Accountancy Knowledge Sharing -NSH

Accountancy knowledge အား sharing လုပ်ပေးခြင်းဖြစ်ပါသည်။

22/10/2023

ိုင်ဝယ်ယူသူတိုင်းအတွက်
သီတင်းကျွတ်လက်ဆောင်အနေနဲ့ဒီစာအုပ်လေးဝယ်ယူသူတိုင်းကိုPDFဖိုင်တန်ဖိုးရဲ့တစ်ဝက်နှုန်းကိုဖုန်းဘေလ်လက်ဆောင်ပြန်လည်ဖြည့်ပေးသွားပါမှာဖြစ်ပါတယ်ခင်ဗျာ😍😍😍😍😍😍😍😍😍😍😍😍😍😍😍😍
https://m.facebook.com/story.php?story_fbid=710438074418395&id=100063566267574&mibextid=Nif5oz

#မြန်မာလိုစာရင်းရေးဆွဲလေ့လာတတ်ချင်သူများအတွက်PDFဖိုင်ဝယ်ယူလေ့လာနိုင်ပါပြီ.....


#စာရင်းရေးစာရင်းကိုင်

Photos from Accountancy Knowledge Sharing -NSH's post 02/05/2023

#မြန်မာလိုစာရင်းရေးဆွဲလေ့လာတတ်ချင်သူများအတွက်......
#သင်ခန်းစာအချို့တင်ပေးလိုက်ပါတယ်။
PDFဖိုင်ဝယ်ယူပြီးသင်ခန်းစာအပြည့်အစုံလေ့လာနိုင်ပါသည်။
https://m.facebook.com/story.php?story_fbid=706904931438376&id=100063566267574&mibextid=Nif5oz

#စာရင်းရေးစာရင်းကိုင်

27/04/2023

#မြန်မာလိုစာရင်းရေးဆွဲလေ့လာတတ်ချင်သူများအတွက်PDFဖိုင်ဝယ်ယူလေ့လာနိုင်ပါပြီ.....


#စာရင်းရေးစာရင်းကိုင်

Photos from Accountancy Knowledge Sharing -NSH's post 12/08/2022

Knowledge Sharing
PDF ဖိုင် Link 👇
https://drive.google.com/file/d/1ziL4OuyU72kv4Xf52UQY8kWOuRDL8gkD/view?usp=drivesdk

Photos from Accountancy Knowledge Sharing -NSH's post 26/05/2022

လေ့လာမှတ်သားစရာ
Accounting Knowledge 🔹🔹🔹🔹🔹
** Analysing and Classifying Transactions ** Day-3
(အဖြေမှန်လေးတွေကို comment တွင် ဖြေသွားကြည့်ပါ)
https://m.facebook.com/story.php?story_fbid=421366829992189&id=100063566267574

Photos from Accountancy Knowledge Sharing -NSH's post 24/05/2022

လေ့လာမှတ်သားစရာ
Accounting Knowledge 🔹🔹🔹🔹🔹
** Accounting Equation ** Day-2
(အဖြေမှန်လေးတွေကို comment တွင် ဖြေသွားကြည့်ပါ)

https://m.facebook.com/story.php?story_fbid=421366829992189&id=100063566267574

Photos from Accountancy Knowledge Sharing -NSH's post 23/05/2022

လေ့လာမှတ်သားစရာ
Accounting Knowledge 🔹🔹🔹🔹🔹
**Principles of Accounting** Day-1
(အဖြေမှန်လေးတွေကို comment တွင် ဖြေသွားကြည့်ပါ)

https://m.facebook.com/story.php?story_fbid=421366829992189&id=100063566267574

Photos from Accountancy Knowledge Sharing -NSH's post 20/05/2022

အခြေခံ စာရင်းရေး၊ စာရင်းကိုင် မြန်မာလိုရေးဆွဲတတ်လိုသူများအတွက်..,...

https://m.facebook.com/story.php?story_fbid=706904931438376&id=100063566267574&mibextid=Nif5oz

ဆရာ စာအုပ်ထုတ်ပေးပါ၊ စာအုပ်နဲ့ပြန်လေ့လာချင်လို့ပါ ဆိုပြီး Page Messenger မှာ လာရောက်ပြောနေကြသူများခင်ဗျာ......

စာအုပ်ထုတ်ပေးချင်ပါတယ်၊ စာအုပ်ထုတ်ဖို့လည်းရှိပါတယ်။ ဒါပေမယ့် အခုတော့ မထုတ်ဖြစ်သေးပါခင်ဗျာ.....

ခုချိန်က A4 စာရွက်ဈေးတွေ အဆမတန် ကြီးနေတဲ့အတွက် လူကြီးမင်းတို့ အတွက် စာအုပ်ဈေးနှုန်းဟာ အရမ်းအဆင်မပြေဖြစ်မှာစိုးလို့ပါ။
နောက်တော့ ထုတ်ပေးပါ့မယ်။

ယခုအချိန်တွင် PDF ဖိုင်သာ တန်ဖိုး ၅၀၀၀ ကျပ် ဖြင့်သာ ရောင်းပေးသွားပါမယ်....

PDF ဖိုင်ထဲတွင် ပါဝင်မှာကတော့ သင်ခန်းစာ အခန်းပေါင်း (၁၅)ခန်းပါဝင်မှာ ဖြစ်ပါတယ်......
***********************************************
အခန်း(၁) စာရင်းရေး၊ စာရင်းကိုင်ပညာ နှင့် စာရင်းကိုင်ညီမျှခြင်း

အခန်း(၂) နှစ်ဖက်သွင်း စာရင်းရေးသွင်းနည်းစနစ် (ရရန်ပိုင်ခွင့်၊ ပေးရန်တာဝန် နှင့် ရင်းနှီးငွေ)

အခန်း(၃) နှစ်ဖက်သွင်း စာရင်းရေးသွင်းနည်းစနစ် (ကုန်ဝယ်၊ ကုန်ဝယ်ပြန်ပို့၊ ကုန်ရောင်း၊ ကုန်ရောင်းပြန်သွင်း)

အခန်း(၄) လယ်ဂျာစာရင်းအမျိုးမျိုးနှင့်(ထုတ်သုံးငွေ/ထုတ်သုံးကုန်၊ ဝင်ငွေနှင့်စရိတ်များ)

အခန်း(၅) ငွေစာရင်းစာအုပ်အမျိုးမျိုးနှင့် စာရင်းရေးသွင်းပုံများ

အခန်း(၆) အစမ်းရှင်းတမ်းရေးဆွဲခြင်း

အခန်း(၇) ဘဏ်နှင့်ကိုက်ညှိရှင်းတမ်းရေးဆွဲခြင်း

အခန်း(၈) အစမ်းရှင်းတမ်းအမှားများကို ပြင်ဆင်ခြင်းနှင့် ယာယီစာရင်း

အခန်း(၉) စာရင်းညှိနှိုင်းခြင်းများနှင့် လျာထားခြင်းများ

အခန်း(၁၀) နှစ်ချုပ်စာရင်းများရေးဆွဲခြင်း

အခန်း(၁၁) ကုန်ပို့ကုန်ရောင်းစာရင်း

အခန်း(၁၂) မတည်အသုံးစရိတ်နှင့် သာမန်အသုံးစရိတ်

အခန်း(၁၃) ရငွေ၊ ပေးငွေစာရင်းနှင့် ဝင်ငွေ၊ အသုံးစရိတ်စာရင်း

အခန်း(၁၄) စုစုပေါင်းစာရင်း(သို့မဟုတ်) ထိန်းချုပ်စာရင်းများ

အခန်း(၁၅) ကုန်ထုတ်လုပ်မှုစာရင်းများ

***********************************************

PDF ဖိုင် ယူလိုသူများသည် Page Messenger တွင် လာရောက် စာရင်းပေးနိုင်ပါသည်။
PDF ဖိုင်အား တန်ဖိုး ၅၀၀၀ကျပ်ဖြင့်သာ
ပို့ပေးသွားမှာဖြစ်ပါတယ်ခင်ဗျာ......
--------------------------------------------------------------------
လေးစားလျက်
U Han

18/05/2022

အခြေခံ စာရင်းရေး၊ စာရင်းကိုင် မြန်မာလိုရေးဆွဲတတ်လိုသူများအတွက်
ပညာဒါန တင်ပေးတာ ဒီနေ့ဆို အခန်း(၁၀)ပြီးခဲ့ပါပြီခင်ဗျာ။

ဆရာ စာအုပ်ထုတ်ပေးပါ၊ စာအုပ်နဲ့ပြန်လေ့လာချင်လို့ပါ ဆိုပြီး Page Messenger မှာ လာရောက်ပြောနေကြသူများခင်ဗျာ......

စာအုပ်ထုတ်ပေးချင်ပါတယ်၊ စာအုပ်ထုတ်ဖို့လည်းရှိပါတယ်။ ဒါပေမယ့် အခုတော့ မထုတ်ဖြစ်သေးပါခင်ဗျာ...။

ခုချိန်က A4 စာရွက်ဈေးတွေ အဆမတန် ကြီးနေတဲ့အတွက် လူကြီးမင်းတို့ အတွက် စာအုပ်ဈေးနှုန်းဟာ အရမ်းအဆင်မပြေဖြစ်မှာစိုးလို့ပါ။
နောက်တော့ ထုတ်ပေးပါ့မယ်။
မိမိဘာသာ Print ထုတ်ပြီး ကြည့်ချင်သူများသည် PDF ဖိုင် ပို့ပေးပါ့မယ်ခင်ဗျာ.......

PDF ဖိုင်ထဲတွင် ပါဝင်မည့် သင်ခန်းစာ အခန်းပေါင်း (၁၅)ခန်းပါဝင်မှာ ဖြစ်ပါတယ်......
*******************************************************
အခန်း(၁) စာရင်းရေး၊ စာရင်းကိုင်ပညာ နှင့် စာရင်းကိုင်ညီမျှခြင်း
အခန်း(၂) နှစ်ဖက်သွင်း စာရင်းရေးသွင်းနည်းစနစ် (ရရန်ပိုင်ခွင့်၊ ပေးရန်တာဝန်
နှင့် ရင်းနှီးငွေ)
အခန်း(၃) နှစ်ဖက်သွင်း စာရင်းရေးသွင်းနည်းစနစ် (ကုန်ဝယ်၊ ကုန်ဝယ်ပြန်ပို့၊
ကုန်ရောင်း၊ ကုန်ရောင်းပြန်သွင်း)
အခန်း(၄) လယ်ဂျာစာရင်းအမျိုးမျိုးနှင့်(ထုတ်သုံးငွေ/ထုတ်သုံးကုန်၊ ဝင်ငွေနှင့်
စရိတ်များ)
အခန်း(၅) ငွေစာရင်းစာအုပ်အမျိုးမျိုးနှင့် စာရင်းရေးသွင်းပုံများ
အခန်း(၆) အစမ်းရှင်းတမ်းရေးဆွဲခြင်း
အခန်း(၇) ဘဏ်နှင့်ကိုက်ညှိရှင်းတမ်းရေးဆွဲခြင်း
အခန်း(၈) အစမ်းရှင်းတမ်းအမှားများကို ပြင်ဆင်ခြင်းနှင့် ယာယီစာရင်း
အခန်း(၉) စာရင်းညှိနှိုင်းခြင်းများနှင့် လျာထားခြင်းများ
အခန်း(၁၀) နှစ်ချုပ်စာရင်းများရေးဆွဲခြင်း
အခန်း(၁၁) ကုန်ပို့ကုန်ရောင်းစာရင်း
အခန်း(၁၂) မတည်အသုံးစရိတ်နှင့် သာမန်အသုံးစရိတ်
အခန်း(၁၃) ရငွေ၊ ပေးငွေစာရင်းနှင့် ဝင်ငွေ၊ အသုံးစရိတ်စာရင်း
အခန်း(၁၄) စုစုပေါင်းစာရင်း(သို့မဟုတ်) ထိန်းချုပ်စာရင်းများ
အခန်း(၁၅) ကုန်ထုတ်လုပ်မှုစာရင်းများ
**************************************************************
PDF ဖိုင် ယူလိုသူများသည် Page Messenger တွင် လာရောက် စာရင်းပေးနိုင်ပါသည်။
PDF ဖိုင်အား တန်ဖိုးအနည်းငယ်ဖြင့်သာ ပို့ပေးမှာဖြစ်ပါတယ်ခင်ဗျာ......
--------------------------------------------------------------------
လေးစားလျက်
U Han

