JAPANYA-Japanese language and Music school.

ရေကျော်မှာ ဂျပန်စာစကားနှင့် Vocal training ကို သင်ယူနိုင်တဲ့ကျောင်း စတင်ဖွင့်လှစ်လိုက်ပါသည်။

Photos from JAPANYA-Japanese language and Music school.'s post 31/01/2021

ဒီနေ့မှာတော့ ယဉ်ကျေးမှုနဲ့သက်ဆိုင်တဲ့ စကားလုံးလေးတွေ တင်ပေးလိုက်ပါတယ်။ ဒီပုံလေးတွေနဲ့ တွဲမှတ်တယ်ဆိုရင် အားလုံးအတွက် မှတ်မိရလွယ်မယ်လို့ထင်ပါတယ်။ အားလုံးပဲအတူတူ လေ့လာကြရအောင်။
ဂျပန်စာကို စိတ်ဝင်စားသူများ လေ့လာချင်သူများ အောက်ပါဖုန်းနံပါတ်ကို ဆက်သွယ်နိုင်ပါတယ်။
JAPANYA
Phone No.- 09750230297
Address – No,7(5/B), YaeKyaw Street, 9 Ward, Pazundaung Township, Yangon, Burma

Photos from JAPANYA-Japanese language and Music school.'s post 30/01/2021

ဒီနေ့မှာတော့ နေရာနဲ့သက်ဆိုင်တဲ့ စကားလုံးလေးတွေ တင်ပေးလိုက်ပါတယ်။ ဒီပုံလေးတွေနဲ့ တွဲမှတ်တယ်ဆိုရင် အားလုံးအတွက် မှတ်မိရလွယ်မယ်လို့ထင်ပါတယ်။ အားလုံးပဲအတူတူ လေ့လာကြရအောင်။
ဂျပန်စာကို စိတ်ဝင်စားသူများ လေ့လာချင်သူများ အောက်ပါဖုန်းနံပါတ်ကို ဆက်သွယ်နိုင်ပါတယ်။
JAPANYA
Phone No.- 09750230297
Address – No,7(5/B), YaeKyaw Street, 9 Ward, Pazundaung Township, Yangon, Burma

Photos from JAPANYA-Japanese language and Music school.'s post 29/01/2021

ဒီနေ့မှာတော့ ဂျပန်နိုင်ငံရဲ့ နာမည်ကြီးတဲ့နေရာတွေထဲက တစ်ခုဖြစ်တဲ့ Tokyo Disneyland နဲ့ ပတ်သက်ပြီး ပြောပြချင်ပါတယ်။ Tokyo Disneyland ဟာ ဂျပန်နိုင်ငံကစားကွင်းတွေထဲက တစ်ခုဖြစ်ပြီး ကလေးတွေနဲ့ လူငယ်တွေကြားမှာ နာမည်ကြီးတဲ့ နေရာဖြစ်ပါတယ်။ Tokyo Disneylandဟာ Tokyo ရဲ့အနီးအနားမှာရှိတဲ့ Chiba ခရိုင် Urayasu မြို့မှာတည်ရှိပါတယ်။
ဒီ Tokyo Disneylandဟာ ပထမဦးဆုံး အမေရိကန်နိုင်ငံပြည်ပမှာ ဆောင်လုပ်တဲ့ Disneyland ကစားကွင်းဖြစ်ပြီး ၁၉၈၃ခုနှစ် ဧပြီလ ၁၅ရက်နေ့မှာ ဆောက်လုပ်ခဲ့တာဖြစ်ပါတယ်။ ဒီကစားကွင်းမှာ နေရာ ၇ နေရာခွဲထားပြီး The World Bazzar၊ Adventureland၊ Westernland၊ Fantasyland၊ Tomorrowland၊ Critter Countryနဲ့ Mickey’s Toontown ဆိုတဲ့ နာမည်တွေနဲ့ နေရာတွေကို ခွဲထားပါတယ်။ တချို့နေရာတွေဟာ American မှာရှိတဲ့ Disneyland နဲ့ ပုံစံတူဆောက်လုပ်ထားတဲ့ နေရာတွေဖြစ်ပါတယ်။ ဒီကစားကွင်းမှာဆိုရင်တော့ Disneylan character နဲ့ ရုပ်ရှင်တွေကို အခြေခံ၍ ဆောက်လုပ်ထားတာဖြစ်ပြီး Disneyland character လေးတွေကိုလည်း တွေ့မြင်နိုင်တဲ့ ကစားကွင်းဖြစ်ပါတယ်။ အားလုံးလည်း ဂျပန်ရောက်တဲ့အခါ ကိုယ်ချစ်ရတဲ့သူငယ်ချင်း မိသားစုတွေနဲ့အတူ Tokyo Disneyland ကိုသွားလည်ကြည့်ပါလို့ ပြောချင်ပါတယ်။ ဒီအကြောင်းအရာလေးကို စိတ်ဝင်စားတယ်ဆိုရင်တော့ Like & share လုပ်ပေးဖို့ မေတ္တာရပ်ခံအပ်ပါတယ်။ ဂျပန်စာကို စိတ်ဝင်စားသူများ လေ့လာချင်သူများ အောက်ပါဖုန်းနံပါတ်ကို ဆက်သွယ်နိုင်ပါတယ်။
JAPANYA
Phone No.- 09750230297
Address – No,7(5/B), YaeKyaw Street, 9 Ward, Pazundaung Township, Yangon, Burma

JAPANYA -Lesson33 ဂျပန်စာ‌ဝေါဟာရ(အချိုပွဲ)/ミャンマー語単語(デザート) 28/01/2021

【 👩‍🎓📖 ဂျပန်စာဝေါဟာရ Lesson 33✏️👨‍🎓 】
ဒီတစ်ခေါက်မှာတော့ JAPANYA ကနေ ဂျပန်စာကိုပျော်ပျော်ရွှင်ရွှင်လေ့လာနိုင်မယ့် ဗီဒီယို (Lesson 33) လေးကို ပြုလုပ်ထားပါတယ်။
စည်းချက်နဲ့အညီ ဂျပန်စာရဲ့အခြေခံဝေါဟာရလေးတွေကို အတူတူလေ့လာကြရအောင်။
ဒီတစ်ခေါက်လေ့လာရမှာက အချိုပွဲ ဖြစ်ပါတယ်။
ဒီဗီဒီယိုလေးကို နှစ်သက်တယ်ဆိုရင် share ပေးကြပါဦးနော်။
今回も、JAPANYAが日本語・ミャンマー語を楽しく学べる動画(Lesson33)を作りました。
楽しくリズムに合わせて日本語・ミャンマー語の基本単語を覚えましょう
今回Lesson33、テーマはデザートです。

https://youtu.be/bIat7-r2iQo

もしこの動画を気に入ってくださった方は、是非シェアよろしくお願い致します。

JAPANYA -Lesson33 ဂျပန်စာ‌ဝေါဟာရ(အချိုပွဲ)/ミャンマー語単語(デザート) ဒီတစ်ခေါက်မှာတော့ JAPANYA ကနေ ဂျပန်စာကိုပျော်ပျော်ရွှင်ရွှင်လေ့လာနိုင်‌မယ့် ဗီဒီယို (Lesson 33)လေး‌ကို ပြုလုပ်ထားပါတ...

Photos from JAPANYA-Japanese language and Music school.'s post 27/01/2021

ဒီနေ့မှာတော့ ဂျပန်နိုင်ငံရဲ့ ရိုးရာအစားအစာဖြစ်တဲ့ Sushi (寿司) နဲ့ ပတ်သက်ပြီး ပြောပြချင်ပါတယ်။ အားလုံးသိကြတဲ့အတိုင်းပဲ ဆူရှီဆိုတာ ရှာလကာရည်၊ ဆား၊သကြားနဲ့ နယ်ထားတဲ့ထမင်းကို အထဲမှာ ဟင်းသီးဟင်းရွက် ပင်လယ်စာ အသားစိမ်းထည့်ထားတဲ့ အစားအစာဖြစ်ပါတယ်။ ဆူရှီရဲ့ အဓိကအရသာကတော Shari သို့မဟုတ် Sumeshi လို့ခေါ်တဲ့ ထမင်းဟာ အဓိကပါဝင်ပစ္စည်းဖြစ်ပါတယ်။
ဆူရှီရဲ့မူလဟာ Narezushi လို့ခေါ်တဲ့ အစားအစား (ထမင်းနဲ့အချဉ်ဖောက်သိပ်ထားတဲ့ငါး) က ဆင်းသက်လာတာဖြစ်ပြီး ရှေးခေတ် ဂျပန်လူမျိုးတွေအတွက် အဓိကအစားအစာဖြစ်ခဲ့ပါတယ်။ Muromachi ခေတ်ရောက်တဲ့အခါ ရှာလကာရည်ကို ထည့်ပြီးပြုလုပ်လာခဲ့ကြပြီး Edo ခေတ်ရောက်တဲ့အခါမှာ လက်ဆတ်တဲ့ငါး နဲ့ ရေညှိကို ရှာလကာရည်ထည့်ထားတဲ့ ထမင်းနဲ့ ပြုလုပ်ခဲ့ကြရာမှစပြီး ဆူရှီဟာ အစားအစာတွေကြားမှာ ရေပန်းစားလာခဲ့ပါတယ်။ အခုချိန်မှာတော့ ဆူရှီဟာ တစ်ကမ္ဘာလုံးကသိကြတဲ့ ဂျပန်နိုင်ငံရိုးရာအစားအစာဖြစ်ပြီး အမျိုးမျိုး ပြုလုပ်လာခဲ့ကြပါတယ်။ အားလုံးသိတဲ့အတိုင်းပဲ ဆူရှီမှာ အမျိုးအစားအမျိုးမျိုးရှိပါတယ်။ Chirashizushi၊ Makizushi၊ Narezushi၊ Nigirizushi၊ Oshizushi နဲ့ စသဖြင့်ရှိပြီး အနောက်တိုင်းနိုင်ငံက ဆန်းသစ်ပြုလုပ်ထားတဲ့ ဆူရှီအမျိုးအစားတွေလည်းရှိပါတယ်။ အားလုံးလည်း ဆူရှီကို တော်တော်များများစားဖူးကြမယ်လို့ထင်ပါတယ်။ ဂျပန်ရောက်တဲ့အခါမှာ ဆူရှီကိုအမျိုးအစားစုံလင်အောင် သွားစားကြည့်ပါလို့ပြောချင်ပါတယ်။ ဒီအကြောင်းအရာလေးကို စိတ်ဝင်စားတယ်ဆိုရင်တော့ Like & share လုပ်ပေးဖို့ မေတ္တာရပ်ခံအပ်ပါတယ်။ ဂျပန်စာကို စိတ်ဝင်စားသူများ လေ့လာချင်သူများ အောက်ပါဖုန်းနံပါတ်ကို ဆက်သွယ်နိုင်ပါတယ်။
JAPANYA
Phone No.- 09750230297
Address – No,7(5/B), YaeKyaw Street, 9 Ward, Pazundaung Township, Yangon, Burma

