Myo Thant

Myo Thant

Myo Thant

09/12/2023

စာဖတ်တိုင်း မမှတ်မိမဲ့အတူတူ ဘာလို့စာဖတ်နေတာလဲ
===================================
ခေါင်းစဉ်လေးက သိပ်လှတယ်
ဘာတဲ့ စာဖတ်တိုင်းမမှတ်မိမဲ့အတူတူ
ဘာလို့ စာဖတ်နေတာလဲတဲ့။

နည်းနည်းလေးတော့ ခေါင်းစားသွားမယ် ထင်တယ်
ကိုယ်လည်း တွေ့စက ခေါင်းစားသွားခဲ့ပါတယ်။
ဘာအဓိပ်ပါယျလညျးပေါ့ လူပျင်းတွေကိုများ တိုက်တွန်းနိုးဆော်ထားတဲ့စာလားဆိုပြီး စိတ်ဝင်စားပြီး ဖတ်ဖြစ်ခဲ့တယ်(ကိုယ်ကလည်း ခပ်ပျင်းပျင်းကိုး)။

စာပုဒ်လေးကို အဆုံးထိဖတ်လိုက်မှ
နားလည်သွားတော့တယ်။
သိပ်မှန်တဲ့ စာသားလေးပါ

ကိုယ်လည်းစာဖတ်တာ ဝါသနာပါပါတယ်
ဒါပေမဲ့ စာဖတ်လိုက်တိုင်း
ရှေ့ကဟာဖတ်ရင် နောက်ကဟာမေ့နဲ့
နောက်ကဟာဖတ်ရင် ရှေ့ကဟာမေ့နဲ့
သံသရာလည်နေပါတယ်။

ဒါကြောင့် တွေးထင်ခဲ့မိတယ် ငါဟာအလွန်ညံ့တဲ့
သူဘဲ ဘာမှသုံးစားမရတဲ့ကောင်ပေါ့။

ဒါပေမဲ့ ဒီစာပုဒ်လေး ဖတ်ပြီးတဲ့အချိန်မှာ အားတွေတက်လာတယ် ခွန်အားတွေပြည့်လာတယ် ပြောရမယ်ဆိုရင် စာဖတ်ချင်စိတ်တွေ များပြားလာခဲ့တယ်........။
ဖတ်ခဲ့တဲ့ ပညာပေး စာပုဒ်လေးကတော့...........

တစ်နေ့တော့ မြေးအဖိုး နှစ်ယောက်ဟာ ကမ်းစပ်မှာထိုင်ပြီး စကားပြောနေကြတယ်။ မြေးငယ်လေးက သူ့အဖိုးကို မေးလိုက်တယ်
"ဖိုးဖိုး ဖိုးဖိုး နေ့တိုင်းစာတွေဖတ်နေတာ ဘယ်လောက်မှတ်မိသလဲ မေ့သွားမဲ့အတူတူ ဘာလို့ စာဖတ်နေတာလဲတဲ့

ဒီအချိန်မှာ အဖိုးက သူ့မြေးလေးကို ပြုံးပြပြီး
"ဟိုနားက မီးသွေးထည့်ထားတဲ့ ခြင်းကြားလေး
သွားယူခဲ့စမ်း မြေးလေး" လို့ပြောလိုက်တယ်

မြေးလေးလည်း နားမလည် စွာနဲ့ဘဲ ခြင်းကြားကို
ယူခဲ့တယ်
ကဲ အဲ့ဒီခြင်းကြားနဲ့ မြစ်ထဲကရေတွေကို ခပ်ခဲ့ပါအုံးမြေးလေးလို့ ပြောတယ်။

အဖိုးကအဲ့လိုပြောတော့ မြေးကပိုပြီး
ဇဝေဇဝါ ဖြစ်သွားတာပေါ့။
ဒီခြင်းကြားနဲ့ ရေခပ်လို့ ဘယ်လိုမှ
အဆင်မပြေနိုင်ဘူးဆိုတာ သူသိနေတယ်လေ။

ဒါပေမဲ့လည်း အဖိုးခိုင်းတဲ့အတိုင်းဘဲ
မြစ်ထဲကို ဆင်းပြီး ခြင်းကြားကိုရေထဲနစ်လိုက်တယ်
ပြီးတော့ ပြန်မလိုက်တယ် ရေက ပါမလာဘူး။

အဖိုး သူ့ကို ဘာလို့ အဲ့လိုလုပ်ခိုင်းမှန်း
သူနားမလည် ဖြစ်နေတယ်။
အဖိုးက ကြည့်နေရင်းကနေ "ထပ်စမ်းကြည့်ပါအုံး မြေးလေးလို့ ပြောတယ်။

ဒီအခါ မြေးဖြစ်သူလည်း အဖိုးပြောတဲ့အတိုင်း ထပ်စမ်းကြည့်တယ် ရေက ပထမအတိုင်းဘဲ ပါမလာဘူး။
အကြိမ်ရေ ဆယ်ခါမက ထပ်ခါထပ်ခါ စမ်းကြည့်တယ် ရေက ပါမလာဘူး။

ထိုအခါ အဖိုးက "မြေးလေး မြေးလေးရဲ့ခြင်းကြားကို ကြည့်စမ်းပါအုံး အရင်ယူခဲ့တုန်းကခြင်းကြားနဲ့ တူးလေားလို့မေးလိုကျတယျ။

အရင်တုန်းက မီးသွေးတွေထည့်ထားလို့ ညစ်ပတ်နေတဲ့ ခြင်းဟာ ရေကြည်ရဲ့ ဆေးကျောမှု့ကြောင့် သန့်ရှင်းစင်ကြယ်လာတာကို မြေးဖြစ်တဲ့သူက သတိပြုမိလိုက်တယ်။

အဖိုးက ဆက်ပြောတယ်"စာဖတ်တယ်ဆိုတာ ခြင်းကြားနဲ့ ရေခပ်သလိုပါဘဲ မြေးလေးရဲ့
ရေတွေက ခြင်းကြားထဲကို စီးဆင်းသွားပြီး အပြင်ပန်းက ကြည့်ရင်တော့ ဘာမှမရလိုက်ဘူး
ဆိုပေမဲ့ မသိမသာနဲ့ခြင်းကို သူက ဆေးကျောပေးသွားတယ်လေ။

စာဖတ်တယ်ဆိုတာလည်း ဒီခြင်းကြားလိုဘဲ လူတွေရဲ့စိတ်ဝိညဉ်ကို သန့်ရှင်းကြည်လင်အောင် ဆေးကျောပေးတာနဲ့အတူတူဘဲပေါ့ မြေးလေးရဲ့ တဲ့ခင်ဗျာ။

