Road To Millionaire

forex advisor

Photos from Road To Millionaire's post 22/12/2022

gold before and after

22/12/2022

ယူအက်စ် GDP အညွှန်းကိန်းဟာ
ခန့်မှန်းထားတာထက်အနည်းငယ်ပိုကောင်းခဲ့တာကြောင့်
ဒေါ်လာအညွှန်းကိန်း အနည်းငယ် အတက်ပြ
ကမ္ဘာ့ရွှေဈေး အနည်းငယ်ကျ

19/12/2022

December 19
ကမ္ဘာ့ရွှေအဖွင့်စျေး
1Oz -1792 $

18/12/2022

🇦🇷 ARGENTINA ARE CHAMPIONS


Photo crd

13/12/2022

Stocks, Gold, Bitcoin and the Euro after the CPI report:
Photo crd
Trading view

World gold
1818$
ထိတက်

11/12/2022

ကိုယ့်လက်ထဲငွေဘယ်လောက်ရှိတာ၊ ကိုယ့်အခြေအနေဘယ်လိုမျိုးရှိတာ
ကိုယ်တိုင်ပဲအသိဆုံးပါ . . .

ကိုယ့်ရဲ့တလဝင်ငွေက သိန်းရာချီဝင်နေတာမျိုး
မဟုတ်ဘူးဆိုရင် ကိုယ့်အတွက်အကျိုးမရှိနိုင်တဲ့
တကိုယ်ရေအသုံးပြုဖို့
ဇိမ်ခံပစ္စည်းတွေအတွက် သိန်းဆယ်ချီတဲ့ အသုံးအဆောင်တွေ
ဝယ်ကိုင်ဖို့ မသင့်တော်သေးပါဘူး။

သူများ အိုင်ဖုန်းကိုင်လို့ ကိုယ်ကလည်း အိုင်ဖုန်းကိုင်ချင်တာ၊
သူများကားဝယ်စီးလို့ ကိုယ်လည်းကားဝယ်စီးချင်တာ၊
သူများတွေ Luxury Branded တွေ ဝယ်သုံးလို့
ကိုယ်လည်းဝယ်သုံးချင်တာ ကိုယ့်ရဲ့အပြစ်မဟုတ်ပါဘူး။
ကိုယ့်ရဲ့ စိတ်ဆန္ဒအရဖြစ်ပေါ်လာတဲ့ လိုချင်တပ်မက်မှုလေးတွေပါ။

ဒါပေမယ့် ကိုယ်က သူများတွေကိုင်သလို
သူများတွေသုံးသလို သုံးချင်ရင်
တခြားလူရဲ့ ဝင်ငွေနဲ့ကိုယ့်ရဲ့ဝင်ငွေ
အခြေအနေချင်း တူမတူကို အရင်စဉ်းစားပါ။

သူများကိုအားကျပြီး ကိုယ်ရဲ့ဝင်ငွေနည်းနည်းလေးနဲ့
အိုင်ဖုန်းဝယ်ကိုင်လိုက်ပါပြီတဲ့
ကိုယ့်အတွက်လိုအပ်လို့ အသုံးလိုလို့ဆိုရင်တော့
ပြဿနာသိပ်မရှိပေမယ့်
ပေါ်ပင်ဖြစ်ချင်လို့ လူကြားထဲထင်ပေါ်ချင်လို့
ဝယ်ကိုင်လိုက်တာဆိုရင်တော့ ကိုယ့်အတွက်
ဘာမှအကျိုးမရှိပါဘူး။

ကိုယ့်အတွက် အဆင်မပြေနိုင်သေးပဲ
ဇိမ်ခံပစ္စည်းတွေကို ငွေကြေးအကုန်ခံပြီး
ပေါ်ပင်ဖြစ်အောင်လုပ်မယ့်အစား
ကိုယ့်ဘဝတိုးတက်ဖို့ ကိုယ့်လုပ်ငန်းတိုးတက်ဖို့
လိုအပ်တဲ့အထောက်အပံ့ရစေမယ့် ပစ္စည်းလေးတွေ၊
အသုံးအဆောင်လေးတွေကို အနာဂါတ်အတွက်
အရင်းအနှီးတခုအနေနဲ့ အသုံးပြုလိုက်မယ်ဆိုရင်
ဘယ်လောက်တောင် အကျိုးရှိလိုက်မလဲလေနော် . . .

ကိုယ့်အတွက်အကျိုးရှိစေမယ့်အရာတွေအတွက်
ကိုယ့်ရဲ့ငွေကို ကောင်းကောင်းမွန်မွန်အသုံးချမယ်ဆိုရင်
ကိုယ်အောင်မြင်လာတဲ့အခါ Branded တွေ
Luxury Product တောင်မလိုတော့ပဲ
တကိုယ်တော် တောက်ပနေမှာ သေချာပါတယ်။

ချစ် ခင် လေး စား စွာဖြင့်

Crd...

07/12/2022

7, 12, 2022
ကမ္ဘာ့ရွှေအဖွင့်စျေး 1770$

03/12/2022

တစ်ပါတ်တာ ကမ္ဘာ့ရွှေ
အပိတ်စျေး
တစ်အောင်စ_1798 $

28/11/2022

28.11.2022
XAUUSD
အဖွင့်စျေး
1OZ-1754$

24/11/2022

ခရမ်းချဉ်သီး ပွဲစားတစ်ယောက်

ပြောခဲ့ဖူးတဲ့ စကားလေးကို သွားသတိရမိတယ် ..

ငါ့မှာ ပိုက်ဆံ
သိန်းသုံးရာရှိရင်
ငါ သိန်းနှစ်ရာပဲ ထုတ်ရင်း
တယ်

တစ်ရာက မတော်တဆ
ရှုံးသွားခဲ့ရင် ပြန်ရင်းဖို့အရင်းအနှီးအနေနဲ့ ချန်ထားတယ်

ငါ့ဂိုဒေါင်က ကုန်ချိန်
ခြောက်သောင်းဆန့်ရင်
လေးသောင်းပဲထည့်တယ်

နှစ်သောင်းက ကြိုက်စျေး
ရရင် ထပ်ထည့်ဖို့ ချန်ထားတယ်

ဘာကြောင့်လဲဆိုတော့
ငါက ဆင်းရဲသားဘဝက
နေတက်လာတာ

ငါ့မှာရှိသမျှပုံအောပြီး
လုပ်လိုက်လို့ မတော်တဆ ရှုံးသွားခဲ့ရင်

ဆင်းရဲတဲ့ဘဝကို ငါပြန်ရောက်သွားမှာ ကြောက်တယ်တဲ့

သူပြောတဲ့စကားနဲ့
ကျနော့ အဖေပြောတဲ့
စကားနဲ့ သွားတူနေတယ်

ငါ့သား အလုပ် လုပ်ရင်
ရေကာတာစီမံကိန်းနဲ့
လုပ်ရတယ်ကွ။

ရေကာတာ
စီမံကိန်းဆိုတာက

ကုန်ထမ်းသမား တစ်ယောက်ဟာ အချိန်သုံးဆယ်ကို
ထမ်းနိုင်တဲ့အားရှိရင် အချိန်နှစ်ဆယ်ပဲ ထမ်းသင့်တယ်

ဘာကြောင့်လဲဆိုတော့
မတော်တဆ လျှော်လဲရင်
ကိုယ့်ကိုယ်ကို ပြန်ထောက်နိုင်ဖို့
အားကျန်နေသေးတယ်

အချိန်
သုံးဆယ် နိုင်တဲ့လူက
အချိန်သုံးဆယ်ဝိတ်ကြီးကို
ထမ်းထားလို့

မတော်တဆ
ချော်လဲလို့ကတော့ သွားပြီ
ပြန်ထနိုင်ဖို့ မလွယ်တော့ဘူး

ကျနော် မြင်ရသလောက်လဲ

အလုပ် လုပ်ရင်
ပရမ်းပတာ သူဌေးဖြစ်ခွေးဖြစ်
ရှိသမျှပုံအောပြီး လုပ်တဲ့လူတွေ
ပြုတ်သွားကြတာများတယ်