Photos from JAPANYA-Japanese language and Music school.'s post 26/01/2021

ဒီနေ့မှာတော့ လမ်းနဲ့သက်ဆိုင်တဲ့ စကားလုံးလေးတွေ တင်ပေးလိုက်ပါတယ်။ ဒီပုံလေးတွေနဲ့ တွဲမှတ်တယ်ဆိုရင် အားလုံးအတွက် မှတ်မိရလွယ်မယ်လို့ထင်ပါတယ်။ အားလုံးပဲအတူတူ လေ့လာကြရအောင်။
ဂျပန်စာကို စိတ်ဝင်စားသူများ လေ့လာချင်သူများ အောက်ပါဖုန်းနံပါတ်ကို ဆက်သွယ်နိုင်ပါတယ်။
JAPANYA
Phone No.- 09750230297
Address – No,7(5/B), YaeKyaw Street, 9 Ward, Pazundaung Township, Yangon, Burma

Photos from JAPANYA-Japanese language and Music school.'s post 25/01/2021

ဒီနေ့မှာတော့ ဂျပန်နိုင်ငံရဲ့ နာမည်ကြီးတဲ့နေရာတစ်ခုဖြစ်တဲ့ Miyagi Zao Fox Village (宮城蔵王キツネ村) အကြောင်းနဲ့ ပတ်သက်ပြီး ပြောပြချင်ပါတယ်။ Fox Village ဆိုတဲ့အတိုင်းပဲ ဂျပန်နိုင်ငံရဲ့ ချစ်စရာကောင်းတဲ့ မြေခွေးလေးတွေ ရှိတဲ့နေရာဖြစ်ပါတယ်။ Miyagi Zao Fox Village ဟာ Miyagi ခရိုင် Shiroishi မြို့ မှာ တည်ရှိပါတယ်။
ဒီနေရာဟာ ဂျပန်နိုင်ငံမှာ တစ်ခုတည်းရှိတဲ့ မြေခွေးရွာဆိုပြီး နိုင်ငံခြားသားခရီးသွားတွေကြားမှာ နာမည်ကြီးပြီး မြေခွေးလေးတွေနဲ့ ရင်းနှီးချင်တဲ့သူတွေအတွက် သွားသင့်တဲ့နေရာလေးတစ်ခုဖြစ်ပါတယ်။ ဒီရွာလေးရဲ့ အထင်ကရနေရာလေးကတော့ မြေခွေးလေးတွေအများကြီး လျှောက်သွားနေတဲ့ ကွင်းပြင်ဖြစ်ပြီး အဲဒီ့နေရာမှာ မြေခွေးလေးတွေကို အစာကျွေးလို့ရပါတယ်။ မြေခွေးလေးတွေဟာ တစ်ခါတစ်ရံ ကိုက်တတ်တဲ့အတွက် ပွတ်သက်တာ ထိတာတွေတော့ သတိထားရပါမယ်။ Miyagi Zao Fox Village မှာ မြေခွေးပေါင်းအကောင်ရေ ၁၀၀ကျော်ရှိပြီး မြေခွေး အနီရောင် ၊ အဖြူရောင်စသဖြင့် မြေခွေးအမျိုးအစား အမျိုးမျိုးရှိပါတယ်။ မြေခွေးလေးတွေသာမက အခြားယုန်၊ မြင်း၊ ဆိတ်၊ ပူး စတဲ့တိရစ္ဆာန်လေးတွေလည်း ရှိပါတယ်။ အိမ်ပြန်လက်ဆောင်အတွက် ဆိုင်တွေလည်းရှိပြီး များသောအားဖြင့် မြေခွေးအရုပ်လေးတွေနဲ့ လက်ဆောင်ပစ္စည်းလေးတွေလည်း ဝယ်လို့ရပါတယ်။ အားလုံးလည်း ဂျပန်ရောက်တဲ့အခါ ချစ်စရာကောင်းတဲ့ မြေခွေးလေးတွေရဲ့ ရွာကို သွားလည်ကြည့်ပါလို့ပြောချင်ပါတယ်။ ဒီအကြောင်းအရာလေးကို စိတ်ဝင်စားတယ်ဆိုရင်တော့ Like & share လုပ်ပေးဖို့ မေတ္တာရပ်ခံအပ်ပါတယ်။ ဂျပန်စာကို စိတ်ဝင်စားသူများ လေ့လာချင်သူများ အောက်ပါဖုန်းနံပါတ်ကို ဆက်သွယ်နိုင်ပါတယ်။
JAPANYA
Phone No.- 09750230297
Address – No,7(5/B), YaeKyaw Street, 9 Ward, Pazundaung Township, Yangon, Burma

Photos from JAPANYA-Japanese language and Music school.'s post 24/01/2021

ဒီနေ့မှာတော့ နိုင်ငံနဲ့သက်ဆိုင်တဲ့ စကားလုံးလေးတွေ တင်ပေးလိုက်ပါတယ်။ ဒီပုံလေးတွေနဲ့ တွဲမှတ်တယ်ဆိုရင် အားလုံးအတွက် မှတ်မိရလွယ်မယ်လို့ထင်ပါတယ်။ အားလုံးပဲအတူတူ လေ့လာကြရအောင်။
ဂျပန်စာကို စိတ်ဝင်စားသူများ လေ့လာချင်သူများ အောက်ပါဖုန်းနံပါတ်ကို ဆက်သွယ်နိုင်ပါတယ်။
JAPANYA
Phone No.- 09750230297
Address – No,7(5/B), YaeKyaw Street, 9 Ward, Pazundaung Township, Yangon, Burma

Photos from JAPANYA-Japanese language and Music school.'s post 23/01/2021

ဒီနေ့မှာတော့ အလုပ်အကိုင်နဲ့သက်ဆိုင်တဲ့ စကားလုံးလေးတွေ တင်ပေးလိုက်ပါတယ်။ ဒီပုံလေးတွေနဲ့ တွဲမှတ်တယ်ဆိုရင် အားလုံးအတွက် မှတ်မိရလွယ်မယ်လို့ထင်ပါတယ်။ အားလုံးပဲအတူတူ လေ့လာကြရအောင်။
ဂျပန်စာကို စိတ်ဝင်စားသူများ လေ့လာချင်သူများ အောက်ပါဖုန်းနံပါတ်ကို ဆက်သွယ်နိုင်ပါတယ်။
JAPANYA
Phone No.- 09750230297
Address – No,7(5/B), YaeKyaw Street, 9 Ward, Pazundaung Township, Yangon, Burma

Photos from JAPANYA-Japanese language and Music school.'s post 22/01/2021

ဒီနေ့မှာတော့ ဂျပန်နိုင်ငံရဲ့ Omamori(お守り) အကြောင်းပြောပြချင်ပါတယ်။ Omamori ဆိုတာက ဂျပန်နိင်ငံရဲ့ ဗုဒ္ဓဘာသာဘုရားကျောင်းတွေ နတ်ဘုရားကျောင်းတွေမှာရှိတဲ့ ဘေးအန္တရာယ်ကင်းရှင်းဖို့ ကံကောင်းဖို့ ကျန်းမာဖို့စသဖြင့် ကိုယ့်ရဲ့လိုအင်ဆန္ဒအလျောက် ဆောင်ကြတဲ့ အဆောင်လေးတွေကို ပြောတာဖြစ်ပါတယ်။
Omamori ဟာ သယ်ရလွယ်ကူတဲ့ အိတ်အသေးလေးပုံစံရှိပြီး အထဲမှာ နတ်ဘုရားအစွမ်းတွေပါတယ်လို့ ယူဆကြပါတယ်။ အိတ်ရဲ့အပေါ်မှာ ချည်ကြိုးနဲ့ စည်းထားတဲ့ရည်ရွယ်ချက်ကတော့ နတ်ဘုရားရဲ့အစွမ်းတွေ အပြင်ကို ထွက်မသွားအောင်ဆိုတဲ့ အဓိပ္ပာယ်ရှိပါတယ်။ Omamori မှာလည်း အချစ်ရေးမှာ ကံကောင်းစေဖို့ ပညာရေးမှာအောင်မြင်စေဖို့ ကျန်းမာရေးကောင်းစေဖို့ ဘေးအန္တရာယ်တွေက ကာကွယ်စေဖို့ ဝင်ငွေကောင်းစေဖို့ ကလေးရဖို့ လုံခြုံဖို့ စသဖြင့် ရည်ရွယ်ချက်အမျိုးမျိုးနဲ့လိုက်ပြီး အမျိုးအစားလည်းကွာခြားပါတယ်။ အဆောင်ဆိုတဲ့အတိုင်း Omamori ကို ကိုယ်နဲ့မကွာ ဆောင်ထားကြရပြီး Omamori ကို အမြဲတမ်းယူမသွားနိုင်တဲ့သူတွေကတော့ အိမ်ရဲ့ ကိုယ်အမြဲတမ်းမြင်ရတဲ့နေရာမှာ ထားရပါတယ်။ ကိုယ်ကိုယ်တိုင်အတွက်မဟုတ်ဘဲနဲ့ ကိုယ့်ရဲ့သူငယ်ချင်းမိတ်ဆွေ မိသားစုဝင်တွေကို ကံကောင်းစေချင်လို့ Omamori ဝယ်ပေးလို့လည်းရပါတယ်။ နိုင်ငံခြားသားခရီးသွားအများစုဟာ ဘုရားကျောင်းတွေကို သွားလည်တဲ့အခါ အိမ်ပြန်လက်ဆောင်အနေနဲ့ Omamori ဝယ်ပေးတဲ့သူလည်းရှိပါတယ်။ အားလုံးလည်း ဂျပန်ရောက်တဲ့အခါ ပိုပြီးကံကောင်းအောင်လို့ Omamori လေးတွေကို ဝယ်ပြီး ဆောင်ထားကြပါလို့ ပြောချင်ပါတယ်။ ဒီအကြောင်းအရာလေးကို စိတ်ဝင်စားတယ်ဆိုရင်တော့ Like & share လုပ်ပေးဖို့ မေတ္တာရပ်ခံအပ်ပါတယ်။ ဂျပန်စာကို စိတ်ဝင်စားသူများ လေ့လာချင်သူများ အောက်ပါဖုန်းနံပါတ်ကို ဆက်သွယ်နိုင်ပါတယ်။
JAPANYA
Phone No.- 09750230297
Address – No,7(5/B), YaeKyaw Street, 9 Ward, Pazundaung Township, Yangon, Burma

