ကြည်မျိုး Bajaj RE သုံးဘီးပြုပြင်ရေး မန္တလေး
Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from ကြည်မျိုး Bajaj RE သုံးဘီးပြုပြင်ရေး မန္တလေး, Entrepreneur, တံခွန်တိုင် နံ့သာရပ်ကွက်, Mandalay.
ဘာကြော်ငြာတာလည်း သိကြလားဗျ
Bajaj RE Model သစ်ဘီးများရဲ့
ရှေ့ဘီးဝင်ရိုးဘောထောက်ဖြုတ်ခြင်း
Bajaj သုံးဘီးများရဲ့ ဇက်သော့ခတ်ခြင်း
အသုံးပြုပုံ
Bajaj RE ပုံပြောင်းဘီးများအတွက်
ရှေ့ဘီးဘောထောက်ဖြုတ် ကရိယာ
ရပါပြီ မှာလို့ 09400012487 သို့
Bajaj RE Model မြင့်ဘီးများအတွက်
လေ့လာမှတ်သားစရာ Video လေးပါ
ဆုံးအောင်ကြည့်ပါဗျ
28/10/2023 ရက်နေ့ ကျွန်တော်၏ တပြည့်များမှ
ဆရာကို ကန်တော့ပူဇော်
Bajaj သုံးဘီးများရဲ့ အင်ဂျင်ဝိုင်စားခြင်းအကြောင်း
အပိုင်း ( ၂ )
Bajaj သုံးဘီးများရဲ့ အင်ဂျင်ဝိုင်စားခြင်းအကြောင်း
အပိုင်း ( ၁ )
အရမ်းလွမ်းနေပြီ - - - - - တဲ့
သုံးဘီးနဲ့ဆိုင်ရာများကို နောက်ဆို စာနဲ့မရေးတော့ပဲ Video နဲ့ပဲရှင်းပြတင်ပေးပါတော့မယ်ဆိုတာကို
ဒီသီချင်းလေးဖြင့် အသိပေးလိုက်ပါတယ်ဗျ
Bajaj သုံးဘီးများအတွက် စတက်ပီနီယံအသေး
အတွင်းမှ စပလိမ်လေးသီးသန့် လက်လီ
လက်ကား ဝယ်ယူရရှိနိုင်ပါပြီဗျ 09400012487
((( Bajaj သုံးဘီးများရဲ့ ချုပ်ကြိုးအကြောင်း )))
Bajaj သုံးဘီးတွေရဲ့ ချုပ်ကြိုးနဲ့ဆိုင်တဲ့
ဆိုးကျိုး ကောင်းကျိုးလေးအကြောင်းလေးတွေကို
တင်ပေးပါမယ်ဒီတစ်ခါ ချုပ်ကြိုးဆိုတာဟာ
ယာဉ်တိုင်းမှာလိုပါရှိကြပါတယ် ကျွန်တော်အခု
အဓိကထားပြောမှာကတော့ Bajaj သုံးဘီးယာဉ်များရဲ့ ချုပ်ကြိုးများကသာအဓိက
ရွေးပြောမှာပါ ဒီချုပ်ကြိုးများမှာ
ဆိုးကျိုး ကောင်းကျိုးဆိုတဲ့ အကြောင်းရင်းမှာ
မြန်မာစကားပုံလိုဆို သုံးတတ်ရင်ဆေး
မသုံးတတ်ရင်ဘေး ဆိုသလို ကောင်းက်ျိုး ဆိုးကျိုး
ဖြစ်ပါတယ် အောက်မှာပုံလေးတွေနဲ့ပြထားပါတယ်
ချုပ်ကြိုးရဲ့ပါရှိထားတဲ့နေရာနဲ့ ပုံလေးတွေကိုပြထားပါတယ် Bajaj သုံးဘီးယာဉ်များရဲ့ချုပ်ကြိုးများမှာ
အသစ်တုန်းကတော့ ဆွဲအသုံးပြုရတဲ့အခါ
ပုံမှန်အတိုင်း ကောင်းစွာအလုပ်လုပ်ပေးပါတယ်
နှစ်တွေကြာလာတာနဲ့အမျှ ချုပ်ကြိုးမှာအလိုလို
ပြစ်ချက်တွေရှိလာပါမယ် အသုံးပြုရတာနည်းလွန်းသည့်အတွက်ပါ ဒီချုပ်ကြိုးဆိုတာ
ဘယ်အတွက်အသုံးပြုဖို့လည်း မသိသေးသူများအတွက်ပြောသလို သိသူများအတွက်လည်း
မသိသေးတာများရှိသည့်အတွက် ပြောခြင်းပါ
ချုပ်ကြိုးကိုအသုံးပြုရာမှာ ဘယ်အချိန်မှာအသုံးပြု
သလည်းဆိုတော့ ကာပရိုက်တာကိုဆီမပို့ဘူး
ထင်တဲ့အခါနဲ့ ဆောင်းတွင်းအခါအေးတုန်း
စက်အနှိုးခတ်တဲ့အခါများမှာသာ
ချုပ်ကြိုးကိုဆွဲအသုံးပြုကြရတာ များပါတယ်
ချုပ်ကြိုးအသုံးပြုခြင်းကို နေ့တိုင်းလည်း
အသုံးပြုကြရတာမဟုတ်တဲ့အတွက် ကြာလာတဲ့အခါ
ချုပ်ကြိုးဟာချေးများတပ် ကိုက်လာတတ်ကြပါတယ်
ချေးကိုက်တက်နေချိန်မှာ လိုအပ်တယ်ထင်လို့
ချုပ်ကြိုးကိုဆွဲအသုံးပြုရတဲ့အခါ ချုကြိုးဟာ
အပြည့်အဝအလုပ်လုပ်မပေးတော့ပဲ ချုပ်ကြိုးဆွဲ
လိုက်ပြီးမှ ပိုဆိုးသွားတာတွေလည်း
ဖြစ်တတ်ပါတယ် ဒီအချိန်မှာ ပြုပြင်ရေးဌာနများသို့
သွားရောက်ပြသတဲ့အခါမှာ အနာတခြား
ဆေးတခြား ဖြစ်နိုင်ပါမယ် ချုပ်ကြိုးရဲ့
ချို့ရွန်းမှုကြောင့် ဖြစ်မယ့်ပြဿနာများကတော့
စက်သံမမှန်တော့ခြင်း ဆီပိုစားခြင်း မလိုအပ်
သောအစိတ်အပိုင်းများကို လဲလှည်ပြုပြင်ခြင်းများ
ဖြစ်မိပါမယ်
( ကာပရိုက်တာဆေးခြင်း အသစ်လဲလှည်ခြင်း )
( ဝါယာရိမ်းလိုက်ခြင်း )
( အင်ဂျင်အပေါ်ပိုင်းလှည်ခြင်း )
ဒီဖြစ်ချက်ကြောင့်များဆိုပြီး မလိုအပ်တဲ့အစိတ်အပိုင်း
တွေလှုပ်မိ၍ အချိန်နဲ့ငွေ ကုန်ကျမှုများပါလိမ့်မယ်
ဒါကြောင့် အသိ သတိပေးခြင်းပါ
ဆီစားတိုင်း စက်အနှိုးရခတ်တိုင်း စက်သံမမှန်တိုင်း ချုပ်ကြိုးရဲ့ပြစ်ချက်ကြောင့်လည်း မဟုတ်ပါဘူး
အခြားသောပြစ်ချက်များစွာကြောင့်လည်း ဖြစ်တတ်ပါတယ် ကျွန်တော်အခု ရှင်းပြတဲ့အဓိကကတော့
ချုပ်ကြိုးကြောင့်လည်း ဖြစ်တတ်တဲ့ပြစ်ချက်ကိုသာ
ဦးသားပေးခွဲခြားပြောခြင်းပါ Bajaj ဘီးများရဲ့
ချုပ်ကြိုးများကြောင့် ပြစ်ချက်များမဖြစ်စေဖို့ကတော့
ချုပ်ကြိုးကို ဘာမှမဖြစ်လည်း စက်မနှိုးပဲ
ဆွဲလိုက် ချလိုက်နဲ့ကစားပေးပြီး မကြာမကြာ
ပြုလုပ်ပေးသင့်ပါတယ် အကောင်းဆုံးနည်းကတော့ ချုပ်ကြိုးများချေးကိုက်ကျက်နေရင်
လဲလှည်ပေးပါ ဒါမှမဟုတ် ချုပ်ကြိုးကိုသေချာစွာ
ဆေးပြီး ချောဆီသေချာစွာကြိုးအပေါ်မှ
အောက်ထိချောဆီပေါက်အောင် ထည့်ပေးထားပါ
မိမိအဆင်ပြေသလိုလုပ်ပါ ကြံ့ခိုင်ရေးလုပ်ပါ
လဲသင့်ရင်လဲ ဆေးဆီထည့်သင့်ရင်ထည့်ပါ
မိမိရဲ့ချုပ်ကြိုးကောင်းခြင်း မကောင်းခြင်းအပေါ်မှာမူတည်ပါမယ် ချုပ်ကြိုးများကျက်နေခြင်းဖြင့်
အသုံးမပြုပါနဲ့ မလိုအပ်သောပြစ်ချက်များ
ဖြစ်နိုင်ပါတယ်ဆိုတာကို ကာပရိုက်တာတေိုင်းလည်း
ချုပ်ကြိုးကောင်းကောင်းအလုပ် လုပ်မလုပ်
စစ်ဆေးပေးပါ ချုပ်ကြိုးကိုဘီးအသစ်ဝယ်တုန်းကလို
အပြည့်အဝအလုပ်လုပ်ဆောင်ပေးအောင်
ကြံ့ခိုင်ရေးလုပ်ပေးပါဆိုတာ တင်ပေးလိုက်ပါတယ်ဗျ ။
( ကြည်မျိုး Bajaj RE သုံးဘီးပြုပြင်ရေး မန္တလေး)
09400012487
Bajaj သုံဘီးများရဲ့ ပုံဟောင်းနဲ့ ပုံပြောင်းရဲ့
မတူညီမှုရှိသော အတိုင်ပင်ချိန်းတည်ဆောက်ထားမှုပုံ
{)))) Bajaj RE သုံးဘီးများရဲ့ ဓာတ်ဆီ
