နွေဦးတော်လှန်ရေး - မြိုင်မြို့
မဂၤလာပါ
ပျူစောထီးများအား ဆေးကုပေးနေသော ဆေးဆရာ Droneဗုံးသီးထိ၍ သေဆုံး
မြိုင်၊ဇွန်လ ၁၉၊ ၂၀၂၄။
မြိုင်မြို့နယ်တောင်ပိုင်း တွင်းမ(ပျူ)ရွာမှ ပျူစောထီးခေါင်းဆောင်၏အကို ပျူစောထီးများအား ပင်တိုင် ဆေးကုပေးနေသော ဆေးဆရာ ဦးချစ်လွင်သည် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှချသော Drone ဗုံးသီး ထိမှန်ကာ ဒဏ်ရာပြင်းထန်၍ ယနေ့မနက် ၄:၀၀ခန့်တွင် သေဆုံးသွားကြောင်း သိရပါသည်။
တွင်းမ(ပျူ)ရွာတွင် ရောက်ရှိနေသော အကြမ်းဖက်စစ်ကောင်စီတပ်များ နှင့် ယာဉ်တန်းအား ကာကွယ်ရေးတပ်ဖွဲ့များမှ Drone ဖြင့် ဗုံးသီးချစဉ်ထိမှန်ခဲ့ကြောင်း သိရပါသည်။
အဆိုပါ အသက်(၅၀)ဝန်းကျင်ရှိ ဆေးဆရာ ဦးချစ်လွင်သည် သားဖြစ်သူ PDF အား ငွေကျပ်သိန်း (၅၀)ဖြင့် ကိုယ်တိုင်ဖမ်းဝရမ်းထုတ်ထားသူဖြစ်ကြောင်း သိရပါသည်။
#နွေဦးတော်လှန်ရေး-မြိုင်မြို့
ညနေပိုင်းသတင်း
တွင်းမ(ပျူ)ရွာမှ စစ်အင်အား(၁၀၀)ကျော်ခန့်သည် ယခုညတွင် ပေါက်မြို့နယ် နောပေါက်ရွာသို့ ရောက်ရှိတပ်ဆွဲနေကြောင်း သိရှိရပါသည်။
#နွေဦးတော်လှန်ရေး-မြိုင်မြို့
မြိုင်၊ဇွန်လ ၀၈၊ ၂၀၂၄။
မြိုင်မြို့နယ်တောင်ပိုင်း တွင်းမ(ပျူ)ရွာသို့ အကြမ်းဖက်စစ်ကာင်စီ အင်အား (၁၀၀)ကျော်ခန့် ယမန်နေ့ညနေက ဝင်ရောက်ခဲ့ကြောင်း သိရပါသည်။
ယင်းစစ်ကြောင်းသည် ယနေ့မနက် ၆:၃၀ခန့်တွင် တွင်းမ(ပျူ)ရွာ မြောက်ဘက်သို့ အထွက်ပြခဲ့ပြီး လက်ရှိအချိန်တွင် တွင်းမ(ပျူ)ရွာ နှင့် သာစည်ရွာကြားတွင် ရှိနေသေးကြောင်း သိရပါသည်။
အဆိုပါ အကြမ်းဖက်စစ်ကာင်စီတပ်၏ စစ်ကြောင်းဝင်ရာက်မှုကြောင့် အနီးနားရှိ ဒေသခံပြည်သူများ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရပါသည်။
#နွေဦးတော်လှန်ရေး-မြိုင်မြို့
၁၅၊၅၊၂၀၂၄ ရက် ညနေ ၅း၃၀ အချိန်တွင်
ပခုက္ကူမြို့နယ် ချည်မျှင်ဂိတ်တွင်
ဖောကားသုံးစီးဖြင့် စကစ ခန့်မှန်းအင်အား(၆၀)ခန့်ရောက်ရှိနေကြောင်းသိရ