JAPANYA -Lesson32 ဂျပန်စာ‌ဝေါဟာရ(ဟင်းခတ်အမွှေးအကြိုင်)/ミャンマー語単語(調味料) 21/01/2021

【 👩‍🎓📖ဂျပန်စာဝေါဟာရ Lesson ✏️👨‍🎓 】
ဒီတစ်ခေါက်မှာတော့ JAPANYA ကနေ ဂျပန်စာကိုပျော်ပျော်ရွှင်ရွှင်လေ့လာနိုင်မယ့် ဗီဒီယို (Lesson 32) လေးကို ပြုလုပ်ထားပါတယ်။
စည်းချက်နဲ့အညီ ဂျပန်စာရဲ့အခြေခံဝေါဟာရလေးတွေကို အတူတူလေ့လာကြရအောင်။
ဒီတစ်ခေါက်လေ့လာရမှာက ဟင်းခတ်အမွှေးအကြိုင် ဖြစ်ပါတယ်။
ဒီဗီဒီယိုလေးကို နှစ်သက်တယ်ဆိုရင် share ပေးကြပါဦးနော်။
今回も、JAPANYAが日本語・ミャンマー語を楽しく学べる動画(Lesson32)を作りました。
楽しくリズムに合わせて日本語・ミャンマー語の基本単語を覚えましょう
今回Lesson32、テーマは調味料です。

https://youtu.be/743e88uPIUQ

もしこの動画を気に入ってくださった方は、是非シェアよろしくお願い致します。

JAPANYA -Lesson32 ဂျပန်စာ‌ဝေါဟာရ(ဟင်းခတ်အမွှေးအကြိုင်)/ミャンマー語単語(調味料) ဒီတစ်ခေါက်မှာတော့ JAPANYA ကနေ ဂျပန်စာကိုပျော်ပျော်ရွှင်ရွှင်လေ့လာနိုင်‌မယ့် ဗီဒီယို (Lesson 32)လေး‌ကို ပြုလုပ်ထားပါတ...

Photos from JAPANYA-Japanese language and Music school.'s post 20/01/2021

ဒီနေ့မှာတော့ ဂျပန်နိုင်ငံရဲ့ သွားလည်လို့ကောင်းတဲ့ နာမည်ကြီးတဲ့နေရာတွေထဲကတစ်ခုဖြစ်တဲ့ Kawachi Fujien (河内藤園)လို့ခေါ်တဲ့ နေရာအကြောင်း ပြောပြချင်ပါတယ်။ Kawachi Fujien ဟာ နာမည်အတိုင်းပဲ Fuji လို့ခေါ်တဲ့ ခရမ်းရောင် Wisteria ပန်းနဲ့ နာမည်ကြီးပြီး Fukuoka ခရိုင် Kitakyushju မြို့မှာတည်ရှိပါတယ်။ ဥယျာဉ်ဟာ Wisteria ပန်းပွင့်တဲ့အချိန်အခါဖြစ်တဲ့ ဧပြီလအကုန် မှ မေလအစောပိုင်းနဲ့ Maple ရွက်အချိန်အခါဖြစ်တဲ့ ဆောင်းဦးရာသီအချိန်အခါမှာပဲ သွားလို့ရပါတယ်။
Kawachi Fujien ဥယျာဉ်ရဲ့ အထူးခြားဆုံးအရာတွေကတော့ အရှည် ၈၀ မီတာခန့်ရှိတဲ့ wisteria ပန်းစင်နဲ့ အရှည် ၁၀၀မီတာလောက်ရှိတဲ့ wisteria ပန်းနဲ့ အမိုးနဲ့ လုပ်ထားတဲ့ ပန်းလှိုင်ခေါင်းကြောင့်ဖြစ်ပါတယ်။ ပန်းတွေဟာလည်း အဖြူရောင်ကအစ ခရမ်းရင့်ရောင်အထိ အရောင်အမျိုးမျိုးနဲ့ ပွင့်နေပြီး အပင်တွေကနေ ပန်းတွေချိတ်ဆွဲထားသလိုမျိုး သဘာဝအလျောက် ပန်းတွေဟာ အစုလိုက်ပွင့်နေပါတယ်။ တောင်ကုန်းပေါ်ကနေလည်း ပန်းပင်တွေရဲ့အလှကို အပေါ်ကနေကြည့်နိုင်ပြီး ဘေးပတ်လည်မှာရှိတဲ့ maple ရွက်အပင်တွေရဲ့အလှနဲ့လည်း ဒီဥယျာဉ်ဟာ နာမည်ကြီးပါတယ်။ Kawachi Fujien ပန်းဥယျာဉ်ဟာ အခုနောက်ပိုင်းမှ နာမည်ကြီးလာတဲ့နေရာဖြစ်ပြီး ပန်းပွင့်တဲ့အချိန်မှာ နိုင်ငံခြားသားအမြောက်အမြားလာရောက်လည်ပတ်တဲ့ နေရာြဖစ်ပါတယ်။ သဘာဝရှုခင်းတွေနဲ့ ပန်းကြိုက်တဲ့သူတွေလည်း ဂျပန်ရောက်တဲ့အခါ Kawachi Fujien ဥယျာဉ်ကိုသွားလည်ပြီး ဓာတ်ပုံတွေအများကြီးရိုက်ခဲ့ကြပါလို့ပြောချင်ပါတယ်။ ဒီအကြောင်းအရာလေးကို စိတ်ဝင်စားတယ်ဆိုရင်တော့ Like & share လုပ်ပေးဖို့ မေတ္တာရပ်ခံအပ်ပါတယ်။ ဂျပန်စာကို စိတ်ဝင်စားသူများ လေ့လာချင်သူများ အောက်ပါဖုန်းနံပါတ်ကို ဆက်သွယ်နိုင်ပါတယ်။
JAPANYA
Phone No.- 09750230297
Address – No,7(5/B), YaeKyaw Street, 9 Ward, Pazundaung Township, Yangon, Burma

Photos from JAPANYA-Japanese language and Music school.'s post 18/01/2021

ဒီနေ့မှာတော့ ဂျပန်နိုင်ငံရဲ့ ရိုးရာပွဲတော်ထဲက တစ်ခုဖြစ်တဲ့ Nozawaonsen မှာပြုလုပ်တဲ့ Dosojin Matsuri (道祖伸祭り) မီးပုံပွဲ အကြောင်းပြောပြချင်ပါတယ်။ ဒီပွဲတော်ကို နှစ်စဉ် ဇန်နဝါရီလ ၁၅ရက်နေ့ Nagano ခရိုင် Nozawaonsen ရွာမှာ ကျင်းပပါတယ်။ ဒီပွဲတော်ဟာ ဂျပန်နိုင်ငံမှာ ကျင်းပပြုလုပ်တဲ့ မီးပုံပွဲတော်ကြီး ၃ခုထဲမှ တစ်ခုဖြစ်ပြီး ပွဲတော်ကို ၃ရက်ကျင်းပပြုလုပ်ပါတယ်။
ဒီပွဲတော်ကို စတင်ခဲ့တဲ့နှစ်ကို အတိအကျမသိပေမယ့် သမိုင်းမှတ်တမ်းများအရ ၁၈၆၃ခုနှစ်က စခဲ့တယ်လို့ သိရှိရပါတယ်။ ဒီပွဲတော်မှာ Hatsuakarikago (初灯籠)လို့ခေါ်တဲ့မီးတိုင်နဲ့ Shadan လို့ခေါ်တဲ့ သုံးထပ်ရှိသစ်သားနဲ့ပြုလုပ်ထားတဲ့ နတ်ဆင်ကို မီးရှို့တဲ့ပွဲအဖြစ်တဲ့ နာမည်ကြီးပါတယ်။ Hatsuakarikago မီးတိုင်ဟာ အမြင့် ၉မီတာခန့်ရှိပြီး အပေါ်ဆုံးမှာ မိသားစုအမှတ်တံဆိပ်ကိုတင်ထားကာ အောက်မှာ ထီးပုံစံရှိ အမိုးကို ထားပြီး အဲ့ဒီအောက်မှာ သူငယ်ချင်း မိသားစုဝင်တွေက ရေးထားတဲ့ ဆုတောင်းစာတွေကို ချိတ်ထားပါတယ်။ Shadan နတ်ဆင်ကို အမြင့် ၁၀မီတာ အကျယ် ၈မီတာ ခန့် ဆောက်ထားပါတယ်။ ပွဲတော်နေ့ည ၇နာရီအချိန်မှာ မီးစထွန်းပြီး ပွဲမှာ ပါဝင်သူအားလုံးဟာ Dosojin သီချင်းကို သီဆိုရင်း ပျော်ရွှင်စွာ ဟားသောက်ကြပါတယ်။ ဒီပွဲတော်ဟာ သဘာဝဘေးအန္တရာယ်မှ ကာကွယ်ဖို့ ကလေးငယ်များက ကောင်းမွန်စွာကြီးထွားဖို့နဲ့ ကံကောင်းစေဖို့ကို ရည်ရွယ်ပြီး ပြုလုပ်ကြတာဖြစ်ပါတယ်။ အားလုံးလည်း ဂျပန်ရောက်တဲ့အခါ Dosojin Matsuri မီးပုံပွဲမှာ ပါဝင်ဆင်နွှဲကြည့်ရင်း ဂျပန်နိုင်ငံရဲ့ ယဉ်ကျေးမှုကို လေ့လာကြည့်ပါလို့ ပြောချင်ပါတယ်။ ဒီအကြောင်းအရာလေးကို စိတ်ဝင်စားတယ်ဆိုရင်တော့ Like & share လုပ်ပေးဖို့ မေတ္တာရပ်ခံအပ်ပါတယ်။ ဂျပန်စာကို စိတ်ဝင်စားသူများ လေ့လာချင်သူများ အောက်ပါဖုန်းနံပါတ်ကို ဆက်သွယ်နိုင်ပါတယ်။
JAPANYA
Phone No.- 09750230297
Address – No,7(5/B), YaeKyaw Street, 9 Ward, Pazundaung Township, Yangon, Burma

