IfI Learning Centre
စာရင်းကိုင်ပညာ ၊ စီးပွားရေးစီမံခန်?
😊 စျေးအသက်သာဆုံး UK စာရင်းကိုင် ဒီပလိုမာ
ရယူနိုင်မယ့် နောက်ဆုံးအခွင့်အရေး ☺
IfI Learning Centre ၏
LCCI စာရင်းကိုင်ပညာသင်ကြားမှု ၁၀ နှစ်ပြည့် အထိမ်းအမှတ်အဖြစ်
ကဆုန်လပြည့်နေ့ ပညာဒါနလည်း မြောက်စေရန်
LCCI Level 3 Zoom+Video+OQs Class (၃ လခွဲ)
သင်တန်းကို ယနေ့မှ ကဆုန်လပြည့်နေ့အထိ အပ်နှံပါက
သင်တန်းကြေး ၃၀၀၀၀ (သုံးသောင်းကျပ်) သာ
ကောက်ခံပြီး သင်ကြားပေးသွားပါတော့မည်။
လူဦးရေကန့်သတ်ထားပြီး သင်တန်းအပ်နှံရက်ကလည်း ၃ ရက်ပဲ ကျန်ရှိတာမို့ ဒီအခွင့်အရေးလေးကို အမြန်အရယူလိုက်ကြပါနော်
သင်တန်းမှာ အိမ်စာမှန်မှန်လုပ်Test မှန်မှန်ဖြေပြီး ပြီးဆုံးသည်အထိ ကောင်းစွာလေ့လာသင်ကြားသူတိုင်းနဲ့
UK စာမေးပွဲ ဝင်ရောက်ဖြေဆိုသူတိုင်းကိုလည်း
Excel Accounting သင်တန်းနဲ့ Certficate in Business Management သင်တန်းကိုအခမဲ့တက်ရောက်ခွင့် ပေးအပ်သွားမှာဖြစ်လို့ ကြိုးစားလေ့လာသင်ယူကြပါစို့နော်
Accounting Equation and Double Entry
IfI Learning Centre ၏ မိတ်ဖက်သင်တန်းကျောင်းဖြစ်သော Myanmar Business Strategy Institute ၏
CSR အစီအစဥ်တစ်ခုအဖြစ်
Best Friends Education Services ၏ Founder
ဆရာကျော်ဘုန်းဟန်
Kyaw Bhone Han
Founder of Best Friends Education
B.Sc. (Physics), AGTI (EC),
Professional Diploma in Leadership and Management (Othm, UK),
Diploma in Customer Service,
Diploma in English Language Studies for Business & Tourism,
Teaching Knowledge Test TKT (British Council),
ILO SIYB Licensed Trainer,
Certificate in 120-hour TESOL/TEFL (World TESOL Academy, UK),
Professional Development Program (Certificate in Creating Synergy in the Workplace), Tokyo, Japan,
Multiprotocol Label Switching MPLS Technology (Mumbai, India). မှ
*** Effective Communication Skills ***
ဟူသော ခေါင်းစဥ်ဖြင့်
Apr 1 ရက်နေ့ ည 7 နာရီမှ 9 နာရီအထိ
Free Seminar ကို Zoom Live မှတဆင့်
မျှဝေဟောပြောပေးမည်ဖြစ်ပါ၍
တက်ရောက်လိုသူများ
စာရင်းပေးသွင်းနိုင်ကြပါပြီ
မင်္ဂလာပါ
IfI (Innovation for Improvement) Learning Centre မှ ကြိုဆိုပါတယ်။
Myanmar Business Strategy Institute (MBSI) နဲ့
IfI (Innovation for Improvement) Learning Centre
တို့ရဲ့ CSR အစီအစဥ်တစ်ခုအဖြစ်
LCCI Level 1+2 Zoom Classes ကို 2023 Mar 30 Thursday
ည 7:00 pm မှာ စတင်သင်ကြားပေးမှာ ဖြစ်ပါတယ်။
LCCI စာမေးပွဲတွေဟာ 2023 September Exam မှာ နောက်ဆုံးဖြေဆိုရမှာဖြစ်လို့ Level 3 ကို ဆက်လက်လေ့လာချင်သူတွေ အဆင်ပြေအောင် အချိန်ကိုငဲ့ကွက်ပြီး သင်ကြားရမှာ ဖြစ်တာကြောင့်
LCCI Level 1+2 ကို သမားရိုးကျအတိုင်း သင်ရိုးအတိုင်း မသွားဘဲ အချိန်ကိုငဲ့ကွက်တဲ့အနေနဲ့ ပိုမြန်မြန်သင်ကြားလို့ရမယ့် နည်းလမ်းကို အသုံးပြုသင်ကြားသွားမှာ ဖြစ်ပါတယ်။
Theory တွေ Lecture Notes တွေနဲ့ နမူနာပုစ္ဆာတွေ သင်ကြားမှုကို Zoom Live နဲ့ သင်ကြားသွားမှာ ဖြစ်ပြီး
ထပ်ဆောင်းပုစ္ဆာတွေ အိမ်စာတွေနဲ့ အချို့သောမေးခွန်းဟောင်းတွေကို Private Group ထဲမှာ Lecture Video တွေ တင်ပေးသွားမှာ ဖြစ်ပါတယ်။
ပုံမှန်အတိုင်းသင်ကြားမယ်ဆိုရင် LCCI Level 1+2 ဟာ 3 လနဲ့ 5 လကြားသင်ယူရတာဖြစ်ပေမယ့် အခုအတန်းကို တစ်လခွဲလောက်အတွင်း Intensive အနေနဲ့ ဖိဖိစီးစီး သင်ကြားသွားမှာဖြစ်လို့ နေ့စဥ် မဖြစ်မနေ စာလုပ်မှ လိုက်မီပါလိမ့်မယ်နော်
ဒါကြောင့် ဝီရိယလေးစိုက် စိတ်ပါဝင်စားမှုရှိရှိနဲ့ စိတ်အားလေးသေချာထည့်ပြီး လေ့လာသင်ယူပေးကြဖို့ မေတ္တာရပ်ခံချင်ပါတယ်။
အခြေအနေအကြောင်းအမျိုးမျိုးကြောင့် Level 3 ကို ဆက်မလေ့လာချင်ဘဲ Level 1+2 UK Exam ကိုပဲ September မှာ ဖြေဆိုချင်သူတွေအတွက်က သီးသန့်ဆက်လက်ထပ်မံဖြည့်စွက် သင်ကြားပေးသွားမှာ ဖြစ်ပါတယ်။
Level 3 ဆက်တက်မယ့် သူတွေကတော့ Level 1+2 Zoom Classes မှာ ဖိဖိစီးစီး Intensive လေ့လာပြီး Level 3 သင်တန်းကို ဆက်လက်လေ့လာသင်ယူနိုင်ပါတယ်။
သင်တန်းနဲ့ပတ်သက်တဲ့ Update ကြေညာချက်တွေ ဖတ်ဖို့နဲ့ စာမေးစရာရှိတာတွေမေးဖို့ Messenger Group ဖွဲ့ပေးထားမှာဖြစ်လို့ Group ထဲထည့်လို့ရအောင် Admin Account https://www.facebook.com/ldrs42018?mibextid=ZbWKwL ကို Friend Add ထားဖို့တော့ လိုပါလိမ့်မယ်။
စာရင်းပညာကို စိတ်ဝင်တစား လေ့လာသင်ယူလိုသူ သင်တန်းသားအားလုံးကို နွေးထွေးစွာကြိုဆိုပါတယ်နော်။
တခြားစိတ်ပါဝင်စားတဲ့ မိတ်ဆွေသူငယ်ချင်းတွေကိုလည်း သင်တန်းတက်ရောက်နိုင်ကြဖို့ မျှဝေပြောကြား သတင်းစကားပါးပေးကြဖို့လည်း မေတ္တာရပ်ခံပါတယ်နော်။
ဆရာဟန်သာ @ UH(IfI)
28-Mar-2023 Tues
19:45
*********
LCCI Level 1+2 Zoom Classes ကို အခမဲ့တက်ရောက်လိုပါက
အမည်
မွေးသက္ကရာဇ်
ပညာအရည်အချင်း
ဆက်သွယ်ရန်လိပ်စာ
ဖုန်းနံပါတ်
