Thu Kha Spa

Your pleasure is ours 🙏

26/01/2024

📍Job Vacancy 📍

Thu Kha Spa Mandalay တွင် လုပ်ကိုင်ရန် ကျွမ်းကျင် Therapist များ ခေါ်ယူနေပါသည်
လစာနဲ့ % အသေးစိတ်သိရှိရန် Page cb သို့ 09978322647 သို့ ဆက်သွယ်မေးမြန်းနိုင်ပါတယ်ရှင်

27/11/2023

ယနေ့ကျရောက်တဲ့ တန်ဆောင်မုန်းလပြည့်မှာလည်း မိသားစုနဲ့အတူ စိတ်ချမ်းသာ၊ ကိုယ်ကျန်းမာခြင်းများနှင့်ပြည့်စုံကြပါစေကြောင်း Thu Kha Spa မှ ဆုမွန်ကောင်းတောင်းပေးလိုက်ရပါတယ်

#သုခ #တန်ဆောင်မုန်း

18/11/2023

သင့်အရေပြားကျန်းမာရေးကို ဂရုစိုက်ဖို့မေ့နေပြီလား။

အရေပြားပေါ်မှာရှိတဲ့ ဆဲလ်သေတွေကြောင့် အသားအရည်က ကြည်လင်၊ ၀င်းပမှုမရှိပဲ မွဲခြောက်နေတတ်ပါတယ်။

တစ်ချို့တွေမှာဆို အရေပြားတစ်ဝိုက် ယားယံတာတွေ၊ ရောင်ယမ်းတာ အစရှိတဲ့ အရေပြားပြဿနာတွေဖြစ်စေတတ်ပါတယ်။

ဒီလိုအရေပြားပြဿနာတွေအတွက် Body Scrub Treatment ခံယူခြင်းက အသင့်တော်ဆုံးပဲဖြစ်ပါတယ်။
Thu Kha Spa မှာ သင့်အရေပြားကျန်းမာရေးအတွက် အထောက်အပံ့ဖြစ်စေတဲ့ Body Scrub Treatment ခံယူလို့ရနေပါပြီ။

ဒီ Treatment ကိုခံယူပြီးတာနဲ့ သင်တို့ရဲ့ အရေပြားပေါ်မှာရှိတဲ့ ဆဲလ်သေတွေ တဖြည်းဖြည်းလျော့နည်းလာပြီး ကြည်လင်ကျန်းမာတဲ့ အသားအရည်ကို ခံစားရရှိစေနိုင်ပါတယ်။

Thu Kha Spa မှာ Body Treatment နဲ့ အတူ တွဲယူလို့ရမယ့် Scrub Treatment Package လေးတွေကိုပါဖော်ပြပေးလိုက်ပါတယ်။

Body Scrub Only - 30mins - 20000ks

Body Scrub with Traditional - 90mins - 35000ks

Body Scrub with Herbal Oil- 90mins - 50000ks

Body Scrub with Aromatherapy- 90mins- 60000ks

သင့်အသားအရည်ကျန်းမာခြင်းသုခကို Thu Kha Spa မှာ လာရောက်ခံစားနိုင်ပါပြီ။

☎️09967773754, 09967773754
Viber No - 09978322647, 09978322647
Address - 78 Street Corner of 30 Street, SIG Hotel

03/11/2023

အချိန်ခဏလေးပေးပြီး တစ်လစာလောက် အနားယူ အပန်းဖြေကြမယ်။

အချိန်ခဏလေးပေးရုံနဲ့ တစ်လစာအပန်းပြေနိုင်ပါ့မလား။

ဒါပေါ့ Thu Kha Spa မှာရှိတဲ့ Professional ဆရာသမားတွေရဲ့ စနစ်ကျတဲ့ Treatment နဲ့ Therapy တွေကို ခံယူလိုက်ရင် တစ်လလုံး ပင်ပန်းထားသမျှ အချိန်ခဏလေးအတွင်းမှာ ယူပစ်သလိုကင်းစင်ပြီး တက်ကြွလန်းဆန်းလာစေမှာပါ။

တစ်လလုံးပင်ပန်းသမျှ အချိန်ခဏနဲ့ ဖြေလျှော့ချင်တဲ့သူတွေအတွက် Thu Kha Spa မှာရနိုင်တဲ့ Package လေးတွေကိုလည်း စျေးနှုန်းနဲ့တကွ ဖော်ပြပေးလိုက်ပါတယ်။

🍀Traditional massage (ရိုးရာအနှိပ်နည်းပညာ)
စိတ်ဖိစီးမှုကိုလျှော့ချပေးပြီး ကျန်းမာလန်းဆန်းမှုကိုမြှင့်တင်ပေးပါတယ်။ ကြွက်သားနာကျင်မှုတွေကိုလည်း ပြေလျော့စေပါတယ်။
60 mins - 20000 ks
120 mins - 35000 ks

🍀Aromatherapy Massage (ရနံ့ကုထုံး)
ရနံ့အဆီတွေကိုအသုံးပြုပြီး ညင်သာစွာနှိပ်နယ်ပေးလို့ ကိုယ်နဲ့စိတ်ကို အပန်းပြေလန်းဆန်းစေပါတယ်။
60 mins - 45000 ks
120 mins - 85000 ks

🍀Herbal Oil Massage (ဆေးဖက်ဝင်အပင်များမှရသောအဆီနဲ့နှိပ်နယ်ခြင်း)
သွေးလည်ပတ်မှုကိုကူညီပေးပြီး၊ ခန္ဓာကိုယ်ကို အားအင်ပြန်လည်ပြည့်ဝစေတဲ့ နည်းပညာတွေကိုအသုံးပြုပြီး နှိပ်နယ်ပေးပါတယ်။
60 mins - 35000 ks
120 mins - 65000 ks

🍀Cream Massage (Cream နဲ့နှိပ်နယ်ပေးခြင်း)
အရေပြားကောင်းမွန်အောင် ထောက်ပံ့ပေးတဲ့ဓာတ်တွေကို ဖြည့်တင်းပေးနိုင်တဲ့ Cream ကိုအသုံးပြုပြီး ညင်သာစွာနှိပ်နယ်ပေးပါတယ်။
60 mins - 45000 ks
120 mins - 85000 ks