Photos from JAPANYA-Japanese language and Music school.'s post 17/01/2021

ဒီနေ့မှာတော့ ခန္ဓာကိုယ်အစိတ်အပိုင်းနဲ့သက်ဆိုင်တဲ့ စကားလုံးလေးတွေ တင်ပေးလိုက်ပါတယ်။ ဒီပုံလေးတွေနဲ့ တွဲမှတ်တယ်ဆိုရင် အားလုံးအတွက် မှတ်မိရလွယ်မယ်လို့ထင်ပါတယ်။ အားလုံးပဲအတူတူ လေ့လာကြရအောင်။
ဂျပန်စာကို စိတ်ဝင်စားသူများ လေ့လာချင်သူများ အောက်ပါဖုန်းနံပါတ်ကို ဆက်သွယ်နိုင်ပါတယ်။
JAPANYA
Phone No.- 09750230297
Address – No,7(5/B), YaeKyaw Street, 9 Ward, Pazundaung Township, Yangon, Burma

Photos from JAPANYA-Japanese language and Music school.'s post 16/01/2021

ဒီနေ့မှာတော့ ကျောင်းနဲ့သက်ဆိုင်တဲ့ စကားလုံးလေးတွေ တင်ပေးလိုက်ပါတယ်။ ဒီပုံလေးတွေနဲ့ တွဲမှတ်တယ်ဆိုရင် အားလုံးအတွက် မှတ်မိရလွယ်မယ်လို့ထင်ပါတယ်။ အားလုံးပဲအတူတူ လေ့လာကြရအောင်။
ဂျပန်စာကို စိတ်ဝင်စားသူများ လေ့လာချင်သူများ အောက်ပါဖုန်းနံပါတ်ကို ဆက်သွယ်နိုင်ပါတယ်။
JAPANYA
Phone No.- 09750230297
Address – No,7(5/B), YaeKyaw Street, 9 Ward, Pazundaung Township, Yangon, Burma

Photos from JAPANYA-Japanese language and Music school.'s post 15/01/2021

ဒီနေ့မှာတော့ ဂျပန်နိုင်ငံရဲ့ ရိုးရာတူရိယာဖြစ်တဲ့ Wadaiko (和太鼓) အကြောင်းနဲ့ပက်သက်ပြီး ပြောပြချင်ပါတယ်။ Wadaiko ဆိုတာကတော့ ဂျပန်နိုင်ငံရဲ့ ရိုးရာဗုံ ကို ဆိုလိုတာဖြစ်ပါတယ်။ ဂျပန်ရိုးရာပုံပြင်တွေထဲမှာ Wadaiko ဟာ ၆ရာစုအစောပိုင်းလောက်က တရုတ်နိုင်ငံနဲ့ ကိုးရီးယားနိုင်ငံတွေမှ ဆင်းသက်လာတယ်ဆိုပြီး ဖော်ပြထားတာတွေ တွေ့ရပါတယ်။ တချို့သော Wadaiko တွေဟာ အိန္ဒိယနိုင်ငံက ရိုးရာဗုံတွေနဲ့လည်း အနည်းငယ်ဆင်တူတာတွေရှိပါတယ်။
ဂျပန်နိုင်ငံမှာ Wadaiko တည်ရှိခဲ့တာဟာ အေဒီ ၆ရာစု Kofun ခေတ်လောက်က တည်ရှိခဲ့တာဆိုပြီး ရှေးဟောင်းသုတေသနဆိုင်ရာ လေ့လာချက်များအရ သိရှိရပါတယ်။ သမိုင်းကြောင်းများအရ Wadaikoကို စစ်တိုက်ထွက်တဲ့အချိန်မှာ ဆက်သွယ်ဖို့ကိရိယာအဖြစ်နဲ့ ပွဲတော်များတွင် ဂီတတူရိယာအဖြစ်စသဖြင့် အသုံးပြုခဲ့ကြပါတယ်။ Wadaiko ပြုလုပ်နည်းဟာလည်း အမျိုးမျိုးကွဲပြားပြီး အမျိုးအစားလည်း ကွဲပြားပါတယ်။ အခုအချိန်မှာတော့ Wadaikoကို ဂီတဖျော်ဖြေရေးတူရိယာအဖြစ်နဲ့ ဂျပန်နိုင်ငံပြည်တွင်းသာမက တစ်ကမ္ဘာလုံးမှာ တင်ဆက်ပြသနေပါတယ်။ Wadaiko နဲ့ကပြ သရုပ်ဆောင်မှုကကွက်များမှာလည်း အမျိုးမျိုးရှိပြီး အထဲမှာမှ Kumi-daiko မှာ အဖွဲ့လိုက်သရုပ်ဆောင်တဲ့ ကကွက်ဖြစ်ပြီး ဂျပန်တစ်နိုင်ငံတည်းတင်မက တစ်ကမ္ဘာလုံးမှာ နာမည်ကြီးတဲ့ ကကွက်ဖြစ်ပါတယ်။ အားလုံးလည်း ဂျပန်ရောက်တဲ့အခါ Wadaikoနဲ့ ဖျော်ဖြေတင်ဆက်တဲ့ပွဲများကို သွားကြည့်ရင်း ဂျပန်နိုင်ငံရဲ့ ယဉ်ကျေးမှုလေ့လာကြည့်ပါလို့ ပြောချင်ပါတယ်။ ဒီအကြောင်းအရာလေးကို စိတ်ဝင်စားတယ်ဆိုရင်တော့ Like & share လုပ်ပေးဖို့ မေတ္တာရပ်ခံအပ်ပါတယ်။ ဂျပန်စာကို စိတ်ဝင်စားသူများ လေ့လာချင်သူများ အောက်ပါဖုန်းနံပါတ်ကို ဆက်သွယ်နိုင်ပါတယ်။
JAPANYA
Phone No.- 09750230297
Address – No,7(5/B), YaeKyaw Street, 9 Ward, Pazundaung Township, Yangon, Burma

JAPANYA -Lesson31 ဂျပန်စာ‌ဝေါဟာရ(အသုံးအဆောင်ပစ္စည်း)/ミャンマー語単語(小物) 14/01/2021

【 👩‍🎓📖 ဂျပန်စာဝေါဟာရ Lesson ✏️👨‍🎓】
ဒီတစ်ခေါက်မှာတော့ JAPANYA ကနေ ဂျပန်စာကိုပျော်ပျော်ရွှင်ရွှင်လေ့လာနိုင်မယ့် ဗီဒီယို (Lesson 31) လေးကို ပြုလုပ်ထားပါတယ်။
စည်းချက်နဲ့အညီ ဂျပန်စာရဲ့အခြေခံဝေါဟာရလေးတွေကို အတူတူလေ့လာကြရအောင်။
ဒီတစ်ခေါက်လေ့လာရမှာက အသုံးအဆောင်ပစ္စည်း ဖြစ်ပါတယ်။
ဒီဗီဒီယိုလေးကို နှစ်သက်တယ်ဆိုရင် share ပေးကြပါဦးနော်။
今回も、JAPANYAが日本語・ミャンマー語を楽しく学べる動画(Lesson31)を作りました。
楽しくリズムに合わせて日本語・ミャンマー語の基本単語を覚えましょう
今回Lesson31、テーマは小物です。

https://youtu.be/ReORnqFP7s4

JAPANYA -Lesson31 ဂျပန်စာ‌ဝေါဟာရ(အသုံးအဆောင်ပစ္စည်း)/ミャンマー語単語(小物) ဒီတစ်ခေါက်မှာတော့ JAPANYA ကနေ ဂျပန်စာကိုပျော်ပျော်ရွှင်ရွှင်လေ့လာနိုင်‌မယ့် ဗီဒီယို (Lesson 31)လေး‌ကို ပြုလုပ်ထားပါတ...

