La Provence

La Provence

You may also like

J² Glassworks
J² Glassworks

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from La Provence, Interior design studio, အောင်မြေသာစံ ဥပုသ်တော်ရပ်, Mandalay.

Photos from La Provence's post 01/04/2024

ကျွန်းအိမ်ငယ်

ကိုယ်ဘယ်သူလဲ၊ ကိုယ်ဘယ်ရောက်နေလဲ ဆိုတာမသိရင်တောင် ကိုယ်အိမ်ပြန်မယ်ဆိုတဲ့ ပင်ကိုယ်အသိက စိတ်ထဲက​ေနတိုက်တွန်းနေပါလိမ့်မယ်။ အိမ်ဆိုတာ အရွယ်အစားအမျိုးအစား​ေတွထက် အိပ်ခန်း နောက်​​​ဖေး မီးဖို နားနေစရာနေရာလောက်ရှိရင်ရပါပြီ။

ကျွန်းသားနဲ့ဆောက်ထားပြီး အလျား ၁ ပေခွဲ အနံ အမြင့် ၁ ပေစွန်းစွန်းကျွန်းအိမ်လေး စျေးချိုချိုလေးနဲ့ ရောင်းပါမယ်။
စျေးနှုန်းက ၅၀၀၀၀ ကျပ်ပါ။
အိမ်ရောက်ငွေခြေ ရပါတယ်။
09403087707

Photos from La Provence's post 22/03/2024

မင်္ဂလာပါ

အရင်လို အများကြီးမဆောက်နိုင်တော့ပေမဲ့ ဆောက်ဖြစ်တဲ့ အိမ်တစ်လုံးရောင်းပါမယ်။ တစ်ထပ်ခွဲအရွယ် မီးဖို ဧည့်ခန်း မာစတာဘက်ရွန်း အိမ်ရှေ့ကပြင်တို့ ပါ၀င်သလို လျပ်စစ်မီးလဲဆင်ထားပါတယ်။ နိူင်ငံခြားကပိုးသတ်ထားတဲ့ ဝက်သစ်ချသားကို သုံးထားတာမို့အသားကစိတ်ချရတယ်။

အစောပိုင်းက ဆောက်ခဲ့ဖူးတဲ့ အိမ်ပုံထဲက တစ်ပုံကို Upgrade လုပ်ပြီး ပြန်ဆောက်ထားတာပါ။

အလျား ၁ ပေ ၁၀ လက်မ

အနံ ၁ ပေ ၆ လက်မ

အမြင့် ၁ ပေ ၆ လက်မ

စကေး ၁း၁၈ ဆိုက်ပါ။

ရောင်းစျေး 180000 ကျပ်

09403087707

အမိုးအကာတွေနဲ့ဆောက်ထားတယ်ဆိုတာထက် ချစ်ရတဲ့သူတွေနဲ့ ဘ၀အချိန်တွေအကုန်လုံးနီးပါးကို ဖြတ်သန်းရတဲ့နေရာမို့ အိမ်ဆိုတာ တစ်ခြားနေရာထက်တော့ပိုပါတယ်။

La Provence

Photos from La Provence's post 06/11/2023

ကမ္ဘာငယ်လေး

လူ့ဘ၀ ခဏတာအချိန်လေးမှာ အနွေးထွေးဆုံး ခိုလုံစရာ စိတ်အလုံခြုံဆုံးနေရာကိုပြပါဆိုရင် အိမ် ပါပဲ။ အိမ် ဆိုတာကို အဓိပ္ပါယ်ဖွင့်ကြည့်မယ်ဆိုရင် ဘယ်ကိုပဲရောက်နေပါစေ စိတ်တွေကလူကို ပြန်ပို့တဲ့နေရာတစ်ခုပါ။ ကိုယ်သိပ်ချစ်တဲ့သူတွေနဲ့ မိုးသက်လေပြင်းအောက်ကနေ အိမ်ကလေးကကာကွယ်ပေးသလို ဘ၀မုန်တိုင်းတွေကိုလည်း ကြံ့ကြံ့ခံနေထိုင်လို့ရတဲ့နေရာပေါ့။ ပစ္စုပ္ပန်ကို ပျော်ရွှင်တဲ့အချိန်လေးတွေနဲ့ဖြတ်သန်းရင်း အနာဂါတ်ကို လျှောက်လမ်းဖို့လဲ ပြင်ဆင်တဲ့နေရာပေါ့။