ဒါဟာ စာဖတ်ခြင်းရဲ့ အကျိုးရလာဒ် ဖြစ်ပါတယ်

စာအုပ်တစ်အုပ် ဖတ်ပြီးတိုင်း
မသိစိတ်ထဲကနေ အသိတစ်ခုတော့ ရလိုက်ပါတယ်

အဲ့ဒီအသိစိတ်က ကိုယ့်ကို မသိမသာ ပြောင်းလည်းနေစေပါတယ် တရုတ်စာရေးဆရာတစ်ဦးကပြောတယ် "စာအုပ်ပေကောင်းတစ်ခုကို ကျနော်တို့ တစ်ခါဖတ်လိုက်တိုင်း သူတို့က ကျနော်တို့ကို ဆွဲခေါ်သွားတတ်တယ် ကျနော်တို့ ပြန်ရောက်လာတဲ့အခါ ကျနော်တို့နဲ့အတူ သူတို့အမြဲတမ်း ရှိနေပါတော့တယ်

စာအုပ်တစ်အုပ် ဖတ်ပြီးတိုင်းမှာ စိတ်ဝိညဉ်ကို တစ်ခါဆေးကျောခြင်း ဖြစ်ပါတယ်
ဖတ်ပြီးသမျှစာတွေ မေ့ကုန်တယ်ဆိုတာ
ကျနော်တို့ ထင်ထားတာပါ တကယ်တော့ စာအုပ်တွေဟာ ကျနော်တို့ရဲ့ အသိဉာဏ်ထဲမှာ ကိန်းအောင်းနေပြီး ဘဝကို ပြုပြုင်ပြောင်းလဲနေစေခဲ့ပါတယ်

#မေတ္တာဖြင့်ပြန်လည်မျှဝေသည်

08/12/2023

ကိုယ့်ဒုက္ခနဲ့ကိုယ်မို့ပါ 😂🤣🤣🤣

ဒေသဆိုင်ရာ အဖွဲ့အစည်းသစ်များနှင့် မြန်မာနိုင်ငံအတွက် စိန်ခေါ်မှုနှင့် အခွင့်အလမ်းများ 08/12/2023

https://www.thayninga.org/2023/11/06/new-regional-institutions-and-challenges-and-opportunities-for-myanmar/

ဒေသဆိုင်ရာ အဖွဲ့အစည်းသစ်များနှင့် မြန်မာနိုင်ငံအတွက် စိန်ခေါ်မှုနှင့် အခွင့်အလမ်းများ ဒေသဆိုင်ရာ အဖွဲ့အစည်းသစ်များနှင့် မြန်မာနိုင်ငံအတွက် စိန်ခေါ်မှုနှင့် အခွင့်အလမ်းများ 0 By ThayNinGa on November 6, 2023 Activities, Analysis, A...

08/12/2023

ဘာမှ မပြောဘူးနော် 🤭😁😁😁

08/12/2023

ဒီလိုလည်း ပျက်လုံးကာတွန်းလေးတွေ ရှိခဲ့တာပဲလား

07/12/2023
05/12/2023

🟡 တန်ဆောင်မုန်းလမှာ ဆေးဖက်ဝင်တဲ့ မယ်ဇလီဖူးသုပ်

🟡 တန်ဆောင်မုန်းလဆိုတာ အင်္ဂုတ္ထိုရ် အဋ္ဌကထာလာ ပုဏ္ဏမီ နက္ခတ် ၁၃ ပါးမှာ ကြတ္တိကာနက္ခတ် စန်းယှဥ်ချိန်ကို တန်ဆောင်မုန်းလပြည့်အဖြစ် သတ်မှတ်ပါတယ်။ (ချွင်းချက်: လစဥ်တိုင်းတော့ လပြည့်ချိန်ဟာ သတ်မှတ်နက္ခတ်များနဲ့ မကိုက်ညီတတ်ပါ။)

🟡 ကြတ္တိကာနဲ့ စန်းယှဥ်ချိန်လို့ ဆိုလိုလိုက်ရင် တနင်္လာဟာ မိဿရာသီ အဆုံး နဝင်း/ပါဒ် နဲ့ ပြိဿရာသီက အစ ၃ နဝင်း/ ၃ ပါဒ် အတွင်းတည်ရမှာ ဖြစ်ပြီး၊ လပြည့်ချိန်ဆိုတာကတော့ တနင်္လာရဲ့ ဆန့်ကျင်ဘက်မှာ တနင်္ဂနွေ တည်ရမှာမို့ ဝိသာခါ နက္ခတ် အဆုံး ပါဒ်/နဝင်းနဲ့ အနုရာဓ နက္ခတ် ပထမ ၃ ပါဒ်/နဝင်းမှာ တနင်္ဂနွေ တည်ရပါမယ်။

🟡 26.11.2023 ဒီည မှာတော့ တနင်္လာဟာ ကြတ္တိကာ ဒုတိယပါဒ်/ ပြိဿရာသီ ပထမ နဝင်းမှာတည်လို့ တန်ဆောင်မုန်း လပြည့်တော့မယ်ဆိုတာ သတိထားမိတယ်။ တနင်္ဂနွေကို လှမ်းကြည့်ပြန်တော့ အနုရာဓ နက္ခတ် ဒုတိယပါဒ်/ ဗြိစ္ဆာရာသီ တတိယ နဝင်းမှာ။ တနင်္လာ နောက်ထပ် နဝင်းတစ်လုံးတိုးတာနဲ့ လပြည့်ပြီ။

🟡 ခေါင်းပေါ် အရပ် အသေအချာသိဖို့ Vehlow Placidus နဲ့ Setting ထားလိုက်တယ်၊ 26.11.2023 ည ၁၁ နာရီ ၈ မိနစ် ၃ စက္ကန့်ကနေ ည ၁၁ နာရီ ၂၂ မိနစ် ၄၉ စက္ကန့်ကြားမှာ ခေါင်းပေါ်တည့်တည့်က နဝင်းပေါ် တနင်္လာဂြိုဟ် လမင်းကြီး ရောက်မှာပါလားပေါ့။

🟡 ပြိဿကို ဝင်လာလို့ ဥစ်ရာသီကိုရောက်လာပြီး နေမင်းကြီးက ကမ္ဘာတစ်ဖက်ခြမ်းကနေ အလင်းပေးနေလို့ (မြူတိမ်ကင်းရင်တော့) ထွန်းလင်းတောက်ပမယ်ခင်ဗျာ။ ရာဟု ကိတ်နဲ့ တစ်ရာသီလောက်ခြားနေတော့ အဖျက် အကြတ်လည်း မရှိပါပေါ့။