Gmail Address တို့ကို
စာရင်းပေးသွင်းပြီး
Admin Account https://www.facebook.com/ldrs42018?mibextid=ZbWKwL ကို Friend Add ၍
သင်ကြားမည့် Private Group ကို Join နိုင်ကြပါပြီ
https://www.facebook.com/groups/1231429444269653/?ref=share_group_link
******
IfI Learning Centre နှင့် MBSI(Myanmar Business Strategy Institute) တို့၏ CSR Program အဖြစ် ပညာဒါနသင်ကြားပေးသွားမည်ဖြစ်ရာ စာရင်းကိုင်ပညာ LCCI Level 1+2 Bookkeeping and Accounting ကို Zoom Live ဖြင့် နှစ်လသင်တန်း သင်ကြားပေးသွားမည် ဖြစ်ပါသဖြင့် သင်တန်းအစအဆုံး မပျက်မကွက်တက်ရောက်နိုင်ပြီး အိမ်စာလုပ်နိုင်သူ Test ဖြေနိုင်မည့်သူများ m.me/IfILearningCentre သို့ အမည်၊ မွေးသက္ကရာဇ်၊ ပညာအရည်အချင်း၊ နေရပ်လိပ်စာ၊ ဆက်သွယ်ရန်ဖုန်း နှင့် gmail address တို့ကို ပေးပို့စာရင်းသွင်း တက်ရောက်နိုင်ကြပါပြီ
Mar 30 ည 7 နာရီမှာ Zoom Live နဲ့ စတင်သင်ကြားတော့မှာ ဖြစ်လို့ အမြန်စာရင်းပေးသွင်းထားကြပါနော်
IfI Learning Centre နှင့် MBSI(Myanmar Business Strategy Institute) တို့၏ CSR Program အဖြစ် ပညာဒါနသင်ကြားပေးသွားမည်ဖြစ်ရာ စာရင်းကိုင်ပညာ LCCI Level 1+2 Bookkeeping and Accounting ကို Zoom Live ဖြင့် နှစ်လသင်တန်း သင်ကြားပေးသွားမည် ဖြစ်ပါသဖြင့် သင်တန်းအစအဆုံး မပျက်မကွက်တက်ရောက်နိုင်ပြီး အိမ်စာလုပ်နိုင်သူ Test ဖြေနိုင်မည့်သူများ m.me/IfILearningCentre သို့ အမည်၊ မွေးသက္ကရာဇ်၊ ပညာအရည်အချင်း၊ နေရပ်လိပ်စာ၊ ဆက်သွယ်ရန်ဖုန်း နှင့် gmail address တို့ကို ပေးပို့စာရင်းသွင်း တက်ရောက်နိုင်ကြပါပြီ
IfI Learning Centre ၏ မိတ်ဖက်သင်တန်းကျောင်း
Myanmar Business Strategy Institute ၏
CSR အစီအစဥ် တစ်ခုအဖြစ်
ဆရာဝေဖြိုးဟိန်း မှ
"Designing The Skills"
ဟူသော ခေါင်းစဥ်ဖြင့်
* အဖွဲ့အစည်းတစ်ခုရဲ့ လိုအပ်ချက် ကြီးမားနေတဲ့
Skills Gap တွေ ကို ဘယ်လို ပြင်ဆင်မလဲ
* Skill Analysis နဲ့ Auditing အား Business Model အရ ဘယ်လို ပြုလုပ်ကြမလဲ
* Position အလိုက် Right Competency စနစ်ချခြင်း
အစရှိတဲ့ အကြောင်းအရာများ အခြေတည်ပြီး မျှဝေပေးသွားမည့် Knowledge Sharing Program အဖြစ်
မတ်လ ၂၅ ရက် စနေနေ့ ည ၇:၃၀ မှ ၉:၁၅ အထိ
Zoom Live ဖြင့် Free Seminar ဟောပြောပေးသွားမည်ဖြစ်ပါ၍ တက်ရောက်လိုသူများ စာရင်းပေးသွင်းနိုင်ကြပါပြီ။
IfI Learning Centre နှင့် MBSI(Myanmar Business Strategy Institute) တို့၏ CSR Program အဖြစ် ပညာဒါနသင်ကြားပေးသွားမည်ဖြစ်ရာ စာရင်းကိုင်ပညာ LCCI Level 1+2 Bookkeeping and Accounting ကို Zoom Live ဖြင့် နှစ်လသင်တန်း သင်ကြားပေးသွားမည် ဖြစ်ပါသဖြင့် သင်တန်းအစအဆုံး မပျက်မကွက်တက်ရောက်နိုင်ပြီး အိမ်စာလုပ်နိုင်သူ Test ဖြေနိုင်မည့်သူများ m.me/IfILearningCentre သို့ အမည်၊ မွေးသက္ကရာဇ်၊ ပညာအရည်အချင်း၊ နေရပ်လိပ်စာ၊ ဆက်သွယ်ရန်ဖုန်း နှင့် gmail address တို့ကို ပေးပို့စာရင်းသွင်း တက်ရောက်နိုင်ကြပါပြီ
IfI Learning Centre နှင့် MBSI(Myanmar Business Strategy Institute) တို့၏ CSR Program အဖြစ် ပညာဒါနသင်ကြားပေးသွားမည်ဖြစ်ရာ စာရင်းကိုင်ပညာ LCCI Level 1+2 Bookkeeping and Accounting ကို Zoom Live ဖြင့် နှစ်လသင်တန်း သင်ကြားပေးသွားမည် ဖြစ်ပါသဖြင့် သင်တန်းအစအဆုံး မပျက်မကွက်တက်ရောက်နိုင်ပြီး အိမ်စာလုပ်နိုင်သူ Test ဖြေနိုင်မည့်သူများ m.me/IfILearningCentre သို့ အမည်၊ မွေးသက္ကရာဇ်၊ ပညာအရည်အချင်း၊ နေရပ်လိပ်စာ၊ ဆက်သွယ်ရန်ဖုန်း နှင့် gmail address တို့ကို ပေးပို့စာရင်းသွင်း တက်ရောက်နိုင်ကြပါပြီ
IfI Learning Centre စာရင်းကိုင်ပညာ ၊ စီးပွားရေးစီမံခန်�
စာရင်းကိုင်ပညာကို LCCI အမည်နဲ့
နောက်ဆုံးဖွင့်လှစ်မယ့်
ရုံးချိန်လွတ် Zoom Live Class လေးတွေ
စတင်ပါတော့မယ်
Level 1+2 : တစ်ပတ်သုံးရက်တက် (နှစ်လခွဲ)
Mon 7~9 pm
Thu 7~9 pm
Fri 6~8 pm
သင်တန်းကြေး (လစဥ် တစ်သောင်းခွဲစီသာ သွင်းရန်)
Mar 3 ရက် စတင်မည်
Level 3 : တစ်ပတ်သုံးရက်တက် (ငါးလ)
Tue 6~8 pm
Wed 6~8 pm
Sun 6~8 pm
သင်တန်းကြေး (လစဥ် တစ်သောင်းခွဲစီသာ သွင်းရန်)
Mar 5 ရက် စတင်မည်
ခေါင်းဆောင်တယောက်အတွက် ရှက်စရာအကောင်းဆုံးစကားက ကိုယ့်လက်အောက်ကလူတွေ သုံးလို့မရပါဘူးလို့ ဖွင့်ဟပြောဆိုခြင်းဖြစ်ပါတယ်။
==========================
ခေါင်းဆောင်ဆိုတာ နေရာတိုင်းမှာ အကုန်သိ အကုန်တတ်ရမယ်ဆိုတဲ့ အယူအဆဟာ လွဲမှားနေပါတယ်။
တကယ်တော့ ခေါင်းဆောင်ဆိုတာ နေရာအလိုက် တတ်ကျွမ်းသူတွေကို စနစ်တကျ ပေါင်းစည်းပြီး သူ့နေရာနဲ့သူ အသုံးချတတ်ဖို့ပဲလိုပါတယ်။
တတ်ကျွမ်းသူတွေကို ရှာဖွေရွေးထုတ်နိုင်စွမ်း ရှိရမှာဖြစ်သလို မတတ်ကျွမ်းသေးသူတွေကို တတ်ကျွမ်းလာအောင် လေ့ကျင့်ပေးနိုင်စွမ်းရှိဖို့လဲ လိုအပ်ပါတယ်။
သုံးမရတဲ့ငယ်သားဆိုတာမရှိဘူး ငယ်သားကို
လူမှန်နေရာမှန် အသုံးမချတတ်တဲ့ ခေါင်းဆောင်ပဲ ရှိပါတယ်။