အဲ့ဒီအိမ်ကလေးဟာ အေးချမ်းတိတ်ဆိတ်တဲ့ မြို့အစွန်ရေစပ်နားက ကျွန်းသားနဲ့ဆောက်ထားပြီး တစ်ထပ်ခွဲအိမ်ဖြစ်နေမယ်။ စာအုပ်ဖတ် ကော်ဖီသောက် လေကောင်းလေသန့်ရှူဖို့ အိမ်ရှေ့မှာ ကပြင်လေးထုတ်ထားမယ် ၊ အပေါ်ထပ်ကိုအရှေ့ဖက် ပြတင်းတံခါးပေါက်နားကနေ မနက်ဆိုပွင့်နေတဲ့ပန်းကလေးတွေအပေါ် လိပ်ပြာ​​ကလေး နားနေတာကိုကြည့်ရင်း ဟောညဖက်ကျတော့ အိပ်ယာမ၀င်ခင် အိပ်ခန်းနဲ့တွဲထားတဲ့ ၀ရန်တာလေးမှာ လေညှင်းခံရင်းဝိုင်သောက်ပေါ့ ။ ချောင်းကလေးကနေ ရေအားကိုအသုံးပြု လျပ်စစ်မီးလေးယူပြီးတော့ အိမ်ရှေ့လေးမှာ မီးလုံးလေးတွေနဲ့ တချို့ညတွေဆို ကိုယ့်ချစ်သူနဲ့ အတူတူနေခွင့်ရမယ်ဆို ဘာလိုဦးမလဲ။

ဒီအိမ်ကလေးရောင်းပေးပါမယ်။ အိမ်အလျား အနံ အမြင့် ၁ ပေခွဲပတ်လည်ခန့် ၊ အိပ်ခန်းကုတင်တစ်လုံး ၊ တိုင်ကပ်နာရီတစ်လုံး ၊ ဆိုဖာခုံတစ်လုံး လျပ်စစ်မီး များဖြင့် ဆင်ထားပြီး ရောင်းချပေးပါမည်။

စျေးနှုန်း 260,000 ကျပ်

မန္တလေးမြို့မှ တစ်နိုင်ငံလုံးသို့ အခမဲ့ပို့ဆောင်ပေးပါသည်။

09781219123
09403087707
09980225665

La Provence

Photos from La Provence's post 17/04/2023

မတွေ့တာကြာပြီနော်။ ကျွန်တော်လဲ ဒီဖက်ကိုသိပ်မလှည့်ဖြစ်တာပါ။ ဒီအိမ်လေးဆောက်တာ ရက် ၁၀၀ လောက်ကြာသွားတယ်။ ဆောက်ထားသမျှတော့ ဒါလေးက လက်ဝင်ပါတယ်။ ဆောက်ပြီးတည်းက ဝယ်သွားတဲ့ ညီမလေး Than Yaw Zin ရေ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာပါစေ။ အားလုံးကိုလဲ
နှစ်သစ်မှာသာယာပျော်ရွှင်ချမ်းမြေ့ပါစေ ကောင်းကျိုးလိုရာဆန္ဒ ပြည့်ဝပါစေလို့ ဆုမွန်ကောင်းတောင်းပေးပါတယ်။
La Provence

Photos from La Provence's post 16/12/2022

လက်ဆောင်အိမ်

ဝက်သစ်ချသားကို အသုံးပြုထားပြီးအရွယ်က ၁ ပေခွဲဝန်းကျင်ပါ။
စျေးနှုန်း ၁၃၀,၀၀၀ ကျပ်ပါ။
09781219123
မန္တလေးမြို့တွင်း Delivery Free

Photos from La Provence's post 07/10/2022

Edited
Good Morning
မဂ်လာပါ။ ရှေးဟောင်းအဂ်လန်မီးအိမ်လေး ပြန်လည်ပြုပြင်ပြီး မီးထွန်းရအောင်လုပ်ထား ပါတယ် လိုချင်ရင် ရောင်းပေးပါမယ်ဗျ။

Photos from La Provence's post 25/09/2022

Edited

ကျူဒေါအိမ်

၁၅ ရာစုနဲ့ ၁၇ ရာစုအကြား အင်္ဂလန်နဲ့ ဝေးလ်တိုင်းပြည်မှာ Tudor Style ဆိုပြီးပေါ်လာခဲ့တယ် အဲ့ဒီနောက်ပိုင်း ၁၉ ရာစုရောက်လာတော့ Tudor Revival Architecture ဆိုပြီး ကမ္ဘာတစ်၀န်းမှာ ပျံ့နှံ့ခဲ့တယ်။ ဘယ်လိုခွဲမလဲဆိုတော့ အိမ်တွေပေါ်ကို အနက်အညို သစ်တွေနဲ့ လိုက်ကျားထားခြင်းမျိုးကို ခေါ်တာပါ။ ဒီအိမ်တွေကို မေမြို့မှာ ယနေ့ပြန်လည်တည်ဆောက်လာတာတွေ့ရပါတယ်။အင်္ဂလိပ်မင်းသမီး Natalie က Tudor Style တွေကို ဘယ်လောက်ကြိုက်သလဲဆိုရင် သမိုင်းတွေအားလုံးကို ကြိုက်ရခြင်းဟာ ပုံပြင်ပြော နေသလိုခံစားရလို့ပေါ့ ဒါပေမဲ့ ကျွန်မကတော့ Tudor ခေတ်ကို နှလုံးသားထဲမှာအထူးနေရာလေးတစ်ခုအနေနဲ့ ထားထားတယ် ဆိုပဲ။