🟡 ဒါဆို လဂ္ဂဏနော် အရှေ့အရပ်က ဘာနဝင်းပါလဲဆိုတော့ သိဟ်ရာသီ ပထမနဝင်း၊ နက္ခတ်အားဖြင့် ကိတ်ပိုင် မာဃနက္ခတ်၊ နာမနက္ခတ် အက္ခရာသင့်က “မ”၊ တနင်္လာ အားအကောင်းဆုံး ဖြစ်သည်က တစ်ကြောင်း၊ “မ” အက္ခရာသည် ကြတ္တိကာမှ (၆ လုံး ၃ ပါဒ် = ၂၇ နဝင်း = ၁၀၈/၄ နဝင်း = ၃၆၀/၄ ဒီဂရီ = ၉၀ ဒီဂရီ) အရပ်မှာ “မ” အက္ခရာရှိတာမို့ မယ်ဇလီဖူးသုပ်ဟာ (ရာသီပေါ်လည်း ဖြစ်တာမို့) ဆေးဖက် ဝင်ပါသတဲ့ ခင်ဗျား။ ပညာပေးပါသော ဆရာဦးသိန်းဦး (သရောဒယ) အား ဦးခိုက်ပါသည်ခင်ဗျား။

🟡 ကြတ္တိကာဆိုလို့ နားစိမ်းနေပါဦးမယ်ခင်ဗျ။ ဖျောက်ဆိပ်ကြယ်လို့ အများက သိတဲ့ ကြက်ငယ်စုသလို နုတ်နုတ်လေးတွေ ပြွတ်သိပ်နေတဲ့ ကြယ်စုဝေးလေးပါခင်ဗျ။

🟡 သူခိုးနက္ခတ် (သူခိုးနက္ခတ်) လို့ နာမည်ကျော်သေးတယ်ခင်ဗျ။

🟡 စောရနက္ခတ်သမားကို စောရ နက္ခတ်လို့ ဟောလိုက်ရင် တွန့်သွားကြသမြဲမို့၊ စောရနက္ခတ်ကို သူပုန်နက္ခတ်လို့ ကျွန်တော်က နာမည်လေးရွေးပေးထားပြီး၊ အတင်းအကျပ် ပြုမူတာကို မကြိုက်သူ၊ အထက်လူကြီးကို တွန်းလှန်လိုသူ၊ အေးအေးကုပ်ကုပ်နေသူ၊ ညအချိန်မှာ အလုပ်လုပ်တတ်သူ စသည်ဖြင့် ဟောလေ့ရှိပါတယ်။

🟡 တကယ်တော့ ကျွန်တော်တို့အားလုံးဟာ ခိုးယူမှုနဲ့ ကင်းပါသလားမေးရင် Windows ကို မဝယ်ဘဲ Crack သုံးသူတွေ၊ အပြစ်ရှိလို့ အခွန်ဆောင်ရတဲ့ ထုံးတမ်းရှိပေမယ့် အခွန်မဆောင်ချင်လို့ လွယ်တဲ့လမ်း ရွေးကြတာတွေ၊ သူများစာ/ ပုံတွေကို Credit မပေးပဲ စာ/ပုံ ကူးတင်ကြတာမျိုးဟာ စောရ အလုပ်ပဲ မဟုတ်လား ခင်ဗျာ။ (ဒီပို့စ်ကိုတော့ လွတ်လပ်စွာ Share နိုင်ပါတယ်ခင်ဗျ 😁)

🟡 စောရနက္ခတ်သည် တနင်္ဂနွေပိုင်လို့ အောင်မြင်ကြီးပွားသူတွေ အတော်များများမှာ တွေ့ရတတ်ပါတယ်။ တစ်ခုတော့ ရှိတယ်ခင်ဗျ။ မျိုးရိုးရှိလို့ အောင်မြင်ကြတာမဟုတ်ဘဲ ရုန်းကန်ကြိုးစား လမ်းကြောင်း/ဂွင်ရှာ တတ်လို့လည်း အောင်မြင်ကြတာမျိုးပေါ့ဗျာ။ ဥရောပနဲ့ အာရှက နာမည်ကြီး ခေါင်းဆောင်နှစ်ဦးဟာ စောရနက္ခတ်နဲ့ စန်းယှဥ်ပါတယ်ခင်ဗျ။

🟡 ဒီလောက် အားကောင်းတဲ့ တနင်္လာ အနေအထားကို ဘာ့ကြောင့် စောရသဘာဝကို ပို့ပစ်ပါသလဲလို့ ဆက်ပြီးတွေးရင်၊ တနင်္ဂနွေသည် မိဿအစမှ ၈ တန့်မြောက် ဗြိစ္ဆာအိမ် ရောက်လို့ လျှို့ဝှက်မှု မကင်းတဲ့ အောင်မြင်ခြင်းကို ဖြစ်စေတဲ့ အပြင်၊ အနုရာဓ စနေပိုင်မှ တနင်္ဂနွေကို ရန်ပြု၍လည်း အထက်လူကြီးဟာ အဆန့်ကျင် ခံရခြင်း အကျိုးဆက်ကို ဖြစ်စေတတ်ခြင်းကို အနက်ဖွင့်တာကို ဆက်စပ်လို့ရပါတယ်။

🟡 ဒီည ဂြိုဟ်နေကတော့ တနင်္ဂနွေ ရန်နက္ခတ်စီးယုံမက အင်္ဂါပါ လာပြီးပူးကာ၊ တနင်္ဂနွေနဲ့ နဝင်းတူစီးနေပုံက သွေးထွက်သံယိုတွေအတွက် စိုးရိမ်စရာပါခင်ဗျာ။ ဘာပဲ ဖြစ်ဖြစ် ဒီလပြည့်နီးတဲ့ ရက်‌လေးတွေမှာတော့ ညအချိန် လမင်းကြီးအောက် လရောင်ခံကာ၊ အေးချမ်းမှု အရိပ်လေးခံယူရင်း မေတ္တာ/ ကိုယ်ချင်းစာ တရားများ ပွားများကာ နောင်ဖြစ်လာမည့် အဆိုးတရားမှာ ရှောင်ရှားနိုင်ပါစေကြောင်း ကျွန်တော် မေတ္တာပို့နေပါမယ်ခင်ဗျ။

