Coffee Chit Thu

Coffee Chit Thu

You may also like

Garden View  Restaurant
Garden View Restaurant

100% Arabica Coffee

02/04/2023

Hello ချစ်သူတို့ရေ
ကော်ဖီမှုန့်ကို ဘယ်လိုသိမ်းဆည်းကြမလဲ???? ........
ကော်ဖီမှုန့်ရဲ့ ရနံ့(Aroma)ဆိုတာ စနစ်တကျသိမ်းတတ်ရင် သူ့ရဲ့သက်တမ်းရှိသလောက်ထိခံအောင်ထားလို့ရတယ်နော်...
တချို့ကော်ဖီမှုန့်တွေဝယ်ပြီး၂ပတ်လောက်နဲ့အနံ့တွေလျော့သွားတာ အနံ့မရှိတော့တာတွေဟာ ချစ်သူတို့ရဲ့ ကော်ဖီမှုန့်ကိုထိန်းသိမ်းပုံဟာ
မှားနေလို့ပါပဲ 😌.
အဲ့ဒီတော့ ကော်ဖီမှုန့်ကို ဘယ်လိုထိန်းသိမ်းရမယ်ဆိုတာ အချောတကာ့အချောလေးက ပြောပြမှာပေါ့ 😛😛😛..
ကော်ဖီမှုန့်တွေဟာအောက်ဆီဂျင်နဲ့ထိတွေ့တဲ့အခါဓာတ်ပြုပြီး အနံ့တွေတဖြည်းဖြည်းပြယ်လာတတ်ပါတယ်။အလုံပိတ်ပုလင်းတွေထဲမှာဆိုရင်တောင် ကော်ဖီမှုန့်ကတစ်ဝက်ပဲရှိတဲ့အခါ အပေါ်မှာ ကျန်တဲ့တစ်ဝက်က လေတွေနေရာယူထားတာတွေ့ရမှာပါ။အဲ့ဒီပုလင်းထဲက မဆိုစလောက်လေမှာပါတဲ့ အောက်ဆီဂျင်ကတောင်ကော်ဖီရဲ့အနံ့ကို ပျက်ပြယ်စေပါတယ်။ဒါကြောင့် ဖန်ပုလင်းတွေနဲ့လာတဲ့ကော်ဖီမှုန့်တွေရဲ့ ရနံ့သက်တမ်းဟာ ဖောက်ပြီး နှစ်ပတ်မှ သုံးပတ်ထိပဲ အပြည့်အဝရတာပါ။😞..
ဒါဆို...ဒီပြဿနာကိုဘယ်လိုဖြေရှင်းကြမလဲ..
ဒီနေ့ခေတ်မှာ သဘာဝပတ်ဝန်းကျင်နဲ့ကိုက်ညီပြီးသုံးရလွယ်ကူတဲ့ ကုန်ပစ္စည်းတွေအများကြီးထွက်ရှိလို့နေပါပြီ။စက္ကူဇစ်ပိတ်အိတ် အလူမီနီယမ်ဇစ်ပိတ်အိတ် နဲ့ ပလတ်စတစ်ဇစ်ပိတ်အိတ်တွေဟာ လေလုံပြီး အထဲကကုန်ပစ္စည်းရဲ့အရည်အသွေးကိုအကြာကြီးထိန်းသိမ်းထားနိုင်ပါတယ်။အဲ့လိုအိတ်တွေနဲ့ သိမ်းဆည်းခြင်းဖြင့် ကော်ဖီမှုန့်ရဲ့ ရနံ့ကိုသူ့သက်တမ်းရှိသလောက်ထိ အပြည့်အဝထိန်းသိမ်းထားနိုင်မှာဖြစ်ပါတယ်။
ချစ်သူတို့ တစ်ခုသတိပြုရမှာက ကော်ဖီမှုန့်တစ်ခါထုတ်ယူပြီးတိုင်း အိတ်ထဲမှာလေမကျန်အောင် သေချာပြားပြီးပိတ်ဖို့ပါပဲ။ကဲ ဒီလိုဆိုတော့လည်း အလွယ်လေးပဲနော်...
Coffee Chit Thu (100%arabica coffee)ရဲ့ packing အိတ်တွေဟာဆိုရင်quality ကောင်းမွန်တဲ့ Recycled Papar များကို အသုံးပြုထားတာဖြစ်ပြီးတော့ အိတ်အတွင်းမှာ လူကိုအန္တရာယ်မဖြစ်စေတဲ့ ဖယောင်းလွှာတစ်ထပ် ပါတာကြောင့်စက္ကူရဲ့ အနံ့ယိုစိမ့်နိုင်တဲ့ဟာကွက်တွေကိုပါ ကာကွယ်ပြီးသားဖြစ်ပါတယ်။ဒါကြောင့် အက်ဒမင်အချောလေးတို့ဆီက ကော်ဖီမှုန့်ဝယ်ပြီးတဲ့အခါ
ဘယ်ထဲမှပြောင်းထည့်စရာမလိုပဲ သူ့အိတ်ထဲမှာပဲ စနစ်တကျယူပြီးသေချာပြန်ပိတ်ရင်ရပြီမို့ ကော်ဖီမှုန့်ထည့်ဖို့ ဘူးတွေပုလင်းတွေတကူးတကရှာဖွေမနေနဲ့တော့နော်။ချစ်သူတို့အပေါ် စေတနာမေတ္တာအပြည့်နဲ့ သိမ်းဆည်းရလွယ်ကူအောင်အထိ အချောလေးတို့က လုပ်ပေးထားတာမို့ ယုံယုံကြည်ကြည်နဲ့သာ အားပေးလိုက်ကြတော့နော်။......
နှလုံးသားထဲအထိစွဲမက်စေမဲ့
အနံ့အရသာနဲ့
Coffee Chit Thu
100%Arabica Coffee
Since 2022..
product of Pyin Oo Lwin
hotline..09765136311

ရေးသားသူ - ဆက်နိုင်ထူး (ခ) Htat Wai

Photos from Coffee Chit Thu's post 11/02/2023
09/02/2023

Coffee Chit Thu ရဲ့ big ကာကာတို့အကြိုက် ခုလှော်ခုကြိတ် ရောင်းပေးတဲ့ ပြင်ဦးလွင်ဒေသထွက် Arabica coffee 100% (ကော်ဖီမှုန့်)စစ်စစ်လေးပါ...
(အပိုမပြောဘူးနော် မွှေးနေတာပဲ)

