Moe Yape Nyo-စာတို

Moe Yape Nyo-စာတို

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Moe Yape Nyo-စာတို, Poet, Monywa.

21/03/2024

ချစ်ခြင်းမေတ္တာက vector ဆန်တယ်
ပမာဏ(magnitude) တူရုံနဲ့လည်းမရဘူး
လားရာ(direction)လည်းတူမှ
ဘုရားတပည့်တော် နားလည်ပါပြီ ဘုရားပေါ့။

08/02/2024

***ရန်သူက သူ့တို့$လုပ်သူတို့လုပ်သွားတယ်😷***
-ရန်သူဟာ ရန်သူပါပဲ
-မိတ်ဆွေကောင်းဖစ်လာမယ်လို့ မင်းမျော်လင့်နေရင် မင်းမှားမယ်.....ထပ်ထပ်ခါခါ မင်းခံရလိမ့်မယ်...🙂

08/02/2024

တစ်ယောက်ဆိုတစ်ယောက်ပဲ
စွဲစွဲမြဲမြဲ ချစ်တတ်တဲ့သူမို့
မင်းဘက်က စိတ်ပူစရာမလိုပါဘူး။

07/02/2024

ငါ့ကိုယ့်ငါလည်း ပျော်အောင်မနေတတ်သလို
အနားကလူတွေကိုလည်း ပျော်ရွင်မှုတွေမပေးနိုင်ပါဘူး
ငါကအဲ့လောက်ထိ စိတ်ပျက်စရာကောင်းပါတယ် ။

05/01/2024

အဆင်ပြေလားဆိုတော့
အဆင်မပြေပါဘူး
အဆင်မပြေဘူးလားဆိုတော့လည်း
အဆင်ပြေပါတယ်ပေါ့....

26/12/2023

မသိလို့ပါ....
Christmas dayမှာ တစ်နိုင်ငံလုံး
ခရစ်ယာန်တွေဖြစ်သွားတာလား..

23/12/2023

ဘယ်လောက်ပဲသည်းခံပြီး
ပြောင်းလဲပေးနေပါစေ
တစ်ဖက်လူကပြောင်းလဲချင်မှဖြစ်တာ
ထွက်သွားချင်တဲ့သူကတော့ထွက်သွားမှာပဲ
ကျနော်တို့မှာဆွဲထားပိုင်ခွင့်မရှိဘူး။

သက်ရောက်မှုတိုင်းမှာလည်းတန်ပြန်သက်ရောက်မှုရှိချင်မှရှိတာ
တစ်ဖက်ကရှေ့မဆက်ချင်တော့တဲ့
နေခဲ့ရမှာပဲမလား...။

ကိုယ့်အတွက်ဘာမှပြောင်းလဲမပေးနိုင်တဲ့သူ၊
ဘယ်လောက်ပဲပြုပြင်ပေးနေပါစေ
ဘာမှထူးခြားမလာတဲ့သူတစ်ယောက်အတွက်
ထပ်ပီးအချိန်တွေအကုန်မခံပါနဲ့
ကိုယ့်ကိုတန်ဖိုးထားတဲ့အရပ်မှာရှင်သန်ပါ။

22/12/2023

တစ်လောကလုံးနဲ့ တစ်ယောက်
လဲပြီးရွေးရဲခဲ့လဲ ၊

တစ်လောကလုံးကို ဆုံးရှုံးရတာသာ
အဖက်တင်ခဲ့ပါတယ်။

နင့် စွန့်လွှတ်နိုင်တာ သိရလို့လည်း
ဝမ်းသာတာပဲ။

ကျေးဇူးလည်းသိပ်တင်ပါတယ်
လွမ်းတတ်စေခဲ့လို့လေ ။ ။

#ဂျူပီတာဒီး

14/12/2023

ပြေးလမ်းပေါ်က စမှတ်မှာ ပြိုင်ပွဲဝင်ဖို့ ရေသတ္တဝါ ၄ မျိုး အရှိန်ယူနေကြတယ်..