🟡 မြန်မာပြည်သူ ပြည်သားများ အမြန်ဆုံး အေးချမ်းကြပါစေခင်ဗျာ။
🟡 ကိုပခန်း
🟡 26.11.2023

05/12/2023

ဗဟုသုတမျှဝေမှုအစီအစဉ်

"ဂျူးလူမျိုးများရဲ့ ကလေးပျိုးထောင်နည်း"

ဂျူးများကို အစ္စရေးလူမျိုးလို့လည်း ခေါ်ကြပါတယ်။ ဂျူးလူမျိုးများဟာ ကမ္ဘာ့ရှေးအကျဆုံး လူမျိုးထဲမှာ ပါ၀င်ပါတယ်။ သမိုင်းတလျှောက်မှာလည်း အမျိုးမျိုး ဖိနိပ်ခံရပြီး တိုင်းပြည်ပါ ပျောက်ဆုံးသွားတဲ့အထိ ဆုံးရူံးခဲ့ကြပါတယ်။ ဒါပေမယ့် ဂျူးလူမျိုးကို ကမ္ဘာမှာ ဥာဏ်ပညာ အကောင်းဆုံးလူမျိုးလို့ သတ်မှတ် ထားကြပါတယ်။ ၂၀၁၅ခုနှစ် ကမ္ဘာတခွင်မှာ ဂျူးလူမျိုး လူဦးရေ (၁၄.၂)သန်းရှိပါတယ်။

ကမ္ဘာ့လူဦးရေရဲ့ (၀.၂%)သာရှိတဲ့ ဂျူးလူမျိုးဟာ (၂၀)ရာစုအတွင်း နိူဘယ်ဆုရှင်များရဲ့ ငါးပုံတစ်ပုံ ၊ အမေရိကန်နိုင်ငံရဲ့ သြဇာအရှိဆုံးသူများ စာရင်းထဲမှာ ၅၀% ၊ အမေရိကန် နာမည်အကြီးဆုံးသော ပါမောက္ခတွေထဲမှာ ၃၀% ၊ အမေရိကန် စာပေ၊ တေးဂီတ၊ ပြဇာတ်လောကမှာ ၆၀%၊ ကမ္ဘာ့အချမ်းသာဆုံး လုပ်ငန်းရှင်များ စာရင်းထဲမှာ ၅၀%၊ Forbes စာရင်းအရ ကမ္ဘာ့အချမ်းသာဆုံးသော ပုဂ္ဂိုလ်(၄၀)ထဲမှာ (၁၈)ဦးဟာ ဂျူးလူမျိုးများ ဖြစ်ကြသလို၊ သမိုင်းမှာ အလွန်ကျော်ကြားကြတဲ့ အိုင်စတိုင်း၊ ကားလ်မတ်စ်၊ တာအို၀င်တို့ဟာ ဂျူးလူမျိုးများ ဖြစ်ကြပါတယ်။

သုတေသနအရ ဒီလိုအောင်မြင်ရတဲ့ အကြောင်းရင်း အားလုံးထဲမှာ ဂျူးလူမျိုးတို့ရဲ့ မိသားစုနီတိနဲ့ ကလေးပြုစု ပျိုးထောင်တဲ့ နည်းလမ်းများဟာ အဓိကကျတယ်လို့ ဆိုပါတယ်။ သူတို့က ဘာတွေကို တန်ဖိုးထားလို့ ကလေးများကို ဘယ်လိုများ သင်ကြား ပျိုးထောင် ပေးကြပါသလဲ။

(၁) ကောင်းမွန်တဲ့ ကလေးပညာရေးဟာ တိုးတက်မှု အားလုံး၊ ကောင်းကျိုးအားလုံးရဲ့ အခြေခံဖြစ်တယ်လို့ ဂျူးတို့က ယုံကြည်ထားပါတယ်။ ကလေးတွေရဲ့ လွတ်လပ်တဲ့ တွေးခေါ်မှုနဲ့ ကိုယ့်ကိုကို ရပ်တည်နိုင်မှု၊ မိမိကိုယ်ကို အားကိုးတတ်မှုကို အလေးထား ပျိုးထောင်ပါတယ်။ ကလေးကို အချစ်လွန်ကဲတာမျိုး၊ ပိုးမွေးသလို မွေးတာမျိုးကို လုံး၀ ဆန့်ကျင်ကြပါတယ်။ သူတို့ စကားပုံတစ်ခုက ဒီလိုဆိုပါတယ်။ “(၅)နှစ်ကလေးဟာ သင့်ရဲ့ အရှင်သခင်၊ (၁၀)နှစ်ကလေးဟာ သင့်ရဲ့ကျွန်၊ (၁၅)နှစ်ကလေးဟာ အဖေနဲ့တန်းတူ ဖြစ်သွားပြီ”တဲ့။ ဆိုလိုတာက (၅)နှစ်ကလေးဆိုရင် အတတ်နိုင်ဆုံး ချစ်မယ်။ ပျိုးထောင်မယ်။ (၁၀)နှစ်ကလေးဆို သူနိုင်တဲ့၀န်ကို ထမ်းခိုင်းမယ်။ မိဘများက သူနိုင်သမျှ အချိန်ရရင်ရသလို ခိုင်းရမယ်။ (၁၅)နှစ်အရွယ်ဆိုရင် ကိုယ်ပိုင် ဆုံးဖြတ်တတ်စေရမယ်။

(၂) ဂျူးကလေးများ သိတတ်ခါစအရွယ်မှာပဲ ပျားရည်တစ်စက် တို့ထားတဲ့ ကျမ်းစာအုပ်ကို ကလေးအား နမ်းရှုံ့စေပါတယ်။ ဆိုလိုရင်းကတော့ စာအုပ်ဟာ အလွန်ချိုမြိန်ကြောင်း၊ နှစ်သက်စရာ အလွန်ကောင်းကြောင်း သိစေတဲ့ သဘောပါ။ ဂျူးမိသားစုတိုင်းလိုလို စာအုပ်စင်ထားရှိပြီး စာအုပ်စင်များကို ခေါင်းအုံးဘက်မှာ ထားရပါတယ်။ စာအုပ်ဆိုတာ ချစ်ရုံနဲ့တင် မပြီးဘဲ လေးစားရတဲ့ သဘော ပါရှိပါတယ်။ သူတို့ကိုယ် သူတို့လည်း စာအုပ်ချစ်တဲ့ လူမျိုးလို့ တင်စားကြတယ်။ သုတေသန စာတမ်းအရ အသက်(၁၄)နှစ်အထက် ဂျူးကလေးများဟာ တစ်လအနည်းဆုံး စာအုပ်တစ်အုပ် ဖတ်ပြီးတယ်လို့ ဆိုပါတယ်။