16/01/2023

Hello ချစ်သူတို့ရေ
ကော်ဖီမှုန့်ကို ဘယ်လိုသိမ်းဆည်းကြမလဲ???? ........
ကော်ဖီမှုန့်ရဲ့ ရနံ့(Aroma)ဆိုတာ စနစ်တကျသိမ်းတတ်ရင် သူ့ရဲ့သက်တမ်းရှိသလောက်ထိခံအောင်ထားလို့ရတယ်နော်...
တချို့ကော်ဖီမှုန့်တွေဝယ်ပြီး၂ပတ်လောက်နဲ့အနံ့တွေလျော့သွားတာ အနံ့မရှိတော့တာတွေဟာ ချစ်သူတို့ရဲ့ ကော်ဖီမှုန့်ကိုထိန်းသိမ်းပုံဟာ
မှားနေလို့ပါပဲ 😌.
အဲ့ဒီတော့ ကော်ဖီမှုန့်ကို ဘယ်လိုထိန်းသိမ်းရမယ်ဆိုတာ အချောတကာ့အချောလေးက ပြောပြမှာပေါ့ 😛😛😛..
ကော်ဖီမှုန့်တွေဟာအောက်ဆီဂျင်နဲ့ထိတွေ့တဲ့အခါဓာတ်ပြုပြီး အနံ့တွေတဖြည်းဖြည်းပြယ်လာတတ်ပါတယ်။အလုံပိတ်ပုလင်းတွေထဲမှာဆိုရင်တောင် ကော်ဖီမှုန့်ကတစ်ဝက်ပဲရှိတဲ့အခါ အပေါ်မှာ ကျန်တဲ့တစ်ဝက်က လေတွေနေရာယူထားတာတွေ့ရမှာပါ။အဲ့ဒီပုလင်းထဲက မဆိုစလောက်လေမှာပါတဲ့ အောက်ဆီဂျင်ကတောင်ကော်ဖီရဲ့အနံ့ကို ပျက်ပြယ်စေပါတယ်။ဒါကြောင့် ဖန်ပုလင်းတွေနဲ့လာတဲ့ကော်ဖီမှုန့်တွေရဲ့ ရနံ့သက်တမ်းဟာ ဖောက်ပြီး နှစ်ပတ်မှ သုံးပတ်ထိပဲ အပြည့်အဝရတာပါ။😞..
ဒါဆို...ဒီပြဿနာကိုဘယ်လိုဖြေရှင်းကြမလဲ..
ဒီနေ့ခေတ်မှာ သဘာဝပတ်ဝန်းကျင်နဲ့ကိုက်ညီပြီးသုံးရလွယ်ကူတဲ့ ကုန်ပစ္စည်းတွေအများကြီးထွက်ရှိလို့နေပါပြီ။စက္ကူဇစ်ပိတ်အိတ် အလူမီနီယမ်ဇစ်ပိတ်အိတ် နဲ့ ပလတ်စတစ်ဇစ်ပိတ်အိတ်တွေဟာ လေလုံပြီး အထဲကကုန်ပစ္စည်းရဲ့အရည်အသွေးကိုအကြာကြီးထိန်းသိမ်းထားနိုင်ပါတယ်။အဲ့လိုအိတ်တွေနဲ့ သိမ်းဆည်းခြင်းဖြင့် ကော်ဖီမှုန့်ရဲ့ ရနံ့ကိုသူ့သက်တမ်းရှိသလောက်ထိ အပြည့်အဝထိန်းသိမ်းထားနိုင်မှာဖြစ်ပါတယ်။
ချစ်သူတို့ တစ်ခုသတိပြုရမှာက ကော်ဖီမှုန့်တစ်ခါထုတ်ယူပြီးတိုင်း အိတ်ထဲမှာလေမကျန်အောင် သေချာပြားပြီးပိတ်ဖို့ပါပဲ။ကဲ ဒီလိုဆိုတော့လည်း အလွယ်လေးပဲနော်...
Coffee Chit Thu (100%arabica coffee)ရဲ့ packing အိတ်တွေဟာဆိုရင်quality ကောင်းမွန်တဲ့ Recycled Papar များကို အသုံးပြုထားတာဖြစ်ပြီးတော့ အိတ်အတွင်းမှာ လူကိုအန္တရာယ်မဖြစ်စေတဲ့ ဖယောင်းလွှာတစ်ထပ် ပါတာကြောင့်စက္ကူရဲ့ အနံ့ယိုစိမ့်နိုင်တဲ့ဟာကွက်တွေကိုပါ ကာကွယ်ပြီးသားဖြစ်ပါတယ်။ဒါကြောင့် အက်ဒမင်အချောလေးတို့ဆီက ကော်ဖီမှုန့်ဝယ်ပြီးတဲ့အခါ
ဘယ်ထဲမှပြောင်းထည့်စရာမလိုပဲ သူ့အိတ်ထဲမှာပဲ စနစ်တကျယူပြီးသေချာပြန်ပိတ်ရင်ရပြီမို့ ကော်ဖီမှုန့်ထည့်ဖို့ ဘူးတွေပုလင်းတွေတကူးတကရှာဖွေမနေနဲ့တော့နော်။ချစ်သူတို့အပေါ် စေတနာမေတ္တာအပြည့်နဲ့ သိမ်းဆည်းရလွယ်ကူအောင်အထိ အချောလေးတို့က လုပ်ပေးထားတာမို့ ယုံယုံကြည်ကြည်နဲ့သာ အားပေးလိုက်ကြတော့နော်။......
နှလုံးသားထဲအထိစွဲမက်စေမဲ့
အနံ့အရသာနဲ့
Coffee Chit Thu
100%Arabica Coffee
Since 2022..
product of Pyin Oo Lwin
hotline..09765136311

ရေးသားသူ - ဆက်နိုင်ထူး

Photos from Coffee Chit Thu's post 15/01/2023

Coffee Chit Thu က ဘာ့ကြောင့် အရမ်းသောက်လို့ကောင်းရတာလဲ ?????

ကော်ဖီဆိုတာ ကျမတို့ငယ်ငယ်လေးထဲက မျက်စေ့နှစ်လုံးဖွင့်လို့ မျက်နှာသစ် သွားတိုက်ပြီးတာနဲ့ အရင်ဆုံးစတင်တွေ့ထိခဲ့ရတဲ့ အရာတစ်ခုပါ။ သူနဲ့တွဲဖက်စားသောက်တဲ့ အစားအစာတွေသာ ပြောင်းသွားမယ် (ဥပမာ-မုန့်ဟင်းခါး၊ အုန်းနို့ခေါက်ဆွဲ၊ ခေါက်ဆွဲသုတ်၊ ပေါင်မုန့်ထောပတ်သုတ်၊ ထမင်းကြော်... စသည်ဖြင့်ပေါ့) သူကတော့ ပင်တိုင်မင်းသားကြီးပေါ့ 😘

ကျမတို့ငယ်ငယ်က အခုခေတ်လို ရယ်ဒီမိတ် ကော်ဖီမစ်တွေ မပေါ်သေးဘူးလေ။ အဲ့ဒီခေတ်က လက်ရွေးစင်ကော်ဖီမှုန့်ဆိုတာ နာမည်ကြီးတံဆိပ်ပဲ။ အိမ်ကလူကြီးတွေက လက်ရွေးစင်ကော်ဖီမှုန့်ပဲသောက်တယ်။ သူ့ဆိုင်ရှေ့ကိုရောက်ပြီဆိုတာနဲ့ ကော်ဖီမှုန့်အနံ့လေးက ထောင်းထောင်းထနေအောင်ကိုမွှေးနေတာ။ ကိုယ့်ရှေ့မှာတင် ချက်ချင်းလက်ငင်းကြိတ်ပြီး ပါကင်ထုတ်ပြီးပေးတာ။ ကော်ဖီထုပ်လေးက ပူပူနွေးနွေးလေးပေါ့။

ငယ်ငယ်လေးထဲက နေ့စဥ်နေ့တိုင်း စွဲစွဲမြဲမြဲ သောက်ခဲ့ပေမယ့် ကော်ဖီနဲ့ပတ်သက်လို့ ထွေထွေထူးထူးမစဥ်းစားဖူးခဲ့ဘူးလေ။ အခု ကိုယ်တိုင် ကော်ဖီမှုန့်ရောင်းတော့မှ ကော်ဖီမှုန့်ဖြစ်ဖို့ အဆင့်တွေအများကြီး ဖြတ်သန်းရတာကို သိခဲ့ရတယ်။ တကယ်တော့ ကော်ဖီပင်ပေါ်က ကော်ဖီသီးအမှည့်လေးတွေကိုခူးပြီးစားကြည့်ရင် ကော်ဖီနဲ့တူတဲ့ အနံ့ရောအရသာပါ မတွေ့ရ/မခံစားရဘူးလေ။ ချဥ်တဲ့အရသာလေးတောင် ဖြစ်နေသေးတယ်။ မသိတဲ့လူဆို ဆက်စပ်မိမှာတောင်မဟုတ်ဘူး။ ကော်ဖီသီးအမှည့်လေးတွေကို ခူးပြီးအခြောက်ခံလို့ ခြောက်သွားတဲ့အထိကို ကော်ဖီအနံ့မရသေးပါဘူး။ ကော်ဖီသီးအခြောက်ကို အခွံချွတ်စက်နဲ့အခွံချွတ်လိုက်တဲ့အထိလည်း ကော်ဖီနဲ့တူတာ ဘာမှမတွေ့ရသေးဘူးနော်။ အခွံချွတ်ထားတဲ့ ကော်ဖီစေ့အခြောက်လေးတွေရဲ့အရောင်က စိမ်းဖန့်ဖန့်လေး.... အနံ့ကလည်း စိမ်းရွှေရွှေနဲ့ ကော်ဖီအနံ့နဲ့ လုံးဝကိုမတူတာနော်။ ဒီအဆံလေးတွေကို လှော်လိုက်တော့မှ ကော်ဖီနံ့လေး မွှေးလာတာပါ။ (ဒီနေရာမှာ ကော်ဖီစေ့ရဲ့ ကွာလတီကို စခွဲလို့ရသွားပြီ။ ညာလို့မရတော့ဘူးလေ။ ဘာလို့လည်းဆိုတော့ အခြောက်လှမ်းပြီး အခွံချွတ်ထားတုန်းက အားလုံးဟာ အရောင်တူတူပါပဲ။ အကြီးအသေး အရွယ်အစားပဲ ကွဲပြားနေတာလေ။ လှော်လိုက်တဲ့အခါကြမှ ကော်ဖီသီးဘဝမှာ နုနေတာတို့ စိမ်းနေတာတို့ဆိုရင် အရောင်ဖျော့ပြီး လုံးဝအမှည့်သီးကြမှ အညိုရောင် (ကော်ဖီမှုန့်ရောင်) လေး ဖြစ်သွားတာပါ။ ကော်ဖီစေ့ လှော်ပြီးရင် ကွာလတီမပြည့်တဲ့ ကော်ဖီစေ့နဲ့ ကွာလတီပြည့်တဲ့ကော်ဖီစေ့ ခွဲခြားလို့ရသွားပြီလေ။ ဒါကြောင့် ညာလို့မရဘူးလို့ ပြောတာပါ) လှော်ထားတဲ့ ကော်ဖီစေ့လေးတွေကို အမှုန့်ကြိတ်စက်ထဲထည့်လိုက်ပြီး အမှုန့်ကြိတ်လိုက်တော့မှ OMG!!! လုံးဝမွှေးကြိုင်နေတဲ့ ကော်ဖီမှုန့်ရဲ့ အနံ့ကို အပြည့်အဝ ခံစားရတော့တာပါပဲ။