လေခိုခြင်းဖြေရှင်းနည်း (((((}
Bajaj RE သုံးဘီးများ ဓာတ်ဆီလေခိုခြင်းများ
ဖြစ်တဲ့အခါ အလွယ်တကူပြုလုပ်ရမယ့်
အချက်လေးကိုတင်ပေးပါမယ်ဗျ Bajaj RE
သုံးဘီးမောင်းသူတိုင်း သိထားရမယ်အဓိက
အချက်လေးဖြစ်တဲ့အတွက် သေချာမှတ်သား
စေလိုပါတယ် ကဲစပါမယ် - - - -
ဓာတ်ဆီလေခိုနေခြင်းကို ဘယ်ကစပြီးဖြစ်သလည်း
ဘယ်အချက်တွေကြောင့်ဖြစ်သလည်းဆိုတာကို
ပြောချင်ပါတယ် ။
ဓာတ်ဆီကို ကုန်သွားသည်ထိမမောင်ပါနဲ့ ။
ဓာတ်ဆီစစ်ဖြင့်တပ်ထားတဲ့ ဘူးနားမှ အပေါ်အောက်
ဆီပိုက်များကို မလိုအပ်ပဲမဖြုတ်ပါနဲ့ ။
ဓာတ်ဆီတိုင်ဂီထဲမှဆီကို တိုင်ဂီအတွင်းမှ အပြင်သို့
ပိုက်ဖြင့်ကုန်အောင်ထိထုတ်ခြင်း မပြုလုပ်ပါနဲ့ ။
ဓာတ်ဆီသွားသောလမ်းကြောင်းများနဲ့ ဓာတ်ဆီတိုင်ဂီ
အတွင်းတွင် ချေးများမပိတ်မဆို့စေပါနဲ့ ။
ဒီအချက်လေးတွေကိုသတိထားပေးရပါမယ်
ဘယ်လိုအကြောင်းမျိုးကြောင့်ပဲ ဓာတ်ဆီလေခိုခို
ဆီခြူနည်းလေးကို အဆင်ပြေစေဖို့တင်ပေးပါမယ်
ဒီအလွယ်တကူ ဓာတ်ဆီလေခိုခြင်းကြောင့်
စက်နှိုးမရတော့ခြင်းများ ဖြစ်ကြတဲ့ဘီးများဟာလည်း
မကြာမကြာတွေ့ရှိကြုံနေရပါတယ်
ဓာတ်ဆီလေခိုသွားခြင်းမှာ ဓာတ်ဆီကုန်သည်ထိ
မောင်နင်၍ ဆီလေခိုခြင်းဟာ အဖြစ်များပါတယ်
ပြီး ကိုယ်ကိုယ်တိုင် ဓာတ်ဆီစစ်ဘူးလဲလှည်ခြင်းများ
ပြုလုပ်ခြင်း ဒီအချက်လေးတွေကြောင့်
ဖြစ်နိုင်ခြေတွေများပါမယ် အရံဆီကိုအသုံးပြုတဲ့အခါမှာလည်း ဓာတ်ဆီလေခိုခြင်းဆိုတာဟာလည်း
ဖြစ်ပါတယ် Bajaj RE ဘီးတွေမှာအရံဆီ
သိုလှောင်ခြင်းစနစ်ဆိုတာ ပါရှိပေးထားသည့်အတွက်
ကျွန်တော်အရံဆီကို စနစ်တကျဘယ်လိုအသုံးပြုရမယ်ဆိုတာကို ရေးတင်ပေးခဲ့ဘူးတာလည်းရှိပါတယ်
အခုအခါမှာလည်း အရံဆီအသုံးပြုခြင်းအကြောင်း
လေးကို အနည်းငယ်ထည့်ပြောပါမယ်
Bajaj RE သုံးဘီးများရဲ့အရံဆီကို အသုံးပြုမယ်
ဆိုလည်းရပါတယ် အရံဆီကိုအသုံးမပြုချင်ဘူးဆို
လည်းရပါတယ် အရံဆီမှာ ရှေ့မောင်းသည့်
ထိုင်ခုံရဲ့ညာဘက်နားမှာ လှည့်လှည်ချိန်းအသုံးပြုခြင်း
မပြုခြင်းအတွက်ရွေခြယ် အသုံးပြုပါ
အရံဆီအသုံးပြုမယ်ဆိုတဲ့ ဘက်ကိုချိန်လှည့်ထားတဲ့အခါ အရံဆီကိုအသုံးပြုမယ်ဆိုလည်း
ဆီကုန်သွား၍
ဓာတ်ဆီလေခိုနေခြင်းဟာလည်းဖြစ်ပါမယ် အရံဆီအအသုံးပြုမယ်ဆိုလည်း ဆီချူပြီးမှ အရံဆီအသုံးပြု
ခြင်းဟာ အပြည့်အဝအသုံးပြုရမှာပါ
ဆီဂေါက်ကိုလှည့်ပေးယုံနဲ့ အသုံးပြုလိုမရသေး
ပါဘူး ဆီချူအသုံးပြုရမှာပါ အရံဆီအသုံးပြုခြင်း
မပြုခြင်းအကြောင်းကို ကျွန်တော်ရဲ့ ယခု Page
ထဲမှာတင်ပေးထားတာရှိပါတယ် အရံဆီထုတ်
အသုံးပြုခြင်းအကြောင်း သင်္ကေတပုံလေးများဖြင့်ပါ
လွန်းခဲ့သော ၃ နှစ်ကျော်လောက်တည်းက
တင်းပေးထားတာပါ နောက်ဆုံးအနေနဲ့
ဘယ်လိုအကြောင်းကြောင်းပဲ ဆီလေခိုခို
ဆီချူတဲ့နည်းလေးကိုတင်ပေးလိုက်ပါမယ်
ဓာတ်ဆီကုန်အောင်ထိ မောင်းနင်အသုံးပြုလို့ပဲ
ဖြစ်ဖြစ် ဓာတ်ဆီစစ်ဘူးလဲလှည်လို့ပဲဖြစ်ဖြစ်
အရံဆီထုတ်အသုံပြုချင်တာပဲဖြစ်ဖြစ်
ဓာတ်ဆီပိုက်လဲလှည်တာပဲဖြစ်ဖြစ်
ဓာတ်ဆီတိုင်ဂီဖြုတ် တပ် လုပ်တာပဲဖြစ်ဖြစ်
ဓာတ်ဆီသွားရမယ့်လမ်းကြောင်းကို လေချူပေးရ
မှာကတော့ ဓာတ်ဆီတိုင်ဂီမှ ကာပရိုက်တာ
အရင်နားမှ ဓာတ်ဆီပိုက်ကို ဓာတ်ဆီဆင်းအား
ကောင်းစေအောင် ၁၀ စက္ကန့်လောက်ဖြုတ်ပေးပြီး
ဓာတ်ဆီအထွက်ကောင်းအောင် မှန်အောင်ဖြုတ်
ထားပေးပြီး ပိုက်အတွင်းမှဓာတ်ဆီကိုအပြင်သို့
ထုတ်ပေးရမှာပဲဖြစ်ပါတယ် ဆီကျအားကောင်းလာပြီ
ဆိုရင်တော့ ကာပရိုက်တာကိုပြန်တပ်လိုက်ပါ
ပြီး စက်နှိုးလို့ရပါပြီ တစ်ခုခုလုပ်မိဖြစ်မိ၍
ဆီလေခိုခြင်းမှာ အခုမဖြစ်လည်း နာရီအနည်းငယ်
ကြာမှဖြစ်နိုင်သလို နောက်ရက်များမှလည်း
ဖြစ်နိုင်ပါသေးတယ် ဒါကြောင့်
ဓာတ်ဆီချူချင်တယ်ဆိုရင် ကာပရိုက်တာမှတပ်ထားတဲ့ ပိုက်ကိုသာဖြုတ်၍ ဓာတ်ဆီလေချူပါဆိုတာကို
တင်ပေးလိုက်ပါတယ်ဗျ အဆင်ပြေကြပါစေ ။
(ကြည်မျိုး Bajaj RE သုံးဘီးပြုပြင်ရေး မန္တလေး)
09400012487
မိမိ သုံးဘီးမှာ နောက်ကြည့်ရန်အတွက် ကြိုက်တဲ့
နေရာကိုကပ်ထားပြီး မှန်နောက်မှာလည်း စုံလယ်
အရှင်လေးမို့ လိုသလိုလေးလှည့်ချိန်လို့လည်းရပါတယ်ဗျ သေးငယ်ပေမယ့် မြင်ကွင်းကျယ်လေး မြင်ရပါမယ် တစ်စုံ ( ၃၀၀၀ ) ပါ
{{ Bajaj Maxima Cargo ဒူးဆစ်ပိုင်းဆိုင်ရာများ }}
Bajaj Maxima Cargo ရဲ့ ဒူးဆစ်ပိုင်းဆိုင်ရာ
အကြောင်းလေးကိုတင်ပေးပါမယ် လက်ရှိမြန်မာ
ပြည်မှာ Bajaj သုံးဘီးများတည်းမှာဆိုရင်
Bajaj Maxima Cargo သုံးဘီးများဟာ
အနည်းဆုံးဘီးများပဲဖြစ်ပါတယ် အခုအဓိကထားပြီး
ပြောမှာကတော့ ဒူးဆစ်ပိုင်းဆိုင်ရာအကြောင်းပါပဲ
Bajaj Maxima Cargo ဘီးများအတွက်ဆိုပြီး
သီးသန့်အပိုပစ္စည်းများ တင်သွင်းရောင်းချထားမှုမှာ
နည်းနေပါတယ် ဒီတော့ Bajaj Maxima Cargo သုံးဘီးများရဲ့ ဒူးဆစ်ပိုင်းဆိုင်ရာများ
ချို့ရွန်းပျက်စီးမှုများဖြစ်ပါက Bajaj Maxima Cargo အတွက်သီးသန့်ထုတ်ထားတဲ့
ဒူးဆစ်ပိုင်းဆိုင်ရာချို့ရွန်းပျက်စီးရင်ပဲဖြစ်ဖြစ်
အပိုပစ္စည်းအခတ်အခဲရှိနေတာပဲဖြစ်ဖြစ်
Bajaj Maxima Z အတွက်ထုတ်ထားသော
ဒူးဆစ်ပိုင်းများအားလုံး ဘယ်အပိုင်းပဲဖြစ်ဖြစ်
Bajaj Maxima Cargo အတွက်ဒူးဆစ်ပိုင်း
ဆိုင်ရာအစိတ်အပိုင်းများကို Bajaj Maxima Z
ရဲ့ဒူးဆစ်ပိုင်းဆိုင်ရာအပိုပစ္စည်းများကို
