Daily Care - The Bamboo Accessories shop
You may also like
Bamboo accessories shop
နှစ်စဉ်နှစ်တိုင်းရဲ့ ဇွန်လ တတိယပတ် တနင်္ဂနွေနေ့ဟာ “အဖေများနေ့” ဖြစ်ပါတယ်။
အဖေများနေ့မှာ ကမ္ဘာပေါ်မှာရှိတဲ့ ဖခင်များအားလုံး
ကျန်းမာပျော်ရွှင်ချမ်းမြေ့ကြပါစေလို့ဆုတောင်းရင်း
Daliy Care မိသားစုမှ ဖခင်များနေ့အား ဂုဏ်ပြုကြိုဆိုလိုက်ပါတယ်ရှင်...
အားလုံးပဲ ကိုယ်ရဲ့အဖေနဲ့အတူအကောင်းမွန်ဆုံးအလှပဆုံး
အမှတ်တရတွေပိုင်ဆိုင်ရရှိနိုင်ကြပါစေနော်
သဘာဝရဲ့ ဝါးမီးသွေးလေသန့်စင်အိတ်
သဘာဝအတိုင်းသန့်စင်တဲ့လေကို နေ့စဉ်စိတ်လိုလက်ရရှုရှိုက်နိုင်ဖို့
လေသန့်စက်တွေ တပ်ဆင်တာက ကုန်ကျစရိတ်လည်းများ
နေရာလည်း ယူတယ်ဆိုရင်....🙅♀️
ပတ်ဝန်းကျင်ရဲ့လေကို သဘာဝအတိုင်းသန့်စင်ပေးတဲ့
Zhuzhen ရဲ့ ဝါးမီးသွေးလေသန့်စင်အိတ်ကိုသာ သုံးပြီးဖြေရှင်းလိုက်ပါနော်🙆♀️
အနံ့ဆိုးတွေကို စစ်ထုတ်ဖို့အတွက်
🟢အခန်းထဲလား?
🟢မီးဖိုချောင်မှာလား?
🟢ကားထဲလား?
ဒီလိုနေရာနေရာတွေမှာသာမကပဲ
🟢ရေခဲသေတ္တာထဲရော သန့်စင်ခန်းထဲမှာပါထားလို့ရတာကြောင့်
နေရာစုံမှာ စိတ်တိုင်းကျအသုံးပြုလို့ရနိုင်ပါတယ်နော်💯🤩
ဈေးနှုန်းလေးကလည်း တစ်ထုပ်မှ
💸 8000 ကျပ် သာ ကျသင့်ပါတယ်ရှင်
Chat box မှတဆင့်သော်လည်းကောင်း
📞092018177
သို့လည်း ဆက်သွယ်၍မှာယူနိုင်ပါတယ်
International Mother's Day တွင် ကမ္ဘာတစ်ဝန်းလုံးရှိ မိခင်များအားလုံး ကျန်းမာပျော်ရွှင်ကြပါစေကြောင်း Daily Care မိသားစုမှ ဆုတောင်းမေတ္တာပို့သလိုက်ပါတယ်..🥰
အားလုံးပဲအမေများနေ့မှာ ကိုယ့်ရဲ့ချစ်ရတဲ့အမေနဲ့အတူ ပျော်ရွှင်ဖွယ်အမှတ်တရလေးများ
ဖန်တီးနိုင်ကြပါစေနော်💚
2ဆများလည်း 1လုံးပဲ
အဝတ်လျှော်တဲ့အခါတွေမှာ
အဝတ်တွေများလို့ ဆပ်ပြာမှုန့်ပမာဏ
ဘယ်လောက်ထည့်ရမလဲဆိုတာမျိုး
တိုင်းဆရခက်တာမျိုးရှိကြဖူးတယ်မလား။
Zuzhen ရဲ့ အဝတ်လျှော်ဆပ်ပြာလုံးကတော့
အဲ့ဒီလိုပြဿနာတွေ ကြုံတွေ့ရမှာ မပူရတော့ပါဘူး။ တစ်ခါလျှော်တဲ့အခါ တစ်လုံးလောက်သုံးရုံနဲ့ အဝတ်အစားတွေမှာ အညစ်အကြေးကင်းစင်ပြီး သင်းပျံ့တဲ့ရနံ့ကိုစွဲထင်စေမှာပဲဖြစ်ပါတယ်။
5 in 1 ပါဝင်တာကြောင့်
၁။ သန့်စင်နိုင်သော အစွမ်းပိုမိုမြင့်မားခြင်း
(သွေးစွန်း ၊ ဆီစွန်း ၊ အစွန်းအထင်းများ ဖယ်ရှားပေးခြင်း)
၂။ အမြှုပ်အနည်းငယ်သာ ထွက်သဖြင့် ရေကိုချွေတာစေခြင်း
၃။ သဘာဝ ဝါးအဆီအနှစ်ဖြစ်သောကြောင့် လက်ကိုမထိခိုက်စေခြင်း
၄။ သင်းပျံ့လတ်ဆတ်သော အနံ့ရှိခြင်း
၅။ ရေ၏ PH ပါဝင်မှုကိုညီမျှစေသဖြင့် အဝတ်အထည် အရောင်အသွေးမကျအောင် ကာကွယ်ပေးခြင်း
၆။ အတွန့်အကြေကြောင်းများကို လျှော့ချပေးပြီး မီးပူတိုက်ရလွယ်ခြင်း
၇။ Batteria ပိုးမွှားများကို 99.9% သန့်စင်ပေးခြင်း စသဖြင့်
အကျိုးကျေးဇူးများရရှိစေမှာဖြစ်ပါတယ်
20 ပါ တစ်ဘူးကို 20000 ကျပ်ပဲကျသင့်မှာဖြစ်လို့ အခုပဲမှာယူလိုက်တော့နော်
မှာယူလိုပါက
092018177 ကို ဆက်သွယ်မှာယူနိုင်ပါတယ်ရှင်
Page messenger မှလည်း မှာယူနိုင်ပါတယ်။
Cholesterol ဓာတ်ဆိုတာ ကျွန်တော်တို့ ခန္ဓာကိုယ်ထဲက Cell တွေအတွက် မဖြစ်မနေလိုအပ်ပေမဲ့
အရမ်းလွန်ကဲလို့မရပါဘူး ❗
ဒီလို Cholesterol လွန်ကဲလာတဲ့အခါ ခန္ဓာကိုယ်ထဲမှာ အဆီတွေဖြစ်ပေါ်လာပြီး
🔸နှလုံးရောဂါတွေ
🔸သွေးတွင်းအဆီ များတာတွေဖြစ်ပေါ်စေတတ်ပါတယ်
Cholesterol ဓာတ်ကိုထိန်းညှိရာမှာ Chromium picolinate နဲ့ Steviol glycosides ဓာတ်နှစ်မျိုးကို
အသုံးပြုပြီး ထိန်းညှိလို့ရပါတယ် ✅
Chromium picolinate ဆိုတာ
