New World - DV Lottery Service
DV Application Form၊ DS-260 Form တင်ခြင်းများအတွက် တိကျ?
2023-2024 ခုနှစ် ကျွန်တော်တို့ မှတင်ပေးဖြစ်တဲ့ DS-260 Confirmation Page လေးတွေပါခင်ဗျာ။ 🇺🇸
DV 2024 ရဲ့ Visa Bulletin က August မှာ October အတွက် Interview Date စပေးမှာမို့ August လကို နောက်ဆုံးထားပီး DS-260 တင်စေချင်ပါတယ်။
DS-260 ကို Online ကနေတင်ရမှာပါ။
Document တွေမလိုသေးပေမယ့် DS-260 မှာဖြည့်ထားတဲ့ အချက်အလက်တွေကို ကိုယ့်ရဲ့ Document တွေနဲ့ တိုက်စစ်မည် ဖြစ်ပါသောကြောင့် မတင်ခင် DS-260 Form ကအချက်အလက်တွေနဲ့ မိမိရဲ့စာရွက်စာတမ်းများမှာပါဝင်သော အချက်အလက်များအားလုံး တူညီမှုရှိမရှိ၊ မှန်ကန်မှုရှိမရှိ ပြန်လည်စစ်ဆေးဖို့လိုအပ်ပါတယ်။
အချက်အလက်များမတူညီပါက မိမိအတည်ယူမည့် အချက်အလက်ကိုသာ DS-260 ထဲတွင်ထည့်ပါ။
မြန်ဖို့ထက် မှန်ဖို့ပိုအရေးကြီးတာမို့ ကျွန်တော်တို့ဆီမှာ Service အပ်ပါက မိတ်ဆွေတို့နဲ့အတူတိုက်ဆိုင်စစ်ဆေးပြီး စိတ်ချရပြီဆိုမှတင်ပေးပါတယ်ခင်ဗျာ။
အခက်အခဲတစ်စုံတစ်ရာရှိခဲ့ရင်လဲ messenger (or) viber မှတစ်ဆင့်အချိန်မရွေးဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါတယ်ခင်ဗျာ။
New World DV Lottery 🇺🇲
☎️ 09989835858
☎️ 09260004975 (Viber)
✉️ [email protected]
ဒီနှစ်ရဲ့ ပထမဆုံးကံထူးရှင် Singapore က DV Winner အစ်မ Congratulations ပါခင်ဗျာ 🥳👏👏
Case Number လဲ 10000 ကျော်လေးဆိုတော့ စိတ်ချလက်ချပျော်လို့ရပါပြီ
American မြေပေါ်ကိုအခက်အခဲမရှိ အဆင်ပြေချောမွေ့လွယ်ကူစွာ အမြန်ဆုံးရောက်ရှိနိုင်ပါစေကြောင်း ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်ခင်ဗျာ 🇺🇸🇺🇸
DV Website လိုင်းတော်တော်ကျပ်နေပါတယ်ဗျ
အေးဆေးမှဝင်စစ်ကြပါ
ရဲ့ အဖြေကို နိုင်ငံအလိုက် စစ်လို့ ရနိုင်သော အချိန်များ
………
❇️ ၂၀၂၃ ခုနှစ်၊ မေလ ၆ ရက်နေ့မှာ အမေရိကန်နိုင်ငံရဲ့ နေ့လည် ၁၂:၀၀ နာရီ (EDT)မှာ DV2024 ရဲ့ အဖြေထွက်လာပါတော့မယ်နော်။ 🎉🎉🎉
နိုင်ငံ အလိုက် စစ်လို့ရနိုင်သော အချိန်များ…….