စေ့စေ့စပ်စပ်နဲ့
ချင့်ချင့်ချိန်ချိန် လုပ်တဲ့
လူတွေပဲ အောင်မြင်သွားကြတာ
များတယ်

အရမ်းကြီး
မအောင်မြင်ရင်တောင်မှ
အမှားနည်းတယ်ပေါ့ဗျာ

စစ်မှန်တဲ့
အောင်မြင်မှုဆိုတာက
နေ့ချင်းညချင်း ဝုန်းကနဲ လုပ်လို့ရတဲ့ အရာမဟုတ်ပါဘူး

တစ်ဆင့်ခြင်းတစ်ဆင့်
ဖြည်းဖြည်းချင်း
တည်ဆောက်ယူရတဲ့
အရာပါ

ဘာကြောင့်
ဒီစကားပြောရလဲဆိုတော့

ကျနော်တို့လို
လူငယ်တွေတော်တော်
များများက အရမ်း
အောင်မြင်ချင်ကြတယ်

အဲ့မှာ ဆန္ဒတွေစော
လောဘတွေကြီးပြီး
အမှားတွေကို လုပ်မိတော့
တာပါပဲ

အမှန်က
ခေါင်းအေးအေးထားပြီး
တည်တည်ငြိမ်ငြိမ်
ချင့်ချင့်ချိန်ချိန်လေးနဲ့

ကိုယ့်ရည်မှန်းချက်
ပန်းတိုင်ကို
ချီတက်ရင် ပန်းတိုင်ကို
မုချမသွေရောက်ပါတယ်

ဆပ်ပြာသည်
လင်ပျောက်သလိုမျိုး
ပျာယာမခပ်ဖို့ လောဘမကြီးဖို့
ဆန္ဒတွေ မစောဖို့တော့
လိုပါတယ်။

24/11/2022

#နည်းပညာခေတ်ကို လုပ်အားနဲ့ ဘယ်လိုမှ ယှဥ်မရပါဘူး

Korea တို့ Japan တို့မှာ (၅) နှစ်လောက် အလုပ်သွားလုပ် သိန်း၂ထောင် စုမိပြီပဲ ထားအုံး ။

မြန်မာပြည် ပြန်ရောက်ရင် japanကား သိန်း ၅၀၀ တန်လောက်ပဲ ဝယ်စီးတယ်၊

ကျန်တဲ့1500လောက်ကို တိုက်ခန်းဝယ် အဲ့တိုက်ခန်းရောင်းတဲ့သူက အဲ့ပိုက်ဆံနဲ့ ကားအကောင်းစား သိန်း၁၅၀၀တန် ဝယ်စီးလိုက်ပြီ ထားပါတော့ ၊

ကိုယ်လုပ်ခဲ့တဲ့ ၅နှစ်လုပ်ခ အကုန် သူ့နိုင်ငံအကုန် ပြန်ရောက်သွားတယ် ။

ကားတစ်စီး ထုတ်ဖို့ဆိုတာ ရက်ပိုင်းတောင် မကြာပါဘူး နည်းပညာဆိုတာ အဲဒါပဲ ။

ဆန်စပါးလို စောင့်နေစရာ မလိုဘူး လိုသလောက် ထုတ်လုပ်လို့ရတယ် ။

စပါးဆိုတာ တစ်နှစ်၅ခါမှ စိုက်လို့မရတာ ကားကတော့ လိုအပ်ရင် စက်ရုံ ထပ်ဆောက်လို့ရပါတယ် ။

ကိုယ်လက်လှမ်း မမှီတဲ့ နည်းပညာတွေမှ အများကြီးပဲ တွေးဖို့တောင် ဉာဏ်မမှီတာ တစ်ပုံကြီး ရှိသေးတယ် ။

နည်းပညာတွေဟာ အရမ်း အရေးကြီးတယ်ဆိုတာ
တွေးမိတာကို ပြောချင်တာပါ ။

နည်းပညာ နိမ့်ကျရင် လယ်လုပ်ရတာခြင်း တူရင်တောင် စက်နဲ့လုပ်တဲ့သူနဲ့ နွားနဲ့ အတူတူ ရုန်းတဲ့သူ ကွာသလို ကွာပါလိမ့်မယ် ။

နိုင်ငံခြားကို သွားဖို့အသည်းအသန်တွေ ကြိုးစားနေတာမြင်တော့ တွေးမိတယ် ။

တိုးတက်ပြီးသား နိုင်ငံတွေက ငါးကြင်းကြော်ဖို့ ဆီကို ငါးကြင်းဆီကရ ဆိုသလိုပဲ ။

ဥပမာ_
ကားထုတ်ဖို့ မြန်မာက အလုပ်သမားတွေ ခေါ်တယ် ခိုင်းတယ်။ ကားတွေကို မြန်မာပြည် ပြန်တင်သွင်းတယ် ။

အလုပ်သမား အတွက် ပေးရတဲ့ငွေကို အသာလေး ပြန်ယူလို့ရတယ် ။

အပေါ်ဆုံးအပိုဒ်မှာ ရေးသလိုပေါ့...

သူတို့ကတော့ အဲ့လောက်အသေးစား နည်းပညာလေးတွေမှာ အချိန်ကုန်မခံဘူး သူတို့လူတွေ မသုံးဘူး၊ မရင်းပါဘူး ။

အဲ့ထက်မြင့်တဲ့ နည်းပညာတွေ အတွက်ပဲ အချိန်ပေးမှာပါ ။ ဆင်းရဲတဲ့ နိုင်ငံတိုင်းကတော့ ဒီလိုပါပဲ ...

ဘာမှမလုပ်ဘဲ နေလို့တော့ ဘာမှ မဖြစ်ဘူးပေါ့...

" သဘောကျလို့ပါ "...။

24/11/2022

2023 မှစတင်ပြီး မိမိတို့ရဲ့ အပြင် စီးပွားရေးလုပ်ငန်းများကို Online Business အသွင်ကူးပြောင်းဖို့ အဆင့်ဖြစ်ပြီလား❓

Make Money နဲ့ Money Management ကို ကောင်းစွာသဘောပေါက်ပြီး မိမိတို့ပတ်၀န်းကျင်အတွက် Financial Planning တစ်ခုကို တည်ဆောက်ချင်ပါသလား❓

ဒါဆိုရင်တော့ ကမ္ဘာ့ဘဏ္ဍာရေးငွေကြေးစျေးကွက်မှစတင်ပြီး

✔️Financial Market, Forex Trading အကြောင်း
စတော့ခ်ရှယ်ရာနှင့်
နိုင်ငံတကာစျေးကွက်များအကြောင်း
✔️Forex Market မှာ အရောင်းအဝယ်ပြုလုပ်ခြင်းနည်းစနစ်
✔️Meta Trader 4 ကို ကျွမ်းကျင်စွာအသုံးပြုပုံ
✔️Market Chart၊ Candle Stick အလုပ်လုပ်ပုံ
✔️စတော့ရှယ်ယာ၊

✔️နိုင်ငံရေးသတင်းများနှင့် နိုင်ငံ့ငွေကြေးအပေါ်
အကျိုးသက်ရောက်ပုံ
✔️ ရိုးရှင်းလွယ်ကူသော Indicator များ ထည့်သွင်း
အသုံးပြုနည်း
✔️ငွေကြေးစီမံခံခွဲမှု Money Management
ပညာရပ်များကို လေ့လာသင်ယူလိုက်ပါ....။

