ကိုကိုရေ
The heartbroken
တည်နေရာလည်း သိတယ်။အရင်နေရာမှာလည်း
မင်း ရှိတယ်။
ကိုယ်နဲ့ မဆိုင်တော့တာလေးတစ်ခုပဲ။
ဘယ်သူ့ ခွင့်ပြုချက်မှ
မယူဘဲ လွမ်းမိပါသည်။
ကြိုက်တဲ့
အပြစ်ပေးပါတော့ သခင်။
နောက်ဆုံး အဆုံးသတ်မှာ အရွေးချယ်ခံရမဲ့သူက
ကိုယ်မဟုတ်မှန်း သိသိကြီးနဲ့တောင်
မင်းကို သဘောကျမိပါတယ် ။
ကံပါသလောက်ပေါ့အချစ်ရယ် ။
စိတ်မနာသေးသရွေ့ မင်းအနားမှာ တွယ်ကပ်နေချင်ပါသေးတယ် ။
🌻💌
#ခဲတံ
အချိန်တန်ရင် အားလုံးဟာ
နေသားတကျ ဖြစ်သွားမှာ ။
သတိရရင် သတိရတဲ့အတိုင်း နေသားတကျ
ပြိုကျနေရင် ပြိုကျတဲ့အတိုင်း နေသားတကျ
မခေါ်တော့ရင် မခေါ်တဲ့အတိုင်း နေသားတကျ
အားလုံးဟာ သူ့နည်းသူ့ဟန်နဲ့
နေသားကျသွားလိမ့်မယ် ထင်ပါတယ် ။
🌻🤍
#ခက်နှောင်
လူတစ်ချို့ကြောင့်
ငါကအချစ်မခံသင့်တဲ့လူများလားလို့တွေးမိခဲ့ရင်
ငါကအမြဲတစ်ယောက်ထဲပဲဖြစ်နေမလားလို့တွေးခဲ့ရင်
မင်းဒဏ်ရာတွေကိုပွေ့ဖက်ပေးမယ့်
တစ်စုံတစ်ယောက်ကမကြာခင်ရောက်လာမှာပါ
အများကြီးတွေးပြီးမနာကျင်ပါနဲ့
ကိုယ်မလုပ်ခဲ့တဲ့အမှားတွေအတွက်
နာကျင်ဖို့ မင်းကမထိုက်တန်ပါဘူးကွယ်
ကျွန်မတို့တွေဟာ
ကိုယ်ချစ်ရတဲ့သူက ပြန်မချစ်နိုင်တဲ့အခါ၊ထားခဲ့တဲ့အခါအရမ်းခံစားရပါတယ်။
သေချာပြန်တွေးကြည့်တော့လည်း
ကျွန်မတို့ကိုယ်တိုင်မှာလည်း
ကိုယ့်ကိုဘယ်လောက်ချစ်နေမှန်းသိရက်နဲ့
ပြန်မချစ်နိုင်တဲ့သူ၊ပြန်မချစ်သင့်တဲ့သူ၊ထားရစ်ခဲ့တဲ့သူတွေ အများကြီးရှိနေခဲ့ပါပဲလေ။
အချစ်ဆိုတာ လုပ်ယူလို့မရပါဘူး။
လုပ်ယူလို့ရလည်းမမြဲပါဘူး။
ကာယကံရှင်ရဲ့ ချစ်ချင်တဲ့စိတ်နဲ့ အချစ်ခံရတယ်။
ကိုယ့်ကိုချစ်ပေးတဲ့သူကလည်း ကိုယ်မျော်လင့်ပြီးချစ်နေရတဲ့သူပဲဖြစ်နေတဲ့ နှစ်ဦးနှစ်ဖက်ထပ်တူကျတဲ့ အချစ်မျိုးကသာ တကယ့် အချစ်စစ်ပါ။
သူချစ် ကိုယ်ချစ် အချစ်စစ်များသာ တွေ့ဆုံနိုင်ကြပါစေ။
#ခက်ခက်ခိုင်
ဝမ်းနည်းစရာကောင်းတာတစ်ခုကတော့
ဒီလူတစ်ယောက်ကို ဒီလောက်ထိမချစ်သင့်ဘူးလို့
ကျနော်တို့ကိုယ်တိုင် သေချာသွားချိန်မှာ ချစ်ခြင်းမေတ္တာတွေဟာ လက်လွန်ခြေလွန်ပေးထားပြီးသား ဖြစ်နေတတ်တာပါပဲ...
