Bamboo Delight Library and Summer School
You may also like
Bamboo Delight Library and Summer School, led by Sue, is a project by Hand to Hand Charity Myanmar. L
" စာဖတ်ခြင်းဟာ အရေးကြီးရခြင်းရဲ့ အချက် (၈) ချက် "
---------------------------//-------------------------
စာဖတ်ခြင်းဟာ ဘ၀မှာ အရေးကြီးတယ်ဆိုတာ လူတိုင်းသိကြပါတယ်။ ထို့ကြောင့်ပင် “အလိမ္မာ စာမှာရှိ” ၊ “ စာအုပ်စာပေ လူ့မိတ်ဆွေ” လို့ ဆိုကြပါတယ်။ ကဲ . . . ဒါဆိုရင် စာဖတ်ခြင်းဟာ ဘာကြောင့်အရေးကြီးသလဲ မေးလာရင် အချက်ကျကျ ဖြေတက်သူနည်းပါတယ်။ လူတိုင်း လူတိုင်း စာပေကို ဘာကြောင့် ဖတ်သင့်သလဲဆိုတာ အချက် (၈) ချက်နဲ့ ကျနော် တင်ပြပါမယ်။
(၁) ဗဟုသုတကြွယ်ဝခြင်း ( ကိစ္စတိုင်းကို အရင်သိခြင်း)
စာဖတ်အားကောင်းသူတွေဟာ သူများထက် မသိတာမရှိဖြစ်ပြီး ကိစ္စတိုင်းကို ခေါင်းအေးအေးနဲ့ ဖြေရှင်းနိုင်စွမ်းရည် ပိုကောင်းပါတယ်။ ကိစ္စတိုင်းကို စူးစမ်းလိုစိတ်ပြင်းပြီး မိမိကိုယ်တိုင် ဘယ်အလုပ်ကို ဝါသနာပါတယ်ဆိုတာတောင် ခန့်မှန်းနိုင်ပါတယ်။ ထို့အပြင် ပဋ္ဋိပက္ခ့ဖြေရှင်းနိုင်စွမ်းဆိုတာ စာဖတ်ပြီး အကြားအမြင်များမှသာလျင် ဖြစ်နိုင်ပါတယ်။
(၂) ဘ၀တိုးတက်ခြင်း
စာဖတ်မှသာလျင် မိမိဘ၀တိုးတက်နိုင်ပါတယ်။ စာဖတ်ခြင်းအားဖြင့် လောကကြီးအကြောင်းကို ပိုသိပြီး ယနေ့ခေတ်လူတွေ ဘယ်လိုစိတ်ထားမျိုးထားတယ်၊ ဘယ်လိုအကြောင်းအရာမျိုးကို စိတ်၀င်စားတယ်ဆိုတာတောင် သိရှိုနိုင်ပါတယ်။ စာအုပ်စာပေဆိုတာ ဘ၀အတွက် တည်ငြိမ်အေးချမ်းသော သူငယ်ချင်း၊အယုံကြည်ရဆုံး အကြံပေးအရာရှိ၊ သဘောထားကြီးတဲ့ ဆရာတစ်ဆူပဲ ဖြစ်ပါတယ်။
(၃) နားလည်နိုင်စွမ်းရည် တိုးတက်ခြင်း
မင်း စာအုပ်များများ ဖတ်တဲ့အခါ နားလည်မှုစွမ်းရည် မြင့်တက်ပြီး လောကကြီးရဲ့ အကြောင်းပိုနားလည်လာပါတယ်။ ဥပမာ မင်း မိကျောင်းရဲ့ အကြောင်းကို စာအုပ်ထဲမှာ လေ့လာတယ်ဆိုပါတော့။မင်းဟာ မိကျောင်းရဲ့ ကျတ်စားနေရာ၊ ဘယ်လိုအကြောင်းအရာကြောင့် မိကျောင်းအကိုက်ခံရတယ်ဆိုတာ သိရှိပြီး သတိထားနိုင်ပါတယ်။ တကယ်လို့ မင်းကို မိကျောင်းဖမ်းခိုင်းရင်တောင် မင်းဟာ မိကျောင်းရဲ့ သဘောသဘာ၀ကို သိနေရင် မခက်ခဲတော့ပါဘူး။ တကယ်ဆို စာဖတ်တယ်ဆိုတာ လူလောကသဘော၊သဘာ၀ကို ပိုပြီးသိရှိစေချင်တာပါပဲ။ ဂိမ်းတစ်ခုကစားတဲ့အခါ ဂိမ်းရဲ့စည်းမျဉ်းစည်းကမ်းကို သ်ိနေရင် လွယ်ကူသလိုပေါ့၊ မင်းဟာ လူတွေရဲ့ သဘောကို သိနေရင် အောင်မြင်ဖို့ မခက်ခဲတော့ပါဘူး။
(၄) ပွဲအ၀င်ခင် ပြင်ဆင်ခြင်း
တကယ်ဆို မင်း အလုပ်တစ်ခုလုပ်မယ်ဆိုရင် ဘယ်အရာတွေက လိုအပ်ချက်ရှိမလဲ၊ ဘယ်အရာတွေက အားနည်းချက်ရှိသလဲဆိုတာ သိသင့်ပါတယ်။ ဒါတွေကလည်း စာဖတ်မှပဲ သိမှာပါ။ မင်းဆုံးဖြတ်ချက်ချတဲ့နေရာမှာ အသုံး၀င်ပါလိမ့်မယ်။ ဟင်းဘယ်လိုချက်ရမယ်၊ စစ်တုရင် ဘယ်လိုထိုးရမယ်၊ စားသောက်ဆိုင်မှာ ဟင်း ဘယ်လိုမှာရမယ်ဆိုတာက အစ မင်းအတွက် အသုံး၀င်စေပါတယ်။ ကိစ္စတိုင်းကို မပြုလုပ်ခင် အရင်သုံးသပ်ပြီး လုပ်ဆောင်ရင် အောင်မြင်ဖို့ နီးစပ်မယ်ဆိုတာ စာဖတ်ခြင်းကပဲ မင်းကို သင်ပေးနိုင်တာပါ။
(၅) အခြားသူများထံမှ အတွေ့အကြုံရရှိခြင်း
မင်း ကမ္ဘာကျော်ပုဂ္ဂိုလ်တွေရဲ့ ကိုယ်ရေးအကျဉ်းကို ဖတ်ပြီး သူတို့ရဲ့ ဘ၀အတွေ့အကြုံ၊ ဖြတ်သန်းမှုတွေကို သင်ယူရရှိနိုင်ပါတယ်။ မင်းဟာ လိုချင်တဲ့ပန်းတိုင်ကို သွားတဲ့နေရာမှာ မှားဖူးတဲ့အမှားကို နောက်တစ်ကြိမ်ထပ်မမှားနိုင်တာကြောင့် ဘ၀မှာလွယ်လွယ်ကူကူနဲ့ ပန်းတိုင်ကို ရောက်နိုင်ပါတယ်။မင်းဟာ အောင်မြင်သူတွေရဲ့ အကြံဥာဏ်၊ ကျရှုံးသူတွေရဲ့ လုပ်ရပ်တွေကို သိထားတဲ့အတွက် စာဖတ်ထားတဲ့သူဟာ စာအုပ်ကိုင်ပြီး ရတနာသိုက်ရှာရသလိုပါပဲ။ ဘ၀ဆိုတာ ခေါက်ရိုးကျိုး အမှားတွေကို ထပ်ခါထပ်ခါ လုပ်နေဖို့ အချိန်မရှိပါဘူး။ တိုတောင်းလွန်းပါတယ်။ ယနေ့ခေတ်မှာ ဘီလီယံနာပေါင်း ၄၀၀၀ကျော်၊မီလီယံနာပေါင်း ၁၂သန်းကျော် ရှိပါတယ်။ မင်းလည်း သူတို့လိုဖြစ်ဖို့ သူတို့အရင်က ဘယ်လိုဖြတ်သန်းခဲ့လို့ ယနေ့မှာ ဘယ်လိုဖြစ်နေတယ်ဆိုတာ သင်ခန်းစာယူပြီး ကြိုးစားလို့ရတယ်ဆိုတာ စာအုပ်ဖတ်ထားမှပဲ ဖြစ်နိုင်ပါတယ်။
(၆) ဆက်ဆံရေး မဟာဗျူဟာ ကောင်းခြင်း
မင်းဟာ စာဖတ်ထားရင် စာမဖတ်တဲ့သူနဲ့ နှိုင်းယှဉ်ရင် လူမှုပေါင်းသင်းဆက်ဆံရေးဘက်မှာ မင်းဟာ ပိုပြီး သာနေမှာဆိုတာ သေချာပါတယ်။ ယနေ့ခေတ် ဘာတွေဖြစ်နေတယ်ဆိုတာ သိရှိပြီး လူမှုဆက်ဆံရေး အဆင်ပြေကာ အောင်မြင်မှုပန်းတိုင်ကို လှမ်းကိုင်နိုင်ပါပြီ။
(၇) အာရုံစူးစိုက်ခြင်း
မင်းဟာ စာအုပ်တစ်အုပ်ကို အေးအေးဆေးဆေး တိတ်တိတ်ဆိတ်ဆိတ် ထိုင်ပြီးဖတ်နေမယ်ဆိုရင် စာရေးဆရာဘာကို ဆိုလိုသလဲဆိုတာ ရှင်းရှင်းလင်းလင်းနားလည်ပြီး ပိုမိုထိရောက်စေပါတယ်။ ထို့အပြင် အာရုံစူးစိုက်မှု အားကောင်းစေပြီး စာဖတ်ကောင်းသူတွေဟာ အများအားဖြင့် ဆုံးဖြတ်ချက်မမှားကြပါဘူး။
(၈) စိတ်ကူးယဉ်၊ဖန်တီးမှု ပိုကောင်းခြင်း
စာဖတ်အား ကောင်းသူတွေဟာ သူများနှင့်မတူ အတွေးအခေါ် ပိုကောင်းလေ့ရှိပါတယ်။ လူအမျာမမြင်နိုင်တဲ့ ကိစ္စရပ်တွေကို ပိုမိုတွေးခေါ်လေ့ရှိပြီး မထင်မှတ်တဲ့လုပ်ရပ်တွေကို လုပ်ပြလေ့ရှိပါတယ်။ “ မဖြစ်နိုင်ဖူးဆိုတာ လောကမှာ မရှိ၊ မဖြစ်သေးတာပဲ ရှိတယ်” လို့ ခံယူထားကြလို့ပါ.။ စာအုပ်တွေဆိုတာ ရှုပ်ထွေးလှတဲ့ ပင့်ကူအိမ်ကြီးနဲ့ တူပါတယ်။ ဘယ်လိုတစ်ခုကို တစ်ခု ချိတ်ဆက်နေတယ်ဆိုတာ မင်းသိလာလေလေ မင်းဟာ အတွေးအခေါ်အသစ်တွေ ကွန့်မြူးလာလေလေ ဖြစ်ပါတယ်လို့ ဆိုချင်ပါတော့တယ်။
www.inspirationboost.com မှ JJ Wong ၏ 8 Reasons Why Reading is So Important ကို ဘာသာပြန်ပါသည်.