Awinfx
09 442152343

22/11/2022

တာထွက်ချိန်ချင်းမတူကြပါ🌊🌊🌊🌊

အိုဘားမားက

အသက်၅၅နှစ်မှာ အနားယူတယ်။‼

ဒေါ်နယ်ထရမ့်ပ်က

အသက်၇၀မှာ စတင်တာဝန်ထမ်းဆောင်တယ်။❗

ဘန်ကောက်က

စင်ကာပူထက် တစ်နာရီပိုစောတယ်။🔸

ဒါပေမယ့်

ဘန်ကောက်တစ်နေ့တာနဲ့

စင်ကာပူတစ်နေ့တာဟာ

ကြာချိန်ချင်းတော့ အတူတူပါပဲ။🌏

ဘန်ကောက်က

ပို..........မမြန်သလို

စင်ကာပူက

ပို..........မနှေးပါဘူး။⬛

တချို့က

အသက်၂၂နှစ်မှာ ဘွဲ့ရကြတယ်။⭐⭐⭐

ဒါပေမယ့်

ဘဝအာမခံချက်ရှိတဲ့အလုပ်မျိုးရဖို့

၅နှစ်လောက် အချိန်ယူနေရတယ်။🔰

တချို့က

အသက်၂၅နှစ်လောက်နဲ့ CEOဖြစ်လာတယ်။🍁

အသက်၅၀လောက်ကျတော့ အနိစ္စရောက်ရော။

တချို့ကျတော့

အသက်၅၀ကျမှ CEOနေရာရောက်တယ်။▪▪

ပြီးတော့

အသက်၉၀လောက်ထိ နေသွားရတယ်။🔼🔽

တကယ်တော့

ကမ္ဘာပေါ်ကလူတစ်ဦးချင်းစီဟာ

သူတို့ရဲ့ ကိုယ်ပိုင်Time Zoneကိုအခြေခံပြီး

အလုပ်လုပ်နေကြတာပါ။🌟

ဥပမာ-

ကျွန်တော်အခု

ဒီစာကိုရေးနေတဲ့အချိန်က

သောကြာနေ့ မနက် ၉နာရီဝန်းကျင်။

ကျွန်တော်ရုံးတက်နေရတယ်။💮

ဒါပေမယ့်

လော့စ်အိန်ဂျလိစ်က

ရုံးဝန်ထမ်းတစ်ယောက်အတွက်တော့

ကြာသပတေးနေ့ ည၉နာရီဝန်းကျင်။

သူဘီယာသောက်ရင်သောက်နေမှာပေါ့။⏺⏺

ကျွန်တော်တို့အနေနဲ့

ကိုယ့်ပတ်ဝန်းကျင်ကိုတစ်ချက်ပြန်ကြည့်ရင်

လူတချို့က

ကျွန်တော်တို့ထက် ရှေ့ရောက်နေတယ်။ℹ

တချို့ကတော့

ကျွန်တော်တို့နောက်မှာကျန်ခဲ့တယ်ဆိုတာမျိုး

ခံစားရပါလိမ့်မယ်။⚫

ဒါပေမယ့်

တကယ်တမ်းတော့ တစ်ယောက်ချင်းစီဟာ

သူတို့ရဲ့ကိုယ်ပိုင်ပြေးလမ်းအတိုင်း

ပြေးနေကြတာပါ။🔶

#တစ်ယောက်နဲ့တစ်ယောက်ပြေးလမ်းချင်းမတူကြဘူး။

ပိုအရေးကြီး တာက

တာထွက် ချိန်. ချင်း မ တူ ကြ တာ ပဲ

တစ်စုံတစ်ယောက်ဟာ အမြင်အားဖြင့်

ကျွန်တော်တို့ရှေ့ကိုရောက်နေသည်ပဲဖြစ်စေ

နောက်မှာကျန်ခဲ့သည်ပဲဖြစ်စေ

မနာလိုစရာ / ဝမ်းနည်းစရာ မလိုအပ်ပါဘူး ။🌀

သူ.......

ဘယ်နေရာကစပြီးတာထွက်တယ်

ဘယ်နေရာမှာပန်းဝင်မယ်ဆိုတာ

ကျွန်တော်တို့သိနိုင်ကြလို့လား။➖➖➖

သူတို့က

သူတို့Time Zoneကိုအခြေခံပြီး

အလုပ်လုပ်တယ်။〰〰〰

ကျွန်တော်တို့က

ကျွန်တော်တို့Time Zoneကိုအခြေခံပြီး

အလုပ်လုပ်တယ်။

အရေးကြီးတာက

# ကိုယ့်အတိုင်းအဆနဲ့ကိုယ်ပုံမှန်ကြိုးစားနေဖို့ပါပဲ။

အချိန်တန်ရင် ပန်းတိုင်ရောက်ပါလိမ့်မယ်။

အဲဒါကြောင့်

စိတ်အေးအေးထားပါ။🔰🔰🔰

ကျွန်တော်တို့ ကြိုရောက်မနေပါဘူး။

ဒီလိုပဲ

ကျွန်တော်တို့ နောက်ကျမနေပါဘူး။

" ရပ် မ နေ ဖို့ ပဲ လို အပ် ပါ တယ်။ "☑☑☑☑

Credit : Original writer

18/11/2022

18.11.2022
XAUUSD အဖွင့်စျေး
1OZ-1760$

16/11/2022

16.11.2022
XAUUSD အဖွင့်စျေး
1 Oz 1778

15/11/2022

ဒီနေ့ နိုဝင်ဘာ ၁၅ ရက်နေ့မှာ ကမ္ဘာ့လူဦးရေ ၈ ဘီလီယံပြည့်သွားပါပြီ။အောက်က လင့်ခ်မှာ ဝင်ကြည့်လိုက် ဒီနေ့ သေနေတဲ့လူတွေနဲ့ မွေးနေတဲ့လူအရေအတွက် တိုက်ရိုက်တက်နေတာ ​​ကြောက်စရာကောင်းသလို၊သံဝေဂလဲရစရာကြီးပါ

https://www.worldometers.info/world-population/

10/11/2022

2023 မှာစတင်ပြီး မိမိတို့ရဲ့ အပြင် စီးပွားရေးလုပ်ငန်းများကို Online Business အသွင်ကူးပြောင်းဖို့ အဆင့်ဖြစ်ပြီလား❓

Make Money နဲ့ Money Management ကို ကောင်းစွာသဘောပေါက်ပြီး မိမိတို့ပတ်၀န်းကျင်အတွက် Financial Planning တစ်ခုကို တည်ဆောက်ချင်ပါသလား❓

ဒါဆိုရင်တော့ ကမ္ဘာ့ဘဏ္ဍာရေးငွေကြေးစျေးကွက်မှစတင်ပြီး

✔️Financial Market, Forex Trading အကြောင်း
စတော့ခ်ရှယ်ရာနှင့်
နိုင်ငံတကာစျေးကွက်များအကြောင်း
✔️Forex Market မှာ အရောင်းအဝယ်ပြုလုပ်ခြင်းနည်းစနစ်
✔️Meta Trader 4 ကို ကျွမ်းကျင်စွာအသုံးပြုပုံ
✔️Market Chart၊ Candle Stick အလုပ်လုပ်ပုံ
✔️စတော့ရှယ်ယာ၊

✔️နိုင်ငံရေးသတင်းများနှင့် နိုင်ငံ့ငွေကြေးအပေါ်
အကျိုးသက်ရောက်ပုံ
✔️ ရိုးရှင်းလွယ်ကူသော Indicator များ ထည့်သွင်း
အသုံးပြုနည်း
✔️ငွေကြေးစီမံခံခွဲမှု Money Management
ပညာရပ်များကို လေ့လာသင်ယူလိုက်ပါ....။

Awinfx
09 442152343

10/11/2022

U.S Inflation 7.7%👆
DXY 108.500👎

10/11/2022

U.S Inflation 7.7%
Xauusd 1747
Fly to moon😮😮

09/11/2022

အောင်မြင်မှု ဆိုတဲ့အရာမှာအသက်ရွယ်မရှိပါဘူး

ကို့ရဲ့ဇွဲလုံ့လ ကြိုးစားလိုစိတ်နဲ့ ရူးသွပ်မှုသာ အဓိကကျပါတယ်

09/11/2022

Nike!

09/11/2022

XAUUSDဟာ မေန့ညကတအောင်စ 1700$ ဆိုတဲ့ Psycho price ကို ချိုးဖြတ်ခဲ့ပြီး 1717$ ထိ တက်ထားခဲ့ပြီး လက်ရှိမှာ 1709$ ဝန်းကျင်ဖြင့် ရောင်းဝယ် ဖြစ်လျက်ရှိပါသည်။

ဈေးတန်းဟာ အတက်လားရာထဲမှာ ပြန်ရောက်နေပြီး 1700 တန်းကို တချက်ထိပြီးမှ 1725-1730 ဇုံထိ ဆက်တက်မယ်လို့ မျှော်လင့်ရပါတယ်။

ဒီ Sell-off ဇုံဖြစ်တဲ့ 1725-1730 ကို ဖေါက် တက်/မတက် ကတော့ နက်ဖြန်မှာထွက်မယ့် ယူအက်စ် ငွေကြေးဖေါင်းပွနှုံးပြ ဒေတာများကို တချက် စောင့်ကြည့်ဖို့ လိုအပ်ပါလိမ့်မယ်။