Attitude (စိတ်နေသဘောထား) ၄ မျိုးလည်း မြင်ရတယ်

၁- ငါမြန်တယ်ဆိုတဲ့ မာနနဲ့ ကိုဂဏာန်း
၂- သူတစ်ပါးထက်သာလိုတဲ့ ဆန္ဒ နဲ့ ကိုပုစွန်ထုပ်
၃- နားမလည်သော်လည်း ဝင်ပါမိနေတဲ့ ကိုငါးရှဉ့် နဲ့
၄- ဒါက အသာလေးပါဆိုတဲ့ ပေါ့ပျက်ပျက်နဲ့ စိတ်ကြီးဝင်နေတဲ့ ကိုရေဘဝဲ

ဒိုင်လူကြီးဖြစ်တဲ့ ငါပူတင်းကြီးက အားလုံးတချိန်တည်းပြေးနိုင်ဖို့ သေနတ်ပစ်ဖောက် အချက်ပြပေးတယ်..

အသံကြားတာနဲ့ တပြိုင်တည်း

➡️ အားလုံးက "ကိုယ်ပြေးတတ်တဲ့ ပုံစံအတိုင်းပြေးကြတယ်"

ကိုဂဏာန်းက ဘေးတိုက်ပြေး
ကိုပုစွန်ထုပ်က နောက်ပြန်ပြေး
ကိုငါးရှဉ့်က တွင်းထဲပြေးပြီး
ကိုရေဘဝဲက အပေါ်ကိုခုန်ပြေးကြတယ်

သူတို့အားလုံးက ပြေးပေမယ့်

ပြေးလမ်းရဲ့ သဘောသဘာဝကို နားမလည်ကြပါဘူး..

ကိုယ်လုပ်နေကြထုံးစံအတိုင်းပြေးတဲ့အတွက်.. ပန်းတိုင်ရောက်ဖို့မပြောနဲ့.. စမှတ်တောင် မကျော်နိုင်ပါဘူး..

ဒီပုံလေးကြည့် ဒီစာလေးဖတ်ပြီး ရလိုက်တဲ့ သင်္ခန်းစာက

ပင်လယ်စာ ဟော့ပေါ့ စားချင်သွားပြီလို့…
😥😥

03/12/2023

ပျံလိုက ပျံနိုင်တယ်
နားလိုက နားနိုင်တယ်
ဘာကြိုးနဲ့မှမချည်သလို၊
လှောင်ပိတ်လည်းမထားပါဘူး
မင်းစိတ်ရှိသလိုပေါ့ ငှက်ကလေးရဲ့။

06/10/2023

If your shoes don't fit you,
don't blame your feet.
Change into the next sizes
which fit with you.

06/10/2023

မယ်ထွေးဟာ လွတ်မြောက်ခဲ့သလို
လိုချင်ပေမယ့် မမိခဲ့တဲ့ ရွှေစွန်ညို

04/10/2023

အဖေ ကျွန်တော့်ကိုပြောခဲ့ဖူးတဲ့
စကားလေးတစ်ခွန်းရှိတယ်..။

"ဘယ်နေရာမှာမဆို သူ့ဘက် ကိုယ့်ဘက်
မျှတွေးပေးတတ်ရတယ်.."
"ကိုယ့်အတွက်ပဲ ကိုယ်ကြည့်ရင်တော့..
အတ္တသမားပေါ့.."
"ကိုယ့်ဘက်ကိုယ်တောင် ပြန်မကြည့်နိုင်ကြတော့ရင်တော့
အရူးတွေပေါ့တဲ့.."

ထိထိမိမိပါပဲ..။

#ရွှေစွန်ညို-(စွဲ ကဗျာမှ)

04/10/2023

ချစ်ခြင်းမေတ္တာက စျေးကြီးတယ်တဲ့
ကျနော်တစ်ခါလောက်တော့
ဝယ်ကြည့်ချင်သေးရဲ့ ဂျူဒီ

04/10/2023

I should not have loved her at all.
Just now I get hurts really. 👎

02/10/2023

နားလည်သွားတဲ့အခါ
ဆွဲမထားရကောင်းလားဆိုပြီး
မင်းလက်ကလေးကိုလည်း
ပြသနာမရှာတော့ပါဘူး။

29/09/2023

လူတိုင်းမှာ မေ့ပစ်လို့မရတဲ့
အမှတ်တရကိုယ်စီရှိကြတယ်
ဥပမာ...
ကျနော်တို့စတွေ့ခဲ့ကြတဲ့
မိုးရာသီအကုန်ဆောင်းရာသီအကြိုကာလလေးပေါ့💔