⏰ မြန်မာနိုင်ငံရဲ့ ည ၁၀:၃၀ နာရီ
⏰ စင်္ကာပူနိုင်ငံရဲ့ ည ၁၂:၀၀ နာရီ
⏰ မလေးရှားနိုင်ငံရဲ့ ည ၁၂:၀၀ နာရီ
⏰ ကိုရီးယားရဲ့ နံနက် ၁:၀၀ နာရီ (၇ ရက်နေ့ မနက်)
⏰ ဂျပန်နိုင်ငံရဲ့ နံနက် ၁:၀၀ နာရီ (၇ ရက်နေ့ မနက်)
⏰ ထိုင်းနိုင်ငံရဲ့ ည ၁၁:၀၀ နာရီ
⏰ ဒူဘိုင်းရဲ့ ည ည ၈:၀၀ နာရီ
⏰ ထိုင်ဝမ်ရဲ့ ည ၁၂:၀၀ နာရီ
⏰ ပြင်သစ်ရဲ့ ည ၆:၀၀ နာရီ
⏰ ကနေဒါရဲ့ နေ့လည် ၁၂:၀၀ နာရီ (EDT)
⏰ တရုတ်နိုင်ငံရဲ့ ည ၁၂:၀၀ နာရီ (CST)
⏰ Sydney, Australia နံနက် ၂:၀၀ နာရီ (AEST) (၇ ရက်နေ့ မနက်)
❇️ Starting at 12pm ET tomorrow, May 6, check your status by entering your confirmation number at dvprogram.state.gov/ESC. This is the ONLY way to check if you have been selected to participate. If you receive an e-mail, text, call, or letter notification, these are scams.
ဝင်စစ်ရမည့်လင့် 👇👇👇
✅ https://dvprogram.state.gov/ESC/?fbclid=IwAR0zpfAAwlGCiFQ6bihMPIoxZQyI0DydcuwVhMG2YLFslrfuJXtFC4sqZOc&mibextid=Zxz2cZ
❌ တခြား အီးမေး၊ မေ့ဆေ့၊ ဖုန်းခေါ်ဆိုမှု နှင့် စာပို့မှု တွေကနေ DV winner လို့ပြောပြီး ဆက်သွယ်လာတာတွေကတော့ အလိမ်အညာတွေပဲ ဖြစ်ပါတယ်နော်။
🙏 အားလုံး ကံထူးပြီး ပျော်ရွှင်နိုင်ကြပါစေ 🙏
May (6) 2023 နောက်ဆုံးတော့ ရောက်လာပါပြီ 🇺🇸
ကျွန်တော်တို့ New World မှာ DV တင်ထားတဲ့သူတိုင်း ကျွန်တော်တို့စစ်ပေးမှာပါ။
#ပေါက်တဲ့သူများကိုချက်ချင်းအကြောင်းကြားပေးမှာပါ
အားလုံးကံကောင်းကြပါစေခင်ဗျာ ❤️❤️
🇺🇲 DV Result ထွက်ဖို့ (၂)ပတ်လောက်ပဲလိုတော့တာမို့ ရင်တွေခုန်နေကြပြီထင်ပါတယ် ...
May လ (၆) ရက်နေ့မှာအဖြေစစ်ရတော့မှာပါ
ဒီသိမ်းငှက်ပုံလေး ပေါ်လာရင်တော့ ကံထူးသူမောင်မင်း ပျော်လို့ရပြီပေါ့ခင်ဗျာ
သို့ပေမယ့် နောက်ဆက်တွဲလုပ်စရာတွေ အများကြီးကျန်သေးတဲ့အတွက် အားမွေးထားပါ၊ ကျန်းမာရေးဂရုစိုက်ပါ။
TB , B ပိုးရှိရင် ဆေးကြိုသောက်ထားပါ၊
English လေ့လာထားပါ၊ ကားမောင်းသင်ထားပါ။