(၃) ဂျူးမိသားစုထဲမှာ ကလေးများ နည်းနည်း အသိရှိလာပြီဆိုရင် မိခင်ဖြစ်သူက ဒီလို မေးမြန်းလေ့ ရှိတယ်။ “တကယ်လို့ သားရဲ့အိမ် မီးလောင်သွားတယ်၊ ပစ္စည်းတွေလည်း ဘာမှမကျန်အောင် အလုခံရတယ်။ သား ဘာကိုယူပြီး ထွက်ပြေးမလဲ”တဲ့ ၊ ကလေးက ရွှေတို့ ၊ ငွေတို့ ဖြေဆိုရင် မိခင်က ပြန်စဉ်းစားဦး ၊ အဲဒီပစ္စည်းဟာ အရောင်မရှိဘူး၊ အနံ့အရသာလည်း မရှိဘူးလို့ ပြန်ပြောလေ့ရှိပါတယ်။ ကလေးက “ဥာဏ်ပညာ”လို့ ဖြေဆိုနိုင်တဲ့အထိ ဥာဏ်ပညာကို အလေးထားတတ်အောင် မိခင်က တစ်ဖြည်းဖြည်း လမ်းကြောင်းပေးပါတယ်။ ကျနော်တို့ဆီက ပညာရွှေအိုး လူမခိုးနဲ့ ခပ်ဆင်ဆင်တူပါတယ်။ ဒါပေမယ့် ကျနော်တို့က ကလေးတွေ သူဘာသာသူ သိစေတာမျိုးမဟုတ်ပဲ မိဘနဲ့ဆရာများက တိုက်ရိုက် ပြောပြတာ များနေပါတယ်။

(၄) ၀န်တင်ထားတဲ့ “လား” မဖြစ်ပါစေနဲ့တဲ့ စာတအားဖတ်တော့ ဒီစကားပုံ ပေါ်ပေါက်လာတယ်လို့ ယူဆရပါတယ်။ ကလေးများကို ငယ်ငယ်ကတည်းက စာဖတ်အောင် သွန်သင်ပေးခဲ့ပြီး စဉ်းစားတတ်အောင် ပျိုးထောင်ပေးကြပါတယ်။ သူတို့အယူအဆအရ ဖတ်မှတ်လေ့လာခြင်းဟာ အတုခိုးခြင်း တစ်မျိုးသာ ဖြစ်ပြီး စဉ်းစား တွေးခေါ်တတ်ခြင်း၊ ကိုယ်ပိုင်အမြင် ရှိခြင်းနဲ့ အသစ်ဖန်တီးတတ်ခြင်းသည်သာ အဓိကကျတယ်လို့ ယူဆပါတယ်။ ဗဟုသုတကြွယ်ပြီး ဘာမှ မလုပ်တတ်တဲ့သူကို စာအုပ်ကို ၀န်တင်ထားတဲ့ “လား”လို့ စကားပုံနဲ့ ခိုင်းနှိုင်းထားပါတယ်။

(၅) တွေးခေါ်ခြင်းဆိုတာ သံသယနဲ့ အဖြေတို့ ပူးပေါင်းပြီးဖြစ်ပေါ်လာတာပါ။ ဒါလည်း သူတို့ရဲ့ နာမည်ကြီး စကားပုံပါ။ မိဘစကား၊ ဆရာ့စကား အပါအ၀င် ဘယ်သူပြောတာပဲဖြစ်ဖြစ် သံသယ အရင်၀င်ခိုင်းပါတယ်။ သံသယ၀င်မှပဲ အဖြေမှန် ထွက်တဲ့သဘောပါ။ ကျနော်တို့ဆီက ပြောတဲ့အတိုင်း နာခံမှ လိမ္မာမယ်ဆိုတဲ့ အယူအဆနဲ့ ကွဲလွဲပါတယ်။

မိဘများ အထောက်အကူဖြစ်ဖို့ တင်ပြပေးလိုက်ပါတယ်။ နှစ်သက်နိုင်ကြပါစေ။ သားသားမီးမီးလေးတို့ ပိုင်ဆိုင်ထားတဲ့ အမျိုးတို့အတွက် လေးစားစွာနဲ့ ပြန်လည်မျှဝေလိုက်ပါတယ်။ ချစ်လခင်းများစွာဖြင့် YD။

