Tiens
ကျန်းမာခြင်းသည်အရေးကြီးဆုံးဖြစ်သည်
28/12/2023
မပြတ်သားတော့လဲ နာကျင်ရ
ပြတ်သားတော့လဲ နာကျင်ရ
အဲ့လို အစွဲလန်းမျိုးကြီးနဲ့
ရှင်သန်နေရတဲ့ သူတိုင်း
စိတ်ရဲ့ လွတ်လပ်ခြင်း အရသာကို
မရကြတော့ဘူး...!
#အိုနေမင်း
15/11/2023
လူတစ်ယောက်ရဲ့ စိတ်
နာကျည်းမှုတွေဖြစ်ပေါ်လာရခြင်းက
နာကျင်မှုဒါဏ်ကို အကြိမ်ကြိမ်
အလူးအလဲခံစားခဲ့ရခြင်းကြောင့်ဖြစ်တယ်...
နာကျည်းသွားတဲ့ လူတစ်ယောက်က
သွေးအေးသွားတယ်ဆိုပေမယ့်
သိပ်လှတဲ့ အပြုံးကိုပြုံးနေတတ်တယ်
အဲ့ဒီသိပ်လှတဲ့ အပြုံးရဲ့နောက်ကွယ်မှာတော့
ပြင်းထန်လွန်းတဲ့ အဆိပ်တွေကို
ထွေးပိုက်ထားလေ့ရှိတယ်...
အဲ့ဒီထွေးပိုက်ထားတဲ့ အဆိပ်တွေဟာ
နာကျင်အောင်လုပ်တဲ့ သူအနားကို
အချိန်မရွေး နေရာမရွေး
ပြန်ရောက်လာနိုင်ပါတယ်.....။
ဒါကြောင့်....လူတစ်ယောက်ကို
အကြိမ်ကြိမ် နာကျင်သွားအောင်
သင် မလုပ်မိပါစေနဲ့....။
13-11-2023
#ကျွန်မ
#ဆောင်းမေလင်း
15/11/2023
လူငယ်တိုင်း အတွက်
============✔︎
💝 ပုစွန်လုံးမှာ ဦးခေါင်း မပါဘူး။
သို့ပေမယ့်..ချမ်းချမ်းသာသာ နေဖို့အတွက်
ကိုယ့်တွင်းကိုယ် တူးတတ်တယ်။
ဦးခေါင်း ပါတဲ့ လူ က
နေရာတကာ ဟိုလူ့ မှီခို..ဒီလူ့ မှီခို လိုက်လုပ်နေရင်
ပုစွန်လုံးကို အားနာဖို့ ကောင်းတယ်။
💝 ဘဝ ဆုတ်ယုတ်နေတဲ့
လူငယ်တွေကို အကဲခတ်ကြည့်။
ရှေ့မဆက်နိုင်ဘဲ စိတ်ပျက်နေသူတွေ ရှိတယ်။
အဆိုး လောကဓံ နှိပ်စက်ခံရလို့
လက်လျှော့ အရှုံးပေး နေသူတွေ ရှိတယ်။
တစ်ခါရှုံးရုံ နဲ့ လုံးဝ ရှုံးသွားပြီလို့ သတ်မှတ်လိုက်ရင်
တိုးတက်ဖို့ အခွင့်ဆိုတာ ပျောက်ကွယ် သွားမှာပေါ့။
💝 အတောင်ပံ မခတ်တဲ့ ပိုးစုန်းကြူးမှာ
အရောင် ထွက်ဖို့ ခက်တယ်။
ရည်မှန်းချက် နဲ့ ကြိုးစားမှု မရှိတဲ့ လူငယ်မှာလည်း
တိုးတက်လာဖို့ ခက်မှာပါပဲ။
💝 လူငယ် တစ်ယောက် ရဲ့
အနှစ် အမြူတေ ဆိုတာ မျှော်လင့်ချက်နဲ့ အိပ်မက်ပါ။
ဘဝမှာ မော့ကြည့်ရတဲ့ အိပ်မက်မျိုးတော့
လူငယ်မှန်သမျှ မက်သင့်ကြတာပေ့ါ။
💝 ထူးချွန်ထက်မြတ်တဲ့ လူငယ်ဆိုတာ
ကိုယ့်ဘဝကိုလည်း မြှင့်တင်နိုင်သလို
သူတစ်ပါးတို့ရဲ့ ဘဝကိုလည်း
မြှင့်တင် ပေးနိုင်စွမ်း ရှိတယ်။
💝 စာနာစိတ် ရှိတဲ့ လူငယ်ဆိုတာ
တစ်ကိုယ်ကောင်းဆန်စိတ် နည်းပါးသလို