◼️Chemical Compound ဖြစ်ပြီး Blood Sugar level နဲ့ Weight Management အတွက် အရမ်းအသုံးဝင်ပါတယ်
◼️Cholesterol levels ကိုလည်းထိန်းညှိပေးနိုင်လို့ မလိုလားအပ်တဲ့ရောဂါတွေဖြစ်ခြင်းမှ
ကာကွယ်ပေးနိုင်ပါတယ်
Steviol glycosides ဆိုတာ
◼️Stevia ဆိုတဲ့ သဘာဝအပင်မှရရှိတဲ့ Natural Compound တစ်ခုဖြစ်ပြီး sucrose (Table Sugar) ထက်
ပိုချိုတဲ့အရသာရှိတဲ့အတွက် အစားသောက်တွေမှာအသုံးပြုကြပါတယ်
◼️ချိုတဲ့အရသာဆိုပေမဲ့ ပါဝင်တဲ့ Calories ဟာအရမ်းနဲပြီး Chromium picolinate နည်းတူ
Blood Sugar Level နဲ့ Cholesterol levels ကိုထိန်းညှိပေးပါတယ်
Permsuk Coffee ရဲ့ ၂၉ မျိုး သဘာဝပါဝင်ပစ္စည်းတွေထဲမှာ Chromium picolinate နဲ့ Steviol glycosides ဓာတ်နှစ်မျိုးစလုံးပါဝင်တဲ့အတွက်
အဆီကျ လှပတဲ့ ခန္ဓာကိုယ်လေးရဖို့ ကျန်းမာတဲ့ ဘဝရရှိစေဖို့ အထောက်အကူပြုမှာ အသေချာပါပဲ 😊
သူက လုံးဝသဘာဝဖြစ်တဲ့အတွက် အမြှုပ်တော့ အများကြီးမထွက်ပါဘူး။ ဒါပေမယ့် နှစ်ကြိမ်လောက်မျက်နှာသစ်ပြီးတာနဲ့ကို ထူးခြားပါတယ်။
သူ့ရဲ့ အဓိကအားသာချက်ကတော့ အစက်အပျောက်တွေနဲ့ အဖုအပိမ့်တွေကို ကောင်းကောင်းဖြေရှင်းပေးနိုင်တာပါ။
နောက်တခုက သာမန်ဆပ်ပြာတွေဟာ အသုံးပြုလိုက်ရင် အရေပြားက ရေဓာတ်ကို ဆုံးရှုံးစေပြီး သူက ရေဓာတ်ဆုံးရှုံးမှုကို လုံးဝမဖြစ်စေပါဘူး
လုံးဝကောင်းပါတယ် ဝါးမီးသွေးက ပိုးသတ်တဲ့ အာနိသင်ပါတာပါ။
ဝါးမီးသွေးက အရေပြားအပေါ်ယံအလွှာကို ထိန်းသိမ်းပြုပြင်ပေးနိုင်တယ်။ သူ့ထဲပါတဲ့ နို့နဲ့ အုန်းဆီက အစိုဓာတ်ကို ထိန်းပေးပြီး အသားအရေ ကို နူးညံ့ချောမွေ့စေပါတယ်။
ဘယ်ဆပ်ပြာမဆို မျက်နှာသစ်ပြီးရင် သူ့ဟာသူ ရေအခြောက်ခံပြီး လက်နဲ့စမ်းကြည့် ကြမ်းသလိုဖြစ်ရင် မသုံးနဲ့
ဝါးမီးသွေးကိုလဲ မျက်နှာသစ်ပြီးရင် အဲ့ဒီလို စမ်းကြည့် serum လိမ်းထားသလို အိအိလေးဖြစ်နေလိမ့်မယ်။
Price 8000KS
ဝါးရွက်အဆီကနေထုတ်လုပ်တဲ့ 5in1.LaundryCapsules
မွှေးရနံ့သင်းသင်းနဲ့ ပိုးသတ်ပေးတဲ့ ဆပ်ပြာဂျယ်လေးတွေပါ။
အထုပ်သေးလေးတစ်ထုပ်က အထည်၂၀လောက်လျှော်လို့ရပါတယ်။ အိပ်ယာခင်း၊ ခြင်ထောင်၊ ခေါင်းအုံး/ဖက်လုံးစွပ် လျှော်ထားရင် မွှေးပြီးနှစ်ခြိုက်စွာအိပ်လို့ကောင်းတာပေါ့။
အဝတ်တွေလျှော်ရင်လည်း
အမွှေးရည်သီးသန့် သုံးစရာမလို အထည်မဆွေး ရနံ့အေးနဲ့ ပိုးသတ်ပေးတဲ့ ဆပ်ပြာဂျယ်လေးတွေပါ။
ဖောက်စရာမလို အထုပ်လိုက်ထဲ့ရုံပါဘဲ။
အထုပ်သေး ၂၀ ပါ တစ်ဗူး ၂၀၀၀၀ကျပ်ပါ။
သီတင်းကျွတ်အခါသမယ ထူးထူးဆန်းဆန်း ပစ္စည်းကောင်း စျေးတန်တန်လေးနဲ့ ကန်တော့လို့ရတာပေါ့။
Ph-092018177/09444045679
လေထု ညစ်ညမ်းမှူတွေကြောင့်ပဲဖြစ်ဖြစ် ဘက်တီးရီးယားတွေကြောင့်ပဲဖြစ်ဖြစ် တခါတလေမှာ နှာခေါင်းယားယံပြီး နှာချေတွေ ခနခနဖြစ်လာတာကြုံဖူးကြမှာပါ..
ဒီလိုမျိူးတွေကင်းဝေးဖို့ဆိုရင် မိမိရှုရှိုက်ရတဲ့ လေကလည်း သန့်စင်ဖို့လိုအပ်ပါတယ်။ ဒီလိုပတ်၀န်းကျင်က အနံပေါင်းစုံရနေတာကို သန့်စင်ဖို့ဆိုရင် ဇူကျိန်းရဲ့ ဝါးမီးသွေး လေသန့်စင်အိတ်သုံးပြီး ဖြေရှင်းလိုက်ပါ။
☑️ လေသန့်စင်အိတ်ကို အိမ်မှာပဲထားမလား
☑️ ကားထဲမှာပဲ ထားမလား
☑️ အိပ်ခန်းထဲပဲထားထား
☑️ မီးဖိုချောင်ထဲပဲ ထားထား အေးဆေးနော်..
စျေးနှုန်းကလည်း ၁ ထုပ်ကိုမှ ၇၅၀၀ ဆိုတော့ ဘာလိုသေးလဲနော်..ကျန်းမာခြင်းသည် လာဘ်တပါးဆိုသည့် အတိုင်း ကိုယ်ကျန်းမာမှ စိတ်ချမ်းသာစေမှာပါ..
ဒါကြောင့် မိမိတို့ရဲ့ကျန်းမာရေးကိုလည်း ဂရုပြုဖို့ ဇူကျိန်း ဝါးမီးသွေး လေသန့်စင်အိတ် ကိုအခုပဲသုံးလိုက်ပါ...