06/05/2022

****************************************
Hotel လုပ်ငန်းများမှာ စာရင်းကိုင်အဖြစ်၀င်ရောက်လုပ်ကိုင်ချင်သူများအတွက် Hotel နှုင့်ပက်သက်ပြီး စာရင်းကိုင်တစ်ယောက်
သိထားသင့်သည့်အချက်များကို အပြည့်အစုံကြီးမဟုတ်သော်လည်း အဓိကသိထားသင့်သည့် အချက်များကို ခြုံငုံရေးသားဖော်ပြပေးလိုက်
ခြင်းဖြစ်ပါတယ်....
====================================
Hotel Accounting ပိုင်းကို ၀င်ရောက်လုပ်ကိုင်လိုသူတိုင်းဟာ
Hotel တစ်ခုလုံးရဲ့ Organization Structure
ကိုသိထားဖို့လိုအပ်ပြီး အဲဒီ Structure အရဖွဲ့စည်းထားတဲ့ Sale Outlet များကို သိထားရမှာဖြစ်ပါတယ်။
Sale Outlet တွေရဲ့ Forms system and Procedures တွေကို နားလည်သဘောပေါက်ထားဖို့လိုပါမယ်…

Hotel Accountant လုပ်တော့မယ်ဆိုရင် သိထားသင့်သော စာရင်းအမျိုးအစားများမှာ အောက်ပါအတိုင်းဖြစ်ပါတယ်...
(၁) Revenue နဲ့ Income ကိုခွဲခြားသိဖို့လိုပါတယ်
(၂) Type of Income ကို သိဖို့လိုပါတယ်
(၃) Type of Expense ကို သိဖို့လိုပါတယ်
(၄) Balance Sheet ကို သိဖို့လိုပါတယ်
(၅) Departmental Profit and Loss Account ကို သိဖို့လိုပါတယ်
(၆) Financial Position ကို သိဖို့လိုပါတယ်
(၇) Budgeting and Forecasting ကို သိဖို့လိုပါတယ်
(😎 Ratio Analysis ကို သိဖို့လိုပါတယ်
(၉) Financial Control and Cost Control ပိုင်းတွေကို သိဖို့လိုပါတယ်

အထက်ပါ စာရင်းများအပြင် Sale Outlet တွေမှာ ပြုစုထားတဲ့ အခြေခံစာရင်းဇယား များကို Forms system and Procedures အတွေကို
အရင်သိထားဖို့လိုအပ်ပါတယ်…

Hotel တစ်ခုမှာ Accountant ကောင်းတစ်ယောက်အနေနဲ့ လုပ်ချင်ရင် Financial Control System နဲ့ Cost Control System တွေကို အထူးနားလည်ထားဖို့လိုအပ်ပါမယ်…
Hotel လုပ်ငန်းများအတွက် စာရင်းစနစ်ကို American Hotel and Motel Association ကနေပေါက်ပွားလာတဲ့ Uniform Accounting System ကို တကမ္ဘာလုံးက Hotel တွေမှာ သုံးစွဲနေတာဖြစ်ပါတယ်…

-Hotel Accountant တစ်ယောက်လုပ်တော့မယ်ဆိုရင် ပထမဆုံးသိထားရမှာက Revenue & Income ဖြစ်ပါတယ်။
Revenue ဆိုတာက နေ့တနေ့စာအတွက်ပဲ ပါ၀င်နေတဲ့ ၀င်ငွေစာရင်းဖြစ်ပြီး Income ဆိုတာကတော့ မနေ့ကရရန်ရှိတဲ့ Receivable တွေရော ဒီနေ့အတွက် ရတဲ့ Receipt တွေရော မနက်ဖန်အတွက် ကြိုတင်ရတဲ့ Deposit တို့ Advance တို့ပါ၀င်တဲ့ ၀င်ငွေကို ခေါ်တာပါ။

of the Hotel
-Hotel တခုမှာ ၀င်ငွေအမျိုးအစား အများကြီးရှိပြီး အဓိက အပိုင်း (၃)ပိုင်းကို သိထားရပါမယ်…
(1).Room Income, (2). F&B Dept Income, (3). MOD လို့ခေါ်တဲ့ (Mineral Operating Dept;) Income တို့ဖြစ်ပြီး MOD Dept; ထဲမှာပါ၀င်တာတွေကတော့ Hotel အကြီးအသေးအလိုက် အများကြီးရှိနိုင်ပြီး နမူနာအားဖြင့် Souvenir Shop, Beauty Spa, Laundry Income, Massage Income, and Karaoke Room Income…စတဲ့၀န်ဆောင်မှုပေးတဲ့ အပိုင်းမှ ရရှိလာမယ့် Income များဆိုပြီး ရှိပါမယ်….

များသောအားဖြင့် ရှိတတ်သော Income အမျိုးအစားတွေမှာ အောက်ပါအတိုင်းဖြစ်ပါတယ်
(1) Room Income
(2) Food Income
(3) Beverage Income
(4) Bar Income and Minibar Income
(5) Laundry Income
(6) Souvenir Shop Income
(7) Catering Service Income
(😎 Swimming Pool Income
(9) Beauty Parlor Income
(10) Karaoke Room Income
(11) Massage Income
(12) Snooker Billiard Income
(13) Mini-golf Income
(14) Business Centre Income
စသဖြင့် ဟော်တယ်အဆင့်ကိုလိုက်ပြီး အများကြီးရှိနိုင်ပါလိမ့်မယ်..

of the Hotel
Hotel ရဲ့ Expense တွေကို Capital Expense နဲ့ Current Expense (Operate-Expense) ဆိုပြီး အုပ်စုခွဲကြည့်ရမှာပါ…

Capital Expense တွေထဲမှာ များသောအားဖြင့် ပါ၀င်တတ်တဲ့
Expense အမျိုးစားတွေကတော့
-Land
-Building
-Furniture and Fixture
-Electrical Equipment
-Glassware
-Uniform စသည်တို့ ပါ၀င်တတ်ပါတယ်

Current Expense တွေထဲမှာ များသောအားဖြင့် ပါ၀င်တတ်တဲ့
Expense အမျိုးစားတွေကတော့
-Payroll
-Employee Benefit
-Room Expense
-Food & Beverage Expense
-Property Operation Expense
-Fixed Expense (charges)
-General Expense တို့ဖြစ်ပါတယ်..

Payroll & Employees Benefit တွေကတော့ ၀န်ထမ်းတွေနဲ့သက်ဆိုင်တဲ့စရိတ်တွေဆိုတာ အားလုံး သိပြီးသားမို့ အထူးမဖော်ပြပေမယ့် ဌာနအလိုက် ၀န်ထမ်းတွေကို အသေးစိတ်ခွဲရမှာဖြစ်ပါတယ်…
ဆိုလိုတာက Room နဲ့ဆိုင်တဲ့ ၀န်ထမ်း၊ F & B နဲ့ဆိုင်တဲ့ ၀န်ထမ်း စသဖြင့်အသေးစိတ်ခွဲရမှာဖြစ်ပြီးသူတို့အတွက် လစာနဲ့ ခံစားခွင့်များ ယူနီဖောင်းစရိတ်များကို အသေးစိတ်ခွဲရပါမယ်…

Expense ထဲမှာ ပါ၀င်တာတွေကို အထူးတလည်ဖော်ပြပေးပါမယ်
-China, Glassware and Linen
-Commission Expense
-Contract Cleaning Expense
-Laundry and Dry Cleaning Expense
-Guest Supplies Expense
-Cleaning Supplies Expense
-Reservation Expense
-Uniforms Expense
-Miscellaneous Expense တို့ပါ၀င်ကြပါမယ်…

and Beverage Expense မှာပါ၀င်မယ့် အမျိုးအစားတွေကိုလည်းထပ်မံဖော်ပြပါပေးပါမယ်
-Cost of food purchase,
-Cost of gas and oil,
-Cost of other merchandise for resale တွေပါပါမယ်

Operation Expense တွေထဲမှာ ပါ၀င်တာတွေကတော့
-Electricity Expense
-Fuel Expense
-Operating Supplies Expense
-Miscellaneous Expense
-Repairs and Maintenance
-Water Expense တွေပါ၀င်ပါတယ်

Expense (Charges) အမျိုးအစားတွေကတော့
-Amortization Exp
-Depreciation Exp
-Fire Insurance Exp
-Interest on Loan
-Interest on Mortgages
-Property Tax
-Real Estate Tax
-Rental Expense စသည်တို့ပါ၀င်သည်

Expense ခေါင်းစဉ်အောက်မှာ ပါ၀င်တဲ့ Exp အမျိုးအစားတွေကတော့
- Franchise Fees
- Audit Firms and Lawyers တွေကိုပေးရတဲ့ Professional Fees
- General Insurance Exp
- Printing, Stationery and Postage Expense
- Guest, Personal and Property ကုန္က်တဲ့ Security Exp
- Telephone and other Communication Fees
- Travelling Exp
- Loss on Sale of Property
- Miscellaneous Exp စသည်တို့ ပါ၀င်ပါတယ်…

-Hotel တွင် P&L ရေးဆွဲတဲ့အခါ Department တခုချင်းစီရဲ့ P&L ကိုအရင်ရေးဆွဲရပါတယ် ..Departmental Profit & Loss Account လို့ခေါ်
ပါတယ်။၀င်ငွေရှာနိုင်တဲ့ ဌာန အားလုံးရဲ့ P &L ကို ဌာနတခုချင်းစီဆွဲရ
တာဖြစ်ပါတယ်။ အဓိက ၀င်ငွေပေါ်မှာ Cost of Sale ဖြစ်ပေါ်စေတဲ့ သက်ဆိုင်ရာ Direct Cost တွေအပြင် Other Expensesများ၊သက်ဆိုင်ရာဌာနရဲ့၀န်ထမ်းလစာ၊၀န်ထမ်းခံစားခွင့်၊ ယူနီဖောင်းအတွက် ကုန်ကျစရိတ်ကအစ ဌာနအလိုက်ရှိသော သက်ဆိုင်သည့် Fixed Assets များရဲ့ Deprecation ကအစ အကုန်ထည့်တွက်ပြီး Dept;အလိုက် P&L ကိုထုတ်ရပါတယ်။ပြီးမှ ၀င်ငွေရအောင် ပံ့ပိုးကူညီရတဲ့ ၀င်ငွေမရတဲ့ဌာနတွေအတွက် စရိတ်တွေကို ထပ်နှုတ်ပြီး Hotel တခုလုံးရဲ့ Total P&L ကိုရေးဆွဲရပါမယ်…