Photos from JAPANYA-Japanese language and Music school.'s post 13/01/2021

ဒီနေ့မှာတော့ ဂျပန်ရိုးရာအစားအစာဖြစ်တဲ့ Unadon(うな丼) အကြောင်းနဲ့ ပတ်သက်ပြီး ပြောပြချင်ပါတယ်။ Unadonဆိုတာကတော့ Unagi donburi ရဲ့အတိုကောက်ဖြစ်ပြီး ငါးရှဉ့်ဟင်းနဲ့ ထမင်းကို ဆိုလိုပါတယ်။ Unadonမှာ Donburi အမျိုးအစားဖြစ်တဲ့အတွက် ပန်းကန်လုံးထဲမှာ ထမင်းဖြူပါဝင်ပြီး အပေါ်ကနေ Kabayaki လို့ခေါ်တဲ့ ကင်ထားတဲ့ငါးရှဉ့်ကိုတင်ထားပါတယ်။ အရသာကိုတော ပဲငံပြာရည်အချိုအရသာရှိတဲ့ Tare လို့ခေါ်တဲ့ ငံပြာရည်ကို ထမင်းနဲ့ ငါးရှဉ့်ပေါ်မှာဆမ်းထားပြီး တစ်ခါတစ်ရံ အပေါ်ကနေ Furikake လို့ခေါ်တဲ့ အရသာအမှုန့်ကိုလည်း ဖြူးလေ့ရှိပါတယ်။
သမိုင်းအရ Unadonဟာ ပထမဦးဆုံး ပြုလုပ်ခဲ့တဲ့ ငါးနဲ့လုပ်တဲ့ Donburi ဟင်းအမျိုးအစားဖြစ်ပြီး Edo ခေတ်က Imasuke Okubo ဆိုတဲ့သူက စတင်ပြုလုပ်ခဲ့တာလို့ သိရပါတယ်။ ဒီဟင်းနဲ့တူတဲ့ အခြားအမျိုးအစားတွေကတော့ Juubako လို့ခေါ်တဲ့ ထမင်းဘူးနဲ့ထည့်ထားတဲ့ Unaju၊ Nagayaki ထမင်းနဲ့ ငါးရှဉ့်ဟင်းလျာ နဲ့ Hitsumabushi ဟင်းလျာတွေဖြစ်ပါတယ်။ ဂျပန်လူမျိုးတွေက Unadonကို များသောအားဖြင့် နွေရာသီအချိန်အခါမှာ စားကြပါတယ်။ မြန်မာနိုင်ငံက ဂျပန်စားသောက်ဆိုင်တွေမှာလည်း Unadon ကို ရောင်းတဲ့အတွက် အားလုံးလည်း အရသာရှိတဲ့ ဂျပန်ရိုးရာအစားအစာဖြစ်တဲ့ Unadon ကို စားကြည့်ပါလို့ ပြောချင်ပါတယ်။ ဒီအကြောင်းအရာလေးကို စိတ်ဝင်စားတယ်ဆိုရင်တော့ Like & share လုပ်ပေးဖို့ မေတ္တာရပ်ခံအပ်ပါတယ်။ ဂျပန်စာကို စိတ်ဝင်စားသူများ လေ့လာချင်သူများ အောက်ပါဖုန်းနံပါတ်ကို ဆက်သွယ်နိုင်ပါတယ်။
JAPANYA
Phone No.- 09750230297
Address – No,7(5/B), YaeKyaw Street, 9 Ward, Pazundaung Township, Yangon, Burma

Photos from JAPANYA-Japanese language and Music school.'s post 12/01/2021

ဒီနေ့မှာတော့ အားကစားးနဲ့သက်ဆိုင်တဲ့ စကားလုံးလေးတွေ တင်ပေးလိုက်ပါတယ်။ ဒီပုံလေးတွေနဲ့ တွဲမှတ်တယ်ဆိုရင် အားလုံးအတွက် မှတ်မိရလွယ်မယ်လို့ထင်ပါတယ်။ အားလုံးပဲအတူတူ လေ့လာကြရအောင်။
ဂျပန်စာကို စိတ်ဝင်စားသူများ လေ့လာချင်သူများ အောက်ပါဖုန်းနံပါတ်ကို ဆက်သွယ်နိုင်ပါတယ်။
JAPANYA
Phone No.- 09750230297
Address – No,7(5/B), YaeKyaw Street, 9 Ward, Pazundaung Township, Yangon, Burma

Photos from JAPANYA-Japanese language and Music school.'s post 11/01/2021

ဒီနေ့မှာတော့ ဂျပန်နိုင်ငံမှာ အလုပ်လုပ်မယ်လို့ စဉ်းစားထားတဲ့သူတိုင်း မဖြစ်မနေသိထားရမယ့် အဓိကအချက်ဖြစ်တဲ့ Hou-Ren-Sou (報連相) နဲ့ပတ်သက်ပြီး ပြောပြချင်ပါတယ်။ Hou-Ren-Sou ဆိုတာက ဂျပန်နိုင်ငံမှာ ကျင့်သုံးနေတဲ့ အလုပ်အကိုင် Keyword လို့လည်း ပြောလို့ရပါတယ်။ Hou-Ren-Sou ဟာ Houkoku(報告)၊ Renraku(連絡)၊ Soudan(相談) ဆိုတဲ့ စကားလုံးကို အတိုချုံ့ထားတာဖြစ်ပြီး Houkoku-report တင်ခြင်း၊ Renraku-အကြောင်းကြားခြင်း၊ Soudan- ဆွေးနွေးခြင်းဆိုတဲ့ အဓိပ္ပာယ်ဖြစ်ပါတယ်။
Houkoku-Report တင်ခြင်းဟာ ဝန်ထမ်းက အထက်လူကြီးပြောတဲ့အတိုင်း လုပ်ငန်းလုပ်ကိုင်ရင်း အထက်လူကြီးနဲ့ အမြဲတမ်းအကြောင်းကြားကာ အလုပ်လုပ်တာကို ဆိုလိုတာဖြစ်ပါတယ်။ Renraku-အကြောင်းကြားခြင်းဆိုတာ ကိုယ့်ရဲ့ထင်မြင်ချက်၊ ယူဆချက်တွေထည့်မမှတ်ဘဲနဲ့ လုပ်ငန်းနဲ့သက်ဆိုင်တဲ့ သိသင့်သိထိုက်သူအားလုံးကို လက်ရှိလုပ်ငန်းအခြေအနေကို အကြောင်းကြားတာကို ဆိုလိုပါတယ်။ Soudan-ဆွေးနွေးခြင်းဆိုတာကတော့ လုပ်ငန်းတစ်ခုရဲ့ ဆုံးဖြတ်ချက်မချမှီနဲ့ ဆုံးဖြတ်ချက်ချရင်း အခက်အခဲရင်ဆိုင်နေရတဲ့အခါ ကိုယ့်ရဲ့အထက်လူကြီး လုပ်ဖော်ကိုင်ဖက်တွေနဲ့ ဆွေးနွေးတိုင်ပင်ခြင်းကို ဆိုလိုပါတယ်။ ဒီ Hou-Ren-Sou ဟာ လက်ရှိဂျပန်နိုင်ငံမှာ မဖြစ်မနေကျင့်သုံးနေတဲ့ လုပ်ငန်းအစီအစဉ် ဓလေ့ထုံးတမ်းဖြစ်ပါတယ်။ အဲ့ဒါကြောင့် ဂျပန်နိုင်ငံမှာ အလုပ်လုပ်မယ်လို့ စဉ်းစားထားတဲ့သူတိုင်း Hou-Ren-Sou လုပ်ငန်းစဉ်ကိုမှတ်ထားပြီး အဲဒီအတိုင်းဆောင်ရွက်မယ်ဆိုရင် သေချာပေါက်အဆင်ပြေတဲ့လုပ်ငန်းခွင်ကို ပိုင်ဆိုင်နိုင်လိမ့်မယ်လို့ထင်ပါတယ်။ ဒီအကြောင်းအရာလေးကို စိတ်ဝင်စားတယ်ဆိုရင်တော့ Like & share လုပ်ပေးဖို့ မေတ္တာရပ်ခံအပ်ပါတယ်။ ဂျပန်စာကို စိတ်ဝင်စားသူများ လေ့လာချင်သူများ အောက်ပါဖုန်းနံပါတ်ကို ဆက်သွယ်နိုင်ပါတယ်။
JAPANYA
Phone No.- 09750230297
Address – No,7(5/B), YaeKyaw Street, 9 Ward, Pazundaung Township, Yangon, Burma

Photos from JAPANYA-Japanese language and Music school.'s post 10/01/2021

ဒီနေ့မှာတော့ အဝတ်အစားနဲ့သက်ဆိုင်တဲ့ စကားလုံးလေးတွေ တင်ပေးလိုက်ပါတယ်။ ဒီပုံလေးတွေနဲ့ တွဲမှတ်တယ်ဆိုရင် အားလုံးအတွက် မှတ်မိရလွယ်မယ်လို့ထင်ပါတယ်။ အားလုံးပဲအတူတူ လေ့လာကြရအောင်။
ဂျပန်စာကို စိတ်ဝင်စားသူများ လေ့လာချင်သူများ အောက်ပါဖုန်းနံပါတ်ကို ဆက်သွယ်နိုင်ပါတယ်။
JAPANYA
Phone No.- 09750230297
Address – No,7(5/B), YaeKyaw Street, 9 Ward, Pazundaung Township, Yangon, Burma

