ဧရာဝတီအားအင်ပညာရေးဘော်ဒါ

ကောင်းမွန်သောပညာရေးသည် ပိုမိုကောင်းမွန်သောအနာဂတ်အတွက် အခြေခံအုတ်မြစ် ဖြစ်သည်

03/11/2022

သားသားမီးမီးတို့ အကြိုက် မြူးမြူးကြွကြွ Letter C song 👯👯👯

Photos from Teacher Aye Education's post 21/10/2022

ယုန်ကလေးဖြူဖြူ ♥ KG ပုံပြင်
# Credit to original uploader

Photos from Teacher Aye Education's post 21/10/2022

ဒဏ်မပေးဘဲ၊ မရိုက်ဘဲ ကလေးကိုဘယ်လိုထိန်းကျောင်းမလဲ🤗🤗🤗
# credit to original uploader

Photos from မူလတန်း သင်ရိုးသစ် အင်္ဂလိပ်စာ's post 19/10/2022
06/10/2022

Building Self Esteem💪💪💪

Self Esteem နိမ့်တယ် ဆိုတာ ကိုယ့်ကိုယ်ကို ကိစ္စအတော် များများမှာ ယုံကြည်ချက် နဲပါးနေတာ၊ ကိုယ့်ကိုယ်ကို ခံစားရတဲ့ ခံစားချက်က မကောင်းတာမျိုး ဖြစ်ပါတယ်။ ဒီလို Low Self Esteem ခံစားနေရပြီ ဆိုရင် လူမှုပတ်ဝန်းကျင် ကိစ္စတွေမှာ ရှောင်ဖယ်နေတာ၊ ကိုယ်ကြိုးစားချင်တဲ့ အရာတွေ အသစ်အဆန်းတွေကိုလဲ စတင်ဖို့ ခက်ခဲတာ၊ ရွေ့ဆိုင်းနေတာ၊ ကိုယ့်အတွက် စိန်ခေါ်မှုလို့ ထင်ရတဲ့ ကိစ္စတိုင်းကိုလဲ ရှောင်ပြေးနေတာမျိုးတွေ ဖြစ်တတ်ပါတယ် ...

ကိုယ့်ကိုယ်ကို လုပ်နိုင်ပါ့မလားလို့ သံသယဝင်တာ၊ သူများတွေကို သံသယအားကြီးတာ၊ လုပ်ဆောင်ရတဲ့ ကိစ္စတွေ အပေါ်မှာ စိုးရိမ်စိတ်၊ ကြောက်စိတ် ရှိနေတာတွေ များပြီး ရေရှည် ပြသနာတစ်ခုအနေနဲ့ ကြုံလာရပြီ ဆိုရင် ကျွန်တော်တို့ရဲ့ နေ့စဉ်လှုပ်ရှား လုပ်ကိုင်မှု ဘဝမှာ အခက်ခဲတွေ ကြုံတွေ့လာကာ Physically & Mentally ကိုပါ ထိခိုက်လာစေနိုင်ပါတယ်။ မထိခိုက်ရင်တောင် အခြားလူတွေထက် ရှေ့ကို ရောက်ဖို့၊ ဘဝခရီးလမ်းကို ရှေ့ဆက်ဖို့က အခက်ခဲရှိနေတတ်ပါတယ် ...

Self Esteem ဆိုတာကတော့ ကိုယ့်ကိုယ်ကို တန်ဖိုးထားမှု၊ ကျွန်တော်တို့ ကိုယ် ကျွန်တော်တို့ မြင်တဲ့ အမြင်ပဲ ဖြစ်ပါတယ်။ Self Confidence ကောင်းပြီး ကိုယ့်ကိုယ်ကို မြင်တဲ့ အမြင်၊ အခြားလူတွေ အပေါ်မြင်တဲ့ အမြင်၊ လောကကြီးပေါ် မြင်တဲ့ အမြင်တွေက Positive ဖြစ်နေမယ် ဆိုရင် Healthy Self Esteem ရှိတယ်လို့ ဆိုရမှာ ဖြစ်ပါတယ် ...

ကိုယ့်ကိုယ်ကို မြင်တဲ့ အမြင်ကောင်းရင် အလုပ်တွေ လုပ်ရကိုင်ရတာ ယုံကြည်မှု ရှိနေမယ်။ သူများ အပေါ်မြင်တဲ့ အမြင် ကောင်းတဲ့ အခါမှာ ပေါင်းသင်းဆက်ဆံရေးမှာ ကောင်းမယ်၊ လူတိုင်းနှင့် သင့်လျော်တဲ့ Relationship တွေကို တည်ဆောက်နိုင်မယ်။ လောကကြီးပေါ် မြင်တဲ့ အမြင်ကောင်းရင် နေရထိုင်ရတာ စိတ်ချမ်းသာမယ်၊ ဘာပဲ လုပ်လုပ် ကျိုးစားရင် အောင်မြင်နိုင်မယ် ဆိုတဲ့ ယုံကြည်ချက်တွေ ရှိနေပြီး နှစ်လိုဖွယ်ကောင်းတဲ့ Life Style တစ်ခုကို တည်ဆောက်နိုင်မှာ ဖြစ်ပါတယ် ...

ဘာလို့ Low Self Esteem ဖြစ်လာရတာလဲ ဆိုတော့ ငယ်ဘဝကနေ အခုချိန်ထိ ရလာတဲ့ ပတ်ဝန်းကျင်က ပြောတဲ့ စကားတွေ၊ ပတ်ဝန်းကျင်က ပေးတဲ့ Experience အတွေ့အကြုံတွေ ကြောင့်ဖြစ်ပါတယ်။ မိဘတွေ၊ အနီးကပ် အုပ်ချုပ်သူတွေ၊ ဆရာ ဆရာမတွေ၊ ဆွေမျိုးသားချင်းတွေ၊ သူငယ်ချင်းတွေ၊ Relationship တွေ၊ နောက်ဆုံး Social Media တွေက ပေးတဲ့ Positive & Negative စကားလုံးတွေ၊ ဝေဖန်သုံးသပ်ချက်တွေ၊ သတင်းတွေ ကြောင့် You are not good enough. လို့ ထင်သွားပြီး တဖြည်းဖြည်း Self Esteem ကျဆင်းလာရခြင်းပဲ ဖြစ်ပါတယ် ...

ဉပမာ - နင်က မတော်ဘူး၊ နင်က ညံ့လိုက်တာ၊ နင်က မလှဘူး၊ နင် လုပ်နိုင်မှာ မဟုတ်ပါဘူး ... စသည်ဖြင့် ငယ်ငယ်က အခြားလူတွေ ဝေဖန် အကြံပြုတဲ့ သတင်း စကားတွေကနေ ကိုယ့်အတွင်း စိတ်ထဲထိ ဝင်ရောက်လာပြီး အရွယ်ရောက်လာသည့်တိုင် ကိုယ့်နားထဲမှာ ကိုယ့်ကိုယ်ကို ပြန်ပြောနေသလိုမျိုး ကြားယောင်လာပြီး ကိုယ့်ကိုယ်ကို ယုံကြည်ချက် မရှိတော့မျိုး ဖြစ်ပါတယ် ...

~ Myo Thiha Kyaw ~ Randy ~

ဒီလို ဆိုရင် Healthy Self Esteem ရှိဖို့ ပထမဆုံး ကိုယ့်ကိုယ်ကို Awareness လေးထားပြီး ကိုယ့်ရဲ့ တွေးခေါ်ပုံတွေကို သတိထားစောင့်ကြည့်ဖို့ လိုပါတယ်။ ပြီးရင် Negative ဖြစ်နေတဲ့ အတွေးအခေါ် အယူအဆ အဟောင်းတွေကို ဒါက ဘာကြောင့် ဒီလိုတွေးရတာလဲ။ ဘယ်တုန်းက စပြီး ဒီလို ထင်နေတာလဲ။ ကိုယ့်ကို ဒါမျိုး ဘယ်သူက ပြောခဲ့လိုလဲ ဆိုတာမျိုးတွေ ပြန်စဉ်းစားကြည့်ပြီး Acceptance, Let go & Healing လုပ်ရပါမယ် ...