ဒီအိမ်ဟာ အင်္ဂလိပ်တွေရဲ့Tudor Style အိမ် ပုံမျိုးကို မှီငြမ်းထားခြင်းဖြစ်ပါတယ်။ အိမ်ကလေးက ၁း၁၆ ဆိုက်နဲ့ အရုပ်အိမ်လေးဖြစ်ပါတယ်။ အပေါ်ထပ် ထပ်ခိုးကိုအိပ်ခန်းလေးအဖြစ်ထားပေးပြီး၊ အောက်ထပ်ကိုတော့ မီးဖိုချောင် ဧည့်ခန်းလေးထားထားပါတယ်။ အိမ်ကြီးတစ်လုံးဆောက်သလိုပါပဲ တိုင် ၊ ထုတ် ၊ လျှောက်၊ တန်း ၊ မျှား ၊ အမိုးအကာတွေနဲ့ ဆောက်ထားခြင်းဖြစ်ပါတယ်။ ပျဉ်ကိုအထောင်နဲ့ ဆောက်ထားပါတယ်။ ဒီအိမ်ရဲ့ထူးခြားချက်ကအိမ်ရဲ့ထုက အားလုံးထက်တော့ ကြီးတယ်။ ဆင်၀င်ကို သေချာလုပ်ထားပြီး မီးလင်းဖိုခေါင်းတိုင်ကို အိမ်ထောင့်မှာ ထားထားပါတယ်၊ ပျဉ်တွေကိုတစ်ခုနဲ့တစ်ခု တတ်နိုင်သမျှ စိနေအောင်တေ့ဆက်ဆက်ထားခြင်းပါပဲ ။ မန္တလေးမြို့တွင်း အိမ်အရောက်ပို့ဆောင်ပေးပြီး ကျန်တဲ့မြို့တွေကို Delievery အပ်ပေးပါမယ်။ ဒီအိမ်လေးရဲ့ကုဒ်က LPC-008 ဖြစ်ပြီးမီးထွန်းပွဲတွေအတွက် မှာယူချင်တယ်ဆိုရင်တော့

CB or
Viber 09781219123
Tel 09781219123 ကိုဆက်သွယ်လိုက်ပါဗျာ

စျေးနှုန်း 180,000 Ks

လာပရိုဗန့်

Photos from La Provence's post 25/09/2022

Edited.

ဂျာမနီကပန်းတွေနဲ့ အိမ်ကလေး

ပန်းပင်တွေစိုက်ပျိုးပြီး၊ ပစ္စည်းကိရိယာတွေကို သိမ်းဆည်းပြီးသွားချိန် အိမ်ရှေ့ဆင်၀င်အောက်က ထိုင်ခုံလေးမှာထိုင် စိုက်ထားတဲ့ပန်းတွေကိုပြန်ကြည့်ပြီး ဘာတွေဆက်လုပ်ရမယ် ဘယ်လိုပန်းတွေတော့ပွင့်လာတော့မယ်ဆိုပြီး ကြိုတင်စိတ်ကူးပြီး ကြည်နူးလိုက်ပါလို့ ဂျာမာန်တွေပြောတာ ကြားဖူးပါတယ်။ ပန်းတွေဟာ အရောင်တွေနဲ့တင်မက အနံ့တွေ အရွယ်အစားတွေနဲ့ကမ္ဘာကြီးကိုအလှဆင်ကြတယ်။ အဲ့လိုပန်းတွေထဲမှာ သင့်အိမ်လေးတစ်လုံးရှိမယ်ဆို ဘယ်လောက်သာယာလေမလဲ။ သိပ်မလွယ်လောက်ပါဘူး လို့မတွေးပါနဲ့ လက်တွေ့နဲ့တစ်ထပ်တည်းတူအောင်ဆောက်ထားတဲ့ အရုပ်အိမ်လေးကို သင့်ပန်းခြံလေးထဲထည့် ထားရင် သ့င်အိပ်မက်တွေနဲ့ အမြဲထိတွေ့ရပါလိမ့်မယ်။