DS-260 အတွက်လိုအပ်တဲ့စာရွက်စာတမ်းများ ပြင်ဆင်ထားကြပါ။
DV Result ကိုလဲ မင်မင်တို့ဆီမှာ တင်ထားတဲ့အယောက်တိုင်း တစ်ယောက်မကျန် စစ်ပေးမှာပါ ✅
ကိုယ်တိုင်စစ်ချင်ရင်လဲအောက်က Link မှာစစ်လို့ရပါတယ်ခင်ဗျာ 👇
https://dvprogram.state.gov/
New World DV Lottery 🇺🇲
☎️ 09989835858
☎️ 09260004975 (Viber)
✉️ [email protected]
"မလုပ်ဘဲမနေပါနဲ့ ကကြီးခခွေး"
အမေရိကားကို လာဖို့ရှိသူဆိုရင် ဒါတွေကို မလုပ်ဘဲမနေပါနဲ့။ ဒီလိုပြောလို့ မလုပ်မနေရ လုပ်ရမှာလားဆိုတော့ မဟုတ်ပါဘူး။ လူဆိုတာမျိုးဟာ သူ့စိတ်နဲ့သူ့ကိုယ်တောင် သူမပိုင်ကြတာ သူတစ်ပါးကို အတင်းအကျပ်ကြီး ဘယ်လိုစေခိုင်းလို့ ရပါ့မလဲ။
"အသက်ရှိပြီး အိပ်မက်မရှိတဲ့တိုင်းပြည်က လာသူဟာ အိပ်မက်ရှိတဲ့ တိုင်းပြည်ကိုရောက်တော့ အသက်ရှူဖို့ မေ့သွားကြတယ်" တဲ့ ဆိုစကားရှိကြတယ်။ ကျင်လည်နေကျ သက်တောင့်သက်သာရှိမှု အဝိုင်းအဝန်းလေးကို ရောက်ပြီဆိုတာနဲ့ လုပ်စရာရှိတာကို မလုပ်ချင်ကြတော့ဘူး၊ ဒါကို သတိပေးချင်တာပါ။
(က) အလုပ်မလုပ်ဘဲမနေပါနဲ့ 🔴
အမေရိကားကို ဘယ်လိုပြောင်းရွှေ့ခွင့်မျိုးနဲ့လာလာ အလုပ်မလုပ်ဘဲ မနေပါနဲ့။ အထူးသဖြင့် ငွေကြေးချမ်းသာသူတွေ၊ ငွေကြေးချောင်လည်သူတွေနဲ့ မြန်မြန်နိုင်ငံမှာ လုပ်ငန်းရှိရက်နဲ့ ထားခဲ့ပြီး ခြင်္သေ့လည်ပြန် တလှည့်လှည့် မထားခဲ့ရက်သူ အများစုဟာ ဒီဘက်ကိုရောက်လာရင် Green Card ရထားပါသော်လည်း အလုပ်မလုပ်ကြပါ။
အမေရိကားမှာ အလုပ်ဆိုတာ ငွေရှာတာတစ်ခုတည်း မဟုတ်ပါ။ အလုပ်ဟာ ပေါင်းသင်းဆက်ဆံရေးကြောင့် လူဝင်ဆံ့စေတယ်။ အလုပ်ဟာ အုပ်စုလိုက် နေထိုင်လုပ်ကိုင်တတ်ခြင်း-Teamwork ကို လေ့ကျင့်ပေးတယ်။ အလုပ်ဟာ အခွန်ဆောင်ခြင်း-Taxation ဆိုတဲ့ တာဝန်ကျေမှုကို သင်ပေးပါတယ်။
ဒါကြောင့် အမည်နာမနိုင်ငံတော်တစ်ခုရဲ့ အကျိုးခံစားခွင့်-Benefit (တချို့) ဟာ အလုပ်မလုပ်ထားရင် မရတော့ပါ။ ဥပမာ-ရောဂါကပ်ဘေးကြုံရတဲ့အခါ အစိုးရကပေးတဲ့ သက်သာခွင့်၊ စီးပွားရေးကျလို့ အားဖြည့်ချက်လက်မှတ်၊ အလယ်အလတ်လူတန်းစားအတွက် အခွန်သက်သာခွင့် စတာတွေဟာ IRS က အသိအမှတ်မပြုထားရင် အိမ်ကို အခမဲ့ချက်လက်မှတ်ရောက်လာဖို့ မရှိပါ။