ဒါမှ မဟုတ်လဲ Negative အတွေးတွေ နေရာမှာ ကိုယ်ဖြစ်ချင်တဲ့ Positive စာကြောင်း ပြောင်းတွေးပြီး Affirmation အနေနဲ့ ရွတ်လို့လဲ ရပါတယ်။ ငါမလုပ်နိုင်ဘူး ဆိုရင် ငါလုပ်နိုင်ပါတယ် ဆိုတာမျိုးပေါ့။ တချို့သော မကောင်းတဲ့ အတွေးတွေ ကတော့ လွှတ်ကို လွတ်ချ ရပါမယ်။ ဒါမှ ဒီ မကောင်းတဲ့ စိတ်၊ မကောင်းတဲ့ နေရာကနေ လာတဲ့ အတွေးခေါ်၊ အပြုမူ၊ လုပ်ကိုင်ပုံမျိုးနဲ့ ဖြစ်နေတဲ့ ကိစ္စရပ်တွေကို၊ ပတ်ဝန်းကျင်က လူတွေကို သွားပြီး Deal လုပ်မယ် ဆိုရင် မကောင်းတဲ့ ရလဒ်တွေ ပဲ ရလာနိုင်တာမို့ပါ ...

Low Self Esteem ကို မြှင့်တင်ဖို့ အခြားသော နည်းလမ်းတွေ ကတော့ ကိုယ့် ကျွမ်းကျင်တဲ့ အရာတွေ၊ တော်တဲ့ အရာတွေ၊ လုပ်နိုင်တဲ့ အရာတွေကို ရှာဖွေ ချရေးပြီး သေသေချာချာ အသိမှတ်ပြုပါ။ ကိုယ်လုပ်နိုင်တဲ့ အရာတွေ အများကြီး ရှိခဲ့တယ် ဆိုရင် နောက်ထပ် လုပ်နိုင်တဲ့ အရာတွေကလဲ အများကြီး ရှိလာမှာ အသေအချာပါပဲ။ ပြီးရင် ကိုယ့်အတွက် Positive ဖြစ်တဲ့ သူတွေနဲ့ပဲ ဝန်းရံထားပါ၊ Relationship တည်ဆောက်ပါ။ ကိုယ့်ဘေးမှာ ကိုယ့်ကို Negativity တွေချည်း ပြောတာများနေရင် ကိုယ့်ရဲ့ Self Esteem ကျလာပါလိမ့်မယ်၊ ကိုယ့်ကိုယ်ကို ယုံကြည်မှု အားနည်း လာပါလိမ့်မယ် ...

ကိုယ့်ကိုယ်ကို ကြင်နာဖို့၊ Self Love, Self Care ထားဖို့လဲ မမေ့ပါနဲ့။ ကိုယ်စိတ်က ကိုယ့်ကို ပြန်ပြီး ဝေဖန်လာပြီ၊ နောက်ပြန်ဆွဲလာပြီ၊ Negativity တွေ တွေးလာ၊ ပြောလာပြီ ဆိုရင် မတွေးရဘူး၊ မပြောရဘူး၊ အသုံးမကျဘူး ဆိုပြီး အတင်းအကန် မငြင်းဆန်ပါနှင့်။ မိမိကိုယ်မိမိ ပျော့ပျော့ပြောင်းပြောင်း ငြင်ငြင်သာသာ ကိုင်တွယ် တတ်ပါစေ။ ဖြေးဖြေးချင် ပြောင်းယူရမှာပဲ ဖြစ်ပါတယ်။ ပြီးတော့ ကိုယ်မဖြစ်နိုင်တဲ့ အရာတွေ၊ ကိုယ်မလုပ်နိုင်တဲ့ အရာတွေ အကူညီတောင်းခံလာလျှင်လည်း ငြင်းဆန်တတ်ပါစေ။ အားနာပြီး လုပ်ရတဲ့ အခါမျိုးတွေမှာ အမှားပါခဲ့လျှင်၊ မလုပ်နိုင်ခဲ့လျှင် အပြစ်တင် ခံရနိုင်ပြီး ကိုယ့်ရဲ့ Self Esteem ကို ကျစေနိုင်ပါတယ် ...

ကိုယ်စိတ်ဝင်စားသည့် ကိုယ့်အတွက် Challenge ဖြစ်တဲ့ အရာတွေကိုတော့ လေ့လာရင်း၊ သင်ယူရင်း၊ ဖြည်းဖြည်းချင်းစီ စမ်းလုပ်ကြည့်ရင်း ကနေ ကြိုးစားကြည့် စေချင်ပါတယ်။ Self Esteem မြှင့်တင် နိုင်ကြပါစေ ... 💙💙💙

🍀 Myo Thiha Kyaw ~ Randy 🍀

🔸 Life Coach & Spiritual Guidance
🔸 Reiki Energy Healer
🔸 Balance & Healing Chakra
🔸 Personal Development Trainer
🔸 Own Business Management Trainer

🎁 Telegram Channel ~ Please Join Me 🎁
https://t.me/MTHKRandy

03/10/2022

ပေးသူနှင့် ယူသူ
---------------
ဒုတိယတန်းတွင် ဆူညံနေသည်။ ထိုအတန်း၏ ထုံးစံဖြစ်သည်။ မဆူညံလျှင် ဒုတိယတန်းမဟုတ်။ အဘယ်ကြောင့်ဆိုသော် ထိုအတန်းသည် ဆရာမ ခင်လေး၏ အတန်းဖြစ်သောကြောင့်ပင်။

ခင်လေးက သူ့ကလေးတွေနှင့် အမြဲတန်း လှုပ်လှုပ်ရှားရှား၊ တက်တက်ကြွကြွသင်တတ်သည်။ သူ့စတိုင်နှင့်သူ သင်ခြင်းဖြစ်သည်။

ထိုစဉ် ဆရာမ ဒေါ်ယဉ်အေးက ရောက်လာသည်။ သူက စတုတ္ထတန်းနှင့် တတိယတန်းကို တွဲကိုင်ရသူဖြစ် သည်။

“မယဉ်အေး ဘာလဲကွ”

“ဆရာကြီး ကြည့်လုပ်ပါဦး ... ကျွန်မအတန်းမှာ စာမေးပွဲစစ်နေတာ ... ဟိုဘက်က ဆူညံနေတော့ ကလေးတွေက သူ့ဆီကိုပဲ အာရုံရောက်နေတာပေါ့”

“အေး ... အေး ... ငါပြောလိုက်ပါ့မယ်ကွယ်”

ကျွန်တော်က ရုံးခန်းထဲက ထွက်လိုက်ပြီး ခင်လေး၏ ဒုတိယတန်းရှေ့တွင် ရပ်လိုက်သည်။

“ခင်လေး လာဦး”

သူက ကလေးတွေကြားက ထွက်လိုက်ပြီး ကျွန်တော့်ဆီကိုလာသည်။

“ဘာလဲဆရာကြီး”

“လေးတန်းမှာ စာမေးပွဲ စစ်နေတယ်လေကွယ် ... ညည်းအတန်းက ဆူညံနေတာ နည်းနည်းလေး ဆင်ခြင် ပေးလိုက်ဦး”

“ဆရာကြီးရယ် ... ဘယ်လိုလုပ်ရမလဲ ... သမီးက ကလေးတွေကို အပြိုင် ငြင်းခိုင်းနေတာ”