တစ်ပါးသူတို့ရဲ့ စိတ်ပင်ပန်းမှုတွေကိုလည်း
မျှဝေခံစား ပေးနိုင်တတ်ကြတယ်။
💝 အသားဖြူခြင်း ..မဖြူခြင်း
ရုပ်ရည်လှခြင်း..မလှခြင်းတွေက
လူငယ်တစ်ယောက်ရဲ့ တန်ဖိုး မဟုတ်ဘူး။
ဘယ်လောက် အစွမ်းအစ ရှိ.. မရှိ
ဘာတွေ လုပ်နိုင်.. မလုပ်နိုင် ဆိုတာကမှ
လူငယ်တစ်ယောက်ရဲ့ တန်ဖိုးပါ။💝
==============
©®____ ဆရာအောင်သင်း
15/11/2023
အမှန်တရားကခါးစမြဲပါ
မိတ်ဆွေစစ်သာပေါင်းသင်းပါ
အချိန်ပေးပါ
Crd
15/11/2023
အမှောင်ခေတ်မှာ
လူရောင်လူသွေး မညစ်ဖို့ ''
ကိုယ်ကျင့်တရားတွေ မနစ်ဖို့ ''
ယုံကြည်ရာတွေ မပစ်ဖို့ ''
ရေပေါ်ဆီတွေ မဖြစ်ဖို့ ''
အမှန်တရားကို ဦးညွှတ်ဖို့
ညီညွတ်ခြင်းမှာ
နို့နဲ့ရေလို ကျိုပြစ်ဖို​ ''
တစ်ယောက်နဲ့ တစ်ယောက် ပိုချစ်ဖို့ ''
ရင်ခုန်သံတွေ နားစွင့်ဖို့ ''
စကားလုံးတိုင်းဟာ အားဖြစ်ဖို့ ''
တနေ့ လွတ်လပ်ခြင်း အသီးအပွင့်ကို
ခူးဆွတ်ဒို့ .... ၊
ထို့အတွက်...
အမှောင်ခေတ်မှာ
လူရောင် လူသွေး မညစ် ဖို့ တော့
လိုတာပေါ့...
လိုတာပေါ့....။
ဟေ့ ''
အမှန်က အမှား ဖြစ်
အဓမ္မတွေ မတရားညစ်
ဘဝတွေ ဓားထစ် ခံရလည်း
တစ်နေ့ ~
အားသစ်မာန် အပြည့်နဲ့ ''
ပြန် ဖူး ပွင့် မယ် ။
🌻🌻🌻
#မောင်နေ့သစ်
25/07/2023
"ပြာယာမခတ်ကြနဲ့"
နွားကလေး...သေတော့ "အမဲသား"တဲ့။
ကြိုက်တဲ့ "လူ" များ...မြိန်ရည်ရှက်ရည် စားလိုက်ကြတာ။
ကြက်ကလေး...သေတော့ "ကြက်သား"
ပါးစပ်ထဲထည့်....ပြုံးပျော်လျှက်။
ဝက်ကလေး.....သေတော့ "ဝက်သား"
ပါးစပ်ထဲထည့် .....ကြည်နူးလျှက်။
လူကလေး...သေတော့......"မသာ"
အခေါင်းထဲထည့်...... ငိုယိုလျှက်
ထားလို့မကောင်းဘူး....ဟဲ့။
အလုပ်ပိုတယ်.....အိမ်ရှုပ်တယ်။
သင်္ချီုင်း...အမြန်ပို့ ကွယ်.....။
"အသုဘ" ရှိက. .အိမ်ပူတယ်။
မသာ...အိမ်ပေါ်က...မဆင်းခင်
ဖိတ်စာရိုက်....အသိမိတ်ဆွေ
လက်လှမ်းမှီသလောက်ပေးလိုက်။
မြန်မြန်ပြီး ..မြန်မြန်နားအေးတယ်။
ပုတ်ပွလာမှ..."လူ"တွေ မလာပဲ နေအုံးမယ်..။
အဲဒါမှ....ဒုက္ခပိုများမယ်တဲ့။
ကဲ...ဘယ်မှာလဲ
တန်ဖိုးရှိတယ်ဆိုတဲ့...."လူသား"
ပညာတွေ.... ငါဘယ်လောက်တတ်တယ်။
ပိုက်ဆံတွေ....ငါဘယ်လောက်ချမ်းသာတယ်။
အာဏာတွေ...ငါ့မှာ ဘယ်လောက်ရှိတယ်။
မာန်တတ်နေကြတာတွေ....အာဏာပြနေတာတွေ
နောက်ဆုံးတော့.....