20/11/2023

BTalk Digital Magazine အတွက် စာမူ ဖိတ်ခေါ်ခြင်း
✒️ BTalk Digital မဂ္ဂဇင်းအတွက် လစဉ် စာမူများ ဖိတ်သွားမည် ဖြစ်ပါသည်။
" ရသစာပေ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာပေအသိပညာ တိုးပွားလာစေရန် " ရည်ရွယ်ချက်ဖြင့် စီစဉ်ဆောင်ရွက်ခြင်း ဖြစ်ပါသည်။
✒️ စာရေးသူ ဆရာ၊ ဆရာမ (ကလောင်ဟောင်း၊ ကလောင်သစ် ) မည်သူမဆို သတ်မှတ် စည်းကမ်းများနှင့်အညီ လစဉ် ပါဝင် ရေးသား ပေးပို့နိုင်ပါသည်။
လစဉ် ရွေးချယ်စာမူများကို သရုပ်ဖော်ပုံများနှင့်တကွ ဝေဝေဆာဆာ ဖော်ပြသွားပါမည်။
✒️ ရွေးချယ်ထားသော စာမူများအတွက်လည်း ဉာဏ်ပူဇော်ခ ချီးမြှင့်ပါမည်။
ချီးမြှင့်မည့် ဉာဏ်ပူဇော်ခ နှုန်းထားများက-
- ဝတ္ထုတို ( ကျပ် ၁၀၀၀၀ )
- ဆောင်းပါး ( ကျပ် ၁၀၀၀၀ )
- အက်ဆေး ( ကျပ် ၁၀၀၀၀ )
- ကဗျာ ( ကျပ် ၈၀၀၀ )
- တစ်မျက်နှာဝတ္ထုတို ( ကျပ် ၈၀၀၀ )
- ရယ်စရာ(တစ်မျက်နှာ) ( ကျပ် ၈၀၀၀ )
- ကာတွန်း ( ကျပ် ၁၀၀၀၀ )
ဖြစ်ပါသည်။
စာမူများကိုမူ Digital Magazine အဖြစ် ထုတ်ဝေသွားမည် ဖြစ်ပါသည်။ ဖတ်ရှုရန်အသင့် ဖြစ်ချိန်တွင် အသိပေးကြေညာပါမည်။
✒️ စာမူ ပေးပို့သူများ လိုက်နာရန် စည်းကမ်းချက်များ 🖋️
(သေသေချာချာ ဖတ်ရှုပြီး လိုက်နာနိုင်မှသာလျှင် ပေးပို့ရန် ဖြစ်ပါသည်)
၁။ အများ အမြင်တင့် ဖတ်ရှုသင့်သော သုတ/ရသ စာပေသက်သက် ဖြစ်ရမည်။
၂။ မြန်မာစာအဖွဲ့က သတ်မှတ်ပြဋ္ဌာန်းထားသည့် လက်ရှိ မြန်မာစာရေးထုံးများနှင့်အညီ ဖြစ်ရပါမည်။
၃။ ပြည်တွင်းပြည်ပ စာရေးဆရာ၊ ဆရာမကြီးများ၏ အာဘော်များကို တိုက်ရိုက် ကူးယူခြင်း၊ မှီငြမ်းခြင်း၊ ဘာသာပြန်ခြင်းတို့မှ(အထူး)ကင်းလွတ်ရမည်။ (မူလစာမူရှင်၏ ကလောင်အမည်ကို ဖော်ပြလျက် ကိုးကားရေးသားခြင်းကို ဆိုလိုခြင်း မဟုတ်ပါ။)
အထူးသတိပြုရန်က ကလောင်ရှင်များအနေဖြင့် မိမိတို့စာမူနှင့်ပတ်သက်၍ အငြင်းပွားမှု တစ်စုံတစ်ရာ ပေါ်ပေါက်လာမည်ဆိုပါက စာမူရှင်ကိုယ်တိုင် မိမိ စာမူအပေါ် တာ၀န်ယူ၊တာ၀န်ခံ ဖြေရှင်းပေးရပါမည်။
၄။ အခြားမဂ္ဂဇင်း၊ ဂျာနယ်၊ စာစောင်တို့နှင့် အခြား အွန်လိုင်း စာမျက်နှာများတွင် တစ်ပြိုင်နက်တည်း ပေးပို့ထားသောစာမူများနှင့် ပုံံနှိပ်ဖော်ပြခံခဲ့ရဖူးသောစာမူများ မဖြစ်စေရပါ။ အွန်လိုင်းများတွင် ပြိုင်ပွဲ၀င်ထားခြင်း မဟုတ်ဘဲ အလွတ်သဘော တင်ခဲ့ဖူးသော စာမူများ ပေးပို့နိုင်ပါသည်။ ပြိုင်ပွဲဝင်ခဲ့ဖူးသည့်တိုင် ဆုမရခဲ့ဖူးသော စာမူများလည်း ပေးပို့နိုင်ပါသည်။
ရွေးခြင်း သို့မဟုတ် ပယ်ခြင်းနှင့် ပတ်သက်သော မေးမြန်းခြင်းများကို တစ်စုံတစ်ရာ ပြန်လည် ဖြေကြားမည် မဟုတ်ပါ။
၅။ ပေးပို့ထားသောစာမူတွင်-
စာမူအမည်၊
ကလောင်အမည် "မဖြစ်မနေ" ဖော်ပြရပါမည်။
ကလောင်အမည်ကို-
- စာမူခေါင်းစဉ်အောက်တွင်လည်းကောင်း၊
- စာမူအဆုံးတွင်လည်းကောင်း
(နှစ်နေရာတိတိ) ဖော်ပြပေးရပါမည်။
၆။ စာမူ ပေးပို့သည့်အခါ စာမူအောက်ခြေတွင် အောက်ပါအချက်အလက်များကို မဖြစ်မနေ ရေးသားပေးပို့ရမည်။
(က) အမည်ရင်း
(ခ) ကလောင်အမည်
(ဂ) ဆက်သွယ်ရန် လိပ်စာ
(ဃ) ဆက်သွယ်ရန် အီးမေး၊ ဖုန်းနံပါတ်
(င) ဆက်သွယ်ရန် Facebook Account Link (အဆင်မပြေက ချန်လှပ်ထားနိုင်သည်။)
(စ) စာမူနှင့်ပတ်သက်သော ဝန်ခံချက်။
- ကိုယ်တိုင်ရေးစာမူစစ်စစ် ဖြစ်ကြောင်း၊
- အခြား စာမူတစ်ပုဒ်ပုဒ်မှ အပိုင်းလိုက်ဖြစ်စေ၊ တစ်ပုဒ်လုံးဖြစ်စေ၊ အခြားနည်းလမ်းတစ်ခုခုဖြင့်ဖြစ် စေ မှီငြမ်း၊ ကူးယူ၊ ဖော်ပြထားခြင်း မရှိကြောင်း၊
- စာမူနှင့်ပတ်သက်၍ အငြင်းပွားမှု တစ်စုံတစ်ရာ ပေါ်ပေါက်လာမည် ဆိုပါက စာမူရှင်ကိုယ်တိုင် မိမိစာမူအပေါ် တာ၀န်ယူ၊ တာ၀န်ခံ ဖြေရှင်းပေးမည် ဖြစ်ကြောင်း၊
- အယ်ဒီတာအဖွဲ့၏ လိုအပ်သည့်အလျောက် ပြုပြင်တည်းဖြတ်ခြင်းကို ကျေနပ်စွာ လက်ခံပါကြောင်း၊
- စည်းကမ်းချက်များ အားလုံးကို သိရှိလိုက်နာနိုင်ပါကြောင်း
၇။ စာမူ ပေးပို့ရာတွင် မိမိတို့ ရေးသားထားသည့် စာမူအမျိုးအစားကိုပါ ဖော်ပြရမည်။ (၀တ္ထုတို/ ပုရစ်ဖူးဝတ္ထုတို/ တစ်မျက်နှာဝတ္ထုတို / ဆောင်းပါး/ အက်ဆေး/ ကဗျာ/ ကာတွန်း/ ရယ်စရာ)
စာမျက်နှာ သတ်မှတ်ချက်များ-
(က) ဝတ္ထုတို / အက်ဆေး/ ဆောင်းပါး- အေဖိုးဆိုက် ၃ မျက်နှာမှ ၅ မျက်နှာအတွင်း၊
(ဝတ္ထုတိုအတွက် မည်သည့်အမျိုးအစားမဆို ပေးပို့နိုင်ပါသည်)
(ခ) ကဗျာ (ကာရန် ၊ မော်ဒန်) - အေဖိုး တစ်မျက်နှာထက် မပိုရ။
(ယေဘုယျ သတ်မှတ်ချက်များ ဖြစ်ပါသည်။ အနည်းငယ် အပိုအလို ရှိနိုင်ကြောင်း သိရှိ၊ နားလည်၊ လက်ခံပါသည်။ )
၈။ ပုရစ်ဖူးဝတ္ထုတိုကဏ္ဍအတွက် စာမူပေးပို့ရမည့်ရက်သည် ၂၀-၁၁-၂၀၂၃ နေ့မှ ၃၁-၁၁-၂၀၂၃ နေ့ ည (၈) နာရီအထိ ဖြစ်ပါသည်။
၉။ ပုရစ်ဖူးဝတ္ထုတိုကဏ္ဍသည် ကလောင်သစ်များအတွက် ရည်ရွယ်ခြင်း ဖြစ်၍ သုံးသပ်ချက် ပေးပါမည်။ (အရွေး ချယ်ခံစာမူအတွက် သုံးသပ်ချက် မပေးပါ။ )။ ရောက်ရှိစာမူစာရင်းကို ၃-၁၂-၂၀၂၃ နေ့၌ BTalk Magazine page နှင့် BTalk page တို့တွင် ကြေညာပေးပါမည်။
၁၀။ သုံးသပ်ချက်နှင့် ရွေးချယ်ထားသောစာမူစာရင်းကို ၂၀-၁၂-၂၀၂၃ နေ့၌ BTalk Magazine page နှင့် BTalk page တို့တွင် ကြေညာပေးပါမည်။
၁၁။ ကျန်စာမူများ ပေးပို့ရမည့် ရက်သည် ၂၀-၁၁-၂၀၂၃ နေ့မှ ၁၀-၁၂-၂၀၂၃ နေ့ ည (၈) နာရီအထိ ဖြစ်ပါသည်။
၁၂။ ရောက်ရှိစာမူစာရင်းကို ၁၇-၁၂-၂၀၂၃ နေ့၌ လည်းကောင်း၊ ရွေးချယ်ထားသော စာမူစာရင်းကို ၂၀-၁၂-၂၀၂၃ နေ့၌လည်းကောင်း
BTalk page တွင် ကြေညာပေးပါမည်။
၁၃။ စာမူများကို # Email: [email protected] # သို့ မိမိ ပေးပို့လိုသည့်ကဏ္ဍအမည် တပ်၍ ပေးပို့ရပါမည်။ (ကဏ္ဍ မှားယွင်း ပေးပို့လာသော စာမူများကို ဖတ်ရှုမည်မဟုတ်ကြောင်းကို အထူး ဂရုပြုစေလိုပါသည်။ ပေးပို့ရာတွင် အခက်အခဲ ရှိခဲ့ပါက BTalk Magazine page သို့ အကူအညီတောင်းနိုင်ပါသည်။ )