“ဒီလိုလုပ်ပါကွယ် ... ရာသီဥတု ကောင်းနေတာပဲ ... ကျောင်းအောက်က ညောင်ပင်အောက်မှာ သွားသင်လို့ မဖြစ်နိုင်ဘူးလား”

“ဟာ ... ပိုကောင်းတာပေါ့ ဆရာကြီးရယ်”

“အေး ... သွားကြ ... ကလေးတွေကို ဝုန်းဒိုင်းကြဲပြီး ပြေးမဆင်းစေနဲ့ ... တိတ်တိတ်လေး ဆင်းသွားကြ”

“ဟုတ်ကဲ့”

ခင်လေးက ကလေးများနှင့်အတူ ညောင်ပင်အောက်ကို သွားကြသည်။ ညောင်ပင်ကား ကျွန်တော့် ရုံးခန်း အနီးတွင် ရှိနေသဖြင့် သူတို့ပြောတာတွေ အားလုံးကို ကြားနေရသည်။

“ကဲ ... လောကမှာ အကြီးဆုံးတွေကို ဘယ်သူ မြင်ဖူးသလဲ ပြောကြည့်”

“ဆင်ကြီး”

ကလေးတစ်ယောက်က ဖြေသည်

“ကဲ ဆင်ထက်ကြီးတာ ဘယ်သူ မြင်ဖူးသေးလဲ”

“ကျွန်းပင်ကြီး”

ကလေးတစ်ယောက်က အော်သည်

“တောင်ကြီး ... ဟိုးမှာ မြင်နေရတဲ့ ဆင်သေတောင်ကြီးက အကြီးကြီး”

“ဟုတ်ပြီ ... တောင်ကြီးထက် ကြီးတာ မြင်ဖူးသေးလား”

တစ်ယောက်က အော်သည်

“ပင်လယ်ကြီး”

“ပင်လယ်ကြီးကို နင်မြင်ဖူးလို့လား”

“မြင်ဖူးတယ် ... နွေတုန်းက ကျိုက်ခမီကိုသွားတော့ ပင်လယ်ကြီးကို တွေ့ခဲ့ရတယ်”

“ပင်လယ်ကြီးထက် ကြီးတာကို ဘယ်သူ မြင်ဖူးသလဲ”

“မိုးကောင်းကင်ကြီး”

“ဟုတ်တယ် ... ဟုတ်တယ် ... မိုးကောင်းကင်ကြီးက အကြီးကြီးပဲ”

ကလေးတွေ ငြင်းခုန်နေကြသည်။

ကလေးတစ်ယောက်က အော်သည်

“သား ဖေဖေ”

“ဝါး ဟား ... ဟား”

အားလုံးက ဝိုင်းရယ်ကြသည်။

“သားက သားဖေဖေကဘာဖြစ်လို့ အကြီးဆုံး လို့ ပြောနိုင်ရတာလဲကွယ်”

“ဆရာမ ... သားဖေဖေက ဆင်ကြီးကိုလည်း စီးနိုင်တယ်၊ ကျွန်းပင်ကြီးကိုလည်း ခုတ်နိုင်တယ်၊ ဆင်သေတောင် ပေါ်ကိုလည်း ရောက်ဖူးတယ်။ ပင်လယ်ထဲကိုလည်း သင်္ဘောကြီးနဲ့ သွားဖူးတယ်။ ကောင်းကင်ထဲမှာ လေယာဉ်ပျံကြီးလည်း စီးဖူးတယ်တဲ့”

ကလေးတွေကငြင်းကြ ပြန်သည်။ ခင်လေးက ပြောသည်

“ဟုတ်တယ် ... ဘယ်လောက်ပဲ ကြီးသည် ဖြစ်စေ လူသားက အနိုင်ယူတာများတယ်။ လူသားက အကြီးကျယ်ဆုံး ဆိုတာလည်း လက်ခံရမယ်”

ကျွန်တော်က ပြတင်းပေါက်မှ သူတို့ငြင်းခုန်နေသည်ကို သဘောကျသဖြင့် ရပ်ကြည့်နေမိသည်။ ညောင်ပင် အမြစ်လေးပေါ်တွင်ငုတ်တုတ်လေး ထိုင်နေသော သန်းစိုးက သူတို့ထဲကို ဝင်ပြီး မငြင်း။ ပါးစပ်အဟောင်းသား လေးနှင့် ကြည့်နေသည်။ ခင်လေးက မေးသည်

“သန်းစိုး ... သားကရော ... ဘာက အကြီးဆုံးလို့ ထင်သလဲကွယ်”

သန်းစိုးက ခေါင်းလေးငုံ့နေသည်။ သူက ခြေထောက်တစ်ဖက် မသန်သဖြင့် ချိုင်းထောက်လေးနှင့် ကျောင်းကို လာရသူဖြစ်သည်။ ခင်လေးက ရအောင် မေးသည်

“သား ပြောပါဦး ... သားက လောကမှာ ဘာက အကြီးဆုံးလို့ ထင်သလဲကွယ်”

သန်းစိုးက တိုးတိုးလေး ဖြေလိုက်သည်

“မျက်လုံး”

“ဆရာမတို့ မကြားရလို့ ထပ်ပြောပါဦးကွယ် ... ကျယ်ကျယ်လေး”

“မျက်လုံး”

“ဟား ... ဟား ... ဟား”

ကျောင်းသားတွေက ဝိုင်းရယ်ကြသည်

“ဟာ ... မျက်လုံးက သေးသေးလေးဟာကို”

ခင်လေးက

“အားလုံး တိတ်ကြဦး ... သားက ဘာဖြစ်လို့ မျက်လုံးကို အကြီးဆုံးလို့ ထင်သလဲကွယ်”

“ဆရာမ ... သူတို့ပြောနေတဲ့ ဆင်ကြီးကိုလည်း မျက်စိက မြင်တယ် ... ကျွန်းပင်ကြီးကိုလည်း မျက်စိက မြင်နိုင် တယ်။ တောင်ကြီး၊ ပင်လယ်ကြီး၊ ကောင်းကင်ကြီး အားလုံးကို သည်မျက်စိကမြင်နိုင် ကြည့်နိုင်တာပဲ မဟုတ်လား။ ဒါကြောင့် သားက မျက်လုံးက အကြီးဆုံးလို့ ထင်တာ”

“ဟေး ... သိပ်ကောင်းတဲ့ အဖြေပဲကွယ် ... လက်ခုပ်တီးလိုက်ကြပါကွယ်”

“ဖြောင်း ... ဖြောင်း ... ဖြောင်း”

မောင်သန်းစိုး မျက်နှာလေးက ဝင်းလက်သွားသည်။

“ဟုတ်ပြီ လောကမှာ သေးသေးလေးပေမယ့် အထင်သေးလို့မရဘူးနော်။ လူတစ်ကိုယ်လုံးမှာ မျက်လုံးက သေးသေးလေး။ ဒါပေမဲ့ သူ့ရဲ့ မြင်နိုင်စွမ်းက အံ့ဩစရာကောင်းတယ်ကွယ့်။ အားလုံးကို မြင်နိုင်တယ်။ လောကမှာ သေးတိုင်းလည်း အထင်သေးလို့ မရဘူး။ ကြီးတိုင်းလည်း အထင်ကြီးလို့ မရဘူး။ နေရာတိုင်းမှာ သူ့နေရာနဲ့သူ တန်ဖိုးရှိတယ်ဆိုတာ မှတ်ထား။ မင်းတို့ကို သင်ဖူးတယ်လေ။ လက်ချောင်း ငါးချောင်းအကြောင်း ... ဘာတဲ့ ရွတ်ကြည့်စမ်း”

“ဒေါက်တို ... ရန်လို ... သူ့ထက်ကဲ ... ရွှေပြည်စိုး ... ညီပုလေး”