လေးစားလျှက်
Prof. Dr. Sai Naw Jar
Myanmar Strategy University - MSU
#စာဖတ်ခြင်း
သင်သည် စာဖတ်ခြင်းကို မနှစ်သက်လျှင်
ဘယ်တော့မှ ဉာဏ်ပညာ ရှိမလာနိုင်ပါ။
စာဖတ်ခြင်းဖြင့် ပြည့်ဝသောလူ ဖြစ်စေသည်...
မှတ်သားခြင်းဖြင့် တိကျသောလူ ဖြစ်စေသည်။
ထင်းခြောက်သည် မီးစိုက်ဖို့ အကောင်းဆုံး...
နှစ်ချို့ဝိုင်သည် သောက်ဖို့ အကောင်းဆုံး...
ငယ်သူငယ်ချင်းများမှာ ယုံကြည်ဖို့ အကောင်းဆုံး...
ရှေးစာဆိုတို့ရဲ့ စာဟာ ဖတ်ဖို့ အကောင်းဆုံး။
တွေးစရာမလိုတဲ့ ပေါ့ပေါ့ပါးပါး စာတွေချည်းပဲ ဖတ်နေရင်
လေးနက်ကောင်းမွန်တဲ့ စာကိုဖတ်နိုင်တဲ့ အဆင့်
မရောက်နိုင်ဘူး။
စာဖတ်သမားကောင်း ဖြစ်ချင်ရင်
စာကောင်းပေကောင်းတွေကို
သေချာပေါက် ရွေးချယ်ပြီး ဖတ်နိုင်ရပါမယ်။
ဂန္ထဝင်စာအုပ်တစ်အုပ်ကို ဖတ်ကြည့်ပြီး
စိတ်မဝင်စားရင် အသာချထားပြီး
စိတ်ပါတဲ့အချိန်ကျရင် ပြန်ဖတ်ကြည့်သင့်တယ်။
စာအုပ်ကောင်းတွေမှာ တူညီတာ တစ်ခုရှိတယ်..
အဲ့ဒါကတော့ ....စာဖတ်သူရဲ့စိတ်ထဲမှာ
ဒီိစာအုပဟွာ တစ်ကယ့်အဖြစ်အပျက်ကို
ရေးထားတာလို့ ထင်စေမိတာပါပဲ။
စာဖတ်မထားလျှင် အသိအမြင် ဗဟုသုတ မကြွယ်ဝပေ၊
ထိုအခါ လောကနှင့် လူသားကောင်းကျိုးကို
ကျယ်ပြန့် အောင် မဆောင်ရွက်နိုင်။
စာဖတ်တာ ကောင်းတယ်လို့ အမြဲတမ်း ပြောနေပေမယ့်
သာမဖတ်ကြတဲ့ လူကြီးတွေ အများကြီး ရှိနေပါတယ်။
စာတွေ အများကြီး ဖတ်ထားတယ်ဆိုပြီး
အရာရာ ငါသိပါတယ် ထင်ပြီး
အောက်ခြေလွတ် ဘဝင်မြင့်နေတဲ့သူတွေ ရှိသေးတယ်။
ဉာဏ်ရှိသူသည် သူတစ်ပါး အမှားမှ ပညာယူနိုင်သည်...
လူမိုက်သည် ကိုယ်တိုင်အမှား လုပ်ပြီးမှ ပညာရသည်။
အားကစား လုပ်ခြင်းသည် ခန္ဓာကိုယ်အတွက် ဖြစ်ပြီး...