ဘာအသုံးဝင်တော့.....သေးလဲ...?
ငါ့...အိမ်။ ငါ့...ခြံ။ ငါ့....တိုက်။ ငါ့....လုပ်ငန်း။
ငါဟာ...သခင်။ ငါဟာ...ဘုရင်ဘဲ ဆိုတဲ့
လူသား........အခုတော့
ယူသွားဖို့....နေနေ သာသာ
အိမ်ပူ.....အလုပ်ရှုပ်
ကျက်သရေ.......မရှိတော့တဲ့
အသုဘ(မသာ)ဆိုပြီး
သမုတ်ခံရတာလွဲလို့....ဘာတွေများ
တန်ဖိုးရှိသေးလို့လဲ....?
နောက်ဆုံးတာ့လဲ.......
အုတ်ဂူလေးတောင်.....ထားမရတဲ့ခေတ်မှာ
ခဏတာ မြင်တွေ့ရတဲ့....
ခေါင်းတိုင်အပေါ်က...မီးခိုးပျောက်ကွယ်တာနဲ့
ဘာမှသုံးစားမရတဲ့ ပြာပုံ ဖြစ်သွားရော......
တန်ဖိုးရှိပါတယ်ဆိုတဲ့....လူသား
ဘဝနိဂုံးချုပ်ရတာက..."ပြာပုံ"လေးပဲ
မဟုတ်လား...?
ကဲ......နောက်ဆုံး "ပြာ"ဖြစ်မဲ့အတူတူ
ဘာလို...."ပြာယာခတ်"နေကြ အုံးမှာလဲ.....။
#ဘဝရဲ့ခရီးသည်
credit to original uploader
29/06/2023
သူတို့က ခပ်ကင်းကင်း
ဆိုရင် ...,
ကိုယ်ကလည်း..
ဘာဖြစ်လဲ ..?
ခပ်ခွာခွာနေလိုက်ပေါ့ ..,
တစ်ချို့ တစ်ချို့ ..တွေက
ကိုယ်က .."
တွယ်တာနေမှန်းသိရင်
တန်ဖိုးမထားကြတော့ဘူး ..,
ပန်းပျိုးလက် N.S.M
29/06/2023
အစပိုင်းမှာသဘောကောင်းတိုင်းလည်း မိတ်ဆွေမထင်နဲ့
#လောကနိယာမ777
#ပြန်လည်မျှဝေပါသည်
#စာပေ
29/06/2023
အမ်........😂😂😂
29/06/2023
✍🏻🌿
ခရက်ဒစ် ပုရစ်✍🏻
29/06/2023
ဘာ​ကြောင့်လဲ မသိဘူး
29/06/2023
ရှင်သန်ပုံခြင်းမတူတဲ့အခါ နားလည်ပုံချင်းကွာသွားတဲ့အတွက် ပေါင်းသင်းဖို့ ခက်တဲ့လူတွေရှိတယ်။
လောကမှာ လူလူချင်း တူရင်တောင်
စိတ်ဓာတ်ချင်း မတူလို့ ရှင်သန်ခြင်း တွေကွဲသွားကြသေးတာပဲ။
လူတစ်ယောက်ရဲ့ စိတ်ဓာတ်ဆိုတာကလည်း
လုပ်ရပ်တွေအပေါ် အခြေခံနေတာပဲမဟုတ်လား
သူ့လုပ်ရပ်တွေကို ကိုယ်သိနေပြီပဲ
ကိုယ့်ဘက်ကရှောင်နေလိုက်ပါ။
သည်းခံသင့်သလောက် သည်းခံထားတဲ့အပေါ် လိုတာထက်ပိုသွားရင် ဥပေက္ခာပြုနိူင်အောင်ကြိုးစားလိုက်ပါ။
မတူတာတွေကို လိုက်တုနေရင် ကိုယ့်တန်ဖိုးပဲ
