ERI’s bookstore
Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from ERI’s bookstore, Book shop, Mandalay.
Thanks a million 💗
ဝယ်ယူအားပေးမှုအတွက် Golden Sunflower international school ကို အထူးကျေးဇူးတင်ရှိပါတယ်ရှင်။
အမြဲတမ်းဝယ်ယူအားပေးတဲ့အတွက် အထူးကျေးဇူးတင်ရှိပါတယ်ရှင်။
ဆရာမတို့ ကျောင်းဂုဏ်သတင်း ဆထက်ထမ်းပိုး မွှေးပျံ့အောင်မြင်ပါစေရှင့်။
မင်္ဂလာရှိသော နှစ်သစ် ဖြစ်ပါစေကြောင်း
မိသားစုမှ
ဆုတောင်းမေတ္တာပို့သအပ်ပါသည် ။ 🙏🙏🙏
စာအုပ်များကို မှာယူအားပေးကြသော Customer
များလည်း ကျေးဇူးအထူးတင်ရှိပါသည် ။
☘️မင်္ဂလာပါရှင်
☘️YLE exam(Starter Level) ဖြေဆိုဖို့အတွက် 4 skills ကို strategy အဓိကထားပြီး လေ့ကျင့်ပေးရတဲ့စာအုပ်🌟
☘️ ဆရာ၊ဆရာမ၊ကျောင်းသား၊ကျောင်းသူ နဲ့ သင်တန်းကျောင်းများ လက်စွဲ .... ဖြစ်တဲ့ 🥳
✨FUN for starters✨
📚 Student’s book + CD 💿 - 5500 Ks💰
✅ 10အုပ်နှင့်အထက်ဝယ်ယူလိုသော
သင်တန်းကျောင်းများအတွက်
တစ်အုပ်ကို 💰4......ks ပဲကျသင့်ပါမယ်ရှင်🎉
☘️တစ်အုပ်ချင်း ဝယ်လိုသူများလည်း ဝယ်ယူအားပေးနိုင်ပါတယ်ရှင်။
Kpay နဲ့လည်း ငွေပေးချေနိုင်ပါတယ်ရှင်။%ပေးစရာမလိုပါ။ မန္တလေးမြို့တွင်း Cash on delivery နဲ့ ငွေပေးချေနိုင်ပါတယ်။
'Christmas အခါသမမှာ ပျော်ရွှင်ချမ်းမြေ့ကြပါစေ '
ိသားစုမှဆုမွန်ကောင်းတောင်းအပ်ပါသည် ။
✅စာဖတ်စွမ်းရည်လေ့ကျင့်ချင်တယ်။
✅ကလေးတွေအတွက် လေ့ကျင့်ပေးချင်တယ်ဆိုရင်တော့
🌟Daily Reading Comprehension🌟
စာအုပ်လေး level 1-6 ရှိပါတယ်။
✅Level တိုင်းမှာ စုံလင်တဲ့ reading comprehension လေးတွေ ပါဝင်တာမို့ သုံးကြည့်ဖို့ အကြံလေး ပြုပါတယ်ရှင်။
📒Level တစ်ခုကို 💰14500ကျပ်
📚Level 1-6 အစုံလိုက်ယူမယ်ဆိုရင်တော့
💰14000*6 =84000ကျပ် ပဲ ကျသင့်မှာ ဖြစ်ပါတယ်ရှင်။
🥳Kpay နဲ့လည်း ငွေပေးချေနိုင်ပါတယ်။%ပေးရန်မလိုပါ။