# 09 2018177
သင့်အတွက် ဝါးကမ္ဘာမှ အလှအပလက်ဆောင်
ဝါးမီးသွေးမျက်နှာသစ်ဆပ်ပြာ
♥️ အရေပြားပေါ်က ဆဲလ်အသေတွေကိုဖယ်ရှားပေးခြင်း ၊ အမဲစက် ၊ နေလောင်ဒဏ်၊ တင်းတိပ် ၊ မှဲ့ခြောက်များကို ဖယ်ရှားပေးခြင်း
♥️အသားအရေကို နူးညံ့ ၊ ချောမွေ့ ၊ ကြည်လင်စေခြင်း
♥️ အဆီပြန်ခြင်း နှင့် ဝက်ခြံစသည့် အဖုအပိမ့်များကို ဖယ်ရှားပေးခြင်း
♥️Activated Carbon ဖြစ်ခြင်းကြောင့် သဘာဝအတိုင်းဖြစ်ပြီး အသားအရေကို ထိခိုက်မှုမရှိစေခြင်း
♥️Bamboo Charcoal + Milk formula ဖြစ်သောကြောင့် သင့်အသားအရေကို နုပျိုတင်းရင်းစေပြီး နူးညံ့ချောမွေ့စေပါမည်။
♥️ဝါးမီးသွေးက ပိုးလဲသတ်ပေးတယ်နော် 🦠🦠🦠
ဝါးပင်တွေဟာ ကမ္ဘာ့အဖိုးတန်ဆုံး အပင်တွေထဲက တစ်ခုပါ 🎋
ရှေးတရုတ်ဆေးကျမ်းတွေမှာ 🎋ဝါးကို အထူးအစွမ်းမြင့် သဘာ၀ဆေးတစ်မျိုးသဖွယ် ရေးသားပြုစုထားတာကို တွေ့ရပါတယ်. တရုတ်နိုင်ငံ ရှန်ဟိုင်းမြို့မှ Shanghai First People's Hospital ရဲ့ လက်တွေ့ဆေးကုသမှု အထောက်အထားတွေမှာ ဝါးရွက်မှာ ပါတဲ့ Flavone ဓာတ်ဟာ
🎋 Free Radical ကို ဖြစ်စေတဲ့ အောက်ဆီဂျင်လှုံ့ဆော်မှု အမျိုးမျိုးကို ကောင်းစွာရှင်းထုတ်နိုင်ခြင်း
🎋 အဆီစုဝေးမှုကို ထိန်းချုပ်ဟန့်တားနိုင်ခြင်း
🎋 သွေးကြောသန့်စင်နိုင်မှုကြောင့် နှလုံးသွေးကြောအန္တရာယ်များမှ ကာကွယ်နိုင်ခြင်း စတဲ့ အကျိုးရလဒ်တွေ ရှိကြောင်း လေ့လာတွေ့ရှိရပါတယ်.
ဒါ့အပြင် ဝါးရွက်ဟာ ကိုယ်ခံစွမ်းအားစနစ်ကောင်းစေပြီး ရောဂါပိုးမွှားတွေကို တားဆီးနိုင်ခြင်းနဲ့အတူ တရုတ်ဇီးသီး ဂျင်း Medlar ကြာရွက် ဆေးဖက်၀င်နွယ်ပင်နဲ့ ပျားရည်တွေလို အခြား ဆေးဖက်၀င်ပင်များနဲ့လည်း ရောစပ်သုံးနိုင်ပါသေးတယ်...
ဝါးရွက်ဟာ လူကို မထိခိုက်စေတဲ့ သဘာ၀ပစ္စည်းဖြစ်တာနဲ့အညီ ဇီဝကမ္မလုပ်ဆောင်ချက်တွေကို အားပေးတဲ့ ကျန်းမာဓာတ်စာအဖြစ် အခုအချိန်ထိ သုံးစွဲလျက်ရှိကြဆဲ ဖြစ်ပါတယ်...
တစ်ချက်ခါ နှစ်ခါဝဲမယ့် ဆံသားလေးအတွက် 👩🦰
ဆံပင်ကောင်းလိုက်တာ 🤩
ဆံပင်လေးက ပျော့နေတာပဲ ဆိုပြီး လူတကာ ဘာကြောင့် ငေးရတာပါလိမ့်။
အကောင်းဆုံး သဘာ၀ ပစ္စည်း (ဥပမာ - ဝါး) လိုမျိုးတွေ ပါ၀င်လို့သာ ဒီလို ဆံသားကောင်းကောင်းကို ပိုင်ဆိုင်နေရတာပေါ့။ ဆန်းဆန်းတင့်တွေအတွက်ပါ သင့်တော်တဲ့ ဝါးအဆီအနှစ်ပါ Shampoo & Conditioner မျိုး ရှာနေတာဆိုရင်တော့ Zhuzhen ရှိတယ်နော်။
✔️ဆံသားနူးညံ့တယ်
✔️ ဗောက်လုံး၀ရှင်းတယ်
✔️ ပျက်စီးဆံသားအတွက် အားဖြည့်ပေးတယ်
ဒီလို အကြောင်းအချက်တွေကြောင့်မို့ ဇူကျိန်း ဝါးအဆီအနှစ်အခြေခံ Shampoo & Conditioner က လူကြိုက်များနေရတာပေါ့။
သန့်ရှင်းတဲ့ ဦးရေပြား ဥပါဒ်ကင်းတဲ့ ဆံသားထိန်းသိမ်းမှုကို ပိုင်ဆိုင်ဖို့ မြန်မာငွေ ၃၆၀၀၀ ရှိရုံနဲ့ ထိန်းသိမ်းနိုင်ပြီမို့ ဇူကျိန်း Shampoo & Conditioner ကိုသာ အပိုင်သိမ်းလိုက်တော့နော်။
09 2018177
09772018177
ရာသီဥတုပူတာနဲ့ ပွချင်လာရော
အင်္ကျီပြောပါတယ်။ 😂
လွတ်လွတ်လပ်လပ်ပဲကြိုက်တဲ့ အမျိုးသား အမျိုးသမီးတွေအတွက် ရည်ရွယ်ပြီး ဒီရာသီဥတုနဲ့လိုက်မယ့် ဝါးသားအင်္ကျီလေးတွေ Zhuzhen မှာ ၀ယ်ယူနိုင်ပါပြီ။ 🥳
ပုံမှန် S,M Size တွေအပြင် , L to # # Size အထိ ထုတ်ထားလို့ ဆိုဒ်ပြည့်ဂိုက်ပြည့် အမျိုးသားတွေအတွက်လည်း အိုကေ အမျိုးသမီးတွေဆိုရင်တလည်း Shorts Jeans လေးနဲ့ တွဲ၀တ်မလား အထူးစပါယ်ရှယ်ပဲပေါ့။ ဝါးကနေအခြေခံထားတဲ့အတွက် အသားမအေးမှာ လုံး၀မစိုးရိမ်နဲ့တော့နော်။
Zhuzhen အင်္ကျီနဲ့သာဆို နေပူလည်း ချွေးမထွက်ဘဲ အေးဆေးလျှောက်လည်နိုင်ပြီပေါ့။ Couple ၀တ်ချင်လည်းရတယ်ဆိုတော့ မိုက်စ်နေပြီနော်..