ဒီ့အပြင် အသက် ၅၅-၆၃ ကြား(ပြည်နယ်ပေါ်မူတည်ပြီး) သတ်မှတ်ထားတဲ့ စီနီယာတွေအတွက်ပေးတဲ့ Social Security Benefit ဟာ အလုပ်မလုပ်ထားရင်(ပြည်နယ်ပေါ်မူတည်ပြီး) မရပြန်ပါ။
ဒါက အမေရိကားပါ။ အသက်ကြီးမှရမယ့် အကျိုးခံစားခွင့်ကို အလုပ်လုပ်နိုင်နေတုန်း ကောက်ခံထားတဲ့ အခွန်ငွေကို စုပေးထားတဲ့စနစ်နဲ့ လည်ပတ်နေတာ ဖြစ်ပါတယ်။
ဒါကြောင့် အသက်ကြီးတော့ အခမဲ့ရတဲ့ငွေကို ရချင်တယ်၊ ဒါပေမဲ့ အလုပ်မလုပ်ထားတော့ အခွန်ဆောင်ထားတာ မရှိဘူး။ ဒါကြောင့် အစိုးရက ပြန်ပေးစရာ စုထားပေးတဲ့စာရင်း မရှိဘူး။ ဒါကြောင့် အမေရိကားရောက်လာပြီးလို့ တကယ် အခြေချတော့မယ်ဆိုရင် နှစ်ဘယ်လောက်ကြာကြာ အလုပ်မလုပ်ဘဲ မနေပါနဲ့။
(ခ) အင်္ဂလိပ်စာမသင်ဘဲမနေပါနဲ့ 🔴
အမေရိကားရောက်လာတဲ့ မြန်မြန်လူမျိုးတွေ အင်္ဂလိပ်စာမသင်ဘဲမနေပါနဲ့။ ဒီနိုင်ငံမှာ အဓိကဘာသာစကားက အင်္ဂလိပ်အပြင် စပင်းနစ်ကို ဒုတိယအနေနဲ့ ရုံးဌာနတွေမှာ သုံးကြပါတယ်။ ဘာလို့အသုံးများတာလဲဆိုတော့ ပြောတဲ့သူများလို့ပါ။ ကျွန်တော်တို့မြန်မြန်လူမျိုးတွေ ရန်ကုန်မှာတတ်ခဲ့တဲ့ တရုတ်စကားက သုံးမရဘူးလားဆိုတော့ ရပါတယ်၊ ဒါပေမဲ့ နေရာတိုင်းတော့ မဟုတ်ပြန်ဘူး။
သိကြတဲ့အတိုင်း ဖုန်းပေါ်မှာ မက်ဆင်ဂျာရှိတယ်၊ မက်ဆေ့ရှိတယ်၊ မြန်မြန်လိုရိုက်လို့ရတယ်၊ အသံဖိုင်ပို့လို့ရတယ်၊ ဒါကြောင့် မြန်မြန်လိုပြော၊ မြန်မြန်လိုရိုက်ကြတယ်။ ဒီလိုနဲ့ နှစ်ပေါင်းများစွာ အမေရိကားမှာကျင်လည်ရင်း မြန်မြန်တစ်ယောက်လိုပဲ နေထိုင်တယ်။
အင်္ဂလိပ်စာကို ပစ်ချထားတာ ကြာလာတော့ လူကြားထဲမှာ မပြောတတ်တော့ဘူး။ မပြောရဲတော့ဘူး။ ပြောစရာစကားလုံး ရှာမရဘူး။ သိတော့သိတယ် ပြောမထွက်တော့ဘူး။ သူများပြောတာကို နားလည်တယ်၊ ပြန်ပြောဖို့ ထစ်အနေတယ်။
ရုံးသွားရင် စကားပြန်ခေါ်၊ ဆေးခန်းရောက်ရင် စကားပြန်ခေါ် အဆင်ကိုပြေလို့၊ ငါဟဲ့ ရွှေမြန်မြန် ဘာလိုသေးလို့လဲလို့ တွေးကြလိမ့်မယ်။ တကယ်စေ့စေ့ပေါက်ပေါက်တွေးရင် လိုတာက လိုပါတယ်။ အကျိုးဆက်က . . .