13/11/2023

ရန်ကုန်မြို့တွင်းရှိ သိန်း ( ၃၀၀ )နှင့် (၁၀၀၀)ကြား တိုက်ခန်းဈေးနှုန်းများ
=======================================
အောက်တိုဘာလ ( ၃၀ )ရက်။
Myanmar Property Dealer

" Myanmar Property Dealer " မှ ကောက်ယူရရှိထားတဲ့ ''ရန်ကုန်မြို့တွင်းရှိ သိန်း ( ၃၀၀ )နှင့် (၁၀၀၀)ကြား တိုက်ခန်းဈေးနှုန်းများ''ကို ရှာဖွေစုဆောင်းပြီး ဖော်ပြပေးလိုက်ပါတယ်။
အထက်ပါ ဖော်ပြပေးထားတဲ့ဈေးနှုန်းများသည် လက်ရှိ အိမ်ခြံမြေဈေးကွက်ပေါ်မှ ကောက်ယူရရှိထားသည့် စာရင်းများဖြစ်သည့်အတွက် အချိန်နှင့်အမျှ ပြောင်းလဲနိုင်ပါတယ်။


#မြန်မာအိမ်ခြံမြေသတင်းအတွက်MPD
#သိန်း ( ၃၀၀ )နှင့် (၁၀၀၀)ကြားတိုက်ခန်းဈေးနှုန်းများ

14/04/2022

ခြေလက်အရိုးကျိုးဒဏ်ရာရရှိသောအခါ ရှေးဦးပြုစုနည်း။

14/04/2022

တစ်ချိန်တုန်းက သင်္ကြန်အကြို့နေ့ စာကြည့်တိုက်ကို သွားဖြစ်ခဲ့တယ်လေ

Photos from Myanmar Red Cross Society's post 09/04/2022
Photos from စိုက်ပျိုးရေးသုတေသနဦးစီးဌာန-Farmer Channel's post 14/01/2022
03/10/2021
01/08/2021

👉👉 သင်အပြင်မှ အိမ်ပြန်ရောက်လျှင် ဘာလုပ်သင့်သနည်း။

25/07/2021

# # # အကျင့်ဆိုး # # #
ရေး-ရွှေတိုင်ညွန့်
ဆို-စံပယ်ဖြူသိန်း
ဒါရိုက်တာ-ညီညီ(လဝန်းသစ်)

25/07/2021

# # # အကျင့်ဆိုး # # #

ဆို- သန်းမြတ်စိုး
ရေး-ရွှေတိုင်ညွန့်

25/07/2021

# # # အကျင့်ဆိုး # # #

ဆို-ဇော်မင်းလေး၊ ချိုးပြုံး
ရေး-ဒဂုန်ရွှေ (ခေါ်) စိန်ဂျွန်းထွန်း

Photos from Myo Thant Page's post 25/07/2021

တတ်နိုင်သမျှ အိမ်မှာနေပါ။ အိမ်အပြင်သို့ထွက်လျှင် Masks တပ်ပါ။ အနာဂါတ်အတွက် သစ်ပင်စိုက်ပါ။

25/07/2021

World Health Organization (WHO) ၏လမ်းညွန်ချက်ပါ
# # # # # # # # # # # # # # # # # # # # # # # # # # # # # # # # # # # # # #
သင့်အိမ်တွင် အိမ်သားတစ်ဦးဦး နေမကောင်းဖြစ်လျှင် ဘာလုပ်ရမလဲ?