ကျသွားလိမ့်မယ်။
သိတတ်ခြင်း၊မသိတတ်ခြင်းတွေမှာ အသက်အရွယ်တွေ၊ပညာတတ်ခြင်း၊မတတ်ခြင်းတွေနဲ့ မဆိုင်ပါဘူး လူပီသတဲ့ စိတ်ဓာတ်ရှိရင် အနေစုတ်နေပါစေ ရွှေထုပ်တဲ့ပဝါဖြစ်ချင်ဖြစ်နေမှာပဲလေ။
တစ်ချို့တွေကိုသိစေချင်တယ် ဘယ်လောက်ပဲ ကိုယ့်စိတ်ဓာတ်တွေကောင်းတယ်ပြောပြော ကိုယ့်လုပ်ရပ်တွေကသက်သေပြနေတာပါ။
Credit - အောင်ဆွေဝင်း (စာပေ ပရဟိတ)
29/06/2023
❝ တန္ရာတန္ရာပဲ ဆက္ဆံလိုက္ပါ ❞
တချို့လူတွေရှိတယ် ငြိမ်ခံနေတုန်းကမမြင်ဘူး။
ထပြောမိမှ ကိုယ်ကစွာတယ်ဆိုတာမျိုး။
တချို့လူတွေရှိတယ်
ခေါင်းပေါ်တက်နင်းခံရတာမသိဘူး။
ဆတ်ဆတ်ထိမခံပြန်ပြောလိုက်မှ
ကိုယ်က အာကြမ်းတယ်ဆိုတာမျိုး။
တချို့လူတွေရှိတယ်
မသိချင်ယောင်ဆောင်နေတာကို အားမနာဘူး။
ဒဲ့ပြောလိုက်မှ ကိုယ်ကလူကြမ်းတစ်ယောက်ဆိုတာမျိုး။
တချို့လူတွေရှိတယ်
တသက်လုံးသည်းခံလာတာကို မစာနာကြဘူး။
ထပေါက်ကွဲမိမှ ကိုယ်ဟာမကောင်းဘူးဆိုတာမျိုး။
တချို့လူတွေရှိတယ်
အတွင်းစိတ်ကိုမြင်အောင်မကြည့်တတ်ကြဘူး။အပေါ်ယံကောင်းပြတာကိုမှ
အဟုတ်ထင်တတ်ကြတာမျိုး။
တချို့လူတွေရှိတယ်
စစ်မှန်တယ်ဆိုတာကို မတွေ့တတ်ကြဘူး။
ဟန်ဆောင်တတ်တဲ့လူကိုမှ
အမှန်အကန်ထင်တတ်ကြတာမျိုး။
တချို့လူတွေရှိတယ်
ကိုယ်ချင်းစာ တရားဆိုတာမရှိကြဘူး။
ဘယ်သူသေသေ ငတေမာရင်ပြီးရော
စိတ်နဲ့တစ်ဖက်သားစိတ်ကို အသေသတ်ပစ်ကြတာမျိုး။
တချို့လူတွေရှိတယ်
ရင်းနှီးချင်ယောင်ဆောင်ပြီးမထိတထိ
စော်ကားတဲ့ စကားပြောတတ်ကြတာမျိုး။
တချို့လူတွေရှိတယ်
ကိုယ်တိုင်မလုပ်နိုင်တဲ့အရာကို
တစ်ပါးလူလုပ်လိုက်မှ ဝေဖန်ရေးလုပ်တတ်တာမျိုး။
တချို့လူတွေရှိတယ်
အစွမ်းအစမရှိဘဲ အပြစ်ပြောဖို့
သက်သက်လူဖြစ်လာတာမျိုး။
ဒါကြောင့် အကောင်းမြင်စိတ် အကောင်းမြင်ဝါဒကို
မကျင့်သုံးတတ်ဘဲ အသက်ရှင်နေတဲ့ တချို့လူတွေအတွက် စိတ်ကအဓိကဖြစ်ဖို့မလိုပါဘူး။
တန်ရာတန်ရာပဲ ဆက်ဆံပေးလိုက်ပါ။
{GK}
