အယ်လ်ကာလိုင်းထိ ထပ်ပြောင်းလဲလို့ရပါတယ်။

ရေသန့်ဆိုတာ ရေစစ်နဲ့ စစ်ထားတဲ့ မြစ်ရေချောင်းရေကျိုသောက်တာ ပြသာနာမရှိပေမယ့် အခုနာမည်တပ်ရောင်းနေတဲ့ ရေသန့်အားလုံးသည်
အပူပေးကျိုချက်သောက်လို့မရပါ ❌

ချစ်တဲ့
လွင်နှင်းဆီလှိုင်
(ကျန်းမာရေးအတွက်ဆင်ခြင်နိုင်ရန်ဖြစ်ပါတယ်)
မူရင်း Credit

#လေးစားစွာဖြင့်

Thiri (ForexAdvisor)

28/02/2022

ဆိုင်အပြင်အဆင်လေး သဘောကျလို့
ဗိုက်ဆာတာနဲ့ ဝင်စားဖြစ်လိုက်တယ်
စားနေရင်းနဲ့
“ချလွမ်"ဆိုပီး
မတော်တဆ ဇွန်းပြုတ်ကျသွားတာ

ချက်ချင်းပဲ
အနားမှာရှိနေတဲ့စားပွဲထိုးလေးက
ဘောင်းဘီအိတ်ထဲက ဇွန်းအသစ်တချောင်းထုတ်ပေးလာတယ်
ထူးဆန်းနေတော့ မေးမိတာပေါ့

" မင့်ဘောင်းဘီထဲမှာ ဇွန်းကအမြဲရှိနေတာလား "

" ဟုတ်ပါတယ် ဒါကကျွန်တော်တို့မန်နေဂျာရဲ့အစီအစဉ်ပါ "
" စားသုံးသူတွေရဲ့တန်ဖိုးရှိတဲ့အချိန်တွေကို ကျွန်တော်တို့ဆိုင်မှာ အကျိုးမဲ့မကုန်ဆုံးစေချင်ပါဘူး "
"ကျွန်တော်တို့ဆိုင်က စားသုံးသူတွေအတွက်အမြဲအဆင်သင့်ရှိနေပါတယ် "

သဘောကျမိတယ်
စားသုံးသူအပေါ်အလေးထားတဲ့
သူတို့ဆိုင်ရဲ့ စီစဉ်ထားမှု့ကို

" ဝိုး "
ထပ်ပြီးအံ့သြရတာ ရှိသေးတယ်

ဘေလ်ရှင်းပြီးလို့ပြန်ကာနီးမှာ သတိထားမိလိုက်တာက
ဝိတ်တာတွေအားလုံးရဲ့ဘောင်းဘီဇစ်မှာ
အဖြူရောင်ကြိုးလေးတွေ တွဲလောင်းလေးချထားတယ်
ဒါဟာ ဆိုင်ရဲ့သင်္ကေတလား သိချင်လာတယ်

စောစောက ဝိတ်တာကိုမေးကြည့်တော့

" ဪ ! ဒါက ဆိုင်ရဲ့သင်္ကေတမဟုတ်ပါဘူး "
" ကျွန်တော်တို့ဝိတ်တာတွေ အပေါ့သွားချိန်မှာ
ဘောင်းဘီဇစ်ကို လက်နဲ့တိုက်ရိုက်ထိတွေ့စရာမလိုပဲ
ကြိုးလေးကိုဆွဲချလိုက်ရုံနဲ့ အဆင်ပြေသွားအောင်
မန်နေဂျာက စီစဉ်ပေးထားတာပါ "
" ကျွန်တော်တို့ဆိုင်က စားသုံးသူတွေအတွက်
သန့်ရှင်းမှု့ကိုအမြဲအလေးထားပါတယ် "

ဟာ ! ကြိုက်ပီလေ
သန့်ရှင်းမှု့ကိုဦးစားပေးပြီး ဒီလိုစနစ်တကျစီမံထားတဲ့
ဒီဆိုင်ကိုတော့ တကယ်သဘောကျနေမိပါဘီ

ဒါပေမဲ့
ရုတ်တရက် ဖျတ်ကနဲ
အတွေးထဲဝင်လာတာတခုကို သိချင်လို့
ပြန်လှည့်ပြီးမေးလိုက်တယ်

" ဒါနဲ့ နေစမ်းပါဦး "
" အပေါ့သွားပြီးလို့ မင်းတို့ရဲ့ပစ္စည်းကို
ဟိုဟာကွာ ဂွေးကျိလေ မင်းတို့ရဲ့ဂွေးကျိကို
ဘောင်းဘီထဲဘယ်လိုပြန်ထည့်လဲ "