မန္တလေးမြို့တွင်း Cash on delivery ပေးချေနိုင်ပါတယ်။
ဝယ်ယူအားပေးမှုကို အထူးကျေးဇူးတင်ပါတယ်ရှင်။
🌟O Level Additional Mathematics စာအုပ်လေးပါ။
🖋လေ့ကျင့်ဖို့အတွက်ဆို မှာယူလိုက်ပါနော်။
💰တစ်အုပ်~11000ကျပ်
🥳Kpay နဲ့လည်း ငွေပေးချေနိုင်ပါတယ်။%ပေးရန်မလိုပါ။
မန္တလေးမြို့တွင်း Cash on delivery ပေးချေနိုင်ပါတယ်။
ဝယ်ယူအားပေးမှုကို အထူးကျေးဇူးတင်ပါတယ်ရှင်။
🔰ဘာသာစကားတစ်ခုလေ့လာရာမှာ အဓိက အခြေခံကျောရိုးစနစ်တစ်ခုလို့ဆိုရမည့် သဒ္ဒါ 💗Grammar ကိုနားလည်ရင် ထိုဘာသာစကားတစ်ခုရဲ့ ကိုယ်ပိုင်ဟန်၊စံ၊ ဖွဲ့စည်းပုံစနစ်ရဲ့ လှပမှုကိုလည်း မြင်တတ်လာမှာ အမှန်ပဲမို့ Grammar ဟာ အရေးပါပါတယ်။✨✨✨
Grammar ကို ဘယ်လိုသင်ကြား၊သင်ယူကြမလဲ ❓
သမာရိုးကျ ဒါတွေ့ရင် ဒီလိုလုပ်ဆိုပြီးသင်မလား 😴💤
☘️စည်းမျဉ်း၊စည်းကမ်းကြီးတွေ တခမ်းတနားနဲ့ မဟုတ်ဘဲ သဘာဝဆန်ဆန်၊ပေါ့ပေါ့ပါးပါး ကလေးတွေ နားလည်ပြီး ပျော်ပျော်ရွှင်ရွှင် စီးမျော သင်ယူစေမလား✨🥳
ကလေးတွေပျော်ပျော်ရွှင်ရွှင် Grammar သင်ဖို့အတွက်ဆို
📚Grammar Friends series လေးကို ညွှန်းပါရစေ။
✅ သင်တန်းမှာသင်သင်၊ အိမ်မှာပဲ သင်သင် အဆင်ပြေတဲ့ စာအုပ်အတွဲလေးပါ။
🌟Level 1~6 အထိရှိပါမယ်
☘️Level တစ်ခုစီတိုင်းမှာ
Student book + Teacher‘s book ပါပါမယ်။✨
💰💰💰
~ Level 1 ~
~ Level 2 ~
~ Level 3 ~
~ Level 4 ~
~ Level 5 ~
~ Level 6 ~
Kpay, WavePay ကြိုက်နှစ်သက်ရာနဲ့ ငွေပေးချေနိုင်ပါတယ်။%ပေးစရာမလိုပါ။ မန္တလေးမြို့တွင်း Cash on delivery ပေးချေနိုင်ပါတယ်။
❝ ကဆုန်လပြည့် ' ဗုဒ္ဓ 'နေ့ ❞
**********************************
ဗုဒ္ဓဘာသာဝင်များအနေဖြင့် ကဆုန်လပြည့်နေ့ကို
❝ ဗျာဒိတ်၊ ဖွားမြင် ၊ ဗုဒ္ဓဝင် ၊ စံဝင် နိဗ္ဗာန်နန်း ❞
ဆိုတဲ့ ဆိုရိုးစကားနှင့်အညီ…
ဗုဒ္ဓဘာသာဝင်များ ကိုးကွယ်၊ ဆည်းကပ်ရာ…
သုံးလောကထွဋ်ထား သဗ္ဗညုမြတ်စွာဘုရားနှင့် ဆက်စပ်၍ ထူးခြားသည့်
နေ့ထူးနေ့မြတ် အဖြစ်