အတွေးချင်းတူရင် အမေရိကန်လို မတွေးတတ်တော့ဘူး။ အရေးချင်းတူရင် အမေရိကန်လို မရေးတတ်တော့ဘူး။ ဘဝချင်းတူရင်တောင် အမေရိကန်လို မနေတတ်တော့ဘူး။ ဒါပေမဲ့ ရန်ဖြစ်ရင်တော့ မြန်မြန်လို ဖြစ်ကြတယ်။
ကျွန်တော် မကြာခဏပြောဖူးတယ်။ မိမိတတ်ထားတဲ့ အင်္ဂလိပ်စာဟာ မြန်မြန်ပြည်ကြီးထဲက မထွက်ခင်အထိက အားလုံးဟာ အိုခေမှာစိုပြေပဲ။ ဘာအခက်အခဲမှ မရှိ သူသူငါငါ သိ၊ သူပြောတာ ငါသိ၊ ငါပြောတာ သူသိ အားလုံးအဓိပ္ပာယ်ရှိ။
နှစ်များစွာရလာတဲ့ လုပ်အားခငွေတွေကြောင့် စိတ်ကျေနပ်ရပေမဲ့ နှစ်များစွာ မလေ့လာခဲ့တဲ့ အင်္ဂလိပ်စာကြောင့် လွန်ခဲ့တဲ့ ၁ဝ နှစ်က ဒီလောက်တတ်တဲ့ အင်္ဂလိပ်စာ အခုလည်း ဒီအတိုင်းပဲ။ ဘာမှ မတက်လာဘူး။ စာ မတက်လာဘူး၊ စကား မတက်လာဘူး၊ အဆင့်အတန်း မတက်လာဘူး၊ စဉ်းစားဉာဏ် မတက်လာဘူး၊ စိတ်တံခါးဖွင့်လှစ်မှုအရည်အချင်း မတက်လာဘူး။
အဓိက ကွာသွားတာက သားသမီးတွေအပေါ်မှာ စိုးမိုးမှု၊ သွန်သင်ဆုံးမမှုနဲ့ နာခံမှု၊ အနာဂတ်တံခါးကိုဖွင့်လှစ်မှုနဲ့ လူ့လောကကြီးတစ်ခုလုံးကို မြင်တတ်မှု ပုံရိပ်ကြီးကြီးတို့ဆိုတာ နောက်ကြုံမှ သိလိမ့်မယ်။ ဒါကြောင့် အမေရိကားရောက်လာပြီးလို့ တကယ် အခြေချတော့မယ်ဆိုရင် နှစ်ဘယ်လောက်ကြာကြာ အင်္ဂလိပ်စာမသင်ဘဲမနေပါနဲ့။
🇺🇲 2023 DV WINNER တွေကိုင်ဆောင်ခွင့်ရမယ့် Green Card Design သစ် 💚💚
USCIS (U.S. Citizenship and Immigration Services) ဌာနကနေ Green Card ဒီဇိုင်းအသစ်ကို (January 30, 2023) ရက်နေ့မှာ စတင်ထုတ်ပေးလိုက်ပါပြီ။
Green Card ကိုင်ဆောင်သူရဲ့ ကိုယ်ရေးရာဇဝင်
အချက်အလက်တွေနဲ့သက်ဆိုင်ပြီး လက်ဗွေရာပုံမလိုအပ်တော့ပဲ ပိုမိုလုံခြုံစိတ်ချနိုင်တဲ့ Holographic နည်းပညာစနစ် ✅
Card Design ပိုင်းအနေနဲလည်း ပိုမိုသေသပ်လှပအောင် အနုပညာလက်ရာမြောက်တဲ့ နည်းပညာစနစ်၊ အစရှိတဲ့ ကဒ်ကိုအတုအပလုပ်တဲ့ရန်ကနေ ကင်းဝေးအောင်အထူးပြင်ဆင်ရေးဆွဲထုတ်လုပ်ထားတာဖြစ်ပါတယ်။
ကဒ်အဟောင်းကိုင်ဆောင်ထားသူတွေအနေနဲ့ လက်ရှိကဒ်အဟောင်းကို သက်တမ်းကုန်တဲ့အထိ ဆက်လက်ကိုင်ဆောင်အသုံးပြုနိုင်ပါတယ်။
ကဒ်ပျောက်ဆုံးပြီး ကဒ်အသစ်လျှောက်တဲ့သူ၊ ကဒ်ကို ပထမဆုံးအကြိမ် ကိုင်ဆောင်ရတော့မယ့်တွေသူအနေနဲ့ ဒီ 2023 ကဒ်ဒီဇိုင်းအသစ်ကို လက်ခံရရှိကိုင်ဆောင်ခွင့်ရကြမှာပဲဖြစ်ပါတယ်။