Coffee Chit Thu က ဘာ့ကြောင့် အရမ်းသောက်လို့ကောင်းရတာလဲဆိုတဲ့အဖြေက....
လက်ထဲမှာ ကြိတ်ပြီးသားကို ကြာကြာမထားဘူး။ အော်ဒါတက်မှ ကွာလတီပြည့်တဲ့ ကော်ဖီစေ့အဆံကြီးကြီးတွေကို ချက်ချင်းလှော်ပြီး ချက်ချင်းကြိတ်ပေးတာမို့ပါနော်။

ကဲ ဒါဆိုရင် ကော်ဖီချစ်သူလေးကို စိတ်ချလက်ချ သုံးဆောင်ကြပါလို့ 🙂

15/01/2023

သရက်မြို့အတွက် အော်ဒါလေးပါ....
ပြင်ဦးလွင်ဒေသထွက်
100% Arabica ကော်ဖီမှုန့်စစ်စစ်ပါရှင့်
Net-2Lb

15/01/2023

ပြည်မြို့အတွက် အော်ဒါလေးပါ....
ပြင်ဦးလွင်ဒေသထွက်
100% Arabia ကော်ဖီမှုန့်စစ်စစ်ပါရှင့်
Net-110g

15/01/2023

ကျမ္မာရေးနဲ့ညီညွတ်စေတဲ့
ကော်ဖီချစ်သူ.....

ပြင်ဦးလွင်ဒေသထွက်
100% Arabica ကော်ဖီမှုန့်စစ်စစ်ကိုသာ အမှန်အကန်ထုတ်လုပ်ရောင်းချပါသည်

Net:110g

Photos from Coffee Chit Thu's post 01/10/2022

ဒီနေ့ အောက်တိုဘာ (၁) ရက်နေ့ဟာဆိုရင်ဖြင့် အင်တာနေရှင်နယ်ကော်ဖီဒေး ပါတဲ့နော် ☕
ဒီနေ့ (၅)ထုပ်အထက် ဝယ်ယူအားပေးကြတဲ့ ကော်ဖီချစ်သူကာကာတွေကို မင်မင်ကိုယ်တိုင်ထုတ်လုပ်တဲ့ ဝိုင်စိမ်သီးဗူးလေးတွေ လက်ဆောင်ထည့်ပေးပါမယ်နော် ဝယ်ယူသူအားလုံး လာဘ်လာဘတွေ တိုးပွားကြပါစေ 🙏🏻🙏🏻🙏🏻

11/06/2022

Hello ချစ်သူတို့ရေ 🤗
ကော်ဖီမှုန့်ကို ဘယ်လိုသိမ်းဆည်းကြမလဲ???? 🤔🤔🤔........
ကော်ဖီမှုန့်ရဲ့ ရနံ့(Aroma)ဆိုတာ စနစ်တကျသိမ်းတတ်ရင် သူ့ရဲ့သက်တမ်းရှိသလောက်ထိခံအောင်ထားလို့ရတယ်နော်...
☕တချို့ကော်ဖီမှုန့်တွေဝယ်ပြီး၂ပတ်လောက်နဲ့အနံ့တွေလျော့သွားတာ အနံ့မရှိတော့တာတွေဟာ ချစ်သူတို့ရဲ့ ကော်ဖီမှုန့်ကိုထိန်းသိမ်းပုံဟာ
မှားနေလို့ပါပဲ 😌.
အဲ့ဒီတော့ ကော်ဖီမှုန့်ကို ဘယ်လိုထိန်းသိမ်းရမယ်ဆိုတာ အချောတကာ့အချောလေးက ပြောပြမှာပေါ့ 😛😛😛..
ကော်ဖီမှုန့်တွေဟာအောက်ဆီဂျင်နဲ့ထိတွေ့တဲ့အခါဓာတ်ပြုပြီး အနံ့တွေတဖြည်းဖြည်းပြယ်လာတတ်ပါတယ်။အလုံပိတ်ပုလင်းတွေထဲမှာဆိုရင်တောင် ကော်ဖီမှုန့်ကတစ်ဝက်ပဲရှိတဲ့အခါ အပေါ်မှာ ကျန်တဲ့တစ်ဝက်က လေတွေနေရာယူထားတာတွေ့ရမှာပါ။အဲ့ဒီပုလင်းထဲက မဆိုစလောက်လေမှာပါတဲ့ အောက်ဆီဂျင်ကတောင်ကော်ဖီရဲ့အနံ့ကို ပျက်ပြယ်စေပါတယ်။ဒါကြောင့် ဖန်ပုလင်းတွေနဲ့လာတဲ့ကော်ဖီမှုန့်တွေရဲ့ ရနံ့သက်တမ်းဟာ ဖောက်ပြီး နှစ်ပတ်မှ သုံးပတ်ထိပဲ အပြည့်အဝရတာပါ။😞..
ဒါဆို...ဒီပြဿနာကိုဘယ်လိုဖြေရှင်းကြမလဲ🤔..
ဒီနေ့ခေတ်မှာ သဘာဝပတ်ဝန်းကျင်နဲ့ကိုက်ညီပြီးသုံးရလွယ်ကူတဲ့ ကုန်ပစ္စည်းတွေအများကြီးထွက်ရှိလို့နေပါပြီ။စက္ကူဇစ်ပိတ်အိတ် အလူမီနီယမ်ဇစ်ပိတ်အိတ် နဲ့ ပလတ်စတစ်ဇစ်ပိတ်အိတ်တွေဟာ လေလုံပြီး အထဲကကုန်ပစ္စည်းရဲ့အရည်အသွေးကိုအကြာကြီးထိန်းသိမ်းထားနိုင်ပါတယ်။အဲ့လိုအိတ်တွေနဲ့ သိမ်းဆည်းခြင်းဖြင့် ကော်ဖီမှုန့်ရဲ့ ရနံ့ကိုသူ့သက်တမ်းရှိသလောက်ထိ အပြည့်အဝထိန်းသိမ်းထားနိုင်မှာဖြစ်ပါတယ်။
ချစ်သူတို့ တစ်ခုသတိပြုရမှာက ကော်ဖီမှုန့်တစ်ခါထုတ်ယူပြီးတိုင်း အိတ်ထဲမှာလေမကျန်အောင် သေချာပြားပြီးပိတ်ဖို့ပါပဲ။ကဲ ဒီလိုဆိုတော့လည်း အလွယ်လေးပဲနော်🤗...
Coffee Chit Thu (100%arabica coffee)ရဲ့ packing အိတ်တွေဟာဆိုရင်quality ကောင်းမွန်တဲ့ Recycled Papar များကို အသုံးပြုထားတာဖြစ်ပြီးတော့ အိတ်အတွင်းမှာ လူကိုအန္တရာယ်မဖြစ်စေတဲ့ ဖယောင်းလွှာတစ်ထပ် ပါတာကြောင့်စက္ကူရဲ့ အနံ့ယိုစိမ့်နိုင်တဲ့ဟာကွက်တွေကိုပါ ကာကွယ်ပြီးသားဖြစ်ပါတယ်။ဒါကြောင့် အက်ဒမင်အချောလေးတို့ဆီက ကော်ဖီမှုန့်ဝယ်ပြီးတဲ့အခါ
ဘယ်ထဲမှပြောင်းထည့်စရာမလိုပဲ သူ့အိတ်ထဲမှာပဲ စနစ်တကျယူပြီးသေချာပြန်ပိတ်ရင်ရပြီမို့ ကော်ဖီမှုန့်ထည့်ဖို့ ဘူးတွေပုလင်းတွေတကူးတကရှာဖွေမနေနဲ့တော့နော်။ချစ်သူတို့အပေါ် စေတနာမေတ္တာအပြည့်နဲ့ သိမ်းဆည်းရလွယ်ကူအောင်အထိ အချောလေးတို့က လုပ်ပေးထားတာမို့ ယုံယုံကြည်ကြည်နဲ့သာ အားပေးလိုက်ကြတော့နော်။......
နှလုံးသားထဲအထိစွဲမက်စေမဲ့
အနံ့အရသာနဲ့
Coffee Chit Thu
100%Arabica Coffee
Since 2022..
product of Pyin Oo Lwin
hotline..09765136311