28/09/2023

နေကြာပန်းတစ်ပွင့်ဖြစ်ခဲ့ရင်တောင်
ဘဝအဆက်ဆက် မင်းရှိရာအရပ်ကို
ဘယ်တော့မှ မျက်နှာမမူဘူး။

မင်းပေးတဲ့ နွေးထွေးမှုအလင်းတွေက
ကိုယ့်အတွက် မဟုတ်တဲ့အခါ
ပိုနာကျင်ရတာပေါ့ကွာ။

25/09/2023

ထွက်သွားချင်တဲ့သူဟာ
ကိုယ်မဟုတ်ခဲ့သရွေ့
အပြစ်ကင်းပါတယ်။

25/09/2023

ဝေးမယ့်ဝေးတော့လည်း အဆုံးထိပဲဝေးလိုက်ပါတော့လား
ကံကြမ္မာရယ်.....

24/09/2023

"ချစ်ရင် သံသယမထားနဲ့
သံသယရှိရင် မချစ်နဲ့။"တဲ့
ဘယ်လောက်ပဲချစ်ခဲ့ချစ်ခဲ့
သံသယတွေရှိနေရင်
ဝေးရမှာပဲမလား👤💔

23/09/2023

စိတ်ထိခိုက်မှုတစ်ခုက
အလျော်အစားပေးလို့မရဘူး
အဲ့တော့ ထာဝရမဟုတ်ဘူးဆိုရင်
ဖင်သွားမယားကြပါနဲ့
သူ့ဘဝနဲ့သူ ဒီတိုင်းလေး ရှိပါစေ

23/09/2023

ဒါကို မင်းနားမလည်

23/09/2023

ငါမရှိလည်း ပျော်နေနိုင်တဲ့
မင်းကိုအားကျတယ်
မင်းမရှိပဲ မနေတတ်တဲ့
ငါ့ကိုယ် ငါတော့စိတ်ပျက်မိတယ်။

23/09/2023

မင်းမရှိတော့တဲ့ အရပ်ဒေသနဲ့
ငိုချလို့မရတဲ့ စိတ်အခြေအနေတွေမှာ
ရှင်သန်ခြင်းကို ငါစိတ်ကုန်မိတယ်
တခါတလေ မင်းရှိနေရင်ကောင်းမယ်
တခါတလေ ငါမရှိတော့ရင်ကောင်းမယ်။

#ခီယာ

16/09/2023

ကိုယ့်မှာ ပိုင်ဆိုင်တာဆိုလို့
မင်းပဲရှိတာပါ
အခု မင်းကပါထွက်သွားတော့
ဘာပြောကောင်းမလဲပေါ့ကွာ

16/09/2023

ကျနော်က ကင်းကောင်ပါ
သူမနဲ့ကင်းအောင်နေရတယ်လေ။

16/09/2023

ကိုယ်တို့ ဘယ်မှာလွဲခဲ့ကြလည်းဆိုတော့
ကိုယ်တို့ဘယ်မှာမှမလွဲခဲ့ပါဘူး
မင်းကသာ ကိုယ်မရှိတဲ့လမ်းကိုရွေးသွားတာ

16/09/2023

ပြင်းထန်ကွဲအက်နေတဲ့ ဒဏ်ရာတွေကို
ဘယ်သူမှမသိအောင် ထိန်းထားရတာလည်း
အနုပညာပါ

12/09/2023

ဟီးးးဟီးးးး🤭

Want your establishment to be the top-listed Arts & Entertainment in Monywa?
Click here to claim your Sponsored Listing.

Category

Website

Address

Monywa

Other Poet in Monywa (show all)
Artist Than Htay Artist Than Htay
Shandaw Street
Monywa, UNAVAILABLE

Poems Paintings Essays

A Rhyming Poem A Rhyming Poem
Monywa

လိုအပ်ချက်များစွာဖြင့် ......

Bar lar lar Kogyi Bar lar lar Kogyi
မုံရွာ
Monywa

တစ်ယောက်တည်းလွမ်းတစ်ယောက်တည်းဆွေး� တစ်ယောက်တည်းဖီးမယ်