Evolve Tech
Authorized Distributor of Crome , Dragon Power , HP (Gaming Accessories) & AULA (Gaming Accessories)
eSIM Vs. ပုံမှန်ဆင်းမ်ကတ်
⚙️⚙️⚙️⚙️⚙️⚙️
🎫ကဲ.. ခုတခါ eSIM တွေ လူပြောများလာပြီမို့ ဒါနဲ့ပတ်သက်ပြီး နည်းနည်းလောက် မျှဝေပေးချင်ပါတယ်။ လက်ရှိမှာ ဆက်သွယ်ရေးအော်ပရေတာ တော်တော်များများ eSIM ကို Support ပေးလာပြီမို့ သုံးစွဲသူတွေလည်း အရင်အတိုင်းပဲ ဆက်သုံးရမှာလား။ eSIM ပဲ ပြောင်းရမှာလားဆိုတာ ဇဝေဇဝါ ဖြစ်လာနိုင်ပါတယ်။ ဒါကြောင့်မို့ eSIM နဲ့ အရင် သုံးနေကျ ပုံမှန်ဆင်းမ်ကတ်တွေအကြား ကွာခြားချက်၊ အားသာချက်၊ အားနည်းချက်တွေကို မျှဝေပေးပါရစေခင်ဗျာ။
🎫eSIM ကို သုံးချင်တိုင်း သုံးလို့ရလားဆိုတော့ မရပါဘူး။ အော်ပရေတာက ထောက်ပံ့ပေးဖို့ လိုသလို ကိုယ်သုံးနေတဲ့ ဟန်းဆက်ကလည်း ထောက်ပံ့ဖို့ လိုပါတယ်။ eSIM သုံးနိုင်တဲ့ စမတ်ဖုန်းဆိုတာက အမြင့်ဖုန်းအများစုဖြစ်ပြီး ဈေးနှုန်းလည်း ကြီးမြင့်ပါတယ်။ eSIM သုံးဖို့အတွက် iPhone ကိုင်သူတွေ၊ Samsung အမြင့်ဖုန်းကိုင်သူတွေနဲ့ Pixel ဖုန်းကိုင်သူတွေကတော့ အေးဆေးပါပဲ။ iPhone Xs ကစပြီး နောက်ပိုင်းဖုန်းတွေ.. Samsung S20 ကစပြီး နောက်ပိုင်း S စီးရီးဖုန်းတွေ.. Google Pixel 3 ကစပြီး နောက်ပိုင်းဖုန်းတွေကတော့ အေးဆေး သုံးနိုင်ပါတယ်။ တခြားအမှတ်တံဆိပ်နဲ့ဖုန်းတွေမှာလည်း eSIM သုံးနိုင်တဲ့ဖုန်းတွေရှိပြီး ဒီနေရာမှာတော့ အသေးစိတ် မဖော်ပြတော့ပါဘူး။
🎫eSIM အသုံးပြုခြင်းရဲ့အားသာချက်က အော်ပရေတာ Network တွေကို အလွယ်တကူပြောင်းလဲ အသုံးပြုနိုင်ပါတယ်။ ကတ်အထုတ်အသွင်းလုပ်စရာ မလိုဘဲ ဆင်းမ်ကတ်တွေကို အလွယ်တကူ ပြောင်းသုံးနိုင်တာမျိုးပေါ့။ သက်ဆိုင်ရာအော်ပရေတာရဲ့ App ကို သုံးပြီးပဲ ဖြစ်ဖြစ်၊ QR code ကို Scan ဖတ်ပြီးပဲ ဖြစ်ဖြစ် စတင်အသုံးပြုနိုင်မှာပါ။ ဖုန်းပျောက်သွားတဲ့အခါ ဆင်းမ်ကတ်ကို အလွယ်တကူ ထုတ်ပစ်လိုက်လို့ မရတဲ့အတွက် ခြေရာခံဖို့ လွယ်ကူစေပါတယ်။ eSIM ရဲ့နေရာယူမှုက Nano SIM ထက်တောင် သေးငယ်တဲ့အတွက် စမတ်လက်ပတ်နာရီလိုမျိုးတွေမှာလည်း ပိုအဆင်ပြေစေပါတယ်။
🎫အားနည်းချက်တွေကရော ဘာဖြစ်မလဲ? အော်ပရေတာတိုင်းက eSIM ကို မထောက်ပံ့တာ၊ ဟန်းဆက်ရွေးတာတွေ ရှိပါမယ်။ ဟန်းဆက်အသစ်ပြောင်းတဲ့အခါ မလုပ်တတ် မကိုင်တတ်သူတွေအတွက် ပုံမှန်ဆင်းမ်ကတ်တွေလို အထုတ်အသွင်းလုပ်လိုက်ရုံနဲ့ တန်းသုံးလို့ ရမှာ မဟုတ်ဘူးပေါ့။ ကဲ.. ဒီတော့ ကိုယ့်မှာ eSIM Support လုပ်တဲ့ ဟန်းဆက်ရှိပြီး ပြောင်းသုံးရမလား၊ ဒီအတိုင်းပဲ ဆက်သုံးရမလားဆိုတာကတော့ သုံးစွဲသူရဲ့ ရွေးချယ်မှုပါပဲ..☺️
𝘼𝙐𝙇𝘼 𝙂𝙖𝙢𝙞𝙣𝙜 𝙈𝙤𝙪𝙨𝙚 𝙁𝟖𝟏𝟑𝙋𝙍𝙊
⚙️⚙️⚙️⚙️⚙️⚙️⚙️⚙️
🧿အရမ်းကို ပေါ့ပါးမြန်ဆန်သွက်လက်တာမျိုးကို လိုချင်တယ်ဆိုရင်တော့ AULA Gaming Mouse F813PRO က ကွက်တိပါပဲ..
🧿မောက်စ်ရဲ့အလေးချိန်က အရမ်းကို ပေါ့ပါးသလို DPI ကိုလည်း 12,400 အထိ မြှင့်တင်နိုင်တာ ဒီ Mouse ပဲ ရှိပါတယ်..
🧿ကလစ်နှိပ်လိုက်တိုင်း တိကျသေချာနေပြီး ကိုင်ရတာ သက်သောင့်သက်သာရှိသလို ရွေ့လျားမှုတွေလည်း မြန်ဆန်တယ်..
🧿ဒါက AULA Gaming Mouse F813PRO ပါပဲ…
☑AULA Gaming Mouse F813PRO အတွက် အာမခံ ၁ နှစ် ပါဝင်လို့ စိတ်ချလက်ချ သုံးစွဲနိုင်ပါတယ်ခင်ဗျာ..
“𝓟𝓻𝓸𝓭𝓾𝓬𝓽 𝓓𝓮𝓼𝓬𝓻𝓲𝓹𝓽𝓲𝓸𝓷”
AULA Gaming Mouse F813PRO
🖱Wired Optical Mouse
🖱Number of keys: 7
🖱DPI: Up to 12,400 DPI
🖱Colorful light effects
🖱Connection: USB
🖱Cable length: 1.5m
🖱Weight: 59g
Price: 45,000 Ks
𝐀𝐔𝐋𝐀 𝐌𝐞𝐜𝐡𝐚𝐧𝐢𝐜𝐚𝐥 𝐆𝐚𝐦𝐢𝐧𝐠 𝐊𝐞𝐲𝐛𝐨𝐚𝐫𝐝 𝐅𝟐𝟎𝟖𝟖
✦✦✦✦✦✦✦✦✦✦
Gamer တွေအတွက် ရှယ်မိုက်တဲ့ AULA Gaming Keyboard အသစ်လေးတွေနဲ့ မိတ်ဆက်ပေးပါရစေ..🤗🤗
AULA Gaming Keyboard F2088 အရောင်နှစ်မျိုးနဲ့ ဈေးကွက်ဝင်လာပြီး Keycaps ပုံစံလေးတွေလည်း ကွာခြားပါတယ်..
အဖြူရောင်က အဝိုင်းပုံစံ Keycaps လေးတွေနဲ့ဖြစ်ပြီး အနက်ရောင်ကတော့ လေးထောင့်ပုံစံ Keycaps လေးတွေနဲ့ပါ..👍👍
အသုံးပြုတဲ့အခါ လက်ကောက်ဝတ်နဲ့လက်ဖနောင့်တွေ သက်သောင့်သက်သာရှိစေဖို့ Ergonomic detachable magnetic wrist rest ကိုလည်း တပ်ဆင်အသုံးပြုနိုင်ပါသေးတယ်..