မဖြစ်သင့်မှန်းသိပေမယ့်လည်း ကျနော်တို့ဟာ ကိုယ့်ချစ်ခြင်းမေတ္တာကို ကိုယ်တိုင်ပြန်မရပ်နိုင်ခဲ့ကြဘူး...
- မိုးနေ့
ချစ်လည်း မချစ်ချင်ေတာ့ သလို
အချစ်လည်း မခံချင် တော့ဘူး
နှစ်မျိုးလုံးဟာ စိတ်ပင်ပန်းရတာကြီးပဲ ။
🌻🤍
#ခက်နှောင်
မင်းကလဲ သူမှ သူ
သူကလဲ ဟိုတစ်ယောက်မှ ဟိုတစ်ယောက်
ပြိုင်မဆွဲနဲ့
မင်းရှုံးလိမ့်မယ် သူတို့ကနှစ်ယောက်အား
ကိုယ့်ကိုကိုယ် အထင်မသေးနဲ့
အလုပ်တစ်ခုကို ငါမလုပ်နိုင်ပါဘူးလို့
ဘယ်တော့မှ မတွေးလိုက်ပါနဲ့
ကိုယ့်ကို စွန့်ခွါသွားသူတစ်ယောက်ကို
ငါ မမေ့နိုင်ပါဘူးလို့ မတွေးလိုက်ပါနဲ့
သူများအလုပ် လုပ်ကိုင်နေရတော့
ငါ လုပ်ငန်းရှင်တစ်ယောက် ဖြစ်မလာနိုင်ဘူးလို့
မတွေးလိုက်ပါနဲ့
ကိုယ့်မှာ တီးတိုးဖော် မရှိတော့လို့
ငါ တစ်ယောက်တည်း မနေနိုင်ပါဘူးလို့ မတွေးလိုက်ပါနဲ့
ကိုယ်တန်ဖိုးထားရသူတွေ ဆုံးရှုံးလာနေလို့
ငါ့ဘဝက အဓိပ္ပါယ်မဲ့သွားပြီလို့ မတွေးလိုက်ပါနဲ့
ရှုံးနိမ့်ခြင်းတွေ ကြုံနေရလို့
ကိုယ့်ကိုကိုယ် အသုံးမကျတဲ့သူပါလားလို့ မတွေးလိုက်ပါနဲ့
ကြမ္မာဆိုးတွေ မွှေနှောက်နေတိုင်း
ငါ့ဘဝက ဘယ်တော့မှ ကံမကောင်းနိုင်ဘူးလို့ မတွေးလိုက်ပါနဲ့
ရောဂါဝေဒ နာတွေ ခံစားနေရလွန်းလို့
ငါ့ဘဝက ဇာတ်သိမ်းခန်းရောက်ပြီလို့ မတွေးလိုက်ပါနဲ့
အဲဒိလို တွေးလိုက်မိပြီဆိုတာနဲ့ သင့်ဘဝက
တစ်ဝက်သေသွားတာ သေချာသွားပြီလေ
ပိုးစုန်းကြူးလို အကောင်သေးသေးလေးတွေတောင်
သူတို့မှာရှိနေတဲ့ ကိုယ်ပိုင်အလင်းရောင်နဲ့ လောကကြီးကို
အလင်းရောင် ပေးစွမ်းနေကြတယ်
အဆင်မပြေမှုတွေ နှလုံးသားရဲ့ ခံစားမှုတွေ
ဖိစီးနှိပ်ဆက်ခံရတိုင်း ဘဝကို ရေစုန်မျောနေမိရင်
လောကကြီးက မင်းကို ကောင်းချီးပေးလာမှာ မဟုတ်ဘူးလေ
ကိုယ့်ကိုကိုယ် အထင်သေးတဲ့နေ့က
မင်းဟာ တန်ဖိုးမဲ့လူသားတစ်ယောက် ဖြစ်မှန်းမသိဖြစ်လာပြီး