#နွေဦးတော်လှန်ရေး_မြိုင်မြို့
၁၄၀၅၂၀၂၄ရက်နေ့ ညနေ ၃း၂၀ချိန်တွင် ဂန့်ဂေါခရိုင်၊ဆောမြို့နယ်၊တောမကျေးရွာတွင်
တံတားဦးလေတပ်မှတက်လာသော
Jet fighter သည် အကြောင်းမဲ့လေကြောင်းဗုံသီးချ၊ပစ်ခက်သွားသဖြင့် လူကြီး(၅)ဦး နှင့် ကလေးငယ် (၂)ဦး တို့ သေဆုံးပြီး ထိခိုက်ဒဏ်ရာရ (၇)ဦး၊ (၂)ဦးမှာ (စိုးရိမ်ရ)ကြောင်း သိရှိရပါတယ်။
#နွေဦးတော်လှန်ရေး_မြိုင်မြို့
၁၄/၅/၂၀၂၄ ရက် ညနေ ၃း၂၀ချိန်
တံတားဦး လေတပ်မှ တတ်လာသော
ဂျက်ဖိုက်တာ တစ်စီး ဂန့်ဂေါခရိုင် ၊ဆောမြို့နယ်၊ တောမကျေးရွာ သို့
လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ရာ
လက်ရှိစုံစမ်းချိန်ထိ နေအိမ်တစ်လုံး မီးလောင် ပြီး အရပ်သား အထိအခိုက် ရှိကြောင်း တောမ ရွာခံ သတင်းပေးမှ သိရ
#မိုက်ကယ်
#နွေဦးတော်လှန်ရေး_မြိုင်မြို့
ကချင်လွတ်လပ်ရေးတပ်မတော်(KIA)၊ စစ်ဦးစီးချုပ်၊ အမျိုးသားညီညွတ်ရေးအစိုးရ၊ အမှတ်(၁) စစ်ဒေသ၊ စစ်ဒေသမှူး ဒုတိယဗိုလ်ချုပ်ကြီး R ခေါင်လွမ်း ၁၃ မေ ၂၀၂၄ ရက်တွင် ကွယ်လွန်ခြင်းအတွက် အထူးဝမ်းနည်းကြေကွဲရပါသည်။
၁၄/၅/၂၀၂၄ရက် မနက် ၆း၁၀ ချိန်
မကွေးတိုင်း၊ပခုက္ကူမြို့နယ် တပ်မ(၁၀၁)မှ
ပြည်သူ့ကားများချောဆွဲ၍ ထွက်လာသော
စကစ ယာဥ်တန်း ကား၁၂စီးသည်
ကံလှရွာ သို့ကျော်သွားပြီးဖြစ်ကြောင်းသိရ။
#၁၃
#နွေဦးတော်လှန်ရေး_မြိုင်မြို့
လေကြောင်းတိုက်ခိုက်မှု အန္တရာယ်ကို ရှောင်ရှားနိုင်ရန်အတွက် မြိုင်မြို့နယ်အတွင်းရှိ မြေပြင်ပြည်သူ့အခြေပြုကျောင်းများ နှင့် ပညာရေးလုပ်ငန်းစဉ်အားလုံး ယာယီရပ်ဆိုင်းထားရ
မြိုင်၊ မေလ ၁၂၊ ၂၀၂၄။
အကြမ်းဖက်စစ်ကာင်စီ၏ လေကြောင်းတိုက်ခိုက်မှု အန္တရာယ်ကို ရှောင်ရှားနိုင်ရန်အတွက် မြေပြင်ပြည်သူ့အခြေပြုကျောင်းများ နှင့် ပညာရေးလုပ်ငန်းစဉ်အားလုံး ယာယီရပ်ဆိုင်းထားကြောင်း မြိုင်မြို့နယ်ပညာရေးဘုတ်အဖွဲ့မှ မေလ (၁၂)ရက်နေ့ ဒီနေ့ရက်စွဲဖြင့် ကြေညာလိုက်သည်။