Photos from Coffee Chit Thu's post 25/05/2022

Pearl Angel Face Mask လေးကို ကော်ဖီချစ်သူနဲ့မှထုတ်လုပ်ချင်ပါတယ်ဆိုတဲ့ညီမလေးရေ ••••
လုပ်ငန်းစပြီးလည်ပတ်ကတည်းက ကော်ဖီချစ်သူကိုပဲ စွဲစွဲမြဲမြဲသုံးပေးလို့ ကျေးဇူးတင်ပါတယ်နော် ••••
ညီမလေးရဲ့လုပ်ငန်းတွေ ဒီထက်မက အောင်မြင်ပါစေနော် ••••

Photos from Coffee Chit Thu's post 03/05/2022

ကော်ဖီမှုန့်အော်ဒါလေးတွေပို့ပေးဖို့ နောက်ကျနေတာ ခွင့်လွှတ်ကြပါနော်😌 စိတ်ရှည်ရှည်နဲ့စောင့်ပေးတဲ့ အနယ်နယ်အရပ်ရပ်က စူပါကာစတန်မာကြီးများကို ကျေးဇူးတင်ပါတယ်လို့❤️💕

📦တစ်မြို့ပြီးတစ်မြို့
ဆက်တိုက်ပို့ပေးနေပါပြီနော်📦

17/03/2022

Coffeeကို ဘယ်ချိန်တွေမှာ သောက်ကြလဲ ချစ်သူတို့?.......ကော်ဖီကို သောက်လည်းသောက်ချင်တယ် ကျန်းမာရေးအတွက်လည်းအထောက်ကူဖြစ်ချင်တယ်ဆိုတဲ့ချစ်သူတို့ကို မင်မင်က ကော်ဖီကို ဘယ်လိုအချိန်တွေမှာသောက်ရမလဲဆိုတာ ရုပ်ချောချောလေးနဲ့ ပြောပြအုံးမယ်..ဒီမှာ👇.....
☕မနက်ခင်းမှာ ဘယ်လိုသောက်ကြမလဲ☕.
ကျွန်ုပ်တို့ရဲ့ ခန္ဓာကိုယ်မှာ အလိုအလျောက် ထုတ်လုပ်တဲ့ Cortisol လို့ခေါ်တဲ့ဟော်မုန်းတစ်မျိုးရှိပါတယ်။အဲ့ဒီဟော်မုန်းဟာ အိပ်ရာနိုးခါစ 30မှ 45မိနစ်အတွင်းမှာ ထုတ်လုပ်မှုနှုန်းအများဆုံးဖြစ်ပြီး ကျန်တဲ့အချိန်တွေမှာတော့ အိပ်ချိန်မတိုင်မီထိ တဖြည်းဖြည်းလျော့ကျသွားတာဖြစ်ပါတယ်။သူရဲ့အာနိသင်ကတော့ လူကို လန်းဆန်းတက်ကြွအောင်လှုံ့ဆော်ပေးတာဖြစ်ပြီး ကော်ဖီကရတဲ့ ကဖိန်းဓာတ်နဲ့ အလုပ်လုပ်ပုံခြင်း တူပါတယ်။ဒါကြောင့် ဟော်မုန်းထုတ်လုပ်မှု လျော့ကျချိန်ဖြစ်တဲ့မနက်ခင်းရဲ့နောက်ကျတဲ့အချိန်တွေမှာ ကော်ဖီသောက်သုံးတဲ့အခါ Energy စက်ဝန်းကို မပြတ်ပဲ တစ်နေကုန်အားအင်ပြည့်ဝစေပါတယ်။လူတစ်ယောက်ရဲ့ ပျမ်းမျှအိပ်ယာထချိန်ဟာ မနက်6:30ဖြစ်တာကြောင့်
မနက် 9:30မှ 11:30အတွင်းဟာ Breakfast coffee(မနက်ခင်းကော်ဖီ)အဖြစ်သောက်သုံးဖို့ အကောင်းဆုံးအချိန်လို့ လေ့လာသူများက ကောက်ချက်ချကြပါတယ်။မနက် အိပ်ရာနိုးနိုးချင်းသောက်တာထက် အချိန်နည်းနည်းခွာပြီးသောက်တာက သင့်ရဲ့ တစ်နေ့တာ လုပ်ငန်းဆောင်တာနဲ့ ဇီဝရုပ်ဖြစ်ပျက်မှုအတွက် ပိုမိုအထောက်အကူဖြစ်စေပြီး မလိုလားအပ်သော ကျန်းမာရေးပြဿနာများကို လည်းအတိုင်းတာတစ်ခုထိ လျော့ကျစေပါတယ်။...
☕Workout လုပ်ရင်ရော သောက်လို့ရလား☕.
ကော်ဖီကရတဲ့ ကဖိန်းဓာတ်ဟာ အားအင်ပြည့်ဝပြီးလန်းဆန်းတက်ကြွစေတာကြောင့် Workoutလုပ်တဲ့သူတွေအဖို့ အရမ်းအဖိုးတန်တဲ့ ရတနာတစ်ခုဖြစ်ပါတယ်။Workoutမလုပ်ခင် 30မိနစ်မှ 60မိနစ်ကြိုတင်၍သောက်သုံးခြင်းက workoutအတွက်လိုအပ်သောenergy ကို ထုတ်လုပ်ပေးနိုင်တယ်လို့ လေ့လာသူများက ရှာဖွေတွေ့ရှိကြပါတယ်။ကဖိန်းဓာတ်ရဲ့ လှုံဆော်ပျံ့နှံ့မှုဟာ မှန်ကန်တဲ့အချိန်အတွင်းအသုံးပြုရင် အင်မတန်အကျိုးရှိပါတယ်။ဒါကြောင့် Coffeeဟာ စျေးကြီးပေးဝယ်ရတဲ့ Pre-workout powder တွေထက် စားရိတ်ပိုမိုသက်သာပြီး အကျိုးသက်ရောက်မှုကတော့ အများကြီးမကွာခြားကို တွေ့မြင်ရမှာဖြစ်ပါတယ်။...
☕အိပ်ချိန်နှင့်ကော်ဖီပြဿနာ☕.
ကဖိန်းဓာတ်ဟာ ခန္ဓာကိုယ်ကိုလန်းဆန်းတက်ကြွစေတယ်ဆိုတာအားလုံးသိပြီးသားဖြစ်ပါတယ်။ကဖိန်းဓာတ်ရဲ့ လှုံဆော်မှုဟာ ကိုယ်ထဲမှာ သောက်သုံးပြီး 3နာရီမှ 5နာရီအထိ အမြင့်ဆုံးရှိနေတတ်ပါတယ်။5နာရီနောက်ပိုင်းမှာတောင် ကိုယ်ထဲဝင်သွားတဲ့ ကဖိန်းပမာဏရဲ့ တစ်ဝက်တိတိဟာ ကျန်နေပါသေးတယ်။ဒါကြောင့် ညစာမှာ ကော်ဖီထည့်သွင်းသောက်သုံးတာ အိပ်ချိန်နဲ့အလွန်ကပ်ပြီး သောက်တာတွေဟာ အိပ်စက်ခြင်းမှာ အနှောင့်အယှက်တွေဖြစ်လာနိုင်ပါတယ်။အိပ်မပျော်ခြင်း နှလုံးခုန်မြန်ခြင်း မလိုအပ်သောဟော်မုန်းထုတ်လုပ်မှုများ ဖြစ်ပေါ်ခြင်းမရှိရအောင် ကော်ဖီကို အိပ်ချိန်နဲ့ အနည်းဆုံး 6နာရီခွာပြီး သောက်သင့်တယ်လို့ ကျွမ်းကျင်သူများက သုံးသပ်ထားကြပါတယ်။....
ဒီအကြောင်းအရာအချက်အလက်တွေဟာ တစ်ရက်တလေ မှ ထသောက်သူတွေအတွက် အကျိုးသက်ရောက်မှု မရှိသလောက်နည်းတာမို့ကော်ဖီကို စွဲစွဲမြဲမြဲသောက်တတ်သူတွေအတွက် ပိုမိုစနစ်ကျတဲ့ သောက်နည်းလမ်းညွှန်လို့ပြောလည်းမမှားပါဘူးနော်။မင်မင့်ရဲ့ကော်ဖီချစ်သူတွေလည်း အခုလောက်ဆို ကော်ဖီကို ဘယ်လိုအကျိုးရှိအောင်ချင့်ချိန်သောက်ကြရမယ်ဆိုတာ သိကြပြီလို့ထင်ပါတယ်။
အဆုံးထိဖတ်ရှုပေးလို့ ကျေးဇူးအထူးတင်ပါတယ်😘