🍀Foot Reflexology (ခြေထောက်ကိုနှိပ်နယ်ပေးခြင်း)
ခြေထောက်ကြွက်သားတောင့်တင်းမှုတွေ ပြေလျော့စေဖို့နဲ့ သွေးလည်ပတ်မှုအားကောင်းစေတဲ့ အဆီ၊ cream စတာတွေနဲ့ လိမ်းပြီး နှိပ်နယ်ပေးပါတယ်။
60 mins - 25000 ks

ဒါဆို တစ်လစာအပန်းပြေဖို့ တစ်ခဏတာအချိန်ပေးပြီး လန်းဆန်းတက်ကြွတဲ့ သုခကိုခံစားလိုက်ပါ။

☎️09967773754, 09967773754
Viber No - 09978322647, 09978322647
Address - 78 Street Corner of 30 Street, SIG Hotel

01/11/2023

အလှအပဆိုတာ ညိုကီတို့နဲ့လို Gentleman တွေနဲ့လည်း ထိုက်တန်တယ်နော်။ လန်းဆန်းတက်ကြွပြီး ကျန်းမာတဲ့အလှသုခကို ညိုကီတို့ကရော မခံစားချင်ကြဘူးလား။

Spa မှာ အပန်းဖြေခြင်းဆိုတာက လူကြီး လူငယ် ကျားမရွေး ကျန်းမာရေးအတွက် အပန်းဖြေလို့ရတာဖြစ်လို့ ကျန်းမာခြင်းသုခက လူတိုင်းအတွက် ရည်ရွယ်ပါတယ်။

Thu Kha Spa ရရှိနိုင်တဲ့ Service Menu နဲ့ Package လေးတွေကိုလည်း စျေးနှုန်းနဲ့တကွဖော်ပြပေးလိုက်ပါတယ်။

Warm Oil Massage
For 60mins - 35,000 ks
- For 120mins- 65,000 ks

Herbal Heat Pressing & Massage
- For 90mins- 55,000 ks

THUKHA SPECIAL PACKAGE 📦
Special Package (1)
- For 180 mins - 70,000 ks ( Traditional 120 mins + Herbal Oil Massage 60 mins)

Special Package (2)
- For 180 mins- 85,000 ks ( Traditional 120 mins + Aromatherapy 60 mins)

Special Package (3)
- For 120 mins- 55,000 ks ( Traditional 60 mins + Herbal Oil Massage 60 mins)

Body Treatment and Scrub
- Body Scrub Only (30 mins) - 25,000 ks
- Body Scrub with Traditional (90 mins) - 35,000 ks
- Body Scrub with Herbal Oil (90 mins)- 50,000 ks
- Body Scrub with Aromatherapy (90 mins)- 60,000 ks
ကဲ ကျန်းမာလှပတဲ့သုခနဲ့ ပြည့်ဝဖို့ Thu Kha Spa က ညိုကီတို့ကိုစောင့်ကြိုနေပါတယ်။
အခုပဲ Booking လုပ်ထားလိုက်ပါ။

☎️09967773754, 09967773754
Viber No - 09978322647, 09978322647
Address - 78 Street Corner of 30 Street, SIG Hotel

29/10/2023

စိတ်ချမ်းသာခြင်း၊ ကိုယ်ကျန်းမာခြင်း သုခများနဲ့ ပြီးပြည့်စုံပြီး ပျော်ရွှင်စရာ သီတင်းကျွတ်လပြည့်‌နေ့လေးကို ပိုင်ဆိုင်နိုင်ကြပါစေ။

#သုခ

28/10/2023

အလှအပနဲ့ ကျန်းမာရေးဆိုင်ရာ ဝန်ဆောင်မှုကို စိတ်ဝင်စားပြီး ကိုယ်ပိုင်စီးပွားရေးလေး စလုပ်ချင်တဲ့သူတွေရှိပါသလား။

ဒီလိုနယ်ပယ်ကိုစိတ်ဝင်စားတဲ့သူတွေအတွက် Thu Kha Spa က ဖွင့်လှစ်မယ့် သင်တန်းလေးတစ်ခုနဲ့ မိတ်ဆက်ပေးပါရစေ။

Thailand Spa လုပ်သက် သက်တမ်း ၁၀နှစ်ကျော်ရှိပြီး ၂၀၁၉ ခုနှစ်ကတည်းက စတင်ဖွင့်လှစ်ခဲ့တဲ့ Thu Kha Spa မှ ဒီသင်တန်းလေးကို တာဝန်ယူသင်ကြားပေးမှာဖြစ်ပါတယ်။

ယနေ့အချိန်ထိ အနှိပ်ပိုင်းဆိုင်ရာ Review ကောင်းများစွာကိုရရှိထားတဲ့အပြင်၊ အရည်အချင်းရှိတဲ့ Therapist များစွာကို မွေးထုတ်ပေးခဲ့ပြီးဖြစ်ပါတယ်။

သင်က Spa လုပ်ငန်းကိုသေချာလေ့လာပြီးမှ ဖွင့်ချင်သူ (ဒါမှမဟုတ်) Professional Therapist တစ်ယောက်အဖြစ်ရပ်တည်ချင်သူဆိုရင်တော့ ဒီသင်တန်းဟာ သင့်အတွက်ပါပဲ။

❓သင်တန်းမှာဘာတွေသင်ကြားပေးမှာလဲ။
🕯️ဒီသင်တန်းမှာ သင်ခန်းစာ (၆) ခုခွဲပြီးသင်ကြားပေးသွားမှာဖြစ်ပါတယ်။ သင်ကြားပေးမယ့်သင်ခန်းစာတွေက …..
Thai Traditional Massage
Herbal Oil Massage
Aromatherapy Massage
Herbal Heat Pressing
Body Scrub Treatment
Foot Reflexology ပဲဖြစ်ပါတယ်။

သင်ခန်းစာ (၆) မျိုးဖြစ်တဲ့အတွက် သင်ကနှစ်သက်ရာ တစ်မျိုးကိုပဲရွေးချယ်တက်ရောက်ချင်တယ်ဆိုရင်လည်း အဆင်ပြေအောင် ညှိနှိုင်းသင်ကြားပေးသွားမှာပါ။