လို့ မေးလိုက်တော့
ဝိတ်တာကောင်လေးက ဟိုကြည့်ဒီကြည့်နဲ့
အနားကပ်လာပြီး တိုးတိုးလေးပြောတယ်

" တခြားကောင်တွေတော့ မပြောတတ်ဘူး "
" ကျွန်တော်ကတော့ ဇွန်းနဲ့ကော်ထည့်လိုက်တာပဲ "
တဲ့

ဝေါ့

😂😂😂😂😂

Credit

Photos from Phyoe Myat Hein's post 13/01/2022

🎼🎼….မာလာဟင်း ကောင်းလွန်းလို့စားတာလား
ဆိုင်ရှင်လေး ချောလွန်းလို့သွားတာလား….😜

ဆိုင်လာစားတဲ့ ဖောက်သည်လေးတွေရော
ပါဆယ်မှာတဲ့ ဖောက်သည်လေးတွေရော……….
ကျေးဇူးပါ😘

Photos from Phyoe Myat Hein's post 04/01/2022

ဒီနေ့အတွက် ရှမ်းကော order လေးတွေ……😍

အဆက်မပြတ်အားပေးနေတဲ့ တစ်ဦးတစ်ယောက်ချင်းစီကို ကျေးဇူးတင်လျက်ပါဗျာ…..😘

Photos from Phyoe Myat Hein's post 31/12/2021

😍Today order 😍

Thank You for your support 🥰

30/12/2021

📣📣📣မနက်ဖြန် (31.12.2021) ကျပ်တစ်သောင်းဖိုးနဲ့ အထက် ဝယ်ယူသူများကို မင်မင်တို့ Phyoe Myat Hein Team မှ ကျေးဇူးတုံ့ပြန်သောအနေဖြင့် အချိုရည်ပုလင်းများ လက်ဆောင်ပေးသွားမည်ဖြစ်ကြောင်း သတင်းကောင်းလေးပေးလိုက်တယ် ဗျာ……📣📣📣

Photos from Phyoe Myat Hein's post 29/12/2021

Morning Kha 🥰

🐙Baby Octopus 🐙

Menu အသစ်လေးလာပြတာ….🙆🏻‍♀️

25/12/2021

🎄🎄🎄Merry Christmas ပါ🎄🎄🎄

လှပတဲ့မနက်ခင်းလေးနဲ့အတူ ဖြိုးမြတ်ဟိန်းရဲ့ ထပ်တိုးအသစ်လေးနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်…..🤶🏽🤶🏽🤶🏽

🍤ပုဇွန်ခေါက်ဆွဲ 🍤

ဒီနေ့ ဆိုင်မပိတ်ပါဘူးနော် Order တင်ချင်သူများလဲ မင်မင်တို့ စတင်လက်ခံနေပါပြီဗျာ…..🎅🏽🎅🏽🎅🏽

23/12/2021

အခုလို အားပေးတဲ့သူတွေကြောင့် မင်မင်တို့ ဖြိုးမြတ်ဟိန်း ဆိုင်လေးက ရှေ့ဆက်ဖို့ ခွန်အားတွေရနေတာပါ🥰

အာ့ကြောင့် မင်မင်တို့ရဲ့ Vitamins ကာကာလေးတွေအားပေးရကျိုးနပ်အောင် အရသာကို ဒီထက်ပိုကောင်းအောင် ဆက်လက်ကြိုးစားသွားပါအုံးမယ်လို့……🥰

22/12/2021

မိုးထဲ လေထဲကို လာရောက်အားပေးကြလို့ တကယ်ကို ကျေးဇူးတင်ပါတယ်ဗျာ.......😍

Photos from Phyoe Myat Hein's post 14/12/2021

ဗိုက်ဆာမှ စားပါ……😁
မဆာလဲ စားပါ………😜

ပျင်းနေလဲ စားပါ……😆
မပျင်းလဲ စားပါ……..🤪

နံကင်လေးကို ပါလေကာမန်းကျည်းချဉ်လေးနဲ့ တွဲစားကြည့်……😋

အရသာက ထိမိနေရော…….😋

13/12/2021

တို့ဟူး နှစ်ပြန်ကြော်လေး…..😍

ကြွပ်ရွနေရော……😋

မင်မင်တို့ရဲ့ မန်းကျည်းချဉ်လေးနဲ့ဆို ကွက်တိ……🥰

စားသုံးသူတွေရိုးမသွားအောင် တစ်ခုပြီးတစ်ခုကြိုးစားပေးရမှာ မင်မင်တို့ တာဝန်……😌
ဝယ်စားရမှာ ယူတို့ တာဝန်…..😜