Department အားလုံးရဲ့ P&L များကို တဆင့်ရေးဆွဲပြီးမှ Income Statement အချောသတ်ရေးဆွဲသည့်အခါ စာရင်းအားလုံးပြန်ပေါင်းသည့် Consolidated Profit & Loss Account ကိုရေးဆွဲရပါတယ်…
=========================================

-Hotel တခုမှာ ဧည့်သည်စ၀င်တာနဲ့ မှတ်တမ်းထားရမယ့် အရေးကြီး ကဏ္ဍတခုကတော့ Bill ဖြစ်ပါတယ်။ငွေမရမချင်း ဧည့်သည် တစ်ဦးချင်းစီကတက်လာတဲ့ Bill တွေကို Sr.No အလိုက် Up to Date ဖြစ်အောင် စာရင်းသွင်း File ဖွဲ့သိမ်းပြီး Receivable ကို update ဖြစ်အောင်ဖော်ထားရပါမယ်…ဒါမှ ဧည့်သည် Check out လုပ်ပြီး ငွေရှင်းချိန်မှာ ရရန်ရှိငွေများ အကုန်တောင်းခံထားနိုင်မှာဖြစ်ပါတယ်။ Bill များကို ငွေတကယ်ရမှ Cash Receipt Vr. ဖွင့်ပြီး ပိတ်သိမ်းရပါမယ်။
Bill တွေကို သူ့ဌာနနဲ့သူ သပ်သပ်စီ ခေါင်းစဉ်တွေပေးပြီး ခွဲထားရမယ်။ဥပမာ Rest Bill, Bar Bill, Laundry Bill စသဖြင့်ပေါ့..Hotel တွေရဲ့ တနေ့တာ စာရင်းတွေကို ည ၁၂ နာရီမှာ ပိတ်ပြီး Night Audit က တညလုံး စစ်ဆေးပြီး နောက်တနေ့ မနက်မှာ ၀င်ငွေစာရင်းနှင့် တခြားစာရင်းအားလုံး စစ်ဆေးအတည်ပြုပြီးဖြစ်အောင် လုပ်ထားရပါတယ်။

Division အတွက် P&L ရေးဆွဲရန် သိထားသင့်သည့်အချက်များ
Revenue ပိုင်းမှာ အခန်းငှားခရတဲ့ Room Income တွေထဲမှ
(Tax and Service Charges) တွေနှုတ်ပြီး တဲ့အပြင် Breakfast အတွက် Cost တွေနဲ့ Travel agent တွေနဲ့ ဧည့်သည်တွေကို ပေးလေ့ရှိတဲ့ Allowance တွေလည်းနှုတ်ထားရပါမယ်..ဒါဆိုရင်တော့ Net Room Revenue ကိုရပါမယ်…

(Consumption) အပိုင်းမှာတော့ ပါ၀င်လေ့ရှိတဲ့
Exp Type တွေဖော်ပြပေးပါမယ်
-Room Dept;မှာရှိတဲ့ Staff တွေအတွက် ၀န်ထမ်းလစာ
-၀န်ထမ်းခံစားခွင့် Employee Benefit
-Allowances Expense (Revenue ထဲမှာ ထည့်နှုတ်သော စရိတ်များ)
- Commission (Travel Agent တွေကိုပေး)
- China, Glassware and Linen Expense (အိပ်ခန်းတွေအတွင်းမှာထည့်ထားတဲ့ ပစ္စည်းများ)
-Contract Cleaning Expense (Room နဲ့ဆိုင်တဲ့ သန့်ရှင်းရေးတွက် ကုန်ကျစရိတ်များ)
-Laundry and Dry Cleaning Expense (Room နဲ့ဆိုင်တဲ့ လျှော်ဖွတ်စရိတ်များ)
-Operating Supplies Expense (Room မှာ ဧည့်သည်တွေတွက် ထောက်ပံ့ပစ္စည်းများစရိတ်)
-Uniform Expense (Room နဲ့ဆိုင်တဲ့ ၀န်ထမ်းများအတွက် ၀တ်စုံစရိတ်)
- Other Operating Expense (ဧည့်သည်တွက်စာအုပ်ဂျာနယ်များ၊၀န်ထမ်းခရီးစရိတ်နှင့်အခြားစရိတ်များ)
-Reservation Expense (ဧည့်သည်များလာရောက်ဖို့ စီစဉ်ဆောင်ရွက်ရတဲ့ Communication Exp)
-Employees’ Meats (Room ၀န်ထမ်းများကို ကျွေးမွေးစရိတ်)
-Depreciation Expense (Room နဲ့ဆိုင်တဲ့ Fixed Assets များအတွက်)

& Beverage Department အတွက် P&L ရေးဆွဲရန် သိထား
သင့်သည့်အချက်များ
-Hotel တွေမှာ Food Income ပိုင်းအတွက် Food Sale မှာ Sale ရယ် (F.O.C) ၀င်ငွေမရဘဲ ထုတ်လုပ်မှုရယ်၊ Complimentary လို့ခေါ်တဲ့ အခမဲ့ ကျွေးမွေးတာတွေရယ်ရှိပါတယ်..၀န်ထမ်းတွေကို ကျွေးမွေးရတဲ့ တန်ဖိုးတွေကို Sale Income အနေနဲ့မသွင်းရပါဘူး..
နောက်တခုကတော့ အခန်းတွေဟာ မနက်စာ (Breakfast) နဲ့တွဲရောင်းတာဖြစ်လို့ Room Sales ထဲမှာ ပါ၀င်နေတဲ့ မနက်စာအတွက် Cost တွေကို Food and Beverage Dept; စာရင်းထဲမှာ ပြန်ထည့်ပေးရပါမယ်..
Beverage Income ထဲမှာတော့ Dining Room, Room Service , Banquets and Public Bars တွေမှာရောင်းချလို့ရတဲ့ အဖျော်ယမကာ
အရောင်းတွေ အားလုံးပါပါတယ်..

Cost of Sale တွက်ချက်နည်းကတော့-
သုံးစွဲခဲ့တဲ့ ပစ္စည်းတွေရဲ့တန်ဖိုးတွေကို (Cost Price) နဲ့တွက်ချက်ပြီး ကုန်သွယ်လျှော့ငွေ Trade Discount ကိုနုတ်ပေးရပြီး သယ်ယူစရ်ိတ်၊ သိုလှောင်စရိတ်၊ ပို့ဆောင်စရိတ်တွေကို ထည့်ပေါင်းပြီး ၀န်ထမ်းများအတွက် အစားအစာခွင့်ပြုစရိတ်ကို နုတ်ယူရပါမယ်…

Cost of Sale တွက်ချက်နည်းကတော့-
အဖျော်ယမကာပြင်ဆင်ရောင်းချရာမှာ ထည့်သွင်းသုံးစွဲခဲ့တဲ့ ပစ္စည်းတွေရဲ့တန်ဖိုးတွေကို (Cost Price) နဲ့တွက်ချက်ပြီး ကုန်သွယ်လျှော့ငွေ Trade Discount ကိုနုတ်ပေးရပြီး သွင်းကုန်စရိတ် (Import Duties) သယ်ယူစရ်ိတ်၊ သိုလှောင်စရိတ်၊ ပို့ဆောင်စရိတ်တွေကို ထည့်ပေါင်းပြီး ၀န်ထမ်းများအတွက် အစားအစာခွင့်ပြုစရိတ်ကို နုတ်ယူရပါမယ်…ထို့အပြင် ပုလင်းခွံတွေ ပြန်ရောင်း၇တဲ့ ၀င်ငွေကို ထည့်ပေါင်းပြီးမှသာ အချောသတ် Beverage Cost Sale ကိုရရှိမှာဖြစ်ပါတယ်..

Other Operated Department တွေအတွက်ကတော့
Division တစ်ခုစီအလိုက် ၀င်ငွေနဲ့ သူရဲ့သက်ဆိုင်တဲ့ စရိတ်တွေကို နှုတ်ပြီး ဌာနတခုစီ P& L တွေရေးဆွဲရမှာပါ..

Hotel တစ်ခုနဲ့တစ်ခု Service ပေးတဲ့ (Mineral Operation Departments) တွေကအနည်းအများ မတူညီနိုင်တာကြောင့် ကိုယ့်လုပ်ငန်းမှာ ရှိတဲ့ ဌာနအလိုက်စာရင်းရေးဆွဲရမှာပါ…
ဥပမာဆိုလိုတာက ဟော်တယ်တိုင်းမှာ ရေကူးကန်မရှိသလို ဟော်တယ်တိုင်းမှာ GYM, Message, KTV စတာတွေ မရှိနိုင် ဟော်တယ်တိုင်းမှာ Beauty Salon မရှိတာကြောင့် ကိုယ့်ဟော်တယ်မှာ ရှိသလောက်နဲ့ စာရင်းရေးဆွဲပါ…
======================================

Hotel ပိုင်းအတွက် အရေးကြီးတဲ့ ကဏ္ဍနောက်တစ်ခုကတော့ Cost Control ပိုင်းဖြစ်ပါတယ်…

Cost Control ပိုင်းမှာ
(1) Operating Cost (Consumption အပါအ၀င်)
(2) Capital Expenditure
(3) Shareholder Value စတာတွေကို Control လုပ်ရပါမယ်..

Operation Cost တွေကို စီမံရာမှာ Sale Outlets တစ်ခုစီရဲ့ Operating Cost တွေကို မူလ Budget လျာထားချက်၊ Norm တွေနဲ့ ကိုက်ညီမှု ရှိမရှိ၊ကွဲလွဲချက်တွေကို ဆန်းစစ်ရပါမယ်..
ကွဲလွဲရတဲ့ အကြောင်းရင်းတွေကိုရှာဖွေပြီး လိုအပ်တဲ့ စီမံမှုများကိုပြုလုပ်ရပါမယ်…

Capital Expenditure တွေကို စီမံခန့်ခွဲရာမှာတော့ Fixed Assets တွေကို ထိန်းသိမ်းခြင်းနှင့် တန်ဖိုးသတ်မှတ်ခြင်းအပိုင်းနှစ်ပိုင်းပါ၀င်ပါမယ်..
Hotel လုပ်ငန်းများတွင် အရေးအကြီးဆုံးအပိုင်းကဏ္ဍဖြစ်သော Costing ပိုင်းအတွက် New Castle Hotels & Resorts ရဲ့ President & COO ဖြစ်သော Gerry Chase ရဲ့ အဆိုအရ: labor, direct expenses and overhead expenses တွေကို အာရုံထား Control လုပ်ဖို့နဲ့ Labor cost, Food and Beverage ပိုင်းများကို သေချာထိန်းကွက်ရန်သတိပေးထားပါတယ်…

Hotel တွေမှာ ကျင့်သုံးလေ့ရှိသော Costing Method မှာ Activity Based Costing (ABC) ကိုကျင့်သုံး သလား Traditional costing system အရ Operating Costing ကျင့်သုံးသလားဆိုတာကိုတော့ Hotel Policy ပေါ်မှာလေ့လာကြည့်ရပါလိ့်မ်မယ်…

အထူးဖော်ပြချက်အနေနဲ့ Hotel လုပ်ငန်းတွေမှာဖြစ်စေ Restaurant
လုပ်ငန်းများအတွက်ဖြစ်စေ
Food Cost Control ဘယ်လိုလုပ်ရမယ်ဆိုတဲ့ နည်းလမ်းများကို လေ့လာနိုင်ရန် Link လေးတစ်ခုဖော်ပြပေးထားပါတယ်…
၀င်ရောက်လေ့လာကြည့်ပါလို့ တိုက်တွန်းချင်ပါတယ်…
Food Cost Control အတွက် Link လေးပါ....
https://www.bngkolkata.com/web/food-cost/
ဒါဆိုရင်တော့ ဟော်တယ်မှာ ၀င်ရောက်လုပ်ကိုင်လိုတဲ့
စာရင်းကိုင်များအတွက် အဖိုးတန်အသိပညာလေးတွေတော့
ရသင့်သလောက် ရလိမ့်မယ်လို့ ယုံကြည်ပါတယ်...