အဆိုပါ ကြေညာချက်တွင် လူမဆန်စွာရက်စက်ယုတ်မာသော စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှု အန္တရာယ်ကို ရှောင်ရှားနိုင်ရန်အတွက် ကျွန်ုပ်တို့ မြိုင်မြို့နယ်အတွင်းရှိ မြေပြင်ပြည်သူ့အခြေပြုကျောင်းများ နှင့် ပညာရေးလုပ်ငန်းစဉ်အားလုံး ယာယီရပ်ဆိုင်းထားကြပါရန် ကြေညာအပ်ပါသည် ဟု ဖော်ပြထားသည်။
#နွေဦးတော်လှန်ရေး-မြိုင်မြို့
ပုံ - Board Of Education-Myaing
10/05/2024
ယနေ့ မနက်၄း၀၀အချိန်ခန့်တွင် တွင်းမ ရွာမှ ထွက်လာသော ခန့်မှန်းအင်အား ၈၀ကျော်ပါ စကစ စစ်ကြောင်းသည် ထန်းတပင်ကျေးရွာ သို့ လက်နက်ကြီး လက်နက် ငယ်များ ပစ်ဖောက် ဝင်ရောက်လာပြီး မီးရှို့ဖျက်စီးနေကြောင်းသိရှိရပါသည်။
#နွေဦးတော်လှန်ရေး-မြိုင်မြို့
၀၈.၀၅.၂၀၂၄ရက်ည ၁၁နာရီအချိန်
ပခုက္ကူခရိုင် ပေါက်မြို့နယ်
အုန်းတော တောင်စုရွာ နှင့် ယာကြီးပြင်ပျူရွာ ကြားသို့ ပေါက်မြို့ပေါ် မှ၁၂၀မမ
လက်နက်ကြီးခမ၁၅လုံးထက်မနည်း
ရမ်းသမ်းပစ်ခက်ခဲ့ပါတယ်
ထိခိုက်ဆုံးရှုံးမှုများကိုတော့
ဆက်လက်စုံစမ်းဆဲဖြစ်ပါတယ်
#နွေဦးတော်လှန်ရေး_မြိုင်မြို့
မြိုင်မြို့နယ်အတွင်း အကြမ်းဖက်စစ်ကာင်စီတပ်မှ ပြည်သူနှစ်ဦးအား သတ်ဖြတ်၊ပြည်သူ့ကာကွယ်ရေး စခန်း နှင့် ပြည်သူပိုင်နေအိမ် (၁၃)လုံးအား မီးရှို့ဖျက်ဆီးသွား
မြိုင်၊ မေလ ၀၈၊ ၂၀၂၄။
ပခုက္ကူတပ်မ (၁၀၁) မှ ထွက်လာသော အင်အား (၈၀)ခန့်ပါ အကြမ်းဖက်စစ်ကောင်စီတပ်သည် ယနေ့မနက် ၅:၂၀ ခန့်တွင် မြိုင်မြို့နယ် တောင်ပိုင်း ကံသစ်ကျေးရွာ အနီးရှိ ပြည်သူ့ကာကွယ်ရေးစခန်းအား ရုတ်တရက်ဝင်ရောက်ကာ မီးရှို့ဖျက်ဆီး၍ ကျေးရွာအတွင်းရှိ ပြည်သူပိုင်နေအိမ် (၁၃)လုံးအားလည်း မီးရှို့ဖျက်ဆီးသွားကြောင်း သိရပါသည်။
အဆိုပါ စစ်ကောင်စီတပ်များသည် ကံသစ်ကျေးရွာအတွင်းသို့ ပိတ်ဆို့ဝင်ရောက်ချိန် ဖမ်းဆီးခံရသော ပြည်သူများထဲမှ အသက် (၄၀) ဝန်းကျင်ရှိ ဦးနန်းအောင် နှင့် ဦးအောင်ဇော်ဦး တို့အား ရက်စက်စွာ နှိပ်စက်ပစ်ခတ် သတ်ဖြတ်သွားကြောင်း သိရပါသည်။