https://www.uscis.gov/newsroom/news-releases/uscis-redesigns-green-card-and-employment-authorization-document
New World DV Lottery 🇺🇲
☎️ 09989835858
☎️ 09260004975 (Viber)
✉️ [email protected]
DV2024 result စစ်ရန် 🇺🇲
***********************
မြန်မာနိုင်ငံပြည်သူတွေက အမေရိကန်ရဲ့ Diversity Visa အကြောင်း သိတဲ့သူ နည်းပါးပါတယ်။
ဒါကြောင့် နှစ်စဉ် ၁၀ လပိုင်းမှာ DV လျှောက်သူ နည်းပြီး၊ နှစ်စဉ် မေလ မှာ အမေရိကန် DV ပေါက်သူဟာ တော်တော် နည်းပါတယ်။
အခုနှစ်မှာလည်း ၂၀၂၂ အောက်တိုဘာလက လျှောက်လွှာတင်ထားသော အမေရိကန်နိုင်ငံရဲ့ Diversity Visa program မေလ ၆ ရက်နေ့၊ ၂၀၂၃ မှာ အဖြေစစ်နိုင်တော့မှာပါ။
မိမိရဲ့ confirmation number ကို September 30, 2023 အထိ သိမ်းထားကြပါ။ တချို့နှစ်တွေမှာ visa ရသောသူနည်းပါက ပေါက်မဲ လိုအပ်ချက်အရ ထပ်မံ မဲဖေါက်ပေးပါတယ်။ ဒါပေမယ့် ဖြစ်နိုင်ခြေ နည်းပါးသော အခွင့် အရေးပါ။
Confirmation number ကတော့ 2024…………. နှင့်စတာပါ။
စစ်ရမယ့် လင့်ကတော့ ⬇️
https://dvprogram.state.gov/ (အခုစစ်လို့မရသေးပါ။ မေလ ၆ ရက်နေ့မှ စစ်နိုင်မှာပါ)
စစ်ရမဲ့ ပုံစံကတော့ ⬇️
https://m.facebook.com/story.php?story_fbid=513733820408488&id=109005910881283&mibextid=qC1gEa
Confirmation number မတွေ့တော့ရင် စစ်ရန် ⬇️
https://m.facebook.com/story.php?story_fbid=519245083190695&id=109005910881283&mibextid=qC1gEa
အားလုံး ကံကောင်းကြပါစေ 🙏🙏🙏
Online Booking စနစ်သစ် ( Yangon )
📌 24-2-2023 ကနေ့စပီ Online Booking များပြန်တင်လို့ရပါပီ ခု Online Booking စနစ်က ရန်ကုန်ရုံးထဲမှာဝင်လုပ်ဖို့အတွက်သာလုပ်လို့ရတာပါ နယ်ရုံး တွေအတွက်မပါပါဘူး နယ်ရုံးတွေအတွက်က Online Booking စနစ်မဟုတ် ဘဲ သက်ဆိုင်ရာနယ်က ရုံးတွေမှာသွားပီ ရက်ချိန်းယူရတာပါ
📌 ခု Online Booking စနစ်မှာလိုအပ်တာတွေပဲပြောပေးသွားမှာပါ အကျယ်သိချင်ရင်တော့ website ထဲသာဝင်ဖတ်ကြည့်ကျပါ
Online Booking တင်ရန် ➡️ www.passport.gov.mm