လူ့လောကကို လက်ကမ်းကြိုဆိုခဲ့တဲ့ မိဘမျက်နှာကို
အိုးမဲ သုတ်သလိုပဲ
ငါမလုပ်နိုင်ဘူး မဖြစ်နိုင်ဘူးလို့
တွေးတဲ့တစ်နေ့ မင်း သေသွားတဲ့နေ့ သဘောပဲ ဖြစ်နေလိမ့်မယ်
ခံစားချက်တွေများလွန်းလို့ မခံမရက်နိုင် ဖြစ်နေရင်
တစ်ရက်တော့ ငိုပါ
ပြီးရင်တော့ ပြုံးနိုင်အောင် ကြိုးစားပါနော် လို့
✍🏻✍🏻✍🏻✍🏻✍🏻✍🏻✍🏻✍🏻✍🏻✍🏻✍🏻✍🏻✍🏻
Credit to former uploaders
Copy & Share
တစ်စုံ တယောက်ရဲ့ ရင်ထဲမှာ
တစ်စုံ တယောက် အမြဲ ရှိတယ်
ဒါ ဟာ ဖောက်ပြန်တာလည်း မဟုတ်ဘူး
ရူး သွပ် တာလည်း မဟုတ်ဘူး
မျှော်လင့် တာလည်း မဟုတ်ဘူး
နှလုံးသားက သူ လက်ခံတဲ့ သူကို
သူ့ ရင်ထဲမှာ သိမ်း ဆည်း ထားတာ
မင်း ဘာမှ လုပ်လို့မရဘူး ။
Sarku Yar
ကိုကိုရေ
ပြန်ဆုံချိန်မှာ ပေးခဲ့တဲ့ အနမ်းတွေကို နှုတ်ဆက်အနမ်းမှန်းမသိခဲ့ဘူး။
ကိုကိုရေ
-----------
ရာထူးအာဏာတွေနဲ့
နှလုံးသားရဲ့အလိုဆန္ဒကို
မခြယ်လှယ်ပါနဲ့နော်။
ကိုကိုရေ
အချစ်ဆိုတာကြီးနဲ့ နုနယ်တဲ့နှလုံးသားလေးတွေ၊ပြိုပျက်လွယ်တဲ့ဘဝလေးတွေကို အရူးမလုပ်ပါနဲ့နော်။
တုန်နေအောင်ချစ်ပြီး
တုန်နေအောင်ကြောက်ရတဲ့ယောက်ျား
သူ့မျက်နှာကြည့်နေရရင်
အရာရာပြီးပြည့်စုံရတဲ့ယောက်ျား
(သူ့ မျက်နှာက အရေးအကြောင်းလေးတွေ ဆံပင်ဖြူလေးတွေ နားရွက်အတွန့်လေးတွေ မေးအောက်က အဆီပြင်ကအစ တစိမ့်စိမ့်ကြည့် ချစ်နေမိတာမျိုး)
သူ့အကြောင်းတွေးနေရရင်
အရာရာအေးချမ်းနွေးထွေးနေရတဲ့ယောက်ျား
(သူ့အကြောင်းတွေးရင်း ပြုံးနေမိတာ၊ရင်ထဲမှာ ပူလောင်မှုမရှိအေးချမ်းနေတာမျိုး)
သူ့ကြောင့်ဂုဏ်တက်ပြီး
သူ့ကြောင့်ပိုလှပနေရတဲ့နေ့ရက်တွေပိုင်ဆိုင်ခွင့်ရနိုင်ေအာင်ဖန်တီးေပးတဲ့ေယာကျ်ား
(လူတွေက သူနဲ့ပါတ်သက်လာရင် သတင်းကောင်းတွေပဲ ယူ ဆောင်လာပေးနိုင်အောင် သူကစွမ်းဆောင်နိုင်တာ။ဇွဲသတ္တိရှိတာ၊ရည်မှန်းချက်ကြီးတာ ကြိုးစားတာ ထက်မြက်တာတွေကြောင့်