ခေါင်းဆောင်တယောက်အတွက် ရှက်စရာအကောင်းဆုံးစကားက ကိုယ့်လက်အောက်ကလူတွေ သုံးလို့မရပါဘူးလို့ ဖွင့်ဟပြောဆိုခြင်းဖြစ်ပါတယ်။ အဲဒီလိုပြောတဲ့သူတွေကို ကျနော်အထင်လုံးဝမကြီးပါဘူး။
သုံးမရတဲ့သူကို သုံးလို့ရတဲ့အထိ လေ့ကျင့်ပေးဖို့က ခေါင်းဆောင်ရဲ့တာဝန်ဖြစ်ပါတယ်။
သုံးမရတဲ့သူတွေရှိတာ ခေါင်းဆောင်ညံ့လို့ပါ။
လက်အောက်ကသူတွေဟာ ကိုယ့်လောက်မတတ်ဘူး ကိုယ့်လိုအမြင်မရှိဘူးလို့လဲ လုံးဝမပြောသင့်ပါဘူး။
လက်အောက်ကလူတွေရဲ့အမြင်ဟာ ကိုယ်နဲ့ရှုထောင့်မတူတာပဲ ဖြစ်မယ်လို့ ခံယူရပါမယ်။
လက်အောက်ကသူတွေရဲ့ အတွေးအမြင်တွေကို ထုတ်ဖော်ခွင့်ပေးရပါမယ်။
''မင်းကဘယ်လောက်သိလို့လဲ'' ဆိုတဲ့စကားကိုပြောတဲ့ခေါင်းဆောင်ဟာ မကြာခင်ကျဆုံးတော့မယ့်ခေါင်းဆောင်ဖြစ်ပါတယ်။ "သဘောကောင်းတယ်လို့ အပြောခံရရင် အဲဒီ့သူဟာ ခေါင်းဆောင်ကောင်းမဟုတ်ဘူး'' လို့ ပြောကြတာကိုလည်း ဘယ်လိုစဉ်းစဉ်းစား လက်မခံနိုင်ပါဘူး။
ဥပမာပေးရရင် မိသားစုအတွင်းမှာဆို အမိန့်တွေနဲ့ အလုပ်လုပ်နေတာမဟုတ်ပါဘူး။ တယောက်နဲ့တယောက်မေတ္တာတရားတွေနဲ့ နေထိုင်ကြတာဖြစ်ပါတယ်။
တယောက်မကြိုက်တာကို တယောက်ကမလုပ်တာ/ တယောက်ဖြစ်စေချင်တာကို တယောက်ကလုပ်ပေးတာတွေဟာ ကြောက်လို့မဟုတ်ပါဘူး။ မေတ္တာတရားနဲ့ အလိုက်တသိလုပ်ပေးကြတာဖြစ်ပါတယ်။
အဖွဲ့အစည်းအတွင်းမှာလည်း ဒီလို နားလည်မှုတွေ မေတ္တာတရားတွေရှိနေရင် ခေါင်းဆောင်ဟာ ငယ်သားတွေအပေါ် သဘောမကောင်းနိုင်စရာအကြောင်းမရှိပါဘူး။
ငယ်သားတွေရဲ့ ယုံကြည်ကိုးစားမှုကို ရထားရင် ခေါင်းဆောင်တယောက်ဟာ သဘောကောင်းကောင်းနဲ့ အလုပ်လုပ်လို့ရပါတယ်။
တခုသတိပြုရမှာကတော့ ယုံကြည်မှုတိုင်းဟာ အပြန်အလှန်သဘောရှိတယ်ဆိုတာပါပဲ။ ကိုယ်ကသူ့ကိုယုံမှ သူကလဲကိုယ့်ကို ယုံပါလိမ့်မယ်။လူတွေအများကြီးစိတ်ချမ်းသာအောင်လုပ်ပေးနိုင်ရင် လောကနိဗ္ဗာန်ပါပဲ။
ကိုယ့်ကြောင့် လူတွေအများကြီးစိတ်ညစ်ရမယ်ဆိုရင်တော့ ဘုရားတရားတွေဘယ်လောက်လုပ်လုပ် လောကငရဲမှာ သင်ဟာကျနေပါလိမ့်မယ်။
ကမ္ဘာပေါ်မှာ အကြောက်တရားလွှမ်းမိုးနေတဲ့ ဘယ်အဖွဲ့အစည်းမှ အောင်မြင်မှုမရတာကို သတိပြုရပါမယ်။
ဒါကြောင့် ခေါင်းဆောင်ဆိုတာ တခြားအချက်တွေအပြင် လူစီမံခန့်ခွဲမှုကျွမ်းကျင်ပြီး သဘောကောင်းဖို့ အရေးကြီးပါတယ်။
to original writer
Via - HTUN Retail Business
ဆရာ/ဆရာမတစ်ယောက်မှာ✨✨
ပထမဦးဆုံးအဆင့်က
အသံဩဇာကြီးမားရတယ်။
ကိုယ့်အသံကြားလိုက်ရင်
မီးကိုရေနဲ့ငြိမ်းသတ်လိုက်သလို
ရှဲကနဲ ငြိမ်သွားရမယ်။
အော်ဟစ်နေတာဟာ
အသံဩဇာရှိတာမဟုတ်ဘူး၊
ဆရာ ဆရာမတစ်ယောက်ရဲ့အသံဟာ
ကျောင်းသားကျောင်းသူတွေအပေါ်
လွှမ်းမိုးဆွဲဆောင်နိုင်ရမယ်။
ဒုတိအဆင့်က မျက်လုံး။
ကိုယ့်မျက်လုံးက လျှင်နေရမယ်
စူးနေရမယ် တက်ကြွနေရမယ်၊
ကိုယ့်ရဲ့ မျက်လုံးအကြည့်က
မေတ္တာ စေတနာ ပါဝါအပြည့်ပါရမယ်။
မလိုမုန်းတီး ရန်လို
ရန်ထောင်တဲ့အကြည့်မပါစေရဘူး။
ဘက်လိုက်မှုမရှိ သမ မျှတတဲ့ ပေးဝေလိုတဲ့
မေတ္တာစေတနာအကြည့်သာပါရမယ်။
ဆရာ ဆရာမတစ်ယောက်ဟာ
အတန်းထဲမှာ မျက်နှာလိုက် ဘက်လိုက်မှုရှိခဲ့ရင်
အတန်းတစ်တန်းကို ထိမ်းသိမ်းကွပ်ကဲနိုင်စွမ်း
ပျက်ယွင်းသွားတော့တာပဲ။
တတိယအဆင့်က ဥပတိရုပ်။
ဆရာ ဆရာမတစ်ယောက်ဟာ
ရုပ်ချော လှပနေဖို့မလိုဘူး။
(ကိုယ်လို ပင်ကိုယ်ချောတာကတော့
မတတ်နိုင်ဘူးလေ)
အမြဲတမ်း သပ်ရပ် ကြည်လင်နေရမယ်။
မပြုံးရွှင်ရင်နေ မသိမ်မွေ့ရင်နေ
မမောက်မာရဘူး မကလက်ရဘူး
ရန်မလိုရဘူး။
စတုတ္ထအဆင့်က ဝတ်စားဆင်ယင်မှု။
အကောင်းစားတွေ ဝတ်ဆင်ပြီး
အတန်းထဲဝင်စရာမလိုဘူး။
ကိုယ်နဲ့သင့်တင့်လျောက်ပတ်ရာကို
သန့်သန့်ပြန့်ပြန့် ကျော့နေအောင် ဝတ်ဆင်ကာ
ခေါင်းက ဆံပင်အစ
(ထိပ်ပြောင်ရင်ပြောင်ပါစေ)
ဖိနပ်အထိသပ်ရပ်ရမယ်။
ပဉ္စမအဆင့်ကမှ ရင်ထဲကစေတနာ။
ကိုသင်မယ့် သင်ခန်းစာကို
ဘာအတွက် သူတို့ကိုတတ်စေချင်ကြောင်း
ပေါ်လွင်နေအောင်
ဖြတ်လတ်တက်ကြွမှု
နည်းစနစ်မှန်ကန်မှု
ရှင်းလင်းပြတ်သါးတဲ့ကိုယ်ပိုင် နည်းလည်းတို့နဲ့
စိတ်ဝင်စားလာအောင် မညည်းငွေ့အောင်
ဆွဲဆောင်သင်ကြားနိုင်ရမယ်။
စာသင်ကြားနေစဉ်အတွင်း
ကိုယ့်ရဲ့အာရုံဟာ
ကလေးတွေအပေါ် မပြတ်ရှိနေရမယ်။
နားက သူတို့ရဲ့ မနှစ်မြို့သော
တိုးတိုးလေးညည်းငြူသံကိုတောင်ကြားနိုင်
လက်ခံနိုင်ရမယ်။
ကိုယ့်ရဲ့မျက်လုံးဟာ
သူတို့အားလုံးရဲ့မျက်လုံးများကို
တိုက်ရိုက် စူးရှစွာကြည့်နေနိုင်ရမယ်။
ကလေးတွေရဲ့ မျက်လုံးတိုင်းဟာ
သူတို့တွေရဲ့ စိတ်ပြူတင်းပေါက်ပဲ၊
တော်တဲ့ကလေးတွေကိုချည်းပဲအာရုံမစိုက်ရဘူး၊
အားနည်းတဲ့ကလေးတွေရဲ့မျက်လုံးတွေကို
ဦးစားပေးနိုင်ရမယ်။
ကလေးတွေရဲ့ မျက်လုံးတွေဟာ
လျှပ်စစ်မီးလုံးတွေလိုပဲ။
ကိုယ်သင်တာကိုနားမလည်ရင် မှိန်နေမယ်။
နားလည်သွားတာနဲ့ သူတို့မျက်လုံးက
လင်းကနဲ ပြုံးသွားတာပဲ။
ဒါကြောင့်
ဆရာတစ်ယောက်ဟာ
ကလေးတွေရဲ့ မျက်လုံး(စိတ်)ကို
ဖတ်တတ်ရတယ်။
သူတို့ရဲ့နားမလည်တဲ့နေရာ
သူတို့ကိုယ်တိုင်မဖော်ထုတ်တတ်ရင်တောင်
သူတို့မျက်လုံးကို စာဖတ်ပြီး
ကိုယ်ပြင်သင့်တဲ့နေရာ
ကိုယ်ပြန်ရှင်းပြသင့်တဲ့နေရာ
အလိုလိုသိတယ်။
ကိုယ့်ကိုကြောက်လို့
ပြန်မမေးရဲတဲ့ကလေးတောင်