လုပ်ငန်းအကြောင်းနှင့်သင်တန်းစုံစမ်းရန်

Awinfx
09 442152343

08/11/2022

8.11.2022 XAUUSD
အဖွင့်စျေး~1674.85

01/11/2022

🖋️အတော်ဆုံးမဟုတ်ရင်လည်း
ကြိုးစားနေသူတော့ဖြစ်ပါစေ🖋️
📖📖📖📖📖📖📖📖📖
📚ဆာလောင်နေတဲ့ဗိုက်
ငွေမရှိတဲ့ ပိုက်ဆံအိတ်နှင့်
ကျိုးပဲ့နေတဲ့ နှလုံးသားဟာ
ဘဝရဲ့ အကောင်းဆုံး သင်ခန်းစာတွေကို
သင်ကြားပေးနိုင်ပါတယ်။

📚နေလိုတောက်ပချင်ရင် အရင်ဆုံး
နေလိုပူလောင်မှုကို ခံနိုင်ရည်ရှိရပါမယ်။
နာကြင်မှုကို မေ့ပစ်လိုက်ပါ။ သို့သော်
သင်ခန်းစာကိုတော့ သိမ်းထားလိုက်ပါ။

📚တန်ဖိုးရှိတဲ့အရာတွေက လွယ်ကူစွာမရနိုင်ပါဘူး။
ပင်ပန်းကြီးစွာကြိုးစားရပါမယ်။
အောင်မြင်မှုဟာ တည်မြဲနေမှာ မဟုတ်သလို
ကျရှုံးမှုဟာလည်း သေစေနိုင်တာ မဟုတ်ပါဘူး။
ဆက်လျှောက်ဖို့ သတ္တိတွေရှိနေဖို့ကသာ အဓိကပါ။

📚သင့် တန်ဖိုးက သင့်အလုပ်အကိုင်ထက်
သင့် လုပ်ရည်ကိုင်ရည်အပေါ်မှာ မူတည်ပါတယ်။
အတော်ဆုံးမဖြစ်ရင်နေပါစေ
ကြိုးစားနေသူတော့ ဖြစ်ပါစေ။

📚ဒီနေ့ဟာ ခက်ခဲမယ်
နောက်တစ်နေ့ ဒီ့ထက်ပိုခက်ခဲမယ်
နောက်ထပ်နောက်ထပ် အခက်ခဲပေါင်းများစွာကိုအစွမ်းကုန်ကျော်ဖြတ်ပြီးတဲ့ခါ ပျော်ရွင်မှု
နေရောင်ခြည်ကို မြင်ရမှာ
မုချပါ။

📚သင့်ရဲ့ ရှေ့မှာ ကျောက်တုံးတွေ ပိတ်ဆို့နေရင်တောင်
အဲ့ဒီကျောက်တုံးတွေကို လှေကားထစ်လုပ်ပြီး
အပေါ်ကို တက်လှမ်းလိုက်ပါ။

Credit to origial Writer

01/11/2022

2022 မှစတင်ပြီး မိမိတို့ရဲ့ အပြင် စီးပွားရေးလုပ်ငန်းများကို Online Business အသွင်ကူးပြောင်းဖို့ အဆင့်ဖြစ်ပြီလား❓

Make Money နဲ့ Money Management ကို ကောင်းစွာသဘောပေါက်ပြီး မိမိတို့ပတ်၀န်းကျင်အတွက် Financial Planning တစ်ခုကို တည်ဆောက်ချင်ပါသလား❓

ဒါဆိုရင်တော့ ကမ္ဘာ့ဘဏ္ဍာရေးငွေကြေးစျေးကွက်မှစတင်ပြီး

✔️Financial Market, Forex Trading အကြောင်း
စတော့ခ်ရှယ်ရာနှင့်
နိုင်ငံတကာစျေးကွက်များအကြောင်း
✔️Forex Market မှာ အရောင်းအဝယ်ပြုလုပ်ခြင်းနည်းစနစ်
✔️Meta Trader 4 ကို ကျွမ်းကျင်စွာအသုံးပြုပုံ
✔️Market Chart၊ Candle Stick အလုပ်လုပ်ပုံ
✔️စတော့ရှယ်ယာ၊

✔️နိုင်ငံရေးသတင်းများနှင့် နိုင်ငံ့ငွေကြေးအပေါ်
အကျိုးသက်ရောက်ပုံ
✔️ ရိုးရှင်းလွယ်ကူသော Indicator များ ထည့်သွင်း
အသုံးပြုနည်း
✔️ငွေကြေးစီမံခံခွဲမှု Money Management
ပညာရပ်များကို လေ့လာသင်ယူလိုက်ပါ....။

Awinfx
09 442152343

01/11/2022

November 1
XAUUSD Open Price
1Ounce _ 1632

31/10/2022

ကိုယ်လုပ်တဲ့အလုပ်မှာအောင်မြင်ဖို့ဆိုတာ
ကိုယ်လက်ရှိလုပ်နေတဲ့ အလုပ်ပေါ်မှာ လေးစားပြီးချစ်မြတ်နိုးဖို့လိုအပ်ပါတယ်

29/10/2022

⚜️အချိန်ရှိတုန်း ကြိုးစားပါ⚜️

အတိတ်ကံကြောင့်
ယခုလူဖြစ်ခွင့်ရတုန်းလေးမှာ

ဘဝကို
မာနတွေနဲ့ အချိန်မကုန်မိပါစေနဲ့

ဘဝကို
အတ္တတွေနဲ့ မရှင်သန်မိပါစေနဲ့

ဘဝကို
လောဘတွေနဲ့ မလျှောက်မိပါစေနဲ့

ဘဝကို
မစ္ဆရိယစိတ်တွေနဲ့ မရပ်တည်မိပါစေနဲ့

အဲဒီအရာတွေက
သင့်ဘဝက်ို
အေးချမ်းမှုတွေပေးမှာမဟုတ်ဘူး

အေးချမ်းမှုကို
ခံစားချင်တယ်ဆိုရင်တော့

ရင်ထဲကနေ
မာနတွေ၊ အတ္တတွေ
လောဘတွေ၊ မစ္ဆရိစိတ်တွေကို
ရှင်းပြစ်နိုင်အောင် အချိန်ရှိတုန်းကြိုးစားပါ။

✍️အရှင်ဇဝန (ရွှေကုန်းမြေ)✍️

28/10/2022

မိဘကိုလုပ်ကျွေးတဲ့သူက ရှာဖွေရပိုလွယ်တယ်။

မိဘကိုဖြည့်ဆည်းပေးတတ်တဲ့သူက ပိုပြည့်စုံလာတယ်။

မိဘကိုပြန်ကြည့်တတ်တဲ့သူက ပိုအဆင်ပြေလာတယ်။

မိဘစကားနားထောင်တဲ့သူက ပိုစိတ်ချမ်းသာရတယ်။

ဒါကြောင့်ရှိနေတုန်းမှာ သိတတ်ပါ။ အသက်ကြီးမှ ပြန်ကြည့်မယ်လို့မတွေးပါနဲ့

ကိုယ်ပြန်ကြည့်နိုင်တဲ့အချိန်သူတို့ရှိချင်မှရှိတော့လိမ့်မယ်။

မချမ်းသာလို့ မပြည့်စုံသေးလို့ဆိုတဲ့ဆင်ခြေတွေအစားကိုယ်တတ်နိုင်သလောက်

အဖေအမေကြိုက်တတ်တဲ့ မုန့်ကလေးတထုတ် နွေးထည်လေးတထည်

ဖိနပ်လေးတရံနဲ့တင် သူ့တို့ကိုစိတ်ချမ်းသာစေတယ် ပြည့်စုံစေတယ်။

စကားတခွန်းရှိတယ်။ မိဘအတွက်ကုန်သွားတဲ့ငွေက အမြဲဆယ်ဆပြန်လာတယ်။

ကိုယ့်ဆီက နဲနဲရပီး များများပြန်ပေးချင်သူကမိဘတွေအပြင်မရှိပါဖူး။

လက်ရှိ အောင်မြင်နေတဲ့သူတွေကိုကြည့်ရင် မိဘကို သိတတ်သူတွေ။

ချမ်းသာနေတဲ့သူတွေကိုကြည့်လိုက်ရင် မိဘကိုဘယ်တုန်းကမှမငြိုငြင်တတ်သူတွေ။

မယုံမရှိနဲ့။ သူတို့ကြောင့် မိဘအဆင်ပြေတာမဟုတ်ပဲ

မိဘကြောင့် သူတို့အဆင်ပြေနေတာကို သူတို့ယုံကြည်တယ်။
-----------------------------------------