#မူရင်းရေးသားသူcreditပေးပါသည်
#မေတ္တာဖြင့်တဆင့်ပြန်လည်မျှဝေပေးပါသည်
29/06/2023
followလေးလုပ်ပေးခဲ့ပါ🖤
29/06/2023
# ဒီစာကို မင်းတွေ့ရင်
နည်းနည်းလေး သတိရပေးပါ။
29/06/2023
🤗
followလေးလုပ်ပေးခဲ့🖤
29/06/2023
*ဘယ်သူ့ကိုမှ ဒုက္ခမပေးဘူးဆိုတဲ့စိတ်နဲ့
အရိုးသားဆုံး နေထိုင်ပါတယ်
ဒါကြောင့် ကိုယ့်ကိုကိုယ် လိပ်ပြာလုံတယ်
*အမြင့်ရောက်ဖို့အတွက်
ဘယ်သူ့ကိုမှ ချမနင်းခဲ့သလို
တစ်ပါးသူရဲ့ နာကျင်မှု့နဲ့လည်း
ကိုယ့်ပျော်ရွှင်မှု့ကို မဖန်တီးခဲ့ဖူးဘူး
ကိုယ်စားမယ့် ထမင်းလုတ်ထဲမှာ
သူတစ်ပါးမျက်ရည်စက်တွေ မပါဘူးဆိုရင်
ကိုယ်ဟာ လူပီသတယ် မဟုတ်လား
*မလာချင်တဲ့သူတွေကို
ဘဝထဲ အတင်း မခေါ်ခဲ့သလို
မနေချင်တဲ့ သူတွေကိုလည်း
မသွားပါနဲ့လို့ တစ်ကူးတက ဆွဲမထားဘူး
တကယ်တော့ တစ်ယောက်ထဲနေလို့
အထီးကျန်တယ်ဆိုတာထက်
နှစ်ယောက်ရှိပြီး အဆင်မပြေဖြစ်နေတာက
ပို နာ ကျင် ရ တယ် မ ဟုတ် လား
*အလိမ်အညာတွေ ခံရဖူးတယ်
အ သုံး ချ ခံ ခဲ့ ရ ဘူး တယ်
အထင် အမြင်တွေ လွဲတာခံရဖူးတယ်
စေတနာတွေ စော်ကားခံရဖူးတယ်
*မခံမရပ်နိုင်လို့
တစ်ခါတလေ ပေါက်ကွဲတဲ့ အခါကျ
မခံစားဖူးတဲ့ လူတစ်ချို့က ပြောတယ်
"ဘာမဟုတ်တာလေးနဲ့" တဲ့
* ဟုတ်ပါတယ်
ဘာမဟုတ်တာလေးတွေပါပဲ
* ဘာမဟုတ်တာလေးတွေ
တကယ်ဟုတ်လာတဲ့အခါ
တစ်ခါတလေ ကိုယ်ကမ္ဘာပျက်ခဲ့ရတယ်
တစ်ခါတလေ ဝေဒနာတွေ ဖြစ်ခဲ့ရတယ်
* အတွေ့အကြုံ့က သင်ပေးခဲ့တဲ့
သင်ခန်းစာတွေကြောင့် ကိုယ်နားလည်ခဲ့ပါပြီ
*အပြုံးလှလှလေးတွေကိုလည်း
မ တပ် မက် တော့ သ လို
စကားချိုချိုလေးတွေကို ရမ်းမယုံတတ်တော့ဘူး
မျက်နှာချင်းဆိုင်က အန္တာရာယ်တွေထက်
နောက်ကျောက ဓားတွေကို ပိုသတိထားတယ်
*အရင်လိုလဲ သိပ်အားမနာတတ်တော့ဘူး
မလုပ်နိုင်တာကို တာဝန်မယူတော့ဘူး
မကြိုက်ရင် မကြိုက်ဘူး
မပေးနိုင်ရင် မပေးနိုင်ဘူး
မကူညီနိုင်ရင် မကူညီနိုင်ဘူးပဲ
ဟန်ဆောင်ပြီး ပြုံးရမယ်ဆိုရင်