ကျေနပ်လောက်အောင်နားလည်သွားရမယ်။
အဲ့လို သမာသမတ်ကျနိုင်ပြီဆိုရင်
ကျောင်းသား ကျောင်းသူတွေရဲ့
မေတ္တာကို သိမ်းပိုက်နိုင်တဲ့
ဆရာ ဆရာမကောင်းတစ်ယောက်
ပီသသှားတာပါပဲ။
ကြိုက်သလောက်ဆိုးတဲ့ကလေးလာခဲ့
မိဘမနိုင်တဲ့ကလေးလာခဲ့
ကိုယ်ပြောရင် တစ်ခွန်းပဲ ဆိုတဲ့
ဆရာ ဆရာမဘဝကိုရတော့တာပဲ။
ပညာနဲ့နည်းလမ်း စေတနာနဲ့စည်းကမ်းတို့
စုစည်းရာ
အသင်တတ်၍ အတတ်သင်ခဲ့သူ
ဆရာဦးမျိုးတင့်သန်း B.A(English) 1985
Via - Education for All
"အရောင်းနှင့်ဖောက်သည်ဝန်ဆောင်မှုပညာဆိုင်ရာ
Free Seminar"
IfI Learning Centre ၏
မိတ်ဖက်သင်တန်းကျောင်းဖြစ်သော
Myanmar Business Strategy Institute ၏
CSR အစီအစဥ်တစ်ခုအဖြစ်
ဆရာငြိမ်းမောင် (Writer, Speaker, Advisor)
(ကျွန်တော်အရောင်းသမား) မှ
အရောင်းပညာနှင့်ဖောက်သည်ဝန်ဆောင်မှုဆိုင်ရာ
ကိုယ်တွေ့အတွေ့အကြုံများနှင့် လေ့လာဆည်းပူးမှုများကို ပေါင်းစပ်၍ "Cusomer Services Maintain Sale" ဟူသော ခေါင်းစဥ်ဖြင့်
18-Feb စနေနေ့ ည ၈ နာရီတွင် Online Zoom မှတဆင့် Free Seminar ဟောပြောပေးမှာဖြစ်လို့ တက်ရောက်လိုသူများ Comment တွင် စာရင်းပေးသွင်းနိုင်ပါပြီ
အရောင်းနှင့် ဝန်ဆောင်မှု ဆိုတာ ခွဲမရတဲ့ တွဲစပ်မှု တစ်ခု အဖြစ် ရပ်တည်နေတာမျိုးလို့ ဆိုမိရင် မိတ်ဆွေ တို့ အနေနဲ့ တွေးစရာတွေ များနေပြီလား။
အရောင်းသမား စစ်စစ်တို့ရဲ့ ဘဝနှင့် ထပ်တူ ကျသော မျှဝေမှုလေးက မိတ်ဆွေ တို့ရဲ့ အတွေးလေးကို ရှင်းလင်းသွားစေမှာပါ။
အရောင်းပိုင်း နှင့် ဖောက်သည် ဝန်ဆောင်မှု တို့အတွက် Customer Service Maintain Sale ဆိုတဲ့ Seminar လေးကနေ မိတ်ဆွေတို့အတွက် အခမဲ့ မျှဝေပေးသွားမှာမို့ လက်မလွတ်တမ်း ပါဝင်နိုင်ဖို့ Comment မှ ဖြစ်စေ၊ CB မှ ဖြစ်စေ စာရင်း ပေးသွင်းနိုင်ပါပြီ။
"အရောင်းနှင့်ဖောက်သည်ဝန်ဆောင်မှုပညာဆိုင်ရာ
Free Seminar"
IfI Learning Centre ၏
မိတ်ဖက်သင်တန်းကျောင်းဖြစ်သော
Myanmar Business Strategy Institute ၏
CSR အစီအစဥ်တစ်ခုအဖြစ်
ဆရာငြိမ်းမောင် (Writer, Speaker, Advisor)
(ကျွန်တော်အရောင်းသမား) မှ
အရောင်းပညာနှင့်ဖောက်သည်ဝန်ဆောင်မှုဆိုင်ရာ
ကိုယ်တွေ့အတွေ့အကြုံများနှင့် လေ့လာဆည်းပူးမှုများကို ပေါင်းစပ်၍ "Cusomer Services Maintain Sale" ဟူသော ခေါင်းစဥ်ဖြင့်
18-Feb စနေနေ့ ည ၈ နာရီတွင် Online Zoom မှတဆင့် Free Seminar ဟောပြောပေးမှာဖြစ်လို့ တက်ရောက်လိုသူများ Comment တွင် စာရင်းပေးသွင်းနိုင်ပါပြီ
IfI Learning Centre ရဲ့ မိတ်ဘက်ကျောင်းဖြစ်တဲ့ Myanmar Business Strategy Institute ကို Like , Follow လုပ်ပြီး CSR ပညာဒါနပို့စ်များ နှင့် Seminar များ တက်ရောက်လေ့လာနိုင်ပါပြီ
Myanmar Business Strategy Institute ၏ စေတနာဝေမျှ CSR ပညာဒါန အစီအစဥ်များ၏ အစိတ်အပိုင်းတစ်ရပ်အဖြစ် အခန်းကဏ္ဍများအလိုက် ပို့စ်များ ပုံများ Video File များဖြင့်
အပတ်စဥ် ပညာပေးမျှဝေသွားမည် ဖြစ်ပါ၍
စောင့်မျှော် ဖတ်ရှု ကြည့်ရှုလေ့လာနိုင်ကြပါပြီနော်
1. Business Entrepreneurship
2. Business Management
3. Marketing Management
4. Customer Service Management
5. Financial Management
6. Human Resources Management
7. Strategic Management
ပညာဆည်းပူးလေ့လာရန်
စိတ်ပါဝင်စားသူ ညီငယ် ညီမငယ်များ Page ကို Like Follow Share ခြင်းများဖြင့် အတူလေ့လာနိုင်အောင် မျှဝေကြပါဦးနော်
ရာထူးအပေါ်သာယာကြရင်တော့
စက္ကူခွက်ကလေးကိုမမေ့ကြနဲ့နော်
မနှစ်ကမှအငြိမ်းစားယူလိုက်တဲ့ စီးပွားရေးဝန်ကြီးဟောင်းတစ်ယောက်ဟာ ပရိသတ်ထောင်ချီတက်ရောက်ကြတဲ့ ညီလာခံကြီးတစ်ခုမှာ စကားပြောဖို့
ရောက်လာပါတယ်။
သူဟာ ကော်ဖီထည့်ထားတဲ့ စက္ကူခွက်
လေးတစ်ခွက်ကိုင်ပြီး စကားပြောဖို့ စင်မြင့်ပေါ်
တက်လာပါတယ်။ အပေါ်ရောက်တော့ ကော်ဖီကို
တစ်ငုံမော့လိုက်တယ်။ ပြီးမှ ပြုံးရင်း ခုလို
စကားစပြောပါတယ်။
"မနှစ်ကခုလိုညီလာခံမှာ ကျွန်တော်စကားပြောခဲ့
ဖူးပါတယ်။ ဒီခန်းမကြီးထဲမှာပါပဲ။ အဲဒီအချိန်က
ကျွန်တော် စီးပွားရေးဝန်ကြီးကနေ အနားမယူသေး
ပါဘူး။ ဒီမြို့ကို အထူးလေယာဉ်နဲ့ လာခဲ့ရတယ်။ လေဆိပ်ရောက်တော့ လူအများကြီးကလာကြိုပြီး
ဟိုတယ်ကို ကားကောင်းကောင်းနဲ့ လိုက်ပို့ပေးခဲ့
ကျတယ်။ ဟိုတယ်အခန်းထဲအထိ ပစ္စည်းတွေ
သယ်ပို့ပေးကျတယ်။ မနက်မှာဟိုတယ်ကနေ
အောက်ထပ်ကို ဆင်းလာတော့လည်းလူအများက
လာကြိုကျပြီး ဟောပြောမဲ့ ဒီခန်းမကို ကားနဲ့
လိုက်ပို့ပေးခဲ့ပြန်တယ်။ ခန်းမထဲရောက်တော့
လူအများကြီးက လှိုက်လှိုက်လှဲလှဲကြိုဆိုကြတယ်။
လှပတဲ့ ကြွေပန်းကန်လုံးနဲ့ ကော်ဖီတစ်ခွက်
လာပေးခဲ့တာကိုလည်း ကောင်းကောင်းမှတ်မိ
နေပါတယ်"
သူက ခဏနားလိုက်ပြီး ခုလိုဆက်ပြောပြန်တယ်။
"အခုတော့ ကျွန်တော်ဟာ ဝန်ကြီးမဟုတ်တော့ပါဘူး။ အနားယူလိုက်ပါပြီ။ ဒါကြောင့် ဒီမြို့ကို
ရထားစီးလာခဲ့တယ်။ တည်းမယ့် ဟိုတယ်ကို
တက္ကစီးငှားစီးခဲ့တယ်။ ဒီမနက် ဟိုတယ်ကနေ
ဒီကို လာဖို့လည်း တက္ကစီငှားစီးခဲ့တယ်။ ခန်းမထဲရောက်လို့ ကော်ဖီသောက်ချင်တာနဲ့ တစ်ယောက်ကို 'ကော်ဖီရနိုင်မလား' လို့ မေးလိုက်တယ်။ သူက