01/12/2021

Hello Foodies 🥰
ဆိုင်မှာ အရောင်းရဆုံးဖြစ်နေတဲ့ အကင်ကို ငါးစားနဲ့သုပ်ပေးတာလေး
အကင်ဘယ်လောက်ဖိုးဝယ်ဝယ် (Free)သုပ်ပေးပါတယ်နော်
ဖြိုးမြတ်ဟိန်း စားဖိုမှုးကြီး စေတနာကောင်းတာ သိတယ်ဟုတ်…….😉

24/11/2021

ကဲလာပြီဗျာ………😬
ညပိုင်လေး အစားပို့စ်နဲ့ နှိပ်စက်ပစ်မယ်😌

ပုံလေးကို ကြည့်လိုက် အကင်လေးတွေကို ငါးစာနဲ့သုပ်ပေးထားတာ ရှူးရှဲလေး😋

22/11/2021

ဖြိုးမြတ်ဟိန်းရဲ့ ပါလေကာ မန်းကျည်းချဉ်လေး 😋

အကင်တွေရဲ့အသက်က အချဉ်ဖြစ်ပါတယ်နော်

အချဉ်လေးကောင်းနေရင် အကင်နဲ့မှ မဟုတ်ဘူး မင်မင်ဆိုရင် ထမင်းနဲ့ရော အာလူးကြော်နဲ့ရော တို့စားလို့ရတဲ့အစားမှန်သမျှ ဒီအချဉ်လေးနဲ့တို့စားနေတာ😅

ဖြိုးမြတ်ဟိန်းဆိုင်မှာစားဖူးသူတိုင်း မန်းကျည်းချဉ်လေးကို ကြိုက်လို့ဆိုတဲ့ အသံလေးတွေကြားတိုင်း မင်မင်တို့ရဲ့ စာဖိုမှူးကြီးက ပီတိအပြုံးတွေဝေလို့…..🥰

21/11/2021

အကင်တွေကို အရင်ကထက် ပိုပြီးစုံအောင် မင်မင်ကြိုးစားပေးထားပါတယ်😍

နောက်ထပ်လဲ ဒီ့ထက်ပိုစုံအောင် စားသုံးသူတို့ရဲ့ လိုအပ်ချက်တွေကို ကြိုးစားပြီးထပ်ဖြည့်ပေးသွားပါအုံးမယ်နော် 🥰

အားပေးသူတစ်ဦးတစ်ယောက်ဆီတိုင်းကို ကျေးဇူးတင်လျက်ပါ 😘

21/11/2021

ကိုယ့်အလုပ်ကို ချစ်ပါ...
ကိုယ့်အလုပ်က ဝင်ငွေနည်းသည်ဖြစ်စေ၊
များသည်ဖြစ်စေ တန်ဖိုးထားပြီး ဂုဏ်ယူပါ။
စျေးရောင်းခြင်း၊စက်ချုပ်ခြင်း၊အစားအသောက်
ချက်ရောင်းခြင်း၊စာသင်စားခြင်း၊အထည်ချုပ်
လုပ်ခြင်း အစရှိသည့် ဘယ်အလုပ်မဆို
ကိုယ်အားသန်ရာ အလုပ်မှာ ကိုယ့်လုပ်ရမယ့်
တာဝန်ကို ပြီးမြောက်အောင်လုပ်ပါ။
အဓိက သမ္မာအာဇီဝ အလုပ်လေးတော့
ဖြစ်နေပါစေကွယ်။သမ္မာအာဇီဝဆိုတာ
ကိုယ်ချွေးနည်းစာနဲ့ရှားလို့ရသော ဝင်ငွေဖြစ်ပြီး
ဝယ်သူဆီက မတရားအမြတ်တွေစားပြီး
ဂုတ်သွေးစုပ်တာကို ပြောတာ မဟုတ်ပါ။