ကိုယ့်ကိုကိုယ်တောင် မုန်းတယ်
*ကိုယ်ဖြစ်ရင် ဘယ်သူခံရမှာလဲ
ကိုယ်ဖြစ်ရင် ကိုယ်ဘဲခံရမှတော့
ဘယ်သူဘာပြောပြော
ကိုယ်ကြိုက်တာပဲ ကိုယ်လုပ်မယ်
အ ရေး ကြီး တာ က
ကိုယ်ကျင့်တရား မပျက်ဖို့ပဲမဟုတ်လား
☺️☺️☺️
29/06/2023
29/06/2023
📚ကျွန်တော်၏ အတွေးစာစုများမှ
29/06/2023
ချိူးဖျက်ခဲ့တဲ့ ကတိတွေကြောင့်
နာကျင်ခဲ့ရတာတွေကို မမေ့လိုက်နဲ့။
ကိုယ့်ကို ဘယ်သူက ဘယ်လိုမျိုး
ပြုမူဆက်ဆံခဲ့တယ်ဆိုတာတွေ
မမေ့လိုက်နဲ့။
ကိုယ့်ကို မှောင်မိုက်စေခဲ့တာတွေ
တန်ဖိုးမဲ့စေခဲ့တာတွေကို မမေ့လိုက်နဲ့။
ညမှောင်လေလေ
လမင်းပိုလင်းလေလေ ဆိုသလိုမျိုး
ကိုယ့်ကို လင်းလက်စေတဲ့ အမှောင်တွေလို့ သဘောထားပြီး
ဒီနေ့ထက် မနက်ဖြန် ပိုအလင်းဖြာနိုင်အောင်
ကိုယ့်ကို ပြောင်းလဲပေးတဲ့
တွန်းအားတွေဆိုတာကိုလည်း
မမေ့လိုက်နဲ့။
#ယွန်း
Precious Y
29/06/2023
ပြန်ထူမတ်ဖို့
-----------------------
📖 ရင်မဆိုင်ရဲ့တဲ့ စိတ်က
ကိုယ့်ကို ကျ ရှုံးစေနိုင်တယ်။
📖 မျှော်လင့်ချက် မရှိတဲ့ စိတ်က
ကိုယ့် ဘဝကို နိမ့်ကျ စေနိုင်တယ်။
📖 မပြတ်သားတတ်တဲ့ စိတ်က
ကိုယ့်ကို တွေဝေစေနိုင်တယ်။
📖 မဆင်ချ င်တတ်တဲ့ စိတ်က
ကိုယ့်ကို မှားယွင်း စေနိုင်တယ်။
📖 မကြိုးစားချင်းတတ်တဲ့ စိတ်က
ကိုယ့်ကို ညံဖျ င်းစေနိုင်တယ်။
📖 ပျင်းရိတတ်တဲ့ စိတ်က
ကိုယ့်ကို ဆင်းရဲစေနိုင်တယ်။
📖 အပြောင်အလဲ မြန်တဲ့ စိတ်က
တန်းဖိုး ရှိတဲ့ အရာတွေကို ဆုံးရှုံးရတပ်တယ်။
📖 ဘဝ မှာ အကောင်းဆုံးတွေ ကိုလိုချင်းရင်
အခက်အခဲ တွေကို သည်းခံပြီး ကျော်ဖြတ်ရဲ့တဲ့ စိတ် ရှိဖို့လိုအပ်တယ်။
📖 လူ လဲကျသွားတာထက် စိတ်ဓာတ် လဲကျ
မသွားဖို့က ပိုအရေးကြီးပါတယ်။
📖 ဒါကြောင့် .....
ဘဝ ကိုအကောင်းဆုံး ဖြစ်စေချင်းရင် အပြောင်းအလဲ လုပ်မှဖြစ်မယ်။
📖 အရာ အားလုံးအတွက် ကိုယ့်စိတ် ဓာတ်မှာ
ခွန်းအားတွေ ရှိနေဖို့တော့ လိုအပ်နေပါတယ်။
လေးစားစွာဖြင့်....