စာဖတ်ခြင်းသည် စိတ်အတွက် ဖြစ်ပါ၏။
အမြင်ရှိဖို့ပဲ လိုအပ်တာပါ
ဘယ်စာအုပ်၊ ဘယ်နေရာ ဘယ်သူ့ဆီကမဆို
မှတ်သားစရာနဲ့ တွေးတောစရာတွေ ရနိုင်ပါတယ်။
ပတ်ဝန်းကျင်မှာ ဖြစ်ပျက်နေတာတွေဟာ
လက်တွေ့ လေ့လာစရာ ကျမ်းစာအုပ်တွေပဲ ဖြစ်ပါတယ်။
အိမ်မှာရှိတဲ့ စာအုပ်ပုံတွေထဲက ထွက်ပြီး ၊
လမ်းပေါ်က သက်ရှိ လူစာအုပ်တွေကိုလည်း
ဖတ်ကြည့်ဖို့ လိုအပ်ပါတယ်။
မိတ်ဆွေ သူငယ်ချင်းကိုလည်း ရွေးချယ်ပေါင်းသင်းရာ၏။
စာအုပ်စာပေတို့ကိုလည်း သေချာရွေးချယ် ဖတ်ရှုရာ၏။
သင်ခန်းစာ ယူတတ်မယ်ဆိုရင်
မဖတ်သင့်တဲ့ စာအုပ်မျိုး မရှိပါဘူး။
စာအုပ်များများ ဖတ်ရင် အမြင်ကျယ်လာပြီး
အရာရာကို ပိုကောင်းအောင် စဉ်းစား ချင့်ချိန်တတ်လာမယ်။
စာပေကျမ်းဂန်တွေကို နှံ့စပ်နေအောင် ဖတ်ထားတဲ့သူဟာ
တစ်ဖက်သတ် ကျလွန်းတဲ့ အတွေးအခေါ်မျိုး လျော့ကျသွားပါတယ်။
အောင်မြင်တယ် ဆိုတာ
တခြားလူတွေရဲ့ သတ်မှတ်ချက်ပါ။
စိတ်ချမ်းသာတယ် ဆိုတာကတော့
မိမိကိုယ်တိုင်ရဲ့ ခံစားချက်ပါ။
ကိုယ့်ပတ်ဝန်းကျင်ကို ကျက်သရေ ရှိစေချင်ရင်
သင်ကိုယ်တိုင်ကလည်း ကျက်သရေရှိအောင် နေရပါလိမ့်မယ်။
စာရေးဆရာတွေဟာလည်း ပုထုဇဉ်လူသားပါ။
အားလုံးကို မသိပါဘူး။
လုံးဝအပြစ်ကင်းတဲ့ ရေးသားမှု မပြုနိုင်ပါဘူး၊
အပြစ်ရှာရင် တွေ့မှာပါပဲ။
ယဉ်ကျေးမှု အဆင့်အတန်းမြင့်မားသော တိုင်းပြည်နှင့်
လူမျိုးမှန်သမျှ စာပေကိုတန်ဖိုးထားကြသည်။
စာဖတ်ခြင်း၏ ကျေးဇူးကို သိကြသည်။
မင်းမရှိတဲ့နောက် မင်းကိုလူတွေက မှတ်မိနေစေချင်ရင်
ကောင်းမွန်တဲ့ အလုပ်လုပ်ပါ။
ဒါမှမဟုတ် စာအုပ်ကောင်း တစ်အုပ်လောက် ရေးသွားပါ။
ကိုယ်နှစ်သက်သူတွေနဲ့ ငြိမ်းချမ်း ပျော်ရွှင်စွာ နေနေရတာရယ်
ကိုယ်နှစ်သက်တဲ့ စာအုပ်တွေ စုဆောင်းထားပြီး
ဖတ်နေရတာရယ်ဟာ လူ့ဘဝရဲ့ အကောင်းဆုံးတွေထဲမှာ
ပါဝင်နေပါတယ်။
အသိဉာဏ် တိုးတက်ဖို့ စာဖတ်သင့်ပါတယ်။
လူတိုင်း ပညာဗဟုသုတ ရှိသင့်ပါတယ်။
အချိန်ရတိုင်း စိတ်အပန်းပြေဖို့ ၊ အသိတိုးဖို့ ၊
စိတ်ငြိမ်းချမ်းဖို့ စာဖတ်သင့်ပါတယ်။
အမေရိကန်၊ ဂျာမနီ၊ ဂျပန်နိုင်ငံများ
တိုးတက် ချမ်းသာစေသည့် အကြောင်းရင်းများတွင်
ပြည်သူပြည်သားများ စာဖတ်ခြင်းသည်
အကြောင်းရင်း တစ်ရပ်ဖြစ်ပါသည်။
စာရေးနိုင်ခြင်းမှာ စာဖတ်ခြင်း၏ အကျိုးကျေးဇူးကြောင့်ဖြစ်ပါသည်။
# .......
#စာပေဗဟုသုတလူတိုင်းရ
One of our Projects 💚
Mingalarbar🙏💖
Greeting From Nyaung Shwe,Myanmar
Throw back to Bamboo Delight Summer Youth Camp 2022
ဆရာဂျွန်၊ ဆရာမတ်နှင့် volunteers များကိုလဲ သတိရနေပါတယ်။
မကြာခင်မှာ Bamboo Delight Summer Youth Camp 2024 ကျရောက်လာပါတော့မယ်။
💚💚💚
💚
Bamboo Delight Library အတွက် နက္ခတ္တရောင်ခြည်နှင့်အခြားမဂ္ဂဇင်းစာအုပ်ပေါင်းများစွာ ပေးပို့လှုဒါန်းပေးပါသောရန်ကုန်မြို့မှ မဇင်ရတနာ နှင့် အလှုရှင်များအားကျေးဇူးအထူးတင်ရှိပါသည်။
အလှုရှင်များ ကျန်းမာရွှင်လန်းပြီး လိုရာဆန္ဒ များပြည့်ဝပျော်ရွှင်ကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်ရှင်🌸💕
မိမိနှစ်သက်မြတ်နိုးစွာစုဆောင်းထားခဲ့တဲ့စာအုပ်တွေကို Bamboo Delight Library သို့ လာရောက်လှုဒါန်းပေးခဲ့တဲ့ သားလေး Wai Ko Hein ကို ကျေးဇူးအထူးတင်ရှိပါတယ်။
စာအုပ်ပေါင်း 350 ကျော်ကိုလှုဒါန်းပေးတဲ့အပြင်စာဖတ်သူတွေ Requested လုပ်ထားတဲ့စာအုပ်ကောင်းများစွာပါဝင်တဲ့အတွက် အတိုင်းမသိဝမ်းသာပျော်ရွှင်ရပါတယ်။ အလှုရှင် သားလေးနှင့်တကွမိသားစုများအားလုံးကိုယ်ကျန်းမာစိတ်ချမ်းသာစွာဖြင့် လိုအင်ဆန္ဒတိုင်း အလွယ်တကူပြည့်ဝအောင်မြင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်💖✨
Bamboo Delight Family
ဦးနှောက်မပျက်ချင်ရင် စာဖတ်သင်
________________________________
သဘောက စာမဖတ်ရင် ဦးနှောက်ပျက်သွားမယ် ဆိုတာပဲ။ ဦးနှောက်ဆိုတာ အမှိုက်ပုံးမဟုတ်ဘူး။
အဆိပ်သင့်စေမယ့် စကားတွေ၊ ပုံရိပ်တွေ၊ အဆင်မပြေခြင်းတွေမှန်သမျှ ကောက်ထည့်ထားဖို့ မသင့်တော်ဘူး။ အဲ့လို တန်ဖိုးမရှိတဲ့အရာတွေကို ကောက်သိမ်းထားဖို့ မတန်ဘူး။
လူ့ဦးနှောက်မှာ ထည့်ဖို့ အသင့်တော်ဆုံးကတော့ စာပေဗဟုသုတတွေပဲ ဖြစ်တယ်။
စာဖတ်တာ အချိန်ကုန်တယ်၊ အချိန်ပေးရတာ မှန်ပေမဲ့ ရတဲ့အကျိုးကျေးဇူးက များတယ်။
စာဖတ်ခြင်းကသာ စိတ်ဓာတ်ကို မာကျောစေတယ်။ နှလုံးသားကို နူးညံ့စေတယ်။
စိတ်သေဘာထားကို ပြည့်ဝစေတယ်။
အမှားနဲ့ အမှန်ရဲ့ သွားရာလမ်းကို သိစေတယ်။
လူ့ယဉ်ကျေးဖြစ်စေတယ်။
စာဖတ်မှသာ အကောင်းအဆိုး ဒွန်တွဲကပ်လျက်နေတဲ့ လောကဓံတရားကို ခံနိုင်ရည် ရှိစေတယ်။
စာဖတ်ခြင်းဟာ မနေ့က လူမိုက်ကို ဒီနေ့မှာ ယဉ်ပါးလာစေပြီး ဒီနေ့ လူယဉ်ပါးကို မနက်ဖြန်မှာ လူလိမ်မာဖြစ်စေပါတယ်။ အဲ့တာကြောင့် နေစဉ့်နဲ့အမျှ စာဖတ်ဖြစ်အောင် ဖတ်ပါ။
ဘာလို့ဆို အောင်မြင်သူတွေဟာ စာဖတ်ကြပြီး စာဖတ်သူတွေဟာ အောင်မြင်ကြတယ်ဆိုတာ တကယ်မို့လို့ပါ မျက်လုံးကန်းသွားမှာစိုးလို့ စာဖတ်ရမှာ ပျင်းနေတယ်ဆိုရင်တော့ သေချာတယ်၊ ဦးနှောက်ပါ ကန်းသွားလိမ့်မယ်။
#ထိန်လင်း
Bamboo Delight Succes Story (2)
ကျွန်တော်တို့ Bamboo Delight Summer Youth Camp 2023 မှ ကျောင်းသားဖြစ်သူ ရဲထွဋ်အောင်သည် Salween Academy မှ full scholarship ပေးသော GED အတန်းများနှင့် GED exams ဖြေရန် ကုန်ကျစရိတ်များအတွက်ပါ full scholarship ရတဲ့အတွက် များစွာဂုဏ်ပြုပါတယ်။
ရည်မှန်းချက်များအောင်မြင်ပြီး လူမှုအသိုင်းအဝန်းကို ပြန်လည်အကျိုးပြုနိုင်သော လူတော်လူကောင်းဖြစ်ဖို့ ဆုတောင်းပေးလိုက်ပါတယ်။
Our Alumus Student, Ye Htut Aung, from Bamboo Delight Summer Youth Camp 2023, has been awarded full scholarship for GED courses and GED exams by Salween Academy. Bamboo Delight wants to give massive congratulations to you.
Bamboo Delight wishes you would achieve your dreams and become a smart and successful individual who will contribute back towards the communities.