“လက်ချောင်းလေး ငါးချောင်းကလည်း သူ့နေရာနဲ့သူ တန်ဖိုးရှိတာ သင်ဖူးတယ်နော်။ သူကြီးတယ် ငါမြတ်တယ် ငြင်းနေလို့ ပြီးမလား”

“မပြီးပါဘူး”

ထိုစဉ် နေ့လယ်မုန်းစားဆင် ခေါင်းလောင်းထိုးသဖြင့်

“အားလုံး တိတ်တိတ်လေး ကျောင်းပေါ်ပြန်တက်ရအောင်”

သူတို့ကျောင်းပေါ် ပြန်တက်လာကြသည်။

ခင်လေးက ရုံးခန်းထဲဝင်လာသည်။ ပြီးနောက် ထမင်းဘူးလေးကို ဖွင့်ကာ ထမင်းစားရန်ပြင်သည်။

“ဆရာကြီး ထမင်းဘူး မပါဘူးလား”

“မနက်က ထမင်းကြော်တွေ စားထားလို့ ရင်ခံနေတယ်။ မဆာသေးဘူး”

“သမီးကတော့ ဆာနေပြီ”

“ခင်လေး”

“ရှင်”

“စောစောကသမီးတို့ သင်နေတာကို ဆရာ နားထောင်နေတာ။ မောင်သန်းစိုး ပြောတဲ့ လောကမှာ အကြီးဆုံး ဆိုတာ မျက်စိလို့ ပြောလိုက်တာ ကြိုက်သကွယ်”

“အေးနော် ဆရာကြီး သမီးက ထင်တောင်မထားဘူး။ တွေးတတ်လိုက်တာ။ သမီး တစ်ခါမှ အဲဒီလို မတွေးဖူးဘူး"

“အဲဒါပဲကွ ကလေးတွေကို Brain Storming လုပ်ပြီး သင်ရတဲ့အကျိုးတရားတွေ ... ဒါပေမဲ့ ခင်လေး တစ်ခု သိထားဖို့ လိုတယ်ကွယ်”

“ဟုတ်ကဲ့ပါဆရာကြီး”

“ကလေးတွေနဲ့တော့ မြင့်ပါတယ် ... ဒါပေမဲ့ သမီး ဥပမာလေးပေးပြီး သင်နိုင်ရင် အကျိုးရှိမယ့်တစ်ခုပေါ့”

“ဘာများလဲဆရာကြီး”

“လောကမှာ မျက်စိထက် ကြီးတယ် ... စိတ်ပဲကွ ... မျက်စိက မြင်ကွင်းရှိတာလောက် မြင်နေချိန်မှာ စိတ်က ကမ္ဘာပတ်နေပြီ။ ဟိုး မမြင်နိုင်တဲ့ အာကာသထဲတောင်ရောက်နေပြီ။ လကမ္ဘာပေါ်လည်း ခြေချနေပြီ။ မျက်စိနဲ့မမြင်နိုင်တဲ့ အရာအားလုံးကို စိတ်က မြင်နိုင်တယ်၊ ရောက်နိုင်တယ်။ လောကမှာ အကြီးဆုံးဟာ စိတ်ပဲ။ ဒါလေးကို သမီးအနေနဲ့ ဥပမာလေးဆောင်ပြီး ကလေးတွေကို နားလည်နိုင်အောင် ရှင်းပြပါလား”

“ဟာ ဟုတ်တာတာပေါ့ ဆရာကြီးရယ် ... ဒီနေ့တော့သမီး အများကြီး ရလိုက်ပြီ”

“ပညာသင်တယ်ဆိုတာ ကိုယ်ကချည်း ပေးရတာ မဟုတ်ပါဘူးကွယ်။ ကိုယ်က သင်နေရင်းနဲ့ ပြန်ယူနိုင်ရင် အများကြီးပါ”

“အင်းနော်”

နောက်ဆိုလျှင် စိတ်အကြောင်း ခင်လေး မည်သို့သင်မည်ဆိုသည်ကို စောင့်ကြည့်ရပေဦးတော့မည်။

တင်ညွန့်

၃၀.၉.၂၀၂၂

https://m.facebook.com/story.php?story_fbid=5463979373686498&id=100002234690173
ဆရာ ဦးတင်ညွန့်၏ Tin Nyunt account မှ ကူးယူဖော်ပြပါသည်။ account following လုပ်ထားလျှင်
တင်သမျှစာများကို ဖတ်ရှုနိုင်ပါမည်။