AULA Gaming Keyboard F2088 နဲ့သာဆို ဘာဂိမ်း ကစားမလဲ?
ရှယ်ဖြုတ်လို့ ရပြီဗျာ..😎😎
✔AULA Gaming Keyboard F2088 အတွက် အာမခံ ၁ နှစ် ပါဝင်လို့ စိတ်ချလက်ချ သုံးစွဲနိုင်ပါတယ်ခင်ဗျာ..
“𝓟𝓻𝓸𝓭𝓾𝓬𝓽 𝓓𝓮𝓼𝓬𝓻𝓲𝓹𝓽𝓲𝓸𝓷”
𝐀𝐔𝐋𝐀 𝐌𝐞𝐜𝐡𝐚𝐧𝐢𝐜𝐚𝐥 𝐆𝐚𝐦𝐢𝐧𝐠 𝐊𝐞𝐲𝐛𝐨𝐚𝐫𝐝 𝐅𝟐𝟎𝟖𝟖
⌨️Wired Mechanical Gaming keyboard
⌨️108 keys / RGB backlight
⌨️Multimedia & Illumination Control
⌨️Knob 1-2: Custom backlight mode
⌨️Knob 3: Illumination control for backlight
⌨️White Color: Round Keycaps
⌨️Black Color: Rectangle Keycaps
Price: 120,000 Ks
Dragon Power Mini UPS တွေအတွက် Buy 1 Get 1 ယူကြမယ်..
***********************************
🎊2024 နှစ်သစ်နဲ့အတူ Dragon Power Mini UPS လေးတွေဝယ်ရင်း Crome ကြိုးမဲ့နားကြပ်လေးတွေကို လက်ဆောင်ယူကြရအောင်နော်..🤗
📌Dragon Power Multifunction DC UPS (DG 12 Plus) ဝယ်ရင် Crome Bluetooth Neckband Earphone (CS-86BT)
📌Dragon Power Solar Multifunction DC UPS (DG 28 Plus) ဝယ်ရင် Crome Bluetooth Headphone (CH-89BT) လေးကို လက်ဆောင်ပေးသွားမှာပါခင်ဗျာ..😍
⏰ခု Promotion လေးကိုတော့ ဇန်နဝါရီ ၃၁ ရက်အထိ ပြုလုပ်ပေးသွားမှာ ဖြစ်ပါတယ်..
☑Dragon Power Mini UPS တွေ အတွက် ဘယ်မှာမှ မရတဲ့ Warranty- ၂ နှစ် ခံစားခွင့် ရရှိမှာဖြစ်လို့ စိတ်ချလက်ချ အသုံးပြုရုံပါပဲ..
1️⃣2️⃣➕Wi-Fi Router တွေ၊ CCTV Camera တွေ၊ ဖုန်းတွေ အတွက် အသုံးပြုနိုင်မယ့် DG 12 Plus လေးကတော့ Router တစ်လုံးအတွက်ဆို ၁၀ နာရီလောက် အေးဆေး အသုံးပြုလို့ရပါတယ်..
UPS Type မို့လို့ မီးပြတ်သွားတာနဲ့ သူ့ဆီကပါဝါနဲ့ ဆက်အလုပ်လုပ်နေမှာဖြစ်ပြီး မီးလာတာနဲ့ AC တိုက်ရိုက် သုံးလို့ရပါတယ်..
2️⃣8️⃣➕မော်နီတာတွေ၊ All in One ကွန်ပျူတာတွေအပြင် Router, CCTV စတဲ့ Smart Device မျိုးစုံအတွက် ကောင်းကောင်း အသုံးပြုချင်တယ်ဆိုရင်တော့ DG 28 Plus ကို ရွေးချယ်နိုင်ပါတယ်..
Solar System နဲ့ AC/DC သုံးစွဲနိုင်တဲ့ Power Station အမျိုးအစားဖြစ်လို့ Solar နဲ့လည်း တိုက်ရိုက်အားသွင်းနိုင်တဲ့ Solar Multifunction DC UPS ပါပဲ..
Solar ခေါင်း အပါအဝင် Universal charging adapters ခေါင်း ၃၄ မျိုး အစုံလည်း တပါတည်း ပါဝင်တာကြောင့် ဘာလာလာ OK စေမယ်..
🎯ဒီ Mini UPS တွေမှာ LiFePO4 Battery ကို အသုံးပြုပေးထားတာကြောင့် အပူလွန်ကဲတာ၊ ရှော့ခ်ဖြစ်တာတွေကိုလည်း ကာကွယ်ပြီးသားပဲ.. ရိုးရိုးဘက်ထရီတွေထက် Lifespan လည်း ပိုခံလို့ ရေရှည်သုံးရတာ ပိုကောင်းပါတယ်..
“𝓟𝓻𝓸𝓭𝓾𝓬𝓽 𝓓𝓮𝓼𝓬𝓻𝓲𝓹𝓽𝓲𝓸𝓷”
💥Dragon Power Multifunction DC UPS (DG 12 Plus)
Rated Working Voltage: 100~240Vac/ 50-60Hz
Output Power (Max): 18W
Capacity of Battery: 12000mAh (38.4Wh)
Auto Start when plugged in
Overload & short-circuit protection
Over-charge and Over-discharge protection
Price: 95,000 Ks
Special Gift: Crome Bluetooth Neckband Earphone (CS-86BT)
💥Dragon Power Solar Multifunction DC UPS (DG 28 Plus)
Rated frequency: 50-60Hz
Input voltage range: 85~150Vac/ 150~275Vac
Solar input voltage range: 12-25Vdc
Output Power (Max): 60W/ 100W
Capacity of Battery: 1800mAhX16 LiFePO4
Auto Start when plugged in
Overload & short-circuit protection
Over-charge and Over-discharge protection
Price: 278,000 Ks
Special Gift: Crome Bluetooth Headphone (CH-89BT)
၃ သိန်းကျော်တန် စမတ်ဖုန်းတစ်လုံးမှာ ဘယ်လို စွမ်းဆောင်ရည်မျိုးတွေ ပါဝင်လာပြီလဲ?