သင်တန်းပြီးစီးသွားပါကလည်း ပြီးမြောက်ကြောင်းလက်မှတ် (Certificate) ကိုပေးအပ်ချီးမြှင့်သွားမှာဖြစ်ပြီး၊ Spa Decoration နဲ့ပတ်သက်တဲ့ ဗဟုသုတရစရာတွေ၊ အရည်အသွေးကောင်းတဲ့ Spa ပစ္စည်းတွေဝယ်ယူနိုင်အောင်ပါ ဆောင်ရွက်ပေးသွားမှာဖြစ်ပါတယ်။

သင့်ရဲ့အိပ်မက်တွေကို Thu Kha Spaမှာ လာရောက်ပုံဖော်နိုင်ပါပြီ။

သင်တန်းအပ်လိုပါက- 09978322647, 09967773754 သို့ ဆက်သွယ်မေးမြန်းနိုင်ပါတယ်ရှင်။

23/10/2023

ရာစုနှစ်ပေါင်းများစွာ အဆက်ဆက် အသုံးပြုလာကြတဲ့ ရနံ့ကုထုံးလေးအကြောင်းသိပြီးပြီလား။🍃

Aromatherapy လို့ခေါ်တဲ့ ရနံ့ကုထုံးဟာဆိုရင် ဆွီဒင် အနှိပ်နည်းပညာတစ်မျိုးဖြစ်ပြီး သင့်ခန္ဓာကိုယ်အရေပြားကျန်းမာရေးကို အထောက်အပံ့ပေးတဲ့ အပင်တွေကနေရတဲ့ ရနံ့အဆီကိုသုံးပြီး နှိပ်နယ်ပေးတဲ့ ကုထုံးပဲဖြစ်ပါတယ်။

ရနံအဆီနဲ့လိမ်းပြီးနှိပ်နယ်ပေးတာဖြစ်တဲ့အတွက် အသက်ရှူသွင်းလိုက်တဲ့အခါမှာ ရနံ့လေးတွေက အနံ့ခံအာရုံကြောတွေကနေတစ်ဆင့် ဦးနှောက်ထဲက စိတ်ခံစားမှုထိန်းချုပ်တဲ့စနစ်ဆီကို တိုက်ရိုက်ရောက်ရှိသွားစေတဲ့အတွက် စိတ်ဖိစီးမှုပြေလျော့စေပြီး၊ သတိကောင်းစေနိုင်တဲ့အပြင် သင့်ခန္ဓာကိုယ်အရေပြားကျန်းမာရေးကိုလည်း အထောက်အကူဖြစ်စေပါတယ်။

Aromatherapy က အရေပြားကျန်းမာရေးကို အဓိကအထောက်အပံ့ဖြစ်စေတဲ့အတွက် ကုထုံးခံယူပြီးနောက်ပိုင်းမှာ ကျန်းမာတဲ့ skin ကိုပိုင်ဆိုင်ရလို့ အသားအရည်ကြည်လင်ပြီးတောက်ပနေစေမှာပါ။

ဒီလို skin ကောင်းချင်တယ်ဆိုရင်တော့ သင်တို့အတွက် Thu Kha Spa မှာ Aromatherapy ကုထုံးလေးကို ဝန်ဆောင်မှုပေးနေပါပြီ။

ရနံ့အဆီကိုအသုံးပြုပြီး ညင်သာတဲ့နှိပ်နယ်မှုကို ခံယူချင်တယ်ဆိုရင်တော့
1hr (60 mins)- 45,000 mmk
2hr (120 mins)- 85,000 mmk သာကျသင့်မှာဖြစ်လို့ ကြည်လင်ဝင်းပတဲ့ အသားအရည်ပိုင်ဆိုင်ရခြင်း သုခကို Aromatherapy နဲ့ Thu Kha Spa မှာ လာရောက်ခံစားကြည့်ပါ။

ဖုန်းနံပါတ် - 09967773754, 09978322647 ကိုဆက်သွယ်ပြီး သိချင်တာမှန်သမျှ မေးမြန်းနိုင်ပါတယ်။

Messenger မှာလည်း မေးထားလို့ရပါတယ်။
🏨လိပ်စာ - ၇၈x ၃၀ လမ်းထောင့်၊ ဒုတိယထပ် ရွှေအင်းကြင်း ဟိုတယ်၊ မန္တလေးမြို့။

20/10/2023

သူငယ်ချင်းတွေ၊ ညိုကီတွေ Date မယ်ဆို မန္တလေးမှာ ဘယ်နေရာ‌လေးတွေကို ရွေးချယ်ဖြစ်ကြလဲ?

Hot Pot Date လား? မာလာရှမ်းကော Date လား? Movie Date လား? ညိုကီတွေဆိုရင်ရော ဘယ်လိုတွေ Date ကြလဲ?

ဘယ်နေရာ၊ ဘယ်လိုပဲ Date Date ရည်ရွယ်ချက်လေးက ချစ်သူငယ်ချင်း၊ ညိုကီတွေနဲ့ ဆုံပြီး အဖွဲ့ကျကြ၊ ဘဝအမောတွေ ပြေပျောက်ကြဖို့က အဓိက မဟုတ်လားရှင်

Thu Kha Spa ကိုလည်း သူငယ်ချင်း၊ ညိုကီတို့ မန္တလေးမှာ Date စရာနေရာလေး တစ်ခုအဖြစ် ဖိ‌တ်ခေါ်ပါရစေရှင်။

အလုပ်ကိုယ်စီ၊ စိတ်ပင်ပန်းမှုတွေနဲ့ သူငယ်ချင်းတွေ Thu Kha Spa မှာ ကျန်းမာရေးအတွက် Date ကြည့်ပါ။

Traditional massage
Aromatherapy
Herbal Oil Massage
Cream Massage
Foot Reflexology တို့ကို သူငယ်ချင်း၊ ညိုကီတွေနဲ့ သုခလေး တစ်ခုအဖြစ် Thu Kha Spa မှာ ခံစားကြည့်ပါ။

ဖုန်းနံပါတ် - 09967773754, 09978322647 ကိုဆက်သွယ်ပြီး သိချင်တာမှန်သမျှ မေးမြန်းနိုင်ပါတယ်။

Messenger မှာလည်း မေးထားလို့ရပါတယ်။

🏨လိပ်စာ - ၇၈x ၃၀ လမ်းထောင့်၊ ဒုတိယထပ် ရွှေအင်းကြင်း ဟိုတယ်၊ မန္တလေးမြို့။

#မန္တလေး

01/10/2023

လူတိုင်းကအပန်းဖြေမှုနဲ့ထိုက်တန်ပါတယ်။ Spa သွားမယ်ဟေ့ဆိုရင် မိန်းကလေးတွေအတွက်လို့ပဲပြေးမြင်ကြတယ် ဟုတ်?