ဒီအိမ်ဟာ ဂျာမန်တွေရဲ့ပန်းခြံအိမ် Das Gartenhaus ပုံမျိုးကို မှီငြမ်းထားခြင်းဖြစ်ပါတယ်။ အိမ်ကလေးက ၁း၁၈ ဆိုက်နဲ့ အရုပ်အိမ်လေးဖြစ်ပါတယ်။ အပေါ်ထပ် ထပ်ခိုးကိုအိပ်ခန်းလေးအဖြစ်ထားပေးပြီး၊ အောက်ထပ်ကိုတော့ မီးဖိုချောင် ဧည့်ခန်းလေးထားပေးပြီး မီးဖိုချောင်အဖီ ထုတ်ထားပါတယ်။ အိမ်ကြီးတစ်လုံးဆောက်သလိုပါပဲ တိုင် ၊ ထုတ် ၊ လျှောက်၊ တန်း ၊ မျှား ၊ အမိုးအကာတွေနဲ့ ဆောက်ထားခြင်းဖြစ်ပါတယ်။ ပျဉ်ကိုလဲ အလဲထားထားပါတယ်။ ဒီအိမ်ရဲ့ထူးခြားချက်က ကူပိုလာ လို့ခေါ်တဲ့ လေအလင်းပေါက်လေး ခေါင်ပေါ်တင်ထားခြင်းဖြစ်ပါတယ်။ အ၀င်ပေါက်ကိုလည်း ဂုံးမိုး၂ထပ် ထုတ်ထားပါတယ်။ မန္တလေးမြို့တွင်း အိမ်အရောက်ပို့ဆောင်ပေးပြီး ကျန်တဲ့မြို့တွေကို Delievery အပ်ပေးပါမယ်။ ဒီအိမ်လေးရဲ့ကုဒ်က LPC-006 ဖြစ်ပြီး မှာယူချင်တယ်ဆိုရင်တော့

180,000Ks

CB
Viber 09781219123
Tel 09781219123

လာပရိုဗန့်

Photos from La Provence's post 25/09/2022

Edited

ဆွီဒင်အိမ်

ဆွီဒင်နိုင်ငံဆိုတာ စကင်ဒီနေးဗီးယန်းဒေသရဲ့ ထူးဆန်းလှပတဲ့နိူင်ငံလို့ဆိုပါတယ်။နေရောင် ၆ လလောက်မြင်ရတဲ့ရက်တွေရယ် နေမမြင်ရတဲ့ ၆ လလောက်ရယ်ရှိပါတယ်။ မြောက်ဖက်ကအလင်းတွေ ကျွန်းလေးတွေရယ် ထင်းရှူးတောချွန်ချွန်
တွေ ဘိုးဘွားအမွေဆက်ခံထား တဲ့မြို့ငယ်လေးတွေရယ်၊ကန်ရေပြင်တွေရယ်၊ နှင်းတွေဖွေးဖွေးကျနေတဲ့ကြားက မီးရောင်ထွန်းထားတဲ့ လမ်းတွေက ဆွီဒင်ကို နာမည်တစ်ခုရစေခြင်းလည်းဖြစ်ပါတယ်။ ဒီနေရာမှာ ဘိုးဘွားပိုင်အမွေတွေထဲက တစ်ခုကိုပြောရရင် ဆွီဒင်တွေဟာသူတို့ရိုးရာအိမ်ဆောက်လုပ်ခြင်းပါ။ အဆင့်ဆင့်သောခေတ်တွေပြောင်းလဲနေတာက တစ်ပိုင်း သူတို့ရိုးရာ အိမ်တွေကိုတော့ သိပ်တန်ဖိုးထားကြတယ်။ အိမ်မှာရှိနေစဉ်နေရောင်က တစ်ခြားသောနေရာအားလုံးထက် ပိုနွေးထွေးပါတယ်လို့ဆိုတယ်။ သူတို့တွေဟာ အိမ်အနီကို အရမ်းကြိုက်ကြတယ်။ တကယ်တော့ အိမ်ဆိုတာ ကမ္ဘာရဲ့ဘယ်နေရာကိုပဲရောက်ရောက် ကိုယ့်ကိုပြန်လာဖို့ အမြဲခေါ်တတ်သူဟာ အိမ်ပါပဲ။

ဒီအိမ်ဟာ ဆွီဒင်တွေရဲ့အိမ် ပုံမျိုးဖြစ်ပါတယ်။ အိမ်ကလေးက ၁း၁၈ ဆိုက်နဲ့ အရုပ်အိမ်လေးဖြစ်ပါတယ်။ အပေါ်ထပ် ထပ်ခိုးကိုအိပ်ခန်းလေးအဖြစ်ထားပေးပြီး၊ အောက်ထပ်ကိုတော့ မီးဖိုချောင် ဧည့်ခန်းလေးထားထားပါတယ်။ အိမ်ကြီးတစ်လုံးဆောက်သလိုပါပဲ တိုင် ၊ ထုတ် ၊ လျှောက်၊ တန်း ၊ မျှား ၊ အမိုးအကာတွေနဲ့ ဆောက်ထားခြင်းဖြစ်ပါတယ်။ ပျဉ်ကိုအထောင်နဲ့ ဆောက်ထားပါတယ်။ ဒီအိမ်ရဲ့ထူးခြားချက်က အ၀င်လေးပါပဲ။ မန္တလေးမြို့တွင်း အိမ်အရောက်ပို့ဆောင်ပေးပြီး ကျန်တဲ့မြို့တွေကို Delievery အပ်ပေးပါမယ်။ ဒီအိမ်လေးရဲ့ကုဒ်က LPC-007 ဖြစ်ပြီး မှာယူချင်တယ်ဆိုရင်တော့