08/03/2022

နွေရဲ့ပြက္ခဒိန်တွေမှာလည်းကော်ဖီချစ်သူဟာအေးမြတဲ့အဖော်မွန်အဖြစ် ရှိလို့နေမှာပါနော် 😍...............
🄲🄾🄵🄵🄴🄴 🄲🄷🄸🅃 🅃🄷🅄 ☕
မေမြို့ဒေသထွက် သဘာဝနှပ်ကော်ဖီမှုန့်စစ်စစ်
🄽🄴🅃 - 110 🄶
☕☕☕☕☕☕☕☕☕☕☕ဓာတုဗေဒ ပစ္စည်း လုံးဝ(လုံးဝ) မပါ,ပါ ....
အရည်အသွေးကောင်းမွန်သော ကော်ဖီစေ့များကိုသာ ရွေးချယ်စိစစ်ပြီး လှော်/ကြိတ် ထားတာမို့ 100% 🄰🅁🄰🄱🄸🄲🄰 🄲🄾🄵🄵🄴🄴 ဖြစ်ကြောင်း အာမခံပါတယ် ☕....
🌸 ပင်ရင်း 🌸
Coffee Chit Thu
ပြင်ဦးလွင်
09765136311

03/03/2022

သိပြီးပြီလား..?
Dark Roast Coffeeသောက်ရင် အရမ်းချောလာမှာတဲ့ 🤩....☕☕☕.....
ဒီတစ်ခါတော့ မင်မင်အချောလေးကကော်ဖီချစ်သူတို့ကို dark roasted coffeeသောက်ရင်ရရှိမဲ့ အကျိုးကျေးဇူးတွေကို ရှင်းပြပေးမယ်နော😘
အမေရိကန်လူဦးရေရဲ့ 41%ဟာ မနက်မိုးလင်းတိုင်းမှာ Dark Roasted Coffeeကို တခြားကော်ဖီတွေထက်ပိုဦးစားပေးသောက်သုံးကြတာကိုတွေ့ရပါသတဲ့။Medium Roasted Coffeeတွေဟာ ပိုပြီး Popularဖြစ်တယ်ထင်ရပေမဲ့ စာရင်းကောက်ကြည့်တဲ့အခါ ဒုတိယနေရာမှာသာရှိနေပြီး လူဦးရေရဲ့ 26%ကတော့ Light Roasted Coffeeကို သောက်ဖို့နှစ်သက်ကြတာကြောင့် တတိယနေရာမှာရှိနေပါသတဲ့။ဘာကြောင့်Dark Roasted Coffeeသောက်နှုန်းက ဦးဆောင်နေသလဲဆိုရင်တော့ သူ့ရဲ့ ပြည့်ဝခါးသက်တဲ့ အနံ့အရသာနဲ့ အရည်အသွေးတွေကို လူအများက ပိုပြီးကြိုက်နှစ်သက်ကြလို့ပါပဲ။ဒါအပြင် ကျန်းမာရေးရှုထောင့်ကကြည့်ရင်လည်း Dark Roasted ကော်ဖီသောက်သုံးသူတွေဟာ အကျိုးကျေးဇူးတွေအများကြီးခံစားရတာကို ကျန်းမာရေးပညာရှင်တွေက ရှာဖွေတွေ့ရှိခဲ့ပြီးဖြစ်ပါတယ်။...
ဆိုတော့...ဘယ်လိုအကျိုးတွေခံစားရမလဲဆိုတာ ကြည့်လိုက်ကြရအောင်....
☕☕☕
1.Boosts energy beyond the caffeine(ကဖိန်းဓာတ်၏အထောက်အပံ့ဖြင့် အားအင်များ ပြန်လည်ဖြည့်တင်းနိုင်ခြင်း)...
Dark Roasted Coffeeတွေမှာ Vitamin B5လို့ လူသိများတဲ့ pantothenic acid ဓာတ်များ ကြွယ်ဝစွာ ပါဝင်ပါတယ်။ထိုဓာတ်ဟာ ကျွန်ုပ်တို့နေ့စဥ်စားသုံးလိုက်တဲ့ အစားအသောက်များကိုစွမ်းအင်အဖြစ်သို့ပြောင်းလဲပေးတဲ့ လုပ်ငန်းစဥ်အတွက်များစွာ အထောက်အကူပြု အကျိုးသက်ရောက်စေပါတယ်။ဒါ့အပြင် Caffeineဓာတ်ကသင့်ရဲ့ တစ်နေ့တာလုပ်ငန်းဆောင်တာများကို လေးပင်နှေးကွေးမှုမရှိစေပဲ လန်းဆန်းတက်ကြွအောင် စွမ်းဆောင်ပေးနိုင်ပါတယ်။....☕☕☕....
2.Lowers Risk of Cancer
(ကင်ဆာရောဂါဖြစ်ပွားမှုကိုလျှော့ချပေးနိုင်ခြင်း)
အညိုရင့်ရောင်ရအောင်လှော်ထားသောDark Roastedကော်ဖီစေ့များတွင် ခန္ဓာကိုယ်အတွက် antioxidants များကြွယ်ဝစွာ ပါဝင်ပါတယ်။ကင်ဆာနှင့်အခြားသော ကျန်းမာရေးပြဿနာများကို ခုခံကာကွယ်ပေးနိုင်တာကြောင့် မရှိမဖြစ်လိုအပ်ပါတယ်။Dark roasted coffeeမှာ ပါဝင်တဲ့ antioxidants တွေဟာဆိုရင် ကင်ဆာရောဂါသာမက နှလုံးရောဂါ၊အဆစ်အမြစ်ရောင်ရောဂါ၊လေဖြတ်ခြင်း၊ကိုယ်ခံအားကျဆင်းခြင်း၊ကိုယ်တွင်းအင်္ဂါများ ရောင်ရမ်းခြင်း နှင့် အသက်ရှုလမ်းကြောင်းဆိုင်ရာရောဂါများ ဖြစ်ပွားနိုင်ခြေကိုပါ လျော့ကျစေပါတယ်။...☕☕☕....
3.Improves Brain Health
(ဦးနှောက်ကိုပိုမိုကျန်းမာသန်စွမ်းစေခြင်း)
ကော်ဖီလှော်နေစဥ်မှာထွက်ရှိတဲ့
Phenylindanes ဓာတ်ပေါင်းဟာ ကျွန်ုပ်တို့ဦးနှောက်ရဲ့လုပ်ငန်းဆောင်တာများကို တိုးတက်စေနိုင်ကြောင်းရှာဖွေတွေ့ရှိခဲ့ ပြီးဖြစ်ပါတယ်။ဒီအချက်ဟာDark Roasted ကော်ဖီသောက်သုံးသူတွေတင်မကပဲ ကော်ဖီလှော်သူ ထုပ်ပိုးထုတ်လုပ်သူတို့အတွက်ပါ ကောင်းမွန်သောအကျိုးကျေးဇူးတွေ ရစေတယ်ဆိုတာကို သက်သေပြလို့နေပါတယ်။...☕☕☕....
4.Offers Nutritional Benifits
(လိုအပ်သောအာဟာရတန်ဖိုးများပေးစွမ်းနိုင်ခြင်း)
နောက်ထပ်အချက်တစ်ခုကတော့ dark roasted ကော်ဖီမှာ တန်ဖိုးကြွယ်ဝသော အာဟာရဓာတ်များစွာပါဝင်လို့နေပါတယ်။သဘာဝအတိုင်းရရှိတဲ့ အာဟာရတန်ဖိုးများဟာ Dark Roasted coffeeကနေပေးတဲ့ ကျန်းမာရေးလက်ဆောင်မွန်ပဲ ဖြစ်ပါတယ်။Niacin,Riboflavin,Thiamine,
Potassium နှင့် Magnesiumအစရှိသော အဖိုးမဖြတ်နိုင်သည့် အာဟာရဓာတ်များစွာကို သင်မနက်တိုင်းနှစ်ခြိုက်စွာသောက်တဲ့ Dark roast coffee တစ်ခွက်ကနေ ရရှိမှာဖြစ်ပါတယ်။...☕☕☕....
5.Aids in liver functioning
(အသည်း၏လုပ်ငန်းဆောင်တာများကို ပံ့ပိုးပေးနိုင်ခြင်း)
ကျန်းမာရေးသုတေသနပညာရှင်များဟာ တစ်နေ့ကိုအာဟာရတန်ဖိုးပြည့်ဝတဲ့ကော်ဖီ ၃ခွက်သောက်ခြင်းဖြင့်အသည်း၏လုပ်ငန်းဆောင်တာများကို ပိုမိုကောင်းမွန်စေနိုင်ကြောင်း ရှာဖွေတွေ့ရှိခဲ့ပြီးဖြစ်ပါတယ်။အသည်းဆိုတာ ကျွန်ုပ်တို့ရဲ့သွေးထဲမှ အဆိပ်အတောက်များကို ဖယ်ရှားပေးရာမှာ အဓိကကျတဲ့ဇာတ်ဆောင်ဖြစ်ပါတယ်။သင့်ရဲ့အသည်းဟာ alcoholနဲ့ အငန်ဓာတ်တွေကြောင့်အားနည်းလာပြီဆိုရင်တော့ Dark Roastကော်ဖီကောင်းကောင်းနဲ့ ပြန်ကုစားဖို့လိုအပ်လာပါပြီ။Dark roastကော်ဖီတစ်ခွက်နေ့စဥ်ပုံမှန်သောက်သုံးခြင်းဖြင့် အသည်းကင်ဆာဖြစ်ပွားမှုနှုန်းကို 40%ထိ လျှော့ချပေးနိုင်ပါတယ်။.......😘😘😘😘......
​ဒါပေမဲ့ချစ်သူတို့ရေ ဘယ်ဟာမဆိုတန်ဆေးလွန်ဘေးဖြစ်တာမို့ အလွန်အကြူးမဖြစ်ဖို့တော့ ဂရုပြုကြရမှာပေါ့နော်.....
🤗🤗🤗🤗
ကဲ...ဒီလောက်ဆို မင်မင်တို့ဟာ ​ဘာကြောင့်Dark Roastedကော်ဖီကို ရွေးချယ်သောက်သုံးသင့်သလဲဆိုတာ သိကြပြီလို့ထင်ပါတယ်။အဆုံးထိဖတ်ပေးလို့ ကော်ဖီချစ်သူတို့ကို မင်မင်အချောလေးက အထူးကျေးဇူးတင်ပါတယ်....
☕☕☕☕☕☕☕☕☕
Coffee Chit Thu
100%Arabica Coffee
since 2022