ခပ်လှမ်းလှမ်းက ကော်ဖီစက်ကို လက်ညိုးထိုးပြ
ပါတယ်။ ကျွန်တော်ကိုယ်တိုင်ပဲ စက်ကကော်ဖီကို စက္ကူခွက်နဲ့ ထည့်ယူခဲ့ပါတယ်"
သူက ပြုံးပြီး ဆက်ပြောပြန်တယ်။
"ဒီနေ့ ကျွန်တော် သင်ခန်းစာတစ်ခုရလိုက်ပါတယ်။ အဲဒါက တကယ်တမ်းမှာ ကြွေပန်းကန်လုံးဟာ
ကျွန်တော့်အတွက် မဟုတ်ပါဘူး။
ကျွန်တော့်ရာထူးအတွက်ပါ။
တကယ်တမ်း ကျွန်တော်နဲ့ ထိုက်တန်တာက စက္ကူခွက်ပါ" တဲ့။
ဒီအဖြစ်အပျက်ကနေ ကျွန်တော်တို့
ဘာသင်ခန်းစာရနိုင်ပါသလဲ။
သင်ဟာ ရာထူးကြီးကြီးပိုင်ဆိုင်ထားရင်
လူတွေဟာ သင့်ကို လေးလေးစားစား
ဆက်ဆံကြမယ်။ လက်ကမ်းကြိုဆိုကြမယ်။
သင် မတောင်းဘဲ ကော်ဖီ၊ လက်ဖက်ရည်
လာချပေးမယ်။
သင်သိထားဖို့က သူတို့လုပ်တာတွေဟာ သင့်အတွက် မဟုတ်ဘူး။ သင့်ရာထူးအတွက်
ဆိုတာပါ။
သင့်ရာထူးစည်းစိမ်ဆိုတာကလဲ အမြဲထာဝရ
တည်မြဲနေမှာမဟုတ်ဘူးဆိုတာ သင်လက်ခံ
နားလည်တတ်ပါစေ။
သင်အမြဲရနိုင်တာဟာက စက္ကူခွက်ဘဲ
ဆိုတာကို အမြဲသတိရနေပြီး
နိမ့်နိမ့်ချချ
နေတတ်ဖို့ပါဘဲ။
Credit - ဗန်းမော်သိန်းဖေ
☺ သီတင်းကျွတ်ပညာဒါန
LCCI Level 1
LCCI Level 2
LCCI Level 3
စာရင်းကိုင်ပညာ
Online Class / In Class သင်တန်းများကို
😊 သင်တန်းကြေးကင်းလွတ်ခွင့်ဖြင့်
တက်ရောက်ခွင့် ပညာဒါနပြုမည် ဖြစ်ပါ၍
🙂 ဤ Post ကို share ပြီး
Screenshot ဖြင့် Comment ပေးကာ
👨👩
အမည်
မွေးသက္ကရာဇ်
ပညာအရည်အချင်း
နေရပ်လိပ်စာ
ဆက်သွယ်ရန်ဖုန်း
gmail address တို့ကို
😎 Messenger မှ ပေးပို့စာရင်းပေးသွင်းနိုင်ပါသည်။
😍 Page နှင့် ဤPost ကို နှစ်မျိုးလုံး Share ၍ Comment တွင် Screenshot ပြခြင်းဖြင့် သီတင်းကျွတ် ပညာဒါန အထူး Discount ဆုများကို ရယူပါ
😊 ပထမဦးဆုံး share သူ ၂၀ ဦး ကို
LCCI Level 1+2+3 (Online Class) ကို ကျပ်သုံးသောင်းဖြင့်တက်ရောက်ခွင့်
😊 21 ဦးမြောက်မှ 40 ဦးမြောက်အထိကို LCCI Level 3 Only (Online Class) ကို ကျပ် 40000 ဖြင့်တက်ရောက်ခွင့်
😊 41 ဦးမြောက်မှ 60 ဦးမြောက်အထိကို LCCI Level 1+2 (Online Class) ကို ကျပ်တစ်သောင်းဖြင့်တက်ရောက်ခွင့်
😊 61 ဦးမြောက်မှ 80 ဦးမြောက်အထိကို LCCI Level 1 (Online Zoom Class) ကို အခမဲ့တက်ရောက်ခွင့်
😊 81 ဦးမြောက်မှ 100 ဦးမြောက်အထိကို LCCI Level 1 (Online Video Class) သို့မဟုတ် အပြင်သင်တန်း(နေပြည်တော်) ကို အခမဲ့တက်ရောက်ခွင့်
😎 မိမိရရှိသော အခွင့်အရေးကို အခြားသူအား လွှဲပြောင်းပေးခွင့်ရှိပါသည်။
😊 သီတင်းကျွတ်အခါသမယတွင် ကျက်သရေမင်္ဂလာအဖြာဖြာနှင့်ပြည့်စုံပြီး ကိုယ်စိတ်နှစ်ဖြာချမ်းသာကြပါစေ
UH (IfI)
09-Oct-22
5:24 am
LCCI Level 1+2+3 အစအဆုံး တစ်လတစ်သောင်းသွင်း တစ်နှစ်သင်တန်းပါ
https://m.facebook.com/story.php?story_fbid=178468754655949&id=105771245259034
တော်သလင်းလပြည့် ပညာဒါနအထူး Discount
LCCI Level 1+2+3 နှင့် Accounting Excel သင်တန်းနှစ်မျိုးပေါင်းမှ ၆၀၀၀၀ တည်းဖြင့် ဆယ်ဦးသာ လက်ခံပေးပါမည်
https://m.facebook.com/story.php?story_fbid=176060244946260&id=100076268556934
LCCI Level 1+2 Zoom Class နှင့်
LCCI Level 1+2+3 ပုံမှန် Video Class များ
https://m.facebook.com/story.php?story_fbid=183645434138281&id=105771245259034
ကြားရက် နေ့ဘက်များတွင် တက်ရောက်နိုင်သော Online Zoom Class များ
https://m.facebook.com/story.php?story_fbid=174029858433172&id=105771245259034
#
တစ်လချင်းပေးသွင်းလျှင် တစ်လတစ်သောင်း x ၁၂လ
တစ်ကြိမ်တည်းအပြတ်ပေးသွင်းလျှင် ခြောက်သောင်း
🥰🥰🥰
IfI Accountancy and Busines Centre - Naypyitaw ရဲ့ ☺ တော်သလင်းလပြည့်နေ့ ပညာဒါနကုသိုလ် 😊
😊 သင်တန်းကြေးသိန်းချီ ပေးသွင်းရတဲ့ LCCI စာရင်းကိုင်ပညာသင်တန်းကို
😊Level 1+2+3 သုံးဆင့်လုံး အစအဆုံးသင်ရိုးကုန်သင်ကြားမှု နှင့် LCCI သင်ရိုးပြီးမြောက်ပြီးနောက်
😊 Accounting Excel သင်တန်း တက်ရောက်ခွင့်
နှစ်ရပ်ပေါင်းကို
IfI Accountancy and Business Centre - Naypyitaw Page ၏ ပွဲဦးထွက်
😊 တော်သလင်းလပြည့်နေ့ ပညာဒါနကုသိုလ်အဖြစ် အထူး Discount ၆၀၀၀၀ ကျပ် ဖြင့်သာ
တက်ရောက်ခွင့်ပြုပါမည်။
(ဆယ်ဦးသာလက်ခံသွားမည်ဖြစ်ပါသည်။)
😊 LCCI စာရင်းကိုင်ပညာကို
*ပညာရပ်တစ်ခုအနေဖြင့် တတ်မြောက်ထားချင်သူများ
*စာရင်းကိုင်ပညာကို စိတ်ပါဝင်စားသူများ
*စာရင်းကိုင်ပညာကို လေ့လာဆည်းပူးလိုသူများ
*စာရင်းကိုင်ပညာဖြင့် အသက်မွေးလိုသူများ
*စီးပွားရေးလုပ်ငန်းများ/ကုမ္ပဏီများတွင်
စီမံခန့်ခွဲရေး/အုပ်ချုပ်ရေးပိုင်းတွင် တာဝန်ယူထားပြီး
စာရင်းကိုင်ပညာရပ်ကိုပါ တတ်မြောက်ထားလိုသူများ
*ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းတွင် အသုံးချရန်/ကြီးကြပ်ကွပ်ကဲရန် စာရင်းကိုင်ပညာကို သင်ယူထားလိုသူများ
*အသက် ၁၆ နှစ်နှင့်အထက် အခြေခံပညာအထက်တန်းအဆင့်ရှိသူ မည်သူမဆို လေ့လာသင်ယူနိုင်ပါသည်။
☺ LCCI စာရင်းကိုင်ပညာ ယခုမှ စတင်လေ့လာမည့်သူဖြစ်ပါက Level 1 မှ စတင်လေ့လာသင်ယူနိုင်ပါသည်။