စစ်ကောင်စီတပ်များသည် ကံသစ်ကျေးရွာအတွင်းရှိ ဆိုင်ကယ် (၈)စီးခန့် နှင့် ကား (၂)စီးအား ယူဆောင်သွားပြီး ပြည်သူ(၂၀)ဦးခန့်လည်း ဖမ်းဆီးခေါ် ဆောင်သွားကြောင်း သိရပါသည်။
စစ်ကောင်စီတပ်၏ မီးရှို့ဖျက်ဆီးမှုကြောင့် ပြည်သူ့ကာကွယ်ရေးစခန်းရှိ ခဲယမ်းကျည်များစွာ နှင့် ငွေသား သိန်း (၈၀၀) ကျော် ဆုံးရှုံးသွားကြောင်း သိရပါသည်။
ယူဆောင်သွားသာ ကား (၂) စီးအား ကာကွယ်ရေးတပ်ဖွဲ့များ၏ မိုင်းဆွဲတိုက်ခိုက်မှုကြောင့် လမ်းပိုင်းတစ်နေရာတွင် ထားခဲ့ကြောင်း သိရပါသည်။
#နွေဦးတော်လှန်ရေး-မြိုင်မြို့
၇/၅/၂၀၂၄
မနက်၉း၀၀နာရီဝန်းကျင်တွင် ဆိပ်ဖြူမြို့နယ် ငါးချဥ်ချောင်းရွာ သို့ လစခ၉ -လကတ၃၀၃၆- ကပစ၂၁ ထုတ်နုတ်အင်အား ၇၀ခန့်ဖြင့် စစ်ကြောင်းထိုးဝင်ရောက်ပြီး လက်နက်ကြီးများဖြင့် ပစ်ခတ်နေကြောင်း သတင်းရရှိပါသည်။ ပြည်သူ ၄ဦးကို လူသားဒိုင်းပြုလုပ်ထားဟုသိရှိရပါသည်။
#နွေဦးတော်လှန်ရေး-မြိုင်မြို့
၀၅/၀၅/၂၀၂၄ရက် ညနေ ၅း၁၅ချိန်
ပခုက္ကူခရိုင်/ ပေါက်မြို့နယ် ကျောက်ထစ်ရွာ အနောက်ဘက် သစ်မွှေးခြံ (ခေါ် ) ဥယျာဥ်တွင် Jet Fighter 4 စီးဖြင့် 4ကြိမ်Y12ထောက်ပို့ ဗုံးကျဲလေယာဥ် 1 စီးဖြင့် 6ကြိမ် လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခံရသည်ဟု သတင်းရရှိပါသည်။
၀၅/၀၅/၂၀၂၄ ရက် ညနေ ၆း၄၅ချိန် Y12 ထောက်ပို့ဗုံးကျဲလေယာဥ် 2စီးဖြင့် 3ကြိမ်မြှောက် တိုက်ခိုက်ခံရပါသည်။ စုစုပေါင်း 13ကြိမ် လေကြောင်းတိုက်ခိုက်မှု ပြု လုပ်ခံရဟု သတင်းရရှိပါသည်။ ထိခိုက်ဆုံးရှုံးမှု စုံစမ်းနေစဲဖြစ်သည်။
#နွေဦးတော်လှန်ရေး-မြိုင်မြို့
၂၀၂၄ ခုနှစ်၊ မေလ (၅) ရက်
ပြည်သူ့ကာကွယ်ရေးတပ်မတော် တည်ထောင်ခြင်း (၃)နှစ်ပြည့်ကာလ
ပြည်သူသို့ အစီရင်ခံစာ
၅ မေ ၂၀၂၄
ပြည်သူ့ကာကွယ်ရေးတပ်မတော် တည်ထောင်ခြင်း