တပ်ဆင်အသုံးပြုနိုင်ပါတယ် Bajaj Maxima Cargo ဒူးဆစ်ပိုင်းဆိုင်ရာများနဲ့ Bajaj Maxima Z ဒူးဆစ်ပိုင်းဆိုင်ရာပစ္စည်းများမှာ
တပ်ဆင်အသုံးပြုထားခြင်းမှာ
တူညီ ကိုက်ညီမှုများရှိပါတယ် ဒါကြောင့်
Bajaj Maxima Cargo ဒုးဆစ်ပိုင်းဆိုင်ရာမျာ
ချို့ရွန်းပျက်စီးရင် Bajaj Maxima Z
အပိုပစ္စည်းများနဲ့ တပ်ဆင်ပြုပြင်အသုံးပြုနိုင်ပါတယ်
Bajaj Maxima သုံးဘီးများရဲ့ ဒူးဆစ်ပိုင်း
ဆိုင်ရာမှာ စုံလင်စွာပါရှိရမယ့် တပ်ဆင်ထားမှုမတူညီတဲ့ ပစ္စည်းအမျိုးအမည် အစိတ်အပိုင်းများကို
အောက်မှာရေးသားတင်ပေးပါမယ် ဖက်ရှုမှတ်သားပါ
(( ဘီးဘက်မှ ဒူးဆစ်ခွက် ။
အင်ဂျင်ဘက်မှ ဒူးဆစ်ခွက် ။
ဒူးဆစ်ဝင်ရိုး ။
ဒူးဆစ်သဲကာ ။
ဒူးဆစ်သဲကာအတွင်းထိပ်မှ သံအဖုံး + ပလက်စတစ်အဖုံး ။
ဒူးဆစ်ဘောအလုံး ၃ လုံး ။
သုံးဂွ ဒူးဆစ်ဘောအစွတ်ရှပ် ။
ဒူးဆစ်ဘောထိမ်းစပလိမ် ။
ဒူးဆစ်ဘောထိမ်းကလစ်သေး ။
စပလိမ်ထိမ်း သံခွက်ငယ် ။
ဒူးဆစ်သဲကာကုတ် ကလစ်အသေး အကြီး ။
ဒူးဆစ်ခွက်ဝိုင်းစီးကာဘာ သံဝါရှာအဖုံး ။ ))
ကျွန်တော်အပေါ်မှာ ဂွင်းစဂွင်းပိတ်ဖြင့်ရေးပြထားတဲ့
အစိတ်အပိုင်းများ စုံလင်စွာပါရှိနေရမှာပဲဖြစ်ပါတယ်
Bajaj Maxima သုံးဘီးများရဲ့ ဒူးဆစ်ပိုင်းမှာပါ
လက်ရှိမြန်မာပြည်မှာ Bajaj Maxima ဘီးအမျိုးအစားမှာ ၃ မျိုးရှိပါတယ်
Bajaj Maxima Cargo
Bajaj Maxima Cargo စီပင်အမှိုက်တင်ယာဉ်
Bajaj Maxima Z
ဒီ ၃ မျိုးပဲဖြစ်တယ် မန္တလေးမှာပါ Bajaj Maxima သုံးဘီးမှာ ၃ မျိုးရှိနေပေမယ့်
၃ မျိုးစလုံးမှာ အစားထိုးတပ်ဆင်အသုံးပြုရနိုင်တဲ့
အစိတ်အပိုင်းများရှိသလို တပ်ဆင်အသုံးပြု၍
မရသောအစိတ်အပိုင်းအချို့လည်းရှိပါတယ် လေ့လာသူများအနေဖြင့် ဒီလောက်ဆိုသဘောတရား
အပြည့်အဝနားမလည်တောင် အနည်းငယ်တော့
သိရှိပြီလို့ထင်ပါတယ် ။
ကဲ Bajaj Maxima Cargo ဒူးဆစ်ပိုင်းဆိုင်ရာကို ရှင်းလင်းပြပါမယ်
Bajaj Maxima Cargo ရဲ့ဒူးဆစ်ပိုင်းများ
ချို့ရွန်းပျက်စီးရင်ဖြင့် Bajaj Maxima Cargo အတွက်ဆိုပြီး အပိုပစ္စည်းထုတ်ထားမှုများ
နည်းလွန်း၍ခတ်ခဲနေရင် Bajaj Maxima Z ရဲ့
ဒူးဆစ်အပိုပစ္စည်းများ တပ်ဆင်အသုံးပြုနိုင်ပါတယ်
လက်ရှိမြန်မာပြည်မှာရှိသော Bajaj Maxima သုံးဘီးအမျိုးအစား ၃ မျိုးရှိနေတဲ့ ဒူးဆစ်ပိုင်းဆိုင်ရာ
အသေးစိတ်များအားလုံး ကိုက်ညီမှုရှိပါတယ်
ဒါကြောင့်
Bajaj Maxima ဒူးဆစ်ပိုင်းဆိုင်ရာမှာ
၃ မျိုးစလုံးတပ်ဆင်နိုင်သည့်အတွက်
အသေးစိတ်အစိတ်အပိုင်းတွေကို တပ်တင်အသုံးပြုပါ
Bajaj Maxima ဒူးဆစ်ပိုင်းဆိုင်ရာများ
ပြုပြင်တပ်ဆင်တဲ့အခါမှာ စုံလင်ပြည့်စုံစွာသေချာ
တပ်ဆင်အသုံးပြုရမှာပဲဖြစ်ပါတယ်
Bajaj Maxima ဘီးများနဲ့ Bajaj RE
သုံးဘီးများနဲ့ ဒူးဆစ်ပိုင်းဆိုင်ရာများမှာ
တည်ဆောက်ထားမှုမတူညီသော အစိတ်အပိုင်းများ
ရှိပါတယ် Bajaj RE ရဲ့သုံးဘီးများရဲ့
ဒူးဆစ်သဲကာများမှာဆိုရင်လည်း ရှည်ပါတယ်
Maxima ဘီးများထက် Maxima ဒူးဆစ်
သဲကာများကတော့ တိုပါတယ်
Maxima သုံးဘီးဒူးဆစ်များ ဖြုတ်ပြုပြင်တဲ့အခါ
အမဲဆီကို ဒူးဆစ်ဘော ခွက်များအတွင်းတွင်မကပဲ
ဒူးဆစ်သဲကာများအတွင်းပါ အမဲဆီဖြည့်သိပ်ပေရပါမယ် ဒူးဆစ်ဘောနဲ့ ခွက်များအတွင်းတွင်မကပဲ
သဲကာများအတွင်းပါ အမဲဆီဖြည့်သိပ်ပေးခြင်းဟာ
ရာခိုင်နှုံးအပြည့်အဝ ပိုမိုကြံ့ခိုင်မှုရရှိစေပါတယ်
Maxima ဒူးဆစ်သဲကာများအတွင်းကိုပါ
အမဲဆီထည့်ခြင်းအတွက် ပြန်လည်ပြုပြင်တပ်ဆင်
တဲ့အခါမှာ အမဲဆီပိုကုန်သည့်အတွက်
အမဲဆီဖိုးကုန်ကျမှုအတွက် ပိုပေးဆောင်ရမှာပဲ
ဖြစ်ပါတယ် Maxima ဒူးဆစ်ခွက်နဲ့ဘောတို့သည်
ကုတ်ချိတ်အားမှု Bajaj RE ဘီးများထက်
ကောင်းပါတယ် ဒုးဆစ်ဘောစွတ် ၃ ဂွစွတ်ရှပ်မှာ
၃ ဘက်ပါရှိပြီး ဘောမှာလည်းအလုံး ၃ ခု
ဒူးဆစ်ဘာခွက်မှာလည်း ဝင်ရိုးချိတ်ဆက်ဖို့အတွက်
၃ ဒေါင့်ပါရှိသည့်အတွက်ပါ Bajaj RE
ဘီးများရဲ့ ချိတ်ဆက်ရန်ဒူးဆစ်ဘောမှာ လေးဒေါင့်
များဖြစ်ပြီး ဒူးဆစ်ဝင်ရိုးချိတ်
ဆက်ရန်အတွက်မှာလည်း ကန့်လန့်တဲ့ ၂ ခုသာပါရှိပါတယ် Maxima ဘီးများမှာ ဒူးဆစ်ပိုင်းမှာတော့
အဓိကလုပ်ဆောင်ပေးထားခြင်းမှာ အချိတ်အဆက်
ဝန်အဆွဲအရုန်းအား ပိုမိုကောင်းစေဖို့အတွက်
တပ်ဆင်တည်ဆောက်ထားပါတယ် ဒူးဆစ်ခွက်များမှာဆိုရင်လည်း Bajaj RE သုံးဘီးများမှာက
ဘီးတစ်စီးလုံးမှာ ဒူးဆစ်ခွက် ၄ ခွက်ပါရှိပါတယ်
ခွက် ၄ ခွက်မှာ ဘယ်ညာတပ်ဆင်ထားတဲ့
ခွက်ဆိုဒ် မတူညီ၍ ၃ မျိုးဖြစ်ပါတယ် Bajaj RE
မှာ ဒူးဆစ်ခွက်မတူညီမှု ၃ မျိုးဆိုတာဟာ
အင်ဂျင်မှတပ်ဆင်ထားတဲ့ ဘယ် ညာ ခွက် ၂ ခွက်မှာ
မတူညီတဲ့အတွက် ၂ မျိုး ဘီးဘက်မှဒူးဆစ်ခွက်မှာတော့ ဘယ် ညာ မခွဲခြားပါဘူးတူညီပါတယ်
ဒါကြောင့် အင်ဂျင်ရဲ့ ဘယ်က ၁ မျိုး ညာက
၁ မျိုး ဘီးဘက်က ၁ မျိုး ၃ မျိုးဖြစ်တာပါ
Bajaj RE ဒူးဆစ်ခွက်များက ၃ မျိုး ၃ ဆိုဒ်ဖြစ်မေတာမတူညီဘူးဆိုတာ ဘာမတူတာလည်းဆိုရင်ဖြင့်
ဒူးဆစ်ဝင်ရိုးနဲ့ ဘောထည့်တဲ့ခွက်ဆိုဒ်များမ
၁ ဘက်ကို ၂ ခွက် ဘယ်ညာဆိုတော့စုစုပေါင်း
၎ ခွက်ပါ Bajaj RE မှာဒူးဆစ်ခွက် ဘယ် ညာ
မှာမတူညီဘူးဆိုသည်မှာကတော့ ခွက်အပေါ်က်ရဲ့
နောက်မှ အင်ဂျင်ဘက်ကိုတပ်တဲ့ အထိုင်စွတ်
ပိုက်ရှပ်လုံး အတို အရှည် ဒါပဲကွာတာပါ
ဘီးဘက်မှာတပ်ထားတဲ့ ဒူးဆစ်ခွက်ကတစ်မျိုး
အဲဒီ ၁ မျိုးဟာ ဘယ်ညာမရှိဘူး တပ်ချင်တဲ့ဘက်