09 2018177
09772018177
Price 20000ks
အမျိုးသမီးများရဲ့ တစ်ကိုယ်တစ်ရည် တစ်ကာယ ကျန်းမာရေးကို ပညာရှင်တွေက ဒုတိယ မျက်နှာလို့ သတ်မှတ်ကြပါတယ်။
မျက်နှာ တမျှ အရေးတကြီး ထိန်းသိမ်းရသလို၊ မျက်နှာလိုပဲ နေ့စဥ် ထိန်းသိမ်းမှု ပုံမှန်လုပ်ကြရလို့ပါ။ ခေတ်အမျိုးသမီးတိုင်းဟာ မျက်နှာကို သေချာဂရုစိုက်ကြတာတွေရှိသလို၊ တစ်ကိုယ်ရည်တစ်ကာယ ခန္ဓာ - ဒုတိယမျက်နှာကိုလည်း အမျိုးသမီးတိုင်း အလေးထား ထိန်းသိမ်းလာကြပါပြီ။
ဘယ်လိုထိန်းသိမ်းကြသလဲ...Daily Pad သုံးစွဲခြင်းနဲ့ပါ....ဓမ္မတာလာတဲ့အချိန်မှမဟုတ်ပဲ အမြဲတမ်းအတွက် နေ့စဥ် Pad သုံးစွဲခြင်း၊ ကပ်ခြင်းပါ။
Daily Pad တွေကို သုံးစွဲရင် ကိုယ်ခန္ဓာအတွက်ရော...စိတ်အတွက်ပါ ကျန်းမာသန်စွမ်းမှုတွေကို လက်တွေ့ရစေပါတယ်။
အမျိုးသမီးများ လှုပ်ရှားသွားလာတဲ့အခါ စိုးရိမ်မှု မရှိစေပဲ တနေကုန် လန်းဆန်းနေစေပါတယ်။
မိမိကိုယ်မိမိ အခြေအနေတိုင်းမှာ ယုံကြည်စိတ်ချ လုံခြုံမှု အပြည့်ရှိစေပါတယ်။
အမျိုးသမီးများ အကြောက်ရဆုံး ပြဿနာ “မမျှော်လင့်ပဲ ဓမ္မတာလာခြင်း” ကို ကာကွယ်ပေးပါတယ်။
တစ်ကိုယ်ရေ သန့်ရှင်းမှုကို အားပေးပြီး အတွင်းခံအဝတ်တွေ စိုစွတ်မှုမှ ကာကွယ်ပေးသလို ခြောက်သွေ့ သန့်ရှင်းနေစေကာ အနံ့အသက်လဲ ကင်းစေပါတယ်။
ကျန်းမာရေးအားနည်းချက်ရှိသူတွေ လှုပ်ရှား အားကစားလုပ်ရင်း ဆီးထွက်တာ ချွေးထွက်တာမျိုးတွေ အသက်အရွယ် ရလာသူတွေ ယိုစိမ့်တာတွေကို ကာကွယ်ပြီးသားဖြစ်စေပါတယ်။
အရေးပေါ်ကိစ္စတွေဖြစ်တဲ့ အများသုံးအိမ်သာ သုံးရတဲ့အခါ ရေမသန့်တဲ့အခါ ခရီးထွက်တဲ့အခါ တစ်ရှူးမရှိတဲ့အခါ သန့်စင်ဖို့ခက်ခဲရင် Pad နဲ့ဆို အရမ်းအသုံးဝင်ပါတယ်။ လဲလှယ်လိုက်ရုံနဲ့
အခုလို ပြဿနာတွေကိုဖြေရှင်းပြီးသားပါ။
Daily Pad ကို ဘယ်သူတွေ ကပ်သင့်ပါသလဲ...?
✅ အရွယ်ရောက်ပြီး အမျိုးသမီးတွေ
✅ ကိုယ်ဝန်ဆောင်တွေ
✅ အမျိုးသမီးရောဂါတွေ
✅ သွေးဆုံးပြီး အမျိုးသမီးတွေ အသုံးပြုဖို့ လိုပါတယ်။
တစ်လလောက် စမ်းကပ်ကြည့်ပါ။ လူကို သက်တောင့်သက်သာဖြစ်စေပြီးလန်းဆန်းမှု ဖြစ်နေစေပါတယ်။ မျက်နှာလှပဖို့ အကောင်းစား ပစ္စည်းတွေ သုံးသလို ဒုတိယ မျက်နှာအတွက်လည်း Pad ကပ်ပြီး Skin care သေချာလုပ်ပါ။ သင့်ကို ကျန်းမာအသက်ရှည်စေပါလိမ့်မယ်။
သုံးရမဲ့ Pad အမျိုးအစားဖြစ်တဲ့ Zhuzhen Cotton Sanitary Series ရဲ့အားသာချက်တွေကတော့-
✔️ နူးညံ့ပြီး အရည်အသွေးမြင့်တဲ့ ဝါဂွမ်းကြောင့် လေဝင်လေထွက်ကောင်းမွန်ခြင်း
✔️စုပ်ယူမှူအားကောင်းပြီး ပြန်လည်ယိုစိမ့်မှုမရှိခြင်း
✔️Bamboo Charcoal Anion Chip မှ ဘက်တီးရီးယားကို ဟန့်တားပြီး ဘေးထွက်ဆိုးကျိုးမရှိအောင် ကာကွယ်ပေးခြင်း စတဲ့ အကျိုးကျေးဇူးတွေရမှာပါ။
ပါ။
Cotton Sanitary အမျိုးသမီးလစဉ်သုံးကို နေ့သုံး၊ ညသုံး၊ နှုန်းနည်း၊ နှုန်းများဆိုပြီး ရွေးချယ်ဝယ်ယူနိုင်ပါတယ်။ Zhuzhen Cotton Sanitary Pad တစ်ထုပ်မှာ
✔️ နေ့သုံး pad အခု ၃၀ ပါ နှစ်ထုပ်
✔️ နှုန်းနည်း ၁၈ ခု ပါတစ်ထုပ်
✔️ ပုံမှန်နှုန်း ၁၆ ခု ပါတစ်ထုပ်
✔️ နှုန်းများ ၁၄ ခု ပါတစ်ထုပ်
✔️ ညသုံးအရှည် ၄ ခု ပါတစ်ထုပ် ဆိုပြီး စုစုပေါင်း ၁၁၂ ခုပါဝင်ပါတယ်။
ဒီလိုဆိုတော့ မိမိတို့ ရာသီဆင်းနှုန်းနဲ့ နေ့အလိုက် ရွေးချယ်အသုံးပြုနိုင်တော့ပိုပြီးသက်တောင့်သက်သာရှိတာပေါ့။
နေ့သုံး၊ ညသုံး မျိုးစုံစိတ်ကြိုက်သုံးလို့ရတဲ့အပြင် စုစုပေါင်း ၁၁၂ ခုတောင်ပါဝင်တဲ့ တစ်ဘူးမှ ၃၅၀၀၀ ကျပ်မို့ ချစ်တို့အတွက် အဆင်အပြေဆုံးပဲနော်။
ဒါနဲ့ အခု (၃၀) ပါ အထုပ် ၁ ထုပ်ချင်းစီကိုလည်း သီးသန့်ဝယ်ယူလို့ရပါတယ်..