☺ သင်တန်းတစ်ခုခုတွင် Level 1 ကို ပညာဒါနတက်ရောက်သင်ယူခဲ့ပြီးသူဖြစ်ပါက Level 2 မှ စတင်လေ့လာနိုင်ပါသည်။
☺ သင်တန်းတစ်ခုခုတွင် Level 1+2 တက်ရောက်ခဲ့ပြီးသူဖြစ်ပါက Level 3 မှ စတင်တက်ရောက်နိုင်ပါသည်။
😊 ယခုသင်တန်းတွင် Level 3 အဆုံးထိ သင်ယူလေ့လာခဲ့ပြီးနောက် သင်တန်းတွင်းစာမေးပွဲ ဖြေဆိုအောင်မြင်ပြီးပါက Accounting Excel သင်တန်းကိုပါ ဆက်လက်သင်ကြားပေးမည် ဖြစ်ပါသည်။
😎 စာရင်းကိုင်ပညာရပ်+Excel ဖြင့် စာရင်းသွင်းခြင်းပညာရပ် နှစ်ရပ်ပေါင်းကိုမှ ငွေခြောက်သောင်းဖြင့်သာ တက်ရောက်လေ့လာသင်ယူခွင့်ရရန်
IfI Accountnacy and Business Centre ၏ ပွဲဦးထွက် ပညာဒါနကုသိုလ်အဖြစ် စီစဥ်ပေးလိုက်ရပါသည်။
😊 ခေတ်ကျပ်ကြီးထဲရောက်ချိန် လူတိုင်းငွေကြေးအဆင်မပြေကြချိန်မှာ
* LCCI စာရင်းကိုင်ပညာနှင့် Excel ဖြင့်စာရင်းသွင်းခြင်းပညာ သင်ယူလိုတဲ့ လူငယ်လူရွယ်လေးများ အခွင့်အရေးမဆုံးရှုံးရလေအောင်
* online class ဖြစ်တာမို့ အင်တာနက်ဘေဖိုးတွေကလည်း တနင့်တပိုးမို့ သင်တန်းကြေးများလွန်းလို့ အဆင်မပြေမဖြစ်ရလေအောင်
* Level 1+2+3 ၃ ဆင့်လုံးသင်ကြားမှု နှင့်
* Accounting excel သင်ကြားမှုကို
* ငွေခြောက်သောင်းသာ ပေးသွင်းရုံနဲ့ လေ့လာသင်ယူနိုင်အောင် စီစဥ်ပေးရခြင်း ဖြစ်ပါတယ်။
😊
Text Book နှင့် Lecture Note များကို
* Pdf File များ ဖြင့်လည်းကောင်း
* Post တွင်တင်ပေးထားသော ပုံများ Save ခြင်းဖြင့် လည်းကောင်း ရယူနိုင်ပါသည်။
😊
* Lecture Note များကို Video တွင် သင်ကြားပေးပြီး
* Chapter တစ်ခုပြီးတိုင်းလည်း Pdf File များ ပြန်လည်ပြုလုပ်ပေးမှာ ဖြစ်ပါတယ်
😊
* အိမ်စာများပေးခြင်း
* Chapter End Test များ စစ်ဆေးပေးခြင်း
* Chapter End Zoom Discussion များပြုလုပ်ပေးခြင်း
* Messenger Group တွင် စာမေးနိုင်ခြင်း
တို့ဖြင့်လည်း ပံ့ပိုးပေးသွားမှာ ဖြစ်ပါတယ်
😊 မေးခွန်းဟောင်းများကိုလည်း text book ပုံမှန်သင်ကြားမှုတွင် သင့်တော်သလို ထည့်သွင်းတွက်ချက်သွားမှာ ဖြစ်ပြီး
* Level 1+2 ပြီးဆုံးချိန်နှင့် Level 3 ပြီးဆုံးချိန်များတွင်
* UK စာမေးပွဲအတွက် အထောက်အကူဖြစ်စေရန်
* Revision+Old Question ကို တစ်လတာစီ သင်ကြားပေးမှာဖြစ်ပါတယ်
😊
*LCCI Level 1 Bookkeeping
*LCCI Level 2 Bookkeeping and Accounting
*LCCI Level 3 Accounting
*LCCI Level 3 Cost and Management Accounting
*LCCI Level 3 Advanced Business Calculation
တို့ကို သင်ရိုးကုန် အစအဆုံး သင်ကြားပေးသွားမှာ ဖြစ်ပါတယ်။
😊
သင်ကြားချိန်မှာ
*Level 1 သင်ရိုးသီးသန့် တစ်လခွဲ
*Level 2 သင်ရိုးသီးသန့် နှစ်လခွဲ နှင့်
*Level 3 သင်ရိုးသီးသန့် ခြောက်လ အချိန်ယူရမည် ဖြစ်ပါသည်။
😊
*Level 2 UK Exam ဖြေဆိုမည့်သူများအတွက်
*Level 2 သင်ရိုးပြီးချိန်တွင်
*Revision+Old Question တစ်လ သင်ကြားပေးမည် ဖြစ်ပါသည်။
*မဖြေဆိုလိုသူများအနေဖြင့် အချိန်စောင့်စရာမလိုပဲ
*Level 3 ကို ဆက်လက်သင်ယူနိုင်ပါသည်။
😊
*Level 3 UK Exam ဖြေဆိုမည့်သူများအတွက်
*Level 3 သင်ရိုးပြီးချိန်တွင်
*Revision+Old Question တစ်လ သင်ကြားပေးမည် ဖြစ်ပါသည်။
😊
Level တစ်ခုပြီးမြောက်တိုင်း သင်တန်းမှစစ်ဆေးသော စာမေးပွဲဖြေဆိုအောင်မြင်ပါက သင်တန်းမှ ပေးသော
*Completion Certificate ရရှိမည်ဖြစ်ပါသည်။
😊
နိုင်ငံတကာအသိအမှတ်ပြု Pearson UK လက်မှတ် ရယူလိုပါက
*British Council မှ ကြီးမှူးကျင်းပသော LCCI စာမေးပွဲကို ဝင်ရောက်ဖြေဆိုနိုင်ရန် စီစဥ်ပေးမည်ဖြစ်ပါသည်။
😊
တက်ရောက်လေ့လာသင်ယူလိုသူများ
messenger တွင် စာရင်းပေးသွင်းပြီး
KBZ Pay 09400200161
Wave Pay 09400200161
သို့ သင်တန်းကြေးလွှဲပို့ နိုင်ပါတယ်။
😊
သင်တန်းမှ ထူးချွန်သူ သင်တန်းသား/သူများကို
*Certificate in Business Management
*Certificate in Human Resourcement Management နှင့်
*Setting up an Own SME Business သင်တန်းများအနက် ကြိုက်နှစ်သက်ရာကို
*အခမဲ့တက်ရောက်ခွင့်ပေးသွားမှာဖြစ်ပြီး
*ACCA Part 1 ဘာသာရပ်များကို 60% Discount အထိ ချီးမြှင့်ပေးသွားမှာ ဖြစ်ပါတယ်။
😊
ကိုယ်စိတ်နှစ်ပါးချမ်းသာပြီး ဘေးအန္တရာယ်ကင်းရှင်းကာ မျှတသောစီးပွားဥစ္စာများလည်း ရရှိခံစားနိုင်ပြီး
ပညာပြည့်ဝအောင် ဖြည့်ဆည်းလေ့လာနိုင်ကြပါစေ။
UH(IfI)
09-Sep-22
16:04
🙂 LCCI စာရင်းကိုင်ပညာ သင်တန်းများ
IfI (Innovation for Improvement)
Learning Centre တွင် Online Class များဖြင့် တက်ရောက်သင်ယူနိုင်ပါပြီ။
*ပညာရပ်တစ်ခုအနေဖြင့် တတ်မြောက်ထားချင်သူများ
*စာရင်းကိုင်ပညာကို စိတ်ပါဝင်စားသူများ
*စာရင်းကိုင်ပညာကို လေ့လာဆည်းပူးလိုသူများ
*စာရင်းကိုင်ပညာဖြင့် အသက်မွေးလိုသူများ
*စီးပွားရေးလုပ်ငန်းများ/ကုမ္ပဏီများတွင်
စီမံခန့်ခွဲရေး/အုပ်ချုပ်ရေးပိုင်းတွင် တာဝန်ယူထားပြီး
စာရင်းကိုင်ပညာရပ်ကိုပါ တတ်မြောက်ထားလိုသူများ
*ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းတွင် အသုံးချရန်/ကြီးကြပ်ကွပ်ကဲရန် စာရင်းကိုင်ပညာကို သင်ယူထားလိုသူများ
*အသက် ၁၆ နှစ်နှင့်အထက် အခြေခံပညာအထက်တန်းအဆင့်ရှိသူ မည်သူမဆို လေ့လာသင်ယူနိုင်ပါသည်။
fb.me/IfILearningCentre သို့မဟုတ်
m.me/ldrs42018 ထံသို့
မက်ဆေ့ပေးပို့ကာ စာရင်းပေးသွင်း တက်ရောက်နိုင်ပါသည်။
🙂 သင်တန်း အပ်နှံလိုပါလျှင်
အမည်
မွေးသက္ကရာဇ်
ပညာအရည်အချင်း
နေရပ်လိပ်စာ
ဆက်သွယ်ရန်ဖုန်း
gmail တို့ကို စာရင်းပေးပြီး
🙂 KBZ Pay 09400200161
သို့မဟုတ်
🙂 Wave Pay 09400200161 သို့
သင်တန်းကြေးလွှဲပို့အပ်နှံနိုင်ပါသည်။
🙂 စာအုပ်ဖိုးမပါဝင်ပါ
*Pdf File များ Download ဆွဲယူခြင်း
*Post မှ ပုံများအား Save ခြင်း
*Video Lecture များ ကြည့်ရှုလေ့လာခြင်း
*Zoom Class တက်ရောက်ခြင်း တို့ဖြင့်
သင်ယူရပါမည်။
🙂 (စာအုပ်ယူလိုပါက စာအုပ်ဖိုး+ပို့ခ ကုန်ကျပါမည်။)
🙂 Zoom Class များတွင် အချို့သော ထပ်ဆောင်းပုစ္ဆာများအား Facebook Private Group တွင် Video Lecture များဖြင့် ထပ်မံလေ့လာရပါမည်။
*Zoom Recording များကိုလည်း တင်ပေးသွားပါမည်။
🙂 Video Class သည် Facebook Private Group တွင် Video Lecture များဖြင့် လေ့လာရပါမည်။
*Chapter End Zoom Discussion များ တက်ရောက်ရပါမည်။
🙂 မည်သည့် Class မဆို
Homework များပေးမည်ဖြစ်ပြီး
*မိမိဖြေဆိုထားသော အိမ်စာများကို ဓာတ်ပုံရိုက်၍ အိမ်စာထပ်ရန်ပို့စ်တွင် Photo Comment ပေးရပါမည်။
*အဖြေတစ်မျက်နှာထက်ပိုပါက မိမိ Photo Comment အား အကြိမ်ကြိမ် Reply မန့်ခြင်းဖြင့် ထပ်ပေးရပါမည်။
🙂 စာမေးနိုင်ရန်နှင့် သင်တန်းနှင့်ပတ်သက်သော Information များ ပေးနိုင်ရန် Messenger Group များ ဖွဲ့ပေးမည်ဖြစ်ပါသည်။
🙂 Chapter End Test များလည်း ပုံမှန်ဖြေဆိုရပါမည်။
😊 မေးခွန်းဟောင်းများကို ပုံမှန်သင်ကြားမှုအချိန်တွင်
သင့်တော်သလို ထည့်သွင်းတွက်ချက်သွားမည်ဖြစ်ပြီး
UK စာမေးပွဲဖြေဆိုခါနီးတွင် အချိန်ပိုတစ်လယူ၍
Revision+Old Questions များ သင်ကြားပေးမည် ဖြစ်ပါသည်။
🙂 Level တစ်ခုပြီးဆုံးတိုင်း သင်တန်းမှ စစ်ဆေးသော Exam အား ဖြေဆိုအောင်မြင်ပါက သင်တန်းမှ ပေးအပ်သည့် Certificate ရရှိပါမည်။
😊 UK လက်မှတ်ရရှိလိုသူများသည် British Council မှ ကြီးမှူးကျင်းပသော Pearson LCCI UK Exam
ဝင်ရောက်ဖြေဆိုနိုင်ရန် စီစဥ်ပေးပါမည်။
😊 Level 2 တွင် Bookkeeping and Accounting
ဘာသာရပ်ကို ဖြေဆိုရမည်ဖြစ်ပြီး
ဖြေဆိုအောင်မြင်ပါက Level 2 Certificate ရရှိပါမည်။
😊 Level 3 တွင် *Accounting
*Cost and Management Accounting နှင့်
*Advanced Business Calculations ဘာသာရပ်များကို ဖြေဆိုရပါမည်။
😊 Level 3 တွင် သုံးဘာသာလုံး တစ်ကြိမ်တည်း မဖြေဆိုလိုပါက *တစ်ဘာသာချင်းဖြစ်စေ
*နှစ်ဘာသာတစ်ကြိမ် တစ်ဘာသာတစ်ကြိမ် ခွဲဖြေခြင်းဖြင့်ဖြစ်စေ ဖြေဆိုနိုင်ပါသည်။
😊 စာဖြေကာလစုစုပေါင်း ၁၂ လအတွင်း သုံးဘာသာလုံး ဖြေဆိုအောင်မြင်ပြီးပါက Diploma ရရှိမည်ဖြစ်ပါသည်။
😊 လုံ့လဝီရိယရှိသူ တတ်မြောက်လိုစိတ်ရှိသူ သင်တန်းသားများကို ကြိုဆိုဖိတ်ခေါ်အပ်ပါသည်။
😊 သင်တန်းမှ ထူးချွန်သူ သင်တန်းသားများကို
*Excel Accounting
*Job Training
*Certificate in Business Management
*Setting Up an Own SME Business စသည့် သင်တန်းများကို အခမဲ့တက်ရောက်ခွင့်များ ပေးအပ်ခြင်း
*သင်တန်းကြေး Refund ပေးအပ်ခြင်း
*ACCA သင်တန်းများဆက်လက်တက်ရောက်ပါက
60% အထိ Discount ပေးခြင်းများဖြင့် ဂုဏ်ပြုချီးမြှင့်သွားမည် ဖြစ်ပါသည်။
ကိုယ်စိတ်နှစ်ပါးချမ်းသာပြီး ဘေးအန္တရာယ်ကင်းရှင်းကာ မျှတသောစီးပွားဥစ္စာများလည်း ရရှိခံစားနိုင်ပြီး ပညာပြည့်ဝအောင် ဖြည့်ဆည်းလေ့လာနိုင်ကြပါစေကြောင်း ဆုမွန်ကောင်းတောင်းအပ်ပါသည်။
UH (IfI)
6-Sep-2022 Tue
11:44 pm
p.s. ☺ တက်ရောက်လိုသူ သင်တန်းသားအရေအတွက်ပေါ် မူတည်၍ LCCI Level 3 အား
ရုံးချိန်လွတ် နှင့် Sunday Only
Zoom Class များလည်း ထပ်မံစီစဥ်သင်ကြားပေးပါမည်။ (သင်တန်းကြေး 150000)
** စာရင်းကိုင်ပညာ မှာ ဘာတွေလေ့လာရသလဲ ** (၁)
စာရင်းကိုင်ပညာမှာ
**ဘဏ္ဍာရေးစာရင်းကိုင်ပညာ** (Financial Accounting) နဲ့
**စီမံခန့်ခွဲမှုစာရင်းကိုင်ပညာ** (Management Accounting) ဆိုပြီးရှိပါတယ်။
Management Accounting ကို
**တန်ဖိုးတွက်နှင့်စီမံခန့်ခွဲမှုစာရင်းကိုင်ပညာ**
(Cost and Management Accounting) လို့လည်း ခေါ်ဆိုလေ့ရှိပါတယ်။
စာရင်းကိုင်ပညာလေ့လာမှုနဲ့ပတ်သက်ရင် အစိုးရဝန်ထမ်းတွေဆိုရင် အခြေခံစာရင်းရေးစာရင်းကိုင်ပညာ Grade 1, Grade 2, Grade 3 သင်တန်းတွေရှိပြီး အဲဒီနောက် ဒီပလိုမာစာရင်းကိုင်သင်တန်း DA 1, DA 2 တွေရှိပါတယ်။
DA 2 အောင်ပြီးရင် LCCI Level 3 အောင်ပြီးတာနဲ့ အဆင့်တူတူပါပဲ။
DA ပြီးသွားရင်တော့ ပြည်တွင်းအသိအမှတ်ပြု အမြင့်ဆုံးစာရင်းကိုင်လက်မှတ်ဖြစ်တဲ့ လက်မှတ်ရပြည်သူ့စာရင်းကိုင်သင်တန်း (CPA) ကို Part 1 နဲ့ Part 2 နှစ်ပိုင်းခွဲပြီး သင်ယူလေ့လာနိုင်ပြီး Part 2 အောင်မြင်ပြီး အလုပ်သင်လုပ်သက် 3 နှစ်ပြည့်ပြီးရင် စာရင်းကိုင်စာရင်းစစ် လိုင်စင်ရရှိမှာဖြစ်ပါတယ်။