*********************************
📱အရင်တုန်းကတော့ ဈေးအနည်းဆုံး စမတ်ဖုန်းတစ်လုံးရှာရင် ကျပ်တစ်သိန်းဝန်းကျင်၊ ကျပ်တစ်သိန်းအောက် ဈေးနှုန်းနဲ့ရနိုင်ပေမယ့် လက်ရှိမှာတော့ စမတ်ဖုန်းတစ်လုံးဟာ ကျပ်နှစ်သိန်းဝန်းကျင်လောက်က ဈေးအနည်းဆုံး ဖြစ်နေပါပြီ။ ဒီတော့ ၃ သိန်းကျော်တန်ဖုန်းဆိုတာကလည်း ဈေးအနည်းဆုံးထဲမှာ ပါနေတာပေါ့။
📱ဖုန်းတစ်လုံးဝယ်မယ်ဆိုရင် ရွေးချယ်ဖို့ စဉ်းစားကြတာက ဒီဝန်းကျင်ထဲက ဖုန်းတွေ ဖြစ်နေတတ်ပါတယ်။ ဒီထဲမှာမှ ၃ သိန်းကို နည်းနည်းကျော်တာလား၊ များများ ကျော်တာလား ပေါ် မူတည်ပြီး စွမ်းဆောင်ရည် ကွဲပြားပါသေးတယ်။ အသစ်ထိုးဖောက်လာတဲ့ စမတ်ဖုန်းတွေအားလုံးက Price to Performance ကို ဂရုစိုက်လာကြပါတယ်။ အသစ်ပေါ်လာပြီး ထိုးဖောက်နေတဲ့ အမှတ်တံဆိပ်တွေကြောင့် RAM, Storage မှာ 8/128GB ကို ရလာနိုင်ပါပြီ။ ၃ သိန်းကို များများကျော်မယ်ဆိုရင်တော့ 8/256GB ကိုတောင် ရနိုင်ပါတယ်။ Display က AMOLED မဟုတ်ပေမယ့်လည်း Refresh rate 90Hz နဲ့ မျက်နှာပြင်ကို ရနိုင်ပါတယ်။ မျက်နှာပြင်အရွယ်အစားကတော့ ဒီနေ့ခေတ်စမတ်ဖုန်းတွေမှာ ၆ လက်မကျော်အရွယ်အစား မျက်နှာပြင်တွေချည်းပါပဲ။
📱ဒီဖုန်းတွေမှာ Selfie Camera ထားသိုပုံက Punch hole ပုံစံ ဒါမှမဟုတ် Water drop notch ပုံစံ ဖြစ်ပါမယ်။ ဒီ Level တန်းအတွက် Chipset ပိုင်းမှာတော့ Mediatek သုံးထားတာကိုပဲ ရနိုင်ပါမယ်။ ဘက်ထရီပိုင်းမှာလည်း 5000mAh, 6000mAh ထည့်သွင်းပေးလာကြပြီး အားအမြန်သွင်းစနစ်မှာတော့ ဒီဈေးနှုန်းဝန်းကျင်က 18W သာ ပါဝင်နိုင်ပြီး တချို့တလေမှာတော့ 33W ပါဝင်လာတာကို တွေ့ရပါတယ်။ ဘာပဲပြောပြော ဒီဈေးနှုန်းဝန်းကျင်မှာ ရုပ်ထွက်အရည်အသွေးကို အရမ်းကြီး မမြှင့်တင်ထားတာက ဘက်ထရီကို ပိုခံစေပါတယ်။ နောက်ကျောဘက် အဓိက ကင်မရာကို 50MP လို့ ဖော်ပြလာကြပေမယ့် တကယ်ကျေနပ်လောက်ဖွယ် ရှိ၊ မရှိကတော့ ဓာတ်ပုံတွေရိုက်ကြည့်ပြီးမှ ဆုံးဖြတ်တာ ပိုကောင်းပါလိမ့်မယ်။
📱ဘယ်လိုပဲဖြစ်ဖြစ် အရင်တုန်းက Flagship အမြင့်ဖုန်းတွေမှာပဲ ပါဝင်တာမျိုးတွေက ဈေးအနည်းဆုံးဖုန်းတွေမှာလည်း ပါဝင်လာတာကို တွေ့ရပါတယ်။ Build Quality နည်းနည်းလျော့တာမျိုး၊ ကိုင်တွယ်ရတဲ့ ခံစားမှု လျော့တာမျိုးတွေတော့ ကြုံတွေ့ရနိုင်ပြီး လက်ခံနိုင်လောက်ဖွယ်ရာ စွမ်းဆောင်ရည်မျိုးရှိတယ်လို့ ဆိုနိုင်တဲ့ ဈေးနှုန်းသင့်တင့် စမတ်ဖုန်းတွေပါပဲ။
꧁༺ 2024 ༻꧂ နှစ်သစ်မှာ မင်္ဂလာအပေါင်းနဲ့ ပြည့်စုံပြီး လိုအင်ဆန္ဒများလည်း ပြည့်ဝကြပါစေခင်ဗျာ🙏🙏🙏
Windows 11 Home နဲ့ Pro က ဘာတွေ ကွာခြားလဲ?
****************************
🪟ကွန်ပျူတာအသုံးပြုတဲ့အခါ Windows 10 ပဲ ဖြစ်ဖြစ် Windows 11 ပဲ ဖြစ်ဖြစ် Home Version, Pro Version ဆိုပြီး တွေ့ရပါလိမ့်မယ်။ အသေးစိတ်ခွဲရင် Windows 11 မှာ ဗားရှင်း ၇ မျိုးအထိ ရှိပါတယ်။ အဓိကပြောရင်တော့ Windows 11 Home နဲ့ Windows 11 Pro ဗားရှင်းပါပဲ။ အဲဒီ ဗားရှင်း နှစ်ခုက ဘာတွေ ကွာခြားတာလဲ?
🪟အခုနောက်ဆုံးထုတ် Windows 11 မှာ Windows 10 ထက် ကွာခြားသွားတဲ့ အပြင်အဆင်တွေ၊ လုပ်ဆောင်ချက်တွေ ရှိပါတယ်။ ဒါကို ထားလိုက်ပါပြီ။
🪟ကဲ.. အခု Windows 11 Home နဲ့ Windows 11 Pro က ဘာတွေ ကွာခြားလဲ သိချင်စရာပါ။ ဒီဇိုင်းနဲ့ User Interface ကတော့ အတူတူပါပဲ။ Windows 11 Pro က ပိုဈေးကြီးသလို ပိုသာလွန်သွားတဲ့ လုပ်ဆောင်ချက်အပိုင်းတွေလည်း ရှိပါတယ်။ Microsoft ကတော့ Windows 11 Pro မှာ BitLocker Drive Encryption လုပ်ဆောင်ချက် ပိုတယ်လို့ ခပ်ရှင်းရှင်းပဲ ဖော်ပြထားပါတယ်။ Windows 11 Home က RAM 128GB အထိပဲ Support လုပ်ပြီး Windows 11 Pro ကတော့ RAM 2TB အထိ Support လုပ်ပါတယ်။
🪟Windows 11 Pro မှာ Mobile Device Management လိုမျိုး Remote Desktop လိုမျိုး လုပ်ဆောင်ချက်တွေ၊ ပရော်ဖက်ရှင်နယ်နဲ့ လုပ်ငန်းသုံးအတွက် ကွန်ရက်ချိတ်ဆက်မှုလုပ်ဆောင်ချက်တွေ ပိုကောင်းမွန်ပါတယ်။ အင်တာနက်သုံးမယ်၊ ဂိမ်းကစားမယ်၊ ပညာရေးအတွက်၊ ပုံမှန် ရုံးသုံး လုပ်ငန်းသုံး၊ Work from Home တွေအတွက်ကတော့ Windows 11 Home နဲ့တင် ကောင်းကောင်း အဆင်ပြေပါတယ်။ လက်တော့ပ်အများစုမှာ ထည့်သွင်းပေးထားတာကလည်း Windows 11 Home ဗားရှင်းပါပဲ။ ဒါပေမယ့် တကယ့်လုပ်ငန်းသုံးအတွက် ကွန်ရက်ချိတ်ဆက်လုပ်ဆောင်မှု အပိုင်းတွေမှာတော့ Windows 11 Pro က ပိုကောင်းပါတယ်။
𝐀𝐔𝐋𝐀 𝐆𝐚𝐦𝐢𝐧𝐠 𝐌𝐨𝐮𝐬𝐞 (𝐒𝟏𝟑)
*****************
Gamer တွေအတွက် မြန်ဆန်တိကျပြီး Comfortable လည်း ဖြစ်တဲ့ Gaming Mouse ရှာဖွေနေတယ်ဆိုရင်တော့ အသစ်ရောက် AULA Gaming Mouse (S13) ကို ညွှန်းပေးပါရစေ..🤗🤗
DPI ကို 1200 ကနေ 3600 အထိ အတိုးအလျှော့ လုပ်နိုင်ပါတယ်..
RGB မီးရောင်လေးကို ပိတ်ထားချင်ရင် ပိတ်ထားလို့ ရပါတယ်..
စုစုပေါင်း ခလုတ် ၆ ခု ပါဝင်ပြီး ဘယ်ဘက်ဘေးမှာ Forward နဲ့ Backward ခလုတ် ၂ ခုလည်း အပါအဝင်ပါပဲ..
☑AULA Gaming Mouse (S13) အတွက် အာမခံ ၁ နှစ် ပါဝင်လို့ စိတ်ချလက်ချ သုံးစွဲနိုင်ပါတယ်ခင်ဗျာ..
“𝓟𝓻𝓸𝓭𝓾𝓬𝓽 𝓓𝓮𝓼𝓬𝓻𝓲𝓹𝓽𝓲𝓸𝓷”
AULA Gaming Mouse (S13)
🖱Wired gaming mouse
🖱Number of keys: 6
🖱DPI: 1200-1800-2400-3600DPI
🖱Rainbow backlight
🖱Connection: USB
🖱Cable length: 1.5m
🖱Weight: 110g
Price: 24,000 Ks
ဈေးကွက်ထဲမှာ ရနိုင်တဲ့ 𝐂𝐫𝐨𝐦𝐞 𝐌𝐨𝐮𝐬𝐞 𝐂𝐨𝐥𝐥𝐞𝐜𝐭𝐢𝐨𝐧
*************************
လက်ရှိ ဈေးကွက်ထဲမှာ ဝယ်ယူရရှိနိုင်တဲ့ Crome Mouse လေးတွေကို စုစည်းဖော်ပြပေးလိုက်ပါတယ်ခင်ဗျ..🙏🙏
Crome Gaming Mouse တွေဆို 40% Off Promotion လည်း ရှိနေလို့ အတော်လေး ဈေးတန်ပါတယ်နော်..😍
Crome Bluetooth and Wireless Mouse (CM330GB) နဲ့
Crome Wireless Mouse (CM-50G) ကတော့ ကြိုးမဲ့မောက်စ်တွေမို့ အထာကျကျ ကြိုးပျောက် အသုံးပြုနိုင်မှာပါ..🤩
☑Crome Mouse တွေအတွက် အာမခံ ၁ နှစ် ပါဝင်လို့ စိတ်ချလက်ချ သုံးစွဲနိုင်ပါတယ်ခင်ဗျာ..