လုံးဝ လုံးဝ အဲ့လိုမဟုတ်ပါဘူးနော်၊ ခန္ဓာကိုယ်ရဲ့ ဇီဝဖြစ်စဉ်တွေကို ထိန်းညှိဖို့ ဘယ် Gender မဆို၊ ဘယ်လိုအသက်အရွယ်တိုင်းအတွက်မဆို စိတ်နဲ့ ခန္ဓာ တစ်ပြိုင်တည်းအနားယူအပန်းဖြေဖို့ ဆိုရင် Spa ဟာ အသင့်တော်ဆုံးပါပဲ။

Thu Kha Spa မှာဆိုရင် ဧည့်သည်တော်တွေစိတ်တိုင်းကျစေမယ့် အပန်းပြေ သုခခံစားနိုင်မယ့် ဒီလို service လေးတွေရှိပါတယ်ရှင်။

ဒါ့အပြင်…
💆🏻5 Stars Hotel ကြီးများတွင် တာဝန်ထမ်းဆောင်ခဲ့သော Professional Therapist မျာမှ ၀န်ဆောင်မှုပေးခြင်း

🔐သန့်ရှင်းသပ်ရပ်ပြီး လုံခြုံမှုအပြည့်ရှိတဲ့ ကျယ်ဝန်းသောအခန်းများရှိခြင်း

🇹🇭Thailand ထုတ် Spa ပစ္စည်းကောင်းများကိုသာ ရွေးချယ် အသုံးပြုထားခြင်း

🚗ကျယ်ဝန်းသောကားပါကင် အစရှိတဲ့ Service တွေနဲ့ ဧည့်သည်တော်တို့ စိတ်ကျေနပ်မှု သုခ အပြည့်အဝရရှိအောင် စီစဉ်ပေးထားပါတယ်။

လိပ်စာ- မန္တလေးမြို့ ၇၈ လမ်း၊ ၃၀ထောင့် Shwe Ingyin Hotel ( SIG) ရဲ့ 2nd Floor
(ဘူတာကြီးအရှေ့တည့်တည့်လမ်း)

☎️ဆက်သွယ်ရန် ဖုန်းနံပါတ်- 09967773754, 09978322647

#မန္တလေး

27/09/2023

“အခုနေများ ခရီးလေးထွက်လိုက်ရရင် ပင်ပန်းသမျှပြေသွားမှာပဲ” ဆိုတဲ့အတွေးတွေကို အလုပ်တာဝန် တစ်ပုံကြီးနဲ့ဘဝက မကြာခဏဖျက်ဆီးခံနေရပါသလား။

ခရီးထွက်ပြီးအပန်းဖြေဖို့အချိန်မပေးနိုင်တဲ့ busy bees ဦးဦး ဒေါ်ဒေါ် ကိုကို မမ မောင်လေး ညီမလေးတို့ အတွက် အချိန်ခဏတာပေးရုံနဲ့ ဘာ passport မှလည်းမလို၊ ပြင်ဆင်စရာလည်းမလိုဘဲ ခရီးတစ်ခုထွက်ရသလို လန်းဆန်းတက်ကြွမှုအပြည့်ကို ပေးစွမ်းနိုင်မယ့် Thu Kha Spa မှာ ပင်ပန်းမှု မှန်သမျှကို လာရောက်ဖြေလျော့လိုက်ပါ။

လန်းဆန်းတက်ကြွမှု သုခကို Thu Kha Spaမှာ လာရောက်ခံစားရင်း စိတ်မွန်းကြပ်စရာတွေကို ခဏတာ ခွင့်တိုင်ခဲ့လိုက်ပါ။

လိပ်စာ- မန္တလေးမြို့ ၇၈ လမ်း ၃၀ထောင့် Shwe Ingyin Hotel ( SIG) ရဲ့ 2nd Floor
(ဘူတာကြီးအရှေ့တည့်တည့်လမ်း)
☎️ဆက်သွယ်ရန် ဖုန်းနံပါတ်- 09967773754, 09978322647

22/09/2023

စိတ်သွားတိုင်း ကိုယ်မပါလို့ အလိုမကျတဲ့စိတ်နဲ့ ပင်ပန်းလို့နေပြီလား...

ခန္ဓာကိုယ်ရဲ့ ဆန္ဒပြမှုတိုင်းအတွက် သင့်စိတ်လေးအလိုမကျတဲ့အခါ Thu Kha Spa ကိုသတိရလိုက်ပါ။

အလိုမကျမှုတိုင်းကို ပြေပျောက်သွားစေနိုင်ဖို့ တစ်ဦးစီရဲ့မတူညီတဲ့စိတ်အလိုမကျမှုတွေနဲ့ ကိုက်ညီမယ့် ကုထုံးတွေကို အကောင်းဆုံးအကြံပေးသွားဖို့ Thu Kha pageရဲ့ ဖုန်းနဲ့ messenger လေးက သင့်ကိုကြိုဆိုလို့နေပါတယ်။

မန္တလေးမြို့မှာ အနှိပ်ကောင်းပြီး စိတ်ကျေနပ်မှု သုခတွေနဲ့ ပြည့်စုံစေမယ့် Spa လို့မေးတာနဲ့ အထွေအထူးပြောစရာမလိုအောင် “Thu Kha Spa” ရှိပါတယ်။

ဧည့်သည်တွေရဲ့ feedback ကို အပြည့်အဝရရှိထားတဲ့ ကျွန်မတို့ရဲ့ “Thu Kha Spa” မှာဆိုရင်...