24/07/2021

အိမ်မှာ လျှပ်စစ်မီးတွေကို စနစ်တကျ သွယ်တန်းမယ်ဆိုရင် ဒီနည်းလေးတွေ သတိရလိုက်ပါ။ မူရင်း Credit ပါ https://www.facebook.com/video/copyright/claim/?video_id=3934664169979498&is_from_action_center_v2=0&av=100035576273410&eav=AfY4Yy8xf-YiLBbI7WeiFb5slXqxsPo1WHZf9x3yu4oqu8qTmWfm77vwCTGZhLgxLIA

21/07/2021

# # # ရွှေမိုးရွာ # # #
တေးရေး- ဖော်ဝေး
တေးဆို- ဖော်ဝေး၊ သဏ္ဌာန်

18/07/2021

# # # အောင်ဆန်းမော်ကွန်း ပြဇာတ် # # #
ကပြသည့်နေ့ရက် - ၁၃.၂.၂၀၂၀
ကပြသည့်နေရာ - နေပြည်တော်၊ မြို့တော်ခန်းမ လေဟာပြင်ဇာတ်ရုံ
ကပြသည့်အဖွဲ့အစည်း- သာသနာရေးနှင့်ယဉ်ကျေးမှု၀န်ကြီးဌာန

18/07/2021

# # # မမေ့နိုင်သော သူရဲကောင်းများ # # #
တေးရေး- ဖော်ဝေး
တေးဆို- အောင်မိုးညို

17/07/2021

# # # မြန်မာ့သူရဲကောင်း အာဇာနည် # # #

14/07/2021

Exercise is medicine I

14/07/2021

Exercise is medicine II

14/07/2021

တောင်တန်းစိမ်းနဲ့ ပင်လယ်ပြာ
ဆို- သားဂန်း
ဆရာပြည်စိုးထွန်း(ထားဝယ်)၏ ထားဝယ်ရိုးရာ Art Project လေးတစ်ခုပါ။ ထားဝယ်အဆိုတော် သားဂန်းရဲ့ သီချင်းလေးနဲ့မို့ စိတ်ဝင်စားစရာကောင်းပါတယ်။ ကြည့်ရှုနားဆင်သူ သော်တရှင်အပေါင်း ကောင်းကျိုးလိုရာ ပြည်စုံ၍ အေးချမ်းပျော်ရွှင်ကြပါစေ။

10/07/2021

အင်္ဂလိပ်စကားလုံးတွေ အသံထွက်ပီသအောင် လေ့ကျင့်ကြရအောင်

05/07/2021

CUC

Want your business to be the top-listed Media Company in Naypyidaw?
Click here to claim your Sponsored Listing.

Videos (show all)

၁၉၇၁ ခုနှစ်တုန်းက ယူကေကိုရောက်လာတဲ့ မြန်မာ့ယဉ်ကျေးမှုအဖွဲ့ဟာ ကျေးလက်သဘာဝ ရေခပ်ယိမ်းအကကိုကပြခဲ့ပါတယ်။ Copy from TM Media
အမွေခံဆိုးရဲ့ နောင်တ
(၇၅) နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ် "တူယှဉ်နွှပျော်ဂီတပွဲတော် Season-2" တေးသီချင်းသီဆိုမှုပြိုင်ပွဲအတွက် နေ...
### အကျင့်ဆိုး ###ဆို-ဇော်မင်းလေး၊ ချိုးပြုံးရေး-ဒဂုန်ရွှေ (ခေါ်) စိန်ဂျွန်းထွန်း
### အောင်ဆန်းမော်ကွန်း ပြဇာတ် ###ကပြသည့်နေ့ရက် - ၁၃.၂.၂၀၂၀ ကပြသည့်နေရာ - နေပြည်တော်၊ မြို့တော်ခန်းမ လေဟာပြင်ဇာတ်ရုံကပြသည...
### မမေ့နိုင်သော သူရဲကောင်းများ ###တေးရေး- ဖော်ဝေးတေးဆို- အောင်မိုးညို
### မြန်မာ့သူရဲကောင်း အာဇာနည် ###
CUC
CUC Song 2019
လှလိုက်တဲ့တနင်္သာရီ (ဆရာပြည်စိုးထွန်းလက်ရာ)
ဘိတ်သံ ဘိတ်သား ဘိတ်စကား (မြိတ်သီချင်း)ရေး/ဆို- တီအို
"သုံးစုံတွဲ ယိမ်းအက"အင်္ဂလန်(UK) ရောက်မြန်မာယဥ်ကျေးမှုအဖွဲ့ (၁၉၇၁ ခုနှစ် ဧပြီလ)ဆိုင်း-စိန်ချစ်တီးကြေးတီး-ဦးစိုးမြင့်နှဲ...

Category

Telephone

Website

Address

Taung Nyo Sweet
Naypyidaw

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00
Sunday 09:00 - 17:00
Other Digital creator in Naypyidaw (show all)
Odella Odella
Sittaung Street
Naypyidaw, ODELLA

Follow ur dream

Grim Reaper Gaming Grim Reaper Gaming
Naypyidaw

555 Mix Agent 1 Unit = 1Kyat Wave Pay K Pay 📲09-254939442 Official Acc

Hmue Hmue
ဗိုလ်ချုပ်လမ်း
Naypyidaw, လှေခွင်းတောင်ကျည်တောင်ရွာ

May Tha Pyay May Tha Pyay
Naypyidaw

Learning with SOE Learning with SOE
Waziyar Street
Naypyidaw

လွယ်ကူ လေ့လာ နည်းပညာ

Enter Plus Enter Plus
Nay Pyi Taw
Naypyidaw, 1150

မြန်မာပြည်တွင်း အသုံးပြုဖို့ Media Box အမျိုးမျိုး ကို ရောင်းချသွားပါမည်။

New Future New Future
No (7) Inbu, Lewe, NayPyiTaw
Naypyidaw, 067

Zoom license services provider

7BOSS AUTO 7BOSS AUTO
No. 3040, Yarzahtarni Road, Between Rose Shape Roundabout And Bawkathiri Car Gate, Nay Pyi Taw Township
Naypyidaw, 100604

7 Boss မှနွေးထွေးစွာကြိုပါတယ်

Kyaw san lwin Kyaw san lwin
Naypyidaw

Educational page

Ko myo Ko myo
Naypyidaw

လွှတ်လွှတ်လပ်လပ်

OSE Tablet 27 OSE Tablet 27
ဒက္ခိဏသီရိမြို့နယ်၊ နေပြည်တော်
Naypyidaw, 15011

OSE Tablet / Company တိုက်ရိုက်ပါ Phone 09 962442081

phyo phyo
Naypyidaw