အားလုံးဘဲ အလုပ်အကိုင်များအဆင်ပြေကြပြီး
အောင်မြင်ပျော်ရွှင်တဲ့ ဘ၀များကို ပိုင်ဆိုင်နိုင်ကြပါစေရှင်...
*********************************************************

ယခုဖော်ပြရေးသားချက်များသည် Hotel Accounting ပညာရပ်ကို
ကျွမ်းကျင်ပိုင်နိုင်သော ဝါရင့်ဆရာကြီးများရဲ့လမ်းညွှန်ချက်များကို
စာအုပ်စာပေများမှတဆင့် ဖတ်ရှုလေ့လာမိသမျှသော အချက်အလက်များကို ပြန်လည်မျှဝြေခင်းဖြစ်ပါသည်…

စာရင်းကိုင်ပညာဖြင့် အသက်မွေး၀မ်းကျောင်းသူများအတွက် လိုအပ်သော Accounting Knowledge Skills များရရှိတိုးတက်စေရန် ရည်ရွယ်ရ်ျ Knowledge Sharing ပြုလုပ်ပေးခြင်းသက်သက်သာဖြစ်ပါသည်…

ရေးသားတင်ပြသူ
Daw Hanni Thaw (Founder & CEO)
Best Choice Professional Training

02/05/2022

နိုင်ငံရေးဘောဂဗေဒ
******************
နိုင်ငံရေးဘောဂဗေဒ ဆိုသည်မှာ နိုင်ငံရေးနှင့် ဘောဂဗေဒ အဆက်အစပ်ကို စီးပွားရေး ရှုထောင့်မှ သော်လည်းကောင်း၊ နိုင်ငံရေး ရှုထောင့်မှ သော်လည်းကောင်း သုံးသပ်ကြည့်ရှု၍ သဘောပေါက်သိမြင် နားလည်အပ်သော ဘာသာရပ်တစ်ခု ဖြစ်လေသည်။ ယခင်က သိထားသည်မှာ စီးပွားရေးသည် စီးပွားရေး သက်သက်၊ နိုင်ငံရေးသည် နိုင်ငံရေး သက်သက်ဟုသာဖြစ်သည်။ နိုင်ငံရေး စနစ်တစ်ခုနှင့် စီးပွားရေး ဆက်စပ်ပုံ၊ စီးပွားရေးနှင့် ပတ်သက်သော ပေါ်လစီ တစ်ခုသည် နိုင်ငံရေးအပေါ်မည်ကဲ့သို့သက်ရောက်မှု ရှိသည် ဟူသော နိုင်ငံရေး ကစားကွက် များကို ပိုမိုသိရှိလာခဲ့ရသည်။ ထို့ပြင် တစ်နိုင်ငံနှင့် တစ်နိုင်ငံ အကျိုးစီးပွားအတွက် နှစ်ဖက်စလုံးအကျိုးရှိသည့် (Mutual Gain) ဖြင့် အပြန်အလှန် ကစားကြသည့် နိုင်ငံ တကာ နိုင်ငံရေးဘောဂဗေဒ ဘာသာရပ်မှာလည်း အလွန်စိတ်ဝင်စားဖွယ်ကောင်းပါသည်။

ယနေ့ခေတ် မြန်မာနိုင်ငံသည် ဈေးကွက်စီးပွားရေးစနစ်ကို အကောင်ထည်ဖော်ဆောင်နေသော နိုင်ငံတစ်ခုဖြစ်သည်။ ၂၀၁၅ တွင်လည်း(Asean Free Trade Association,AFTA) တွင်ပါဝင်တော့မည် ဖြစ် သည်။ ထိုအချိန်တွင် ကုန်သွယ်ရေးအခွန်များ ကင်းလွတ်သွားမည်ဖြစ်၍ မိမိတို့နိုင်ငံမှ တင်ပို့သော ကုန်စည်များ၊ ဝန်ဆောင်မှုများသည် အခြားနိုင်ငံများနှင့် ယှဉ်ပြိုင်ရမည်ဖြစ်လေသည်။ နိုင်ငံရေး ရှုထောင့်အားကြည့်လျှင်လည်း နိုင်ငံ၏ ဂုဏ်သိက္ခာ နှင့် အကျိုးစီးပွား အတွက် ပြင်ဆင်ထားရမည် ဖြစ်သည်။ ထိုအတွက်ကြောင့် နိုင်ငံရေးဘောဂဗေဒ(Politcal Economy)၊ အမျိုးသားအဆင့် စီးပွားရေး (macro economy) နှင့် ပြည်သူ့ရေးရာ မူဝါဒ(Puplic Policy) နှင့် ပြည်သူ့ရေးရာ အုပ်ချုပ်မှု(Public Administration) သဘောတရားများကို ပိုင်ပိုင်နိုင်နိုင်သဘောပေါက်နားလည်ထားပါမှ နိုင်ငံ တည်တည် ငြိမ်ငြိမ်နှင့် ဖွံ့ဖြိုးတိုးတက်မှုကို ရယူနိုင်သည့် မူဝါဒရေးရော သွင်းအားစု ကောင်းများ ပေးသွင်းနိုင်မည် ဖြစ်လေသည်။ နိုင်ငံရေးဘောဂဗေဒဆိုသည်မှာ စီးပွားရေးမူဝါဒများကို နိုင်ငံရေးအရဆုံးဖြတ်ချက်ချမှတ်မှုကို (တနည်း စီးပွားရေးမူဝါဒများ အကောင်အထည်ဖော်ရာတွင် နိုင်ငံရေးပါဝါ၏ အခန်းကဏ္ဍ) လေ့လာသော် လည်း စီးပွားရေးဘာသာရပ်ပင်ဖြစ်လေရာ သမိုင်းတွင် နှစ်တရာကျော် ပြိုင်ဆိုင်ခဲ့သည့် စီးပွားရေး အိုင်ဒီ အိုလိုဂျီကြီးနှစ်ခုကို ဦးစွာသုံးသပ်ကြည့်မိလေသည်။

မျဉ်းပြိုင် အိုင်ဒီယိုလိုဂျီကြီးနှစ်ခု
****************************
ယခင် ကမ္ဘာ့နိုင်ငံအသီးသီးတွင် ပေါ်ပြူလာ အလွန်ဖြစ်ခဲ့ဖူးသည့် စီးပွားရေးစနစ်မှာ ဆိုရှယ်လစ် စီးပွားရေး စနစ်ဖြစ်လေသည်။ ဘုံ စီးပွားရေး (Commond economy) ကို ယခင် ကွန်မြူနစ်နိုင်ငံများ ဖြစ်သော ဆိုဗီယက်ယူနီယံနှင့် တရုတ်အပါအဝင် ကမ္ဘာပေါ်ရှိ လက်ဝဲနိုင်ငံများ ကျင့်သုံး အကောင်အထည် ဖော်ခဲ့ကြလေသည်။ ဘာသာရပ်အခေါ်အဝေါ်အားဖြင့် Socialist mode of production ဟုခေါ်လေသည်။ မြန်မာနိုင်ငံတွင်လည်း မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီခေတ်(၁၉၆၂-၁၉၈၈) တွင်ကျင့်သုံးခဲ့သည်။ ယင်းလက်ဝဲနိုင်ငံများသာမက ဒီမိုကရေစီနိုင်ငံရေးစနစ်ကို ကျင့်သုံးသော နိုင်ငံအချို့ တွင်လည်း အမိန့်ပေးစီးပွားရေးစနစ်ကို ကျင့်သုံးခဲ့ကြလေသည်။ (ဥပမာ- အိန္ဒိယနိုင်ငံ) ဆိုရှယ်လစ်ဝါဒ၏ အခြေခံအယူအဆမှာ အလုပ်သမားများ နိုင်ငံရေးအင်အားရရှိရေးဖြစ်သည်။ အလုပ်သမားများသည် ဓနကို ထုတ်လုပ်ပေးသူများ ဖြစ်ရာ ၎င်းတို့၏ ငွေကြေးဓန ကြွယ်ဝရေးအတွက် အစိုးရမှ ဓနပြန်လည်ခွဲဝေဖြန့်ဖြူးရေးများလုပ်ဆောင်နိုင်ရန် အလုပ်သမားများ နိုင်ငံရေးအင်အားရရှိမှသာ လုပ်ဆောင်နိုင်မည်ဖြစ်လေသည်။ တစ်နည်းအားဖြင့်ဆိုသော် (အစိုးရမှ ဝင်ရောက်ခြယ်လှယ်သော)အမိန့် ပေး စီးပွားရေးစနစ်၊ သာတူညီမျှ ကောင်းစားရေးစနစ် ဖြစ်လေသည်။ ဥစ္စာဓနများကို သာတူညီမျှ ခွဲဝေသောစနစ်ဖြစ်သောကြောင့် သာမန်အားဖြင့် ကြည့်သော် ဆင်းရဲချမ်းသာကွာဟမှု မရှိသည်မှာ ၊ ကောင်းသည်ဟု ထင်ရသော်လည်း တကယ်တမ်းတွင် ကိုယ်ပိုင်ကြိုးစားအားထုတ်မှုဖြင့် ကြီးပွားချမ်းသာ လာသောသူများ၏ လုပ်ငန်းများကို ပြည်သူပိုင်သိမ်းခံခဲ့ရလေသည်။ ကြိုးစားအားထုတ်မှုမရှိဘဲ ၊ဝင်ငွေ တိုးအောင် မဆောင်ရွက်လိုသော လူတန်းစားများမှာ ဘဝကို အေးဆေးသက်သာစွာဖြင့် အချောင်ခိုလိုစိတ် ကိုပိုမိုဖြစ် ထွန်းစေခဲ့သည်။ အားလုံးသာတူညီမျှ မွဲကြလေသတည်း ဆိုသကဲ့သို့ဖြစ်နေသည်။ ဆိုရှယ်လစ် စနစ်သည် အရင်းရှင်စနစ်ကို တရားကိုယ်အားနည်းချက်ဖြစ်သော မညီမျှမှုကို တိုက်ဖျက်လိုပြီး အခြေခံလူတန်းစားများ ဘက်မှ ရပ်တည်လိုသည့် သဘောအပေါ်အခြေခံ၍ ပေါ်ပေါက်လာသည်။