မနက်ဖြန်တိုင်းဟာ တွေးကြောက်နေစရာမလိုအောင်
ပြီးပြည့်စုံနေအောင် ဖန်တီးပေးနိုင်တာမျိုး)
သူ့လက်တစ်ဖက်နဲ့ထွေးပွေ့ထားရင် ဘာကိုမှကြောက်စရာမလိုအောင် တကယ့်ကို စိတ်ရဲ့လုံခြုံမှုကိုပေးနိုင်တဲ့ယောက်ျား
အဲ့လိုယောက်ျားမျိုးကိုကျွန်မ
ပိုင်ဆိုင်ခွင့်ရခဲ့တယ်လို့ထင်ပါတယ်။
#ရည်ရွယ်သူသို့
Photo credit
စကားပြောဝိုင်းတွေထဲ
မင်းနာမည်လေးများ ပါလာတဲ့အခါ
ကိုယ့်မှာ ဘာမှပြန်မပြောနိုင်လောက်တဲ့အထိ
မင်းက ကိုယ့်ကို မချစ်ခဲ့တာပဲ ။
- Mhaw
ချစ်မိသွားမှာစိုးလို့
ရှောင်နေရင်းကနေ
ပိုလို့တောင် ချစ်မိသွားတယ်။
မင်းကငါကိုယ်တိုင် မီးခွက်ထွန်းရှာထားတဲ့
ပြဿနာလှလှလေးပဲ……
#အိပွင့်ဖြူ
ဝမ်းသာစရာ ကောင်းတာက
ကိုယ်ချစ်တဲ့သူ ပျော်နေတာ
ဝမ်းနည်းစရာ ကောင်းတာက
ကိုယ်မဟုတ်တဲ့ တခြားသူနဲ့...။
Leo 🌻
မင်း အဆက်အသွယ်ဖြတ်ပြီး
ပုန်းနေတဲ့နေရာလေးပေါ့။
ကိုယ်မပါတဲ့ မင်းရဲ့နန်းတော်ထဲ
ပျော်နေရင် ကျေနပ်ပါပြီ
ချစ်ရသူရေ
ဘာမှ မခံစားရတော့တာမဟုတ်ပါဘူး။
ဘာကို အရင်ခံစားရမလဲမသိတော့တာပါ။
လွမ်းလိုက်တာ
ကိုရေ
ကို့ကို သတိရပြီး နိုးလာပြန်ပြီ။
ကိုနဲ့ချစ်ခွင့်ရနေတုန်းက နွေးထွေးလုံခြုံပြီး နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်တယ်။
မနက်နိုးလာရင်လဲ ကိုဖုန်းနဲ့နှိးထားသေးလား ၊ အိပ်နေတုန်းဘာများပို့ထားသေးလဲဆိုပြီး ရင်ခုန်လန်းဆန်းပြီးနိုးလာတယ်။
တစ်ခုခုပို့ထားတာမြင်ရင် ပျော်ရွှင်ပြီး အဲ့ဒီတစ်ရက်လုံးဟာ အားအင်အပြည့်နဲ့ပေါ့။
ခုတော့ ဝမ်းနည်းစရာကောင်းအောင်စတင်ပြီး မျက်ရည်တွေနဲ့အိပ်ရာဝင်ရတဲ့နေ့ရက်တွေရောက်လာခဲ့ပါလားကိုရယ်။
လွမ်းမိတာပေါ့
ကိုနဲ့ပါတ်သက်တဲ့အရာရာက လွမ်းချင်စရာအကြောင်းတွေပဲကို။
လွမ်းတာရှိရင် နာတာနဲ့ဖြေတဲ့
နာစရာကို လွမ်းစရာကဖုံးနေတော့ အလူးအလဲခံစားနေရတာပေါ့။
ရူးတော့မယ် ကိုရေ
သို့/
ချစ်သော ကိုရေ....