စျေးနှုန်း ၂ သိန်းကျပ်ပါ။

CB
Viber 09781219123
Tel 09781219123 ကိုဆက်သွယ်လိုက်ပါဗျာ

လာပရိုဗန့်

Photos from La Provence's post 22/09/2022

Edited -

အိမ်

ကိုယ်ဘယ်ကိုသွားမယ်ဆိုတာ မသိပေမဲ့ အချိန်တန်ရင်ပြန်လာရမဲ့နေရာဆိုတာ အိမ်ပါ။ မြန်မာစကား တစ်ခုထဲမှာ မိသားစုဝင်နဲ့ မိဘဆွေမျိုးတွေကို ပြောဆိုခိုင်းနှိုင်းတဲ့အခါ '' အိမ်က '' လို့သုံးပါတယ်၊
အိမ်ဆိုတာ ကြီးတာသေးတာထက် ဘဝရဲ့မရှိမဖြစ်အစိတ်အပိုင်းတစ်ခုလို့ ပြောလို့ရပါတယ်။
အထူးသဖြင့် ချစ်သူနဲ့ ဘဝကိုတည်ဆောက်ရင်းအိပ်ခန်း မီးဖိုရေချိုးခန်းလေးပါတဲ့ အိမ်သေးလေးတစ်လုံးရဲ့ အိမ်ရှေ့ ကပြင်လေးပေါ် ကော်ဖီသောက် အချိန်​တေွအတူတူ ဖြတ်သန်းဖို့ အိပ်မက်က အရွယ်ရောက်လာရင် ပေါ်လာပါတယ်။ အဲ့ဒီ အိပ်မက်တွေကို ထိတွေ့ကိုင်တွယ်ကြည့်နိူင်ပါတယ်။

ဝက်သစ်ချသားနဲ့အိမ်အစစ်လိုဆောက်ထားတဲ့ ( အရုပ်အိမ် ) ပါ။ မီးဖိုမီးခိုးခေါင်းတိုင် ၁ခု ပါ မယ် ..အပေါ်ထပ်ခိုးအိပ်ခန်းပါမယ်၊ အိမ်အချိုး ၁း၁၈ ပါ။ အမြင့် ၁၉ လက်မ အလျား ၁၇ လက်မအရွယ်ပါ။ မီးထွန်းလို့ရအောင် ပြုလုပ်ထားပါတယ် ။မန္တလေးမြို့တွင်းအခမဲ့ပို့ဆောင်ပေးပြီး အခြားမြို့တွေကို Delivery အပ်ပေးပါတယ်။ မီးခိုးအတွက် ခြင်ဆေးခွေသုံးပါတယ်.. မှာယူချင်တယ်ဆိုရင် အိမ်လေးရဲ့
နာမည်ကုဒ်က LPC-004 ပါ
စျေးနှုန်းက 180,000 ကျပ်ပါ
အသေးစိတ်သိရှိလိုပါက
CB
Viber - 09781219123
Tel - 09781219123 သို့ဆက်သွယ်နိူင်ပါတယ်။

လာပရိုဗန့်

Photos from La Provence's post 14/09/2022

Edited - Sold Out

တောထဲကအိမ်လေး

မြို့ပြတွေနေရတာ စိတ်တွေမွန်းကြပ်နေပြီး မြို့ပြထက်စာရင် ကျေးလက်သဘာ၀ကို အနည်းအများတော့ စိတ်ကူးယဉ်ဖူးမယ်ထင်ပါတယ်။ လူအသွားအလာနည်းတဲ့ ကားလမ်းနဲ့သိပ်မဝေးတဲ့ နေရာတစ်ခုပေါ့။ အဲ့ဒီနေရာလေးမှာ ဝင်းထရံလေးခတ်ထဲတဲ့အိမ်ဝင်းထဲ ပစ်ကပ်ကားလေးပါကင်ထိုး ၊ အိမ်နောက်မှာ သူငယ်ချင်းတွေနဲ့ သီချင်းလေးဆိုကြ၊ အကင်လေးစား၊ ကောင်းဘွိုင်ဦးထုတ်ဆောင်းရင်း ခြံလေးရှင်း မြက်ခြောက်ကိုင်းခြောက််တွေ မီးရှို့ ခြံထွက်သီးနှံလေးတွေစိုက်ပျိုး၊ အဝေးကမိတ်ဆွေ တွေလာရင် သဘာ၀ရှူခင်းတွေလိုက်ပြ ညပိုင်းမီးလင်းဖိုနားလေးထိုင် ၊စကားပြော ၊ ရှိတဲ့မုန့်နဲ့ ကော်ဖီလေး တည်ခင်းပြီး ညပိုင်း ထပ်ခိုးပေါ်က အိပ်ခန်းလေးထဲဖြတ်သန်းရင်း Country စတိုင်နဲ့ဘ၀ကိုဖြတ်သန်းကြရင် မကောင်းဘူးလား။

John Denver ရဲ့ “Take Me Home, Country Roads” ဆိုသလိုပေါ့။ မြို့ပြဘယ်လမ်းတွေပဲလျှောက်နေပါစေ နောက်ဆုံးလမ်းကတော့ အိမ်ပြန်တဲ့လမ်းပေါ်မှာ လျှောက် ကြတာပါပဲ။