Hand to Hand Charity သည်
ပညာရေး,သဘာဝပတ်ဝန်းကျင်ထိမ်းသိမ်းရေးနှင့်လူမှု့အကျိုးပြုလုပ်ငန်းများကို အဓိကလုပ်ဆောင်နေသောပရဟိတအဖွဲ့အစည်းတခုဖြစ်ပါသည်။
Bamboo Delight Library and Summer School
နွေရာသီအင်္ဂလိပ်စာသင်တန်းကျောင်းသည် မတ်လ ၂၀၁၃ခုနှစ် မှာစတင်ဖွင့်လှစ်ခဲ့ပါသည်။
ကျောင်းကိုဖွင့်လှစ်တည်ဆောက်ခဲ့သူ ဒေါ်ရီရီမင်း (ခ)မပူဆူးသည် မိမိပတ်ဝန်းကျင်တွင်တွေ့မြင်နေရသောကလေးများအချို့၏အကျိုးမဲ့ကုန်ဆုံးနေသောနွေရာသီအားလပ်ရက်များကို မည်ကဲ့သို့ကူညီပေးနိုင်မည့် နည်းဟုစတင်
စဥ်းမိခဲ့သည်။ ထိုပြင်မျက်စိရှေ့မှောက်တွင် ကစားနေသောကလေးများ၏ မတော်တဆမှုများနှင့် အသက်ဆုံးရှုံးသည်အထိ ထိခိုက်မူများအားကြုံတွေ့လာရပြီးနောက် ကလေးများ၏နွေရာသီအားလပ်ရက်တွင် အကျိုးရှိစေမည်သင်တန်းကျောင်းတစ်ခု ဖွင့်လှစ်ပေးရန်ဆုံးဖြတ်ခဲ့သည်။ သူမ၏ဟင်းချက်သင်တန်းသို့လာရောက်ကြသောနိုင်ငံခြားသားများအားအကူအညီတောင်းပြီးအိမ်နီးခြင်းကလေးများအား အင်္ဂလိပ်စာ စတင်သင်ကြားပေးခြင်းဖြင့်အစပြု
ခဲ့သည်။
သင်တန်းကျောင်းတွင်ကမ္ဘာ့နိုင်ငံအနှံ့အပြားမှနိုင်ငံခြားသားပရဟိတစေတနာရှင် များကိုယ်တိုင်လာရောက်ပြီးအင်္ဂလိပ်စာကိုစာတွေ့လက်တွေ့ပြောဆိုလေ့ကျင့် သင်ကြားပေးလျက်ရှိပြီး ကလေးများသိသင့်သိထိုက်သည့် အထွေထွေဗဟုသုတများကို ပျော်ရွင်လွတ်လပ်စွာ သင်ယူနိုင်စေရန်လေ့ကျင့်ပေးလျက်ရှိပါသည်။
ထို့အပြင် တည်ထောင်သူမပူဆူးကိုယ်တိုင်ပညာရေးကိုဆုံးခန်းတိုင်အောင် သင်ကြားခွင့်မရခဲ့သည့်အတွက် မိမိနှင့်ဘဝတူပညာရေးသင်ကြားရန်အခက်အခဲရှိသော ကလေးများကို ကိုယ်ချင်းစာနာစိတ်ဖြစ်မိပြီး မိမိလက်လမ်းမှီရာမှစတင်၍ တက်နိုင်သည့် ဘက်မှကူညီထောက်ပံ့မူများ စတင်ပြုလုပ်ခဲ့သည်။
နေထိုင်ရာဆင်းရဲသားရပ်ကွက် အတွင်းတွင်မိမိအပါအဝင် ပညာတတ်မိဘ အလွန်နည်းပါးလွန်း၍ ကလေးသူငယ်များ၏အိမ်မက်များ အဆုံးအထိ ဖြစ်ပေါ်လာခြင်းမရှိသည်ကိုလည်း လေ့လာတွေရှိခဲ့ရသည်။ မိဘများ၏ပညာရေးအားနည်းမူကြောင့် ကလေးများ၏အနာဂတ်ခရီးလမ်းကို ကောင်းစွာလမ်းညွှန်ပြသနိုင်ခြင်းနှင့် ပံ့ပိုးကူညီမူမပြုနိုင်ခြင်းများကြောင့် ကလေးအများစုသည်လည်း အရွယ်ရောက်သည်နှင့်တပြိုင်နက် ကျောင်းမှထွက်၍ ဝင်ငွေရရန်လုပ်လုပ်ဖို့သာ ပိုမိုစိတ်အားထက်သန်ကြခြင်း၊ အရွယ်မတိုင်ခင်အိမ်ထောင်ကျပြီး မိမိဘဝကိုအကောင်းဆုံးတည်ဆောက်နိုင်မူမရှိခြင်း၊ လူငယ်များမှာဆေးလိပ် အရက် မူးယစ်ဆေးစွဲလာခြင်း၊အမျိုးသမီးများမှာ အိမ်ထောင်ကွဲကလေးမိခင်များအဖြစ် ဘဝကိုခက်ခဲစွာရုန်းကန်ကြရခြင်း၊ အမျိုးသမီးနှင့်ကလေးလူငယ်လူ့အခွင့်အရေးများကို နားမလည်ခြင်းနှင့် အိမ်တွင်းအကြမ်းဖက်မူများစွာကို ကြုံတွေ့နေရခြင်းအတွက် ကူညီပေးလိုစိတ်များပြင်းထန်စွာ ဖြစ်ပေါ်ခဲ့ပါသည်။
အင်္ဂလိပ်စာသင်တန်းဖွင့်လှစ်ပေးရခြင်းရည်ရွယ်ချက်မှာ ကလေးများ၏ အင်္ဂလိပ်စာဘာသာရပ်တွင် အထောက်အကူပြု ပိုမိုတိုးတက်လာစေရန်၊ မိမိတို့နိုင်ငံသို့လာရောက်လည်ပတ်သော နိုင်ငံခြားသားများအား ကူညီတတ်လာစေရန်နှင့် အတွေအကြုံ၊ ယဥ်ကျေးမူများ၊ ဗဟုသုတများစသဖြင့် ဖလှယ်တတ်လာနိုင်စေရန်ရည်ရွယ်ပါသည်။
သင်တန်းကျောင်းသည် အင်္ဂလိပ်စာ/ စကားပြောများကို ဂီတ ရသ စုံလင်စွာဖြင့်သင်ကြားပေးရုံသာမက ကလေးများသည်မိမိကိုယ်မိမိ ယုံကြည်မှုအပြည့်ဖြင့် မိမိအကျိုး၊ သူတစ်ပါးအကျိုးကိုစွမ်းဆောင်နိုင်သော ဘက်စုံထူးချွန်ထက်မြက်သော အနာဂတ်၏ခေါင်းဆောင်ကောင်းများဖြစ်လာစေရန် ရည်ရွယ်ဖွင့်လှစ်ခဲ့ပါသည်။
၂၀၁၃ခုနှစ်တွင် ကျောင်းသားဦးရေ ၁၀ ဦးခန့်ဖြင့်စတင်ခဲ့သော်လည်း တစ်နှစ်ထက်တစ်နှစ် တိုးတက်လာခဲ့သည်မှာ ၂၀၁၉တွင် တက်ရောက်ဦးရေ ၂၀၀နီးပါးခန့်များပြားလာခဲ့သည်။
Bamboo Delight သင်တန်းကျောင်းသည် နိုင်ငံပိုင်အဖွဲ့အစည်းမဟုတ်သော အကျိုးအမြတ်မယူသော ကိုယ်ပိုင်ပရဟိတသင်တန်းကျောင်းတစ်ခုဖြစ်သည်။
ကျောင်းတည်ထောင်သူ ဒေါ်ရီရီမင်း (ခ) မပူဆူး သည် Bamboo Delight Cooking Class ဟူသောကိုယ်ပိုင်လုပ်ငန်းကိုလုပ်ကိုင်ပါသည်။ ၎င်းလုပ်ငန်းအမြတ်မှရသော အမြတ်၏ ၁၅% ကိုအသုံးပြုပြီး မိမိနှင့်နီးစပ်သူ ပြည်တွင်းပြည်ပမှ လုပ်အားစေတနာရှင်များ၏ကူညီပံ့ပိုးမူဖြင့် ယနေ့ထိတိုင်ပူးပေါင်းဆောင်ရွက်ခဲ့ပါသည်။
မပူဆူး သည် သူမကိုယ်တိုင် သဘာဝပတ်ဝန်းကျင်ကို ချစ်မြတ်နိုးတတ်သူဖြစ်သည့်အလျှောက် သူမ၏ အင်္ဂလိပ်စာသင်တန်းကျောင်းတွင်လည်း သောကြာနေ့တိုင်းကို သဘာဝပတ်ဝန်းကျင်နေ့အဖြစ်သက်မှတ်ကာ ကလေးများအား သဘာဝပတ်ဝန်းကျင်ကို မိမိတို့ကိုယ်တိုင်ချစ်မြတ်နိုး ကာကွယ်လိုစိတ်များ ဖြစ်ပေါ်လာစေရန် စာတွေ့လက်တွေ့သင်ကြားပေးလျှက်ရှိပါသည်။
နွေရာသီသင်တန်းကျောင်းတွင် အထွေထွေဗဟုသုတရစေရန်နှင့် အတွေ့အကြုံသစ်ရစေရန် အတွက် တစ်ပတ်တစ်ခါထွက်လှုပ်ရှားမူများလည်းပါရှိပါသည်။