Photos from JAPANYA-Japanese language and Music school.'s post 08/01/2021

ဒီနေ့ ဂျပန်နိုင်ငံရဲ့ ခရီးသွားတွေကြားမှာ နာမည်ကြီးတဲ့နေရာတွေထဲက တစ်ခုဖြစ်တဲ့ Jigokudani Yaen kouen (地獄谷野猿公苑) ဆိုတဲ့နေရာအကြောင်းနဲ့ ပတ်သက်ပြီး ပြောပြချင်ပါတယ်။ Jigokudani Yaen kouen ဟာ Nagano ခရိုင် Yamanouchi မြို့ Joshintesu Kogen အမျိုးသားဥယျာဉ်ထဲမှာ တည်ရှိပါတယ်။ Jigokudani ဆိုတာ ငရဲတောင်ကြားဆိုတဲ့ အဓိပ္ပာယ်ရပြီး အဲဒီနာမည်အတိုင်း ဆူပွက်နေတဲ့ရေပူစမ်းများနဲ့ ချမ်းအေးတဲ့ တောတောင်ရာသီဥတုနဲ့ နာမည်ကြီးပါတယ်။
Jigokudani Yaen kouen နာမည်ကြီးရတဲ့အဓိကအကြောင်းအရင်းကတော့ Nihonzaru လို့ခေါ်တဲ့ ဂျပန်မျောက် အများအပြားရှိတဲ့အချက်ကြောင့်ဖြစ်ပါတယ်။ တချို့က နှင်းမျောက်လို့လည်းခေါ်ကြပြီး ဒီမျောက်တွေဟာ ဆောင်းရာသီမှာ တောင်ကြားမှာရှိတဲ့ ရေပူစမ်းကိုသွားကြပြီး ပူလာတဲ့အခါ ဒီဥယျာဉ်ထဲကိုလာကြပါတယ်။ အဲဒီမှာရှိတဲ့ ဝန်ထမ်းတွေဟာ မျောက်တွေကို အစာလည်းကျွေးတဲ့အတွက်ကြောင့် အခုဆိုရင် အချိန်တိုင်းလိုလို ရေပူစမ်းနားမှာ မျောက်တွေကိုတွေ့မြင်နိုင်ပါတယ်။ ဒီရေပူစမ်းဟာ Jigokudani Onsen လို့ခေါ်ကြပြီး မျောက်ကိုတွေ့မြင်နိုင်တဲ့အတွက် မျောက်ရေပူစမ်းဆိုပြီးတော့လည်း ခရီးသွားတွေကြားမှာ နာမည်ကြီးတဲ့နေရာဖြစ်ပါတယ်။ အားလုံးလည်း ဂျပန်ရောက်တဲ့အခါ မျောက်တွေကိုလည်းတွေ့နိုင်ပြီး ရေပူစမ်းလည်းစိမ်လို့ရတဲ့ Jigokudani Yaen kouen ကို သွားကြည့်ပါလို့ ပြောချင်ပါတယ်။ ဒီအကြောင်းအရာလေးကို စိတ်ဝင်စားတယ်ဆိုရင်တော့ Like & share လုပ်ပေးဖို့ မေတ္တာရပ်ခံအပ်ပါတယ်။ ဂျပန်စာကို စိတ်ဝင်စားသူများ လေ့လာချင်သူများ အောက်ပါဖုန်းနံပါတ်ကို ဆက်သွယ်နိုင်ပါတယ်။
JAPANYA
Phone No.- 09750230297
Address – No,7(5/B), YaeKyaw Street, 9 Ward, Pazundaung Township, Yangon, Burma

JAPANYA -Lesson30 ဂျပန်စာ‌ဝေါဟာရ(မျက်နှာအစိတ်အပိုင်း Part2)/ミャンマー語単語(顔のパーツその2) 07/01/2021

【 👩‍🎓📖 ဂျပန်စာဝေါဟာရ Lesson ✏️👨‍🎓 】
ဒီတစ်ခေါက်မှာတော့ JAPANYA ကနေ ဂျပန်စာကိုပျော်ပျော်ရွှင်ရွှင်လေ့လာနိုင်မယ့် ဗီဒီယို (Lesson 30) လေးကို ပြုလုပ်ထားပါတယ်။
စည်းချက်နဲ့အညီ ဂျပန်စာရဲ့အခြေခံဝေါဟာရလေးတွေကို အတူတူလေ့လာကြရအောင်။
ဒီတစ်ခေါက်လေ့လာရမှာက မျက်နှာအစိတ်အပိုင်း part2 ဖြစ်ပါတယ်။
ဒီဗီဒီယိုလေးကို နှစ်သက်တယ်ဆိုရင် share ပေးကြပါဦးနော်။
今回も、JAPANYAが日本語・ミャンマー語を楽しく学べる動画(Lesson30)を作りました。
楽しくリズムに合わせて日本語・ミャンマー語の基本単語を覚えましょう
今回Lesson30、テーマは顔のパーツ パート2です。

https://youtu.be/fV5cDu12DMc

もしこの動画を気に入ってくださった方は、是非シェアよろしくお願い致します。

JAPANYA -Lesson30 ဂျပန်စာ‌ဝေါဟာရ(မျက်နှာအစိတ်အပိုင်း Part2)/ミャンマー語単語(顔のパーツその2) ဒီတစ်ခေါက်မှာတော့ JAPANYA ကနေ ဂျပန်စာကိုပျော်ပျော်ရွှင်ရွှင်လေ့လာနိုင်‌မယ့် ဗီဒီယို (Lesson 30)လေး‌ကို ပြုလုပ်ထားပါတ...

Photos from JAPANYA-Japanese language and Music school.'s post 06/01/2021

ဒီနေ့မှာတော့ ဂျပန်ရိုးရာမုန့်ဖြစ်တဲ့ Shiruko (しるこ) နဲ့ Zenzai (ぜんざい) အကြောင်းနဲ့ ပတ်သက်ပြီး ပြောပြချင်ပါတယ်။ Shiruko ဆိုတာကတော့ ပဲနီအစေ့ သို့မဟုတ် ကျိတ်ထားတဲ့ပဲနီကို စွတ်ပြုတ်ပုံစံ ရေအနည်းငယ်ပါဝင်ပြီး အထဲမှာ ကောက်ညင်း၊ မုန့်လုံးရေပေါ် ထည့်ထားတဲ့ စွတ်ပြုတ်အရည်ကို ဆိုလိုပါတယ်။ Zenzai ဆိုတာကတော့ ပဲနီအစေ့ကိုသကြားနဲ့ပြုတ်ပြီး ကောက်ညင်း၊ မုန့်လုံးရေပေါ်၊ သစ်အယ်သီးထည့်ထားတဲ့ ဟင်းလျာဖြစ်ပါတယ်။ Zenzaiမှာ ပဲစေ့ကို ကြေမသွားအောင် ပုံမပျက်အောင် ပြုလုပ်ရပါတယ်။
Shiruko နဲ့ Zenzai ဟာ ပုံစံတူပေမယ့် အရပ်ဒေသပေါ်မူတည်ပြီး ပြုလုပ်ပုံ အခေါ်အဝေါ်တွေ ကွဲပြားပါတယ်။ Kantou ဒေသမှာဆိုရင် ပဲနီနဲ့အရည်ပါတဲ့အရာကို Shirukoလို့ခေါ်ပါတယ်။ အဲဒီထဲက အစေ့ပုံကျန်တဲ့ပဲနီကို Inakashiruko (田舎汁粉) ကြေနေတဲ့ပဲနီကိုတော့ Gozenjiruko (御前汁粉)ဆိုပြီး ခွဲထားပါတယ်။ အရည်မပါတဲ့ အရာကိုတော့ Zenzai လို့ခေါ်ပါတယ်။ Kansai ဒေသမှာတော့ အရည်ပါပြီး ကြေနေတဲ့ပဲနီနဲ့လုပ်တာကို Shiruko လို့ခေါ်ပြီး ပဲအစေ့ပုံကျန်အောင် ပြုလုပ်ထားတာကိုတော့ Zenzai လို့ခေါ်ပါတယ်။ Kantou ဒေသမှာပြုလုပ်တဲ့ Zenzai ကို Kansai ဒေသမှာ Kameyama ဒါမှမဟုတ် Kintoki ဆိုပြီးခေါ်ကြတယ်။ အခုဆိုရင်တော့ ဂျပန်ရိုးရာမုန့်ဖြစ်တဲ့ Shiruko နဲ့ Zenzai အကြောင်းကို သိလောက်ပြီလို့ထင်ပါတယ်။ အားလုံးလည်း ဂျပန်ရောက်တဲ့အခါ Shiruko နဲ့ Zenzai ကို စားကြည့်ပါလို့ ပြောချင်ပါတယ်။ ဒီအကြောင်းအရာလေးကို စိတ်ဝင်စားတယ်ဆိုရင်တော့ Like & share လုပ်ပေးဖို့ မေတ္တာရပ်ခံအပ်ပါတယ်။ ဂျပန်စာကို စိတ်ဝင်စားသူများ လေ့လာချင်သူများ အောက်ပါဖုန်းနံပါတ်ကို ဆက်သွယ်နိုင်ပါတယ်။
JAPANYA
Phone No.- 09750230297
Address – No,7(5/B), YaeKyaw Street, 9 Ward, Pazundaung Township, Yangon, Burma