၁၉၉၀ ပြည့်နှစ်တွင် ဆိုဗီယက်ယူနီယမ်ကြီး ပြိုလဲအပြီး ယင်းနှင့် တနွယ်ငင်တစ်စင်ပါ အမိန့်ပေးစီးပွားရေးစနစ်မှာလည်း လက်တွေ့ အလုပ်မဖြစ်တော့သည့် စနစ်ဖြစ်ကြောင်း မြင်ဝါးထင်ထင် တွေ့လိုက်ကြသည်ဖြစ်ရာ မည်သည့်နိုင်ငံမှ ဆိုရှယ်လစ် စီးပွားရေးစနစ်ကို ကျင့်သုံးခြင်းမျိုးမပြုလုပ် တော့ပေ။ သို့နှင့် အရင်းရှင်စီးပွားရေးစနစ်ကို နိုင်ငံများ ဦးလှည့် သွားကြသော်လည်း အရင်းရှင်စနစ်ဆို သော နာမည်ကိုတော့မသုံး။ ယင်းအစား ဈေးကွက်စီးပွားရေးစနစ်ဟု သုံးနှုန်းခေါ်ဝေါ်ကြလေသည်။ အဘယ်ကြောင့်ဆိုသော် အရိုင်းဘဝမှ ယဉ်ကျေးလာသည့် အရင်းရှင်စနစ်၏ မညီမျှတက်မှုအပေါ် သံသယမျက်လုံးများဖြင့် ကြည့်နေကြဆဲကြောင့်ဖြစ်လေသည်။ အရင်းရှင်စနစ်ဆိုသည်မှာ ကုန်စည်ခွဲဝေဖြန့်ဖြူးမှုကို ဈေးကွက်အင်အားက အဆုံးအဖြတ်ပြုသည့် ပုဂ္ဂလိက ပိုင်ဆိုင်မှု(Private Sector) ဦးစားပေးစနစ်ဖြစ်သည်။ အရင်းရှင်စနစ်အောက်တွင် (Capitalist mode of production) အရင်းစုဆောင်းမှုကို တစ်သီးပုဂ္ဂလများ၊ ကော်ပိုရေးရှင်းကြီးများက ကြီးကြီး မားမားထိန်းချုပ် ထားလေသည်။ သို့သော် တကယ့်လက်တွေ့တွင် မည်သည့်နိုင်ငံမှ အရင်းရှင်စနစ်ချည်း သီးသန့် ကျင့်သုံးကြသည်တော့ မဟုတ်ပါ။ ပုဂ္ဂလိကပိုင်းရော၊ ပုဂ္ဂလိကပိုင်းပါပါဝင်သည့် အရောအစပ် (mixed economy) ပုံစံမျိုးကို နိုင်ငံအများစုက ကျင့်သုံးကြလေသည်။ အများစုသော အရင်းရှင် စီးပွားရေးစနစ်ကျင့်သုံးသော နိုင်ငံများတွင် အစိုးရများမှ အရင်းရှင်စနစ်၏ ဓနခွဲဝေမှုနှင့် ပတ်သတ်သော မညီမျှမှုကို ညီမျှမှုရှိစေရန် အစိုးရမှ ဝင်ငွေဖြန့်ခွဲမှု မူဝါဒကောင်းကို ချမှတ် အကောင်အထည်ဖော်ခြင်း မျိုးလည်းရှိသည်။ နော်ဝေး၊ ဆွီဒင်၊ ဒိန်းမတ်၊ ဖင်လန်အစရှိသော စကင်ဒီနေးဗီးယားနိုင်ငံများသည် (Scandinavia Countries) ပြည်တော်သာနိုင်ငံများ “Welfare state” နိုင်ငံများဖြစ်ကြလေသည်။ အဆိုပါ ပြည်တော်သာနိုင်ငံများသည် ပြည်သူများအတွက် စရိတ်မျှပေးကျန်းမာရေးခံစားခွင့်များ၊ သက်ကြီးရွယ်အို လူမှုစောင့်ရှောက်ရေးအစီအစဉ်များ၊ အငြိမ်းစားဝန်ထမ်း ပင်စင်လစာ ခံစားခွင့်များ၊ အခမဲ့ပညာရေး အစီအစဉ်များ ၊ အလုပ်သမားလက်မဲ့များအတွက် အကျိုးခံစားခွင့်များကို နိုင်ငံတော်မှ လူမှုဖူလုံရေး မူဝါဒများချမှတ် (Welfare Policy) အကောင်အထည်ဖော်ကြလေသည်။ ၂၀ဝ၈ ဘဏ္ဍရေး အကျပ်အတည်း ပြီးသည်နောက်တွင် အကျဉ်းအတည်းဒဏ်ကို ခံရမှုအနည်းဆုံးနိုင်ငံများမှာ အထက်ပါ လူမှုလုံခြုံရေးပိုက်ကွန်ကို အခိုင်အမာ တည်ဆောက်ထားသည့် နိုင်ငံများဖြစ်နေကြောင်းကို တွေ့ရှိရသည်။

မြန်မာနိုင်ငံတွင်လည်း ပါလီမန်ဒီမိုကရေစီခေတ်က လူအများ ဖြစ်နိုင်ဖွယ် မရှိဟုဆိုကာ လှောင်ပြောင်ခဲ့ကြသည့် လူတကိုယ်၊ တစ်တိုက်လုံး ကားတစ်စီး ပိုင်ဆိုင်ရမည်ဟူသော ပြည်တော်သာ စီမံကိန်းကဲ့သို့သော မူဝါဒမျိုးကို ကျင့်သုံးအကောင်အထည်ဖော်ခဲ့ကြဖူးလေသည်။ အရှင်းရှင်စနစ်တွင် ပုဂ္ဂိုလ်တစ်ဦးတစ်ယောက်တည်း သို့မဟုတ် စီးပွားရေးလုပ်ငန်းကြီးများက ဈေးကွက်ကို အဓိက လွှမ်းမိုး ခြယ်လှယ်မှုများ (monopoly) ရှိခြင်းကြောင့် ဆင်းရဲချမ်းသာ လူတန်းစားကွာဟ မှုပို၍ ဖြစ်ပေါ်စေသည်။ ယခုကဲ့သို့ Globalization ခေတ်ကြီးတွင် အရင်းရှင်စနစ်၏ သဘောတရားမှာ ကမ္ဘာလုံးဆိုင်ရာ စီးပွားရေး စနစ်ကြီးအတွက် ပိုမိုဖွံ့ဖြိုးတိုးတက်မှုကို ရောက်သွားမည်လော သို့မဟုတ် ဆင်းရဲချမ်းသာကွာဟ မှုကြီး ထွားလာလေမည်လောဟု မေးစရာများပင်ရှိလာသည်။ ဆင်းရဲချမ်းသာကွာဟမှု အမှန်ပင်ကြီးထွား လာသော်လည်း ယင်း Globalization ကို အသုံးပြုပြီး ဖွံ့ဖြိုးဆဲနိုင်ငံ (တတိယကမ္ဘာနိုင်ငံ) မှ ဖွံ့ဖြိုးပြီး ပထမနိုင်ငံသို့တက်လှမ်းသွားသည့် နိုင်ငံများလည်းရှိလေသည်။ ယင်းနိုင်ငံများမှာ အရှေ့အာရှဒေသမှ အာရှကျားများပင်ဖြစ်လေသည်။

အသစ်ဖြစ်ထွန်းလာသော စက်မှုနိုင်ငံများနှင့်အာရှကျားများ
***************************************************
တတိယကမ္ဘာနိုင်ငံမှ အချို့သောနိုင်ငံများသည် အရင်းအနှီးစုဆောင်းမှုနှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုကို အောင်မြင်စွာ ဆောင်ရွက်နိုင်ခြင်း ကြောင့် အဆိုပါနိုင်ငံများကို အသစ်ဖြစ်ထွန်းလာသော စက်မှုနိုင်ငံများဟု ဝိဂြိုဟ်ပြုကြလေသည်။ ယင်းနိုင်ငံများသည် ၁၉၈၀နှင့် ၁၉၉၀ အစောပိုင်း ကာလများတွင် ပို့ကုန်အဓိက မူဝါဒကို ချမှတ်ကာ ကုန်စည်အများအပြားကို ကမ္ဘာ့ဈေးကွက်သို့ ထုတ်လုပ်တင်ပို့နိုင်ခြင်းကြောင့် ခိုင်မာသော စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုကို ဆောင်ကြဉ်းနိုင်ခဲ့လေသည်။ အအောင်မြင်ဆုံးသော နိုင်ငံများမှာ အရှေ့အာရှမှ ကျားလေးကောင်ဖြစ်သော တောင်ကိုရီယား၊ ထိုင်ဝမ်၊ ဟောင်ကောင်နှင့် စင်ကာပူတို့ ဖြစ်ကြလေသသည်။ တစ်နိုင်ငံချင်းစီသည် ယင်းတို့အားသန်ရာ၊ အရင်းအမြစ်ကောင်းရှိရာ လုပ်ငန်းစုများကို ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ရင်း ကမ္ဘာ့ဈေးကွက်တွင် အခြားဖွံ့ဖြိုးပြီးနိုင်ငံများကို ယှဉ်ပြိုင်နိုင်သည်အထိ အောင်မြင်မှုရရှိခဲ့လေသည်။ ဥပမာ သံနှင့်ကျောက်မီးသွေး အရင်းအမြစ်များ ကြွယ်ဝသော တောင်ကိုရီးယားဆိုလျှင် စတီးနှင့် မော်တော်ကားလုပ်ငန်းစုများကို ဖွံ့ဖြိုးအောင်ဆောင်ရွက်ပြီး ကမ္ဘာ့ဈေးကွက်သို့ တင်ပို့ရောင်းချခြင်းဖြင့် ကုန်သွယ်မှု အမြတ်ထွက်အောင် ဆောင်ရွက်နိုင်ခဲ့လေသည်။ အမှန်စင်စစ် အဆိုပါ အာရှကျားများသည် ဂျပန်နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှုအတိုင်း လိုက်ပါသွားကြသည့် နိုင်ငံများ ဖြစ်လေသည်။ ယင်းကို ပညာရှင်များက ဗျိုင်းအုပ်ပုံစံ ဖွံ့ဖြိုးရေးလမ်းကြောင်းဟု ခေါ်ဝေါ်သတ် မှတ်ကြလေသည်။ အာရှကျားလေးကောင်နောက်တွင် နောက်ထပ် ကျားပေါက်များ ဖြစ်သော ထိုင်း၊ မလေးရှား၊ အင်ဒိုနီးရှားတို့ ဆက်လက်လိုက် ပါသွားကြပြီး၊ ယင်းနောက်တွင်မူ ဗီယက်နမ်၊ ကမ္ဘာဒီးယား၊ လာအို၊ မြန်မာတို့ လိုက်ပါလာကြ လေသည်။