သင်တန်းကြေးအခမဲ့ဖြစ်သည့်အပြင် အခြားသင်ထောက်ကူပစ္စည်းနှင့်ဝတ်စုံများလည်း အခမဲ့ပံ့ပိုးပေးပါသည်။
ကလေးများပညာထပ်မံ့လေ့လာဆည်းပူးနိုင်ရန်အတွက် စာအုပ်ပေါင်း ၅၀၀၀ကျော်ရှိသော စာကြည့်တိုက်ကြီးကို လည်းဖွင့်လှစ်ပေးထားပါသည်။ စာကြည့်တိုက်အား အပတ်စဥ်ကျောင်းပိတ်ရက်များတွင်ပုံမှန်ဖွင့်လှစ်ပေးထားပါသည်။
တည်ထောင်သူဒေါ်ရီရီမင်း (ခ)ဒေါ်ပူဆူး ကိုယ်တိုင် သည် လည်း အခက်အခဲများနှင့် စိန်ခေါ်မူများစွာကိုရင်ဆိုင်ကြုံတွေ့ရသော်လည်း စိတ်ဓာတ်မကျဘဲ
ယုံကြည့်မှု့ အပြည့်နှင့်
မိမိဖြစ်လိုသည့်အိမ်မက်များကို ကြိုးစားအကောင်အထည်ဖော်
လျှက် ရှိပြီး အနာဂတ်တွင် ပိုမိုကြီးမားကျယ်ဝန်းသော ကလေးများအတွက်လိုအပ်နေသော စာသင်ကျောင်းကြီးတစ်ခုတည်ဆောက်ပေးနိုင်ရန် လည်းစိတ်ဆန္ဒပြင်းပြလျက်ရှိသည်။
ယခုအခါ ကလေးများသည်အင်္ဂလိပ်စာအရည်အချင်း များတိုးတက်လာခဲ့သကဲ့သို့ အဘက်ဘက်မှလည်း ထူးချွန်ထက်မြတ်လာကြပြီး အထူးသဖြင့် စိတ်ဓာတ်ပိုင်းဆိုင်ရာတိုးတက်ဖွံ့ဖြိုးလာကြသည်ကို တွေ့ရှိရပါသည်။
အနာဂတ်တွင် တိုင်းပြည်အတွက်အဖိုးတန်သားကောင်းရတနာများအဖြစ် မြင်တွေနိုင်ရန် ပံ့ပိုးမူများစွာလိုအပ်လျှက်ရှိပါသည်။ ထို့ကြောင့်စေတနာရှင်ကုသိုလ်ရှင်များမှ အကြံဥာဏ်ကောင်းများပေးခြင်း၊ ငွေအင်အားဖြင့်ကူညီပေးခြင်းနှင့် မိမိတက်ကျွမ်းသည့် ပညာရပ်အလိုက် မျှဝေပေးခြင်းအစရှိသဖြင့် မိမိတို့တက်နိုင်သည့်ဘက်မှ ကူညီပံ့ပိုးပေးနိုင်ရန်မျော်လင့်မိ ပါသည်။
Bamboo Delight သည်
မိသားစုတခုထက်ပိုသော
အနာဂတ်မျိုးဆက်တစ်ခုလုံးကို
စိတ်ပိုင်းဆိုင်ရာပျော်ရွှင်လွှတ်လပ်ခြင်းအပြည့်ဖြင့်
မိမိတို့ဝါသနာပါရာ၊ စိတ်အားထက်သန်ရာများကို အဆင့်အတန်းမှီမှီသင်ယူရန် ၎င်းတို့၏ကိုယ်ပိုင်အတွေးအခေါ်များ အိမ်မက်များကိုလည်း စိတ်ကြိုက်ပုံဖော်နိုင်ခွင့် ရစေရန်ကူညီပေးနေသည့်နေရာတစ်ခုဖြစ်ပါသည်။
အင်္ဂလိပ်စာနှင့် အခြေခံလူ့ကျင့်ဝတ်များကိုနားလည်ပြီး ကမ္ဘာနှင့်ရင်ဘောင်တန်းနိုင်သော အထွေထွေဗဟုသုတများကြွယ်ဝကြသော လူတော်လူကောင်းများအဖြစ် မွေးထုတ်ပေးနိုင်ရန် ရည်ရွယ်ချက်ထားရှိသူတစ်ဦးဖြစ်ပါသည်။
ထို့အပြင် ဒေါ်ရီရီမင်း (ခ)ဒေါ်ပူဆူး သည် ကလေးများ၏ဘဝနှင့် စိတ်ဓာတ်ပိုင်းဆိုင်ရာများကို ကူညီပေးရုံသာမက မိမိပတ်ဝန်းကျင်တွင်တွေကြုံနေရသော မိခင်ဖြစ်သူအမျိုးသမီးများအချို့၏ အထွေထွေဗဟုသုတအားနည်းမူကြောင့် လောကဓံကိုရင်ဆိုင်ကြုံတွေရတဲ့အခါ ခံနိုင်စွမ်းအားနည်းပြီး ဆုံဖြတ်ချက်မှားယွင်းမူကြောင့် မလိုလားအပ်သော မိသားစုပြဿနာများ အကြိမ်ကြိမ်ဖြစ်ပေါ်စေကြသည်ကို တွေ့မြင်နေရခြင်း၊ ကျား၊ မ တန်းတူအခွင့်အရေးများကိုနားမလည်ကြဘဲ အိမ်တွင်းအကြမ်းဖက်မူများကြောင့် အမျိုးသမီးများနှင့်ကလေးများစိတ်ပိုင်းဆိုင်ရာ ထိခိုက်မူများနှင့် အဖိုးတန်ကလေးများ၏ဘဝကိုမှန်ကန်သော နည်းလမ်းဖြင့် ပံ့ပိုးပေးနိုင်မူအားနည်းသော မိခင်အမျိုးသမီးများတို့၏ဘဝကို တက်နိုင်သည့်ဘက်မှအကူအညီပေးနိုင်ရန်တွေးမိခဲ့ပြီး မိမိနှင့်ဝါသနာတူအမျိုးသမီးများနှင့် လက်တွဲကာ ဒေသတွင်း အမျိုးသမီးအကျိုးပြုအဖွဲ့ အစည်းတစ်ခုဖြစ်သည့် အင်းလေးအမျိုးသမီးစွမ်းဆောင်ရှင်အသင်း (IPNet) တွင် အဖွဲ့ဝင်တစ်ဦးအဖြစ်ပါဝင်လှုပ်ရှားလျှက်ရှိပါသည်။
ကိုဗစ်ကပ်ရောဂါနှင့် တိုင်းပြည်အခက်အခဲကြုံ နေရသည့်အခြေအနေတွင် မိမိ၏စီးပွားရေးလုပ်ငန်းအားဆက်လက် လည်ပတ်ရန်အခွင့်အရေးမရှိ ရပ်တန့်ခဲ့ရသော်လည်း စိတ်တူကိုယ်တူ မိတ်ဆွေများ၏ကူညီထောက်ပံ့ပေးမှု့များနှင့် လူမှု့အကျိုးပြု ပရဟိတလုပ်ငန်းများအား ဆက်လက်လုပ်ဆောင်ခဲ့ပါသည်။
မိမိနှင့် နီးစပ်ရာပတ်ဝန်းကျင်မှ
စိတ်ဓာတ်ကျပြီး အနာဂတ်အိမ်မက်ပျောက်ဆုံးနေသောဆယ်ကျော်သက် လူငယ်လူရွယ်များအတွက်လည်း စိတ်ပူမိပြီး
ပုံမှန်ဖွင့်နေကြ နွေရာသီ အင်္ဂလိပ်စာ သင်တန်းကျောင်းအား ၂၀၂၂ တွင် Youth's Camp အဖြစ်ပြောင်းလဲဖွင့်လှစ်ပေး ခဲ့ပြီး
အသက် ၁၃ နှစ်မှ ၁၈နှစ်အရွယ်လူငယ်များအား အင်္ဂလိပ်စာ,ဂီတလူမှု့ ဆက်ဆံရေး., ဘဝတွက်တာ ဘာသာရပ်များနှင့် လူငယ်များအတွက်စိတ်ပိုင်းရုပ်ပိုင်းဆိုင်ရာတိုးတက် ပျော်ရွှင်မှု့အတွက် အဓိကထား သင်ကြားမျှဝေ
ကူညီပေး လျှက်ရှိပါသည်။
ထို့အပြင် သဘာဝပတ်ဝန်းကျင်ထိမ်းသိမ်းရေးအတွက် တဖက်တလမ်းမှပါဝင်နိုင်ရန် နှင့်ကလေးများကိုယ်တိုင် သဘာဝကိုချစ်မြတ်နိုးတန်ဖိုးထားကာကွယ်တတ်စေရန် ရည်ရွယ်၍ အသက် ၆နှစ် အရွယ်မှစ၍ ကလေး လူငယ် အဖွဲ့ဝင် ၁၀၀ ကျော်ပါဝင်သော Eco Warriors (သဘာဝပတ်ဝန်းကျင်စစ်သည်တော်လေးများ) အဖွဲ့ကို ၂၀၂၁ စက်တင်ဘာလ ၁၉ရက်နေ့တွင် ဖွဲ့စည်း ပေးခဲ့ပြီးမိမိတို့နေထိုင်ရာ ညောင်ရွှေမြို့အတွင်း အမှိုက်များကင်းစင် လှပသာယာစေရန်ရည်ရွယ် ကြိုးစား လုပ်ဆောင်
လျှက်ရှိပါသည်။
ထို့အပြင်..