ပြည်ပစာရင်းကိုင်အဖွဲ့အစည်းတွေက ပေးအပ်တဲ့ နိုင်ငံတကာအသိအမှတ်ပြုစာရင်းကိုင်သင်တန်းတွေဆိုရင်တော့ Pearson ရဲ့ LCCI စာရင်းကိုင်သင်တန်းမှာ Level 1+2, Level 3 တို့ဟာ မြန်မာပြည်တွင်းမှာ သင်ယူလေ့လာသူ အများဆုံးဖြစ်ကြပြီး Level 4 အထိ တက်ရောက်သူတွေလည်းရှိပါတယ်။
နောက်ထပ် အဖွဲ့အစည်းတစ်ခုဖြစ်တဲ့ AAT ကလည်း AAT Level 2, Level 3 တွေ သင်ယူလေ့လာနိုင်ပါတယ်။
နောက်ထပ်အနေနဲ့ကတော့ အကြီးဆုံးစာရင်းကိုင်အဖွဲ့အစည်းကြီးဖြစ်တဲ့
ACCA သင်တန်းတွေလည်း တက်ရောက်နိုင်ပြီး
Part 1 မှာ 3 ဘာသာ၊
Part 2 မှာ 6 ဘာသာ၊
Part 3 မှာရှိတဲ့ 6 ဘာသာထဲက မဖြေမနေရ 2 ဘာသာနဲ့
ကျန် 4 ဘာသာထဲက ကြိုက်ရာ 2 ဘာသာ၊
စုစုပေါင်း 13 ဘာသာအထိ တက်ရောက်သင်ယူနိုင်ပါတယ်။
အဲဒီထဲကမှ မြန်မာပြည်မှာ အများစုလက်လှမ်းမီနိုင်ပြီး သင်ယူလေ့လာမှုအများဆုံးဖြစ်တဲ့ Pearson ရဲ့ LCCI စာရင်းကိုင်ပညာသင်တန်းတွေ အကြောင်းရှင်းလင်းပြောကြားပေးပါမယ်။
LCCI Level 1 ဟာ စာရင်းရေးသွင်းပညာ Bookkeeping ဖြစ်ပြီး
LCCI Level 2 ကတော့ စာရင်းရေးစာရင်းကိုင်ပညာ Bookkeeping and Accounting ဖြစ်ပါတယ်။
LCCI Level 3 မှာ Accounting,
Financial Accounting,
Cost and Management Accounting,
Advanced Business Calculations,
Business Statistics ဘာသာရပ်တွေ
သင်ယူဖြေဆိုလို့ရပြီး
အများစုဖြေဆိုနေကြတာကတော့
Accounting
Cost and Management Accounting နဲ့
Advanced Business Calculations
ဘာသာရပ် သုံးခုပဲဖြစ်ပါတယ်။
စာဖြေချိန် ၁၂ လအတွင်း သုံးဘာသာလုံး အောင်မြင်ရင် Diploma လက်မှတ် ရရှိမှာဖြစ်ပါတယ်။
LCCI Level 1 ကို ပညာဒါနအနေနဲ့ သင်ကြားပေးတဲ့ သင်တန်းကျောင်း အများအပြားရှိပြီး
LCCI Level 1+2 ကို သင်ကြားချိန် အနည်းဆုံး 2 လခွဲကနေ အများဆုံး 5 လ 6 လ အထိ သင်ကြားပေးကြပါတယ်။
UK စာမေးပွဲ ဝင်ရောက်ဖြေဆိုလိုရင်တော့ စာမေးပွဲမတိုင်မီ 3 လခန့် ကြိုတင် Register လုပ် ငွေသွင်းထားကြရပါတယ်။
စာမေးပွဲကြေးအနေနဲ့ ခြောက်သောင်းကျော် ကျသင့်လေ့ရှိပါတယ်။
ရန်ကုန်နဲ့ မန္တလေးမဟုတ်တဲ့ တခြားနယ်တွေက Remote Exam တွေ ဆိုရင်တော့ စာမေးပွဲကျင်းပတဲ့နေရာအတွက် ကုန်ကျစရိတ် Centre ကြေးပါ သပ်သပ်ပေးသွင်းရပါတယ်။
ကိုဗစ်ကာလနောက်ပိုင်းတော့ ရန်ကုန်နဲ့ မန္တလေးမြို့တွေမှာသာ ဖြေဆိုလို့ရပါသေးတယ်။
LCCI Level 3 ကိုတော့ အလုပ်မလုပ်သေးသူတွေအနေနဲ့ ကြားရက်တွေပါပါတဲ့ Block တန်းတွေဆိုရင်
စာသင်ချိန် သုံးလကျော် နဲ့
ပုံမှန် Regular တန်းတွေဆိုရင်
ငါးလ ခြောက်လခန့် သင်ယူလေ့လာရပါတယ်။
UK စာမေးပွဲကြေးအနေနဲ့ကတော့
တစ်ဘာသာလျှင် ခုနစ်သောင်းကျော် ကျသင့်လေ့ရှိပါတယ်။
စာမေးပွဲတစ်ကြိမ်တည်းနဲ့သုံးဘာသာလုံး ဖြေဆိုရန် အခက်အခဲရှိသူတွေအနေနဲ့ ပထမအကြိမ်နဲ့ ဒုတိယအကြိမ်မှာ 1+2 သို့မဟုတ် 2+1 စသည်ဖြင့် ခွဲပြီးဖြေဆိုလို့ရပါတယ်။
စာမေးပွဲဖြေဆိုချိန် 12 လအတွင်း သုံးဘာသာလုံး အောင်မြင်ရင် Diploma ရပါပြီ။
IfI Learning Centre မှာ
LCCI Level 1 ကို ပညာဒါနအနေနဲ့
Online သင်တန်းများ ဖွင့်လှစ်သင်ကြားပေးနေပြီး
LCCI Level 1+2 နဲ့
LCCI Level 3 သင်တန်းများ၊
LCCI Level 1+2+3 အစအဆုံးသင်တန်းများကိုလည်း
Online သင်တန်းများ ဖွင့်လှစ်သင်ကြားပေးနေပါတယ်။
အပြင်သင်တန်းတက်ရောက်လိုသူတွေကတော့ နေပြည်တော်နဲ့ပျဉ်းမနားမှာနေထိုင်သူတွေအနေနဲ့တော့ အပြင်သင်တန်းမှာပါ လာရောက် လေ့လာသင်ယူနိုင်ကြပါပြီ။
ဘာသာရပ်အလိုက် သင်ရိုးတွေမှာ
ပါဝင်သော သင်ခန်းစာအခန်းစဥ်တွေအကြောင်း နောက်ထပ်ပို့စ်တစ်ခုမှာ ရှင်းပြပေးပါမယ်။
UH (IfI)
23-Aug-2022
Click here to claim your Sponsored Listing.
Videos (show all)
Category
Contact the school
Telephone
Website
Address
Naypyidaw
Naypyidaw
Learning Together, Sharing Together and. Growing Together!
Beside Yangon-Mandalay Highway Road, Thawatti
Naypyidaw
Let's learn and grow up together!
2249 Ayartaw Street
Naypyidaw, 15015
We prepare your children with 21st century skills to achieve in their educational journeys and life.
Naypyidaw
L.A is a group of professionals sharing their knowledge and experience.
Naypyidaw
Learning Together, Sharing Together, Growing Together,
Zabuthiri Township
Naypyidaw
あなたの将来はここにある! သင့္အနာဂတ္က ဒီမွာရိွပ?
No A055, Thone Nari 1 Street, Shwe Kyar Pin Ward, Zabuthiri Township
Naypyidaw
Sisu school equiped with all Montessori teaching and learning tools and highly experienced teachers.
Aung Ta Pyae Street
Naypyidaw
Learning Together, Sharing Together, Growing Together
Nay Pyi Daw
Naypyidaw, 15014
Learning English is a lifelong process