ဘုရားရှင်ကို ရည်မှန်း၍ ကောင်းမှုကုသိုလ်များ
ပြုလုပ်ကြတဲ့ ပွဲတော်တစ်ခုလည်း ဖြစ်ပါတယ်။
--------------------------------------------------------------
❝ ကဆုန်လပြည့် 'ဗုဒ္ဓ' နေ့ နဲ့ ပတ်သက်ပြီး ဗဟုသုတဝေငှခြင်းအလို့ငှာ Daily Eleven သတင်းစာရဲ့ အယ်ဒီတာ့ အာဘော်ကို မျှဝေလိုက်ပါတယ် ။ ❞
------------------------------------------------------------------
ကဆုန်လပြည့်နေ့
■ မေ ၂ ရက်နေ့ထုတ် The Daily Eleven သတင်းစာ၏ အယ်ဒီတာ့အာဘော်
ကဆုန်လပြည့်နေ့သည် ဗုဒ္ဓဘာသာဝင်တို့၏ နေ့ထူးနေ့မြတ်ကြီး ဖြစ်သည်။ “ဗျာ၊ ဖွား၊ ပွင့်၊ စံ ဤလေးတန် မှတ်ရန် ဗုဒ္ဓနေ့” ဟု ဆိုစမှတ်ပြုကြသည်။ (ဗျာ-ကဆုန်လပြည့်နေ့၌ ဗျာဒိတ်တော်ကို ခံယူတော်မူပါသည်။ ဖွား-ကဆုန်လပြည့်နေ့၌ ဖွားမြင်တော်မူပါသည်။ ပွင့်-ကဆုန်လပြည့်နေ့၌ ဘုရားပွင့်တော်မူပါသည်။ စံ-ကဆုန်လပြည့်နေ့၌ ပရိနိဗ္ဗာန် စံဝင်တော်မူပါသည်။)
ဘုရားအလောင်းတော် သုမေဓာရှင်ရသေ့သည် ဤဘဒ္ဒကမ္ဘာ၌ လေးဆူမြောက်ဖြစ်သော ဂေါတမအမည်ဖြင့် ဘုရားစင်စစ် ဧကန်ဖြစ်လိမ့်မည်ဟု ဒီပင်္ကရာ မြတ်စွာဘုရားထံမှ နိယတဗျာဒိတ်ကို ကဆုန်လပြည့်နေ့တွင် ခံယူခဲ့သည်။ မဟာသက္ကရာဇ် ၆၈-ခု ကဆုန်လ ပြည့်နေ့တွင် ဂေါတမဘုရားအလောင်းတော် သိဒ္ဓတ္ထမင်းသားအား ဖွားမြင်တော်မူခဲ့သည်။ မဟာသက္ကရာဇ် ၁၀၃-ခု ကဆုန်လပြည့်နေ့ အရုဏ်တက်ချိန်တွင် ဂေါတမဘုရားအလောင်းတော်သည် သဗ္ဗညုတဉာဏ်တော်ကို ရရှိ၍ ဘုရားဖြစ်တော်မူခဲ့သည်။ မဟာသက္ကရာဇ် ၁၄၈-ခု ကဆုန်လပြည့်နေ့တွင် မလာမင်းတို့၏ အင်ကြင်းဥယျာဉ်၌ ဘုရားရှင် ပရိနိဗ္ဗာန်စံဝင်တော်မူခဲ့သည်။
ဂေါတမမြတ်စွာဘုရားလောင်း ဖြစ်တော်မူသော သိဒ္ဓတ္ထမင်းသားကို သက္ကတိုင်း ကပိလဝတ်(နီပေါနိုင်ငံ)တွင် ကပိလဝတ်ပြည့်ရှင် သာကီဝင်မင်းမျိုးဖြစ်သော သုဒ္ဓေါဒနမင်းကြီးနှင့် မိဖုရားခေါင်ဖြစ်သော သိရီမဟာမာယာ မိဖုရားကြီးတို့မှ လွန်ခဲ့သော နှစ်ပေါင်း ၂,၆၀၀၊ ခရစ်တော်မပေါ်မီ(ဘီစီ ၆၂၃)၊ မဟာသက္ကရာဇ် ၆၈ ခု၊ ကဆုန်လပြည့် သောကြာနေ့ နံနက် ၁ ချက်တီးအချိန် ၀ိသာခါနက္ခတ်နှင့် စန်းအယှဉ်တွင် ကပိလဝတ်ပြည်မှ ဒေဝဒဟပြည်သို့အသွား လုမ္ဗိနီအင်ကြင်းတော၌ ဖွားမြင်တော်မူခဲ့သည်။ မြတ်ဗုဒ္ဓသည် ဘုရားအဖြစ်နှင့် ၄၅ နှစ် နေခဲ့ပြီး မဟာသက္ကရာဇ် ၁၄၈ ခု ကဆုန်လပြည့် အင်္ဂါနေ့ ဘီစီ ၅၄၃ ၌ ပရိနိဗ္ဗာန် စံလွန်တော်မူသည်။
သီရိလင်္ကာနိုင်ငံ၊ ကိုလံဘိုမြို့တော်တွင် ကျင်းပခဲ့သော အပြည်ပြည်ဆိုင်ရာ ဗုဒ္ဓဘာသာ ကွန်ဖရင့်၌ ကဆုန်လပြည့်နေ့ကို ကမ္ဘာ့ရုံးပိတ်ရက်အဖြစ် သတ်မှတ်နိုင်ရန်အတွက် ၁၉၉၈ ခု၊ နိုဝင်ဘာလ ၅ ရက်မှ ၁၄ ရက်အထိ ညှိနှိုင်းဆွေးနွေးခဲ့ကြသည်။ သီရိလင်္ကာနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးသည် ကမ္ဘာ့ရုံးပိတ်ရက်အဖြစ် သတ်မှတ်ရေးအဆိုကို ၁၉၉၉ ခု စက် တင်ဘာလ၌ ကုလသမဂ္ဂသို့ တင်သွင်းခဲ့သည်။ ၅၄ ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံမှာ တင်သွင်းသောအဆိုကို မြန်မာနိုင်ငံအပါအဝင် အခြားနိုင်ငံများ စုစုပေါင်း ၃၄ နိုင်ငံက ထောက်ခံကြသည်။ ကမ္ဘာ့ကုလသမဂ္ဂက ကဆုန်လပြည့် ဗုဒ္ဓနေ့ကို အပြည်ပြည်ဆိုင်ရာ ရုံးပိတ်ရက် Vesak Universal Holiday အဖြစ် သတ်မှတ်ပေးခဲ့သည်။
ဘုရားရှင်သည် ဤနေ့ဤအခါ၌ သဗ္ဗညုတရွှေဉာဏ်တော်ကို ရတော်မူရန်အတွက် ဗောဓိပင်အား အမှီပြု၍ တရားအားထုတ်တော်မူခဲ့သည်။ ထို့ကြောင့် ဗုဒ္ဓဘာသာဝင်တို့သည် ကဆုန်လပြည့်နေ့တွင် ဗောဓိပင်အား ရေသွန်းလောင်းခြင်းကဲ့သို့သော ကုသိုလ်ကောင်းမှုတို့ကို ပြုလုပ်ကြသည်။ ရေသွန်းလောင်းကြသည်မှာ ကဆုန်လတွင် ရေရှားပြတ်လပ်၍ ညှိုးလျော်အံ့ဆဲဆဲဖြစ်သော ဗောဓိပင်ကို လန်းဆန်းစိုပြေစေရန်အတွက် ဖြစ်သည်။ ထိုအလေ့အထသည် ဗုဒ္ဓဘာသာဝင်တို့တွင် ပျောက်ကွယ်သွားခြင်းမရှိဘဲ ယနေ့ထက်တိုင် ရှင်သန်ဆဲဖြစ်သည်။ နှစ်စဉ်အမြဲပင် ကဆုန်လပြည့်နေ့တွင် ညောင်ရေသွန်းပွဲများ ပြုလုပ်လျက် ရှိကြသည်။ ညောင်ရေသွန်းပွဲတော်သည် မြန်မာလူမျိုးတို့ အမွန်အမြတ်ထားသော ပွဲတော်တစ်ရပ်လည်းဖြစ်သည်။