27/10/2022

တချို့က ဒီပုံကြည့်ပြီး ရီကြတယ်ဗျ၊ ရီတယ်ဆိုတာထက် လှောင်တယ်ဆိုတာ ပိုမှန်တယ်။ ငှက်ပျောသီးရောင်းတဲ့သူက Stock market ကို ထိုင်ကြည့်နေတယ်။ ဒီကောင် ရှုံးမှာပဲလို့ တွက်ကြတယ်ဗျ။

ကျနော်တို့ ဝင်ငွေတခုရအောင် အလုပ်ကြိုးစားလုပ်ကြတယ်၊ ဒီဝင်ငွေနဲ့ မကြီးပွားနိုင်ဘူးဗျ။ နေ့စဉ် နေထိုင်စရိတ်၊ ထမင်းဖိုး၊ အခန်းငှားခ၊ ကုန်ကျစရိတ်တွေလောက်ပဲ ရှင်းနိုင်မှာဗျ။ ကြီးပွားချင်ရင် ပညာတခုခုကို သင်ယူရတော့မယ်ဗျ။

Stock market ဆိုတာက စီးပွားရေးလောကရဲ့ အချုပ်လို့ အကြမ်းဖျင်း ပြောလို့ရတယ်ဗျ။ ဆိုပါစို့ Apple company ကြီးက US$ 2.1trillion တန်တယ်ဗျ။ သူ့စီးပွားရေးက ဒီလိုဗျ။ အင်ဂျင်နီယာတွေ ခေါ်၊ နည်းပညာ သုတေသနတွေလုပ်၊ ဒီဇိုင်းထုတ်၊ ဖုန်းတွေ၊ အိုင်ပတ်တွေ ထုတ်၊ ရောင်းစားပြီး အမြတ်ရတယ်ပေါ့ဗျာ။ ဝန်ထမ်းတွေလဲ အများကြီး၊ လုပ်ရမယ့် အဆင့်တွေလဲ အများကြီးပဲဗျ။ ပြဿနာပေါင်း သောင်းခြောက်ထောင်ပေါ့ဗျာ။ အလုပ်ကြီးလေ ပြဿနာများလေပဲကိုး။

ဒါတွေ အားလုံး အစအဆုံး လုပ်စရာ မလိုပဲ အမြတ်ထိုင်ယူနေတဲ့သူတွေ ရှိတယ်။ ကုမ္ပဏီကို ပိုင်တဲ့သူတွေဗျ။ Apple company က အများပိုင်ကုမ္ပဏီဗျ။ US Stock Exchange မှာ စာရင်းပေါက်တဲ့ ကုမ္ပဏီ။ Apple stock တခုကို ဝယ်လိုက်ရင် ကုမ္ပဏီကို ပိုင်တဲ့သူတဦး ဖြစ်သွားပြီ။ Share တခုကို 127$ လောက်တော့ ပေါက်နေတယ်ဗျ။ ဒီနေ့ဈေးပေါ့။

ဈေးက တက်လိုက်ကျလိုက်ပဲ၊ ကိစ္စမရှိဘူး။ ဝယ်ထားလိုက်ရင် တနှစ်ကို (၄) ခါ အမြတ် (Dividend) ခွဲပေးတယ်၊ ရှယ်ယာတစောင်ကို တနှစ် အမြတ်ခွဲပေးတဲ့ငွေ $0.88 လောက်ရတယ်ဗျ။ ရှယ်ယာများများပိုင်လေ အမြတ်ငွေ ပိုရလေပေါ့ဗျာ။

ဒီက ချာတိတ်တွေက stocks တွေ ဝယ်စုကြတယ်၊ ကိုယ်ရတဲ့ ဝင်ငွေထဲက တလ နည်းနည်းပေါ့၊ အများစုကတော့ S&P 500 ကုမ္ပဏီစတော့တွေ ဝယ်ကြတယ်။ ကမ္ဘာ့အကြီးဆုံး ကုမ္ပဏီကြီးတွေပေါ့ဗျာ။ ဆယ်စုနှစ် တခုကျော်လာတဲ့အခါ စတော့တန်ဖိုးက အဆပေါင်းများစွာ တက်နေပြီ၊ ပုံမှန်အမြတ်ငွေလဲ ရသေးတယ်ဗျ။ အိပ်နေလဲ ငွေက ဝင်နေတယ်၊ စတော့တွေ ဝယ်ထားတာကိုး။

Stock market ကို လေ့လာတဲ့အခါ ကျနော်တို့ လက်ရှိ လုပ်ကိုင်နေတဲ့ စီးပွား‌ရေးကို ပိုမြင်သာလာတယ်ဗျ၊ တနှစ် ဘယ်လောက်မြတ်မလဲ၊ နောက် (၅) နှစ်နေရင် ကိုယ့်စီးပွားရေး ခွေးဖြစ်သွားမလား။ သူဌေးဖြစ်သွားမလား မှန်းလို့ရပြီဗျ။ ဗေဒင် မေးစရာမလိုဘူး၊ ရမ်းသမ်းပြောတာလဲ မဟုတ်ဘူး။ ဝင်ငွေ၊ ထွက်ငွေ၊ ဈေးကွက်အနေအထား၊ နိုင်ငံအနေအထား အကုန်သုံးသပ်ပြီး ပြောနိုင်တယ်ဗျ။ သုံးသပ်လို့ရတဲ့ နည်းတွေလဲ ရှိပြီးသားဗျ။

သူဌေးဖြစ်ချင်ရင် သူဌေးလို တွေးပါတဲ့။ သူတို့ ဘယ်လိုတွေးသလဲ၊ ဘယ်လိုလုပ်သလဲဆိုတာ လေ့လာပါ။ ကျနော်တို့လို သာမန်လူတွေကတော့ ဝန်ထမ်းဘဝ တနေ့ (၈) နာရီလုပ်ရင်း လေ့လာနေတာပဲဗျ။ လေ့လာရင်း အမြင်ပိုကျယ်လာတယ်၊ အခွင့်အလမ်းတွေ ပိုမြင်လာတယ်ဗျ။ အမြဲကြိုးစားနေတဲ့သူတွေအတွက် အိမ်မက်တွေက တကယ်ဖြစ်လာမှာပါ။ 👍👍👍

MinThuAung

27/10/2022

စျေးတက်တော့မယ် ဝယ်ထားရင်ကောင်းမလား စဉ်းစားရင်းနဲ့ စျေးကထိုးတက်သွားတာမျိုး...

စျေးကျတော့မယ် ရောင်းရင်ကောင်းမလား တွေးနေရင်းနဲ့ စျေးထိုးကျသွားတာမျိုး...

သိတော့သိတယ် ဒါပေမယ့် အကြောင်းပြချက် မခိုင်လုံတာမျိုးတွေ set up တစ်ခုအနေနဲ့ လုံးလုံးလျားလျားမပေါ်လို့ လိုက်မလုပ်နိုင်တာမျိုးတွေ ကြုံဖူးကြပါလိမ့်မယ်။

Technical Analysis မှာ မနေ့က ပိတ်စျေးထက် ဒီနေ့ အဖွင့်ဈေးက ပိုများနေတာမျိုး၊ နည်းသွားတာမျိုးကို Gap ဖြစ်တယ်လို့ခေါ်ကြတယ်။

အဲ့ဒီအခါမျိုးမှာ စျေးတန်းတစ်ခုသည် များသောအားဖြင့် ‘ဟ’ သွားတဲ့စျေးကို ပြန်ဖြည့်ပီးမှ လိုရာကိုဆက်သွားရလေ့ရှိပါတယ်။ ဆိုလိုတာက စျေးတန်းတစ်ခုမှာ gap ဖြစ်ရင် တစ်ချိန်ချိန်ကျပြန်ဖြည့် ဒါမှရှေ့ဆက်သွားလို့ရမယ်။

ဒီလိုပဲ ကျနော်တို့ဆီမှာလည်း အပေါ်ကပြောခဲ့တဲ့ Pshycology Gap ဆိုတာမျိုးရှိနေရင် အဲ့ဒီ Gap ကိုအရင်ဖြည့်ပေးဖို့လိုပါတယ်။ ဒါမှသာလျှင် အများစုရည်မှန်းထားတဲ့ အားကျရတဲ့ Professional Trader Life ကိုရရှိနိုင်မှာဖြစ်ပါတယ်။

Gap ဖြည့်မယ်ဆိုတော့ TA, FA, SA ..
ဘာအေပဲဖြစ်ဖြစ် များများလေ့ကျင့်လို့ပဲပြောရမှာ။ Strategy တစ်ခုပိုင်အောင် Demo နဲ့ကျင့်၊ Emotion နိုင်အောင် Real နဲ့ကျင့်၊ ကိုယ့်ကိုကိုယ် gap ဖြည့်နေတယ်လို့ သဘောပေါက်ရင် ဘဝမပျက်နိုင်လောက်တဲ့ ငွေပမာဏနဲ့ ကျင့်၊ Analyse နဲ့ Trade နဲ့ တစ်ထပ်ထည်းရအောင်ကျင့်။

“အရောင်းအဝယ်လုပ်ရာမှာ ရှုံးခဲ့တာ Gap ဖြည့်နေလို့ကွ” လို့ ပြောလို့ရအောင်ကျင့်...