(၃)နှစ်ပြည့် အခါသမယ ပြည်သူ့ကာကွယ်ရေး
ရဲဘော်များထံ ပေးပို့သော သဝဏ်လွှာ
၁၉၀၄၂၀၂၄ရက် နံနက်၂း၄၅ချိန်
ပခုက္ကူခရိုင် ပေါက်မြို့နယ်
ဖလံကိုင်းကျေးရွာ
ရောက်ရှိနေသော စကစတပ်
ခန့်မှန်း အင်အား( ၁၅၀)ဦး ဖလံကိုင်းကျေးရွာ
ဘုန်းကြီးကျောင်း မှ တောင်အရပ်သို့
ထွက်ခွာသွားကြောင်း သတင်းရ
၁၁/၀၄/၂၄ ရက်နေ့ ည ၁၀း၃၀ချိန်တွင်
မြိုင်မြို့နယ် တောရွာအနောက်ဘက် သို့
တံတားဦး လေတပ်မှ တိုက်လေယာဥ်ဖြင့်
ဗုံးချသွား ပြည်သူ ၂ ဦးထိ မစိုးရိမ်ရဟုသိရ။
4/4/2024
မနေ့က မြိုင်မြို့ထဲသို့ ဒုတိယအကြိမ် ပြန်လည်ရောက်ရှိနေသော စစ်ကြောင်းသည် 11:00ဝန်းကျင်ခန့်မှာ ချိုင်ဇောက်ရွာ မြောက်ဘက် ဇရပ်နားတွင် ရောက်ရှိနေကြောင်း သိရှိရပါသည်။
#နွေဦးတော်လှန်ရေး-မြိုင်မြို့
3/4/2024
မြိုင် စက်မှု(၂)ထဲသို့ ရောက်ရှိသွားသော စစ်ကြောင်းသည် မြိုင်မြို့ထဲသို့ ဒုတိယအကြိမ် ပြန်လည်ရောက်ရှိနေကြောင်း သိရှိရပါသည်။
#နွေဦးတော်လှန်ရေး-မြိုင်မြို့
2/4/2024
ယနေ့မနက်8:00နာရီခန့်မှာ လင်းကတောရွာအနီးတွင်
မုံရွာ နမခ မှ Mi-35 ဖြင့် လာရောက်ပစ်ခတ်နေကြောင်း သတင်းရရှိပါသည်။
#နွေဦးတော်လှန်ရေး-မြိုင်မြို့
၂/၄/၂၀၂၄ ရက် ၇း၀၀ အချိန်တွင်
ပခုက္ကူခရိုင်၊ပခုက္ကူမြို့နယ်
တပ်မ(၁၀၁) မှ ရိက္ခာကား(၃)စီး ၊ကားလေး(၁)စီး
ခန့်မှန်း အင်အား(၂၅)ဦးခန့်
BPI မွေးမြူရေးတပ်စခန်း သို့
ဝင်ရောက်သွားကြောင်းသိရ။
1/4/2024
မနေ့က မြိုင်မြို့ထဲကိုရောက်တဲ့ စစ်ကြောင်း(၂၀၀)ခန့်ဟာ မြိုင် စက်မှု(၂)ထဲသို့ ရောက်ရှိသွားကြောင်း သိရှိရပါသည်။
#နွေဦးတော်လှန်ရေး-မြိုင်မြို့
၀၁/၀၄/၂၀၂၄ရက်နေ့ ၆း၄၇ အချိန်တွင်
ပခုက္ကူခရိုင်၊ပေါက်မြို့နယ်၊နတ်ဦးယာဥ်တွင်
ရောက်ရှိနေသောစကစယာဥ်တန်းမှ
စကစနှင့်ပျူရှေ့ပြေးအင်အား(၁၃၀)ခန့်သည်
ပခုက္ကူခရိုင်၊ပေါက်မြို့နယ်၊ထန်းတောကုန်းဘုန်းကြီးကျောင်းတွင် ရောက်ရှိနေကြောင်းသိရ။