ဗုဒ္ဓဘာသာဝင်တို့သည် ဗုဒ္ဓမြတ်စွာဘုရားအား ကိုးကွယ်ဆည်းကပ်ရာမှ ဘုရားပွင့်တော်မူရာ အထိမ်းအမှတ်ဖြစ်သော ဗောဓိပင်များ အဓွန့်ရှည်စေရန်အတွက် ရေသွန်းလောင်းခြင်းကို အမြတ်တနိုးပြုခဲ့ကြသည်။ “တန်ခူးကဆုန် ဆွေ့ဆွေ့ခုန်” ဟူသော စကားနှင့်အညီ ကဆုန်လသည် နွေရာသီ၏ အပူပြင်းဆုံးကာလ၊ ရေအခန်းခြောက်ဆုံးအချိန်၊ ရေအဆုတ်ဆုံးအချိန်ဖြစ်သည်။ ထို့ကြောင့် ဗုဒ္ဓမြတ်စွာအမှီသဟဲပြု၍ ပွင့်တော်မူရာဗောဓိညောင်ပင်ကို ရေသွန်းလောင်းခြင်းဖြင့် ညောင်ရေသွန်းပွဲတော် ပေါ်ပေါက်လာရခြင်းဖြစ်သည်။
ကဆုန်လတွင် ပူပြင်းလှသည်။ ကောင်းကင်၌လည်း မိုးသားများအုံ့မှိုင်းကာ တဂျိန်းဂျိန်းနှင့် မိုးချုန်းသံများ ကြားရ၏။ အသူရာနတ်မင်းက သိကြားမင်းရှိရာ တာဝတိံသာနတ်ပြည်သို့ စစ်မောင်းသံပေးနေသည့်အလား ထင်ရသည်ဟုပင် ဆိုကြသည်။ မည်သို့ပင်ဆိုစေ၊ ထိုအချိန်ထိုအခါမျိုးတွင် မြန်မာပြည်သူပြည်သားတို့အနေဖြင့် ညောင်ရေသွန်းလောင်းရင်း အန္တရာယ်ကင်းရှင်းကာ ငြိမ်းချမ်းသာယာပါစေကြောင်း ဆုမွန်ကောင်းတောင်းလိုက်ရပါသည်။
" Happy_Eid_Mubarak "
အစ္စလာမ်ဝင်များ
စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းဖြင့်
အေးချမ်းသာယာ ချမ်းမြေ့ကြပါစေ
ကြောင်း ,
မိသားစုမှ ဆုမွန်ကောင်း တောင်းအပ်ပါသည်။
မြန်မာ နှစ်သစ်ကူး အခါသမမှာ အေးချမ်း သာယာ ပျော်ရွှင်နိုင်ကြပါစေကြောင်း
' Eri's Bookstore ' မိသားစုမှ ဆုမွန်ကောင်း တောင်းအပ်ပါသည် ။
မြန်မာနှစ်ကူး အတာ ရေသဘင်
" သင်္ကြန် ကာလ " မှာ ဘေးဘယာ အပေါင်းမှကင်းဝေး၍ ပျော်ရွှင်ချမ်းမြေ့ ကြပါစေကြောင်း
' Eri's Bookstore ' မိသားစုမှ ဆုမွန်ကောင်း တောင်းအပ်ပါသည် ။
☘️သင်္ချာ Word problems လေးတွေ လေ့ကျင့်ဖို့အတွက်ဆို
☘️101 Challenging Maths လေးတွေကို level စုံ ရနိုင်ပါတယ်ရှင်။
💰တစ်အုပ် ~8000ks