လွမ်းတယ်... ကျွန်မရဲ့ ဖြစ်တည်မှု အားလုံးကို ကိုက သိခဲ့ရပြီ
ကို့ရဲ့ ဖြစ်တည်မှု သေးသေးလေးကိုတောင် မသိခဲ့ရတဲ့ ကျွန်မက ဒီလူကြီးကို သိပ်ချစ် သိပ်လွမ်း သိပ်သတိရသတဲ့...
မင်း နစ်နာရမှာစိုးလို့ မခံစားစေချင်လို့ဆိုတဲ့ အကြောင်းပြချက်နဲ့ တစ်ဖက်လူ ဘယ်လို ဖြစ်ကျန်ခဲ့မယ်ဆိုတာ မတွေးဘဲ ထားခဲ့ရက်တဲ့ ကို့ကို ဒီမိန်းမက တစ်ရက်မှ မေ့လို့မရဘူးတဲ့လေ...
ကိုနဲ့ ပြန်ဆုံတဲ့ တစ်နေ့ကျရင် ဒီမိန်းမ ဘယ်လောက်ရူးသွပ်သတိရခဲ့ကြောင်း မျက်ရည်တွေနဲ့ ရင်ဖွင့်မယ်ဆိုတဲ့ မျှော်လင့်ချက် သေးသေးလေးလည်း ထားသေးတယ်..
တွေ့ဆုံမှုဟာ တိုတောင်းပေမယ့် ကို့ရဲ့ အပေါ်ယံ ဟန်ဆောင်မှုတွေကို တကယ်ထင်ပြီး စိတ်ရင်းနဲ့ ချစ်ခဲ့မိတဲ့အတွက် အရမ်းခံစားရပါတယ် ။ မျှော်လင့်ချက်တွေပေးပြီး ခံစားချက်တွေကို အသေသတ်ခဲ့တဲ့အတွက် ပျော်ေနသလား ကိုရေ???
အဲဒါဆို မုန်းလိုက်လေ မေ့ပစ်လိုက်တော့လို့ ပြောမယ်မဟုတ်လား ???
ရင်ထဲ အနက်ရှိုင်းဆုံးမှာ ရှိနေတဲ့ လူတစ်ယောက်ကို လွယ်လွယ်နဲ့ မေ့ပစ်ဖို့ဆို တာ ထင်သလောက် မလွယ်ကူဘူး ကိုရယ်...
သက်ရောက်မှုတိုင်းမှာ တန်ပြန်သက်ရောက်မှုရှိတယ်ဆိုတဲ့ စကားကလည်း ကျွန်မအတွက်တော့ မမှန်ဘူးထင်ပါရဲ့....
ဘာပဲဖြစ်ဖြစ် ချစ်တတ်အောင် သင်ပေးခဲ့ပြီး ဘယ်သူ့ကိုမှ မယုံတတ်အောင် သင်ခန်းစာတွေ ပေးခဲ့လို့ ကျေးဇူးတင်ပါတယ်....
အခုချိန်မှာ တစ်စုံတစ်ယောက်က ချစ်ခြင်းမေတ္တာဟာ ဘာလဲလို့ မေးလာခဲ့ရင် ကို လို့ ဖြေမိဦးမှာပါ ။ အမှတ်မရှိတာမဟုတ်ဘူး။စွဲကျန်နေတာ။ ခဏလေးရခဲ့တဲ့ ချစ်ခြင်းမေတ္တာေတွကိုလေ။
Click here to claim your Sponsored Listing.
Website
Address
Hla Hteik Khaung (6) Street
Naypyidaw
The Key To The World For You
Forest Street, Yezin
Naypyidaw, 15013
The university council is the highest authority of the UFES during the interim period. It was founded in accordance with interim university charter (entered into force on 27 April ...
Naypyidaw
Hi there!!!I am Teacher Pauk and I have been in the education field for almost two decades.
Naypyidaw
EPS Topik လုပ်သားသင်တန်းနှင့် Level Classes သင်တန်းများ
Naypyidaw
I have been working in research and academic fields for 16 years. By taking advantage of my knowledge and experiences, I am here for you to support your research projects to be suc...
Naypyidaw
Learning Together, Sharing Together and. Growing Together!