🍀 5 ⭐️ Stars Hotel ကြီးများတွင် တာဝန်ထမ်းဆောင်ခဲ့သော Professional Therapist မျာမှ ၀န်ဆောင်မှုပေးခြင်း

🍀သန့်ရှင်းသပ်ရပ်ပြီး လုံခြုံမှုအပြည့်ရှိတဲ့ ကျယ်ဝန်းသောအခန်းများရှိခြင်း

🍀 Thailand ထုတ် Spa ပစ္စည်းကောင်းများကိုသာ ရွေးချယ် အသုံးပြုထားခြင်း

🍀 ကျယ်ဝန်းသောကားပါကင် အစရှိတဲ့ Service တွေနဲ့ ဧည့်သည်တော်တို့ စိတ်ကျေနပ်မှု သုခ အပြည့်အဝရရှိအောင် စီစဉ်ပေးထားပါတယ်။

လိပ်စာ- မန္တလေးမြို့ ၇၈ လမ်း ၃၀ထောင့် Shwe Ingyin Hotel ( SIG) ရဲ့ 2nd Floor
(ဘူတာကြီးအရှေ့တည့်တည့်လမ်း)
“စိတ်ကျေနပ်မှု သုခတွေနဲ့ ပြည့်စေစုံမည့် သင့်အတွက် Thu Kha Spa”

#မန္တလေး

11/09/2023

အမြဲတမ်းပန်းခင်းလမ်းကိုပဲ လျှောက်လှမ်း‌နေရတာမဟုတ်တော့ အဖက်ဖက်က ဖိအားတွေနဲ့ ပင်ပန်းနေကြမှာပဲနော်။ 🥺

သင့် အနေနဲ့ အောက်ပါအချက်တွေထဲက ဘယ်နှချက်လောက်ခံစားနေရပါသလဲ?

ဒီအချက်တွေ ခံစားနေရရင်တော့ သင်စိတ်ဖိစီးမှုများနေတာသေချာနေပါပြီ။👆🏽
ဘယ်လောက်ပဲအလုပ်များများ ကိုယ့်ကိုယ်ကို ချစ်ဖို့အချိန်တော့ပေးရမယ်မလား။ 💁🏼‍♀️

သင့်ကို လေးပင်စေတဲ့ Stress များကို ဖယ်ထုတ်ပေးဖို့က Thu Kha Spa ရဲ့တာဝန်ပါ။
အဆိပ်အတောက်များပြီး ပင်ပန်းရတဲ့ စက်ရုပ်လိုဘဝကြီးကို ခဏတာ‌ထားခဲ့ပါ…

Thu Kha Spa မှာသင့်ရဲ့ stress တွေကို လာရောက် ဖြေလျှော့ပြီး ပြန်လည်လန်းဆန်းတဲ့ သုခ ကိုအပြည့်အဝခံစားကြည့်လိုက်ပါ။

🏨လိပ်စာ - ၇၈x ၃၀ လမ်းထောင့်၊ ဒုတိယထပ် ရွှေအင်းကြင်း ဟိုတယ်၊ မန္တလေးမြို့။
☎️ဆက်သွယ်ရန် ဖုန်းနံပါတ်- 09967773754, 09978322647

#သုခ #မန်းလေး

08/09/2023

များပြားလှတဲ့ လုပ်ငန်းတာဝန်တွေကြား ဟိုပြေးသည်လွှား လုပ်ကိုင်နေရလို့ သင့်ခန္ဓာကိုယ်ရဲ့ ဇီဝစည်းချက်တွေလည်း မညီမျှပဲ ပင်ပန်းနေလောက်ပြီပေါ့။ 🥺

အချိန်ခဏလောက်ပေးပါ။
နေ့စဉ်လုပ်ငန်းဆောင်တာတွေကြားကနေ ခဏ ပြေးထွက်ခဲ့ပါ။

သင့် ကိုယ်၊ စိတ်၊ ခန္ဓာ သုံးပါးရဲ့ မညီမျှမှု၊ ပင်ပန်းမှုတွေကို Thu Kha Spa မှာ လာရောက် ဖြေလျှော့ရင်း ပြီးပြည့်စုံတဲ့ ကျန်းမာသုခကို အပြည့်အဝခံစားလိုက်ပါ။ 🍃

အချိန်လေးခဏပေးပြီး သင့် ဇီ၀စည်းချက်လေး ပြန်လည် ထိန်းညှိဖို့ Thu Kha Spa ကိုအရောက်လှမ်းခဲ့စို့နော်။

🏨လိပ်စာ - ၇၈x ၃၀ လမ်းထောင့်၊ ဒုတိယထပ် ရွှေအင်းကြင်း ဟိုတယ်၊ မန္တလေးမြို့။
☎️ဆက်သွယ်ရန် ဖုန်းနံပါတ်- 09967773754, 09978322647

Photos from Thu Kha Spa's post 19/08/2023

Spa and Massage Benefits 🍃

Booking now !
09-978322647
09-967773754

Photos from Thu Kha Spa's post 19/08/2023

ပိတ်ရက်လေးမှာ အနားယူဖို့ စဉ်းစားနေပါသလား 🍃 💆🏻‍♀️
ဒါဆိုရင်တော့ `သုခ‘ Spa ကို သတိရလိုက်ပါ

- အနှိပ်ပိုင်းနှင့်ပတ်သတ်၍ စိတ်တိုင်းမကျဖြစ်မှာ မစိုးရိမ်ပါနဲ့ 🙅🏻‍♀️
`သုခ‘ Spa Therapist များကို စနစ်တကျ Training ပေးထားပါတယ်ရှင်

-Thailand import Spa products များကိုသာ အသုံးပြုထားပါတယ် ✅

- သန့်ရှင်းသပ်ရပ်သော အခန်းများ
- Car parking ✅
အစစအရာရာ အဆင်ပြေရအောင် စီစဉ်ပေးထားပါတယ်ရှင် 🙏🏻

Lady ညီမငယ်လေးတွေလည်း ထပ်ရောက်နေတာမလို့ လာခဲ့ဖို့ ဖိတ်ခေါ်ပါတယ် 🙏🏻

လိပ်စာလေးကတော့ ၇၈လမ်း ၃၀ထောင့် ရွှေအင်ကြင်းဟိုတယ် ၂လွှာမှာ ပါရှင့် 🍃✨
Ph - 09967773754
09978322647