🥳Kpay နဲ့လည်း ငွေပေးချေနိုင်ပါတယ်။%ပေးရန်မလိုပါ။
မန္တလေးမြို့တွင်း Cash on delivery ပေးချေနိုင်ပါတယ်။
ဝယ်ယူအားပေးမှုကို အထူးကျေးဇူးတင်ပါတယ်ရှင်။
🎉 နှစ်သစ်အတွက် ဒီဇိုင်းအသစ်နဲ့
💫🌟EBS ရဲ့ ဘားဖြူ အကြမ်းရေးစာအုပ်💫🌟
✍🏻သင်္ချာတွေ တမုန်းတွက်ချင်တယ်။
✍🏻သင်ခန်းစာတွေ ကျေညက်အောင် လေ့ကျင့်ခန်းတွေ တဝကြီး လုပ်မယ်ဆိုသူတွေအတွက်
😁အားမနာတမ်း အားပေးလို့ရ ပါပြီနော်။ 😁
📒တစ်အုပ် ~💰၁၀၀၀ကျပ်
📚၂၅အုပ်တစ်စည်း လက်ကားစျေး သီးသန့်လည်းရှိပါတယ်ရှင်။
👌Kpay နဲ့လည်း ငွေပေးချေနိုင်ပါတယ်။ %ပေးရန်မလိုပါ။ မန္တလေးမြို့တွင်း အိမ်အရောက်ငွေချေလို့ရပါတယ်။
ဝယ်ယူအားပေးမှုကို ကျေးဇူးတင်ပါတယ်💗
ားဖြူ
Merry Christmas to You All..🎄🎄🎄
ယနေ့ကျရောက်တဲ့
ပျော်ရွှင်စရာခရစ္စမတ်နေ့လေးကနေစတင်ပြီး
နောင်နှစ်ပေါင်းများစွာတိုင် ကိုယ်ချစ်ရတဲ့သူတွေအားလုံးနဲ့အတူ
ပျော်ရွှင် ကျန်းမာ အေးချမ်းစွာ ဖြတ်သန်းနိုင်ကြပါစေလို့
မိသားစုမှ ဆုမွန်ကောင်း တောင်းလိုက်ပါတယ် ။
🎄🎄
☘️မင်္ဂလာပါရှင်
☘️YLE exam(Starter Level) ဖြေဆိုဖို့အတွက် 4 skills ကို strategy အဓိကထားပြီး လေ့ကျင့်ပေးရတဲ့စာအုပ်🌟
☘️ ဆရာ၊ဆရာမ၊ကျောင်းသား၊ကျောင်းသူ နဲ့ သင်တန်းကျောင်းများ လက်စွဲ .... ဖြစ်တဲ့ 🥳
✨FUN for starters✨
📚 Student’s book + CD 💿 - 5000 Ks💰
✅ 10အုပ်နှင့်အထက်ဝယ်ယူလိုသော
သင်တန်းကျောင်းများအတွက်
တစ်အုပ်ကို 💰4......ks ပဲကျသင့်ပါမယ်ရှင်🎉
☘️တစ်အုပ်ချင်း ဝယ်လိုသူများလည်း ဝယ်ယူအားပေးနိုင်ပါတယ်ရှင်။
Kpay နဲ့လည်း ငွေပေးချေနိုင်ပါတယ်ရှင်။%ပေးစရာမလိုပါ။ မန္တလေးမြို့တွင်း Cash on delivery နဲ့ ငွေပေးချေနိုင်ပါတယ်။
🎉EBS ရဲ့ ဘားဖြူ အကြမ်းရေးစာအုပ်လေး လာပါပြီနော် ။
✍🏻သင်္ချာတွေ တမုန်းတွက်ချင်တယ်။
✍🏻သင်ခန်းစာတွေ ကျေညက်အောင် လေ့ကျင့်ခန်းတွေ တဝကြီး လုပ်မယ်ဆိုသူတွေအတွက်
😁အားမနာတမ်း အားပေးလို့ရ ပါပြီနော်။ 😁
📒တစ်အုပ် ~💰၁၀၀၀ကျပ်