သဘာဝဝါးဖြင့် ပြုလုပ်ထားသော Zhuzhen ထုတ်ကုန်များကိုဆက်သွယ်မှာယူလိုပါက
📌 Ph – 09 780690934 သို့ဖုန်းဆက်မှာယူနိုင်သလို
page cb မှတစ်ဆင့်လည်းဆက်သွယ်မှာယူနိုင်ပါတယ်ရှင်။အမြို့မြို့အနယ်နယ်မှာရှိတဲ့ ဆိုင်များရဲ့လိပ်စာကိုလည်း Page Chatbox မှတစ်ဆင့်ဆက်သွယ်စုံစမ်းနိုင်ပါတယ်။
🍀 ဘာကြောင့် ဝါးမျှင် အတွင်းခံတွေကို ရွေးချယ်ရတာလဲ???
🍀 ဘက်တီးရီးယားတွေကို သေစေတယ်။
🍀 မှိုမတက်ဘူး ၊ ဖားဥမစွဲဘူး။
🍀 အရေပြားနဲ့ ဓာတ်မတည့်တာ လုံးဝမရှိဘူး။
🍀 အပူချိန်ထိန်းညှိပေးတယ်။ (နွေမှာအေး ဆောင်းမှာနွေး)
🍀 အနံ့အသက်လုံးဝမရှိဘူး။
🍀 လေဝင်လေထွက်ကောင်းတယ်။ မတွန့်ကြေဘူး။ကြာရှည်ခံတယ်။
🙍♀️အမျိုးသမီးဝတ် ၈၀၀၀ကျပ်
🧏အမျိုးသားဝတ် ၁၀၀၀၀ကျပ်
ဆိုတော့ အရမ်းတန်တဲ့စျေးပါ။
သွားတိုက်ဆေး ဘူး (၁၀၀) ကို ၅ သိန်းနဲ့ ကိုယ်စားလှယ်ကြီးတို့ ဝယ်ယူနိုင်ပြီဗျို့📣📣📣📣
၂၀၂၃ ခုနှစ် ကူးပြောင်းခြင်း အထိမ်းအမှတ်အနေနဲ့ ချစ်ခင်ရတဲ့ ကိုယ်စားလှယ်ကြီးများအတွက် “ထူးမှ ထူး နှစ်သစ်ကူး ပရိုမိုးရှင်း” တစ်ခုကို စီစဉ်ပေးထားပါတယ်။
🤗သာမန်အချိန်မှာ ၇၅၀၀ ကျပ်တန်တဲ့ လူကြိုက်အများဆုံး Zhuzhen နေ့သုံး၊ ညသုံးသွားတိုက်ဆေးများကို အခု ဒီပို့စ်ကိုမြင်တဲ့ ကိုယ်စားလှယ်ကြီးတိုင်း ဘူး (၁၀၀) ဝယ်မယ်ဆိုရင် တစ်ဘူးကို ၅ ထောင်ကျပ်နှုန်းပဲ ကျသင့်မှာဖြစ်ပြီး ၅ သိန်းကျပ်နဲ့ ဝယ်ယူခွင့်ရရှိမှာပါ။
✅ပရိုမိုးရှင်း ရရှိဖို့ဆိုရင် ဘူး (၁၀၀) တော့ ဝယ်ယူဖို့လိုမှာဖြစ်ပြီး ဝယ်တဲ့အခါမှာ နေ့သုံး၊ ညသုံးကြိုက်နှစ်သက်ရာ အရေအတွက်ကို မျှဝေယူနိုင်မှာပါ။
အထူး ပရိုမိုးရှင်းနဲ့ ဝယ်ယူခွင့်ရဖို့ ဒီပို့စ်အောက်မှာ “ဝယ်မယ်” လို့ ကောမန့်ပေးသွားမယ်ဆို Customer Service Team က အမြန်ဆုံး ပြန်လည် ဆက်သွယ်ပေးပါလိမ့်မယ်။ 📢
Page ရဲ့ Message Box ကနေလည်းစုံစမ်းမေးမြန်းပြီး ဝယ်ယူနိုင်ပါတယ်။
ကိုယ်စားလှယ်ကြီးများအတွက် ဈေးတန်တန်နဲ့ ထူးထူးခြားခြား ပရိုးမိုးရှင်းတွေကို ပြုလုပ်ပေးသွားမှာဖြစ်လို့ ကိုယ်စားလှယ်ကြီးအချင်းချင်းသိအောင် Post လေးကို ရှယ်လုပ်ပေးခဲ့ပါဦး။
သိပြီးပြီလား ? ✍✍✍
Zhuzhen ရဲ့ ဝါးလိမ်းဆေးက လိမ်းပြီးရင် လက်ဆေးစရာမလိုဘူးဆိုတာ...?
ဆေးလိမ်းပြီးရင် လက်မဆေးချင်ကြတာ အားလုံးရဲ့ အာသီသပါ။ ရှိန်းတိန်းတိိန်းနဲ့ နေရလည်းခက်တာပေါ့။
အခုလို ဆောင်းရာသီအချိန်မှာ ကိုက်တာ၊ ခဲတာတွေအတွက် ဒဏ်ကြေ လိမ်းဆေးက နေ့တိုင်းလိမ်းနေရတော့ လိမ်းပြီးရင် လက်ဆေးရတာ အလုပ်ပိုတစ်ခုလိုဖြစ်နေတာပေါ့။
Zhuzhen သဘာဝ ဝါးလိမ်းဆေးနဲ့ဆို လိမ်းပြီးတာနဲ့ တန်းအိပ်ရာဝင်နိုင်ပါပြီ။ အသားထဲထိ စိမ့်နှံ့ပြီးဝင်သွားဖို့ အထူးစီမံထားပြီး
Roller (လှိမ့်တုံး) နဲ့ Spray (ဖြန်းဆေး) ပုံစံ နှစ်မျိုး ဝယ်နိုင်ပါတယ်။
အိပ်ခါနီး လက်ပေစရာမလို၊ ဆေးစရာမလိုပဲ လိမ်းပြီးတန်းအိပ်နိုင်ပါတယ်။ ကလေး၊ လူကြီး ကျားမ မရွေး အဆင်ပြေတဲ့ လိမ်းဆေးဖြစ်ပြီး ညလည်းကောင်းကောင်းအိပ်ပျော်စေပါတယ်။
မှာယူမယ်ဆို 📱 09 2018177
🤍Zuzhenရဲ့ နေ့သုံး၊ညသုံးနဲ့ အပီပြုံး🤍
အားလုံးရဲ့ အသည်းစွဲ zuzhen productတစ်ခုဖြစ်တဲ့ zuzhen toothpaste day/night set💁🏻♀️
Zuzhen toothpasteကို တစ်ခါသုံးပြီးတာနဲ့ ဘာလို့ဒီလောက်ကြိုက်သွားကြတာလဲ??