ကျင့်နေတုန်း...
ကျင့်နေဆဲ...
ကျင့်လတ္တံ့...

ဦးဇေ 😄

#ငွေကြေးပညာ

25/10/2022

◾ဝန်ထမ်းက ငွေကိုရှာတယ်။ လုပ်ငန်းရှင်က ငွေကိုခိုင်းတယ်။

◾ဝန်ထမ်းက ငွေရှာဖို့အတတ်ပညာကို သင်တယ်။ လုပ်ငန်းရှင်က ငွေကိုခိုင်းတဲ့ပညာကိုသင်တယ်။

◾ဝန်ထမ်းက ငွေစုတယ်။ လုပ်ငန်းရှင်က ငွေကို ရင်းနှီးမြုပ်နှံတယ်။

◾ဝန်ထမ်းက ဘဏ်ကိုငွေချေးပြီး အတိုးပုံမှန်ယူတယ်။ လုပ်ငန်းရှင်က ဘဏ်ကနေ ငွေချေးပြီး ချမ်းသာအောင်လုပ်တယ်။

◾ဝန်ထမ်းက လခတိုးဖို့ကြိုးစားတယ်။ လုပ်ငန်းရှင်က အမြတ်အစွန်းရအောင်တွက်ချက်တယ်။

ကွယ်လွန်သွားရှာပြီဖြစ်တဲ့ Pepsi ဦးသိန်းထွန်းကတော့ ချမ်းသာကြွယ်၀ဖို့ အဆင့် ၃ ဆင့်ရှိတယ်လို့ပြောဖူးတယ်။ ဘာတွေလဲဆိုတော့ -

(၁) ပိုက်ဆံရှာတဲ့ပညာကို သင်ပါ။
(၂) ပိုက်ဆံအုပ်ချုပ်တဲ့ပညာကို သင်ပါ။
(၃) မင်းအတွက် ပိုက်ဆံရှာပေးမယ့်သူတွေကို ငှားရမ်းပါတဲ့။

မိတ်ဆွေ သင်ကရော ဘယ်အဆင့်ရောက်နေပီလဲ...

22/10/2022

အဖေပြောဖူးတယ် တစ်ချို့လူတွေက ဆင်းရဲသင့်လို့ကို ဆင်းရဲနေတာတဲ့ ...

အစပိုင်းက ကျွန်တော် အဲဒီစကားကို နားမလည်ဘူးဗျ။ ဘယ်လိုမျိုးဆင်းရဲ သင့်လို့ဆင်းရဲနေတာလဲပေါ့။

ဘယ်လိုလူတွေက ဆင်းရဲသင့်နေလို့လဲပေါ့။

အဲဒီစကားက ကိုယ်တိုင်ကြုံမှပဲ နားလည်ခဲ့တာ။

ကျွန်တော် အရင်က စီးပွါးရေးတွေလုပ်တော့ အောင်မြင်တယ်ပဲ ပြောရမယ်။ ဘဏ်အကောင့်ထဲ သိန်းထောင်ဂဏန်းရှိခဲ့ဖူးတယ်ပေါ့ဗျာ။

ငွေလေး ဘာလေးရှိလာတော့ လိူအပ်မှန်းမသိ မလိုအပ်မှန်းမသိ လျှောက်ဝယ်တဲ့ဇာတ်လမ်းက စတော့တာပဲ။

Honda Fit လေး စစီးတယ်။ သိပ်မကြာသေးဘူး လမ်းမှာရပ်ထားတဲ့ Wish တစ်စီး လှလို့ဆိုပြီး Honda Fit ကို အရှုံးခံ ရောင်းပြီး Wish ကို ဝယ်ပြန်ရော။

Wish စီးတာ မကြာသေးဘူး သူငယ်ချင်းတွေက မင်းအနေထားကြီးနဲ့ Alphard လောက် တော့ စီးသင့်နေပြီ။

ဆီဖိုးလဲတတ်နိုင်တာပဲ ဘာညာ ပြောတာနဲ့ Wish ကို ပြန်ရောင်း။ ပြန်ရောင်းတော့ထပ်ရှုံးတယ်။

Aphard ထပ်ဝယ်တော့ ငွေကထပ်လိုက်ရပြန်ရော။ ငွေကတစစနဲ့ ရှုံးနေတာကို သတိမထားမိတာ။

အဲဒါလဲ အားမရသေးဘူး Ford ကား Showroom ရှေ့ရောက်တော့ Ford ကြီးလိုချင်ပြန်ရော။ အကောင့်ထဲမှာ ငွေရှိတာပဲလေဆိုပြီး ထပ်ဝယ်ပလိုက်ပြန်ရော။

ကိုယ့်ဝင်ငွေထက် #ထွက်ငွေတွေကများနေတာကို သတိမထားမိပဲ ကို့ရဲ့လိုချင်စိတ်ကို မထိနိးနိုင်ခဲ့တာဗျ။

စီးတီးမတ် တစ်ခါသွားရင် လိုတာကော မလိုတာကော ဝယ်။ တစ်ခါရှင်းရင် နှသိန်းသုံးသိန်း။ ပြီးရင်ဘာမှလဲအဖတ်မတင်ဘူး။

ကားတွေဝယ်နေတဲ့သူတွေ။ စီးတီးမတ်သွားတဲ့လူတွေကို ပြောတာမဟုတ်ဘူးနော်။ ကို့ဟာကို ဝင်ငွေနဲ့ထွက်ငွေ မမျှတာကို သတိမထားမိတာကို ဥပမာ နဲ့ ပြောပြတာပါ။

ဒီလိုနဲ့ လုပ်ငန်းတွေ ရှုံးပြီး ဝင်ငွေတဲ့ ရပ်သွားတဲ့အချိန်မှာလည်း အသုံးအဖြုန်းကတော့ မရပ်နိုင်သေးဘူး။

ဘယ်အချိန်မှရပ်လဲဆိုတော့ မွဲသွားမှရပ်တာ။

ဝင်ငွေထွက်ငွေ မမျှတ ရင်လည်း ဆင်းရဲသင့်တဲ့ လူစာရင်းထဲ ထိပ်ဆုံးက ပါနေပြီဗျ။

ငွေရှာဖို့ အရေးကြီးပေမယ့် #ရှာလာတဲ့ငွေကိုထိနိးသိမ်းတတ်ဖို့ကပိုပြီးအရေးကြီးတယ်။

ရှာတာ တစ်လ ဆယ်သိန်းကို ဆယ်သိန်းလုံး သုံးမပစ်သင့်ဘူးဆိုတာ လူတိုင်းသိပေမယ့် လိုက်နာဖို့ကျတော့ခက်ခဲတယ်။

ဆယ်သိန်းဝင်လို့ ငါးသိန်းသုံးပြီး ငါးသိန်းစုနိုင်ရင်အကောင်းဆုံးပေါ့။

အခုဒီစာဖတ်နေတဲ့သူတွေကိုလည်း ကျွန်တော် ပြောချင်တယ်။

ဝင်ငွေတွေကို အကုန်မသုံးပါနဲ့။ မလိုအပ်တာ တွေ သိပ် မဝယ်ပါနဲ့။ နောက်ပိုင်းဆိုငွေရှာရပိုခက်တော့မှာပါ။ ငွေစုပါ။ စုလာတဲ့ငွေကို ရင်းနှီးမြှုပ်နှံပါ။