“𝓟𝓻𝓸𝓭𝓾𝓬𝓽 𝓓𝓮𝓼𝓬𝓻𝓲𝓹𝓽𝓲𝓸𝓷”
🖱Crome USB Gaming Mouse (M555)
Button lifetime: 5 million times
Scroll wheel lifetime: 200,000 circles
Resolution: 4000 dpi
Normal Price: 26,500 Ks
Promotion Price: 16,000 Ks
🖱Crome USB Gaming Mouse (C-GM33)
RGB Backlight
Keys Number: 6 keys
Resolution: 3,200 dpi
Cable length: 1.65 m
Normal Price: 21,000 Ks
Promotion Price: 12,000 Ks
🖱Crome USB Gaming Mouse (C-GM10)
4 Colors Backlight
Keys Number: 7 keys
Resolution: 3,200 dpi
Cable length: 1.65 m
Normal Price: 21,000 Ks
Promotion Price: 12,000 Ks
🖱Crome USB Optical Mouse (CM-136U)
Resolution: 1000 DPI
Button lifetime: 3 million times
Working Voltage: 5V
Price: 14,000 Ks
🖱Crome USB Optical Mouse (CM-320U)
Resolution: 800/1200/1600/2400 DPI
Cable: 1.6m USB 2.0
Working Voltage: 5V
Price: 12,000 Ks
🖱Crome USB Optical Mouse (CM-32BU)
Material: Plastics
Keys Number: 4 keys
Interface: USB 2.0
Cable length: 1.4 m
Price: 11,000 Ks
🖱Crome USB Optical Mouse (CM-16BU)
Number of Keys: 3
Resolution: 1000 dpi
Key life: 300,000,000 times
Cable length: 1.4m
Price: 10,000 Ks
🖱Crome USB Optical Mouse (CM-19BU)
Number of Keys: 3
Resolution: 1000 dpi
Key life: 300,000,000 times
Cable length: 1.4m
Price: 10,000 Ks
🖱Crome Bluetooth and Wireless Mouse (CM330GB)
Wireless optical mouse.
Portable and delicate design.
2.4G and Bluetooth 3.0 & 5.0
The number of keys: 4
Resolution: 800-1200-1600-2400 dpi.
Interface: USB 2.0 Nano receiver
Working Voltage: DC 1.5V
Price: 31,000 Ks
🖱Crome Wireless Mouse (CM-50G)
Wireless optical mouse.
Elegant and ergonomic design.
The number of keys: 6
Resolution: 1000-1200-1600 dpi.
Key life: 300,000,000 times.
Receive distance: 10m.
Price: 15,500 Ks
၂၀၂၄ မှာ ဘယ်လို လက်တော့ပ်မျိုးတွေ ခေတ်စားလာမလဲ🤔
****************************
💻၂၀၂၃ ကုန်ဆုံးလို့ မကြာခင်မှာ ၂၀၂၄ ခုနှစ်ထဲ ရောက်ရှိပါတော့မယ်။ လာမယ့်နှစ်မှာရော ဘယ်လိုမျိုး လက်တော့ပ်တွေ ခေတ်စားလာဦးမလဲဆိုတာ လေ့လာသူ၊ ကျွမ်းကျင်သူတွေ သုံးသပ်ထားတာကို နည်းနည်းလောက် မျှဝေပေးချင်ပါတယ်ခင်ဗျာ။
💻လက်တော့ပ်တွေမှာ ပါဝါသုံးစွဲမှုကို လျှော့ချပြီး ဘက်ထရီကြာရှည်အသုံးခံမှုက ပိုခေတ်စားလာနိုင်ပါတယ်။ Apple MacBook တွေမှာ တွေ့မြင်နေရတဲ့ ဘက်ထရီကြာကြာခံမှုက Windows Laptop တွေမှာလည်း မြင်တွေ့လာရဖွယ် ရှိနေပါတယ်။ ၁၅ နာရီကြာ၊ ၁၈ နာရီကြာ ဘက်ထရီအားခံတယ်ဆိုတာက လက်တော့ပ်အသုံးပြုတဲ့ ဘယ်သူမဆို ကြိုက်နှစ်သက်မှာ အမှန်ပါပဲ။ ဒီအတွက် လက်တော့ပ်တွေကို Mobile Device ပုံစံ ဖန်တီးရင်း တဖက်ကလည်း စွမ်းဆောင်ရည် မလျော့ကျအောင် ထိန်းသိမ်းရပါလိမ့်မယ်။ စွမ်းအင်သုံးစွဲမှု ချွေတာရေး အစီအမံတွေအတွက် AI နည်းပညာကလည်း တဖက်တလမ်းကနေ အထောက်အကူပြုပါလိမ့်မယ်။
💻Intel ရဲ့ ပိုမြန်လာမယ့် ဂရပ်ဖစ်နည်းပညာသစ်တွေ၊ Thunderbolt 4 နဲ့ PCIe Gen 5.0 နည်းပညာတွေ ပိုတွင်ကျယ်လာပြီး အသစ်ထွက်လာမယ့် လက်တော့ပ်တွေမှာ ပိုထည့်သွင်းပေးလာဖို့ ရှိပါတယ်။ Qualcomm က PC တွေအတွက် ပွဲထုတ်မိတ်ဆက်ထားတဲ့ Snapdragon X Elite CPU ကလည်း စောင့်ကြည့်ချင်စရာပါပဲ။ Snapdragon X Elite ရဲ့ စွမ်းဆောင်ရည်က Core i7-13800H ထက်တောင် 60% ပိုမြန်ပြီး 65% အထိ ပါဝါသုံးစွဲမှု ပိုသက်သာတယ်လို့ ဆိုပါတယ်။ Apple M2 Chip ထက်လည်း Multicore စွမ်းဆောင်ရည်မှာ 50% ပိုမြန်တယ်လို့ ဆိုပါတယ်။
💻AI နည်းပညာတွေကလည်း ပို စိုးမိုးလာမှာဖြစ်ပြီး မေးချင်ရာမေး၊ လုပ်ချင်ရာလုပ်ခိုင်းတဲ့ ဆော့ဖ်ဝဲ AI တွေအပြင် ဟာ့ဒ်ဝဲတွေမှာလည်း AI နည်းပညာတွေ ပေါင်းစပ် ပါဝင်လာတော့မှာ ဖြစ်ပါတယ်။ ၂၀၂၄ မှာ Windows 12 ကိုလည်း မြင်တွေ့ရနိုင်ပြီး AI ဝန်ဆောင်မှုတွေကို ပိုပေါင်းစပ် ပိုမြှင့်တင်လာမျိုးတွေ လုပ်လာဖို့ ရှိနေပါတယ်။
💻Dual-screen လက်တော့ပ်တွေ၊ 2 in 1 လက်တော့ပ်တွေ၊ Laptop လိုရော Tablet လိုပါ အသုံးပြုနိုင်တာမျိုးတွေ ပိုခေတ်စားလာဖို့ ရှိပြီး Touchscreen မျက်နှာပြင်တွေနဲ့ ပိုထုတ်လုပ်လာဖို့ ရှိပါတယ်။ မျက်နှာပြင်နည်းပညာတွေလည်း ပိုအဆင့်မြင့်လာမှာဖြစ်ပြီး OLED, QLED နဲ့ mini-LED မျက်နှာပြင်တွေ လက်တော့ပ်မှာ ပါဝင်လာမှာ ဖြစ်ပါတယ်။ ပိုကြည့်ကောင်းစေဖို့ Refresh rates ကို မြှင့်တင်လာကြမှာဖြစ်ပြီး အရင် 60Hz ကနေ 120Hz မျက်နှာပြင်တွေ ဖြစ်လာဖို့ ရှိနေပါတယ်။ ၂၀၂၂ မှာတောင် ဒီလိုလက်တော့ပ်တွေ မြင်တွေ့ခဲ့ကြပြီးပါပြီ။