Credit
မျှဝေပါတယ်
ယွန်းသော်တာ(ရန်ကုန်)
29/06/2023
လူတစ်ချို့ကို ပေါင်းကြည့်ရတယ်
အကြောင်းသိအောင်လို့
လူတစ်ချို့ကို ကြည့်ပေါင်းရတယ်
အကြောင်းသိပြီးသားမို့
ဒါပေမယ့် လူမှန်ရင်
ကိုယ်ချင်းစာစိတ် ထားတာ အကောင်းဆုံး😎
29/06/2023
❤️❤️❤️😊😊😊 မေတ္တာ နဲ့ ယှဉ်ပြီးကြည့်ပါ
တယ်ရှင်❤️❤️❤️😊😊😊
လူတိုင်းကို
သံသယနဲ့ မကြည့်ပါနဲ့
မေတ္တာ နဲ့ ယှဉ်ပြီးကြည့်ပါ
လူတိုင်းကို
အပြစ်ရှာပြီး မကြည့်ပါနဲ့
ကိုယ်ချင်းစာ တရားနဲ့ ကြည့်ပါ
လူတိုင်းကို
အနိုင်ယူ လိုစိတ်နဲ့ မကြည့်ပါနဲ့
မျှတခြင်း တရားနဲ့ ကြည့်ပါ
လူတိုင်းကို
မနာလိုမှုတွေနဲ့ မကြည့်ပါနဲ့
ဝမ်းမြောက် အတုယူခြင်းတွေနဲ့ ကြည့်ပါ
လူတိုင်းကို
အမုန်းတရား တွေနဲ့ မကြည့်ပါနဲ့
အပြုံးတရားတွေနဲ့ ကြည့်ပါ
လူတိုင်းကို
ရလိုမှုတွေနဲ့ မကြည့်ပါနဲ့
စွန့်လွှတ်ခြင်း . . .တွေနဲ့ ကြည့်ပါ
ဒါ့ကြောင့်မို့
မျက်လုံးဟာ နှစ်ဖက်ပါပါ တယ်
မျှမျှ တတ ကြည့်ပါ
မေတ္တာ နဲ့ ယှဉ်ပြီးကြည့်ပါ
မိမိကြည့်လိုက်တဲ့ အကြည့်တစ်ချက်က
အမြဲတမ်းဆေးဖက်ဝင်နေ
ပါလိမ့်မယ် . . .
#ပန်းပျိုးလက်
29/06/2023
"အစွန်းရောက်ခြင်း"
အစွန်းရောက်ခြင်းဆိုတာ ငယ်စဉ်အချိန်က
ဖြစ်ပေါ်ခဲ့တဲ့ စိတ်အနာနဲ့များစွာသက်ဆိုင်တယ်
မိသားစုအတွက် အရေးသိပ်မပါတဲ့ ကလေးငယ်တွေက
သူတို့ကို အလေးထားသူနဲ့တွေ့ဆုံတဲ့အခါ
မိသားစုထက် ပိုတွယ်တာသွားတတ်တယ်
ငယ်စဉ်အချိန် မိဘအပေါ် ယုံကြည်မှုပျက်သွားသူတွေက
ကြီးလာတဲ့အခါ သံသယများသူဖြစ်လာတတ်တယ်
ခဏခဏ အလိမ်ခံရတာများလာသူတွေက
လူတစ်ယောက်ကို အပေါ်ယံကြည့်ပြီး
ယုံကြည်ဖို့ခက်ခဲလာတတ်တယ်
ကိုယ့်ဘက်ကို တွေးပေးမခံရတာ များလာသူတွေက
သူများဘက်ကို တွေးပေးတဲ့ ကိုယ်ချင်းစာစိတ်ကို
မွေးမြူရမှာ ကြောက်လာတတ်တယ်
အစွဲအလန်းကြီးခြင်းဆိုတာကလည်း
အစွန်းရောက်ခြင်းတစ်မျိုးပဲ
လူတစ်ယောက်ကို လိုတာထက်ပိုစွဲလန်းခြင်းက
ငယ်စဉ်အချိန် မေတ္တာငတ်မွတ်ခြင်းက အစပြုတယ်လို့
ဆိုရမှာပဲ
အစွန်းရောက်ခြင်းကို ဖြစ်ပေါ်စေတဲ့
ဇာတ်ပို့က စိတ်ကိုဖိတဲ့ဖိအားပါပဲ
အဖိခံရတာများလာရင် တွန်းကန်အားနှစ်ခုပေါ်လာပါတယ်
အားငယ်ခြင်းနှင့် ခက်ထန်ခြင်းဆိုတဲ့
တွန်းကန်အားနှစ်ခုက လူတစ်ယောက်စိတ်ကို
အစွန်းရောက်စေပါတယ်