25/09/2022

မေမေများ💪💪💪

ကျွန်မရဲ့မေမေများ 💪💪💪

"မေမေတွေဘာကြောင့်အသံကျယ်လောင်လာကြသလဲ?"
တစ်ရက်ကျွန်မကို အမျိုးသားက "မိန်းမရယ် နင့်
အသံက ကျယ်လွန်းလို့ အိမ်ခေါင်မိုးပေါ်ကပ်နေတဲ့ အိမ်မြှောင်တောင် ပြုတ်ကျမှာ။အိမ်မှာ ပိုးဟပ်တွေမရှိတော့တာ နေ့တိုင်း မင်းအော်လွန်းလို့ဖြစ်မယ်" လို့ ခနဲ့လာပါ
တယ်။"ယောကျ်ား အာကျယ်တယ်လို့ ရှင်ပြောနေတဲ့ကျွန်မ
ကလေ အပျိုဘဝတုန်းက အရှက်ကြီးပြီး အသံတိုးလွန်းလို့
လက်ဖက်ရည်ဆိုင်ထိုင်တိုင်း စားပွဲထိုးကို လှမ်းမခေါ်ရဲတဲ့
သူပါနော်။ကျွန်မခုလို အသံကျယ်လာတာ ရှင့်ကြောင့်လေ
သိလား"လို့ ကျွန်မ ပြန်ပြောမိပါတယ်။
မိခင်တစ်ယောက်ရဲ့ နေ့စဉ်ဘဝမှာ အော်ရ/ဟစ်ရ
တာတွေဟာ အဆန်းတော့မဟုတ်ပါဘူး။ဘယ်လောက်ပဲ
ပင်ကို သဘာဝအေးဆေးတဲ့/စကားနည်းတဲ့သူ ဖြစ်ပါစေ။
မေမေတွေဟာ အိမ်ထဲမှာတော့ သားသမီးတွေနဲ့ စကားနည်း
ခွင့်မရကြပါဘူး။မေမေတွေ ဘာကြောင့် အသံကျယ်လောင်လာကြရသလဲ ဆိုရင်
(၁)အကူအညီ မဲ့နေကြလို့ပါ။
မိခင်တစ်ယောက်က အိမ်ထဲမှာ သားသမီးတွေအရေး/ချက်ပြုတ်ရေးတွေကို တစ်နေကုန် ဇယ်ဆက်သလိုလုပ်နေရတဲ့အခါ ပင်ပန်းလာကြပါတယ်။အဲဒီအချိန် ခင်ပွန်းသည်
ဆီကနေ အကူအညီကို မရတဲ့အခါ ပင်ပန်းတာရော စိတ်ဖိစီးမှုပါ ပေါင်းပြီး ဒေါသထွက်လာကြပါတယ်။ကိုယ်က မီးဖို
ထဲမှာချက်ပြုတ်နေတုန်း ကလေးတွေက တအီအီနဲ့တစ်
ယောက်တစ်မျိုး ပူဆာ အလုပ်ပိတ်ရက်ရတဲ့ ခင်ပွန်းသည်
က ဧည့်ခန်းထဲမှာ ခြေလေးဆင်းပြီး TVကြည့် ဒါမှမဟုတ်
ဖုန်းပွတ်နေရင်တော့ မေမေတွေအတွက် ဘီလူးဆိုင်းတီးဖို့
အကောင်းဆုံးပြကွက်ဖြစ်လာပါတော့တယ်။
(၂)အသိအမှတ် မပြုခံရလို့ပါ။
အိမ်မှာ ချက်ပြုတ်ရေးနဲ့သားသမီးတွေကို ထိန်းကျောင်းဖို့က အလုပ်မရှိတဲ့ /အပြင်ထွက်ငွေမရှာတဲ့ မိခင်တွေ
တာဝန်ပဲ ဆိုတဲ့အတွေးနဲ့ မိခင်တွေဘယ်လောက်ပင်ပန်း
ပင်ပန်း အသိအမှတ်မပြုတတ်တဲ့ ခင်ပွန်းသည်တွေကို
ပိုင်ဆိုင်ထားတဲ့ မေမေတွေရဲ့ အသံက တစ်နေ့တခြား
ကျယ်လာင်လာတတ်ပါတယ်။
(၃)ချီးကျူး မခံရလို့ပါ။
ဇနီးသည်က ဘယ်လောက်ပဲ အပင်ပန်းခံပြီး ချက်ပြုတ်
ထားပါစေ။သားသမီးတွေကို အကောင်းဆုံးကြိုးစားပြီး
ပြုစုစောင့်ရှောက်ပါစေ "သူ့တာဝန်ပဲလေ"ဆိုတဲ့စိတ်နဲ့
ဇနီးသည်ကို ကိုယ်ချင်းစားရမှန်းမသိ/အသိအမှတ်ပြုရမှန်း
မသိ/ချီးကျူးရမှန်း မသိဘဲ ဇနီးသည်လုပ်ပေးသမျှ
သူရသင့်တဲ့အခွင့်အရေးလို သဘောထားနေတဲ့ အိမ်ထောင်
ဖက်ကို ပိုင်ဆိုင်ထားတဲ့ မေမေတွေရဲ့ အသံကတော့ ငှက်ဆိုးထိုးသံလို ဖြစ်နေတတ်ပါတယ်။
(၄)အမြဲ အဆိုးမြင်စိတ်နဲ့ အပြစ်တင်ခံရလို့ပါ။
"တစ်နေကုန်အိမ်မှာ နေပြီး ဒီအလုပ်လေးတောင် ပြီး
အောင် မလုပ်နိုင်ဘူးလား။ကလေးတွေကို လိမ္မာအောင်
မဆုံးမထားဘူးလား။အပြင်ထွက်ငွေရှာရတာ လွယ်တယ်
ထင်လို့ လက်ဖွာနေတာလား"စသဖြင့် ဘာလုပ်လုပ် အဆုံး
မြင်ပြီး အပြစ်ရှာပြောတတ်တဲ့ အိမ်ထောင်ဖက်ကိုပိုင်ဆိုင်
ထားတဲ့ မေမေတွေရဲ့ အသံတွေက ကျယ်လောင်နေပါတယ်
(၅)သားသမီးတွေအပေါ် မျှော်လင့်ချက်ကြီးကြီထားမိလို့ပါ။
မိခင်တိုင်းကတော့ ကိုယ့်သားသမီးတွေကို သူများနဲ့
ယှဉ်ရင် အတော်ဆုံး/အလိမ္မာဆုံး သူတွေဖြစ်စေချင်ကြပါ
တယ်။အဲဒီစိတ်တွေကြောင့် သူတို့အပေါ် အားမလိုအားမရ
စိတ်တွေနဲ့ ဖိအားတွေပေးမိတတ်ကြပါတယ်။ဒါကို သား
သမီးတွေက လက်မခံနိုင်တဲ့အခါ မေမေတွေစိတ်ဖိစီးမှု
တွေနဲ့ အသံကျယ်လောင်နေရပါတော့တယ်။
(၆)နားလည်မှုတွေ မပေးခံရလို့ပါ။
"မိန်းမ တစ်နေကုန်အိမ်မှာ ကလေးတွေနဲ့ပင်ပန်းနေ
တော့မှာပဲ။ပိတ်ရက်မှာ ကလေးတွေကြည့်ထားလိုက်မယ်။
မင်း အပြင်ထွက်ပြီး me timeလေး ယူလိုက်နော်"ဆိုတဲ့
ခင်ပွန်းသည်ဆီက ဒီလိုစကားဟာ မိခင်တစ်ယောက်ကို ထီပေါက်တာထက် ပိုပျော်ရွှင်စေပါတယ်။"ကလေးတွေ
ရဲ့အနားကနေ တစ်ဖဝါးမှမခွါနဲ့နော်။ကလေးထိန်းတာ/
ချက်ပြုတ်တာ မိန်းမအလုပ်နော်။ငါတို့ယောကျ်ားတွေနဲ့
မဆိုင်ဘူး"လို့ ခံယူထားတဲ့ ဇနီးသည်ဖက်ကနေ စာနာပြီး
တွေးမပေးတတ်တဲ့ နားလည်မှုမရှိတဲ့ အိမ်ထောင်ဖက်ကို
ပိုင်ဆိုင်ထားတဲ့ မေမေတွေဟာ ရင်ထဲမှာဗလောင်ဆူနေသလို အသံထွက်လည်း ကျယ်လာပါတော့တယ်။
တစ်နေကုန်အိမ်မှာနေရတဲ့ မေမေတွေဟာ အသွေး
အသားနဲ့တည်ဆောက်ထားတဲ့လူတွေပါ။စက်ရုပ်မဟုတ်
တဲ့အတွက် သူတို့ ပင်ပန်းတဲ့အချိန်ရှိသလို အိပ်ရေးမဝတဲ့
ရက်တွေမှာလည်း ​ဒေါသထွက်လွယ်တတ်ကြပါတယ်။ကျွန်မဆိုရင် ညမှာအိပ်မက်ဆိုးမက်ထားရင်တောင် မနက်ကျ
အလိုလိုနေရင်း စိတ်တိုပြီး မှုန်ကုပ်ကုပ်ဖြစ်နေတတ်ပါတယ်
ဒါ​ကြောင့် မနက်အိပ်ယာနိုးလာလို့ မေမေက "ညက
ကလေးက အီနေလို့ အိပ်ရေးမဝဘူး"လို့ ညည်းညူလာရင်
ဖေဖေက မေမေ့ကို နိုင်သလောက်လေး အိမ်မှုကိစ္စကူညီ
လုပ်ပေးကြီး အနားယူခိုင်းသင့်ပါတယ်။မိသားစုထဲမှာ
မေမေ့အသံက လိုအပ်တာထက် ခပ်စိပ်စိပ်ကျယ်လောင်
လာပြီဆိုရင် မိန်းမကို အပြစ်တင်ဖို့အတွက်စိတ်မစောဘဲ
"သူ ဒီလိုဖြစ်အောင် ငါဘာတွေလုပ်မိလဲ?သူ့ကိုဘယ်လို
ကူညီရမလဲ?လို့ အရင်တွေးလိုက်ရင်တော့ မေမေတွေ
စိတ်ရော/ကိုယ်ပါ ကြည်လင်လန်းဆန်းလာပါလိမ့်မယ်ရှင်။
ညနေမိုး(ကလေး)

25/09/2022

Grade 10 English poem🎸🎧💝

25/09/2022

Grade 10 English ထဲကအရမ်းကြိုက်တဲ့ကဗျာလေး👍👍👍

"အချစ်ဆုံးရေ ... ငါသေသွားမှ ...

ငါ့အတွက် အလွမ်းသီချင်းတွေလာမသီပါနဲ့၊

ငါ့ခေါင်းရင်းမှာ နှင်းဆီပန်းတွေလာမချပါနဲ့၊

အမှတ်တရ ဆိုက်ပရပ်သစ်ပင်လည်းလာမစိုက်ပါနဲ့" တဲ့ ...