အလုပ်လုပ်ပြီဆိုမှတော့ စိတ်ဖိစီးမှု၊စိတ်ဓာတ်ကျမှု၊အရှုံးပေါတာတို့ အခက်အခဲပေါင်းများ
စွာကြုံရမည်။ခုရေတွင်းတူး ခုချက်ခြင်း
ရေကြည်တော့ ဘယ်သောက်လို့ရမလဲကွယ်။
အချိန်ပေးရသလို ရင်းနှီးမြုပ်နှံများစွာ
ပေးဆပ်ရသည်။သူများထက် ပိုအောင်မြင်ချင်ရင်
သူများအိပ်နေချိန်၊စားနေချိန်ကိုယ်ဟာ
အဆပေါင်းများစွာ ကြိုးစားနေရမည်။
(ကိုယ့်သိတဲ့ ညီမလေးတစ်ယောက်
အသက်က၁၉နှစ်သာသာပဲ အလုပ်တအား
တော်ပြီး တစ်လတစ်လ သူ့ဝင်ငွေ မနည်းပါ။
သူနဲ့စကားပြောဖြစ်တိုင်း ကိုယ်ကအားကျ
မိကြောင်း အမြဲပြောဖြစ်သည်။)

ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု
အမြဲရှိချင်ရင် အလုပ်အမြဲလုပ်နေပါ။
ဘယ်အလုပ်မဆို စစခြင်းအင်မတန်
ခက်ခဲသလို ဆက်ပြီးမလုပ်ချင်လာအောင်
သင့်စိတ်ကိုခံစားစေတတ်သေးသည်။
အဓိက စိတ်ဓာတ်လုံးဝမကျဘဲ ဆက်ပြီး
ကြိုးစားနေပေးပါ။တစ်နေ့နေ့တော့ ကိုယ်နေရာ
တစ်ခုရလာလိမ့်မည်။ကိုယ်ကြိုးစားခဲ့တာတွေ
အရာထင်ပါလိမ့်မည်...။

𝑫𝒐𝒏'𝒕 𝒍𝒐𝒔𝒆 𝒚𝒐𝒖𝒓 𝒄𝒐𝒏𝒇𝒊𝒅𝒆𝒏𝒕,𝒊𝒕
𝒄𝒂𝒏 𝒎𝒂𝒌𝒆 𝒚𝒐𝒖 𝒔𝒖𝒄𝒄𝒆𝒔𝒔 𝒊𝒏 𝒚𝒐𝒖𝒓 𝒍𝒊𝒇𝒆.🎉

ချစ်ခြင်းများစွာဖြင့်,💜
နူးနူးအောင်
27th October,21

Photo- Credit to the rightful owners

20/11/2021

သေးသေးလေးကနေစဖို့ ဘယ်တော့မှမရှက်ပါနဲ့
သေးသေးလေးကနေ အကြီးဆုံးဖြစ်ဖို့ကအဓိကပါ

ကိုယ်လုပ်နေတဲ့လုပ်ငန်းက
သေးသည်ဖြစ်စေ ကြီးသည်ဖြစ်စေတန်ဖိုးထားပါ

အောင်မြင်မှုဆိုတာ အလကားရတဲ့အရာမဟုတ်ပါဘူး
လမ်းကြုံလို့ ဝင်လာတယ်ဆိုတာမျိုးလဲမရှိပါဘူး
မိမိကြိုးစားမှကြိုးစားသလိုဖြစ်လာမှာပါ

ကိုယ့်လုပ်ငန်းကသေးငယ်သေးတယ်ဆိုပီး
ဘယ်တော့မှမရှက်ပါနဲ့

အောင်မြင်မှုဟာ ကြိုးစားနေတဲ့လူတိုင်းလူတိုင်းဆီကို
တစ်နေ့တော့ရောက်လာမှာပါ

ကျရှုံးတိုင်းလဲစိတ်မညစ်ပါနဲ့
လဲကျတိုင်းပြန်ထပါ အမှားတွေကနေသင်ခန်းစာယူပါ
ဘယ်တော့မှစိတ်ဓာတ်မကျပါနဲ့

အရေးအကြီးဆုံးအချက်က
ကိုယ့်ကိုယ်ကိုယုံကြည်မှုရှိပါ လုပ်ငန်းကိုတန်ဖိုးထားပါ
လဲကျတိုင်းအမှားတွေကနေသင်ခန်းစာယူပါ ။

Want your restaurant to be the top-listed Restaurant in Mandalay?
Click here to claim your Sponsored Listing.