ဝါးရွက်အဆီနဲ့ ထုတ်လုပ်ထားတဲ့Zuzhen toothpasteနဲ့ သွားတိုက်တဲ့အခါ
✅ခံတွင်းနံ့သင်းပျံ့စေပြီး
✅သွားတွေ ဖြူဖွေးတောက်ပစေတဲ့အပြင်
✅သွားကြွေလွှာကို သန့်ရှင်းစင်ကြယ်စေတယ်
✅သွားခံတွင်း ကျန်းမာစေဖို့လည်းကာကွယ်ပေးတယ်။
ဒါတင်မကသေးပဲ ဝါးရွက်အဆီဟာ
သွားဖြူရုံသက်သက်မဟုတ် ခံတွင်းကျန်းမာရေးကောင်းလို့ နှလုံး နဲ့ အစာအိမ်အူလမ်းကြောင်းကိုပါ စောင့်ရှောက်နိုင်တယ်ဆိုရင် ဇူကျိန်းသွားတိုက်ဆေးလေးနဲ့သွားတိုက်ရတာ မတန်ဘူးလားရှင်🤗
#နေ့_၁၆နာရီခံတွင်းစောင့်ရှောက်မှု အတွက် Zuzhen toothpaste Day
#ည၈နာရီခံတွင်းစောင့်ရှောက်မှု အတွက်တော့ Zuzhen toothpaste Night
တစ်ခုချင်းစီ၀ယ်ယူလိုတယ်ဆိုရင်တော့
Each Day/Night -
Set - ကျသင့်မှာဖြစ်ပါတယ်ရှင်။
ခံတွင်းရနံ့ ရှင်းသန့်စေပြီး လင်းလက်တောက်ပတဲ့ အပြုံးတွေ ပိုင်ဆိုင်ဖို့ Zuzhen Oral Care Series ခံတွင်းကျန်းမာရေးထုတ်ကုန်ကို ၀ယ်ယူပြီး အသုံးပြုလိုက်တော့နော်🤗🤍
တစ်နေ့တာအတွင်း အချိန်များ(Circadian Rhythms and. Circadian Clock)🕰️
General Facts Sharing 2📢
ဒီတစ်ခေါက်မှာတော့ ကျွန်ေတာ်တို့ရဲ့တစ်ကိုယ်ရေကျန်းမာသန့်ရှင်းရေးနဲ့ပက်သက်လို့ တစ်နေ့တာ(၂၄နာရီ)အတွင်းမှာ ဘာတွေ လုပ်သင့်တယ်၊မလုပ်သင့်ဘူးဆိုတဲ့အချက်တွေကို sharingလုပ်ပေးသွားမှာပဲဖြစ်ပါတယ်ဗျာ။🤗
ကျွန်တော်ဖတ်ဖူးတဲ့ စာလေးတစ်ခုကနေ မှတ်မိသလောက်လေးကို ပြန်ပြင်ရေးပေးထားပါတယ်။
နံနက်ပိုင်း🌇
-၅နာရီမှ၇နာရီအချိန်တွင်းဟာ အူမကြီးအလုပ်လုပ်ချိန်ဖြစ်လို့
✅တစ်ရေးနိုးအိပ်ယာထ၊ရေတစ်ခွက်အ၀သောက်ပြီး ပုံမှန်၀မ်းသွားပေးသင့်ပါတယ်။
✅ပုံမှန်မသွားဘူးဆိုရင် ဒါက အူမကြီးညှစ်အားနည်းနေတဲ့အတွက်ကြောင့်ဖြစ်ရတာမလို့ အမျှင်ပါရှိတဲ့အစားအစာတွေကိုစားသုံးပေးသင့်တာတော့အမှန်ပါပဲ။
ဥပမာအားဖြင့်ဆိုရရင် - ငှက်ပျောအူ၊ပန်းသီး၊ပန်းသစ်တော်သီး အစရှိတဲ့ အစားအစာတွေက ၀မ်းမှန်မှန်သွားဖို့ အထောက်အကူဖြစ်စေပါတယ်။
-၇နာရီမှ၉နာရီအတွင်းမှာ အစာအိမ်အလုပ်လုပ်ချိန်ဖြစ်တဲ့အတွက်ကြောင့်
✅မနက်စာ (breakfast)ကို ၀၀လင်လင်စားသုံးပေးသင့်ပါတယ်ခင်ဗျာ။
-၁၀နာရီမှ၁နာရီအချိန်အတွက်းရောက်လာပြီဆိုရင်တော့ နှလုံးအနားယူချိန်ဖြစ်တဲ့အတွက်
✅ထမင်းစားပြီး စိတ်လက်ပေါ့ပါးစွာအနားယူပေးသင့်ပါတယ်။
(အသည်းကွဲတာလည်းခဏနားရမယ်ပေါ့ဗျာ-.-)
ညနေပိုင်း🌆
-ညနေ၁နာရီမှ၃နာရီအတွင်းဆိုတာ အူသိမ်ရဲ့အလုပ်အလုပ်ချိန်ဖြစ်မလို့
⭕အလေးအပင်မပြီး ပျင်းထန်တဲ့အားကစားလုပ်ခြင်းကနေ ရှောင်ကြဉ်သင့်ပါတယ်။
-၃နာရီမှ၅နာရီအချိန်မှာတော့ ဆီးအိမ်မှတစ်ဆင့် ခန္ဓာကိုယ်တွင်းအဆိပ်အတောက်ဖယ်ရှားခြင်း(excretion) လုပ်ဖို့အချိန်ဖြစ်တဲ့အတွက်
✅အနည်းဆုံးရေ ၁လီတာနဲ့ အထက်သောက်သောက်သုံးပေးသင့်ပါတယ်။
-၅နာရီကနေ၇နာရီအတွင်းကတော့ ကျောက်ကပ်အလုပ်လုပ်ချိန်ပဲဖြစ်ပါတယ်။
⭕အဲဒီအချိန်အတွင်းမှာ ရေချိုးနေရင်း ဆီးသွားခြင်းက ကျောက်ကပ်ပျက်စီးစေတဲ့အတွက် အထူးဂရုစိုက်ပြီးရှောင်ကြဉ်သင့်ပါတယ်ခင်ဗျာ။
ည🌃
-ည၇နာရီမှ၉နာရီအချိန်ကိုရောက်ရှိလာပြီဆိုရင် နှလုံးအမြှေးပါးက အလုပ်လုပ်ချိန်ဖြစ်တဲ့အတွက်
✅စိတ်အပန်းဖြေပြီး entertainဖြစ်စေဖို့ ရယ်မောဖွယ်ကောင်းတဲ့ ဟာသ ဇာတ်လမ်း၊စာအုပ်များ ဖတ်ရှူပေးသင့်ပါတယ်။
-၉နာရီမှ၁၁နာရီအတွင်းဆိုလျှင်တော့ လူ့ခန္ဓာရဲ့ အပိုင်းကြီး (၃)ပိုင်းဖြစ်တဲ့ ဦးခေါင်း၊ကိုယ်ပိုင်း၊ခြေထောက်ပိုင်းတွေကို နှီးနှောဖလှယ်တဲ့အချိန်ပဲဖြစ်ပါတယ်။