Montreal မြို့ကမ်းခြေမှာ ဆိုက်ပရပ်သစ်ပင်ကြီးတွေသွားကြည့်ရင်း ကျနော့်အကိုက ဒီကဗျာကိုရွတ်ပြခဲ့တာပါ။

"When I am dead , my dearest" ကဗျာကို အင်္ဂလိပ်ကဗျာဆရာမ Cristina Rossetti ရေးသားခဲ့တာဖြစ်ပါတယ်။

"အဲ့ဒီအချိန်မှာ ငါဟာ အရိပ်တွေကိုလည်းမြင်မှာမဟုတ်၊

မိုးရေစက်တွေကိုလည်း ခံစားနိုင်မှာမဟုတ်၊

နိုက်တင်ဂေးငှက်လေးရဲ့ခံစားချက်နဲ့သီချင်းသီကြွေးသံကိုလည်း ကြားနိုင်တော့မှာမဟုတ်" တဲ့။

အသေးစိတ်ကို ပုံထဲကကဗျာထဲမှာဖတ်ကြည့်ပါ။

ပြောချင်တာက ချစ်ခင်ပွန်း/ဇနီး/မိဘစတဲ့ ကိုယ်ချစ်တဲ့လူတစ်ယောက်ကို တကယ်ချစ်မြတ်နိုးတယ်ဆိုရင် #သူမသေခင်အကောင်းဆုံးဆက်ဆံပါ။

#ကိုယ်ချစ်တဲ့သူဒီလောကကြီးကိုကျောခိုင်းသွားမှ အမှတ်တရသစ်ပင်စိုက်နေလို့လည်း သူသိတော့မှာမဟုတ်၊

သူ့အုတ်ဂူမှာနှင်းဆီပန်းစည်းသွားထားလို့လည်း သူသိနိုင်မှာမဟုတ်၊

သူ့ကိုသတိတရနဲ့ အလွမ်းသီးချင်းဆိုညည်းနေလို့လည်း သူကြားနိုင်တော့မှာမဟုတ်တော့ပါဘူး။

" #မသေခင်အကောင်းဆုံးဆက်ဆံပါ။"

ပြောချင်တာအဲ့ဒါပါပဲ။


24-September -2022

24/09/2022

Verb to be သင်ဖို့သားသားမီးမီးလေးတို့အကြိုက် သီချင်းမြူးမြူးလေး🤗🤗🤗

19/08/2022

ကလေးအပေါ် မကြမ်းနဲ့ပြောတာက
ကလေးမငိုခိုင်းနဲ့ပြောနေတာ
မဟုတ်ပါ

ကလေးကို မရိုက်နဲ့ပြောတာ
ကလေး ရိုင်းတာကြည့်နေဖို့ပြောတာ
မဟုတ်ပါ

ကလေးကို မဆူနဲ့ပြောတာ
ကလေးအမှားလုပ်သမျှ လက်ခံပေးရမယ်ပြောနေတာ
မဟုတ်ပါ။

ကလေးကို မငေါက်နဲ့ပြော
ကလေးလုပ်သမျှ လူကြီးက အလျော့ပေးရမယ်ပြောနေတာ မဟုတ်ပါ။

ကလေးကို မရိုက်မဆူမငေါက်မဆဲပဲ
ကလေးမှားနေတာတွေကို
သင်ခန်းစာအဖြစ် သင်ယူတတ်အောင်
သင်ကိုယ်တိုင် ကလေးကို
နမူနာလုပ်ပြပါ
အချိန်ပေးပါ
ထပ်ခါထပ်ခါ လမ်းပြသင်ပေးပါ

လိုအပ်ရင် အငိုခံပါ အလျော့မပေးရ
လိုအပ်ရင် နမူနာလုပ်ပြပါ အလျော့မပေးရ
လိုအပ်ရင် သီးခံပြပါ အလျော့မပေးရ
လိုအပ်ရင် ပြုံးပြပါ အလျော့မပေးရ
လိုအပ်ရင် နုညံ့ပေးပါ အလျော့မပေးရ
လိုအပ်ရင် အခွင့်အရေးပေးပါ အလျော့မပေးရ
လိုအပ်ရင် ဂရုစိုက်ပေးပါ အလျော့မပေးရ

ကလေးကို မရိုက်မဆူမငေါက်မဆဲပဲ
သင်ကြားပေးနေစဉ်
ကလေးငိုရင်
ကလေးစိတ်မကောင်းရင်
ကလေးကပေါက်ကွဲနေရင်
ကလေးကိုယ်တိုင်က
မိမိစိတ်ကို မိမိထိန်းတတ်အောင်
သင်က နမူနာပြကာ
သင်စိတ်သင်ထိန်းကာ
ကလေးအား သင်ပေးပါ

သင်ထိန်းနိုင်ပါက ကလေးလည်း ထိန်းနိုင်လာပါသည်။

ကလေးများအတွက်
သင်သည် နမူနာလူသားများဖြစ်ပါသည်။

သင်ဖြစ်နိုင်ရင် ကလေးတွေလည်း ဖြစ်နိုင်ပါသည်။

အောင်မြင်ကြပါစေ

နန်းမေသဲအေး

Smart Kids College (Headquarter)
ပြုစုပျိုးထောင်၊ စွမ်းရည်ဖော်ထုတ်၊ လူ့ဘောင်မြှင့်တင်။
NURTURE CHILDREN, DISCOVER POTENTIAL, DEVELOP PEOPLE

9/7/2019
က ရေးခဲ့သော စာစု

Photos from SNB Education's post 04/08/2022
Photos from Raising L,E,L's post 01/08/2022
01/08/2022

🧒ကလေးတစ်ယောက်ရဲ့ အပြုအမူကို နားလည်အောင် ဘယ်လိုကြိုးစားကြမလဲ🧒

ကလေးတစ်ယောက်ကို သေချာထိန်းကျောင်းဖို့ဆိုရင် ကလေးစိတ်ပညာကိုနားလည်ထားဖို့လိုတယ်လို့ ဆိုကြပါတယ်။

ဒါပေမဲ့ ကလေးစိတ်ပညာ (Child Psychology) ဒါမှမဟုတ် ဖွံ့ဖြိုးမှုဆိုင်ရာစိတ်ပညာ (Developmental Psychology) လို့ ပြောလိုက်ရင် စကားလုံးအရမ်းကြီးသလို ခံစားသွားရပြီး မိဘတော်တော်များများအတွက် ခက်ခဲသလိုခံစားရတတ်ပါတယ်။

💦 တကယ်တော့ စာတွေ့နားလည်နေမှ ကလေးတစ်ယောက်ကို အကောင်းဆုံးထိန်းကျောင်းနိုင်မယ်ရယ်လို့တော့မဟုတ်ပါဘူး။

💦 ကလေးတစ်ယောက်ကို အပြုအမူကောင်းတွေဆီတည့်မတ် မောင်းနှင်ပေးသွားမဲ့ ယာဉ်က
မိဘတွေရဲ့ နှလုံးသားထဲမှာရှိပြီးသားပါ။
ချစ်စိတ်ကိုအရင်းခံတဲ့ မေတ္တာကိုအခြေပြုတဲ့ ထိန်းကျောင်းခြင်းတစ်ခုတည်းကပဲ ကလေးတစ်ယောက်ကို ပျော်ပျော်ရွှင်ရွှင်နဲ့ ကြီးပြင်းသွားစေမှာဖြစ်ပါတယ်။

💦 ကလေးတစ်ယောက်ကို အကောင်းဆုံးထိန်းကျောင်းတဲ့နည်းလမ်းကို အရိုးရှင်းဆုံးပြောပါလို့ဆိုရင် ကျွန်တော်ကတော့ "သူ့နေရာမှာဝင်ကြည့်ပါ"လို့ပဲ ဖြေပါမယ်။