Photos from Thu Kha Spa's post 17/08/2023

သုခချမ်းသာတွေနဲ့ ပြည့်စုံစေမယ့် `သုခ‘ Spa ကို လာခဲ့ဖို့ ဖိတ်ခေါ်ပါတယ်ရှင့် 🙏🏻

မန္တလေးမြို့မှာ `သုခ‘ Spa ဆိုရင် အနှိပ်ကောင်းတယ်ဆိုတာ ကြော်ငြာစရာမလိုအောင် ဧည့်သည်တွေရဲ့ feedback ကို အပြည့်အဝရရှိထားပါတယ်ရှင် 🤍✅

🍀 5 ⭐️ Stars Hotel ကြီးများတွင် တာဝန်ထမ်းဆောင်ခဲ့သော Therapist များရဲ့ Professional ကျသော နှိပ်ကွက်များ
🍀 ကျယ်ဝန်းသန့်ရှင်းသပ်ရပ်သောအခန်း
🍀 Thailand Import Spa ပစ္စည်းကောင်းများ အသုံးပြုထားခြင်း
🍀 ကျယ်ဝန်းသောကားပါကင် စသဖြင့် ဧည့်သည်တော်တို့ စိတ်ကျေနပ်မှု အပြည့်အဝရရှိနိုင်အောင် စီစဉ်ပေးထားပါတယ် 🙏🏻

လိပ်စာလေးကတော့ မန္တလေးမြို့ ဘူတာကြီးအရှေ့တည့်တည့် ၇၈ လမ်း ၃၀ထောင့် Shwe Ingyin Hotel ( SIG) ရဲ့ 2nd Floor မှာပါရှင့်

✨အညောင်းအညာတွေပြေလျော့ပြီး အသားအရေထိန်းသိမ်းဖို့အတွက် `သုခ‘ Spa ကို လာခဲ့လိုက်တော့နော် ✨

Photos from Thu Kha Spa's post 16/08/2023

မင်္ဂလာပါ ဧည့်သည်တော်ကြီးများရှင့် 🙏🏻

`သုခ‘ Spa ကို အစဉ်တစိုက် အားပေးလာသော ဧည့်သည်တော်ကြီးများကို စျေးနှုန်းလေးများ အနည်းငယ်တက်ကြောင်း အသိပေးပါရစေရှင် 🤍

စျေးနှုန်းတက်ပေမယ့် ပစ္စည်း Quality နဲ့ Lady တွေရဲ့ အနှိပ်ကောင်းမှုကတော့ ဘယ်တော့မှ မပြောင်းလဲပါဘူးရှင်

သန့်ရှင်းသပ်ရပ်မှုအပြည့် Professional ကျတဲ့ Spa ကိုမှ အသုံးပြုချင်တဲ့ ဧည့်သည်တော်တို့အတွက် ThuKha Spa ကို လှမ်းခဲ့ဖို့ ဖိတ်ခေါ်ပါတယ်ရှင် 🙏🏻

Photos from Thu Kha Spa's post 19/06/2023

မန္တလေးမြို့မှာ အနှိပ်လည်းကောင်း ဝန်ဆောင်မှုလည်းကောင်းတဲ့ Spa ကိုလာချင်ရင် Thu Kha Spa ကို သတိရလိုက်ပါရှင် 🤍

တစ်နေကုန်အလုပ်ပင်ပန်းလို့ အကြောတက်ညောင်းညာနေရင် ထိုင်းရိုးရာအနှိပ်လေးနဲ့ အပန်းဖြေလိုက်ပါ

🟡 ကိုယ်လက်ကိုက်ခဲ ညောင်းညာခြင်း

🟡ကားမောင်းသူများ အထိုင်များသူများ ခါးနာခြင်း

🟡ကိုယ်ခန္ဓာလေ့ကျင့်ခန်းများကြောင့် body pain များ

🟡ခန္ဓာကိုယ် အနွေးဓာတ်လိုအပ်နေသူများ

🟡 Relax လုပ်ရတာကြိုက်နှစ်သက်သူများ

🟡 အသားအရေထိန်းသိမ်းချင်သူများအတွက် Thu Kha Spa ရဲ့ treatment များက

စိတ်ကျေနပ်မှု အပြည့်အဝရရှိစေရန် အာမခံပါတယ်🎉

✨5 stars Hotel ကြီးများတွင် တာဝန်ထမ်းဆောင်ခဲ့သော Therapist များရဲ့ အနှိပ်ကျွမ်းကျင်မှု

✨Thailand import Spa ပစ္စည်းကောင်းများကိုသာ အသုံးပြုထားခြင်း

✨သန့်ရှင်းသပ်ရပ်သော အခန်းနှင့် တစ်ကိုယ်ရေသုံးပစ္စည်းများကိုသာ အသုံးပြုခြင်း

✨ကျယ်ဝန်းသောကားပါကင် 🚗

✨ချိုသာသောစျေးနှုန်း များဖြင့်ဝန်ဆောင်မှုပေးနေပါပြီရှင့်

Hotline No.☎️
09967773754 / 09978322647

— 78 Street Corner of 30th street SIG (Shwe Ingyin Hotel)

05/06/2023

Scrub Treatment လေးနဲ့ မိတ်ဆက်ပေးပါရစေ 🙏🏻
အခုလို ရာသီဥတုမှာ နေပူထဲသွားလို့ အသားတွေညစ်နေပီလား ?
ခြေထောက်ဖွေးဖွေးလေးတွေမှာ နေလောင်လို့ စိတ်ညစ်နေပါသလား?
အိမ်မှာ Scrub တိုက်နေပေမယ့် မသိသာလို့ စိတ်ညစ်နေပါသလား?