တပ်ရပါတယ် ဘီးဘက်မှာတပ်ထားတဲ့
ဒူးဆစ်ခွက်များဟာ အင်ဂျင်ဘက်မှတပ်ထားတဲ့
အင်ဂျင်မှာတပ်ထားတဲ့( ၁ )ဘယ်ဘက်ဒူးဆစ်ခွက်မှာ
ခွက်နောက်မှ ရှပ်ပိုက်သည် အရှည်ဆုံးဖြစ်တယ်
အင်ဂျင်မှာတပ်ထားတဲ့ ( ၂ ) ညာဘက်ခွက်နောက်မှ
ရှပ်ပိုက်မှာ ဘယ်ဘက်ထက်တိုပါတယ်
( ၃ ) ဘီးဘက်မှတပ်ထားတဲ့ ဒူးဆစ်ခွက်
ဘယ်ညာ ၂ ခွက်စလုံးဟာ အားလုံးတူညီပါတယ်
ဆိုဒ်အရွယ်အစားမှာ ဒါကြောင့် Bajaj RE များရဲ့
ဒူးဆစ်ခွက်မတူညီမှု အချက် ၃ ချက်မှာအပေါ်မှ
ရေးပြထားတဲ့အချက်များပါ သဘောပေါက်လား
တော့မသိဘူးဗျာ ကျွန်တော်ရေးပြတာ စာကလည်း
ရှည်နေပြီ မရှင်းတာရှိလည်း ဖုန်းနဲ့သာမေးတော့
Bajaj Maxima ဒူးဆစ်ခွက်များမှာတော့
မတူညီတာ ၂ မျိုးပဲရှိပါတယ် ဘီးဘက်ကခွက်များနဲ့ အင်ဂျင်ဘက်မှတပ်ဆင်ထားတဲ့ခွက်ပါ
Maxima ဒူးဆစ်ခွက်မှာ ဘီးဘက်ကခွက်များသည် ရှပ်ပါရှိပြီးအသွားစိတ်နဲ့နက်ရစ် ပါရှိပါတယ်
အင်ဂျင်ဘက်မှာကတော့ အတုံးပိုက်အနေအထားပါ
ဘာမှမပါပါဘူး Bajaj Maxima ဘီးများရဲ့
ဒူးဆစ်ခွက်မှာ ၄ ခွက်စပါရှိပေးထားတယ်
ဘယ် ညာ ဆိုတာမရှိပါဘူး အင်ဂျင်ဘက်တပ်တာနဲ့ ဘီးဘက်တပ်တဲ့ခွက် ဒီ ၂ မျိုးပဲရှိတာပါ
အင်ဂျင်ဘက်တပ်တဲ့ခွက်ဆိုပြီတာပဲ ဘယ် ညာ
ကြိုက်တဲ့ဘက်တပ်ရပါတယ် ဘီဘက်တပ်တဲ့ခွက်
ဆိုရင်လည်း ဘီးဘက်သာတပ် ဘယ် ညာ
မခွဲပါဘူးကြိုက်တဲ့ဘက်တပ်ရပါတယ်
Bajaj Maxima ဘီးများရဲ့ ဒူးဆစ်ခွက်အသစ်များလဲပါက ဘယ်ခွက်ပဲလဲလဲ
အသစ်ဝယ်တဲ့ခွက်မှာ စပလိမ်ခံထိမ်းတဲ့
သံခွက်ငယ်လေးမပါရှိပါဘူး အဲဒိသံခွက်ငယ်လေးကို
ခွက်အဟောင်းမှ ခွက်ကလေးကိုသေချာစွာပြန်ချွတ်
ပြီးတပ်ပေးရမှာပဲဖြစ်ပါတယ် ဒူးဆစ်ခွက်အလယ်မှ
စပလိမ်ထိမ်းခွက်ငယ်လေးမှာ ဖြုတ်မယ်ဆိုရင်တော့
ခွက်ကိုမှောက်လိုက်ပြီး ရိုက်ဖြုတ်ရတဲ့ အသားချောင်း သို့ သံလုံး အဲဒီကရိယာများနဲ့ ရိုက်ဖြုတ်ပြီး
ခွက်အဟောင်းမှဖြုတ် ခွက်အသစ်ကိုပြန်တပ်ပေးရ
မှာပဲဖြစ်ပါတယ် ဖြုတ် တပ် သေစွာဖြင့်မပျက်စီ
အောင် ဒါကြောင့်
ဒူးဆစ်ပိုင်းနဲ့ပတ်သတ်ပြီးလည်း အလေးထားပြီး
ပြုပြင်ကြံ့ခိုင်ရေးပြုလုပ်ပေးဖို့ အထူးလိုအပ်ပါတယ်
ဒူးဆစ်ခွက် ဘော ဝင်ရိုးတို့သည်
ဘီးတစ်စီးလုံးရဲ့ဝိတ်ကိုဝန်ကို ချိတ်ဆက်ဆွဲရုန်း
ပေးရသော အဓိအစိတ်အပိုင်းတစ်ခုဖြစ်ပါတယ်
လူလိုပြောရမယ်ဆိုရင် ဒူးဆစ်ပိုင်းဆိုရာများမှာ
လူရဲ့ ခြေထောက်အောက်ပိုင်းတစ်စုံလိုပါပဲ
ခြေတစ်ချောင်းမကောင်းလိုက်တာနဲ့ လမ်းလျှောက်၍
မရတော့ခြင်း ရနေသော်လည်း ခရီးမရောက်ခြင်း
လမ်းလုံးလုံးလျှောက်မရ၍ နားနေရခြင်း
ဒီသဘောတရာမျိုးတွေ ရှိပါတယ်ဆိုတာကို
Maxima ဒူးဆစ်ပိုင်းဆိုင်ရာအကြောင်းကို
တင်းပေးလိုက်ပါတယ် အောက်မှာလည်း
ပုံးလေးအနည်းငယ်ဖြင့် ပြထားတာများလည်း
ရှိပါတယ် ဒီလောက်ပါပဲဗျ ရပ်နားပါရစေ
ဒူးဆစ်ပိုင်းဆိုင်ရာလေးကို ။
(ကြည်မျိုး Bajaj RE သုံးဘီးပြုပြင်ရေး မန္တလေး)
09400012487
{{ အင်ဂျင်အခြမ်းဆက်များရဲ့ ဘွတ် သို့ ဖောင်း
အသုံးပြုခြင်း }}
အင်ဂျင်အချမ်းဆက်များကြားမှ ဘွတ် သို့ ဖောင်း
ဆိုတဲ့အကြောင်းလေးကို တင်ပေးချင်ပါတယ်
ကျွန်တော်ကတော့ အင်ဂျင်အခြမ်းဆက်ဘွတ်လို့ပဲ
ရေးသားပါမယ် နှစ်မျိုးရေးနေရင်ရှည်နေမှာမို့ပါ
ဒီအင်ဂျင်အခြမ်းဆက် ဘွတ်ကလေးတွေ
အသုံးပြုတဲ့အခါမှာ ဘယ်အချိန်မှာဖြုတ်၍
အသုံးပြုကြရသလည်းဆိုတော့ အင်ဂျင်အပေါ်ပိုင်းများလှပ်ခြင်း ကလပ်အုံအခြမ်းလှပ်ခြင်း
ဂီယာအုံအခြမ်းလှပ်ခြင်း အင်ဂျင်အောက်ပိုင်း
အလယ်ခြမ်းဆက်များလှပ်ခြင်း ဒီအချိန်တွေမှာ
စတင်ကိုင်တွယ်အသုံးပြုကြရပါတယ်
Bajaj 'သုံးဘီးယာဉ်များနဲ့သာ နှိုင်းယှဉ်ပြီး
ရေးသားပြောပါမယ်ကျွန်တော်ကတော့
အောက်မှာလည်း အသေးတစ်မျိုး အကြီးတစ်မျိုး
ပုံလေးဖြင့်ပြသထားပါတယ် ဒီဘွတ်ကလေးတွေဟာ
ဘာအတွက်ကြားခံပြီး ထည့်ပေးထားတာလည်း
ဆိုတော့ အင်ဂျင်တွေဟာ စက်နှိုးတဲ့အခါများမှာ
အင်ဂျင်တစ်လုံးလုံးဟာ တုန်ခါလာချိန်မှာ
အင်ဂျင်အခြမ်းဆက်များကို မရွေ့လျှားအောင်
ထိမ်းချုပ်စေရန်အတွက်နဲ့ အင်ဂျင်အခြမ်းဆက်
ကြားများမှ ဂျက်စကပ်မျာလည်းမပျက်စီစေအောင် ဦးစားပေးတပ်ဆင်ထားခြင်းပါ
ဒီဘွတ်ကလေးတွေဟာ တစ်ခုမှမပါရှိလည်း
ရတာပါပဲ အရေးမကြီးပါဘူးလို့လွယ်လွယ်
မထင်မှတ်ပါနဲ့ အရေးပါပါတယ်ဘွတ်ကလေးများဟာ
မပျက်စီးစေနဲ့ မပျောက်စေနဲ့ မပိန်သွားမိစေပါနဲ့
အင်ဂျင်အခြမ်းဆက်များကြားမှာ ဘွတ်များမှာ
အနည်းဆုံး ၂ လုံးပါရှိကြရပါတယ်
အင်ဂျင်အခြမ်းဆက်များရဲ့ ဘွတ်များဟာသေးပြီး
အင်ဂျင်အပေါ်ပိုင်းများရဲ့ ဟက်နဲ့ဘလောက်ဆက်
ကြားမှဘွတ်ဟာ ကြီးထွားပါတယ်
အင်ဂျင်အပေါ်ခြမ်းမှဘွတ်များသည် အင်ဂျင်နဲ့
ဘလောက်ဆက်ကြားမှာ ၂ လုံး ဘလောက်နဲ့
ဟက်ကြားမှာ ၂ လုံး ပေါင်း ၄ လုံးပါရှိပါတယ်
ဘွတ်အကြီးကတော့ပါ
ဘွတ်အသေးမှာကတော့ ကလပ်အုံအခြမ်းဘက်မှာ ၂ လုံး အင်ဂျင်အလယ်နှစ်ခြမ်းဆက်မှာ ၂ လုံး
ဂီယာအုံအခြမ်းဆက်မှာ ၂ လုံး ၆ လုံးပါရှိပါတယ်
ဘွတ်အသေးများကတော့ပါ Bajaj သုံးဘီးများမှာ
အင်ဂျင်ရဲ့အခြမ်းဆက်များကြားမှ ဘွတ်အားလုံး
ပေါင်း ၁၀ လုံးပါရှိပါတယ် ဒီအင်ဂျင်အခြမ်းဆက်
များကြားမှ ဘွတ်ကလေးများအသုံးပြုတဲ့အခါများမှာ
ဖြုတ်ခြင်း တပ်ခြင်းများပြုလုပ်တဲ့အခါ
သေချာလေးအလေးထားပြီး ဖြုတ်သင့်ပါတယ်
ဘာကြောင့်လည်းဆိုတော့
ဒီအင်ဂျင်အခြမ်းဆက်များဖြုတ်တဲ့အခါမှာ