အိမ်ကလေးက ၁း၁၈ ဆိုက်နဲ့ အရုပ်အိမ်လေးဖြစ်ပါတယ်။အလျား ၁၈ လက်မ အမြင့် ၁၇ လက်မလောက် ရှိပါတယ်။ အပေါ်ထပ် ထပ်ခိုးကိုအိပ်ခန်းလေး ၊ အောက်ထပ်ကိုတော့ မီးဖိုချောင် ဧည့်ခန်းလေးထားပေးပြီး မီးဖိုချောင်ဘေးမှာ ကပြင်လေးတစ်ခု တပ်ထားပါတယ်။ အိမ်ကြီးတစ်လုံးဆောက်သလိုပါပဲ တိုင် ၊ ထုတ် ၊ လျှောက်၊ တန်း ၊ မျှား ၊ အမိုးအကာတွေနဲ့ ဆောက်ထားခြင်းဖြစ်ပါတယ်။ ဒီအိမ်ရဲ့ထူးခြားချက်က ကျွန်းနဲ့ဆောက်ထားခြင်းဖြစ်ပါတယ်။ အိမ်အမိုးတွေက အရမ်းရှုတ်တော့ အဆင့်တွေအများကြီး လုပ်ရပါတယ်။ အိမ်နောက်ဖေးမှာ ကပြင်တစ်ခုထုတ်ထားတာလည်း ပါပါတယ်။ ရောင်းစျေးက ၂ သိန်းကျပ်ပါ။ မန္တလေးမြို့တွင်း အိမ်အရောက်ပို့ဆောင်ပေးပြီး ကျန်တဲ့မြို့တွေကို Delievery အပ်ပေးပါမယ်။ ဒီအိမ်လေးရဲ့ကုဒ်က LPC-005 ဖြစ်ပြီး မှာယူချင်တယ်ဆိုရင်တော့

CB or 09781219123

လာပရိုဗန့်

Photos from La Provence's post 14/09/2022

Edited - Sold Out
L-Shape အိမ်ကလေး

မေမြို့ရဲ့ရွာကလေးတစ်ခုပေါ့ လူအသွားအလာကလဲမများ အေးအေးချမ်းချမ်းနဲ့ အိမ်ကလေးရဲ့ကပြင် ပေါ်ကနေ ပတ်ဝန်းကျင်ကိုကြည့်ပြီး စာအုပ်ဖတ်မယ်။ ချစ်သူနဲ့ဂစ်တာတီးရင်း ဘဝကို ဖြတ်သန်းရအောင်လေ။ L-Shape အိမ်ကလေးဆိုတာ တောင်ပေါ်က လေတိုက်နှုန်းတို့ အအေးဓာတ်တွေလျှော့ချဖို့အတွက် ရည်ရွယ်ဆောက်ထားတာမို့အသင့်တော်ဆုံးပါပဲ။ အိမ်ဆိုတာ ချစ်သူတွေအတွက် ကမ္ဘာငယ်လေးပါပဲ။


ဝက်သစ်ချသားကိုအသေးလေးတွေ စိတ်ရှည်ရှည်ဖြတ်တောက် တိုင်တွေထုတ် ​ေလျာက် ဒိုင်းမြှားတွင် သူ့အရွယ်နဲ့သူခွဲစိတ် ပျဥ်ကိုအလှဲနဲ့ကာထားပြီး ဆေးသုတ်ထားတဲ့ ( အရုပ်အိမ် ) ပါ။ မီးဖိုမီးခိုးခေါင်းတိုင် ၁ခု ပါတယ် .. အိမ်အချိုး ၁း၁၈ ပါ။ အမြင့် ၁၈ လက်မ အလျား ၁၇ လက်မအရွယ်ဖြစ်ပြီး အိမ်ကလေးထူးခြါးချက်က ကပြင်ထုတ်ထားပေးသလို မီးထွန်းလို့ရတဲ့ မီးတိုင်တစ်ခု တပ်ဆင်ထားပါတယ်။ စျေးနှုန်းက ၂ သိန်း ၂၀၀,၀၀၀ိ/- ကျပ်ပါ။ K-Pay ရပါတယ်။ မန္တလေးမြို့တွင်းအခမဲ့ပို့ဆောင်ပေးပြီး အခြားမြို့တွေကို Delivery အပ်ပေးပါတယ်။ မီးခိုးအတွက် ခြင်ဆေးခွေသုံးပါတယ်.. ကိုယ့်အိပ်ခန်းထဲ မှာပဲဖြစ်ဖြစ် ဧည့်ခန်းထဲမှာပဲဖြစ်ဖြစ် ပန်းကလေးတွေနဲ့ထားရင်သိပ်စိတ်လှုပ်ရှားစေတယ်။
မှာယူချင်တယ်ဆိုရင် အိမ်လေးရဲ့နာမည်ကုဒ်က LPC-001 ပါ
အသေးစိတ်သိရှိလိုပါက
CB
Tel 09781219123 သို့ဆက်သွယ်နိူင်ပါတယ်။