ဒီလိုပြသနာတွေအတွက် Thu Kha Spaကို လာခဲ့လိုက်တော့နော်
Thu Kha Spa မှာ အသုံးပြုတဲ့ Scrub ဟာဆိုရင် ထိုင်းနိုင်ငံသုံး Scrub အကောင်းစားကိုသာ အသုံးပြုထားပါတယ်
Organic Scrub ဖြစ်တာမလို့ တစ်ခါတိုက်ရင် တစ်ခါသိသာစေပါတယ်
ဆိုင်မှာ Scrub တိုက်ခြင်းအားဖြင့် နောက်ကျော တင်ပါးအစရှိတဲ့နေရာတွေကအစ သေချာလေး သန့်ရှင်းစေပါတယ်
နေလောင်ဒဏ် အမာရွတ် အကြောပြတ်ရာများကိုလည်း သက်သာစေပါတယ် ❤️
စျေးနှုန်းလေးကလည်း ၂၀၀၀၀ ကျပ်ပဲမလို့ တစ်ပတ်တစ်ခါလာတိုက်ရုံနဲ့ ကြည်လင်တဲ့အသားအရေလေးကို ပိုင်ဆိုင်မှာနော် 💕
လိပ်စာကတော့ ၇၈လမ်း ၃၀ထောင့် ရွှေအင်ကြင်းဟိုတယ်မှာပါ ❤️

13/04/2023

မင်္ဂလာပါ သုခ Spa ချစ်သူတို့ရေ
သကြင်္န် ကာလအတွင်း ပင်ပန်းနွမ်းနယ်မှုတွေကို ဖြေဖျောက်ဖို့ Thu Kha Spa ကိုသတိရလိုက်နော် 🤍✨
သကြင်္န်ကာလအတွင်း ပိတ်ရက်မရှိ ဖွင့်တာမလို့ လာခဲ့ဖို့ ဖိတ်ခေါ်လိုက်ပါတယ် 🙏🏻

Photos from Thu Kha Spa's post 18/03/2023

🪷 ယနေ့ခေတ်ရဲ့ ပြောင်းလဲလာတဲ့ လူနေမှုပုံစံတွေကြောင့် ကွန်ပြူတာ နှင့် ဖုန်းတွေ အသုံးပြုမှု များလာတဲ့အခါ ခန္ဓာကိုယ် လေးလံထိုင်းမှိုင်းပြီး ကိုယ်လက်မအီမသာ ဖြစ်နေတဲ့သူတွေအတွက် Thu Kha Spa Mandalay မှ ဝန်ဆောင်မှုလေးကို ရွေးချယ် အပန်းဖြေနိုင်ပါတယ်။

🪷 နှိပ်တဲ့အခါ အသားနာကျင်မှုမရှိဘဲ ‌
အကြောပြေ လျော့ပြီး စိတ်ပင်ပန်းမှုများကို ပြေပျောက်စေပါတယ်။
ကြွက်သား ရောင်ရမ်းကိုက်ခဲခြင်း။
အရိုးကျီးပေါင်းတက်ခြင်း ကိုလည်းသက်သာစေနိုင်ပါတယ်။
ဆောင်းတွင်းအအေးဒဏ်ကြောင့် ခန္ဓာကိုယ် အစိုဓာတ်လျော့နည်းပြီး
အသားအရေ မွဲခြောက်ခြင်း။ အသားပက်ခြင်းတွေအတွက်
နှိပ်နယ်ပေးခြင်းကြောင့် သွေးလည်ပတ်မှုကို
ကောင်းမွန်‌စေတဲ့အတွက် ချွေးပေါက်များပွင့်စေပြီး အသားအရေကို
နူးညံ့ ကြည်လင်စေပါတယ်။

Kha spa_mandalay မှ
ညီမငယ်များရဲ့ #နွေးထွေးတဲ့လက်တစ်စုံနဲ့ နှိပ်နယ်ပေးမယ့်
ေးကို ရယူရန် အခုပဲbookingလိုက်ပါနော်။

🍂SiG hotel Mandalay

☎️ Booking now ☎️
09967773754

24/02/2023

တစ်နေ့တာ ပင်ပန်းနွမ်းနယ်မှုတွေအတွက် `သုခ‘ မှာ လာရောက်အပန်းဖြေဖို့ ဖိတ်ခေါ်ပါရစေ 🍃🌸

နွေရာသီရောက်လာတဲ့အချိန် 🌞 နေ့လည်နေ့ခင်း စိတ်အိုက်လူအိုက် ဖြစ်နေရင် စိတ်ရောကိုယ်ပါလန်းဆန်းအောင် Spa မှာ relax လုပ်လိုက်ပါ 🪷

`သုခ‘ Spa ကိုလာမယ်ဆိုရင်တော့

🔸စျေးနှုန်းချိုသာ💵
🔸ကျယ်ဝန်းသော ဟိုတယ်အခန်းများ 🛏️
🔸သန့်ရှင်းသပ်ရပ်မှုအပြည့်🧺
🔸ကျယ်ဝန်းသော Car parking 🚗
🔸Professional Therapist အလှလေးများ 👩🏻

ဒီလို Service အပြည့်နဲ့ Customer များ စိတ်ချမ်းသာစေရမယ်ရှင့် 💆🏻‍♀️💆🏻‍♂️

စျေးနှုန်းချိုသာတဲ့အပြင် လကုန်တိုင်းမှာလည်း 10% Promotion ရှိတာမလို့ နောက်မကျခင် အပြေးလေးလာခဲ့တော့နော် 🏃🏻

21/01/2023

`ဝန်ထမ်းခေါ်ယူခြင်း‘📍

Thu Kha Spa တွင် လုပ်ကိုင်ရန် Therapists များ ခေါ်ယူနေပါပီရှင်

အသက် 18-30
နေစားငြိမ်း
(ပညာသင်များလည်း ခေါ်ယူနေပါတယ် )
လစာအသေးစိတ်ကို ဖုန်းဆက်မေးမြန်းနိုင်ပါတယ်
09967773754

20/12/2022

အထူး promotion အစီအစဉ်အနေဖြင့် ကျွန်မတို့ရဲ့ Thu Kha spa မှ >>>>>
Herbal oil massage >>> 30000for 60 min
traditiional massage >>> 15000 for 60 min
Aromatherapy >>> 40000for 90 min စျေးနှုန်းများဖြင့် အကောင်းဆုံးသော spa&service ဝန်ဆောင်မှုများပေးနေပြီဖြစ်ကြောင်း နဲ့ မိတ်ဟောင်းမိတ်သစ် လူကြီးမင်းများအားလုံးကို ဖိတ်ခေါ်လိုက်ပါတယ်နော် >>>>>>