လူကြီးတွေအနေနဲ့ ကလေးတစ်ယောက်ရဲ့ နေရာကနေ အပြည့်အဝ ဝင်ခံစားပေးဖို့ အပြည့်အဝနားလည်ပေးဖို့ တကယ်လိုပါတယ်။

ကလေးတစ်ယောက်ဆိုတာ လူကြီးတစ်ယောက်လို ကောင်းခြင်းဆိုးခြင်းတွေရဲ့ အကျိုးနဲ့ အကြောင်းကို အပြည့်အဝနားမလည်သေးပေမဲ့ အချော့ကြိုက်တာ၊ ချိုသာတာကြိုက်တာ၊ ဂရုစိုက်ခံချင်တာ၊ အချစ်ခံချင်တာ၊ ဦးစားပေးခံချင်တာ၊ အနာမခံချင်တာ၊ စွန့်ပစ်မခံချင်တာ စတဲ့ လူသားတစ်ယောက်ရဲ့ “လိုအင် ဆန္ဒ”တွေတော့ အပြည့်အဝရှိပါတယ်။
လူကြီးတွေအောက် နည်းနည်းမှမလျော့တဲ့အပြင် ပိုတောင်ပိုနိုင်ပါသေးတယ်။

💦 ကိုယ်အပြုအမူဆိုးလို့ သတ်မှတ်လိုက်တဲ့ ကလေးတစ်ယောက်ရဲ့ လုပ်ရပ်တစ်ခုကို အပြစ်မတင်ခင် ဆူပူကြိမ်းမောင်းခြင်း မပြုခင်မှာ Why ??? ဆိုတဲ့ မေးခွန်းလေးကို အရင်သတိရပါ။

ဒါဘာကြောင့်ဆိုတဲ့ အကြောင်းရင်းကို အရင်ရှာရပါမယ်။

♟️ကလေးတစ်ယောက်ရဲ့ အပြုအမူဆိုးတွေက ဘယ်ကရောက်လာတာလဲ ?

အဖြစ်နိုင်ဆုံး အကြောင်းရင်း (၃) ခုကို အရင်သတိထားကြည့်ဖို့လိုပါတယ်။

👶 အများဆုံးအချက်ကတော့ အာရုံစိုက်ခံချင်လို့ Attention Seeking လုပ်ခြင်းဖြစ်ပါတယ်။

လူကြီးတစ်ယောက်ရဲ့ အာရုံစိုက်မှုကို ကောင်းမွန်တဲ့ အပြုအမူတွေကနေ မရတဲ့အခါမျိုးမှာ၊ ဒါမှမဟုတ် လူကြီးတစ်ယောက်ကို တူတူဆော့ကစားပေးဖို့ဖြစ်စေ၊ ချီးကြူးမှုတစ်ခုခုလိုချင်တဲ့အခါဖြစ်စေ ကလေးတစ်ယောက်ဆီက ရိုင်းတယ်လို့ တံဆိပ်ကပ်ခံရနိုင်တဲ့ အော်သံတစ်ခုထွက်လာနိုင်ပါတယ်။

ဒီထက်ပိုဆိုးတဲ့ အခြေအနေမျိုးမှာတော့ ဖျက်လိုဖျက်ဆီးလုပ်တဲ့အမူအကျင့်မျိုးပါ ပေါ်လာတတ်ပါတယ်။

ကောင်းတဲ့ အမူအကျင့်တစ်ခု ၊ဥပမာပြောရရင် ငြိမ်ငြိမ်လေးဆော့နေလို့ ချီးကြူးမခံရဘဲ ပြေးလွှားဆော့တော့မှပဲ “ဒီကလေးက ဆော့လိုက်တာ”လို့ အသိအမှတ်ပြုခံရချိန်မှာ ကလေးတွေဟာ သူတို့ကို ပိုဂရုစိုက်မဲ့လမ်းကြောင်းကိုပဲ ရွေးတတ်ကြပါတယ်။

👶 နောက်တစ်ချက်ကတော့ အတုမြင်၊ အတတ်သင်ခြင်းဖြစ်ပါတယ်။
ကလေးတွေဟာ အကောင်းဆုံးသော ကော်ပီကူးတဲ့သက်ရှိလေးတွေပါပဲ။
ကျွန်တော်တို့တွေအားလုံးရဲ့ အပြုအမူအနေအထိုင်၊ စိတ်နေစိတ်ထား၊ ပြောပုံဆိုပုံအားလုံးကို တစ်ချိန်လုံး CCTV လိုစောင့်ကြည့်ကော်ပီကူးနေကြပါတယ်။

ဒီတော့ ကလေးတစ်ယောက်ရဲ့ အပြုအမူဆိုးတစ်ခုခုပေါ်လာရင် ကိုယ့်ကိုယ်နဲ့ မိသားစုဝင်တွေ၊ ကလေးကိုထိန်းကျောင်းတဲ့ လူတွေရဲ့ ပြဿနာတစ်ခုခုလည်းဖြစ်နိုင်ပါတယ်။

ဒါကိုသေချာပြန်ဆန်းစစ်ဖို့လိုပါတယ်။
ကလေးကိုပေးကြည့်ထားတဲ့ ရုပ်ရှင်၊ကာတွန်းကားတွေနဲ့ Youtube video တွေရှိခဲ့ရင် ကလေးကိုလမ်းကြောင်းလွဲစေနိုင်တာပါမပါ ပြန်သတိထားဖို့လိုပါမယ်။

ကလေးတစ်ယောက်တည်း ဖုန်း၊ တက်ဘလက်၊ တီဗွီ ပြပြီး လွှတ်ထားတာမျိုးရှောင်ရပါမယ်။

👶 နောက်ဆံုးတစ်ချက်ကတော့ ကလေးတစ်ယောက်ဟာ အသက်အရွယ်တနေ့တခြားကြီးပြင်းလာလေ သူ့သဘောဆန္ဒအတိုင်း ကိုယ်တိုင်လုပ်ကိုင်ချင်စိတ်တွေ များလာလေဖြစ်ပါတယ်။

အစားအသောက်ကျွေးမွေးချိန်မှာပဲဖြစ်စေ၊ အဝတ်လဲလှယ်ပေးချိန်၊ ရေချိုးချိန်၊ အိပ်ချိန်အားလုံးမှာ ကလေးတွေဟာ ဆော့ကစားခြင်းနဲ့ ဆက်စပ်ချင်စိတ်ရှိပါတယ်။

ဒီလိုအခြေအနေမျိုးတွေမှာ မိဘတွေအနေနဲ့ သည်းခံစိတ်ရှည်ပေးဖို့လိုပါတယ်။

♟️ ကလေးတစ်ယောက် အပြုအမူဆိုးတစ်ခုလုပ်နေရင် ဘယ်လိုဖြေရှင်းမလဲ??