📌 ဒီစနစ်သစ် Appointment လျှောက်မယ့်အချိန်မှာ ပုံမှန်ရက်ချိန်းယူမယ့် သူတွေအတွက် နဲ့ Green Channel အစီစဉ်နဲ့ ( ဝန်းကြီးဌာနများမှတစ်ဆင့် လျှောက်ထားသူများအတွက် ) ဆိုပီ နှစ်ခုသက်မှတ်ထားတယ် ပုံမှန်ရက်ချိန်း ယူချိန်းယူမယ့်သူက Online Appointments ခလုပ်ကိုနှိပ်ပီဝင်လိုက်ရုံပါပဲ Green Channel နဲ့လုပ်မယ့်သူတွေက GC ခလုပ်လေးနှိပ်ပီ စနစ်ထဲဝင်ပါ Green Channel အကြောင်းကိုတော့ website ထဲသာဝင်ဖတ်ကြည့်ပါ
📌 ဒီ စနစ်မှာအရင်လိုတစ်ခါလျှောက်တစ်ယောက်တည်းမဟုတ်တော့ပဲ တူတူလျှောက်လိုသည့်လူဦးရေကိုရွေးချယ်ခွင့်ပေးထားတယ် လျှောက်ထား မယ့်သူရဲ့ email ထည့်ပီနောက်တစ်ဆင့်ဆက်သွားပါ
📌 ဒီစနစ်သစ်မှာ
ကိုယ်ရေးအချက်လက် (၁)
ကိုယ်ရေးအချက်လက် (၂) ဆိုပီ ဖြည့်ဖို့ပေးထားတယ်
ကိုယ်ရေးအချက်လက် (၁) ကိုအားလုံးဖြည့်ပေးရမယ်
ကိုယ်ရေးအချက်လက် (၂) ကိုတော့ တင်တဲ့အချိန်မဖြည့်လဲရတယ် ကိုယ်ရေးအချက်လက်ပုံစံ form download လုပ်ဖို့ပေးထားတာကို down ပီ လက်ရေး (သို့) ကွန်ပျူတာစာစီပီ ရုံးဝင်တဲ့နေ့မှာပေးလို့ရတယ်
📌 လျှောက်ထားသူတစ်ယောက်ထပ်ပိုနေရင် Add to List ခလုပ်ကိုနှပ်ပီ ကျန်ရှိတဲ့သူတွေကိုဆက်ဖြည့်ပါ အားလုံးဖြည့်ပြီးရင် Review and Submit ခလုပ်လေးနှိပ် ၊ ဖြည့်ထားတဲ့အချက်လက်တွေမှန်ရင် မှန်ကန်ပါသည် စာသား လေးကို အမှန်ခြစ်ပါ ၊ ပြန်ပြင်ချင်ရင် Edit ခလုပ်နှိပ်ပီ အချက်လက်များပြန် ပြင်ပါ အားလုံးမှန်တယ်ဆို Submit Form ကိုနှိပ်ပါ
✅ ကိုယ်ရေးအချက်လက်ဖြည့်ပီးရင်ငွေပေးသွင်းတဲ့အဆင့် ငွေပေးသွင်းခြင်း ကို KBZ pay ကနေပေးချေလို့ရသလို MPU bank card ဖြင့်ပေးချေနိုင်သည် MPU bank card က E- commerce လျှောက်ထားပီးသားဖြစ်ရမယ် မလျှောက်ရသေးရင် online ကနေငွေပေးချေလို့မရတာကြောင့် သက်ဆိုင်ရာ Bank မှာလျှောက်ထားပါ ၊ လျှောက်ထားသူရဲ့ စာအုပ်အခြေနေပေါ် မူတည်ပီ ငွေပေးသွင်းရမှာပါ
အသစ် သက်တမ်းတိုး ၃၅၀၀၀ ကျပ်
ပျောက်ဆုံး ပျက်စီး ၇၅၀၀၀ ကျပ် ပေးသွင်းရမည်
သက်တမ်းတိုးသမားတွေက ငွေသွင်းတဲ့အချိန် ၃၅၀၀၀ သွင်းထားပီ ရုံးရောက်လို့စစ်တဲ့အချိန် ရေစို စုတ်ပြဲနေရင် ဒဏ်ကြေး ၄၀၀၀၀ ထပ်ပေးရမယ်
✅ ငွေပေးချေပီးတာနဲ့ စနစ်ကနေ ရုံးကိုသွားရောက်ရမည့်ရက်ကို သက်မှတ် ပေးပါလိမ့်မယ် အရင်လိုကိုယ်လိုချင်တဲ့ရက် တော့ယူလို့ မရနိုင်တော့ဘူး email ထည့်ထားလို့ mail ထဲပို့ပေးမယ်ထင်ပါတယ်