လူတစ်ယောက်က အရမ်းတော်လာရင်လည်း
ငါစွဲ အစွန်းရောက်လာသလို
လုပ်တိုင်းမဖြစ်တာ များလာရင်လည်း
သိမ်ငယ်စိတ် အစွန်းရောက်လာတတ်တယ်
ငယ်စဉ်အခါ ဖူးဖူးမှုတ် ချစ်ခံရတာလွန်ကဲလာရင်လည်း
နေရာတကာ ဦးစားပေးခံချင်လာတတ်သလို
ဖြစ်ချင်တဲ့ ဆန္ဒတွေလွန်ကဲလာရင်
လုပ်သင့်တာ မလုပ်သင့်တာ မခွဲခြားနိူင်တဲ့အထိ
လောဘ အစွန်းရောက်လာတတ်တယ်
အရာရာတိုင်းမှာ action ကြောင့် reaction
ဖြစ်လာသလို အကြောင်းကြောင့် အကျိုးဖြစ်လာတာ
လောကနိယာမပါ
ကိုယ့်ကိုယ်ကိုယ် ဝေဖန်သုံးသပ်ပြီး
ကိုယ်အစွန်းရောက်တဲ့အရာတွေကို အသိ သတိလေးနဲ့
ထိန်းကာ အဓိကနဲ့သာမညကို ခွဲခြားနေထိုင်တတ်လာရင်
မိမိသာမက ကိုယ်နဲ့ပတ်သက်သူတွေကိုပါ
အေးချမ်းစေမှာ အမှန်ပါပဲ
အစွန်းရောက်တဲ့ လောဘ
အစွန်းရောက်တဲ့ အတ္တ
အစွန်းရောက်တဲ့ ဒေါသ
အစွန်းရောက်တဲ့ မောဟတွေကို သတိချွန်းဖြင့်အုပ်ပြီး
လူဖြစ်ရတာတန်အောင် ကြိုးစားကြပါနော်
လေးစားစွာဖြင့်
pann phyo latt ( ရသစာပေ )
Crd
Want your business to be the top-listed Beauty Salon in Pyay?
Click here to claim your Sponsored Listing.
Category
Telephone
Website
Address
Mya. Ywar
Pyay
Other Health/Beauty in Pyay (show all)
Shirley Shane Online Shopping-Pyay Shirley Shane Online Shopping-Pyay
Lanmadaw Street , Pyay Township
Pyay, 8151
U.S.A,U.K မှ cosmetic နှင့် skin care များ ကို Shirley Shane Online Shop
Yamin - Beauty World Yamin - Beauty World
Pyay
ယမင်းရဲ့ Pageလေးကနေကြိုဆိုပါတယ်ရှင့်❤️🥳 Beauty& Food vlog
Yit / MLBB ရောင်း၀ယ်ရေး Yit / MLBB ရောင်း၀ယ်ရေး
Pyay
ရုပ်ချောလွန်း၍စော်မရှိသူ
Purple Moon Sewing Purple Moon Sewing
Shwedaga Road
Pyay
handmade ပစ္စည်း လက်လီလက်ကား မှာယူနိုင်ပ?
Beauty Life Beauty Life
Pyay, 8151
Beauty Life Colour cosmetics and Skin Care ဆိုတာ နာမည္ၾကီး cosmetics ေ
Mr Zaw Mr Zaw
Pyay
Shwe Khin Ka Yin Online Mart Shwe Khin Ka Yin Online Mart
13 Street
Pyay
လူကြီးမင်းစိတ်တိုင်းကျဝယ်ယူနိုင်ပါတယ်ရှင့် ☎️0️⃣9️⃣4️⃣0️⃣6️⃣5️⃣8️⃣7️⃣2️⃣2️⃣0️⃣☎️