လာပရိုဗန့်

Photos from La Provence's post 14/09/2022

Edited Sold Out

ရေကန်ဘေးကအိမ်ကလေး

ကမ္ဘာပေါ်မှာ အလှဆုံးနိူင်ငံတစ်နိူင်ငံကို ပြောပါဆိုရင် ဆွစ်ဇလန် လို့တော်တော်များများသိကြပါလိမ့်မယ်။ Switzerland ဘာတွေရှိလဲဆိုတော့ တောင်ချွန်ချွန်တွေ ထင်းရှူးပင်တွေ ခပ်သောက်လို့ရအောင် သန့်ရှင်းတဲ့ မြစ်ရေတွေ ၊ ရေကန်ကြီးတွေဘေးက မြို့ရွာတွေလို့ ပြောရမှာပါ။ သူတို့တွေဟာ ကန်ဘေးနားမှာ အိမ်ဆောက်နေရတာကို သိပ်ကျေနှပ်ကြပါ တယ်။အကယ်၍ ရေကန်တစ်ခုနဲ့တောအစပ်နေရာလေး တစ်ခုကိုသင်မြင်ခဲ့တယ်ဆိုပါတော့ .. အဲ့ဘေးနားက အိမ်လေးတစ်လုံးဆောက်မယ်၊ ပန်းတွေစိုက်မယ် ကန်ဖက်ကိုမျက်နှာမူထား တဲ့ ဝရန်တာလေးမှာ ကော်ဖီသောက်မယ်။ ညနေနေဝင်ဆည်းဆာကိုချစ်လေးနဲ့ကန်ရေပြင်ပေါ် လှေစီးရင်း အအေးသောက် အိမ်ကိုနောက်ခံထား ကန်ရေပြင်ပေါ် ဓာတ်ပုံရိုက်ကြမယ်ဆိုရင် ဘဝက ဘာလိုသေးလဲဗျာ။ စိတ်ကူးတွေအတွက်ဆုပ်ကိုင်ကြည့်လို့ ရပါတယ်။

ဝက်သစ်ချသားကိုအသေးလေးတွေ စိတ်ရှည်ရှည်ဖြတ်တောက် တိုင်တွေထုတ် ​ေလျာက် ဒိုင်းမြှားတွင် သူ့အရွယ်နဲ့သူလုပ် ပျဥ်ကိုအလှဲနဲ့ကာထားပြီး ဆေးသုတ်ထားတဲ့ ( အရုပ်အိမ် ) ပါ။ မီးဖိုမီးခိုးခေါင်းတိုင် ၁ခု ပါတယ် .. အိမ်အချိုး ၁း၁၆ ပါ။ အိပ်ခန်းကို အပေါထပ်တင်ထားပြီး အလင်းပြတင်းလေးပေါက်လေးဖောက်ထားပါတယ်။ အမြင့် ၂၀ လက်မ အလျား ၂၂ လက်မအရွယ်ဖြစ်ပြီး အိမ်ကလေးရဲ့ထူးခြားချက်ကတော့ အိမ်ရှေ့နဲ့အိမ်နောက်မှာ ဝရန်တာတပ်ထားပါတယ်။
မန္တလေးမြို့တွင်းအခမဲ့ပို့ဆောင်ပေးပြီး အခြားမြို့တွေကို Delivery အပ်ပေးပါတယ်။ မီးခိုးအတွက် ခြင်ဆေးခွေသုံးပါတယ်..
မှာယူချင်တယ်ဆိုရင် အိမ်လေးရဲ့နာမည်ကုဒ်က LPC-002 ပါ
အသေးစိတ်သိရှိလိုပါက
CB
Tel 09781219123 သို့ဆက်သွယ်နိူင်ပါတယ်။

လာပရိုဗန့်

12/09/2022

Edited
သူစိမ်းနှစ်ယောက် ချစ်သူတွေဖြစ်သွားရင် သူတို့နှစ်ယောက်ဟာ အနာဂါတ်အတွက် အိမ် ဆိုတဲ့အိပ်မက်ကို မက်လာတတ်တယ်။ တကယ်တော့အိမ်ဆိုတာ ချစ်သူနှစ်ဦးအတူရှိပြီး ဘဝကိုဖြတ်သန်းဖို့ အတွက် လေထဲကအိမ်ကိုစဆောက်ခဲ့ရတာပါ။