💻Windows လက်တော့ပ်တွေနဲ့ Apple MacBook တွေ၊ Intel နဲ့ AMD ရဲ့ ပြိုင်ဆိုင်မှုတွေ ဆက်ရှိနေမှာဖြစ်ပြီး ကွန်ပျူတာအသစ်တစ်လုံး ဝယ်ချင်လာအောင် ဆွဲဆောင်ဖို့အတွက် ကုမ္ပဏီအသီးသီး အမှတ်တံဆိပ်အသီးသီးကတော့ ပြိုင်ဆိုင်မှုတွေ ဆက်လက်ပြင်းထန်နေဦးမှာ အမှန်ပါပဲ။
𝐃𝐫𝐚𝐠𝐨𝐧 𝐏𝐨𝐰𝐞𝐫 𝐒𝐨𝐥𝐚𝐫 𝐈𝐧𝐯𝐞𝐫𝐭𝐞𝐫 နဲ့ 𝙇𝙞𝙁𝙚𝙋𝙊4 𝘽𝙖𝙩𝙩𝙚𝙧𝙮 (𝙉𝙚𝙬 𝘾𝙚𝙡𝙡𝙨) တွဲယူရင် 8% လျှော့ဈေးပြန်ရမယ့် ŃĔŴ ŶĔĂŔ РŔŐМŐŤĨŐŃ🎄🎄
********************************
နှစ်ဟောင်းကုန်ဆုံးလို့ နှစ်သစ်ကူးတော့မယ့်ချိန်ခါလေးမှာ ပျော်ရွှင်စရာ ပရိုမိုးရှင်းလေးတွေကို Dragon Power က ယူဆောင်လာပြီနော်..🤗🤗
Dragon Power Off-Grid Solar Inverter (DG-VMH 5048W) နဲ့ LiFePO4 Battery (New Cells) တွေကို Set လိုက် တွဲဖက်ဝယ်ယူရင် 8% Cashback ပြန်ပေးမယ့် New Year Promotion လေးနဲ့ မိတ်ဆက်ပေးပါရစေခင်ဗျာ..🙏🙏
🎯အများဆုံး ကျပ် ၈ သိန်းခွဲဝန်းကျင်အထိ ပြန်ရနိုင်မယ့် ခု ပရိုမိုးရှင်းလေးမှာတော့ …👇👇
“𝓝𝓮𝔀 𝓨𝓮𝓪𝓻 𝓟𝓻𝓸𝓶𝓸𝓽𝓲𝓸𝓷”
------------------------------
💥Dragon Power Off-Grid Solar Inverter (DG-VMH 5048W) + Dragon Power LiFePO4 Battery (DGBT-512300-LP-S) (Stand Type)
Normal Price: 10,550,000 Ks
Cashback: 840,000 Ks
👉Promotion Price: 9,660,000 Ks
💥Dragon Power Off-Grid Solar Inverter (DG-VMH 5048W) + Dragon Power LiFePO4 Battery (DPBT-51200-LP-W) (Wall Type)
Normal Price: 8,150,000 Ks
Cashback: 652,000 Ks
👉Promotion Price: 7,498,000 Ks
💥Dragon Power Off-Grid Solar Inverter (DG-VMH 5048W) + Dragon Power LiFePO4 Battery (DPBT-51200-LP-R) (Rack Type)
Normal Price: 8,150,000 Ks
Cashback: 652,000 Ks
👉Promotion Price: 7,498,000 Ks
💥Dragon Power Off-Grid Solar Inverter (DG-VMH 5048W) + Dragon Power LiFePO4 Battery (DPBT-51100-LP-W) (Wall Type)
Normal Price: 5,250,000 Ks
Cashback: 420,000 Ks
👉Promotion Price: 4,830,000 Ks
ခု Promotion လေးကိုတော့ ⏳၂၀၂၃၊ ဒီဇင်ဘာ ၂၄ ရက်ကနေ ၂၀၂၄၊ ဇန်နဝါရီ ၂ ရက်⌛️အထိ ပြုလုပ်ပေးသွားမှာပါခင်ဗျာ..
✅Dragon Power Off-Grid Solar Inverter (DG-VMH 5048W) အတွက် Warranty 5 Years (Parts – 2 Years + Service – 3 Years) ပါဝင်ပြီး
✅Dragon Power LiFePO4 ဘက်ထရီတွေအတွက်တော့ Warranty 8 Years (Battery & Parts 5 Years + Service 3 Years) ပါဝင်လို့ စိတ်ချလက်ချ သုံးစွဲနိုင်ပါတယ်နော်..
လာမယ့်နှစ်မှာ တွင်ကျယ်လာဦးမယ့် Google ရဲ့ Gemini AI
************************
✨သိပ်မကြာခင်က Google ကနေ သူတို့ရဲ့ Gemini AI ကို တရားဝင်မိတ်ဆက်ခဲ့ပါတယ်။ Android OS နဲ့ Google Services တွေက တစ်ကမ္ဘာလုံးကို သိမ်းပိုက်ထားလို့ Gemini AI ဟာလည်း ကျိန်းသေပေါက် တွင်ကျယ်လာဦးမယ့် AI ဝန်ဆောင်မှုတစ်ခု ဖြစ်လာမှာပါ။
✨Google အနေနဲ့လည်း ဒါနဲ့ပတ်သက်ပြီး စီမံကိန်းကြီးကြီး ရှိမှာသေချာလို့ အစွမ်းအထက်ဆုံး AI ဝန်ဆောင်မှုတစ်ခု ဖြစ်လာဖို့ သေချာလေး အားထုတ်ထားပုံပါပဲ။ အရင် Google Bard AI ကလည်း Gemini AI ကို အခြေခံထားတာပဲ ဖြစ်ပါတယ်။ Gemini AI က လက်ရှိ တွင်ကျယ်နေတဲ့ Chat GPT-4 ထက်တောင် သာလွန်အစွမ်းထက်တယ်လို့ ဆိုပါတယ်။
✨Gemini AI က စာသား၊ ပရိုဂရမ်ကုဒ်၊ ရုပ်ပုံ၊ ဗီဒီယို၊ အသံဖိုင် အားလုံးကို နားလည်သိရှိပြီး သုံးစွဲသူတွေကို အထောက်အကူပေးနိုင်မှာ ဖြစ်ပါတယ်။ Gemini AI မှာ ဗားရှင်း ၃ မျိုးရှိပြီး Gemini Nano, Gemini Pro နဲ့ Gemini Ultra လို့ ရှိပါတယ်။ Gemini Nano ကို စမတ်ဖုန်းတွေအတွက် ဒီဇိုင်းထုတ်ထားပြီး လောလောဆယ်မှာတော့ Google ကထုတ်တဲ့ Pixel 8 စီးရီး စမတ်ဖုန်းတွေမှာပဲ ရပါဦးမယ်။ လာမယ့်နှစ်ဆိုရင်တော့ စမတ်ဖုန်းတွေမှာ Gemini Nano ကို ကျယ်ကျယ်ပြန့်ပြန့် ထည့်သွင်းအသုံးပြုလာနိုင်ဖို့ ရှိနေပါတယ်။ Gemini Nano မှာ အင်တာနက်မလိုဘဲနဲ့တောင် အသုံးပြုနိုင်မယ့် လုပ်ဆောင်ချက်တွေလည်း ရှိနေမယ်လို့ သိရပါတယ်။
✨ဒီဗားရှင်းသုံးမျိုးထဲမှာ Gemini Ultra ကတော့ သူ့နာမည်အတိုင်း အဆင့်အမြင့်ဆုံးနဲ့ အကြမ်းဆုံး AI ဗားရှင်းပါပဲ။ ခက်ခဲနက်နဲ ရှုပ်ထွေးတဲ့ကိစ္စတွေကိုတောင် ကိုင်တွယ်ဖြေရှင်းပေးနိုင်ပြီး သင်္ချာ၊ ရူပဗေဒ၊ ဆေးပညာ၊ သမိုင်း စတဲ့ ဘာသာရပ်အမျိုးမျိုးကို ပေါင်းစပ်ထားတဲ့ နားလည်နိုင်စွမ်းမျိုး ရှိမယ်လို့ ဆိုပါတယ်။ ဒီတော့ စွယ်စုံကျွမ်းကျင်ပါရဂူတစ်ယောက်လို ဒါမှမဟုတ် ဉာဏ်ကြီးရှင်အဖွဲ့လိုမျိုး ကူညီနိုင်မလား? စိတ်ဝင်စားစရာပါပဲ။ ဒီလို အမိုက်စား Gemini Ultra ကတော့ ၂၀၂၄ ကျမှသာ ထွက်ပေါ်လာမှာ ဖြစ်ပါတယ်။
တွဲဖက်သုံးစွဲနိုင်မယ့် 𝐃𝐫𝐚𝐠𝐨𝐧 𝐏𝐨𝐰𝐞𝐫 𝐈𝐧𝐯𝐞𝐫𝐭𝐞𝐫 တွေနဲ့ 𝐃𝐫𝐚𝐠𝐨𝐧 𝐏𝐨𝐰𝐞𝐫 𝐋𝐢𝐅𝐞𝐏𝐎𝟒 𝐁𝐚𝐭𝐭𝐞𝐫𝐲 များ
*******************************
☑️လျှပ်စစ်မီးလိုအပ်ချက်အတွက် လိုက်ဖက်ညီညီ တွဲဖက်သုံးစွဲနိုင်မယ့် Dragon Power Inverter တွေနဲ့ Dragon Power LiFePO4 ဘက်ထရီတွေကို မိတ်ဆက်ပေးပါရစေခင်ဗျာ..🙏