-ညဥ့်ဦးယံအချိန်၁၁နာရီမှ၃နာရီအတွင်းဟာ အသည်း(Liver)အလုပ်လုပ်ချိန်ဖြစ်တဲ့အဆွက် အသည်းကိုအနားပေးဖို့ရန်
⭕ည၁၁နာရီထက်ပိုနောက်ကျပြီးမအိပ်သင့်ပါဘူး။
အဲဒီအပြင် ၁၁နာရီမှ၁နာရီအချိန်းအတွင်းဟာ သည်းခြေမှအလုပ်လုပ်တဲ့အချိန်ဖြစ်တယ်။
နောက်ဆုံးအနေနဲ့ နံနက်မိုးသောက်ချိန် ၃နာရီမှ၅နာရီအထိဟာ အဆုတ်အလုပ်လုပ်ချိန်ဖြစ်လို့ အဲဒီအချိန်အတွင်း
✅မနက်၅နာရီအထိတိုင်အောင် နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နေသင့်ပါတယ်။
ကျွန်တော်တို့တစ်နေ့တာမှာ လွဲမှားနေတဲ့ အပြုအမူ(habit)တွေကျင့်သုံးနေကြလို့ ကျန်းမာရေးကိုများစွာအကျိူသက်ရောက်မှုရှိလာပါတယ်။ ဒီစာလေးဖတိပြီးရင်တော့ အားလုံး သေချာဂရုတစိုက်နဲ့ သတိကပ်ပြီး ဆောင်ရွက်ကြမယ်လို့မျှော်လင့်ပါတယ်ခင်ဗျာ။ 'ကျန်းမာခြင်းသည် လာဘ်တစ်ပါး' ပါပဲမလားဗျာ။❣️
September Sale📢
Buy 1 Get 1‼️
Hello...hello everyone
Zuzhen Refreshing Shampoo & Nutrition Conditioner လေးနဲ့ခေါင်းလျှော်ပြီးသွားတဲ့အခါ ပျော့ပြောင်းေတာက်ပေနမယ့်ဆံကေသာတွေကို Hairband လှလှလေးတွေနဲ့ ဆင်ယင်ကြမယ်။❣️
Zuzhen shampoo 1 set၀ယ်ယူသူ10ေယာက်ကို hairbandလေး တစ်ခုလက်ဆောင်ထည့်ပေးသွားမှာမလို့ အမြန်သာ လက်ဦးမှုယူလိုက်ကြတော့ရှင်။🤭❣️
အရောင်လေးတွေကတော့ randomပဲရပါမယ်ရှင်။
Handmadeစစ်စစ်ဖြစ်တဲ့အပြင် အရောင်တွေအကုန်လုံးက တကယ်လှတာမလို့ စိတ်ပူစရာတော့မလိုဘူးနော်။❣️
Hairbandသီးသန့်၀ယ်ယူချင်တယ်ဆိုလည်း ရပါတယ်ရှင်။
1pcs - 1000ks
ကြမ်းတမ်းပြီး နှစ်ခွဖြစ်နေတဲ့ ဆံပင်တွေမရှိတော့ဘူး!🧏🏿♀️
ဆံကေသာ ထိန်းသိမ်းရာမှာလိုအပ်တဲ့ အဓိကသော့ချက်ကတော့ အရည်အသွေးကောင်းမွန်တဲ့ ခေါင်းလျှော်ရည်နဲ့ ပျော့ဆေးအသုံးပြုခြင်းပဲဖြစ်ပါတယ်ရှင်။ အရည်အသွေးကောင်းတဲ့ Shampooနဲ့ conditionerကို ဘယ်မှာသွားရှာ၀ယ်ရမလဲ🤔? ကဲ..ချစ်သောတို့ ဦးနှောက်မစားရအောင် Daily care pageလေးက Zuzhen Refreshing Shampoo & Nutrition Conditionerလေးနဲ့အတူ လာခဲ့ပါပြီနော်။
Zuzhenကထုတ်လုပ်တဲ့ ဒီ haircare product setလေးက
- ဝါးအဆီအနှစ်
- သံလွင်ဆီ
- ဂျိုဂျိုးဘားအဆီ
- ကိုလာဂျင် တို့ ရောစပ်ထုတ်လုပ်ထားတဲ့အတွက်အကြောင့်
✅ဆံသားကို ပိုးသားလေးလိုေချာေမွ့လင်းလက်ေနပြီး စိုပြေနေစေမယ်။
✅ဆံပင်အရှည်မြန်စေတယ်။
✅ရေဓာတ်ဖြည့်တင်းပေးပြီး အခြားလိုအပ်တဲ့ အာဟာရတွေကိုလည်း ပြည့်၀စေတယ်။
✅ဆောင်းတွင်း ဗောက်ထ၊ယားယံခြင်းတွေ ထပ်မရှိစေတော့ဘူး။
✅ဆံပင်နှစ်ခွဖြစ်ခြင်း
✅ဆံသားကြမ်းတမ်းခြင်းတို့ကနေကာကွယ်ပေးတယ်။
ဒါတွေမြင်ရတာတောင် ၀ယ်ဖို့လက်တွန့်နေတုန်းလားနော်🙄
ဟောပါလေ..သုံးမသုံးကတော့ ၀ယ်သူတို့ရဲ့ စိတ်ကြိုက်ပဲဆုံးဖြတ်ကြပါ။ အက်မင်တို့ တစ်မိသားစုလုံးကတော့ ရှင်းတယ်။ထမင်းနဲ့ရေတောင်မလိုဘူး။ zuzhen shampooနဲ့ conditionerပဲ🧖
Zuzhen Shampoo - 22100ks
Zuzhen Conditioner - 14000ks
Setလိုက်တွဲယူမယ်ဆိုရင်တော့ 32100ksပဲ ကျသင့်ပါမယ်ရှင်။
General Facts sharing📢
ပုံမှန်ဆိုရင် လူတစ်ယောက်ရဲ့ ပုံပန်းအသွင်အပြင်၊၀တ်စားဆင်ယင်ပုံဟာ နေ့စဉ်ဘ၀မှာ အများကြီးအကျိုးသက်ရောက်မှုရှိပါတယ်။ ကျွန်တော်တို့ပတ်၀န်းကျင်မှာ လူတစ်ယောက်ရဲ့ အပြင်ပန်းပုံသဏ္ဌာန်ကို ကြည့်ပြီး သူ့ရဲ့စိတ်နေစိတ်ထားကို အကြမ်းဖျင်းခန့်မှန်းအကဲဖြတ်လေ့ရှိကြလို့ ကိုယ်ဘယ်လို၀တ်စား၊ပြုမူသင့်တယ်ဆိုတာကို အထူးသတိထားကြရမှာအမှန်ပါပဲ။