စက်မှုဖွံ့ဖြိုးရေး အရယူနိုင်ခဲ့သည့်အတွက် အာရှကျားများဟု တင်စားခေါ်ဝေါ်ခဲ့ကြသော အဆိုပါ နိုင်ငံများ၏ ဖွံ့ဖြိုးရေး ဖြစ်စဉ်ကြီးကို လေ့လာ သုံးသပ်ကြည့်ပါက ခေါင်းဆောင်မှု အခန်းကဏ္ဍ၏ အရေးပါပုံကို ထင်ထင်ရှားရှားကြီး တွေ့ရှိရမည်ဖြစ်သည်။ ကိုလိုနီစနစ်အောက်မှ လွတ်လပ်ရေး ရပြီးခါစ နိုင်ငံများတွင် နိုင်ငံ၏ စီးပွားရေးမူဝါဒကို ဦးဆောင်ခဲ့သူများမှာ စစ်နှင့်တော်လှန်ရေးကို ဖြတ်သန်းခဲ့သည့် နိုင်ငံရေး အစွဲသန်သည့် ပထမမျိုးဆက် ခေါင်းဆောင်များ ဖြစ်ခဲ့သည်။ ယင်း ပထမ မျိုးဆက်ခေါင်းဆောင်များမှာ စီးပွားရေးတိုးတက်ဖို့ စိတ်အခံထက် နိုင်ငံရေး ကစားကွက်များတွင် အာရုံရခဲ့သည့် ဖွံ့ဖြိုးမှုကို ယင်းတို့မျိုးဆက်အတွင်း အရယူပေးနိုင်ခဲ့ခြင်း မရှိပါ။ ဖွံ့ဖြိုးမှုနည်းသော စီးပွားရေးများတွင်ကား တက္ခနိုခရက်များ ခေါင်းဆောင်မှုနေရာကို ရရှိခဲ့ခြင်းမရှိပါ။ အဆိုပါ တက္ခနိုခရက်များမှာ စီးပွားရေးဖွံ့ဖြိုးမှု ဆောင်ကြဉ်းပေးနိုင်ခဲ့ သည့် ဒုတိယမျိုးဆက် ခေါင်းဆောင်များ ဖြစ်လာခဲ့လေသည်။ မြင့်မြင့်မားမား စွမ်းဆောင်ရည်ရှိသည့် စီးပွားရေးတွင် အဆိုပါ ဒုတိယမျိုးဆက်ခေါင်းဆောင် တက္ခနိုခရက်များကို မူဝါဒချမှတ်ရေးနယ်ပယ်တွင် လုပ်ပိုင်ခွင့် ပိုမိုပေးအပ်စေခဲ့သည်။ အာရှကျားလေးကောင် နိုင်ငံ၏ အရေးကြီးသော မဟာဗျူဟာမြောက် စီးပွားရေး မူဝါဒချမှတ်ရေးဖြစ်စဉ်များတွင် တက္ခနိုခရက်များမှာ အရေးကြီးသည့် အခန်းကဏ္ဍမှ ပါဝင်စမြဲဖြစ်ကြောင်း တွေ့မြင်ရလေသည်။ အချို့သော နိုင်ငံရေး ဘောဂဗေ ဒပညာရှင်များက နောက်ပေါက် အာရှကျားများအတွက် စီးပွားရေး မူဝါဒများ၊ သီအိုရီပိုင်း၊ လက်တွေ့နည်း စနစ်ပိုင်းနားလည်သည့် တက္ခနိုခရက်များလောက်ဖြင့် မလုံ လောက်တော့ပါ။ ယင်းတက္ခနိုခရက်များ၏ အရည်အချင်းများအပြင် နိုင်ငံရေးအရပါ ဆွဲဆောင်စည်းရုံးနိုင်သော တက္ခနိုပိုလီ(technopoly) အရည်အချင်း များပါ လိုအပ်သည်ဟု သုံးသပ်ပြောကြားသွားလေရာ အာရှနောက်ပေါက် ကျားအဖြစ် အားယူမည့် မြန်မာနိုင်ငံအဖို့ အထူးအလေးထား ဆင်ခြင်စရာပင် ဖြစ်လေသည်။

အာရှအံ့ဘနန်း၏ နိုင်ငံရေးဘောဂဗေဒ(Political Economy of Asia Miracle)
*********************************
ယင်းနိုင်ငံများ၏ ဖွံ့ဖြိုးရေးနိုင်ငံရေးဘောဂဗေဒကို လေ့လာကြည့်ပါက လွန်စွာ စိတ်ဝင်စားဖွယ်ကောင်းကြောင်း သိရလေသည်။ အစိုးရက နောက်ကွယ်မှ ထောက်ပံ့ထားသော စီးပွားရေးလုပ်ငန်းစုကြီးများ၊ နိုင်ငံခြားငွေကြေးလဲလှယ်မှုတွင် မိမိငွေကြေးကို တည်ငြိမ်နေအောင် ထိန်းသိမ်း ထားနိုင်မှုကြောင့် ကုန်သွယ်မှု ပိုငွေရရှိမှုများ၊ ပြည်ပရင်းနှီးမြုပ်နှံမှုများ၊ ပြည်တွင်းစီးပွားရေးလုပ်ငန်းရှင်များ စီးပွားရေးအလွယ်တကူ ချောချောမွေ့မွေ့ လုပ်ဆောင်နိုင်ရန် ဥပဒေ၊ နည်းဥပေဒ၊ လုပ်ထုံးလုပ်နည်းများ စနစ်တကျ ပြဋ္ဌာန်းထားမှုများ၊ ဥပဒေမှ အပြည့်အဝ ကာကွယ် ပေးထားမှုများဖြင့် အရှေ့အာရှ နိုင်ငံများသည် ဖွံ့ဖြိုးရေးပန်းတိုင်များသို့ ပန်းဝင်ခဲ့ကြလေသည်။

ယင်းတို့အနက် စီးပွားရေးလုပ်ငန်းများ လုပ်ပိုင်ခွင့်ပေးသည့်အပိုင်းသည် နိုင်ငံတော်အတွက်ရော၊ လူ့အဖွဲ့အစည်းအပိုင်းအတွက်ပါ လွန်စွာ အရေးကြီးသည့် အစိတ်အပိုင်းဖြစ်လေသည်။ အဘယ်ကြောင့်ဆိုသော် နိုင်ငံစီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေးအတွက် စေတနာနည်းသည့် ကိုယ်ကျိုးစီးပွား အတွက်သာ ကြည့်သော၊ သို့မဟုတ် စီးပွားရေး မလုပ်တတ်သည့် လုပ်ငန်းရှင်များကိုသာ စီးပွားရေးလုပ်ပိုင်ခွင့်ပေးခဲ့လျှင် နိုင်ငံ၏ကုန်ထုတ်လုပ်မှု စွမ်းအားများ တိုးတက်မှု နည်းမည်သာ ဖြစ်လေသည်။ နိုင်ငံရေးဘောဂဗေဒ ဘာသာရပ်တွင် ယင်းကို Rent seeking ဟု ခေါ်လေသည်။ စီးပွားရေး လုပ်ချင်သည့် နိုင်ငံသားတိုင်းကို လုပ်ပိုင်ခွင့် (သို့) တစ်နည်း တန်းတူညီတူ ယှဉ်ပြိုင်နိုင်ခွင့် ပေးရမည်ဖြစ်သော်လည်း (Level Playing Field) ဈေးကွက်ကို လက်ဝါးကြီးအုပ်သွားနိုင်သည့် အရင်းကြီးကြီးမားမားရှိသည့် စီးပွားရေးလုပ်ငန်းရှင်များလည်း ရှိသောကြောင့် Rent Free ထားဖို့ဆိုသည်မှာ မည်သို့မျှ မဖြစ်နိုင်ပါ။ ထိုအတွက်ကြောင့် စက်မှုဖွံ့ဖြိုး တိုးတက်သည့် OECD နိုင်ငံများတွင်သာ Rent Free ထားရှိသော်လည်း ယခုမှ ဖွံ့ဖြိုးရေးလမ်းကြောင်းပေါ် ရောက်ရှိလာသည့် ဖွံ့ဖြိုးဆဲနိုင်ငံများအနေဖြင့် Rent Free ထားရှိဖို့မှာ မဖြစ်နိုင်ပေ။ အာရှကျားများကို ကြည့်ပြန်လျှင်လည်း အာရှကျား ျားသည် မိမိနိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို ဆောင်ကြဉ်းစေချင်သည့် စေတနာရှိသော စီးပွားရေးစွန့်ဦးတီတွင် လုပ်ကိုင် တတ်သော စီးပွားရေးသမားများကို လုပ်ကိုင်စေခြင်းဖြင့် ဖွံ့ဖြိုးတိုးတက်မှု ရှိလာခြင်းဖြစ်လေသည်။

အစိုးရနှင့် စီးပွားရေးလုပ်ငန်းများ၏ ဆက်ဆံရေး
(Government and Business relation)
******************************************
မြန်မာနိုင်ငံ၏ အစိုးရနှင့် စီးပွားရေးလုပ်ငန်းများ၏ ဆက်ဆံရေး (Government and Business relation) မှာ လာဘ်ပေးလာဘ်ယူပေါများခြင်း၊ မလိုလားအပ်သည့် အဆင့်ပိုများရှိနေခြင်း၊ အရှင်မွေး သူကောင်းပြုမှုများကြောင့် စီးပွားရေးဖွံ့ဖြိုးရေးအတွက် စွမ်းဆောင်ရည်နိမ့်ပါးသည့် ဆက်ဆံရေးမျိုး ဖြစ်နေပါသည်။ အထူးသဖြင့် ခေတ်နှင့်မလျှော်ညီတော့သော စီးပွားရေးလုပ်ငန်းများ၏ ယဉ်ကျေးမှုကို (Business Culture) ကို ပြင်ဆင်ရမည် ဖြစ်လေသည်။ မြန်မာနိုင်ငံ၏ စီးပွားရေးလုပ်ငန်းများသည် မိသားစုပိုင် စီးပွားရေးလုပ်ငန်းများသာများပြီး အများပိုင် စီးပွားရေး လုပ်ငန်းများအဖြစ် အသွင် မပြောင်းသေးပါ။ ထိုအတွက်ကြောင့် နိုင်ငံတော်အစိုးရမှ နိုင်ငံတော်အစိုးရပိုင် စီးပွားရေးလုပ်ငန်းများ၊ ပုဂ္ဂလိက စီးပွားရေးလုပ်ငန်းများ၏ ရှယ်ယာများကို အရင်းအနှီးဈေးကွက် (Capital market) တစ်ခု တည်ထောင်၍ ပြည်သူများထံ ၂၀၁၂ မတိုင်ခင် ရောင်းချသွားနိုင်ရန် ကြိုးစားလျက် ရှိလေသည်။ သို့မှသာ တရားဝင်စီးပွားရေးလုပ်ငန်းများလည်း မိမိ စီးပွားရေးလုပ်ငန်း၏ အရင်းအနှီးဈေးကွက်တွင် ရှယ်ယာရောင်းစေခြင်းဖြင့် လုပ်ငန်းတိုးချဲ့နိုင်မှာ ဖြစ်သလို တရားမဝင် စီးပွားရေးလုပ်ငန်းများလည်း ချေးငွေအပါအဝင်၊ အရင်းအနှီးရရှိရန် တရားဝင် စီးပွားရေးလုပ်ငန်းများအဖြစ်သို့ အသွင် ကူးပြောင်းလာမည် ဖြစ်သည်။ သို့မှသာ နိုင်ငံ၏ အရင်းအနှီးကို စုဆောင်းမှုကို တိုးတက်စေနိုင်ရုံမျှမက အမျိုးသား စုစုပေါင်း ကုန်ထုတ်လုပ်မှုလည်း တိုးတက်လာမှာဖြစ်ပြီး ကောင်းမွန်သည့် အခွန်စနစ်ကို ကျင့်သုံး အကောင်အထည် ဖော်စေခြင်းဖြင့် အစိုးရ၏ တာဝန်ယူမှုနှင့် တာဝန်ခံမှုလည်း ပိုလာစေမှာဖြစ်သည်။ အသစ်ဖြစ်ထွန်းလာသော စက်မှုနိုင်ငံများနှင့်အာရှကျားများ