မီးအားမတည်ငြိမ်လို့၊ မီး ခဏခဏ ပျက်နေလို့ အလုပ်တွေ နှောင့်နှေး ကြန့်ကြာမှာကို စိုးရိမ်ပူပန်နေစရာ မလိုတော့ပါဘူးနော်..🤗
☑️လျှပ်စစ်ပစ္စည်းတွေ ရှေည်ခံစေဖို့၊ လျှပ်စစ်နဲ့လည်ပတ်နေရတဲ့ အခြေခံ လုပ်ငန်းတွေ အလုပ်ပြီးမြောက်အောင်မြင်စေဖို့အတွက်
လျှပ်စစ်မီး အဆက်မပြတ်စေဖို့ ကူညီပေးမှာက Dragon Power အမှတ်တံဆိပ် Inverter နဲ့ LiFePO4 ဘက်ထရီတွေပါပဲ..👍
☑️Dragon Power LiFePO4 ဘက်ထရီတွေက New Cells တွေ အသုံးပြုထားလို့ စိတ်ချလက်ချ အသုံးပြုနိုင်ပါတယ်ခင်ဗျာ..😎
☑️ဒါတွေကို ဆိုလာပြားတွေနဲ့လည်း တွဲဖက်လို့ အချိန်အကြာကြီး သုံးစွဲနိုင်ဦးမှာ ဖြစ်ပါတယ်..😍
☑️Dragon Power Inverter တွေအတွက် Warranty 5 Years (Parts – 2 Years + Service – 3 Years) ပါဝင်ပြီး
☑️Dragon Power LiFePO4 ဘက်ထရီတွေအတွက်တော့ Warranty 8 Years (Battery & Parts 5 Years + Service 3 Years) ပါဝင်လို့ စိတ်ချလက်ချ သုံးစွဲနိုင်ပါတယ်နော်..
“Product Description”
𝓓𝓻𝓪𝓰𝓸𝓷 𝓟𝓸𝔀𝓮𝓻 𝓘𝓷𝓿𝓮𝓻𝓽𝓮𝓻
----------------------------------
⚡️Dragon Power Off-Grid Solar Inverter (DG-VMH 5048W)
Operating Temperature Range: 0-40°C
Inverter mode - - Rated Power: 5KVA/5000W
DC Input: 48VDC, 115A
AC Output: 208,220,230,240VAC, 21.7A
AC Charger Mode - - AC Input: 208-240VAC, 50/60Hz, 30A
DC Output: 54VDC, 80A Max
Solar Charger Mode - - Current: 80A Max
System Voltage: 48VDC
Max Solar Voltage (VOC): 450VDC
Price: 1,650,000 Ks
⚡️Dragon Power Combined Inverter Pure Sine Wave (DG-MPS 6048)
System Voltage: 48V Sine Wave
Rated Output Power: 6000VA
Normal Output Voltage: 230Vac, 50Hz±0.3Hz
Output Voltage Regulation: ±10%rms
DC Input Voltage: 48V
Price: 1,930,000 Ks
⚡️Dragon Power Combined Inverter Pure Sine Wave (DG-MPS 3024)
System Voltage: 24V Sine Wave
Rated Output Power: 3000VA
Normal Output Voltage: 230Vac, 50Hz±0.3Hz
Output Voltage Regulation: ±10%rms
DC Input Voltage: 24V
Price: 1,250,000 Ks
⚡️Dragon Power Sine Wave Inverter (DG-1200VA-LCD 12V)
Battery Voltage- 12V DC
AC Input Voltage Range- UPS Mode: 145-270±5 (Vac)
INV Mode: 100-290±5 (Vac)
AC Input Frequency Range- 45-65Hz
Output Voltage (AC Mode)- UPS Mode: 203-238±5 (Vac)
INV Mode: 150-255±5 (Vac)
Output Voltage (Battery Mode)- 220±10 (Vac)
Output Frequency (Battery Mode)- 50Hz±0.5Hz
Output Wave Form (Battery Mode)- Sine Wave
Transfer Time-
𝐍𝐞𝐰 𝐘𝐞𝐚𝐫 𝐂𝐚𝐬𝐡𝐛𝐚𝐜𝐤 𝐏𝐫𝐨𝐦𝐨𝐭𝐢𝐨𝐧 (12-Dec-2023 to 2-Jan-2024)
***************************
2023 ကုန်ဆုံးလို 2024 နှစ်သစ်ကူးချိန်ခါလေးမှာ အထူးပရိုမိုးရှင်းလေးတစ်ခုနဲ့ မိတ်ဆက်ပေးပါရစေ..🙏🙏
Evolve Tech ကနေ တင်သွင်းဖြန့်ဖြူး ရောင်းချပေးနေတဲ့ Crome, AULA Gaming နဲ့ HP Gaming Products လေးတွေအတွက်
၁၀,၀၀၀ ကျပ်အထိ Cashback လေးတွေ ပေးသွားဖို့ စီစဉ်ထားပါတယ်ခင်ဗျ..🤗
⏰ခု Promotion လေးကိုတော့ ၂၀၂၃၊ ဒီဇင်ဘာ ၁၂ ရက်ကနေ ၂၀၂၄၊ ဇန်နဝါရီ ၂ ရက်အထိ ပြုလုပ်ပေးသွားမှာပါခင်ဗျာ..
Brand အလိုက် အစီအစဉ်လေးတွေကို အောက်မှာ အသေးစိတ် ဖော်ပြပေးထားပါတယ်နော်..🥰
Crome
====
Crome Wireless Combo (CK800G+CM139G)
✔Cashback: 5,000 Ks
Crome Silent Wired Combo (CK800U+CM523U)
✔Cashback: 5,000 Ks
Crome Silent Wired Combo (CK810U+CM523U)
✔Cashback: 5,000 Ks
Crome Wireless Combo (CK150G+CM136G)
✔Cashback: 3,000 Ks
Crome Wired Combo (CK190U+CM320U)
✔Cashback: 3,000 Ks
Crome Wired Combo (CK150U+CM136U)
✔Cashback: 3,000 Ks
Crome Wired Combo (CK-03U + CM-32BU)
✔Cashback: 3,000 Ks
Crome Extension Socket များ (B34, G34, G35, G36, G53, G54, G55, G56, B54, B55, B58, U56)
✔Cashback: 5,000 Ks
KENZO Extension Socket များ (S31, S41, S51, S61)
✔Cashback: 5,000 Ks
Crome Travel Adaptor CS-T454U, CS-306PD
✔Cashback: 10,000 Ks
HP Gaming
=======
HP Gaming Keyboard Combo များ
✔Cashback: 5,000 Ks
HP Mechanical Gaming Keyboard များ
✔Cashback: 10,000 Ks
HP Gaming Mouse များ
✔Cashback: 3,000 Ks
AULA Gaming
=========
AULA Gaming Combo များ
✔Cashback: 5,000 Ks
AULA Mechanical Gaming Keyboard များ
✔Cashback: 10,000 Ks
AULA Gaming Mouse များ
✔Cashback: 3,000 Ks
AULA Wired Gaming Microphone T1
✔Cashback: 10,000 Ks
𝐁𝐮𝐲 𝟏 𝐆𝐞𝐭 𝟏 အမှန်အကန်ပေးမယ့် 12-12 Promotion မှာမှ မဝယ်ရင် ဘယ်အချိန် သွားဝယ်မလဲ?