၃၁/၀၃/၂၀၂၄ရက်နေ့၅း၂၅အချိန်တွင်
ပခုက္ကူခရိုင်၊ပေါက်မြို့နယ်၊ရေပြာရဲစခန်းအား
ပေါက်မြို့နယ် ပကဖအဖွဲ့မှဝင်ရောက်တိုက်ခိုက်နေကြောင်းသိရ။
၆း၁၆ မိနစ်အချိန်ထိ ပခုက္ကူခရိုင်၊ပေါက်မြို့မှ
ပေါက်မြို့နယ်၊အရှေ့မြောက်ပိုင်းသို့
ဦးတည်၍ ၁၂၂မမ ဟောင်ဝစ်ဇာစုစုပေါင်း(၇)လုံးပစ်ခတ်။
31/3/2024
ယနေ့မနက်ပိုင်းက ဆားလင်းကန်နှင့် သရက်ကွ ကြားတွင်ရောက်ရှိနေသော စစ်ကြောင်း(၂၀၀)ခန့်ဟာ မြိုင်မြို့ထဲသို့ ဝင်ရောက်သွားကြောင်း သိရှိရပါသည်။
#နွေဦးတော်လှန်ရေး-မြိုင်မြို့
၃၁/၀၃/၂၀၂၄ရက်၈း၄၂ချိန်တွင်
ပခုက္ကူခရိုင်၊ပေါက်မြို့နယ်၊သားကြီးတောင်
ရေနံမြေတွင်ရောက်ရှိနေသော စကစယာဥ်တန်းမှ
စကစနှင့်ပျူရှေ့ပြေးအင်အား(စိစစ်ဆဲ)သည်
ပခုက္ကူခရိုင်၊ပေါက်မြို့နယ်၊နတ်ဦးယာဥ်တွင်
ရောက်ရှိနေကြောင်းသိရ။
31/3/2024
06:25 ဝန်းကျင်တွင် မြိုင်စက်မှု ၂ မှ အရှေ့ဘက်သို့ ထွက်ခွာသွားသော စခ စစ်ကြောင်းဟာ ဆားလင်းကန်နှင့် သရက်ကွ ကြားတွင်ရောက်ရှိနေကြောင်းသိရှိရပါသည်။
#နွေဦးတော်လှန်ရေး-မြိုင်မြို့
30.3.2024
မနေ့ညက သရက်ကန်ပျူရွာမှာညအိပ်တဲ့ စကစအဖွဲ့ တွေဟာ ဒီမနက် ကိုင်းတောမရွာကိုရောက်ရှိပြီးနောက် ယခုညနေတွင် မြိုင်စက်မှု(၂)ကိုရောက်ရှိသွားသည်ဟု သတင်းရရှိပါသည်။
#နွေဦးတော်လှန်ရေး-မြိုင်မြို့
29/3/2024
18:00 နာရီအချိန်ခန့်တွင် တွင်းမ မှ မြောက်ဘက်သို့ ထွက်ခွာလာသော စခ စစ်ကြောင်းသည် သရက်ကန်ပျူရွာသို့ ရောက်ရှိနေပြီ ဖြစ်ကြောင်းသိရှိရပါသည်။ ခန့်မှန်း အင်အား ၂၀၀ နှင့်အထက် ရှိနိုင်ပါသည်။ စခ စစ်ကြောင်းဟာ လမ်းမကြီးနှင့် ကိုက် ၁၅၀၀ အကွာခန့်မှ ဖြတ်လျှောက်လာတာ ဖြစ်ပါသည်။
21:00 နာရီ လက်ရှိအချိန်ထိ စခ စစ်ကြောင်း ဟာ သရက်ကန်ပျူရွာတွင် ညအိပ် ရပ်နားနေ ပြီး လှုပ်ရှားမှုမရှိသေးပါကြောင်း သတင်းရရှိပါသည်။
#နွေဦးတော်လှန်ရေး-မြိုင်မြို့
Click here to claim your Sponsored Listing.