တတိယကမ္ဘာနိုင်ငံမှ အချို့သောနိုင်ငံများသည် အရင်းအနှီးစုဆောင်းမှုနှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုကို အောင်မြင်စွာ ဆောင်ရွက်နိုင်ခြင်း ကြောင့် အဆိုပါနိုင်ငံများကို အသစ်ဖြစ်ထွန်းလာသော စက်မှုနိုင်ငံများဟု ဝိဂြိုဟ်ပြုကြလေသည်။ ယင်းနိုင်ငံများသည် ၁၉၈၀နှင့် ၁၉၉၀ အစောပိုင်း ကာလများတွင် ပို့ကုန်အဓိက မူဝါဒကို ချမှတ်ကာ ကုန်စည်အများအပြားကို ကမ္ဘာ့ဈေးကွက်သို့ ထုတ်လုပ်တင်ပို့နိုင်ခြင်းကြောင့် ခိုင်မာသော စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုကို ဆောင်ကြဉ်းနိုင်ခဲ့လေသည်။ အအောင်မြင်ဆုံးသော နိုင်ငံများမှာ အရှေ့အာရှမှ ကျားလေးကောင်ဖြစ်သော တောင်ကိုရီယား၊ ထိုင်ဝမ်၊ ဟောင်ကောင်နှင့် စင်ကာပူတို့ ဖြစ်ကြလေသသည်။ တစ်နိုင်ငံချင်းစီသည် ယင်းတို့အားသန်ရာ၊ အရင်းအမြစ်ကောင်းရှိရာ လုပ်ငန်းစုများကို ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ရင်း ကမ္ဘာ့ဈေးကွက်တွင် အခြားဖွံ့ဖြိုးပြီးနိုင်ငံများကို ယှဉ်ပြိုင်နိုင်သည်အထိ အောင်မြင်မှုရရှိခဲ့လေသည်။ ဥပမာ သံနှင့်ကျောက်မီးသွေး အရင်းအမြစ်များ ကြွယ်ဝသော တောင်ကိုရီးယားဆိုလျှင် စတီးနှင့် မော်တော်ကားလုပ်ငန်းစုများကို ဖွံ့ဖြိုးအောင်ဆောင်ရွက်ပြီး ကမ္ဘာ့ဈေးကွက်သို့ တင်ပို့ရောင်းချခြင်းဖြင့် ကုန်သွယ်မှု အမြတ်ထွက်အောင် ဆောင်ရွက်နိုင်ခဲ့လေသည်။ အမှန်စင်စစ် အဆိုပါ အာရှကျားများသည် ဂျပန်နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှုအတိုင်း လိုက်ပါသွားကြသည့် နိုင်ငံများ ဖြစ်လေသည်။ ယင်းကို ပညာရှင်များက ဗျိုင်းအုပ်ပုံစံ ဖွံ့ဖြိုးရေးလမ်းကြောင်းဟု ခေါ်ဝေါ်သတ် မှတ်ကြလေသည်။ အာရှကျားလေးကောင်နောက်တွင် နောက်ထပ် ကျားပေါက်များ ဖြစ်သော ထိုင်း၊ မလေးရှား၊ အင်ဒိုနီးရှားတို့ ဆက်လက်လိုက် ပါသွားကြပြီး၊ ယင်းနောက်တွင်မူ ဗီယက်နမ်၊ ကမ္ဘာဒီးယား၊ လာအို၊ မြန်မာတို့ လိုက်ပါလာကြ လေသည်။

စက်မှုဖွံ့ဖြိုးရေး အရယူနိုင်ခဲ့သည့်အတွက် အာရှကျားများဟု တင်စားခေါ်ဝေါ်ခဲ့ကြသော အဆိုပါ နိုင်ငံများ၏ ဖွံ့ဖြိုးရေး ဖြစ်စဉ်ကြီးကို လေ့လာ သုံးသပ်ကြည့်ပါက ခေါင်းဆောင်မှု အခန်းကဏ္ဍ၏ အရေးပါပုံကို ထင်ထင်ရှားရှားကြီး တွေ့ရှိရမည်ဖြစ်သည်။ ကိုလိုနီစနစ်အောက်မှ လွတ်လပ်ရေး ရပြီးခါစ နိုင်ငံများတွင် နိုင်ငံ၏ စီးပွားရေးမူဝါဒကို ဦးဆောင်ခဲ့သူများမှာ စစ်နှင့်တော်လှန်ရေးကို ဖြတ်သန်းခဲ့သည့် နိုင်ငံရေး အစွဲသန်သည့် ပထမမျိုးဆက် ခေါင်းဆောင်များ ဖြစ်ခဲ့သည်။ ယင်း ပထမ မျိုးဆက်ခေါင်းဆောင်များမှာ စီးပွားရေးတိုးတက်ဖို့ စိတ်အခံထက် နိုင်ငံရေး ကစားကွက်များတွင် အာရုံရခဲ့သည့် ဖွံ့ဖြိုးမှုကို ယင်းတို့မျိုးဆက်အတွင်း အရယူပေးနိုင်ခဲ့ခြင်း မရှိပါ။ ဖွံ့ဖြိုးမှုနည်းသော စီးပွားရေးများတွင်ကား တက္ခနိုခရက်များ ခေါင်းဆောင်မှုနေရာကို ရရှိခဲ့ခြင်းမရှိပါ။ အဆိုပါ တက္ခနိုခရက်များမှာ စီးပွားရေးဖွံ့ဖြိုးမှု ဆောင်ကြဉ်းပေးနိုင်ခဲ့ သည့် ဒုတိယမျိုးဆက် ခေါင်းဆောင်များ ဖြစ်လာခဲ့လေသည်။ မြင့်မြင့်မားမား စွမ်းဆောင်ရည်ရှိသည့် စီးပွားရေးတွင် အဆိုပါ ဒုတိယမျိုးဆက်ခေါင်းဆောင် တက္ခနိုခရက်များကို မူဝါဒချမှတ်ရေးနယ်ပယ်တွင် လုပ်ပိုင်ခွင့် ပိုမိုပေးအပ်စေခဲ့သည်။ အာရှကျားလေးကောင် နိုင်ငံ၏ အရေးကြီးသော မဟာဗျူဟာမြောက် စီးပွားရေး မူဝါဒချမှတ်ရေးဖြစ်စဉ်များတွင် တက္ခနိုခရက်များမှာ အရေးကြီးသည့် အခန်းကဏ္ဍမှ ပါဝင်စမြဲဖြစ်ကြောင်း တွေ့မြင်ရလေသည်။ အချို့သော နိုင်ငံရေး ဘောဂဗေ ဒပညာရှင်များက နောက်ပေါက် အာရှကျားများအတွက် စီးပွားရေး မူဝါဒများ၊ သီအိုရီပိုင်း၊ လက်တွေ့နည်း စနစ်ပိုင်းနားလည်သည့် တက္ခနိုခရက်များလောက်ဖြင့် မလုံ လောက်တော့ပါ။ ယင်းတက္ခနိုခရက်များ၏ အရည်အချင်းများအပြင် နိုင်ငံရေးအရပါ ဆွဲဆောင်စည်းရုံးနိုင်သော တက္ခနိုပိုလီ(technopoly) အရည်အချင်း များပါ လိုအပ်သည်ဟု သုံးသပ်ပြောကြားသွားလေရာ အာရှနောက်ပေါက် ကျားအဖြစ် အားယူမည့် မြန်မာနိုင်ငံအဖို့ အထူးအလေးထား ဆင်ခြင်စရာပင် ဖြစ်လေသည်။

စီးပွားရေးအသင်းအဖွဲ့များနှင့် အရပ်ဖက်လူ့အဖွဲ့အစည်းများ
****************************************************
အာရှကျားများ၏ စီးပွားရေးတိုးတက်မှုဖြစ်စဉ်ကို လေ့လာသုံးသပ်ကြည့်ပါက စီးပွားရေးအသင်း အဖွဲ့များ၏ အခန်းကဏ္ဍမှာ လွန်စွာ အရေးကြီး ကြောင်း တွေ့ရလေသည်။ နယ်ပယ်အသီးသီး စီးပွားရေး လုပ်ငန်းစုကြီးများသည် ယင်းတို့ လုပ်ငန်းစုအကျိုးကို သယ်ဆောင်မှု အမှုဆောင်အရာရှိချုပ်များ (CEOs) ကို ရွေးချယ်၍ သက်ဆိုင်ရာ အစိုးရအင်ဂျင်စီများနှင့် ပုံမှန်တွေ့ဆုံခြင်းမျိုးကို ပြုလုပ်လေ့ရှိသည်။ ထိုသို့ မူဝါဒချမှတ်သူများနှင့် စီးပွားရေး ကောင်စီများမှ အမှုဆောင်များအရာရှိချုပ်များ ပုံမှန်တွေ့ဆုံခြင်းဖြင့် သတင်းအချက်အလက်များ ဖလှယ်နိုင်မှု၊ မူဝါဒနှင့် စီးပွားရေးလုပ်ငန်းများ၏ ပတ်ဝန်းကျင်ကို မှန်မှန်ကန်ကန်သိမြင်နားလည် ခန့်မှန်းနိုင်မှု၊ ယှဉ်ပြိုင်မှုပြင်းထန်သည့် လုပ်ငန်းစုများကို တည်ငြိမ်ရေးနှင့် ပုံမှန်ဖွံ့ဖြိုးစေမှု အစရှိသည့် အမျိုးအဆင့် မူဝါဒ (Macro Level Policies) များကို ချမှတ်ရာ၌ ထိရောက်ထက်မြက်မည်ဖြစ်သည်။