**************************
Evolve Tech ကုမ္ပဏီကနေ အမှန်အကန် တင်သွင်းဖြန့်ချိပေးနေတဲ့
Crome, HP Gaming, AULA Gaming တံဆိပ်တွေထဲက
Gaming Headphone, Earphone လေးတွေနဲ့ Gaming Chair Products လေးတွေအတွက်
အမှန်အကန်ပေးမယ့် Buy 1 Get 1 Promotion လေး လာပါပြီနော်..😍
တစ်ခုဝယ်ရုံနဲ့ နောက်တစ်ခု အမှန်အကန်ပေးမယ့် Buy 1 Get 1 Promotion လေးမို့ တစ်ခုဝယ်ရုံနဲ့ နှစ်ခုသယ်ပြီး ပြန်ရမှာ အမှန်ပါပဲ..😊
မော်ဒယ်အတူတူချည်းပဲ ၂ ခု မယူချင်ဘူး.. တခြား မတူတာလေးပဲ ယူချင်တယ်ဆိုလည်း
AULA ဝယ်ရင် AULA ထဲက.. Crome ဝယ်ရင် Crome ထဲက.. HP ဝယ်ရင် HP ထဲက တန်ဖိုးတူ ဒါမှမဟုတ် ပိုများတာကို ထပ်ဆောင်းငွေပေးပြီးတော့ ရွေးလို့ရပါမယ်ခင်ဗျာ..🤗
AULA Gaming Chair တွေအတွက်ကတော့ ပြန်အမ်းငွေ ကျပ် ၁၈၀,၀၀၀ အထိ ပေးသွားဦးမှာနော်..🤩
ကဲ.. ဘာလိုသေးလဲ?
⏰12.12 အထိမ်းအမှတ်မို့လို့ ဒီဇင်ဘာ ၁၂ ရက်နဲ့ ၁၃ ရက် နှစ်ရက်ထဲသာ ခံစားခွင့်ရမယ့်
ခု Promotion မှာ ပါဝင်တဲ့ မော်ဒယ်တွေကတော့ …
Crome မှာ-
Buy 1 Get 1
------------
✔️Crome Bluetooth Neckband (CS-86BT)
✔️Crome Bluetooth Headphone (CH-89BT)
✔️Crome Gamine Headphone (GH-X6)
✔️Crome Gamine Headphone (GH-X7)
HP Gaming မှာ-
Buy 1 Get 1
------------
✅HP Gaming Headphone (H500GS)
✅HP Gaming Headphone (H360GS)
✅HP Gaming Headphone (H320GS)
✅HP Gaming Headphone (H220GS)
AULA Gaming မှာ-
Buy 1 Get 1
------------
☑️AULA Gaming Headphone (S600)
☑️AULA Gaming Headphone (S603)
☑️AULA Gaming Headphone (S605)
Cashback – 180,000 Ks
------------------------
☑️AULA Gaming Chair (F1007)
☑️AULA Gaming Chair (F8041)
Job Vacancy (Urgently Required)
********************
Junior Marketing Executive ---> ကျား/မ (2) ဦး
-----------------------------------------
🎯 တက္ကသိုလ်တစ်ခုခုမှ ဘွဲ့ရရှိပြီး (သို့) တက္ကသိုလ်ဝင်တန်း အောင်မြင်ပြီးသူ၊ ကွန်ပျူတာ ကျွမ်းကျင်စွာတက်မြောက်ပြီး အသက် (၃၀) နှစ်အောက် ဖြစ်ရမည်။ Dealer Channel Sales နှင့်ပတ်သက်သော လုပ်ငန်း အတွေ့အကြုံ (၁) နှစ်အထက် ရှိရမည်။ Sales & Marketing Diploma (or) Certificate ရရှိထားသူများကို ဦးစားပေးမည်။ Distribution Sales လုပ်နိုင်သူများ ဦးစားပေးမည်။
🎯 လူမှုဆက်ဆံရေးကောင်းမွန်ပြီး ကွန်ပျူတာ၊ အင်ဗာတာ၊ ဘက်ထရီနှင့်ပတ်သက်သော ဆက်စပ်ပစ္စည်းများအတွက် ဈေးကွက်ထိုးဖောက်ခြင်းလုပ်ငန်းများ ဆောင်ရွက်ရမည်။ Dealer/Reseller အရောင်းဆိုင်များထံ သွားရောက်ရှင်းလင်းရောင်းချခြင်း၊ Dealer/Reseller အရောင်းဆိုင်များထံမှ Sales Order များကို တယ်လီဖုန်းဖြင့်လက်ခံပြီး အချိန်မီပို့ဆောင်နိုင်ရန် စီမံခြင်းတို့ကို ဆောင်ရွက်ရမည်။ လုပ်ငန်းလိုအပ်ချက်အတိုင်း နယ်မြို့များသို့ ခရီးသွားနိုင်ရမည်။
Cashier ---> မ (1) ဦး
---------------------
🎯 တက္ကသိုလ်မှ ဘွဲ့တခုခု ရရှိပြီးသူ ဖြစ်ရမည်။
🎯 Cashier နေရာတွင် လုပ်ငန်းအတွေ့အကြုံ အနည်းဆုံး 1 နှစ် ရှိရမည်။
🎯 LCCI level 2 အောင်မြင်ပြီးသူ ဦးစားပေးမည်။
🎯 Microsoft Excel အား ကျွမ်းကျင်စွာ အသုံးပြုနိုင်ရမည်။
🎯 အလုပ်လုပ်ကိုင်ရာတွင် တိကျမှုရှိပြီး အကျင့်စာရိတ္တ ကောင်းမွန်ရမည်။
Junior Electrical Engineer
---------------------------
🔹သက်ဆိုင်ရာ လုပ်ငန်းအတွေ့အကြုံ (၁) နှစ် အနည်းဆုံးရှိသူ ဖြစ်ရမည်။
🔹ဘက်ထရီ၊ အင်ဗာတာနှင့်ဆိုလာပိုင်းဆိုင်ရာ ကျွမ်းကျင်သူ၊ ပြုပြင်နိုင်သူ ဦးစားပေးပါမည်။
🔹အများနှင့်ပူးပေါင်းဆောင်ရွက်နိုင်သူ ဖြစ်ရမည်။
🔹စက်ပစ္စည်း ပြင်ဆင်မှုအပိုင်းလုပ်ချင်သူ လုပ်ဖူးသူ ဖြစ်ရမည်။
🔹လိုအပ်ပါက Outdoor Service များ လိုက်လံဆောင်ရွက်ရပါမည်။
🔹သွက်လက်ချက်ချာပြီး ချက်ချင်းအလုပ်ဝင်နိုင်သူ ဦးစားပေးပါမည်။
=========================================
**ခံစားခွင့်**
# အခြေခံလစာ+ခရီးစရိတ် (အမြဲတမ်းဝန်ထမ်းဖြစ်လျှင် Target Commission ခံစားခွင့် ရှိမည်။)
# တစ်ပတ် တစ်ရက် ပိတ်သည်။
# အလုပ်ချိန်- မနက် 9:30 မှ ညနေ 5:30
# အများပြည်သူအလုပ်ပိတ်ရက်များအတွက် OT Allowance ခံစားခွင့် (သို့) အလှည့်ကျ နားခွင့်ရှိသည်။
# အမြဲတမ်းဝန်ထမ်းဖြစ်လျှင် Uniform စီစဉ်ပေးမည်။
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။