ပတ်လှည့်ယာများဖြင့်သာ ဖြတ်ကြတာများတဲ့အတွက်
ဘွတ်ကလေးများရဲ့ အပြင်မျက်နာပြင်များဟာ
အထစ်ကလေးများထသွား၍ ပြန်တပ်တဲ့အခါမှာ
မလွယ်ကူပဲ ကျက်နေပါမယ် ကျက်နေတဲ့အတိုင်း
မရ ရအောင် ရိုက်ထည့်တပ်လိုက်တဲ့အခါ
အင်ဂျင်အခြမ်းဆက်များ ပြန်လှပ်တဲ့အခါ
ဖြုတ်ရတာခတ်ခဲခြင်းများဖြစ်ပါတယ် ကျက်နေ၍
ပြန်လည်တပ်ဆင်တဲ့အခါမှာလည်း ကျက်နေပါမယ်
ဒီတော့ သတိပြုရမှာကတော့ ပြုပြင်ရေးလုပ်သူ
များပါ ဒီအင်ဂျင်အခြမ်းဆက်ဘွတ်ကလေးတွေကို
ဖြုတ်ပြီးတဲ့အခါ ကော်ဘက်ကလေးဖြင့်
ပွတ်တိုက်ချောပေးခြင်း သို့ ကျောက်စက်ဖြင့်
ချောပေးထားခြင်းများ ပြုလုပ်ပေးပြီးမှ
အင်ဂျင်အခြမ်းဆက်ဘွတ်ကလေးများကို
ပြန်လည်တပ်ဆင်အသုံးပြုရပါမယ် ဒါမှ
နောက်အခါတွေဖြုတ်တဲ့အခါမှာ လွယ်ကူချောမွေ့
စေမှာပဲ ကိုယ်ပဲဖြုတ်ဖြုတ် သူများပဲဖြုတ်ဖြုတ်ပါ
ဘွတ်ကလေးတွေကိုလည်း စုံလင်တောအာင်
တပ်ဆင်အသုံးပြုပါ ဒီအင်ချင်အခြမ်းဆက်
ဘွတ်ကလေးတွေကို ဖြုတ်ပြီးပြန်တပ်တဲ့အခါမှာ
ဆိုဒ်ကိုက်လေး ချောချောမွေ့မွေ့လေးအနေအထား
ဖြစ်အောင်ပြန်လည်ပွတ်တိုက်စားပြီးမှ တပ်ဆင်ပါ
ဆိုတာကိုတင်ပေးလိုက်ပါတယ် အချို့သော
ဘွတ်တွေမှာ ကျက်လည်းရိုက်ထည့်
တပ်ဆင်ထား၍ ဖြုတ်ရခတ်တာတွေလည်း
ကျွန်တော်များစွာတွေ့ကြုံနေရ၍ အင်ဂျင်အခြမ်းဆက်
ဘွတ်ကမျေားကို စနစ်တကျတပ်ဆင်ပေးဖို့အတွက် ရေးသားပေးရခြင်းပါ
ဒီအင်ဂျင်အခြမ်းဆက် ဘွတ်ကလေးတွေကို
ကိုယ်ပဲပြန်ဖြုတ်ဖြုတ် သူများပဲပြန်ဖြုတ်ဖြုတ်
အဆင်ပြေချောမွေ့စေဖို့နဲ့ မပျက်စီးအောင်
ကိုင်တွယ်တပ်ဆင်ပြီး အသုံးပြုစေလိုပါကြောင်း ။
(ကြည်မျိုး Bajaj RE သုံးဘီးပြုပြင်ရေး မန္တလေး)
094000012487
ဆိုင်ရှေ့မှ ဆိုင်းဘုတ် ဒီဇိုင်းလေး ပြောင်းလိုက်ပြီဗျ
{Bajaj သုံးဘီးများရဲ့ဇက်ထိန်းနက် အလုပ်လုပ်ပုံ}
Bajaj သုံးဘီးများရဲ့ ဇက်ထိန်းနက်အလုပ်လုပ်
ပေးထားခြင်းအကြောင်းလေးကို တင်ပေးချင်ပါတယ်
အောက်မှာပြထားပါတယ် ပုံလေးကိုအနက်ရောင်
းလေးပါ ဒေါင့် ခြောက်ဒေါင့်ဖြင့်ပါ ဇက်ထိန်းနက်မှာ
နက်ရယ် စပလိမ်ရယ် ၂ မျိုးင်္တွဲ၍ ပါရှိပေးထားပါတယ် ဇက်ထိန်းနက်လေးရဲ့အလုပ်လုပ်ပုံမှာကတော့
တွဲဆက်ချိတ်ဆက်ထားမှုမှာ နက် စပလိမ်
သံပြားကွင်းအကြီး ၂ ချက် အသေး ၁ ကွင်း
စုစုပေါင်း ၄ မျိုးပါရှိပါတယ် ဖက်ကစားခြင်းကို
ထိန်းဖို့အတွက်ပါ ဒီ ၄ မျိုးဟာ ဇက်ကို
ဘဟ်လိုထိန်းချုပ်သလည်းဆိုတော့ ဇက်ကိုလေးခြင်း ဇက်ကို ဘယ် ညာ
ရမ်းခါခြင်းမဖြစ်စေဖို့ ဒါတွေတွေကို
ထိန်းချုပ်ပေးပါတယ်
ဒီဇက်ထိန်းနက်လေးကို တပ်ထားစဉ်မှာ
ချိန်းညှိလို့ရပါတယ် ဘယ်လိုချိန်းညှိမလည်းဆိုတော့
အဲဒီဇက်ထိန်းနက်ကလေးဟာ လျှော့လွန်းနေပါက
ဇက်ဟာ ဘယ် ညာရမ်းနေပါမယ် အဲဒီဇက်ထိန်း
နက်လေးဟာ တင်းကျက်လွန်းနေပါက
ဇက်ကွေ့လှည့်တဲ့အခါမှာ တင်းကျက်နေပါမယ်
ဒါကတော့ ဇက်ထိန်းနက်လေးနဲ့ဆိုင်တဲ့
အကြောင်းလေးကိုပြောတာပါ ဇက်ထိန်းနက်ကြောင့်မဟုတ်ပဲ အခြား ဇက်ဘော ဇက်ခွက်များကြောင့်
လည်း ဇက်လေးခြင်းဟာလည်း ရှိပါသေးတယ်
အဲဒီဇက်နက်လေးကို လျှော့ခြင်း တင်းခြင်း
မလိုအပ်ပဲ မပြုလုပ်ပါနဲ့ ဇက်ကျက်သွားခြင်း
ဇက် လက်ကိုင် ဘယ် ညာ ရမ်းခြင်းများဖြစ်ပါမယ်
လိုအပ်ပါကလည်း လိုသလိုလှည့်ချိန်ညှိနိုင်ပါတယ်
အဲဒီဇက်ထိန်းနက်ကလေးကို ဘျှော့လိုက်
တင်းလိုက်ဖြင့် လှည့်လုပ်ကြည့်ပါ ထူးခြားမှုကို
သိရပါလိမ့်မယ် အဲဒီဇက်ထိန်းနက်ကလေးကို
ဘာအတွက် ဘာ့ကြောင့် ပါရှိသလည်းဆိုတာကို
မသိသူများပါတယ် အသေးစိတ်ကိုသိချင်ရင်တော့
ဘယ်လိုချိတ်ဆက်ထားတယ်ဆိုတာကို
ဇက်ထိန်းနက်နဲ့ ချိတ်ဆက်ထားတဲ့ဆက်နွယ်မှုကို
ကြည့်ရှုခြင်းဖြင့် သိနိုင် မြင်နိုင်ပါတယ်ဆီုတာကို
တင်ပေးလိုက်ပါတယ် ။
(ကြဘ်မျိုး Bajaj RE သုံးလီးပြုပြက်ရေး မန္တလေး)
09400012487
တပြည့်ကျော်ရဲ့ ဝှိုက်ပါ ပြင်နည်းတဲ့
[][] Bajaj သုံးဘီးများရဲ့ ဘက်ဂီယာကြိုးအသုံးပြုခြင်း [][]
Bajaj သုံးဘီးများအားလုံးမှာ လက်ဖြင့်ဆွဲရသော
ဘက်ဂီယာပါဝင်ထားတာဖြစ်တဲ့အတွက်
ဘက်ဂီယာကြိုးနဲ့ ဘက်စပလိမ်များအပါအဝင်
တင်ပေးပါမယ်ဒီတစ်ခါတော့ ကဲ စတင်ပါမယ်
Bajaj သုံးဘီးများရဲ့ လက်ဖြင့်ဆွဲ၍
ဘက်ဆုတ်ခြင်းအသုံးပြုတဲ့အခါ အသုံးပြုတာ
ကြာလာတာနဲ့အမျှ ဘက်ဆုတ်တဲ့အခါ
ချို့ရွန်းမှုများဖြစ်ပါမယ် အများဆုံးဖြစ်မှာကတော့
လက်ဆွဲဘက်တံကိုဆွဲ၍ ဘက်ဆုတ်တဲ့အခါမှာ
ဘက်မဝင်ပဲ တကြီးကြီးနဲ့မြည်ပြီး ဘက်မဝင်ပဲ
ဖြစ်ပါမယ် ဘီးတိုင်းဖြစ်လာမှာအသေချာပါပဲ
အဲဒီလိုတကြီးကြီးဖြစ်နေရင် ဘက်ဆုတ်ခြင်းကို
အသုံးမပြုပါနဲ့ ပြင်ပါ ပြင်ရတာလည်းခဏပါပဲ
မြန်မာတယ် ကိုယ့်ဘာသာကိုယ်လုပ်လည်း
ရပါတယ် နည်းကတော့ မောင်းတဲ့နေရာမှာ
ထိုင်ခုံပေါ်ထိုင်တဲ့အခါ ဘယ်ဘက်ခြေထောက်
ထောက်ထားတဲ့နေရာအောက်မှာ အီဂျစ်နက်
ရှိပါတယ် ဂွဆိုဒ်မှာ 10 နဲ့ 12 ဆိုဒ်တို့ဖြင့်
နက်ကိုလှည့်တင်းပေးရမှာပဲဖြစ်ပါတယ်
နက်လှည့်တင်းတဲ့အခါမှာ အီဂျစ်နက်တိုင်မှ
အရစ်ကလေးပေါ်ပေါ်လာခြင်းမှာ ဘက်ကြိုး
တင်တယ်လို့ခေါ်ပါတယ် ဘက်ကြိုးတင်းခြင်းများ
ပြုလုပ်တဲ့အခါမှာလည်း လိုအပ်တာထက်
ကြိုးကိုတင်းလို့မရပါဘူး အနေတော်အနေအထားပဲ
ဖြစ်ရပါမယ် ဘက်ဆုတ်တဲ့အခါ ဘက်မဝင်ပဲ
တကြီးကြီးမြည်တဲ့အခါ ကြိုကိုအနည်းငယ်
တင်းကြည့်လိုက် ဘက်ထိုးဆုတ်ကြည့်လိုက်
အသံမြည်သေးရင်တင်း အသံမမြည်တော့ပဲ
ဘက်ဆုတ်လို့အဆင်ပြေပါက အဲဒီအနေအထားပဲ