ကျွန်တော် ဝင်ငွေထွက်ငွေ မမျှလို့ မွဲဖူးလို့ စေတနာနဲ့ရေးတာပါ။

ကျွန်တော်မှ မဟုတ်ဘူး။ ငယ်သူငယ်ချင်းတစ်ယောက်လဲ အဲဒီလိုပဲ။

သူအဆင်ပြေနေတဲ့ အချိန် ဘဏ်ထဲမှာ သိန်းနှစ်သောင်းကျော်ရှိတယ်။

သူကကျတော့ လောင်းကစားလုပ်တာ။မြဝတီဘက် ကာစီနို သွားဆော့တာ အခုဆို နေစရာအိမ်တောင်မရှိတော့လို့ သူများအိမ်ကပ်နေနေရပြီ။

ဝင်ငွေထွက်ငွေ မချိန်တတ်တဲ့ အပြင် လောင်းကစားပါ ငြိသွားတော့ ဆင်းရဲသင့်တဲ့လူစာရင်းထဲ ပါသွားတာပေါ့။

အရင်က ကိုယ်အသုံးမကျခဲ့ကြောင်း ကိုယ်ကျရှုံးခဲ့ကြောင်း ရေးရတာ သိပ်တော့ သက်တောင့်သက်သာမရှိလှပေမယ့် ကိုယ်တွေ သတိမထားခဲ့လို့ မွဲခဲ့ဖူးသလို ဘယ်သူ့ကိုမှ ထပ်မဖြစ်စေချငိလို့ ဒီစာကိုရေးပေးတာပါ။

အခုယိုပေါက်တွေပိတ်လိုက်လို့ အရင်ထက်ပိုအဆင်ပြေနေပါတယ်။

ဆင်းရဲသင့်တဲ့သူက ဆင်းရဲနေအုန်းမှာမလို့ ဝင်ငွေနဲ့ ထွက်ငွေ အမြဲတမ်းချိန်ဆ အသုံးပြုနိုင်ကြပါစေ။

မူရင်း​ရေးသားသူအား လေးစားစွာCreditပေးပါတယ်။

Awinfx

22/10/2022

Gaps

ပုံမှန်အားဖြင့် ဈေးကွက်တစ်ခုမှာ ဒီနေ့ရဲ့ အပိတ်ဈေးဟာ မနက်ဖြန်ရဲ့ အဖွင့်ဈေး ဖြစ်နေလေ့ရှိပါတယ်။ တခါတရံမှာ မတူတဲ့အချိန် (၂) ခုမှာ ဈေး (၂) ခုဟာ တစ်ခုနဲ့တစ်ခု ဆက်စပ်နေခြင်းမရှိ၊ တူညီခြင်းမရှိဘဲ ခြားနားစွာဖြစ်တည်လာတာကို Gap ဖြစ်တယ်လို့ ခေါ်လေ့ရှိပါတယ်။

ဒီလို (Gap) ဖြစ်ရခြင်းအကြောင်းကတော့ များသောအားဖြင့် နောက်ကွယ်က သတင်းကြီးကြီးမားမားတစ်ခုရဲ့ သက်ရောက်မှုကြောင့် ဖြစ်ပါတယ်။

Breakway Gaps

: ဈေးနှုံးတစ်ရပ်ဟာ ဆက်လည်း တက်နိုင်သလို ပြန်လည်းကျနိုင်တဲ့ နေရာတွေမျိုးမှာ ဖြစ်တတ်တဲ့ Gap မျိုးပါ။ ဥပမာအားဖြင့် ဖေါက်တက်ဖို့ ခက်ခဲတဲ့ ဈေးတန်းတစ်ခုကို နောက်တရက်မှာ သိသာထင်ရှားစွာ ဖေါက်ထွက်သွားခြင်းမျိုးပါ။ ခိုင်မာတဲ့ ကြမ်းခင်းဈေး၊ ခိုင်မာတဲ့ အမိုးဈေးတွေမှာ ဖြစ်ပေါ်လေ့ရှိပြီး မြင်ရခဲတဲ့ Gap မျိုးပါ။ အရေးကြီးတဲ့ နိုင်ငံရေး၊ စီးပွားရေး သတင်းတွေ ထွက်လာဖို့ရှိပြီး ဈေးတန်းဟာလည်း ခိုင်မာတဲ့ ကြမ်းခင်းဈေး၊ အမိုးဈေး တွေမှာ ရောက်နေတယ်ဆိုရင် ဒီလို Gap မျိုးကို သထိထားသင့်ပါတယ်။

လေးစားလျက်
Ko Sai - BFA

Photos from Road To Millionaire's post 21/10/2022

Life Cycle
✌️✌️

20/10/2022

နောက်ငါးနှစ်၊ ဆယ်နှစ်နေရင်
ကိုယ်ဘယ်နားမှာရောက်နေချင်လဲ။
ဒီရောက်နေချင်တဲ့ နေရာအတွက်
ဒီနေ့ကို သေချာ ဒီဇိုင်းလုပ်ရမှာပဲ။

ကံကောင်းတယ်ဆိုတာ
ကြိုတင်ပြင်ဆင်မှုနဲ့ အခွင့်အလမ်းနဲ့
ကြုံကြိုက်တာကို ခေါ်တယ်ဆိုတာ
ကြားဖူးကြာတာပဲ။

၂၀၂၂ ထက် ၂၀၃၀၊ ၂၀၄၀ မှာ
ဖြစ်လာမည့် ကိုယ်က
ပိုစိတ်ဝင်စားဖို့ကောင်းတယ်။

ဒီနေ့ရောက်နေတဲ့ နေရာက
ကိုယ်လွန်ခဲ့တဲ့ ငါးနှစ်၊ ဆယ်နှစ်က
အားထုတ်ခဲ့လို့ပဲ။
အရေးကြီးတာ အဆင်ပြေတယ်ဆိုပြီး
ဘဝကို Free ရိုက်ပြီး
ကုန်းမဆင်းမိဖို့ပဲ။

Phyo Paing @ Derek

19/10/2022

ဘဝဆိုတာ
မခမ်းနားပေမယ့်
သေချာတာ ကတော့
ကျနော် ရိုးသား ခဲ့တယ်....

ဘဝဆိုတာ
ခက်ခဲကြမ်းတမ်းပေမယ့်
သေချာတာ ကတော့
ကျနော် ဆက်လျှောက်မြဲပဲ...

ဘဝဆိုတာ
မလှပ ပေမယ့်
သေချာတာ ကတော့
ကျနော် အလှဆင် လျက်ပဲ..

ဘဝဆိုတာ
တိုက်ပွဲလို့ ပြောကြပေမယ့်
သေချာတာကတော့
ကျနော် ငြိမ်းချမ်းရေးနဲ့ အနိုင်ယူ မြဲပဲ...

ဘဝဆိုတာ
လိုတာ မရ ပေမယ့်
သေချာတာ ကတော့
ကျနော် စွန့်လွှတ်လျက်ပဲ...

ဘဝဆိုတာ
ရတာမလို ပေမယ့်
သေချာတာကတော့
ကျနော် ခေါင်းညိတ်မြဲပဲ...

ဘဝကို ဘယ်လိုပဲ
အဓိပ္ပါယ်တွေ ဖွင့်ကြပါစေ..
ကျနော်ကတော့
ဘဝကို
ရိုးရိုး ရှင်းရှင်းပဲ
ကုန်ဆုံး သွား ချင်တယ်...