📚၂၅အုပ်တစ်စည်း လက်ကားစျေး သီးသန့်လည်းရှိပါတယ်ရှင်။
👌Kpay နဲ့လည်း ငွေပေးချေနိုင်ပါတယ်။ %ပေးရန်မလိုပါ။ မန္တလေးမြို့တွင်း အိမ်အရောက်ငွေချေလို့ရပါတယ်။
ဝယ်ယူအားပေးမှုကို ကျေးဇူးတင်ပါတယ်💗
ားဖြူ
🔰ဘာသာစကားတစ်ခုလေ့လာရာမှာ အဓိက အခြေခံကျောရိုးစနစ်တစ်ခုလို့ဆိုရမည့် သဒ္ဒါ 💗Grammar ကိုနားလည်ရင် ထိုဘာသာစကားတစ်ခုရဲ့ ကိုယ်ပိုင်ဟန်၊စံ၊ ဖွဲ့စည်းပုံစနစ်ရဲ့ လှပမှုကိုလည်း မြင်တတ်လာမှာ အမှန်ပဲမို့ Grammar ဟာ အရေးပါပါတယ်။✨✨✨
Grammar ကို ဘယ်လိုသင်ကြား၊သင်ယူကြမလဲ ❓
သမာရိုးကျ ဒါတွေ့ရင် ဒီလိုလုပ်ဆိုပြီးသင်မလား 😴💤
☘️စည်းမျဉ်း၊စည်းကမ်းကြီးတွေ တခမ်းတနားနဲ့ မဟုတ်ဘဲ သဘာဝဆန်ဆန်၊ပေါ့ပေါ့ပါးပါး ကလေးတွေ နားလည်ပြီး ပျော်ပျော်ရွှင်ရွှင် စီးမျော သင်ယူစေမလား✨🥳
ကလေးတွေပျော်ပျော်ရွှင်ရွှင် Grammar သင်ဖို့အတွက်ဆို
📚Grammar Friends series လေးကို ညွှန်းပါရစေ။
✅ သင်တန်းမှာသင်သင်၊ အိမ်မှာပဲ သင်သင် အဆင်ပြေတဲ့ စာအုပ်အတွဲလေးပါ။
🌟Level 1~6 အထိရှိပါမယ်
☘️Level တစ်ခုစီတိုင်းမှာ
Student book + Teacher‘s book ပါပါမယ်။✨
💰💰💰
Level 1 ~ 6000ks
Level 2~ 6000ks
Level 3~ 6000ks
Level 4~ 6000ks
Level 5~ 6000ks
Level 6~ 6000ks
Kpay, WavePay ကြိုက်နှစ်သက်ရာနဲ့ ငွေပေးချေနိုင်ပါတယ်။%ပေးစရာမလိုပါ။ မန္တလေးမြို့တွင်း Cash on delivery ပေးချေနိုင်ပါတယ်။
ERI’s bookstore ရဲ့
မိတ်ဟောင်း၊မိတ်သစ်များရှင်
စာအုပ်စျေးနှုန်းလေးများ အနည်းငယ်
အပြောင်းအလဲရှိနိုင်ပါတယ်ရှင့်။
Click here to claim your Sponsored Listing.
Videos (show all)
Category
Telephone
Website
Address
Mandalay, 05031
ကလေးတို့အတွက်အကောင်းဆုံးလက်ဆောင်ဟာသူတို့ တစ်ဘဝလုံးရှင်သန်ဖို့အတွက်အသိဥာဏ်ဗဟုသုတတွေထည့်ပေးလိုက်ခြင်းပါ
83rd Between 29th And 30th, Chanayetharzan Township
Mandalay, 05024
Book Shop and Publisher