ထားရှိအသုံးပြုပါ Bajaj သုံးဘီးများရဲ့
ဘက်ဆုတ်တဲ့အခါ ဘက်မဝင်ပဲ
တကြီးကြီးမြည်ခြင်းမှာ ဘာကြောင့်ဖြစ်သလည်း
ဆိုတော့ ဘက်ကြိုးလျှော့၍ အများဆုံးဖြစ်ပါတယ်
နောက် ဘက်ကြိုးချေးကိုက်ခြင်း
ရှေ့ဘက်စပလိမ်မကောင်းခြင်း တို့ကြောင့်လည်း
ဘက်ဆုတ်ခြင်းအတွက် အဆင်မပြေမှုများဖြစ်ပါတယ် အဓိကမှာ ဘက်ဆုတ်ခြင်းအတွက်
အဆင်မပြေမှုမှာ ဘက်ကြိုးများကြောင့်
ဖြစ်တာများပါတယ် ဘက်ဆွဲတဲ့အခါ လေးခြင်း
ပေါ့ခြင်း ဒီပြစ်ချက်များဟာ ဘက်ကြိုးနဲ့သာ
ဆိုင်ပါတယ် ဘက်တံဖြင့်ဘက်ဆုတ်တဲ့အခါ
ဆွဲရတာလေး ကျက်နေပါက ဘက်ကြိုးလဲလှည်
အသုံးပြုပါ ဘက်ကြိုးမှာကတော့ ဆေးအသုံးပြုလို့မကောင်းပါဘူး အသစ်လဲလှည်အသုံးပြုခြင်းသာ
အကောင်းဆုံးပါ ဘာကြောင့်အသစ်လဲလှည်ခိုင်း
သလည်းဆိုတော့ ဘက်ကြိုမှာ အောက်ဆုံး
ဘော်ဒီနဲ့ကပ်နေတာလည်းဖြစ် ခြေထောက်နင်းသည့်
အခင်းအောက်မှာရှိသည့်အတွက် ဘက်ကြိုးများ
တင်းတဲ့အခါမှာ ချေးများကိုက်လွယ်တဲ့အတွက်
ဘက်ကြိုးဟာ တင်ခြင်းပြုခုပ်တဲ့အခါ
အဆင်မပြေမှုများဖြစ်၍ နက်ကျက်ချေးကိုက်ခြင်း
နက်ချောင်းကျိုးခြင်း စတဲ့ပြစ်ချက်များဖြစ်တဲ့အတွက်
ဘက်ကြိုးအီဂျစ်နက်နေရာကို မကြာမကြာ
အင်ဂျင်ဝိုင်သန့်လေး စွတ်စွတ်သုတ်ပေးထားပါ
ဘက်ကြိုးတင်းတဲ့အခါ လွယ်ကူစေအောင်ပါ
ဘက်ဆုတ်ခြင်းပြုလုပ်တဲ့အခါ ဘက်မဝင်ပဲ
အသံဟာတကြီးကြီးမြည်နေပါက အသုံးမပြုပါနဲ့
ပြင်ပါ တကြီးကြီးမြည်သံဖြင့်
ဘက်ကိုပေအသုံးပြုပါက ဘက်ပီနီယံများ
အနားတွေစား၍ ပျက်စီးပါမယ်ဆိုတာကို
တင်ပေးလိုက်ပါတယ် ။
(ကြည်မျိုး Bajaj RE သုံးဘီးပြုပြင်ရေးမန္တလေး)
09400012487
)( သုံးဘီးတာယာများ လှည့်အသုံးပြုပေးခြင်းနည်း )(
သုံးဘီးတာယာများ လှည့်လှည်အသုံးပြုရခြင်း
ဆိုသည်မှာ သုံးဘီးများအားလုံးပါဝင်ပါတယ်
သုံးဘီးတာယာများ လှည့်လှည်အသုံးပြုပေးဖို့
လိုအပ်ပါတယ် ဘယ်အချိန်လောက်မှာ
လှည့်လှည်အသုံးပြုသလည်းဆိုတော့ ကီလိုမီတာ
၂၀၀၀၀ လောက်မှာ အနည်းဆုံးတစ်ကြိမ်လောက်
လှည့်လှည်အသုံးပြုရပါမယ် ဘယ်လိုလှည့်လှည်ရမလည်းဆိုတော့ အလွယ်ဆုံးနည်းကတော့
{{ နောက်မှ ဘယ် ညာ တပ်ဆင်ထားသော
တာယာ ၂ လုံးလုံးကို အစုံလိုက်ဖြုတ်၍
ဘယ်ဘက်တာယာကိုဖြုတ်
ညာဘက်ကိုတပ် ညာဘက်တာယာကိုဖြုတ်
ဘယ်ဘက်ကိုတပ် နောက်တာယာများလှည့်ခြင်းကို
ဤ နည်းအတိုင်းသာလုပ်ပေးရပါမယ်
ရှေ့တာယာကိုတော့ ဘီးဖာတဲ့ဆိုင်မှာ
တာယာကိုဖြုတ်ပြီး ဘယ် ညာ လှည့်လှည်ပေးရမှာပဲဖြစ်ပါတယ် }}
ဘာကြောင့် ဒီလိုလှည့်လှည်ပေးရသလည်းဆိုတော့
မြန်မာပြည်မှာလက်ရှိ အသုံးပြုအများဆုံးသုံးဘီးများသည် လူစီး Taxi သုံးဘီးများကသာပိုများနေတယ်
လူ ၁ ယောက်စီး ၂ ယောက်စီး ၃ ယောက်စီး
စတဲ့အလိုက် သုံးဘီး Taxi ကိုစီးနင်ကြပါတယ်
နောက် လူပါသည်ဖြစ်စေ မပါသည်ဖြစ်စေ
သုံးဘီးလမ်းမပေါ် ချတင်မောင်းနင်စဉ်မှာ
မြန်မာပြည်ရဲ့လမ်းများသည် အလယ်မှမြင့်မောက်ပြီး
စောင်းနေ၍ သုံးဘီးယာဉ်များအားလုံး
လမ်းရဲ့ ဘယ် ညာမှာ အသွားလမ်း အပြန်လမ်း
ဘယ်ဘက်ပဲမောင်းမောင်း ညာဘက်အချမ်းမှသာ
မောင်းနင်ရတာဖြစ်တဲ့အတွက် လမ်းရဲ့အလယ်ဟာလည်း မြင့်မောက်နေ၍ ညာဘက်အချမ်းဟာ
စောင်းနေပါတယ် သုံးဘီးယာဉ်များမှာ
ဒါကြောင့် သုံးဘီးများရဲ့ ညာဘက်အချမ်းများမှာ
အဖိများ၍ သုံးဘီးမှတပ်ဆင်ထားသော
နောက်ဘီး ၂ လုံးနဲ့ ရှေ့ဘီး ၁ လုံးတို့မှာ
ညာဘက်အချမ်းတွေကြီးပဲ စောင်းပါး စားပါတယ်
ဒါကြောင့် ကီလို ၂၀၀၀၀ လောက်မောင်းပြီးတိုင်း
တာယာများကို လှည့်လှည်ပေးသင့်ပါတယ်
မလှည့်လည်းမောင်းရနေတာပါပဲ ဒါပေမယ့်
တာယာများလဲပေးခြင်းမှာ မောင်နင်ရတာလူ
သတ်သာစေပါတယ် တာယာများလှည့်လှည်ပေးခြင်း
ပြုလုပ်တဲ့အခါမှာ လှည့်ချင်သလိုလှည့်မရပါဘူး
နည်းစနစ်ကျကျလှည့်လှည်တပ်ဆင်
အသုံးပြုရပါမယ် အပေါ်မှာ ဂွင်းစ ဂွင်းပိတ် သင်္ကေတဖြင့် ရေးပြထားသလိုသာ
လှည့်လှည်ပေးအသုံးပြုခြင်းဟာ အကောင်းဆုံး
နည်းစနစ်တစ်ခုပဲဖြစ်ပါတယ်
ထိုတာယာလှည်နည်းမှာ ညာဘက်ကိုပါးစောင်း
နေသော တာယာတစ်ချမ်းစောင့်ခြင်းများအားလုံးကို
ဘယ် ဘက်သို့ပြန့်လှည့်သွားစေပါတယ်
ဘယ်နှစ်ကြိမ်းပဲလှည့်ချိန်းချိန်း ထိုနည်းအတိုင်းသာ
ပြုလုပ်ပေးပြီး အသုံးပြုပါဆိုတာကို
တင်ပေးလိုက်ပါတယ် ။
(ကြည်မျိုး Bajaj RE သုံးဘီးပြုပြင်ရေး မန္တလေး)
09400012487
{}{}[ Bajaj သုံးဘီးများရဲ့ ကလပ်အုံအထိုင်အသုံးပြုခြင်းဆိုင်ရာ ]{}{}
ကလပ်အုံအထိုင်ဆိုသည်မှာကတာ့ သုံးဘီးတိုင်းမှာ
ပါရှိကြပါတယ် အဓိကထားပြောချင်တဲ့အချက်က
တော့ အောက်မှပြထားသည့် ပုံ ၂ ပုံမှာ
အကောင်းနဲ့ မကောင်းတာ ၂ ပုံကို
ခွဲပြထားပါတယ် ဘယ်ဘက်မှပြထားသောပုံသည်
ချို့ရွန်းနေသောပုံဖြစ်ပါတယ် ညာဘက်ကပုံကတော့
ကောင်းနေတဲ့ပုံပဲဖြစ်ပါတယ် ချို့ရွန်းနေတဲ့ပုံမှာ
ကလပ်ပြားထိုင်သည့်လမ်းကြောင်းများ ဒစ်များဖြစ်ပြီး
ဒီလိုကလပ်အုံအထိုင်မှာ ဒစ်များနက်လွန်းနေတာဟာ
ချို့ရွန်းနေမှုတစ်ပဲခုဖြစ်ပါတယ် ကလပ်အုံအထိုင်မှာ
ဒီလိုဒစ်များဖြစ်နေပြီဆိုရင် အသစ်လဲလှည်ခြင်း
ပြုပြင်ပေးခြင်းဆိုတာများ ပြုလုပ်ပေးရပါမယ်
အောက်မှပြထားတဲ့ ပုံ ၂ ပုံမှာကတော့
တစ်ခုတည်းပါပဲ မပြင်ခင်နဲ့ ပြင်ပြီးထားပြီးသောပုံပဲ
ဖြစ်ပါတယ် ပြထားသလိုဒစ်များဖြစ်နေပြီး
ဒစ်များမရှိတော့သည့်ပုံမှာ ပြင်လိုက်တာပဲဖြစ်ပါတယ်