18/10/2022

မလွယ်ပါလားဟ

17/10/2022

ပိုက်ဆံ
======

ပိုက်ဆံက အရမ်းစကားပြောပါတယ်
------------------------

🔰ပိုက်ဆံမရှိတဲ့အခါ တစိမ်းမပြောနဲ့
ဆွေးမျိုးတွေကြားမှာတောင် မျက်နှာငယ်ရပါတယ်။

🔰ပိုက်ဆံ၏ တန်ဖိုးကို သိပါ။

🔰ငယ်ရွယ်စင်မှာ ပိုက်ဆံကို ရှာပါ။

🔰ပိုက်ဆံစုပါ၊ ရင်းနှီးမြုပ်နှံ ပါ။

🔰ပိုက်ဆံရှာတဲ့အခါမှာ ဘယ်တော့မှ ဝင်ငွေတစ်ခု ထဲကို မရပ်တည်ပါနဲ့ အဲဒီ ဝင်ငွေရပ်တန့်သွားတဲ့အခါမှာ ခြေမကိုင်မိ လက်မကိုင်မိ ဖြစ်နေရတက်ပါတယ်။ ဒါကြောင့် ဒုတိယ ဝင်ငွေရရှိနိုင်မယ့်နည်းလမ်းကို အမြဲ ရှာပါ။

🔰ပိုက်ဆံသုံးတဲ့အခါမှာ သင့်မှာ မလိုအပ်တဲ့ပစ္စည်းတွေ ဝယ်ပါများနေရင် သင်အမှန်တကယ် လိုအပ်တဲ့ ပစ္စည်းတွေကို စွန့်လွှတ်ရတတ်ပါတယ်။ တစ်ချို့တွေက လူသာ မချမ်းသာတာ ကိုင်ထားတဲ့ အသုံးဆောင်တွေက အပျံစားတွေ ကြည့်ပါဘဲ။ ရေရှည်ကို မကြည့်ဘဲ ရေတိုကိုကြည့်တဲ့ လူမျိုးတွေပါ။ သူများ လုပ်တာကို လိုက်လုပ်ကြည့်တယ်။ ဒါပေမယ့် သူ မချမ်းသာဘူးဆိုတာကို မေ့နေတတ်ကြတယ်။ ကိုယ်က မချမ်းသာခင်မှာ ချမ်းသာတဲ့သူတွေနဲ့ i phone. ပြိုင်ကစားချင်း သွားလုပ်မိတဲ့အခါ ကိုယ်ဘဲ ရှုံးသွားပါလိမ့်မယ်။ မိမိ မလိုတာတွေ ဝယ်မိနေတဲ့အခါ သုံးစရာမရှိဖြစ်တတ်ပါတယ်။

✔ပိုက်ဆံရှာတဲ့အခါမှာ ဘယ်တော့မှ ဝင်ငွေတစ်ခုထဲ အပေါ်မှာ မရပ်တည်ပါနဲ့ အဲဒီဝင်ငွေ ရပ်တန့်သွားတဲ့အခါမှာ ခြေမကိုင်မိ လက်မကိုင်မိ ဖြစ်တတ်ပြီး သင် ဒုက္ခ ရောက်နိုင်ပါတယ်။

✔ဒါကြောင့် ဒုတိယ ဝင်ငွေရရှိနိုင်မယ့် နည်းလမ်းကို အမြဲရှာဖို့ လိုအပ်ပါတယ်။

Awin forex advisor

Want your business to be the top-listed Finance Company in Mandalay?
Click here to claim your Sponsored Listing.

Videos (show all)

ခရမ်းချဉ်သီး ပွဲစားတစ်ယောက် ပြောခဲ့ဖူးတဲ့ စကားလေးကို သွားသတိရမိတယ် .. ငါ့မှာ ပိုက်ဆံ သိန်းသုံးရာရှိရင် ငါ သိန်းနှစ်ရာပဲ ...
2023 မှာစတင်ပြီး မိမိတို့ရဲ့ အပြင် စီးပွားရေးလုပ်ငန်းများကို Online Business အသွင်ကူးပြောင်းဖို့ အဆင့်ဖြစ်ပြီလား❓Make Mo...
အောင်မြင်မှု ဆိုတဲ့အရာမှာအသက်ရွယ်မရှိပါဘူးကို့ရဲ့ဇွဲလုံ့လ ကြိုးစားလိုစိတ်နဲ့ ရူးသွပ်မှုသာ အဓိကကျပါတယ်
Nike!
◾ဝန်ထမ်းက ငွေကိုရှာတယ်။ လုပ်ငန်းရှင်က ငွေကိုခိုင်းတယ်။◾ဝန်ထမ်းက ငွေရှာဖို့အတတ်ပညာကို သင်တယ်။ လုပ်ငန်းရှင်က ငွေကိုခိုင်းတ...
ပိုက်ဆံ ======ပိုက်ဆံက အရမ်းစကားပြောပါတယ်------------------------🔰ပိုက်ဆံမရှိတဲ့အခါ တစိမ်းမပြောနဲ့ဆွေးမျိုးတွေကြားမှာတော...
Trade with AwinfxEz money Ez profitAwinfx.09 442152343
လွန်ခဲ့တဲ့သုံးရက် ကဆွဲထားတဲ့ .Gold mapဟာယနေ့မှာဘဲပြည့်စုံသွားခဲ့ပြီဖြစ်ပါတယ်ထိုMapနဲ့အတူအကျိုးအမြတ်တွေလည်းClientတစ်ဦးခြ...
မင်းရဲ့ စိတ်ဓါတ်က မင်းအားနည်းချက်ကိုအနိုင်ယူနိုင်တယ်ဘ၀ကိုအရှုံးမပေးတဲ့ လူသားအဖြစ်ရှင်သန်ရပ်တည်လိုက်ပါကြိုးစားမှုတိုင်းမှ...
Zoomနဲ့ သင်ရတာလည်း တစ်ခါတစ်ရံ ဒါမျိုးလေးတွေဖြစ်တတ်သေးတယ်😁😁
Gold Bars Bank of England😱😱ထိုဘဏ်မှာရှိတဲ့ရွှေတွေရဲ့ စုစုပေါင်းတန်ဖိုးဟာ $ 323 billionခန့်ရှိပါတယ်😱😱Awinfx09 442152343
မြန်မာ့ရွှေစျေးကွက်မှာသာမက ကမ္ဘာ့ရွှေစျေးကွက်မှာသာအရောင်းဝယ်ပြုလုပ်ချင်ကြတဲ့ လူကြီးမင်းများအတွက် သာမက ကမ္ဘာ့ရွှေရောင်းဝယ...

Telephone

Address

62A Street, Bet(103x103A)street
Mandalay

Other Financial Consultants in Mandalay (show all)
Nway - Financial Consultant Nway - Financial Consultant
Mandalay

financial services

HtunLynn HtunLynn
Mandalay

Sharing Forex Trading Knowledge

Ryder - World Gold Analyst Ryder - World Gold Analyst
Mandalay, 05021

We are giving consult service to those who are interested in world gold trading and currency trading

FX advisor by Soe Moe FX advisor by Soe Moe
Mandalay, 58B 103* 104
Mandalay

Forex Advisor - Aye Chan May Forex Advisor - Aye Chan May
103/103(A), Chan May Tharsi
Mandalay, 111111

Su Su Kyi _ Forex Advisor Su Su Kyi _ Forex Advisor
58B လမ်း၊103*104လမ်းကြား၊ မြို့သစ်၊ ‌မန္တလေး။
Mandalay

ကမ္ဘာ့ရွှေ အကြံပေး မစုစုကြည် (Senior Business Advisor) 09-789228196

Business Advisor-Aung Myo Min Business Advisor-Aung Myo Min
Mdy-62Aလမ်း
Mandalay

�အောင်မြင်ချင်ရင်ကိုယ်တိုင်ကြိုးစားမှရမယ်�

Financial Advisor - Ko Yazar Financial Advisor - Ko Yazar
62A X 103/103A
Mandalay

Forex Trading Class တက်လို၍ဖြစ်စေ၊ Forex Trading Account ဖွင့်လို၍ဖြစ်စေ ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါတယ်ဗျ။

Mabel- Business Advisor Mabel- Business Advisor
62ASt, Bet(103&103A)Street
Mandalay

financial Consultant

Thuyain Min-Forex Advisor Thuyain Min-Forex Advisor
58B St, Bet(103&104) Street
Mandalay

Hey Guys, I'm working in Financial Industry Since 2020 Sep as Forex Advisor&Mentor and Analyst.

Your Gold Trade Your Gold Trade
Mandalay

Gold Trade Advisor

𝐘𝐚𝐝𝐚𝐧𝐚𝐫'𝐬 𝐅𝐨𝐫𝐞𝐱 𝐂𝐡𝐚𝐧𝐧𝐞𝐥 𝐅𝐨𝐫 𝐔 𝐘𝐚𝐝𝐚𝐧𝐚𝐫'𝐬 𝐅𝐨𝐫𝐞𝐱 𝐂𝐡𝐚𝐧𝐧𝐞𝐥 𝐅𝐨𝐫 𝐔
Mandalay/Yangon
Mandalay, 12345678

Forex Trading အကြောင်း လေ့လာကြရအောင်။