မြန်မာနိုင်ငံမှာလည်း မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း၊ ငါးလုပ်ငန်း အဖွဲ့ချုပ်ကဲ့သို့ စီးပွားရေး အသင်းအဖွဲ့များနှင့် လူမှုရေးအသင်းအဖွဲ့များလည်းရှိလေရာ ယင်း အသင်းအဖွဲ့များမှာ စီးပွားရေးဖွံ့ ဖြိုးတိုးတက်မှု၊ လူမှုရေးညီမျှမှုကို စွမ်းဆောင်ပေးနိုင်သည့် အကျိုးစီးပွား အုပ်စုများ ဖြစ်လေသည်။ စီးပွားရေးအသင်းအဖွဲ့များသည် ယင်းတို့ကြုံတွေ့နေရသော သက်ဆိုင်ရာ စီးပွားရေးကဏ္ဍအလိုက် လိုအပ်သော နိုင်ငံတော် အပိုင်းမှ လုပ်ဆောင်ပေးသင့်သည့် မူဝါဒဆိုင်ရာ သွင်းအားစုများကို ပေးသွင်းခြင်းဖြင့် အမျိုးသားယှဉ်ပြိုင်နိုင်စွမ်း တိုးတက်အောင် ဆောင်ရွက်ကြ လေသည်။ လူမှုရေးအသင်း အဖွဲ့အစည်းများသည်လည်း နိုင်ငံ၏ကျန်းမာရေး၊ ပညာရေး၊ သဘောပတ်ဝန်းကျင်၊ ဆင်းရဲမှုလျော့ချရေး၊ Capacity မြင့်တင်ရေး အစရှိသည့်တို့ကို ဆောင်ရွက်ခြင်းဖြင့် လူ့အဖွဲ့အစည်းအတွင်း တန်းတူညီမျှမှုကို ဖြစ်ပေါ်စေသည်။ အာရှကျားနိုင်ငံများတွင်လည်း နိုင်ငံစီးပွားရေးဖွံ့ဖြိုးတိုးတက် လာသည်နှင့်အမျှ အရပ်ဖက်လူမှုအဖွဲ့အစည်းများ၊ စီးပွားရေးအသင်းအဖွဲ့ဖြင့် များလည်းအပြိုင်အဆိုင် ထွက်ပေါ်လာပြီး အမျိုးသားလူမှုလှုပ်ရှားမှုအသွင်ဖြင့် နိုင်ငံဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက် သွားကြလေသည်။ အာရှစီးပွားရေးအကျပ်အတည်း ၁၉၉၇ ခုနှစ်တွင် အာရှအံ့ဘနန်းကို အဆုံးသတ်သွားစေသည့် ဖြစ်ရပ်ကြီးတစ်ခုသည် ထိုင်းနိုင်ငံတွင် ဖြစ်ပွားသွားလေသည်။ Gorge Soros ဟုခေါ်သော အမေရိကန် ငွေကြေးရင်းနှီးမြုပ်နှံမှုလုပ်ကိုင်သူ ဘီလီယံနာတစ်ဦး၏ Quntum Fund မှာ ထိုင်းဘတ်ငွေများကို ပြည်ပသို့ ထုတ်ယူသွားရာမှ ထိုင်းငွေများ ငွေကြေးဈေး ကွက်အတွင်း ဝယ်လိုအား တက်လာကာ ထိုင်းငွေတန်ဖိုး လွန်စွာမာသွားလေသည်။ ထိုင်း၏ ကုန်ပစ္စည်းများလည်း ပြင်ပနိုင်ငံ ဈေးကွက်များတွင် ဈေးကြီးသွားသဖြင့် ဝယ်လိုအား တဟုန်ထိုး ထိုးကျသွားလေသည်။ အခြေခံအဆောက်အအုံဖြစ်သော စီးပွားရေး မတည်ငြိမ်မှုသည် အပေါ်ထက် အဆောက်အအုံဖြစ်သော နိုင်ငံရေးအပေါ် သက်ရောက်မှုရှိလာတော့သည်။

တစ်ခုပြိုလျှင် အားလုံးပြိုသည့် ဒီမိနိုသီအိုရီအရ မလေးရှား၊ အင်ဒိုနီးရှား၊ တောင်ကိုရီးယား၊ ရှရှား နိုင်ငံ များသို့ အဆင့်ဆင့်ကူးဆက်သွား စတော့ ဈေးကွက်များ ပြိုကြကုန်လေသည်။ တောင်ကိုရီးယား၊ ထိုင်းနှင့် အင်ဒို နီးရှားနိုင်ငံများသို့ IMF မှ ဒေါ်လာ ၄၀ ဘီလီယံ ထောက်ပံ့ရေးအစီအစဉ်များဖြင့် ကုစားခဲ့ရလေသည်။ ယခင် မလေးရှား ဝန်ကြီးချုပ် မဟာသီယာက "နှစ်လေး ဆယ်ကျော်ကြာ တည်ဆောက်ခဲ့သော အာရှစီးပွားရေးမှာ တစ်ရက်တည်း နှင့်ပြိုလဲသွားသည်" ဟု နာနာကြည်းကြည်း ပြောရသည်အထိ ဖြစ်သည်။ ယင်းသို့ဖြစ်ရသည်မှာ အာရှယဉ်ကျေးမှုကြောင့်ဖြစ်သည်ဟု အချို့သော ပညာရှင်များက သုံးသပ်ကြသည်။ အထက်အမိန့်ကို လေးစား လိုက်နာသော အာရှယဉ်ကျေးမှု(တနည်း ကွန်ဖြူးရှပ်ယဉ်ကျေးမှု) မှာ အရှင်မွေးတပည့်မွေး အရှင်းရှင်စနစ် (Crony Capitalism) ကို ထွန်းကားစေခဲ့သည်။ မျှတစွာ ယှဉ်ပြိုင်ခြင်းမျိုး မရှိသည့် လုပ်ဝါးကြီးအုပ် လုပ်ပိုင်ခွင့်ပေးသည့် အသွင်အပြင်များ(Rent-seeking activities) မှာ အကျဉ်းအတည်းတစ်ခု ဝင်ရောက်လာသည့် ဖြေရှင်းနိုင်ခြင်းမရှိကြောင်းကို ထိုင်း၊ အင်ဒိုနီးရှားနိုင်ငံများ၏ အကျပ်အ တည်းကို ကြည့်၍ သိမြင်နိုင်လေသည်။ မြန်မာနိုင်ငံတွင်လည်း လက်ဝါးကြီးအုပ် လုပ်ပိုင်ခွင့်ရှာသည့် စီးပွားရေး လုပ်ငန်းစုကြီးများသာ ကြီးစိုးလျက်ရှိနေပါသည်။ သို့သော် စိတ်ချမ်းသာစရာ ကောင်းသည့်အချက်မှာကား နိုင်ငံတော်သမ္မတကြီးမှ မတ်လ ၃၀ နေပြည်တော် ပြည်ထောင်စုလွှတ်တော် တွင်ပြောကြားခဲ့သည့် မိန့်ခွန်းတွင် ဈေးကွက်ရဲ့ လွတ်လပ်မှုကို ထိန်းချုပ်လိုတဲ့ သဘောမျိုး မဟုတ်ဘဲ အရင်းရှင်၊ ဓနရှင်ကြီးများ၊ အခွင့်ထူးခံများက လက်ဝါးကြီးအုပ် ခြယ်လှယ်တာမျိုးမဖြစ်ရအောင် ထိန်းကျောင်း တည့်မတ်ပေးခြင်းမျိုး ပြုလုပ်သွားမည်ဟု ကတိပေးသွားခဲ့လေသည်။

သို့နှင့် အာရှဘဏ္ဍရေး အကျပ်အတည်းကာလအပြီးတွင် အာရှနိုင်ငံများတွင်ကြီးစိုးခဲ့သည့် မိသားစုဆန်ဆန်စီးပွားရေးလုပ်ငန်းများသာမကအရှင်မွေးသူကောင်းပြုခြင်းခံရသည့်အရင်းရှင်စနစ်မှာလည်းအလွန်အားပျော့သွားလေသည်။ ထိုင်း၊ အင်ဒိုနီးရှား၊ တောင်ကိုရီးယားနိုင်ငံများတွင် စီးပွားရေး အကျပ်အတည်းအတွင်း ကျေနပ်မှုမရှိသည့် ပြည်သူများကြောင့် နိုင်ငံရေးအပြောင်းအလဲများ ဖြစ်ပေါ်လာကာ ပို၍ လွတ်လပ် ပွင့်လင်းလာသာ ဒီမိ ုကရေစီနိုင်ငံများ ဖြစ်လာကြလေသည်။

နိုင်ငံရေးဘောဂဗေဒ ဘာသာရပ်သည် စီးပွားရေးနှင့် နိုင်ငံရေးအဆက်အစပ်ကို နားလည်သဘောပေါက်အောင် Maxist theory ရှုထောင့်မှ သော်လည်းကောင်း၊ Neo Classical economy ရှုထောင့်မှသော်လည်းကောင်း ကြည့်ရှုသုံးသပ်ရသည့် ဘာသာရပ်ဖြစ်လေသည်။ Maxist theory အရ ပြောရလျှင် အခြေခံ စီးပွားရေးအဆောက်အအုံများ ပြောင်းလဲခြင်းကြောင့်၊ အပေါ်ထပ်အဆောက်အအုံများဖြစ်သည့် နိုင်ငံရေး အင် အားစုဖွဲ့များလည်း မည်သို့မည်ပုံပြောင်းလဲသွားခြင်းကို လေ့လာရခြင်းဖြစ်လေသည်။ စီးပွားရေး ဖွံ့ဖြိုးတိုးတက် လာအောင် မူဝါဒမည်ကဲ့သို့ချမှတ်မည်၊ လုပ်ထုံးလုပ်နည်း၊ ဥပဒေများကို မည်သို့သတ်မှတ် မည်သည့် Institutional framework များ၏ အခန်းကဏ္ဍကို လေ့လာရသည့် ဘာသာရပ်လည်းဖြစ်လေသည်။ နိုင်ငံရေး ဘောဂဗေဒဘာသာရပ်ကိုလေ့လာခြင်းဖြင့် မြန်မာနိုင်ငံ၏ ယခင် ကိုလိုနီခေတ်၊ ပါလီမာန် ခေတ်၊ ဆိုရှယ်လစ် ခေတ်၊ နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီခေတ်တို့၏ နိုင်ငံရေးဘောဂဗေဒ ဖြစ်စဉ်များကို သာမက ယခု အုပ်ချုပ်အသစ်ပြောင်းလဲသွားသည့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ၏ နိုင်ငံဖွံ့ဖြိုးတိုတက်ရေးအတွက်ပါ အသုံးဝင်ပါကြောင်း။

Wikipedia မှ ကောက်နုတ်ဖော်ပြလျက်
Ngwe Soe Han

Want your school to be the top-listed School/college in Naypyidaw?
Click here to claim your Sponsored Listing.

Category

Website

Address

Naypyidaw

Other Education in Naypyidaw (show all)
HaruYuki Japanese Language Centre HaruYuki Japanese Language Centre
Hla Hteik Khaung (6) Street
Naypyidaw

The Key To The World For You

University Of Forestry And Environmental Science Council University Of Forestry And Environmental Science Council
Forest Street, Yezin
Naypyidaw, 15013

The university council is the highest authority of the UFES during the interim period. It was founded in accordance with interim university charter (entered into force on 27 April ...

Y Japanese Language School Y Japanese Language School
သံလြင္လမ္း
Naypyidaw

ဂျပန်စကားပြောသင်တန်းကျောင်း

Success   Computer Training Center Success Computer Training Center
Naypyidaw
Naypyidaw

Computer ပညာရပ်များ မျှဝေရာ

Sayar U Hnin Maung English proficiency language school Sayar U Hnin Maung English proficiency language school
Naypyidaw

Teaching English Language Sharing Knowledge

FINAL YEAR - UVS FINAL YEAR - UVS
Naypyidaw

Non Government Organization

မြတ်ပညာ - Academic Services မြတ်ပညာ - Academic Services
Naypyidaw, 15013

မိမိတို့ရင်သွေးများကို အင်္ဂလိပ်စာအရည်အသွေးတိုးတက်စေရန်၊ စကားပြောဆိုခြင်း၊ နားထောင်ခြင်း တိုးတက်စေရန်

BIMO RAR BIMO RAR
No. 4/337, 4th Quarter, City Hall Street, Lewe Township, Nay Pyi Taw, Naypyitaw U. Territory, Lewe
Naypyidaw, 15031

Education

Lme Shein Lme Shein
Naypyidaw

PKMS - Preschool & Learning Academy Npt PKMS - Preschool & Learning Academy Npt
No. B2(01), Thu Kha Taw Win Housing
Naypyidaw

Your child's holistic development is our.