Videos (show all)

နေ့လည်စာကို ထမင်းပူပူလေးရယ် အကင်သုပ်ချဉ်ချဉ်စပ်စပ်လေးရယ်နဲ့ စားမလား❓ညနေပိုင်း အစာပြေ အကင်သုပ်လေးချည်းစားမလား❓ဘယ်လိုစားစာ...
ဖြိုးမြတ်ဟိန်းဆိုင် မှ 👉မာလာဟင်း👉မာလာယံယံ👉ငါးကင်နှင့်👉အကင်မျိုးစုံကို လာရောက်အားပေးဖို့ ဖိတ်ခေါ်ပါတယ်စားချင်တဲ့ အကင်လေးတ...
Customer order လေး အကင်အစုံကို 4,000/- ဖိုးသုပ်ပေးထားတာ 🤓ဘုရားစူး 4,000/- ဖိုးနော် ဖော့ဘူး(၂)ဘူးရတယ်😯အစားပုပ်လေးတွေ (၃)ယ...
အကင်တွေကို အရင်ကထက် ပိုပြီးစုံအောင် မင်မင်ကြိုးစားပေးထားပါတယ်😍နောက်ထပ်လဲ ဒီ့ထက်ပိုစုံအောင် စားသုံးသူတို့ရဲ့ လိုအပ်ချက်တွ...
PLove တို့အားပေးနေတဲ့ မင်မင့်ဆိုင်လေးက **လူမျိုးမရွေး ဘာသာမရွေး**စားသုံး လို့ရတဲ့ဆိုင်လေးဆိုတာရော သိပြီးကြပြီလား… 🤗👉မှန်...
မင်မင်က မာလာအနှစ်လေးတွေကို ဆီသန့်သန့်နဲ့ ကိုယ်တိုင်ချက်ပါတယ်ဗျာ……😊PLove လေးတွေအတွက် ကျန်းမာရေးနဲ့ ညီညွှတ်ပြီး သန့်ရှင်းလ...
Line လေးကျသွားလို့ပါ ပြန် Join ပေးကြပါနော်
ကံစမ်းမဲဖောက်ပေးမယ့် Live လေးလာပါပြီဗျာ 🤩

Telephone

Website

Address

89 Street/24×25
Mandalay
PMH

Opening Hours

Monday 11:00 - 20:30
Tuesday 11:00 - 20:30
Wednesday 11:00 - 20:30
Thursday 11:00 - 20:30
Friday 11:00 - 20:30
Saturday 11:00 - 20:30
Sunday 11:00 - 20:30

Other Fast Food Restaurants in Mandalay (show all)
The Chicken Kitchen The Chicken Kitchen
28th, Bet 74th*75th
Mandalay

Mandalay newest & best family friendly restaurant. We specialized on chicken dishes.

MDY Heart MDY Heart
Mandalay

အောင် ဂဏန်းချက် အောင် ဂဏန်းချက်
25*26, 90*91
Mandalay

online service

Kookie Fried Chicken & Ice-cream Kookie Fried Chicken & Ice-cream
Corner Of 69th Street & 38th Street
Mandalay, 05032

A refreshment on the go

Hlaing’s KimChi 한국의 김치 ဂင်မ်ချီ Hlaing’s KimChi 한국의 김치 ဂင်မ်ချီ
Mandalay, 05071

သဘာဝကုန်ကြမ်းပစ္စည်းများကိုသာအဓိကအသုံးပြုထားသောကြောင့်လူမျိုးဘာသာမရွေးစားသုံးနိုင်ပါတယ်ရှင်❣️

Benhur Cafe Benhur Cafe
51* 110 ထောင့် ချမ်မြသာစည်မြို့နယ် , မန်းတလေး
Mandalay

Ji Wei Duo Ji Wei Duo
33 Street Bet 77 & 78 . No. 8 .
Mandalay, 05024

你们的满意就是对我们最大的肯定!

စည်တော်ကြီး - ပုရစ်ကြော် စည်တော်ကြီး - ပုရစ်ကြော်
86လမ်းနှင့်ကန်တော်ကြီးပတ်လမ်းမီးပိွုင့်အနောက်ဖက်
Mandalay, 05011

စည်တော်ကြီးပုရစ်​ကြော်ဆိုင်စားသောက်ကုန်လုပ်ငန်း

ရွှေလက်ရာ -မုန့်ဟင်းခါး  မြို့သစ် ၆၈လမ်း ရွှေလက်ရာ -မုန့်ဟင်းခါး မြို့သစ် ၆၈လမ်း
68th Street/Between (107th Street ×108th Street)
Mandalay

မုန့်ဟင်းခါး/မုန့်တီ/အုန်းနို့ခေါက?

ရွှေလက်ဆုံ မုန့်ဟင်းခါး ရွှေလက်ဆုံ မုန့်ဟင်းခါး
63လမ်း၊ 20×21 လမ်းကြား ၊ နန်းရှေ့။
Mandalay, 05011

Phaingmemezaw Phaingmemezaw
Y. K. K(3)
Mandalay

🍱🥟🥘🍟🍕🥪🥙🍜🍙🍨🍦🍥🍘🍣🍛🍲