အသေးစိတ်သိချင်ပါက (or) booking တင်ချင်ပါက Page Chat box (သို့) ph ; 09-967773754 သို့ ဆက်သွယ်မေးမြန်းပေးကြပါရှင့်

Photos from Thu Kha Spa's post 11/12/2022

မင်္ဂလာပါရှင့်🙏

Spa သွားရတာကြိုက်တဲ့ လူကြီးမင်းများရှင့် လမ်း ၃၀;၇၈ လမ်းထောင့်/ဘူတာကြီးရှေ့ “Shwe In Gyinn Hotel “မှာဖွင့်လှစ်ထားတဲ့ “ThuKha Spa” ကိုလာရောက်အပန်းဖြေဖို့ဖိတ်ခေါ်ပါတယ်ရှင့်🙏

နှိပ်ပေးတဲ့ Lady လေးတွေကလည်း ချောချောလေးတွေရှိလို့လာခဲ့ကြနော်👋🏻

📍လိပ်စာ-လမ်း ၃၀/၇၈လမ်းထောင့်(Shwe In Gyinn Hotel)
☎️ 09-967773754

09/10/2022

သီတင်းကျွတ် လပြည့်နေ့ ဆိုင်ဖွင့်ပါတယ်ရှင်

04/09/2022

မန္တလေးမြို့ရဲ့ အပူရှိန်ကိုအံတုဖို့ Thu Kha Spa ကိုလာခဲ့လိုက်တော့နော် 🤍

ပစ္စည်းစျေးတွေတက်နေပေမယ့် ဧည့်သည်တော်တို့ အဆင်ပြေအောင် စျေးမတက်ပဲ ထားပေးထားပါတယ် ☺️🤍

Car Parking 🚗 လည်းစိတ်ပူစရာမလို ကျယ်ကျယ်ဝန်းဝန်းရှိတဲ့အပြင်

Spa ခန်းတွေကလည်း Hotel အခန်းတွေကိုပဲ အသုံးပြုထားတာမလို့ သန့်ရှင်းမှုမရှိမှာ စိတ်ပူစရာမလိုဘူးနော်

အနှိပ်ပိုင်းကျွမ်းကျင်တဲ့အပြင် ဖော်ရွေတဲ့ Lady Therapist တွေရှိတာမလို့ လာရောက်အပန်းဖြေဖို့ ဖိတ်ခေါ်လိုက်ပါတယ်ရှင် 🙏🏻🌼

10/08/2022

မန္တလေးမြို့မှ ဧည့်သည်တော်ကြီးများရှင့်

စျေးနှုန်းလည်း သက်သာ 💛

အနှိပ်လည်းကောင်း 💛

အပြုံးချိုချိုလေးတွေလည်းရှိ 💛

လူကြီးမင်းတို့ စိတ်တိုင်းကျ ဆောင်ရွက်ပေးမယ့် Thu Kha Spa ကို Shwe Ingyin (SIG) Hotel မှာ ထပ်မံဖွင့်လှစ်ထားပါတယ်ရှင် 🫶🏻

အမျိုးသမီးတို့ အလှအပအတွက် မျက်ခုံးထိုး မျက်တောင်ဆက် service များကိုလည်း booking ယူလို့ရပါပီရှင်

ကုန်စျေးနှုန်း တွေတက်ပေမယ့် Thu Kha Spa မှာ ဧည့်သည်တော်တို့ အဆင်ပြေအောင် စျေးနှုန်းလေးတွေ ချပေးထားပါတယ်ရှင်

မရောက်ဘူးသေးရင် အခုပဲ လာခဲ့လိုက်တော့နော်

Want your practice to be the top-listed Clinic in Mandalay?
Click here to claim your Sponsored Listing.

Category

Telephone

Website

Address

78th Street Corner Of 30th Street
Mandalay

Other Health spas in Mandalay (show all)
Tristar Spa & Foot Massage Tristar Spa & Foot Massage
60st, Between 37st And 38 Street
Mandalay, 05011

လူကြီးမင်းတို့စိတ်အပန်းဖြေပျော်ရွ?

Healthy Family Spa Healthy Family Spa
38 (B) Street, Between 58th Street × 59th Street, Mahar Aung Myay Township
Mandalay

Spa & Massage Spa & Massage
Mandalay

Sakura SPA Sakura SPA
Between 62 And 63 , On 102 Street, Chan Mya Thar Si
Mandalay

Stress တွေလျှော့ကျဖို့ Sakura SPA သို့လှမ်းလာကျစို့ 😍

Sabai Thai Family Reflexology Sabai Thai Family Reflexology
စစ်ကိုင်းလမ်းခွဲ ၊ဦးပွားကုန်းကျော်အရှေ့ဘက်, Cocoစတိုးကပ်ရပ်လမ်းကြား၊မန္တလေးမြို့
Mandalay

ချမ်းမြသာစည်မြို့နယ်၊မန္တလေးမြို့

Twinkle Spa Twinkle Spa
Padauk Street, Between 60*61 Street
Mandalay

Spa and Reflexology

Shine Beauty Spa Shine Beauty Spa
Mandalay

The spa has hair removal services Eyebrow Spraying Facials Diamond Studded Teeth whitening Eyelid Pressing eliminate underarm odors

Emotion Thai Traditional Massage and Spa Emotion Thai Traditional Massage and Spa
55Street 39A Shwe Hin Thar Hotel
Mandalay

Thai Traditional Massage and Spa

Lin Lin Aung Online Shop Lin Lin Aung Online Shop
Mandalay, 05036

Lin Lin Aung Online Shop

Aurora Spa & Foot Reflexology Aurora Spa & Foot Reflexology
66, Corner Of 105. ChanMyaTharSi Township.
Mandalay

ကောင်းစွာ အနားယူနိုင်ဖို့ Aurora မှ တာဝ?

NOVA SPA NOVA SPA
32nd Street Between 85th&86th Street
Mandalay, 05021

Let us be a part of your success story by helping you build your dreams