Photos from Coffee Chit Thu's post 28/02/2022

နွေရာသီမှာ ရွှေရင်အေးအောင်
သံပုရာပူရှိန်း ကော်ဖီအေး
လုပ်သောက်ကြရအောင်😍

Photos from Coffee Chit Thu's post 27/02/2022

☕️ကော်ဖီချစ်သူတို့ရေ .....
ကိုယ်တိုင်ထုတ်လုပ်ရောင်းချနေတဲ့
Coffee Chit Thu
100% Arabica coffee
Net -110 g
မေမြို့ဒေသထွက် နှပ်ကော်ဖီမှုန့်စစ်စစ်ကို

🗓️မတ်လ (၁) ရက်နေ့ကစပြီး စျေးနှုန်းပြောင်း သတ်မှတ်တော့မှာ ဖြစ်တဲ့အကြောင်း အားနာစွာနဲ့ ကြိုတင်သတင်းလေးပေးပါရစေနော် .... 😥

📌(အစစအရာရာ စျေးတက်နေတဲ့အချိန်ကာလမို့ မဖြစ်မနေအားနာစွာနဲ့ စျေးတက်ရတာပါ။ ကော်ဖီစေ့စျေးကျရင်ကျသလို စျေးနှုန်းပြန်ပြင်ပေးသွားမှာပါနော်။ ခေတ်ကာလအခြေအနေကို နားလည်စွာနဲ့ အားပေးနေသူအပေါင်းကိုလည်း ကျေးဇူးအထူးတင်ရှိပါတယ်နော်)

🏠 ပင်ရင်း။
ပြင်ဦးလွင်မြို့၊
09765136311

18/02/2022

Good Day
Everyone🤗

11/02/2022

ကဲ..ဒီတစ်ခါတော့ အားလုံးသိချင်နေကြတဲ့ Light Roasting Method(အပျော့လှော်ခြင်း)အကြောင်းကို ဖော်ပြပေးလိုက်ပါတယ်နော်🤗.......☕☕☕......
So..What is light roast?
အပူချိန် 350°မှ400°F (ကြာချိန်အားဖြင့်ပထမအက်ကွဲခြင်း first crack )အထိ ​လှော်ထားသော အဆီလုံးဝမရှိတဲ့မျက်နှာပြင်နဲ့ အညိုဖျော့ရောင် ကော်ဖီစေ့များကို မြင်ရင်တော့ ဒါဟာLight Roasted Coffeeဆိုတာ သိနိုင်ပါတယ်..
အပျော့လှော်ခြင်းရဲ့အကျိုးဆက်အဖြစ် အက်ဆစ်ဓာတ်ကြွယ်ဝစွာ ပါဝင်တာကြောင့် နုညံ့ပြတ်သားတဲ့ အချဥ်ဓာတ်ကို ခံစားရစေမှာဖြစ်ပြီး Dark Roasted coffeeများနဲ့ ယှဥ်ရင်တော့ အခါးဓာတ်ဟာ သိသိသာသာလျော့နည်းနေမှာဖြစ်ပါတယ်..
ဒါပေမဲ့ ခေတ်မီတဲ့နည်းစနစ်ဖြစ်တာကြောင့် သူ့ရဲ့အားသာချက်အနေနဲ့ကတော့ ကော်ဖီစိုက်ပျိုးထွက်ရှိရာမူလဒေသရဲ့ အငွေ့အသက်တွေကို အပြည့်အဝထိန်းသိမ်းထားနိုင်တာပဲဖြစ်ပါတယ်.ဒါကြောင့် Light Roast ကော်ဖီများရဲ့ အနံ့နဲ့အရသာများဟာ ထွက်ရှိရာဒေသကိုလိုက်ပြီး ပန်းရနံ့ သစ်သီးရနံ့ မြေသင်းရနံ့တို့ ပါဝင်နေပြီး အမျိုးမျိုးကွဲ ပြားနေတတ်ပါတယ်.
Special Coffeeအမျိုးအစားဖြစ်တာကြောင့် ကျွမ်းကျင်သောကော်ဖီပညာရှင်များအတွက်သာမက စိတ်လှုပ်ရှားစရာ အရသာအသစ်နှင့်အတွေ့အကြုံသစ်များကိုခံစားလိုသော ကော်ဖီဝါသနာရှင်များအတွက်ပါ သင့်တော်သောအမျိုးအစားတစ်ခုဖြစ်ပါတယ်..