အသွင်အပြင်ထဲကမှ အဓိကအရေးကြီးဆုံးလို့ဆိုလေ့ရှိကြတာကတော့ ဆံပင်ပါ။
ကိုယ့်ရဲ့ ဆံပင်ပုံစံဆိုတာ ကိုယ့်ရဲ့ ဒုတိယမျက်နှာလိုပါပဲ။ သပ်သပ်ရပ်ရပ်ကလေးနဲ့ ရှူချင်စဖွယ်လေးဖြစ်နေရင် အလိုလိုအကြည်ဓာတ်ကလေးဖြစ်ရတာပေါ့ဗျာ။ဟော မဟုတ်ပဲ ညစ်ပတ်ပေပွနေပြီး မှုန်သိုးသိုးနဲ့ဆို လူအများရှူချင်စရာဖြစ်ပါဦးမလားဗျ။
ကျန်းမာလှပတဲ့ ဆံပင်ကိုမွေးရာပါပိုင်ဆိုင်ထားသူများအတွက်ကတော့ ဆုလာဘ်တစ်ခုပါပဲလို့ပြောကြရင်၊ ကျန်းမာလှပတဲ့ဆံပင်ရရှိအောင် ထိန်းသိမ်းတတ်ကြသူများကတော့ ဆုလာဘ်ဖန်တီးသူတွေပါ။
အဲသလို ဖန်တီးကြတဲ့အခါမှာ ဆံပင်ထိန်းသိမ်းဖို့ ထုတ်ကုန်တွေအများကြီး၀ယ်ပြီး ငွေအကုန်ခံဖို့မလိုပါဘူး။
-ညဘက်11နောက်ပိုင်းမှ အိပ်ခြင်းကဆံပင်များစွာကျွတ်ခြင်းကိုဖြစ်စေတဲ့အတွက် ညဇီးကွက်လုပ်ခြင်းကို ရှောင်ကြဉ်ရပါမယ်။🦉
-ရေများများသောက်ပါ။🫗
-ဦးခေါင်းကို သင့်တော်တဲ့ message technicတစ်ခုခုသုံးပြီး တစ်နေ့တစ်ကြိမ်နှိပ်ပေးပါ။
-conditionerသုံးတဲ့အခါ နည်းလမ်းမမှန်ကန်ရင်လည်း ဆံပင်အကျွတ်များတတ်ပါတယ်။ (ကျွန်တော်တို့ရဲ့ Zuzhen hair-conditionerကတော့ အဲသလိုပြဿနာတွေမရှိပါဘူးခင်ဗျာ။ဟုတ်ကဲ့ စတာပါ။ရှိတော့ရှိပေမဲ့ တအားမဆိုးရွားရုံပါ။)
-ခေါင်းပုံမှန်မဖြီးခြင်းကလည်း ဆံပင်ကျွတ်ခြင်းကို ဖြစ်ပေါ်စေပြန်ပါတယ်။
-နောက်ထပ်ကတော့ ကျောက်ကပ်ကျန်းမာရေးမကောင်းတဲ့အခါမျိုးမှာလည်း ဆံပင်အလွန်အကျွံကျွတ်တာမျိုးတွေဖြစ်တတ်လို့ တွေ့ကရာ hair productတွေကို ဇွတ်ဈေးကြီးပေး ၀ယ်သုံးမနေဘဲ တိကျတဲ့အခြေအနေတစ်ခုသိရအောင်လို့ ဦးစွာ ဆန်းစစ်ကြည့်သင့်ပါတယ်ခင်ဗျာ။
ကဲ နောက်ကျရင် တလွင့်လွင့်နေတဲ့ ဆံပင်ပုံလေးတွေနဲ့ လှနေကြဖို့ အချိန်ပေးပြီး ထိန်းသိမ်းလိုက်ကြရအောင်လားဗျာ။💙
သဘာဝ အဟာရ ၂၉မျိုးပါ
ကျန်းမာရေး အားဖြည့်ကော်ဖီ☕
Permsuk (ပရင်းမ်စု)
ကော်ဖီရဲ့အကြောင်း
Hello 09.2018177
09.444045679
Ok
ကောင်းမွန်တဲ့ ရလဒ်တွေ၊ တိကျတဲ့ရလဒ်တွေ ရဖို့ဆိုရင် ဘယ်ပစ္စည်းကိုဖြစ်ဖြစ် အချိန်ကြာကြာ စွဲသုံးဖို့လိုအပ်ပါတယ်။ 💁♀️
🧼Bamboo Charcoal Soap ကို သုံးမယ်ဆိုရင် အချိန်အများကြီး ပေးစရာမလိုပဲ စစချင်း တစ်တုံးမှာတင် အစွမ်းထက်တာကို သက်သေပြပေးမှာပါ။ ရာသီတွေပြောင်း အချိန်တွေပြောင်း ရေရှည်သုံးစွဲမယ်ဆိုရင်တော့ အကောင်းဆုံးပါ။ နုပျိုလန်းဆန်တဲ့ မျက်နှာ၊ တောက်ပစင်ကြယ်တယ်တဲ့ မျက်နှာလေးတစ်ခုကို Bamboo Charcoal Soap ရေရှည်သုံးတဲ့သူတိုင်း ပိုင်ဆိုင်နေပါပြီ။ ✨
Click here to claim your Sponsored Listing.
Videos (show all)
Category
Website
Address
33*34 77 Street
Mandalay, 05021
Sun Shine-ခန်းဆီးလိုက်ကာဆိုင်မှ ခန်းဆီးလိုက်ကာများကို လက်လီလက်က္ကားဝယ်ယူရရှိနိုင်ပါသည်
Mandalay
လက်လီ/လက်ကား ဝယ်ယူနိုင်ပါသည်။ နယ်မြို့အသီးသီးမှ ယုံကြည်စိတ်ချစွာ မှာယူအားပေးနိုင်ပါသည်။
Mandalay City
Mandalay, POEKAUNGSHOPPINGမှာလိုအပ်တာရှာ၀ယ်ပါအားပေးမှုကိုကျေးဇူးအထူးတင်ရှိပါတယ်ခင်ဗျား
Paing Family Fashion & Distribution Mandalay
11st 87 & 88
Mandalay
အလှကုန်ပစ္စည်းရောင်းဝယ်ရေး 09262835415 ~ 09983245127