▪️ကလေးတစ်ယောက်ကိုယ်မကြိုက်တာတစ်ခုခုလုပ်နေတိုင်း တားလို့မရပါဘူး။
▪️ကိုယ်မကြိုက်ပေမဲ့ သူကြိုက်နေတဲ့အရာကို ချက်ချင်းဆွဲယူလွှင့်ပစ်လိုက်လို့မရပါဘူး။
▪️သူပိုကြိုက်မဲ့ ကောင်းတဲ့အရာတစ်ခု၊ ကောင်းတဲ့ အမူအကျင့်တစ်ခုနဲ့ အာရုံလွှဲပြောင်းပေးရပါမယ်။

တားဆီးခြင်းနည်းလမ်း၊ အပြစ်ပေးခြင်းနည်းလမ်းတွေအားလုံးက လတ်တလော ကလေးကို ငြိမ်သွားစေတယ် လိမ္မာသွားစေတယ်လို့ ထင်ရပေမဲ့ ဒီအကြောက်တရားက တာရှည်မခံပါဘူး။

သူကြောက်တဲ့သူ မရှိတဲ့အခါ၊ အပြစ်ပေးခြင်းပြီးဆုံးတဲ့အခါမျိုးတွေမှာ ထပ်ခါတလဲလဲ ဒီအမှားကိုပြန်ကျူးလွန်နေတတ်ပါတယ်။

💦 ကလေးတွေကိုထိန်းဖို့ မကြိုးစားပါနဲ့..နားလည်ပေးဖို့ပဲ ကြိုးစားပါ
သူတို့နဲ့ ပိုအဆင်ပြေသွားတာတွေ့ရပါလိမ့်မယ်။

သူတို့အပြုအမူတွေလည်း ပိုကောင်းတာတွေပဲဖြစ်လာမှာပါ။

ကလေးလေးတွေနဲ့ ပိုအဆင်ပြေကြပါစေ..

▪️Dr ဖြိုးဝေလင်း▪️


ြိုးဝေလင်း



ှာရေးတဲ့စာ

20/07/2022

မင်္ဂလာပါ ဆရာ ဆရာမတို့ရှင့်​♥ ♥ ♥
ကျွန်​မတို့ က​လေး​တွေကိုစာသင်​တဲ့အခါ သူတို့​လေး​တွေကြိုးစားချင်လာ​​အောင်​၊ လိမ္မာလာ​​အောင်​ ​အသုံးပြုတဲ့နည်းလမ်း​တွေထဲကမှ ​ကောင်းမွန်​ထိ​ရောက်​ပြီးလက်​​တွေ့ အသုံးဝင်​တဲ့နည်းလမ်းများရှိရင်​ comment မှာမျှ​ဝေ​ပေး​ပါလားရှင့်​♡
ကျွန်​မအ​မြဲအသုံးပြုဖြစ်​တဲ့နည်းလမ်းက​တော့ ​သူတို့​လေး​တွေရဲ့​ကောင်းတာ​လေး​တွေကိုရှာ​ဖွေ​ဖော်​ထုတ်​ပြီး အများ​ရှေ့မှာ ချီးမွမ်း​ပေးခြင်း ဖြစ်​ပါတယ်
အဲဒီအချိန်​မှာ သူတို့​လေး​တွေရဲ့မျက်​လုံးထဲက ​တောက်​ပမှု​တွေကိုအထင်းသားမြင်​ရပြီးအရမ်းကြိုးစားလာတာကို လက်​​တွေ့မြင်​ရပါတယ်​☺
With love,
Teacher Aye

Photos from Teacher Aye Education's post 20/07/2022

ဆင်​နှင့်​​မျောက်​ ♥ KG ပုံပြင်

Photos from Teacher Aye Education's post 19/07/2022

ဖိုးကဲတို့မိသားစု ♥ KG ပုံပြင်

Photos from Teacher Aye Education's post 18/07/2022

ကျွန်​​တော့့်​အ​မေလားခင်​ဗျာ ♥ KG ပုံပြင်

16/07/2022

Grade 3 English♥ My ambition ♬ ♬ Part 2

16/07/2022

Grade 3 English♥ My ambition ♬ ♬ Part 1

Photos from Teacher Aye Education's post 16/07/2022

Grade 2 သင်္ချာ နာရီသင်​​ထောက်​ကူ

Photos from Teacher Aye Education's post 08/07/2022

Collecting ideas to teach Mathematics✌ ✌ ✌
Be happy with fun learning ♥ ♥ ♥

Photos from ဗဟုသုတ's post 19/05/2022
Photos from Treasure House's post 10/05/2022
08/05/2022

သားသားမီးမီးတို့ အကြိုက်​ဆုံး A to Z songs ☺ မြူးမြူးကြွကြွ​လေးတူတူဆိုကြမယ်​​ဟေ့♬ ♬ ♬ ♪ ♪ ♪

Photos from Teacher Aye Education's post 08/05/2022

ရိုးတစ်​​လျှောက်​ကဗျာ သင်​​ထောက်​ကူ♥ ♥ ♥

08/05/2022

သားသားမီးမီးတို့ အကြိုက်​ မြူးမြူးကြွကြွ Letter B song♥ ♬ ♬ ♪ ♪ ♪

27/04/2022

Grade 10 English songs (new curriculum)

30/03/2022

သားသားမီးမီးတို့ မဖြစ်​မ​နေသိသင့်​တဲ့ school subjects vocabularies ♥ ♥ ♥

Photos from Teacher Aye Education's post 12/03/2022

KG
A to Z ကဗျာများ♥ ♥ ♥
to original uploader

Photos from EGS Education Guide Services's post 06/03/2022

Grade 5 new curriculum textbook လိုအပ်​သူများအတွက်​ပါ
တွေ့မိလို့share ​ပေးတာပါ​နော်​ကျွန်​မ​ရောင်းတာမဟုတ်​ပါ♥ ♥ ♥

05/03/2022

သားသားမီးမီးတို့ အကြိုက်​ မြူးမြူးကြွကြွ Letter A song♥ ♬ ♬ ♪ ♪ ♪

02/03/2022

Jolly phonic songs ♥ A to Z
တစ်​ပုဒ်​ချင်းစီလိုအပ်​သူများအတွက်​ပါ
အပြီးထိတင်​​ပေးလိုက်​ပြီ​နော်​☺ ☺ ☺
#အခြားလိုအပ်သူ​များအတွက်​လည်း share ​ပေး​ပါအုံး​နော်
to Q ထိလည်းတင်​​ပေးထားပါတယ်​ရှင်

02/02/2022

Grade 7 English Volleyball သင်ခန်းစာ​​အတွက်​သင်​​ထောက်​ကူ♥Basic rules of Volleyball

Photos from Images - International and Myanmar All Grades Education Services's post 15/01/2022
15/01/2022

Jolly phonic songs♥ A to Z
တစ်​ပုဒ်​ချင်းစီလိုအပ်​သူများအတွက်​ပါ
အစဉ်​လိုက်​ဆက်​တင်​​ပေးသွားပါမယ်​​နော်​☺
#အခြားလိုအပ်သူ​များအတွက်​လည်း share ​ပေး​ပါအုံး​နော်
to L ထိလည်းတင်​​ပေးထားပါတယ်​ရှင်

Photos from Kyaw Ye Lwin's post 08/01/2022
Want your school to be the top-listed School/college in Myaungmya?
Click here to claim your Sponsored Listing.

Videos (show all)

school subjects
KG က မှ အ ထိဗျည်းကဗျာများ

Category

Website

Address

Myaungmya

Other Education in Myaungmya (show all)
Myat Education Myat Education
Myaungmya

Shwe Yar Pyae Education Shwe Yar Pyae Education
Myaungmya

Upgrade your goals. �

Mahar CDM Students Collect Mahar CDM Students Collect
Myaungmya

ဘာရယ်တော့မဟုတ်ပါဘူး။CDMလုပ်တဲ့‌ကျော?

MUAS, Academic Administration MUAS, Academic Administration
Myaungmya, 10211

This is the official page from the Academic / Registrar's office for Academic purposes.

Morning Star Learning Center Morning Star Learning Center
Myaungmya

Online Learning Platform

FRIENDS - Myanmar FRIENDS - Myanmar
Bo Ba Htoo Road
Myaungmya, 10211

ပညာေရး လူမႈေရး

NYEIN-Competent Academic Boarder NYEIN-Competent Academic Boarder
No. 51, At The Corner Of U Ba Cho Road And 11th Street
Myaungmya, 000114

" တကယ်တတ်သိပြီး အလွယ်မှတ်မိအောင် သင်