Photos from JAPANYA-Japanese language and Music school.'s post 04/01/2021

ဒီနေ့မှာတော့ ဂျပန်နိုင်ငံရဲ့ ဇန်နဝါရီလမှာ ပြုလုပ်တဲ့ Seijin no hi (成人の日) အကြောင်းနဲ့ ပတ်သက်ပြီး ပြောပြချင်ပါတယ်။ Seijin no hi ဆိုတာကတော့ အသက် ၂၀ ပြည့်တဲ့ လူငယ်တွေကို လူကြီးဖြစ်တဲ့ အထိမ်းအမှတ်အနေနဲ့ ပြုလုပ်ပေးတဲ့နေ့ဖြစ်ပါတယ်။ Seijin no hi ကို ဇန်နဝါရီလ ဒုတိယပတ် တနင်္လာနေ့တိုင်းမှာ ပြုလုပ်လေ့ရှိပြီး ရုံးပိတ်ရက်လည်းဖြစ်ပါတယ်။
သမိုင်းကြောင်းအရ ဂျပန်နိုင်ငံမှာ Seijin no hi ကို အေဒီ ၇၁၄ ခုနှစ်လောက်ကတည်းက ရှိခဲ့ရာ ရုံးပိတ်ရက်နေ့အဖြစ် သတ်မှတ်ခဲ့တာကတော့ ၁၉၄၈ ခုနှစ်က ပြောင်းလဲသတ်မှတ်ခဲ့ပြီး ဇန်နဝါရီလ ၁၅ရက်နေ့မှာ ကျင်းပပြုလုပ်ခဲ့ရာမှ ၂၀၀၀ခုနှစ်မှာ ပျော်ရွှင်စရာ တနင်္လာနေ့ စနစ်ကြောင့် Seijin no hi ကိုဇန်နဝါရီလ ဒုတိယပတ် တနင်္လာနေ့အဖြစ် ပြောင်းလဲသတ်မှတ်ခဲ့ကြတယ်။ Seijin no hi ဟာ လူငယ်တွေကို လူကြီးတစ်ယောက်အနေနဲ့ ရတဲ့ ရပိုင်ခွင့်နဲ့ တာဝန်ကြီးမားလာမှုတွေကို သိစေနိုင်ဖို့အတွက် ပြုလုပ်ကြတာလို့လည်း ပြောလို့ရပါတယ်။ Seijin no hi အခမ်းအနားကိုတော့ နေရာအသီးသီးမှာရှိတဲ့ မြို့နယ်ရုံးတွေမှာကျင်းပပြုလုပ်ပြီး ပြီးခဲ့တဲ့နှစ် ဧပြီလ ၂ ရက်နေ့မှ ဧပြီ၁ရက်နေ့အတွင်း အသက်၂၀ ပြည့်တဲ့ လူငယ်တွေ တက်ရောက်ကြပါတယ်။ Seijin no hi ပွဲတော်ကို မိန်းကလေးများက Furisode (振袖)လို့ခေါ်တဲ့ ရိုးရာလက်ရှည် Kimono ကို ဝတ်ဆင်ကြပြီး ယောက်ျားလေးများက ရိုးရာ Hakama ကို ဝတ်ဆင်ကြသလို အနောက်တိုင်းပုံစံ Suit ဝတ်ဆင်ကြတဲ့သူတွေလည်းရှိပါတယ်။ အခမ်းအနားပြီးသွားတဲ့အခါ လူငယ်တွေဟာ သူငယ်ချင်း မိသားစုတွေနဲ့အတူ ပါတီပွဲတွေမှာ ပျော်ရွှင်စွာစားသောက်ကြပါတယ်။ အခုဆိုရင် ဂျပန်နိုင်ငံရဲ Seijin no hi အကြောင်းကို အကြမ်းဖြင်းသိလောက်ပြီလို့ ထင်ပါတယ်။ ဒီအကြောင်းအရာလေးကို စိတ်ဝင်စားတယ်ဆိုရင်တော့ Like & share လုပ်ပေးဖို့ မေတ္တာရပ်ခံအပ်ပါတယ်။ ဂျပန်စာကို စိတ်ဝင်စားသူများ လေ့လာချင်သူများ အောက်ပါဖုန်းနံပါတ်ကို ဆက်သွယ်နိုင်ပါတယ်။
JAPANYA
Phone No.- 09750230297
Address – No,7(5/B), YaeKyaw Street, 9 Ward, Pazundaung Township, Yangon, Burma

Photos from JAPANYA-Japanese language and Music school.'s post 03/01/2021

ဒီနေ့မှာတော့ ဖိနပ်နဲ့သက်ဆိုင်တဲ့ စကားလုံးလေးတွေ တင်ပေးလိုက်ပါတယ်။ ဒီပုံလေးတွေနဲ့ တွဲမှတ်တယ်ဆိုရင် အားလုံးအတွက် မှတ်မိရလွယ်မယ်လို့ထင်ပါတယ်။ အားလုံးပဲအတူတူ လေ့လာကြရအောင်။
ဂျပန်စာကို စိတ်ဝင်စားသူများ လေ့လာချင်သူများ အောက်ပါဖုန်းနံပါတ်ကို ဆက်သွယ်နိုင်ပါတယ်။
JAPANYA
Phone No.- 09750230297
Address – No,7(5/B), YaeKyaw Street, 9 Ward, Pazundaung Township, Yangon, Burma

Photos from JAPANYA-Japanese language and Music school.'s post 02/01/2021

ဒီနေ့မှာတော့ မီးဖိုချောင်သုံးပစ္စည်းနဲ့ ပတ်သက်တဲ့ စကားလုံးလေးတွေ တင်ပေးလိုက်ပါတယ်။ ဒီပုံလေးတွေနဲ့ တွဲမှတ်တယ်ဆိုရင် အားလုံးအတွက် မှတ်မိရလွယ်မယ်လို့ထင်ပါတယ်။ အားလုံးပဲအတူတူ လေ့လာကြရအောင်။
ဂျပန်စာကို စိတ်ဝင်စားသူများ လေ့လာချင်သူများ အောက်ပါဖုန်းနံပါတ်ကို ဆက်သွယ်နိုင်ပါတယ်။
JAPANYA
Phone No.- 09750230297
Address – No,7(5/B), YaeKyaw Street, 9 Ward, Pazundaung Township, Yangon, Burma

Photos from JAPANYA-Japanese language and Music school.'s post 01/01/2021

ဒီနေ့ဟာ ဇန်နဝါရီ ၁ရက်နေ့ နှစ်သစ်ကူးနေ့ဖြစ်တာကြောင့် ဒီနေ့မှာတော့ ဂျပန်နိုင်ငံရဲ့ နှစ်သစ်ကူး Oshougatsu (お正月) နှစ်သစ်ကူးနေ့ အကြောင်းနဲ့ ပတ်သက်ပြီး ပြောပြပေးသွားမှာဖြစ်ပါတယ်။ သမိုင်းအရ ဂျပန်နိုင်ငံမှာ ရှေးယခင်က နှစ်သစ်ကူးနေ့ကို ဂျပန်ရိုးရာ ပြက္ခဒိန်အလိုက် နှစ်သစ်ကူးနေ့ကို သတ်မှတ်ခဲ့ကြရာမှ ၁၈၇၃ ခုနှစ် Meiji ရောက်တဲ့အခါမှာ ဂျပန်နိုင်ငံဟာ အခုလက်ရှိသုံးနေတဲ့ အင်္ဂလိပ်ပြက္ခဒိန်ကို လက်ခံကျင့်သုံးလာခဲ့ပြီးနောက် နှစ်သစ်ကူးနေ့ကို ဇန်နဝါရီ ၁ရက်နေ့အဖြစ်သတ်မှတ်ခဲ့ကြတယ်။
ဇန်နဝါရီလ ၁ရက်နေ့ နှစ်သစ်ကူးနေ့ကို Ganjitsu (元日) လို့ခေါ်ပြီး အဲဒီနေ့မှာဆိုရင် စာပုံးထဲမှာ Nengajou လေးတွေလည်း ရောက်ရှိနေပါပြီ။ ကလေးငယ်များအတွက်တော့ နှစ်သစ်ကူးနေ့ဟာ မုန့်ဖိုးရတဲ့နေ့လို့ဆိုရင်လည်း မမှားပါဘူး။ နှစ်သစ်ကူးမှာရတဲ့ မုန့်ဖိုးကို Otoshidama (お年玉) လို့ခေါ်ပြီး Pochibukuro (ポチ袋) လို့ခေါ်တဲ့ စက္ကူနဲ့လုပ်ထားတဲ့ အိတ်လေးနဲ့ ထည့်ပေးလေ့ရှိကြပါတယ်။ အိမ်မှာ မိသားစုတွေဝိုင်းဖွဲ့ပြီး နှစ်သစ်ကူးဟင်းလျာတွေဖြစ်တဲ့ Osechi-ryouri၊ Ozouni နဲ့ Mochi ကို ပျော်ရွှင်စွာစားသောက်ရင်း အိမ်ဝင်ပေါက်မှာ Kadomatsu(門松) လို့ခေါ်တဲ့ ဝါးနဲ့ပြုလုပ်ထားတဲ့ ပန်းအိုးနဲ့ အလှဆင်ထားပြီး Kagamimochi (鏡餅) နဲ့ အလှဆင်ထားပါတယ်။ နှစ်သစ်ကူးနေ့မှာ မိသားစုဝင်တွေ ရင်းနှီးချစ်ခင်တဲ့သူတွေနဲ့အတူ လှပတဲ့ Kimono လေးတွေကို ဝတ်ဆင်ပြီး Hatsumode အနေနဲ့ ဘုရားကျောင်းကိုသွားကြတယ်။ နှစ်သစ်ကူး ရိုးရာဂိမ်းကစားနည်းတွေဖြစ်တဲ့ Hanetsuki၊ Takoage၊ Sugoroku၊ Fukuwarai နဲ့ Karuta ဂိမ်းတွေဆော့ကြတယ်။ အားလုံးလည်း ဂျပန်နိုင်ငံကိုရောက်ရင် ဂျပန်နိုင်ငံရဲ့ နှစ်သစ်ကူးပွဲတော်တွေမှာလည်း သေချာပေါက် ပါဝင်ဆင်နွှဲကြည့်ပါလို့ ပြောချင်ပါတယ်။ ဒီအကြောင်းအရာလေးကို စိတ်ဝင်စားတယ်ဆိုရင်တော့ Like & share လုပ်ပေးဖို့ မေတ္တာရပ်ခံအပ်ပါတယ်။ ဂျပန်စာကို စိတ်ဝင်စားသူများ လေ့လာချင်သူများ အောက်ပါဖုန်းနံပါတ်ကို ဆက်သွယ်နိုင်ပါတယ်။
JAPANYA
Phone No.- 09750230297
Address – No,7(5/B), YaeKyaw Street, 9 Ward, Pazundaung Township, Yangon, Burma