မနက်မိုးလင်းရင် မီးဖိုချောင်လေးထဲမနက်စာပြင် မယ်။ ချစ်သူနဲ့ကော်ဖီသောက်ရင်း မနက်စာ စားကြမယ် ညနေခင်းမှာဆိုပန်းရနှံ့​လေးသင်းနေတဲ့ချိန် လိပ်ပြာတွေက ပန်းလေးတွေကို နမ်းတာကိုအိမ်ရှေ့ ကပြင်လေးပေါ်ကနေ ကြည့်ကြမယ်။ ညပိုင်းဆို နောက်ဖေးဝရန်တာလေးမှာလဲ စာအုပ်တွေဖတ်ကြမယ်။ ညနက်လာရင် Master bedroom လေးနဲ့အိမ်အပေါ်ထပ်ခိုးလေးပေါ်တက်ပြီး အိပ်ကြမယ်လေ။
လက်တွေ့ကသိပ်မကြာဘူးဆိုပေမဲ့ ထိတွေ့လို့ရတဲ့ အိပ်မက်တွေဆိုတာရှိပါတယ်။

ဝက်သစ်ချသားကိုအသေးလေးတွေ စိတ်ရှည်ရှည်ဖြတ်တောက် တိုင်တွေထုတ် ​ေလျာက် ဒိုင်းမြှားတွင် သူ့အရွယ်နဲ့သူလုပ် ပျဥ်ကိုအလှဲနဲ့ကာထားပြီး ဆေးသုတ်ထားတဲ့ ( အရုပ်အိမ် ) ပါ။ မီးဖိုမီးခိုးခေါင်းတိုင် ၁ခု ပါတယ် .. အိမ်အချိုး ၁း၁၈ ပါ။ အမြင့် ၁၉ လက်မ အလျား ၁၇ လက်မအရွယ်
မန္တလေးမြို့တွင်းအခမဲ့ပို့ဆောင်ပေးပြီး အခြားမြို့တွေကို Delivery အပ်ပေးပါတယ်။ မီးခိုးအတွက် ခြင်ဆေးခွေသုံးပါတယ်.. မှာယူချင်တယ်ဆိုရင် အိမ်လေးရဲ့နာမည်ကုဒ်က LPC-004 ပါ
အသေးစိတ်သိရှိလိုပါက
CB
Tel 09781219123 သို့ဆက်သွယ်နိူင်ပါတယ်။

လာပရိုဗန့်

30/08/2022

ဝက်သစ်ချသားနဲ့လုပ်ထာပြီး မီးလင်းဖိုနဲ့ မီးဖိုမီးခိုးခေါင်းတိုင် ၂ ခုပါပါတယ်.. ဆိုက်က 1:18 ပါ.. မီးဖိုချောင်ဧည့်ခန်းအောက်ထပ်နဲ့ အိပ်ခန်းကို ထပ်ခိုးအပေါ်မှာ ထားပေးထားပါတယ် ။
မန္တလေးမြို့တွင်းအခမဲ့ပို့ဆောင်ပေးပြီး အခြားမြို့တွေကို Delivery အပ်ပေးပါတယ်။
မီးခိုးအတွက် ခြင်ဆေးခွေသုံးပါတယ်..
မှာယူချင်တယ်ဆိုရင် အိမ်လေးရဲ့နာမည်ကုဒ်က LPC-009 ပါ။
အသေးစိတ်သိရှိလိုပါက
CB
Tel 09781219123 သို့ဆက်သွယ်နိူင်ပါတယ်။

လာပရိုဗန့်

Want your business to be the top-listed Home Improvement Business in Mandalay?
Click here to claim your Sponsored Listing.

Telephone

Website

Address

အောင်မြေသာစံ ဥပုသ်တော်ရပ်
Mandalay

Other Interior Designers in Mandalay (show all)
JC Power Construction & Design JC Power Construction & Design
Corner Of 14x82 Street, Aung Myay Tharsan Township
Mandalay

Construction, Decoration & Design

InteGo Interior+Architecture InteGo Interior+Architecture
Corner Of 60A & 110B Street
Mandalay

Interior Design Made Affordable But Significant!

Chrome - Design & ID Chrome - Design & ID
Mandalay

Art Gallery. Book and Writing..

Radiant Construction - Mandalay Radiant Construction - Mandalay
17st 80stx81st
Mandalay, 1111

Construction & Designs

WXY Studio WXY Studio
71A, 116th X 117th , Pyigyitagon
Mandalay

designing spaces with passion and purpose

Mandalay 3G Decoration Company Limited Mandalay 3G Decoration Company Limited
76st, Bet 6st X 7st
Mandalay

Mandalay 3G Decoration Co.Ltd

Up Decoration & Furniture Up Decoration & Furniture
Mandalay

Next Level Decoration for Your Smart Home.

NewWay NewWay
62လမ်း အောင်ဆန်းလမ်း၊ 57/58 ကြား
Mandalay

Steel Structure Construction/ Home Decoration Doors & Windows Sales & services

Interior Design Myanmar Interior Design Myanmar
69th Street & 113th St
Mandalay

We are IDMM - a Mandalay based, full-service , quality-focused design & build firm.

The Classic Interior Designs The Classic Interior Designs
Mandalay

Interior Decorations

NaKorn Design NaKorn Design
No. 116, Chan Aye Thar San, 33 Street Between 73 & 74 St
Mandalay

Providing bespoke, high-quality interior space to achieve our clients' needs.