တစ်ခုတည်းပါပဲ ဒစ်တွေဖြစ်နေတာကို
ပြင်လိုက်သည့်အခါ ကောင်းသွားခြင်းပါ
ကလပ်အုံအထိုင်ပြန်လည် ပြုပြင်ခြင်းလုပ်သည်မှာ
အချိန်တော့ပိုပေးရပါတယ် အသစ်လဲလှည်ခြင်း
ကတော့ပိုပြီးမြန်ပါတယ် ပြင်တာကတော့
ကုန်ကျမှုသတ်သာပါတယ် အချိန်ပေးနိုင်ရင်ဖြင့်ပါ
အချိန်မပေးနိုင်ရင်တော့ အသစ်လဲလှည်ခြင်း
ပြုလုပ်ရာမှာကတော့ တထိုင်တည်းစောင့်ယူသွားလို့
ရပါတယ် ပြုပြင်ခြင်း မပြင်တော့ခြင်းမှာ
ကုန်ကျမှုသတ်သာမှုနဲ့အတူ အချိန်ပေးနေရခြင်း
အသစ်လဲလှည်ခြင်းမှာတော့ ကုန်ကျမှုပိုများ၍
အချိန်တော့များစွာမြန်ခြင်း ဒီလိုအားနည်းချက်
အားသာချက်များတော့ရှိပါတယ် မိမိအဆင်ပြေသလို ပြုလုပ်ရွေးခြယ်နိုင်ပါတယ်
အသစ်လဲလှည်ခြင်းအတွက်တော့ ထူးထူးထွေထွေ
မပြောတော့ပါဘူး အသစ်လဲရင်ကောင်းသွားတယ်
ဆိုတာ လူတိုင်းလိုသိနေတဲ့အတွက်ပါ
ပြန်လည်ပြုပြင်ခြင်းလုပ်ခြင်းကိုပဲ ဦးစားပေးပြီး
ပြောပါမယ် ကလပ်အုံအထိုင် ဒစ်များဖြစ်နေခြင်းကို ပြန်လည်ပြုပြင်ရာမှာတော့ ကျွမ်းကျင်သော
သတ္တုဂဟေပိုင်းပြုလုပ်သည့် ဆရာများထံမှာ
ပြုပြင်ရပါမယ် ဒစ်များဖြစ်နေခြင်းကို
သတ္တုဂဟေဖြင့်ဖို့သချော၍ရပါတယ် သတ္တုဂဟေ
ဖြင့် ပြန်လည်ဖို့သပြီးပြုပြင်တဲ့အခါမှာ
မိမိဘီးရဲ့ ကလပ်အုံမှဖြုတ်လိုက်သော
ကလပ်ပြားအဟောင်းလေး တစ်ချက်ကိုတော့
ယူသွားပြီးမှ သတ္တုဂဟေပြုလုပ်သည့်ဆရာကို
ပေးထားရပါမယ် ဒါမှကလပ်ပြားများပြန်ထည့်
တပ်ဆင်တဲ့အခါမှာ ချောမွှေ့စေမှာပါ သတ္တုဂဟေ
ဆရာမှာလည်း ကလပ်ပြားအဟောင်းလေးနဲ့တိုင်းပြီး
ပြုလုပ်လို့အဆင်ပြေမှာပါ
အောက်မှပြထားတဲ့ ကလပ်ပြားအုံအထိုင်လို
ဒစ်များဖြစ်နေခြင်းရဲ့ အဆင်မပြေမှုများဖြစ်တာက
တော့ - -
ကလပ်ဆွဲသည့်အခါ ကလပ်ကြိုးမာတာကလွဲ၍
မာနေခြင်း ထစ်နေခြင်း ကလပ်ကြိုးချိန်တဲ့အခါ ပုံမှန်အနေအထားကို ချိန်ညှိမရခြင်း
ကလပ်ဆွဲမကောင်းခြင်း
ကလပ်စောင့်သံထွက်လွန်းခြင်း
ဂီယာထိုးမကောင်းခြင်း စတဲ့ပစ်ချက်များဖြစ်ပါတယ် ။
ဒါကြောင့် ကလပ်ပြားအုံအထိုင်များ
ဒစ်များနက်လွန်းနေရင် ပြင်သခြင်း
အသစ်လဲလှည်ခြင်းများ ပြုလုပ်ပေးပါက
မိမိရဲ့ကလပ်အသုံးပြုခြင်အတွက် အဆင်ပြေ
ချောမွှေ့မှုအရသာကို ခံစားရပါလိမ့်မည် ။
(ကြည်မျိုး Bajaj RE သုံးဘီးပြုပြင်ရေး မန္တလေး)
09400012487
( Bajaj သုံးဘီးများရဲ့ အတိုင်ပင်ချိန်းခံများအကြောင်း )
Bajaj သုံးဘီးများရဲ့ အတိုင်ပင်ချိန်းခံများအကြောင်းဆိုတာလေးကို တင်ပေးပါမယ် အတိုင်ပင်ချိန်းခံ
များမှာ အတိုင်ပင်ချိန်းများနဲ့ပါ အနီးဆုံးဆက်နွယ်
နေတဲ့အတွက် အတိုင်ပင်ချိန်းပါ တစ်ခါတည်း
ထည့်သွင်းပြောရပါမယ် Bajaj သုံးဘီးများရဲ့
အတိုင်ပင်ချိန်းခံများ တည်ဆောက်ထားခြင်းမှာ
ရှေ့တစ်ချောင်း နောက်တစ်ချောင်း ၂ ချောင်း
ပါဝင်တပ်ဆင်ထားပါတယ် အတိုင်ပင်ချိန်းခံမှာ
လည်း ချို့ရွန်းချက်ပြစ်ချက်များဆိုတာလည်း
ရှိပါတယ် အတိုင်ပင်ချိန်းများအသစ်
လဲလှည်တဲ့အခါမှာ အပေါက်ပါတဲ့အတိုင်ပင်ချိန်းခံမှာ
ကလပ်အုံကိုဖွင့်လှပ်၍လဲရပါတယ် အပေါက်မပါတဲ့
ချိန်းခံတစ်ချောင်းကတော့ အင်ဂျင်အပေါ်ပိုင်းမှ
ဟက်ကိုလှပ်၍ လဲလှည်ရပါတယ် အတိုင်ပင်ချိန်းခံများ လဲလှည်ရတဲ့အခါများမှာလည်း အချိန်ပေးရပါတယ် နာရီနဲ့ချီကျော်ပြီးကြာပါတယ်
ဘယ်အချောင်းကိုပဲလဲလဲပါ ဒီတော့
အတိုင်ပင်ချိန်းခံများ လဲလှည်ရမယ့်ချို့ရွန်းမှုကတော့
ချိန်းခံများ အတိုင်းပင်ချိန်းဖြင့် ပွန်းတိုက်စား ပါးခြင်း အတတ်များကျိုးပဲ့ခြင်း ဒီအချက်များဖြစ်တဲ့အခါ
လဲလှည်ပေးရပါမယ် အတိုင်းပင်ချိန်းလဲတိုင်း
နောက်မှအပေါက်ပါတဲ့ချိန်းခံကို
လဲလှည်ပေးရပါမယ်
နောက်ပြီး အင်ဂျင်အပေါ်ပိုင်းဖြစ်တဲ့ ဟက်
လှပ်တဲ့အခါတိုင်းလည်း အတိုင်းပင်ချိန်းခံတစ်ခုကို
အသစ်လဲလှည်ပေးရပါမယ်
မလဲတာကြာနေရင်ဖြင့်ပါ
ကလပ်အုံးဘက်အချမ်း လှပ်တိုင်းလည်း
အပေါက်ပါတဲ့ ကျန်အတိုင်ပင်ချိန်းခံတစ်ချောင်းကို
လည်း
စစ်ဆေးကြည့်ရပါမယ် စစ်ဆေးခြင်းလုပ်ရမယ့်
အချက်ပြစ်ချက်ဟာ အတိုင်းပင်ချိန်းလျှော့၍
အသံမြည်သံမှာ အစပြုစတင်မြည်ခါစ
အတိုင်ပင်ချိန်းသံ ကျယ်လွန်းနေ၍ မြည်နေခြင်းများ
ဖြစ်တဲ့အခါမှ အတိုင်ပင်ချိန်းခံများကို စစ်ဆေးပါ အတိုင်ပင်ချိန်းသံ မမြည်ပါက စစ်ဆေးဖို့
မလိုအပ်သေးပါဘူး အတိုင်ပင်ချိန်းခံများကို
ဆိုလိုခြင်းပါ နောက်ပြီး အင်ဂျင်အပေါ်ပိုင်းဖြစ်တဲ့
ဟက်အချမ်းကိုမလှပ်တာကြာရင် လှပ်တဲ့အခါတိုင်း
အတိုင်ပင်ချိန်းခံတစ်ချောင်းကို လဲလှည်ပေးခြင်းမှာ
အကောင်းဆုံးဖြစ်ပါတယ် အတိုင်ပင်ချိန်းလဲတဲ့အခါ
အများဆုံးလဲလှည်လို့လွယ်တာဟာ အပေါက်ပါတဲ့
အတိုင်ပင်ချိန်းခံတစ်ချောင်းတည်းကိုသာ လဲလှည်
လို့ရတာပါ ကျန်တစ်ချောင်းကိုတော့ လဲလို့
မလွယ်တဲ့အတွက် မလဲကြခြင်းပါ အချိန်နဲ့လက်ခ
လည်း ပို၍ကုန်ကျစေသည့်အတွက်လည်းပါပါတယ်
ဒါကြောင့် အတိုင်ပင်ချိန်းလဲလဲ မလဲလဲ
အင်ဂျင်ဟက်အပေါ်ချမ်းလှတဲ့အခါ ချိန်းခံတစ်ချောင်းကိုပါ လဲလှည်ပေးသင့်ပါတယ် ဟက်အချမ်း
လှပ်တဲ့အခါမှလဲရသည့် ချိန်းခံဟာ ဟက်အချမ်း
လှပ်တုန်းလဲရတဲ့အခါ လွယ်ကူပါတယ်
လက်ခလည်းထူးပိုမပေးရပါဘူး ချိန်းခံဖိုးပဲ
ကုန်ကျမှုရှိပါတယ် ဒါကြောင့် အပေါက်ပါတဲ့
ချိန်းခံတစ်ချောင်းကိုလည်း ကလပ်အုံလှပ်တဲ့အခါ
လိုရမယ်ရစစ်ဆေးချင်လည်း စစ်ဆေးနိုင်ပါတယ်
အတိုင်ပင်ချိန်းသံမမြည်ပေမယ့် အတိုင်ပင်ချိန်းခံ