08/02/2022

ကိုယ့်ရဲ့ ​ချစ်ခြင်းမေတ္တာကို စကားလုံးတွေနဲ့ပဲ ဖော်ပြနေတုန်းလား 😏
နှလုံးသားထဲထိ စွဲမြဲသွားစေမဲ့ အနံ့အရသာနဲ့ Coffee Chit Thu ဟာ Valentine day အမီ သင့်ရဲ့ ချစ်ခြင်းတွေကို ဖော်ပြဖို့ ကွက်တိပဲဆိုတာ အပြည့်အဝယုံကြည်လိုက်နော် 😍

01/02/2022

''ကော်ဖီလှော်ခြင်း အနုပညာ''
''The Art Of Coffee Roasting''..........☕☕☕.........
မင်မင်တို့နေ့စဥ်သောက်နေကြတဲ့နှပ်ကော်ဖီမှုန့်ဆိုတာ ကော်ဖီသီးအမှည့်ကရတဲ့ အစေ့တွေကိုကာလတစ်ခုအထိ အခြောက်ခံထားပြီး စနစ်တကျ ​လှော်ကြိတ်ပြီးမှ ရရှိလာတာဖြစ်ပါတယ်။ဒါကြောင့် ကော်ဖီမှုန့်မဖြစ်ခင် ​လှော်ခြင်းအဆင့်ဟာ အရည်အသွေးမြင့်ကော်ဖီထုတ်လုပ်မှုရဲ့ အရေးကြီးတဲ့ လုပ်ငန်းစဥ်တွေထဲမှာ တစ်ခုအပါအဝင်ဖြစ်ပါတယ်။
ယနေ့စျေးကွက်မှာ ရောင်းချနေတဲ့ကော်ဖီမှုန့်တွေရဲ့လှော်ခြင်းအဆင့်သတ်မှတ်ချက်ကို ယေဘုယျအားဖြင့်....
☕light roast(အပျော့လှော်ခြင်း)
☕medium roast(အလယ်အလတ်လှော်ခြင်း)
☕dark roast(အပြင်းလှော်ခြင်း)ဆိုပြီး ခွဲခြားသတ်မှတ်နိုင်ပါတယ်။ဒီထဲကမှ အများဆုံးတွင်ကျယ်စွာ ရောင်းချနေတဲ့ ​လှော်ခြင်းနှစ်မျိုးအကြောင်းကို မင်မင်အချောလေးက ဗဟုသုတအနေနဲ့ ဖော်ပြပေးလိုက်တယ်နော်။🤗
☕Medium Roasting Method☕
(အလယ်အလတ်လှော်ခြင်း)
အညိုဖျော့ရောင်လေးရအောင် ​လှော်ထားသောလတ်ဆတ်သော ကော်ဖီစေ့များရဲ့မျက်နှာပြင်ဟာ အဆီမပြန်ပဲ ရှိနေမယ်ဆိုရင် Medium Roasted Coffeeလို့သတ်မှတ်နိုင်ပါတယ်။လှော်ခြင်းအဆင့်ကိုပထမကွဲအက်ခြင်း(first crack)ကိုကျော်ပြီး ဒုတိယကွဲအက်ခြင်း(second crack)မတိုင်မီထိလှော်ရသောကြောင့် အက်ဆစ်ဓာတ်အချို့ရှိနေတတ်သဖြင့် ထူးခြားနုညံ့သော အချဥ်ဓာတ်ကို ပေးစွမ်းနိုင်ပါသည်။ဒါတင်မကသေးပဲ Medium Roasting Method ကြောင့် ကော်ဖီစေ့များဟာ ၎င်းတို့စိုက်ပျိုးထွက်ရှိရာ ဇာတိမြေဒေသ၏မူလ အသွင်အပြင်(သစ်သီးရနံ့၊ပန်းရနံ့၊မြေသင်းရနံ့စတာတွေ)ကိုအနည်းငယ် ခံစားသက်ဝင်ရရှိစေပါတယ်။ကော်ဖီရဲ့ အ​ရောင်အဆင်း၊ရနံ့ နဲ့ သိပ်သည်းမှုဟာလည်း အလယ်အလတ်မျှသာ ဖြစ်သောကြောင့် ပြေပြစ်နုညံ့တဲ့အခါးဓာတ်နဲ့ကော်ဖီတစ်ခွက်ကို ခံစားလိုသူတို့အတွက် Medium Roasted Coffee ဟာ အထူးသင့်တော်လှပါတယ်။..
☕Dark Roasting Method☕
(အပြင်းလှော်ခြင်း)
မူလကော်ဖီစေ့ရဲ့နှစ်ဆခွဲအရွယ်ရောက်အောင်ဒုတိယအက်ကွဲခြင်း(second crack)ကျော်သည်အထိလှော်ထားသော အနက်ရောင်နီးပါးဖြစ်နေသည့်ကော်ဖီစေ့များကို တွေ့ရင်တော့ Dark Roasted Coffee လို့ သတ်မှတ်နိုင်ပါတယ်။လှော်တဲ့အချိန် ပိုကြာသလို အပူချိန်လဲ ပိုမြင့်တာကြောင့် ကော်ဖီရဲ့သိပ်သည်းမှု ပိုမိုလေးလံကြွယ်ဝစေပြီး မျက်နှာပြင်တွင် အဆီလွှာပါးပါးကလေးရှိနေတတ်ကာ ဆွဲဆောင်မှုရှိသော မီးခိုးသင်းရနံ့ကိုလဲ ထိန်းသိမ်းထားပေးပါသည်။သုံးဆပိုမွှေးသော အနံ့(Aroma)နဲ့ နုညံ့လေးလံသောအခါးဓာတ်(Richness)တို့အချိုးကျ ပေါင်းစပ်မှုက Dark Roasted Coffeeရဲ့ ဆွဲဆောင်မှုအဖြစ် တည်ရှိလို့နေပါတယ်။ပြည့်ဝခါးသက်တဲ့ အနံ့အရသာကို ခံစားလိုတဲ့ ကော်ဖီချစ်သူတို့အတွက်ကတော့ Dark Roasted Coffeeက အသင့်တော်ဆုံး ဖြစ်ပါလိမ့်မယ်။...

Light Roasting Method အကြောင်းက ဖော်ပြစရာတွေများလို့ နောက်မှ postသတ်သတ်တစ်ခုဖြင့် မင်မင်ရေးပေးပါဦးမည်။...
အဆုံးထိဖတ်ရှုပေးလို့ ကျေးဇူးတင်ပါတယ်

Photos from Coffee Chit Thu's post 31/01/2022

မေမြို့ရဲ့ကော်ဖီခြံတွေရောက်တိုင်း
ကော်ဖီကြိုက်တဲ့ ကော်ဖီချစ်သူတွေကို သတိရပါတယ် ....

အရသာရှိရှိ ကော်ဖီစစ်စစ်သောက်ဖို့
အခုပဲ Coffee Chit Thu ရဲ့
ကော်ဖီကို မှာယူလိုက်ပါနော် ...

☕ Coffee Chit Thu ☕
မေမြို့ဒေသထွက်
သဘာဝနှပ်ကော်ဖီမှုန့်စစ်စစ်
☕☕☕☕☕☕☕☕☕☕☕

အရည်အသွေးကောင်းမွန်သော ကော်ဖီစေ့များကိုသာ ရွေးချယ်စိစစ်ပြီး လှော်/ကြိတ် ထားတာမို့ 100% Arabica coffee ဖြစ်ကြောင်း အာမခံပါတယ် ☕

🌸 ပင်ရင်း 🌸
Coffee Chit Thu
ပြင်ဦးလွင်
09765136311

Photos from Coffee Chit Thu's post 25/01/2022

ကော်ဖီချစ်သူတို့ရေ

မိမိတို့ရဲ့ တန်ဖိုးရှိတဲ့နေ့တစ်နေ့ကို မေမြို့ဒေသထွက် ကော်ဖီစစ်စစ်
Coffee Chit Thu ရဲ့
(100% Arabica coffee) နဲ့ စတင်လိုက်ပါနော် ...