JAPANYA -Lesson29 ဂျပန်စာ‌ဝေါဟာရ(အလုပ်အကိုင်)/ミャンマー語単語(職業) 31/12/2020

【 👩‍🎓📖 ဂျပန်စာဝေါဟာရ Lesson ✏️👨‍🎓 】
ဒီတစ်ခေါက်မှာတော့ JAPANYA ကနေ ဂျပန်စာကိုပျော်ပျော်ရွှင်ရွှင်လေ့လာနိုင်မယ့် ဗီဒီယို (Lesson 29)လေးကို ပြုလုပ်ထားပါတယ်။
စည်းချက်နဲ့အညီ ဂျပန်စာရဲ့အခြေခံဝေါဟာရလေးတွေကို အတူတူလေ့လာကြရအောင်။
ဒီတစ်ခေါက်လေ့လာရမှာက အလုပ်အကိုင် ဖြစ်ပါတယ်။
ဒီဗီဒီယိုလေးကို နှစ်သက်တယ်ဆိုရင် share ပေးကြပါဦးနော်။
今回も、JAPANYAが日本語・ミャンマー語を楽しく学べる動画(Lesson29)を作りました。
楽しくリズムに合わせて日本語・ミャンマー語の基本単語を覚えましょう
今回Lesson29、テーマは職業です。

https://youtu.be/QKg3bwzUj4E

もしこの動画を気に入ってくださった方は、是非シェアよろしくお願い致します。

JAPANYA -Lesson29 ဂျပန်စာ‌ဝေါဟာရ(အလုပ်အကိုင်)/ミャンマー語単語(職業) ဒီတစ်ခေါက်မှာတော့ JAPANYA ကနေ ဂျပန်စာကိုပျော်ပျော်ရွှင်ရွှင်လေ့လာနိုင်‌မယ့် ဗီဒီယို (Lesson 29)လေး‌ကို ပြုလုပ်ထားပါတ...

Photos from JAPANYA-Japanese language and Music school.'s post 30/12/2020

ဒီနေ့မှာတော့ ဂျပန်နိုင်ငံရဲ့ ရိုးရာဟင်းလျာတစ်ခုဖြစ်တဲ့ Ozoni (お雑煮) အကြောင်းနဲ့ပတ်သက်ပြီး ပြောပြချင်ပါတယ်။ Ozoniဆိုတာကတော့ ဂျပန်ရိုးရာစွတ်ပြုတ်တစ်မျိုးဖြစ်ပြီး အထဲမှာ ကောက်ညင်းမုန့်ပါဝင်ပါတယ်။ Ozoni ကို များသောအားဖြင့် နှစ်သစ်ကူးနေ့မှာ Osechi-ryouri နဲ့အတူ စားလေ့ရှိပါတယ်။
Ozoni ရဲ့ Zou (雑) ဆိုတာ ရောနှောတယ် ဆိုသည့်အဓိပ္ပာယ်ရှိပြီး Ni (煮) ဆိုတာကတော့ ပြုတ်တယ်ဆိုတဲ့ အဓိပ္ပာယ်ရှိပါတယ်။ အဲဒီ အဓိပ္ပာယ်အတိုင်းပဲ Ozoniမှာ ကောက်ညင်း၊ ဟင်းသီးဟင်းရွက်အမျိုးမျိုး၊ ပင်လယ်စာအမျိုးမျိုးပါဝင်ပါတယ်။ Ozoniရဲ့ အရည်ကိုတော့ Miso၊ Shoyu၊ Dashi နဲ့ ပြုလုပ်ထားပြီး ပြုလုပ်ပုံ ပြုလုပ်နည်းကတော့ ဒေသအလိုက် ကွာခြားမှုရှိပါတယ်။ ဂျပန်နိုင်ငံမှာ Ozoni ကို အစောဆုံးစတင်ပြုလုပ်စားသောက်ခဲ့ကြတာက Heian ခေတ်ကစတင်ခဲ့ပြီး နှစ်သစ်ကူးအစားအစာအဖြစ် သတ်မှတ်ခဲ့ကြတာက Muromachi ခေတ်ကဖြစ်တယ်လို့ ဖော်ပြထားပါတယ်။ ဂျပန်လူမျိုးတွေက နှစ်သစ်ကူးအချိန်အခါမှာ Osechi-ryouri နဲ့ Ozoni ကို အိမ်ကမိသားစုဝင်တွေအတူ စားကြပါတယ်။ အားလုံးလည်း မကြာခင်လာတော့မယ့် နှစ်သစ်ကူးအချိန်မှာ အိမ်ကမိသားစုဝင်တွေထဲအတူ Ozoni ကို စားရင်း ပျော်ရွှင်စရာကောင်းတဲ့ နှစ်သစ်အချိန်အခါကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။ ဒီအကြောင်းအရာလေးကို စိတ်ဝင်စားတယ်ဆိုရင်တော့ Like & share လုပ်ပေးဖို့ မေတ္တာရပ်ခံအပ်ပါတယ်။ ဂျပန်စာကို စိတ်ဝင်စားသူများ လေ့လာချင်သူများ အောက်ပါဖုန်းနံပါတ်ကို ဆက်သွယ်နိုင်ပါတယ်။
JAPANYA
Phone No.- 09750230297
Address – No,7(5/B), YaeKyaw Street, 9 Ward, Pazundaung Township, Yangon, Burma

Photos from JAPANYA-Japanese language and Music school.'s post 29/12/2020

ဒီနေ့မှာတော့ သန့်ရှင်းရေးသုံးပစ္စည်းနဲ့ ပတ်သက်တဲ့ စကားလုံးလေးတွေ တင်ပေးလိုက်ပါတယ်။ ဒီပုံလေးတွေနဲ့ တွဲမှတ်တယ်ဆိုရင် အားလုံးအတွက် မှတ်မိရလွယ်မယ်လို့ထင်ပါတယ်။ အားလုံးပဲအတူတူ လေ့လာကြရအောင်။
ဂျပန်စာကို စိတ်ဝင်စားသူများ လေ့လာချင်သူများ အောက်ပါဖုန်းနံပါတ်ကို ဆက်သွယ်နိုင်ပါတယ်။
JAPANYA
Phone No.- 09750230297
Address – No,7(5/B), YaeKyaw Street, 9 Ward, Pazundaung Township, Yangon, Burma

Want your school to be the top-listed School/college in Pazundaung?
Click here to claim your Sponsored Listing.

JAPANYA [Japanese language and Music school]

JAPANYA ဟာဆိုရင် 2020ခုနှစ် 2လပိုင်းမှာ ရန်ုကုန်မြို့ ရေကျော်မှာ စဖွင့်ခဲ့ပါတယ်။ ဂျပန်စကားတစ်ခုတည်းတင်မက ဂျပန်ယဉ်ကျေးမှုနှင့် စီးပွားရေး အစရှိသည့် ဂျပန်အကြောင်းကို အသေးစိတ်လေ့လာနိုင်တဲ့ အိမ်လေး ဆောက်ပေးချင်တဲ့ရည်ရွယ်ချက်နဲ့ ကျောင်းနာမည်ကို JAPANYA (ဂျပန်အိမ်)လို့ အမည်ပေးခဲ့ပါတယ်။

(JAPANYA)စာသင်ကျောင်းမှာဆိုရင် ဂျပန်လူမျိုး ဆရာ၂ဦးက သင်ကြားပးမှာဖြစ်ပြီး အသံထွက်နဲ့ စကားလုံးအသုံးအနှုန်းများကို လည်း သေသေချာချာ သင်ကြားပေးနေပါတယ်။ဗဟုသုတတိုးပွားလာအောင် ကြိုးစားရင်း ကျောင်းသားကျောင်းသူ တစ်ဦးချင်းစီရဲ့ တွေးခေါ်နိုင်စွမ်းတွေကို မြှင့်တင်ပေးပြီးကိုယ့်အားကိုယ်ကိုးအောင် ဆောင်ရွက်နိုင်ဖို့ကိုလည်းအားပေးနေပါတယ်။

JapanYaကျောင်းမှာ အောက်ပါအတန်းများကို တက်ရောက်နိုင်ပါတယ်

Basic level အတန်း ဂျပန်စာ JLPT N5, N4 စာမေးပွဲဖြေပြီး ဂျပန်ကုမ္ပဏီမှာ အလုပ်လုပ်ချင်သူ၊ ဂျပန်သွားပြီး အလုပ်လုပ်ကိုင်ချင်သူများအတွက်အတန်း (ဂျပန်စာသင်ချင်တဲ့ သားသားမီးမီးများအတွက်လည်း စုံစမ်းမေးမြန်းနိုင်ပါတယ်)

Category

Telephone

Website

Address


Pazundaung
11171

Opening Hours

Monday 10:00 - 20:00
Tuesday 10:00 - 20:00
Wednesday 10:00 - 20:00
Thursday 10:00 - 20:00
Friday 10:00 - 20:00
Saturday 10:00 - 20:00
Sunday 10:00 - 20:00

Other Education in Pazundaung (show all)
Victory Art School Victory Art School
16, 5-A, Upper Pazundaung Road
Pazundaung, 11171

Basic Drawings and Artcrafts for Children English Language (Four Skills) for Primary School Children 16/ Upper Pazundaung Road ၅ လွှာ အာယုသုခဆေးဆိုင် ဘေးလှေကားမှတက်ခဲ့ပါ

Shin Korean Language Online Class Shin Korean Language Online Class
Pazundaung

Korean Language Online Class

သင်ကြား သင်ကြား
Pazundaung

Learn from experts to beome a master. Learn from anywhere through your mobile phone or PC.

Japanese Online Class JOC 21 Japanese Online Class JOC 21
Yangon
Pazundaung

JOC21

Softhome Softhome
Pazundaung, 11171

Research and Development oriented Training Center, which mostly focus on innovative ideas and upcoming technology.

ICTmm ICTmm
No. 85, 3rd Floor, 50th Street, Bogyoke Road
Pazundaung, 11171

Saya Myo's ICTmm - System & Networking Academy.