ပွန်းတိုက် စားပါးနေပါက လဲလှည်နိုင်ပါတယ်
အပေါက်ပါတဲ့ အတိုင်ပင်ချိန်းခံဟာလည်း
ကလပ်အုံကိုလှပ်၍ လဲရသောချိန်းခံဖြစ်၍ပါ
အတိုင်ပင်ချိန်းသံမြည်ခြင်းမှာ အစပြုမြည်လာတဲ့အခါ အသံဟာတိုးပါတယ် ရက်တွေ လတွေ
ကြာလာတဲ့အခါမှာတော့ အတိုင်ပင်ချိန်း
အသံမြည်သံဟာ တဖြည်းဖြည်းကျယ်ကျယ်လွန်းလာပါမယ် အသံကျယ်လောင်လွန်းသည်အထိ
အတိုင်ပင်ချိန်းကို အသုံးမပြုပါနဲ့ အချိန်နဲ့
ကုန်ကျမှုငွေ အစမတန်ကုန်ကျနိုင်ပါတယ်
အတိုင်ပင်ချိန်းကြောင့် ပျက်စီးမှုဖြစ်တဲ့အခါမှာပါ
အတိုင်ပင်ချိန်းသံ မြည်လွန်းစွာအသုံးပြုခြင်းမှာ
မိမိအင်ဂျင်အတွက် ပျက်စီးမှုဖြစ်တော့မည့်
အန္တရာယ်ကြီးတော့မယ်ဆိုတဲ့ သင်္ကေတကို
အချက်ပြသနေခြင်းပါ ။
အတိုင်ပင်ချိန်းပျက်စီမှု လွန်းကဲသွားတဲ့အခါ
ပျက်စီမှုကြီးကြီးမားမားဖြစ်မယ့် ပြစ်ချက်များမှာကတော့
((( အင်ဂျင်ညာအလယ်အချမ်းပေါက်စားသွားခြင်း ။
အင်ဂျင်အပေါ်ပိုင်း ဟက်နဲ့ ဘလောက်များ
ပွန်းတိုက်စားသွားခြင်း ။
အတိုင်ပင်ချော်သွား၍ အတိုင်ပင်အမှတ်များ
လွဲကုန်၍ ဘားများကောက်ခြင်း ကျိုးခြင်း
ပင်စတင်ကွဲခြင်း ပေါက်ခြင်းများဖြစ်ခြင်း ။
ဟက်လှပ်လဲရသော အတိုင်ပင်ချိန်းခံထည့်သော
အင်ဂျင်အချမ်းမှပါသော
သတ္တုအတတ်စားသွားခြင်း ။
ကလှိုင်းရှပ်မှတပ်ဆင်ထားသော အတိုင်ပင်ချိန်းဆွဲ
ပီနီယံအသေး စားခြင်းများ ။
ဟက်မှတပ်ဆင်ထားသော ကစ်ပင်ရှပ်ဖြင့်တပ်ထားသည့် အတိုင်ပင်အမှတ်ပါသော အတိုင်ပင်ဘီး
စားသွားခြင်း ။
အခတ်မသင့်ပါက ကော်နက်တင်ကောက်ခြင်း ။
ကလှိုင်းမိန်းဘောများ ပျက်စီးခြင်း ။ )))
ဒီပြစ်ချက်များစွာဖြစ်စေမှာ အသေချာပါပဲ
ဒါကြောင့် အတိုင်ပင်ချိန်းသံမြည်ခြင်းကို
ကျယ်လောင်စွာမြည်သည်အထိ အသုံးမပြုရပါဘူး
ဆိုးကျိုးများစွာဖြစ်စေသည့်အတွက်ပါ
အတိုင်ပင်ချိန်းခံများ အနည်းငယ်ပွန်းစားနေခြင်းဖြင့်
ဟက်အချမ်း ကလပ်အုံအချမ်း လှပ်တဲ့အခါကြုံ၍
အတိုင်ပင်ချိန်းခံများ လဲလှည်ပေးထားခြင်းများ
လုပ်ပေးခြင်းမှာ
အတိုင်ပင်ချိန်းအနည်းငယ်လျှော့နေခြင်းကိုပြန်၍
တင်းသွားစေပါတယ် ဒါကြောင့် နားလည်သော
ပြုပြင်ရေးဌာနများတွင် အတိုင်ပင်ချိန်းသံကိုရှိမရှိ
စစ်ဆေးပေးပါဆိုတာကို တင်ပေးလိုက်ပါတယ်
နောက်ဆုံးအနေဖြင့် အထူးမှာချင်တာကတော့
အင်ဂျင်အပေါ်ချမ်းမှ ဟက်ကိုလှပ်၍
လဲလှည်ရသောအတိုင်ပင်ချိန်းခံထည့်ရသည့်
သတ္တုအတတ်လေး အတိုင်းပင်ချိန်းလျှော့လွန်း၍
စား၍ပျက်စီးသွားသော အတိုင်ပင်ချိန်းခံထည့်ရတဲ့
သတ္တုအတတ်ကလေးကို ပြန်ဖော်ပြုပြင်ပြီး
ပြုလုပ်တပ်ဆင်ရပါမယ် အဲဒီအတိုင်ပင်ချိန်းခံထည့်တဲ့အတတ်ကလေးဆိုသည်မှာကတော့
ကလပ်အုံအချမ်းဘက်ကို လှပ်တဲ့အခါမှာ
တွေ့မြင်နိုင်ပါတယ် အဲဒီအသတ္တုအတက်ကလေးကို
စားပျက်စီးပျောက်သွားတဲ့အခါများမှာ
အတတ်ကလေးကို ပြန်ဖော်မပြုလုပ်ပဲ
ပြန်လည်တပ်ဆင်ထားခြင်းများကိုလည်း
တွေ့ရှိရပါတယ် အချို့သောပြုပြင်ရေးများမှ
အဲဒီစားပျောက်သွားတဲ့ အတိုင်ပင်ချိန်းခံထည့်သည့်
သတ္တုအတတ်ကလေးဟာ ပြန်လည်ပါရှိလာအောင်
ပြုလုပ်ပေးလို့ရပါတယ် ပြုပြင်ပေးပါ
သတ္တုဂဟေ ကျွမ်းကျင်သောဆရာများထံမှာပါ
ပြုလုပ်ဖော်ပေးပြုပြင်ရပါမယ် အတိုင်ပင်ချိန်းခံ
ထည့်ရသောအတတ်ကလေးကို မပါလည်းဘာမှ
မဖြစ်ပါဘူးလို့ မယူစပါနဲ့ သူ့ဟာနဲ့သူ
ပါရှိခြင်းဟာ အကောင်းဆုံးနည်းစနစ်တစ်ခုဆိုတာ
မမေ့ပါနဲ့လို့ အထူးမှာလိုက်ပါတယ်
အင်ဂျင်လှပ်ပြုလုပ်ပြုပြင်ရသော အစိတ်အပိုင်းများ
အားလုံးကို တစ်ခါတည်းအင်ဂျင်လှပ်လက်စဖြင့်
ပြုလုပ်ပြုပြင်ပေးရပါမယ်ဆိုတာကို မှားကြားပါစေ
မလုပ်ပဲထားခြင်း အတွင်းပိုင်းပဲ ဘာမှမဖြစ်ပါဘူး
ဘယ်သူမှမမြင်ရပါဘူးလို့ အလွယ်မတွေး
မယူစပါနဲ့ ကိုယ့်ထက်တက်ကျွမ်းနားလည်သော
ဆရာများထံရောက်တဲ့အခါ လိုအပ်ချက်ပြစ်ချက်များ
ဟာ ပေါ်လာမှာဖြစ်လို့ မိမိလုပ်တဲ့အခါလုပ်ကို
သေချာ စုံလင်ပြည့်စုံအောင် ပြုလုပ်ပေးရမည်
ဖြစ်ပါကြောင်း ။
ဒီလောကတစ်ခုလုံးမှ ကိုယ့်ထက် ကြီးသည်ဖြစ်စေ ငယ်သည်ဖြစ်စေ သင်ဆရာ မြင်ဆရာ
ကြားဆရာများဆိုသည့် အားလုံးသောဆရာများအား
ရိုသေလေးစားလျှက် ။
(ကြည်မျိုး Bajaj RE သုံးဘီးပြုပြင်ရေး မန္တလေး)
09400012487
Click here to claim your Sponsored Listing.
Videos (show all)
Category
Telephone
Website
Address
Mandalay
NO
Mandalay
မင်မင်ကမန်းလေးမြို့ကပါ online shope အရင်စလုပ်တာမို့ Delivery နဲ့ပဲပို့ပေးပါတယ်ရှင့်
စက်မှု့ ၁၊ ယောမင်းကြီးလမ်း၊ မန္တလေးမြို့
Mandalay, 198822
tsfamily auto spare parts online business trading.
ရွှေတောင်ကြားလမ်း
Mandalay, မင်္ဂလာပါရှင့်
MayOo Coffee ☕☕လက်လီလက်ကား ရရှိနိူင်ပါပြီ သိကြားလုံးဝမပါဝင်ပဲ သဘာဝအသီးအနှံ နဲ့သာထုတ်လုပ်ထားတာဖြစ်တယ်
19x88x89, Aung Myay Tharzan Township
Mandalay
Online Hobby shopလေးပါ။ Japan Golfတံေတွရပါတယ်။ 09444029641
No. GaGa-2/4, Corner Of 103 X 58A, South Of Htan Koe Bin Monastery, Chan Mya Thar Zi Township
Mandalay
At Bake O'Clock, we provide fresh & healthy bakery products, and baked those with heart and made with care. We are located in the heart of Mandalay City, near Mayor's Office. Kind...