ဆယ်ကျော်သက်အရွယ် ကလေးများ၏ စိတ်ဖိအားဒဏ်များလျော့ပါးသက်သာစေရန်ရည်ရွယ်၍လည်းကျောင်းအားရက်
တနင်္ဂနွေ နေ့တိုင်းတွင် Youth's Corner အစီအစဥ်တခုအားဖန်တီးပေးထားပြီး အချင်းချင်းမျှဝေခြင်း
ရိုင်းပင်းကူညီခြင်း,လေးစားချစ်ခင်တတ်ခြင်းအား ဖြင့် လူငယ်တို့၏ သဘာဝအတိုင်း လွှတ်လပ်ပျော်ရွှင်မှု့များ ခံစားနိုင်စေရန် စိတ်ဓာတ်ခွန်အားပေး ကူညီပေးလျှက်ရှိပါသည်။
မပူဆူးသည် သူမ၏ကျန်ရှိနေသေးသည့် ဘဝတသက်တာလုံးအား ကလေးများအတွက်ညောင်ရွှေမြို့လေးအတွက် တတ်စွမ်းသမျှ ပေးဆပ်သွားရန်ဆုံးဖြတ်ထားပြီး မျိုးဆက်သစ်များအတွက် ပိုမိုကောင်းမွန်သော လူနေမှု့ဘဝကို ဖန်တီးပေးချင်သူတဦးသာဖြစ်ပါသည်။
☘"ကျွန်မတို့ရဲ့အိမ်မက်တွေတကယ်ဖြစ်မလာခဲ့ရင်တောင်မှတခြားသူတွေရဲ့အိမ်မက်ကို အကောင်အထည်ဖော်ဖို့ ကူညီပေးနိုင်တဲ့အခွင့်အရေးဆိုတာရှိပါသေးတယ်" ☘
မပူဆူး
Bamboo Delight Library
and Summer School
အမှတ်၆/၂၆၁
ဖောင်တော်ပြန်လမ်း
နန္ဒဝန် ၆ ရပ်ကွက်(ကွက်သစ်)
ညောင်ရွှေမြို့(အင်းလေး)
💖
Bamboo Delight Success Stories (1)
ကျွန်တော်တို့ Bamboo Delight Summer School မှ ကျောင်းသားဟောင်းလည်းဖြစ် volunteer ဆရာမအဖြစ်နဲ့ရော စာသင်ပေးသော ဆရာမ Jewel အား ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ရှိ International Hotel and Tourism Industry Management School တွင် 2 Years Scholarship ရရှိခြင်းအတွက် Bamboo Delight မှ များစွာ ဂုဏ်ပြုအပ်ပါတယ်။ မိမိစိတ်ဝင်စားရာ ပညာရပ်ကို သင်ယူပြီး အိမ်မက်ဖန်တီးနိုင်ပါစေလို့ ဆုတောင်ပေးရင်း ထပ်မံဂုဏ်ပြုပေးအပ်ပါတယ်။
Bamboo Delight School wants to say congratulations to Sayarma Jewêl who was an alumnus and the teacher at the school for achieving 2 Years scholarship at International Hotel and Tourism Industry Management School in Bangkok, Thailand. Bamboo Delight wishes you would be able to learn your interested subjects and achieve your dreams.
Please read more about the project Bamboo Delight Library and Summer School and Bamboo Delight Summer Youth Camp in the booklet.
#စာဖတ်ပါ
၁- စာဖတ်များတဲ့ လူတစ်ယောက်ရဲ့ ရုပ်သွင်ဟာ
တည်ငြိမ်ရင့်ကျက်လာတတ်ပြီး
ဘယ်လောက်ပဲ အံ့ဩစရာနဲ့တွေ့တွေ့
မအံ့ဩတတ်ကြတော့ဘူး။
၂-အရာရာကိုကျော်ဖြတ်လိုတဲ့ စိတ်တွေကြီးထွားလာပြီး
တကယ်ပဲကျော်ဖြတ်ဖို့ အစီအစဉ်တွေချမှတ်လာနိုင်ကြတယ်။
၃-ဦးနှောက်ရဲ့ စွမ်းရည်မြင့်တက်လာပြီး
ကောင်းမွန်လွန်းလှတဲ့ အတွေးတွေပေါက်ဖွားလာပါတယ်။
၄-ဆုံးဖြတ်ချက်တွေမှန်ကန်လာပြီး
ချက်ချင်းဆုံးဖြတ်သင့်တဲ့အရာကို ချက်ချင်းဆုံးဖြတ်နိုင်လာတယ်။
၅-စာဖတ်ခြင်းကြောင့် လူတွေဟာ မကောင်းမှုကို
ရှောင်ရှားလိုစိတ်တွေများလာပြီး စာနာစိတ်တွေ တိုးပွားလာနိုင်ပါတယ်။
၆-စာဖတ်တဲ့လူတိုင်းမအောင်မြင်နိုင် ပေမယ့်
ဘယ်တော့မှ မကျရှုံးနိုင်ပါဘူး။
၇-စာဖတ်သူတွေဟာ ဘဝရဲ့အကြောင်းတွေ၊ အခက်အခဲတွေ၊
စိတ်ကူးစိတ်သန်းတွေကို တစ်ခြားလူတွေထက် ပိုသိလာကြတယ်။
၈-ဖတ်ထားတဲ့စာတွေဟာ မေ့သွားတတ်ပေမယ့်
အရေးကြုံလာတဲ့အခါ ပြန်ပြီးအမှတ်ရစေပါတယ်။
ဥပမာ..ကျန်းမာရေးစာပေတွေဖတ်ထား
သူတစ်ယောက်ဟာ အရေးပေါ်ကျန်းမာရေး
အခြေအနေဖြစ်လာတဲ့အခါ
ဘယ်လိုလုပ်ဆောင်ရမယ်ဆိုတာ သိလာနိုင်ပါတယ်။
၉-စကားပြောကောင်းလာလိမ့်မယ်။
စကားဆိုတာ ပြောသင့်တဲ့အချိန်၊မပြောသင့်တဲ့အချိန်ရယ်လို့ ရှိပါတယ်။
လူတွေကကိုယ့်ကို အထင်ကြီးလိုတာကြောင့် နေရာတကာမှာ
ဝင်ပြီးပြောနေမယ်၊ ဘယ်သူမှမပေးဘဲ ဆရာဝင်လုပ်နေမယ်၊
ပါလေရာ ငါးပိချက်လုပ်နေမယ်ဆိုရင် လူတွေက
သင့်ကို "လေကြီး"လို့ ဝိုင်းပြီးခေါ်ဝေါ်သမုတ်ကြပါလိမ့်မယ်။
စကားကို ချင့်ချိန်ပြီးပြောဆိုတတ်ဖို့လိုပါလိမ့်မယ်။
စာအုပ်တွေဖတ်ပါများလာရင် သင့်ရဲ့ပြောဆိုမှုပုံစံဟာ အထင်ကြီးစရာကောင်းနေပါလိမ့်မယ်။
သင့်ပါးစပ်ကထွက်လာတဲ့ စကားလုံးတိုင်းဟာ
တစ်ခြားလူတွေရဲ့ဘဝကို ပျော်ရွှင်ခြင်းနဲ့
စိတ်အားတက်ကြွခြင်းတွေကို ပေးနိုင်ပါလိမ့်မယ်။
၁၀-ကောင်းမွန်တဲ့ ပတ်ဝန်းကျင်ကို ရွေးချယ်တတ်လာပြီး၊ အပေါင်းအသင်းတွေကိုပါ ပြောင်းလဲပေးနိုင်ပါလိမ့်မယ်။
ဒါပေမယ့် စာအုပ်တစ်အုပ်လောက်ပဲ ဖတ်ပြီး
ကိုယ့်ကိုကိုယ် စာဖတ်တဲ့သူလို့
ဂုဏ်ယူနေမယ်ဆိုရင်တော့ ရင့်ကျက်တည်ငြိမ်တဲ့
လူတစ်ယောက် မဖြစ်နိုင်သေးပါဘူး။
လက်လှမ်းမှီသမျှစာပေတွေကို ဖတ်ပါများလာမှ သင်ဟာရဲရင့်တည်ကြည်တဲ့ လူတစ်ယောက်ဖြစ်လာမှာပါ။
ဒါ့ကြောင့်များများဖတ်ပါ။ ဖတ်နိုင်သလောက်ဖတ်ပါ။
စာဖတ်ခြင်းက သင့်ကို မယုံကြည်နိုင်လောက်တဲ့
အတွေ့အကြုံတွေပေးပါလိမ့်မယ်။
အံ့ဩစရာကောင်းပြီး လူတွေလေးစားရတဲ့
လူတစ်ယောက် အဖြစ်သို့ ပြောင်းလဲလာစေပါလိမ့်မယ်။
************************************
ဒါဆိုရင် ဘယ်လိုစာပေမျိုးတွေဖတ်သင့်လဲ ..?