Quality ကို အဓိကထားတာမို့ ယုံကြည်စိတ်ချစွာ အားပေးနိုင်ပါတယ် အမြို့မြို့အနယ်နယ်ကိုလည်း ပို့ပေးပါတယ်။

မှာမယ်ဆိုရင် Page ရဲ့ chat box (သို့) ဖုန်းဆက်ပြီး Hello လိုက်ပါနော် -

***Coffee Chit Thu***
***Pyin Oo Lwin***
☎️ 09765136311

(**** ပုံလေးကတော့ မေမြို့ရဲ့ ချယ်ရီပွင့်ချိန်လေးပါ)

Photos from Coffee Chit Thu's post 23/01/2022

☕ Coffee Chit Thu ☕
မေမြို့ဒေသထွက် သဘာဝနှပ်ကော်ဖီမှုန့်စစ်စစ်
Net - 110 g
☕☕☕☕☕☕☕☕☕☕☕☕
ဓာတုဗေဒ ပစ္စည်း လုံးဝ(လုံးဝ) မပါ,ပါ ....
အရည်အသွေးကောင်းမွန်သော ကော်ဖီစေ့များကိုသာ ရွေးချယ်စိစစ်ပြီး လှော်/ကြိတ် ထားတာမို့ 100% Arabica coffee ဖြစ်ကြောင်း အာမခံပါတယ် ☕

🌸 ပင်ရင်း 🌸
Coffee Chit Thu
ပြင်ဦးလွင်
09765136311

21/01/2022

☕စွဲမက်ဖွယ် အနံ့အရသာ☕
💘ရင်ထဲထိနေရာယူထားတာ💘
✔Coffee Chit Thu ပါ✔..........
100% Arabica Coffee ကိုမှ ကြိုက်နှစ်သက်သူတို့အတွက် ပြင်ဦးလွင်ဒေသထွက် သဘာဝနှပ်ကော်ဖီမှုန့်စစ်စစ်လေး လာပါပြီ.....
Dark Roasting Method ကြောင့် သုံးဆပိုမွှေးတဲ့ ရနံ့...
လက်ဖျော်(နှပ်ဖျော်)အတွက် အသင့်တော်ဆုံး အဖတ်လုံးဝမကျန်တဲ့ Fine Ground အနေအထား...စတာတွေက သင့်ရဲ့ Coffee ကောင်းကောင်းကိုမှ သောက်ချင်နေတဲ့ ဆန္ဒတွေကို ပြည့်ဝစွာ ဖြည့်ဆည်းပေးမှာပါ...
Coffee Chit Thu 100%Arabica Coffeeမှုန့်ကို 110g အထုပ်များဖြင့် ဝယ်ယူရရှိနိုင်ပါပြီ...
ပြင်ဦးလွင်မြို့တွင်းဆို Free Delivery ပို့ဆောင်ပေးမည်ဖြစ်ပြီး ကျန်မြို့နယ်များသို့ အိမ်အရောက် သို့မဟုတ် ကားဂိတ်အရောက် ဝယ်သူဘက်မှ Delivery ခရှင်းစနစ်ဖြင့် ဝယ်ယူအားပေးနိုင်ပါပြီ....
ကော်ဖီကောင်းကောင်းကြိုက်သူတို့ လုံးဝ လက်မလွှတ်သင့်တဲ့ အဖော်မွန်လေးမို့ မြန်မြန်သာမှာလိုက်တော့နော်....

20/01/2022

ချယ်ရီဆိုတာ ဆောင်းမှတ်တမ်းအဖြစ်ရင်ထဲမှာကျန်ရစ်သလို
100%arabica coffeeဟာလည်း သင့်ဘဝရဲ့မှတ်တမ်းလေးတစ်ခုအဖြစ် နှလုံးသားထဲ ကျန်ရစ်ပါရစေ..
Coffee Chit Thu
ပြင်ဦးလွင်ဒေသထွက်
သဘာဝနှပ်ကော်ဖီမှုန့်စစ်စစ်

Photos from Coffee Chit Thu's post 17/01/2022

စစ်မှန်တဲ့ ချစ်ခြင်းမေတ္တာဟာ နှလုံးသားထဲမှာ ဘယ်တော့မှပျောက်ပျက်မသွားသလို
Coffee Chit Thuရဲ့ပြည့်၀တဲ့အနံ့အရသာဟာလည်း အိမ်မက်ကမ္ဘာထိ ပျောက်ကွယ်သွားမှာ မဟုတ်ဘူးဆိုတာ ယုံ.......

14/01/2022

မင်္ဂလာပါ
Coffee Chit Thu
100% Arabica coffee
မေမြို့ဒေသထွက်နှပ်ကော်ဖီမှုန့်စစ်စစ်ကို 110grams အထုပ်လေးများနဲ့ထုတ်လုပ်ထားပါတယ်
(ပုံမှန်ခွက် ၁၂ခွက်မှ ၁၅ခွက်အထိဖျော်နိုင်ပါတယ်....)
ပြင်ဦးလွင်မြို့တွင်းဆိုရင် free delivery စနစ်ဖြင့်ပို့ဆောင်ပေးနေပါတယ်...
ကျန်မြို့နယ်များ ကို Royal Express ဖြင့် ဝယ်သူဘက်မှ ပို့ခပေးသောစနစ်ဖြင့် အနယ်နယ်အရပ်ရပ်သို့ ပို့ဆောင်ပေးနေပါတယ်နော်

13/01/2022

*အမှတ်တံဆိပ်*

ပြင်ဦးလွင်ဒေသထွက် သဘာဝနှပ်ကော်ဖီမှုန့်စစ်စစ်
100% Arabica Coffee
Net-110g

အမြို့မြို့အနယ်နယ်သို့ Royal Express ဖြင့် delivery ပို့ဆောင်ပေးပါသည်။

ပင်ရင်း
ပြင်ဦးလွင်
09765136311

Want your restaurant to be the top-listed Restaurant in Maymyo?
Click here to claim your Sponsored Listing.

Videos (show all)

Coffee Chit Thu ရဲ့ big ကာကာတို့အကြိုက် ခုလှော်ခုကြိတ် ရောင်းပေးတဲ့ ပြင်ဦးလွင်ဒေသထွက် Arabica coffee  100% (ကော်ဖီမှုန်...
Good Day Everyone🤗

Category

Telephone

Website

Address

Maymyo

Opening Hours

Monday 09:00 - 18:00
Tuesday 09:00 - 18:00
Wednesday 09:00 - 18:00
Thursday 09:00 - 18:00
Friday 09:00 - 18:00
Saturday 09:00 - 18:00
Sunday 09:00 - 17:00

Other Cafes in Maymyo (show all)
Mary Mother Mary Mother
Thumingalar Yart Quat အ ထ က ၂ကျောင်း, နန်းရိပ်ညိုကလေးအထည်ဆိုင်ရှေ့လမ်း, Pyin Oo Lwin
Maymyo

Pizzaချည်းပဲစားမလား pizza food boxလေးလိုအစုံစားမလား?

Nan Myaing Cafe' & Bistro Nan Myaing Cafe' & Bistro
Mandalay-Lashio Main Road, In Front Of Defence Service Acadamy, Pyin Oo Lwin
Maymyo, 0581

Nan Myaing Cafe' & Bistro located in Pyin Oo Lwin City, Mandalay, Myanmar. We serve very unique Coffee with all day specialty breakfast, classic lunch and dinner menu in Coloneil v...

M Bread House M Bread House
337a Seit Pyo Yay Road
Maymyo

M Bread House သည် ပြင်ဦးလွင်မြို့ ၃၃၇က စိုက်ပျိုးရေးလမ်း ရကက၆ မှာဖွင့်လှစ်ထားပါသည် ❣️

မေမြို့ Tiny House Pyin Oo Lwin မေမြို့ Tiny House Pyin Oo Lwin
ရပ်ကွက်ကြီး ၁၃
Maymyo

Bed and Breakfast Tiny House Experience Oriental Kitchen Healthy Meałs Service

Ying Ying Ying Ying
Maymyo

Freshly baked everyday � 100% handmade with premium quality ingredients . Baked with love �

WINKY's Foods Family WINKY's Foods Family
76, Nawarat Street
Maymyo

We bake for taste.We care your health

Garden Cafe Garden Cafe
No. 94 , 4 Street , Near Shwe Zigon Pagoda , Block 8 , Pyin Oo Lwin
Maymyo, 05081

Garden Cafe Is A Classic Design And International Standard Cafe Shop In Town. We Served Malaysian Fo

Cafe 99 Pyin Oo Lwin Cafe 99 Pyin Oo Lwin
အမှတ်(၆၄)၊ရပ်ကွက်ကြီး(၂)၊မန္တလေး/လားရှိုးလမ်းမကြီး၊စံပြကွေ့အနီး
Maymyo

အရသာကောင်းမွန်တဲ့စားသောက်ဖွယ်ရာမျ?

King Star Cafe King Star Cafe
Maymyo

Food and Drinks

Hello Restaurant Hello Restaurant
(21) Big Quarter, Moe Jue San Pya, Upper Ywa Ma
Maymyo, 05081

Eat good feel good