တစ်ခြားသိလိုတဲ့အကြောင်းအရာများကိုတော့ website ထဲသာဝင်ဖတ်ကြည့် ပါခင်ဗျာ ။
ယနေ့ 24/2/2023 ရက်နေ့မှစပြီး မြန်မာနိုင်ငံကူးလက်မှတ် Passport ကို Online Appointment စနစ်သစ်ဖြင့် လျှောက်ထားနိုင်ပါပြီ
Online Appointment စနစ်သစ်ဖြင့် လျှောက်ထားချိန်တွင် ကိုယ်ရေးအချက်အလက်အပြည့်အစုံကို ဖောင်စာရွက်မှာ ဖြည့်စရာမလိုတော့ပဲ Online ကနေတိုက်ရိုက်ဖြည့်စွက်နိုင်ပြီး နိုင်ငံကူးလက်မှတ် Passport အတွက်ကျသင့်ငွေကိုလဲ Online ကနေ
Kpay နှင့် MPU ဘဏ်ကတ်တွေနဲ့ ကြိုတင်ပေးသွင်းရမှာဖြစ်ပါတယ်။
စနစ်သစ်မှာ Online Appointment ယူချင်း ကိုယ်ရေးအချက်အလက် ဖြည့်သွင်းခြင်းနဲ့ ကူးလက်မှတ် Passport အတွက် ကျသင့်ငွေကို Online ကနေပဲပေးချေလုပ်ဆောင်နိုင်ပြီဖြစ်တာကြောင့် ပွဲစားကြားခံပြီး လုပ်ခိုင်းဖို့မလိုအပ်တော့သလို လိမ်လည်သူတွေရဲ့ လိမ်လည်မှုမှ ကင်းဝေးစေမှာပါ။
Online Appointment ယူပြီး ရုံးကိုသွားမယ်ဆိုရင် အောက်ပါ
အထောက်အထားတွေကိုတော့ ယူသွားဖို့မမေ့နဲ့နော်
နိုင်ငံသားစိစစ်ရေးကတ်ပြား(မူရင်း)နှင့် မိတ္တူ(၂)စုံ
အိမ်ထောင်စုစာရင်း(မူရင်း)နှင့် မိတ္တူ(၂)စုံ
အသက်(၁၀)နှစ်အောက်ဖြစ်လျှင် မွေးစာရင်း(မူရင်း)နှင့် မိတ္တူ(၂)စုံ
ကူးလက်မှတ် Passport လျှောက်ထားမယ်ဆိုရင် အောက်ပါ Link က
နေလျှောက်ထားနိုင်ပါတယ် အားလုံးအဆင်ပြေပါစေ။
✅ https://www.passport.gov.mm
Click here to claim your Sponsored Listing.
Category
Contact the business
Telephone
Website
Address
05024
Corner Of Street 73 And 38(B) Street, Mahar Aung Myay Township
Mandalay, 959
Turning Point Offers the below services for all Business. 1. Skills Top-Up Trainings 2. Corporate Trainings 3. Business Management Trainings 4. Social & Business Consultancy Servi...
Mandalay
လူကြီးမင်းတို့ရဲ့အကျိုးကိုဆောင်ပေးမဲ့ အကျိူးတော်ဆောင်လေးပါ။�
62A Street Between 103 St. & 103A St
Mandalay, 100103
နိုင်ငံတကာရွှေနှင့် ငွေကြေး အရောင်းအဝယ်လုပ်ငန်း
40 Street, 72 X 73
Mandalay
ရုံးချိန်-နံနက်(၈:၀၀)နာရီမှညနေ(၅:၃၀)ထိ
Mandalay
Mandalay
ကမ္ဘာ့ရွှေ ၊ ရေနံ နှင့် နိုင်ငံတကာငွေကြေးစျေးကွက်အကြံပေး