၁- အောင်မြင်သူတွေရဲ့ အတ္ထုပ္ပတ္တိတွေကို ဖတ်ပေးသင့်ပါတယ်။
အဲ့လိုဖတ်ပေးခြင့်ကြောင့် အောင်မြင်သူတွေရဲ့
အမူအကျင့်တွေ၊ စိတ်ဓာတ်တွေကို သင်သိမြင်လာပါလိမ့်မယ်။
၂- ပညာရပ်ဆိုင်ရာစာပေများ
အင်္ဂလိပ်စာကိုလေ့လာချင်သူအတွက်
အင်္ဂလိပ်နဲ့ပတ်သက်တဲ့ စာအုပ်တွေအများကြီးရှိပါတယ်။
ဟင်းချက်နည်း၊ အလှပြင်နည်း၊ စီးပွားရေး၊
လူမှုဆက်ဆံရေး၊ ခေါင်းဆောင်မှုပညာရပ် ဆိုင်ရာစာပေတွေ
ဖတ်မကုန်အောင် တစ်ပုံတစ်ပင်ရှိပါတယ်။
စာရေးချင်သူတိုင်းအတွက် စာရေးနည်းနဲ့
ပတ်သတ်တဲ့ စာပေတွေ မကုန်မခမ်းပါပဲ။
၃- စိတ်အားတက်ကြွစေမယ့် စာပေ(တက်ကျမ်း)
သင့်ရဲ့ စိတ်ကို ဒိုင်းကနဲမြင့်တက်စေတဲ့
တက်ကျမ်းခေါ် စာပေတွေဟာ မမြင်ချင်အဆုံးပေါများလှတယ်။
တက်ကျမ်းတွေကို ဖတ်ပါများလာရင်
သင့်ရဲ့ စိတ်ဟာရဲရဲတောက် လာပါလိမ့်မယ်။
၄- ရသစာပေ
ရသစာပေဟာ အင်မတန်ရိုင်းဆိုင်းလှတဲ့
လူတစ်ယောက်ကို ချက်ချင်းနူးညံ့စေပါတယ်။
ရသစာပေရဲ့ သဘောဟာ တက်ကျမ်းတွေလို
တိုတိုတုတ်တုတ်နဲ့ မဟုတ်ပဲ ဇာတ်လမ်း၊ဇာတ်အိမ်တွေဖွဲ့ကာ
လိုရာ ရည်ရွယ်ချက်ကို ဖော်ပြတဲ့စာပေမျိုးပါ။
ဇာတ်ဆောင်တွေရဲ့ ကောင်းမွန်တဲ့အကျင့်စရိုက်၊
မကောင်းတဲ့အကျင့်စရိုက်တွေကို ယှဉ်တွဲပြကာ
လူတွေကို ဆုံးမတဲ့စာပေအမျိုးအစားပါ။
၅- ဟာသစာပေ
ပျော်ရွှင်မှုကိုပေးတတ်ပြီး သင့်ကို
ဟာသဥာဏ်ရွှင်အောင် ပြုလုပ်ပေးတတ်ပါတယ်။
၆- ဘာသာရေးစာပေ
စိတ်နဲ့ နှလုံသားကို ငြိမ်းချမ်းစေတဲ့စာပေပါ။
လိုချင်တပ်မက်မှုစတဲ့
တဏှာရာဂမီးတွေကို ချုပ်ငြိမ်းစေပါတယ်။
>>>စာဖက်ခြင်းဖြင့် ဘဝကို အလှဆင်နိုင်ကြပါစေ
ဆရာမတ်နှင့် မနက်ခင်းနှုတ်ဆက်ခြင်း
😍
❝ စာဖတ်နည်း ❞
===================
(ဒေါက်တာသန်းထွန်း)
စာကို ဘာပြုလို့ ဖတ်သလဲ။ အပျင်းပြေဖို့၊ ပညာရဖို့ ဖတ်တယ်။ ငယ်ငယ်ကဆိုရင် အပျင်းပြေ ဖတ်တယ်လို့ ဘယ်မှာ ရှိမလဲ။ နောက်၊ ခြောက်နှစ်သားလောက်မှာ စာသင်ကျောင်း ရောက်တော့ အပျင်းဖြေမှာလား၊ ပညာရမှာလားလို့ ဘာသိ မှာလဲ။ ဆရာက ဖတ်၊ ကျက် ဆိုတာကို ဖတ်ရ ကျက်ရတယ်။ အဲဒီအခါက ဉာဏ်ကောင်းဖို့ လိုတယ်။ စာရဖို့ ခဏပဲ ကျက်ရတယ်ဆိုရင် ကျက်ဖို့ ဝန်မလေးဘူး။ ဉာဏ်ထိုင်းရင် စာမရနိုင်လို့ ပျင်းလာတယ်။ မကျက်ချင်ဘူး ဆိုပါတော့။ စာရရင် အစားကျွေးမယ် ဆိုတဲ့ အစ်ကို၊ အစ်မ၊ အဒေါ်၊ ဦးလေး၊ မိဘ၊ ဘိုးဘွားနဲ့ကြုံရင် ပျော်တာပေါ့။ စာရရင် ဆုရတယ် ဆိုတာနဲ့ တွဲပြီး သိလို့၊ ဘယ်စာ ကျက်ရမလဲလို့တောင် မေးလိုက်သေးတယ်။ ဆိုလိုတာက၊ "ငါ စာရလွယ်တယ်၊ မယုံရင် စမ်းကြည့်" ဆိုတဲ့စိတ် ဝင်လာသလား မသိပါ။ အသေအချာတော့ မပြောတတ်ပါ။ ဘုရားရှိခိုး ဆိုရင် ကျက်လို့ ရတာ မဟုတ်။ အဓိပ္ပါယ်လည်း မသိ။ သူများဆိုတာ ကြားရုံနဲ့ ရတာ ဖြစ်ပါတယ်။ ဒီလိုဆိုရင် စာဖတ်တာ အပျင်းဖြေဖို့လား၊ ပညာရဖို့လား ဆိုတာ ခွဲမသိပါ။ အသက် ဆယ်နှစ်ကျော်အထိ ဖြစ်ပါတယ်။
အတန်းကျောင်းမှာ နေခဲ့ရတော့၊ တစ်နှစ် တစ်ခါ နှစ်ခါ ဆိုသလို စာမေးပွဲအောင်ဖို့ လိုတယ်လို့ အသိ ရှိလာတယ်။ အဲဒီ အခါမှာလည်း စာမေးပွဲ အောင်ဖို့ပဲ စာကျက်တယ်။ ပညာရတာပါကလားလို့ ကွဲကွဲပြားပြား ခွဲခွဲခြားခြား မစဉ်းစားမိပါ။ ကိုယ်နဲ့ တစ်တန်းတည်းနေတဲ့ ကျောင်းသားတွေထဲမှာ၊ သိပ်စာတော်တဲ့လူ ပါတယ်။ အားမကျပါ။ သင်္ချာကိုလည်း သိပ် စိတ်မဝင်စားပါ။ ပထဝီဝင်ကို သဘောကျတယ်။ တစ်မျိုးပြောရရင် ဒီလို မြေအနေအထား၊ ဒီလို ရာသီဥတု၊ ဒီလိုပတ်ဝန်းကျင်နဲ့ ဒီလိုလူ အများကြိုးစားရင် တိုးတက်ကြီးပွား ချမ်းသာတယ်လို့ သိလာတယ်။ ဒါကြောင့် လက်တွေ့ လုပ်ကိုင် ဆောင်ရွက် အောင်မြင်ပုံကို နှစ်သက်တယ်။ သမိုင်းက သူများနိုင်ငံနဲ့ ယှဉ်ကြည့်ရင် တို့က ရင်ပေါင်တန်း တိုးတက် သလား၊ လိုက်မမီအောင် ကွာဟနေသလား ဆိုတာတွေ၊ သိလာတယ်။ ဒါ့ကြောင့် သမိုင်းကို စိတ်ဝင်စားတယ်၊ သမိုင်း ရယ်၊ ပထဝီဝင်ရယ် ပေါင်းစပ်ရင် ဘောဂဗေဒပညာဆိုတာ ရှိသေးတယ်။ အလားတူ စိတ်ဝင်စားစရာ ဖြစ်တယ်လို့ တွေ့လာတယ်။
တက္ကသိုလ် ရောက်တဲ့အခါ ပထဝီဝင်၊ ဘောဂဗေဒနဲ့ သမိုင်းဘာသာတွဲကို ယူလိုက်တယ်။ ထောင့်သုံးရာပြည့်ခေတ်ဆိုတော့ နယ်ချဲ့ဆန့်ကျင်ရေး၊ အမျိုးသားရေးဆိုတာတွေ နားထောင်ချင်လာတယ်။ နိုင်ငံရေးတရားပွဲ ဆိုရင် သွားတယ်။ ဟောတဲ့ သူကို သိပ်အထင်ကြီးတယ်။ သူ့လို တော်ချင်တယ်။ အဲဒီအခါရောက်မှ ပညာကို လိုလို့ စာဖတ်တယ် ဆိုတာ သိလာတယ်။ ပြဋ္ဌာန်းစာအုပ်ထဲမှာ စာရေးဆရာ ကောင်းကောင်း၊ သူရေးတဲ့ဝတ္ထုကောင်းကောင်းကို နားလည်လွယ်တဲ့ အင်္ဂလိပ်စာနဲ့ ရေးထားတာတွေ၊ ဖတ်ရင်း ဖတ်ရင်းနဲ့ စာဖတ်ချင်တဲ့ဝါသနာ ရလာတယ်။ စာတစ်အုပ်ကို တစ်လ ဖတ်လို့ မပြီးနိုင်တဲ့ အခြေအနေက လဝက် သီတင်းတစ်ပတ် လေးငါးရက်နဲ့ပြီးအောင် ဖတ်နိုင်လာတယ်။ ဖတ်ရင်လည်း နားလည်တယ်။ အဘိဓာန်ကို ကြည့်ဖို့ မပျင်းတော့ဘူး။ ကိုယ်က ပြန်ရေးမယ်ဆိုရင်လည်း ဘယ်ဝေါဟာရကို ဘယ်လို သုံးမြဲဖြစ်တယ် Idiom တွေနဲ့ Usage တွေကို နားလည်လာတယ်။ H.G. Wells ရဲ့ Country of the Blind, Invisible Man ဆိုတာ တွေ ဖတ်ပြီး၊ Wells ရေးသမျှ အကုန်ဖတ်မယ်။ Thomas Hardy ရဲ့ Distracted Preacher ကို ဖတ်မိပြီး Hardy ရေး သမျှ အကုန်ဖတ်မယ်။ Stories Retold ကနေ၊ မူရင်း (Classic) ကို ဖတ်ဖို့ စွန့်စားလာတယ်။ ရဲလာတယ်။ ဖတ်ရင်း ဖတ်ရင်း ပိုအားတက်လာတယ်။ အပျင်းပြေထက် အင်္ဂလိပ်စာ ရေးနည်းပညာဘက်ကို ရောက်လာတော့တယ်။ တစ်ခုနဲ့ တစ်ခု ဆက်နေတယ်။ အဲဒီအထဲမှာ အဘိဓာန်သုံးဖို့ မပျင်းရဆိုတာကို၊ ကောင်းကောင်း သဘောပေါက် နားလည်တယ်။ စာကြည့်တိုက်ကို သုံးတဲ့အခါ စာအုပ်ငှားရက် တစ်လ၊ တစ်သီတင်းဆိုသလို ကန့်သတ်ထားလို့၊ ပထမဖတ်မယ့်စာအုပ်ကို အဟောင်းဆိုင်တွေ ဝင်ရှာပြီး တစ်ထမ်းကြီး ဝယ်တယ်။ နောက် တက္ကသိုလ်စာအုပ်ဆိုင်မှာ ဝင်ပြီး စာအုပ်စင်ရှေ့မှာ ဖတ် ချင်တဲ့စာအုပ်ကို မတ်တပ်ဖတ်တယ်။ မတ်တပ်ဖတ်နေတာ တစ်နာရီ နှစ်နာရီ ကြာတဲ့အခါလည်း ရှိတယ်။ အစပထမ ကြုံကြိုက်တာက ဆိုင်ရှင်၊ J.S. Furnivall၊ နောက် သခင်ကျော်စိန်။ သူတို့က ကျွန်တော့်ကို "ဖတ်ချင်ယူသွား။ နောက် ပြန် ပေးတဲ့အခါ ဟောင်းနွမ်းမလာရင် ပြီးတာပဲ" ဆိုတဲ့အနေနဲ့ ကူညီတယ်။ ကိုယ်ကလည်း အလိုက်သိစွာ မြန်မြန် ဖတ်ရတယ်။ စာကြည့်တိုက်က စာအုပ်လည်း ကိုယ်ဖတ်ခွင့် အလှည့်ရတုန်း မြန်မြန်ဖတ်၊ နားလည်အောင် ဖတ်ဆိုတဲ့ အလေ့ အကျင့်ရတယ်။