☑️လျှောက်ထားလိုသူများသည် ပတ်စပို့ဓာတ်ပုံ (၁) ပုံ၊ ကိုယ်ရေးရာဇဝင်အပြည့်အစုံ (လျှောက်ထားလိုသော ရာထူးနှင့် ဆက်သွယ်ရမည့် ဖုန်းနံပါတ် ထည့်ပေးရန်) ၊ Job ပညာရေးအောင်လက်မှတ်မိတ္တူများ၊ ယခင်အလုပ်လုပ်ကိုင်ဖူးက ယခင်အလုပ်မှ ထောက်ခံစာ၊ နိုင်ငံသားစိစစ်ရေးကဒ်ပြား မိတ္တူ၊ သန်းခေါင်စာရင်း မိတ္တူများနှင့် ⏰15-Dec-2023 နောက်ဆုံးထား၍ [email protected] သို့ email ပေးပို့၍ လျှောက်ထားနိုင်သည်။
ကွန်ပျူတာသုံးတဲ့အခါ ကျန်းမာရေးနဲ့ညီအောင် ဘယ်လို လုပ်ရမလဲ❓
**************************
ဒီနေ့ခေတ်မှာ အလုပ်ကိစ္စအတွက် ဖြစ်ဖြစ်၊ ပညာရေးအတွက် ဖြစ်ဖြစ်၊ ဖျော်ဖြေရေးအတွက် ဖြစ်ဖြစ် ကွန်ပျူတာကို အချိန် အကြာကြီး သုံးရတာတွေ ရှိလာပါတယ်။ ဒီလို ကွန်ပျူတာကို အချိန်ကြာမြင့်စွာ အသုံးပြုတဲ့အခါ နောက်ဆက်တွဲ ကျန်းမာရေးပြဿနာတွေလည်း ဖြစ်ပွားလာတတ်ပါတယ်။ ဒါက သတိလက်လွတ် သုံးချင်သလို သုံးတဲ့အခါ ပိုကြုံရနိုင်ပြီး ကျန်းမာရေးနဲ့ ညီညွတ်အောင် စနစ်တကျလေး သုံးစွဲမယ်ဆိုရင်တော့ ပိုကောင်းမှာ အမှန်ပါပဲ။ ဒါကြောင့် ကျန်းမာရေးနဲ့အညီ ကွန်ပျူတာသုံးနိုင်ဖို့ ဆောင်ရန် ရှောင်ရန် အချက်လေးတွေကို ဗဟုသုတအနေနဲ့ အနည်းငယ်လောက် မျှဝေပေးပါရစေခင်ဗျာ။🤗
1️⃣ အနေအထား မှန်ပါစေ..👩💻
ကွန်ပျူတာမော်နီတာရဲ့ အနေအထား၊ မောက်စ်နဲ့ ကီးဘုတ်တွေရဲ့ အနေအထား၊ အသုံးပြုသူရဲ့ အနေအထားတွေ မှန်ကန်နေဖို့ လိုပါတယ်။ ခပ်မတ်မတ်လေး ထိုင်သုံးသင့်ပြီး ခါးရှေ့ကိုင်း သုံးတာမျိုး၊ မော်နီတာမျက်နှာပြင်ကို ကပ်ကြည့် သုံးတာမျိုးတွေ မလုပ်သင့်ပါဘူး။ မော်နီတာက မျက်လုံးရှေ့တည့်တည့်ရဲ့ ၁၅° လောက် နိမ့်တဲ့အနေအထားမျိုးမှာ ရှိသင့်ပါတယ်။ လက်တော့ပ်တွေဆိုလည်း မော်နီတာနဲ့ချိတ်သုံးတာမျိုး၊ ဒါမှမဟုတ် Laptop Stand ပေါ် တင်ပြီး မျက်နှာပြင်ကို အပေါ် မြှင့်တင်တာမျိုး ပြုလုပ်သင့်ပါတယ်။ ကီးဘုတ်ကိုလည်း မနိမ့်လွန်း မမြင့်လွန်းဘဲ လက်ကောက်ဝတ် သက်သောင့်သက်သာ ရှိတဲ့ အနေအထားမျိုးမှာ ထားသုံးသင့်ပါတယ်။
2️⃣ အလင်း အမှောင်ကို ဂရုစိုက်ရမယ်..👀
ကွန်ပျူတာသုံးတဲ့အခါ ပတ်ဝန်းကျင် မှောင်မိုက်နေတာမျိုး မဖြစ်သင့်ဘဲ အလင်းရောင် ရှိနေသင့်ပါတယ်။ မော်နီတာမျက်နှာပြင်ရဲ့ အလင်းရောင် (Brightness) ကိုလည်း လျှော့ချ သုံးစွဲသင့်ပါတယ်။ ကွန်ပျူတာကြည့်မျက်မှန် တပ်သင့်ပြီး ခုနောက်ပိုင်း မော်နီတာတွေ၊ လက်တော့ပ်တွေမှာတော့ Blue light ကို လျှော့ချ သုံးစွဲနိုင်ပါတယ်။ အဲဒါကို Windows မှာတော့ Night light setting မှာ ချိန်ညှိနိုင်ပါတယ်။ Resolution မြင့်တဲ့ Display မျိုး သုံးတာကလည်း မျက်လုံးကျန်းမာရေးအတွက် ပိုကောင်းစေပါတယ်။ ဥပမာ- HD Display ထက် Full HD Display နဲ့ ကွန်ပျူတာကို သုံးတာမျိုးပေါ့။
3️⃣ အကြာကြီး တောက်လျောက်မသုံးဘဲ မကြာခဏ အနားပေးပါ..🚶♀️
ကွန်ပျူတာကို တောက်လျောက် အကြာကြီး မသုံးသင့်ဘဲ မကြာခဏ အနားပေးဖို့လည်း လိုပါတယ်။ ကွန်ပျူတာကို မိနစ် ၂၀ အသုံးပြုပြီးတိုင်း စက္ကန့် ၂၀ လောက် မျက်လုံးကို အနားပေးသင့်ပါတယ်။ ကွန်ပျူတာ တစ်နာရီ ထိုင်သုံးပြီးတိုင်း အညောင်းအညာပြေ လမ်းထလျှောက်တာမျိုး၊ မတ်တပ်ရပ် အကြောဆန့်တာမျိုး ပြုလုပ်ပေးသင့်ပါတယ်။ ဒီလိုမျိုး တစ်နာရီခြား တစ်ခါ သတိရအောင် စမတ်ဖုန်းနဲ့ဖြစ်ဖြစ်၊ စမတ်လက်ပတ်နာရီနဲ့ဖြစ်ဖြစ် Alarm ပေးထားလို့ ရပါတယ်။
4️⃣ ပုံမှန်သန့်ရှင်းရေး။🧹
ကွန်ပျူတာစားပွဲ၊ ကီးဘုတ်၊ မောက်စ် စတာတွေကို ပုံမှန်လေး သန့်ရှင်းရေး လုပ်ပေးသင့်ပါတယ်။ ဘက်တီးရီးယားနဲ့ တခြားအညစ်အကြေးတွေ စုဝေးနေနိုင်လို့ပါ။ လက်တော့ပ်ဆိုလည်း Keypad တွေနဲ့ အနားတဝိုက်မျက်နှာပြင်တွေကို သန့်ရှင်းရေး လုပ်ပေးရပါမယ်။ အခု အသစ်ထွက်လာတဲ့ ASUS Laptop တွေမှာတော့ ဘက်တီးရီးယားပိုးတွေ မကပ်ငြိအောင် ဖယ်ရှားပေးတဲ့ နည်းပညာ ပါဝင်လာလို့ သန့်ရှင်းရေးလုပ်ဖို့ ပျင်းတတ်ရင်တော့ ကွက်တိပါပဲဗျာ။😎
5️⃣ ပုံမှန် လေ့ကျင့်ခန်းတွေလည်း လိုတယ်။⛹️♀️
ကွန်ပျူတာကို တနေကုန်ထိုင်သုံးရသူတွေအနေနဲ့ ညနေပိုင်းမှာ ပုံမှန် ကိုယ်လက်လှုပ်ရှားအားကစား လေ့ကျင့်ခန်းလေးတွေကို ပြုလုပ်ပေးသင့်ပါတယ်။ ရေမချိုးခင် ၁၀ မိနစ်၊ ၁၅ မိနစ်လောက်ပဲ ဖြစ်ဖြစ် နေ့စဉ် သတိတရနဲ့ ပြုလုပ်ပေးသင့်ပါတယ်။ မကြာခဏ လမ်းထလျှောက်တာမျိုးလည်း ကောင်းပါတယ်။ လုပ်ငန်းခွင်မှာတော့ နည်းနည်းလေး ဆင်ခြင်ပေါ့။ တခြားသူတွေ မျက်စိနောက်နိုင်လို့ပါ။😁
Click here to claim your Sponsored Listing.
Videos (show all)
Category
Contact the business
Telephone
Website
Address
Pazundaung
11171
Opening Hours
Monday | 09:00 - 17:00 |
Tuesday | 09:00 - 18:00 |
Wednesday | 09:00 - 18:00 |
Thursday | 09:00 - 18:00 |
Friday | 09:00 - 18:00 |
Saturday | 09:00 - 18:00 |