စာအုပ်ဆိုင်မှာ၊ စာအုပ်စင်ရှေ့မှာ ဖတ်ချင်တဲ့စာအုပ်ကို ယူပြီး မတ်တပ်ဖတ်တဲ့အခါ စာအုပ် Jacket က စာရေးသူရဲ့ အတ္ထုပ္ပတ္တိအကျဉ်း၊ နိဒါန်း၊ မာတိကာ၊ အတွင်းက ဓာတ်ပုံ၊ မြေပုံနဲ့ နိဂုံးကို ကြည့်ပြီး ဒီစာအုပ်ကို ငါ ခဏ ဖတ်မယ်။ အသေးစိတ် ဖတ်မယ်။ ဖတ်ပြီးတာတောင် ကိုယ်ပိုင်ဝယ်ထားမယ် ဆိုတာမျိုးတွေ ဆုံးဖြတ်လို့ ရတယ်။ ဆုံးဖြတ်ချက် အတိုင်း လုပ်လာတယ်။ ဒါကြောင့် အပျင်းပြေ ဖတ်တယ်ဆိုတာ၊ မရှိသလောက် ဖြစ်လာပါတယ်။ စာဖတ်နည်း သိလာ တယ်။ နည်းသိလေ အဖတ်များလေ၊ ပညာတိုးလေ ဆိုတာတွေကို အသေးစိတ် ပြောဖို့ မလိုတော့ပါ။
အင်္ဂလိပ်စာအုပ် တစ်အုပ် ဖတ်လို့ ကောင်းရင်၊ မြန်မာလို ပြန်ချင်စိတ် ပေါက်တယ်။ ပြန်တယ်။ မြန်မာစာအုပ် တစ်အုပ် ဖတ်လို့ ကြိုက်ရင်၊ အင်္ဂလိပ်လို ပြန်ချင်စိတ် ပေါက်တယ်။ ပြန်တယ်။ အဲဒီမှာ ဘာအကျိုး ခံစားရသလဲလို့ မေးရင်၊ စာအုပ်တစ်အုပ်ကို ကိုယ်ဖတ်ပြီးရင် ခံစားရတဲ့ ကျေနပ်ချက်ကို ဝေငှချင်တဲ့သဘောလို့ ပြောရမယ်။ ဘုရားလောင်းစိတ် မဟုတ်ပါ နိဗ္ဗာန်ကူးတို့ မလုပ်ပါ။ ဟင်… သူပြောတော့ အလွယ်သားပါလားလို့ ထင်မယ်။ လုပ်ကြည့်ပါ။ မလွယ်တာကို သိမယ်။
-ဒေါက်တာသန်းထွန်း
အပတ်စဥ် ကျောင်းအားလပ်ရက်
အခြေခံ ပန်းချီသင်တန်း🌱
"Psycho Social Support (PSS) in Education Sector" Training
Sponsored by ,
Kanlat Metta Organization
Here's more books arrived to our Library for readers💕
For anyone who’s interested in Hospitality and Management
𝙆𝙣𝙤𝙬𝙡𝙚𝙙𝙜𝙚𝙨 𝙖𝙣𝙙 𝙚𝙭𝙥𝙚𝙧𝙞𝙚𝙣𝙘𝙚𝙨 𝙨𝙝𝙖𝙧𝙞𝙣𝙜 𝙛𝙧𝙤𝙢 𝙛𝙞𝙧𝙨𝙩 𝙙𝙖𝙮 𝙖𝙩 𝙨𝙘𝙝𝙤𝙤𝙡 🌱
🌱Anyone can join
🌱You just need to give 30 minutes
🌱Who interested in Hotel and tourism management
🌱 first experience at oversea
🌱 Difficulties through the whole process to my dream path
🌱 Motivation for kids who haven't decided yet their future
🌱 Questions and Answers
Meeting ID - 271 239 1643
Passcode - 399122
Date - 10th july 2023,Monday
Time - 7:15(MMT)
Summer Youth Camp 2023
Closing Ceremony
You Belong with me😍
Jade
Disclaimer:No COPYRIGHT infringement intended. For entertainment purposes only.I do not own this MUSIC.All rights and credits go to rightful owner.
Summer Youth Camp 2023
Closing Ceremony
Song Name , Bad Thing🎼
Ryan and Heidi😍
Disclaimer:No COPYRIGHT infringement intended. For entertainment purposes only.I do not own this MUSIC.All rights and credits go to rightful owner.
The existence of a library among the human community is also beneficial to create a better human community.
My Library📖📚💖
Summer Youth Camp 2023
Closing Ceremony ❤
Boy A Liar
Disclaimer:No COPYRIGHT infringement intended. For entertainment purposes only.I do not own this MUSIC.All rights and credits go to rightful owner.
Chamak Chello 🎼🎼
Senior Class Students
Summer Youth Camp 2023
Closing Ceremony 😍
Disclaimer:No COPYRIGHT infringement intended. For entertainment purposes only.I do not own this MUSIC.All rights and credits go to rightful owner.
Ice Ice Baby😎
Junior Class
Summer Youth Camp 2023
Disclaimer:No COPYRIGHT infringement intended. For entertainment purposes only.I do not own this MUSIC.All rights and credits go to rightful owner.
ထန်းရွက်ပုတီးလေး❤
Zin Ko Phyo
Summer Youth Camp 2023
Closing Ceremony
25.5.2023
Disclaimer:No COPYRIGHT infringement intended. For entertainment purposes only.I do not own this MUSIC.All rights and credits go to rightful owner.
Cover Song🎼
We Are The World🌎
Summer Youth Camp 20
Click here to claim your Sponsored Listing.
Videos (show all)
Category
Contact the school
Telephone
Website
Address
06081
South Of Shan State, Nyaung Shwe
Nyaungshwe
“Do what you like and like what you do, just follow your dreams�”
No. 76, Win Yatt(3)Qr. , Near Night Market
Nyaungshwe
Gakken Classroom is a learning center to develop each child's Logical Thinking Skills and Self-learn
Nyaungshwe, 06081
Hi.Everyone,This is the place where you can learn English grammar and Basic Speaking with 4 skills.
Phaung Daw Pyan Road, Nandawunn 6th Quarter
Nyaungshwe, 06081
We care for the education and future of our children in Myanmar. We want to nurture great leaders, de
Yashika Kids College , Tha Lay Village, Inle Lake
Nyaungshwe
Play , Learn and Grow Together